menu

Thursday 5 July 2012

ပြဇာတ်တစ်ပုဒ်ကိုများ သရုပ်ဆောင်ခဲ့ကြလေရော့သလား(မောင်သာချို )


(တစ်)
ပြဿနာကောင်က ပထမ၊ နိုင်ငံတော်သမ္မတက သူ့လက်အောက်မှာ ဒုတိယတဲ့။ ဟုတ်မှဟုတ်ရဲ့လားဟု မေးယူရလောက်အောင် ထူးခြားဆန်းပြားသော သမိုင်းဇာတ်ခုံပေါ်က အဖြစ်အပျက်တစ်ခုပင် ဖြစ်ပါ၏။
ပြဇာတ်တစ်ပုဒ်ထဲမှာများ ၀င်ရောက်သရုပ်ဆောင် နေကြလေရော့သလားဟု မေးရမည့်အနေအထားမျိုး။
ဟုတ်ပါသည်။
 ပြဿနာကောင်က ပထမ၊ နိုင်ငံတော်သမ္မတက ဒုတိယ။

နေရာမှန်ရဲ့လား


ပြည်သူ့ကိုယ်စားလှယ်


စာနာနွေးထွေးမှုလက်များ ကမ်းလင့်ခဲ့သည့် ရုပ်ရှင်အနုပညာရှင်တို့၏ စစ်တွေသို့ အလှူခရီးစဉ်


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်မှုအပါအ၀င် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသူများအတွက် ပြန်လည်လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် အလှူငွေရရှိရန် ကြိုးပမ်းမှုများအား ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ စည်ကားသည့် ဈေးဝယ်စင်တာများတွင် အနုပညာရှင်များကိုယ်တိုင် အလှူငွေ ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုချက်မရရှိသောကြောင့် ကောက်ခံခွင့်မရခဲ့။ ယင်းအစီအစဉ်အစား ရုပ်ရှင်အစည်းအရုံးတွင်သာ အလှူငွေနှင့် ပစ္စည်းများ လက်ခံဖြစ်ခဲ့သည်။

ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုးမဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change) ကို လိုလားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား




ပြည်သူများသည် စာရွက်ပေါ်တွင်သာ ကူးပြောင်းခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျသည့် အပြောင်းအလဲ (Change)ကို လိုလားနေသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ ပြောကြားခဲ့ သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လာမည့် နှစ်အနည်းငယ်အတွင်း မြန်မာအလုပ်သမားများ နေရပ်ပြန်သွားလျှင် အလုပ်သမားပြတ်လပ်မည်ကို ထိုင်းလုပ်ငန်းရှင်များ စိုးရိမ်နေ




လာမည့်နှစ် အနည်းငယ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား  မြန်မာနိုင်ငံသို့ ပြန်သွားကာ အလုပ်လုပ်ကိုင်ဖွယ်ရှိနေရာ ထိုင်းနိုင်ငံ ထရန်ခရိုင်ရှိ လုပ်ငန်းများတွင် အလုပ်သမားပြတ်လပ်မှုနှင့် ရင်ဆိုင် ရနိုင်သဖြင့် ပူပန်မိကြောင်း ထရန်လုပ်ငန်းစုကောင်စီမှ ဥက္ကဋ္ဌဖြစ်သူ ၀တ်သီးဆူပီတက်က ဘန်ကောက်ပို့စ်သတင်းစာသို့ ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြားလိုက်သည်။ 
ပြီးခဲ့သည့်မေလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေအနေကို တိုးတက်အောင် ပြုလုပ်သွားမည်ဟု မြန်မာရွှေ့ပြောင်းလုပ်သားများအား ပြောကြားသွားသဖြင့် နောင်လာမည့် နှစ်နှစ် သုံးနှစ်အတွင်း ၎င်းလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်ကာ အလုပ်လုပ်နိုင်သည်ဟု ၎င်းကပြောသည်။ 

"တစ်နာရီဖြင့်အရောက်သွားနိုင်သော ရန်ကုန်-နေပြည်တော် အမြန်ရထား လမ်းဖောက်လုပ်ရေး ဂျပန် ပါဝင်မည်"

ရန်ကုန်နှင့် နေပြည်တော်ကို တစ်နာရီဖြင့် အရောက်သွားနိုင်သော အမြန်ရထားပို့ဆောင်ရေး ဂျပန်မှ ဝင်ရောက်ကူညီမည်ဟု ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ထိုသို့ အမြန် ရထား ပို့ဆောင် ရေး အစီအစဉ်အပြင် ရန်ကုန် မြို့ ပတ်ရထားလမ်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးကို လည်းကူညီရန် လောလောဆယ် လျာထားပြောဆိုထားပြီးဖြစ်ကြောင်း သိရသည်။
''၁ နာရီကို ကီလိုမီတာ ၃ဝဝ လောက်သွားနိုင်မယ်။ ကျွန်တော့် သဘောက ရန်ကုန်ကနေ မန္တလေး ထိ ဖောက်စေချင်တာ။ မန္တလေးက ခရီးသွားများ တယ်။ နေပြည်တော်ကို ၁ နာရီ၊ မန္တလေးကို ၂ နာရီ လောက်နဲ့ ရောက် မယ်။ အဲဒီ ရထား သွားမယ်ဆို လမ်းအသစ်ပါ ဖောက် ရမယ်'' ဟု ဝန်ကြီးက ဆိုသည်။

"ကော့မှူးမြို့ခံများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ"

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အစည်းအဝေး မတက်ရောက်မီ သူ၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှူးမြို့နယ်သို့ ယနေ့ ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီက ရောက်ရှိပြီး ဒီချုပ်အဖွဲ့ဝင်များဒေသ ခံမြို့မိမြို့ဖများနှင့်တွေ့ဆုံခဲ့သည်။တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်တွင်းလိုအပ်လျှက်ရှိသော ကိစ္စရပ်များကို မေးမြန်းခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကိုယ်စားလှယ်များမှ မိမိတို့လိုအပ်ချက်များ ကိုတင်ပြခဲ့သည်။ အဆိုပါတွေ့ဆုံပွဲကို ကော့မှူးမြို့နယ် အတွင်း ရှိ ကျေးရွာပေါင်း ၆၁ ရွာမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး မိမိကျေးရွာအတွင်းရှိ လိုအပ်ချက် ကိစ္စများကို တင်ပြခဲ့ကြရာ အဓိကလို အပ်ချက်များသည် သန့်စင်သောရေရရှိရေး ၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေးဆေးပေးခန်း၊စိုက်ပျိုးရေးအသုံးစရိတ်၊ပညာသင်ကြားရေး၊ ချေးငွေ၊ အလုပ်လက်မဲ့ပြဿနာ၊ ဆည်ရေအသုံးပြုမှုနှင့် ရပ်ကျေးပါတီ အဖွဲ့ အစည်းတွင်းကိစ္စရပ်များဖြစ်သည်ကို တင်ပြချက်အရသိရသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်း မြန်မာနိုင်ငံသို့ လာရောက်



ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးသံတမန် ဂျက်ကီချန်းသည် ဇူလိုင်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ 
ခရီးစဉ်အတွင်း ကလေးသူငယ်များ လူကုန်ကူးမှုခံရမှု တိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျက်ကီချန်းသည် ဇွန်လ ၅ ရက်နေ့တွင် မန္တလေးမြို့သို့ တိုက်ရိုက်သွား ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမှုများလည်း လုပ်ဆောင်သွားမည်ဖြစ်သည်။

သန်လျင် အောင်ချမ်းသာရပ်ကွက် လူသတ်မှုအတွက် တရားခံ (၁၃)ဦးအား တစ်ပြိုင်နက်တည်း သေဒဏ်ချမှတ်

သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ ရမ်းကား၍ လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသူ ၁၃ ဦးတို့ အပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁) (ခ)/၃၄ နှင့် ပုဒ်မ ၃၀၂(၁)(ခ)တို့အရ ပြစ်မှုထင်ရှားသဖြင့် သေဒဏ် အသီးသီး ကျခံစေရန် တောင်ပိုင်း ခရိုင် တရားရုံး ဒုတိယ ခရိုင် တရားသူကြီး(၁)က ဇွန်လ ၂၂ ရက်နေ့က စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။
အမှုဖြစ်ပွားပုံမှာ ယမန်နှစ် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက် မြရတနာအိမ်ရာ၊ မြရတနာလမ်းနေ ဒေါ်ရင်ရင်ရွှေ (၇၀ နှစ်)သည် ကျိုက်ခေါက် ဘုရားလမ်းရှိ သားဖြစ်သူ ကိုယုဝေ ပိုင်ဆိုင်သည့် သုခဝေ စားသောက်ဆိုင်ရှေ့၌ သားဖြစ်သူနှင့်အတူရပ်ကာ စကားပြောနေခဲ့သည်။
ထိုစဉ် အမည်မသိသူ ခုနစ်ဦးတို့ ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး မွန်းလွဲ ၂ နာရီ အချိန်ခန့်က စားသောက်ဆိုင်ရှေ့တွင် လူများ ရှုပ်နေ၍ "လူမိုက်တွေလားမသိဘူး လာကြည့်ပါဦး"ဟု သက်ဆိုင်ရာရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသည့်အပေါ် မကျေနပ်၍ ပြန်ရောက်လာခြင်းဖြစ်ပြီး "ရဲစခန်းသို့ ဖုန်းဆက်သူမှာ မည်သူနည်း"ဟု မေးခဲ့သည်။
ဒေါ်ရင်ရင်ရွှေက ဖုန်းဆက်သူမှာ ၎င်း ဖြစ်ကြောင်း ပြန်ပြောလိုက်ချိန်တွင် လူခုနစ်ဦး အနက် တစ်ဦးက ဒေါ်ရင်ရင်ရွှေ၏ ရှေ့မှောက် ၌ပင် သားဖြစ်သူကို ပါးရိုက်ခဲ့သည်ဟု ဆိုသည်။
ပါးရိုက်ပြီးနောက် ဆိုင်ထဲသို့ အဓမ္မ ဆွဲခေါ်သွားခဲ့ကြချိန်တွင် ဒေါ်ရင်ရင်ရွှေက လမ်းဘေးရှိ တယ်လီဖုန်းဖြင့် သန်လျင် ရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား ခဲ့သည်။

အင်န်အယ်ဒီကြောင့် ဆွေးနွေးမှုများ ပိုမိုမြိုင်လာမည်လား


ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးစတင် ကျင်းပသည့်
ဇူလိုင်လ ၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်။
ဓာတ်ပုံ - စိုးသန်းလင်း

နေပြည်တော်တွင် ပြန်လည်ကျင်းပတော့မည့် လွှတ်တော်များ၌ လွှတ် တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုနှင့် အကြောင်းအရာများသည် ယခု အကြိမ်တွင် ပိုမိုသွက်လက်လာနိုင်မည်လားဆိုသည်ကို စောင့်ကြည့် လေ့လာသူများက မေးခွန်းများထုတ် လျက်ရှိနေသည်။
ယခု ဇူလိုင်လ ၄ ရက်နေ့မှ စတင်ပြီး ပြန်လည်ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ၄၃ ဦး ပါဝင်လာရာ လွှတ်တော်၏ အခင်း အကျင်းပုံစံ ပြောင်းလဲလာမည်လားဟု သုံးသပ်သူများ ပေါ်ထွက် လာလျက်ရှိသည်။
အထူးသဖြင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာသူများ အကြားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များသည် လက်ရှိ လွှတ်တော် အခင်း အကျင်းတွင် ဒီမိုကရေစီပိုဆန် လာအောင် ဆွေးနွေးတင်ပြမှုများ လုပ် ဆောင်လာနိုင်မလားဆိုသည်ကို အထူး ပြောဆိုလာကြသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ Song Seung Hyun (ဂျွန်စော) နှင့် Song Hye Kyo (အွန်စော)တို့ တက်ရောက်မည်




 e5145b
e5145a
မြန်မာနိုင်ငံတွင် ကျင်းပမည့် ခုနစ်ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ ကိုရီးယားနာမည်ကျော် မင်းသား၊ မင်းသမီးများဖြစ်သည့်Song Seung Hyun (ဂျွန်စော)နှင့် Song Hye Kyo  (အွန်စော)တို့တက် ရောက်မည်ဖြစ်ကြောင်း  KOTRA မှ သိရှိရပါသည်။
“ မြန်မာနိုင်ငံမှာ ခုနစ်ကြိမ် မြောက်ကျင်းပမယ့် ကိုရီးယားရုပ်ရှင်ပွဲတော်နဲ့အတူ ကျင်းပမယ့်  Korea Expo ကုန်စည်ပြပွဲကို နာမည်ကြီး ကိုရီးယားအနုပညာရှင်တွေ ဖြစ်တဲ့Song Seung Hyun(ဂျွန်စော)နှင့် Song Hye Kyo (အွန်စော)တို့ တက်ရောက်မှာပါ။ ရုပ်ရှင်ပွဲတော်ကျင်းပမယ့် နေရာကိုနဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ ရွေးချယ်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး၊ စီးပွားရေး ဌာန (Kotra)မှ တာဝန်ရှိသူတစ်ဦး က ရှင်းပြခဲ့ပါသည်။

aroma ၏ မင်္ဂလာဝတ်စုံဒီဇိုင်းများနှင့် ပွဲတက် ဖက်ရှင်ဒီဇိုင်း ပြပွဲကြီးကျင်းပ





e5143 aroma ၏ မင်္ဂလာဝတ်စုံဒီဇိုင်းများနှင့် ပွဲတက် ဖက်ရှင်ဒီဇိုင်းများ ပြသသည့် ဖက်ရှင်ပြပွဲကြီးကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် စုလျားရစ်ပတ် အခမ်းအနားနှင့်အတူ မင်္ဂလာဝတ်စုံများ ပြသခြင်း၊ စုံတွဲလိုက် ပြသခြင်း၊ ဒီဇိုင်းဖန်တီးမှု ၀တ်စုံများပြခြင်း၊ ထိုင်မသိမ်း ၀တ်စုံများပြသခြင်း၊ အနောက်တိုင်းဂါဝန် ဒီဇိုင်းများပြသခြင်း၊ အမျိုးသားနှင့် အမျိုးသမီးစုံတွဲ ညနေခင်းပွဲတက်ဝတ်စုံများ ပြသခြင်းနှင့် မြန်မာပွဲတက်ဝတ်စုံများ စသည့် ဖက်ရှင်များကို အနုပညာရှင်များက ၀တ်ဆင်ပြသခဲ့ကြသည်။

ဘန်ကောက်တွင် ရေနံချက်စက်ရုံ မီးလောင်




ဇူလိုင်လ ၄ ရက်နေ့က ဘန်ကောက်ရှိ ဘန်ချက်ရေနံချက်စက်ရုံတွင် မီးလောင်မှုကို ငြှိမ်းသတ်နေကြသော မီးသတ်သမားများ
ဘန်ကောက်မြို့ အချက်အချာရှိ ရေနံချက်စက်ရုံတစ်ရုံတွင် ဇူလိုင်လ ၄ ရက်နေ့က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိုစက်ရုံအား နေရာရွှေ့ပြောင်းရေး တောင်းဆိုမှုများ အရှိန်မြင့်တက်လာခဲ့သည်။ လူ ၁၃ သန်းခန့်နေထိုင်သော ဘန်ကောက်မြို့ကောင်းကင်တွင် မီးခိုးလုံးများနှင့် မီးတောက်များမြင်ရသည်အထိ ဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ယင်းစက်ရုံကို တစ်လခန့် ပိတ်ပင်ထားရမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံအခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက် ရိုက်ကူးရန်စီစဉ်




5143 ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းတစ်ခုက မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သတင်းရရှိပါသည်။
ပြင်သစ်နိုင်ငံ အခြေစိုက် ရုပ်သံလိုင်းဖြစ်သော TF1 သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနသို့ လာရောက် ကာ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာရောက်ရိုက်ကူးလိုကြောင်း၊ အထူးသဖြင့် မြိတ် ကျွန်းစုဒေသကိုရိုက်ကူးထုတ်လွှင့်လို ကြောင်းဆွေးနွေးခဲ့သည်ဟု အဆိုပါ ၀န်ကြီးဌာနမှ သိရှိရသည်။
TF1 ရုပ်သံလိုင်းသည် နောင်တွင် အခွင့်အလမ်း ပေါ်ပေါက်ပါက မြန်မာနိုင်ငံ၏ အခြားသော စိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသများ၊ ပုဂံ၊ အင်းလေးကန် စသည့်ဒေသများကိုပါ ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း သိရသည်။

မိုဘိုင်းဆက်သွယ်ရေးရုံးများ၌ (၅)သိန်းCDMA 800 ဖုန်းကဒ်များအား တစ်ဝက်ဈေးဖြင့်ရောင်း


ရန်ကုန်မြို့ရှိ မိုဘိုင်းဆက်သွယ်ရေးရုံးများတွင် ကျပ်ငါးသိန်းဖြင့်ရောင်းချခဲ့သော လက်ကျန် CDMA 800 MHz မိုဘိုင်းဖုန်းကဒ်များအား ဇူလိုင်လလဆန်းပိုင်းမှစ၍  ကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့် ရောင်းချ ပေးလျှက် ရှိကြောင်း သိရသည်။
   “အရင်က ငါးသိန်းတန် CDMA 800 မိုဘိုင်းဖုန်းတွေကို အခု နှစ်သိန်းခွဲနဲ့ မြန်မာ့ဆက်သွယ်ရေးရုံးမှာ (၂)ရက်နေ့ကတည်းက ရောင်းပေးနေပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

ဒုတိယသမ္မတတစ်ဦးကို ခုနစ်ရက်အတွင်း ရွေးချယ်မည်


ရာထူးမှ နုတ်ထွက်ခွင့် တင်ပြထားသော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးအစား ဒုတိယသမ္မတတစ်ဦးကို လွှတ်တော်အတွင်းရှိတပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခုနစ်ရက်အတွင်း (လာမည့် ဇူလိုင် ၁၀ရက်အတွင်း) ရွေးချယ်ပေးရန် ပြည်ထောင်စု လွှတ်တော်နာယက က တပ်မတော်သားကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားလိုက်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် သုံးရက်စာကို ရခိုင်ပြည်နယ်သို့ လှူဒါန်းမည်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် ဒေသခံများ သေကြေပျက်စီးခဲ့ကြသည့်အတွက် ဒေသခံများ ပြန်လည်ရပ်တည်နိုင်ရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် သုံးရက်စာကို စုပေါင်းလှူဒါန်းမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့ကို ပြည်သူများနှင့် ထိတွေ့နိုင်ရန် ယင်းဒေသသို့ ကိုယ်စားလှယ်များ ရွေးထုတ်စေလွှတ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုမိနစ်ပိုင်းအတွင်းက ဆုံးဖြတ်လိုက်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis