menu

Sunday 6 October 2013

ဒီမိုကရက်တစ်ပါတီ ရပ်ကွက်ဥက္ကဋ္ဌ မိုက်ကြေးခွဲသောကြောင့် အသတ်ခံရ

တရာခံများနှင့် တိမ်းရှောင်ရာတွင်အသုံးပြုခဲ့သောယာဉ်(photo from Yangon Police)

ရန်ကုန်၊ အောက်တိုဘာ ၅

စက်တင်ဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် လှိုင်သာယာမြို့နယ် ( ၅ ) ရပ်ကွက်မှ ဒီမိုကရက်တစ်ပါတီ ရပ်ကွက်ဥက္ကဋ္ဌ ဦးမောင်ဇော်နှင့် အပေါင်းပါ ဖြစ်သူတို့နှစ်ဦး ၎င်းရပ်ကွက်ရှိ ကေတီဗီဆိုင်၌ မိုက်ကြေး ခွဲသောကြောင့် အသတ်ခံရကြောင်း လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

၎င်း မသေဆုံးခင်က အဆိုပါ ကေတီဗီဆိုင်ကို မကြာခဏ သွားရောက်လေ့ရှိပြီး ကေတီဗီဆိုင်မှာ တရားမဝင်ဟုဆိုကာ လူအများနှင့် လာရောက် ပျော်ပါး၍ ကျသင့်ငွေကို သုံးပုံတစ်ပုံခန့်သာ ပေးချေခြင်း၊ ဆိုင်ရှိ ဝန်ထမ်းများကို မိုက်ကြေးခွဲ၍ ရမ်းကားခြင်းများ ပြုလုပ်ခဲ့သည်ဟု ကနဦး စုံစမ်းစစ်ဆေးချက်များအရ သိရကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“ရှေ့လ ၂၅ ရက်နေ့တုန်းက ဦးမောင်ဇော်တို့ လူတစ်စုက ကေတီဗီဆိုင်မှာ ရမ်းကားခဲ့တာ ဆိုင်ဝန်ထမ်းတချို့နဲ့ တခြားပစ္စည်းတွေအပြင် ဆိုင်ဆိုင်းဘုတ်ပါ ဖျက်ဆီးသွားတယ်။ အဲဒီလို ရန်ငြိုးတွေကြောင့် ဆိုင်ကလူတွေ တချို့က ဝိုင်းဝန်း ပူးပေါင်း ကျူးလွန်ခဲ့တယ်” ဟု ၎င်းက ကနဦး စစ်ချက်များကို ရှင်းပြသည်။

သုံးကျော့ပြန် ထကြွလာသော ရခိုင်ပဋိပက္ခမီး ....( မင်းထက်စံ ၊ အောင်မြင့်ထွန်း )

တစ်နှစ်နီးပါး ငြိမ်သက်နေသော ရခိုင်ပြည်နယ်၏ လူမျိုးရေးအသွင်ဆောင် ပဋိပက္ခသည် အောက်တိုဘာလ အစတွင် သံတွဲမြို့၌ အရှိန်မြင့်တက်လာသည်။ ထိုပဋိပက္ခသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
ပဋိပက္ခအရှိန် မြင့်တက်နေသည့် အောက်တိုဘာလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ သံတွဲမြို့သို့ လာရောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လူ့အသိုင်းအဝိုင်း နှစ်ခုကြား ယုံကြည်မှု တည်ဆောက်မှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို လာရောက် လေ့လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ပဋိပက္ခများ တစ်ကျော့ပြန် လာခြင်းသည် အစိုးရ၏ အောက်ခြေအာဏာ ပိုင်များသည် ကျေးရွာများတွင် အကြမ်းဖက် မှု ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကို လျစ်လျူရှုထားခြင်း ကြောင့်လောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး အာမခံချက်တို့အပေါ် မူတည်ဟုဆို

Photo: တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ကေအိုင်အို ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေးအာမခံချက်၊ စစ်ရေး အာမခံချက်တို့အပေါ် မူတည်ဟုဆို

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက် ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်၊ ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ လေ့လာစောင့်ကြည့်သည့် အဖွဲ့များ ထားရှိရေး၊ ဒုက္ခသည်များ နေရာချထားရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စသည့် ခေါင်းစဉ်လေးခုကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခေါင်းဆောင်ပိုင်းများ ပါဝင်မည်ဖြစ်သော အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက် ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် မည်သူများ ပါဝင်မည်ဆိုသည်ကို အတည်ပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် ကေအိုင်အိုအဖွဲ့ ပါဝင်ရေးနှင့် ပတ်သက်ပြီး ဦးဆန်းအောင်က ''တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို ပါဝင်လာဖို့ဆိုတာက သုံးသပ်ဖို့ စောလွန်းတယ်။ အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ ဘယ်လောက်ထိ အာမခံချက် ပေးနိုင်မလဲဆိုတာပေါ်မှာ မူတည်ပါတယ်။ အစိုးရက ယုံကြည်အောင် ဘယ်လောက်ထိ ပြင်ဆင်လာသလဲဆိုတာမှာ မူတည်တယ်။ အခုက ကြိုတင်ပြီးမှ ပြောရတာ ခက်ပါတယ်''ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားသည်။

''နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက်တွေကို သူတို့က လိုချင်ပါတယ်။ အရင်တုန်းကလည်း နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ၁၇နှစ် စောင့်ခဲ့ပေမယ့် မလုပ်ဘဲနဲ့ စစ်ပွဲပဲလာတယ်ဆိုတဲ့ အခါကျတော့ မယုံကြည်ဘူး ဖြစ်နေတယ်။ အဲဒီ မယုံကြည်တဲ့ဟာကို ယုံကြည်အောင် အစိုးရဘက်က ဘယ်လိုလုပ်လာမလဲဆိုတဲ့ ဟာပေါ် အခြေခံပြီး တစ်ပြည်လုံးအတိုင်းအတာ အပစ်ရပ် လက်မှတ်ရေးထိုး မထိုးဆိုတာ အဲဒီအပေါ်မှာ အခြေခံသွားပါလိမ့်မယ်''ဟု ဦးဆန်းအောင်က ဆက်လက်ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးမှုများအတွက် ပိုမို ခိုင်မာသည့် အာမခံချက် ရရှိနိုင်စေရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှု ပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲများ အစပြုနိုင်ရန် လိုအပ်မည့် ပြင်ဆင်မှုများဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက အောက်တိုဘာ ၁ ရက်က ပြည်သူများသို့ ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုများကို အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့များနှင့် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့ အဆင့်ဆင့် ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှု ရရှိအောင် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ သဘောတူညီချက် ရရှိပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံးအတိုင်းအတာ လွှမ်းခြုံနိုင်သော အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပခြင်းနှင့် ပတ်သက်၍ မည်သို့မည်ပုံ ကျင်းပမည် အချိန်ကာလ မည်မျှ သတ်မှတ်ထားရှိမည်၊ ကိုယ်စားလှယ်များ ဘယ်လို ရွေးချယ်မည်နှင့် ဘယ်လိုကိစ္စရပ်များကို ဆွေးနွေးမည်ဆိုသော လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးညှိနှိုင်းမှုများအပေါ် အခြေခံကာ ပြည်သူလူထုတစ်ရပ်လုံးအား အလျဉ်းသင့်သလို တင်ပြသွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ဦးအောင်မင်းတို့ကို မေလအတွင်းက တွေ့ရစဉ်
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ဦးအောင်မင်းတို့ကို မေလအတွင်းက တွေ့ရစဉ်
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ကချင် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပါဝင်လာရေးမှာ အစိုးရ၏ နိုင်ငံရေး အာမခံချက်၊ စစ်ရေး အာမခံချက် ပေးမှုအပေါ်တွင် မူတည်နေဟု အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့တို့ အောက်တိုဘာ ၂ ရက်၊ ၃ ရက်တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံကာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး၊ လေ့လာစောင့်ကြည့်သည့် အဖွဲ့များ ထားရှိရေး၊ ဒုက္ခသည်များ နေရာချထားရေး၊ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စသည့် ခေါင်းစဉ်လေးခုကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ခေါင်းဆောင်ပိုင်းများ ပါဝင်မည်ဖြစ်သော အောက်တိုဘာ ၈၊ ၉ နှင့် ၁၀ ရက် ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် မည်သူများ ပါဝင်မည်ဆိုသည်ကို အတည်ပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်စဉ်ကြောင့် သံတွဲမြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်း ၃၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ လာရောက် ပညာသင်ကြားနိုင်ခြင်း မရှိ

Photo: ပဋိပက္ခ ဖြစ်စဉ်ကြောင့် သံတွဲမြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်း ၃၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ လာရောက် ပညာသင်ကြားနိုင်ခြင်း မရှိ

သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း ၃၄ ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ မှာ လာရောက်ပညာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

သံတွဲမြို့၏ ပဋိပက္ခ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ ၃၄ ကျောင်းမှ ကျောင်းသားကျောင်းသူများ အောက်တိုဘာ ၄ ရက်အထိ လာရောက်ပညာသင်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းသူ ကျောင်းသားများ လာရောက်နိုင်ခြင်း မရှိသည့် အခြေခံပညာ ကျောင်းများမှာ မြို့ပေါ်တွင် ရှိသည့် ၁၁ ကျောင်းနှင့် ကျေးရွာများတွင် ရှိသည့် ၂၃ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

"ဒီလို ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားနေပေမယ့် သံတွဲမြို့နယ် အတွင်းမှာရှိတဲ့ ကျောင်းတွေကို မပိတ်ခိုင်းထားဘူး။ ဒါပေမဲ့ အခက်အခဲ မျိုးစုံတွေကြောင့် ကျောင်းသားကျောင်းသူတွေ ကျောင်းမတက်နိုင်တဲ့ ကျောင်းအရေအတွက်က ၃၄ ကျောင်း ရှိပါတယ်။ အကယ်၍ ကျောင်းသားကျောင်းသူတွေ နောက်ထပ်ကျောင်း မတက်နိုင်ဘူး ဆိုရင်တော့ ပညာရေးပိုင်းကို ထိခိုက်လာနိုင်တယ်။ ဒါကြောင့် ပညာရေးက တာဝန်ရှိသူတွေက အောက်တိုဘာ ၅ ရက်မှာ ကွင်းဆင်းပြီးတော့ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ ရရှိလာတဲ့ အဖြေကို အမြန်ဆုံး အကောင်အထည် ဖော်ပြီးတော့ ကျောင်းသားကျောင်းသူတွေ အမြန်ဆုံး ကျောင်းပြန်တက်နိုင်အောင် စီစဉ်သွားပါမယ်" ဟု သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက ဆိုသည်။

ကျောင်းသားကျောင်းသူ အများစု ကျောင်းမတက်နိုင်သည့် အခြေခံပညာ ကျောင်းများမှာ အထက်တန်းကျောင်း လေးကျောင်း၊ အထက်တန်းကျောင်းခွဲ နှစ်ကျောင်းနှင့် အလယ်တန်းကျောင်း ၂၈ ကျောင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သံတွဲမြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း ၁၈၉ ကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ ၂၀၃၃၂ ရှိကာ ဆရာ၊ ဆရာမဦးရေ ၁၀၁၀ ရှိကြောင်း သိရသည်။

သံတွဲမြို့နယ် မြင်းစိုင်းမော်ရွာရှိ ပိတ်ထားသော အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်
သံတွဲမြို့နယ် မြင်းစိုင်းမော်ရွာရှိ ပိတ်ထားသော အခြေခံပညာ မူလတန်းကျောင်းအား တွေ့ရစဉ်

သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကြောင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း ၃၄ ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၇၀၂၀ မှာ လာရောက်ပညာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း သံတွဲမြို့နယ် ပညာရေးမှူး ဦးမောင်သိန်းရွှေက အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

သံတွဲမြို့၏ ပဋိပက္ခ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၃၀ ရက်မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ ၃၄ ကျောင်းမှ ကျောင်းသားကျောင်းသူများ အောက်တိုဘာ ၄ ရက်အထိ လာရောက်ပညာသင်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းသူ ကျောင်းသားများ လာရောက်နိုင်ခြင်း မရှိသည့် အခြေခံပညာ ကျောင်းများမှာ မြို့ပေါ်တွင် ရှိသည့် ၁၁ ကျောင်းနှင့် ကျေးရွာများတွင် ရှိသည့် ၂၃ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများ၏ သဘောထား ကောက်ခံမည်

Photo: အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများ၏ သဘောထား ကောက်ခံမည်

အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများနှင့် တွေ့ဆုံကာ ယင်းတို့၏ သဘောထားများကို ကောက်ခံသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာများ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင် အလုပ်သမားများ၏ သဘောထား မှတ်ချက်များကို ကောက်ခံပြီး အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးတွင် ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း သိရသည်။

"အနည်းဆုံး အခကြေးငွေ ဥပဒေ အကြောင်းကို ရှင်းလင်းပြီး ၁၀ ရက်မှာ အလုပ်သမားတွေရဲ့ သဘောထားကို ကောက်ခံမယ်။ ၁၁ ရက်မှာတော့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းချုပ်ရုံး(UMFCCI) မှာ အလုပ်ရှင်တွေရဲ့ သဘောထားကို ယူမယ်။ ပြီးရင် အစိုးရ အဖွဲ့ကို တင်ပြမယ်။ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ဖို့အတွက် ကော်မတီက ကွင်းဆင်းတဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားမယ်" ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဥပဒေ အကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အလုပ်သမားများ၏ အနိမ့်ဆုံး ရရှိမည့် လုပ်ခလစာကို အတိအကျ သတ်မှတ်ပေးထားခြင်း မရှိဘဲ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများကိုမူ လုပ်ခလစာအဖြစ် အချိန်ပိုကြေး၊ ရက်မှန်ကြေး စသည့်အချက်များပေါင်း၍ အလုပ်ရှင် အချင်းချင်း ညှိနှိုင်းကာ လစာပေးသည့် စနစ်ကို ကျင့်သုံးနေသည်။

ထို့ကြောင့် စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများမှ လုပ်ခလစာ တိုးမြှင့်ရရှိရေး အပါအ၀င် အခြားအလုပ်သမား အခွင့်အရေးများအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ရှိခဲ့သည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီမှ စက်ရုံအလုပ်ရုံများသို့ ကွင်းဆင်းလေ့လာကာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အလုပ်အကိုင် အမျိုးအစားအလိုက်၊ ကျွမ်းကျင်မှုအလိုက် အလုပ်သမားများ၏ သတ်မှတ်သင့်သည့် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမည်ဖြစ်ပြီး ဒေသအလိုက်၊ အလုပ်အကိုင် အမျိုးအစားအလိုက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှု ရှိမည်မဟုတ်ကြောင်း သိရသည်။

အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်တွင် စက်ရုံအလုပ်ရုံများ သာမက စားသောက်ကုန် လုပ်ငန်း၊ အိမ်တွင်းမှု လုပ်ငန်း၊ အပ်ချုပ်လုပ်ငန်း စသည့်အသေးစား လုပ်ငန်းများ အကျုံးဝင်မည် ဖြစ်သည်။

လှိုင်သာယာ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများအား တွေ့ရစဉ်
လှိုင်သာယာ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများအား တွေ့ရစဉ်

အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အလုပ်သမား ၀န်ကြီးဌာနမှ အလုပ်ရှင် အလုပ်သမားများနှင့် တွေ့ဆုံကာ ယင်းတို့၏ သဘောထားများကို ကောက်ခံသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဥပဒေအကြံပေး ဦးသက်နိုင်ဦးက ပြောကြားသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာများ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင် အလုပ်သမားများ၏ သဘောထား မှတ်ချက်များကို ကောက်ခံပြီး အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေးတွင် ထည့်သွင်းစဉ်းစား သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် KNPP မှ ချမှတ်ထားသော မူခြောက်ချက် ပြည့်မီမှသာလျှင် သဘောတူ လက်မှတ် ရေးထိုးမည်


ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် လူထုတွေ့ဆုံပွဲကို အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲက ကယားပြည်နယ် ဖရူဆိုမြို့နယ် မာခရှော်ရှေ့ ကျေးရွာတွင် ပြုလုပ်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ၎င်းတို့ ချမှတ်ထားသော မူခြောက်ချက် ပြည့်မီမှသာလျှင် သဘောတူလက်မှတ် ထိုးသွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

ချမှတ်ထားသော မူခြောက်ချက်ထဲတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ခိုင်မာသော ကတိက၀တ်များ ထားရှိရန်၊ တပ်ဘက်ဆိုင်ရာ လက်မှတ်ရေးထိုးရာတွင် တစ်ဖက်မှ တပ်မတော် အကြီးအကဲများ ပါဝင်လက်မှတ်ထိုးရန်နှင့် ထိုသို့ လက်မှတ် ရေးထိုးကြရာတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရှေ့၌ လက်မှတ် ရေးထိုးကြရန်တို့ ပါဝင်သည်ဟု သိရသည်။

တတိယအရွယ်၏ အထီးကျန်နေ့ရက်များ....( တင်ယုနွယ် )


8.1.1
သက်ကြီးမိဘအိမ်ကို သားသမီးတွေက တစ်ပတ်တစ်ခါပြန်ပြီး တွေ့ရမယ်။ မတွေ့ရင် အရေးယူခံရမယ်ဆိုပြီး ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေ ထုတ်ပြန်လိုက်ရတာကတော့ သက်ကြီးမိဘတွေကို သားသမီးတွေက အိမ်မှာပစ်ထားပြီး လာရောက် တွေ့ဆုံမှု မရှိတာတွေ ပိုမိုများပြား လာတဲ့အတွက် အစိုးရက ဥပဒေထုတ်ပြီး လာရောက်တွေ့ဆုံဖို့ စီစဉ်ရပါတော့တယ်။ ဒီဥပဒေ ထုတ်ပြန်လိုက်တဲ့ နိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာပါ။ ဒီလိုမျိုး ဥပဒေထုတ်ရတာ ဘာကြောင့်ပါလဲ။ ဥပဒေထုတ်ပြီး ဆောင်ရွက်နေရပြီ ဆိုရင်တော့ အခြေအနေ ဆိုးရွားလို့ ထုတ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒါဟာ ပြောင်းလဲလာတဲ့ လူနေမှု ပုံစံတွေနဲ့ရေကြည်ရာ မြက်နုရာကို ရှာဖွေလာရမှု တွေကြောင့်က အစပြုလို့ နေပါတယ်။ အရင်ကတော့ သက်ကြီး ဘိုးဘွားတွေကို မိမိတို့ နေအိမ်မှာ တခမ်းတနား၊ တလေးတစား ထားရှိပြီး ပြုစုစောင့်ရှောက်ဖို့ အချိန်နဲ့ စားဝတ်နေရေးအတွက် ပူပင်မှုမရှိဘဲ နေနိုင်ခဲ့ကြပါတယ်။ အရင်လို အိမ်ထောင်ဦးစီး တစ်ဦးတည်း ရှာဖွေမှုနဲ့ မလုံလောက်တဲ့အခါ အခုအခါ မိသားစုရှိ အရွယ်ရောက်သူတွေ လူကုန်အိမ်ပြင်ထွက် အလုပ်လုပ် ကြလာရပါပြီ။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေး ပါတီကို သွားရောက်စည်းရုံး


R-6-10
ဇူလိုင်လ အတွင်းက ကျိုင်းတုံမြို့၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ UWSA အရာရှိ တစ်ဦးကို တွေ့ရစဉ်
အစိုးရက နေပြည်တော်တွင် ပြုလုပ်ရန်ရှိနေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ပြီး လက်မှတ်ရေးထိုးရန် "၀" သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သွားရောက်စည်းရုံးခဲ့ရာ ပထမနေ့ ဆွေးနွေးမှုတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း UWSP နှင့် နီးစပ်သူများက ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၄ ရက်တွင် UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ ရောက်ရှိခဲ့ပြီး UWSP ဒုတိယဥက္ကဋ္ဌ ရှောက်မီလျံ ဦးဆောင်သော အဖွဲ့များနှင့် တွေ့ဆုံပြီးဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဓိက နှစ်ချက်ပေါ့။ အောက်တိုဘာမှာလုပ်မယ့် အပစ်အခတ် ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပွဲကို တက်ဖို့နဲ့ လက်မှတ်ထိုးဖို့ပေါ့။ အဲဒါကို "၀" ဘက်က လုံးဝလက်မခံပါဘူး။ သူတို့က တက်ချင်တက်မယ်။ လက်မှတ်မထိုးဘူး" ဟု UWSP နှင့် အဆက်အသွယ်ရှိပြီး တရုတ်-မြန်မာ နယ်စပ်၌ နေထိုင်နေသူ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောကြားသည်။

၃ လကျော်အကြာ ပုလင်းထဲ အရက်စိမ်ထားတဲ့ မြွေက လူကို ကိုက်

ဆေးဖက်ဝင်တယ်ဆိုပြီး ပုလင်းတခုထဲမှာ အဖုံးပိတ်ပြီး အရက်နဲ့ နှပ်ထားတဲ့ မြွေက ၃ လကျော်ကြာ
ပြီးနောက် အသက်ပြန် ၀င်လာပြီး အမျိုးသမီး တဦးကို ကိုက်လိုက်ပါတယ်။ 


 ဓာတ်ပုံ- The Mirror

တရုတ်ပြည်မှာ မြွေကို အရက်စိမ်ပြီး ဆေးဖက်ဝင်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်။ ၃ လကျော်ကြာ ပုလင်းထဲ အလုံပိတ် ပြီး အရက်နဲ့ နှပ် ထားတဲ့ မြွေ  ( Pickled Snake ) က နိုးထလာပြီး ကိုက်လိုက်တဲ့ အဖြစ် ကတော့ တကယ့်ကို မယုံနိုင်ဖွယ်အံ့သြစရာ အဖြစ်ပါ။ 

ဒါဟာ တကယ့်ကိုပဲ တရုတ်ပြည် မြောက်ပိုင်း ဟာဘင် မြို့မှာ ဖြစ်တယ်လို့ ဂျပန် Yahoo သတင်းကို ကိုးကားပြီး The Mirror က ဖော်ပြထားပါတယ်။

အွန်လိုင်းမှာ ရေပန်းစားနေတဲ့ မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်တို့နဲ့ ပတ်သက်လို့

ဒီတရက်အတောအတွင်း အွန်လိုင်းကို လွှမ်းမိုးထားသူတွေကတော့ အသစ်စက်စက် Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်တို့ရဲ့ တက္ကသိုလ် များ ချံပီယံလိဂ် ဘောလုံးပွဲ ဖွင့်ပွဲအကြောင်းပါ။ 



              ပြိုင်ကားပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင်နဲ့ ဖိုးလပြည့်၊ ဓာတ်ပုံ- Universities Champions League,Ko SaiSai  
 
မနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ သူဋ္ဌေးကြီး ဦးတေဇရဲ့ ရန်ကုန် ယူနိုက်တက် အသင်းပိုင် ဘောလုံးကွင်းမှာ Universities Chiampion League ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ 

အဲဒီဘောလုံးပွဲ ဖွင့်ပွဲမှာ အသစ်စက်စက် Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်ကို ခေါ်
ဆောင်လာမှာ ဖြစ် တယ်လို့ Universities Chiampion League က သူတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကြိုတင်အသိပေးထားပါတယ်။ 

ခင်ပွန်းဖြစ်သူမှ ဇနီးအားသတ်ပြီး အလောင်းဖျောက်


ရန်ကုန်၊ အောက်တိုဘာ ၆

ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ)ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြသိန်းနှင့်အတူ လက်ခတ်လှေ
(၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ
လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက်စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့်သဖြင့်
သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျောချလိုက်ကြောင်း

ဖုန်းဆိုင်မှ ခိုးယူခံရသော ဟန်းဆက်နှင့် ငွေဖြည့်ကဒ်များပြန်လည် သိမ်းဆည်းရမိ

Photo: ဖုန်းဆိုင်မှ ခိုးယူခံရသော ဟန်းဆက်နှင့် ငွေဖြည့်ကဒ်များပြန်လည်
သိမ်းဆည်းရမိ

ရန်ကုန်၊ အောက်တိုဘာ ၅

၉.၉.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်ရှိ Huawei ဖုန်းနှင့် အပိုပစ္စည်းအရောင်းဆိုင်တာဝန်ခံ မသူဇာသည်ဆိုင်သို့
ရောက်ရှိစဉ် ဆိုင်၏အနောက်ဘက်ပြူတင်း တံခါးမှာပွင့်နေပြီးပစ္စည်းများ
ပြန့်ကျဲကာ ဆိုင်အတွင်း၌ထားရှိသော ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ ကျပ်(၁၀၀၀၀)တန်ငွေ ဖြည့်ကဒ် (၅၉)ကဒ်၊ ကျပ်(၅၀၀၀)တန်
ငွေဖြည့်ကဒ်(၆၆)ကဒ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၈၅၁၉၀၀၀)မှာ
ပျောက်ဆုံးနေသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း(ပ)၉၇၄/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
ပူးပေါင်း၍ အမှုမှပြစ်မှုကျူးလွန်သူ ဖိုးငို(ခ)၀င်းနိုင်(ခ) ကျော်မင်းလွင် (ဘ)ဦးငွေလှိုင်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်နေသူအား ၂၅.၉.၂၀၁၃ ရက်နေ့ ၀၉၄၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊အနောက်ပိုင်း
ဆေးရုံအနီးတွင်ဖမ်းဆီးရမိခဲ့ပါသည်။

အမှုမှပျောက်ဆုံးပစ္စည်းများအနက်မှ ပန်းဘဲတန်းမြို့နယ်၌ 
ရောင်းချထားသော ဟန်းဆက်(၅၅)လုံး၊ မန္တလေးမြို့တိုင်းဒေသကြီး၊  ချမ်းမြသာစည်မြို့နယ်နေ တင်ကိုနှင့်ကျော်နိုင်ဦးတို့ထံမှ ဟန်းဆက်းမျိုးစုံ (၅၁)လုံးနှင့်ငွေဖြည့်ကဒ် (၅၁)ကဒ်၊စုစုပေါင်းဟန်းဆက်မျိုးစုံ(၁၀၆)လုံးနှင့်
ငွေဖြည့်ကဒ် (၅၁)ကဒ် တို့အား ပြန်လည်သိမ်းဆည်းရရှိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်၊ အောက်တိုဘာ ၅

၉.၉.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်ရှိ Huawei ဖုန်းနှင့် အပိုပစ္စည်းအရောင်းဆိုင်တာဝန်ခံ မသူဇာသည်ဆိုင်သို့
ရောက်ရှိစဉ် ဆိုင်၏အနောက်ဘက်ပြူတင်း တံခါးမှာပွင့်နေပြီးပစ္စည်းများ
ပြန့်ကျဲကာ ဆိုင်အတွင်း၌ထားရှိသော ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ ကျပ်(၁၀၀၀၀)တန်ငွေ ဖြည့်ကဒ် (၅၉)ကဒ်၊ ကျပ်(၅၀၀၀)တန်
ငွေဖြည့်ကဒ်(၆၆)ကဒ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၈၅၁၉၀၀၀)မှာ
ပျောက်ဆုံးနေသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း(ပ)၉၇၄/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း
နှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
ပူးပေါင်း၍ အမှုမှပြစ်မှုကျူးလွန်သူ ဖိုးငို(ခ)၀င်းနိုင်(ခ) ကျော်မင်းလွင် (ဘ)ဦးငွေလှိုင်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်နေသူအား ၂၅.၉.၂၀၁၃ ရက်နေ့ ၀၉၄၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊အနောက်ပိုင်း
ဆေးရုံအနီးတွင်ဖမ်းဆီးရမိခဲ့ပါသည်။

မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ

Photo: မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ

ကျိုင်းတုံ၊ အောက်တိုဘာ ၅

ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က  ပြောကြားသည်။

ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။

ကိုယ်ဝန်ကာလ ၃၄ ပတ်ရှိ မိခင်သည် ယင်း ယာဉ်မတော်တဆမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှု မရှိကြောင်း ကျိုင်းတုံမြို့နယ် တပ်မတော်ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာလင်းဝင်းကျော်က The Voice သို့ ပြောကြားသည်။
“အပြင်ပွန်းပဲ့ ဒဏ်ရာတော့ အနည်းငယ် ရထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟုလည်း ၎င်းကဆိုသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော ယာဉ်မှာ မိုင်းဖြတ်မြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံမှ ကျိုင်းတုံမြို့ အမှတ် (၃) တပ်မတော် စစ်ဆေးရုံသို့ မွေးဖွားလူနာ လာပို့သော အမှတ် (၉၁၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ISUZU အမျိုးအစား အစိမ်းရောင် ယာဉ်အမျိုးအစား ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။
“မိုင်းဖြတ် စစ်ဆေးရုံမှာ မီးမဖွားနိုင်လို့ ကျိုင်းတုံစစ်ဆေးရုံကို လွှဲပေးတဲ့ လူနာကို လာပို့ရင်း အရှိန်လွန်ပြီး ချောင်းထဲ ထိုးကျတာ။ မွေးလူနာက ဘာမှမဖြစ်လို့ တော်သေးတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျိုင်းတုံ စစ်ဆေးရုံမှာ တင်ထားတယ်” ဟု ဒုရဲမှူးအောင်လွင်က ဆိုသည်။

ယာဉ်မောင်း တပ်သားမှာ အခင်းဖြစ်နေရာမှ တိမ်းရှောင် သွားသော်လည်း ၎င်းကို ယာဉ် (ပ) ၃၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄ -က အရ အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ကျိုင်းတုံ၊ အောက်တိုဘာ ၅

ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။

ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။

ကိုယ်ဝန်ကာလ ၃၄ ပတ်ရှိ မိခင်သည် ယင်း ယာဉ်မတော်တဆမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှု မရှိကြောင်း ကျိုင်းတုံမြို့နယ် တပ်မတော်ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာလင်းဝင်းကျော်က The Voice သို့ ပြောကြားသည်။
“အပြင်ပွန်းပဲ့ ဒဏ်ရာတော့ အနည်းငယ် ရထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟုလည်း ၎င်းကဆိုသည်။

ရေးကူးဝတ်စုံ ၀တ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင် နှင့်တွေ့ဆုံခြင်း

မိုးစက်ဝိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ်ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ Myanmar Miss Universe အဖြစ် အရွေးချယ်ခံရတဲ့အတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ။     ။ ဘယ်လိုခံစားရလဲဆိုတော့ အသက်၂၅နှစ် ကျမှ ဖြစ်လာတဲ့အတွက် ဒီအခွင့်အရေးက မိုးစက် အတွက် အချိန်ကောင်းမှာကြုံတယ် လို့ပဲထင်ပါတယ်၊ ငယ်ငယ်တုန်းကသာ ဆိုရင် ဒီလို Experience လည်းရှိမှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့အရည်အချင်း ကလည်း အဲ့လောက်ပြည့်ဝမှာ မဟုတ်သေးဘူးလေ။ ကျောင်းမပြီးသေးလို့ကျောင်းနဲ့ တဘက်ဆိုရင် ကျောင်းဘက် ပဲရွေးချယ်မိမှာလေ၊ ဒါကြောင့် အချိန်ကောင်းနဲ့ကြုံရတာပါ။

မြန်မာ သံဃာတော်များကို ထိုင်းသာသနာရေးရုံးက တောင်းပန်

ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာတော့ မြန်မာနိုင်ငံသား သံဃာတော် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ် (ဓာတ်ပုံ – Reuters)

ထိုင်းနိုင်ငံမှာ သတင်းသုံး ပညာသင်ကြားနေကြတဲ့ မြန်မာသံဃာတော်တွေကို မချေမငံ ပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ သာသနာရေးရုံး Office Of National Buddhism ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် (Mr.Nopparat Benjawatananun) က တရားဝင် တောင်းပန်လိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ ဝပ်ထာ့မအိုးကျောင်းမှာ သီတင်းသုံး ပညာသင်ကြားနေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သံဃာတော်တွေ နေထိုင်ခွင့်ဗီဇာ ရရှိရေးအတွက် ထောက်ခံချက်သွားယူတဲ့ မြန်မာသံဃာတော်တပါးကို ထိုင်းသာသနာရေးရုံးရဲ့ အမျိုးသမီး ဝန်ထမ်းတဦးက မချေမငံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကို တောင်းပန်တာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုပြောဆိုခံရမှုနဲ့ ပတ်သက်ပြီး မြန်မာသံဃာတော်တွေဘက်က ထိုင်းသာသနာရေးဌာနကို ဒီနှစ်ဧပြီလထဲမှာ တိုင်ကြားခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် အပါအဝင် ပြောဆိုခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတို့က တရားဝင်အကြောင်းပြန် တောင်းပန်ခဲ့တာဖြစ်တယ်လို့ ဒီအဖြစ်အပျက်ကို တိုင်ကြားရာမှာ သက်သေအဖြစ် တာဝန်ယူခဲ့တဲ့ အရှင်ဇနက္ကက မိန့်ကြားပါတယ်။

သံတွဲပဋိပက္ခဖြစ်ပွားပြီးနောက် မလေးရှားရှိ မြန်မာမွတ်ဆလင်နှင့် မလေးရှားနိုင်ငံသားအချို့ မြန်မာသံရုံးရှေ့ဆန္ဒပြ

မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေသည့် မလေးရှားနိုင်ငံသားနှင့် မြန်မာမွတ်ဆလင်အချို့ ဓာတ်ပုံ - Storm Rider

သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်၍ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် မလေးရှားနိုင်ငံသားအချို့သည် အောက်တိုဘာ ၄ ရက်တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

““လေးငါးယောက်လောက် လာရပ်ပြီး ဆန္ဒပြတယ်။ စာလည်းပေးသွားတယ်။ သံတွဲကိစ္စပဲဖြစ်မှာပါ””ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေး တာဝန်ယူထားသူ ဦးစိုးဝင်းကပြောသည်။
ဆန္ဒပြသူများ ကိုင်ဆောင်ထားသော ပိုစတာများတွင် သံတွဲမြို့ရှိ မွတ်ဆလင်ဘာသာဝင်များအား မြန်မာအစိုးရကာကွယ်ပေးရမည်။ မြန်မာမွတ်ဆလင်များသည် မြန်မာနိုင်ငံသားများဖြစ်သည်ဟူသော ပိုစတာအချို့ ကိုင်ဆောင်ထားကြသည်။

နမ္မတူမြစ်အတွင်း လူသေလောင်းများပေါ်

အောက်တိုဘာ ၄ ရက် ၂၀၁၃

စက်တင်ဘာ နောက်ဆုံးပတ် နှင့် အောက်တိုဘာလဆန်းပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြစ်အတွင်း လူသေအလောင်း ၁၁ လောင်းတွေ့ရှိရကြောင်း လှေသမားများက ပြောပါသည်။

“ပြီးခဲ့တဲ့ အပတ်တုန်းက ၁၀ လောင်းမနေ့က တလောင်း ပေါ်တယ်။ ရေဂိတ်ကျောက်ဆောင်မှာ၊ ကမ်း ဘေးမှာ တင်နေတာ” - ဟု အမည်မဖေါ်လိုသည့် လှေသမား တဦး ကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စု နမ္မတူမြစ်အတိုင်း အောက်ဘက် ၁၀ မိုင် ခန့် ကစ်ဟုခေါ်သော မြစ်ကျဉ်းတွင် စက်တင်ဘာ ၂၈ ရက်နေ့က အလောင်း ၉ လောင်း၊ ၂၉ ရက်နေ့က တလောင်း၊ အောက်တိုဘာ ၃ ရက်နေ့က တလောင်း သောင်တင်နေခဲ့သည်ကိုတွေ့ရကြောင်း ဒေသခံ များနှင့် လှေသမား များကပြောပါသည်။

“ကျနော်တို့ မြစ်ဆိပ်က သုံးနေရာရှိတယ်။ ဟော်နားဆိပ်၊ နားလိန်းဆိပ်၊ နားဝိန်းဆိပ်ဆိုပြီးတော့။ တိုက် ပွဲ ဖြစ်တာက နားဝိန်းဆိပ် ကပေါ့။ အခုတွေ့တဲ့အလောင်းတွေက အစိုးရတပ်က စစ်ဝတ်စုံတွေနဲ့ဘဲ။ တိုက်ပွဲမှာကျတဲ့ စစ်သားတွေဘဲနေမှာ” - ဒေသအတွင်းရပ်ရွာအကြီးအကဲ တဦးက ပြောပါသည်။

တက္ကသိုလ်များချန်ပီယံလိဂ်ဘောလုံးပွဲနဲ့ ကန်ဒေါ်လာ၇၀၀တန်ဆုဖလားရုပ်တု


တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲအားအောက်တိုဘာ ၅ ရက်နေ့ 
၃း၃၀ နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့ပြီး ဆေး(၁) နှင့် WYTUStars တို့ စတင်ယှဉ်ပြိုင်ကစားကြရာ WYTU Stars အသင်းက ဆေး(၁) A အသင်းကို
၅ဂိုး၂ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာ(၆)ရက်နေ့ တွင်SkyNet Media ၏ ရုပ်သံလိုင်းခွဲ တစ်ခုဖြစ်သော MNTV မှ Universities Champions League ဖွင့်ပွဲ အခမ်းအနားကိုထုတ်လွှင့်
ပြသပေးမည်ဖြစ်ကြောင်းသိရပြီးဖွင့်ပွဲ အခမ်းအနားတွင်တက္ကသိုလ်များချန်ပီယံလိဂ်ဘောလုံးအားကစားပွဲပြိုင်ပွဲချီးမြှင့်မည့် တက္ကသိုလ်များ ချန်ပီယံလိဂ်ဆုဖလား အားMiss Universe Myanmar 2013ဆုရှင် မိုးစက်ဝိုင်
ကပြိုင်ကားဖြင့် ကွင်းတစ်ပတ်ပတ်ပြီး သယ်ဆောင်လာကာဆုဖလားကိုစင်မြင့်ထက်သို့ သယ်ယူပို့ ဆောင်ပေးခဲ့ပါသည်။တက္ကသိုလ်များ ချန်ပီယံလိဂ်ကိုရန်ကုန်ယူနိုက်တက်ကွင်း၊တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့ တွင်အောက်တိုဘာ ၂၇ ထိယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းသိရပြီးဆုဖလားမှာ700US$တန်ဖိုးရှိရွှေရုပ်တုဖြစ်ကာရွှေဖိနပ်ဆုကို
320 US$တန်ဖိုးရှိရွှဖိနပ်ဆု ချီ့းမြှင့်မည်ဖြစ်ကြောင်းနှင့်

အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ်

အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိက က အစ္စလာမ် ဝါဒီ စစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှု နှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပိုပြီး သိသိသာသာ ထင်ရှားလာပါပြီ။

အဲဒီ တိုက်ခိုက်မှု နှစ်ခုကတော့ လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့နဲ့ ဆိုမာလီ နိုင်ငံက ဆိပ်ကမ်း မြို့ဖြစ်တဲ့ ဘရာဝီ မှာ ဖြစ်ပါတယ်။

လစ်ဗျားက အယ်ကိုင်းဒါး ခေါင်းဆောင် Anas al Libiကို ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ရမိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အသက် ၄၉နှစ် ရှိပြီ ဖြစ်တဲ့ အနက်စ် လီဘီ ဟာ ၁၉၉၈ ခုနှစ်တုန်းက အရှေ့အာဖရိက အမေရိကန် သံရုံးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ပတ်သက်ခဲ့တယ် ဆိုပြီး အလိုရှိနေတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဖို့ သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဒေါ်လာ သန်းငါးရာ ပေးမယ်လို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

ဝတပ်အနေနဲ့ တပြည်လုံး အပစ်ရပ်ပွဲမှာ ချက်ချင်း လက်မှတ်မထိုးနိုင်


မြန်မာနိုင်ငံက အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ အနေနဲ့ အစိုးရရဲ့ တပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို တက်ရောက်နိုင်ပေမယ့် လက်မှတ်ထိုးဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

ဝတပ်ဖွဲ့နဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ သောကြာနေ့တုန်းက ရှမ်းပြည်နယ် ပန်ဆန်းမှာ တွေဆုံ ဆွေးနွေး ကြပြီးနောက် ဝတပ်ဖွဲ့က အဲဒီလို ပြောတာ ဖြစ်ပါတယ်။

တပြည်လုံး အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အစီအစဉ်ကို ခုချိန်ထိ အသေးစိတ် မသိရသေး တဲ့အတွက် လက်မှတ်မထိုးနိုင်တာ ဖြစ်တယ်လို့ UWSA ပြောခွင့်ရ ပုဂ်ဂိုလ် ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက အလွန်အန္တရာယ် များကြောင်း ကြံ့ခိုင်ရေးပါတီ ထုတ်ပြန်


နေပြည်တော်၊ အောက်တိုဘာ ၅

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ရပ် ပြန်လည် ရေးဆွဲမည် ဆိုပါက မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်အန္တရာယ် များကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန် ကြေညာသည်။

ယင်းပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆပ်ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၅ ရက်နေ့၌ ထုတ်ပြန်သည့် အချက်ကိုးချက်ပါ ကြေညာချက်တွင် အထက်ပါအတိုင်း ထည့်သွင်းကြေညာခြင်း ဖြစ်သည်။

ယင်းသို့ လက်ရှိ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ပြည်သူများသာ ခံစားကြရမည်ကို သတိပြုရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်၏ အမှတ် (၈) တွင် ထည့်သွင်းထားသည်။

အိမ်ဖြူတော်အနီး အရှိန်ဖြင့်လာသော ကားတစ်စီးကို ပစ်ခတ်တားဆီး၊ ကားမောင်းသူ အမျိုးသမီး သေဆုံး

Photo: အိမ်ဖြူတော်အနီး အရှိန်ဖြင့်လာသော ကားတစ်စီးကို ပစ်ခတ်တားဆီး၊ ကားမောင်းသူ အမျိုးသမီး သေဆုံး

ဝါရှင်တန်၊ အောက်တိုဘာ ၎

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော် သမ္မတနေ အိမ်ဖြူတော်ရှေ့နှင့် လွှတ်တော်အနီးတွင် ရဲကားနောက်မှ လိုက်လာပြီး တလကြမ်း မောင်းလာသည့် ကားတစ်စီးက အိမ်ဖြူတော် လုံခြုံရေး ဂိတ်ကိုပါ ဝင်တိုက်သွားသဖြင့် ရဲကပစ်ခတ် တားဆီးခဲ့ရာ ကားမောင်းသူ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ နှစ်ဦးဒဏ်ရာ ရရှိသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပါလာသော လူမည်း အမျိုးသမီး၏ ကားကိုတားဆီးရန် ကြိုးစားကြရာမှ ရဲများက ပစ်ခတ်စဉ် အနီးတစ်ဝိုက်တွင် ရှိနေသော ဥပဒေပြုအမတ်များ၊ ခရီးသွား ဧည့်သည်များ ကျည်ကွယ် မျက်ကွယ်ရှာပြီး အမြန် တိမ်းရှောင်ခဲ့ရသည်။

ကားမောင်းသူ အမျိုးသမီး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ယင်းသို့ ရဲကားနောက်က လိုက်လာသည်၊ အစိုးရ ရုံးများရှေ့သို့ ယင်းအမျိုးသမီးက ဦးတည် မောင်းလာသည်ကို အကြောင်းရင်း မသိရသေးကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဝါရှင်တန် ရဲချုပ် ကေသီလာနာက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကလေးက တစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ အခြေအနေ ကောင်းပါတယ်။ သူ့ကို ကာကွယ် ထိန်းသိမ်းထားပါတယ်” ဟု ရဲချုပ်က ကားပေါ်ပါ ကလေးငယ်နှင့် ဆက်စပ်ပြီး ပြောကြားသည်။

“အိမ်ဖြူတော်နဲ့ လွှတ်တော် အဆောက်အအုံတို့မှာ လုံခြုံရေးစည်း ရှိပါတယ်” ဟု ပြောကြားရင်း ရဲချုပ်လာနာက လွှတ်တော်လုံခြုံရေး ရဲအရာရှိတစ်ဦးနှင့် လျှို့ဝှက် လုံခြုံရေးတစ်ဦးတို့ ဒဏ်ရာရရှိ သွားကြောင်း  ထပ်လောင်းပြောဆိုသည်။

ကားမောင်းလာသူ အမျိုးသမီးမှာ လူမည်းအရွယ်ရောက် အမျိုးသမီးဖြစ်ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်၍ မည်သူမည်ဝါ ဆိုသည်ကို မပြောနိုင်သေးကြောင်း အမေရိကန် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရ အရာရှိ ဘရိုင်ယန်လယ်ရီက ဆိုသည်။

အိမ်ဖြူတော် လုံခြုံရေး ဧရိယာ၏ အပြင်ဘက်တွင် ရဲကားက အဆိုပါ အမျိုးသမီး၏ ကားကို လိုက်ခဲ့ခြင်း ဖြစ်သော်လည်း ယင်းကားက လုံခြုံရေး အကာများနှင့် ဂိတ်ကို ဝင်တိုက်သည့်အပြင် ယူနီဖောင်းဝတ် လုံခြုံရေးဝန်ထမ်းတစ်ဦးကို ပါတိုက်သွားသဖြင့် ပစ်ခတ် တားမြစ်ရခြင်း ဖြစ်ကြောင်း အရာရှိများက ဆိုသည်။

ယခုဖြစ်ရပ်သည် မြို့တော် ဝါရှင်တန်တွင် သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် လုံခြုံရေးဆိုင်ရာ တပ်လှန့်မှု မတော်တဆ ဖြစ်ရပ် ဖြစ်ပြီး မကြာသေးခင်က သေနတ်သမား တစ်ဦးက ရေတပ်ဝင်း အတွင်းသို့ ဝင်ရောက် ပစ်ခတ်သွားသဖြင့် ၁၂ ဦး သေဆုံးထားသည်။

ရဲအရာရှိများနှင့် FBI အဖွဲ့ဝင်များက ကွန်နက်တီကပ်ရှိ စတန်းဖို့အရပ် နေအိမ်တစ်အိမ်ကို ဝင်စီးခဲ့ပြီး ယင်းအိမ်ကို အဆိုပါ အမျိုးသမီး နေသည့်နေအိမ်ဟု ယူဆကြရသည်။

မည်သည့် အတွက်ကြောင့် ယင်းသို့ ပြုမူရသည်ကို ယခုအချိန်အထိ မရှင်းလင်းသေးသော်လည်း အကြမ်းဖက်မှု၊ မတော်တဆမှု မဟုတ်ကြောင်းကိုမူ ရဲအရာရှိများက အတည်ပြုကြသည်။

ဝါရှင်တန်၊ အောက်တိုဘာ ၎

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် မြို့တော် သမ္မတနေ အိမ်ဖြူတော်ရှေ့နှင့် လွှတ်တော်အနီးတွင် ရဲကားနောက်မှ လိုက်လာပြီး တလကြမ်း မောင်းလာသည့် ကားတစ်စီးက အိမ်ဖြူတော် လုံခြုံရေး ဂိတ်ကိုပါ ဝင်တိုက်သွားသဖြင့် ရဲကပစ်ခတ် တားဆီးခဲ့ရာ ကားမောင်းသူ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ နှစ်ဦးဒဏ်ရာ ရရှိသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ပါလာသော လူမည်း အမျိုးသမီး၏ ကားကိုတားဆီးရန် ကြိုးစားကြရာမှ ရဲများက ပစ်ခတ်စဉ် အနီးတစ်ဝိုက်တွင် ရှိနေသော ဥပဒေပြုအမတ်များ၊ ခရီးသွား ဧည့်သည်များ ကျည်ကွယ် မျက်ကွယ်ရှာပြီး အမြန် တိမ်းရှောင်ခဲ့ရသည်။

ကားမောင်းသူ အမျိုးသမီး သေဆုံးသွားပြီ ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ယင်းသို့ ရဲကားနောက်က လိုက်လာသည်၊ အစိုးရ ရုံးများရှေ့သို့ ယင်းအမျိုးသမီးက ဦးတည် မောင်းလာသည်ကို အကြောင်းရင်း မသိရသေးကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဝါရှင်တန် ရဲချုပ် ကေသီလာနာက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြေယာကော်မတီ ကြားဝင် ညှိနှိုင်းမည်ဆို၍ သုံးရက်ကြာ မြို့လယ် သပိတ်စခန်း ရုပ်သိမ်း

Photo: မြေယာကော်မတီ ကြားဝင် ညှိနှိုင်းမည်ဆို၍ သုံးရက်ကြာ မြို့လယ် သပိတ်စခန်း ရုပ်သိမ်း

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံဘေးတွင် သုံးရက်ကြာ ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေယာပြန်လည် ရရှိရေး သပိတ်စခန်းကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီက ကြားဝင် ညှိနှိုင်းပေးမည်ဆို၍ ပြန်လည် ရုပ်သိမ်းသွားကြောင်း မိကျောင်းကန် မြေယာညှိနှိုင်းရေး ကော်မတီ ခေါင်းဆောင် ဦးစိန်သန်းက ပြောကြားသည်။

အဆိုပါ မိကျောင်းကန် မြေယာညှိနှိုင်းရေး ကော်မတီဝင် ၁၀ နှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့သည် စက်တင်ဘာ ၅ ရက် နံနက် ၁၀နာရီခန့်က အလုံမြို့နယ်ရှိ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးရုံးတွင် တွေ့ဆုံရာ မိကျောင်းကန် (၁)၊ (၂)၊ (၃) ရပ်ကွက်တို့ကို ဥပဒေမဲ့ အဓမ္မသိမ်းယူမှုကို အထူးကိစ္စရပ် အနေနှင့် အမြန်ဆုံး ပြန်လည် ရရှိရန် ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့၍ ယင်းမြေယာ သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

မိကျောင်းကန်မြေယာ ပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံနံဘေးတွင် လူအင်အား ၅၀၀ ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က စတင်သပိတ်စခန်း ဖွင့်ခဲ့ရာ သုံးရက်မြောက်နေ့၌ မြေယာ စုံစမ်းစစ်ဆေးရေး ကော်မတီနှင့် တွေ့ဆုံ ညှိနှိုင်းမှုအပြီး အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ သပိတ်စခန်းကို ရုပ်သိမ်းခဲ့သည်။ 
“လက်ခံတဲ့သဘောပါ။ ကျွန်တော်တို့က တာဝန်ယူ ဆောင်ရွက်ပေးမယ်။ လုပ်ပေးမယ့်သူက အစိုးရပါ။ မရမချင်း ဆက်လုပ်သွားမယ်။ ဒါက တပ်ကသိမ်းပြီး အစိုးရ ခေါင်းပေါ်ကျတယ်။ ပြည်သူက ဆန္ဒပြတော့ လွှတ်တော်ခေါင်းပေါ် ရောက်လာတယ်။ ပြည်သူတွေ ဆန္ဒထုတ်ဖော်တာကို ကျွန်တော်တို့က ယူလိုက်ပြီ။ ဒီကိစ္စကို အထူးကိစ္စရပ် အနေနဲ့ ဆောင်ရွက်သွားမှာပါ” ဟု လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးခိုင်မောင်ရည်က ဆိုသည်။

မိကျောင်းကန် မြေယာများကို ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်တွင် တပ်မတော်က သိမ်းယူခဲ့ပြီး မြေပိုင်ရှင် အများစုကို နစ်နာကြေး ပေးအပ်ခြင်းမရှိဘဲ ပဲခူးတိုင်းအတွင်းရှိ အေးသာယာ၊ အေးသုခကျေးရွာတို့သို့ ပြောင်းရွှေ့ခံခဲ့ရရာ ပြောင်းရွေ့ခြင်း မရှိသူများကို ဖမ်းဆီးခြင်း၊ နယ်စပ်ဒေသများသို့ ပေါ်တာဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် အဆိုပါ သိမ်းဆည်းခံ မြေနေရာတွင် နှစ် ၂၀ ကျော် ပြန်လည် ငှားရမ်းနေထိုင်သူ အိမ်ထောင်စု ၁၈၀ ကျော်ကိုလည်း ပြီးခဲ့သည့် ၂၀၁၃ခုနှစ် ဇွန်လအတွင်းက တပ်မြို့ စည်ပင်သာယာရေး အဖွဲ့က ဖယ်ရှားခဲ့ကြောင်း မြေသိမ်းခံရသည့် ဒေသခံများထံမှ သိရသည်။ 

မိကျောင်းကန် မြေယာ ပြန်လည် ရရှိရေးအတွက် မြေသိမ်းခံရသူများသည် သင်္ဃန်းကျွန်းမြို့နယ်တွင် လေးကြိမ်၊ မြို့တော်ခန်းမရှေ့တွင် နှစ်ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ပြီး သုံးကြိမ်မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒ ထုတ်ဖော်ခဲ့၍ ခေါင်းဆောင်အချို့မှာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသည်။
ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်ခြင်းသည် ရှစ်ကြိမ်မြောက် ဖြစ်သည်။

ရန်ကုန်၊ အောက်တိုဘာ ၅

ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံဘေးတွင် သုံးရက်ကြာ ဖွင့်လှစ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေယာပြန်လည် ရရှိရေး သပိတ်စခန်းကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီက ကြားဝင် ညှိနှိုင်းပေးမည်ဆို၍ ပြန်လည် ရုပ်သိမ်းသွားကြောင်း မိကျောင်းကန် မြေယာညှိနှိုင်းရေး ကော်မတီ ခေါင်းဆောင် ဦးစိန်သန်းက ပြောကြားသည်။

အဆိုပါ မိကျောင်းကန် မြေယာညှိနှိုင်းရေး ကော်မတီဝင် ၁၀ နှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့သည် စက်တင်ဘာ ၅ ရက် နံနက် ၁၀နာရီခန့်က အလုံမြို့နယ်ရှိ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးရုံးတွင် တွေ့ဆုံရာ မိကျောင်းကန် (၁)၊ (၂)၊ (၃) ရပ်ကွက်တို့ကို ဥပဒေမဲ့ အဓမ္မသိမ်းယူမှုကို အထူးကိစ္စရပ် အနေနှင့် အမြန်ဆုံး ပြန်လည် ရရှိရန် ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့၍ ယင်းမြေယာ သပိတ်စခန်းကို ပြန်လည် ရုပ်သိမ်းခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

သံတွဲ ပဋိပက္ခ သာသနာ့အလံ အသုံးပြုသည်ဆိုသည့် အစိုးရ ထုတ်ပြန်ချက် သံဃာတော်များ ကန့်ကွက်


ရန်ကုန်၊ အောက်တိုဘာ ၅

နိုင်ငံတော်သမ္မတ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲမြို့နယ်၌ ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက်မှုများတွင် သာသနာ့အလံကို အသုံးချ လုပ်ဆောင်ခဲ့သည့်ဆိုသည့် နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်ကို ကန့်ကွက်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

ယင်းသတင်းကို ပြန်လည် ပြင်ဆင်ပေးရန် အဆိုပါ ရဟန်းတော်များ အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

သာသနာ့ အလံများမှာ နေအိမ်များတွင် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့က လွှင့်ထူခဲ့ကြခြင်း ဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ထပ်မံပြုလုပ်ခြင်း မရှိခဲ့ကြောင်း ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

Related Posts Plugin for WordPress, Blogger...

ShareThis