menu

Thursday 10 May 2012

ပျောက်ဆုံးနေသော Apollo 11 ၏အင်ဂျင်များကို Amazon တည်ထောင်သူရှာဖွေတွေ့ရှိခဲ့




Amazon အင်တာနက်ကုမ္ပဏီကြီးကို စတင်တည်ထောင်သူနှင့် စီအီးအိုဖြစ်သူ Jeff Bezos သည် အတ္တလန်တိတ်သမုဒ္ဒရာ၏ ရေအောက်တွင် Apollo 11 အာကာသယာဉ်မှ ပျောက်ဆုံးသွားခဲ့သည့် အင်ဂျင်များကို ပြန်လည်၍ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်း Apollo 11 အာကာသယာဉ်သည် ၁၉၆၉ ခုနှစ်က လကမ္ဘာသို့ ပထမဦးဆုံး လူလိုက်ပါစီးနင်းခဲ့သည့်ယာဉ်ဖြစ်ပြီး အဆိုပါ လူစီးနင်းလိုက်ပါသည့်ယာဉ်သည် မြေပြင်မှအတူ လိုက်ပါလာသည့်ယာဉ်နှင့် ခွဲထွက်ချိန်တွင် ပေါက်ကွဲကာ ၎င်းယာဉ်တွင် တပ်ဆင်ထားသည့် အင်ဂျင်ငါးလုံးမှာလည်း အတ္တလန်တိတ်သမုဒ္ဒရာထဲသို့ကျပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပန်းပျိုးလက် ပိုင်ရှင်များ၏ ဒုတိယမြောက် တနင်္ဂနွေ





l562 အေးမြတဲ့ မိုးစက်မှုန်တွေကြား၊ ပူနွေးပွင့်လင်းတဲ့ နေရောင်ခြည်တွေ ကြားမှာပဲ မေလဟာ ဒုတိယပတ်ထဲ ကို ခရီးနှင်ဝင်ရောက်လာခဲ့ပါပြီ။ မေ လထဲဝင်ပြီဆိုရင် မေလရဲ့ဒုတိယ မြောက် တနင်္ဂနွေကို မှတ်မှတ်ရရရှိ ကြရပါတယ်။ အဲဒီနေ့ကတော့ ကမ္ဘာ တစ်ဝန်းနိုင်ငံ အများစုက လက်ခံသတ်မှတ်ကြတဲ့ မိခင်များနေ့ (Mother's Day) ပါပဲ။
မိခင်တို့ရဲ့ ကလေးငယ်များအပေါ် နွေးထွေးလွှမ်းမိုးနိုင်မှု၊ အနှိုင်းမဲ့ မေတ္တာတရားတို့ကို အသိအမှတ်ပြု သောအားဖြင့် ကမ္ဘာတစ်ဝန်းမှာ မိခင်များနေ့အဖြစ် နှစ်စဉ်မေလရဲ့ ဒုတိယမြောက် တနင်္ဂနွေကို သတ်မှတ် ကျင်းပကြပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒုတိယမြောက် တနင်္ဂနွေဟာ မေလ ၁၃ ရက်နေ့ဖြစ်ပါတယ်။ မိခင်များနေ့ဟာ မဝေးတော့တဲ့ကာလမှာ နွေးနွေးထွေးထွေး ကြိုဆိုသူတွေဆီကို ဆိုက်ရောက်လာတော့မှာပါ။

ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ဒုတိယပတ် ပထမဆုံး ပြည်ပခရီး ထွက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်ကို ဇွန်လ ဒုတိယပတ်တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယပတ်တွင် နော်ဝေ နိုင်ငံသို့ စတင် သွားရောက်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။"ဂျပန်သွားဖို့တော့ မပါသေးဘူး" ဟု ဦးအုန်းကြိုင်က ဆိုသည်။

" မဲလုံးလွတ်မြောက်ခြင်း "(ဖေမြင့်)

 

 မဲလုံးက ဆရာဝန်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်းမသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ်မှန်းတော့ အလိုလိုသိနေသည်။


သူ့မှာဆက်လက်ရှင်သန်နိုင်လောက်သည့်ခွန်အားမရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓါတ်ပင်မရှိတော့။ တစ်သက်လုံး မတ်တတ်မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင်တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လှဲ၍နေချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြသည်ပဲဟု မဲလုံးတွေးမိသည်။

ကိုယ့်ရင်ထဲက မဟာလမင်း(ဆန်းထွန်းသောင်)


ဆရာပြောပြောနေတဲ့ မြန်မာ့စံတွေ မြင့်မားတယ် ဒါပေမဲ့ မြန်မာအများစုရဲ့ အပြုအမူတွေက မြန်မာနဲ့ စံ အများကြီးကွာဟနေလို့ မြန်မာတွေ အောင်မြင်မူမရသေးတာ ဆိုတဲ့စကားကိုလည်း သတိရမိပါတယ် ...


(၁)
ဆရာ
ကဆုန်လပြည့်နေ့  (၅.၅.၁၂) မှာ ဆရာ(နန္ဒာသိန်းဇံ) ကွယ်လွန်တာ ကိုးလပြည့်တဲ့နေ့ပါ။ ကဆုန်လပြည့် ဗုဒ္ဓနေ့ပါ။ ညောင်ရေသွန်းပွဲတော်နေ့ပါ။ ကဆုန်လဆိုတာ ရေခန်းခြောက်တဲ့လလို့လဲ အဓိပ္ပာယ်ရပါတယ်။ တဖြည်းဖြည်း ရေခန်းခြောက်လာနေတဲ့ ရေကန်လေးအကြောင်း ဆရာပြောပြတာ သတိရမိပါတယ်။ ၂၀၀၈ ခုနှစ်ဆရာနဲ့အတူ ပြင်ဦးလွင်မြို့ သွားခဲ့ကြတုန်းက ကြားခဲ့ရတာပါ။ မန္တလေးက ဆရာ့တပည့်ရှေ့နေတစ်ဦးရဲ့ သားဖြစ်တဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်က ဗိုလ်လောင်းတစ်ယောက်ကို ဆရာပြောပြနေတာပါ။

လုပ်ခလစာ နှုန်းထားနှင့် ပတ်သက်၍ High-Art ဆံပင်တုစက်ရုံမှ အလုပ်သမားများ ဆန္ဒပြမှုဖြစ်ပွား




အခြေခံလုပ်ခလစာနှုန်းထား များနှင့်ပတ်သက်၍ လှိုင်သာယာ စက်မှုဇုန်၊ ဇုန် (၄)၊ ၀က်မစွတ်ဝန်ထောက်လမ်း၊ အမှတ်(၁၁၆၊ ၁၁၇) ရှိ High-Art ဆံပင်တုစက်ရုံ(A)နှင့် (B)မှ စက်ရုံအလုပ်သမားများ ဆန္ဒပြမှု မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြအလုပ်သမားများမှာ လှိုင်သာယာမြို့နယ်၊ High-Art ဆံပင်တုစက်ရုံမှ လှိုင်သာယာမြို့နယ် အလုပ်သမားရုံးသို့ လည်းကောင်း၊ ယင်းမှတစ်ဆင့် မရမ်းကုန်းမြို့နယ်ရှိ တိုင်းအလုပ်သမားရုံးသို့ လည်းကောင်း ကားများဖြင့် သွားရောက် ကာ ရုံးရှေ့တွင် စုဝေးဆန္ဒပြုမှုများ ပြုလုပ်ကြကြောင်း သိရှိရသည်။

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား

တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ
နယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီ
လမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွား
ခဲ့သည်ဟုသတင်းရရှိသည်။
 ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလမ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာ
တိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်
ပြုတ်ကျသွားသည်ဟု သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည် တည်ထောင်ခွင့်ပြု

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ပြန်လည်တည်ထောင်ခွင့် ပြုလိုက်ကြောင်း မေလ ၈ ရက်နေ့ မနေ့က အကြောင်းကြား လာတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
Photo courtesy of Messenger Journal
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်က ပြန်လွတ်လာသူ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကို တွေ့ရစဉ်။
SNLD ပြန်လည်တည်ထောင်ခွင့် ရဖို့အတွက် ပါတီအကြီးအကဲ ဦးခွန်ထွန်းဦး အပါအ၀င် ပါတီတည်ထောင်လိုသူ ၁၅ ဦးအမည်နဲ့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ခြောက်နှစ်ကျော် ကင်းကွာခဲ့သော Iron Cross ရှိုးပွဲ မော်လမြိုင်တွင် ဖျော်ဖြေ




e565a e565b
၁၉၉၆ ခုနှစ်နောက်ပိုင်းခြောက် နှစ်ကျော်ကင်းကွာခဲ့သော Iron Cross တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲကို မော်လမြိုင်မြို့ ရွှေတောင်ရပ်(အထက၅) ကျောင်းဝင်းအတွင်း မေလ ၆ ရက် ညပိုင်းတွင် ဖျော်ဖြေခဲ့ရာ ပရိသတ်အားပေးမှု များပြားခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် တေးဂီတအဖွဲ့နှင့် အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့က ပရိသတ်နှင့် လိုက်လျောညီထွေစွာ သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းသည်ဆိုသည်မှာ မှန်ကန်



ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းထားသည်မှာ မှန်ကန်ကြောင်း ၄င်း၏မိသားစုနှင့် နီးစပ်သည့် ပုဂ္ဂိုလ်မှတစ်ဆင့် Eleven Media Group မှ စုံစမ်းသိရှိရပါသည်။

ရဟန်းဘောင်သို့ ခေတ္တ မ၀င်ရောက်မီ မေလ (၃)ရက်နေ့တွင် တာဝန်မှ အနားယူခွင့်တောင်းသည့်စာအား နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် အဆက်အသွယ် မရှိဟု ဗိုလ်နှုတ်ခမ်းမွေးဆို

မြဝတီ ၊ မေ ၁၀

ထိုင်း- မြန်မာ- လာအို နယ်စပ်တွင် ထိုင်းအစိုးရက မူးယစ်ရာဇာအဖွဲ့အဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်း ထုတ်ထားသော နော်ခမ်းအဖွဲ့နှင့် ကလို့ထူးဘော တပ်ဖွဲ့ (ယခင် ဒီကေဘီအေ) မှာ အဆက်အသွယ် လုံးဝ မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ပြောကြားသည်။

ထိုင်းနိုင်ငံ အစိုးရမှ မူးယစ်ရာဇာအဖြစ် အလိုရှိနေသော ၂၅ ယောက်တွင် မြန်မာနိုင်ငံသား နော်ခမ်း (ရွှေတြိဂံ ဒေသ)၊ ဗိုလ်ချုပ် စောလားပွယ် (ကလို့ထူးဘောတပ်) နှင့် ယီဆေး (တာချီလိတ် နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင်) တို့ ပါဝင်နေခြင်း အတွက် မေလ ၁၀ နေ့တွင် မြဝတီ မြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၊ ကော်သူးမွဲခီး စခန်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Voice Weekly ၏ မေးမြန်းမှုကို ဗိုလ်ချုပ် စောလားပွယ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စိုင်း​နော်ခမ်း​ကို တရုတ်နိုင်ငံကို လွှဲ​ပြောင်း​ပေး​အပ်

တရုတ်သ​င်္ဘောသား​ ၁၃ ဦး​ကို ပြီး​ခဲ့​တဲ့​နှစ်က မဲ​ခေါင်မြစ်ထဲမှာ သတ်ဖြတ်ခဲ့​မှု သံသယနဲ့​ တရုတ်အစိုး​ရက အလိုရှိ​နေတဲ့​ မူး​ယစ်ရာဇာ စိုင်း​နော်ခမ်း​ကို လာအို အစိုး​ရက တရုတ်နိုင်ငံ ကို ဒီ​နေ့​လွှဲ​ပြောင်း​ပေး​အပ်လိုက်ပါတယ်။

နော်ခမ်း​ကို စင်း​လုံး​ငှား​လေယာဉ်နဲ့​ လာအိုနိုင်ငံက​နေ တရုတ်နိုင်ငံကို ပို့​ဆောင်လိုက် တာဖြစ်ပြီး​ တရား​ဝင် အခမ်း​အနား​နဲ့​ လွှဲ​ပြောင်း​ပေး​အပ်ခဲ့​တယ်လို့​ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား​တွေမှာ ထုတ်လွှင့်​သွား​ခဲ့​ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis