menu

Thursday 24 October 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဘီဘီစီမြန်မာပိုင်း အစီအစဉ်နှင့်သီးသန့်တွေ့ဆုံမေးမြန်းခြင်း

 နေပြည်တော် ဇူလိုင် ၂၄

ဒေါ်တင်ထားဆွေ- သမ္မတကြီးက ပြောပါတယ်။ အခုနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ မရှိရဘူးလို့ အာမခံသွားပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ ဖမ်းဆီးနေတာကို တွေ့ရပါတယ်။ အဲ့ဒီတော့ သမ္မတကြီး အာမခံထားသလို လက်တွေ့မှာ ဖြစ်လာ နိုင်မလားရှင်။
နိုင်ငံတော်သမ္မတ- နိုင်ငံရေးကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရတဲ့သူတွေဆိုရင် ဒါအကြိမ် ကြိမ် လွှတ်ပေးခဲ့ပါတယ်။ ကျွန်တော်သိသလောက်ကတော့ အခု နောက်ပိုင်း မှာတော့ များများစားစား မရှိတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ စိစစ်ဖို့အတွက် ဆိုပြီးတော့ အခုအဖွဲ့တစ်ဖွဲ့ ကျွန်တော်တို့ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ထဲမှာ အစိုးရဘက်က လည်းပါတယ်။ နောက်တစ်ခါ ပြင်ပ Society က ကိုယ်စားလှယ်လည်းပါတယ်။ ပြီးတော့လည်း အကျဉ်းကျခံနေတဲ့ လူထဲကနေ လွတ်လာတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီအထဲထည့်ထားပါတယ်။ ထည့်ထားလိုက်တော့ ဒီအဖွဲ့က အသေးစိတ်ပြန်ပြီးတော့ စိစစ်ပေးပါတယ်။ စိစစ်ပေးတဲ့အပေါ်မှာ ရတဲ့၊ တိုက်ဆိုင်စစ်ဆေးလို့ ရတဲ့ လွှတ်သင့်တဲ့ဟာတွေကို ကျွန်တော်တို့ အကုန်လုံးလွှတ်ပေးနေပါတယ်။ ဒါကို ဒီလို စိစစ်လိုက်၊ လွှတ်ပေးလိုက်၊ စိစစ်လိုက်၊ လွှတ်ပေးလိုက်နဲ့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်ကုန်လောက်ဆိုရင်တော့ ဒီစိစစ်မှုတွေလည်း အားလုံးပြီးပြီးတော့ အားလုံးက လွှတ်ပေးပြီးသားဖြစ်မှာပါ။

မင်းလူ (သို့မဟုတ်) စာရေးဆရာတစ်ယောက်အကြောင်း

မင်းလူ ဆိုသည်မှာ စာရေးဆရာတစ်ယောက် ဖြစ်ပါသည်။

ထိုကဲ့သို့ ကျနော့်ဝါကျကို စတင်မည်ဆိုပါက အနည်းငယ် ဇဝေဇ၀ါဖြစ်သွားကြလိမ့်မည်ဟု ထင်သည်။  ဟာ ဘယ့်နှယ့်၊ မင်းလူက စာရေးဆရာမှန်း တို့သိတာပေါ့။ ဒီလောက် တိုင်းသိပြည်သိကြီးဟာပဲ။ ဒီလူ ဘာတွေ လာ ပြောနေပါလိမ့်။ ဘာများ ထူးဆန်းတာလိုက်လို့ ... ဟု ပြောချင်ကြပေလိမ့်မည်။

ဒါဆို ဒီလိုလေး ထပ်ပြောကြည့်ရအောင်။

စာရေးဆရာဆိုတဲ့ အမည်နာမအတွက် အကောင်းဆုံး အသင့်လျှော်ဆုံး နမူနာတစ်ရပ်ကို ထုတ်ပြပါဟုဆိုလျှင် ကျနော်တို့အစ်ကိုကြီး ကိုမင်းလူကိုပင် ထုတ်ပြရပါလိမ့်မည်။ ကျနော်တို့အစ်ကိုကြီးဆိုသည်မှာ ကျနော်တို့စာရေးဆရာများ၏ အစ်ကိုကြီး။

စာရေးဆရာဆိုသောဂုဏ်ဒြပ်အား အကောင်းဆုံး ထိန်းသိမ်းသူ။
စာရေးဆရာဆိုသည့် သိက္ခာတရားအတွက် အကောင်းဆုံးပြယုဂ်။

ယခု ထိုစာရေးဆရာစစ်ကြီးတစ်ယောက် ဆုံးပါး ခဲ့လေပြီ။ ကျနော်တို့ စာရေးဆရာများ ရင်ထဲတွင် စာပေသမားစစ်စစ်၏ စံပြုပုံစံအား ဆုံးရှုံးရခြင်းဟု တသစွာ ခံစား နေရပါလေသည်။

*   *   *

မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်

Photo: မြို့ကြီးသုံးမြို့တွင် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်နှိမ်နင်းရေး တပ်ဖွဲ့များ ဖွဲ့စည်းမည်

မန္တလေး၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။
“လက်ရှိအနေအထားနဲ့လည်း ဆောင်ရွက်နေတယ်။ နိုဝင်ဘာလလောက် ဆို နေပြည်တော်မှာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး သင်တန်းတွေ ပေးပါတော့မယ်” ဟု အထက်ပါဌာနမှ ဒုရဲအုပ် အေးအေးဝင်းက The Voice သို့ ပြောကြားသည်။

လူကုန်ကူးသူများသည် မြန်မာနိုင်ငံ မြို့နယ်အများစုရှိ ကလေးသူငယ်များကို ပစ်မှတ်ထားကာ ဇနီးမောင်နှံအသွင်၊ သမီးရည်းစား အသွင်များ ဆောင်လျက် လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များတွင် အလုပ်အပ်နှံပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်မှုများ ရှိလာ၍ ယင်းသို့ ပြောဆို ခေါ်ဆောင်ခြင်းများ ရှိလာလျှင် သတိထားရန် လိုအပ်ကြောင်း အဆိုပါ ဒုရဲအုပ်က သတိပေး ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိပ် ၁၁ ခု၊ တပ်ဖွဲ့စု ၁၈ ခုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စုသုံးခု စုစုပေါင်း ၃၂ ဖွဲ့အထိ ဖွဲ့စည်းထားရှိသည်။

အမျိုးသမီးနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ၂၀၀၅ခုနှစ် ဥပဒေ ပြဋ္ဌာန်းချက် အခန်း ၉ ပုဒ်မ ၂၄ အရ ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သဖြင့် ယင်းဥပဒေ အတိုင်း ဆောင်ရွက်ရန် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်တားဆီး နှိမ်နင်းရေး တပ်ဖွဲ့များ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင် သီးခြား ဖွဲ့စည်းထားရှိတော့မည် ဖြစ်ကြောင်း ဒုရဲအုပ် အေးအေးဝင်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

ပြည်ပနိုင်ငံများသို့  လူကုန်ကူး ခံရသူများတွင် အများဆုံးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဦးတည်မှုများပြီး တရုတ်အမျိုးသားနှင့် ကိုယ်တိုင် ချစ်ကြိုက်၍  အိမ်ထောင်ပြုသူများ၊ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် သဘောတူပြီး ပွဲစားက ခေါ်ဆောင်စဉ်လမ်း၌ အဖမ်းခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင် ခံရသူများ၊ အလုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်ပြီးမှ တရုတ်အမျိုးသားထံ ရောင်းစားရန် ခေါ်ဆောင်စဉ် အဖမ်းခံရသူများ၊ အလုပ်လုပ်ကိုင်ရန်  လာရောက် သူများ၊ ဖျော်ဖြေရေးလုပ်ငန်း လုပ်ရန် ခေါ်လာပြီး ပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသူများ ပါဝင်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မှတ်တမ်းများအရ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ်တွင် လူကုန်ကူးမှု ခုနစ်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ ၁၁၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်င လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဆင့်မြင့် အရာရှိကြီးတစ်ဦးက မေလအတွင်း ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 	
	     
(သန်းဖေသား)

မန္တလေး၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံ၌ ၁၆ နှစ်အောက် ကလေးသူငယ်များကို တစ်ဖက်နိုင်ငံသို့ ရောင်းချပြီး လူကုန်ကူးမှု ပြုလုပ်သူများ များပြားလာ၍ ယင်းလုပ်ရပ်များ နှိမ်နင်း ကာကွယ်တားဆီး အရေးယူနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် UNICEF တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ မြို့ကြီးသုံးမြို့တွင် တပ်ဖွဲ့ဝင်များ (သီးခြား) ဖွဲ့စည်း ထားရှိတော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ကလေးသူငယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်စုထံမှ သိရသည်။
“လက်ရှိအနေအထားနဲ့လည်း ဆောင်ရွက်နေတယ်။ နိုဝင်ဘာလလောက် ဆို နေပြည်တော်မှာ ကလေးသူငယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး သင်တန်းတွေ ပေးပါတော့မယ်” ဟု အထက်ပါဌာနမှ ဒုရဲအုပ် အေးအေးဝင်းက The Voice သို့ ပြောကြားသည်။

လူကုန်ကူးသူများသည် မြန်မာနိုင်ငံ မြို့နယ်အများစုရှိ ကလေးသူငယ်များကို ပစ်မှတ်ထားကာ ဇနီးမောင်နှံအသွင်၊ သမီးရည်းစား အသွင်များ ဆောင်လျက် လက်ဖက်ရည်ဆိုင်၊ စတိုးဆိုင်များတွင် အလုပ်အပ်နှံပေးမည်ဟုဆိုကာ လိမ်လည် ခေါ်ဆောင်မှုများ ရှိလာ၍ ယင်းသို့ ပြောဆို ခေါ်ဆောင်ခြင်းများ ရှိလာလျှင် သတိထားရန် လိုအပ်ကြောင်း အဆိုပါ ဒုရဲအုပ်က သတိပေး ပြောကြားသည်။

အခြေခံဥပဒေပြင်ရေးဟာ သမ္မတလုပ်ချင်လို့ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေပြင်ရေးဟာ သမ္မတလုပ်ချင်လို့ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာဟာ သမ္မတဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေချင်တာကြောင့်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လန်ဒန်မြို့ ဘီဘီစီ Radio 4 အစီအစဉ်က ဒီကနေ့ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဆိုပြီး အလွယ်တကူ ပြောဆိုနေကြတာဟာ မမှန်ကန်တဲ့အကြောင်းနဲ့၊ လက်ရှိ အခြေခံဥပဒေဟာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ အာမခံချက်ရှိအောင် ရေးဆွဲခဲ့တာပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ‘ဒီအကြမ်းဖက်ပဋိပက္ခတွေဟာ နှစ်ဖက်စလုံးမှာရှိနေတဲ့ အကြောက်တရားတွေကြောင့် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မွတ်ဆလင်တွေသာ အကြမ်းဖက်ခံရတာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်ခံရတာတွေလည်း ရှိနေကြောင်း’ ဖြေကြားခဲ့ပါတယ်။ ကမ္ဘာမှာ မွတ်ဆလင်အင်အား ဘယ်လောက်ကြီးမားတယ်ဆိုတာဟာ အားလုံးကသိထားတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မိမိတို့ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကိုပဲ မေးမယ့်အစား လက်ရှိအစိုးရရဲ့မူဝါဒကို တိုက်ရိုက်မေးမြန်းသင့်တဲ့အကြောင်းလည်း ဘီဘီစီက တွေ့ဆုံမေးမြန်းသူကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလဲ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး ဂျက်စတင် ဂရင်းနင်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံချိန်အတွင်း ရန်ကုန်မြို့က ကုတင် ၁၅ဝဝ ဆန့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြင်ဆင်မွမ်းမံရေးအစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီးမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ဗြိတိန်စတာလင် ပေါင် သန်း ၅၀ ကူညီထောက်ပံ့ပေးမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တာဟာ သမ္မတဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် မဟုတ်ဘဲ၊ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေချင်တာကြောင့်ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လန်ဒန်မြို့ ဘီဘီစီ Radio 4 အစီအစဉ်က ဒီကနေ့ထုတ်လွှင့်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီဆိုပြီး အလွယ်တကူ ပြောဆိုနေကြတာဟာ မမှန်ကန်တဲ့အကြောင်းနဲ့၊ လက်ရှိ အခြေခံဥပဒေဟာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ အာမခံချက်ရှိအောင် ရေးဆွဲခဲ့တာပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ‘ဒီအကြမ်းဖက်ပဋိပက္ခတွေဟာ နှစ်ဖက်စလုံးမှာရှိနေတဲ့ အကြောက်တရားတွေကြောင့် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မွတ်ဆလင်တွေသာ အကြမ်းဖက်ခံရတာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေ အကြမ်းဖက်ခံရတာတွေလည်း ရှိနေကြောင်း’ ဖြေကြားခဲ့ပါတယ်။

မယူကမ်းတွင် သေနတ်ဖြင့် ပတ်ခတ်မူ ဖြစ်ပွား၍ နှစ်ဦး ဆေးရုံရောက်

အရေးအခင်း အတွင်း ဖမ်းဆီရမိသော ရခိုင်လုပ် ယမ်းထောင်း သေနတ်များ။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းတွင် ရခိုင် အချင်းချင်း သေနတ်ပစ်ခတ်မူ ဖြစ်ပွား၍ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအပါအ၀င် နောက်ထပ် ကျေးရွာသား တစ်ဦးတို့ ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

ဒဏ်ရာ ရရှိသွားသူမှာ ဆင်အိုးကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ဝင်းလိုင်နှင့် နောက်ကျေးရွာသား တစ်ဦးဖြစ်သူ ၀င်းနိုင် ဖြစ်ကြောင်း အခင်း ဖြစ်ပွားရာ ကျေးရွာနှင့် ကပ်ရပ် တည်ရှိသော နေဗီဆိပ် ရွာသူ အမျိုးသမီး တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ ကျွဲချေ (ခေါ်) မောင်စံထွန်း ဖြစ်ပြီး ဆင်အိုးကျေးရွာ အနီးရှိ ညောင်ပင်လှ ရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ ဖြစ်တာက တနင်္ဂနွေနေ့ ညနေ ၉ နာရီမှာ ဖြစ်ကြတာပါ။ ဘာကြောင့် ဖြစ်တယ်ဆိုတာ ကျွန်မတို့ မပြောနိုင်ဘူး။ ဒဏ်ရာရတဲ့သူ နှစ်ဦးစလုံးကို ရသေ့တောင် မြို့နယ်ဆေးရုံကို ယူသွားရပါတယ်။ အခုကြားတာက အဲဒီ အထဲက တစ်ဦးက ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စစ်တွေ ဆေးရုံကို ယူသွားတယ်လို့ သိရပါတယ်” ဟု နေဗီဆိပ် ရွာသူ အမျိုးသမီးက ပြောသည်။

သင်္ဂဟဟိုတယ် ဖောက်ထွင်းလုယက်မှု တရားခံမမိသေး

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နယ်မြေက ထိပ်တန်းဟိုတယ်စာရင်းဝင် သင်္ဂဟဟိုတယ်မှာ အခန်းတွင်း ဖောက်ထွင်းလုယက် ရိုက်နှက်ခံရတဲ့ အမျိုးသမီးဟာ  ဆေးရုံကြီးကနေ ဆင်းပြီး ရန်ကုန်ကို ပြန်သွားပြီလို့ ဒီအမှုကို ကိုင်တွယ်တဲ့ နယ်မြေခံရဲတပ်ဖွဲ့က ပြောပါတယ်။

ဟိုတယ်အနေနဲ့လည်း ဒဏ်ရာရအမျိုးသမီးရဲ့ ကျန်းမာရေးကို တာဝန်ယူမယ့်အကြောင်းနဲ့ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ တည်းခိုတဲ့ ကယားအမျိုးသမီးငယ်တဦးရဲ့အခန်းတွင်းကို အမည်မသိသူတဦး ဖောက်ထွင်းဝင်ရောက်ပြီး လူကိုလည်း ရိုက်နှက်သွားသလို ငွေနဲ့ စီဒီရွမ်တခုကို ယူဆောင်သွားတယ်လို့ ရဲက ပြောပါတယ်။

ကျန်စစ်သားကို လွမ်းမိခြင်း

Written by ညီအောင်ညီ

''များစွာသော ခပ်သိမ်းသူ အပေါင်းတို့သည် သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဆင်းရဲဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့။ ငါ၏ လက်ယာလက်ဖြင့် ဆန်စပါး ရိက္ခာကို ပေးအံ့။ ငါ၏ လက်ဝဲလက်ဖြင့် ၀တ်စားတန်ဆာကို ပေးအံ့။ အမိသည် သားငယ်ကို ရင်ခွင်၌ နှစ်သိမ့်စေ သကဲ့သို့ ငါသည်လည်း တိုင်းသူ ပြည်သားတို့ကို နှစ်သက်စေအံ့။''

အထက်ပါ စာသားများသည် ကျန်စစ်သားမင်းကြီး ရေးထိုးထားခဲ့သော ရွှေစည်းခုံဘုရား ကျောက်စာ ဖြစ်ပါသည်။ ထိုကျောက်စာကို ဖတ်မိသူတိုင်း ကျန်စစ်သား မင်းတရားကြီး၏ ပြည်သူ ပြည်သားများ အပေါ်တွင် ထားရှိသော မေတ္တာကရုဏာတို့ကို ထင်ထင်ရှားရှား တွေ့မြင်ရမည် ဖြစ်ပါသည်။

ရွှေစည်းခုံဘုရား ကျောက်စာကို ဖတ်မိမိချင်း ကျန်စစ်သား မင်းကြီးကို လွမ်းသလို ဖြစ်လာခဲ့သည်။ စစ်ပွဲ၊ တိုက်ပွဲများကြောင့် သားကွဲ၊ မယားကွဲ ဖြစ်နေသည့် သူတွေ၊ မိတကွဲ၊ ဖတကွဲ မိမိနေရပ်ကို မပြန်နိုင်သေးသည့် သူတွေ မိမိရပ်ရွာကို စွန့်ခွာပြီး ထွက်ပြေးနေရသူတွေ၊ နေရပ်မဲ့ လူသားတွေ မြန်မာပြည်မှာ အများကြီး ရှိနေလေသည်။ ထိုသို့သော ဒုက္ခသည် လူသားများ တိုင်းသူပြည်သားများ၏ ဆင်းရဲဒုက္ခ အခက်အခဲများကို မည်သို့ဖြေရှင်း ပေးကြမည်နည်း။ ထိုသူများ၏ အတိုင်းမသိ မျက်ရည်တွေကို မည်သို့ အားပေးနှစ်သိမ့် ပေးကြမည်နည်း။ ကျန်စစ်သား မင်းတရားကြီးကို လွမ်းမိပါသည်။ တမ်းတမိပါသည်။

အဖိုးကြီးမြေး

ကာတွန်း အောင်မော်

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဗြိတိန် အားပေး ထောက်ခံမည်

အောင်ဆန်းစုကြည် , ဗြိတိန် , သမ္မတ , ဖွဲ့စည်းပုံ အခြေခံဥပဒေ , ၀န်ကြီးချုပ် , ဒေးဗစ် ကင်မရွန်း
ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့က လန်ဒန်မြို့ ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် အိမ်တော်၌ တွေ့ဆုံစဉ်(ဓာတ်ပုံ – Reuters)

နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံပြင်ဆင်ရန် ဗြိ တိန် က အားပေး ထောက်ခံသွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားလိုက်သည်။
ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တို့ ယမန်နေ့က လန်ဒန်မြို့ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးအပြီး ထိုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ရုံး ကြေညာချက်အရ သိရသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ ဖိအားများ ရရှိရန် တောင်းဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အား လေးစားသူများထဲတွင် မိမိသည် တဦးပါဝင်ကြောင်းလည်း ဒေးဗစ် ကင်မရွန်းက ပြောဆိုသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် သမ္မတ ဦးသိန်းစိန်နှင့် စစ်တပ်တို့၏ ထောက်ခံသဘောတူညီမှု လိုအပ်ပြီး ဗြိတိန်ဘက်က အားပေးထောက်ခံသွားမည် ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် အမှတ် ၁၀ ဒေါင်းနင်းလမ်းက ကြိုဆိုနေမည်ဟုလည်း ၀န်ကြီးချုပ် ကင်မရွန်းက ဆိုသည်။

မိသားစုများ၏ စီးပွားရေးလုပ်ငန်းကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အချိန်မရွေးလာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်းပြောပြီ

Photo: မိသားစုများ၏ စီးပွားရေးလုပ်ငန်းကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက် 
 အချိန်မရွေးလာရောက် စစ်ဆေးနိုင်ဟု သူရဦးရွှေမန်းပြောပြီ

နေပြည်တော်၊အောက်တိုဘာ၂၄

မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက် 
 အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း
 ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
    “အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။
နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး
လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။
လူကြီးသားသမီးမို့လို့ အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက်ခိုင်းတယ်
ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။ ကိုယ်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့
သူတို့ တစ်တွေကို တပ်နဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ မခိုင်းခဲ့ဘူး။
အဲဒီ အတိုင်းပဲ နယက အဖွဲ့ဝင် တစ်ယောက် အနေနဲ့ လဲ သူတို့ကို ပိုပြီးတော့ အခွင့်အရေးပေးခိုင်ခဲ့တာလဲ တစ်ခုမှ မရှိဘူး။ မိမိ ဘက်က
ဒီနေ့ သူတို့ စီးပွားရေး လုပ်နေကြတယ် ဘာတွေ လုပ်နေကြတယ် 
ဆိုတာ တရားဝင်လုပ်နေကြတယ်။
အဲဒီအတိုင်းပဲ သူတို့ တတွေ စီးပွားရေးလုပ်ပြီးတော့ ရတဲ့ ၀င်ငွေ က အခွန် အကောက် ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း
သူတို့ကို ဥပဒေနဲ့ အညီ ဆောင်ရွက်ခိုင်းထားတယ်  ဆောင်ရွက်ထားတယ်လို့ပြော တယ်။ 
 ဒါနဲ့ ပတ်သတ်လို့
မိမိ အတွက်သော်လည်းကောင်း၊ မိမိ မိသားစု အတွက်သော်လည်ကောင်း  အဓိက မိမိ ကိုယ်ကို မိမိတာဝန်ယူတယ်။
ကလေးတွေ အတွက် ကလေးတွေ တာဝန်ယူနိုင်အောင်လုပ်ထားတယ် ။ အချိန်မရွှေး စစ်ခံနိုင်တယ်။ အချိန်မရွှေး လာရောက်လေ့လာနိုင်တယ်”ဟု ၎င်း ကပြောသည်။
    ၂၀၁၅ ခုနှစ်တွင်သမ္မတ ဖြစ်ချင်သူတစ်ဦးအနေဖြင့်၊သားသ္မီးများ၏  စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသံအမျိုးမျိုးထွက်နေခြင်း၊မိသားစု၏
ပိုင်ဆိုင်မှုများနှင့် ပတ်သတ်ပြီး အမျိုးမျိုးဝေဖန်မှု များရှိနေသည့် အတွက် Clear ရှိနိုင်ပါမလား ဟု သတင်းမီဒီယာ သမားများ၏ မေးမြန်းမှုကို အထက်ပါ
အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
    ၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၀င်ရောက်အရွေးချယ် ခံခြင်း ပြုတော့မည် မဟုတ်ဟု
မိမိကို ပြောဆိုခဲ့ကြောင်း   ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မီဒီယာသမားများ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးပြီးမြောက်ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင်
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် ဇမ္မူသီရိ အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။စိုင်းနောင်

နေပြည်တော်၊အောက်တိုဘာ၂၄

မိမိအပါအ၀င်၊မိသားစုများ၏ စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည့်အတွက်
အချိန်မရွေးလာရောက် စစ်ဆေးနိုင်ကြောင်း
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။
“အလုပ် မလုပ်ပဲနဲ့ ဘာနဲ့စားမလဲ။
နိုင်ငံသားတစ်ယောက် အခွင့်အရေးဆုံးရှုံး ခံလို့ မဖြစ်ဘူး
လုပ်တဲ့အခါမှာ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးကို ယူတဲ့အခါမှာ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတယ်။ ဥပဒေ အပြင်မရောက်ရဘူး။
လူကြီးသားသမီးမို့လို့ အခွင့်အရေး ပို မယူရဘူး။ ဒီလိုသတ်မှတ်ပြီးတဲ့အခါမှာ ဆောင်ရွက်ခိုင်းတယ်
ဒီနေ့ သူတို့တွေ ထိုက်သင့်တဲ့ အခြေအနေရောက်ပြီး ပြောရဲတယ် သေချာတယ်။ ကိုယ်ကိုကိုယ် ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့
သူတို့ တစ်တွေကို တပ်နဲ့ ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းမှာ မလျှော် သြဇာ သုံးပြီး တစ်ခုမှ မခိုင်းခဲ့ဘူး။
အဲဒီ အတိုင်းပဲ နယက အဖွဲ့ဝင် တစ်ယောက် အနေနဲ့ လဲ သူတို့ကို ပိုပြီးတော့ အခွင့်အရေးပေးခိုင်ခဲ့တာလဲ တစ်ခုမှ မရှိဘူး။ မိမိ ဘက်က
ဒီနေ့ သူတို့ စီးပွားရေး လုပ်နေကြတယ် ဘာတွေ လုပ်နေကြတယ်
ဆိုတာ တရားဝင်လုပ်နေကြတယ်။

ဦးခင်ညွှန့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း သူရဦးရွှေမန်းဆို

Photo: ဦးခင်ညွှန့်  ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက
သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း သူရဦးရွှေမန်းဆို

နေပြည်တော်၊အောက်တိုဘာ၂၄

ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့် အနေဖြင့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည်မှာ
 မှန်ကန်ပါက ၎င်း၏ အခွင့်အရေးဖြစ်ပြီး သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက 
သူရဦးရွှေမန်း ကပြောသည်။
 “တကယ်လို့ ဒီသတင်းထွက်တာမှန်တယ်ဆိုလို့ရှိရင် သူ့ အခွင့်အရေးပါပဲ၊သူရွှေးချယ်ပိုင်ခွင့်ရှိပါတယ်။ ပြည်သူများကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ မိမိ အနေနဲ့သီးခြားမှတ်ချက်ပြုစရာမရှိပါဘူး” ဟု ဦးရွှေမန်းက ပြောသည်။
 ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် က ကျောက်တန်းမြို့နယ်တွင် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မည်ကဲ့သို့ သဘောထားရှိပါသလဲဟု မီဒီယာများ၏ မေးမြန်းမှုကို ၎င်း ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ 
 ဗိုလ်ချုပ်မှုးကြီးသန်းရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု ကို ၀င်ရောက်ပါဝင် ပတ်သတ်နေခြင်းရှိမရှိ နှင့် မည်သည့် အတိုင်းအတာ အထိ စိတ်ဝင်တစား၊စိုးရိမ်မှု ရှိမရှိ သတင်းမီဒီယာမျာ၏ မေးမြန်းမှုကို
 “ လူကြီးတစ်ယောက်အနေနဲ့ မူလကတည်းကိုက နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ်မှာ စေတနာနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော်အကျိုးးရလဒ်က အားလုံးသိတဲ့အတိုင်းပါပဲ စေတနာကိုမိမိတို့လေးစားတန်ဖိုး ထားပေမယ့် ရလဒ်ကို မိမိတို့ ကြိုက်ချင်မှ ကြိုက်မယ် ဒီအပေါ်မှုတည်ပြီးတော့ မိမိတို့ သင်ခန်းစာယူပြီး မိမိတို့ ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ပေါ်မှုကို ဘေးကနေ စိတ်ဝင်တစားစောင့်ကြည့်တဲ့ သဘောရှိပါတယ်။မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့လဲ သူဆီမှာ စိုးရိမ်စိတ်တွေရှိပါတယ် ဒါကတော့နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ အကြီးအကဲ တစ်ယောက်အနေနဲ့ သူရဲ့ အမှန်ပကတိ အတိုင်း ခံစားဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။ 
“နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်ဲး ပါဝင်ပတ်သက်နေတာ ရှိရင်လည်း သူ့အနေနဲ့ လက်တွေ့ လုပ်ဆောင်လို့ မရပါဘူး။ နိုင်ငံရေးကိုတော့ ဒီနေ နိုင်ငံရေးတာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေ ပြောမယ်ဆိုရင် ဥပဒေပြုရေး ကိစ္စ ၊အုပ်ချုပ်ရေးကိစ္စ၊ တရားစီရင်ရေးကိစ္စ သီးခြားဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းတွေရှိတယ်၊ဒါနဲ့ ပတ်သတ်ပြီး ပါဝင်ဆောင်ရွက် စရာ မရှိပါဘူး”ဟု ၎င်း ကဆက်လက်ဖြေကြားသည်။
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးပြီးမြောက်ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် ဇမ္မူသီရိ အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့သည်။စိုင်းနောင်

နေပြည်တော်၊အောက်တိုဘာ၂၄

ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့် အနေဖြင့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည်မှာ
မှန်ကန်ပါက ၎င်း၏ အခွင့်အရေးဖြစ်ပြီး သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်း ကပြောသည်။
“တကယ်လို့ ဒီသတင်းထွက်တာမှန်တယ်ဆိုလို့ရှိရင် သူ့ အခွင့်အရေးပါပဲ၊သူရွှေးချယ်ပိုင်ခွင့်ရှိပါတယ်။ ပြည်သူများကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ မိမိ အနေနဲ့သီးခြားမှတ်ချက်ပြုစရာမရှိပါဘူး” ဟု ဦးရွှေမန်းက ပြောသည်။
ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် က ကျောက်တန်းမြို့နယ်တွင် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မည်ကဲ့သို့ သဘောထားရှိပါသလဲဟု မီဒီယာများ၏ မေးမြန်းမှုကို ၎င်း ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု ကို ၀င်ရောက်ပါဝင် ပတ်သတ်နေခြင်းရှိမရှိ နှင့် မည်သည့် အတိုင်းအတာ အထိ စိတ်ဝင်တစား၊စိုးရိမ်မှု ရှိမရှိ သတင်းမီဒီယာမျာ၏ မေးမြန်းမှုကို

ထိုင်း ဘုရင့်ဂူ သင်္ချိုင်းအောက် ရှေးဟောင်း အဆောက်အအုံ တွေ့ရှိ

ထိုင်း ဘုရင့် ဂူ , သင်္ချိုင်း , ရှေးဟောင်း , လင်းဇင်းကုန်း , အမရပူရ
လင်ဇင်းကုန်း သုသာန်နေရာကို မဟာထေရ ဥဒုမ္ဗရ သမိုင်းဝင် ရင်ပြင်တော်အဖြစ် တည်ဆောက်ရန် စီစဉ်နေသည် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

ထိုင်းဘုရင့်ဂူ ရှိရာ အမရပူရ လင်ဇင်းကုန်း သင်္ချိုင်း၏ အောက်တွင် ရှေးဟောင်းဘုန်းကြီးကျောင်းဟု ယူဆရသည့် ကျောင်းဆောင် တဆောင် ကို ရှေးဟောင်း သုတေသီများက ထပ်မံရှာဖွေတွေ့ရှိကြောင်း သိရသည်။
ရဟန်းဝတ်ဖြင့် ပျံလွန်တော်မူသွားသော ထိုင်းဘုရင်ဟောင်း၏ ဂူသင်္ချိုင်းကို တူးဖော်ရာမှ ပေ ၆၀ ခန့်ကျယ်သည့် ကျောင်းမကြီးနှင့် တခြားသော အဆောက်အအုံများ၏ အုတ်မြစ်များကို တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်း ရှေးဟောင်း သုတေသန တူးဖော်ရေးတာဝန်ခံ မစ္စတာ မစ်ကီဟတ် က ပြောသည်။
“ဘယ်ဆရာတော် သီတင်းသုံးတဲ့ကျောင်းလို့တော့ အတိအကျ မပြောနိုင်သေးပေမယ့် ထိုင်းဘုရင်ကြီးတည်ခဲ့တဲ့ စေတီနားမှာ ဖြစ် တဲ့ အတွက် ဘုရင်ကြီးအဆက်အနွယ် ထိုင်းဘုန်းကြီးတွေ သီတင်းသုံးခဲ့တဲ့ ကျောင်းကြီးလည်း ဖြစ်နိုင်တယ်”ဟု ၎င်းကဆိုသည်။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက် ၁၇၆၇ ခုနှစ် အယုဒ္ဓယသို့သွားရောက် စစ်ပြုရာ သဖန်းပွင့်မင်းသားဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး (ခ) မင်းသားကြီး ဥတွန်ပုံ သင်္ကန်းဝတ်ဖြင့် ခေါ်ဆောင်ခြင်းခံခဲ့ရသည့်အပြင်

နဝဒေးတံတား လူသတ်မှုဖြစ်စဉ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့မည်ဟုဆို

ပြည်၊ အောက်တိုဘာ၂၃

ခြောက်လကျော်ကြာသည်အထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးသော ပြည်မြို့ နဝဒေးတံတားအောက် လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကြားဝင် ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံ နိုင်ငံများမှ တပ်မတော်များ၏ ကာကွယ်ရေး ဦးစီးချုပ်များထံသို့ အမှုဖြစ်စဉ် အသေးစိတ်ကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် အီးမေးလ်မှတစ်ဆင့် ပေးပို့သွားမည် ဖြစ်ကြောင်း လူသတ်မှု ဖြစ်စဉ် အမြန်ဆုံး ပေါ်ပေါက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုကို ဦးဆောင်နေသူ ဦးမင်းမင်းက ပြောကြားသည်။

ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက နဝဒေး တံတားအောက် သဲသောင်ပြင်တွင် လုယက် သတ်ဖြတ်ခံရသူ အမျိုးသားအတွက် အမှုမှန် ဖော်ထုတ်ပေးရန် ဒေသခံများ လက်မှတ်ရေးထိုးထားသော ပန်ကြားလွှာ ကို သမ္မတထံ ပေးပို့တိုင်ကြားမည့်အပြင် လူသတ်မှုဖြစ်စဉ် မှတ်တမ်းများကို ဘာသာပြန်၍ မစ္စတာဘန်ကီမွန်းနှင့် အာဆီယံကာချုပ်များထံ ပေးပို့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“လူသတ်မှုမှာ တပ်မတော်သား သုံးယောက်က တရားခံ မဟုတ်ဘူးလို့ စစ်တပ်အရာရှိတွေက ငြင်းတယ်။ ဒါဆို ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့ တရားခံက ဘယ်မှာလဲ။ တရားခံအစစ်ကို ဖော်ထုတ်ပေးဖို့ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ” ဟု Signature campaign ကို ဦးဆောင် တာဝန်ယူသူ တစ်ဦးဖြစ်သည့် ဦးဖြူဖွေးက ဆိုသည်။

တစ်ပတ်ရစ်ဆပ်ပြာ

ဟိုတယ်တစ်ခုမှာ တည်းလိုက်တိုင်း ရေချိုးခန်းထဲမှာ အဆင်သင့် ချပေးထားတတ်တဲ့ ဆပ်ပြာခဲ မွှေးမွှေးလေးတွေကို တွေ့မိမှာပါ။ ဆပ်ပြာအခွံကို ဖယ်လိုက်ပြီး ဆပ်ပြာ တိုက်ပြီးတာနဲ့ ပြန်တင်ထား လိုက်တာပါပဲ။ အခန်းရှင်းတဲ့ ဟိုတယ် ဝန်ထမ်းကလည်း သုံးပြီးသား ဒီဆပ်ပြာခဲလေးတွေကို သိမ်းသွားလိုက်ပြီး ဆပ်ပြာ အသစ်တွေ ပြန်တင်ပေးသွားပါတယ်။ နောက် တစ်ကြိမ်သုံးတော့ အမွှေးခဲ အသစ်လေးတွေကို အမှုမဲ့ အမှတ်မဲ့ပဲ ဖောက်ပြီး ပြန်သုံးလိုက်ကြတာပေါ့။
ဒါပေမဲ့ ဒီဆပ်ပြာခဲလေးတွေကို ဟိုတယ်တွေကနေ တစ်ရက်ကို ဘယ်လောက်အထိ အပိုအဖြစ် သိမ်းဆည်း နေရတယ် ဆိုတာကို သင်သိရင် အံ့သြသွားမှာပါ။ နောက်ပြီးတော့ ကမ္ဘာမှာ လက်ကို သန့်ရှင်းအောင် ဆေးကြောနိုင်ခွင့် မရလို့ ကလေးငယ်တွေ နှစ်စဉ် ဘယ်လောက်သေနေရတယ် ဆိုတာကို သင်သိရင် ပိုပြီးတော့တောင် အံ့သြသွားပါ လိမ့်ဦးမယ်။
tpysp_01_globalsoap-org
ဒါးရက်ကာယွန်ဂိုသည် ယင်းကိန်းဂဏန်းများ ကြောင့် သွေးလန့်ခဲ့ရသည့် လူတစ်ဦးဖြစ်သည်။ ၄င်းနှင့် ၄င်း၏ အပေါင်းအပါများ ဦးစီးသည့် ကမ္ဘာလုံးဆပ်ပြာ စီမံကိန်းက အမေရိကန်ပြည်ထောင်စု တစ်လျှောက်မှာ ရှိသည့် ဟိုတယ်များထံက သုံးပြီးသား ဆပ်ပြာတွေ လိုက်ကောက်ကြသည်။ ယင်းဆပ်ပြာများကို မျိုးတူစု၍ ဆပ်ပြာအသစ် ပြန်ချက်ပြန်လုပ်ပြီး ဟေတီ၊ ယူဂန္ဓာ၊ ကင်ညာ၊ ဆွာဇီလန် စသည့် ဆပ်ပြာ ဝယ်မသုံးနိုင်သည့် နိုင်ငံများက ကလေးများအတွက် အခမဲ့ ပြန်လှူပေးခြင်း ဖြစ်သည်။
“တစ်နေ့ကို ဆပ်ပြာတွေ ဘယ်လောက် လွှင့်ပစ်နေရတယ် ဆိုတာ သိလိုက်တော့ ကျွန်တော် သွေးလန့်သွားတယ်” ဟု ကာယွန်ဂိုက ဆိုသည်။ နှစ်စဉ် မြောက်အမေရိကဒေသ တစ်ခုတည်းမှာပင် နည်းနည်းသာ အသုံးပြုရသေးသော ဆပ်ပြာတုံး သန်းရာပေါင်းများစွာ အလကား ဖြစ်နေရသည်။

ကြိုး တ န်း လ မ်းေ လျှာ က် ဘ ဝ ထဲ က အိမ်ပြန်ညတွေကျောမလုံဘူး

ကိုယ်လုံးနှင့် ကျကျနနဖြစ်သည့် ယူနီဖောင်း၏ နောက်ဆုံးကြယ်သီးကို တပ်လိုက်ပြီးသည်နှင့် ကိုစိုးမိုး (အမည် လွှဲ) အဖို့ ယနေ့ည အလုပ်ခွင်သို့ ဝင် ရန် အဆင် သင့်ဖြ စ်နေပြီဖြစ်သည်။ ည က ညဦးပိုင်းသို့အဝင် ၈ နာရီစွန်းစွန်း ခန့်ရှိပြီ။ထို့နောက်ခန်းမသို့ဝင်ရန် တံခါး တစ်ချပ်ကို တွန်းဖွင့်လိုက်ပြီး မိမိတို့ တာဝန်ယူသည့်နေရာများသို့ သွားကာ လက်နှစ်ဖက်ကို နောက်သို့ယှက်ရင်း အ သင့်အနေအထား နေရာယူလိုက်သည်။
ကိုစိုးမိုး အပါအဝင် ဝတ်စုံဆင် တူများနှင့်အမျိုးသားတစ်စုတို့၏ အလုပ် ချိန်စတင်ပြီဖြစ်ကြောင်း ညကလပ်၏ ဒီဂျေတီးလုံးက နှိုးဆော်လိုက်သည်။ထိုသူတို့သည် ညကလပ် လုံခြုံရေး တာဝန်ယူသူများ ဖြစ်သည်။  ညက ပြင်ပကမ္ဘာတွင် တိတ်ဆိတ် လွန်းလှသော်လည်း ညကလပ် အတွင်း နှင့် အပြင်ခပ်လှမ်းလှမ်းတွင်တော့ ဝင် သူ၊ ထွက်သူ၊ ရပ်စောင့်သူ၊ ဧည့်ကြိုသူများနှင့် ကမ္ဘာတစ်ခုအလား ကြက်ပျံ မကျစည်ကားဆဲ။ ထို့ပြင်ကလပ်အတွင်း ၌လည်းစူးရှရှမီးရောင်တန်းများက ကပွဲ ကြမ်းပြင်များကြား လွန်းထိုး သွားလာနေ ပြီး စိတ်ရှိလက်ရှိ ဝုန်းဒိုင်းကြဲကခုန်နေသူ များအပေါ် ဖြတ်သန်းနေချေသည်။

ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်မွမ်းမံမှု ဗြိတိသျှအစိုးရ ကူညီမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကိုပြော

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး ပြန်လည်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက ဘဏ္ဍာရေးအရ ကူညီမည်ဟု အောက်တိုဘာ ၂၄ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်သည်။

ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး ဝန်ကြီး ဂျက်စတင်း ဂရင်းနင်းတို့သည် ဒေါင်းနင်းလမ်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ကုတင် ၁၅ဝဝဆန့် ရန်ကုန်မြို့၏ ရှေးအကျဆုံး ဆေးရုံကြီး ပြင်ဆင်ရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ဗြိတိသျှနိုင်ငံက ကူညီမည်ဟု ပြောဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေးအခြေအနေ ဗိုလ်ချုပ်မှူးကြီးဟောင်း စိုးရိမ်ဟု သူရဦးရွှေမန်းပြော

Photo: မန်မာ့နိုင်ငံရေးအခြေအနေ ဗိုလ်ချုပ်မှူးကြီးဟောင်း စိုးရိမ်ဟု သူရဦးရွှေမန်းပြော....

မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုရှိတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ပြောဆိုခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအခြေအနေတွေကို လူကြီးတစ်ယောက်အနေနဲ့ စိုးရိမ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ သီတင်းကျွတ်ကာလ အစိုးရခေါင်းဆောင်တွေ သွားရောက် ဂါရဝပြုတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ပြောခဲ့တယ်လို့ သတင်းမီဒီယာတွေကို ပြန်လည်ပြောဆိုခဲ့ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံမှာ မဟုတ်ဘူးလို့လည်း သူ့ကို ပြောဆိုခဲ့တဲ့အကြောင်း သူရဦးရွှေမန်းက ဆိုပါတယ်။

Credit ti Kamayut Media...
Photo By Google Image...

Kamayut Media

ဒေါ်စု သမ္မတဖြစ်နိုင်စေရန် ဖွဲ့စည်းပုံကိုပြင်ဖို့လိုဟု ဦးရွှေမန်းဆို

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်အား လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက တားဆီးထားသဖြင့် လွတ်လပ်မျှတမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည်ဖြစ်သည်ဟု ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ရက်နေ့တွင် ပြောဆိုခဲ့သည်။

သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရမည်ဟု သူရဦးရွှေမန်းက တိုက်ရိုက်ပြောဆိုခဲ့ခြင်းမရှိသော်လည်း Free and Fair ဖြစ်ဖို့ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဟု ပြောဆိုခဲ့သည်။ သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင် ၂၅%ရယူထားသည့် တပ်မတော်၏ သဘောထားနှင့်ပတ်သက်ပြီး ပြောဆိုခြင်းမရှိခဲ့ပေ။

Kamayut Media

ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါ - ငါးဘောလုံး (Puffer fish)

push

Puffer fish ကိုအမျိုးမျိုးခေါ်ပါတယ်။ ငါးဘောလုံး၊ ကမ္ဘာ့ငါး၊ ပူဖာငါး၊ ငါးလေးထိုး၊ ပင်လယ်ဘူဇွာ ၊ ငါးစည်ဖောင်း တို့အပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လည်း ခေါ်ဝေါ်ပါသေးတယ်။
သူ့ကို ကမ္ဘာ့ ဒုတိယအဆိပ်အပြင်းဆုံး သတ္တဝါလို့ သတ်မှတ်ထားပါတယ်။ အမျိုးအစားပေါင်း ၁၂၀ ရှိပြီး ၁၂၀လုံး အဆိပ်ပြင်းတာ ဖြစ်ပါတယ်။ အဆိပ် ပြင်းတဲ့ အရည်အသွေးချင်းတော့ မတူပါဘူး။ ဂျပန်မှာဆိုရင် ပင်လယ် Puffer ကို စားသုံးနေပါသေးတယ်။ သူတို့ဆီမှာ ရှိတဲ့ စားဖိုမှူးများ က စားလို့ရတဲ့ အစိတ်အပိုင်းကို အသေအချာ သိလို့ပဲ ဖြစ်ပါ တယ်။ တော်ရုံ လူတော့ မစားရဲပါဘူး။ ဂျပန် တံငှာသည် အနည်းငယ်ပဲ စားသောက်ရဲ တာ ဖြစ်ပါတယ်။
အဆိပ်ပြင်းတာကတော့ အိမ်မှာ သုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုတ်ထက် အဆပေါင်း ၁၀၀ ကျော်ပြင်းကြောင်း ရှာဖွေတွေ့ရှိ ထားပါတယ်။ အဆိပ်ရဲ့  တည်နေရာကတော့ သည်းခြေးနဲ့ ဝမ်းဗိုက်မှာသာ အဓိက ဖြစ်ပါတယ်။ သို့ပေမယ့် တစ်ခါတရံ တစ်ကိုယ်လုံးမှာလည်း ပြန့်နှံ့ နေတတ်ပါတယ်။ သူ့ကို စားမိတဲ့ သက်ရှိတိုင်းသေပါတယ်။ သို့ပေမယ့် ပင်လယ် ဖွတ်ကောင် တစ်မျိုးနဲ့

လျော်ကြေး မယူထားသော ယာမြေရှိ စိုက်ခင်းများ ဖျက်ဆီး ခံရမှုကြောင့် ကြေးနီ စီမံကိန်းဒေသခံများ ဆန္ဒပြ

Photo: လျော်ကြေး မယူထားသော ယာမြေရှိ စိုက်ခင်းများ ဖျက်ဆီး ခံရမှုကြောင့် ကြေးနီ စီမံကိန်းဒေသခံများ ဆန္ဒပြ

မုံရွာ၊ အောက်တိုဘာ ၂၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ အတွင်းရှိ ဆည်းတည်း ကျေးရွာနင့် မိုးကြိုးပြင် ကျေးရွာကြားတွင် လျော်ကြေး မယူထားသော ယာမြေများ၌ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် နှမ်း စိုက်ခင်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့မှုကြောင့် အောက်တို့ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း မိုးကြိုးပြင် ဒေသခံများက ပြောကြားသည်။

အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲပိုင်းက ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ရဲတပ်ဖွဲဝင်များ၏ အကာအကွယ်ဖြင့် လျော်ကြေးငွေ ရယူထားခြင်း မရှိသော ယာမြေတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးမှုကြောင့် တောင်သူများ၏ ပဲစင်းငုံ၊ ပြောင်းနှင့် နှမ်းစိုက်ခင်းများ ပျက်စီးခဲ့ရသဖြင့် ဒေသခံတောင်သူ ၁၀၀ ကျော်က အောက်တိုဘာလ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လိပ်ခွံတောင်ပေါ်သို့ တက်ရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြရာ လမ်းခုလပ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ကြောင်း ဇီးတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးစန္ဒာသီရိက မိန့်ကြားသည်။
“ရဲတွေက လိပ်ခွံတောင်ပေါ်မှရော၊ လက်ပံတောင်းနဲ့ လိပ်ခွံတောင်ကြားမှာရော၊ တောင်ခြေမှာပါ နေရာအနှံ့ တွေ့ရတယ်။ တောင်သူတွေက အလယ်မှာ ပိတ်မိသလို့ ဖြစ်ခဲ့ပေမယ့် အေးအေးချမ်ချမ်းပဲ ပြီးသွားပါတယ်” ဟု ဦးစန္ဒာသီရိက ဆိုသည်။

လျော်ကြေးရယူထားခြင်း မရှိသည့် ယာမြေတွင် စိုက်ပျိုးထားသော စိုက်ခင်းများ ဖျက်ဆီးခံရမှုနင့် ပတ်သက်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စက်ရုံမှူး တစ်ဦးဖြစ်သူ ဦးမြင့်အောင်ထံ ဆက်သွယ် မေးမြန်းရာ ၎င်းမှာ လုပ်ငန်းခွင် ပြင်ပသို့ ရောက်ရှိနေကြောင့် ယင်းကိစ္စကို မသိရှိရ သေးကြောင်း ဖြေကြားပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်နှစ်ခု အသိပေး ပြောကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အဝင်ခေါ်ဆိုမှု ရရှိသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

အဆိုပါ စီမံကိန်းအတွင်းမှ ကြေးစင်တောင်နှင့် စံပယ်တောင် ပတ်ဝန်းကျင်ရှိ ဒေသခံများ တောင်းဆိုထားသော သန့်ရှင်းသော သောက်ရေ မရရှိသေးခြင်း၊ မိုင်တိုင် ၄၄၆/၂ မှ ၄၄၆/၇ အထိ တည်ရှိနေသော ညစ်နွမ်းမြေများကို ဖယ်ရှားပေးမှု မရှိခြင်း၊ ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်နေသည့် ဆေးရုံစီမံကိန်းကို ပန္နက်တင်ပြီး ဆောက်လုပ်မှု မရှိခြင်း၊ မိုးကြိုး ဆာလ်ဖြူရစ် အက်စစ်စက်ရုံ၏ နိုင်ငံတကာ အသိအမှတ်ပြု (ISO) လက်မှတ်နှင့် ဘေး အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု မပြုခြင်း စသည့်အချက်များကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းရေးကော်မရှင်၏ လေ့လာတွေ့ရှိချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက လုပ်ဆောင်ပေးခြင်း ရှိသေးကြောင်း လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့အပြင် သိမ်းဆည်းခံ လယ်မြေ ၆၂၅၃ ဒသမ ၀၄၆ ဧက ကို လျော်ကြေးငွေလုံးဝ မပေးခြင်းနှင့် ဒေသခံများ တောင်းဆိုမှုကို အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အချက်များသည် မြေပြင် အခြေအနေနှင့် ကွာခြားနေခြင်း၊ ဆန္ဒဖော်ထုတ်နေသည့် ဒေသခံများ၏ အသံကို ဂရုမစိုက်ဘဲ ကုမ္ပဏီများက ဖွဲ့စည်းထားသည့် CSD အထောက်အကူပြု အဖွဲ့များ၏ တင်ပြချက်များကိုသာ လက်ခံခြင်းနှင့် ကျေးရွာဆက်လမ်းများ  ဖောက်လုပ်ပေးသည် ဆိုသည့်လမ်းများမှာ ရာသီမရွေး သွားလာနိုင်သော အဆင့်မီလမ်းများ မဟုတ်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ က ပြန်လည်ဆင်ခြင် သုံးသပ်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော မြန်မာဝမ်ပေါင် ကုမ္ပဏီသည် ဒေသခံပြည်သူများအပေါ် လူမှုဝန်းကျင် တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှု (CSR) ကို ပြည်သူသို့ အစီရင်ခံစာ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အောက်တိုဘာလ  ဒုတိယပတ်တွင် ထုတ်ပြန် ကြေညာသည်။

အစီရင်ခံစာ ထုတ်ပြန်မည် ဆိုခြင်းမှာ ကောင်းသော်လည်း စောင့်ကြည့်မည့် အဖွဲ့ မရှိသည့်အတွက် ယုံကြည်နိုင်ရန် ခက်ခဲကြောင်း EcoDev အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက မှတ်ချက်ပြုသည်။

မုံရွာ၊ အောက်တိုဘာ ၂၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ အတွင်းရှိ ဆည်းတည်း ကျေးရွာနင့် မိုးကြိုးပြင် ကျေးရွာကြားတွင် လျော်ကြေး မယူထားသော ယာမြေများ၌ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် နှမ်း စိုက်ခင်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့မှုကြောင့် အောက်တို့ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း မိုးကြိုးပြင် ဒေသခံများက ပြောကြားသည်။

အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲပိုင်းက ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ရဲတပ်ဖွဲဝင်များ၏ အကာအကွယ်ဖြင့် လျော်ကြေးငွေ ရယူထားခြင်း မရှိသော ယာမြေတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးမှုကြောင့် တောင်သူများ၏ ပဲစင်းငုံ၊ ပြောင်းနှင့် နှမ်းစိုက်ခင်းများ ပျက်စီးခဲ့ရသဖြင့် ဒေသခံတောင်သူ ၁၀၀ ကျော်က အောက်တိုဘာလ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လိပ်ခွံတောင်ပေါ်သို့ တက်ရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြရာ လမ်းခုလပ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ကြောင်း ဇီးတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးစန္ဒာသီရိက မိန့်ကြားသည်။

၂၀၁၄ မှစတင်ကာ မော်ဒယ်လ်သစ် ဘယ်မောင်းများသာ သွင်းခွင့်ပြုမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မြန်မာနိုင်ငံသို့ မော်ဒယ်လ်သစ် မော်တော်ယာဉ်များ တင်သွင်းရာတွင် ဌာနမှ သတ်မှတ်ထားသော မူဝါဒအရ ၂၀၁၄ ခုနှစ်မှ စတင်ကာ ဘယ်မောင်းများသာ တင်သွင်းခွင့် ပြုမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက The Voice သို့ ပြောကြားသည်။
“Brand new တွေအတွက်ပဲ ပြောတာပါ။ တခြားမော်ဒယ်လ်နိမ့်ကားတွေ မပါပါဘူး” ဟု ၎င်းကဆိုသည်။

လတ်တလော သတင်းထွက်ပေါ် နေသကဲ့သို့ ၂၀၁၄ ခုနှစ်တွင် မော်ဒယ်လ် မခွဲခြားဘဲ ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့် ပြုတော့မည် ဆိုခြင်းမှာ မဟုတ်ကြောင်း၊ ၂၀၁၃ မော်ဒယ်နှင့် ၂၀၁၄ ခုနှစ်မော်ဒယ် Brand new ကားများကိုသာ ဘယ်မောင်း တင်သွင်းရမည်ကို ဆိုလိုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

အမျိုးတစ်ဦးတည်းနေထိုင်သည့် နေအိမ်အတွင်းဝင်ရောက်၍ လူသတ်ပစ္စည်းယူဆောင်သူအား ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၂၄

၁၁.၁၀.၂၀၁၃ရက်နေ့ ၀၉၃၀အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်နေ၊ ဒေါ်သန်းမြိုင်သည် ၎င်းတစ်ဦးတည်းနေထိုင်သည့်
နေအိမ်နောက်ဖေးရေချိုးခန်းတွင် လဲကျနေသည်ကို ၎င်း၏တူဖြစ်သူ ကိုမင်းအောင်မှတွေ့ရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ရာ
သေဆုံးနေကြောင်း သိရသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားမှုအား သေမှုသေခင်း အမှတ်စဉ်(၄၇/၂၀၁၃)ဖြင့်
ရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

ကိုမင်းအောင်သည် သေဆုံးသူဒေါ်သန်းမြိုင်အား သဂြိုလ်ရန်အတွက်
သေဆုံးသူ၏မှတ်ပုံတင်နှင့်မွေးစာရင်း လာရောက်ယူဆောင်စဉ်
ဒေါ်သန်းမြိုင်၏ နေအိမ်အိပ်ခန်းအတွင်းရှိပစ္စည်းများပြန့်ကျဲကာ နောက်ဖေး
ရေချိုးခန်း ပြူတင်းတံခါးသံဇကာမှာလည်း ဖြတ်တောက်ခံထားရသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ဒေါ်သန်းမြိုင်၏ရုပ်အလောင်းအား မှုခင်းဆရာဝန်မှ စစ်ဆေးရာ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ၀ဲတံတောင်၊လက်ခုံ၊ ဒူးပွန်းပဲ့ဒဏ်ရာများနှင့် ယာဘက်နံရိုးနံပါတ်(၂) မှ (၈)အထိကျိုးနေကြောင်း စစ်ဆေးသိရှိရပါသည်။

သားရေဈေးနှုန်း သုံးဆခန့်မြင့်တက်လာမှုကြောင့် ဖိနပ်လုပ်ငန်းရှင်များ အခက်ကြုံ

ကိုတိုးကြီး(မုံရွာ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံပြားကြီးလေးရွာရှိ ဖိနပ်လုပ်ငန်းများသည် သားရေဈေးနှုန်းမြင့်တက်လာမှု ကြောင့် တွက်ချေမကိုက်ဖြစ်ရသော်လည်း အရောင်းအ၀ယ်လိုက်နေသည့်အတွက် ဖောက်သည် မပျက် ရန် ဆက်လက်လုပ်ကိုင်နေရသည်ဟု ရွှေတောင်တန်းဖိနပ်လုပ်ငန်းရှင် ဦးအောင်ကျော်ဦးက ပြောပြ သည်။

ဖိနပ်အတွက် အခြေခံကုန်ကြမ်းဖြစ်သော သားရေများသည် လွန်ခဲ့သည့်နှစ်များက သားရေ တစ်ပေါင် လျှင် ကျပ် ၇၀၀၊ ၈၀၀ ဈေးနှုန်းဖြင့် ၀ယ်ယူလုပ်ကိုင်ခဲ့ရသော်လည်း ယခုနှစ်တွင် သားရေတစ်ပေါင်လျှင် ကျပ် ၂၃၀၀ အထိ ဖြစ်လာခဲ့သည်ဟု အဆိုပါဖိနပ်လုပ်ငန်းရှင်က ပြောသည်။

ပြည်တွင်းသားရေဈေးကွက်၌ ယင်းသို့ အဆမတန် ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ပြည်တွင်းသားရေ ဈေးကွက်ရှိ ကျွဲသားရေ၊ နွားသားရေများကို တရုတ်နိုင်ငံသားရေ ဈေးကွက်သို့ နည်းလမ်းမျိုးစုံဖြင့် ကုန် သွယ်ခြင်းကြောင့်ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

လက်ဝတ်ရတနာများ ခိုးယူခဲ့ကြောင်း အိမ်အကူက ၀န်ခံထွက်ဆို

ဇော်ဇော်ထွေး

စမ်းချောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခံရမှု တစ်ခုတွင် ခိုးယူခဲ့သည့် အိမ်အကူကို ဖော်ထုတ်ရမိပြီဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အမှုနှင့်ပတ်သက်ပြီး သံသယရှိထားသည့် မအူပင်မြို့နယ်နေသူ မသက်သက်အေးကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု သိရသည်။

ထို့ကြောင့် သူမက ရွှေထည်လက်ဝတ်ရတနာပစ္စည်းများ ခိုးယူခဲ့ကြောင်းကို ၀န်ခံထွက်ဆိုခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

အဆိုပါအမှုမှာ စမ်းချောင်းမြို့နယ် ကျွန်းတောရပ်ကွက်တွင် အောက်တိုဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်း လည်းဖြစ်သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

ဖြူဖြူဇင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)ပါ “ခန့် အပ်သည့်အာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း”ဆိုသော ပြဋ္ဌာန်းချက်အရ ခွင့်ပြုခြင်း ဖြစ်သည်။

အစိုးရသစ်တက်လာပြီးနောက် ဗဟိုဘဏ်ဥပဒေကို ယခုနှစ် ဇူလိုင် ၁၁ ရက်က ပြဋ္ဌာန်းပြီး ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ကို ဇူလိုင် ၃၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အ စည်းအဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်၍ သက်တမ်းသုံးလနီးပါးသာရှိသေးသည်။

ဦးသန်းညိန်းမှာ ယင်းဥပဒေ မပေါ်ပေါက်မီက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူုဖြစ်သည်။ယခု အချိန်သည် ဥပဒေပြဋ္ဌာန်းပြီး ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်၍ လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် ပြင်ဆင်နေချိန်ဖြစ်ပြီး ဘဏ္ဍာရေးမူဝါဒများ ချမှတ်ရန် ပြင်ဆင်နေကြသည့် အချိန်ဖြစ်သည်ဟု စီးပွားပညာရှင်များက လက်ခံထားသည်။

မထသ(ဗပာို) လက်အောက်ရှိ ယာဉ်များ ယာဉ်တိုက်မှု တစ်နေ့တစ်မှုဖြစ်

ယုဝေ

မထသ(ဗဟို)လက်အောက်ရှိ ယာဉ်များ ယာဉ်မတော်တဆမှု တစ်နေ့တစ်မှုဖြစ်နေပြီး အောက်တိုဘာလ ၀က်ထဲတွင်ပင် ၁၄ မှု ဖြစ်ပွားခဲ့သည်ပာု ရန်ကုန်တိုင်းဒေသကြီး မော်aတ်ာယာဉ်လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေးကြီးကြပ်မှုဗပာို (မထသ ဗဟို)၏ အောက်တိုဘာလ ၂၃ ရက်တွင် ပြုလုပ်သည့် ပုံမှန်အစည်း အဝေးမှ သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၁၄ ခုအနက် ယာဉ်တိမ်းမှောက်မှု ၄ မှု၊ ယာဉ်တိုက်မှု ၁၀ မှု ဖြစ်ပွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုများကြောင့် လမ်း လျှောက်နေသူတစ်ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရသည်။

ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများအနက် ၁၅ မှုအနက် စည်ပင်သာယာ နယ်နိမိတ်အတွင်း ၁၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၄၃ ဦးရှိခဲ့သည်။

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး

ဇော်ဇော်ထွေး

သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။

ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်းတွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ ဦး မောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် အိမ်နောက်ဖေးခန်း ခေါင်မိုးထုတ်တန်းတွင် အရှည်ငါးပေခန့်၊ လုံးပတ် လက်မ၀က်ခန့်ရှိ နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်

Photo: ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်

ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမိန့်စာတွင် ကျန်စစ်သား ရပ်ကွက်၊ နောက်ဆုံး စွန့်ပစ်အမှိုက် ဧရိယာအတွင်း အောက်နယ်နိမိတ် သတ်ရာပါ (၃.၆၈) ဧက ခန့်ရှိ မြေတွင် အခွင့်အမိန့် မရရှိဘဲ လက်ရှိလုပ်ကိုင် နေထိုင်လျှက်ရှိသည့် မြေမှ ထွက်ခွာ သွားရမည်ဖြစ်ပြီး ယင်းမြေပေါ်ရှိ အစိုးရမင်းတို့ပိုင် ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်း ထုတ်ယူရမည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့ရွာရှိ မြေရာအက် ဥပဒေပုဒ်မ-၂၁ အရ ဆင့်ဆိုကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း လက်မှတ်ဖြင့် ဖော်ပြထားသည်။

အမိန့်စာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "ဒီစာထုတ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ တိုင်းဒေသကြီး အစိုးရက ဒီစာကိုထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာ မဟုတ်ပါဘူး။ ဘယ်လို ဆက်လုပ်သွားမလဲဆိုတော့ အပေါ်က ညွှန်ကြားတဲ့အတိုင်း လုပ်သွားမယ်။ နေခွင့်ပြုလိုက်ဆိုရင် နေခွင့်ပြုလိုက်မယ်"ဟု အောက်တိုဘာ ၂၃ ရက်က ပြောကြားသည်။

ပြောင်းရွှေ့ရန် ဆင့်ဆိုသည့် အမိန့်ကို လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

"သူတို့တွေ ၁၀ လပိုင်း ၄ ရက်က လာပြီး စာလာကပ်သွားတယ်။ ပြီးတော့ လက်ခံရရှိကြောင်း လက်မှတ် ထိုးခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ လက်မှတ် မထိုးပေးလိုက်ဘူး။ တကယ်လို့ လက်မှတ် ထိုးပေးလိုက်ရင် သဘောတူတယ်ဆိုပြီး လာဖျက်သွားမှာ စိုးလို့ပါ" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ကျူးကျော်တဲတွင် နေထိုင်သော ဒေါ်ခင်သန်းရီက ပြောကြားသည်။

ကျူးကျော်တဲများတွင် နေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာသူများဖြစ်ပြီး စီမံကိန်း (စိမ်းလန်း) မြေကွက်များ ဖြစ်သည်ကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုသည်။

"ကျွန်မတို့ မရှိဆင်းရဲသားတွေအတွက်က တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ဘူး။ နေဖို့အတွက် တစ်နေရာနဲ့ အိမ်ပြန်ဆောက်ဖို့အတွက် ပြန်ပြီး ကူညီပေးမယ်ဆိုရင် ကျွန်မတို့အတွက် ပြောင်းရွှေ့ဖို့က အဆင်ပြေသွားမယ်လို့ ထင်တယ်" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီး ကျူးကျော်တဲတွင် နေထိုင်သော ကလေးနှစ်ဦး မိခင် ဒေါ်ကြည်ကြည်ထွေးက ပြောကြားသည်။

ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ပြောင်းရွှေ့ရန် အမိန့်စာ ကပ်ထားသည့် ကျူးကျော်တဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်
ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ပြောင်းရွှေ့ရန် အမိန့်စာ ကပ်ထားသည့် ကျူးကျော်တဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်

ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမိန့်စာတွင် ကျန်စစ်သား ရပ်ကွက်၊ နောက်ဆုံး စွန့်ပစ်အမှိုက် ဧရိယာအတွင်း အောက်နယ်နိမိတ် သတ်ရာပါ (၃.၆၈) ဧက ခန့်ရှိ မြေတွင် အခွင့်အမိန့် မရရှိဘဲ လက်ရှိလုပ်ကိုင် နေထိုင်လျှက်ရှိသည့် မြေမှ ထွက်ခွာ သွားရမည်ဖြစ်ပြီး ယင်းမြေပေါ်ရှိ အစိုးရမင်းတို့ပိုင် ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်း ထုတ်ယူရမည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့ရွာရှိ မြေရာအက် ဥပဒေပုဒ်မ-၂၁ အရ ဆင့်ဆိုကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း လက်မှတ်ဖြင့် ဖော်ပြထားသည်။

ဆီးဂိမ်းစ်တွင် ပြည်ပမှလာရောက်မည့် အားကစားသမားများအတွက် သုံးလခံ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် သုံးသောင်း ထုတ်ပေးမည်

Photo: ဆီးဂိမ်းစ်တွင် ပြည်ပမှလာရောက်မည့် အားကစားသမားများအတွက် သုံးလခံ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် သုံးသောင်း ထုတ်ပေးမည်

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မှ ၂၂ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်
သုံးလခံ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် သုံးသောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က ပြောကြားသည်။

နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကစားမည့် အားကစားသမားများ၏ အရေအတွက်မှာ ရှစ်ထောင်ကျော်ရှိပြီး ပါဝင်မည့် ဒိုင်လူကြီးများ၊ နည်းပြများအပါအ၀င် အားကစားပွဲများတွင် ပါဝင်မည့်သူများကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

''ဒီမှာလာပြီးတော့ ကစားမယ့် ကစားသမားတွေအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သုံးလခံ မိုဘိုင်းဆင်းမ်ကတ်တွေကို ထုတ်ပေးသွားမှာပါ။ အကုန်လုံး အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ ဒီဆင်းကတ်တွေကို ပေးတာက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းက ပေးတာပါ။ အပြင်ကုမ္ပဏီတွေ တစ်ခုမှ မပါဘူး''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးသိန်းဟုတ်က ဆက်လက်ပြောကြားသည်။

''ဆီးဂိမ်းစ် ကျင်းပမည့်နေရာများမှာ ရန်ကုန်၊ နေပြည်တော် မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဆီးဂိမ်းစ်အဖွင့်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဆီးဂိမ်းစ်ကာလအတွင်း ရန်ကုန်မြို့ရှိ နေရာအများစု၌ အင်တာနက်အသုံးပြုနိုင်ရန်အတွက် Wi-Fi များကိုလည်း ပြုလုပ်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ အားကစားရွာအား တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွှန့်)
နေပြည်တော်ရှိ အားကစားရွာအား တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွှန့်)

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မှ ၂၂ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်
သုံးလခံ မိုဘိုင်းဆင်းမ်ကတ် အရေအတွက် သုံးသောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာ ဦးသိန်းဟုတ်က ပြောကြားသည်။

နိုင်ငံအသီးသီးမှ လာရောက်ယှဉ်ပြိုင်ကစားမည့် အားကစားသမားများ၏ အရေအတွက်မှာ ရှစ်ထောင်ကျော်ရှိပြီး ပါဝင်မည့် ဒိုင်လူကြီးများ၊ နည်းပြများအပါအ၀င် အားကစားပွဲများတွင် ပါဝင်မည့်သူများကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာတစ်စီး အုတ်တံတိုင်းကို ၀င်တိုက်မိ၍ လူလေးဦး ဒဏ်ရာရ

Photo: ကမ်းနားလမ်းသစ်တွင် ကွန်တိန်နာတစ်စီး အုတ်တံတိုင်းကို ၀င်တိုက်မိ၍ လူလေးဦး ဒဏ်ရာရ

ရန်ကုန်မြို့၊ ကမ်းနားလမ်းသစ်တွင် အောက်တိုဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကွန်တိန်နာ Fuso ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကိုင်းတန်းလမ်းထိပ် ယာဘက်ခြမ်းရှိ ဆိပ်ကမ်းတွင်းအား ကာရံထားသည့် အုတ်တံတိုင်းကို တိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်သည် အုတ်တံတိုင်းကို တိုက်မိရာမှ နောက်ဘက်ရှိ သံချောင်းများ ထည့်ထားသော ကွန်တိန်နာ သေတ္တာအပြင် ယာဉ်ပါတိမ်းမှောက်ပြီး ယင်းအုတ်တံတိုင်း နောက်ဘက်ရှိ ထမင်းဆိုင် နှစ်ဆိုင်အတွင်းရှိ လူလေးဦးမှာ အုတ်ခဲကျိုးများ လွင့်စင်ပဲ့ကျမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

"ဆိုင်ထဲမှာ ထိုင်နေတုန်း ၀ုန်းဆိုပြီး အုတ်ခဲတွေ လာမှန်တယ်။ ဆိုင်ပြိုပြီး အုတ်ခဲကျိုးက ခြေထောက်ကို လာထိတယ်။ ကျွန်တော့် ခြေထောက်ဒဏ်ရာက သွေးပူတုန်းဆိုတော့ ဘာမှမသိရသေးဘူး။ ကျန်သုံးယောက် ကတော့ ဆေးရုံမှာ၊ အသက်(၄၀)လောက် အမျိုးသမီးကတော့ သတိမရသေးဘူးလို့ ပြောတယ်"ပာု အုတ်ခဲကျိုး ထိမှန်ခံရသူ ကိုရဲစိုးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ လေးဦးအနက် သုံးဦးမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေပြီး အသက် ၁၄ နှစ်နှင့် ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ပါဝင်ကာ ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း အဆိုပါယာဉ်တိုက်မှု၏ အမှုစစ်ဖြစ်သူ ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် စိုးထွန်းနိုင်က ပြောကြားသည်။

"ကျွန်တော်တို့က အပေါ်ကြောက မောင်းလာတယ်။ တခြားကွန်တိန်နာ တစ်စီးကလည်း အပေါ်ကြောကနေ ခေါင်းထွက်လာတော့ ဟိုဘက်ကို ယိမ်းပြီး ပတ်ရှောင်တော့ အရှိန်မထိန်းနိုင်ဘဲ အုတ်တံတိုင်းကို တိုက်မိပြီး ကွန်တိန်နာသေတ္တာနဲ့ ကားတုံးလုံးလဲတယ်"ဟု အဆိုပါယာဉ် နောက်လိုက်ဖြစ်သူက ပြောကြားသည်။ အဆိုပါဖြစ်စဉ်ကို ဆိပ်ကမ်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် စိုးထွန်းနိုင်က တရားလိုပြုလုပ်၍ ယာဉ်မောင်းဖြစ်သူအား (ပ) ၂၈/ ၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကွန်တိန်နာယာဉ် ၀င်တိုက်မှုကြောင့် ပျက်စီးသွားသော အုတ်တံတိုင်း၊  ထမင်းဆိုင် နှစ်ဆိုင်နှင့် ကွန်တိန်နာ သေတ္တာအား တွေ့ရစဉ်
ကွန်တိန်နာယာဉ် ၀င်တိုက်မှုကြောင့် ပျက်စီးသွားသော အုတ်တံတိုင်း၊ ထမင်းဆိုင် နှစ်ဆိုင်နှင့် ကွန်တိန်နာ သေတ္တာအား တွေ့ရစဉ်

ရန်ကုန်မြို့၊ ကမ်းနားလမ်းသစ်တွင် အောက်တိုဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကွန်တိန်နာ Fuso ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ကိုင်းတန်းလမ်းထိပ် ယာဘက်ခြမ်းရှိ ဆိပ်ကမ်းတွင်းအား ကာရံထားသည့် အုတ်တံတိုင်းကို တိုက်မိ၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်သည် အုတ်တံတိုင်းကို တိုက်မိရာမှ နောက်ဘက်ရှိ သံချောင်းများ ထည့်ထားသော ကွန်တိန်နာ သေတ္တာအပြင် ယာဉ်ပါတိမ်းမှောက်ပြီး ယင်းအုတ်တံတိုင်း နောက်ဘက်ရှိ ထမင်းဆိုင် နှစ်ဆိုင်အတွင်းရှိ လူလေးဦးမှာ အုတ်ခဲကျိုးများ လွင့်စင်ပဲ့ကျမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

"ဆိုင်ထဲမှာ ထိုင်နေတုန်း ၀ုန်းဆိုပြီး အုတ်ခဲတွေ လာမှန်တယ်။ ဆိုင်ပြိုပြီး အုတ်ခဲကျိုးက ခြေထောက်ကို လာထိတယ်။ ကျွန်တော့် ခြေထောက်ဒဏ်ရာက သွေးပူတုန်းဆိုတော့ ဘာမှမသိရသေးဘူး။ ကျန်သုံးယောက် ကတော့ ဆေးရုံမှာ၊ အသက်(၄၀)လောက် အမျိုးသမီးကတော့ သတိမရသေးဘူးလို့ ပြောတယ်"ပာု အုတ်ခဲကျိုး ထိမှန်ခံရသူ ကိုရဲစိုးက ပြောကြားသည်။

ကျောချောင်းအတွင်း ဘိလပ်မြေ တင်ဆောင်လာသော ဆယ်ဘီးကားတစ်စီး ဖြတ်ကူးစဉ် စက်ချို့ယွင်း၍ နစ်မြုပ်မှု ဖြစ်ပွား

Photo: ကျောချောင်းအတွင်း ဘိလပ်မြေ တင်ဆောင်လာသော ဆယ်ဘီးကားတစ်စီး ဖြတ်ကူးစဉ် စက်ချို့ယွင်း၍ နစ်မြုပ်မှု ဖြစ်ပွား

မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်းအတွင်း အောက်တိုဘာ ၂၃ရက် နံနက် ၉ နာရီခန့်တွင် ကျောချောင်း အရှေ့ဖက်ကမ်းမှ အနောက်ဖက်ကမ်းသို့ ဘိလပ်မြေ တင်ဆောင်လာသော ဆယ်ဘီးကားတစ်စီး ဖြတ်ကူးရာ ချောင်းလယ်အရာက်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ချောင်းအတွင်း နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

ကျောချောင်းအတွင်း ချောင်းရေကျဆင်းမှုမှာ နည်းပါးနေသည့်အတွက် အဆိုပါ ကားပေါ်ရှိ ဘိလပ်မြေများအား အလုပ်သမားဖြင့် ရေလွတ်နေရာများဆီသို့ သယ်ယူမှု ပြုလုပ်နေပြီး ကားမှာမူ ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ သဲများအောက် တဖြည်းဖြည်းခြင်း ကျွံကျနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"မနက် ၉ နာရီ ၀န်းကျင်လောက်ကဖြစ်တာ ကူးတုန်းက နှစ်စီး။ ဒီအစီးက ချောင်းလယ်ရောက်မှ ကာဗိုက်တာထဲ ရေ၀င်ပြီး ထိုးရပ်သွားတာ။ ကားပေါ်က ဘိလပ်မြေအိတ်တွေကိုတော့ အလုပ်သမားတွေနဲ့ သယ်ပြီး ရွှေ့ထားတယ်။ ချောင်းရေ မများပေမဲ့ ဘီးတွေက သဲအောက်ကျွံသွားပြီး တဖြည်းဖြည်း မြုပ်သွားတာ။ ကားတစ်ဝက်လောက်တော့ မြုပ်သွားပြီ။ လူတော့ အသေအပျောက် မရှိဘူး။ လောလောဆယ် ချောင်းထဲ ကားဖြတ်တာကိုတော့ သက်ဆိုင်ရာက တားထားတယ်။ တောင်ကျရေကြောင့် ဖြစ်တာမဟုတ်ပါဘူး"ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သော ပေါက်မြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဘိလပ်မြေတင်ကား ချောင်းတွင်း နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ပေါက်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေနှင့် စုံစမ်းဆဲသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ပေါက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လူကြီးများမှာ အစည်းအဝေး ကျင်းပနေကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။                  

ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်းအတွင်း ဆယ်ဘီးကားတစ်စီး ဖြတ်ကူးရာမှ စက်ချို့ယွင်းပြီး ချောင်းတွင်း နစ်မြုပ်စဉ် (ဓာတ်ပုံ - ရဲထွန်းဝင်း)
ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်းအတွင်း ဆယ်ဘီးကားတစ်စီး ဖြတ်ကူးရာမှ စက်ချို့ယွင်းပြီး ချောင်းတွင်း နစ်မြုပ်စဉ် (ဓာတ်ပုံ - ရဲထွန်းဝင်း)

မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်းအတွင်း အောက်တိုဘာ ၂၃ရက် နံနက် ၉ နာရီခန့်တွင် ကျောချောင်း အရှေ့ဖက်ကမ်းမှ အနောက်ဖက်ကမ်းသို့ ဘိလပ်မြေ တင်ဆောင်လာသော ဆယ်ဘီးကားတစ်စီး ဖြတ်ကူးရာ ချောင်းလယ်အရာက်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ချောင်းအတွင်း နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

ကျောချောင်းအတွင်း ချောင်းရေကျဆင်းမှုမှာ နည်းပါးနေသည့်အတွက် အဆိုပါ ကားပေါ်ရှိ ဘိလပ်မြေများအား အလုပ်သမားဖြင့် ရေလွတ်နေရာများဆီသို့ သယ်ယူမှု ပြုလုပ်နေပြီး ကားမှာမူ ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ သဲများအောက် တဖြည်းဖြည်းခြင်း ကျွံကျနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"မနက် ၉ နာရီ ၀န်းကျင်လောက်ကဖြစ်တာ ကူးတုန်းက နှစ်စီး။ ဒီအစီးက ချောင်းလယ်ရောက်မှ ကာဗိုက်တာထဲ ရေ၀င်ပြီး ထိုးရပ်သွားတာ။ ကားပေါ်က ဘိလပ်မြေအိတ်တွေကိုတော့ အလုပ်သမားတွေနဲ့ သယ်ပြီး ရွှေ့ထားတယ်။ ချောင်းရေ မများပေမဲ့ ဘီးတွေက သဲအောက်ကျွံသွားပြီး

မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

Photo: မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက သော့ချက်ဖြစ်သည့် ပညာရေး ကဏ္ဍတွင် သြစတြေးလျနိုင်ငံက ဦးစားပေး ကူညီပံ့ပိုးပေးလိုမှု၊ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် ၁၉၅၃ ခုနှစ်မှစ၍ နှစ်နိုင်ငံ သံတမန် ဆက်သွယ်ခဲ့ပြီး လက်ရှိတွင် သံတမန် ဆက်ဆံမှုမှာ နှစ်ပေါင်း ၆၀ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာ ဖေသက်ခင်၊ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက သော့ချက်ဖြစ်သည့် ပညာရေး ကဏ္ဍတွင် သြစတြေးလျနိုင်ငံက ဦးစားပေး ကူညီပံ့ပိုးပေးလိုမှု၊ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စိတ်ချစွာစားသုံးလိုပါသည်

Photo: စိတ်ချစွာစားသုံးလိုပါသည်
--------------
ရေးသားသူ- ၀တ်ရည်အောင်၊ ခိုင်ခိုင်စိုး၊ အိမွန်ကျော်

ရန်ကုန်မြို့အချက်အချာကျသည့် နေရာတွင်ရှိပြီး သန့်ရှင်းသပ်ရပ်သော ဂျပန်စတိုင်စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် အဖြူရောင်စာရွက်ဖြင့် “ဤဆိုင်တွင် အထူးသီးသန့်စာချုပ်ချုပ်ထားသည့် ကြက်ခြံများမှ ကြက်များ၊ သဘာဝမြေသြဇာဖြင့်စိုက်ထားသည့် အသီးအရွက်များဖြင့် စီမံချက်ပြုတ်ထားသည်”ဆိုသည့်စာတန်းကို ချိတ်ဆွဲထားသည်။

အစားအသောက်လုံခြုံစိတ်ချရမှုမရှိသည့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်မြို့တွင် အဆင့်မြင့်စားသောက်ဆိုင်များ၌ အော်ဂဲနစ်အသီးအရွက်များကိုသာ အသုံးပြုသည်ဆိုသည့် စာတန်းများက စားသုံးသူကိုဆွဲဆောင်သည့် ၀န်ဆောင်မှုပုံစံတစ်မျိုး ဖြစ်လာသည်။ နိုင်ငံခြားသားဧည့်သည်များနှင့် ပိုးသတ်ဆေးအန္တရာယ်ကို ကြောက်ရွံ့သည့် ပြည်တွင်းမှသူများ နိုင်ငံအတွင်း ရက်ရှည်နေထိုင်သည့် နိုင်ငံခြားသားဦးရေ တိုးပွားလာခြင်းကလည်း လုံခြုံစိတ်ချရသည့် အသီးအရွက်များ စားသုံးနိုင်ရန် အာမခံပေးမည့် စိုက်ပျိုးရေးခြံနှင့် လုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် ငွေကြေးတတ်နိုင်သူများကိုသာ အဓိကဦးတည်သည့် ဟိုတယ်ကြီးများတွင်သာ အော်ဂဲနစ်ခြံများနှင့် သီးသန့်မွေးမြူရေးခြံများ၊ စိုက်ပျိုးရေးခြံများနှင့် ချိတ်ဆက်ဝယ်ယူသည့် အသီးအရွက်များကိုသာ ရောင်းချကြရာမှ ယခုနောက်ပိုင်းတွင် စားသောက်ဆိုင်များ၊ အချို့သော အဆင့်မြင့်ထမင်းဆိုင်များတွင်ပါ နိုင်ငံခြားသားများအား ဦးတည်လာသည့် အစားအသောက်စီမံမှုပုံစံများ ပြောင်းလဲလာသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပေါင်း ၂၀၀၀ ကျော်ထဲမှ ဆိုင်အချို့၏ ပြောင်းလဲမှုပုံစံဖြစ်ပြီး ပြည်တွင်းပြည်ပရှိ ဧည့်သည်များအတွက် သန့်ရှင်းမှုများအပြင် ပိုးသတ်ဆေးများ အသုံးပြုမှုနည်းသည့် အစားအသောက်များကို အားပြုလာခြင်းကြောင့် နိုင်ငံတွင်းမှစီးပွားရေးသမားများ မျက်စိကျလာခြင်းဖြစ်သည်။

နိုင်ငံခြားသားဝင်ရောက်မှု များပြားလာသည့်အချိန်နှင့် ပိုးသတ်ဆေးအန္တရာယ် ထိတ်လန့်နေသည့် ပြည့်တွင်းစားသုံးသူများအတွက် ထိုကဲ့သို့သော စားသောက်ဆိုင်များ၏ ဈေးကွက်က ပိုမိုနေရာယူလာသည်။

အသီးအနှံများ၊ အသားငါးများ ဈေးများမှဝယ်ယူသည့်အခါ အများဆုံးပါလာသည့် ဓာတုပစ္စည်းများ ပိုးသတ်ဆေးအန္တရာယ်များကြောင့် နိုင်ငံတကာဧည့်သည်များအား ရည်ရွယ်သည့်ဆိုင်များသည် အော်ဂဲနစ်အသီးအနှံများ ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

“အော်ဂဲနစ်နဲ့ဆိုရင် လူတွေက ပိုသဘောကျကြတယ်။ ကုန်ကျစရိတ်များပေမယ့် နိုင်ငံခြားသားတွေအပြင် ပြည်တွင်းကလူတွေလည်း သဘောကျကြတယ်”ဟု iZUMI ဂျပန်စားသောက်ဆိုင် မန်နေဂျာဦးမြင့်စိုးကပြောသည်။

မြန်မာနိုင်ငံလာရောက်မည့် နိုင်ငံခြားသားများက သက်ဆိုင်ရာနိုင်ငံများသံရုံးက ထုတ်ပြန်သည့် လမ်းညွှန်မှုများတွင် မြန်မာနိုင်ငံ၌သတိပြုရမည့် အစားအသောက်များကို သတိပေးမှုများလည်း ပါဝင်သည်။

နိုင်ငံခြားသားများ၏ စားသောက်မှုပုံစံ အကြိုက်နှင့်နီးစပ်သည့် စားသောက်ဆိုင်များမှ သန့်ရှင်းမှုရှိသည့် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များကို ရွေးချယ်နေခြင်းမှ ယခုထိုကဲ့သို့ ဓာတုဗေဒနည်းပါးသည့် အသီးအနှံများဖြင့် စွဲဆောင်သည့်စားသောက်ဆိုင်များက နိုင်ငံတွင်း ကာလရှည်ကြာနေထိုင်သူ နိုင်ငံခြားသားများအတွက် ပိုမိုအဆင်ပြေလာကြောင်း သိရသည်။

“ဆိုင်သိပ်တော့မရွေးဘူး။ အဆင်ပြေမယ့်ဆိုင်မှာ စားတာများတယ်။ ဒါပေမဲ့ အဲလိုစိတ်ချရတဲ့ဆိုင်တွေ အနီးအနားမှာရှိရင် ပိုအဆင်ပြေတယ်”ဟု အမေရိကန်စင်တာမှ အမေရိကန်နိုင်ငံသူတစ်ဦးကပြောသည်။

တကယ်တမ်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် အော်ဂဲနစ်လုံးဝပြည့်မီသည့် အသီးအရွယ်များရရှိရန် ခက်ခဲနေခြင်းကြောင့် အစားအသောက်အမှားအယွင်း ဖြစ်မည်စိုး၍ နိုင်ငံခြားသားဧည့်သည်များအား ရောက်နေကျဆိုင်များတွင်သာ လမ်းညွှန်ရဲကြောင်း ဧည့်လမ်းညွှန်များကပြောသည်။

“အချို့ဆိုင်တွေဆို သန့်ရှင်းမှုဘယ်လောက်လုပ်ထားတယ်။ ဘာတွေသုံးထားတယ်ဆိုပေမယ့် အခန့်မသင့်ရင် ၀မ်းလျှောတာမျိုးတွေ ကြုံလေ့ရှိတယ်။ အဲဒါကြောင့် စားနေကျပဲ လွှတ်ရဲတယ်”ဟု ဧည့်လမ်းညွှန် ကိုဟန်ထက်အောင်ကပြောသည်။

အော်ဂဲနစ်သီးနှံများ၊ ဓာတုဆေးသုံးစွဲခြင်းမရှိသည့် သီးနှံများသည် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် ပြည်တွင်းစားသုံးမှုပါ မြင့်လာသော်လည်း စိုက်ပျိုးသူများဘက်က လုံလောက်အောင် ထုတ်မပေးနိုင်သည့် ပြဿနာလည်းရှိနေသည်။

“ဟိုတယ်တွေက ခြံတွေနဲ့ တိုက်ရိုက်ချိတ်ထားတာတွေရှိပေမယ့် လုံလုံလောက်လောက်မရတဲ့အခါ စင်တာတွေကနေလည်း ၀ယ်ကြရတယ်။ အဲဒီမှာလည်း အော်ဂဲနစ်လို့ပြောပေမယ့် အစစ်မဟုတ်တဲ့ဟာတွေဆို သိသာတယ်”ဟု လက်ရှိတော်ဝင်စင်တာတွင်ရှိသော စားသောက်ဆိုင်တစ်ခု၌ လုပ်ကိုင်နေသည့် စားဖိုမှူးတစ်ဦးကပြောသည်။

အချို့သောဟိုတယ်များ အဆင့်မြင့်စားအသောက်များတွင် အသီးအနှံအဆင့်တွင်ပင် ရေစင်အောင်ဆေးခြင်း၊ ပိုးသတ်ခြင်းနှင့် သတ်မှတ်ထားသည့် အပူချိန်တွင် စနစ်တကျထားရှိခြင်းတို့ဖြင့် အစားအသောက်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ကြသည်။

စိုက်ပျိုးမြေအများစုသည် ဓာတ်မြေသြဇာမကင်းစင်သည့်အခါ သန့်စင်သည့် အော်ဂဲနစ်ရရှိရန် မလွယ်သေးကြောင်း စိုက်ပျိုးရေးပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

“အဓိကကတော့ ဆလတ်ရွက်စိုက်တာများတယ်။ ငရုတ်သီးနဲ့ ကြက်သွန်လည်း စိုက်တယ်။ ဟိုတယ်လေးခုနဲ့ စားသောက်ဆိုင်ဆယ်ခုလောက်နဲ့ နယ်ကိုပို့ရတယ်”ဟု အော်ဂဲနစ်ခြံပိုင်ရှင်
ဒေါ်ခင်မမကပြောသည်။

စားသုံးသူများက ပိုမိုစိတ်ချရမည့် အော်ဂဲနစ်အသီးအနှံများအပေါ် စိတ်ဝင်စားမှုများပြားလာသည့်အခါ ပြည်တွင်းစားသုံးသူများသည့် စားသောက်ဆိုင်များပါ အော်ဂဲနစ်အသီးအနှံများ ပြောင်းလဲစားသုံးရန် စီစဉ်လာကြခြင်းဖြစ်သည်။

“အော်ဂဲနစ်က သိပ်လည်းမရတော့ အနည်းအကျဉ်းပဲနိုင်တယ်။ ဧည့်သည်တွေကလည်း အော်ဂဲနစ်သီးသန့်ရှိလားဆိုပြီး မေးကြတာတွေလည်းရှိတယ်”ဟု ပဒုမ္မာစားသောက်ဆိုင် မန်နေဂျာကိုထွန်းထွန်းကပြောသည်။

အော်ဂဲနစ်အသီးအနှံများကို ကိုယ်ပိုင်စိုက်ပျိုးရေးခြံများစီစဉ်ရန် နာမည်ကြီးစားသောက်ဆိုင်အုပ်စုကြီးအချို့က ပြင်ဆင်နေခြင်းများရှိကြောင်း အဆိုပါဆိုင်များနှင့် တွေ့ဆုံမေးမြန်းချက်အရ သိရသည်။

ပြည်တွင်းရှိ ပိုးသတ်ဆေးများ အလွန်အမင်းအသုံးပြုထားသည့် အစားအစာများ၊ ဆိုးဆေးများအသုံးပြုထားသည့် အသီးအရွက်များအစား အော်ဂဲနစ်အသီးအရွက်များက စားသုံးလိုသူများအား ပိုမိုဆွဲဆောင်လာနိုင်ပြီး စိတ်ချစွာစားသုံးနိုင်မည့် အစားအသောက်များ ချက်ပြုတ်ရောင်းချသည့် ၀န်ဆောင်မှုရေစီးလည်း ပြောင်းလဲလာတော့မည်ဖြစ်သည်။	       ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- ၀တ်ရည်အောင်၊ ခိုင်ခိုင်စိုး၊ အိမွန်ကျော်

ရန်ကုန်မြို့အချက်အချာကျသည့် နေရာတွင်ရှိပြီး သန့်ရှင်းသပ်ရပ်သော ဂျပန်စတိုင်စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် အဖြူရောင်စာရွက်ဖြင့် “ဤဆိုင်တွင် အထူးသီးသန့်စာချုပ်ချုပ်ထားသည့် ကြက်ခြံများမှ ကြက်များ၊ သဘာဝမြေသြဇာဖြင့်စိုက်ထားသည့် အသီးအရွက်များဖြင့် စီမံချက်ပြုတ်ထားသည်”ဆိုသည့်စာတန်းကို ချိတ်ဆွဲထားသည်။

အစားအသောက်လုံခြုံစိတ်ချရမှုမရှိသည့် မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်မြို့တွင် အဆင့်မြင့်စားသောက်ဆိုင်များ၌ အော်ဂဲနစ်အသီးအရွက်များကိုသာ အသုံးပြုသည်ဆိုသည့် စာတန်းများက စားသုံးသူကိုဆွဲဆောင်သည့် ၀န်ဆောင်မှုပုံစံတစ်မျိုး ဖြစ်လာသည်။ နိုင်ငံခြားသားဧည့်သည်များနှင့် ပိုးသတ်ဆေးအန္တရာယ်ကို ကြောက်ရွံ့သည့် ပြည်တွင်းမှသူများ နိုင်ငံအတွင်း ရက်ရှည်နေထိုင်သည့် နိုင်ငံခြားသားဦးရေ တိုးပွားလာခြင်းကလည်း လုံခြုံစိတ်ချရသည့် အသီးအရွက်များ စားသုံးနိုင်ရန် အာမခံပေးမည့် စိုက်ပျိုးရေးခြံနှင့် လုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် ငွေကြေးတတ်နိုင်သူများကိုသာ အဓိကဦးတည်သည့် ဟိုတယ်ကြီးများတွင်သာ အော်ဂဲနစ်ခြံများနှင့် သီးသန့်မွေးမြူရေးခြံများ၊ စိုက်ပျိုးရေးခြံများနှင့် ချိတ်ဆက်ဝယ်ယူသည့် အသီးအရွက်များကိုသာ ရောင်းချကြရာမှ ယခုနောက်ပိုင်းတွင် စားသောက်ဆိုင်များ၊ အချို့သော အဆင့်မြင့်ထမင်းဆိုင်များတွင်ပါ နိုင်ငံခြားသားများအား ဦးတည်လာသည့် အစားအသောက်စီမံမှုပုံစံများ ပြောင်းလဲလာသည်။

ကေအင်န်ပီပီနဲ့အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

Photo: ကေအင်န်ပီပီနဲ့အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုး

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ ဒီနေ့နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမတိုင်ခင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားဖို့နဲ့ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့တွေအပါအဝင် အချက် ၇ ချက်ကို ဒီကနေ့ သဘောတူခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ နှစ်ရက်ကြာကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ခုလိုသဘောတူညီခဲ့ကြတာပါ။

ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က RFA ကို အခုလို ပြောပါတယ်။

“သဘောတူညီချက် ၇ ချက်ကို ကျနော်တို့ရရှိခဲ့ပါတယ်၊ စောင့်ကြည့်ရေးကော်မတီကို နှစ်ဖက်ကိုယ်စားလှယ် ၅ ဦးစီနဲ့ စုစုပေါင်း ၁ဝ ဦး ဖွဲ့စည်းဖို့ ဒီနေ့မှာ တရားဝင်အတည်ပြုပါတယ်၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ရရှိရေးအတွက် ကျနော်တို့ ဆက်လက်သဘောတူတယ်”

နှစ်ဖက်သဘောတူညီချက်တွေထဲမှာ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ် မဲစဲမြို့နယ် နယ်ခြားဂိတ် ဘီပီ ၁၃ ကုန်သွယ်ရေးလမ်းကြောင်းအတွက် လုံခြုံရေးကို ကေအင်န်ပီပီတပ်တွေက ကူညီဖို့၊ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအတွက်ဆောင်ရွက်ဖို့၊ ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ကေအင်န်ပီပီတပ်ဖွဲ့ဝင်တွေ စားဝတ်နေရေးအတွက် အစိုးရကကူညီဖြေရှင်းပေးဖို့၊ လာမယ့် ၂ဝ၁၄ ခုနစ်အတွင်း ကယားပြည်နယ် တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိဖို့စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ကေအင်န်ပီပီအနေနဲ့ လာမယ့်အပတ်အတွင်း ကေအိုင်အေဌာနချုပ် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါဝင်တဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့လည်း သဘောတူညီခဲ့ပါတယ်။

အစိုးရက လာမယ့် နိုဝင်ဘာလအတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ဖို့အတွက် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့တွေမှာ ပြုလုပ်မယ့်ဆွေးနွေးပွဲတွေဟာ အရေးကြီးတယ်လို့ ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောပါတယ်။

လွိုင်ကော်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အစိုးရဘက်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးထွဋ်တို့ တက်ရောက်ခဲ့ပြီး ကေအင်န်ပီပီဘက်က ဒုတိယ ဥက္ကဌ ခူးဦးရယ် ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးစတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။

Credit to RFA Burmese

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ရဲ့ ဒီနေ့နောက်ဆုံးနေ့ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမတိုင်ခင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားဖို့နဲ့ ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့တွေအပါအဝင် အချက် ၇ ချက်ကို ဒီကနေ့ သဘောတူခဲ့ကြပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်အစိုးရရုံးမှာ နှစ်ရက်ကြာကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ခုလိုသဘောတူညီခဲ့ကြတာပါ။

ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က RFA ကို အခုလို ပြောပါတယ်။

ဒူဘိုင်းတွင် Chevrolet Camaro ကိုလည်း ရဲကား အဖြစ် အသုံးပြု

Photo: ဒူဘိုင်းတွင် Chevrolet Camaro ကိုလည်း ရဲကား အဖြစ် အသုံးပြု .....

ဒူဘိုင်းမှာ Chevrolet Camaro လည်း ရဲကား ဖြစ်ရပါတယ်။ ကာလ တန်ဖိုး အမေရိကန်ဒေါ်လာ ၈သောင်းအထက်ပေါက်မယ့် အမေရိကန် ဖြစ် ပြိုင်ကား Camaro ကိုလည်း ဒူဘိုင်းမှာ ရဲကား လုပ်ပါတယ်။

တကယ်အပီအပြင်ပါ။ ဒူဘိုင်းမှာ ဈေးအပေါဆုံး ရဲကားဖြစ်လာမယ် ထင်ပါ တယ်။ ၂၀၁၃ မော်ဒယ်ကို မတ်လ အတွင်းက မှာယူထား မှု ဖြစ်ပါ တယ်။ သူက နာမည်ကြီးကားလေ။ ဈေးကသာ ၈ သောင်းပေမယ့် ဘယ်နေရာ ဖြစ်ဖြစ် ကမ္ဘာ့အမြန်ဆုံး ပြိုင် ကားတွေနဲ့ ယှဉ်မောင်းနိုင်တဲ့ ကား ဖြစ်ပါတယ်။ Muscle ကား ဖြစ်တဲ့အတွက်လည်း အတိုက်အခိုက်ပိုင်း မှာ မနာမကျင် နိုင်မယ့် ကား ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၇ထောင်စီစီ ဝန်းကျင် ကားတွေကို ယူအေအီးအစိုးရတို့ ရဲကားအဖြစ်လုပ်ရဲ တာ လေးစားစရာပါပဲ။ သူတို့မှာ ရေနံပေါနေတော့ ဒီလောက်ကတော့ မဖြုံပါဘူး။

တရားဥပဒေ စိုးမိုးဖို့ဆိုရင် ဘယ်လောက်ဈေးကြီးကြိး ရဲကား အဖြစ် အသုံးပြုမှာက ဒူဘိုင်းမြို့ ရဲ့  ခံယူချက်တစ်ခုပဲ ဖြစ်ပါတယ်။ အမေရိကန် General Motors က တိုက်ရိုက်မှာယူတဲ့ Chevrolet Camaro ဟာလည်း ဒူဘိုင်းမှာ အစီးရေ ရာကျော် လှည့်လည် ကင်းစောင့် နေကြောင်း သိရပါတယ်။
--
Ref: autoblog

.

အောင်ခမ်း ( ရိုးရာလေး )

Credit to YoYarLay

YoYarLay

မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား

Photo: မြန်မာဖွံ့ဖြိုးရေးကူညီဖို့ ဥရောပကို ဒေါ်စုပန်ကြား....
Wednesday, October 23, 2013

မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက် အဦးတွေ တိုးတက်ကောင်းမွန်လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံ
တွေကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ၀င်မလာသေးတာဟာ
မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ် ချက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်က မနေ့က ဥရောပ ပါလီမန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောသွားပါတယ်။

ဒီအတွက် နိုင်ငံရေးအခြေအနေ တိုးတက်ကောင်းမွန်လာဖို့ လိုသလို၊ စီးပွားရေး အခြေခံအဆောက်အဦးတွေ ကောင်းမွန် တိုးတက်လာဖို့ အတွက် နိုင်ငံတကာ အကူအညီတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်ခဲ့ပါတယ်။

“တကယ်တမ်းပြောရရင် အစိုးရက မျှော်လင့်ထားသလောက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်မလာသေးပါဘူး။ ရင်းနှီးမြှုပ်နှံဖို့ သင့် မသင့် ချိန်ဆနေသူတွေဟာ စနစ်ရဲ့ အားနည်းချက်တွေကို မြင်ကြလို့ပါ။ ဥပမာဆိုရရင် တရားဥပဒေစိုးမိုးရေး အာမခံချက် မရှိပါဘူး။ ရင်းနှီးမြှုပ်နှံဖို့အတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ ဥပဒေတွေအပေါ်မှာ သူတို့အနေနဲ့ လုံလုံလောက်လောက် ယုံကြည်မှု မရှိကြသေးပါဘူး။ နောက်ပြီးတော့ စီးပွားရေးအတွက် အခြေခံ အဆောက်အဦးတွေလည်း မရှိသေးပါဘူး။ ဒါဟာ ကျမတို့လူထုအတွက် တကယ့်ကို လိုအပ်ချက်ပါ။ ဒါကြောင့် ကျမတို့နိုင်ငံရဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက် ကောင်းမွန်လာဖို့ အကူအညီမျိုးတွေကို ကြိုဆိုပါတယ်။”

သူ့အနေနဲ့တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်သိ ရင်းနှီးမြှုပ်နှံမှု
ဖြစ်စေဖို့ လိုလားတယ်လို့လည်း ပြောခဲ့ပါတယ်။ တချိန်တည်းမှာ မြန်မာပြည်
သူတွေရဲ့ လိုအပ်ချက် အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ နိမ့်ပါးနေ
တဲ့ အခြေအနေကိုလည်း ပြောခဲ့ပြီး၊ လတ်တလော မြန်မာလူထုအတွက် အရေးအကြီးဆုံးကတော့ အလုပ်အကိုင်သစ်တွေ ဖန်တီးနိုင်ရေး ဖြစ်
တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းကလည်း အင်မတန် ကြီးပါတယ်။ အထူးသဖြင့်တော့ လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတဲ့ကိစ္စပါ။ အခုလို လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာဟာ ပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံး တလုံးလိုပါပဲ။ အလုပ်မရှိတဲ့ လူငယ်တွေအဖို့ အနာဂတ်အတွက် မျှော်လင့်
ချက် ကင်းမဲ့နေပါတယ်။ ဒါဟာ ပြဿနာရပ် အတော်များများကို ဖြစ်စေနိုင်
ပါတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုပါတယ်။ ဒီဥရောပက လူငယ်တွေအတွက်ဆိုရင် ရေကောင်းရတယ်၊ လမ်းတွေရှိတယ်၊ လျှပ်စစ်
မီးရတယ်၊ ကောင်းမွန်တဲ့ ပညာရေးစနစ်ရှိတယ်။ ကျမတို့ လူထုက ဒါတွေလိုချင်တာပါ။ သူတို့အားလုံး တညီတည်းပြောတာတခုကတော့ အရင်ဆုံး အလုပ်အကိုင် လိုချင်တာပါ။ ဒါဟာ အရေးကြီးဆုံးပါ။ အလုပ်အကိုင် ရှိခြင်းဟာ ကိုယ် ရပ်တည်နေထိုင်ဖို့တင် မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားမှုလည်း ဖြစ်စေပါတယ်။”

နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးပြီး၊ ဒီအတွက် နိုင်ငံတကာ အနေနဲ့လည်း တတ်နိုင်သလောက် ကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။ ငြိမ်းချမ်းမှု မရှိဘဲနဲ့ ကောင်းမွန်တဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်မလာနိုင်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

EU ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင်ကြည့်ပြီး အကူအညီ ပေးစေချင်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့ပါတယ်။

“EU ဥရောပသမဂ္ဂအနေနဲ့ သူမှာရှိတဲ့ သြဇာ သူ့ရဲ့အာဏာတွေကို မြန်မာ့ဒီမို
ကရေစီရေးအတွက် အကူအညီပေး အသုံးချစေလိုပါတယ်။ ကျမ တလျှောက်လုံး ပြောလာတာကတော့ အခြေအနေတွေကို အပေါ်ယံမဟုတ်ဘဲ ထဲထဲဝင်ဝင် ကြည့်စေချင်ပါတယ်။ အပေါ်ယံ အပြောင်းအလဲမျိုးတွေနဲ့ မလုံလောက်ပါဘူး။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်မယ့် စစ်မှန်တဲ့ ပြောင်းလဲမှုမျိုးတွေလိုချင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေအတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးကြီးတဲ့အကြောင်းကိုလည်း ထပ်ပြောခဲ့သလို၊ သူ့အနေနဲ့ကတော့ ဒီမိုကရေစီလမ်းကြောင်းကို ထိခိုက်စေတဲ့ ဖွဲ့စည်းပုံပါ အားနည်းချက်တွေကိုမပြင်ဘဲ၊ အပေါ်ယံ အပြောင်းအလဲ လုပ်ပြတာမျိုးတွေ
ကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုင်းမှာတော့ အိမ်နီးချင်း နိုင်ငံတွေကိုရော အနောက်နိုင်ငံတွေကိုပါ မိတ်ဆွေကောင်းအဖြစ် ဆက်ဆံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အစဉ်အလာ နိုင်ငံခြားရေးမူဝါဒကို အနာဂတ်မှာလည်း ဆက်သွားလို
တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ဟာ ၁၉၅၀ ကာလလောက်ကတည်းက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တိုင်းပြည်ဖြစ်ပေမဲ့၊ ကွန်မြူနစ်တရုတ်အစိုးရကို ပထမဆုံး အသိအမှတ် ပြုခဲ့တဲ့နိုင်ငံပါ။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံဟာ တကယ့်ကို တောင့်တင်းခိုင်မာတဲ့ နိုင်ငံခြားရေး မူဝါဒရှိခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အဲဒီအချိန်ကာလမှာ တရုတ်ကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသလိုပဲ၊ အမေရိကန် ဗြိတိန်စတဲ့ အနောက်နိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံနဲ့လည်း မိတ်ဆွေနိုင်ငံ ဖြစ်ခဲ့
ပါတယ်။ တချိန်တည်းမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီ မူဝါဒမျိုးကိုနဲ့ ရှေ့အနာဂတ် ဆက်သွားလိုပါတယ်။ တရုတ်နိုင်ငံအပြင် အခြားအိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မိတ်ဆွေကောင်း
ဆက်ဆံရေးထားလိုပါတယ်။ ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံတဲ့ အနောက်မိတ်ဆွေ နိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်း ထားလိုပါတယ်။”

မနေ့တုန်းကလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာတော့ ဥရောပပါလီမန်ရဲ့ ၁၉၉၀ Sakharov ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဥရောပပါလီမန် ဥက္ကဌ Martin Schulz လည်း အတူ ပါဝင်ပေမဲ့၊ သတင်းထောက်တွေ
ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးတည်မေးခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်
ကပဲ အဓိက ဖြေကြားသွားပါတယ်။

ဥရောပပါလီမန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကိုအပြည့်အဝ
ထောက်ခံခဲ့သလို၊ ဆက်ပြီး ထောက်ခံသွားမှာဖြစ်တယ်။ ဒါပေမဲ့ အခြေ
အနေ တိုးတက်မှုတွေကိုတော့သတိထားပြီး စောင့်ကြည့်သွားမှာ ဖြစ်တယ်
လို့ ဥရောပပါလီမန်ဥက္ကဌ Martin Schulz က အဲဒီ သတင်းစာရှင်းလင်းပွဲ
မှာပဲ ပြောခဲ့ပါတယ်။

Credit to VOA

Wednesday, October 23, 2013

မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက် အဦးတွေ တိုးတက်ကောင်းမွန်လာရေး အကူအညီပေးကြဖို့ ဥရောပနိုင်ငံ
တွေကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကို ဖိတ်ခေါ်ခဲ့ ပါတယ်။ တချိန်တည်းမှာတော့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေကို ထဲထဲဝင်ဝင် လေ့လာစောင့်ကြည့်ပြီး အကူအညီပေးဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် ၀င်မလာသေးတာဟာ
မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ် ချက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်က မနေ့က ဥရောပ ပါလီမန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ
ပြောသွားပါတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား

Photo: ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား....

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာနဲ့ ၇ မိုင်အကွာလောက်မှာ ဒီနေ့ မနက်ပိုင်းက ကေအိုင်အေတပ်မဟာ ၃ နယ်မြေတပ်ရင်း ၁၂ လက်အောက်ခံတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ကန်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို အခုလိုပြောပါတယ်။

“ဖြစ်တာကတော့သေချာတယ်၊ ကျနော်တို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သတင်းပို့တယ်၊ ဝန်ကြီး ဦးအောင်မင်းတို့ဆီ သတင်းပို့တယ်၊ အဓိကကတော့ သဘောတူညီထားတဲ့ အချက်တွေအပေါ်မှာ လေးစားလိုက်နာဖို့ အရေးကြီးပါတယ်၊ သဘောတူညီချက်ထဲမှာ တိုက်ပွဲထပ်မံမဖြစ်ပွားဖို့ ဆိုတဲ့ဟာပါတယ်”

မနေ့က နေ့လည်ပိုင်းကလည်း မန်စီမြို့နယ် မုန်ဒိန်ပန်ကျေးရွာနားမှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

RFA Burmese

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နမ်လင်းပါကျေးရွာနဲ့ ၇ မိုင်အကွာလောက်မှာ ဒီနေ့ မနက်ပိုင်းက ကေအိုင်အေတပ်မဟာ ၃ နယ်မြေတပ်ရင်း ၁၂ လက်အောက်ခံတပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ကန်ကြောင်း ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက RFA ကို အခုလိုပြောပါတယ်။

“ဖြစ်တာကတော့သေချာတယ်၊ ကျနော်တို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သတင်းပို့တယ်၊ ဝန်ကြီး ဦးအောင်မင်းတို့ဆီ သတင်းပို့တယ်၊ အဓိကကတော့ သဘောတူညီထားတဲ့ အချက်တွေအပေါ်မှာ လေးစားလိုက်နာဖို့ အရေးကြီးပါတယ်၊ သဘောတူညီချက်ထဲမှာ တိုက်ပွဲထပ်မံမဖြစ်ပွားဖို့ ဆိုတဲ့ဟာပါတယ်”

အစိုးရသူလျှိုဟု စွပ်စွဲခံရသူ စသုံးလုံးသို့ နင်းမိုင်းတစ်လုံးနှင့် လက်ပစ်ဗုံးအပ်နှံ

ဟင်္သာ (ရာမည)
မော်လမြိုင်၊ အောက်တိုဘာ-၂၂

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)၊ မွန်ပြည်နယ်ရုံး တာဝန်ခံ
သို့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု ကလို ထူးဘောအခြေချ စစ်ဗျူဟာအဖွဲ့မှ ကိုယ်ပိုင်အမှတ် (၀၁၅ ၇၈) တပ်ကြပ် ကြီးအဆင့်ရှိ စောသန်းဇော် (၃၈) နှစ် သည် အောက်တိုဘာ ၂၀ ရက် ညနေ
၃ နာရီခွဲတွင် ကညင်းကုန်းကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ်၊ ရန်ကုန်တိုင်း
ဒေသကြီး (ဇာတိ) သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် ရောက်ရှိလာပြီး တပ်မှ ထွက်ပြေးလာကြောင်း ပြောဆိုကာ ၎င်းင်း၌ပါလာသည့် နင်းမိုင်းတစ်လုံးနှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို အပ်နှံခဲ့ သည်။

တပ်ကြပ်ကြီးအဆင့်ရှိစောသန်း ဇော်၏ ထွက်ဆိုချက်အရ ၎င်းသည် ကရင်ပြည်နယ် ကျိုက်ဒုံနှင့် ကြာအင်း ဆိပ်ကြီးအကြား (၂၁) မိုင်ရှိ တပ်ဖွဲ့ပိုင် ရော်ဘာခြံ၌ တာဝန်ခံအဖြစ် ဆောင် ရွက်လျက်ရှိပြီး
အောက်တိုဘာ ၁၅ ရက်က တပ်ဖွဲ့ပိုင် ကူတိုဘာ ၄၅၀ အမျိုး အစား လယ်ထွန်စက်သည် ကျိုက်ဒုံ ချောင်းအတွင်း ရေနစ်မြုပ်ခဲ့မှုကို အကြောင်းပြုပြီး

မူးယစ်ဆေးဝါးကိစ္စကြောင့် တာချီလိတ်ခရိုင် တပ်ပိုင်းအရာရှိအချို့ ခေါ်ယူစစ်ဆေးခံရ

အောက်တိုဘာ ၂၃ ရက် ၂၀၁၃

ယခုလဆန်းပိုင်းက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးကြောင့် တာချီလိတ်ခရိုင်အတွင်းရှိ တပ်ပိုင်းအရာရှိ အချို့နှင့် အပေါင်းအပါ ၁၀ ယောက်ကျော် ခေါ်ယူစစ်ဆေးခံနေရကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာ အုပ်စု ရဲတပ်ဖွဲ့မှ ယခုလ ၃ ရက်နေ့က ဖမ်းမိ သော မူးယစ်ဆေး ဝါးကိစ္စကြောင့် ဒေသအတွင်းအခြေစိုက် ခမယ ၅၇၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော် လင်း နှင့် စပ်ဆိုင်သူ ၁၇ ဦးအား ကျိုင်းတုံ တြိဂံတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ကာ စစ်ဆေးမှု ပြုလုပ် နေကြောင်းနီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လားဟူအမျိုးသားတဦးက - “၁၈ ရက်နေ့ လောက် တုန်းက ခေါ်သွားတယ်။ ခမယ ၅၇၂ တော့ မပါဘူး။ ၅၇၁ ရင်းမှူး နဲ့ သူ့အဆက်တွေ အားလုံး တြိဂံတိုင်း ရုံးက တိုက်ရိုက် ဆင့်ခေါ်တာ။ အားလုံးကို ဖမ်းထားတယ်လို့ ကြားတယ်။” - ဟု ပြောသည်။

ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများ

CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့
ကိုယ်ဝန်ဆောင်များကို အပျင်းပြေ ပစ်မှတ်ထားနေသည့် ဆီးရီးယား Sniperများဆီးရီးယား ပြည်တွင်းစစ်အတွင်း ပျင်းရိငြီးငွေ့နေသော Sniper လက်ဖြောင့် သေနတ်သမားများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ပစ်မှတ်ထားကာ စိတ်အပန်းဖြေနေကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ CNN သတင်းဌာနက ဆီးရီးယားရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေသား၏ ဦးခေါင်းနေရာတွင် ကျည်ဆန်စိုက်ဝင်နေသည့် ဓာတ်မှန်ပုံရိပ်ကို ထုတ်ဖော် ပြသကာ အာဖရိက နိုင်ငံအတွင်းရှိ လူမဆန်သော လုပ်ရပ်တစ်ခုကို စတင်ဖော်ထုတ်လာခဲ့သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း မိခင်ဖြစ်သူ အသက်ရှင်ခဲ့သော်လည်း သန္ဓေသားမှာမူ ပျက်စီး သေဆုံးသွားခဲ့သည်။ ဗြိတိန်နိုင်ငံမှ ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ပြီး ဆီးရီးယားရှိ ဆေးရုံ အချို့တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူထားသည့် ဒေါက် တာ ဒေးဗစ်နော့တ်က လက်ဖြောင့် သေနတ်သမားများသည် အပျင်းပြေ ပစ်ခတ်မှု ကစားပွဲတစ်ခုအဖြစ် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လက်တည့်စမ်းနေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်နှင့် အလားတူ အခြေအနေ အချို့ကိုလည်း ယခင်ကတည်းက ဒေါက်တာနော့တ်က ကြုံခဲ့ပြီး ဖြစ်သည်။ "အဓိက ပစ်မှတ်ထားတာက မိခင်ကို မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်ထားတဲ့ ဗိုက်ကိုပဲ။ ပြီးတော့ သန္ဓေသားတွေကို ဖယ်ထုတ်လိုက်ရတိုင်း ကိုယ်ဝန်ဆောင် သက်တမ်း (၈)လ၊ (၉)လလောက် ရှိနေတဲ့ အခြေအနေတွေချည်းပဲ။ အဓိပ္ပါယ်ကတော့ ပစ်မှတ်ဟာ ကိုယ်ဝန်သည် တစ်ယောက်မှန်း လုံးဝ သိသာထင်ရှားနေတာမျိုးကို ရွေးချယ်တာလို့ ယူဆနိုင်ပါတယ်"ဟု ဒေါက်တာနော့တ်က ရှင်းပြခဲ့သည်။ ဆီးရီးယား စစ်ဘက် Sniperများသည် ငယ်ရွယ်သည့် ကလေးများကိုလည်း ပစ်မှတ်အဖြစ် ရွေးချယ်လေ့ရှိကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis