menu

Thursday 31 October 2013

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး သဘောတူညီချက် ထုတ်ပြန်မည်


 အပစ်အခတ်ရပ်စဲရေး,  လိုင်ဇာညီလာခံ, ငြိမ်းချမ်းရေး 
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံ (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသား ညီလာခံတွင် တိုင်းရင်းသား တပ်ပေါင်းစု အားလုံး ပါဝင် သည့် အပစ်အခတ် ရပ်စဲရေး မူဝါဒ သဘောတူညီချက် တရပ် ရေးဆွဲ ထုတ်ပြန်နိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။
လတ်တလော အပစ် အခတ် ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရက  ချပြသော အချက် ၁၅ ပါ အပစ်ခတ်ရပ်စဲရေး သဘော တူညီချက် မူကြမ်း၊   ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ ပူးတွဲ ထုတ်ပြန်ထားသည့် မူဝါဒ နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ထုတ်ပြန် ထားသည့် မူကြမ်း အပါအ၀င် မူကြမ်း ၃ခု ရှိနေပြီး အဆိုပါမူကြမ်းများအပေါ် အခြေခံ၍  ဆွေးနွေးလျက်ရှိ ကြောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများက ထုတ်ပြန်ထားပြီးဖြစ်သည့်  မူကြမ်း ၃ခု ပေါင်း၍  ဘုံမူဝါဒ သဘောထား တရပ် ရေးဆွဲ မည်ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“မူကြမ်း ၃ ခု ထဲက ကောင်းတာယူ ၊ မကောင်းတာဖယ်ပြီး အသစ် ရေးဆွဲသွားမှာပါ။ တပ်ပေါင်းစု သဘောတူညီချက် အချော ရေးဆွဲဖို့ ကော်မတီတခု ဖွဲ့စည်းထားပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရှင်းပြသည်။

အိန္ဒိယဘတ်စ်ကား ပေါက်ကွဲမှု ၄၄ ဦး သေဆုံး


for_idabpkts_afp

နယူးဒေလီ၊ အောက်တိုဘာ ၃၀

အိန္ဒိယနိုင်ငံတောင်ပိုင်း အဝေးပြေး လမ်းမပေါ်တွင် ဘတ်စ်ကားတစ်စီးသည် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး မီးလောင် ပေါက်ကွဲခဲ့ရာမှ စုစုပေါင်းလူ ၄၄ ဦး သေဆုံး ခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဘင်္ဂလောနှင့် ဟိုင်ဒရာဘတ်အသွား အဝေးပြေးလမ်းမပေါ်ရှိ အလယ်ကျွန်းကို ဝင်ရောက်တိုက်မိပြီး ဆီတိုင်ကီ မီးလောင် ပေါက်ကွဲရာမှ အဆိုပါ မတော်တဆ ဖြစ်ရပ်ဆိုး တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗန်ကာတက်ရဝါလုက ပြောကြားသည်။
“ကလေးတွေ အပါအဝင် သေဆုံးသူ ၄၄ယောက် ရှိပါတယ်” ဟု ဗန်ကာတက်ရှ်ဝါလုက AFP သို့ ပြောကြားသည်။
ယာဉ်မောင်းနှင့် ယာဉ်အကူ အပါအဝင် ကျန် ၄၉ ဦးက ပြတင်းပေါက်များကို ရိုက်ဖွင့်ကာ ခုန်ထွက် လွတ်မြောက်သွားခဲ့ပြီး ကျန်ခရီးသည်များက သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
“ယာဉ်မောင်းနဲ့ သန့်ရှင်းရေး ဝန်ထမ်းက ပြေးဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ ရဲကဖမ်းမိခဲ့ပြီး အခုသူတို့ကို စစ်ဆေး မေးမြန်းနေပါတယ်” ဟု ရဲအရာရှိက ပြောကြားခဲ့သည်။

ဒေးဗစ်ဘက်ခမ်း ယာဉ်တိုက်မှုနဲ့ ကားသတင်းများ

  • BMW က ထွက်လို့မူလ Mazda ကုမ္ပဏီသို့ ဒီဇိုင်နာ Kevin Rice ပြန်ပြောင်း ~

Mazda ကုမ္ပဏီမှာ ၁၉၉၅ ခုနှစ်ကစလို့ သက္ကရာဇ် ၂ဝဝဝ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး BMW ကို ပြောင်းရွှေ့ခဲ့ပါတယ်။

၁၂ နှစ်ကျော် BMW မှာ လုပ်ကိုင်ပြီးနောက် အရင်က လုပ်ခဲ့တဲ့ Mazda ကို ဒီဇိုင်နာ Kevin Rice ပြန်ပြောင်းပြီ ဖြစ်ကြောင်း သိရပါတယ်။

ဗြိတိန်ကျွန်းမှာရှိတဲ့Conventry University မှာ Transportation Design program အထူးပြုလို့ဘွဲ့ရခဲ့သူ ဖြစ်ပြီး  မော်တော်ယာဉ် ဒီဇိုင်းလောကို ဝင်ခဲ့တာ ၁၉၉ဝ ကျော်တွေကတည်းက ဖြစ်ပါတယ်။

အဲ့တုန်းက ဂျာမနီနဲ့ အီတလီတွေမှာ ရှိတဲ့ကားကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းကျတော့ဂျပန် Mazda ကိုပြောင်းခဲ့ပါတယ်။

မာဇဒါမှာ လုပ်ကိုင်နေစဉ် Concept ကား ၄ စီးမက ဖန်တီးပေးနိုင်ခဲ့ပြီး ကုမ္ပဏီက အထူးအားထား ရတဲ့ဒီဇိုင်နာ တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Bologna မြို့သူဆုနဲ့ ဒဿနိက ဒေါက်တာဘွဲ့ ကို လက်ခံ

Photo: ဒေါ်အောင်ဆန်းစုကြည် Bologna မြို့သူဆုနဲ့ ဒဿနိက ဒေါက်တာဘွဲ့ ကို လက်ခံ
Thursday, October 31, 2013

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။

ဘွဲ့ယူမိန့်ခွန်းပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အတ္တ၊ ပရနဲ့ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားခဲ့ရာမှာ နိုင်ငံရေးမှာ စိတ်ဓါတ်တော်လှန်ရေးလိုအပ်ပါတယ်၊ ပရကို အတ္တရှေ့မှာထားတာ စိတ်ဓါတ်တော်လှန်ရေးပါ၊ ဒါဟာမလွယ်ပါဘူး၊ ခက်ပါတယ်၊ အတ္တအရေးကြီးသလို ၊ ပရလည်း အရေးပါပါတယ်၊ လောကမှာ အတ္တဟာ ပရနဲ့ တွဲဖက်ပြီးတော့သာ ရှင်သန်ရပ်တည်ရတာပါ၊ ဒါကြောင့် နိုင်ငံရေးမှာ ပရကို ရှေ့တန်းတင် ဦးစားပေးပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ Parma မြို့ကို သွားရောက်ပြီး ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပငါးနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မယ်လို့ သိရပါတယ်။

rfaburmese

Thursday, October 31, 2013

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။

ဘွဲ့ယူမိန့်ခွန်းပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အတ္တ၊ ပရနဲ့ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားခဲ့ရာမှာ နိုင်ငံရေးမှာ စိတ်ဓါတ်တော်လှန်ရေးလိုအပ်ပါတယ်၊ ပရကို အတ္တရှေ့မှာထားတာ စိတ်ဓါတ်တော်လှန်ရေးပါ၊ ဒါဟာမလွယ်ပါဘူး၊ ခက်ပါတယ်၊ အတ္တအရေးကြီးသလို ၊ ပရလည်း အရေးပါပါတယ်၊ လောကမှာ အတ္တဟာ ပရနဲ့ တွဲဖက်ပြီးတော့သာ ရှင်သန်ရပ်တည်ရတာပါ၊ ဒါကြောင့် နိုင်ငံရေးမှာ ပရကို ရှေ့တန်းတင် ဦးစားပေးပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ Parma မြို့ကို သွားရောက်ပြီး ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပငါးနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မယ်လို့ သိရပါတယ်။

RFA

အစွယ်လိုသူ ခရိုနီ၊ စေခိုင်းသူ မင်းတရားကြီး၊ မြားပစ်သူ EPC... သေပေတော့ ပြည်သူတွေ....(မာန်သူရှိန်)

w1-30-6

ပြည်သူတွေရဲ့ နေရေးစားရေး ပိုကျပ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်တွေ ပိုအခက်တွေ့စေမယ့် အသိပေးချက်တစ်ခုကို အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်က ဘာလဲ။ အဲဒီရဲ့နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။
အကန့်အသတ်နှင့်သာ မီးရနေသော၊ လျှပ်စစ်မီး အပြည့်အ၀ မရရှိသော စက်မှုဇုန်များက ဇာတ်လမ်းစသည်ဟု ပြောလိုက်ချင်တော့သည်။
မီးမရတစ်ချက်၊ ရတစ်ချက် စက်မှုဇုန်များကို အစိုးရအနေဖြင့် အစိုးရဈေးဖြင့် မီးမပေးဘဲ ပုဂ္ဂလိကအနေဖြင့်သာ ပေးရန်စီစဉ်ထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစွယ်လိုသူ ခရိုနီတို့ ပြုံးပြီ
စက်မှုဇုန်များ မီးအပြည့်အ၀မရ၊ အစိုးရကလည်း မပေး၊ ပုဂ္ဂလိကသို့ လုပ်ခွင့်ပြုမည့် သတင်းသည် အစွယ်လိုသူ ခရိုနီတို့အတွက် ငွေတွင်းအဖြစ်
မြင်စေမည့်သတင်း ဖြစ်သွားသည်။ အကြောင်းက ရှင်းသည်။ လျှပ်စစ်မီး အမြောက်အမြားသုံးရပြီး မီတာခ ကျပ်ဘီလျံပေါင်းများစွာ ပေးဆောင်နေရမှုက ခရိုနီတို့ကို သွားရည်ယိုစေသည်။
ချက်ချင်းပင် စက်မှုဇုန်များကို ပုဂ္ဂလိကအနေနဲ့ မီးပေးခွင့်ရဖို့ ခရိုနီကုမ္ပဏီများက ဇုန်တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေး ကမ်းလှမ်းကြတော့သည်။ ကိုယ့်အတွက်လည်း အမြတ်အစွန်းကြီး၊ နိုင်ငံတကာ စံချိန်လည်းမီသည့် (ရမည့်အတွက်ဆို နိုင်ငံတကာ ဈေးအမီ တက်တောင်းကြသည်) တစ်ယူနစ် ကျပ် ၂၅၀ လောက်အထိဖြင့် ကမ်းလှမ်းခဲ့ကြသည်။ စက်မှုဇုန်ဆိုသည်မှာ လျှပ်စစ်မီး ပေးခွင့်ရှိသူတို့အတွက် ငွေတွင်းကြီး ဖြစ်နေရာ တစ်ယူနစ် ကျပ် ၂၅၀သာ ရလိုက်လျင်ပြီးပြီဟု တွက်ထားပုံရသည်။

ရန်ကုန်လွတ်လပ်ရေး ကျောက်တိုင်မှ နယူးယောက် လေဘာတီရုပ်တုသို့ မက်ဆေ့ခ်ျ....(သန်းထိုက် (သာကေတ))

8.1.1
ရန်ကုန်မြို့ ဆူးလေစေတီ တစ်ဝိုက်နှင့် မဟာဗန္ဓုလ ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ)အောင်မျိုးသန့်

ကျွန်ုပ် မြန်မာနိုင်ငံ လွတ်လပ်ရေး ကျောက်တိုင်မှ အဆွေတော် အမေရိကန်နိုင်ငံ လေဘာတီ ရုပ်တုဆီသို့ သတင်းစကား (မက်ဆေ့ခ်ျ) ပို့လိုက်ပါတယ်။
အရင်ကဆိုရင် အဆွေတော် လေဘာတီ ရုပ်တုကြီးနဲ့ ကျွန်ုပ်အလွန် အလှမ်းဝေးလှပါတယ်။ ယနေ့ကမ္ဘာကြီးက နည်းပညာတွေ တိုးတက်လာတဲ့ အကျိုးဆက်ကြောင့် ကမ္ဘာကြီးက အလွန်သေးငယ်သွားတယ် ထင်ရပါတယ်။ အရင်ကဆိုရင် အဆွေတော်ဆီကို သတင်းစကားပါးဖို့ဆိုတာ ခက်လှတယ် မဟုတ်လား။ သင်က ကမ္ဘာအနောက်မှာ ကျွန်ုပ်က ကမ္ဘာအရှေ့မှာမို့ မိုင်ပေါင်းများစွာ ဝေးကွာလွန်းပြီး နာမည်ကြားဖူးရုံသာ ရှိခဲ့ပါတယ်။ အခုတော့ နည်းပညာတွေ တိုးတက်လာလို့ သင်ရှိရာ နေရာမှာ ဖြစ်ပျက်လှုပ်ရှားနေတဲ့ လူသားတို့ သရုပ်အမှန်ကို ကျွန်ုပ်သိရသလို ကျွန်ုပ်ရှိရာ မြန်မာနိုင်ငံ လူမျိုးများရဲ့ နေ့စဉ်လူမှုဘ၀ ဖြစ်စဉ်အမှန် တွေကိုလည်း သင်အမြဲမပြတ် သိရှိနေနိုင်ပြီလို့ ထင်ပါတယ်။ တစ်ခါတစ်ရံမှာ အကြောင်းတစ်စုံ တစ်ရာကြောင့် လူတချို့ကြောင့်လဲ အမှန်တွေကို မသိမမြင် ဖြစ်တတ်ပါတယ်။ ကျွန်ုပ်နိုင်ငံရဲ့ အဖြစ်မှန်၊ သဘောထား အမှန်တွေကို သိရှိနိုင်စေဖို့ သတင်းစကား ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်ုပ်က မြန်မာနိုင်ငံ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ အတွင်းမှာ တည်ရှိပါတယ်။ အရှေ့အနောက် မဟာဗန္ဓုလ လမ်းမကြီးနဲ့ တောင်မြောက် ဆူးလေဘုရား လမ်းဆုံရာ အရပ်တွင် ရှိပါတယ်။ ဆူးလေဘုရားနဲ့ ကျွန်ုပ်တို့က မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းနဲ့ ပစ္စုပ္ပန် ဖြစ်ရပ်မျိုးစုံကို ခိုင်ခိုင်မာမာ သိရှိမှတ်တမ်း တင်ထားနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးကြီးမားသော ၀ိသေသလက္ခဏာ ရှိသူများ ဖြစ်ပါတယ်။

နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများအား အများပြည်သူကြည့်ရှုစေနိုင်ရန် ပြသခြင်းဖြင့် တရုတ်နိုင်ငံအင်အားပြသ

Photo: နျူစွမ်းအင်သုံးရေငုပ်သင်္ဘောများအား အများပြည်သူကြည့်ရှုစေနိုင်ရန် ပြသခြင်းဖြင့် 
တရုတ်နိုင်ငံအင်အားပြသ

ပေကျင်း၊ အောက်တိုဘာ ၃၀။

ပေကျင်းသည် ယင်း၏ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော
များအား ပြည်သူများကြည့်ရှုနိုင်ရန် ပြသခဲ့ကြောင်း၊ 
ယင်းသို့ ယခင်က မပြုလုပ်ခဲ့ဘူး ကြောင်း ပိုင်နက် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ တင်းမာမှုများမြင့် 
တက်နေချိန်တွင် တရုတ်နိုင်ငံ၏စစ်အင်အားကို အခြားနိုင်ငံများအား ပြသနိုင်ရန် လိုအပ်ကြောင်း 
အစိုးရပိုင် စီစီတီဗွီသတင်းဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ပင်လယ်ပြင်အတွင်း၌ ရေတပ်စစ်
အင်အားကြီးမှုအား ၀ါဒဖြန့်သည့်အနေဖြင့် တရုတ်
နိုင်ငံ ပိုင်သတင်းစာနှင့် စာစောင်များစွာ၏ မျက်နှာ
ဖုံးတွင် ဆယ်စုနှစ်လေးခုကျော်သက်တမ်းရှိပြီး 
အိုမင်းဟောင်းနွမ်း လှပြီဖြစ်သော ရေငုပ်သင်္ဘော
တို့၏ ပုံများအား ဖော်ပြခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ပထမဆုံးနျူစွမ်းအင်သုံးသင်္ဘောမှာ 
၁၉၇၀တွင် စတင်ရေချခဲ့ခြင်းဖြစ်ပြီး အခြားရေငုပ် သင်္ဘောများနည်းတူ ကောင်းမွန်စွာ အလုပ်လုပ်ဆောင် လည်ပတ်နိုင်ခြင်းမရှိကြောင်း The Global Times က 
ဖော်ပြသည်။

“အချို့နိုင်ငံတွေဟာ တရုတ်နိုင်ငံနဲ့စပ်လျဉ်းပြီး မူဝါဒ
ချမှတ်ရာမှာ အလေးအနက်ထားခြင်းမရှိဘဲ မလေး မခန့်လုပ်နေကြပါတယ်”ဟု တရုတ်အစိုးရပိုင်သတင်း
စာ၏ အယ်ဒီ့တာအာဘော်တွင် ဖော်ပြသည်။

လူပန်းအိမ်

ပေကျင်း၊ အောက်တိုဘာ ၃၀။

ပေကျင်းသည် ယင်း၏ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော
များအား ပြည်သူများကြည့်ရှုနိုင်ရန် ပြသခဲ့ကြောင်း၊
ယင်းသို့ ယခင်က မပြုလုပ်ခဲ့ဘူး ကြောင်း ပိုင်နက် အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ တင်းမာမှုများမြင့်
တက်နေချိန်တွင် တရုတ်နိုင်ငံ၏စစ်အင်အားကို အခြားနိုင်ငံများအား ပြသနိုင်ရန် လိုအပ်ကြောင်း
အစိုးရပိုင် စီစီတီဗွီသတင်းဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ပင်လယ်ပြင်အတွင်း၌ ရေတပ်စစ်
အင်အားကြီးမှုအား ၀ါဒဖြန့်သည့်အနေဖြင့် တရုတ်
နိုင်ငံ ပိုင်သတင်းစာနှင့် စာစောင်များစွာ၏ မျက်နှာ
ဖုံးတွင် ဆယ်စုနှစ်လေးခုကျော်သက်တမ်းရှိပြီး
အိုမင်းဟောင်းနွမ်း လှပြီဖြစ်သော ရေငုပ်သင်္ဘော
တို့၏ ပုံများအား ဖော်ပြခဲ့ကြသည်။

မျက်စိညောင်းခြင်းကို ကုသနည်းများ

 
ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။ မျက်စိညောင်းညာမှု ဖြစ်ရသော အကြောင်းရင်း အိပ်ရေး ပျက်တာက မျက်စိ ညောင်းညာမှု ဖြစ်စေတဲ့ အဓိက အကြောင်း ရင်းပါ။ တခြား အကြောင်းရင်း တွေက စိတ်ဖိစီးမှု များ တာ၊ မျက်ကပ် မှန်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်တာ၊ ရေဓာတ်ခမ်း ခြောက်တာ၊ ဆေးကု သမှု တချို့၊ ကွန်ပျူတာ အသုံးများတာ၊ နှာခေါင်း ပိတ်တာ၊ စာဖတ်များတာနဲ့ တောက်
ပတဲ့ အလင်းရောင် ကို ကြာကြာ ကြည့်မိတာ တွေကြောင့် ဖြစ်တတ်
ပါတယ်။

မျက်စိ ညောင်ညာသော အဓိက လက္ခဏာများ မျက်စိ ညောင်းညာတဲ့ အဓိက အကြောင်းရင်းတွေကတော့-

လရောင် ကြောက်သူ - ၂.....(ဂျူး)



ပထမပိုင်းမှ အဆက် -

". . . ဟင် . . . ဝေ  . . . ဘာလုပ်နေတာလဲ" တဲ့ သူ့အသံက သိပ်အိပ်ချင်မူးတူးအသံ၊ ကျွန်မ ဒေါသထွက်လွန်းလို့  သူ့တစ်ကိုယ်လုံး ထုနှက် ရိုက်ပုတ်မိတယ် ၊ သူက ဘာမှနားမလည်တဲ့ပုံစံနဲ့ ကျွန်မကိုဆွဲဖယ်တယ်လေ ။

". . . 'ကောင်မလေး ဘယ်ကျန်ခဲ့လဲ' ဆိုတော့ သူကမျက်နှာမပျက်ဘူး၊ ကျွန်မကို ဘာတွေလာပြောနေပါလိမ့်ဆိုတဲ့၊ဇဝေဇ၀ါအကြည့်မျိုးနဲ့ကြည့်လို့ ၊ ဘယ်ကကောင်မလေးလဲတဲ့၊ သူ့အမူအရာဟာ ဟန်ဆောင်နေတဲ့ အမူအရာမဟုတ်ဘူး ဒေါက်တာရယ်၊ လူတစ်ယောက် အထူးသဖြင့် ကိုယ့်ယောက်ျား ဟန်ဆောင်နေတာလား တကယ့်မျက်နှာလားဆိုတာ ကျွန်မသိပါတယ်၊ဒီလောက်တော့ကျွန်မသိပါတယ်၊ဒါနဲ့သူ့ကို ဘယ်သွားနေတာလဲလို့ အသံမာမာနဲ့ပဲ မေးမိတယ် ၊ သူက သူ့ဟာသူ လမ်းထလျှောက်မိတာကိုအမှတ်မရဘူးနဲ့တူတယ် ၊ အိမ်သာသွားတာဖြစ်လိမ့်မယ်တဲ့ ၊ သူကောင်းကောင်းမမှတ်မိဘူးတဲ့ ၊သူတကယ်နိုးသွားတဲ့အခါ ကျွန်မက သူ့ဘေးမှာရပ်ပြီး ငိုနေပြီတဲ့ ၊ ဖြစ်နိုင်ပါ့မလား ဒေါက်တာရယ်၊ လူတစ်ယောက်ဟာ အိပ်ရာက နိုးလို့လမ်းထလျှောက်တာတောင် သူ့ဟာသူ မသိဘူးဆိုတာဖြစ်နိုင်ပါ့မလား၊ အိမ်မက်မက်ရင်း လမ်းထလျှောက်တတ်တဲ့လူတို့ဘာတို့ ကျွန်မကြားဖူးပါတယ်"

"ညီမ၀မ်းကွဲ တစ်ယောက်တောင် အဲဒီအကျင့်ရှိသေးတယ်၊ သူကတော့ အိပ်ရာပေါ်က လိမ်ကျတတ်တယ်၊ အခန်းထဲကထွက်သွားတတ်တယ်၊ ဒါပေမယ့် အိမ်ထောင်ပရိဘောဂ တစ်ခုခု ဒါမှမဟုတ် နရံ တစ်ခုခုနဲ့ တိုက်မိပြီးနိုးသွားတတ်တယ်၊ ငါးမိနစ်တောင် မကြာဘူးနိုးလာတတ်တာပဲ၊ သူ့အိပ်ရာ သူပြန်ရောက်တတ်တာပဲ၊ကျွန်မယောက်ျားအဖြစ်က ဒါမျိုးမှမဟုတ်ဘဲ နောက်ပြီး အိမ်ထောင်သက် ဒီလောက်ကြာခဲ့ပြီပဲ၊သူသာ အဲဒီအကျင့်ရှိရင် ကျွန်မက အသိဆုံးလူဖြစ်မှာပေါ့ ။  "

လရောင် ကြောက်သူ - ၁.....(ဂျူး)



ကျွန်မကလရောင်သည် အလွန်စိတ်ကြည်နူးနှစ်သက်စရာ ကောင်းသည်ဟု ထင်သည်။ ည၏ အရိပ်အရောင်များသည် လရောင်အောက်မှာမှပိုမိုပီပြင်ထင်ရှားသည်ဟု ထင်သည်။ နောက်ပြီး လရောင်မှာ လန်းဆန်းစေသော မွှေးရနံ့တစ်မျိုးပါဝင်နေသည်ဟုပင် ထင်၏။ လ၏ဆွဲငင်အားကိုလည်း ကျွန်မသိထား၊ လက်ခံထားသည်။ လရောင်၏စွမ်းအားအလွန်ကြီးမားလှသည်ဟု ကျွန်မထင်၏။ သို့သော် ထိုမျှအေးချမ်းဆိတ်ငြိမ်သော လရောင်ကိုမှမုန်းတီးကြောက်ရွံ့သူတစ်ဦးကိုလည်း ကျွန်မသိခဲ့ဖူးပါသည်။ အဖြစ်အပျက်သည် ထူးဆန်းအံ့သြစရာဟုထင်ရသော်လည်းတကယ်တော့ အလွန်ရိုးစင်းသော ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ကာလကတော့ တော်တော်လေးကြာမြင့်ခဲ့ပါပြီ။

ကျွန်မအလုပ်သင် ဆရာဝန်ဘ၀မှာ မန္တလေးပြည်သူ့ဆေးရုံကြီး၏ ဌာနခွဲတစ်ခုဖြစ်သောမန္တလေးစိတ်ရောဂါအထူးကုဆေးရုံသို့သုံးပတ်ကြာမျှ တာဝန်ထမ်းဆောင်ရန် သွားခဲ့ရဖူးသည်။ ဖျားနားဆောင်(Medical Ward) များတွင်တာဝန်ကျသော အလုပ်သင်ဆရာဝန်တိုင်း ကြုံတွေ့ဖြတ်ကျော်ရသည့်တာဝန်များသာဖြစ်ပြီး ကျွန်မတို့၏အလုပ်တာဝန်များကလည်း သိပ်ထူးထူးဆန်းဆန်းကြီးမဟုတ်ပါ။ နံနက်(၈) နာရီ မှာ စိတ်ရောဂါကုဆေးရုံသို့သွား၊လူနာများကို ကိုယ်ရေး၇ာဇ၀င် မေးမြန်း၊ လူနာဆောင်များသို့ ဆရာနှင့်အတူလိုက်ကြည့်ရှုလေ့လာရင်းဆရာစာသင်သည်ကို နားထောင် ရေးမှတ်။ နေ့လည် ၁၂နာရီမှာ အဆောင်ပြန် နေ့လည်စာကိုစား၊ နေ့လည်၂ နာရီမှာ ဆေးရုံပြန်ဝင်၊ လူနာသစ်များကို ကိုယ်ရေး ရာဇ၀င်မေးမြန်း၊ လူနာမှတ်တမ်းများကိုဆရာထံပို့၊ ရောဂါ ရာဇ၀င်နှင့် ကုသမှုများကို ဆရာနှင့် ဆွေးနွေးမေးမြန်း။ အဖြစ်အပျက်များသည်နေ့စဉ်လိုလိုကြုံတွေ့ရသော အဖြစ်အပျက်များသာ ဖြစ်၏။ လူနာများသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားသော်လည်း ရာဂါရာဇ၀င်များက ဆင်တူရိုးမှားတွေချည်းဖြစ်သည်။

"အနုပညာရှင် တစ် ယောက် အနေ နဲ့ စီးပွားရေးမှာ အထောက် အကူဖြစ်တယ် ဆိုတဲ့ လွင်မိုး"

 
အောက်တိုဘာ ၂၄ မှ ၂၆ ရက် နေ့အထိ တပ်မတော်ခန်းမမှာ ကျင်းပပြု လုပ်တဲ့ Myanmar Water Expo 2013 ပြပွဲမှာ သရုပ် ဆောင် လွင်မိုး ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့Wa Minn Group of Companies ရဲ့ Kubota Johkasoa Waste Water Treatment Plant ကိုပါ ပြသခဲ့ပါတယ်။

ဒီပြပွဲနဲ့ ပတ်သက်ပြီး လွင်မိုးက “ဒီနေ့ပြပွဲမှာ ရေဆိုး သန့်စင်စက်၊ မိသားစု တစ်ခုစာပဲဖြစ်ဖြစ် Shopping Mall တစ်ခုလုံး ပဲဖြစ်ဖြစ် အဲဒီကထွက်လာ တဲ့ ရေဆိုး ၊ ရေညစ် တွေ အကုန်လုံးကို သန့်စင်ထားတဲ့ စက်ပါ။ ဒီစက် ကို မြန်မာပြည်မှာ တပ်ဆင် ထုတ်လုပ်ဖို့ အတွက်နှစ် ဆန်းပိုင်းလောက် ဆို တပ်ဆင်ထုတ် လုပ်သွားမှာပါ” လို့ပြောပါတယ်။

စီးပွားရေးကို အခြေချ လုပ်ဖြစ် နေတဲ့ အတွက် အနုပညာရှင်တစ် ယောက် အနေနဲ့ စီးပွားရေး အလုပ် တစ်ခုကို အထောက်အကူ အများကြီး ဖြစ်စေ တယ်လို့ ပြောပြတဲ့ လွင်မိုးက
“အခုက စီးပွားရေး ဘက်ကို ဦးစားပေးလုပ် လာတော့ အနုပညာ ဘက်ကို လုပ်တာ နည်းသွားပြီပေါ့။ လူဆိုတာ ကိုယ့် ဘာသာ သိပြီး သဘောထား တတ်ဖို့ လို ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို မှန်မှန်ကန်ကန် ရွေးချယ် ဖို့လည်း လိုပါတယ် ။

သွေးတိုးကိုကျစေသည့် အစားအသောက်များ

 
ဆား(ဆိုဒီယမ်)ကိုနည်းနည်းပဲစားတာကြောင့်သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။ဒါ့အပြင်အောက်ပါအစားအသောက်တွေကို
စားသောက်တာကြောင့်သွေးတိုးကိုကျစေတဲ့အပြင်နှလုံးနဲ့သွေးကြော
တွေကိုလည်းကျန်းမာစေနိုင်ပါတယ်။

အာလူးမီးဖုတ်

မီးဖုတ်ထားတဲ့အာလူးမှာမဂ္ဂနီစီယမ်နဲ့ပိုတက်စီယမ်ဆိုတဲ့အာဟာရဓာတ်
နှစ်မျိုးပါဝင်တာကြောင့်သွေးတိုးကျစေတဲ့အစာအနေနဲ့ထင်ရှားပါတယ်။ပိုတက်စီယမ်များတဲ့အစာကခန္တာကိုယ်ထဲကအပိုဆိုဒီယမ်ဓာတ်တွေကို
ကင်းစင်စေသလိုမဂ္ဂနီစီယမ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေတယ်လို့လေ့လာမှုအရသိရပါတယ်။

အဆီထုတ်ထားတဲ့နွားနို့

နွားနို့အေးတစ်ဖန်ခွက်မှာကယ်လ်စီယမ်နဲ့ဗီတာမင်ဒီအာဟာရှဓာတ်နှစ်မျိုး
ပါဝင်ပြီးသွေးတိုးကို3-10%လျော့ကျစေပါတယ်။ဒါ့အပြင်နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလည်း15%လျော့ကျစေပါတယ်။တခြားလေ့လာမှုအရကယ်လ်စီယမ်ပမာဏနည်းနည်းပဲမှီဝဲ
သူတွေအနေနဲ့သွေးတိုးနိုင်ခြေ မြင့်မားတယ်လို့သိရပါတယ်။

တရားစခန်းတွင် ရင်းနှီးရာမှ အမျိုးသမီးအချင်းချင်း ကျုပ်သိန်း ၉၀၀၀ ခန့် အလွဲသုံးမှုဖြစ်


မရမ်းကုန်းမြို့နယ်နေ အမျိုးသမီးတစ်ဦးက တရားရိပ်သာတွင် ခင်မင်ခဲ့သော တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ကျပ်ငွေသိန်း ၉၀၀၀ ခန့် အလွဲသုံးစားမှုဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် အမှတ် (၇)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက တစ်ရပ်ကွက်တည်းနေ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း ၆၀၀၀ ကို ယုံကြည်အောင်ပြော၍ ငွေသားအဖြစ်ယူပြီး ကျန်ငွေကျပ်သိန်း  ၃၀၀၀ ခန့်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တွင် နှစ်ဦးပူးတွဲ၍ ဘဏ်စာရင်းဖွင့်ခဲ့သည်။ ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်ကို ရှေ့နေအမျိုးသမီးက ကျန်အမျိုးသမီးထံအပ်ထားခဲ့ရာ အဆိုပါငွေကြေးများနှင့် ဘဏ်စာအုပ်ကို တောင်းခံသောအခါ ပြန်မပေးဘဲ ရှောင်နေသောကြောင့် အရေးယူပေးရန် တရားလွှတ်တော်ရှေ့နေက တရားလိုပြုကာ မရမ်းကုန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ



ဖလမ်း အောက်တိုဘာ ၃ဝ

ချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။

''ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟု လာလ်းရမ်းပမ်းနာက ပြောသည်။

မြန်မာ့ရဲတပ်ဖွဲ့ ခေတ်မီရေး EU ကူမည်

UAE နိုင်ငံ ရဲတပ်ဖွဲ့အသုံးပြုသော ရဲကားတစ်စီးအားတွေ့ရစဉ်
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပေးဖို့ ဥရောပသမဂ္ဂက အစိုးရနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီးဖြစ်လာတဲ့ မစ္စတာ ရိုလန်ကိုဘီယာ က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမှာလည်း EU ဥရောပသမဂ္ဂက ဆက်လက် အကူအညီပေးသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ သံအမတ်ကြီး မိတ်ဆက်ပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အဖက်ဖက်က ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုပြီးတော့  ပြည်တွင်းနဲ့ နိုင်ငံတကာကပါ ပြောဆိုနေတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင်မြှင့်တင်ပေးဖို့ ဥရောပသမဂ္ဂနဲ့ အစိုးရအကြား သဘောတူညီမှုတွေ ရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ပြောပါတယ်။

မိုင်းရှူး - တောင်ကြီးလမ်း သုံးရက်ဆက်တိုက် ဓါးပြတိုက်မှုဖြစ်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်( မိုင်းရှူး - တောင်ကြီးလမ်းမပေါ်) ၌ ဓါးပြတိုက်မှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ များပြောပြချက်အရ သိရပါသည်။

အောက်တိုဘာ ၂၆ - ၂၈ ရက်နေ့အထိ တောင်ကြီး - မိုင်းရှူး လမ်းမပေါ် ဟဲဆိုင်ရွာနှင့် ဟန်နားကျေးရွာကြား အက်စ်ကွေ့ ခေါ် နေရာ ၌ ဓါးပြသုံး ယောက်က တူမီးသေနတ်ကိုင်ကာ နေ့စဉ် ဓါးပြတိုက်နေကြောင်း၊ ဗင်ကားများ၊ ဘီအဲမ်ကားများ၊ ဖိုးဝှီးဟိုင်းလက် ကားများအား ဟန့်တား၍ ဓါးပြတိုက်ခဲ့ကြောင်း၊ နေ့စဉ်ပိုက်ဆံကျပ်သိန်းချီနှင့် ရွှေဆွဲကြိုးများ၊ လက်စွပ်များ ဓါးပြတိုက်ခံကြောင်း ဒေသခံခရီး သွားများက ပြောပြသည်။

အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ ခွဲခန့် ဓါးပြတိုက်ခံရသည့် မိုင်းရှူးဒေသခံ တဦးကလည်း ဓါးပြများသည် ကားပေါ် ရှိစား သောက် ဖွယ်ရာများပင်ယူဆောင်သွား ကြောင်း၊ ၎င်းတို့ဖိုးဝှီးကားပေါ်ပါရှိသူများ ကျပ်ငွေရှစ်သိန်းကျော်နှင့်အတူ (ရွှေဆွဲကြိုး နှစ်ကုံး၊ ပတ္တမြား ဆွဲတီးတလုံး၊ ဆွဲပြားတခု၊ လက်စွပ် တကွင်း) ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိသည့် လက်ဝတ် ရတနာများလည်းပါသွား ကြောင်းပြောသည်။

သူရိယအလင်းဂျာနယ်တွင် ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့်မညီညွတ်ဟု MJN ပြော

ယုဝေသူရိယအလင်းအပတ်စဉ်ထုတ်ဂျာနယ် နောက်ဆုံးထုတ်ဝေသည့်အပတ်စဉ်က ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီညွတ်သည့်အပြင် မြန်မာစာနယ်ဇင်းလောက၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု မြန်မာဂျာနယ်လစ်ကွန်ယက်(MJN) က အောက်တိုဘာလ ၃၀ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ "ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်းကျဆင်းလာစေနိုင်ပါသည်။ သတင်းမီဒီယာ နယ်ပယ်ကို တလွဲအသုံးပြုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်လိုမှု၊ နိုင်ငံရေးအကျိုးအမြတ် ရရှိအောင်လုပ်ဆောင်ခြင်းများကို မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် ဆန့်ကျင်ရှုတ်ချပါသည်"ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အောက်တိုဘာလ ၁၈ရက်ထုတ် သူရိယအလင်းဂျာနယ် အတွဲ(၁) အမှတ်(၁၂)မျက်နှာဖုံးတွင် ပြင်ပဆောင်းပါးရှင် စစ်သူရဲ ဗလမင်းထင်ဆိုသူ၏ “မော်စကိုမှာသာမယ့်လ”၊“ရုရှမယ်စကြ၀ဠာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေးချယ်မှု နောက်ကွယ်က ခရိုနီကြီးများ၏အရှုပ်တော်ပုံ” နှင့် “န.၀.တ အကျဉ်းသား”၊ ထောင်သူရဲဘအုပ် ရေးသားသော “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” (သို့မဟုတ်) “ရွှေပေါ်မြတင် ညီလေးများထံသို့ပေးစာ” စသော ဆောင်းပါးများကို ရေးသားဖော်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, သမ္မတ, တပ်မတော်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ အငြိမ်းစားယူရမည် ဖြစ်သည် (ကာတွန်း – စိုင်းစိုးကြည်)
 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစု အဖွဲ့က  ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ဖြစ်လာပြီး သမ္မတဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိယ တိုင်းမှူးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “တိုင်းပြည်အတွက် အလုပ်ကြိုးစားသူ” ဖြစ်ပြီး တိုင်းပြည်အတွက် အထောက်အကူပြုမည့်နေရာတွင် ပါဝင်လိမ့်မည်ဟု ထင်မြင်ကြောင်း၊ အသက် ၆၀ ပြည့်ပြီးနောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“အသက်  ၆၀ ပြည့်သွားရင် ဖြစ်နိုင်ခြေရှိတယ်လို့ မှန်းကြည့်နေကြတာပေါ့။ ကာယကံရှင် လုပ်မယ်၊ မလုပ်ဘူး ဆိုတာလည်း ဒါမျိုးတွေလည်း ပါဦးမှာပေါ့။ တွက်ရင်တော့ မှန်းလို့ရပါတယ်။ လူကြီးတွေ အားလုံးက အလုပ်ကို ကြိုးစားကြတဲ့သူတွေ ဆိုတော့၊ တိုင်းပြည်အတွက် အသက်ငယ်တုန်းမှာ အထောက်အကူပြုတဲ့နေရာမှာ ကြိုးစားကြမယ့် သူတွေဆိုရင်တော့ သူလည်းပါမယ်” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ဆိုသည်။

“နိုင်ငံကြီး အရင်ပြောင်းလဲပါ” ~ ဂျောက်ဂျက်

“ဂီတဘက်မှာပဲ အားနည်းနေတာ မဟုတ်ဘူး။ ရုပ်ရှင်ဘက်မှာရောပဲ။ ဘယ်နေရာပဲ ဖြစ်ဖြစ်ပေါ့ နိုင်ငံက နိမ့်ကျနေတာ၊ အကုန်လုံးမှာ ဟာကွက်၊ ချို့ယွင်းချက်တွေ ရှိနေတယ်။ ကျနော်တို့ အကုန်လုံး တိုးတက်စေချင်ရင် နိုင်ငံကြီး အရင်ပြောင်းလဲပါ”


  • ငွေကျပ် ၁၀ သိန်း မရှိရင် MTV ကောင်းကောင်း မရနိုင်ဘူး

ဂျောက်ဂျက်က တိုင်းသိပြည်သိ စီးရီးထဲက ပြည်တွင်းဖြစ် နိုင်ငံခြားသူ၊ အမိုက်တကာ့ အမိုက်ဆုံးနဲ့ အယ်စတုံ သီချင်းသုံးပုဒ်ကို MTV အဖြစ် ရိုက်ကူး ပုံဖော်ပြီးသွားပြီလို့ သိရပါတယ်။

ဒါရိုက်တာ အောင်မြတ်နဲပ သီဟ(နိုင်နို)တို့က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ဂျောက်ဂျက်က တိုင်းသိ ပြည်သိ MTV ကို ဒါရိုက်တာ အသစ်တွေနဲ့ ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည်ရောက် ၁ နှစ်ကျော်အရွယ် မြန်မာကလေးကို မြန်မာနှင့်တရုတ် ရဲတပ်ဖွဲ့ ပူးပေါင်းကယ်တင်

လူကုန်ကူးမှု, ကလေး, အမျိုးသမီး, တရုတ်နိုင်ငံ, ရဲတပ်ဖွဲ့
၂၀၀၉ ခုနှစ်တွင် UNICEF သံတမန် မင်းသမီး လူစီလူးက လူကုန်ကူးမှု ဆန့်ကျင် တိုက်ဖျက်ရေးအကြောင်း ဟောပြောစဉ် (ဓာတ်ပုံ – WIKIMEDIA)
လူကုန်ကူးမှု တခုနှင့် ပတ်သတ်ပြီး တရုတ်နိုင်ငံ၌ ကျန်ရစ်နေခဲ့သည့် အသက် ၁ နှစ် ၃ လသား အရွယ် မြန်မာ ကလေးငယ် တဦးကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး (လူကုန်တား) ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ထိန်ချုံး ခရိုင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကယ်တင်၍ မိသားစုထံ ပြန်လည် အပ်နှံနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
ကချင်ပြည်နယ် ဖားကန့်မြို့မှ ကလေးတယောက် မိခင်တဦးကို မျိုးဇော် (ခ) ခေါင်လွန်းနှင့် ဆိုင်းခွန်တို့က တရုတ်နိုင်ငံ ထိန်ချုံးမြို့တွင် ထမင်းချက် အလုပ်ရမည်၊ တလလျှင် လစာ ၂ သိန်းကျပ် ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခေါ်ဆောင် သွားခဲ့ကြောင်း၊ အဆိုပါ ကလေးမိခင်မှာ ထိုအချိန်က ၇ လသား အရွယ်ရှိသည့် သမီးငယ်နှင့်အတူ တရုတ်နိုင်ငံသို့ လိုက်ပါသွားခဲ့ရာမှ လူခေါ် ပွဲစားများက အမျိုးသမီးအား တရုတ်လူမျိုး တဦးထံ ရောင်းစားခဲ့ကြောင်း၊ ကလေးမိခင်မှာ တရုတ် အမျိုးသားနှင့် ၂ လခန့် ပေါင်းသင်း ပြီးနောက် ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရာ ကလေးငယ်မှာ ကျန်ရစ်ခဲ့ကြောင်း၊ ယင်း ကလေးငယ်ကို ၂ နိုင်ငံ ရဲတပ်ဖွဲ့များ ပူးပေါင်း ကယ်တင်နိုင်ခဲ့ကြောင်း နေပြည်တော်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတဦးက ဧရာဝတီကို ပြောသည်။

နွားများကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ရာမှ သားအဖနှစ်ဦး ရေနစ်သေဆုံး

တောင်ငူ၊ အောက်တိုဘာ ၃၀

ရေတာရှည်မြို့နယ် ဆွာရွာမ ကျေးရွာအုပ်စု အနောက်ကုန်း ကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က စစ်တောင်း မြစ်ရေကြီးမှုကြောင့် ရေဘေးအန္တရာယ် တွေ့ကြုံရမည့် နွား ၁၃ ကောင်ကို ဘေးလွတ်ရာ ကုန်းပေါ်သို့ ရွှေ့ပြောင်းစဉ် ဖခင်ဖြစ်သူနှင့် သားဖြစ်သူ နှစ်ဦးစလုံး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါနေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဆွာရွာမကျေးရွာအုပ်စု အနောက်ကုန်း ကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ဦးသိန်းတန်နှင့် သမီးဖြစ်သူ အသက် ၁၅ နှစ် အရွယ်ရှိ မပြည့်ပြည့်ခိုင်၊ အသက် ၁၃ နှစ်အရွယ် သားဖြစ်သူ မောင်ကျော်ထက်တို့ သုံးဦးသည် မိသားစုပိုင် နွား ၁၃ ကောင်ကို ရေလွတ်ရာ ကုန်းတွင်းပိုင်းသို့ ရွှေ့ပြောင်းကြစဉ် ဆွာရွာမ အနောက်ကုန်းနှင့် ခင်တန်း ကျေးရွာကြား ရေအနက် ခုနစ်ပေနီးပါးရှိသည့် ရေနက်ပိုင်းအရောက် နွားချည်သော ကြိုးနှင့် ရစ်ပတ်မိသဖြင့် ဦးသိန်းတန်နှင့် သားဖြစ်သူ မောင်ကျော်စွာထက်တို့နှစ်ဦး ရေနစ်မြုပ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆွာမြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

Photo: တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွန်းနှင့် သစ်မာမျိုးစုံ တန် ၂၀ ကျော် ဖမ်းဆီးရမိ

ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ယာဉ်မောင်း ဦးအောင်မင်း မောင်းနှင်လာသည့် ၈ဇ/၃၃၁၉ Nissan အစိမ်းရောင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်နှင့် တမလန်း အမျိုးအစား သစ်လုံးနှင့် သစ်ခွဲသား စုစုပေါင်းတန်ချိန် ၁၂ ဒသမ ၆၈၇ တန်နှင့် ယာဉ်မောင်းကိုတူး (ခ) ဦးတင့်လွင် မောင်းနှင်လာသည့် ၃ခ/၇၈၈၃ Nissan အပြာ/ခဲရောင် ၁၀ ဘီးယာဉ်ပေါ်မှ ကျွန်းသစ်နှင့် ပိတောက် အမျိုးအစား သစ်လုံးနှင့် ခွဲသား စုစုပေါင်းတန်ချိန် ၆ ဒသမ ၁၇၄၆ တန်ကို ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ဖမ်းဆီးရမိ စာရင်းများအရ သိရသည်။
“ဒီသစ်ခွဲခြမ်းတစ်ခုကို တရုတ်ပြည်ရောက်ရင် အနည်းဆုံးကျပ် ၁၀ သိန်းကျော် ရတယ်။ တရုတ်တွေက အဲဒီသစ်ခွဲခြမ်းတွေကို အချောကိုင် ဆေးသုတ်ပြီးတော့ စားပွဲနဲ့ ထိုင်ခုံတွေလုပ်တာ။ အခုသစ်တော ပြည်နယ်မှူး အသစ်ရောက်လာ ကတည်းက မိုင်းတုံ၊ မိုင်းဆတ်ဘက်လည်း သွားဖမ်းတယ်။ လုပ်ငန်းရှင်ကြီးတွေနားက အလုံးအရင်းနဲ့ ဖမ်းမိတာ ဒါပထမဆုံးပဲ” ဟု ယင်းသစ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် ကျွန်းနှင့် သစ်မျိုးစုံကို ၂၀၁၂ ခုနှစ်တွင် ၂၃ ကြိမ် ဖမ်းဆီးရမိခဲ့ပြီး သစ်တန်ချိန် ၄၆ ဒသမ ၁၇၃၇ တန်သာမက တောရိုင်းတိရစ္ဆာန် သင်းခွေချပ်အရှင် ၁၁ ကောင်နှင့် အသေသုံးကောင်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဧပြီလတွင် ၃ ဒသမ ၅၂ တန်၊ မေလတွင် ၅ ဒသမ ၀၀၂ တန်၊ ဇွန်လတွင် ၁ ဒသမ ၆၄ တန်၊ ဇူလိုင်လတွင် ၁ ဒသမ ၆၆၂၆ တန်နှင့် စက်တင်ဘာလတွင် ၁ ဒသမ ၅၁ တန်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးအောင်မင်း (၂၉) နှစ်နှင့် ကိုတူး (ခ) ဦးတင့်လွင် (၄၇) နှစ်တို့ကို ကျိုင်းတုံ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစိုးလွင်သူ၏ ပြောကြားချက်အရ သိရသည်။

ရန်နိုင် (သီလဝ)

ကျိုင်းတုံ၊ အောက်တိုဘာ ၃၀

ကျိုင်းတုံ-မိုင်းလားကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာလ ၂၈ ရက် နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့မည့် ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်မာမျိုးစုံ တန် ၂၀ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီးကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။

ကျိုင်းတုံမြို့ ကျိုင်းတုံ-မိုင်းလား ကားလမ်း ယန်းလှ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် အောက်တိုဘာ ၂၈ ရက်က ပြည်နယ် သစ်တောဦးစီးမှူး ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များကို သတင်းအရ စောင့်ဆိုင်း ရှာဖွေနေစဉ် တရားမဝင်သစ်များ သယ်ဆောင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးနှင့် ၁၀ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ပြီး ယင်းကဲ့သို့ သစ်အများအပြား ဖမ်းဆီးရမိခြင်းသည် ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာန အနေနှင့် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက The Voice သို့ ပြောကြားသည်။
“ကျွန်းခွဲသား အပါအဝင် ပိတောက်နဲ့ တမလန်း အမျိုးအစား သစ်လုံးနဲ့ သစ်ခွဲသားမျိုးစုံကို ကားနှစ်စီးအပြည့် တင်လာတာ။ သစ်လုံးတွေကို ကားအမိုးကိုင်း မဖြုတ်ဘဲ ဘယ်လို စနစ်တကျ တင်ထားလည်း မသိဘူး။ ကျွန်တော်တို့မှာတော့ သစ်လုံးတွေကို နှစ်ရက်တောင် ကားပေါ်က နေချယူရတယ်။ ကျိုင်းတုံဒေသက ကျွန်းနဲ သစ်မာအမျိုးအစား မပေါက်ရောက်ဘူး။ သစ်ခွဲခြမ်းတွေရဲ့ သက်တမ်းကို ကြည့်ရင်တော့ အနည်းဆုံး နှစ် ၄၀ သက်တမ်း အထက်ရှိမယ်” ဟု ဦးစိုးလွင်သူက သုံးသပ်ပြောဆိုသည်။

ပြည်လွှတ်တော်အမတ်ကို ကျပ်သိန်းပေါင်းနှစ်သောင်း ရလိုမှုဖြင့်တရားစွဲဆို

ပြည်စထရင်းဟိုတယ်ကို တွေ့ရစဉ်။ အဆိုပါဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်းအစုရှယ်ယာများကို ခွဲဝေမပေးဟု စွပ်စွဲကာ ပြည်လွှတ်တော်အမတ်ကို တရားစွဲထားသည်။ (ဓာတ်ပုံ - ရေခဲ-ပြည်)
 ပြည်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ်ဦးဝင်းမြင့်ကို ပြည်မြို့ မူယာပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ နေလွင် ပွဲရုံပိုင်ရှင်ဒေါ်စိုးမမမင်းက ကျပ်သိန်းပေါင်းနှစ်သောင်းရလိုမှုဖြင့် ပဲခူးတိုင်းတရားရုံးတွင် တရားစွဲ ဆိုထားသည်ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားလိုဖြစ်သူ ဒေါ်စိုးမမမင်း၏ အမျိုးသားဦးအောင်ဆန်းကြည် မကွယ်လွန်မီ အမတ်ဦးဝင်းမြင့်နှင့် နှစ် ဦးသဘောတူလုပ်ကိုင်ခဲ့သော ပြည်စထရင်း (STRAND) ဟိုတယ်နှင့် ဟက်ပီးပဲလေ့ KTV လုပ်ငန်း အစုရှယ်ယာများကို ခွဲမပေးခြင်းကြောင့် ကျပ်သိန်းပေါင်းနှစ်သောင်းကို တရားရုံးမှတစ်ဆင့် တောင်းခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရသင့်ရထိုက်တဲ့ အစုရှယ်ရာငွေသိန်းပေါင်းနှစ်သောင်းကို သိက္ခာရှိစွာသတင်းစာထဲကနေ ကြော်ငြာပြီး တောင်းတာပျက်ကွက်ခဲ့တဲ့အတွက် မလွှဲမရှောင်သာလို့ တရားစွဲလိုက်တာပါ”ဟု ဦးရောဘတ်စန်းအောင် မှ ဆိုသည်။

မောင်တောမြို့ပေါ်ရပ်ကွက် မီးရှို့ရာတွင် ပါဝင်သူ ၆၈ ဦး ထောင်ဒဏ်ငါးနှစ်စီချမှတ်ခံရ


၂၀၁၂ခုနှစ် ဇွန်လ ဆူပူအကြမ်းဖက်မှု၊ မီးရှို့မှုဖြစ်စဉ်တွင် မောင်တောမြို့ပေါ်ရပ်ကွက် ဗိုလ်မှူးရွာ မီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ အိုင်အင်န်ဂျီအိုဝန်ထမ်း နှစ်ဦး အပါအ၀င် ၆၈ ဦးကို အောက်တိုဘာ ၃၀ ရက်က ဘူးသီးတောင်မြို့နယ်၊ တရားရုံးက ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ပြီး ငါးဦးကို တရားသေလွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ ဗိုလ်မှူးရွာမီးရှို့မှုတွင် ပါဝင်ကျူးလွန်သူ ၇၄ ဦးကို ဘူးသီးတောင်မြို့နယ်တရားရုံးသို့ ၂၀၁၂ခုနှစ် ဇူလိုင်၂၀ တွင် စွဲချက်တင် တရားစွဲဆိုခဲ့ရာ တရားရုံးက ပြစ်မှုကြီးအမှတ် ၃၃၈/၂၀၁၂ ဖြင့် လက်ခံစစ်ဆေးခဲ့သည်။
အဆိုပါ ၇၄ လေးဦးအနက် ၆၈ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ  ၄၃၆ အရ ထောင်ဒဏ်ငါးနှစ်စီ၊ အမျိုးသမီးတစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆/၁၁၄အရ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးမှာ ပြစ်မှုထင်ရှားခြင်းမရှိသည့်အတွက် တရားသေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခြင်းခံရသည့် တရားခံများတွင် မောင်တောမြို့ရှိ အိုင်န်အန်ဂျီအို အဖွဲ့အစည်းများဖြစ်သည့် အေစီအက်ဖ်(ACF) မှ အီဗြာဟိန်း (ခေါ်) စောမြင့်နှင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (AZG)မှ ဇာဖောဟူဆောင်းတို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ဆုံးဖြတ်သည့်အမှုမှာ ပြီးခဲ့သည့် ၂၀၁၂ ဇွန်လက ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ခရိုင်/မြို့နယ်တရားရုံးများတွင် တရားစွဲဆိုထားသည့် မူလအမှုများအနက် နောက်ဆုံးအမှုဖြစ်ကြောင်းလည်း သိရသည်။

7Day Daily

နှစ်လုံးထီ ရောင်းသည်ဆိုပြီး ရှာဖွေခံရ၍ အမျိုးသမီးကြီးတစ်ဦး သတိလစ်သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀

မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် ဦးအောင်မင်းလမ်း နေအိမ် တစ်လုံးတွင် နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဝင်ရောက် ရှာဖွေမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရပ်၍ သတိလစ် သေဆုံးခဲ့မှု အောက်တိုဘာလ ၃၀ ရက် ညနေ ၃ နာရီက ဖြစ်ပွားခဲ့ကြောင်း အဆိုပါလမ်း နေထိုင်သည့် ရာအိမ်မှူး ဦးမြင့်အုန်းက The Voice သို့ ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သေဆုံးသူ ဒေါ်ခင်အုန်းမြင့် (ခ) ဒေါ်ပို၏ အိမ်ကို အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပါဝင်ခြင်းမရှိဘဲ ဝင်ရောက် ရှာဖွခဲ့ရာ နှလုံးရောဂါရှိသူ အဆိုပါ အမျိုးသမီးမှာ ကြောက်လန့်ကာ ဇောချွေးများ ပြန်ပြီး သတိလစ် မေ့မြောသွားခဲ့သောကြောင့် ၎င်း၏ သားသမီးများက အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယင်းနေ့ ညနေ ၄ နာရီက လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အိမ်မှာ အဘွားကြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန် ရဲတွေဝင်ရှာတာ။ နှစ်လုံးထီလည်း မမိဘဲနဲ့ ရဲကသူ့ကို လက်ထိတ် ခတ်လိုက်တော့ ကြောက်လန့်ပြီး သတိလစ်သွားတဲ့နောက်မှာ အသက်ပြန် ပါမလာတော့” ဟု ဦးအောင်မင်းလမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဝင်ငွေကောင်းတဲ့ မြက်ပင်


ဦးဝင်းမြင့်

တစ်ခါစိုက်ရင် အနည်းဆုံး ခြောက်နှစ်ရိတ်သိမ်းနိုင်တဲ့ မြက်အမျိုးအစားဖြစ်ပါတယ်။

စနစ်တကျစိုက်ရင် တစ်ဧက တစ်နှစ်ပတ်လုံးထွက်နှုန်းဟာ တန်ချိန် ၁၅၀ ရတယ်။ မဲဆောက်မိတ်ဆွေ ကျောင်းဆရာ (အငြိမ်းစား) တစ်ဦးက စပါးစိုက်နေကြမြေ ၆ ဧကကို စပါးမစိုက်တော့ဘဲ မြက်စိုက်ပြီး ရောင်းစားနေပါတယ်။ သူစိုက်ခင်းကတော့ စနစ်တကျ မစိုက်နိုင်တဲ့အတွက် အနည်းဆုံးတစ်ဧကမှာ တစ် နှစ်ကို ၇၅ တန်လောက်ထွက်တယ်လို့ ရှင်းပြပါတယ်။ ၄၅ ရက်ကနေရက် ၆၀ ကြားတစ်ကြိမ် ရိတ်သိမ်းနိုင် တာဖြစ်ပါတယ်။ ရိတ်သိမ်းပြီးမြက်ကိုစဉ်းပြီး တစ်ကီလိုကို ၃ ဘတ်နှုန်း (တစ်ပိသာကျပ် ၁၅၀ ) နဲ့ နွားမွေး သူတွေကို ရောင်းစားနေပါတယ်။ ရိတ်သိမ်းပြီး မြက်ကိုစနစ်တကျ သိမ်းဆည်းမယ်ဆိုရင် ခြောက်လအထိ ထားနိုင်ပြီး ကျွဲနွားတွေကို ကျွေးနိုင်ပါတယ်။ စိုက်နည်းက ကြံစိုက်နည်းနဲ့ သိပ်မကွာပါ။ ရိတ်သိမ်းတဲ့ အခါ မှာလည်း ကြံပင်လိုပဲ အရင်းကနေ ခုတ်ယူရပါတယ်။

မြန်မာနိုင်ငံအနေနဲ့က စပါးစိုက်တာထက်စာရင် ဒီမြက်အမျိုးအစားကို စိုက်ပြီးကျွဲနွား မွေးရောင်းမယ်ဆို ရင် ပိုပြီးတွက်ခြေကိုက်မှာ သေချာပါတယ်။

အခုအခါ ထိုင်းနိုင်ငံမှာ ဒီမြက်အမျိုး အစားကနေ ဘိုင်အိုဂဲက်စ်ထုတ်လုပ်ပြီး လျှပ်စစ်မီးနဲ့ မီးဖိုချောင်သုံး ဂဲက်စ် အယ်လ်ပီဂျီ ထုတ်လုပ်ဖို့ကို ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား


ဆားစ်ရောဂါဟာ တရုတ်နိုင်ငံ မြင်းခွာပုံသဏ္ဍန်ရှိတဲ့ လင်းနို့ ကနေ ဖြစ်ပွားလာတယ်လို့ သပ္ပံပညာရှင်တွေ အတည်ပြု (Credit: ABC licensed) 
၂၀၀၂ ​ခုနှစ်နဲ့ ​၂၀၀၃ ​ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ​SARS ​ရောဂါဟာ ​တရုတ်နိုင်ငံက ​လင်းနို့တွေကနေ ​ပြန့်ပွားလာတာဖြစ်တယ်လို့ ​သြစတြေးလျသိပ္ပံပညာရှင်တွေက ​တွေ့ရှိခဲ့ပါတယ်။ ​ဆားစ် ​ရောဂါကြောင့် ​လူပေါင်း ​၇၇၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

ဆားစ်ရောဂါဟာ ​လင်းနို့ကနေ ​ပြန့်ပွားလာတာ ​ဖြစ်နိုင်တယ်လို့ ​သိပ္ပံပညာရှင် ​အသိုင်းအဝိုင်းက ​အရင်ကတည်းက ​သံသယရှိခဲ့ပေမယ့် ​ခုအခါမှသာ ​အတည်ပြုနိုင်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီရောဂါဟာ ​မြင်းခွာပုံသဏ္ဍာန်ရှိတဲ့ ​လင်းနို့ ​horseshoe ​bat ​ကနေ ​ပြန့်ပွားလာတာ ​ဖြစ်ပြီး ​လင်းနို့တွေရဲ့ ​မစင်ကနေ ​အဓိက ​ပြန့်ပွားလာတာ ​ဖြစ်ပါတယ်။

ဒီလို ​တွေ့ရှိချက်တွေကြောင့် ​ကမ္ဘာပေါ်မှာ ​ဆားစ်ရောဂါ ​ထပ်မဖြစ်ပွားတော့အောင် ​ကြိုတင်ကာကွယ် ​ထိန်းချုပ်မှုတွေ ​ပြုလုပ်နိုင်မှာဖြစ်ကြောင်း ​သိရပါတယ်။ ​ဆားစ်ရောဂါဟာ ​အသက်ရှုရခက်ခဲစေတဲ့ ​ရောဂါတစ်မျိုးဖြစ်ပါတယ်။

By Cameron Best and Margaret Paul

ABC Radio Australia

မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာနေရာတွင် ဗုံးလန့်မှုဖြစ်ပွား

Photo: မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာနေရာတွင် ဗုံးလန့်မှုဖြစ်ပွား

အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာလမ်းမဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံထားသော သံဇကာအတွင်းပိုင်း အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟုယူဆကာ ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းပေးခဲ့ရာ ကြွပ်ကြွပ်အိတ်အတွင်းတွင် ထမင်းဘူး စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

''ဒီနားမှာ ကျွန်တော်ရောက်လာတော့ ကြွပ်ကြွပ်အိတ်ကို တိုင်မှာချိတ်လျက် တွေ့ရတယ်၊ ခဏနေတော့ ရဲရောက်လာပြီး ကားတာယာကွင်းတွေ ချပြီး လူရှင်းလိုက်တယ်။မနက် ၈ နာရီခွဲက စတွေ့တယ်။ ၉ နာရီ ၁၅ မိနစ်မှာ မိုင်းရှင်းလင်းရေးက စစ်ဗိုလ်တွေ ရောက်လာတယ်'' ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။

၎င်းမြို့ခံကပင် ''နောက်ပြီးတော့မှ မိုင်းရှင်းလင်းရေးတပ်က စစ်ဗိုလ်နဲ့ တပ် ကြပ်ကြီးတစ်ယောက် ထရန်စဖော်မာထဲဝင်ပြီး အထုပ်ဖွင့်ကြည့်တော့ စားကြွင်းစားကျန် အမှိုက်တွေ ဖော့ဗူးခွံတွေ ၀ါယာကြိုးအဟောင်းတွေ ထည့်ထားတာတွေ့တယ်။ ဗုံးလို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတယ်လို့ ယူဆတယ်။ ပြီးတော့ ဒီနားမှာ အမှိုက်ပုံလည်း မရှိဘူး။ ပြည်သူလူထုလန့်အောင် မြို့ရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဗုံးလန့်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လာချိတ်ထားတယ်လို့ ထင်ပါတယ်'' ဟု လာရောက်ကြည့်ရှုသူ မြို့ခံတစ်ဦးက ပြော ကြားသည်။

''ကျွန်တော့် အမြင်ပြောရရင်တော့ ရည်ရွယ်ချက်တော့ ရှိပုံမပေါ်ပါဘူးဗျာ။ ဒီအတိုင်းပဲ အမှိုက်စွန့်ပစ်လိုက်လို့ ချိတ်သွားတယ်လို့ ယူဆပါတယ်။ စနစ်တကျ ချည်ထားရင်လည်း ပလတ်စတစ်စရဲ့ နှစ်ဖက်စလုံးကို ချည်ရမှာ ဖြစ်ပါတယ်။ အခုတော့ တိုင်မှာ  ကြွပ်ကြွပ်အိတ်ကြိုးကို တစ်ဖက်တည်း ချည်ထားတာပါ။ ကြွပ်ကြွပ်အိတ်ထဲမှာပါတဲ့ ၀ါယာစကလည်း အမှိုက်ပဲ ဖြစ်နိုင်ပါတယ်၊ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့တော့ ကျွန်တော်မယူဆပါဘူး။ အမှိုက်ပစ်လိုက်လို့ ဖြစ်တယ်လို့ ထင်ပါတယ်၊ဘာမှ စိုးရိမ်ထိတ်လန့်စရာ မရှိပါဘူး၊ ပြည်သူလူထုကြီးလည်း ထိတ်လန့်မှု မဖြစ်ပါနဲ့လို့ ပြောချင်ပါတယ်'' ဟု အမှတ် (၁၁) ရဲတပ်ရင်းမှ တပ်ရင်းမှုး ဒုရဲမှုးကြီး နန္ဒ္ဒ၀င်းက ပြောကြားသည်။

ဗုံးလန့်မှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများ ရှင်းလင်းနေစဉ်
ဗုံးလန့်မှုဖြစ်ပွားသည့်နေရာအား တာဝန်ရှိသူများ ရှင်းလင်းနေစဉ်
အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီ ခွဲခန့်က မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် လူစည်ကားရာလမ်းမဘေးရှိ ၀ါယာကြိုးစများ ထွက်ရှိနေသော ကြွပ်ကြွပ်အိတ် အနက်ရောင်အိတ်ကို ထရန်စဖာမာအား ကာရံထားသော သံဇကာအတွင်းပိုင်း အမြင့်လေးပေခန့်တွင် ချိတ်လျက် မသင်္ကာဖွယ်ရာ တွေ့ရှိရသဖြင့် ဗုံးဟုယူဆကာ ပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာမှ လာရောက်ရှင်းလင်းပေးခဲ့ရာ ကြွပ်ကြွပ်အိတ်အတွင်းတွင် ထမင်းဘူး စားကြွင်းစားကျန်များနှင့် ၀ါယာကြိုးစများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

''ဒီနားမှာ ကျွန်တော်ရောက်လာတော့ ကြွပ်ကြွပ်အိတ်ကို တိုင်မှာချိတ်လျက် တွေ့ရတယ်၊ ခဏနေတော့ ရဲရောက်လာပြီး ကားတာယာကွင်းတွေ ချပြီး လူရှင်းလိုက်တယ်။မနက် ၈ နာရီခွဲက စတွေ့တယ်။ ၉ နာရီ ၁၅ မိနစ်မှာ မိုင်းရှင်းလင်းရေးက စစ်ဗိုလ်တွေ ရောက်လာတယ်'' ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။

၎င်းမြို့ခံကပင် ''နောက်ပြီးတော့မှ မိုင်းရှင်းလင်းရေးတပ်က စစ်ဗိုလ်နဲ့ တပ် ကြပ်ကြီးတစ်ယောက် ထရန်စဖော်မာထဲဝင်ပြီး အထုပ်ဖွင့်ကြည့်တော့ စားကြွင်းစားကျန် အမှိုက်တွေ ဖော့ဗူးခွံတွေ ၀ါယာကြိုးအဟောင်းတွေ ထည့်ထားတာတွေ့တယ်။ ဗုံးလို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတယ်လို့ ယူဆတယ်။ ပြီးတော့ ဒီနားမှာ အမှိုက်ပုံလည်း မရှိဘူး။ ပြည်သူလူထုလန့်အောင် မြို့ရဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဗုံးလန့်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ တမင်လာချိတ်ထားတယ်လို့ ထင်ပါတယ်'' ဟု လာရောက်ကြည့်ရှုသူ မြို့ခံတစ်ဦးက ပြော ကြားသည်။

ငွေစက္ကူအတုနှင့် အတုထုတ်သည့် စက်နှစ်လုံးဖမ်းဆီးရမိသည့်အမှုမှ ကျူးလွန်သူများကို CID မှ တရားစွဲရန် စီစဉ်


တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် အောက်တိုဘာလအတွင်း ငွေစက္ကူအတုကျပ်သိန်းငါးဆယ်နှင့် ငွေစက္ကူအတု ထုတ်သည့် စက်နှစ်လုံး ဖမ်းဆီးရမိသည့်အမှုတွင် ကျူးလွန်သူများကို တရားရုံးသို့ တရား စွဲဆိုတင်ပို့နိုင်ရန် စီစဉ်နေကြောင်း အင်းစိန် CID ရဲတပ်ဖွဲ့မှ သိရှိရသည်။

ယင်းအမှုတွင် ကျူးလွန်သူများကို အောက်တိုဘာ ၁၃ ရက်တွင် တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို CID ရဲတပ်ဖွဲ့မှ ကိုင်တွယ် စစ်ဆေးလျက်ရှိသည်။ ဖြစ်စဉ်မှာ တာမွေမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် တောင်ဒဂုံမြို့နယ်နေ မလွင်လွင်ခိုင်(ခ) သိမ့်သိမ့်ထံမှ တစ်ထောင်ကျပ်တန် ငွေစက္ကူအတု (၄၁၀)ရွက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မျိုးသူရထံမှ ငွေကျပ် ၄ သိန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် တောင်ဥက္ကလာပမြို့နယ်နေ မျိုးသူရနေအိမ်ကို ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတမ်းပါ တစ်ထောင်တန်ငွေစက္ကူအတု (၁၉၉၇)ရွက်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ပြောကြား

Photo: လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ပြောကြား

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်များက မေးမြန်းသည်များကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချရန် ရှိ၊ မရှိ မေးခွန်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက"လောလောဆယ်တော့ လျှော့ကောက်ခံဖို့ မရှိပါ ဘူး။ ကျွန်တော်တို့ နိုဝင်ဘာလမှာ  စကောက်မယ် ပြောသော်လည်း ဒီဓာတ်အားခပေးရမှာက ဒီဇင်ဘာလမှ ပေးရမှာဖြစ်တဲ့အတွက် တစ်လကြိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။

ထို့နောက် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရခြင်းနှင့် ပတ်သက်၍ "လျှပ်စစ်မီတာခကို နိုဝင်ဘာ ၁ ရက်စပြီး သတင်းစာပါအတိုင်း ပြောင်းကောက်တာ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားသည် နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် အလွန်နည်းပါတယ်။ ယနေ့ ထုတ်လုပ်နေတဲ့ ဓာတ်အားခရဲ့ ကုန်ကျစရိတ်သည်လည်း လုံးဝအရှုံးခံပြီး ထုတ်နေတာဖြစ်တယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားခကို အရှုံးကျေအောင်လို့ လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်တာဖြစ်တယ်။ လျှပ်စစ်ဓာတ်အား တိုးမြှင့်တဲ့အခါမှာလည်း ပြည်သူလူထုအတွက်ကို အဓိက စဉ်းစားပြီး တိုးပါတယ်။ တစ်ယူနစ်ကနေ ၁၀၀ ယူနစ်ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမား လက်လုပ်လက်စား လူလတ်တန်းစားတွေ သုံးတဲ့ယူနစ်တွေဖြစ်တယ်။ ဒါတွေကို သေသေချာချာ လေ့လာပြီးတော့မှ တစ်ယူနစ်ကနေ ၁၀၀ ယူနစ်ကြားမှာ သုံးတဲ့ အောက်မှာရှိတဲ့ လူတွေအားလုံးအတွက်ကို ၃၅ ကျပ်ထက် မတိုးပါဘူး။ ပြည်နယ်နဲ့ တိုင်းမှာ အားလုံး စစ်တမ်း ကောက်လိုက်တဲ့အခါမှာ ၇၀ ရာခိုင်နှုန်းဟာ ၁၀၀ ယူနစ်အောက်မှာ ရှိတယ်။ ဒါကြောင့် ၁၀၀ ယူနစ်အောက်မှာ ရှိတဲ့သူတွေအားလုံးကို ၃၅ ကျပ်နဲ့ဆက်ပြီး ပြည်သူတွေ သက်သာအောင် ကောက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက စက်မှုလုပ်ငန်းအသေးစား လုပ်ငန်းအားလုံးသည် ယူနစ် ၅၀၀၀ အောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် အဲဒါကိုလည်း ၁၀၀ ပဲထားပြီး တကယ့်အကြီးစား စက်မှုလုပ်ငန်းကြီးမှ ကျွန်တော်တို့က ၅၀၀၀ အထက်မှသာ ၁၅၀ တိုးတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နှစ်တိုင်းနှစ်တိုင်းမှာ သုံးသပ်ပြီးတော့မှ နိုင်ငံတော်က ဓာတ်အားအများကြီး ထွက်လာမယ်။ ဈေးနှုန်းတွေ ကျလာရင် ဈေးနှုန်းက ကျလာမှာပဲ။ ဓာတ်အားခတွေက ဓာတ်အားတွေ ထုတ်လုပ်လို့ ကုန်ကျစရိတ်တွေ များရင်တော့ ဒီလိုပဲ တက်မယ်။ ဒီတက်တာက နောက်ထပ်တက်ဖို့ အလားအလာ မရှိပါဘူး။ ဒါကိုလည်း သုံးသပ်ကြည့်ပြီးတော့မှ ကျွန်တော်တို့ တစ်နှစ်လောက်ကြာရင် ကျွန်တော်တို့နိုင်ငံမှာ ဂတ်စ် တာဘိုင်တွေ ထွက်လာမယ်။ ရေအားတွေ ထွက်လာရင် ဒီဓာတ်အားခတွေက ကျွန်တော်တို့ ပြန်လည် ဖြေလျှော့သွားမှာ ဖြစ်ပါတယ်"ဟု ပြန်လည် ဖြေကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားခများကို  အိမ်သုံး မီတာများအတွက် ယူနစ် ၁၀၀ အထိ သုံးစွဲပါက ၃၅ ကျပ်နှုန်းနှင့် ယူနစ် ၁၀၀ အထက် သုံးစွဲပါက ကျပ် ၅၀ နှုန်းအထိ နိုဝင်ဘာလမှ စတင် တိုးမြှင့် ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်များက မေးမြန်းသည်များကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချရန် ရှိ၊ မရှိ မေးခွန်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက"လောလောဆယ်တော့ လျှော့ကောက်ခံဖို့ မရှိပါ ဘူး။ ကျွန်တော်တို့ နိုဝင်ဘာလမှာ စကောက်မယ် ပြောသော်လည်း ဒီဓာတ်အားခပေးရမှာက ဒီဇင်ဘာလမှ ပေးရမှာဖြစ်တဲ့အတွက် တစ်လကြိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။

ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ပြည်သူ့စစ် ဗိုလ်ကြီးတစ်ဦးကို နယ်ကျော်လက်နက်သယ်ဆောင်မှုဖြင့် စစ်ဆေးနေ


ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို လက်နက်နယ်ကျော်သယ် ဆောင်လာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု လှိုင်သာယာရဲစခန်းမှ စခန်းမှူးရဲအုပ်ဌေးဝင်းက အောက်တို ဘာ ၃၀ တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ လက်နက်ကိုင်ဆောင်သူကိုချုပ်ရက်ရမန်ယူပြီး စစ်ဆေးနေပါတယ်။ သူ့သေနတ်က တရားဝင်ခွင့်ပြုချက်နဲ့ သယ်ဆောင်လာခြင်း ဟုတ်၊မဟုတ်နဲ့ သူ့ဘက်က ဘာအထောက်အထားပြလာမလဲ ဆိုတာကို စစ်ဆေးနေတာပါ” ဟုလည်း အမှုစစ်ဖြစ်သည့် ၎င်းကရှင်းပြခဲ့သည်။

အမှုမှာ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က လှိုင်သာယာအမှတ် (၁)ရပ်ကွက်အတွင်း လူတစ်ဦးက သေနတ်ကိုင်ပြီး အခြားလူတစ်ဦးအားချိန်ရွယ်မှု ပြုလုပ်နေကြောင်း သတင်းအရမြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ စတင်

F.31.10.2013
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ အောက်တိုဘာ ၃၀ ရက် ပထမနေ့မြင်ကွင်း














တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် အခြေခံမူများ ချမှတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာမြို့တွင် စတင် ပြုလုပ်ခဲ့သည်။
သုံးရက်ကြာမြင့်မည့် ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး တစ်ဖွဲ့ချင်းစီ၏ သဘောထားများ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကာင်စီ (UNFC)က ချမှတ်ထားသော ဘုံသဘောထားများကို သုံးသပ်ခြင်း၊ အစိုးရက ပေးပို့ထားသော လက်မှတ်ထိုးရန် သဘောထားမူကြမ်းကို သုံးသပ်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စရပ်အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌတို့အကြား ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းမှုများ၊ နိုင်ငံရေး ဆွေးနွေးရေး ကိစ္စရပ်အတွက် အခြေခံ သဘောထားများ ချမှတ်ခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
ပထမနေ့ ဆွေးနွေးပွဲတွင် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် UNFC ဥက္ကဋ္ဌနှင့် KIO ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လတို့က အရန်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

Photo: မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ရွှေပေါ်ကျွန်း ကျေးရွာ၌ အရေးပေါ် ဆေးကုသမှုပေးရာတွင် လာရောက် ကုသမှုခံယူသူ ဦးငွေက "ကျွန်တော် အလှူမှာ ကူညီဖို့လာခဲ့ပါတယ်။ မနက် ၈ နာရီလောက်က ဒံပေါက်နဲ့ ကြက်သားစားပြီး အိမ်ပြန်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ ၀မ်းပျက်ပြီး စအန်ပါတယ်။ မနက်ကျတော့ ခေါင်းမူးလာလို့ နဘူးအိုင် ကျန်းမာရေး ဆေးခန်းကိုလာပြတော့ တခြားရွာသားတွေလည်း ကျွန်တော့်လို ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ ဆေးသွင်းထားလို့ သက်သာနေပါပြီ"ဟု ပြောကြားခဲ့သည်။

"ကျွန်မတို့ မနက်ပိုင်းကစပြီး ကုသနေတာ။ လူနာများလာတော့ မြင်းခြံခရိုင် ကျန်းမာရေးက လာရောက် ကူညီပါတယ်။ ဒန်ပေါက်စားတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တော့ ဘာကြောင့်လဲ ပြောမရသေးပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး အဖြေရလာမှပဲ သိရမှာပါ။ နဘူးအိုင် ကျေးရွာအနီးက ရွာငါးရွာက လူနာတွေပါ"ဟု နဘူးအိုင် ကျေးလက် ကျန်းမာရေး ဆေးခန်းမှ ဆရာမ ဒေါ်ဝင်းထက်က ဆိုသည်။

မြင်းခြံမြို့နယ် သူနာပြု ဆရာမကြီးဖြစ်သူ ဒေါ်ခင်သူဇာမိုးမှ အစာအဆိပ်သင့်မှု ဖြစ်ပွားရာဒေသရှိ ကျေးရွာမှ ရွာသူရွာသားများအား ထိုနေ့က ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ပိုးသတ်ဆေးများ ဖြန်းကာ ရွာသူ ရွာသားများကိုလည်း ကျန်းမာရေးဆိုင် ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။          

အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်
အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

အမေရိကန်ရဲ့ ထောက်လှမ်း ခံရ မှုမှာ မြန်မာ ပါဝင်


အမေရိကန် ပြည်ထောင်စုက တကမ္ဘာလုံးမှာ လှိျု့ဝှက် ထောက်လှမ်းမှုတွေ လုပ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ ဖွင့်ဟ ပြောဆိုမှု တွေကြောင့် လူအများ ပိုမို သိလာခဲ့ ရာမှာ အခုတော့ သူတို့ ထောက်လှမ်းတဲ့ အထဲမှာ မြန်မာ နိုင်ငံလည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းစာကြီး တစ်စောင်က ရေးသား ဖော်ပြ လာပါတယ်။

သြစတြေးလျနဲ့ အိမ်နီးချင်း နိုင်ငံ တွေမှာ ရှိတဲ့ နေရာပေါင်း ၉၀ လောက်ကို အမေရိကန်က ကြားဖြတ် ထောက်လှမ်းနေပြီး အဲဒီထဲမှာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား ထိုင်း စတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ သြစတြေးလျ နိုင်ငံထုတ် Sydney Morning Herald သတင်းစာ ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ကတော့ အမေရိကန်က သူ့ ပြည်သူတွေ အပါအဝင် မဟာမိတ် နိုင်ငံတွေနဲ့ တခြား နိုင်ငံ အတော် များများရဲ့ စာတွေ၊ အီးမေးတွေနဲ့ တယ်လီဖုန်း အဆက် အသွယ် တွေကို ကြားဖြတ် နားထောင်တယ် ဆိုတာ သိရပေမဲ့ မြန်မာ နိုင်ငံ ပါမပါ မသိ ပါဘူးလို့ နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

အခြားပါတီများကို ရန်ဖက်လိုသဘောမထားဖို့ ဦးရွှေမန်းပြော


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ သာယာဝတီ၊ ကျွန်းလှနဲ့ ပင်းတယမြို့နယ်တွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၆၀၀ နီးပါးလောက် ပြည်ထောင်စု လွှတ်တော်ကို လာရောက်လေ့လာစဉ် သူရဦးရွှေမန်းက အခုလို ပြောခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က တိုင်းပြည်အတွက် အဓိကလိုအပ်နေတဲ့ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြဌာန်းဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပါတီဝင်တွေကို ပြောကြားသွားပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဝင်တွေ အရင်က မကြာခဏ လာရောက်လေ့လာကြပေမယ့် ဒီနေ့ သူရဦးရွှေမန်းက ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံတာဖြစ်ပါတယ်။

RFA Burmese

လူနာများ သယ်ထုတ်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မှ KIA အား တောင်းဆို


လူနာများ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ်အား အကြောင်းကြား ခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ဆိုပါသည်။

“ KIA တပ်ရင်း (၁၂) ဂွင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ထိခိုက်မှု များပုံ ရတယ်ဗျ။ အဲဒီတော့ သယ်ထုတ်ဖို့ လမ်းကြောင်း ရှင်ပေးဖို့ KIA ဌာနချုပ် ကို တောင်းဆို လာတာ ရှိပါတယ်။ ဘယ်လို အကြောင်းပြန် လိုက်တာတော့ ကျနော်မသိ လိုက်ဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ် နေတုန်း ပါဘဲ” ဟု စစ်ရုံးချုပ် အရာရှိက ဆိုသွားခဲ့ ပါသည်။

KIA တပ်ရင်း (၁၂) နှင့် အစိုးရ အထူး ကွပ်ကဲထား သည့် နည်းဗျူဟာ (၂) တပ်ဖွဲ့များ အပြင် စစ်ကူပေး လာသော အထူးကွပ်ကဲမှု နည်းဗျူဟာ (၃) တပ်ဖွဲ့နှင့် (၇) ရက်တိုင်တိုင် တိုက်ပွဲ ဖြစ်လာခဲ့ ပေသည်။ ဤတိုက်ပွဲများ ၌ အ၀ိုင်းခံ ထားရသည့် အခြေအနေ အပြင် မိုင်းကွင်း ထိခိုက်မှူများ ခြင်းကြောင့် လူနာ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေးရန် တောင်းဆိုခဲ့ ခြင်းဖြစ်ဖွယ် ရှိသည်ဟု KIA စစ်ရုံးက ခန့်မှန်းထား ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူးစစ်ဗျူဟာ အ၀ိုင်းခံထားရ

KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့အား ပြီးခဲ့သည့် မြစ်ကြီးနား တွေ့ဆုံ ပွဲ၌ အတူ တွေ့ရစဉ်(Photo-KIA)
အင်္ဂါနေ့၊ အောက်တိုဘာလ 29 ရက် 2013 ခုနှစ်

ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

“ ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေ“လား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူး၊ ဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကို ကျနော်တို့ လူတွေ ဖြတ်တိုက် နေတာပေါ့။ တိုက်ပွဲ ကတော့ မနေ့ ညနေ ကတည်းက နည်းနည်း စဖြစ် လာခဲ့ တယ်လေ ဗျူဟာ (၃) နဲ့က” ဟု ဆိုပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဦး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ (၃) သည်အ၀ိုင်းခံ နေရသည့် အထူး စစ်ဗျူဟာ (၂) အား စစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။ ယင်း ဗျူဟာ (၃) အား KIA တပ်ရင်း (၁၂) ကွန်မန်ဒို တပ်များက မနက် (၆) နာရီ ခွဲမှ ညနေ (၂) နာရီခွဲ အထိ ဖြတ်တိုက် နေခြင်း ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။ ယင်း ဗျူဟာတွင် ရိက္ခာနှင့် ကျည်ဆံများ တင်ဆောင် လာသည့်လား အကောင် (၅၀) ကျော်လည်း ပါလာ ခဲ့သည်ဟု ဆိုပါသည်။  စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် စုဖွဲ့ ထားပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis