menu

Friday 1 November 2013

ဆယ်ကျော်သက် ရထားဈေးသည်လေးအား ဓါးထောက်ပြီး အဓမ္မပြုကျင့်


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားဘူတာတွင် အသက် (၁၈)နှစ်အရွယ် ရထားဈေးသည်မလေးတစ်ဦးအား ယခုလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က အမျိုးသားတစ်ဦးမှ ဓားပြခြိမ်းခြောက်ပြီး ပါးစပ်ကိုပလာစတာဖြင့်ကပ်ကာ လက်ကိုကြိုးတုတ်၍ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု မှုခင်းဆိုင်ရာ မှတ်တမ်းများအရ သိရသည်။
ထိုသို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခြင်းခံရသည့် အသက် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်လေးသည် အင်းတော် မီးရထားဘူတာ၌ ထမင်းရောင်းသည့် ဈေးသည်မလေးတစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုနေ့က မန္တလေး ရထားဆိုက်ရောက်ချိန်တွင် အဓမ္မပြုကျင့်ခြင်းခံရသည့် ရထားဈေးသည်မလေးသည် ထမင်းများလိုက်လံ ရောင်းချပြီးနောက် ဘူတာအနီး စိန်ပန်းပင်အောက်ရှိ ခုံတန်းလျားပေါ်တွင် ထိုင်နေစဉ် သူမနှင့် တစ်ရပ်ကွက်တည်းနေ အသက် (၂၁)အရွယ် အမျိုးသားတစ်ဦးက သူမအနီးသို့ ရောက်ရှိလာပြီး ထိုသူမှ စောင်ယူပေးရန် သူမအား ခိုင်းစေခဲ့သည် ဟု သူမမှဆိုသည်။
ထို့နောက် ထိုသူသည် သူမအား အိပ်ရအောင်ဟု ပြောဆိုခဲ့သဖြင့် သူမက ငြင်းဆန်းခဲ့ရာ ၁၅ မိနစ်ခန့်အကြာတွင် ထိုသူမှ ဓားဖြင့်ခြိမ်းခြောက်ပြီး၊ သူမ၏ ပါးစပ်ကို ပလာစတာဖြင့်ကပ်၍ ပိတ်ခဲ့သည်။
ထိုမျှမက သူမ၏ လက်ကိုလည်း ထိုသူမှ ကြိုးဖြင့် ချည်နှောင်တုတ်၍ သူမ၏ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားသည်။

အရှိန်လွန် ၁၈၈ ရွှေအင်းဝခရီးသည်တင်ယာဉ် ဘရိတ်ပေါက်၍ ကားခုနစ်စီး ဆင့်တိုက် တစ်ဦးဒဏ်ရာရ


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌ အင်းစိန်လမ်းမကြီးအတိုင်း အင်းစိန်ဘက်သို့သွားစဉ် ခ၀ဲခြံမှတ်တိုင်အနီး အရှိန်လွန်မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၁၈၈ ရွှေအင်းဝ ယာဉ်လိုင်းစိမ်း/၀ါယာဉ်သည် ဘရိတ်ပေါက်ကာ အငှားယာဉ်ခြောက်စီးနှင့် ကိုယ်ပိုင်ယာဉ်တစ်စီးအား ဆင့်ကဲ့တိုက်မိခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀တွင် အင်းစိန်းလမ်းမကြီးအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း အောင်လွင်ဟိန်းမောင်းနှင်လာသည့် ရွှေအင်းဝယာဉ်လိုင်း အမှတ် ၁၈၈သည် လမ်းဘေးတွင် ရပ်ထားသည့် အငှားယာဉ်အား တိုက်မိပြီး ဘရိတ်ပေါက်ကာ ဈေးလမ်းထိပ်တွင် BB ဆလွန်းအဖြူရောင် အငှားယာဉ်ကို နောက်မှဝင်ရောက်တိုက်မိပြီး မြဂန္နမာ ဈေးအရောက်တွင်AA ကရီးနားနက်၊ ခဲရောင်အငှားယာဉ်၊ BB ဗင်အဖြူေ၇ာင်အငှားယာဉ်၊ ၂ခ ကင်တာဘောက် အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့် ၆က စလွန်း မီးခိုးရောင်အငှားယာဉ်တို့အား ဆင့်ကဲ့တိုက်မိခဲ့ပြီး စတင်တိုက်မိခဲ့သည့် အငှားယာဉ်ပေါ်သို့ တက်ရန် ပြင်နေသည့် ရွှေပြည်သာမြို့နယ်နေ ကိုရွှေမြင့်(၂၅နှစ်)တစ်ဦးသာ ဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံကြီး၌ အတွင်း လူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ထားရကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည့် ရွှေအင်းဝယာဉ်မောင်းကို ယာဉ်ဆင်မခြင်မောင်းနှင်၍ ယာဉ်များပျက်စီးပြီး လူအားဒဏ်ရာရစေအမှုအဖြစ် တိုက်ခံရသည့် ယာဉ်ပိုင်ရှင်များက တိုင်ကြားပြီး ပြစ်မှုပုဒ်မ (ပ)၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/ ၃၃၈/၂၀၂ဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါဖြစ်စဉ်အား တာဝန်ယူထားသည့် မရမ်းကုန်းရဲစခန်းမှ ယာဉ်ထိန်းရဲအုပ်ဝင်းဌေး ထံမှ သိရသည်။

အစိုးရ စစ်တပ် ညှဉ်းပန်းနှိပ်စက်မှု ကချင် အမျိုးသမီးအဖွဲ့ ထုတ်ပြန်

ကချင်, အစိုးရ, စစ်တပ်, တိုက်ပွဲ, ငြိမ်းချမ်းရေး, အပစ်အခတ် ရပ်စဲရေး, ဒုက္ခသည်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကချင်ဒေသအတွင်း တွေ့ရသော အစိုးရ စစ်ကြောင်းတခု (ဓာတ်ပုံ – Kachinnet)

 ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လုပ်ဆောင်နေ သော်လည်း ကချင်ပြည်နယ် အတွင်း အရပ်သားများအား အစိုးရ စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်နေကြောင်း ကချင် အမျိုးသမီး အစည်းအရုံး (KWAT) က အစီရင်ခံစာ တစောင် ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအခြေစိုက် KWAT က Undermining the peace process: Burmese Army atrocities against civilians in Putao, northern Kachin State အမည်ဖြင့် စာမျက်နှာ ၄ မျက်နှာပါ အစီရင်ခံစာကို အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပူတာအိုမြို့ အနီး၊ နခါဂါရွာမှ ရွာသား ၁၀ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA) အား ထောက်ပံ့သည်ဟူသည့် သံသယဖြင့် အစိုးရ စစ်တပ်က ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းမှု လုပ်ခဲ့ပြီး ထိန်းသိမ်းခံ ရွာသား ၁ ဦးသေဆုံးခြင်း အပါအ၀င် အိမ်ထောင်သည် အမျိုးသမီးငယ် တဦးအား အစိုးရ စစ်အရာရှိတဦးက အဓမ္မပြုကျင့်မှုလည်း အစီရင်ခံစာက ဖော်ပြသည်။
အဖမ်းဆီးခံ အမျိုးသား တဦး၏ အသက် ၂၉ နှစ်အရွယ် ဇနီးသည်က ခင်ပွန်းသည်ကို ပြန်လွှတ်ပေးရန် စက်တင်ဘာ ၂ ရက် နေ့ ညနေက သွားရောက် မေတ္တာရပ်ခံခဲ့ရာ ခြေလျင်တပ်ရင်း အမှတ် ၁၃၉ တာဝန်ရှိသူ ဗိုလ်မှူး ဇော်ထွန်းဟန် က KIA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ ခြိမ်းခြောက်မှုပြုလုပ်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
“သူ့ယောက်ျားက အဖမ်းခံနေရတာကို လွှတ်ပေးဖို့ သွားပြီး အသနားခံတာကို သူတို့က အဓမ္မကျင့်လိုက်တာ၊ ကျမတို့က အခု ချိန်ထိ သူ့ကိုကုစားမှုတွေ မလုပ်ပေးနိုင်သေးဘူး။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုကုစားပေးမလဲ၊ ကျမတို့မေးမယ် ဆိုရင် အဲဒီအမျိုးသမီးက ငိုပဲ ငိုနေတယ်”ဟု KWAT မှ ပြောခွင့်ရ ဆိုင်းရှိဒန်က ဧရာဝတီ ကို ပြောသည်။
အဆိုပါကိစ္စ အသေးစိပ်သိနိုင်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

"ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ"

Photo: "ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ"

Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။ 

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့ ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား အတွက်ပြင်ဆင်မှု၊ ခံစားချက်တွေ ကို မေးကြည့်တော့ “သရုပ်ဆောင် အလုပ်အနေ နဲ့ပထမဆုံး ရိုက် တဲ့ကား လည်းဖြစ်တယ် ဆိုတော့ လေ့ကျင့်တယ်။ ပရိသတ် သဘောကျမလား ၊မကျလား ဆိုတာကို ရင်ခုန်နေတယ်။

မကြည်ဖြူ တို့ပေးတဲ့ ဇာတ်ကိုသေချာဖတ်တယ်။ ကာတွန်း နည်းနည်း ဆန်တဲ့ ပုံစံလေးတွေ ဆိုတော့ သေသေချာချာ လေ့ လာပါတယ်။ အကောင်းဆုံး ကြိုးစားနေ ပါတယ်။ ပရိသတ် တွေ အားပေးမယ် လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာ ကာတွန်း ပုံစံမျိုး နတ်သမီးပုံစံ သရုပ်ဆောင်ရမှာပါ။ မကြည်ဖြူ ကလည်း ညီမနဲ့ လိုက်မယ် ထင်လို့ အကောင်းဆုံး ရွေးထားတာကို ကျေနပ်ပါတယ်။ ညီမက သရုပ်ဆောင် ကို အစိမ်းသက်သက် ဖြစ်နေတော့ ကောင်းတာ ၊ဆိုးတာ၊ ဝေဖန် ပေး ကြပါဦး လို့ ပြော ချင်ပါတယ်။ ကိုယ်က သင်တန်းဆင်းတာ လည်း မဟုတ်ဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့ သေချာလည်း စဉ်းစားတယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ် ဆိုပေ မယ့် ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်ကိုပဲ ကျေနပ်ပါတယ်။ ပရိသတ်တွေက ဝေဖန်ပေးမှုတွေ နဲ့ အကောင်ဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပြပါတယ်။

ခင်ဝင့်ဝါက “သစ္စာနှင်းဆီ” “ရွှေစင်ဦး” ထုတ်လုပ်ရေး တို့နဲ့ ဇာတ်ကား ၁ဝကားစီ၊ ကား၂ဝ စာချုပ်ချုပ်ပြီး ဇာတ် ကားတွေ ရိုက်ကူး သွားမယ် လို့ပြောပြတာက “ညီမ တိုက်နှစ် တိုက်နဲ့ ကား ၁ဝကားစီ စာချုပ်ချုပ် ထားပါတယ်။ မကြည်ဖြူနဲ့ လည်း ဆက်ရိုက်ဖြစ်မှာပါ။ ညီမတို့က အလုပ် သဘောအရ စာချုပ်ချုပ် တာလောက်ပါပဲ။ ညီမတောင်း ဆိုတာလည်း သူတို့က လိုက်လျောတယ်။ ကားတွေကို ဆက်တိုက် ရိုက်သွားမှာပါ။ စာချုပ်ချုပ် ထားတာတွေက လည်း ဇာတ်တွေကို ညီမ ကြိုက်တဲ့ ဇာတ် ရှိရင် ညှိပြီး ရိုက် ပေးမယ်။ သူတို့ဘက်ကလည်း စဉ်းစားမယ်။ အားလုံးအကြိုက် ညှိပြီး ရိုက်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့ ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား အတွက်ပြင်ဆင်မှု၊ ခံစားချက်တွေ ကို မေးကြည့်တော့ “သရုပ်ဆောင် အလုပ်အနေ နဲ့ပထမဆုံး ရိုက် တဲ့ကား လည်းဖြစ်တယ် ဆိုတော့ လေ့ကျင့်တယ်။ ပရိသတ် သဘောကျမလား ၊မကျလား ဆိုတာကို ရင်ခုန်နေတယ်။

မကြည်ဖြူ တို့ပေးတဲ့ ဇာတ်ကိုသေချာဖတ်တယ်။ ကာတွန်း နည်းနည်း ဆန်တဲ့ ပုံစံလေးတွေ ဆိုတော့ သေသေချာချာ လေ့ လာပါတယ်။ အကောင်းဆုံး ကြိုးစားနေ ပါတယ်။ ပရိသတ် တွေ အားပေးမယ် လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာ ကာတွန်း ပုံစံမျိုး နတ်သမီးပုံစံ သရုပ်ဆောင်ရမှာပါ။

ဇနီးဖြစ်သူ၏ရုပ်အလောင်းကို ၃၅ ရက်ကြာ ထိန်းသိမ်းထားခဲ့သူ


မလေးရှားနိုင်ငံ၊ ဒါမိုင်အင်ပီ ယံတွင်နေထိုင်သည့် အသက် ၄၇ နှစ်အရွယ်ရှိ ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ၎င်း၏ အသက် ၄၂ နှစ်အရွယ်ရှိ ဇနီး ဖြစ်သူ၏ရုပ်အလောင်းကို ၎င်းတို့ နေထိုင်သည့် နှစ်ထပ်အိမ်၏အိပ် ခန်းအတွင်း၌ ၃၅ ရက်ကြာ ထိန်း သိမ်းထားရှိခဲ့ပြီး အသက်ရှင်နေသူ တစ်ဦးပမာ ပြုစုစောင့်ရှောက်နေ ခဲ့သည်။

မိတ်ဆွေသူငယ်ချင်းများက ၎င်းအားဇနီးဖြစ်သူအကြောင်း မေးမြန်းကြသောအခါ ဇနီးဖြစ်သူ သေဆုံးသွားပြီဖြစ်ကြောင်း အရိပ် အမြွက်မျှပြောကြားခြင်းမရှိဘဲ မရေမရာသာဖြေဆိုခဲ့သည်။ သို့ ရာတွင် ၎င်းတို့၏ အသက် ၁၆ နှစ်အရွယ်ရှိသားဖြစ်သူက မိခင် သေဆုံးသွားကြောင်း သိရှိပြီး ဖခင်ဖြစ်သူကို မိခင်သေဆုံးသွား မှုနှင့်ပတ်သက်၍ အမှန်တရားကို လက်ခံရန် ဖြောင်းဖျနေခဲ့သည်။

နောက်ဆုံးတွင်တော့ ထိုသူ က အလမ်ဒါမိုင် ရဲစခန်းသို့ အောက်တိုဘာလ ၂၆ ရက်တွင် သွားရောက်ကာ ဇနီးဖြစ်သူမှာ စက်တင်ဘာလ ၂၁ ရက်ကနှလုံး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။

Facebook သည် လူမှုဆက်ဆံရေး၏ နိမိတ်ပုံများ အထင်ဟပ်ဆုံး နေရာဖြစ်လာ

 
Facebook သည် အချစ်ရေး အကွဲအပြဲ ဇာတ်လမ်းများကို ကြိုတင် နိမိတ်
ဖတ်နိုင်သည့် စွမ်းရည်မျိုး ရှိလာပြီဟု သုတေသီများက တင်စားပြော
ကြားလိုက်သည်။ သုတေသီများသည် Facebook ဝက်ဘ်ဆိုက် သုံးစွဲသူများ
အနက် (၁.၃)သန်းခန့်၏ မှတ်တမ်းမှတ်ရာများကို လေ့လာကာ အချစ်ရေး အဆင်မပြေသည့်အခါ ကြိုတင် နိမိတ်ထင်လာတတ်ကြောင်း ကောက်ချက်
ချခဲ့သည်။

ဥပမာအားဖြင့် အချစ်ရေးနှင့် ပတ်သက်ပြီး In a Relationshipဟု သတ်မှတ်
ထားရာမှ It's Complicatedဟု ပြောင်းလဲလိုက်မှုမျိုးသည် လူတစ်ယောက်၏ လူမှုဘဝကို ကြိုတင် အရိပ်ထင်စေကြောင်း ပညာရှင်များက ထောက်ပြခဲ့
သည်။
အမှန်တကယ် အချစ်ရေး မပြိုကွဲခင် Facebookတွင် မိမိတို့၏ အတွင်းစိတ်
များကို လူအများက အရိပ်အမြွက်မျှဖြစ်စေ ထုတ်ပြလာတတ်ကြောင်း သိရှိရသည်။

အပြောင်းအလဲနှင့် သတင်းနှစ်ပုဒ်.....(သစ်ထွဋ်)

8.1.1
ရထားဖြင့် နေ့စဉ်သွားလာ လှုပ်ရှားနေသည့် အခြေခံ လူတန်းစားများကို တွေ့ရစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး သုံးသပ်သူတွေကြားမှာ အစိုးရက ပြောင်းလဲပေမယ့် ပြည်သူ့ဝန်ထမ်းတွေက လိုက်မပြောင်းလဲဘူးဆိုတဲ့ အယူအဆဟာ ခေတ်စားနေတဲ့ အယူအဆ တစ်ခုဖြစ်သလို အစိုးရအဖွဲ့ရဲ့ အပြောင်းအလဲ ဆောင်ရွက်ချက်တွေကို အကောင်အထည် ဖော်ရာမှာ အားနည်းမှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်း မီဒီယာတွေမှာပါတဲ့ သတင်းတချို့ကို ဖတ်လိုက်ရပြီးနောက် လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ အပေါ်က ပြောင်းတာကို အောက်ကလိုက် မပြောင်းတာလား။ အောက်ကပြောင်းပြီး အပေါ်က မပြောင်း ဖြစ်နေတာလားဆိုတဲ့ မေးခွန်းတွေ အတွေးထဲမှာ ပြည့်နှက်လာပါ တော့တယ်။
ပြည်သူ့ဝင်ငွေထဲက ဖဲ့ပေးရမယ့် အစီအမံ
ဒီနေရာမှာ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ပေါ်လစီနဲ့ အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ပေါ်လစီကို အကောင်အထည် ဖော်ပေးရတဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ထင်ဟပ်နေတဲ့ သတင်းနှစ်ပုဒ်ကို အခုရက်ပိုင်း ဖတ်မိခဲ့ပါတယ်။ ပထမ သတင်းကတော့ မြန်မာပြည်သူ ပြည်သားတွေ အားလုံးအပေါ် အကျိုးသက်ရောက်စေတဲ့ လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အဲဒီသတင်းကို နိုင်ငံပိုင် သတင်းစာတွေကနေ တိုးမြှင့်ခဲ့တဲ့ နှုန်းထားကို ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ရက်မှာတော့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက လက်ရှိကောက်ခံနေတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲခတွေဟာ နိုင်ငံတကာနဲ့ယှဉ်ရင် နည်းပါးနေပြီး အရှုံးခံ ထုတ်လုပ်နေတာဖြစ်ပြီး အရှုံးကာမိစေဖို့ အခုလိုတိုးမြှင့် ကောက်ခံတာဖြစ်ပြီး ပြန်လည်လျော့ချဖို့ မရှိဘူးလို့ သတင်းထောက်တွေကို ပြောကြောင်း ပုဂ္ဂလိက သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။

ဗုံးရှာဖွေရာမှ ကျပ်သိန်း ၄၉၀ တန် အရက်များ ဖမ်းမိ


ရန်ကုန်၊ အောက်တိုဘာ ၃၁

ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းတွင် လုံခြုံရေးအရ စစ်ဆေးနေစဉ် ပလတ်စတစ် အိတ်အမည်းဖြင့် ထုပ်ထားသောပစ္စည်းများ တင်ဆောင်လာသည့် ဒိုင်နာယာဉ်ကို ဗုံးထင်မှတ်ကာ ရှာဖွေရာမှ ကျပ်သိန်း ၄၉၀ တန်ကြေးရှိ မှောင်ခိုအရက်များကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
အဆိုပါ မှောင်ခိုအရက်များကို အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ရင်း (၃) က တွေ့ရှိပြီးနောက် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ရွေ့လျားအဖွဲ့ (Mobile Team) ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ အရက်များကို ရှမ်းပြည်နယ်ရှိ ရွှေတောင်ရိုး ကားဂိတ်မှတစ်ဆင့် ရန်ကုန်သို့ တင်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ယုဇနပလာဇာ မြေညီထပ်ရှိ ကုန်ပစ္စည်းဆိုင်သို့ ပို့ဆောင်ရန် ဖြစ်သည်ဟု လုံခြုံရေး ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်အရ သိရသည်။

အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း

နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

နေလောင်ဒဏ် သက်သာစေခြင်း

နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။

ဝက်ခြံပျောက်စေခြင်း

နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။

အိုမင်းမှုကို နှေးကွေးစေခြင်း

နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

အစိုးရဝန်ထမ်းများ တာဝန်ကျေပွန်ရေး လစာလုံလောက် ရန်လိုဟုဆိုနေ

နေပြည်တော်ရှိ ၀န်ထမ်းအိမ်ယာတစ်ခုအားတွေ့ရစဉ်

ရန်ကုန် ၊ အောက်တိုဘာ ၃၁။ ။ အ စိုးရဝန်ထမ်းများ မိမိအလုပ်ကိုချစ် ပြီး တာဝန်ကျေပွန်စွာလုပ်ဆောင် နိုင်ရန်အတွက် လုံလောက်သော လစာရရှိရန် လိုအပ်သည်ဟု က ရင် တိုင်းရင်းသားရေးရာဝန်ကြီး က ပြောသည်။

''အစိုးရဝန်ထမ်းတွေ အား လုံး ကိုယ့်အလုပ်ကိုချစ်ပြီး တာ ဝန်ကျေအောင် လုပ်ဆောင်နိုင်ဖို့ လစာလောက်အောင် ပေးရမယ်။ လုံလောက်တဲ့ လစာရှိရင်အကျင့် ပျက်ခြစားမှုတွေ လျော့နည်းလာ မယ်''ဟု ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောထွန်းအောင် မြင့်ကဆိုသည်။

Master Card သုံးသူများ ပြည်တွင်း အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်

Photo: Master Card သုံးသူများ ပြည်တွင်း အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင်

ရန်ကုန်၊ အောက်တိုဘာ ၃၁

နိုင်ငံတကာမှ Master Card အသုံးပြုသူများ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ ပြည်တွင်း အွန်လိုင်းစတိုးများတွင် CB Bank Payment Gateway စနစ်ဖြင့် ဈေးဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အွန်လိုင်း ငွေပေးချေမှုစနစ်ကို နိုင်ငံတကာတွင် အသုံးပြုသည်မှာ အနှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုမှ စတင်အသုံးပြုနိုင်ခြင်း ဖြစ်ပြီး CB Bank နှင့် ချိတ်ဆက်ထားသော အွန်လိုင်းစတိုးများတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အရင်က အွန်လိုင်းကနေ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်အခန်း မှာချင်ရင် တစ်ဆင့်ခံ Website တွေကနေ မှာရတယ်။ အခုဆိုရင် CB Bank Payment Gateway နဲ့ ချိတ်ထားတဲ့ ဟိုတယ်တွေကို တိုက်ရိုက်မှာနိုင်မယ်” ဟု ၎င်းကဆိုသည်။

Maseter Card များကို သုံး၍ အွန်လိုင်းဈေးဝယ်မှု ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း ယခုစနစ်သည် ကတ်အတွင်းရှိ ငွေသားလုံခြုံမှုကို အကာအကွယ် ပေးနိုင်သော အဆင့်ရှိ၊ မရှိကို စဉ်းစားရမည် ဖြစ်ကြောင်း Maseter Card အသုံးပြုသူ Mileage Communication မှ မန်နေဂျာ ဦးဆူးအောင်က ပြောကြားသည်။

CB Bank Payment Gateway နည်းပညာသည် နိုင်ငံတကာတွင် အသုံးပြုနေသော Master Card ကုမ္ပဏီ၏ Internet Gateway Service ပေါ်တွင် ဝင်ရောက် အသုံးပြုခြင်း ဖြစ်သောကြောင့် လုံခြုံရေးအတွက် စိတ်ချရကြောင်း Master Card မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

CB Bank သည် အောက်တိုဘာလ ၈ ရက်မှ မြန်မာနိုင်ငံသားများ ပြည်ပတွင် သုံးစွဲနိုင်မည့် Easi Master Card ကို စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါကတ်သည် နိုင်ငံတကာ အွန်လိုင်း စတိုးများတွင် ဈေးဝယ်ယူနိုင်ကြောင်း၊ VISA ကတ်ဖြင့် ပြည်တွင်းတွင် အွန်လိုင်း ငွေပေးချေမှုစနစ်ကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်မှ သိရသည်။

ATM Card များကို ပြည်တွင်းတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစတင် အသုံးပြုခွင့် ရရှိခဲ့ပြီး အွန်လိုင်း ငွေချေမှုစနစ်ဖြင့် သုံးစွဲနိုင်သည့် ကတ်စနစ်ကို အောက်တိုဘာလ အတွင်းတွင် စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁

နိုင်ငံတကာမှ Master Card အသုံးပြုသူများ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ ပြည်တွင်း အွန်လိုင်းစတိုးများတွင် CB Bank Payment Gateway စနစ်ဖြင့် ဈေးဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) အမှုဆောင် အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။

အွန်လိုင်း ငွေပေးချေမှုစနစ်ကို နိုင်ငံတကာတွင် အသုံးပြုသည်မှာ အနှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုမှ စတင်အသုံးပြုနိုင်ခြင်း ဖြစ်ပြီး CB Bank နှင့် ချိတ်ဆက်ထားသော အွန်လိုင်းစတိုးများတွင် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အရင်က အွန်လိုင်းကနေ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်အခန်း မှာချင်ရင် တစ်ဆင့်ခံ Website တွေကနေ မှာရတယ်။ အခုဆိုရင် CB Bank Payment Gateway နဲ့ ချိတ်ထားတဲ့ ဟိုတယ်တွေကို တိုက်ရိုက်မှာနိုင်မယ်” ဟု ၎င်းကဆိုသည်။

Maseter Card များကို သုံး၍ အွန်လိုင်းဈေးဝယ်မှု ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း ယခုစနစ်သည် ကတ်အတွင်းရှိ ငွေသားလုံခြုံမှုကို အကာအကွယ် ပေးနိုင်သော အဆင့်ရှိ၊ မရှိကို စဉ်းစားရမည် ဖြစ်ကြောင်း Maseter Card အသုံးပြုသူ Mileage Communication မှ မန်နေဂျာ ဦးဆူးအောင်က ပြောကြားသည်။

အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ်ဟု ဖြူဖြူကျော်သိန်းဆို

Photo: အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ်ဟု ဖြူဖြူကျော်သိန်းဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

များပြားလှသော သီချင်းဆို ပြိုင်ပွဲများအနက် ပရိသတ်များ ပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။ 
“ဖြူဖြူ တွေ့ရသလောက် ပြိုင်ပွဲဝင် တော်တော်များများက ဂီတကို တကယ်ရူးသွပ်ကြတယ်။ သူတို့ထဲမှာလည်း အလားအလာရှိတဲ့ ဖြူဖြူတို့ ဂီတလောကအတွက် အားထားရမယ့် ပြိုင်ပွဲဝင်တွေ တွေ့ပါတယ်။ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်တဲ့ နေရာမှာတော့ ဖြူဖြူတို့ ဒိုင်တွေက အသံကို အဓိက ကြည့်တယ်။ အသံကောင်းရမယ်။ အဆိုမှန်ရမယ်။ နောက်ပြီးတော့မှ စင်ပေါ်မှာ သူ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ။ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဘယ်လောက် ဖမ်းစားနိုင်သလဲ ဆိုတာကြည့်ပြီး ကျန်တဲ့အမှတ်တွေ ပေးပါတယ်” လို့ အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်က တခြားသီချင်းဆို ပြိုင်ပွဲတွေနဲ့ မတူတဲ့အတွက် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိကြောင်း၊ သီချင်းဆိုပြိုင်ပွဲ သက်သက်မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေ ရဲ့ဝတ်စားဆင်ယင်မှု၊ Performance၊ အကအလှများနဲ့ ဖျော်ဖြေမှုပေးနိုင်ဖို့ ကြိုးစားထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ သီချင်း အမျိုးအစားစုံကို ယှဉ်ပြိုင်ရတဲ့ အတွက်လည်း ကိုယ်မသိသေးတဲ့ ဂီတအမျိုးအစားစုံကို ထိတွေ့ခွင့်ရစေကြောင်း၊ အားနည်းချက် အနေနဲ့ကတော့ ပြိုင်ပွဲကာလ နှစ်လအတွင်းမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ လေ့ကျင့် ပြင်ဆင်မှု များစွာ ပြုလုပ်ရတဲ့အတွက် ဖိအားများ ရှိနိုင်သလို ပိုလည်း ပင်ပန်းကြောင်း ၎င်းကဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေရဲ့အကဲဖြတ်မှုတွေက ပြိုင်ပွဲအတွင်းမှာသာမက ရှေ့ဆက်လျှောက် ရမယ့် ဂီတလမ်းခရီး အတွက်ပါ အကျိုးရှိစေကြောင်း၊ အကဲဖြတ် ဒိုင်များအပြင် Vocal Trainer တစ်ဦးဖြစ်တဲ့ ခိုင်မြဲသာရဲ့ သင်ကြားပြသမှု၊ ထောက်ပြ ဝေဖန်မှုတွေကလည်း ပြိုင်ပွဲဝင်များအတွက် အကျိုးကျေးဇူး များစေကြောင်း အိပ်မက်ဆုံရာ Season 1 ရဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ အာကာက သူ့ရဲ့အမြင်ကို ပြောပါတယ်။
ရန်ကုန်၊ အောက်တိုဘာ ၃၁

များပြားလှသော သီချင်းဆို ပြိုင်ပွဲများအနက် ပရိသတ်များ ပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။
“ဖြူဖြူ တွေ့ရသလောက် ပြိုင်ပွဲဝင် တော်တော်များများက ဂီတကို တကယ်ရူးသွပ်ကြတယ်။ သူတို့ထဲမှာလည်း အလားအလာရှိတဲ့ ဖြူဖြူတို့ ဂီတလောကအတွက် အားထားရမယ့် ပြိုင်ပွဲဝင်တွေ တွေ့ပါတယ်။ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်တဲ့ နေရာမှာတော့ ဖြူဖြူတို့ ဒိုင်တွေက အသံကို အဓိက ကြည့်တယ်။ အသံကောင်းရမယ်။ အဆိုမှန်ရမယ်။ နောက်ပြီးတော့မှ စင်ပေါ်မှာ သူ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ။ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဘယ်လောက် ဖမ်းစားနိုင်သလဲ ဆိုတာကြည့်ပြီး ကျန်တဲ့အမှတ်တွေ ပေးပါတယ်” လို့ အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

KNU/KNLA မှ ထုတ်ပယ်ထားသူတစ်ဦး ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူခဲ့ဟုဆို

KNU/KNLA မှ တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
 လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရေးတပ်ဖွဲ့ KNU/KNLA မှ ထုတ်ပယ်ထားသည့် စောမောင်မောင်ဆိုသူသည် ဒုတိယဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူထားခဲ့ကြောင်း KNU/KNLA မှ သတင်း ရရှိသည်။

ငြိမ်းချမ်းရေးဖော်ဆောင် နေစဉ်ကာလအတွင်းရုံးလုပ်ငန်း များလုပ်ဆောင်ရန် တပ်ဖွဲ့မှ ထုတ်ပေးထားသော ကားများမဟုတ်ဘဲ ၎င်းင်ုးNU/KNLA မှ ဗိုလ်မှူးချုပ် စောထူးဂေ၏ လက်မှတ်ကို အတုပြုလုပ်၍ စာရွက်စာတမ်းများ ထုတ်ပေးစီးနင်းစေခြင်း၊ အဖွဲ့အစည်း၏အမည်ကို အလွဲသုံးစားပြုလုပ်၍ စီးနင်းစေခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း KNU/ KNLA မှ တာဝန်ရှိသူများကပြောသည်။

နိုင်ငံတော်မှ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့် တပ်ဖွဲ့များကို လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုင်စင်မဲ့ကားများ စီးနင်းခွင့်ထုတ်ပေးခြင်းကို အဆိုပါ စောမောင်မောင်ဆိုသူက ဒုဗိုလ်မှူးကြီးအယောင်ဆောင်၍ လက်မှတ်များအတုပြုလုပ်၍ ကားစီးနင်းခွင့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောအောင်လင်းကပြောသည်။

တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို

Photo: တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို

မော်စကို၊ အောက်တိုဘာ ၃၁

တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

ထိုအဝတ်မီးပူ များထဲတွင်ပါသည့် ကွန်ရက်များသည် ပေပေါင်း ၆၅၀ အတွင်းရှိ အခြားသော ကွန်ပျူတာများနှင့်လည်း ချိတ်ဆက်နိုင်စွမ်းရှိကာ ဗိုင်းရပ်စ်များ ထုတ်လွှတ်ခြင်း၊ ကူးစက်ခြင်း များကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံတော်ပိုင် ရုပ်သံဌာန၏ ကြေညာချက်ကြောင့် ယခုအခါ ရောင်းချသည့် စတိုးဆိုင်ကြီးများတွင် အကာအကွယ်အတွက် ပြင်ဆင်နေကြရပြီး မိမိတို့ထံမှ ဒေတာ အချက်အလက်များ ခိုးယူမည်ကို လွန်စွာ စိုးရိမ်နေကြရသည်။

ထိုမီးပူများ မည်မျှပျံ့နှံ့နေပြီး မည်သည့် မီးပူများတွင် ထောက်လှမ်းရေး စနစ်များပါကြောင်း မသိရသေးသော်လည်း၊ ကြိုးမဲ့စနစ်နှင့် ဝင်ရောက် ထောက်လှမ်း နိုင်သောကြောင့် ဆက်သွယ်ရေး စနစ်များကို လုံခြုံစိတ်ချရစေရေးအတွက် Password ထားပြီး သုံးကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

မော်စကို၊ အောက်တိုဘာ ၃၁

တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

ထိုအဝတ်မီးပူ များထဲတွင်ပါသည့် ကွန်ရက်များသည် ပေပေါင်း ၆၅၀ အတွင်းရှိ အခြားသော ကွန်ပျူတာများနှင့်လည်း ချိတ်ဆက်နိုင်စွမ်းရှိကာ ဗိုင်းရပ်စ်များ ထုတ်လွှတ်ခြင်း၊ ကူးစက်ခြင်း များကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

ကမ္ဘာ့မြို့တော်များ ပြောင်းရွှေ့ခြင်းနှင့် နေပြည်တော်တည်ရခြင်းအကြောင်းရင်း...(လင်းထိုက် (Y.I.T))

(နိုင်ငံခြားကြောက်ရောဂါ)နှင့် (အယူသီးမှု)တို့အပေါ်တွင် အခြေပြုစဉ်းစားခဲ့. . . ရွှေတိဂုံစေတီတော်ရန်ကုန်တွင် တည်ရှိနေခြင်းကလည်း အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံဖြစ်စေ . . .အာရပ်နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည်မပေါ်သော ဗုံးပေါက်ကွဲမှု များမှာလည်း အကြောင်းရင်းခံများ . . .
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်အစိုးရသည် အစိုးရ ၀န်ထမ်းများအား မြို့တော်သစ်သို့ ပြောင်းရွှေ့ရန် ညွှန်ကြားချက် ထုတ်ပြီး နောက်ပိုင်းတွင် နေပြည်တော် မြို့တော်သစ် ဇာတ်လမ်းအစပြု ခဲ့သည်ဟု ဆိုရပါမည်။ ထိုစဉ်အခါ ကမ္ဘာ့ သတင်းစာမျက်နှာ များတွင်တော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ မနက် ၆ နာရီခွဲ တိတိတွင် ပျဉ်းမနား နေပြည်တော် မြို့သစ်သို့ အစိုးရ ရုံးများ ရုတ်တရက် ပြောင်းရွှေ့ သွားကြောင်း ကမ္ဘာ့သတင်း ဌာနများမှ ပလူပျံအောင် ရေးသား ဖော်ပြခဲ့ကြသည်။

တောင်၊ မြောက် ၁၁ မိုင်ကျော်၊ အရှေ့၊ အနောက် ၈ မိုင်နီးပါး၊ စတုရန်း မိုင်အားဖြင့် ၂၇၀၀ စတုရန်းမိုင် ကျယ်ဝန်းသော နေပြည်တော် မြို့တော်သစ်ကြီးသည် ရန်ကုန်မြို့ မြောက်ဘက်မှ ၂၄၄ မိုင် ကွာဝေးပြီး ပဲခူးရိုးမနှင့် ရှမ်းရိုးမ ကြားတွင် တည်ရှိပေသည်။ ပျဉ်းမနားမြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာ ပျဉ်းမနား – တောင်တွင်းကြီး၊ လယ်ဝေး လမ်းဆုံအနီးတွင် တည်ထားခြင်း ဖြစ်သည်။ ပျဉ်းမနားမြို့ ဟူသည် ဂျပန်ခေတ် ကာလက ဗိုလ်နေ၀င်း၏ တပ်ရင်း(၁) ဌာနချုပ် တည်ရှိခဲ့ဖူးရာ မြို့လည်း …  ဖြစ်သည်။

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Miss International Queen ၀ငိရောက်ယှဉ်ပြိုင်မည့် မြန်မာမှလိင်ပြောင်းသူ သညာမောင်ကိုတွေ့ရစဉ်(Photo-EPA)
ပတ္တရား ၊ အောက်တိုဘာ ၃၁။ ။ နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်းသူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲသို့ဝင်ရောက်လာ သည်။

''လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကဆိုရင် ကျွန်မယှဉ်ပြိုင်ရဲ မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိနေ ပြီဆိုတော့ ပြိုင်ပွဲဝင်ရတာ စိတ်ထဲ မှာ လွတ်လွတ်လပ်လပ်ရှိပါတယ်'' ဟု အသက်၂၈နှစ်အရွယ်ရှိ သ ညာမောင်က ပြောကြား ခဲ့သည်။

ထူးထူးခြားခြား မင်္ဂလာဦး ဓာတ်ပုံ အရိုက်ခံခဲ့သော စုံတွဲ

 
မင်္ဂလာဦး ဓာတ်ပုံ အရိုက်ခံရာတွင် လူဇောင်နှင့် ၎င်း၏ချစ်သူ ဖန်ဂျင်တို့သည် မတ်စောက်သော တောင်ကမ္ဘားများပေါ်တွင် တွဲလျောင်းချိတ်ဆွဲလျှက် စွန့်စွန့်စားစား ကိုယ်ဟန်ပြခဲ့ကြသည်

ထူးထူးခြားခြား မင်္ဂလာဦးဓာတ်ပုံ အရိုက်ခံခဲ့သည့် စုံတွဲ
မင်္ဂလာဆောင်ခါနီး စုံတွဲတိုင်း ခက်ခဲကြမ်းတမ်းသည့် အစပြုမှုမျိုးကို မျှော်လင့်မည် မဟုတ်ချေ။ သို့သော်လည်း တရုတ်နိုင်ငံ၊ လောင်ဇူးမှ စုံတွဲတစ်တွဲကမူ ခက်ခက်ခဲခဲ ကြမ်းကြမ်းတမ်းတမ်းကိုမှ ရွေးချယ်ခဲ့သူများ ဖြစ်သည်။ မင်္ဂလာဦး ဓာတ်ပုံ အရိုက်ခံရာတွင် လူဇောင်နှင့် ၎င်း၏ချစ်သူ ဖန်ဂျင်တို့သည် မတ်စောက်သော တောင်ကမ္ဘားများပေါ်တွင် တွဲလျောင်းချိတ်ဆွဲလျှက် စွန့်စွန့်စားစား ကိုယ်ဟန်ပြခဲ့ကြသည်။ အဆိုပါ စုံတွဲ၏ ထူးခြားသော စိတ်ကူးဖြင့် ဖန်တီးသော ဓာတ်ပုံများအတွက် လိုက်ရိုက်ပေးရသည့် ကင်မရာမင်းသည်လည်း မစားသာခဲ့ချေ။ မင်္ဂလာဆောင်ရန် အလုံးစုံ ပြင်ဆင်ထားပြီးဖြစ်သော လူနှင့်ဖန်တို့သည် မင်္ဂလာဦး အမှတ်တရ ဓာတ်ပုံကို သက်စွန့်ဆံဖျား ရင်ထိတ်သည်းဖို ရိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

စားသုံးသူ ကာကွယ်ရေးအသင်း ကျောင်းမုန့် ဈေးတန်းများအား စစ်ဆေးရာ၌ တားဆီးခံရ

ရန်ကုန်၊ အောက်တိုဘာ ၃၀

အစိုးရ လက်အောက်ရှိ ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ စတင် စစ်ဆေးသည့် စားသုံးသူ ကာကွယ်ရေး အသင်းအား အင်းစိန် အထက (၁) ကျောင်းမှ အောက်တိုဘာ ၃၀ ရက်က ၀င်ရောက် စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာတွင် ကျောင်း တာဝန်ရှိသူများက တားဆီးခဲ့ကြောင်း သိရသည်။

စားသုံးသူ ကာကွယ်ရေးအသင်းအနေဖြင့် ယင်းကဲ့သို့ တားဆီးခံခဲ့ရခြင်းမှာ မြို့နယ်အဆင့် ကျောင်း အာဏာပိုင်များ၏ ခွင့်ပြုချက် မပါရှိသောကြောင့် တားဆီးခံခဲ့ရခြင်း ဖြစ်ပြီး တခြား အထက(၆)နှင့် အထက (၅)၊ အလက (၁၀)နှင့် အမက (၁၂) ကျောင်းများသို့ စစ်ဆေးခဲ့ရာတွင် ယင်းခွင့်ပြုချက် အမိန့် ပြန်လည် တောင်းခံခဲ့ခြင်း မရှိပေ။

““မြို့နယ် ပညာရေးမှူးရဲ့ လက်မှတ်မပါလို့ ကျောင်းမုန့် ဈေးတန်းတွေကို ၀င်ရောက် စစ်ဆေးခွင့် မပြုဘူးလို့ ပြောတာ။ အဲဒါကတော့ မဖြစ်သင့်ဘူး။ ကျောင်းမုန့် ဈေးတန်းတွေကို စစ်တာ ကျောင်းအုပ်ဆရာကြီးက ခွင့်ပြုရင် ရတယ်။ မြို့နယ် ပညာရေးမှူးလောက်ထိ မလိုပါဘူး။ ဒါတွေက ကြိုးနီစနစ်ရဲ့အငွေ့အသက်တွေလို့ ထင်တယ်”” …. ဟု စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့တပ်မတော်နှင် KNU/KNLA(Peace) ယူနီဖောင်း ဝတ်ဆင်လိမ်လည်သူအား အမြန်ဆုံး ဖမ်းဆီးမည်

ရန်ကုန် အောက်တိုဘာ ၃၁

KNU/KNLA(Peace) လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်တပ်ဖွဲ့မှ တရားဝင် ထုတ်ပယ်ထားသည့် ဒုဗိုလ်အဆင့်ရှိသူ စော မောင်မောင်သည် KNU/KNLA(Peace) နှင့် အစိုးရတပ်မတော် အရာရှိကြယ်ပွင့်များတပ်ဆင် ပြီးလိမ်လည်မှုများပြုလုပ်နေခြင်းကြောင့် နှစ်ဖက် အဖွဲ့အစည်းမှ တာဝန်ရှိသူများက အမြန်ဆုံးဖမ်း ဆီးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း KNU/KNLA(Peace)မှ ဗိုလ်မှူးချုပ်စောထူးဂေ က ပြောသည်။

အဆိုပါ စောမောင်မောင်သည် နိုင်ငံတော်မှ ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်ကာလအတွင်း ငြိမ်းချမ်းရေးပျက်ပြားစေရန်လုပ်ဆောင်ပြုမူခြင်း၊KNU/KNLA(Peace) တပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းစေရန်လုပ်ဆောင်ခြင်း၊ နိုင်ငံတော် အစိုးရနှင့် KNU/KNLA(Peace) တို့အကြား အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခြင်းတို့ ကြောင့် ယခုလို ဖမ်းဆီးအရေးယူရန်ဆောင်ရွက် ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ကြားးဖြတ်ထောက်လှမ်းသည့် နေရာတစ်ခုဟုဆို

တင်မက်လပ်ဖ်လင်း  

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အီလက်ထရောနစ်ဆက်သွယ်ရေး ကွန်ယက်အတွင်း
ဆက်သွယ်မှုများကို ကြားဖြတ်ထောက် လှမ်းသည့် နေရာတစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာ
လ ၂၉ ရက်နေ့ထုတ် ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့သည်။

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသည် အမေရိကန်အမျိုး
သားလုံခြုံရေးအဖွဲ့ (NSA) နှင့် ဗဟိုထောက် လှမ်းရေးအဖွဲ့(CIA)တို့က တိုက်ရိုက်ကိုင်တွယ်သည့်
သတ်မှတ်ဝန်ထမ်း ခန့်ထားထောက်လှမ်းရာ အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း အင်အက်စ် အေ
(NSA)၏ အကြီးအကဲဟောင်းဖြစ်သူ အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက် ကြားသည့် မြေပုံတစ်ခုကို
ကိုးကားကာ ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး ဘုံသဘောတူညီချက် ရရှိ

တပ်ပေါင်းစု, တိုင်းရင်းသား, ငြိမ်းချမ်းရေး, တပ်မတော်, အပစ်အခတ်ရပ်စဲရေး
လိုင်ဇာညီလာခံ တက်ရောက်လာသည့် တိုင်းရင်းသားခေါင်းဆောင်များကို ကချင်ပြည်သူများ လှိုက်လှဲစွာ ကြိုဆိုကြစဉ်။ (ဓာတ်ပုံ- ဂျေပိုင် / ဧရာဝတီ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသား ညီလာခံတွင်  မူဝါဒကွဲလွဲမှုများပေါ်ပေါက်နေပြီး ဘုံသဘောတူညီချက် မရရှိသေးသည့်အတွက် ညီလာခံကျင်းပမည့်ရက်ထပ်မံ တိုးမြှင့်လိုက်သော်လည်း ယနေ့ မွန်းလွဲပိုင်းတွင် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ရရှိသွားပြီဖြစ်သည်။
ယနေ့ ညနေပိုင်း၊ လိုင်ဇာတွင် တိုင်းရင်းသား တပ်ပေါင်းစု၏ အပစ်ရပ်ရေး နှင့် ငြိမ်းချမ်းရေး ဘုံ သဘောတူညီချက် နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တရပ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
မူလက လိုင်ဇာညီလာခံကို  အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ  ၁ ရက်နေ့ထိ ကျင်းပရန် စီစဉ်ထား သော်လည်း  လတ်တလောအချိန်အထိ တိုင်းရင်းသားအဖွဲ့အစည်းများအကြား အစိုးရ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးအတွက် ပြတ်သားသော မူဝါဒများ ချမှတ်နိုင်ခြင်းမရှိခဲ့သည့် အတွက် နိုဝင်ဘာလ ၂ ရက်နေ့အထိ ညီလာခံ ဆက်လက်ကျင်းပရန် ရက်တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လိုင်ဇာညီလာခံတွင် “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး´´နှင့် “နိုင်ငံရေး ဆွေးနွေးပွဲ´´ ဆိုသော ခေါင်းစဉ် ၂ ခုအပေါ် အဓိက ကွဲလွဲနေပြီး တချို့တိုင်းရင်းသားများက “အပစ်အခတ်ရပ်စဲရေး´´ ကို ဦးစားပေး ဆောင်ရွက် လိုကြကာ တချို့ တိုင်းရင်းသား အဖွဲ့များက “နိုင်ငံရေးဆွေးနွေးပွဲ´´ ကို ဦးစားပေးဆောင်ရွက်လိုကြခြင်းဟူ၍ သဘောထား ကွဲလဲမှုများဖြစ်ပေါ်ခဲ့သည်။

သံသယတရားခံကလေးငယ်ကို နှိပ်စက်ခဲ့သည့် မြောင်းမြရဲကိစ္စ အမှုဖွင့်တိုင်ကြားနိုင်ဟု တိုင်းဧရာဒု-တိုင်းရဲတပ်ဖွဲ့မှူးဆို




ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုအတွက် အသက်(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးကို သံသယတရားခံအဖြစ် ဖမ်းဆီးကာ ဖြောင့်ချက်မပေးသည့်အတွက် ခြေလက်များ မသန်စွမ်းဖြစ်သည်အထိ နည်းမျိုးစုံဖြင့် နှိပ်စက်ခဲ့သည့်မြောင်းမြရဲစခန်းမှတာဝန်ရှိသူများအား အမှုဖွင့်တိုင်ကြားနိုင်သည်ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှအကြီးအကဲများကဆိုသည်။
မြောင်းမြမြို့ မြရတနာရပ်ကွက်၊န၀ရတ်လမ်းမကြီးအောင်ပန်းဆားစက်ဝင်းအတွင်း၌ ဇူလိုင်လ၂၃ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ သည့်လူသတ်မှုတစ်ခုအတွက် စိန်မင်းဆားစက်ဝင်းအတွင်းနေထိုင်သူ အသက်(၁၃)နှစ်အရွယ်ကလေးငယ်နှင့် ၄င်း၏ဖခင်ဖြစ်သူ ကို မြောင်းမြရဲစခန်းမှ သံသယတရားခံအဖြစ် သတ်မှတ်ဖမ်းဆီးခဲ့ပြီး ဖြောင့်ချက်ရရှိနိုင်ရေး တစ်လခန့်ဖမ်းဆီးထားစဉ် ရဲစခန်း အတွင်းမှ တာဝန်ကျရဲများ အပြင် ပြင်ပမှလူနှစ်ဦးကပါ နည်းမျိုးစုံဖြင့်အကြမ်းဖက်နှိပ်စက်ခဲ့သဖြင့် ခြေ၊လက်များ မသန်စွမ်းဖြစ်ခဲ့ရ သည့်ကိစ္စအပေါ်တွင် တိုင်းရဲတပ်ဖွဲ့အကြီးအကဲများက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
 အဆိုပါဖြစ်ရပ်အပေါ် ပုသိမ်မြို့၌ကျင်းပခဲ့သည့် ပြည်သူ့ရေးရာတာဝန်ခံယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြောင်းမြမြို့ခံများက တိုင်းရဲတပ်ဖွဲ့ထံ မေးမြန်းခဲ့ရာဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲမှုး ရဲမှူးကြီးအောင်နိုင်သူက ၄င်းထံသို့ မြောင်းမြို့နယ်ရဲတပ်ဖွဲ့မှတင်ပြ ထားသည့်ဖြစ်စဥ်အစီရင်ခံစာကို ဖတ်ပြခဲ့ပြီးနှိပ်စက်ကြောင်း ထင်ရှားပါက တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့သည်။

ကန့်ဘလူ နေအိမ်ခြံဝင်းရှေ့ သန့်ရှင်းရေးလုပ်ရန် ညွှန်ကြားမှု မြို့ခံများ မကျေနပ်

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မြို့ပေါ်ရပ်ကွက် ငါးခုစလုံး၏ လမ်းဘေးဝဲယာရှိ နေအိမ်မျက်နှာစာများကို ရေမြောင်းများ တူးဖော်ရန်နှင့် သန့်ရှင်းရေး လုပ်ဆောင်ရန် အောက်တိုဘာလ ၂၈ ရက်နေ့က မြို့နယ် စည်ပင်သာရေး ကော်မတီ ဥက္ကဋ္ဌက စာဖြင့် ညွှန်ကြားမှုကို ကန့်ဘလူမြို့နေ ပြည်သူများ မကျေနပ် ဖြစ်ရကြောင်း မြို့ခံများက ပြောကြားသည်။

ကန့်ဘလူမြို့၊ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) တို့မှ လမ်းဘေးဝဲယာရှိ နေအိမ် အိမ်ရှေ့ မျက်နှာစာများတွင် အနက်တစ်ပေခွဲ၊ အကျယ်တစ်ပေခွဲရှိ ရေမြောင်းများတူးရန်၊ ပေါင်းမြက်နှင့် ချုံများ ရှင်းလင်းရန်၊ ခြံစည်းရိုးများ သပ်ရပ်စွာ ကာရန်၍ ဆေး (သို့မဟုတ်) ထုံးသုတ်ရန် ညွှန်ကြားထားပြီး ယင်းသို့ လုပ်ဆောင်မှုကို အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီတွင် အပြီးသတ် လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ၎င်းတို့က ဆိုသည်။

ယခင်က နိုင်ငံတော် အကြီးအကဲများ ခရီးစဉ်ရှိလျှင် မြို့လမ်းများ၊ နေအိမ်များ သန့်ရှင်းရေးလုပ်ရန် စေခိုင်းမှုများ ရှိခဲ့သော်လည်း ယခုညွှန်ကြားမှုသည် အစိုးရသစ် တက်လာသည့် သုံးနှစ်ခန့်အတွင်း ပထမဆုံးအကြိမ်ဖြစ်ကာ အမိန့်အာဏာဆန်ဆန် စေခိုင်းသလို ဖြစ်နေသောကြောင့် မြို့ခံ ပြည်သူအများစုက မကျေမနပ် ဖြစ်နေကြောင်း ကန့်ဘလူမြို့တွင် နေထိုင်သူ ဦးတင့်လွင်က The Voice သို့ ပြောကြားသည်။

အာကာသထဲခရီးထွက်ရန် အသင့်ဖြစ်နေတဲ့ ရီဟန်နား


ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီးသွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

ရီဟန်နာ အနေဖြင့် အာကာသထဲ ခရီးထွက်ရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ဘာဘေးဒိုးစ်ဖွား Popဂီတ အဆိုတော်လေးသည် ဆာရစ်ချတ် ဘရန်ဆန်၏ Virgin Galactic အာကာသ ခရီးသွား အစီအစဉ်အတွက် လက်မှတ်ကြိုဝယ်ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ Virgin Galacticသည် ကမ္ဘာ့လေထုကို ဖောက်ထွက်ကျော်လွန်ကာ အာကာသထဲသို့ သွားရောက်နိုင်မည့် အလည်အပတ် ခရီးစဉ် စီမံကိန်းဖြစ်ပြီး လိုက်ပါသူ တစ်ဦးအတွက် ဒေါ်လာ (၂၅၀၀၀၀) တန်ဖိုးသတ်မှတ်ထားသည်။ ရီဟန်နာသည် ယင်းအစီအစဉ်တွင် (၃)ဦးစာ လက်မှတ် ဝယ်ယူပြီး ဒေါ်လာ (၇၅၀၀၀၀) အကုန်အကျ ခံထားသည်။

၁၅၀၀ တန်ဖုန်းများတွင် ဝန်ဆောင်မှုအသစ်များ အသုံးပြု၍ ရမည် မဟုတ်ဟုဆို

Photo: ၁၅၀၀ တန်ဖုန်းများတွင် ဝန်ဆောင်မှုအသစ်များ အသုံးပြု၍ ရမည် မဟုတ်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
“ဝန်ဆောင်မှု အသစ်လေးခု ထပ်တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံးရတယ်။ ဒါပေမဲ့ အခုချထားတဲ့ ၁၅၀၀ တန်တွေတော့ မရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

၁၅၀၀ တန် ဖုန်းများအတွက် ဝန်ဆောင်မှု အသစ်များ ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအတွက် ပြန်ကြားရေးဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ၁၈၇၆ Call Center က ပြောကြားသည်။
“ဒီဝန်ဆောင်မှုတွေက နိုင်ငံတကာမှာဆိုရင် SIM Card ဝယ်တာနဲ့ တွဲလျက် ဝယ်ယူလို့ ရတာတွေ။ အခုဒီမှာက မြေစမ်းခရမ်းပျိုးရုံပဲ ရှိသေးတယ်။ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတွေ ဝင်လာရင် ဒီလိုပုံစံနဲ့ဆိုရင် ကျန်ခဲ့လိမ့်မယ်။ ၁၅၀၀ တန်ဖုန်းတွေ အဓိက ချထားပေးနေတဲ့ အချိန်မှာ ၁၅၀၀ တန် ဖုန်းတွေမှာ သုံးလို့မရတာက ဟာသပဲ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦသန်းဦးက မှတ်ချက်ပေးသည်။

အဆိုပါ ဝန်ဆောင်မှုများကို ရယူလိုသူများသည် အသုံးပြုလိုသော ဝန်ဆောင်မှုအပေါ် မူတည်၍ Call Waiting Service အသုံးပြုလိုသူများအတွက် Orderdata CW, Call Forward Service အတွက် Orderdata CF, Voice Mail Service အတွက် Orderdata VMS နှင့် Miss Call Alert ဝန်ဆောင်မှု အတွက် Orderdata MCA ဟု ၁၃၃၁ နံပါတ်သို့ SMS ရိုက်၍ ပေးပို့မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ 

ဖုန်းကိုင်ဆောင်သူများသည် အဆိုပါ ဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ဘဲ ဖုန်းလိုင်းတစ်ခုလျှင် Call Waiting Service နှင့် Call Forward Service ထဲမှ တစ်ခုနှင့် Voice Mail Service နှင့် Miss Call Aler တို့ထဲမှ တစ်ခုစီကိုသာ ရွေးချယ် သုံးစွဲနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၁၁ ဒသမ ၁ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ခြောက်သန်းခန့်သာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်၍ ယင်းဖုန်းသုံးစွဲသူများ၏ သုံးပုံတစ်ပုံခန့် ပမာဏဖြစ်သော နှစ်သန်းခန့်မှာ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ အသုံးပြုခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
“ဝန်ဆောင်မှု အသစ်လေးခု ထပ်တိုးချဲ့မှာပါ။ GSM, WCDMA, CDMA 800 MHz, CDMA 450 MHz အားလုံးရတယ်။ ဒါပေမဲ့ အခုချထားတဲ့ ၁၅၀၀ တန်တွေတော့ မရသေးဘူး” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံတစ်ဝန်း ကဏ္ဍပေါင်းစုံ ဖြည့်ဆည်းရန် ကျန်ရှိနေချိန်တွင် နေပြည်တော်၌ မင်္ဂလာကန်တော်ကြီး မီးအလှဆင်ခြင်းကဲ့သို့ လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း သောင်းချီ တောင်းခံခြင်းမှာ သင့်လျော်ခြင်း မရှိ၍ ထက်ဝက်လျှော့ချရန် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြ

8.1.1
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး လွှတ်တော်၌ ဆွေးနွေးစဉ်
ရန်ကုန်မြို့တော် အပါအ၀င် နိုင်ငံတစ်ဝန်း ကဏ္ဍပေါင်းစုံ ဖြည့်ဆည်းရန် ကျန်ရှိနေချိန်တွင် နေပြည်တော်၌ မင်္ဂလာကန်တော်ကြီး မီးအလှဆင်ခြင်း လုပ်ငန်းများကဲ့သို့ အလှအပ ဆင်ယင်ခြင်း လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း သောင်းချီ တောင်းခံခြင်းမှာ သင့်လျော်ခြင်း မရှိသဖြင့် ထက်ဝက်လျှော့ချရန် လွှတ်တော် ကိုယ်စားလှယ်များက တင်ပြခဲ့သည်။
အောက်တိုဘာ ၃၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏ ရငွေ၊ သုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ဆွေးနွေးရာတွင် ''ကျွန်တော် ဆွေးနွေးချင်တာက နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများကိစ္စ ဖြစ်ပါတယ်။ နေပြည်တော်မှာ စည်ပင်သာယာရေး လုပ်ငန်းတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေကို ဘတ်ဂျက်မှာ သုံးနေရာက ဖြည့်စွက် ရန်ပုံငွေအဖြစ် တင်ပြတောင်းခံ လာတာကို တွေ့ရပါတယ်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော် ကောင်စီတို့ ဖြစ်ပါတယ်။ ပထမဆုံး တင်ပြရမယ်ဆိုရင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းကတော့ ရေပေးဝေရေး လုပ်ငန်းပဲ ဖြစ်ပါတယ်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီကို နိုင်ငံတော်ကနေ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၃၀၀၀ ကျော် ထောက်ပံ့ထားရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပြင် ပြည်သူ့အမြင်


၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသံမျိုးစုံထွက်လာခဲ့သည်။ အထူးသဖြင့် လက်ရှိ အာဏာရပါတီအသိုင်းအဝိုင်းထံမှ သုံးသပ်ချက်ကတော့ ထိုဆန္ဒသည် ပြည်သူ့ဆန္ဒမဟုတ်။ ဥပဒေပြင်ဆင်ရေးတွင် ပြည်သူက ထိုမျှလောက် အသိဥာဏ်မရှိနိုင်စသည်တို့နှင့်အတူ လေ့လာခြင်း၊ ဖတ်ဖူးခြင်းကိုပင် သံသယဖြစ် သည့် သဘော ဖြစ်သည်။ ဆိုလိုသည်မှာ ထိုဥပဒေပြင်ဆင်လိုခြင်းအသံမှာ အတိုက်အခံနိုင်ငံရေးပါတီအင်အားစုများထံမှ ပြည်သူကိုခုတုံးလုပ် ထွက်လာခြင်း ဟု သုံး သပ်နေကြသည့် အမြင်များလည်းရှိနေရာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ပြည်သူများ၏ အသံအစစ်အမှန်ကို ဖော်ပြလိုက်ရပါသည်။
ဦးစိုးညွန့်
(တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင်)
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာတဲ့ သမိုင်းက အားလုံး သိတဲ့အတိုင်းပဲလေ။ ဘယ်လို ဖွဲ့စည်းပြီး ဘယ်လိုဖြစ်လာတယ်ဆိုတာ အားလုံးသိ ပြီးသားပါ။ ရှင်းပြ စရာ မလိုတော့ပါဘူး။ အဲဒါတွေက ပြည်သူ့ဆန္ဒ လုံးဝပါတာ မဟုတ်ဘူးလေ။ သူတို့ဘာသာ သူတို့ စိတ်တိုင်းကျ အဘက်ဘက်က ကြိုတင် စီစဉ် ထားပြီး မှ ရေးဆွဲထားတဲ့ ဥပဒေဆို တော့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့လည်း လုံးဝ မကိုက်ညီဘူးလေ။

အသေးအမွှား၊ ကလေးကစားစရာ မဟုတ်ပါ

“အပေါင်းအသင်းတွေရဲ့ လွှမ်းမိုးမှုနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ နေရာ ယူလာမှုတွေကို ပေါ့ပေါ့လေး တွေးပြီး လွှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး။ မဟုတ်တာတွေကို လုပ်ဖို့ အားပေး အားမြှောက် လုပ်နေတာတွေကလည်း ပတ်ဝန်းကျင်မှာ ပြည့်နေတာပဲ။ ဝန်းကျင်မှာ ဒါတွေ ရှိနေမှတော့ မပျက်စီးချင်လည်း ပျက်စီးတော့မှာ သေချာတယ်” ဒေါက်တာသာမာစီလန် (မလေးရှား ဆေးပညာအဖွဲ့ ဥက္ကဋ္ဌ)
arti_atahkl_tribune-com-pk
မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ အရွယ် ညီအစ်ကိုနှစ်ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟားဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေက ဤကိစ္စကို နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။
ယခုတွေ့ မြင်လိုက်ရသည်က လူသိအောင်လုပ် ပေးလိုက်သည့် ကိစ္စလေးတစ်ခုသာ ဖြစ်ပြီး လူမသိ သူမသိနိုင်သော ကိစ္စပေါင်းများစွာ နောက်ကွယ်တွင် ရှိနိုင်သေးသည်။ ထိုအဖြစ်အပျက် များသည် ယနေ့ခေတ် လူငယ်များကို ကိုယ်စားပြုနေသည့် စဉ်းစားစရာလည်း ဖြစ်နေသည်။ သူတို့ ဘာတွေ သိနေသလဲ၊ ဘယ်လောက် သိနေသလဲ၊ ဘာကြောင့် သိနေသလဲ ဆိုသည့် အကြောင်းများမှာ မေးစရာကိစ္စများ ဖြစ်လာသည်။

အသတ်ခံရသူ အမျိုးသမီး၏အလောင်း အိပ်မက်ပေးခဲ့ရာ နေရာတွင် ရှာဖွေတွေ့ရှိ


ရန်ကုန်၊ အောက်တိုဘာလ ၃၁

လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။

ငါးဆူတောင်အုပ်စု ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီက မချိုနွယ်ဝင်း (ခ) ကတုံးမသည် စက်ဘီးဖြင့် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်မလာသဖြင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစိုးနိုင်က လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိသောကြောင့် စိုက်ပျိုးရေးခြံအနီးရှိ ကျေးရွာများထံ အကူအညီတောင်းပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ မဲဇလီကုန်း ကျေးရွာမှ လူဦးရေ ၇၀ ခန့်က ဖောအမျိုးအစား ယာဉ်ဖြင့် နေ့စဉ်လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် အဆိုပါ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံ အလုပ်သမ တစ်ဦးကို သေဆုံးသူက ၎င်းရှိသည့် နေရာကို အိပ်မက်ပေးသည်ဟု ဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် လူအများစုမှာ ယုံကြည်မှု မရှိသော်လည်း အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေခဲ့ရာမှ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာနေ ကိုတင်ကိုက The Voice သို့ ပြောကြားသည်။

ကျောင်းသူကလေးငယ်တစ်ဦးကို သားမယားအဖြစ် ဆက်ဆံပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အမှုဖွင့်စစ်ဆေးနေ


ဇော်ဇော်ထွေး

၁၃ နှစ်အရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက အကြိမ်ကြိမ်ကာမဆက်ဆံပြီးနောက် ပြည့်တန်ဆာ အိမ်သို့ ရောင်းချစေခိုင်းခဲ့မှုကြောင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း အခင်းဖြစ် မြို့နယ်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက အောက်တိုဘာ ၃၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အမှုကို ကလေးမိခင်ကတိုင်တန်းထားတဲ့အတွက် အမှုဖွင့် စစ်ဆေးပေးရတယ်၊ ဒီအမှုမှာ ကောင်မလေး က အလိုတူလို့ ဖြစ်ခဲ့ပေမယ့် ၁၄ နှစ်အောက်ဖြစ်နေတဲ့အတွက် အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်ရတာပါ” ဟု ရဲအုပ်ဌေးဝင်းက ရှင်းပြသည်။

အဆိုပါ အမှုကို လှိုင်သာယာ၊ ---ရပ်ကွက်နေ မ----(၃၂)နှစ် ၊( ဈေး ရောင်း) က အမှုဖွင့် တိုင်တန်း ထားခြင်းလည်းဖြစ်သည်။
သူမသည် အောက်တိုဘာ ၂၄ ရက်က သီရိမင်္ဂလာဈေးတွင် ဈေးရောင်းနေစဉ် သမီးဖြစ်သူ မ----(၁၃နှစ် ရှစ်လ) အား နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။ ထို့နောက် ၂၅ ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ခဏအိပ်၍ နိုးစဉ်သမီးငယ်၏ ကျောင်းလွယ်အိတ်အားတွေ့၍ ကျောင်းမတက်ကြောင်း သိရှိသဖြင့် စုံစမ်းရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ဟု ရဲထံတွင် ပြောပြထားသည်။

သားရေဈေးနှုန်း အဆမတန်မြင့် တက်လာမှုကြောင့် ဖိနပ်လုပ်ငန်းရှင်များ အခက်ကြုံ

Photo: သားရေဈေးနှုန်း အဆမတန်မြင့် တက်လာမှုကြောင့် ဖိနပ်လုပ်ငန်းရှင်များ အခက်ကြုံ

Friday, 01 November 2013 

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ကံပြားကြီးလေးရွာရှိ ဖိနပ်လုပ်ငန်းများသည် သားရေဈေးနှုန်း မြင့်တက်လာမှုကြောင့် တွက်ခြေ မကိုက်ဖြစ်ရသော်လည်း အရောင်း

အဝယ်လိုက်နေသည့် အတွက် ဖောက်သည် မပျက်စေရန် ဆက်လက် လုပ်ကိုင်နေကြောင်း  ရွှေ တောင်တန်း ဖိနပ်လုပ်ငန်းရှင် ဦးအောင်ကျော်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်များက သားရေ တစ်ပေါင်လျှင် ငွေကျပ် ၇ဝဝ၊ ၈ဝဝ ဈေးနှုန်းဖြင့် ဝယ်ယူလုပ်ကိုင် ခဲ့ရသော်လည်း ယခုနှစ်တွင် သားရေတစ်ပေါင်လျှင် ငွေကျပ် ၂၃ဝဝ အထိ ဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်တွင်း သားရေဈေးကွက်၌ သားရေတစ်ပေါင်လျှင် ငွေကျပ် ၇ဝဝ မှ ငွေကျပ် ၂၃ဝဝ အထိ အဆမတန် ဈေးနှုန်းမြင့်တက်လာ ရခြင်းမှာ ပြည်တွင်းသားရေ ဈေးကွက်ရှိ ကျွဲသားရေနှင့် နွားသားရေများကို တရုတ်နိုင်ငံ သားရေဈေးကွက်သို့ နည်းလမ်းမျိုးစုံဖြင့် ကုန်သွယ်ခဲ့သည့် အတွက် သားရေဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရိုးရာ  သားရေညှပ်ဖိနပ် လုပ်ငန်းများသည် ယခင်က လုပ်ငန်းသုံး သားရေများကို  ဒေသပေါက်ဈေးဖြင့် ဈေးနှုန်း ချိုသာစွာ ဝယ်ယူလုပ်ကိုင် ခဲ့ရသော်လည်း ယခုအခါ သားရေကုန်သွယ်မှုများ ဖွံ့ဖြိုးလာခြင်းကြောင့် ဒေသပေါက်ဈေးဖြင့် ဝယ်ယူ၍ မရရှိတော့ဘဲ ပြည်ပသို့ တင်ပို့သည့် ဈေးနှုန်းများကို အမီလိုက်၍ ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်ရှည်ပင် စီမံကိန်း စိုက်ပျိုးလုပ်ကိုင်မှု ထွန်းကားလာသော်လည်း  ဖိနပ်လုပ်ငန်း သုံးရော်ဘာ (ကလစ်) ဈေးနှုန်းများသည် ဈေးကောင်းလျက် ရှိနေကြောင်း သိရသည်။ 

သားရေညှပ် ဖိနပ်တစ်ရန်၏ အမှန်တကယ် ကုန်ကျစရိတ်သည် သားရေကုန်ကျစရိတ် ငွေကျပ် ၁၂ဝဝ၊ ရော်ဘာ (ကလစ်) ငွေကျပ် ၂၅ဝ၊ သဲကြိုး ငွေကျပ် ၅ဝဝ၊ လက်ခငွေကျပ် ၃၅ဝ စုစုပေါင်း ငွေကျပ် ၂၃ဝဝ ခန့်ကုန်ကျသည်။ ၎င်းကုန်ကျစရိတ်သည် သာမန်ဖိနပ် အမျိုးအစားတစ်ရန်၏ ကုန်ကျစရိတ်ဖြစ်သည်။ အဆိုပါ ကုန်ကျစရိတ်တွင်  ပစ္စည်းထုပ်ပိုး စရိတ်များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ယခုအခါ အညာဒေသတွင် မိုးရာသီကုန်ဆုံး၍ ဆောင်းဦးပေါက် ရာသီသို့ ကူးပြောင်း ရောက်ရှိလာတော့မည် ဖြစ်သဖြင့် သားရေညှပ် ဖိနပ်များ အရောင်းအဝယ်လိုက်၍ မှာယူရောင်းချသူ အများအပြား ရှိသော်လည်း သားရေဈေးနှုန်းမှာ အဆမတန် မြင့်မားလာမှုကြောင့် ဖိနပ်လုပ်ငန်းရှင်ကြီးများ တွက်ခြေ မကိုက်သည့်ကြားမှ ဖောက်သည် မပျက်ရန်  လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။    

 

 http://www.myawady.net.mm/allnews/local/item/29398-2013-11-01-10-15-41

Friday, 01 November 2013

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် ကံပြားကြီးလေးရွာရှိ ဖိနပ်လုပ်ငန်းများသည် သားရေဈေးနှုန်း မြင့်တက်လာမှုကြောင့် တွက်ခြေ မကိုက်ဖြစ်ရသော်လည်း အရောင်း

အဝယ်လိုက်နေသည့် အတွက် ဖောက်သည် မပျက်စေရန် ဆက်လက် လုပ်ကိုင်နေကြောင်း ရွှေ တောင်တန်း ဖိနပ်လုပ်ငန်းရှင် ဦးအောင်ကျော်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်များက သားရေ တစ်ပေါင်လျှင် ငွေကျပ် ၇ဝဝ၊ ၈ဝဝ ဈေးနှုန်းဖြင့် ဝယ်ယူလုပ်ကိုင် ခဲ့ရသော်လည်း ယခုနှစ်တွင် သားရေတစ်ပေါင်လျှင် ငွေကျပ် ၂၃ဝဝ အထိ ဈေးနှုန်းမြင့်တက် လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အတိုက်အခံ အဖွဲ့များကို ထောက်ပံ့ပေးနေမှုများ အဆုံးသတ်ရန် အာဆတ် တောင်းဆို

Photo: အတိုက်အခံ အဖွဲ့များကို ထောက်ပံ့ပေးနေမှုများ အဆုံးသတ်ရန် အာဆတ် တောင်းဆို

Friday, 01 November 2013 

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်လိုလျှင် အနောက်အုပ်စုနှင့်

အနောက် ပင်လယ်ကွေ့ နိုင်ငံများ အနေဖြင့် ဆီးရီးယား သူပုန်များကို ကူညီထောက်ပံ့ ပေးနေမှုများ ရပ်တန့်ပေးရန် ကုလသမဂ္ဂ အာရပ်အဖွဲ့ချုပ် သံတမန် လက်ခ်ဒါဘရာဟီမီနှင့် ဒမတ်စကပ်မြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၃၁ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် အာဆတ်က နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်မှု အောင်မြင် လိုပါက နိုင်ငံများ အနေဖြင့် အကြမ်းဖက် သူပုန်အုပ်စုများသို့ ငွေကြေး၊ လက်နက်နှင့် အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်ပစ်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ အနောက်အုပ်စုများသည် အာဆတ် အစိုးရအပေါ် ဖိအားပေး ဆောင်ရွက်သည့် အနေဖြင့် ဆီးရီးယား အတိုက်အခံအုပ်စုများကို ကူညီထောက်ပံ့မှုများ ပိုမိုပေးအပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဆီးရီးယား အစိုးရနှင့် အတိုက်အခံများ အကြားနက်ရှိုင်းစွာ သွေးခွဲ ဆောင်ရွက်နေမှုများ ဖြစ်သည်ဟု အနောက်အုပ်စုများသို့ အာဆတ်က သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

 

 http://www.myawady.net.mm/allnews/global/item/29386-2013-11-01-10-02-59

Friday, 01 November 2013

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်လိုလျှင် အနောက်အုပ်စုနှင့်

အနောက် ပင်လယ်ကွေ့ နိုင်ငံများ အနေဖြင့် ဆီးရီးယား သူပုန်များကို ကူညီထောက်ပံ့ ပေးနေမှုများ ရပ်တန့်ပေးရန် ကုလသမဂ္ဂ အာရပ်အဖွဲ့ချုပ် သံတမန် လက်ခ်ဒါဘရာဟီမီနှင့် ဒမတ်စကပ်မြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အောက်တိုဘာ ၃၁ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံများထဲ၌ ပါဝင်နေ


၂၀၁၄ ခုနှစ်အတွက် အောက်တိုဘာ ၂၉ ရက်က ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် စီးပွားရေး လုပ်ကိုင်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးနေရာအနီး ရပ်တည်ခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန် အခက်ခဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရန် အကောင်းဆုံး နေရာ၌ ပါဝင်ခဲ့သည်။ အလားတူ အခြားအာဆီယံ နိုင်ငံများဖြစ်သည့် မလေးရှားနှင့် ထိုင်းနိုင်ငံ တို့သည်လည်း ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် စီးပွားရေးလုပ်ရန် ကောင်းမွန်သည့် ထိပ်ဆုံး နိုင်ငံ ၂၀ အတွင်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်နေသော်လည်း စာရင်းတွင် ပါဝင်သည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် ၁၈၂ နေရာသာ ရရှိခဲ့ပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် အခက်ခဲဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့သည်။

ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်မြဲ စီးပွားရေး အစီရင်ခံစာ တစ်စောင်ဖြစ်သော “Doing Business 2014: Understanding Regulations for Small and Medium Size Enterprises” တွင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်းမှစ၍ ကြွေးမြီကိစ္စ ဖြေရှင်းပေးခြင်းအထိ စီးပွားရေး လုပ်ကိုင်ခြင်းကို လွှမ်းမိုးချုပ်ကိုင်သည့် အချက် ၁၁ ချက်ကို လေ့လာသုံးသပ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား သဘောထားကွဲလွဲ

8.1.1
လိုင်ဇာ၌်  ပြုလုပ်လျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးအစည်းအဝေးပွဲတွင် လုံခြုံရေး တာဝန်ယူထားသော ကေအိုင်အို တပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည် ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အချိန်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထား ကွဲလွဲမှု ရှိနေကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး လေးလအကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ စတင်မည်ဟု အစိုးရဘက်က ၎င်းတို့၏ အပစ်ရပ် မူကြမ်းတွင် ရေးသားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် များကမူ လက်မှတ်ထိုးပြီး ရက်ပေါင်း ၃၀ အကြာတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်များကို ချမှတ်ပြီး နှောင့်နှေးခြင်း မရှိဘဲ လွှတ်တော်ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရန် သတ်မှတ်ထားသည်။
အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက် ပြုလုပ်နေသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယ နေ့တွင်လည်း ထိုအချက်ကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ဒုတိယနေ့ မွန်းလွဲပိုင်း အချိန်အထိ သိရှိရသော သတင်းများအရ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အာမခံချက် မရှိပါက အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် လုံးဝမဖြစ် နိုင်ကြောင်းကို တိုင်းရင်းသား လက်နက်ကိုင်များအကြား အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဆွေးနွေးရာတွင် အစိုးရဘက်က သဘောထား အမြင်များကို KNU နှင့် RCSS အဖွဲ့တို့မှ တင်ပြခြင်းများ ရှိခဲ့သည့်နည်းတူ နိုင်ငံရေး ဆွေးနွေးပွဲ၊ အပစ်အခတ် ရပ်စဲရေးတို့နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်များအကြား အချေအတင် ငြင်းခုံမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက် လာသဖြင့် ရေဘေးဒုက္ခသည် ၃၀၀၀၀ နီးပါး ရှိလာပြီး စာသင်ကျောင်း များလည်း ပိတ်ထားရ

Photo: တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက် လာသဖြင့် ရေဘေးဒုက္ခသည် ၃၀၀၀၀ နီးပါး ရှိလာပြီး စာသင်ကျောင်း များလည်း ပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်ခြင်းကြောင့် ရေဘေးဒုက္ခသည် သောင်းဂဏန်းကျော် ရှိလာပြီး ခရိုင်အတွင်း မြို့နယ်များမှ စာသင်ကျောင်းများလည်း အရေးပေါ် ပိတ်ထားရကြောင်း သိရသည်။

တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေသည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှ စတင်ကာ တောင်ငူမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက် ၆၂၄ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး ၃၀ ရက်နှင့် ၃၁ ရက်များတွင် မြစ်ရေကျဆင်း သွားခြင်းမရှိဘဲ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်အရ ၇၁၂ စင်တီမီတာသို့ စံချိန်တင် မြင့်တက်လာခဲ့ရာ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ် ထားခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ စစ်တောင်းမြစ်ရေ ကျဆင်းသွားခြင်း မရှိဘဲ ထပ်မံမြင့်တက် လာခြင်းမှာ တောင်ငူခရိုင် အတွင်း မိုးရွာသွန်းမှုကြောင့် မဟုတ်ဘဲ အဖြေရှာ မရသေးကြောင်း တောင်ငူခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး၊ မြစ်ချောင်းနံဘေး ရေဘေးကြုံတွေ့ နေရသူများက ခရိုင်အတွင်းရှိ ဆည်တမံများမှ ရေလွှတ်ခြင်းကြောင့်ဟု ပြောဆိုမှုများရှိပြီး ဆည်ရေလွှတ်ခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်အသိပေး ကြညာခြင်း မရှိဟု ပြောဆိုကြသည်။

တောင်ငူမြို့တွင် အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီအချိန် စာရင်းအရ ကယ်ဆယ်ရေး စခန်းပေါင်း ၃၀ အထိ ဖွင့်လှစ်ထားရှိပြီး ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု ၂၇၆၇ နှင့်လူဦးရေ ၁၁၈၄၇ ဦးရှိခဲ့ပြီး ထပ်မံတိုးလာနိုင်ကြောင်း တောင်ငူမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။ ရေတာရှည်မြို့နယ်တွင် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီ စာရင်းအရ၊ ကျေးရွာပေါင်း ၅၁ ရွာမှ အိမ်ထောင်စုပေါင်း ၄၄၈၁ စု၊ လူဦးရေ ၁၇၆၁၉ ဦး နီးစပ်ရာ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင်လျက် ရှိကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

ထို့အပြင်ရေဘေး အန္တရာယ်ကြောင့် တောင်ငူခရိုင်အတွင်း၊ အောက်တိုဘာ ၃၁ ရက်နံနက် ၉ နာရီ စာရင်းအရ တောင်ငူမြို့နယ်မှ စာသင်ကျောင်း ၃၃ ကျောင်း၊ ရေတာရှည်မြို့နယ်မှ ၄၈ ကျောင်း၊ အုတ်တွင်း မြို့နယ်မှ ၆ ကျောင်း၊ ထန်းတပင် မြို့နယ်မှ ၅ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၉၂ ကျောင်း အရေးပေါ် ပိတ်ထားရကြောင်းနှင့် ကျောင်းပြန်ဖွင့်ချိန် ကာလတွင် ကျောင်းပိတ်ရက်များအား အစားထိုးပြန်လည် သင်ကြားပေးသွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

(တောင်ငူမြို့နယ်အတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတစ်ခုရှိ ရေဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်)
(တောင်ငူမြို့နယ်အတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတစ်ခုရှိ ရေဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်ခြင်းကြောင့် ရေဘေးဒုက္ခသည် သောင်းဂဏန်းကျော် ရှိလာပြီး ခရိုင်အတွင်း မြို့နယ်များမှ စာသင်ကျောင်းများလည်း အရေးပေါ် ပိတ်ထားရကြောင်း သိရသည်။

တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေသည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှ စတင်ကာ တောင်ငူမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက် ၆၂၄ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး ၃၀ ရက်နှင့် ၃၁ ရက်များတွင် မြစ်ရေကျဆင်း သွားခြင်းမရှိဘဲ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်အရ ၇၁၂ စင်တီမီတာသို့ စံချိန်တင် မြင့်တက်လာခဲ့ရာ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ် ထားခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ စစ်တောင်းမြစ်ရေ ကျဆင်းသွားခြင်း မရှိဘဲ ထပ်မံမြင့်တက် လာခြင်းမှာ တောင်ငူခရိုင် အတွင်း မိုးရွာသွန်းမှုကြောင့် မဟုတ်ဘဲ အဖြေရှာ မရသေးကြောင်း တောင်ငူခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး၊ မြစ်ချောင်းနံဘေး ရေဘေးကြုံတွေ့ နေရသူများက ခရိုင်အတွင်းရှိ ဆည်တမံများမှ ရေလွှတ်ခြင်းကြောင့်ဟု ပြောဆိုမှုများရှိပြီး ဆည်ရေလွှတ်ခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်အသိပေး ကြညာခြင်း မရှိဟု ပြောဆိုကြသည်။

ဓာတ်အားခနှုန်းထား တိုးမြှင့်မှုမှာ ရန်ကုန်မြို့ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ ကိုသာ ထိခိုက်မည်ဟု လျှပ်စစ်တာဝန်ရှိသူ ပြောကြား


ဓာတ်အားခနှုန်းထား တိုးမြှင့်မှုနှင့် ပတ်သက်၍ ရန်ကုန်ရှိ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ (၀ ဒသမ ၃၉ ရာခိုင်နှုန်း) သာ ထိခိုက်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဇေကမ္ဘာ စက်မှုဇုန်တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရှင်းလင်း ပြောကြားသည်။

''ဒီဈေးနှုန်းက အခြေခံ ပြည်သူလူထု အတွက် ထိခိုက်မှု မဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ၉၉ ရာခိုင်နှုန်း ကျော်ဟာ ဒီတိုးမြှင့်လိုက်တဲ့ ဓာတ်အားခအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်ပါဘူး။ အဓိက ထိခိုက်မှာက ၀ ဒသမ ၃၉ ရာခိုင်နှုန်းရှိတဲ့ စက်မှုလုပ်ငန်းရှင်၊ စီးပွားရေး လုပ်ငန်းရှင် ၄၀၀၀ နီးပါးလောက်ကိုပဲ ထိခိုက်မှာပါ'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ကြေညာချက်များအရ လက်ရှိကောက်ခံနေသော လျပ်စစ်ဓာတ်အားခကို နိုဝင်ဘာ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံ သွားမည်ဟု သတင်းထုတ်ပြန် ခဲ့ပြီးနောက် ပြည်သူလူထုနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အကြား ဝေဖန်သံများ ထွက်ပေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို လပေးအခ ကြေးငွေဖြင့် နိုဝင်ဘာမှ စတင်ကာ ၀န်ဆောင်မှုပေးမည်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြိုတင်ငွေဖြည့် စနစ်သုံး GSM, WCDMA မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ လပေးအခကြေးငွေဖြင့် ၀န်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှု ပေးသွားမည့် ထပ်တိုး ၀န်ဆောင်မှုများတွင် ဖုန်းပြောဆိုမှုအား နှစ်ဦး ပြောဆိုမှုထက် ထပ်မံဝင်ရောက်လာသော ဖုန်းခေါ်ဆိုလာသူကိုပါ လက်ခံပြောဆိုနိုင်မည့် CW(Call Wait Service)၊ မိမိ၏ဖုန်းအား အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ဖုန်းပိတ်ထားချိန်တွင် ဖုန်းသို့ ၀င်ရောက်ခဲ့သည့် Missed Call များကို မက်ဆေ့ခ်ျဖြင့် အကြောင်း ကြားပေးမည့် MCA(Missed Call Alert) ၀န်ဆောင်မှုနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာအင်ဖိုတက်ခ်ျတို့ ပူးပေါင်းဝန်ဆောင်မှုပေးမည့် VMS(Voice Mail Service) နှင့် လပေးအခကြေးငွေ အများဆုံး ပေးဆောင်ရမည့် CF(Call Forwarding Service) တို့ပါဝင်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်မည်ဟု ကြေညာပြီးနောက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြ

Photo: လျှပ်စစ်ဓာတ်အား သုံးစွဲခ တိုးမြှင့်မည်ဟု ကြေညာပြီးနောက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် လွှတ်တော်သို့ တင်ပြ

ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဖြစ်ရာ ယင်းချေးငွေအောက်တွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူလိုကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၃၀ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသ၀ဏ်လွှာတွင် ကိုရီးယားနိုင်ငံက ချေးငှားမည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အနက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်းနှင့် ညီမျှသော ကိုရီးယား ၀မ်ငွေအား ချေးယူလိုကြောင်း ပါရှိသည်။

ချေးယူမည့်ငွေများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန် ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အခြေခံ အဆောက်အအုံ ကွန်ရက် တိုးချဲ့တည်ဆောက်ရေး စီမံ ကိန်းအတွက် ဖြစ်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ၅၀၀ ကေဗွီ တောင်ငူ-ကမာနတ် ဓာတ်အားလိုင်း တည်ဆောက်ရေး စီမံကိန်းအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ချေးငွေရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြင့် စုစုပေါင်း နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပြီး ကျသင့်အတိုးကို ခြောက်လတစ်ကြိမ် ပေးသွင်းရန်နှင့် ဆိုင်းငံ့ကာလ ကုန်ဆုံးပါက ချေးငွေအား တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကာ ပေးဆပ်ရန်နှင့် ဆောင်ရွက်ခအဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၀၁ ရာခိုင်နှုန်းအား ပေးဆောင်ရန် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ယခုချေးယူခြင်းမှာ ထုတ်လုပ်မှု အရှုံးကျေရန်အတွက် လျှပ်စစ် ဓာတ်အားခများကို တိုးမြှင့်ကောက်ခံရန် ကြေညာပြီးနောက် ချေးယူလိုကြောင်း လွှတ်တော်သို့ တင်ပြခြင်းဖြစ်သည်။
ထို့အတူ အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူလိုကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အောက်တိုဘာ ၃၀ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ တင်ပြ ပြောကြားသည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုမှုအတွက် မူလ ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့် အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အောက်တိုဘာ ၂၉ ရက်က အစိုးရပိုင် သတင်းစာများမှ တစ်ဆင့် ကြေညာခဲ့သည်။

ထိုသို့ နိုဝင်ဘာ ၁ ရက်မှစ၍ လျှပ်စစ်ဓာတ်အား သုံးစွဲခများကို တိုးမြှင့်မည်ဟု ကြေညာခဲ့စဉ်က လွှတ်တော်သို့ အသိပေး အတည်ပြုချက် ရယူခဲ့ခြင်းမရှိပေ။

ထို့အတူ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေသော်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဓာတ်အားခများကို ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။

(အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး)
(အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး)
ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးမည်ဖြစ်ရာ ယင်းချေးငွေအောက်တွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူလိုကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၃၀ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသ၀ဏ်လွှာတွင် ကိုရီးယားနိုင်ငံက ချေးငှားမည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အနက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၇၄ သန်း၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်းနှင့် ညီမျှသော ကိုရီးယား ၀မ်ငွေအား ချေးယူလိုကြောင်း ပါရှိသည်။

ချေးယူမည့်ငွေများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန် ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ အခြေခံ အဆောက်အအုံ ကွန်ရက် တိုးချဲ့တည်ဆောက်ရေး စီမံ ကိန်းအတွက် ဖြစ်ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနအနေဖြင့် ၅၀၀ ကေဗွီ တောင်ငူ-ကမာနတ် ဓာတ်အားလိုင်း တည်ဆောက်ရေး စီမံကိန်းအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis