ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွား
အမျိုးသမီးကြီးတစ်ဦးက Air Asia လေကြောင်းမှ
မြန်မာဝန်ထမ်းအမျိုးသားတစ်ဦးအား လည်ပင်းညှစ်သည့်ဖြစ်ရပ်တစ်ခု မတ် ၄ ရက်က
ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“မတ် ၂၀ ရက် ပြန်မယ့်လက်မှတ်ကို စောပြီးပြန်ချင်တာ ခရီးသည်က ပြည့်နေတော့ မလွယ်ဘူး။ စောင့်နေရတာကြာတယ်ဆိုပြီး လည်ပင်းညှစ်တာ”ဟု အဆိုပါ လေ ကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကဲ့သို့ လည်ပင်းညှစ်သော အမျိုးသမီးကြီးမှာ အသက် ၇၈ နှစ်ရှိပြီး ပြန်လည်တောင်းပန်သောကြောင့် အညှစ်ခံရ သည့် ၀န်ထမ်းက အမှုမဖွင့်တော့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အတူ ပညာရေးစနစ်ပါ
ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်းလွှတ်တော်ပ ပြောဆိုဆွေးနွေးမှုတွေ
အခုတလော အဆက်မပြတ် ကြားနေရတယ်။ ၀မ်းသာအားတက်စရာပါပဲ။
စကားပြောရင်
ခပ်ဖြည်းဖြည်းနှင့် မှန်မှန်ပြောလေ့ ရှိတဲ့ မင်းသမီး Michelle Yeoh (၄၈
နှစ်)က သူမ နောက်ဆုံးပါဝင် သရုပ်ဆောင်ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ
လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် The Lady ရုပ်ရှင်မှာ
ပါဝင်ခဲ့ အပြီး သူမရဲ့ ဘ၀ပါ အပြောင်းအလဲ ဖြစ်သွား ခဲ့တယ်လို့ Hello မဂ္ဂဇင်း
အင်တာဗျူး ဆရာမ Susan Rozsnyai ကို ပြောပြခဲ့တယ်။

ကိုရီးယားသမ္မတ
မစ္စတာလီမြောင်ဘတ် (LeeMyungBak)သည် ၎င်း၏
ပထမဆုံးခရီးစဉ်အဖြစ်မြန်မာနိုင်ငံကို လာရောက်ရန်ရှိနေကြောင်း သိရကာ
မြန်မာပါဝင်သော အာဆီယံ + ၃ အနာဂတ် လုပ်ဆောင်မှုများအတွက် လာရောက်ခြင်း
ဖြစ်ဖွယ်ရှိကြောင်း ၇-၃-၂၀၁၂ ရက်က သိရသည်။ အသက် ၇၀ အရွယ်ရှိပြီဖြစ်သော
မစ္စတာလီမြောင်ဘတ်အနေဖြင့် ၎င်း၏သမ္မတသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်
လာရောက်မည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့်လည်း
တွေ့ဆုံသွားမည်ဖြစ်ကာ နှစ်နိုင်ငံ အာဏာရပါတီများ၏ အတွေ့အကြုံများ ဖလှယ်
ဆွေးနွေးကြမည်ဟု သိရသည်။ ''ဒါက ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်သလို
ခေါင်းဆောင်ပိုင်းတွေရဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ စိတ်ဝင်စားမှုပိုတဲ့
ခရီးစဉ်ဖြစ်မယ်'' ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင်
ဦးကိုကိုလှိုင်ကပြောကြားသည်။