ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်  ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း  အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊
ဒေါ်အောင်ဆန်းစုကြည်ကို  ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဘူးဆိုပြီး အတိုင်ကြားထားတာကို တိုင်းဒေသကြီးကော်မရှင်ရုံးက ဒီကနေ့ အမိန့်ချပြီး ပယ်ချခဲ့တာလည်း  ဖြစ်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိဘူး ဆိုပြီး တိုင်းဒေသကြီးကော်မရှင်ရုံးကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက အယူခံ ၀င် ကန့်ကွက်ထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် အင်္ဂါနေ့နေ့လယ်မှုာ တိုင်းဒေသကြီးကော်မရှင်ရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်၊
အခုလိုမျိုး တိုင်းကော်မရှင်ရုံး က ကန့်ကွက်လွှာကို ပယ်ချအပြီး  သက်ဆိုင်ရာ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုတဲ့ အမည်စာရင်းကဒ်ထားပြီလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်၊