menu

Wednesday 12 February 2014

ဆန်ဖြူ ဆန်ချော စားသုံးမှု များလျှင် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်

Photo: ဆန်ဖြူ ဆန်ချော စားသုံးမှု များလျှင် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်

ဆန်ဖြူ ဆန်ချောအစား ဂျုံကြမ်း ပေါင်မုန့်ကို စားသုံးခြင်းဖြင့် ဆီးချို ရောဂါဖြစ်ပွားမှု သုံးပုံတစ်ပုံ လျော့ကျနိုင်မည် ဖြစ်ကြောင်း အမေရိကန် ကျန်းမာရေး စစ်တမ်း ကောက်ယူသူ များက ပြောကြားသည်။

ဖြစ်ပွားလာနိုင်

ဆန်ဖြူ ဆန်ချော များများ စားသုံးခြင်းကြောင့် သွေးထဲတွင် သကြားဓာတ် များလာပြီး ဆီးချို ရောဂါ ဖြစ်ပွား လာနိုင်ကြောင်း ဟားဗတ် တက္ကသိုလ်မှ သုသေသီများက ပြောကြားသည်။ ဆန်လုံးညိုနှင့် အခြားသော ဂျုံနှင့် လုပ်သော အစားအစာများသည် ဂလူးကို့စ် ပါဝင်မှု နည်းသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

လေ့လာတွေ့ရှိ

အမေရိကန် နိုင်ငံတွင် ဆန်ဖြူ ဆန်ချော စားသုံးသော လူနှစ် သိန်းနီးပါးကို ဆီးချိုရောဂါ အဆင့်(၂)နှင့် ဆက်နွယ် နေမှုအပေါ် အခြေခံလျက် သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။ တစ်ပတ်လျှင် ဆန်ဖြူ ဆန်ချော ဂရမ်၁၅၀ စားသုံးသူ များထက် တစ်လ လက်ဖက်ရည် ပန်းကန် တစ်လုံးစာ စားသုံးသူများနှင့် နှိုင်းယှဉ်ကြည့်ရာ ဆန်ဖြူ ဆန်ချော စားသုံးမှုများ သူများမှာ ဆီးချိုဖြစ်ရန် ၁၇ ရာခိုင်နှုန်း ပိုများသည်ကို လေ့လာ တွေ့ရှိ ရသည်ဟု ဆိုပေသည်။

Ref: New Light of Myanmar

ဆန်ဖြူ ဆန်ချောအစား ဂျုံကြမ်း ပေါင်မုန့်ကို စားသုံးခြင်းဖြင့် ဆီးချို ရောဂါဖြစ်ပွားမှု သုံးပုံတစ်ပုံ လျော့ကျနိုင်မည် ဖြစ်ကြောင်း အမေရိကန် ကျန်းမာရေး စစ်တမ်း ကောက်ယူသူ များက ပြောကြားသည်။

ဖြစ်ပွားလာနိုင်

ဆန်ဖြူ ဆန်ချော များများ စားသုံးခြင်းကြောင့် သွေးထဲတွင် သကြားဓာတ် များလာပြီး ဆီးချို ရောဂါ ဖြစ်ပွား လာနိုင်ကြောင်း ဟားဗတ် တက္ကသိုလ်မှ သုသေသီများက ပြောကြားသည်။ ဆန်လုံးညိုနှင့် အခြားသော ဂျုံနှင့် လုပ်သော အစားအစာများသည် ဂလူးကို့စ် ပါဝင်မှု နည်းသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ

Photo: မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေနိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ်ပေါ်မှာ မူတည်နေတဲ့အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲနေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေတာကြောင့် နုံးချည့်နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

(၄) အာဟာရပြည့်ဝအောင်စားပါ

ကောက်နှံ တစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝစေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ်ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာတတ်တာကြောင့် အဆီ နည်းအသားလို သံဓာတ်ပါဝင်မှုများတဲ့ အစာ စားပေးသင့်ပါတယ်။

(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်

ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတိုအတွင်း အလေးချိန်ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာလျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့်ညောင်းညာ နိုင်ပါတယ်။

(၆) အိပ်ရေးဝဝအိပ်ပါ

တစ်ညကို ရှစ်နာရီလောက် အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်စက်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေ ထွက်လေ မှတ်တာ၊ ဘုရားစာရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက် အနားယူပါ။

(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့အတွက် ဘာကြောင့် အိပ်မပျော် ရတာလဲ ဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့် ညောင်းညာ နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။

ကြယ်စင်

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေနိုင်ပါတယ်။

Justin Bieber အတွက် အကြံပြုစကားဆိုလိုက်တဲ့ Michelle Obama

          
အင်တာဗျူးအသစ်တစ်ခုမှာ မီရှဲလ်အိုဘားမားက ဂျက်စတင်ဘီဘာအတွက် အကြံတချို့ပေးသွား ပါတယ်။

ယူနိုက်တက်စတိတ်ရဲ့ First Lady ဟာ မကြာသေးခင်ကလုပ်တဲ့ အမေးအဖြေကဏ္ဍတစ်ခုမှာ “သင့်မှာ မကြာသေးခင် အချိန်တွေကမှ အမျိုးမျိုးသော တရားရေးတွေနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၁၉နှစ်အရွယ် အဆိုတော် သားလေးတစ်ဦးရှိမယ်ဆိုရင် ဘယ်လိုကိုင်တွယ်မလဲ”ဆိုတဲ့ မေးခွန်းကို မေးမြန်းခံခဲ့ရပါတယ်။
သူမပြန်ဖြေခဲ့တာက “သူ့ကို ကျွန်မနဲ့နီးစပ်အောင် ဆွဲယူရပါမယ်။ သူရဲ့လက်ရှိအချိန်မှာ ဖြစ်တည်နေတဲ့ ဘ၀ထဲကို ၀င်ဖို့ကြိုးစားပါမယ်။ သူနဲ့စကားတွေပြောပြီး သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပုံဖော်ကြည့်ဖို့ ကြိုးစားမယ်။ ဘယ်သူဟာသူ့ရဲ့ဘ၀ ဖြစ်နေပြီး ဘယ်သူကတော့ သူ့ဘ၀ထဲမှာ မရှိဘူးဆိုတာတွေ သိနိုင်အောင်ကြိုးစားရမှာပေါ့” တဲ့။
အားလုံးသိတဲ့အတိုင်း ဘီဘာဟာ မကြာသေးခင်က ကားမောင်းတဲ့ပြဿနာရော သူ့အပေါင်းအပါ တွေအပါအ၀င် ဇိမ်ခံကားဒရိုင်ဘာနဲ့ဖြစ်တဲ့ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရသူတစ်ယောက် ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အိုဘားမားကတော်ကို ဒီလိုမေးခွန်းမျိုး ထည့်မေးခဲ့ရတာဖြစ်ပါတယ်။

ရခိုင်ခေါင်းဆောင်အချို့ လုပ်ကြံခံရမှု စုံစမ်းရန် မလေးရဲအထူးတပ် ဖွဲ့စည်း

လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ရခိုင်ခေါင်းဆောင်တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
  မြန်မာနိုင်ငံက ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေ မလေးရှားနိုင်ငံကို ရောက်ရှိစဉ် လုပ်ကြံခံရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြို့တော် ရဲအထူးတပ်ဖွဲ့တခု ဖွဲ့စည်းထားတယ်လို့ ကွာလာလမ်ပူ စီအိုင်ဒီ အကြီးအကဲ ပြောပါတယ်။

အဲဒီကိစ္စဟာ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိနေပြီး သူကိုယ်တိုင် အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းထားတာလို့ ယာယီ စီအိုင်ဒီအကြီးအကဲ အေစီပီ ခိုင်ရီ အာရာဆာက ပြောတာပါ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့အပါအ၀င် ပါတီခေါင်းဆောင်အချို့တို့ စီးနင်းလာတဲ့ကားကို ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းက သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာပါ။

၆ လအတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၀ ကျော်ရှိ

ပြီးခဲ့တဲ့နှစ် ဒုတိယခြောက်လပတ်အတွင်း မြန်မာ့တပ်မတော်က လူ့အခွင်ရေး ချိုးဖောက်မှုပေါင်း ၁၀၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ မြန်မာလူ့အခွင့်အရေးကွန်ရက်တခုက အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND Burma) က ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

အစီရင်ခံစာမှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာအထိ ၆ လအတွင်း လက်လှမ်းမီတဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး ၁၁ ခုမှာ စာရင်းကောက်ခံထားတာ ဖြစ်ပါတယ်။

"၂၀၁၄ ခုနှစ်အထိပင် ကွက်တိမှန်ကန်နေသော မာ့က်စ်၏ အံဖွယ်ခန့်မှန်းချက် ၅ ခု"

Photo: "၂၀၁၄ ခုနှစ်အထိပင် ကွက်တိမှန်ကန်နေသော မာ့က်စ်၏ အံဖွယ်ခန့်မှန်းချက် ၅ ခု"

နိဒါန်း

ကားလ့်မာ့က်စ်ဆိုလျှင် ကွန်မြူနစ်စနစ်၏ ခေါင်းကိုင်ဖခင်ကြီးတစ်ဦးဖြစ်ကြောင်းလူတိုင်းလိုလိုသိကြပါလိမ့်မည်။ လွန်ခဲ့သည့် နှစ် ၁၆၀ကျော်က သူနှင့် ဖရက်ဒရစ်အိန်ဂျယ်တို့ဖန်ဆင်းခဲ့သော ကွန်မြူနစ်တစ္ဆေကြီးသည် ကမ္ဘာတစ်ဝန်းရှိ အရင်းရှင်တို့ကို ယနေ့ထက်တိုင်ခြောက်လှန့်နေဆဲဖြစ်သည်ကို နိုင်ငံတကာအရင်းရှင်ကြီးများငြင်း၍မရနိုင်ပါ။

"ယနေ့ထက်တိုင်တည်ရှိနေသော လူ့အဖွဲ့အစည်းအားလုံးတို့၏ သမိုင်းသည် လူတန်းစားတိုက်ပွဲများ၏ သမိုင်းပင်ဖြစ်သည်"ဟူ၍ ကားလ်မာ့က်စ်နှင့် ဖရက်ဒရစ်အိန်ဂျယ်တို့က ကွန်မြူနစ်ကြေညာစာတမ်း၏ ပထမဆုံးစာကြောင်းတွင်ကြွေးကျော်ရေးသားခဲ့လေသည်။ သို့ရာတွင် အရင်းရှင်နိုင်ငံအပေါင်းတို့က သွေးရူးသွေးတန်း ၀ိုင်းဝန်းဝါဒဖြန့်ခြေမှုံးခဲ့ကြသဖြင့် ယနေ့အခါတွင် ကွန်မြူနစ်စနစ်မှာငုပ်ကောင်သဖွယ်ရှိနေသော်လည်း လုံးလုံးလျားလျားအမြစ်ပြတ်မသွားသလို ယခင်ကထက်ခိုင်မာသည့်ရေသောက်မြစ်များဖြင့် ပြန်လည်တည်ဆောက်နေသည်ကိုလည်း အားလုံးသိနေကြပါသည်။ ခေတ်နှင့်လျော်ညီသော ကွန်မြူနစ်ကြေညာစာတမ်းများလည်း ပေါ်ထွက်လာလျှက်ရှိနေသည်။

 

ထိုနည်းတူပင် ၂၁ရာစု၏နေ့ရက်များအတွင်းဝယ် ကားလ်မာ့က်စ်အကြောင်း လူပြောသူပြောပြန်လည်များပြားနေပြန်၏။ သို့ရာတွင် အရင်းရှင်စနစ်အပေါ် မာ့က်စ်၏ ထက်မြက်ထိရောက်သော ဆန်းစစ်ဝေဖန်မှုကို အမှန်တကယ်နားလည်သူမှာမူ အနည်းငယ်မျှသာရှိလေသည်။ အများစုမှာကား တော်လှန်သော စီးပွားရေးပညာရှင်တစ်ဦး၏ ခန့်မှန်းချက်များအရ ကွန်မြူနစ်စနစ်သည် အရင်းရှင်စနစ်ကို မလွဲမသွေအစားထိုးနေရာယူလိမ့်မည်ဟူ၍သာ မရေမရာသိထားကြသော်လည်း မာ့က်စ်အနေဖြင့် ထိုအတိုင်းအမှန်ဖြစ်လာမည်ဟု အဘယ်ကြောင့်ယုံကြည်ခဲ့ခြင်းကိုမူ ယေဘုယျအားဖြင့် နားလည်မှုလွဲမှားနေကြလေ၏။ အမေရိကန်ပြည်တွင်းစစ်ကာလများအတွင်းအချိန်ခန့်က ခန့်မှန်းခဲ့သော မာ့က်စ်၏ ခန့်မှန်းချက်အချို့မှားယွင်းခဲ့သည့်တိုင်အောင် ယနေ့ခေတ်အရင်းရှင်စနစ်၏သွင်ပြင်လက္ခဏာများနှင့်ပတ်သက်၍မူ မဟာစီးပွားရေးကျဆင်းမှုမှသည် သင့်အိပ်ထောင်ထဲဝယ် iPhone 5S ရှိနေခြင်းကဲ့သို့သော ခန့်မှန်းချက်များမှာမူ ကွက်တိပင်မှန်ကန်နေလေ၏။

 

၂၀၁၄ ခုနှစ် တွင်ကြုံတွေ့ရမည့်ဖြစ်ရပ်မှန်များအနက် အရင်းရှင်စနစ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သော ကားလ်မာ့က်စ်၏ ကွက်တိမှန်ကန်နေသည့် ခန့်မှန်းချက် ငါးခုကိုဖေါ်ပြလိုက်ပါသည်။

 

(၁)မဟာစီးပွားရေးကျဆင်းမှု(အရင်းရှင်စနစ်၏ဖရိုဖရဲဆန်သောသဘာဝ)

မာ့က်စ်၏ အဓိကကျသော ရေးသားတင်ပြချက်များတွင် အရင်းရှင်စနစ်၏ ဖရိုဖရဲဖြစ်တတ်သော၊ ဘေးကျပ်နံကျပ်ဆိုက်တတ်သော မွေးရာပါသဘာဝများကိုတွေ့ရသည်။ အရင်းရှင်တို့သည် အမြတ်အစွန်းရရှိရေးအလို့ငှာ စက်မှုလုပ်ငန်းကြီးများထူထောင်၍ ထုတ်ကုန်များကိုပို၍ပို၍ထုတ်လုပ်ရင်း လုပ်ခများကိုမူလျှော့ချသည်ထက်လျှော့ချရင်းက ၀ယ်သူများမ၀ယ်နိုင်ကြတော့သည်အထိကုန်ပစ္စည်းများထုတ်လုတ်လာကြခြင်းကြောင့်ပြဿနာများပေါ်လာလိမ့်မည်ဟု မာ့က်စ်ကရေးသားပြောကြားခဲ့သည်။

သေချာပါ၏။ ခေတ်သစ်သမိုင်းဖြစ်ရပ်များအရ မဟာစီးပွားပျက်ကပ်မှသည် သတင်းအချက်အလက်နည်းပညာဆိုင်ရာပေါက်ကွဲမှုအထိဖြစ်စဉ်များသည် မာ့က်စ်က "စိတ်ကူးယဉ်အရင်းအနှီး"ဟုခေါ်ဝေါ်ခဲ့သည့် စတော့ရှယ်ယာများနှင့် အကြွေးစနစ်များကဲ့သို့သော ဘဏ္ဍာငွေကြေးဆိုင်ရာ လက်နက်ကိရိယာများကြောင့်ဆိုသည်ကို နောက်ကြောင်းပြန်ခြေရာခံ၍သုံးသပ်သိရှိနိုင်ပါသည်။

ရောင်းကုန်များအား ထုတ်လုပ်လိုက်ကြသည်မှာ ၀ယ်မည့်သူမရှိတော့သည်အထိဖြစ်ပြီး၊ ဈေးကွက်အသစ်လည်းမရှိ၊ အကြွေးတင်စရာလည်းမရှိတော့ချေ။ ယင်းသံသရာသည် ကျွန်ုပ်တို့မျက်စိရှေ့တွင်ပင်လည်ပတ်နေပါသည်။ အကျယ်ချဲ့ပြောရသော် ၂၀၀၈ ခုနှစ်က အိမ်ယာဈေးကွက်ပျက်ခဲ့သည်မှာလည်း ထိုအချက်များကြောင့်ပင်ဖြစ်လေ၏။ ဆယ်စုနှစ်ပေါင်းများစွာ မညီမမျှဖြစ်မှုက ၀င်ငွေများလျော့ကျစေခဲ့ပြီး ယင်းကပင်လျှင် အမေရိကန်တို့အားကြွေးလည်ပင်းခိုက်စေခဲ့သည်။ အတိုးနည်းနည်းနှင့်ပင်ငွေချေးသူများမရှိကြတော့သည်တွင်မူ မာ့က်စ်ကထိုသို့ဖြစ်လာလိမ့်မည်ဟု ပြောခဲ့သည့်အတိုင်းပင် တစ်စစီပြိုကွဲပျက်စီးခဲ့လေတော့သည်။

 

(၂)iPhone 5S(စိတ်ကူးထဲမှ အာသာဆန္ဒ)

ထုတ်ကုန်များကိုအတောမသတ်ထင်တိုင်းကြဲထုတ်လုပ်မှုကြောင့် "လူသားမဆန်သော၊ ဆန်းပြားရှုတ်ထွေးသော စိတ်ကူးအာရုံထဲမှအာသာဆန္ဒများကို အောက်ကျို့ဝပ်တွားရသည့် သဘာဝမကျသောအဖြစ်များ"ကိုကြုံလာရမည်ဟု မာ့က်စ်ကပြောခဲ့သည့်အတိုင်းဖြစ်လာချေပြီ။ ယင်းသည် အမေရိကန်တွင်သာမက တစ်ကမ္ဘာလုံးတွင်ဖြစ်နေကြခြင်းကို တိတိကျကျနှင့် ခပ်ပြင်းပြင်းဆိုခြင်းပင်ဖြစ်လေ၏။ အမှန်တကယ် မလိုအပ်သော်လည်း အကယ်ပင်လိုအပ်နေသကဲ့သို့ ၀ယ်စရာတွေကို ၀ယ်ပြီးရင်းဝယ်ချင်နေခြင်းမျိုးကို အားလုံးကြုံနေရသည်။

ခင်ဗျားဆီမှာတောင် ၀ယ်ပြီးသားဖြစ်ချင်ဖြစ်နေမည့် iPhone 5S သည် ယမန်နှစ်ကပေါ်ခဲ့သော iPhone 5 သို့တည်းမဟုတ် iPhone 4S တို့ထက် တစ်ကယ်ပင် ထူးထူးခြားခြားပိုမိုကောင်းပါ၏လော။ ကျွန်ုပ်တို့၏ အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်းများကြောင် တရုတ်မိသားစုများ ကင်ဆာရောဂါရနေကြချိန်တွင် ကောင်းနေသေးသောပစ္စည်းများကို အကြောင်းမဲ့သက်သက်ဖြင့် မသုံးတော့ပဲစွန့်ပစ်ကြရန် မီဂါကော်ပိုရေးရှင်းကြီးများက လှုံ့ဆော်ကြော်ငြာနေကြပြန်သည်။ အကယ်၍ မာ့က်စ်သာ ထိုအဖြစ်များကိုမြင်ပါက ခေါင်းတငြိမ့်ငြိမ့်လုပ်နေမည်မှာသေချာ၏။
 

(၃)နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(ကမ္ဘာလုံးဆိုင်ရာအရင်းရင်စနစ်)

အလွန်အကျွံကုန်ထုတ်လုပ်ခြင်းနှင့်ပတ်သက်သည်တို့ကို သုံးသပ်တွေးတောခြင်းက မာ့က်စ်အား ဂလိုဘယ်လိုက်ဇေးရှင်းဟုယနေ့အခါခေါ်ဝေါ်နေကြသည့် ကမ္ဘာလုံးဆိုင်ရာအရင်းရှင်စနစ်ပေါ်ပေါက်လာလိမ့်မည်ဟု ခန့်မှန်းပြောကြားနိုင်စေခဲ့သည်။

 

အရင်းရှင်စနစ်ကို တစ်ကမ္ဘာလုံးဖြန့်ကျက်၍ ဈေးကွက်သစ်များရှာဖွေကြခြင်းပင်ဖြစ်လေ၏။ "မိမိ၏အထွက်ပစ္စည်းများအတွက် ဈေးကွက်ကို အဆက်မပြတ်တိုးချဲ့ရန်လိုအပ်သောကြောင့် ဓနရှင်လူတန်းစားသည် ကမ္ဘာအနှံ့ပြေးလွှားနေရသည်"ဟု မာ့က်စ်က ရေးသားခဲ့သည်။ "ဓနရှင်လူတန်းစားသည် မည်သည့်နေရာ၌မဆို အိုးအိမ်ထူထောင်ကြရမည်၊ မည်သည့်နေရာ၌မဆို အခြေစိုက်ကြရမည်၊ မည်သည့်နေရာနှင့်မဆို ဆက်သွယ်ကြရမည်ဖြစ်၏"ဟုလည်း မာ့က်စ်ကရေးသားခဲ့သေးသည်။

ယင်းသည် ယနေ့ခေတ်တွင် ထူးဆန်းလှသည်မဟုတ်သော်ငြား မာ့က်စ်က ၁၈၄၈ ခုနှစ်ကတည်းကရေးသားခဲ့ခြင်းဖြစ်ပါသည်။ ထိုမျှမက ၂၀ရာစုနှောင်းပိုင်းတွင်ဘာတွေ ဘာကြောင့်ဖြစ်လာမည်ဟုပြောခဲ့ခြင်းကလည်းမှန်နေပြန်သေးသည်။ ဈေးကွက်အသစ်များနှင့် ဈေးချိုသောလုပ်သားများကို အတောမသတ်ရှာဖွေနေရသလို သဘာဝအရင်းအမြစ်များကိုလည်း အမြဲတမ်းလိုအပ်နေခြင်းက မကောင်းဆိုးရွားများကို ဒရစပ်အစာကျွေးနေရသည့်သဖွယ်ပင်ဖြစ်လာတော့၏။
 

(၄)ဝေါလ်မာ့တ်(Walmart)(လက်ဝါးကြီးအုပ်ခြင်း)

ရှေးရိုးစံထား စီးပွားရေးသီအိုရီအရ ပြိုင်ဆိုင်မှုသည်ပုံမှန်ပင်ဖြစ်ပြီး ထို့ကြောင့်ပင်လျှင် မိမိကိုယ်မိမိအရှည်တည်တန့်အောင်ပြုမူနိုင်လိမ့်မည်ဟု ယူဆလက်ခံခဲ့ကြသည်။ မည်သို့ပင်ဆိုကြစေကာမူ လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် သားကောင်ဖမ်းသည့်နှယ်ပြုလုပ်ကြရင်းက ဈေးကွက်၏အင်အားသည် လက်ဝါးကြီးအုပ်ကုမ္ပဏီကြီးများဆီတွင်သာဗဟိုပြုသွားလိမ့်မည်ဟု မာ့က်စ်ပြောခဲ့သည်။

၁၉ ရာစုတုန်းကမူ မာ့က်စ်၏ ကြိုတင်ခန့်မှန်းချက်သည် ထူးခြားနေလေ၏။ "အမေရိကန်တွေဟာ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့စေမှာကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးအင်အားတွေဟာလဲ တစ်နေရာထဲမှာပဲရှိနေတော့မှာမဟုတ်ဘူး"ဟု ၂၀ရာစုအလယ်ပိုင်းက ထင်ရှားခဲ့သည့် အမေရိကန်သမိုင်းဆရာ ရစ်ချတ် ဟော့ဖ်စတက်တာ ကရေးခဲ့သော်ငြား၊မာ့က်စ်ခန့်မှန်းခဲ့သည်တို့မှာ ၂၀ရာစုနှောင်းပိုငးတွင် စတင်အရှိန်ရလာခဲ့သည်။

ယနေ့အခါတွင် ယခင်ကရှိခဲ့ဖူးသည့် မိသားစုလက်လီဆိုင်ငယ်ကလေးများကို ဝေါလ်မာ့တ် လိုစတိုးဆိုင်ကြီးများကအစားထိုးနေရာယူလျှက်ရှိပြီး၊ ဘဏ်အသေးစားကလေးများကိုလည်း ဂျေ၊ ပီ၊ မော်ဂန်လို ကမ္ဘာလုံးဆိုင်ရာ ဘဏ်ကော်ပိုရေးရှင်းကြီများက ၀ါးမျိုသွားပြီဖြစ်ကာ၊ လယ်သမားငယ်တို့၏လုပ်ငန်းများကိုလည်း အာချာ ဒယ်နီယယ်လ် မစ်ဒ်လင်း လို လယ်ယာလုပ်ငန်းကြီးများက အစားထိုးနေရာယူသွားချေပြီ။ နည်းပညာဆိုင်ရာလောကတွင်လည်း ထိုအတိုင်းပင်ဖြစ်ပြီး မဟာကော်ပိုရေးရှင်းကြီးများက မြန်နိုင်သမျှမြန်မြန် စုတ်ယူဝါးမျိုလျှက်ရှိပါသည်။ နိုင်ငံရေးသမားများက မည်သို့ပင်လုပ်နေကြစေကာမူ အဆိုပါလုပ်ငန်းကြီးများအခြေခိုင်နေကြပြီဆိုသည်ကို ကျွန်ုပ်တို့အားလုံးအသိပင်ဖြစ်လေ၏။

(၅)လုပ်ခနည်းနည်း၊ အမြတ်များများ(စက်ရုံလုပ်သား အရံတပ်မတော်)

"စက်ရုံလုပ်သားအရံတပ်မတော်"တစ်ခုကြောင့် လုပ်ခများကျဆင်းလိမ့်မည်ဟု မာ့က်စ် ယုံကြည်ခဲ့သည်။ ဆိုလိုသည်မှာ အရံတပ်မတော်တစ်ခုနှယ် ပိုလျှံနေသော စက်ရုံလုပ်သားများကြောင့် အရင်းရှင်များအတွက် လုပ်ခဈေးနှိမ်ရန် အလွယ်တကူပင် အဆင်ပြေခြင်းဖြစ်လေ၏။

မာ့က်စ်၏နည်းကိုသုံး၍ ကျွန်ုပ်တို့ခန့်မှန်းမည်ဆိုပါက စီးပွားရေးကပ်တစ်ခု အပြီးကာလများတွင် အလုပ်လက်မဲ့နှုန်းမြင့်မားလာခြင်းကြောင့် လုပ်ခဈေးတက်မှုရပ်တန့်သွားကာ အမြတ်ငွေပမာဏမှာမူ တဟုန်ထိုးမြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းပြောကြားနိုင်၏။

အဘယ်ကြောင့်ဆိုသော် အလုပ်လက်မဲ့ဖြစ်မည်ကိုစိုးရိမ်သော လုပ်သားများသည် မိမိတို့အပေါ် မည်မျှပင်သွေးစုပ်သော လုပ်ငန်းဖြစ်နေပါစေ အလုပ်မထွက်ရဲကြတော့ခြင်းကြောင့်ဖြစ်သည်။ "အမေရိကန်၏ စီးပွားရေးပြန်လည်ထူထောင်မှုသည် မာ့က်စ်ဝါဒကဆိုထားသည့် လက္ခဏာများကိုပြနေသည်။ လုပ်ငန်းများ၏ အမြတ်များသာမက ထုတ်လုပ်မှုများပါတိုးတက်လာပြီး အလုပ်လက်မဲ့အဆင့်အတန်းကိုလည်း အထူးတလည်လျှော့ချခြင်းပြုရန်မလိုပဲ ကုမ္ပဏီများကို ပြန်လည်တိုးတက်လာစေသည်"ဟု ဝေါစထရိဂျာနယ်ကလည်း သတိပေးရေးသားခဲ့သည်။

ယင်းကပင်လျှင် အလုပ်သမားများသည် အလုပ်ထွက်ရမည်ကိုစိုးရိမ်သည့်အတွက်ကြောင့် လုပ်ခနှင့်ပတ်သက်၍ ဈေးဆစ်ညှိနှိုင်းမှုမပြုနိုင်တော့ခြင်းကိုပြနေ၏။ အလုပ်လက်မဲ့နည်းပါးပြီး လုပ်ခအနှိမ်ခံနေရသော လုပ်သားများအနေနှင့် အခြားလုပ်သစ်တစ်ခုသို့အဆင်ပြေလွယ်ကူစွာပြောင်းနိုင်သည့်ကာလမျိုးကသာလျှင် မျှတသောတိုးတက်မှုအတွက် အချိန်ကောင်းဆိုသည်ကို အထူးတလည်အံ့အားသင့်ရန်မလိုတော့ချေ။

နိဂုံး

မာ့က်စ်၏ခန့်မှန်းချက်များဝယ် မှားယွင်းခဲ့ခြင်းများလည်း များစွာရှိခဲ့ပါသည်။ သူ၏ အရင်းရှင်စံနစ်အပေါ်ဝေဖန်ဆန်းစစ်ခြင်းများသည် အရင်းရှင်စနစ်အား ဘာနှင့်အစားထိုးရမည်ကို သာမန်မျှအဆိုပြုခြင်းထက် များစွာသာလွန်ပါသည်။ ယင်းအပေါ်အယူလွဲကြသူများလည်းရှိခဲ့ကြပါသည်။ သို့ရာတွင် မာ့က်စ်ကြောင့် ကမ္ဘာကြီးဝယ် အပြုသဘောဆောင်သည့် အပြောင်းအလဲများစွာလည်းဖြစ်ပေါ်ခဲ့ပါသေးသည်။

သို့ရာတွင် မာ့က်စ်၏ ထင်ရှားသောကြွေးကျော်သံဖြစ်သည့် "ကမ္ဘာအ၀န်းရှိလုပ်သားများသွေးစည်းကြ။ သင်တို့အားတုပ်နှောင်ထားသောနှောင်ကြိုးများမှအပ သင်တို့အတွက်ဆုံးရှုံးစရာမရှိ"ဟူသည့် ကြွေးကျော်သံမှာမူ အာနိသင်လျော့နည်းနေပါသေးသည်။

ဟက်ကာ

မှတ်ချက် - Sean McElwee ရေးသားသော Marx Was Right: Five Surprising Ways Karl Marx Predicted 2014 ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။

နိဒါန်း

ကားလ့်မာ့က်စ်ဆိုလျှင် ကွန်မြူနစ်စနစ်၏ ခေါင်းကိုင်ဖခင်ကြီးတစ်ဦးဖြစ်ကြောင်းလူတိုင်းလိုလိုသိကြပါလိမ့်မည်။ လွန်ခဲ့သည့် နှစ် ၁၆၀ကျော်က သူနှင့် ဖရက်ဒရစ်အိန်ဂျယ်တို့ဖန်ဆင်းခဲ့သော ကွန်မြူနစ်တစ္ဆေကြီးသည် ကမ္ဘာတစ်ဝန်းရှိ အရင်းရှင်တို့ကို ယနေ့ထက်တိုင်ခြောက်လှန့်နေဆဲဖြစ်သည်ကို နိုင်ငံတကာအရင်းရှင်ကြီးများငြင်း၍မရနိုင်ပါ။

"ယနေ့ထက်တိုင်တည်ရှိနေသော လူ့အဖွဲ့အစည်းအားလုံးတို့၏ သမိုင်းသည် လူတန်းစားတိုက်ပွဲများ၏ သမိုင်းပင်ဖြစ်သည်"ဟူ၍ ကားလ်မာ့က်စ်နှင့် ဖရက်ဒရစ်အိန်ဂျယ်တို့က ကွန်မြူနစ်ကြေညာစာတမ်း၏ ပထမဆုံးစာကြောင်းတွင်ကြွေးကျော်ရေးသားခဲ့လေသည်။ သို့ရာတွင် အရင်းရှင်နိုင်ငံအပေါင်းတို့က သွေးရူးသွေးတန်း ၀ိုင်းဝန်းဝါဒဖြန့်ခြေမှုံးခဲ့ကြသဖြင့် ယနေ့အခါတွင် ကွန်မြူနစ်စနစ်မှာငုပ်ကောင်သဖွယ်ရှိနေသော်လည်း လုံးလုံးလျားလျားအမြစ်ပြတ်မသွားသလို ယခင်ကထက်ခိုင်မာသည့်ရေသောက်မြစ်များဖြင့် ပြန်လည်တည်ဆောက်နေသည်ကိုလည်း အားလုံးသိနေကြပါသည်။ ခေတ်နှင့်လျော်ညီသော ကွန်မြူနစ်ကြေညာစာတမ်းများလည်း ပေါ်ထွက်လာလျှက်ရှိနေသည်။

ဥရောပမဂ္ဂဇင်းက ရွေးချယ်သော ခရီးသွားရန် အကောင်းဆုံး မြန်မာနိုင်ငံ နံပါတ်တစ်နေရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ဥရောပနိုင်ငံထုတ် ခရီးသွား မဂ္ဂဇင်း တစ်စောင်ဖြစ်သော Wanderlust Travel မဂ္ဂဇင်းက ကမ္ဘာ့နိုင်ငံအသီးထဲမှ ခရီးသွားလာရန် အကောင်းဆုံး နိုင်ငံဆု ရွေးချယ်ရာတွင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံး စာရင်းအရ မြန်မာနိုင်ငံသည် ၉၆ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် နံပါတ်တစ်နေရာ ချိတ်ခဲ့ကြောင်း အဆိုပါမဂ္ဂဇင်း၏ Wanderlust Travel Awards 2013 စာရင်းအရ သိရသည်။

ရန်ကုန်မြို့တွင် ကိုလိုနီ အဆောက်အအုံများ ကျန်ရှိနေခြင်း၊ ကမ္ဘာကျော် ရွှေတိဂုံဘုရား၊ ယင်းနောက် မန္တလေးတောင်ပေါ်ရှိ များပြားလှသော ဘုရားစေတီများ၊ မြန်မာနိုင်ငံ အထက်ပိုင်းမြို့များသို့ စက်ဘီး ခရီးစဉ် နှင်နိုင်ခြင်း၊ ပုဂံရှိ များပြားလှသော စေတီပုထိုးများ၊ ဧရာဝတီမြစ်အလှနှင့် မေခ မလိခ စတင်ပေါင်းဆုံရာ နေရာအလှ၊ အင်းလေးကန်အတွင်း ဒေသခံများ၏ ငါးဖမ်းလှေများပေါ်မှ ထူးခြားသော ငါးဖမ်းခြင်းများသည် ခရီးသွားများတွက် ထူးခြားသော အမြင်သစ်များအဖြစ် ဆွဲဆောင်နိုင်သောကြောင့် အမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ခရီးသွားမဂ္ဂဇင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မိုဘိုင်းဖုန်းအပြောင်းအလဲ ဘယ်သူတွေနိုင်ပြီး ဘယ်သူတွေရှုံးမလဲ

Photo: မိုဘိုင်းဖုန်းအပြောင်းအလဲ ဘယ်သူတွေနိုင်ပြီး ဘယ်သူတွေရှုံးမလဲ
-----------
ရေးသားသူ- ဆွေမွန်၊ ဇော်မျိုးလှိုင်

လာမည့်ရက်ပေါင်း ၂၄၀ အတွင်း မြန်မာနိုင်ငံရှိ လူတိုင်းနီးနီး မိုဘိုင်းဖုန်းအသုံးပြုနိုင်တော့မည်ဖြစ်သည်။ 

ယခုနှစ်အတွင်း လူတိုင်းနီးနီး မိုဘိုင်းဖုန်းအသုံးပြုလာနိုင်မည့်အခြေအနေက မည်သူတို့အတွက် အများဆုံးအကျိုးရှိနိုင်ပါသလဲဟု မေးခွန်းထုတ်သောအခါ ဟန်းဆက်များ၊ မိုဘိုင်း application များ ထုတ်လုပ်ရောင်းချသူ၊ အခြားသော ဆက်သွယ်ရေးပိုင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်အများဆုံးရမည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ အိုင်စီတီလုပ်ငန်းရှင်များကပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူ ခုနစ်သန်းဝန်းကျင်ရှိသည်။ ရှစ်လအတွင်း မိုဘိုင်းဆင်းမ်ကတ် သန်း ၃၀ ကို ရောင်းချပေးနိုင်ရန် အဆင်သင့်ထုတ်လုပ်ပေးသွားမည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ ကြေညာထားသည်။

ထို့အပြင် အော်ရီဒူးနှင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများကလည်း အရေအတွက်မကြေညာသေးသော်လည်း တယ်လီနောနှင့် တစ်ပြိုင်တည်း ဆင်းမ်ကတ်များ သန်းချီရောင်းမည်ဖြစ်ရာ ၎င်းတို့အစီအစဉ်များ အနှောင့်အယှက်မရှိခဲ့လျှင် ယခုနှစ်အတွင်း လူတိုင်းဖုန်းကိုင်နိုင်ကြမည်ဖြစ်သည်။

“ဆက်သွယ်ရေးကောင်းလာရင်တော့ လုပ်ငန်းတွေ အကုန်အကျိုးရှိလာမယ်။ ဘယ်လုပ်ငန်းမဆိုပေါ့။ Direct နဲ့ Indirect ပဲ ကွာမယ်။ Direct Industry ဖြစ်တဲ့ တယ်လီဖုန်းနဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအားလုံးကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ တက်လာမှာပါ။ Call Center တွေလည်း အကုန်တက်မယ်။ တချို့ကိစ္စလေးတွေပဲ နည်းနည်းလေးလိုမယ်”ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူး ဦးဇော်မင်းဦးကပြောသည်။

အဦးဆုံးအကျိုးအမြတ်များစွာရရှိမည့်သူများမှာ ဈေးသက်သာသော တရုတ်ဟန်းဆက်ထုတ်လုပ်သူများဖြစ်မည်။ ဆက်သွယ်ရေးအော်ပရေတာများအတွက် စက်ပစ္စည်းများ ထောက်ပံ့ရောင်းချခွင့်ရရှိထားသော ZTE, Huawei စသော တရုတ်ကုမ္ပဏီများ၊ တာဝါတိုင်များကို ကန်ထရိုက်ယူကာ လိုက်လံတည်ဆောက်ပေးသည့်ကုမ္ပဏီများ၊ ဟန်းဆက်အရောင်းဆိုင်များမှ တိုက်ရိုက်အကျိုးကျေးဇူးများစွာ ရရှိမည့်သူများဖြစ်သည်။

ပြည်တွင်း၌ လက်ရှိတွင် ဟန်းဆက်များထုတ်လုပ်သည့် ကုမ္ပဏီမရှိသေးသော်လည်း ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီများအနေဖြင့် ၀န်ဆောင်မှုများပြားလာသည့်အချိန်တွင် ထိုကဲ့သို့ ဟန်းဆက်များ ထုတ်လုပ်နိုင်မည့် ကုမ္ပဏီများရှိလာနိုင်ကြောင်း ဦးဇော်မင်းဦးကသုံးသပ်သည်။

ဟန်းဆက်များတင်သွင်းရောင်းချမည့် ကုမ္ပဏီအများအပြားတိုးပွားလာနိုင်ပြီး ထို့နောက်တွင် ပြည်တွင်းဖြန့်ကြက်လုပ်ကိုင်နိုင်ရန်အတွက် အခွန်အခကြီးမားမှုမှာ အဆိုပါကုမ္ပဏီများအတွက် အခက်အခဲဖြစ်နေပြီး ၂၀ ရာခိုင်နှုန်းခန့် ပေးဆောင်နေရခြင်းကြောင့် တရားမ၀င်တင်သွင်းနေရမှုများနေရာ အကောက်ခွန်နှင့် အခြားသောသူများက ပိုမိုအကျိုးရှိနေပြီး နောက်ပိုင်းတွင် တရားဝင်တင်သွင်းနိုင်ရန် အခွန်နှုန်းထားလျှော့ချနိုင်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း မန္တလေးကွန်ပျူတာလုပ်ငန်းရှင်အသင်းနာယက ဦးရဲမြတ်သူကပြောသည်။

“တယ်လီဖုန်းတွေ အများကြီးဝင်တာမှာ သတ်မှတ်ထားတဲ့ အခြားပစ္စည်းတွေလိုမျိုးပဲ သင့်တော်တဲ့နှုန်း ထားသင့်တယ်။ တစ်နိုင်ငံလုံးတင်သွင်းနေတဲ့ အလုံးရေကို ခြုံကြည့်ရင် အနည်းစုကသွင်းပြီး အများစုက အောက်လမ်းက၀င်လာတာတွေဖြစ်နေတယ်။ အဲဒီလိုဖြစ်မယ့်အစား ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ ကောက်နိုင်ရင် အခွန်လည်းပိုရလာမယ်” ဟု ဦးရဲမြတ်သူကပြောသည်။

အော်ပရေတာများက စတင်ရောင်းချချိန်တွင် ဆင်းမ်ကတ်အရေအတွက်နှင့် ရောင်းချပေးမှုအပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ထားမှုများ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ယခင်က အချိန်အတိုင်းအတာဖြင့် လစဉ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးစဉ်ကပင် ဟန်းဆက်များ ၀ယ်လိုအားကောင်း၍ ပစ္စည်းပြတ်လပ်ခြင်းများရှိခဲ့သည်။

“လိုသလောက်မရခင်ကတောင် တစ်ခါတလေ လူသုံးများတဲ့ ဟန်းဆက်တွေပြတ်လပ်တာ ရက်ပိုင်းလောက်စောင့်ရတာတွေ ရှိနေသေးတာ။ အခုလိုရောင်းပေးလို့ လိုသလောက်ရတဲ့အချိန်ကျရင် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်လာနိုင်သလို သူ့နောက်ကရမယ့် အကျိုးအမြတ်ကလည်း များလာနိုင်တယ်”ဟု မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

နေရာတိုင်းတွင် မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူလာနိုင်သည့်အချိန်တွင် Keypad ဖုန်းအမျိုးအစားများ အသုံးပြုမှုများလာနိုင်သော်လည်း ပြည်တွင်းဈေးကွက်အရ စမတ်ဖုန်းအမျိုးအစား ဈေးသက်သာမည့် မိုဘိုင်းဈေးကွက် ပိုမိုကြီးထွားလာနိုင်ကြောင်း Mr.Fone ဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုထက်လင်းကျော်က ပြောကြားသည်။ စမတ်ဖုန်းဈေးကွက်ကို မြန်မာနိုင်ငံတွင် နေရယူထားနိုင်မည့် ကုမ္ပဏီများအနေဖြင့်လည်း အကျိုးအမြတ်မှာ အော်ပရေတာကုမ္ပဏီများနောက်တွင် လိုက်ပါလာနိုင်မည်ဖြစ်သည်။

“အော်ပရေတာတွေက ဆင်းမ်ကတ်တွေ ရောင်းချထားပေးရင် ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်ဆိုတဲ့ပေါ်မှာ ဟန်းဆက်ဈေးကွက်က မူတည်တယ်။ ဟန်းဆက်နဲ့တွဲရောင်းမှာလား၊ ဘယ်လိုရောင်းပေးမှာလဲဆိုတာက ရှိသေးတယ်။ အဲဒီပေါ်မူတည်ပြီး လုပ်ကိုင်ရမှာ”ဟု Mr.Fone ဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ကိုထက်လင်းကျော်ကပြောသည်။

မိုဘိုင်းဟန်းဆက်များ တင်သွင်းဖြန့်ဖြူးရောင်းချပေးနေသည့် ကုမ္ပဏီများနေဖြင့်လည်း အကျိုးများစွာရှိမည်ဖြစ်ပြီး မိုဘိုင်း 3G စနစ်ကို ဆင်းမ်ကတ်များ စတင်ရောင်းချစဉ်တွင်ပင် အသုံးပြုနိုင်မည်ဟု ထုတ်ပြန်ထားမှုများနှင့် အင်တာနက်အသုံးပြုမှုကို တစ်ပါတည်း ထည့်သွင်းပေးမည်ဖြစ်သောကြောင့် အင်တာနက်ဆိုင်ရာလုပ်ကိုင်နေသည့် လုပ်ငန်းများအားလုံးလည်း တစ်ပြေးညီတိုးတက်လာနိုင်မည်ဖြစ်သည်။

“တယ်လီဖုန်းကနေ အင်တာနက်ရတဲ့အတွက် အင်တာနက်ကုမ္ပဏီတွေလည်း တက်လာမယ်။ Content လုပ်တဲ့ Developer တွေလည်း တက်လာမယ်။ Mobile Content တွေတင်မကဘဲ Internet Content တွေပါ တက်လာမယ်။ Data Backbone ကလည်း ဆောက်ကိုဆောက်ရမယ်ဆိုတော့ တယ်လီဖုန်းနက်ဝါ့ခ်တင်မဟုတ်ဘဲ အင်တာနက်နက်ဝါ့ခ်လည်း တစ်ခါတည်းတက်လာမှာပါ”ဟု ဦးဇော်မင်းဦးကပြောသည်။

မိုဘိုင်းဖုန်းအသုံးပြုမှုများလာသည့်နောက်တွင် အဆိုပါဖုန်းအတွင်း ထည့်သွင်းအသုံးပြုလာနိုင်မည့် Application သုံးစွဲမှု များပြားလာနိုင်ပြီး ထို့နောက်တွင် မိုဘိုင်း Application ကို အသုံးပြုပြီး ချိတ်ဆက်လုပ်ကိုင်နိုင်မည့် လုပ်ငန်းများ၊ မိုဘိုင်းဘဏ်စနစ်များသာမက မိုဘိုင်းမှတစ်ဆင့် သတင်းအချက်အလက်ပေးပို့ခြင်းကဏ္ဍများ ပိုမိုတိုးတက်လာနိုင်သည်။

“Mobile Application တွေ အသုံးပြုတာများလာလိမ့်မယ်။ Mobile Application က နှစ်ပိုင်းရှိတယ်။ သုံးစွဲသူတွေအတွက် ထုတ်လုပ်ပေးရတာတွေရှိမယ်။ Industrial လုပ်ငန်းသုံး ထုတ်လုပ် ပးတာတွေရှိမယ်။ အဲဒီလိုလည်း အသုံးပြုတာများလာလိမ့်မယ်။ ဆော့ဖ်ဝဲတွေရောပေါ့။ Mobile Banking လိုဟာမျိုးတွေလည်း များလာမှာပေါ့”ဟု MIT Software ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဦးထွန်းသူရသက်က သုံးသပ်ပြောကြားသည်။

ထို့အပြင် ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်လုပ်ကိုင်နေသည့် မိုဘိုင်း SMS မှတစ်ဆင့် သတင်းပေးပို့ခြင်း၊ အချက်အလက်ရယူခြင်း၊ Call Center လုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့်လည်း ပိုမိုဈေးကွက်ကြီးမားလာမည်ဖြစ်သည်။

“ကျွန်တော်တို့ကတော့ အခုဆင်းမ်ကတ်ရောင်းချပေးမယ့် အော်ပရေတာတွေက တယ်လီနောက ဆင်းမ်ကတ်ပဲဖြစ်ဖြစ်၊ အော်ရီဒူးက ဆင်းမ်ကတ်ပဲဖြစ်ဖြစ် ညှိနှိုင်းပြီး အဲဒီဆင်းမ်ကတ်အသုံးပြုတဲ့သူတွေကို SMS Service တွေအတွက် ညှိနှိုင်းသွားမှာပါပဲ။ မိုဘိုင်းဖုန်းတွေ ဆင်းမ်ကတ်တွေ များလာရင်တော့ လုပ်ငန်းတွေလည်း ပိုအဆင်ပြေလာမှာပါ”ဟု လက်ရှိ 1876 Call Center များအပြင် SMS များကို ၀န်ဆောင်မှုပေးနေသည့် Blue Ocean ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုတင်ကိုကိုလတ်က ပြောသည်။

လက်ရှိတွင် သတင်းဌာနနှစ်ခုဖြစ်သည့် BBC နှင့် Eleven Media မှ သတင်းအချက်အလက်များကို သတင်းတိုပို့စနစ်ဖြင့် ၀ယ်ယူထားသော မိုဘိုင်းဖုန်းများသို့ SMS ပို့၍ ၀န်ဆောင်မှုပေးနေသော်လည်း နောက်ပိုင်းတွင် အခြားသောသတင်းဌာနများမှလည်း မိုဘိုင်းမှတစ်ဆင့် လုပ်ကိုင်မှုများပြားလာနိုင်မည်ဖြစ်သည်။

ထို့အပြင် မိုဘိုင်းဖုန်းများ ရုတ်တရက်ပေါများလာမည့် ဂယက်ကြောင့် ရပ်တည်ရန်ခက်ခဲပြီး ပျောက်ကွယ်သွားမည့်လုပ်ငန်းအချို့ကလည်း ရှိလာနိုင်သည်။

မိုဘိုင်းဖုန်းများအသုံးပြုမှုများပြားလာချိန်တွင် ပျောက်ကွယ်သွားမည့်လုပ်ငန်းတစ်ခုမှာ အများပြည်သူသုံးတယ်လီဖုန်းများပင် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလက်အောက်တွင် လုပ်ကိုင်နေသည့် အများပြည်သူတယ်လီဖုန်းများကို ဆက်သွယ်ရေးလုပ်ငန်းမှ ချထားလုပ်ကိုင်စေရာတွင် အသုံးပြုမှုနည်းပါးပါက ပြန်လည်သိမ်းမည်မဟုတ်သော်လည်း မလုပ်ကိုင်လိုတော့၍ ပြန်လည်အပ်နှံခြင်းများရှိပါက လက်ခံပြီး လိုင်းပိတ်သိမ်းခြင်းများပြုလုပ်မည်ဖြစ်သည်။

“မိုဘိုင်းဖုန်းတွေများလာတော့ PCO ဖုန်းက လျော့ကျသွားမှာပဲ။ အရင်ကလည်း လာအပ်တဲ့သူတွေရှိတယ်။ အဲဒါတွေဆိုရင် လိုင်းပိတ်ပစ်လိုက်တယ်။ ဘယ်လောက်ထိ လျော့သွားမလဲဆိုတာတော့ ခန့်မှန်းပြောလို့မရဘူး”ဟု အများပြည်သူသုံးတယ်လီဖုန်းဌာနမှ အရာရှိတစ်ဦးကပြောသည်။

ထို့အပြင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်ပေါ်မှ သတင်းဖတ်သူ၊ သတင်းတိုပို့စနစ်ဖြင့် သတင်းဖတ်သူများလာမည်ဖြစ်၍လည်း ပုံနှိပ်မီဒီယာအချို့ မိုဘိုင်းဖုန်းအပြောင်းအလဲပေါ် ရင်ခုန်စွာစောင့်ကြည့်နေသည်။ အချို့လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

အများပြည်သူသုံး တယ်လီဖုန်းလုပ်ငန်းများ ပျောက်ကွယ်သွားနိုင်ဖွယ်ရှိသော်လည်း အခြားသော ဆက်သွယ်ရေးလုပ်ငန်းများမှာ အကျိုးအမြတ်ဖြစ်ထွန်းသည့်ဘက်ကို ပိုမိုအလားအလာရှိရာ အချို့နေရာများတွင် လုပ်ကိုင်ရခက်ခဲခြင်းများ၊ အိုင်တီဆိုင်ရာလုပ်ငန်းများတွင် အချို့သော အခက်အခဲများသာ ရှိလာနိုင်မည်ဖြစ်ကြောင်း ကွန်ပျူတာပညာရှင်များကသုံးသပ်သည်။

“လူတိုင်းနီးပါး ဆက်သွယ်လို့ရမယ့်ကိစ္စမှာ ဆိုးကျိုးတွေကတော့ မတွေ့ဘူး။ ဆက်သွယ်ဆောင်ရွက်မှုက အချိန်တိုင်းမှာ ပြုလုပ်နေတာပဲလေ။ ဒီနေရာမှာရှိနိုင်တဲ့ဆိုးကျိုးက အင်တာနက် Acess ရတယ်။ အဲဒီကနေမဟုတ်တဲ့ Content တွေ သွားမိမယ်။ ဒါတွေကလည်း ကိုယ့်ရွေးချယ်မှုပဲ။ အချိန်တိုင်းမှာ ဆက်သွယ်မှုအဆင်ပြေတဲ့အတွက် ကောင်းတဲ့ကိစ္စပါပဲ”ဟု ဦးဇော်မင်းဦးကပြောသည်။

ဓာတ်ပုံ- Telenor Myanmar & Ooredoo Myanmar Facebook

ရေးသားသူ- ဆွေမွန်၊ ဇော်မျိုးလှိုင်

လာမည့်ရက်ပေါင်း ၂၄၀ အတွင်း မြန်မာနိုင်ငံရှိ လူတိုင်းနီးနီး မိုဘိုင်းဖုန်းအသုံးပြုနိုင်တော့မည်ဖြစ်သည်။

ယခုနှစ်အတွင်း လူတိုင်းနီးနီး မိုဘိုင်းဖုန်းအသုံးပြုလာနိုင်မည့်အခြေအနေက မည်သူတို့အတွက် အများဆုံးအကျိုးရှိနိုင်ပါသလဲဟု မေးခွန်းထုတ်သောအခါ ဟန်းဆက်များ၊ မိုဘိုင်း application များ ထုတ်လုပ်ရောင်းချသူ၊ အခြားသော ဆက်သွယ်ရေးပိုင်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများမှ အကျိုးအမြတ်အများဆုံးရမည်ဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ အိုင်စီတီလုပ်ငန်းရှင်များကပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူ ခုနစ်သန်းဝန်းကျင်ရှိသည်။ ရှစ်လအတွင်း မိုဘိုင်းဆင်းမ်ကတ် သန်း ၃၀ ကို ရောင်းချပေးနိုင်ရန် အဆင်သင့်ထုတ်လုပ်ပေးသွားမည်ဟု တယ်လီနောမြန်မာကုမ္ပဏီမှ ကြေညာထားသည်။

ထို့အပြင် အော်ရီဒူးနှင့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများကလည်း အရေအတွက်မကြေညာသေးသော်လည်း တယ်လီနောနှင့် တစ်ပြိုင်တည်း ဆင်းမ်ကတ်များ သန်းချီရောင်းမည်ဖြစ်ရာ ၎င်းတို့အစီအစဉ်များ အနှောင့်အယှက်မရှိခဲ့လျှင် ယခုနှစ်အတွင်း လူတိုင်းဖုန်းကိုင်နိုင်ကြမည်ဖြစ်သည်။

ယဉ်ကျေးမှုမြို့တော်မှ နဂါးခြေရာများ

Photo: ယဉ်ကျေးမှုမြို့တော်မှ နဂါးခြေရာများ
--------------
ရေးသားသူ- မောင်တာ

မြန်မာဘုရင်နောက်ဆုံးမင်းဆက် ထီးနန်းစိုးစံခဲ့ရာ ရတနာပုံနေပြည်တော်၏ နန်းမြို့ရိုးရှေ့ကျုံးပလက်ဖောင်းသည် လွန်ခဲ့သောဆယ်စုနှစ်မှစတင်ကာ တရုတ်လူမျိုးတို့     နံနက်ပိုင်း ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရာနေရာတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

ကျုံးရေပြင်တွင် မြူနှင်းများရစ်သိုင်းနေဆဲဖြစ်ပြီး အလင်းရောင်မသဲကွဲမီအချိန်ကတည်းကပင် ရွှေနန်းတော်ကျုံးဘေးပတ်လည်တွင် တရုတ်ရိုးရာ ထိုက်ကျိကစားသူများ၊ ၀ူရှူးကစားသူများ၊ လမ်းလျှောက်သူများဖြင့် စည်းကားနေပြီး ကျုံးဘေးလမ်းမပေါ်တွင် အရောင်အသွေးစုံ နောက်ဆုံးပေါ်ကားများ အစီရီရပ်တန့်ထားကာ အသက်အရွယ်မျိုးစုံ တရုတ်အမျိုးသား၊ အမျိုးသမီးများမှာလည်း နေ့သစ်တစ်ခုမစတင်မီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေကြသည်။

အစုလိုက်၊ အစုလိုက် ထိုက်ကျိကစားသူများက ကက်ဆက်များ၊ ဆောင်းဘောက်များဖြင့် တေးသီချင်းများ ကျယ်လောင်စွာဖွင့်ထားကြပြီး သူတို့ထံမှ တရုတ်သီချင်းနှင့် တရုတ်သံစဉ်များမှာ ကျုံးဘေးဝန်းကျင်ပျံ့လွင့်နေသည်။ မြန်မာတို့၏ အထွတ်အထိပ်၊ အလေးထားဂုဏ်ယူရာနေရာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် မြို့၏အထိမ်းအမှတ်ပြယုဂ်ဖြစ်သည့် မန္တလေးနန်းတော်နှင့် ကျုံးမြို့ရိုးသည် တရုတ်သီချင်းသံစဉ်များဖုံးလွှမ်းခံနေရပြီး ခေါင်းဖော်နိုင်ခြင်းမရှိတော့။

ရှေးအစဉ်အဆက်ကတည်းက လာရောက်နေထိုင်မှုများရှိခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် တပ်မတော်အစိုးရအုပ်ချုပ်သည့် ကာလများတွင် မန္တလေးမြို့သို့ တရုတ်လူမျိုးများ အလုံးအရင်းဖြင့် ဆက်တိုက်ဝင်ရောက်လာခဲ့သည်။

ယဉ်ကျေးမှုမြို့တော်တွင် တရုတ်နိုင်ငံသားများ များလာခြင်းသည် စစ်အစိုးရလက်ထက်တွင် လာဘ်ပေးလာဘ်ယူမှု ကြီးမားလာခြင်းနှင့် တိုက်ရိုက်ဆက်စပ်သည်။ 

“အာဏာပိုင်တွေက တရုတ်ကိုကြောက်ပြီး မျက်နှာသာပေးနေတယ်ဆိုရင်တော့ ဒီပြဿနာဖြစ်နေမှာပဲဗျ။ အစဉ်အဆက်မှာလည်း နိုင်ငံသားနဲ့ တရုတ်ဆိုရင် တရုတ်ကိုပဲ အာဏာပိုင်တွေက မျက်နှာသာပေးခဲ့တာ။ တရုတ်ကလည်း ပက်ပက်စက်စက်ကိုပဲ လာဘ်ထိုးတယ်။ လာဘ်လည်းထိုးနိုင်တယ်ဆိုတော့ အပေးအယူတည့်နေကြတယ်။  နိုင်ငံသားတွေကတော့ မျက်နှာသာပေးတာမခံရဘူး။ ဥပဒေအရရော။ အမျိုးစုံ မျက်နှာသာပေးမခံရဘူး။ နောက်ဆုံးလာဘ်စားတဲ့နေရာမှာတောင် နိုင်ငံသားဆီက များများလည်းမရသလို သိပ်လည်းမစားရဲဘူး။ တရုတ်နဲ့ကျတော့ လဘ်စားမှုလည်း ရဲရဲစားတယ်။ မျက်နှာသာလည်းပေးတယ်။ အဲဒီလိုနဲ့ အစဉ်အဆက် စစ်အစိုးရခေတ်ကတည်းက နေရာတွေရလာကြတယ်”ဟု မန္တလေးမြို့ခံ စာရေးဆရာနှင့် သတင်းစာဆရာဖြစ်သူ ဆရာကျော်ရင်မြင့်ကပြောသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့တွင်း မြန်မာစကားမပြောသော တရုတ်များ တစ်နေ့တခြား တိုးပွားများပြားလာသည်။ မန္တလေးတွင် အခြေချနေထိုင်သူလား၊ ပတ်စ်ပို့ဖြင့် လာရောက်သူလား မကွဲပြားနိုင်သည့် မြန်မာစကားမပြောသော တရုတ်များသည် မန္တလေးမြို့တွင်းလမ်းမများပေါ် ဥဒဟိုသွားလာနေကြသည်။ မန္တလေးမြို့၏ အထင်ကရနေရာများ၊ လေဆိပ်၊ သင်္ဘောဆိပ်နှင့် ရထားဂိတ်၊ ကားဂိတ်များ၊ ဈေးများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်တည်းခိုခန်းများတွင် တရုတ်စကားသံများ ဆူညံစွာကြားနေရသည်။

၁၉၈၀ ပြည့်နှစ်များအတွင်း နောက်ဆုံးကောက်ယူခဲ့သည့် သန်းခေါင်စာရင်းကို အခြေခံတွက်ချက်ထားသည့် ခန့်မှန်းလူဦးရေစာရင်းအရ မန္တလေးတိုင်းဒေသကြီးအတွင်း တရုတ်လူမျိုး ၇၄၄၀၀ ဦးကျော် နေထိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။ ၎င်းမှာ တိုင်းဒေသကြီးအတွင်းနေထိုင်သော လူဦးရေ 
၇ သန်းကျော်၏ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ဗမာ၊ အိန္ဒိယ၊ ရှမ်းလူမျိုးစုများပြီးလျှင် စတုတ္ထအများဆုံးနေထိုင်သူလည်းဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် မန္တလေးမြို့ပေါ်၌ နေထိုင်သော တရုတ်လူမျိုးမှာ မြို့လူဦးရေ၏ သုံးပုံတစ်ပုံခန့်အထိရှိနိုင်ပြီး လူဦးရေသိန်းချီရှိနေပြီဟု မန္တလေးမြို့ခံများကပြောသည်။ ၂၀၁၂ ခုနှစ်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအတွက် ထိုင်းနိုင်ငံအခြေစိုက်အဖွဲ့အစည်းတစ်ခုမှ စစ်တမ်းကောက်ယူခဲ့ရာ တရုတ်လူမျိုးများမှာ မန္တလေးမြို့တွင်နေထိုင်သော လူဦးရေ၏  ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်သည်ဟု ဖော်ပြထားသည်။

“သူတို့ရဲ့ပိုင်ဆိုင်မူကတော့ တော်တော်များတယ်။ မြို့တွင်းပိုင်း အိမ်ခြံမြေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို တရုတ်နွယ်ဖွားတွေ ပိုင်ဆိုင်ထားတယ်လို့ ခန့်မှန်းမိပါတယ်။ ဟိုတယ်ဆောက်ချင်တယ်ဆိုတာမျိုး မြေကွက်ကျယ်ကျယ်နဲ့ စီမံကိန်းတင်ပြလာရင် ပိုင်ဆိုင်သူက သူတို့တွေပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အတိအကျစာရင်းကောက်ယူထားတာ။ စစ်တမ်းပြုစုထားတာမျိုးတော့ မရှိပါဘူး”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့်မြေအသုံးချမှုစီမံခန့်ခွဲရေးဌာနမှ ဌာနခွဲမှူးဦးသန်းဝေကပြောသည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးများပြားလာခြင်းက မြို့ခံများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးများအပေါ် ထူးခြားသည့်ရိုက်ခတ်မှုများရှိလာသည်။ အထူးသဖြင့် စီးပွားရေးနှင့် လူမှုရေးပိုင်းတို့တွင် တရုတ်တို့နေရာယူလာခြင်းက မြို့ခံများ၏ နေ့စဉ်ဘ၀လှုပ်ရှားမှုများအပေါ် များစွာပြောင်းလဲသွားစေသည်ဟု မြို့ခံများကဆိုသည်။

မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကကျောင်းအများစုသည် အင်္ဂလိပ်စာ၊ မြန်မာစာအပြင် တရုတ်စာကိုပါ တွဲဖက်သင်ကြားနေရသည်။ မြို့ပေါ်ရှိ တရုတ်ကုမ္ပဏီများတွင် အလုပ်ဝင်နိုင်ရန် တက္ကသိုလ်ဘွဲ့ရများအနေဖြင့် တရုတ်စာကိုပါ လေ့လာသင်ယူနေရသည်။ ဆွမ်း၊ ကွမ်းနှင့် ပစ္စည်းလေးပါးအလှူခံရန်အတွက် မြို့သစ်ပိုင်းနှင့် မြို့စွန်ပိုင်းရှိရပ်ကွက်များကို ပိုမိုဦးတည်ရွေးချယ်လာနေရသည်ဟု ဆရာတော်၊ သံဃာတော်နှင့် သီလရှင်ဆရာလေးများက မိန့်ကြားသည်။

မန္တလေးမြို့၏ အထင်ကရနှင့် မြို့ခံများ၏ စီးပွားရေးနှင့် နက်နဲစွာပတ်သက်ဆက်နွှယ်နေသော မန္တလေးဈေးချိုတော်သည် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှ စတင်ကာ ရောင်းဝယ်မှုပုံစံများ ပြောင်းလဲလာသည်ဟု ဈေးချိုတွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူအချို့ကပြောသည်။ အထက်မြန်မာပြည်မြို့ရွာငယ်များမှ ကုန်သည်၊ ဈေးသည်များသည် ဈေးချိုတော်တွင် ဈေးဝယ်ခြင်းထက် တရုတ်ကုန်သည်ကြီးများ၏ နေအိမ်တွင် စိတ်ကြိုက်ဝယ်ယူခြင်းများ ပိုမိုပြုလုပ်လာသည်။ တရုတ်ကုန်သည်ကြီးများက ၎င်းတို့၏ဖောက်သည်များအား ဈေးချိုမှ အိမ်သို့ခေါ်ဆောင်သွားခဲ့ပြီး အကြွေးရောင်းချပေးနေကြရာ ဈေးချိုတော်မှ ဈေးဆိုင်ငယ်အချို့ တဖြည်းဖြည်းယိုင်နဲ့ပြိုလဲနေရသည်ဟု ဈေးချိုတော်တွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းဝယ်နေသူအချို့ကပြောသည်။

မန္တလေးကျောက်ဝိုင်းတွင် ဆိုင်ခန်း ၁၁၀၀ ကျော်ရှိရာ လေးပုံတစ်ပုံခန့်မှာ တရုတ်လူမျိုးများ ဆိုင်ဖွင့်ကာလုပ်ကိုင်နေကြခြင်း ဖြစ်သည်။ မန္တလေးကျောက်ဝိုင်းရှိ လွှာချပ်ဝိုင်းတွင် တရုတ်ကျောက်မျက်ကုန်သည် လာရောက်ဝယ်ယူမှုမရှိလျှင် အရောင်းအ၀ယ်ရပ်တန့်နေရသည်ဟု ကျောက်မျက်ကုန်သည်များကပြောသည်။

“လွှာချပ်ဝိုင်းက တရုတ်ကုန်သည်အပေါ် အဓိကမှီခိုနေရတယ်။ သူတို့မလာရင် အရောင်းအ၀ယ်မဖြစ်ဘူး။ တရုတ်နှစ်သစ်ကူးလိုအချိန်တွေမှာဆို ကျောက်ဝိုင်းက လွှာချပ်သမားတွေ အရောင်းအ၀ယ်မဖြစ်လို့ ဆိုင်ပိတ်ထားရတာမျိုးထိရှိတယ်”ဟု မန္တလေးမှ ကျောက်မျက်ကုန်သည် ဦးဇော်ဇော်ကပြောသည်။

မန္တလေးမြို့၏ အိမ်ခြံမြေဈေးကွက်တွင်လည်း တရုတ်နွယ်ဖွားများ အများဆုံးပိုင်ဆိုင်သည့်  မြို့တွင်းရှိ အချက်အချာကျသော နေရာအများစုကို တရုတ်လုပ်ငန်းရှင်များက ပိုင်ဆိုင်ပြီး မူလမြို့ခံများ မြေရောင်း၊ အိမ်ရောင်းပြီး မြို့စွန်သို့ အများဆုံးပြောင်းရွှေ့သွားကြသည်။

သီးနှံစိုက်ပျိုးခြင်းနှင့် သစ်သီးဝလံရောင်းဝယ်ခြင်းလုပ်ငန်းများတွင် တရုတ်လူမျိုးများ ၀င်ရောက်လုပ်ကိုင်နေပြီး ဖရဲ၊ သခွားစိုက်ပျိုးခြင်းနှင့် ရောင်းဝယ်ခြင်းတွင် တရုတ်ကုန်သည်များက လွှမ်းမိုးထားကာ မြန်မာများ လုပ်ကိုင်နိုင်ခြင်းမရှိဟု သစ်သီးဝလံတင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။

မန္တလေးမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ဟိုတယ် ၁၀၀ ရှိပြီး ၎င်းဟိုတယ်များ၏ ၈၀ ရာခိုင်နှုန်းခန့် တရုတ်နွယ်ဖွားများက ပိုင်ဆိုင်ထားသည်။ မကြာမီကာလအတွင်း မြန်မာ့ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ အလားအလာကောင်းသည့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် တရုတ်လူမျိုးများနေရာဦးထားခြင်းဖြစ်သည်။

မန္တလေးမြို့တွင် တရုတ်လူမျိုးတို့၏ စီးပွားရေးအင်အားမှာ တစ်နေ့တခြား ကြီးပွားများပြားလာသည်။ မြို့၏ အဓိကစီးပွားရေးလုပ်ငန်းများအားလုံးတွင် ၀င်ရောက်လုပ်ကိုင်နေပြီး ဧည့်သည်အနေဖြင့် မဟုတ်တော့ဘဲ မြို့၏စီးပွားရေးပဲ့ကိုင်ရှင်များဖြစ်လာကြသည်ဟု မြို့ခံများကပြောသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အချက်အချာနေရာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အလွန်အရေးပါသောနေရာတွင် ရှိနေသည်။ အစိုးရအပြောင်းအလဲကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများလည်း လာမည့်နှစ်များအတွင်း များစွာပွင့်လင်းလာမည်ဖြစ်သည်။ ထိုအထဲတွင် မန္တလေးသည် အဓိကအခရာကျနေသည်။ သို့သော် မန္တလေးမြို့ဖွံ့ဖြိုးလာမည်ဖြစ်သော်လည်း မြို့၏ စီးပွားရေးလုပ်ငန်းများ မန္တလေးသူ၊ မန္တလေးသားများ ကိုယ်တိုင်ဖန်တီးပြီး အကျိုးခံစားခွင့်ရရန် အရေးကြီးသည်ဟု မြို့ခံများကဆိုသည်။ ထို့အတွက် မန္တလေးတွင် တရားမ၀င်လာရောက်နေထိုင်သူများရှိပါကလည်း စိစစ်အရေးယူပေးစေလိုသည်ဟု မြို့ခံများကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ ရက်တွင် ကျရောက်ခဲ့သည့် တရုတ်နှစ်သစ်ကူးနေ့တွင် မန္တလေးမြို့သည် အသက်မဲ့နေသည်။ မြို့လယ်ရပ်ကွက်များသည် ခြောက်သွေ့တိတ်ဆိတ်နေပြီး တိုက်အိမ်ကြီးများက တံခါးပိတ်ထားကြသည်။

မြို့တွင်းလမ်းမပေါ်တွင်လည်း ယာဉ်သွားလာမှုရှင်းနေသည်။ အထူးသဖြင့် မော်ဒယ်မြင့်ကားများကို ထိုနေ့က လမ်းပေါ်တွင်သိပ်မတွေ့ရ။ ဈေးများတွင် နေ့စဉ်ကြိတ်ကြိတ်တိုးစည်းကားခဲ့သော ဈေးဆိုင်ကြီးများ ပိတ်ထားကြသည်။ မြို့ခံအများစုကတော့ ထိုအခြေအနေကို အလွန်အံ့သြဟန်ရှိနေပြီး ယဉ်ကျေးမှုမြို့တော်မန္တလေး သေဆုံးခြင်းဟုပြောဆိုကြသည်။ မန္တလေးမြို့ တရုတ်လွှမ်းမိုးခံရခြင်း၏ ဆုပ်ကိုင်ပြရန် ရနိုင်သောသက်သေတစ်ခုအဖြစ် မှတ်ချက်ပြုကြသည်။

ကမ္ဘာ့အကြီးဆုံးနှင့် လူဦးရေ ၁၃၄၃ သန်းကျော်ရှိသည့် တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံတွင်း တရုတ်လူမျိုးများ လာရောက်အခြေချနေထိုင်မှုမှာ ရှောင်လွှဲ၍မရနိုင်။ သို့သော် လူမျိုခံရပြီး လူမျိုးမပျောက်စေရန်တော့ အလေးထားရန်လိုသည်။ လက်ရှိအချိန်တွင်ပင် မြန်မာနိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများဖြစ်သည်ဟု အမေရိကန်နိုင်ငံမှ ထုတ်ပြန်သော စစ်တမ်းများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်း နေထိုင်သူများတွင် လူမျိုးစုအလိုက်အနေဖြင့် ဗမာ ၆၈၊ ရှမ်း ၉၊ ကရင် ၇၊ ရခိုင် ၄ နှင့် တရုတ် ၃၊ အိန္ဒိယ ၂၊ မွန် ၂ ရာခိုင်နှုန်းအနေဖြင့် နေထိုင်မှုရှိသည်ဟု အမေရိကန်နိုင်ငံစစ်တမ်းကဆိုသည်။ မန္တလေးမြို့တွင် တရားဝင်နေထိုင်သူများအပြင် အလည်အပတ်ဗီဇာ၊ အလုပ်ဗီဇာများဖြင့် လစဉ်လာရောက်နေသူများလည်း ရှိနေပါသေးသည်။ တစ်လလျှင် လူဦးရေ ၁၀၀၀ ၀န်းကျင်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

မန္တလေးမြို့သည် တဖြည်းဖြည်းရိုင်းစိုင်းလာသည်။ အချင်းချင်း အမြင်မကြည်မှုများ၊ မထီမဲ့မြင်ပြုမူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်ဟု မြို့ခံများကဆိုသည်။ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ခံယူချက်များ တူညီမှုမရှိသောကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲခြင်းသာဖြစ်သည်ဟု မန္တလေးတွင်မွေးပြီး မန္တလေးတွင်နေထိုင်သည့် တရုတ်အမျိုးသားတစ်ဦးကပြောသည်။

“စကားပြောတဲ့နေရာမှာ လေယူလေသိမ်းချင်းကမတူတော့ ရိုးရိုးစကားပြောပေမယ့် တစ်ဖက်လူနားဝင်မချိုတာမျိုး ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ အလေးထားပုံချင်းမတူတော့ အမူအရာတွေကလည်း တစ်ဖက်လူက ရိုင်းတယ်လို့ ထင်ရလောက်အောင် ဖြစ်သွားတာမျိုးရှိတယ်”ဟု ၎င်းကပြောသည်။

မန္တလေးမြို့သို့ လာရောက်နေထိုင်သော တရုတ်လူမျိုးအများစုတို့သည် တရုတ်နိုင်ငံတွင် ဆင်းရဲပြီး ဖွံ့ဖြိုးတိုးတက်မှုနည်းသည့် ကျေးလက်ဒေသများမှ  လာရောက်ကြခြင်းဖြစ်သည်။ ကုန်းတွင်းပိတ်ဒေသဖြစ်သည့် ယူနန်နှင့် ပြည်မကြီးမှ လာရောက်ပြောင်းရွှေ့နေထိုင်သူများသည်။ မြန်မာနိုင်ငံတွင်း ရပ်တည်နေနိုင်ရန် စီးပွားရေးကို ကြိုးစားလုပ်ကိုင်ကြခြင်းဖြစ်ကြောင်း တရုတ်လူမျိုးများနှင့်အနေနီးသည့် မန္တလေးဈေးချိုတော်မှ ကုန်သည်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“သူတို့စီးပွားရေး ဘယ်လိုလုပ်လဲ အတုယူသင့်တယ်။ ငွေရှိလို့ ကိုယ့်ကိုကျောတယ်ထင်ရင် သူ့တို့ကို ပြန်ကျောနိုင်အောင် ကြိုးစားလုပ်ဆောင်ရုံပဲ။ တကယ်ယှဉ်လုပ်ရင် သူတို့ထက် ကျွန်တော်တို့က အခွင့်အရေးရော၊ လုပ်ရည်ကိုင်ရည်ရော အားလုံးသာပါတယ်”ဟု ၎င်းကပြောသည်။ မြန်မာတို့အနေဖြင့် စည်းလုံးမှုရှိစွာဖြင့် ယှဉ်ပြိုင်လုပ်ကိုင်ပြီး နေရာဖယ်မပေးရအောင် ကြိုးစားရန်လိုသည်ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံအတွင်းမှ တရုတ်များ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ကို ငွေကြေးဖြင့်ဝယ်ယူပြီး ရောက်ရှိမလာတော့ရန်၊ တရားဥပဒေစိုးမိုးမှုရှိရန် လွန်စွာအရေးကြီးသည်။ ထို့အပြင် မှတ်ပုံတင်အတုကိုင်ဆောင်ထားသူများကိုလည်း ထိထိရောက်ရောက်အရေးယူရန်နှင့် တရားဥပဒေစိုးမိုးမှုရှိရန် အစိုးရက အာရုံစိုက်သင့်ကြောင်းလည်း ဆရာကျော်ရင်မြင့်က အကြံပြုသည်။

“သူတို့ကို ထိန်းချုပ်ဖို့ဆိုတဲ့အပိုင်းမှာကျတော့ ဥပဒေစိုးမိုးဖို့လိုတာပေါ့။ ဥပဒေစိုးမိုးပြီးတော့မှ ထားပါတော့ဗျာ။ မှတ်ပုံတင်အတုထုတ်ပေးတဲ့သူတွေကိုလည်း ဆက်ပြီးတော့ ထုတ်မပေးအောင် ဖိဖိစီးစီးအရေးယူမယ်ဆိုလို့ရှိရင် အလိုအလျောက်ပေါ့လေ။ ပိုက်ဆံပေးပြီး နိုင်ငံသားဖြစ်နေတဲ့ ပြဿနာတွေ သက်သာသွားမယ်။ ဥပဒေစိုးမိုးမှုလိုတယ်။  မြန်မာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် မျှမျှတတနဲ့ ဥပဒေပါအခွင့်အရေးကိုသာ ပေးမယ်ဆိုရင် ဒေသခံတွေက သူတို့ကို မနာလိုစရာလည်းမရှိဘူး။ အမုန်းပွားစရာလည်းမရှိဘူး။ အရေးကြီးတာက ကျွန်တော်တို့ဆီက အာဏာပိုင်များက မျှမျှတတနဲ့ဆက်ဆံ၊ မျက်နှာသာမပေးနဲ့။ ဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် ပြဿနာဘာမှဖြစ်စရာမရှိပါဘူး”ဟု ဆရာကျော်ရင်မြင့်ကဆိုသည်။

ရေးသားသူ- မောင်တာ

မြန်မာဘုရင်နောက်ဆုံးမင်းဆက် ထီးနန်းစိုးစံခဲ့ရာ ရတနာပုံနေပြည်တော်၏ နန်းမြို့ရိုးရှေ့ကျုံးပလက်ဖောင်းသည် လွန်ခဲ့သောဆယ်စုနှစ်မှစတင်ကာ တရုတ်လူမျိုးတို့ နံနက်ပိုင်း ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရာနေရာတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။

ကျုံးရေပြင်တွင် မြူနှင်းများရစ်သိုင်းနေဆဲဖြစ်ပြီး အလင်းရောင်မသဲကွဲမီအချိန်ကတည်းကပင် ရွှေနန်းတော်ကျုံးဘေးပတ်လည်တွင် တရုတ်ရိုးရာ ထိုက်ကျိကစားသူများ၊ ၀ူရှူးကစားသူများ၊ လမ်းလျှောက်သူများဖြင့် စည်းကားနေပြီး ကျုံးဘေးလမ်းမပေါ်တွင် အရောင်အသွေးစုံ နောက်ဆုံးပေါ်ကားများ အစီရီရပ်တန့်ထားကာ အသက်အရွယ်မျိုးစုံ တရုတ်အမျိုးသား၊ အမျိုးသမီးများမှာလည်း နေ့သစ်တစ်ခုမစတင်မီ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နေကြသည်။

အစုလိုက်၊ အစုလိုက် ထိုက်ကျိကစားသူများက ကက်ဆက်များ၊ ဆောင်းဘောက်များဖြင့် တေးသီချင်းများ ကျယ်လောင်စွာဖွင့်ထားကြပြီး သူတို့ထံမှ တရုတ်သီချင်းနှင့် တရုတ်သံစဉ်များမှာ ကျုံးဘေးဝန်းကျင်ပျံ့လွင့်နေသည်။ မြန်မာတို့၏ အထွတ်အထိပ်၊ အလေးထားဂုဏ်ယူရာနေရာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် မြို့၏အထိမ်းအမှတ်ပြယုဂ်ဖြစ်သည့် မန္တလေးနန်းတော်နှင့် ကျုံးမြို့ရိုးသည် တရုတ်သီချင်းသံစဉ်များဖုံးလွှမ်းခံနေရပြီး ခေါင်းဖော်နိုင်ခြင်းမရှိတော့။

ဒါဖတ်ပြီးမှ မလေးရှားသွားပါ

Photo: ဒါဖတ်ပြီးမှ မလေးရှားသွားပါ
-----------------
ရေးသားသူ- ငြိမ်းချမ်း၊ အေးမြတ်သူ

၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ကြီးသည် ၂၀၁၄တွင် မလေးရှားရောက် မြန်မာများထဲမှ ပထမဆုံးအသတ်ခံရသူဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလ၂၉ ရက်မှ ဇွန်လ ၈ ရက်ထိ ဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများ အကြမ်းဖက်တိုက်ခိုက်ခံရမှုသတင်းများကို ကိုအောင်ကြီးက မြန်မာသတင်းမီဒီယာများထံ အဓိကကူညီပေးပို့ခဲ့သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မလေးရှားရောက် မြန်မာနိုင်ငံသား ၃၀ ခန့် အသတ်ခံရပြီး အမျိုးသမီးငါးဦး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရကာ အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ငါးကြိမ်ထိဖြစ်ပွားခဲ့သည်။

ထို့အပြင် တိုက်ခိုက်ခံရမှုများကြောင့် ဒဏ်ရာရမြန်မာ ရာနှင့်ချီ၍ရှိသည်။

၂၀၁၃ မတိုင်မီနှစ်များကလည်း မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အသတ်ခံရမှုရှိနေရာ ၂၀၁၃ ခုနှစ်တွင် ပိုမိုများပြားလာခြင်းဖြစ်သည်။ ထိုဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဆက်လက်နေထိုင်ရန်နှင့် သွားရောက်လုပ်ကိုင်ရန် စိုးရိမ်စရာဖြစ်လာခဲ့သည်။

“တစ်နှစ်ကို ပျမ်းမျှ မြန်မာ ၅၀ လောက် သင်္ဂြိုဟ်ရတယ်။ ဒါပေမဲ့ ၂၁၁၃ ခုနှစ်က ပိုများတယ်”ဟု မလေးရှားနိုင်ငံ ပီနန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဗိုလ်မြကပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ၏ အခွင့်အရေး၊ ရပိုင်ခွင့်နှင့် ကူညီမှုများ လုပ်ကိုင်ပေးနေသော ကိုအောင်ကြီးမှာ ဖေဖော်ဝါရီ ၄ ရက်က အသတ်ခံခဲ့ရသည်။ မလေးရှားနိုင်ငံရောက် မြန်မာများအား ကူညီပေးနေသူများမှာ ၎င်းတို့၏ အသက်အန္တရာယ်စိုးရိမ်ရသည်ကို ၎င်းတို့ကိုယ်တိုင် သိထားပြီးဖြစ်သည်။ နာမည်ကျော်ကြားမှုရှိလာလျှင် အသတ်ခံရမှုမှာ ရာနှုန်းပြည့်ရှိနေသည်ဟု ၎င်းတို့ကဆိုသည်။

ကိုအောင်ကြီး အသတ်ခံရပြီး နောက်တစ်နေ့တွင် မလေးရှားနိုင်ငံရှိ ရခိုင်ဒုက္ခသည်စခန်းသို့ ဟောပြောပွဲသွားရောက်သော ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ ကွာလာလမ်ပူတွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်လုပ်ကြံခံရသည်။

၂၀၁၃ ခုနှစ်တွင် ဆာလာရန်းမြို့ရှိ မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၀ ရက်ဆက်တိုက်ဖြစ်ပွားရာ ထိုဖြစ်စဉ်တွင် မြန်မာလုပ်သားခုနစ်ဦး သေဆုံးခဲ့သည်။ သြဂုတ် ၁၆ ရက်တွင် ဂျိုဟိုးပြည်နယ် တမန်ကိုတာရပ်ကွက်ရှိ ပင်နာဆိုးနစ်ဖုန်းစက်ရုံတွင် လုပ်ကိုင်သော မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားနိုင်ငံသားများက အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး လမ်းဘေးစွန့်ပစ်ထားမှု၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဆာရာဝပ်ပြည်နယ် ဆီနိုင်းမြို့တွင် မြန်မာလုပ်သား ၉၇ ဦးအား အင်ဒိုနီးရှားနိုင်ငံသားများ အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့် ၁၀ ရက်ကြာ ဂိုဒေါင်ဟောင်းတစ်ခုတွင် ပုန်းခိုနေရမှု စသည့်ဖြစ်စဉ်တိုင်းတွင် ထူးဆန်းသည်မှာ မလေးရှားရဲတပ်ဖွဲ့က ထိရောက်စွာ စုံစမ်းအရေးယူဖော်ထုတ်နိုင်မှုမရှိခြင်းပင်ဖြစ်သည်။

“အသတ်ခံရလည်း မလေးရဲကို သွားမတိုင်နဲ့၊ အပိုပဲ။ မြန်မာတွေ အသတ်ခံရတာဆိုရင် တစ်မှုမှာမမိဘူး”ဟု မလေးရှားနိုင်ငံရောက် မြန်မာများကို ကူညီဆောင်ရွက်ပေးနေသည့် မယာယာကပြောသည်။

ဂျိုဟိုး၊ ဆာလာရန်း၊ အလော့စတား၊ ဘတ်တာဝပ်၊ ပီနန်း၊ ဆာရာဝပ်နှင့် ကွာလာလမ်ပူအစွန်းပိုင်းမြို့များသည် မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်ကို အဓိကစိန်ခေါ်နေသော မြို့များဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုမှာ ဂျိုဟိုးပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံတွင် လူတစ်ယောက်သတ်ရန် လွယ်ကူနေသည်မှာ မြန်မာလုပ်သားများ အသတ်ခံရမှုများက သာဓကဖြစ်သည်။

“တချို့မြို့တွေက အကြမ်းဖက်ဒုစရိုက်တွေများတယ်။ အဲဒီလိုမြို့တွေမှာ နေထိုင်တဲ့သူတွေဆို ဂရုတစိုက်နေထိုင်သင့်တယ်။ မဟုတ်ရင် ပြဿနာတွေက ဆက်ဖြစ်နေမှာပဲ”ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာ သံမှူးဦးစိုးဝင်းကပြောသည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအရေအတွက်မှာ သုံးသိန်းဝန်းကျင်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က ပြောဆိုသည်။ သို့သော် မလေးရှားရောက် မြန်မာလုပ်သားအရေးဆောင်ရွက်နေသူများကမူ တရားဝင်ရော၊ တရားမ၀င်ရောပေါင်းလျှင် မလေးရှားရောက် မြန်မာငါးသိန်းဝန်းကျင် ရှိသည်ဟုဆိုကြသည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှုများ၊ ၂၀၁၃ ခုနှစ်အတွင်း ထပ်မံဖြစ်ပွားခဲ့သည့် မိတ္ထီလာနှင့် လားရှိုးဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုများ၏ ရိုက်ခတ်မှုအဖြစ် မလေးရှားနိုင်ငံ ဆာလာရန်းတွင် စတင်ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း မလေးရှားရောက် မြန်မာများကဆိုသည်။

ဆာလာရန်းအကြမ်းဖက်မှုဖြစ်ပြီးချိန်၌ မလေးရှားရောက် မြန်မာများအတွက် ကံဆိုးမှုတစ်ခု ထပ်မံပေါ်ပေါက်လာပြန်သည်။ ထိုအရာမှာ မလေးရှားရှိ တရားမ၀င်နိုင်ငံသားများ ဖမ်းဆီးစစ်ဆေးခြင်းစီမံချက်များကို ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

စက်တင်ဘာမှစ၍ 6P စီမံချက်ဖြင့် တရားမ၀င်နိုင်ငံသား ဖမ်းဆီးမှုစီမံချက်ကို သုံးလပြုလုပ်ရာ ထိုစီမံချက်တွင် တရားမ၀င် မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင်ထိ ဖမ်းဆီးခံရသည်။ ထိုအချိန်တွင် မလေးရှားရှိ မြန်မာများ လုံခြုံမှုမရှိဟုဆိုကာ နှစ်ထောင်ခန့် ပြန်လည်ရောက်ရှိလာသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င်နိုင်ငံသားများ ဖမ်းဆီးထားရှိသည့် စခန်း ၁၂ ခုရှိရာ မြန်မာနိုင်ငံသားများထားရှိသည့် စခန်း ၁၀ ခုရှိပြီး စခန်းတစ်ခုလျှင် မြန်မာ ၃၀၀ ဦးဝန်းကျင်ရှိကြောင်း ဦးစိုးဝင်းကဆိုသည်။

ဖမ်းဆီးမှုပြုလုပ်ချိန်တွင် မြန်မာလုပ်သားများအတွက် အလုပ်နားရသည်က ပိုများနေသည်။ ထိုအခြေအနေများကြောင့် မလေးရှားသို့ မြန်မာလုပ်သားများ မလာစေချင်တော့ဟု မလေးရှားရောက် မြန်မာအချို့ကပြောသည်။ 

“အလုပ်သမားတွေ ဒီကိုမလာပါနဲ့တော့။ အေဂျင်စီတွေကလည်း မလွှတ်ပါနဲ့တော့လို့ တောင်းပန်ပါတယ်”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်သည့် မခင်ငြိမ်းချမ်းဦးကပြောသည်။

ထို့အပြင် မလေးရှားသို့ သွားရောက်လုပ်ကိုင်မည့်သူများသည် ကိုယ်သွားရောက်လုပ်ကိုင်မည့်မြို့၏ လုံခြုံရေးအနေအထားနှင့် လုပ်ငန်းခွင်လုံခြုံရေးအနေအထားများကို ကြိုတင်လေ့လာထားသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ ဒါရိုက်တာဦးစိန်ဌေးကအကြံပြုသည်။

“ကိုယ်သွားမယ့်နေရာက ရာဇ၀တ်မှုတွေ ခဏခဏဖြစ်တဲ့နေရာလားဆိုတာ သိထားရမယ်။ ဟိုမှာက အလုပ်သမားရေးရာ သံအရာရှိက တစ်ယောက်ပဲရှိတာ”ဟု ဦးစိန်ဌေးကပြောသည်။

မြန်မာနိုင်ငံသားများ ဆက်တိုက်အသတ်ခံရပြီးနောက်ပိုင်း လုပ်သားစေလွှတ်ရာတွင် တရားမ၀င်လုပ်သား များပြားသောနေရာ၊ ဆိုးသွမ်းသည့်နယ်မြေများနှင့် ဘာသာရေးအစွန်းရောက်သည့်နေရာများသို့ မြန်မာလုပ်သားများ စေလွှတ်ခြင်းမရှိတော့ကြောင်း မလေးရှားသို့ လုပ်သားစေလွှတ်သည့် မြန်မာအေဂျင်စီအသိုင်းအ၀ိုင်းက ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ အစစအရာရာ ကျီးလန့်စာစားဖြစ်နေချိန်တွင်မူ မြန်မာအေဂျင်စီများဘက်က အလုပ်သမားများ စေလွှတ်နေဆဲပင်ဖြစ်သည်။

“ပြဿနာဖြစ်ခံရတဲ့သူတွေက တရားမ၀င်နေထိုင်တဲ့သူတွေ အများစုဖြစ်နေတာ။ တရားဝင်သွားတဲ့သူတွေက ပြဿနာသိပ်မရှိဘူး”ဟု Silver Crane အေဂျင်စီ ဒါရိုက်တာ ဦးစိုင်းစည်သူကပြောသည်။

“တချို့က မိဝေးဖဝေးဆိုပြီး လွှတ်နေကြတာရှိတယ်။ ကိုယ့်နိုင်ငံမဟုတ်လို့ဆိုပြီး အရာရာသတိနဲ့နေရင် မဖြစ်လောက်ပါဘူး”ဟု ဦးဗိုလ်မြကဆိုသည်။

မလေးရှားနိုင်ငံသို့ လုပ်သားများသွားရောက်လုပ်ကိုင်ရန် အဆင်မပြေလျှင် လက်ရှိအခြေအနေအရ သွားရောက်လုပ်ကိုင်ရန် အသင့်တော်ဆုံးနေရာမှာ ကိုရီးယားနိုင်ငံဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အကြံပေးအရာရှိတစ်ဦးကပြောသည်။

ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားစေလွှတ်ရာတွင် ၂၀၁၁ မှစ၍ နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ထိုးပြီး လုပ်သားစေလွှတ်လျက်ရှိရာ အလုပ်သမားတစ်ဦး တစ်လလျှင် အနိမ့်ဆုံးဝင်ငွေ ကျပ် ၁၀ သိန်းနှင့်အထက်ရရှိကြပြီး အလုပ်ချိန်မှာ တစ်နေ့လျှင်ရှစ်နာရီ သတ်မှတ်ထားသည်။ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၄၀၀၀ ကျော်ရှိပြီး တစ်နှစ်လျှင် အကြမ်းဖျင်း မြန်မာလုပ်သား ၃၀၀၀ သွားရောက်လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

ထို့အပြင် ကိုရီးယားမှ မြန်မာလုပ်သားများခေါ်ယူရာတွင် စင်ကာပူကဲ့သို့ အင်ဂျင်နီယာ၊ စာရင်းကိုင် စသော ကွန်ပျူတာကျွမ်းကျင်သူ ကျွမ်းကျင်လုပ်သားများကို ခေါ်ယူခြင်းမဟုတ်ဘဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုကဲ့သို့ အထွေထွေလုပ်သားများ ခေါ်ယူခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှာလည်း မြန်မာအထွေထွေလုပ်သားများ သွားရောက်လုပ်ကိုင်ရန် အခွင့်အလမ်းများစွာရှိသော်လည်း လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံရေးပြဿနာများကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများပင် နယ်စပ်မှတစ်ဆင့် နေ့စဉ်ထောင်ချီ၍ ပြန်လာနေသည်။

မလေးရှားသို့ အလုပ်သမားများစေလွှတ်နေသော အေဂျင်စီများက ဖြစ်ခဲ့သောပြဿနာများကြောင့် မလေးရှားသို့သွားရောက်လုပ်ကိုင်ခြင်းကို ရပ်နားရန်အထိ မလိုအပ်သေးဘဲ၊ ဆက်လက်သွားရောက်နိုင်ဆဲဟု ပြောနေကြသော်လည်း၊ မလေးရှားရောက်မြန်မာအချို့ကမူ လက်ရှိအခြေအနေတွင် အလုပ်သမားသစ်များ မလာသင့်တော့ဟု ဆိုနေကြသော်လည်း သွားသင့်၊ မသွားသင့်ကို အခြေအနေအားလုံးကို ခြုံငုံသုံးသပ်ပြီး ကိုယ်တိုင်ပင်ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော် သေချာသည်က ပြည်တွင်း၌ လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှုများ ဆက်ဖြစ်ပွားနေလျင် မလေးရှားရောက်မြန်မာများလည်း လုံခြုံမည်မဟုတ်ပေ။

“မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်နေရင် မလေးရှားရောက် မြန်မာတွေအတွက်လည်း ထပ်ဖြစ်နေဦးမှာပဲ”ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးညွန့်ကပြောသည်။

မလေးရှားရောက်မြန်မာများ ဆောင်ရန်၊ ရှောင်ရန် အချက်များ
----------------------------
-အုပ်စုဖွဲ့နေထိုင်ရန်။
-အချိန်မတော်သွားလာခြင်းမှ ရှောင်ရန်။
-သောက်စားမူးယစ်ပြီး အချိန်မတော်တစ်ယောက်တည်း တက္ကစီစီးခြင်း၊ လမ်းလျှောက်ပြန်ခြင်း မပြုရန်။
-ဖြစ်ပေါ်နေသောသတင်းများကို အဆက်မပြတ်နားစွင့်နေရန်။
-မလေးရှားစကားနှင့် အင်္ဂလိပ်စကား ကျွမ်းကျင်စွာပြောတတ်ရေး ကြိုးစားရန်။
-အ၀တ်အစားများ သပ်ရပ်စွာဝတ်ဆင်ရန်။
-ပတ်စ်ပို့အပါအ၀င် စာရွက်စာတမ်းအထောက်အထားများ အမြဲတမ်းယူဆောင်ရန်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- ငြိမ်းချမ်း၊ အေးမြတ်သူ

၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ကြီးသည် ၂၀၁၄တွင် မလေးရှားရောက် မြန်မာများထဲမှ ပထမဆုံးအသတ်ခံရသူဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလ၂၉ ရက်မှ ဇွန်လ ၈ ရက်ထိ ဖြစ်ပွားခဲ့သော မလေးရှားနိုင်ငံရှိ မြန်မာလုပ်သားများ အကြမ်းဖက်တိုက်ခိုက်ခံရမှုသတင်းများကို ကိုအောင်ကြီးက မြန်မာသတင်းမီဒီယာများထံ အဓိကကူညီပေးပို့ခဲ့သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် မလေးရှားရောက် မြန်မာနိုင်ငံသား ၃၀ ခန့် အသတ်ခံရပြီး အမျိုးသမီးငါးဦး အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရကာ အုပ်စုဖွဲ့တိုက်ခိုက်ခံရမှု ငါးကြိမ်ထိဖြစ်ပွားခဲ့သည်။

ထို့အပြင် တိုက်ခိုက်ခံရမှုများကြောင့် ဒဏ်ရာရမြန်မာ ရာနှင့်ချီ၍ရှိသည်။

၂၀၁၃ မတိုင်မီနှစ်များကလည်း မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားများ အသတ်ခံရမှုရှိနေရာ ၂၀၁၃ ခုနှစ်တွင် ပိုမိုများပြားလာခြင်းဖြစ်သည်။ ထိုဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဆက်လက်နေထိုင်ရန်နှင့် သွားရောက်လုပ်ကိုင်ရန် စိုးရိမ်စရာဖြစ်လာခဲ့သည်။

“တစ်နှစ်ကို ပျမ်းမျှ မြန်မာ ၅၀ လောက် သင်္ဂြိုဟ်ရတယ်။ ဒါပေမဲ့ ၂၁၁၃ ခုနှစ်က ပိုများတယ်”ဟု မလေးရှားနိုင်ငံ ပီနန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဗိုလ်မြကပြောသည်။

ခေါင်းဆောင်နှစ်ဦးကြား ယုံကြည်မှုပျက်သွားပြီလား

Photo: ခေါင်းဆောင်နှစ်ဦးကြား ယုံကြည်မှုပျက်သွားပြီလား
---------------
ရေးသားသူ- အောင်သူရ

လွန်ခဲ့သောသုံးနှစ်ခန့်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံရှေ့တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုက မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အပြောင်းအလဲများဖြစ်ပေါ်စေခဲ့သည်။ အစိုးရခေါင်းဆောင်နှင့် လူထုခေါင်းဆောင်ကြား ၂၀၁၁ သြဂုတ် ၁၉ ရက်တွင် စတင်တည်ဆောက်နိုင်ခဲ့သော ယုံကြည်မှုက သမိုင်းတွင်သော အပြောင်းအလဲများဖြစ်ပေါ်မှု၏ နိဒါန်းတစ်ခုလည်းဖြစ်ခဲ့ပါသည်။ သို့သော် ၂ နှစ်ကျော်ကြာပြီး နောက်ပိုင်းတွင် အခြေအနေက ပြောင်းလဲလာခဲ့သည်။
၂၀၁၃ နှောင်းပိုင်းမှ စသည်ဟုဆိုရမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ နှုတ်ဆိတ်နေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အားမလိုအားမရဖြစ်ခဲ့ရသည်။

၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည့်အပေါ် သမ္မတက လက်မခံခဲ့ခြင်းမှစ၍ သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး တောင်းဆိုတာ မဖြစ်ခဲ့တဲ့နောက်ပိုင်း ဆက်ဆံမှုနွေးနွေးထွေးထွေးရှိတာ မမြင်ရသေးဘူး”ဟု ၈၈ မျိုးဆက် (ငြိမ်းပွင့်)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကသုံးသပ်သည်။

သို့သော် ထိုအချက်တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ကြောင်းလည်း ဦးမြအေးကဆိုသည်။

“ဒေါ်စုကလည်း အခုနောက်ပိုင်း သမ္မတကို တိုက်ခိုက်မှုဆန်တဲ့စကားရပ်တွေ သုံးလာတာရှိတယ်လေ။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့မှာ ဆန်းစစ်ဖို့တို့ပေါ့။ ဒီလိုဖြစ်လာပြီး နောက်ပိုင်းမှာလည်း သမ္မတကလည်း သတိထားမိလာပြီး ဆက်ဆံရေးကိုပါ ထိခိုက်လာတယ်ထင်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကဆိုသည်။

ထို့နောက်ပိုင်း သမ္မတဦးသိန်းစိန်အားကိုးရသော ၀န်ကြီးများနှင့်ပါ ဆက်ဆံရေးအေးစက်လာသည့်အနေအထားမျိုးများ တွေ့လာရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲနှင် လူထုဆန္ဒခံယူပွဲခရီးစဉ်များထဲမှ ချင်းပြည်နယ်ခရီးစဉ်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်တို့တွင် တည်းခိုရေးနှင့် ဟောပြောမည့်ကွင်းနေရာ ငှားရမ်းမှုတို့ အဆင်မပြေခဲ့ခြင်းက သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးအေးစက်လာမှု၏ သက်သေဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသည့် ရန်ပုံငွေပွဲများတွင် နိုင်ငံတော်သမ္မတ၏ ဘယ်လက်ရုံး၊ ညာလက်ရုံးဖြစ်သော သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ တက်ရောက်ကြသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော NLD ကျန်းမာရေးကွန်ရက်က ကျင်းပသည့်ရန်ပုံငွေပွဲတွင် ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများအား ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိခဲ့ပေ။ ထိုနေ့တွင် သမ္မတရုံးပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းမှာ ရန်ကုန်မြို့တွင်ရှိနေခဲ့ကြသည်။

ထို့ကြောင့် အစိုးရရော ဒီချုပ်နှင့်ပါ နီးစပ်သူတစ်ဦးက ခေါင်းဆောင်နှစ်ဦးအကြား ယုံကြည်မှုပျက်သွားပြီဟု သူ၏အမြင်ကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက်တွင် သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရှေ့တွင် မတ်တတ်ရပ်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာတွင် မတူတာတွေကို ဘေးဖယ်ထားပြီး တူတာတွေတွဲလုပ်ကြဖို့ သဘောတူခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သမ္မတဦးသိန်းစိန်မှာ ရိုးသားသူဖြစ်ပြီး အတူလက်တွဲအလုပ်လုပ်၍ရကြောင်း ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် အတိုက်အခံအချို့ကိုပင် ၎င်းကိုယုံကြည်ပါက သမ္မတကြီးကိုပါယုံကြည်ဖို့ ပြောဆိုမှုများပင်ရှိခဲ့သည်။ လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ အစိုးရက အကူအညီတောင်းသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမရှောင်ဘဲ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူကာ ဖြေရှင်းပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပနိုင်ငံခရီးစဉ်များတွင် မြန်မာနိုင်ငံအား ကူညီပေးရန် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် ၎င်းအား အစဉ်တစိုက်ထောက်ခံသော ဥရောပနှင့် အမေရိကန်အစိုးရအား တိုက်တွန်းခဲ့သည်။

သမ္မတဦးသိန်းစိန်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ပြန်လည်မှတ်ပုံတင်ခွင့်ရရှိရန်နှင့် အကျဉ်းကျနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီဝင်များအား ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်နိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးပေါင်း၍ ပြည်သူလူထုသို့ ပန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။

ယုံကြည်မှုခိုင်မာစဉ် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ နှစ်အတွင်း တရားဝင်တွေ့ဆုံမှု လေးကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၁၃ သြဂုတ် ၃၁ ရက်တွင် လယ်တောရိပ်သာ၌ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း မတွေ့တော့သည်မှာ ခြောက်လနီးပါးရှိပြီဖြစ်သည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တိုင်းပြည်တိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာလာသည့် အနေအထားများ တွေ့လာရသည်။

အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တွန်းတွန်းတိုက်တိုက် ပြောလာသော်လည်း သမ္မတဦးသိန်းစိန်မှာ နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် နိုင်ငံတော်သမ္မတအား ဝေဖန်သည့်စကားလုံးများ ပြောဆိုလာခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်ကြား အကျိုးစီးပွားဆန့်ကျင်ဘက်ကဲ့သို့ ဖြစ်လာရာမှ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးပြောင်းလဲလာခဲ့ပြီး သူ့ဘက်ကိုယ့်ဘက်စွဲသည့် အနေအထားမျိုးဖြစ်လာကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြား တွန်းတွန်းတိုက်တိုက် ပိုဖြစ်လာလိမ့်မည်ဟုလည်း ဦးစည်သူအောင်မြင့်ကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ်က တိုင်းပြည်တွင်ဖြစ်ပေါ်နေသော ပကတိအခြေအနေအားရှင်းပြပြီး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်ကဆိုသည်။

“ယုံကြည်မှုပျက်တယ်ဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ စပြောကတည်းက ဒေါ်အောင်ဆန်းစုကြည်လိုချင်သမျှ အားလုံးလိုက်လျောမယ်လို့ ကတိပေးခဲ့တာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ပြောသမျှကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဖို့လည်း တောင်းဆိုခဲ့တာမဟုတ်ဘူး”ဟု ဦးရဲထွဋ်ကဆိုသည်။

လက်ရှိအနေအထားသည် ယုံကြည်မှုပျက်သွားသည့် အဆင့်ထိမရောက်သေးသော်လည်း နိုင်ငံရေးကစားကွက်အဆင့်တွင်သာရှိပြီး အစိုးရဘက်မှ ကစားတာပိုများနေသေးကြောင်း နိုင်ငံရေးလေ့လာသူ ကိုသူရ (ခေါ်) ကိုဇာဂနာကသုံးသပ်သည်။

“ကစားတာအရမ်းများသွားတဲ့အခါမှာ လူတွေက သည်းမခံနိုင်တော့တဲ့အဆင့်ရောက်သွားရင် ကြောက်ရတယ်။ ၂၀၁၄- ၂၀၁၅ မှာ သည်းမခံနိုင်တဲ့အဆင့် ရောက်သွားရင် ဆော်ကုန်ကြလိမ့်မယ်”ဟု ကိုဇာဂနာကဆိုသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်။ ထို့ကြောင့်လည်း တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေးအချို့ ဖြစ်လာခဲ့သည်။ နိုင်ငံတကာအကူအညီများ သိသိသာသာရရှိလာခဲ့ပြီး နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများလည်း ဖြေလျှော့လာခဲ့သည်။

တိုင်းပြည်လည်း အတန်အသင့်တိုးတက်မှုများရှိလာခဲ့ပြီး နိုင်ငံတကာနှင့်ပါ ပြန်လည်ဝင်ဆံ့သည့်အနေအထား ဖြစ်လာခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်ပါ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပေါ်ထွန်းလာခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဆွေးနွေးနေကြပြီဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်တောင် သမ္မတနဲ့တွေ့ဆုံဆွေးနွေး စကားပြောနေမှပဲ ကျွန်တော်တို့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရမှာပေါ့”ဟု ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခဲ့သော ကရင်အမျိုးသားအစည်းအရုံးမှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဖဒိုဒေးဗစ်ထောက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလဆန်းတွင် ပြောဆိုခဲ့သည်။

သို့သော် ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးပြန်လည်အေးစက်လာသည့်အပေါ် တိုင်းရင်းသားခေါင်းဆောင်အချို့က စိုးရိမ်နေကြသည်။ ဇန်န၀ါရီလအတွင်း တောင်ကြီးမြို့ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်ကွင်းအား သက်ဆိုင်ရာကခွင့်မပြုခဲ့သော သတင်းနားထောင်ရင်း KNU ထိန်းချုပ်နယ်မြေ လော်ခီးလာညီလာခံ တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏ ညည်းတွားသံကို ယခုလိုကြားခဲ့ရသည်။

“ခေါင်းဆောင်တွေမတည့်ရင် ငါတို့ ငြိမ်းချမ်းရေး ဘယ်လိုဆက်ဆွေးနွေးရမှာလဲ”ဟူ၍ဖြစ်သည်။              ။

- ပထမအကြိမ်
၂၀၁၁ သြဂုတ် ၁၉ ရက် ညနေ ၄ နာရီ။ နေပြည်တော်၊ သမ္မတအိမ်တော် ညနေ ၄ နာရီ ၅ နာရီထိ တွေ့ဆုံဆွေးနွေး။
- ဒုတိယအကြိမ်
၂၀၁၂ ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီ။ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး။
- တတိယအကြိမ်
၂၀၁၂၊ စက်တင်ဘာ ၂၅ ရက်၊ အမေရိကန်စံတော်ချိန် ည ၇ နာရီ။ 
နယူးယောက်မြို့တွင် မိနစ် ၂၀ ကြာ တွေ့ဆုံဆွေးနွေး။
- စတုတ္ထအကြိမ်
၂၀၁၃၊ သြဂုတ် ၃၁ ရက် နေပြည်တော်၊ လယ်တောဆောင်၊ နေ့လယ် ၃ နာရီတွင် တွေ့ဆုံဆွေးနွေး။

ဓာတ်ပုံ- သမ္မတရုံး

ရေးသားသူ- အောင်သူရ

လွန်ခဲ့သောသုံးနှစ်ခန့်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံရှေ့တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုက မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အပြောင်းအလဲများဖြစ်ပေါ်စေခဲ့သည်။ အစိုးရခေါင်းဆောင်နှင့် လူထုခေါင်းဆောင်ကြား ၂၀၁၁ သြဂုတ် ၁၉ ရက်တွင် စတင်တည်ဆောက်နိုင်ခဲ့သော ယုံကြည်မှုက သမိုင်းတွင်သော အပြောင်းအလဲများဖြစ်ပေါ်မှု၏ နိဒါန်းတစ်ခုလည်းဖြစ်ခဲ့ပါသည်။ သို့သော် ၂ နှစ်ကျော်ကြာပြီး နောက်ပိုင်းတွင် အခြေအနေက ပြောင်းလဲလာခဲ့သည်။
၂၀၁၃ နှောင်းပိုင်းမှ စသည်ဟုဆိုရမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ နှုတ်ဆိတ်နေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အားမလိုအားမရဖြစ်ခဲ့ရသည်။

၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည့်အပေါ် သမ္မတက လက်မခံခဲ့ခြင်းမှစ၍ သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ဝန်ကြီးများမလိမ္မာလျှင် မည်သူ့တာဝန်

Photo: ၀န်ကြီးများမလိမ္မာလျှင် မည်သူ့တာဝန်
----------------
ရေးသားသူ- အေးသူစံ

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ ရာထူးနှင့်မလိုက်ဖက်သော စကားလုံးအသုံးအနှုန်းများ ပြောဆိုနေခြင်းသည် ပြည်သူများအတွက် ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်တော့ပါ။ အစိုးရသစ်တက်ပြီးမကြာမီ သူ့ထက်ငါအလုအယက်ဖြင့် အံသြမကုန်ဖွယ်စကားများကို ၀န်ကြီးအချို့ပြောခဲ့သည်။ ပြောဆဲလည်းဖြစ်သည်။ သို့သော် ထပ်တလဲလဲထွက်ပေါ်လာသည့် သံတမန်မဆန်သော စကားလုံးများအတွက် မည်သူ့ထံတွင်တာဝန်ရှိသလဲမေးခွန်းက နယ်လှည့်ပါးရိုက်ရဲသည်ဟု စိန်ခေါ်ပြောကြားခဲ့သော ၀န်ကြီးဦးအုန်းမြင့်၏ ပြောစကားများ ထွက်ပေါ်လာချိန်တွင် ပြည်သူများအသိချင်ဆုံးမေးခွန်းဖြစ်လာပါသည်။

မေးခွန်း၏အဖြေကို ၀န်ကြီးများရွေးချယ်ခန့်အပ်ထားသည့် သမ္မတဦးသိန်းစိန်လည်းမဖြေသေး။ ကာယကံရှင်ဝန်ကြီးများကိုယ်တိုင်လည်း လူသိရှင်ကြားမဖြေရှင်းသေးပေ။ ပို၍ဆိုးရွားသည်မှာ ၀န်ကြီးတစ်ဦး၏ နှုတ်ဖြင့်ရမ်းကားမှုကို အခြားဝန်ကြီးများကပါ ၀ိုင်းဝန်းဖုံးဖိကာကွယ်နေခြင်းဖြစ်သည်။ ယင်းလုပ်ရပ်က လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ဒီမိုကရေစီစနစ်ဖော်ဆောင်မှုအပေါ် သံသယပွားလာစေကြောင်း နိုင်ငံရေးသမားများနှင့် လွှတ်တော်အသိုင်းအ၀ိုင်းအပြင် အရပ်သားအချို့ကပါ ဝေဖန်လာကြသည်။

သမ္မတက ခေါ်ယူသတိပေးရုံသာပြုလုပ်ခဲ့ပြီး ချက်ချင်းအရေးမယူခြင်း၏ နောက်ဆက်တွဲရလဒ်က ယင်းဝန်ကြီးများကို မည်သူတွေကျောထောက်နောက်ခံပြုနေသလဲဆိုသည့် သံသယကိုပိုမိုကြီးထွားလာစေသည်။

ပြည်သူကို ထမင်းတစ်နပ်သာလျှော့စားခိုင်းသော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးမြင့်လှိုင်ဆိုလျှင် ယခင် စစ်အစိုးရအကြီးအကဲဟောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၏လူရင်းဖြစ်ပြီး ယခုနယ်လှည့်ပါးရိုက်မည်ဆိုသည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၀န်ကြီး၊ယခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လူရင်းဖြစ်ပြီး စစ်ခေါင်းဆောင်အဖြစ်မှ ဆင်းသက်လာသော ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်က အရေးယူရန်နှောင့်နှေးနေကြောင်း ဝေဖန်မှုများရှိလာခဲ့သည်။ ယင်းနှင့်ပတ်သက်၍ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တစ်စုံတစ်ရာမှတ်ချက်မပေးလိုကြောင်း၊ မဖြေကြားလိုကြောင်း ၎င်း၏အီးမေးလ်မှတစ်ဆင့် ဖြေကြားခဲ့သည်။

စိတ်နောက်ကိုယ်ပါပြောဆိုခြင်းအတွက် ကာယကံရှင်ဝန်ကြီးများတွင် နံပါတ်တစ်တာဝန်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂(ခ)အရ ပြည်ထောင်စုဝန်ကြီးများကို သမ္မတက ခန့်အပ်ခြင်းဖြစ်၍ သမ္မတတွင်တာဝန်ရှိကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားသူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ထို့အပြင် ယခုနှုတ်ကြမ်းသည့် ၀န်ကြီးများသည် စစ်သားလူထွက်ဖြစ်၍ ပါးစပ်ဝသီပါနေခြင်းဟု အစိုးရအဖွဲ့က ခုခံပြောကြားနေခြင်းက ရေရှည်တွင် အရပ်ဘက်နှင့် စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်ကြောင်း ၎င်းကထောက်ပြသည်။

“စစ်သားလူထွက်တွေမို့ အကျင့်ပါနေလို့ ဒီလိုပြောတာပါလို့ အစိုးရဘက်က ခုခံပြောကြားတာဟာ အခြေအမြစ်မရှိပါဘူး။ စစ်တပ်အပါအ၀င် အဖွဲ့အစည်းတိုင်းမှာ ကောင်းတဲ့သူ၊ဆိုးတဲ့သူတွေ ဒွန်တွဲရှိနေတာပါ။ အဲဒီလို ခုခံတာဟာ အရပ်ဘက်နဲ့ စစ်ဘက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကပြောကြားသည်။

“ကိုယ့်စကားကိုယ်တာဝန်မယူတဲ့သူတွေကို အယုံအကြည်မရှိပါဘူး။ သူတို့ ပြုပြင်ပြောင်းလဲတယ်ဆိုတာ ပါးစပ်ဖျားမှာပဲရှိတာကို ကျွန်တော်တို့ ဦးအုန်းမြင့်အကြောင်း စာစောင်တွေမှာဖတ်ပြီးကတည်းက ပိုသိလာပါတယ်။ ကျွန်တော်တို့ နေ့တိုင်းရှာဖွေစားသောက်နေရတာ အခုထိ မော်တော်ပီကယ်ကို ကြောက်နေရတုန်းပါ။ အခု ကျွန်တော်တို့ ဘယ်သူ့ကိုထောက်ခံရမလဲ၊ အားပေးရမလဲ သဲကွဲသွားတာပေါ့”ဟု အသက်(၃၁)နှစ်အရွယ် တက္ကစီယာဉ်မောင်း ကိုတေဇကျော်ကပြောသည်။

မြန်မာပြည်သို့ ပထမဆုံးအကြိမ်လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ဆုံသွားသည့် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း မြန်မာအစိုးရအဖွဲ့အတွင်း ဒီမိုကရေစီလိုလားသူနှင့် မလိုလားသူတို့ နှစ်ခြမ်းကွဲနေကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့တွင်း သူလူကိုယ့်လူ ဂိုဏ်းကွဲနေခြင်းကြောင့် ၀န်ကြီးတစ်ဦး၏ ပြောမှားဆိုမှားဖြစ်ပါက ကိုယ့်လူပဲ့ထွက်မသွားစေရန် အစွမ်းကုန်ဖုံးဖိအားပေးနေသည်ဟု  တထစ်ချပြောဖို့တော့ခက်ကြောင်း၊ သို့သော် လက်ရှိအစိုးရတာဝန်ရှိသူအများစုမှာ ခေတ်ဆိုးကြီးထဲတွင် ကျင်လည်ခဲ့ကြပြီး ခေါင်းဆောင်ဟောင်းများ၏ သြဇာအနည်းနှင့် အများ တစ်နည်းနည်းသက်ရောက်နေမှာ သေချာကြောင်း ယခင်စစ်အစိုးရခေါင်းဆောင်အချို့နှင့် ထဲထဲဝင်ဝင်ရင်းနှီးကျွမ်းဝင်ခဲ့သူ သက်ခိုင်အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည့် စာရေးဆရာမင်းဒင်က ပြောကြားသည်။

“တချို့တာဝန်ရှိသူတွေဟာ စကားလုံးရွေးချယ်မှုမှားယွင်းတာ၊ ခံစားမှုကို ပုံဖော်ချက်မှားယွင်းတာ၊ မီဒီယာရဲ့ထိရောက်မှုကို သတိမပြုမိတာတွေကြောင့် ပွဲဆူတာတွေလည်း တွေ့ရပါတယ်။ စေတနာမှန်မမှန်၊ သွေးရိုးသားရိုးဟုတ်မဟုတ် သေချာဆန်းစစ်ဖို့လိုပါမယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြည်သူတွေကို အလိုလိုက်မိလို့တိုင်း ပြည်ဆင်းရဲတာဆိုတာမျိုး၊ ၀န်ကြီးဦးအုန်းမြင့်ရဲ့ပါးရိုက်နားရိုက်ရဲတယ်ဆိုတဲ့ အပြောမျိုးကတော့ ဧရာမအလွဲအမှားကြီးတွေပါပဲ”ဟု ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတွင် မကြာမီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲအကြို ၂၀၁၄ တစ်နှစ်လုံးတွင် မြန်မာ့နိုင်ငံရေးသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်နေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာကို အာရုံစိုက်၍မဆုံးမီ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်း တင်သွင်းလာသော ပုဒ်မ ၅၉(စ)ကို လူတစ်သိန်းကျော်က လက်မှတ်ထိုးပြီး မပြင်လိုကြောင်း အစီရင်ခံစာကြီး ထွက်ပေါ်လာသည်။

ဦးအောင်သိန်းလင်းကိုတုံ့ပြန်ရန် နိုင်ငံရေးအင်အားစုတို့ လှုပ်ရှားချိန်တွင် မလေးရှားတွင် ရခိုင်ပါတီခေါင်းဆောင်အချို့ သေနတ်ပစ်ခတ်လုပ်ကြံခံရသည်။ မလေးရှားရောက် မြန်မာအရေးဆောင်ရွက်နေသည့် ကိုအောင်ကြီး(၈၈ မျိုးဆက်)အသတ်ခံလိုက်ရသည်။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးလှည့်ကွက်များစွာကို အစိုးရကအသုံးချလာမည်ကိုစိုးရိမ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇာဂနာကပြောသည်။

“ကျွန်တော်တို့ကို အာရုံထွေပြားအောင်များလုပ်နေသလားလို့ တွေးမိပါတယ်။ ဒီရက်ပိုင်းဖြစ်ရပ်တွေက စိပ်လွန်းလို့ ဘယ်နောက်ကိုလိုက်ပြီး ဘာကိုအရင်ကိုင်တွယ်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်။ ဒီလိုအကွက်တွေရွှေ့နေတယ်လို့ပြောမိလို့ သမ္မတနားကလူတွေက ကျွန်တော့်ကိုကြုံရင်ကြုံသလို ကျွန်တော်တို့ ဘာအကွက်မှမရွှေ့ပါဘူးလို့တောင် တွေ့တိုင်းပြောလာကြတယ်”ဟု ၎င်းကပြောသည်။

လက်ရှိအစိုးရအဖွဲ့အတွင်း သမ္မတဦးသိန်းစိန်မှစ၍ ၀န်ကြီးအတော်များများမှာ ယခင်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးနှင့် ကင်းရှင်းသူမရှိခြင်းကြောင့်
အစိုးရဟောင်း၏ သြဇာလွှမ်းမိုးမှုရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

မဆင်မခြင်ပြောဆိုသည့် ၀န်ကြီးအားလုံးကို သမ္မတက အရေးမယူဟုဆိုသော်လည်း မြစ်ဆုံကိစ္စတွင် မပြောသင့်သည့်စကားများပြောခဲ့သည့်အတွက် လျှပ်စစ်ဝန်ကြီးဌာန၀န်ကြီးဦးဇော်မင်းကို အရေးယူဖူးသည့်သာဓကကိုလည်း ထည့်တွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကဆိုသည်။

နိုင်ငံတကာတွင် မကြာသေးမီက အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက တယ်လီဖုန်းထဲတွင် ဥရောပသမဂ္ဂကို Fuck The EU ဟု သုံးနှုန်းပြောဆိုသည့်သတင်းကို ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။

Fuck ဆိုတာ သူတို့ယဉ်ကျေးမှုအရ ဆဲတယ်လို့တောင် သုံးလို့မရပါဘူး။ ဒီကနေ့ နိုင်ငံခြားဟစ်ဟော့ပ်သီချင်းတိုင်း အဲဒီစကားလုံးမပါတာတောင် မရှိသလောက်ပါပဲ။ ပြီးတော့ နှိုင်းယှဉ်ပြောရရင် အမေရိကန်က သူ့ပြည်သူကို Fuck လို့ သုံးနှုန်းတာမဟုတ်ပါဘူး။ EU ကိုသာ သုံးနှုန်းတာ။ ဦးအုန်းမြင့်ကတော့ ကိုယ့်မြန်မာပြည်သူတွေ၊ သူ့ကိုရွေးကောက်တင်မြှောက်ထားပါတယ်ဆိုတဲ့ ပြည်သူတွေကို ပါးရိုက်မယ်လို့ပြောသွားတာပါ”ဟု ဇာဂနာကပြောကြားသည်။

ကုလသမဂ္ဂညီလာခံကျင်းပစဉ်တစ်ကြိမ်တွင် ရုရှားမှခေါင်းဆောင်က သူ၏ဖိနပ်ကိုချွတ်၍ အစည်းအဝေးခုံကိုခေါက်ခဲ့ပြီး မကျေနပ်မှုကို ဖော်ပြခဲ့ခြင်းလောက်သာ 
အရိုင်းဆုံးဥပမာအဖြစ် ကြုံတွေ့ခဲ့ရပြီး မြန်မာပြည်မှဝန်ကြီးများလို ပြည်သူကို လက်အောက်ငယ်သားအခိုင်းအစေသဖွယ် သဘောထားပြီး ကြိမ်းမောင်းပြောဆိုမှုမျိုး မကြားဖူးခဲ့ကြောင်း ၎င်းကဆိုသည်။

စကားပြောမှားလျှင် ဒုက္ခရောက်တတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဟောင်းဂေါ်ဒွန်ဘရောင်း၏ဖြစ်စဉ်က နမူနာကောင်းတစ်ခုဖြစ်သည်။ ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ဂေါ်ဒွန်ဘရောင်းတစ်ယောက် ၂၀၁၀ ဧပြီလကုန်ပိုင်းက မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုတွင် မဲဆန္ဒရှင်တစ်ဦးဖြစ်သော အသက်(၆၆)နှစ်အရွယ် မစ္စဂီလီယန်ဒက်ဖီနှင့်တွေ့ဆုံကာ ၎င်းပြောသောစကားများ၊ အကြံပြုချက်များကို မီဒီယာများရှေ့တွင် တလေးတစားနားထောင်သည်။ ဖက်လှဲတကင်းနှုတ်ဆက်၍ ခင်ဗျားက အလွန်တော်တဲ့အမျိုးသမီးပါဟု ချီးကျူးသည်။

တွေ့ဆုံမှုအပြီး ကားပေါ်အရောက်တွင်တော့ ၎င်းနှင့်တွေ့ဆုံရန်စီစဉ်သူကို အပြစ်တင်ပြီး “ဒီအမျိုးသမီးကြီးက တစ်ယူသန်မကြီး”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်သည်။ကံဆိုးချင်တော့ ၀န်ကြီးချုပ်ရင်ဘတ်တွင် မိုက်ကရိုဖုန်းမချွတ်ရသေး၍ မီဒီယာအပါအ၀င် အားလုံးသိသွားတော့သည်။ စကားမှားယွင်းမှုကို ဂေါ်ဒွန်ဘရောင်းတစ်ယောက် နာရီပိုင်းအတွင်း ပြန်တောင်းပန်သော်လည်း အချိန်မမီတော့ပါ။

ဝန်ကြီးချုပ်၏အဇ္ဈတ္တကို ထိုဖြစ်စဉ်က လှစ်ဟပြလိုက်ပြီး မီဒီယာများတွင် အကြီးအကျယ်ဝေဖန်ခံလိုက်ရသလို ပြည်သူများ၏ ထောက်ခံမှုလျော့ကျကာ ထိုရွေးကောက်ပွဲတွင် ဂေါ်ဒွန်ဘရောင်း ရှုံးခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်ပြီးတရားမျှတခဲ့ပါက ဦးအုန်းမြင့်အပါအ၀င် ပြည်သူကိုကြိမ်းမောင်းသူ ၀န်ကြီးအချို့ ဒလိမ့်ခေါက်ကွေးကျဆုံးသွားကြမည်သာဖြစ်ကြောင်း စာရေးဆရာမင်းဒင်ကဆိုသည်။

“သွေးရိုးသားရိုးရွေးကောက်ပွဲဆိုရင် ဘယ်ပြည်သူက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မိအောင် ဒီဝန်ကြီးမျိုးတွေကို မဲပေးပါ့မတုံးဗျာ။ ဒီလိုဝန်ကြီးတွေရဲ့ အသိဉာဏ်အဆင့်မျိုးနဲ့ တိုင်းပြည်ကို ဆင်းရဲတွင်းကနေ ဘယ်လိုဆွဲတင်နိုင်မှာတုံး။ ရှင်းပါတယ်”ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်က ကျန်ရှိသည့်အစိုးရသက်တမ်းတွင်  ပြည်သူ့လိုအင်နှင့်အသံကို နားထောင်ပြီး ဆက်လက်လုပ်ကိုင်မည်ဟု ကတိပေးပြောကြားသည်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသည့် ကျွန်တော်တို့အစိုးရဟု သမ္မတက မကြာခဏသုံးနှုန်းပြောဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄)တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင်တည်သည်ဟု ပြဋ္ဌာန်းထားသည်။

အပြောနှင့်အလုပ် တစ်ထပ်တည်းကျစေရန် သမ္မတအနီးမှလူများ ဖြောင့်မတ်မှန်ကန်ဖို့ လိုအပ်ပါသည်။ ၎င်းတို့တွင် အချိန်များစွာမကျန်တော့ပါ။ ရွေးကောက်ပွဲမတိုင်မီ ၂ နှစ်အတွင်း ပြည်သူ့နှစ်လိုမှုကိုပြန်ရရန် ပြည်ပြတ်သားသား အရေးယူရမည်ဖြစ်ပါသည်။

သို့မှသာ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးအပေါ် သံသယ၀င်နေမှုများ ဖယ်ရှားနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ- မိုးကျော်

ရေးသားသူ- အေးသူစံ

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ ရာထူးနှင့်မလိုက်ဖက်သော စကားလုံးအသုံးအနှုန်းများ ပြောဆိုနေခြင်းသည် ပြည်သူများအတွက် ထူးဆန်းသည့်ဖြစ်ရပ် မဟုတ်တော့ပါ။ အစိုးရသစ်တက်ပြီးမကြာမီ သူ့ထက်ငါအလုအယက်ဖြင့် အံသြမကုန်ဖွယ်စကားများကို ၀န်ကြီးအချို့ပြောခဲ့သည်။ ပြောဆဲလည်းဖြစ်သည်။ သို့သော် ထပ်တလဲလဲထွက်ပေါ်လာသည့် သံတမန်မဆန်သော စကားလုံးများအတွက် မည်သူ့ထံတွင်တာဝန်ရှိသလဲမေးခွန်းက နယ်လှည့်ပါးရိုက်ရဲသည်ဟု စိန်ခေါ်ပြောကြားခဲ့သော ၀န်ကြီးဦးအုန်းမြင့်၏ ပြောစကားများ ထွက်ပေါ်လာချိန်တွင် ပြည်သူများအသိချင်ဆုံးမေးခွန်းဖြစ်လာပါသည်။

မေးခွန်း၏အဖြေကို ၀န်ကြီးများရွေးချယ်ခန့်အပ်ထားသည့် သမ္မတဦးသိန်းစိန်လည်းမဖြေသေး။ ကာယကံရှင်ဝန်ကြီးများကိုယ်တိုင်လည်း လူသိရှင်ကြားမဖြေရှင်းသေးပေ။ ပို၍ဆိုးရွားသည်မှာ ၀န်ကြီးတစ်ဦး၏ နှုတ်ဖြင့်ရမ်းကားမှုကို အခြားဝန်ကြီးများကပါ ၀ိုင်းဝန်းဖုံးဖိကာကွယ်နေခြင်းဖြစ်သည်။ ယင်းလုပ်ရပ်က လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ဒီမိုကရေစီစနစ်ဖော်ဆောင်မှုအပေါ် သံသယပွားလာစေကြောင်း နိုင်ငံရေးသမားများနှင့် လွှတ်တော်အသိုင်းအ၀ိုင်းအပြင် အရပ်သားအချို့ကပါ ဝေဖန်လာကြသည်။

သမ္မတက ခေါ်ယူသတိပေးရုံသာပြုလုပ်ခဲ့ပြီး ချက်ချင်းအရေးမယူခြင်း၏ နောက်ဆက်တွဲရလဒ်က ယင်းဝန်ကြီးများကို မည်သူတွေကျောထောက်နောက်ခံပြုနေသလဲဆိုသည့် သံသယကိုပိုမိုကြီးထွားလာစေသည်။

ရာဘာခြံ မီးငြိမ်းသတ်စဉ် အမျိုးသား တစ်ဦး မီးလောင် သေဆုံး


ပဲခူးမြို့၊ အမှတ်(၂)ရဲစခန်းအပိုင် လေးအိမ်စု ကျေးရွာအုပ်စု၊ မရမ်းချောကျေးရွာ အရှေ့(၁)မိုင်ခန့်အကွာတွင် (၁၁.၂.၂၀၁၄)နေ့ နေ့လည်(၂း၃၅)အချိန်ခန့် က ရာဘာခြံ မီးလောင်မှု တစ်ခုဖြစ်ပွားရာမှာ မီးဝိုင်းငြိမ်းသတ်ပေးခဲ့သူ တဦး သေဆုံးမှု တခုဖြစ်ခဲ့ကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

ဖြစ်ပွားပုံမှာ လေးအိမ်စု ကျေးရွာအုပ်စု၊ မရမ်းချော ကျေးရွာအရှေ့(၁)မိုင်ခန့်အကွာရှိ ရာဘာခြံမှ တာဝန်ခံမန်နေဂျာ ဦးမျိုးမင်း တောင်လယ်တော ကျေးရွာ၊ မတ္ထရာမြို့နယ်နေသူမှ အလုပ်သမား(၁၀)ဦးနှင့်အတူ ရာဘာခြံအတွင်း အမှိုက်များ မီးရှို့ရာမှ ရာဘာပင်များ ကူးစက်လောင်ကျွမ်း သွားခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါ ရာဘာခြံ အရှေ့ဘက်ခြမ်းရှိ ရာဘာခြံမှ အလုပ်သမားများ ဖြစ်သည့် ဘိုတောက်(ခ)စောကလေစေးနှင့် ဦးသန်းထွန်းတို့မှ ၀ိုင်းဝန်းငြိမ်း သတ်စဉ် ယင်းတို့(၂)ဦးအား မီးကူးစက်လောင်ကျွမ်းပြီး ဘိုတောက်(ခ) စောကလေစေးမှာ မီးလောင်သည့် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့ပါတယ်။

နေအိမ် အဖျက်ခံရမှုကြောင့် ယာယီတဲထိုးနေကြသူများ ထပ်မံအဖျက်ခံရ

Photo: နေအိမ် အဖျက်ခံရမှုကြောင့် ယာယီတဲထိုးနေကြသူများ ထပ်မံအဖျက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။ 

အင်းတိုင် တပ်နယ်ရှိ တပ်မ (၁၁) ဗဟိုဌာနချုပ် တပ်ပိုင်မြေတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ အဆိုပါ ဒေါ်ကာလီကျေးရွာရှိ အိမ်ခြေ ၂၉ လုံးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က အမှတ် (၅) ဆက်သွယ်ရေးတပ်က ဝင်ရောက် ဖယ်ရှားခဲ့သောကြောင့် ယင်းကျေးရွာ အနီးရှိ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် ယာယီတဲထိုးကာ နေထိုင်ခြင်း ဖြစ်ကြောင်း ဒေါ်ကာလီ ကျေးရွာသား ဦးသောင်းရွှေက ပြောကြားသည်။ 
“တပ်ပိုင်မြေဆိုပြီး ဒီလ ၄ ရက်နေ့က အရပ်ဝတ်နဲ့ လူဦးရေ ၃၀ လောက်က ပါလာတဲ့ ဓားတွေနဲ့ အိမ်တွေကို ခုတ်ဖျက်သွားတာ နေစရာမရှိလို့ လမ်းဘေးမှာနေတာ ဒါကို ထပ်ဖယ်ခိုင်းတာ” ဟု ၎င်းက ပြောဆိုသည်။

သက်ဆိုင်ရာ အာဏာပိုင်များက အင်အားသုံးကာ သမီးကလေးကျေးရွာ ဝင်ရောက် ဖျက်သိမ်းခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေါ်ကာလီ ကျေးရွာကို အမှတ် (၅) ဆက်သွယ်ရေးတပ်မှ တာဝန်ရှိသူများက ဝင်ရောက် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 
“လမ်းဘေးမှာနေပြီး စားစရာမရှိ ငတ်ပြတ်နေတဲ့ ရွာသူရွာသားတွေကို ထပ်မောင်းထုတ်တယ်။ ကလေးငယ်တွေဆို အခုဝမ်းရောဂါတွေ ဖြစ်ကုန်ပြီ။ အနီးအနားမှာရှိတဲ့ ရွာတွေက လာလှူတဲ့ ဆန်ကို မလောက်မင စားနေရတာ” ဟု ပြောင်းရွှေ့ခံရသော ကျေးရွာမှ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အိမ်ခြေ ၂၉ အိမ်နှင့် လူဦးရေ ၉၀ ကျော်ရှိကာ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ တွင် ယာယီတဲများ ထိုးနေထိုင်သူများကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တပ်မ ၁၁ မှ အရာရှိများက တစ်ပတ်အတွင်း အမြန်လမ်းပေါ်က ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အမြန်လမ်းမှ တာဝန်ရှိသူများနှင့် စည်ပင်အဖွဲ့က ဖယ်ရှားပေးရန် အကြောင်းကြားစာများကို ယာယီတဲများတွင် ကပ်ကာ ချက်ချင်း ဖယ်ရှားခိုင်းခဲ့ကြောင်း ဒေါ်ကာလီ ကျေးရွာသူရွာသားများထံမှ သိရှိရသည်။ 
“ဒီမှာနေလို့ မရဘူး။ ကိုယ့်ရွာ ကိုယ်ပြန်လို့ပြောတယ်။ ကျွန်တော်က ဧရာဝတီတိုင်း၊ ကျုံပျော် ရှားခဲကြီးကနေ ဒီရွာကို ပြောင်းလာတာ ၁၇ နှစ်ရှိပြီ။ အခု အတင်းပြန်ခိုင်းနေတာ လမ်းစရိတ်မပြောနဲ့ ထမင်းစားဖို့တောင် မရှိလို့ သူများလာလှူမှ စားနေရတာ” ဟု ယာယီတဲ ဖျက်သိမ်းခံရသော ဦးသောင်းရွှေက ရှင်းပြသည်။ 

ယာယီတဲများ ဖျက်သိမ်းခံရသော ဒေါ်ကာလီ ကျေးရွာနေသူ ၉၀ ကျော်မှာ အမြန်လမ်း မိုင်တိုင် အမှတ် ၂၃၊ လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရုံးခန်းအနီးရှိ ဦးတင်လှိုင်ပိုင်သော ခြံအတွင်း ယာယီပြောင်းရွှေ့ နေထိုင်နေကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 
“ရွာဖျက်ခံရပြီး နေစရာမရှိ မောင်းထုတ် ခံနေရလို့ ခြံထဲမှာ ခေတ္တနားခိုခွင့် ပေးထားတာပါ။ လူ ၉၀ ကျော် နေစရာမရှိဘဲ ဒုက္ခရောက်နေတာကို ပါတီရုံးချုပ်ကို တင်ပြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံ အသနားခံစာ တင်ပြပေးဖို့ ဆောင်ရွက်နေတယ်” ဟု လှည်းကူးမြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးတင်လှိုင်က ပြောကြားသည်။

အဆိုပါ ယာယီတဲများ ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အုပ်ချုပ်ရေးမှူး အစည်းအဝေး တက်ရောက်နေသဖြင့် ဖြေကြားပေးခွင့် မရှိကြောင်း အဆိုပါရုံးမှ တာဝန်ကျ ဝန်ထမ်းက ဖြေကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။

အင်းတိုင် တပ်နယ်ရှိ တပ်မ (၁၁) ဗဟိုဌာနချုပ် တပ်ပိုင်မြေတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ အဆိုပါ ဒေါ်ကာလီကျေးရွာရှိ အိမ်ခြေ ၂၉ လုံးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က အမှတ် (၅) ဆက်သွယ်ရေးတပ်က ဝင်ရောက် ဖယ်ရှားခဲ့သောကြောင့် ယင်းကျေးရွာ အနီးရှိ အမြန်လမ်း မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် ယာယီတဲထိုးကာ နေထိုင်ခြင်း ဖြစ်ကြောင်း ဒေါ်ကာလီ ကျေးရွာသား ဦးသောင်းရွှေက ပြောကြားသည်။
“တပ်ပိုင်မြေဆိုပြီး ဒီလ ၄ ရက်နေ့က အရပ်ဝတ်နဲ့ လူဦးရေ ၃၀ လောက်က ပါလာတဲ့ ဓားတွေနဲ့ အိမ်တွေကို ခုတ်ဖျက်သွားတာ နေစရာမရှိလို့ လမ်းဘေးမှာနေတာ ဒါကို ထပ်ဖယ်ခိုင်းတာ” ဟု ၎င်းက ပြောဆိုသည်။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုးနှင့် ဘာသာအမည် ထည့်သွင်းတော့မည် မဟုတ်ဟု ဦးခင်ရီဆို

Photo: နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုးနှင့် ဘာသာအမည် ထည့်သွင်းတော့မည် မဟုတ်ဟု ဦးခင်ရီဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လူမျိုး သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်း နိုင်ငံသားစိစစ်ရေး ကတ်များတွင် လူမျိုးနှင့်ဘာသာ ဖော်ပြချက်များကို ထည့်သွင်း ဖော်ပြတော့မည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်းတွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည် ဆိုသော်လည်း အချိန်ကာလ အတိအကျကို ပြောဆိုခြင်း မရှိပေ။ 

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာအမည် ထည့်သွင်းဖော်ပြမည် မဟုတ်သော်လည်း နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်သူ၏ လူမျိုးနှင့် ဘာသာကို မှတ်တမ်းအနေနှင့် ဝန်ကြီးဌာနက သိမ်းဆည်းထားမည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
“နိုင်ငံတကာမှာလည်း မှတ်ပုံတင်မှာ လူမျိုးဆိုတာ မထည့်ဘူး။ ဘာသာ ဆိုတာလည်း မထည့်ကြဘူး။ နောင်မှာ ကျွန်တော်တို့မှာလည်း လူမျိုး၊ ဘာသာ မထည့်တော့ဘူးလို့ ယာယီ ဆုံးဖြတ်ထားတယ်” ဟု ၎င်းကပြောဆိုသည်။

နိုင်ငံတကာတွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ လူမျိုး၊ ဘာသာစာရင်းများကို ကောက်ယူခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် အငြင်းပွားမှုများ ရှိနေသဖြင့် ယင်းပြဿနာများကို ဖြေရှင်းရန် လာမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် လူမျိုး၊ ဘာသာစာရင်းများကို ထည့်သွင်း ကောက်ယူမည် ဖြစ်ကြောင်း ဦးခင်ရီက ထပ်မံပြောကြားသည်။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာ ထည့်သွင်းနေသည့် ကိစ္စကို တိုင်းရင်းသားများ၏ သဘောဆန္ဒအရသာ လုပ်ဆောင်သင့်ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အမျိုးသား ကြန်အင် လက္ခဏာကို မဖျောက်ဖျက် သင့်ကြောင်း မွန်ဒေလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။
“ဘယ်သူမှ နစ်နာမှု မရှိအောင် လုပ်ဖို့လိုတယ်။ မဟာဝါဒီ မဆန်ဖို့လိုတယ်။ ဒီအချက်က သိပ်အရေးကြီးတယ်” ဟု ၎င်းကမှတ်ချက်ပေးသည်။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာ အမည်များကို ဖော်ပြချက် မထည့်တော့ဟု ဆိုသည့်ကိစ္စသည် ပြည်သူလူထု တစ်ရပ်လုံးနှင့် သက်ဆိုင်နေသဖြင့် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အဆုံးအဖြတ် ရယူပြီးမှာ လုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က အကြံပြုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကမူ “သတ္တိရှိရင် နိုင်ငံကိုပါ ဖြုတ်လိုက်ရင် မကောင်းဘူးလား မေးချင်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လူမျိုး သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်း နိုင်ငံသားစိစစ်ရေး ကတ်များတွင် လူမျိုးနှင့်ဘာသာ ဖော်ပြချက်များကို ထည့်သွင်း ဖော်ပြတော့မည် မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်းတွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည် ဆိုသော်လည်း အချိန်ကာလ အတိအကျကို ပြောဆိုခြင်း မရှိပေ။

နိုင်ငံသား စိစစ်ရေးကတ်တွင် လူမျိုး၊ ဘာသာအမည် ထည့်သွင်းဖော်ပြမည် မဟုတ်သော်လည်း နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်သူ၏ လူမျိုးနှင့် ဘာသာကို မှတ်တမ်းအနေနှင့် ဝန်ကြီးဌာနက သိမ်းဆည်းထားမည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
“နိုင်ငံတကာမှာလည်း မှတ်ပုံတင်မှာ လူမျိုးဆိုတာ မထည့်ဘူး။ ဘာသာ ဆိုတာလည်း မထည့်ကြဘူး။ နောင်မှာ ကျွန်တော်တို့မှာလည်း လူမျိုး၊ ဘာသာ မထည့်တော့ဘူးလို့ ယာယီ ဆုံးဖြတ်ထားတယ်” ဟု ၎င်းကပြောဆိုသည်။

လှိုင်သာယာမြို့ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရေမြောင်းတွင်း အရိုးကျနေသော အမျိုးသားအလောင်းတွေ့


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းဘေး မိုင်တိုင်အမှတ် ၂/၅ အနီးရှိ စည်ပင် ရေမြောင်းတွင် ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က အရိုးကျနေသော အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထွန်းက The Voice သို့ ပြောကြားသည်။

အမှတ် (၆) ရပ်ကွက်ရှိ ကလေးငယ်များက စည်ပင်ရေမြောင်းအတွင်း ကန်စွန်း ဆင်းခူးရာမှ တစ်ကိုယ်လုံး အရိုးကျနေသော အမျိုးသားအလောင်းကို ဒိုက်များအကြား ကန်စွန်းပင်များ ရစ်နွယ်လျက် တွေ့ရှိခဲ့သည်ကို ရာအိမ်မှူးအား အကြောင်းကြားခဲ့ရာမှ သိရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“အသက်ဘယ်အရွယ်လဲ ဆိုတာကို မှန်းလို့မရအောင် တစ်ကိုယ်လုံး အရိုးကျနေပြီ။ တင်ပါးနေရာက အသားစ နည်းနည်းပဲ ကျန်တော့တာ။ ရပ်ကွက်ထဲမှာ လူပျောက်တာ မရှိသလို စခန်းမှာလည်း လူပျောက်မှု တိုင်ထားတာမရှိဘူး။ လတ်တလော အလောင်းကို ဆေးရုံပို့ပြီး စစ်ဆေးနေတယ်” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သမီးကလေးရွာမှ ကျောင်းသားမရှိသော မိသားစုများ တစ်ပတ်အတွင်း ဖယ်ပေးရန် ဒုတိယအကြိမ် အကြောင်းကြား

Photo: သမီးကလေးရွာမှ ကျောင်းသားမရှိသော မိသားစုများ တစ်ပတ်အတွင်း ဖယ်ပေးရန် ဒုတိယအကြိမ် အကြောင်းကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည်အနီး အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီနေထိုင်သော သမီးကလေးကျေးရွာ နေထိုင်သူ မိသားစုများအနက် အခြေခံပညာ သင်ကြားမည့် ကျောင်းသားကျောင်းသူ မရှိသော အိမ်ထောင်စုပေါင်း ၅၆ စု၊ လူဦးရေ ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားပေးရန် ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ထားကြောင်း အောင်သိဒ္ဓိ ကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။ 

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံးပြီး ဖယ်ရှားခဲ့သော လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနေသည့် အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ ဖယ်ရှားခံရသောနေ့မှ စတင်ကာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ ခိုလှုံ နေကြောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာက ခိုလှုံနေထိုင်သူများကို ပဲခူးတိုင်းဒေသကြီးတွင်းမှ ထွက်ခွာပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ ခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဆက်လက်မိန့်ကြားသည်။ 

“မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျောင်းလာပြီး ယာယီစခန်းမှာ နေသူတွေရဲ့ အိမ်ထောင်စု စာရင်းကောက်သွားတယ်။ သွားစရာ နေစရာမရှိလို့ ကျောင်းမှာလာပြီး ခိုကပ်နေတဲ့ တကယ်ဒုက္ခရောက်တဲ့ သူတွေမို့ နေစရာမရှိခင် သူတို့တွေကို မောင်းထုတ်မခံရအောင် မြို့နယ်အုပ်ချုပ်ရေးရုံးကို အသနားခံစာတင်ဖို့ ဒီရက်ပိုင်းတွင်း စီစဉ်နေတယ်” ဟု ၎င်းကမိန့်သည်။ 
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၈) ပုဒ်မ ၃၅၅ တွင် နိုင်ငံသူ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက် နေထိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နေအိမ်များ ဖျက်သိမ်းခံရမှုကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံ နေထိုင်သူများကို ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမှ သက်ဆိုင်ရာ အာဏာပိုင် များက မောင်းထုတ်နေခြင်းမှာ နိုင်ငံသား တစ်ယောက်၏ ရပိုင်ခွင့်များ ဆုံးရှုံးနေသည်ဟု ယူဆကြောင်း သမီးကလေး ကျေးရွာနေသူ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။ 

“သမီးကလေး ကျေးရွာဆိုတာ နဂိုက မရှိခဲ့ဘူး။ ၂၀၁၃ ခုနှစ်မှ တပ်မြေမှာ လာရောက် ကျူးကျော်ပြီး ရွာတည်ထားလို့ ဖျက်သိမ်းတာလို့  မီဒီယာတွေကို ပြောနေတဲ့ သက်ဆိုင်ရာလူကြီးတွေရဲ့ စကားက လုံးဝမှားယွင်းပါတယ်။ မြို့နယ်ရုံးမှာက မြေပုံစာရင်းထဲမှာ သမီးကလေးကျေးရွာ အမည်ရှိ သစ်တောမြေပုံ၊ ခ.ရ.က မြေပုံနဲ့ ၂၀၀၀ ပြည့်နှစ်က လဂွမ်းပြင် ရေလှောင်တမံ စီမံကိန်းရဲ့ ဆည်မြောင်း ကျောက်တိုင်မှာ မော်ကွန်းကမ္ပည်း ရေးထိုးထားတဲ့ စာမှာပါ သမီးကလေး ကျေးရွာဆိုတာ ရှိပြီးသား” ဟု သမီးကလေး ကျေးရွာမှ ဦးတင်မျိုးမြင့်က ပြောကြားသည်။ 

တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သော အဆိုပါ သမီးကလေးကျေးရွာ ဖျက်သိမ်းခံရမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် သမီးကလေး ကျေးရွာသူ ကျေးရွာသားများမှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲများ ကြုံတွေ့နေရပြီး ခိုကိုးရာမဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများနှင့်အတူ ဒုက္ခသည် ဘဝရောက်နေရကြောင်း ဖယ်ရှားခံရသူများက တညီတညွတ်တည်း ပြောဆိုသည်။ 

နိုင်ငံတော် အကြီးအကဲများ အနေနှင့် သမီးကလေးကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ စနစ်တကျ စုံစမ်းစစ်ဆေးကာ ဖြေရှင်းပေးရန် လိုအပ်ပြီး အမှန်တကယ် နစ်နာဆုံးရှုံးခဲ့သော ပြည်သူများကို နေရာ အစားထိုး ပြန်ပေးစေလိုကြောင်း သမီးကလေး ကျေးရွာသူ ကျေးရွာသားများက တညီတညွတ်တည်း တောင်းဆိုသည်။

ကျေးရွာ ဖျက်သိမ်းခံရမှုကြောင့် အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင်  ယာယီတည်းခိုနေသော အမှန်တကယ် ဒုက္ခရောက်နေသူ အိမ်ထောင်စု ၁၃၀ ကျော်၊ လူဦးရေ ငါးရာကျော်ကို နေစရာမြေကွက်များ ပြန်လည်ရရှိရန် လှည်းကူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနှင့် လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသို့ တင်ပြတောင်းဆိုရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ပြောကြားသည်။ 
“သမီးကလေးကျေးရွာ နေရာဟောင်းမှာ ပြန်ရချင်မှရမှာ ဖြစ်ပေမယ့် လတ်တလော နေစရာမရှိ ဖြစ်နေတဲ့ ဒုက္ခသည် မိသားစုတွေအတွက် မြေနေရာ ပြန်ရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည်အနီး အောင်သိဒ္ဓိဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီနေထိုင်သော သမီးကလေးကျေးရွာ နေထိုင်သူ မိသားစုများအနက် အခြေခံပညာ သင်ကြားမည့် ကျောင်းသားကျောင်းသူ မရှိသော အိမ်ထောင်စုပေါင်း ၅၆ စု၊ လူဦးရေ ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားပေးရန် ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ထားကြောင်း အောင်သိဒ္ဓိ ကျောင်းတိုက် ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံးပြီး ဖယ်ရှားခဲ့သော လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနေသည့် အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ ဖယ်ရှားခံရသောနေ့မှ စတင်ကာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ယာယီ ခိုလှုံ နေကြောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာက ခိုလှုံနေထိုင်သူများကို ပဲခူးတိုင်းဒေသကြီးတွင်းမှ ထွက်ခွာပေးရန် အကြောင်းကြားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဖယ်ရှားပေးရန် ဒုတိယအကြိမ်မြောက် အကြောင်းကြားစာ ပေးပို့ ခဲ့ကြောင်း အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွှေလင်ပန်း၊ ကျန်စစ်မင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အိမ်ရာစီမံကိန်းများမှ ရရှိမည့် အိမ်ခန်းပေါင်း ၂၅၀၀၀ ခန့်အား တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် အရစ်ကျရောင်းချမည်

Photo: ရွှေလင်ပန်း၊ ကျန်စစ်မင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အိမ်ရာစီမံကိန်းများမှ ရရှိမည့် အိမ်ခန်းပေါင်း ၂၅၀၀၀ ခန့်အား တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့် အရစ်ကျရောင်းချမည်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်နေသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ အိမ်ခန်းယူနစ်ပေါင်း ၂၅၀၀၀ ခန့်ရရှိမည်ဖြစ်ရာ တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်နှင့် ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျ ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေး ဆပ်ကော်မတီ၏ ဖေဖော်ဝါရီ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ၀င်ငွေနည်းပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အပိုင်းလေးပိုင်းခွဲ၍ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအရ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပထမအဆင့်အနေဖြင့် အခန်းတစ်ယူနစ် (၄၆၈ စတုရန်းပေ) ရှိ ခြောက်ခန်းတွဲ အဆောက်အအုံ ၃၂ လုံး၊ အခန်းယူနစ်ပေါင်း ၇၆၈ ခန်းနှင့် ဒုတိယအဆင့်တွင် အခန်းတစ်ယူနစ် (၄၈၄ စတုရန်းပေ) နှင့် (၅၂၈ စတုရန်းပေ) ရှိ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၆ လုံး၊ အခန်းယူနစ်ပေါင်း ၄၉၆ ခန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းမှ အပိုင်း (၃) နှင့် အပိုင်း (၄) ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြီးစီးစေရန် ဆောက်လုပ်မည်ဖြစ်သဖြင့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ အခန်းပေါင်း ၂၀၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး အခန်းယူနစ်ပေါင်း ၂၉၂၀ ခန်း ရရှိမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေး ဆပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တန်ဖိုးသင့်တင့်၍ အများပြည်သူများ ၀ယ်ယူနိုင်စွမ်းရှိသည့်အိမ်ရာ (Affordable Housing) အား ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေပြီး အခန်းတစ်ယူနစ် (၆၀၀ စတုရန်းပေ) ရှိ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံး တည်ဆောက်နေသဖြင့် အခန်းယူနစ်ပေါင်း ၁၉၆၀၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ၏ အခန်းတစ်ခန်းတန်ဖိုးအား ကျပ်သိန်း ၁၂၀ ခန့်ဖြင့် ရောင်းချမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်ပြီးပါက ပွင့်လင်းမြင်သာမှုရှိရန်အတွက် သတင်းစာမှ လျှောက်လွှာခေါ်ယူ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ၍ ၀ယ်ယူနိုင်စွမ်းရှိသော အိမ်ခန်းများအား ရောင်းချရာတွင် ပုံမှန်ဝင်ငွေရှိ နိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်စားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ၀င်ငွေနည်းပြည်သူများ စသည်ဖြင့် ဦးစားပေးအဆင့်အလိုက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများအား ကျပ်သိန်း ၁၂၀ ခန့်ဖြင့် ရောင်းချရာတွင် တိုက်ခန်းတန်ဖိုးများအား ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျ ပေးချေနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေးဆပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်-ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တည်ဆောက်နေသည့် လုပ်ငန်းခွင်

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်နေသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ အိမ်ခန်းယူနစ်ပေါင်း ၂၅၀၀၀ ခန့်ရရှိမည်ဖြစ်ရာ တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ခန့်နှင့် ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျ ရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေး ဆပ်ကော်မတီ၏ ဖေဖော်ဝါရီ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ၀င်ငွေနည်းပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တန်ဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အပိုင်းလေးပိုင်းခွဲ၍ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအရ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပထမအဆင့်အနေဖြင့် အခန်းတစ်ယူနစ် (၄၆၈ စတုရန်းပေ) ရှိ ခြောက်ခန်းတွဲ အဆောက်အအုံ ၃၂ လုံး၊ အခန်းယူနစ်ပေါင်း ၇၆၈ ခန်းနှင့် ဒုတိယအဆင့်တွင် အခန်းတစ်ယူနစ် (၄၈၄ စတုရန်းပေ) နှင့် (၅၂၈ စတုရန်းပေ) ရှိ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ ၁၆ လုံး၊ အခန်းယူနစ်ပေါင်း ၄၉၆ ခန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာ့လေကြောင်းလိုင်းက အမေရိကန်နိုင်ငံ အခြေစိုက် GE Capital Aviation Services မှ ဘိုးရင်းလေယာဉ်သစ် ၁၀ စင်း ငှားရမ်း၍ ခရီးစဉ်ပျံသန်းမည်


မြန်မာနိုင်ငံ၏ တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့လေကြောင်းသည် အမေရိကန်နိုင်ငံ အခြေစိုက် GE Capital Aviation Services မှ ဘိုးရင်းလေယာဉ်သစ် ၁ဝ စင်း ငှားရမ်း၍ ခရီးစဉ်များ ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့လေကြောင်းနှင့် General Electric (GE) ၏ လေယာဉ်ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲတစ်ခုဖြစ်သော GE Capital Aviation Services တို့သည် ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က စင်ကာပူနိုင်ငံတွင် ဘိုးရင်းလေယာဉ်သစ် ၁ဝ စင်း ငှားရမ်းသည့်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာချုပ်ချုပ်ဆိုပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ အမေရိကန်သံအမတ်ကြီး Derek Mitchell နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု၏ အမေရိကန်တာဝန်ခံ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သံတွဲမြို့တွင် ဖြစ်ပေါ်ခဲ့သော ဆူပူမှုများနှင့်ပတ်သက်ပြီး မြို့နယ် RNDP ဥက္ကဋ္ဌ အပါအ၀င် ခုနစ်ဦးအပေါ် စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး အမှုပိတ်သိမ်း

Photo: သံတွဲမြို့တွင် ဖြစ်ပေါ်ခဲ့သော ဆူပူမှုများနှင့်ပတ်သက်ပြီး မြို့နယ် RNDP ဥက္ကဋ္ဌ အပါအ၀င် ခုနစ်ဦးအပေါ် စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် သတ်မှတ်ပြီး အမှုပိတ်သိမ်း

နှစ်လကျော်ကြာ အချုပ်ထောင်တွင် ကျခံခဲ့ရပြီးနောက် သံတွဲမြို့ RNDP ဥက္ကဋ္ဌအပါအ၀င် ရခိုင်တိုင်းရင်းသား ခုနစ်ဦးအား စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က သံတွဲတရားရုံးမှ အမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရခြင်းမှ လွတ်မြောက်လာသူများတွင် ရခိုင်လူမှုကွန်ရက်မှ နှစ်ဦး၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ လေးဦးနှင့် ရခိုင်တိုးတက်ရေးပါတီ (RNDP)မှ သံတွဲမြို့နယ်ဥက္ကဋ္ဌ ဦးမောင်ပုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါပုဂ္ဂိုလ်များမှာ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူများဖြစ်ပြီး ရဲစခန်းမှ တာဝန်ရှိသူများအား ၀တ္တရားနှောင့်ယှက်မှု ပြစ်မှုမမြောက်သဖြင့် တရားသေလွှတ်လိုက်ကြောင်း သိရသည်။

သံတွဲ RNDP ဥက္ကဋ္ဌ ဦးမောင်ပု(ခ) ဦးစောလှိုင်အား ပုဒ်မ ၅၀၅ (ဂ)နှင့်ပုဒ်မ ၁၈၆ တို့ဖြင့် စွဲဆိုထားခဲ့ခြင်းဖြစ်ပြီး ပထမစွဲဆိုခံရသော အမှုအမှတ် ၃၃၃/၂၀၁၃ ပြစ်မှုပုဒ်မ ၅၀၅(ဂ)မှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ ကျန်ရှိသော ပုဒ်မဖြစ်သည့် ၃၃၂/၂၀၁၃ ပြစ်မပုဒ်မ ၁၈၆ ဖြင့် စွဲဆိုခံရသော အမှုများကို မှားယွင်းမှုအဖြစ် အပြီးပြတ်ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘင်္ဂါလီလူမျိုး ဦးကျော်ဇံလှက ကိုနိုင်ဦးရဲ့ဆိုင်ကယ်မှာ တပ်ဆင်ထားတဲ့ သာသနာ့အလံကို ညစ်ညမ်းစွာဆဲဆိုမှုအတွက် ဘာပုဒ်မနဲ့ အရေးယူ အမှုဖွင့်ထားသလဲလို့ သံတွဲရဲစခန်းကို ငြိမ်းချမ်းစွာ သွားရောက်မေးမြန်ခဲ့တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးကျော်ကျော်၊ ဦးကျန်ထွန်း၊ ဦးဝင်းနိုင်၊ ဦးဌေးအောင်၊ ရခိုင်လူမှုကွန်ယက်(သံတွဲ)က ဦးသိန်းဝင်း၊ ဦးသိန်းစံ၊ ရခိုင်တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးမောင်ပုတို့ကို တရားစွဲဆိုခဲ့တာ ဖြစ်တယ်။ ဒီနေ့တော့ ဘာမှအပြစ်မရှိဘူး။ စွဲဆိုထားတဲ့ အမှုဟာလည်း မှားယွင်းမှုသာ ဖြစ်တယ်ဆိုပြီး မြို့နယ်ဒုတိယ တရားသူကြီးက ဆုံးဖြတ်လိုက်ပါတယ်” ဟု ရခိုင်လူမှုကွန်ယက်(သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    

သံတွဲပဋိပက္ခဖြစ်စဉ်တွင် သံသယရှိသူများအား စစ်ဆေးခဲ့သော သံတွဲခရိုင် တရားရုံးအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်

နှစ်လကျော်ကြာ အချုပ်ထောင်တွင် ကျခံခဲ့ရပြီးနောက် သံတွဲမြို့ RNDP ဥက္ကဋ္ဌအပါအ၀င် ရခိုင်တိုင်းရင်းသား ခုနစ်ဦးအား စွဲဆိုထားသည့် အမှုများအား မှားယွင်းမှုအဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က သံတွဲတရားရုံးမှ အမှုပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရခြင်းမှ လွတ်မြောက်လာသူများတွင် ရခိုင်လူမှုကွန်ရက်မှ နှစ်ဦး၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ လေးဦးနှင့် ရခိုင်တိုးတက်ရေးပါတီ (RNDP)မှ သံတွဲမြို့နယ်ဥက္ကဋ္ဌ ဦးမောင်ပုတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါပုဂ္ဂိုလ်များမှာ သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသူများဖြစ်ပြီး ရဲစခန်းမှ တာဝန်ရှိသူများအား ၀တ္တရားနှောင့်ယှက်မှု ပြစ်မှုမမြောက်သဖြင့် တရားသေလွှတ်လိုက်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis