menu

Wednesday 18 September 2013

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သော ရောဂါသည် တစ်ဦး

လိုအပ်ချက်ကြောင့် တီထွင်ပညာရှင်ဖြစ်ခဲ့သော ရောဂါသည် တစ်ဦး

Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး ဖြစ်ပါ တယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၀ နောင်းပိုင်းကစလို့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျောက်ကပ်တစ်ခုလုံး အလုပ် မလုပ်တော့တဲ့ အထိကို ဆိုးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ရေတွေကို ဆုပ်ထုပ်ပါမယ်။ လိုအပ်တဲ့ ရေနဲ့ သွေးကို ပြန်လည် အစားသွင်းပေးရပါမယ်။ ဒီအတွက် Dialysis ဆိုတဲ့ စက်ကို အသုံးပြုရ မှာ ဖြစ်ပြီး တရုတ်ပြည်က သာမန်လူတစ်ယောက်တောင် ငှားမသုံးနိုင်ပါဘူး။

ဆေးရုံမှာ တစ်ခါအသုံးပြုဖို့အတွက် ငွေကြေးမြောက်များစွာ ကုန်ကျပါတယ်။ သူ့အနေနဲ့ ပိုက်ဆံမတတ်နိုင်ပါဘူး။ ၁၉၉၃ ခုနှစ်ကစလို့ ကိုယ်ပိုင် စက်နဲ့ လုပ်ပါတယ်။ အမေအို အကူအညီနဲ့ ကိုယ်ပိုင်စက်တစ်လုံးကြောင့် ၁၃ နှစ်လုံးလုံး အသက်ရှင်ရပါတယ်။ ယင်းစက်ကလည်း အခြား မဟုတ်ပါဘူး။ မီးဖိုချောင်သုံး အီလက်ထရောနစ် ပစ္စည်းသက်သက် သာ ဖြစ်ပြီး သွေးပိုက်၊ပုလင်းတို့နဲ့ ပေါင်းစပ်၊ ဝါယာကြိုး လေးနဲ့ သွယ်တန်း လိုက်တော့ ခေတ်မှီ Dialysis စက်တစ်လုံးနဲ့ မထူးမခြားနားပါပဲ။ အမေအို က သူနာပြုလုပ်ပေးလို့ ပျက်ဆီးနေတဲ့ ကျောက်ကပ်နဲ့ ၁၃ နှစ်တောင် နေထိုင် ခဲ့ပါတယ်။

ဒီအကြောင်းကို မီဒီယာတွေစိတ်ဝင်စားလာပြီး အာရုံထားလာတဲ့အတွက် အစိုးရအနေနဲ့မနေနိုင်တော့ပဲ ဆေးဝါးကုသစရိတ်တွေ ထောက်ပံ့လိုက်ပြီ ဖြစ်ပါတယ်။ ပြီးတော့ သူဖန်တီးတဲ့ ဈေးနှုန်းသက်သာ ကျောက်ကပ် မှ ရေ ထုတ်စက်၊ ရေသွင်း၊ သွေးသွင်းစက် - Dialysis ကို စံဥပမာ ထားလို့ ကမ္ဘာ့ဈေးအသက်သာဆုံး Dialysis စက်တစ်လုံးကို ဖန်တီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: gmnetwork
အောင်ခမ်း ( International news for myanmar )

http://www.innewsmyanmar.com/2013/09/blog-post_18.html

အေးချမ်းမွန် Credit To >International news for myanmar< Thanks
Re-posted By ACM 18-9-2013 
https://www.facebook.com/excellencemedia

Necessity is the Mother of Invention ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လိုအပ်ချက်ကြောင့် တကယ်ပဲ ကမ္ဘာကျော် တီထွင်ပညာရှင် ဖြစ်သွားသူ ကတော့ တရုတ်နိုင်ငံ နန်ကျင်းပြည်နယ်က အမျိုးသား တစ်ဦး ဖြစ်ပါ တယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၉၀ နောင်းပိုင်းကစလို့ ကျောက်ကပ်မှာ ကျောက်တည်တဲ့ ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကျောက်ကပ်တစ်ခုလုံး အလုပ် မလုပ်တော့တဲ့ အထိကို ဆိုးသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ရေတွေကို ဆုပ်ထုပ်ပါမယ်။ လိုအပ်တဲ့ ရေနဲ့ သွေးကို ပြန်လည် အစားသွင်းပေးရပါမယ်။ ဒီအတွက် Dialysis ဆိုတဲ့ စက်ကို အသုံးပြုရ မှာ ဖြစ်ပြီး တရုတ်ပြည်က သာမန်လူတစ်ယောက်တောင် ငှားမသုံးနိုင်ပါဘူး။

စစ်တပ် အခန်းကဏ္ဍ လျှော့ချနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော

* စစ်တပ် အခန်းကဏ္ဍ လျှော့ချနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော *

By ဧရာဝတီ
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်းနေပြီ ဖြစ်လို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချနေကြောင်း ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ တွေဆုံပြီး အဲဒီလို ပြောဆိုခြင်း ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ထီရတ် ရသနစေ၀ီ(Teerat Ratanasevi)ကို ကိုးကားပြီး ဒီနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာပါ။ပထမအကြိမ် ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး (1st Thailand–Myanmar High Level committee meeting ) တက်ရောက်ဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာတာဖြစ် ပါတယ်။အဲဒီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်ခြားပြဿနာ၊ မပြီးဆုံးသေးတဲ့ နယ်နိမိတ်မျဉ်း သတ်မှတ်ရေးကိစ္စတွေကို အပြီးသတ် ဆောင်ရွက် ရေး ၊ နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်ရေး၊ မူးယစ်ဆေးဝါး ပြဿနာတွေကို ဆွေးနွေးကြတယ်လို့ အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြပါတယ်။ထားဝယ် ရေနက်ဆိပ်ကမ်း ဖြစ်မြောက်ရေးနဲ့ ပတ်သက်လို့လည်း မြန်မာ သမ္မတ ဦးသိန်းစိန်က အရေးကြီးတဲ့ စီမံကိန်း တခုဖြစ်တဲ့ အတွက် အထူး အလေးထားကြောင်း၊ အကောင်အထည် ဖော်ရေးအတွက် ထိုင်းအစိုးရနဲ့ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး အောင်မြင်ဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံ သူတွေ စိတ်ဝင်စားလာစေဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ဘန်ကာက်ပို့စ်မှာ ပါရှိ ပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ယူပြီးနောက်ပိုင်းမှာ ထိုင်း- မြန်မာနှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ဘန်ကောက်ပို့စ် သတင်းမှာလည်း ထိုင်း-မြန်မာ ဆက်ဆံရေး သမိုင်းတလျှောက် လက်ရှိအချိန်ဟာ အကောင်းဆုံးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုတယ်လို့ ရေးသား ထားပါသေးတယ်။ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီး ပြင်ဦးလွင် မြို့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တိတ်တဆိတ် တွေ့ဆုံခဲ့တဲ့အထိ ဆက်ဆံရေး တိုးတက်ခဲ့ပါတယ်။မေလ နောက်ဆုံးပတ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ရာ ထိုင်းဘုရင်ရဲ့တော်ဝင်ဘွဲ့တံဆိပ် Knight Grand Cross(First Class) of The Most Noble Order of the Crown of Thailand ချီးမြှင့်ခံခဲ့ရပါသေးတယ်။ဒါပေမယ့် လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကတော ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး Yutthasak Sasiprapa တို့ ဟောင်ကောင်မှာ တိတ်တဆိတ် တွေ့ဆုံပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တဲ့ အသံဖိုင် ဟာ လူမှုကွန်ရက် Facebook ကနေတဆင့် ပျံ့နှံ့မှု ဖြစ်ပွား ခဲ့ပါတယ်။ဒီလိုပျံနှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်တဲ့အတွက် မီဒီယာတွေ အနေနဲ့ ထိန်းထိန်း သိမ်းသိမ်း ရေးသားဖို့ ထိုင်း ကာကွယ်ရေး ဦးစီးချုပ်က သတိပေးခဲ့ပါတယ်။

ရန်ပိုင်

Credit > ဧရာဝတီ


ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်းနေပြီ ဖြစ်လို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချနေကြောင်း ပြောဆိုလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့က ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး မစ္စ ယင့်လတ် ရှင်နာဝပ်နဲ့ တွေဆုံပြီး အဲဒီလို ပြောဆိုခြင်း ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ထီရတ် ရသနစေ၀ီ(Teerat Ratanasevi)ကို ကိုးကားပြီး ဒီနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာပါ။ပထမအကြိမ် ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ အစည်းအဝေး (1st Thailand–Myanmar High Level committee meeting ) တက်ရောက်ဖို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိလာတာဖြစ် ပါတယ်။

စိန်ထည်နှင့်အခြားပစ္စည်းများ ပျောက်ဆုံးမှုဖြင့် ဖခင်က သမီးနှစ်ဦးကို အမှုဖွင့်

  ရန်ကုန်၊ စက်တင်ဘာ ၁၇

တောင်ဥက္ကလာပမြို့နယ် ဇီဇဝါ ဥယျာဉ်အိမ်ရာရှိ နေအိမ်တစ်လုံးတွင် ကျပ်သိန်းငါးရာကျော် တန်ဖိုးရှိ စိန်ထည် လက်ဝတ်လက်စားနှင့် တန်ဖိုးကြီးစာချုပ် စာတမ်းများ ပျောက်ဆုံးမှုကြောင့် ဖခင်က သမီးအရင်းနှစ်ဦးကို စက်တင်ဘာလ ၁၆ ရက်နေ့က အမှုဖွင့် တိုင်တန်းထားကြောင်း တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဖခင်ဖြစ်သူ ဦးတင်လှအောင် အထက်တန်းရှေ့နေ အငြိမ်းစားသည် ဇနီးနှင့်အတူ အမေရိကန် ပြည်ထောင်စုရှိ သမီးအကြီးဆုံးထံ သွားရောက်လည်ပတ်ရန် နေအိမ်ကို သော့ခတ်၍ ခြံဝင်းသော့ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက် နေ့က ယင်းဥယျာဉ်အိမ်ရာ လုံခြုံရေးမှူးထံ အပ်နှံခဲ့ကာ အဆိုပါညတွင် အသက် ၂၀ ဝန်းကျင် ရှိ အငယ်ဆုံးသမီးဖြစ်သူ မခင်နန်းထက်အောင် ရောက်ရှိလာကာ ခြံသော့ကို တောင်းယူသွားပြီး နောက်ပိုင်းရက် များတွင် ဧည့်သည်များ ခေါ်ဆောင်ကာ ဝင်ထွက်သွားလာခဲ့ကြောင်း အဆိုပါ ဥယျာဉ်အိမ်ရာ လုံခြုံရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

ဒီပဲယင်း လုပ်ကြံမှု ပြောစရာ အကြောင်းမရှိဟု ဦးခင်ညွန့်ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇

မိသားစု လုံခြုံရေးကို အာမခံမည် ဆိုလျှင် ဒီပဲယင်း အရေးအခင်းနှင့် ပတ် သက်သမျှအားလုံး ဖွင့်ချမည်ဟု အင် တာနက်လူမှု ကွန်ရက်စာမျက်နှာအချို့၌ ပျံ့နှံ့နေမှုမှာ ၄င်းပြောဆိုထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ငြင်းဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း အင်တာ နက် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က အနောက်နိုင်ငံတစ်ခုမှ သံရုံးကိုယ်စား လှယ်တစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံစဉ် မိ သားစု လုံခြုံရေးအာမခံချက်ရှိက ဒီပဲ ယင်းအရေးအခင်းကိုဖွင့်ချမည်ဟု ပြော ခဲ့ကြောင်း ပျံ့နှံနေမှုနှင့် ပတ်သက်၍ ပေါ်ပြူလာနယူးစ်က သွားရောက် တွေ့ ဆုံမေးမြန်းရာ ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။

”ဘယ်သူ့မှလည်း မပြောဖူးဘူး။ အဲဒီလို ပုဂ္ဂိုလ်လာတယ်ဆိုတာလည်း မရှိဘူး။ နောက်ပြီးတော့ အဲဒီ Subject  (အကြောင်းအရာ)ကို ပြောစရာအ ကြောင်းလဲမရှိဘူး”ဟု ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်က ပြောသည်။

ရန်ကုန်ဆေးရုံကြီးဝန်ထမ်းများ ပိုက်ဆံယူကြောင်း ဝေဖန်မှုအပေါ် မကျေနပ်၍ ဆန္ဒပြ

ရန်ကုန်ဆေးရုံကြီးဝန်ထမ်းများ ပိုက်ဆံယူကြောင်း ဝေဖန်မှုအပေါ် မကျေနပ်၍ ဆန္ဒပြ 

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ပိုက်ဆံယူကြောင်း  ပြည်သူများနှင့် မီဒီယာ အချို့က ဝေဖန်ပြောဆိုမှုအပေါ် မကျေနပ်သောကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ  အမျိုးသား သွေးလှူဘဏ် ရှေ့တွင် ဆန္ဒပြခဲ့ကြောင်း ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ငြိမ်းချမ်းရေး အတွက် လိုင်ဇာသို့ လမ်းလျှောက်မှုပြုလုပ် ခဲ့ဖူးသည့် ဦးမိုးသူက ပြောကြားသည်။ 

ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာဝန်၊ သူနာပြုများ အပါအဝင် အောက်ခြေဝန်ထမ်း များသည် ငွေကြေး တောင်းခံခြင်းများ ရှိနေသည်ဟု ပြည်သူများနှင့် သတင်းမီဒီယာ အချို့က ဝေဖန် ပြောဆိုနေခြင်းသည် ဆရာဝန်၊ ဆရာမ များ၏ စေတနာ၊ အောက်ခြေဝန်ထမ်း များ၏ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်း စေသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။ 
"နိုင်ငံတော်က ချပေးထားတဲ့ အသုံးစရိတ် လောက်ငမှု မရှိတာကို အားလုံးသိပြီးသားပါ။ ပိုက်ဆံပေးရတာ ဒီဆေးရုံတစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးရုံကြီး တစ်ခုတည်းကိုပဲ လက်ညှိုးထိုး နေကြတယ်" ဟု ၄င်းကဆိုသည်။ 

ယခုဆန္ဒထုတ်ဖော်မှုတွင် အဆိုပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဝန်ထမ်းများ မပါဝင်ကြောင်း၊ မိမိတို့ ဆန္ဒအလျောက် ထုတ်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒ ထုတ်ဖော်သူများက ဆိုသည်။

ဆန္ဒပြသူများတွင် ဆေးရုံဝန်ထမ်းများ ကိုယ်တိုင်မပါဝင် သော်လည်း ဒီမိုကရေစီအင်အားစုမှ အဖွဲ့ဝင်အချို့၊ ဆေးရုံဝန်ထမ်း မိသားစုဝင်အချို့နှင့် ဆေးရုံ တက်ရောက်စဉ် လိုအပ်သည့်ငွေကြေး စိုက်ထုတ်ကုသပေးခြင်း အပါအဝင် ကောင်းမွန်သော ကုသစောင့်ရှောက်မှု ရရှိခဲ့သည့် အတွက် ထောက်ခံဆန္ဒပြခဲ့သူ၊ ယင်းဆေးရုံကြီးတွင် တက်ရောက်ခဲ့ဖူးသူ ဒလ မြို့နယ်တွင် နေထိုင်သည့် ဦးအောင်ကျော်မိုး ဆိုသူလည်း ပါဝင်ကြောင်း အထက်ပါ ဆန္ဒ ပြသူများထံမှ သိရသည်။ 

ရန်ကုန်ဆေးရုံကြီးတွင် လူနာများ အတွက် အစိုးရက ထောက်ပံ့ထားသော အခြေခံ အသုံးအဆောင်များ ဖြစ်သည့် ဆေးထိုးအပ်၊ ဂွမ်း၊ ပတ်တီး စသည့် ပစ္စည်းများကိုပါ ငွေကြေးပေး ဝယ်နေရခြင်း များရှိနေကြောင်း ဆေးဘက်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပရဟိတ လုပ်ငန်းများ လုပ်ကိုင်နေသူ ဦးဟိန်းမင်းဦး ကဆိုသည်။ 

ဆန္ဒထုတ်ဖော်မှုတွင် လူဦးရေ ၁၀ ဦးခန့် ပါဝင်ခဲ့ပြီး၊ သက်ဆိုင်ရာ လသာမြို့နယ် ရဲစခန်းထံသို့ ငါးရက်ကြိုတင်၍ လူ ၂၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း နေရာအခက်အခဲ ကြောင့် လူ ၂၀ ခန့်ဖြင့်သာ ဆန္ဒထုတ် ဖော်ခွင့်ရရှိခဲ့ကြောင်း ယင်းဆန္ဒထုတ်ဖော် သူများက ဆိုသည်။

(အောင်မျိုးထက်)
ရန်ကုန်၊ စက်တင်ဘာ ၁၇
ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ပိုက်ဆံယူကြောင်း ပြည်သူများနှင့် မီဒီယာ အချို့က ဝေဖန်ပြောဆိုမှုအပေါ် မကျေနပ်သောကြောင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ အမျိုးသား သွေးလှူဘဏ် ရှေ့တွင် ဆန္ဒပြခဲ့ကြောင်း ယင်းဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ငြိမ်းချမ်းရေး အတွက် လိုင်ဇာသို့ လမ်းလျှောက်မှုပြုလုပ် ခဲ့ဖူးသည့် ဦးမိုးသူက ပြောကြားသည်။

ဆေးရုံတွင် တာဝန်ထမ်းဆောင် နေသည့် ဆရာဝန်၊ သူနာပြုများ အပါအဝင် အောက်ခြေဝန်ထမ်း များသည် ငွေကြေး တောင်းခံခြင်းများ ရှိနေသည်ဟု ပြည်သူများနှင့် သတင်းမီဒီယာ အချို့က ဝေဖန် ပြောဆိုနေခြင်းသည် ဆရာဝန်၊ ဆရာမ များ၏ စေတနာ၊ အောက်ခြေဝန်ထမ်း များ၏ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်း စေသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။
"နိုင်ငံတော်က ချပေးထားတဲ့ အသုံးစရိတ် လောက်ငမှု မရှိတာကို အားလုံးသိပြီးသားပါ။ ပိုက်ဆံပေးရတာ ဒီဆေးရုံတစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆေးရုံကြီး တစ်ခုတည်းကိုပဲ လက်ညှိုးထိုး နေကြတယ်" ဟု ၄င်းကဆိုသည်။

ကုလ စုံစမ်းရေးမှူးတွေကို ရုရှားက စွပ်စွဲ

ဆီးရီးယားမှာ ဓာတုလက်နက် သုံးစွဲမှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လက်နက် စုံစမ်းစစ်ဆေးရေးမှူးတွေဟာ နိုင်ငံရေးအရ လိုရာဆွဲပြီး တစ်ဖက်သတ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်လို့ ရုရှားနိုင်ငံက စွပ်စွဲလိုက်ပါတယ်။

ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ဒမားစကပ်စ်မြို့ကို ရောက်ရှိစဉ် ပြောဆိုရာမှာ ဓာတုလက်နက်တွေကို သူပုန်တွေဘက်က သုံးစွဲခဲ့တဲ့ သက်သေအထောက်အထား အသစ်ကို ဆီးရီးယားအစိုးရက သူ့ကို ပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက် သုံးစွဲခဲ့တယ်လို့ စွပ်စွဲမှုရှိခဲ့တဲ့ အရင် နေရာဟောင်း ၃ နေရာကို ကုလ လက်နက် စုံစမ်းရေးမှူးတွေ သွားမကြည့်ခဲ့တာကို သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့လည်း Mr Ryabkov က ပြောပါတယ်။ အဲဒီ နေရာတွေမှာ သူပုန်တွေဘက်က ဓာတုလက်နက် သုံးစွဲခဲ့တယ်လို့ ရုရှားက ပြစ်တင်ခဲ့တာပါ။

ဟောလိဝုဒ်မှ ဒါရိုက်တာတစ်ဦး ပြည်တွင်း၌ ဖြစ်ရပ်မှန်ရုပ်ရှင် ရိုက်ကူးမည်

ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၉ မိနစ်

ဟောလိဝုဒ်မှဒါရိုက်တာတစ်ဦးသည် ပြည်တွင်း၌ ဖြစ်ရပ်မှန် ဇာတ်လမ်းအား အခြေခံသည့် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ပြီး ယင်းဇာတ်ကားနှင့် ပတ်သက်သော ဇာတ်ဝင်ခန်းများအတွက် ယခုအခါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း ဥက္ကဋ္ဌလူမင်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။

အဆိုပါဇာတ်ကားမှာ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သော လေသူရဲတစ်ဦး၏ အတွေ့အကြုံများကို အခြေတည်ကာ ရိုက်ကူးမည့် ဇာတ်ကားဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်ကြီးနား၊ စစ်တကောင်းဒေသတို့ကို အဓိကထားကာ ရိုက်ကူးမည်ဖြစ်သည်။

ဖခင်ကို တက်တူးထိုးပေးခဲ့သော ၅ နှစ်သားလေး

ဖခင်ကို တက်တူးထိုးပေးခဲ့သော ၅ နှစ်သားလေး
**********************************
ဖခင်ကို တက်တူးထိုးပေးခဲ့သော ၅ နှစ်သားလေးအိုလီဗာ ဆိုတဲ့ ၅ နှစ်အရွယ်ကေလးဟာ သူ၏ နာမည်ကို ဖခင်ဖြစ်သူအား ထိုးပေးခဲ့ပါတယ်။ ကလေးဟာ ဖခင်ဖြစ်သကို Oliver ဆိုတဲ့ အက္ခရာလေးတွေကို ထိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းဟာ အသက် အလွန်ငယ်ရွယ်သော်လည်း အသိဥာဏ်မှာ လူကြီးတစ်ယောက် အသွင် ရှိတယ်လို့ ဆိုပါတယ်။ အိုလီဗာဟာ တက်တူးထိုးရာတွင် အသက်အရွယ်နှင့် မလိုက်အောင် အလွန်ပဲ ကျွမ်းကျင်ပြောင်မြောက်တယ်လို့ ဆိုပါတယ်။

၎င်းဟာ သူ့၏ ဖခင်ကို လက်ဆောင် အနေဖြင့် တင်ပါးမှာ ထိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။အိုလီဗာဟာ အသက်ကြီးလာတဲ့ အခါ အလွန်မတန် တော်တဲ့ တက်တူး ဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

အိုလီဗာဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး တက်တူးဆရာ တစ်ယောက် ဆိုလည်း မမှားပါဘူး။ သူဟာ တက်တူးထိုးရာတွင် အာရုံး စူးစိုက်မှု အရမ်းကောင်းတယ်လို့လည်း ဆိုပါတယ်။

ထို့ပြင် အိုလီဗာ၏ ထူးခြားချက်မှာ တက်တူးထိုးနေစဉ်မှာ လျှာကို ထုတ်ပြီး သေချာစွာ အာရုံစိုက် လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

Ref - Do Something

ကျော်လင်းနိုင် (ရိုးရာလေး)    
    By ရိုးရာလေး

ဖခင်ကို တက်တူးထိုးပေးခဲ့သော ၅ နှစ်သားလေးအိုလီဗာ ဆိုတဲ့ ၅ နှစ်အရွယ်ကေလးဟာ သူ၏ နာမည်ကို ဖခင်ဖြစ်သူအား ထိုးပေးခဲ့ပါတယ်။ ကလေးဟာ ဖခင်ဖြစ်သကို Oliver ဆိုတဲ့ အက္ခရာလေးတွေကို ထိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းဟာ အသက် အလွန်ငယ်ရွယ်သော်လည်း အသိဥာဏ်မှာ လူကြီးတစ်ယောက် အသွင် ရှိတယ်လို့ ဆိုပါတယ်။ အိုလီဗာဟာ တက်တူးထိုးရာတွင် အသက်အရွယ်နှင့် မလိုက်အောင် အလွန်ပဲ ကျွမ်းကျင်ပြောင်မြောက်တယ်လို့ ဆိုပါတယ်။

၎င်းဟာ သူ့၏ ဖခင်ကို လက်ဆောင် အနေဖြင့် တင်ပါးမှာ ထိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။အိုလီဗာဟာ အသက်ကြီးလာတဲ့ အခါ အလွန်မတန် တော်တဲ့ တက်တူး ဆရာတစ်ယောက် ဖြစ်လာလိမ့်မယ်လို့လည်း ဆိုပါတယ်။

ကော့သောင်းထောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှု ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှုရှိနေ

ကော့သောင်းထောင်တွင်း ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှုသည် ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ အဆိုပါ သတင်းတွင် ခိုက်ရန်ဖြစ်ပွားမှုဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ ကျခံနေရသော ညီအစ်ကိုနှစ်ဦးနှင့် အကျဉ်းသား တစ်ဦးတို့ စကားများ ရန်ဖြစ်ရာမှ အစပြုကာ အကျဉ်းထောင် အမျိုးသားနှစ်ထပ် အိပ်ဆောင် (၁) အပေါ်ထပ်ရှိ အခန်း (၄) တွင် ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ အိပ်ဆောင် (၁) အခန်း (၃) နှင့် (၄)တို့ရှိ အကျဉ်းသားများက ဆူပူအောင် ဖန်တီးခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ဥပဒေနှင့်အညီ နေထိုင်ကြရန်၊ ဆူပူမှု မပြုလုပ်ကြရန် လက်ကိုင် အသံချဲ့စက်ဖြင့် ထိန်းသိမ်းနေစဉ် အကျဉ်းသား အချို့က ခေါင်မိုး (အမိုးသွပ်) အား ဖောက်ထွက်ခြင်း၊ အိပ်ဆောင် တံခါးများကို ဖျက်ဆီးခြင်း၊ အိပ်ဆောင်(၁) အပေါ်ထပ်ရှိ ကော်ရစ်တာ အိပ်ဆောင်(၂) အောက်ထပ်ရှိ ကော်ရစ်တာတို့အား မီးရှို့ခြင်း၊ လျှပ်စစ်လိုင်းများအား ခဲဖြင့်ပစ်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အိပ်ဆောင်အတွင်းမှ ဖောက်ထွက်၍ အကျဉ်းထောင် ဆူပူမှုကို အရှိန်မြှင့်ကာ ထောင်ဖောက်ရန် ကြိုးစားခဲ့ကြောင်း ရေးသားခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက သတင်းစာ အချို့၌လည်း ထောင်ဖောက်ပြေးခြင်း၊ ထောင်ဆူ၍ ဖျက်ဆီးမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသားဖော်ပြ ခဲ့ကြသည်။

လူသတ်မှုကျူးလွန်ခဲ့သူဟု စွပ်စွဲခံရသူ စစ်သားသုံးဦးအား ငါးလကြာသည်အထိ အရေးမယူသေးဟု အာရှလူ့အခွင့်ရေးကော်မရှင် သတင်းထုတ်ပြန်


အောင်မင်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၂ မိနစ်

ပြည်မြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် လူသတ်မှုနှင့် လုယက်မှုအား ကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအား ဌာနဆိုင်ရာတွင် စစ်ဆေးမေးမြန်းပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရသော်လည်း ငါးလကြာသည်အထိ အရပ်ဘက်တရားရုံးတွင် တရားစွဲဆို အပြစ်ပေးမှု မရှိသေးကြောင်း အာရှလူ့အခွင့် အရေးကော်မရှင်၏ သတင်း ၀က်ဘ်ဆိုဒ်တွင် ယခုလ ၁၇ ရက်က ဖော်ပြခဲ့သည်။

“ပြစ်မှုကျူးလွန်သူ တပ်မတော်သားသုံးဦးအား အလျင်အမြန် ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့၏ တပ်ရင်းမှူးမှ ၎င်းတို့အား စစ်တပ်အချုပ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး” ငါးလကြာသည့် အချိန်အထိ ဒေသခံများမှ တောင်းဆိုထားသည့် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုခြင်းမျိုး မပြုလုပ်သေးဟု ဖော်ပြထားသည်။

တပ်မတော်အရာရှိ သတ်ဖြတ်ခံရမှု ဖြစ်ရပ်မှန် နိုင်ငံတကာသို့ ကြေညာမည်ဟု KIO ဆို


ရန်ကုန်၊ စက်တင်ဘာ ၁၅
တပ်မတော်သားအရာရှိတစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော်  မှ သတ်ဖြတ်သည်ဆိုခြင်းမှာ စွပ်စွဲချက်တစ်ခု သာဖြစ်ပြီး  သတ်ဖြတ်ခြင်းလုံးဝ မဟုတ်ဟု ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်န်း ခါးက စက်တင်ဘာ ၁၅ရက်တွင် ပြော ကြားလိုက်သည်။
ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခန်းဂါးရွာအနီးတွင် သတ်ဖြတ်မြေမြှုပ် ခံထားရသည့် တပ်မတော်အရာရှိနှင့် ပတ် သတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ်ကို စက် တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ရာ တပ်မ တော်အရာရှိကို KIO မှ သတ်ဖြတ်ခြင်းဖြစ် ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
]]အစိုးရတပ်က အစီရင်ခံစာတင် ပြတဲ့ အခါမှာ ရာနှုန်းပြည့်မှန်ကန်တယ်ဆို တာ မရှိပါဘူး။အခု ဒီအရာရှိ အသတ်ခံရ တာက KIO သတ်တာလုံးဝမဟုတ်ပါ ဘူး။မမှန်ကန်တဲ့ သတင်းသာဖြစ်ပါ တယ်}}ဟုဦးဒေါင်န်းခါးကပြောကြားသည်။

ဓားစာခံ ၁၀၇ ယောက်ကို ဖိလစ်ပိုင်စစ်တပ် ကယ်တင်

ဖိလစ်ပိုင်နိုင်ငံမှာ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (အမ်အန်အယ်လ်အက်ဖ်)ရဲ့ လက်နက်ကိုင်အဖွဲ့ခွဲတခုက ဖမ်းထားတဲ့ ဓားစာခံ ၁၀၇ ယောက်ကို ဖိလစ်ပိုင်စစ်တပ်က ပြီးခဲ့တဲ့ ၁၈ နာရီအတွင်း ကယ်ဆယ်နိုင်ခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

နူအာမီဆွာရီ ဥက္ကဋ္ဌအနေနဲ့ တည်ထောင်ထားတဲ့ အမ်အန်အယ်လ်အက်ဖ်ရဲ့ လက်နက်ကိုင်အုပ်စုတခုဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်နေ့က ဇမ်ဘိုဝမ်ဂါရဲ့ နေရာအတော်များများကို ၀င်ရောက် တိုက်ခိုက်ခဲ့ပြီးတော့ ဒေသခံရွာသား ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အဲဒီဓားစာခံတွေထဲက ၆၆ ယောက်ကို စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၃ နာရီမှာ ကယ်ဆယ်နိုင်ခဲ့ပြီး နောက်နာရီအနည်းငယ်အကြာမှာ ၅ ယောက် ထပ်ပြီး လွှတ်လာတယ်လို့ စစ်တပ်အရာရှိတယောက်က ဆိုပါတယ်။

ယာဉ်တိုက်မှု ကြောင့် လ၀က်အတွင်း လမ်းဖြတ်ကူးသူ ၃ဦးသေ ၆ ဦး ဒဏ်ရာရ

Photo: ယာဉ်တိုက်မှု ကြောင့် လ၀က်အတွင်း လမ်းဖြတ်ကူးသူ ၃ဦးသေ ၆ ဦး ဒဏ်ရာရ 
=====================================

ရန်ကုန် စက်တင်ဘာ ၁၈

ယခုလ၀က် အတွင်း ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မ မှုကြောင့် ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မထသ ( ဗဟို ) စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

စက်တင်ဘာ  ( ၁ )ရက်မှ  ( ၁၅ )ရက်အတွင်း ခရီးသည်တင်ယာဉ်တိုက်မှု ၊ တိမ်းမှောက်မှု  နှင့် ယာဉ်မတော်တဆမှု ဖြစ်စဉ် ၉ မှု ရှိပြီး ၄င်းအနက် ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူ အားတိုက်မိမှု ၅ မှု ဖြစ်ပွားခဲ့ကြောင်း မထသ ( ဗဟို ) မှ သိရသည်။

၎င်းဖြစ်စဉ်များနှင့်ပတ်သတ်၍ မထသ ( ဗဟို ) စည်းကမ်း ထိန်းသိမ်းရေး ဌာန မှ ဌာနမှူး ဦးကာကျော်က "လမ်းကူးသူ နဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေ ပြန်ကြည့်ရင် စနစ်တကျ ကူးရင် ရှောင်လွှဲလို့ရတဲ့ ကိစ္စပါ ။အဲ့ဒီလိုဆို ရင် သေမယ့် သုံးဦးလည်းမသေဘူး ။ ဘယ်လောက်ပဲ ကားက မဆင် မခြင်မောင်းမောင်း လမ်းဖြတ်ကူးတဲ့ သူက စိတ်ချရတဲ့ အချိန်ကူးရင် တိုက်စရာအကြောင်းလည်းမရှိဘူး" ဟု သုံးသပ်ပြောသည်။

လမ်းဖြတ်ကူးသည့်အချိန်တွင် ဘယ်ကြည့် ၊ ညာကြည့် ၊ ဘယ်ပြန်ကြည့်  ၊ ညာပြန်ကြည့် သည့် စနစ်ဖြင့် လမ်းဖြတ်ကူးသင့် ပြီးလမ်းအသိပညာ ရှိရန်လည်း လိုအပ်ကြောင်း မထသ ( ဗဟို )မှ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

လမ်းဖြတ်ကူးသူများအား တိုက်မိသော ယာဉ်များအား သက်ဆိုင်ရာ နယ်မြေ ယာဉ်ထိန်းရဲ မှ အမှုဖွင့် အရေးယူထားကြောင်း စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ သိရသည်။

ထက်ထက်မိုးမြင့်

ရန်ကုန် စက်တင်ဘာ ၁၈

ယခုလ၀က် အတွင်း ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူအား တိုက်မ မှုကြောင့် ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မထသ ( ဗဟို ) စည်းကမ်းထိန်းသိမ်းရေး ဌာနမှ သိရသည်။

စက်တင်ဘာ ( ၁ )ရက်မှ ( ၁၅ )ရက်အတွင်း ခရီးသည်တင်ယာဉ်တိုက်မှု ၊ တိမ်းမှောက်မှု နှင့် ယာဉ်မတော်တဆမှု ဖြစ်စဉ် ၉ မှု ရှိပြီး ၄င်းအနက် ခရီးသည်တင်ယာဉ်မှ လမ်းဖြတ်ကူးသူ အားတိုက်မိမှု ၅ မှု ဖြစ်ပွားခဲ့ကြောင်း မထသ ( ဗဟို ) မှ သိရသည်။

၎င်းဖြစ်စဉ်များနှင့်ပတ်သတ်၍ မထသ ( ဗဟို ) စည်းကမ်း ထိန်းသိမ်းရေး ဌာန မှ ဌာနမှူး ဦးကာကျော်က "လမ်းကူးသူ နဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေ ပြန်ကြည့်ရင် စနစ်တကျ ကူးရင် ရှောင်လွှဲလို့ရတဲ့ ကိစ္စပါ ။အဲ့ဒီလိုဆို ရင် သေမယ့် သုံးဦးလည်းမသေဘူး ။ ဘယ်လောက်ပဲ ကားက မဆင် မခြင်မောင်းမောင်း လမ်းဖြတ်ကူးတဲ့ သူက စိတ်ချရတဲ့ အချိန်ကူးရင် တိုက်စရာအကြောင်းလည်းမရှိဘူး" ဟု သုံးသပ်ပြောသည်။

ကော်ရှူလူငယ် ၈၀ခန့် လူမှုဝန်ထမ်းထိန်းသိမ်း

Photo: ကော်ရှူလူငယ် ၈၀ခန့် လူမှုဝန်ထမ်းထိန်းသိမ်း

ရန်ကုန်၊ စက်တင်ဘာ ၁၇

လူငယ်ထုအကြား ကော်ရှူသည့် ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူ ကလေးသူငယ် ၈၀နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

လမ်းပေါ်တွင် ကော်ရှူနေသော ကလေးသူငယ်များကို တွေ့ရှိလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းမှ အသက် ၁၈ နှစ်အောက် ယောက်ျားလေးများကို သန်လျင်နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးကျောင်း၊ မိန်းကလေးများကို ထောက်ကြန့်အမျိုးသမီး ကလေးများသင်တန်းကျောင်း နှင့် မန္တလေး ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်လေ့ကျင့်ရေး စခန်းသို့ တစ်ဆင့် ပြန်လည်ပို့ဆောင် ခဲ့ကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။ 

လေ့ကျင့်ရေးကျောင်း တစ်ကျောင်းလျှင် လူငယ်၂၀ဦးခန့် ရှိပြီး ယင်းလူငယ် များတွင် ဂေဟာသို့ ဒုတိယအကြိမ် ရောက်ရှိသော လူငယ်များလည်း ပါဝင်ကြောင်း၊ အချို့လူငယ် များသည် 
ပထမအကြိမ် ရောက်ရှိချိန်တွင် ကော်ရှူခြင်းဓလေ့ ပျောက်ကင်းသွားသော်လည်း ပြင်ပ ပတ်ဝန်းကျင်နှင့် ပြန်လည်ထိတွေ့ပါက ကော်ရှူခြင်း ပြန်လည်စွဲသွားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

ယင်းကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကယ်ဆယ်ထားသော ကလေးသူငယ်နှင့် လူငယ်လေ့ကျင့်ရေး စခန်းများသို့ ဒုတိယအကြိမ် ပြန်ရောက်သော ကလေးသူငယ်များကို စိစစ်ရန် အတွက် ယခုလမှစတင်ကာ လေ့ကျင့်ရေးစခန်းသို့ ရောက်လာသော ကလေးငယ်များ၏ ကိုယ်ရေးရာဇဝင် များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ များကလည်း လူမှုဝန်ထမ်းသို့ ရောက်ရှိလာသည့် ကော်ရှူကလေးသူငယ် များကို ရာဇဝတ်မှုရှိ၊ မရှိစစ်ဆေးကာ တွေ့ရှိပါက ကလေးသူငယ် ဥပဒေအတိုင်း အရေးယူမှုများ ပြုလုပ်သွားရန် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။ 

ကျန်းမာရေးဝန်ကြီးဌာနက ကော်ရှူကလေးသူငယ် များအတွက် ကော်ရှူသုံးစွဲခြင်း တားဆီးရေး ဥပဒေတစ်ခု အမြန်ဆုံး ရေးဆွဲသွားရန် ရှိကြောင်း ဇူလိုင်လ ၄ ရက် နေ့တွင် ယခင်ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(ရလေး)

ရန်ကုန်၊ စက်တင်ဘာ ၁၇

လူငယ်ထုအကြား ကော်ရှူသည့် ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူ ကလေးသူငယ် ၈၀နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

လမ်းပေါ်တွင် ကော်ရှူနေသော ကလေးသူငယ်များကို တွေ့ရှိလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းမှ အသက် ၁၈ နှစ်အောက် ယောက်ျားလေးများကို သန်လျင်နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးကျောင်း၊ မိန်းကလေးများကို ထောက်ကြန့်အမျိုးသမီး ကလေးများသင်တန်းကျောင်း နှင့် မန္တလေး ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်လေ့ကျင့်ရေး စခန်းသို့ တစ်ဆင့် ပြန်လည်ပို့ဆောင် ခဲ့ကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။

အဂတိလိုက်စားမှု ဥပဒေ ဒီကနေ့က စပြီး အာဏာတည်ပြီ

သမ္မတ ဦးသိန်းစိန် ကြုံးဝါးနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နဲ့ပတ်သက်လို့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ဥပဒေ အာဏာတည်တဲ့ နေ့ရက်သတ်မှတ်တဲ့ အမိန့် ထုတ်ပြန်လိုက်ပါပြီ။ 





ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဟာ စတင် အာဏာသက်ဝင်သွားပြီဖြစ်ပါတယ်။ 

ဥပဒေ သဘောအရ အရင်တုန်းက အဂတိလိုက်စားမှုတွေ ကျူးလွန်ရင်ရော ဒီဥပဒေက ဘယ်လို အရေးယူလို့ ရမယ်ဆိုတာ သေချာ မရှင်းလင်းသလို ဒီကနေ့ကစပြီး အဂတိလိုက်စားသူဟာ ဒီဥပဒေနဲ့ အရေုးယူ အပြစ်ပေးလို့ ရတဲ့သဘောအဖြစ် မှတ်ယူလို့ရတဲ့ အနေအထားပါ။ 

တဖက်ကလည်း နှစ်ပေါင်းများစွာ အဂတိလိုက်စားမှုတွေ အလွန်များခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီ ဥပဒေနဲ့ ဘယ်သူတွေ စံပြအဖြစ် အရေးယူခံရမလဲ  ဆိုတာ အများက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။

နင်းခြေခံလိုက်ရတဲ့ ပန်းရိုင်းလေးတစ်ပွင့်

အသက်အရွယ်အားဖြင့် ၁၃ နှစ်သာရှိသေးတဲ့ အရွယ်ငယ်ငယ်အမျိုးသမီးလေးတစ်ဦးက သူ့ကို မတော်မတရားပြုကျင့်တဲ့အကြောင်းကို ပြောပြနိုင်ဖို့ ကြိုးစားတဲ့အခါ စကားသံတွေ ထွက်မလာဘဲ မျက် ရည်တွေ တသွင်သွင်စီးကျလာပါတယ်။ စီးကျနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်းထစ်ငေါ့ငေါ့ စကားသံလေးနဲ့ ]]သမီးစက်ရုံကပြန်တဲ့အချိန် ပြန်နေ ကျအစ်မကြီးနဲ့ပြန်တဲ့အခါ သူ့အဖော်နဲ့ အတူ နေရာတစ်နေရာကို ဆွဲခေါ်သွားတယ်။ အိမ်ပြန်မယ် လို့ပြောတော့မပို့ပေးဘဲအခန်းထဲခေါ်သွားတယ်။ သူနဲ့ ပါတဲ့အဖော်နှစ်ယောက်ကအပြင်မှာစောင့်နေတယ်။ အိမ်ပြန်ပို့ ခိုင်းတဲ့ဟာကို နင့်ကိုမပို့ပေးဘူး လို့ပြောပြီး ကုတင်ပေါ်ဆွဲတင်ပြီး ]]သမီးကို ----}}လို့တိုးလျော့ လျော့အသံလေးနဲ့အရာရာကိုရင်မဆိုင်ရဲဘဲ ကြောက်ရွံ့ ထိတ်လန့်စွာနဲ့ခေါင်းငုံ့ရင်းပြောရှာတယ်။
မသူဇာ(အမည်လွှဲ) အလုပ်ပြန်ချိန်ပုံမှန်ထက် နောက်ကျနေတဲ့အခါ မိဘများက လိုက်လံစုံစမ်းရင်း ပတ်ဝန်းကျင်ရဲ့အကူအညီနဲ့ တည်းခိုခန်းကိုရောက်နေ တယ်လို့ ကြားကြားချင်း ရောက်လာခဲ့ပေမယ့် အချိန် လင့်ခဲ့ရပြီ။ အရွယ်မရောက်သေးတဲ့ အမျိုးသမီးလေး ရဲ့ဘ၀လေး အညွန့်ချိုးခံလိုက်ရတဲ့ ပန်းလေးတစ်ပွင့် နှယ်ဖြစ်ခဲ့ရပါတယ်။

ကျိုက်ထိုတွင် ရဲကိုင်သေနတ် အလိုလိုကျည်ထွက်ပြီး အမျိုးသမီးတစ်ဦးကို ထိမှန်

ဒု-ရဲအုပ်တစ်ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလျောက် ကျည်ထွက်ခဲ့သဖြင့် အမျိုးသမီး ထိမှန်ခံရမှုတစ်ခု ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၁၆ရက် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျိုက်ထိုမြို့မရဲစခန်းမှ လ၀ ၂၀၂၉၅၃ ဒု-ရဲအုပ် ထွန်းထွန်းဝင်းကိုင်ဆောင်သည့် သေနတ်ဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းသည် လှည့်ကင်းတာဝန် ပြီးဆုံးသဖြင့် ကျိုက်ထိုလမ်းရှိပန်းရိုးမထမင်းဆိုင်တွင် တစ်ဦးတည်း ထမင်းစားနေစဉ် ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလို ကျည်ထွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကျည်ဆန်သည် ထမင်းဆိုင်မှလုပ်သားဖြစ်သူ မစန္ဒာရွှေ၏ ၀မ်းဗိုက် ယာဘက်ခြမ်းအား ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရဲဌာနမှ သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ထိမှန်ခဲ့သည့် ကျည်ဆန်အားခွဲစိတ်ကုသရန် ကျိုက်ထိုဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် ရောက်ရှိလာခြင်းဖြစ်ပြီး လူနာ၏ အခြေအနေမှာ ယခုအခါ မစိုးရိမ်ရတော့ကြောင်း သိရသည်။

ဖခင် ကွယ်လွန်ကြောင်း လိမ်ညာ၍ နာရေး ထောက်ပံ့ငွေ တောင်းခံသည့် ကစားသမားကို ဇွဲကပင် အသင်း စာချုပ်ဖျက်

၂၀၁၃ ခုနှစ် MNL Cup ပြိုင်ပွဲဝင်ရန် ပြင်ဆင် လေ့ကျင့်နေသော ဇွဲကပင် ယူနိုက်တက် အသင်းသည် အသင်းမှ ကစားသမား တစ်ဦး ဖြစ်သူ ကျောနံပါတ် (၂၀) ကျော်ဖြိုးဦးအား နာရေးကိစ္စ ထောက်ပံ့ ကြေးငွေ ကျပ် (၅)သိန်းကို မတော်လောဘ ဖြင့်လိမ်လည် ရယူရန် ကြိုးပမ်းခဲ့မှု ကြောင့် အသင်းမှ စာချုပ် ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ဇွဲကပင် ယူနိုက်တက် အသင်းသည် အသင်းပိုင်ရှင်၏ လမ်းညွှန်ချက်ဖြင့် နည်းပြအဖွဲ့နှင့် ကစားသမား တို့၏ သက်သာ ချောင်ချိမှု၊ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများကို အဆင့်ဆင့်သော ငွေကြေးနှုန်းထား ချမှတ်၍ အစဉ်ထောက်ပံ့ ကူညီပေးလျက် ရှိကြောင်း၊ အဆိုပါ ကစားသမား သည် စက်တင်ဘာ ၄ ရက်နေ့က နာရေးကိစ္စ ထောက်ပံ့ ကြေးငွေကို မတော်လောဘ၊ မသမာသော နည်းလမ်းဖြင့် မိမိ၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်ဖြစ်သူ ဦးကျော်ဆန်း (အသက် ၅၄ နှစ်) ကွယ်လွန်ကြောင်းကို စာရွက်စာတမ်း အတု များဖြင့် လိမ်လည်တင်ပြ ခဲ့ကြောင်း၊ အသင်းတာဝန် ရှိသူများ အနေဖြင့် အတုပြုလုပ် ထားသည့် စာရွက်စာတမ်း ၃ စောင် တွင်ပါရှိသော လိပ်စာအတိုင်း ကစားသမား၏ နေအိမ်သို့ သွားရောက်ရာတွင် ဖခင် ဦးကျော်ဆန်းမှာ သက်ရှိ ထင်ရှား ရှိနေကြောင်း ညီအစ်ကိုရင်း များက ဖြေကြားသည့် အတွက် ကျော်ဖြိုးဦးသည် မသမာသော နည်းလမ်းဖြင့် လိမ်ညာ၍ နာရေး ထောက်ပံ့ငွေ ရယူလိုသော အပြစ်ကျူးလွန် သည်ကို တွေ့ရှိရကြောင်း

မိုးကျရွှေကိုယ်တွေ နေရာရဆဲ

မြန်မာနိုင်ငံတွင် နောက်ဆုံး တည်ထောင်ခဲ့သည့် မြို့တော်သစ်နေပြည်တော်ရှိ အခမ်းနားဆုံး ခေတ်သစ် မြန်မာ့ အဆောက်အအုံများ အနက် တစ်ခုဖြစ်သော ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၁ မတ်လ ၃၀ ရက်က သမ္မတသစ်ဦးသိန်းစိန် ပထမဆုံးမိန့်ခွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်ကျော်ကာလဖြစ်သော ထိုရက်ကပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းအပြီး မြန်မာနိုင်ငံတွင် ရာစုနှစ်ထက်ဝက်ကျော်ကြာ လွှမ်းမိုးထားသော စစ်အုပ်ချုပ်ရေး အမှန်တကယ် အဆုံးသတ်သွားလေပြီလားဆိုသည့် မေးခွန်းသည် ပြည်တွင်းပြည်ပရှိ စောင့်ကြည့်သူများအကြား အငြင်းပွားဖွယ်ရာပုစ္ဆာတစ်ခု ဖြစ်ခဲ့သည်။

“စစ်အုပ်ချုပ်ရေး အမှန်တကယ် အဆုံးသတ်သွားခဲ့လေပြီ”ဟု မျှော်လင့်သူများ အားတက်လောက်စေသည့် လုပ်ဆောင်မှုမျိုး အစိုးရသစ်ကလုပ်ပြနိုင်ခဲ့သည်။ မြန်မာ့တပ်မတော်၏ ထိပ်ပိုင်းအရာရှိဟောင်းနှင့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်သည် အရပ်ဝတ်ပြောင်းလဲကာ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်းတွင် ယခင်တပ်မတော်အစိုးရများလက်ထက် လုပ်ဆောင်ခဲ့ပုံများမှ ခွဲထွက်ခဲ့သည့် ဆောင်ရွက်မှုများကြောင့် ပြည်တွင်းပြည်ပလက်ခုပ်သံများကို သူ၏အစိုးရအဖွဲ့ရရှိခဲ့သည်။

ခြောက်တန်းကျောင်းသူ ရည်းစားအား ခိုးပြေး၍ မိခင်မှ အမှုဖွင့်

ခြောက်တန်းကျောင်းသူကို ခိုးပြေးသည်ဟုဆိုကာ အမျိုးသားတစ်ဦးအား အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားမှုကို မြောက်ဒဂုံရဲစခန်းက စက်တင်ဘာ ၁၆ တွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
သမီးငယ်မှာ ခြောက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အသက်မှာ (၁၄နှစ် ၃လ) သာ ရှိသေးသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ပြောပြထားသည်။
စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်က မိခင်ဖြစ်သူ ဒေါ်စန်းဌေး (၄၇)နှစ် မြောက်ဒဂုံမြို့နယ် နေသူသည်  သမီးဖြစ်သူ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံစုံးစမ်းခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
လွန်ခဲ့သော (၁၅) ရက်ခန့်က မြောက်ဒဂုံမြို့နယ်၊ (၃၁)ရပ်ကွက် ဇေယျာဒီပလမ်းရှိ စူပါတေလာ အပ်ချုပ် ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးနှင့် ချစ်ကြိုက်ရည်ငံနေရာမှ ခိုးရာလိုက် ပြေးသွားခဲ့သည်ကို သိရှိခဲ့ကြောင်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် စက်တင်ဘာ ၁၅ ရက် ညတွင် သမီးဖြစ်သူအား ပြန်လည်တွေ့ရှိ သဖြင့် နေအိမ်သို့ ပြန်လည် ခေါ်ဆောင် ထားသည်ဟု ဆိုထားသည်။

မင်းပြား တရားသူကြီးက တရားစွဲခံရ တောင်သူ ၁၆ ဦးအား စစ်တပ်ကို အသနားခံရန် ဖိအားပေး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာမှ လယ်သမား ၁၆ ဦးအား စစ်တပ်က စွဲဆိုထားသော အမူကို တနှစ်ကျော်ကြာလာသည့်တိုင်အောင် စီရင်ချက် မချနိုင်ဘဲ ဖြစ်နေသဖြင့် အမူကို အဆုံးသတ်ရန် မင်းပြားမြို့နယ် တရားသူကြီးက တောင်သူများအား စစ်တပ်ကို သွားရောက် အသနားခံရန် ဖိအားပေးနေသည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ ရွာသား ၁၆ ဦးကို လွန်ခဲ့တဲ့နှစ် ၀ါဆိုလကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီနှစ် ၀ါဆိုလတောင် လွန်ပီး တနှစ်ကျော်ကြာလာပေမယ့် အမူကို စီရင်ချက် မချနိုင်ဘဲ ဖြစ်နေတဲ့ အတွက် မြို့နယ် တရားသူကြီးက ကျွန်တော်တို့ကို ကျောက်တော် တပ်ရင်းကိုသွားပြီး အသနား သွားခံဖို့ အကြိမ်ကြိမ် ဖိအားပေးနေပါတယ်။ စစ်တပ်က အမူကို ရုတ်သိမ်းမှ ဒီအမူ ပြေလည်နိုင်မယ်။ မဟုတ်ရင် ခင်ဗျားတို့ ဆက်ရုံးတက်နေရမယ်လို့ ပြောပါတယ်” ဟုဒေသခံ လယ်သမားကြီး တစ်ဦးက ပြောသည်။

သို့သော်လည်း လယ်သမားများမှာ ယခုအချိန်ထိ အကြောင်း အမျိုးမျိုးကြောင့် အနားခံရန် မသွားရောက်ကြဟု သူက ဆက်ပြောသည်။

တိုင်းနှင့်ပြည်နယ်ခုနစ်ခုတွင် ရေဖုံးလွှမ်းမှုကြုံတွေ့နိုင်ကြောင်း နာဆာဂြိုဟ်တုမှ ကြေညာ


ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၅၃ မိနစ်

တိုင်းနှင့်ပြည်နယ်ခုနစ်ခုမှ ၁၀ မြို့နယ်အတွင်း ရေဖုံးလွှမ်းမှု ကြုံတွေ့နိုင်ကြောင်း နာဆာဂြိုလ်တု တိုင်းတာချက်မှ ထုတ်ပြန်ကြေ ညာထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြသည်။

“နာဆာက ထုတ်တဲ့ကြေညာချက်မှာ အနီရောင်ပြထားတဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတောင်ပိုင်း၊ အရှေ့ မြောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် အနောက်ပိုင်းတွေမှာ ပိုပြီးရေဖုံးလွမ်းမှုပို လာနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ရေကြီးရေလျှံမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမိုးလေ၀သနှင့် ဇလဗေဒဌာနမှ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြို့နယ်အလိုက်တွင်ရှိသော မြစ်များ၏ စိုးရိမ်ရေမှတ်များကို တိုင်းထွာချက်များ ပြုလုပ်ပြီး ၂၄ နာရီနှင့် ၄၈ နာရီအတွင်း သတင်းစာများ၊ ရေဒီယိုများ၊ ရုပ်မြင်သံကြားများတွင် အချိန်မီသတိပေးချက်များ ပြုလုပ်လျက်ရှိကြောင်း မိုးလေ၀သဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ရီက ပြောသည်။

ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်

ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ကျိုက် ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပက မိန့်ကြားသည်။

သတ္တမ သင်္ဂါယနာတင်သည့်အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကိုထိုး၍ အမျှအတမ်းဝေမည်ဖြစ်သည့် အ တွက်ကြောင့် ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီး အဆိုပါ ခေါင်း လောင်းကိုဆယ်ယူရန် နိုင်ငံတော်အကြီးအကဲများကလည်း သဘောတူလက်ခံကြောင်း လိုအပ်သည့်ကိစ္စများကို ကူညီ မည်ဟုပြောကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

”ပဉ္စမသင်္ဂါယနာ မန္တလေးမှာတင်ခဲ့ပြီးပြီ။ ဆဋ္ဌမသင်္ဂါ ယနာ ရန်ကုန်မှာတင်ခဲ့ပြီးပြီ၊ နောင် သတ္တမသင်္ဂါယနာ တင်တဲ့အခါကျရင် ဒီခေါင်းလောင်းကြီးကို ထိုးမလို့၊ သောင်း တိုက်စကြဝဠာအထိ၊ အဲဒီအခါကျရင်တော့ရှေးတုန်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ နေထိုင်တဲ့နိုင်ငံပဲ။

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများအား ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ်ရန် တရုတ်နှင့် မြန်မာ တာဝန်ရှိသူတို့ ညှိနှိုင်း

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများကို သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ် ပြုပြင်ရန် တရုတ်နိုင်ငံ ရဲအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်တားဆီး နှိမ်နှင်းရေးတို့ ညှိနှိုင်းလျက် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံ၌ လက်ရှိတွင် ကုန်ကူးခံရမှုနှုန်း မြင့်တက်လျက်ရှိပြီး အဓိက ဆက်သွယ်သည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်နေပြီး အများစုမှာ မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်း နှင့် သိန်း ၅၀ အကြားပေး၍ ၀ယ်ယူနေကြောင်း သိရသည်။ယင်းကြောင့် မြန်မာနိုင်ငံ လူကုန်ကူး တားဆီးနှိမ်နှင်းရေး အဖွဲ့နှင့် တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူးမှုကို တားဆီးလုပ်ဆောင် နေသော်လည်း အဓိက တရုတ်နိုင်ငံ၏ ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီး တစ်ယောက် စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာခဲ့ရာ အိမ်နီးချင်း နိုင်ငံများမှ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ရှိနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၏ စစ်ဆေးချက်များတွင် ဖော်ပြထားသည်။''သူတို့ရဲ့ အိမ်ထောင်စုတစ်စုက သားသမီး တစ်ယောက်ပဲ လက်ခံတဲ့ အနေအထားမှာ ယောက်ျားလေးတွေပဲ များနေတယ်။ လိုအပ်တဲ့ အမျိုးသမီးတွေကို ထုံးတမ်းစဉ်လာအရလက်ထပ်မယ်ဆိုရင် မြန်မာငွေ သိန်း ၁၀၀ နီးပါးလောက် ကုန်တယ်။ ဒါကြောင့်မို့ အိမ်နီးချင်း နိုင်ငံကနေ၀ယ်တဲ့ အနေအထားကို တရုတ်ရဲတပ်ဖွဲ့ကအကြီးအကဲတွေနဲ့ ပြန်လည်ဆန်းစစ်ပြီး ပြုပြင်ဖို့အတွက် ညှိနှိုင်းနေပါတယ်'' ဟု ရန်ကုန်တိုင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စုမှူး ရဲမှူးရိုလင်က ပြောကြားသည်

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ပြီ

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဝင် ၁ဝ၉ ဦးအား ယခုလ ၃ဝ ရက်နေ့ လွှတ်တော်တွင် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ် ရန် ခေါ်ထား ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ သတင်းရရှိသည်။

”လုပ်ပိုင်ခွင့်တွေ၊ အစုအဖွဲ့တွေ ခွဲပြီး လုပ်မယ်။ ကော်မတီဝင် အများစု ထဲက ဘယ်အဖွဲ့က ဘယ်အခန်းကဏ္ဍ တွေကို ယူပြီး ဘယ်သူတွေက ဘယ် အပိုင်းကိုယူပြီး   လေ့လာပြင်ဆင်ဖို့ အတွက် အစည်းအဝေးခေါ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ပထမဆုံး အကြိမ် ခေါ်တဲ့ အစည်းအဝေးပါ” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် က စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြော သည်။

ဆေးလိပ်တစ်လိပ်ချင်း ရောင်းလျှင် ရန်ကုန်တွင်ဖမ်းမည်

Photo: ဆေးလိပ်တစ်လိပ်ချင်း ရောင်းလျှင် ရန်ကုန်တွင်ဖမ်းမည်

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင် စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေကြီး လွှတ်တော် အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေ အသက်ဝင်စေရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ်၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
စတင်ဖမ်းဆီးမည့် ရက်ကိုမူ အသေးစိတ် ပြောကြားခြင်းမရှိသေးပေ။ 

ဆေးလိပ်များကို အလိပ်လိုက် ရောင်းဝယ်နေမှု များသည် ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုး များကို ပိုမိုကျယ်ပြန့် လာစေသောကြောင့် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။
"အလိပ်လိုက်ရတော့ လွယ်လွယ်ကူကူပဲ တွေ့တဲ့နေရာမှာ သောက်နေကြပါတယ်" ဟု ၄င်းကဆိုသည်။

ဆေးလိပ်ရောင်းဝယ်မှုကို ထိန်းချုပ်ခြင်းဖြင့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အတွက် အဓိကကျသော အနာဂတ်လူငယ် များအတွက်  ကောင်းမွန်သော အလားအလာများ ရှိလာနိုင်မည် ဖြစ်ကြောင်း ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းကျော်က ပြောကြားသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် ဆေးလိပ် အလိပ်လိုက် ရောင်းချခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံတွင်သာ ဆေးလိပ် တစ်လိပ်ချင်း ရောင်းဝယ်မှု ပြုလုပ်နေကြောင်း ၄င်းကဆိုသည်။

"ရောင်းတဲ့သူ ကတော့ ရောင်းမှာပဲ၊ ဆေးလိပ်သောက်တာ ထိန်းချုပ်ချင်ရင် အစိုးရရဲ့ ဆေးလိပ်ကုမ္ပဏီတွေ လိုင်စင်ချ ပေးမှုကို ပြင်သင့်တယ်" ဟု ပန်းဘဲတန်း  မြို့နယ်တွင် နိုင်ငံခြားဖြစ် စီးကရက် အမျိုးမျိုးရောင်းချသူ တစ်ဦးကဆိုသည်။

ယင်းသို့ ဆေးလိပ်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းဝယ်မှုကို တားဆီးခြင်း၊ အများပိုင်ဧရိယာ များတွင် ဆေးလိပ်သောက်ခြင်းကို ထိန်းချုပ်ခြင်း အပြင် ဆေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သွင်းကုန်ဆိုင်ရာ အခွန်စနစ် နှင့် ဆေးလိပ်ထုတ်လုပ်သော ကုမ္ပဏီ များကို အခွန်မြှင့်တင်ခြင်း ပြုလုပ်မှသာ ထိထိရောက်ရောက် ထိန်းချုပ်ရာ ရောက်မည် ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သုံးသပ်ကြသည်။

"စင်ကာပူဆို ဆေးလိပ် ကုမ္ပဏီတွေ အခွန်အများကြီးသွင်းရတော့ ဆေးလိပ် ဈေးကြီးတယ်။ ကျွန်တော်ဆို ဝယ်မသောက်နိုင်လို့ ဆေးလိပ်ပြတ်သွားတယ်" ဟု စင်ကာနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ အသက်  ၂၄ နှစ် အရွယ်ရှိ ကိုငြိမ်းမောင်က ဆိုသည်။ 

စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်က ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေ အသက်ဝင်စေရေး ပြည်နယ်အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုက်တွန်း ကြောင်း အဆိုတင်သွင်းခဲ့ခြင်း အပေါ် ယင်းသို့ ပြန်လည်ဆွေးနွေးခြင်း ဖြစ်သည်။

ဆေးလိပ်တစ်လိပ်ချင်း ရောင်းချသူများကို ပထမကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအထိ အပြစ်ပေးနိုင်ပြီး ဒုတိယအကြိမ် ဖမ်းဆီးမိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ် တစ်သိန်းအထိ အရေးယူနိုင်ကြောင်း ၂၀၀၆ ခုနှစ် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေတွင် ဖော်ပြ ပါရှိသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် စီးကရက်ဘူးများတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ ရောင်းချခြင်းမပြုရ၊ စီးကရက် သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု ဖော်ပြ ထားသော်လည်း ယင်းအပေါ်ရောင်းချသူများ ရော၊ သောက်သုံးသူများပါ အလေးအနက် ထားခြင်း မရှိသဖြင့် ထိရောက်ခြင်းမရှိပေ။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေး ဥပဒေတွင် အသက်၁၈ နှစ် မပြည့်သူများကို ဆေးလိပ်ရောင်းချခြင်း၊ စာသင်ကျောင်းများ အနီးတွင် ဆေးလိပ်ရောင်းချခြင်း၊ အခွန်ဆောင်ထားသည့် အမှတ်အသား  မပါဝင်သော ဆေးလိပ်များကို ရောင်းချခြင်း၊ အသက် ၁၈ နှစ် မပြည့်သောသူ များကို မရောင်းရဟူသည့် သတိပေး စာသား မပါသောဆေးလိပ်များ ရောင်းချခြင်းတို့ကို ပထမအကြိမ် ဖမ်းဆီး ရမိပါက ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ် သုံးသောင်းအထိ အရေးယူနိုင်ပြီး ဒုတိယအကြိမ် ဖမ်းဆီးရမိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ အပြစ်ပေး အရေးယူနိုင်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၀၆ ခုနှစ် ကတည်းက ထုတ်ပြန် အတည်ပြုပြီးဖြစ်သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း ထိန်းချုပ်ရေးဥပဒေ အသက်ဝင်စေရန် အစိုးရက ဆောင်ရွက်မည်ဖြစ်ကြောင်း  ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

ပြည်တွင်းတွင် ရောင်းချနေသည့် ဆေးလိပ်များတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် Red Ruby ၊ Premium Gold ဆေးလိပ်များကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ထုတ်လုပ်နေခြင်း ဖြစ်ပြီး ဈေးကွက်အတွင်း ပြန်လည် ဝင်ရောက်လာသည့် နာမည်ကျော် London စီးကရက် မှာလည်း မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်နှင့် လန်ဒန်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင် စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေကြီး လွှတ်တော် အစည်းအဝေးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ဥပဒေ အသက်ဝင်စေရေးနှင့် ပတ်သက်၍ ဆွေးနွေးစဉ်၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
စတင်ဖမ်းဆီးမည့် ရက်ကိုမူ အသေးစိတ် ပြောကြားခြင်းမရှိသေးပေ။

ဆေးလိပ်များကို အလိပ်လိုက် ရောင်းဝယ်နေမှု များသည် ဆေးလိပ်၏ ဘေးထွက်ဆိုးကျိုး များကို ပိုမိုကျယ်ပြန့် လာစေသောကြောင့် အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။
"အလိပ်လိုက်ရတော့ လွယ်လွယ်ကူကူပဲ တွေ့တဲ့နေရာမှာ သောက်နေကြပါတယ်" ဟု ၄င်းကဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis