ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ မြန်မာနိုင်ငံမှာ ဇိုမီးလူမျိုး ရှိတယ်လို့ ပြန်လည် လက်ခံလိုက်ပြီးတဲ့နောက်မှာ ပူးကျင့်ရှင်းထန် ဦးဆောင်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (ZNC) က မနေ့က နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြန်လည် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
၂၀ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ညီလာခံ၌ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် မိန့်ခွန်းပြောကြားနေစဉ်။
အကြောင်းစုံကိုတော့ RFA သတင်းထောက် ဆလိုင်းရောဘတ်က သတင်းပေးပို့ထားပါတယ်။
ဇိုမီးအမျိုးသားကွန်ကရက်ပါတီ (ZNC) ခေါင်းဆောင်တွေဟာ ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြပြီးနောက် ပါတီရဲ့အမည်နာမကို ဇိုမီးအမျိုးသားများ ကွန်ကရက် (Zomi Nationalities Congress) ဆိုပြီး ပြောင်းလဲလိုက်ကာ အဲဒီနေ့မှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည် လျှောက်ထားလိုက်ကြတယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပူးကျင်ဆွမ်းမာန်က RFA ကိုပြောပါတယ်။

လှေကလေးငယ်ငယ်

အနုပညာပန်းခင်းအတွင်း ပွင့်လန်းရန် ပြင်ဆင်နေသည့် ပန်းကလေးများထဲမှ
ပန်းကလေးတစ်ပွင့်။ အနုပညာတက္ကသိုလ်မှ ရုပ်ရှင်ပညာရပ်ဖြင့် ဘွဲ့ရရှိပြီး
နောက် လက်တွေ့အနုပညာ နယ်ပယ်အတွင်းတွင် လှုပ်ရှားနေသူ သရုပ်ဆောင်မော်ဒယ်လ်
အိချောပိုပင်ဖြစ်သည်။ အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးသုံးဦး အနက်မှ
တစ်ဦးအပါအ၀င်ဖြစ်ပြီး ဇာတ်ကားနှင့် ကြော်ငြာများဆက်တိုက်ရိုက်ကူးနေသူ
အိချောပိုသည် မကြာခင်ကထွက်ရှိထားသည့် ‘ပလိန်း’၊ ‘မပြောင်းလဲ သောဆက်နွှယ်မှု’၊
‘အပြင်လူမ၀င်ရ’စသည့် ဇာတ်ကားများတွင် ဇာတ်ကောင်စရိုက်နှင့် လိုက်ဖက်သည့်
သရုပ်ဆောင်မှုများဖြင့် ပရိသတ် အသိအမှတ်ပြုမှုကို စတင် ရရှိနေသူ ဖြစ်သည်။
အိချောပို၏ လတ်တလော အနုပညာအရေး၊ ရှေ့ဆက်မည့် အနုပညာလမ်းကြောင်းနှင့်
အနုပညာခံယူချက်တို့ကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး ။ အခုလတ်တလော ထွက်ထားတဲ့ ဇာတ်ကားတွေမှာ ပရိသတ်လက်ခံကြတယ်နော်။ အဲဒီ ကားလေးတွေအကြောင်းက စပြီးပြောပြပေးပါလား။