Thursday, 5 September 2013
မန္တလေးမြို့ ၊တိုင်းလျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်း အရာရှိရိပ်သာမှာ အနုကြမ်းစီးပြီး လူသတ်မှုဖြစ်ပွါး
မန္တလေးမြို့ ၂၆လမ်း ၂၇လမ်းကြား ၇၇လမ်း ချမ်းအေးသာဇံ မြို့နယ် ဟေမာဇလရပ်ကွက် တိုင်းလျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်း အရာရှိရိပ်သာ ၅လွှာ B8မှာ အနုကြမ်းစီးပြီး လူသတ်မှုဖြစ်ပွါးခဲ့ပါတယ်။
သေဆုံးသူမှာ အသက်၆၃နှစ်အရွယ် ဒေါ်အေးလေး (ခ)ဒေါ်သန်းထွေး ဖြစ်ပါတယ်။ လုယက်ခံရချိန်မှာ
ငွေ၅သိန်း ရွေတစ်ကျပ်သား စိန်စွဲသီးတစ်လုံး ပုလဲနားကပ်တစ်ရံ၊ စိန်လက်စွပ်တစ်ကွင်း၊ ကလေး လက်စွပ်တစ်ကွင်းတို့ ပါသွားခဲ့ပါတယ်။ သေဆုံးသူဟာ
နေအိမ်မှာတစ်ယောက်ထဲရှိတဲ့ချိန် လာရောက် အနုကြမ်းစီးပြီး
သတ်သွားတာလို့ ရဲကဆိုပါတယ်။
News of Myanmar
အဂတိလိုက်စားမှု စစ်ဆေးခံရစဉ် တရုတ်အရာရှိတဦး ရေမွန်းသေဆုံး
တရုတ်နိုင်ငံမှာ တရုတ် ကွန်မြူနစ်ပါတီဝင်တယောက်ကို စုံစမ်းစစ်ဆေးသူတွေက
အဂတိလိုက်စားပါတယ်လို့ ဝန်ခံပြောကြားအောင်လို့ ရေထဲမှာ နှစ်ထားရင်းနဲ့
သေဆုံးသွားတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဝမ်ဂျို့စက်မှုလုပ်ငန်း ရင်းနှီးမြှပ်နှံမှုအဖွဲ့က အင်ဂျင်နီယာ ယူချီရီ သေဆုံးသွားမှုကြောင့် တမင် ထိခိုက်အနာတရ ဖြစ်အောင်လုပ်မှုနဲ့ ကွန်မြူနစ်ပါတီ အဂတိ လိုက်စားမှုဆိုင်ရာ စုံစမ်းရေးမှူး ၆ ယောက် မကြာခင် တရားရင်ဆိုင်ရမယ်လို့ အစိုးရပိုင် မီဒီယာတွေက ပြောပါတယ်။
မြေယာ အရောင်းအဝယ်တခုမှာ ပြစ်မှုကျူးလွန်ထားတယ်ဆိုတဲ့ မသင်္ကာမှုအတွက် ဝန်ခံဖို့ အသက် ၄၂ နှစ်အရွယ် ယူချီရီကို April လတုန်းကလည်း ရေခဲရေထဲမှာ အကြိမ်ကြိမ် ခေါင်းနှစ်ပြီး ရေမွန်းအောင် လုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။

ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ
![]() |
| မောင်ဇော်ဝင်းမောင် (ထုံးဘိုကျေးရွာ ၊ တောင်ငူမြို့နယ်) |
''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့သွား ယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင် ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့ မဆိုင်ဘူး။ လာပြန်ပေးလို့တောင်း တာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက် ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေး တယ်။ ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအ လုပ်သွားလုပ်ရင်း နောက်အိမ် ထောင်ပြုသွားပြီ။ ရွာကို ပြန်မလာ တော့ဘူး။ အမေကလဲဆုံးသွားပြီ။ ကျွန်တော့် မှာ အသက် ၁၀ နှစ်အ ရွယ် ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှမနှစ်ဦး အဒေါ့် အိမ်မှာကပ်နေရတယ်။ စီးပွားရေး က အဆင်မပြေဘူး။ ကျွန်တော့် ငွေ သိန်း ၃ဝကိုပြန်လိုချင်တယ်။ ဦးလေးတို့ ကျွန်တော့်ကို ကူညီပေး ကြပါ''ဟု မောင်ဇော်ဝင်းမောင် က ပြောသည်။
မိန်းကလေးတွေကို ပြန်ပေးဆွဲ သားမယား ပြုကျင့်ခဲ့သူ အဆုံးစီရင်သွား
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အမျိုးသမီးငယ် သုံးယောက်ကို
ပြန်ပေးဆွဲခဲ့ပြီး ဆယ်စုနှစ် တခုနီးပါး သားမယား ပြုကျင့်ခဲ့တဲ့ အမေရိကန်
ပြည်ထောင်စု အိုဟိုင်းရိုး ပြည်နယ်က Ariel Castro အေရီရယ် ကတ်စရို ဆိုသူဟာ
ထောင်ထဲမှာ အိပ်ရာခင်းစကို သုံးပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့
သေမှုသေခင်း အရာရှိတယောက်က အတည်ပြု ပြောကြားလိုက်ပါတယ်။
သူ့ဟာ လွန်ခဲ့တဲ့ တလတုန်းကမှ သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
မစ္စတာ ကတ်စရိုကို ထောင်ထဲမှာ အစောင့်အရှောက်နဲ့ ထားတာ ဖြစ်ပြီး နာရီဝက် တခါ စစ်ဆေးနေတာ ဖြစ်ပေမယ့် အမြဲမပြတ် ကြည့်ရှု နေတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။
သူ့ကို စိတ်ရောဂါ ဆရာဝန်နဲ့ ကုသခွင့် ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ငြင်းပယ်ခဲ့တယ်လို့ သူ့ရှေ့နေတွေက ပြောပါတယ်။

အတိတ်မှာနေကြသူများ (ရေးသားသူ- ငြိမ်းချမ်း)
အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော
ပိုက်ဆံခပ်နွမ်းနွမ်းများကို ရေတွက်နေသည်။ ၎င်း၏ဘေးနားတွင် အသက်(၇)နှစ်အရွယ်
မြေးယောက်ျားလေးတစ်ဦးကတော့ မုန့်ဆီကြော်ကို အားရပါးရစားနေသည်။
ရရှိလာသောပိုက်ဆံများနှင့် မုန့်ဆီကြော်များကတော့ ဂန့်ဂါရွာဘုရားပွဲတွင်
တောင်းရမ်းရာမှ ရရှိခဲ့ခြင်းဖြစ်သည်။
သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြဲ။

နောက်ဆုံးထွက် Samsung Glaxy Note 3ကို Note 2 နဲ့ ယှဉ်ကြည့်မယ်
Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ
့ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ
အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာကြည့်ရမှာပါ။
မျက်နှာပြင် (Display)
၅.၇ လက်မ အရွယ်ဖြစ်သွားပါတယ်။ အရင်က ၅.၅ လက်မ ဖြစ်ပြီး ၀.၂ လက်မ တိုးသွားပါတယ်။ မျက်နှာ ပြင် ကြီးသွားလို့ Resolution က နည်းမသွားပဲ သိသိသာသာတောင် တိုးလာပါတယ်။ Full HD မှာကိုမှ 386 ppi အရည်အသွေး ရှိပြီး ယခင် Note 2 တုန်းက 267 ppi ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့ သံသယ ဝင်စရာ မရှိ ပါဘူး။
Processing Power
Processor မှာလည်း သိသိသာသာကြီးကို မြင့်တက်သွား ပါတယ်။ မြင့်တက်ဆိုလို့ လေပေါ်ပစ်လိုက်တာကို ပြောတာ မဟုတ်ဘူးနော်။ Speed မြန်သွားတာပါ။ 2.3 GHz quad core Qualcomm Snapdragon 800 processor ကို အသုံးပြု ထားပါတယ်။ S4 တုန်းကတော့ 1.6 နဲ့ 1.9 GHz ပဲရှိခဲ့တာ Note 3 Speed အမြန်ဆုံး စမတ်ဖုန်း ဖြစ်လာမယ် ထင်ပါတယ်။ သူတို့အခေါ်တော့ Phablet ပေါ့။ ဖုန်း+တက်ဘလတ် = ဖတ်ဘလတ် မျိုးနွယ်မှာ အကောင်းဆုံး ပါလို့တောင် ကြွေးကျော် နေပါပြီ။

Samsung Galaxy Gear နာရီထွက်ပြီ
Samsung ရဲ့  ပထမဆံး စမတ်နာရီ မျိုးဆက် Galaxy Gear ကို ဘာလင်မှာ မိတ်ဆက်ပြသ လိုက်ပါပြီ။ Samsung Galaxy Gear ဆိုတာ စမတ်နာရီပါ။
ပုံမှာ မြင်တွေ့ရတဲ့ ဒီဇိုင်းနဲ့ပါ။ ဒီတော့ ဒီဇိုင်းအရကတော့ လှတယ်လို့ သိပ်ပြီးတော့ မပြောနိုင်ပါဘူး။ လေးထောင်ကျကျ ခပ်ရှည်ရှည်ပုံစံနဲ့ ထွက်ရှိလာတဲ့ နာရီ ဖြစ်ပါတယ်။ ပထမဆုံး မျိုးဆက်ဆိုတော့ သိပ်တော့ မျော်လင့်ထားလို့မရဘူးလေ။ သို့ပေမယ် ပထမဆုံး မျိုးဆက်မှာ တင် ထူးခြားတာတွေ အများကြီး ရှိပါတယ်။
မျက်နှာပြင်အရွယ် ၁.၆၃ လက်မ ရှိတဲ့ Super AMOLED Display နဲ့ ဖြစ်ပြီး ကင်မရာ 1.9 megapixel တောင် ပါဝင်လိုက်ပါသေးတယ်။ ဗီဒီရိုရိုက် လို့ရမယ်။ ဓာတ်ပုံ ရိုက်လို့ရမယ်။
"ဆန္ဒပြမယ်ဆိုလဲ ပြကြပါ" ဟု ဆိုသော ဦးဝင်းထိန်
မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းထိန် အား မြို့သူ/သားများက မကျေ နပ်၍ ဆန္ဒပြသူတွေကို NLD က ကောင်တွေလို့ ပြောဆိုခြင်းသည် သူ့ရဲ့အကျင့်ဖြစ်နေကြောင်း မိတ်္ထီလာပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်က ပြော သည်။
မိတ်္ထီလာမြို့သူမြို့သားများ နာရီ စင်တွင် စုပေါင်းကာ တော်ဝင် လမ်းဘေးအထိ ဆန္ဒပြမည့် အစီ အစဉ်နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်း ထိန်အား မေးမြန်းရာတွင်
ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြဟု သတင်းများထွက်ပေါ်
မုံရွာထောင်တွင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်ကျခံနေရသူ ဒေါ်နော်အုန်းလှသည်
အစာငတ်ခံ ဆန္ဒပြလျက်ရှိ သည်ဟု မုံရွာအကျဉ်း ထောင်နှင့်နီးစပ်သည့်
သတင်းရပ်ကွက်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီးနောက် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်သည်ဟု သတင်းရပ်ကွက်ကဆိုသည်။ သို့သော် ထိုသတင်းကို မဇ္ဈိမက သီးခြားအတည်ပြုချက်ရယူနိုင် ခြင်းမရှိပါ။
အစာငတ်ခံဆန္ဒပြမှုအတွက် ထောင်ဆရာဝန်ဒေါက်တာမျိုးမင်းက ကျန်းမာရေး အခြေအနေစောင့်ကြပ်ပေးလျက်ရှိပြီး စိုးရိမ်ဖွယ်ရာမရှိဟု သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို)
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်အနေအထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူက "ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ စသိသိချင်းပဲ ရောက်ရှိနေခဲ့ပြီး အခြေအနေကို ထိန်းထားခဲ့ပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေတယ်။ ပြီးတော့ ပတ်ဝန်းကျင် နေထိုင်သူတွေ ဆီကလည်း ဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။

မီးရှို့ရာတွင် အသုံးပြုခဲ့သော ဆီအိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း မြေအရောင်းအဝယ်ကိစ္စ တရားစွဲခံရ
ရန်ကုန် ၊ စက်တင်ဘာ ၄ ။ ။ အား ကစားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးဦးတင့်ဆန်းနှင့် နှစ်ဦးကို အမှတ်(၁၀၄)၊ နန်းမြိုင်လမ်း၊ ကွက် ပြင်
၅ရပ်ကွက်၊ ပြင်ဦးလွင်ရှိ ကျပ် သိန်းခြောက်သောင်းကျော်တန်
ဖိုးရှိသောအချင်းဖြစ်မြေကို မရိုး သားစွာ ဝယ်ယူမှုဖြင့် ယခုအခါ
တရားစွဲဆိုထားကြောင်း အဆိုပါ အမှု၏တရားလိုဖြစ်သူ ဦးစိုးဝင်း မိုးက
ရန်ကုန်တိုင်းနေ့စဉ်သတင်း စာသို့ ထုတ်ဖော်ပြောကြားလိုက် သည်။
အချင်းဖြစ်မြေနှင့် အဆောက် အအုံသည် ကာလတန်ဖိုးကျပ်သိန်း ခြောက်သောင်းကျော် ရှိပါလျက် နှင့် အဆိုပါအမှုအခင်းကို ယခင် ကရင်ဆိုင်နေရသော တရားပြိုင် ဒေါ်ဝင်းဝင်းဆိုသူက ၂၀၁ဝပြည့် နှစ် ဖေဖော်ဝါရီ၁၈ရက်က ဦးတင့် ဆန်း၊ ဒေါ်ဌေးဌေး ငြိမ်း၊ ဦးချစ် မြင့်တို့ကို ပြင်ဦးလွင်စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးတွင် မြေကွက် ကြီးကို သုံးကွက်ခွဲ၍ မှတ်ပုံတင်စာချုပ် သုံးစောင်ဖြင့် မြေတစ်ကွက်တန်ဖိုး ကို ကျပ်သိန်း၂ဝသတ်မှတ်ပြီး မြေ တစ်ကွက်လျှင် ကျပ်သိန်း ၂ဝစီဖြင့် မှတ်ပုံတင် ရန် တန်ဖိုးလျှော့တင် သွင်းခြင်း၊ တရားလိုများကပြင် ဦးလွင်စာချုပ်စာတမ်းမှတ်ပုံတင် ဌာနရုံးသို့ မြေကွက်နှင့် ပတ်သက် ၍ တစ်စုံတစ်ရာလွှဲပြောင်းခြင်း မပြုလုပ်ရန်ကန့်ကွက်တားဆီးခဲ့ သော်လည်း စာချုပ်စာတမ်းမှတ် ပုံတင် ဌာနမှုး ဦးဇော်လင်းထွန်းနှင့် ပူးပေါင်းကြံစည်ပြီး စာချုပ်ချုပ် ဆိုလွှဲပြောင်းခြင်းများပြုလုပ်ခဲ့ သည်ဟု တရားလိုများက စွပ်စွဲ တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

မလေးရှားမှ အိုဗာစတေးသမား တစ်ယောက်မှ သေနတ်ဖြင့်ခုခံ
၎.၉.၂၀၁၃: ယနေ့ အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၎
ရက်နေ့ မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြေငြာချက် ကို ယနေ့ Thestar
သတင်းစာမှ ဖော်ပြသွားသည် ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ က Negri Sembilan ရှိ ဆောက်လုပ်ရေး တစ်ခုအား ဝင်ရောက်စီးနင်းမှု့တွင် အဆိုပါ ဆိုဒ်ရှိ တရားမဝင်နေထိုင်သူ တစ်ဦး မှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ်မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က ယနေ့ သတင်းစာတွင်ပြောကြားကြောင်းသိရသည် ။
အရာရှိ၏ ပြောကြားချက်တွင် ဖမ်းဆီးရေး အဖွဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိချိန်တွင် အလုပ်သမားများ မှဆောက်လုပ်ရေး လုပ်ငန်းခွင် နောက်ဘက်တောင်ခြေအထိ သွားရောက် ပုန်အောင်းနေကြသည်ကိုတွေ့ရှိကြောင်း ။

ဇနီးဖြစ်သူ အိမ်မကပ်သဖြင့် ယောက်ျားက အိမ်မီးရှို့
ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၂၃ မိနစ်
ဇနီးဖြစ်သူမှာ အိမ်မကပ်ဘဲအလည်ထွက်နေသဖြင့် စကားများရန်ဖြစ်ကြရာမှ
ယောင်္ကျားဖြစ်သူက အိမ်ကို မီးရှို့ခဲ့သည့် အဖြစ်အပျက်တစ်ခု
သန်လျင်မြို့နယ်တွင် စက်တင်ဘာ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ယင်းမီးရှို့မှု သန်လျင်မြို့နယ် အလယ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
ရန်ကုန်မှ ပြန်လာသော ယောက်ျားဖြစ်သူက နေအိမ်သို့ရောက်စဉ် ဇနီးသည်မှာ
အိမ်တွင်မရှိဘဲ အိမ်လည်ထွက်နေခဲ့သည်ဟု ရဲမှတ်တမ်းတွင်
တွေ့ရသည်။
ထို့ကြောင့် ဇနီးသည် အိမ်သို့ပြန်လည်ရောက်ရှိစဉ် စကားများရန်ဖြစ်ကြရာမှ
ယောက်ျားဖြစ်သူက အိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးရှို့သူအဖြစ်
ရဲကသံသယဖြင့်ဖမ်းဆီးထားသူမှာ အသက် ၂၇ နှစ်အရွယ် ကိုသူရအောင်
ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ်နေသော မြန်မာအမျိုးသားအလောင်းတွေ့
ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏အဆိုအရ တွေ့ရှိရ သော မြန်မာအမျိုးသားအ လောင်း၏ ခန္ဒာကိုယ်နှင့်လက် များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိခဲ့ရသည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲလက် ထောက်ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့ သည်ဟု သိရသည်။
Subscribe to:
Comments (Atom)

![Photo: နောက်ဆုံးထွက် Samsung Glaxy Note 3ကို Note 2 နဲ့ ယှဉ်ကြည့်မယ်
Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ့ ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာကြည့်ရမှာပါ။
မျက်နှာပြင် (Display)
၅.၇ လက်မ အရွယ်ဖြစ်သွားပါတယ်။ အရင်က ၅.၅ လက်မ ဖြစ်ပြီး ၀.၂ လက်မ တိုးသွားပါတယ်။ မျက်နှာ ပြင် ကြီးသွားလို့ Resolution က နည်းမသွားပဲ သိသိသာသာတောင် တိုးလာပါတယ်။ Full HD မှာကိုမှ 386 ppi အရည်အသွေး ရှိပြီး ယခင် Note 2 တုန်းက 267 ppi ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့ သံသယ ဝင်စရာ မရှိ ပါဘူး။
Processing Power
Processor မှာလည်း သိသိသာသာကြီးကို မြင့်တက်သွား ပါတယ်။ မြင့်တက်ဆိုလို့ လေပေါ်ပစ်လိုက်တာကို ပြောတာ မဟုတ်ဘူးနော်။ Speed မြန်သွားတာပါ။ 2.3 GHz quad core Qualcomm Snapdragon 800 processor ကို အသုံးပြု ထားပါတယ်။ S4 တုန်းကတော့ 1.6 နဲ့ 1.9 GHz ပဲရှိခဲ့တာ Note 3 Speed အမြန်ဆုံး စမတ်ဖုန်း ဖြစ်လာမယ် ထင်ပါတယ်။ သူတို့အခေါ်တော့ Phablet ပေါ့။ ဖုန်း+တက်ဘလတ် = ဖတ်ဘလတ် မျိုးနွယ်မှာ အကောင်းဆုံး ပါလို့တောင် ကြွေးကျော် နေပါပြီ။
သူ့ကိုယှဉ်မယ့် Phablet တွေကို လည်း မြင်ယောင် နေမိ ပါသေးတယ်။ RAM က 2GB မဟုတ်တာ့ဘူး။ 3GB လေ။ လက်ရှိ သုံးနေတဲ့ ကွန်ပြူတာ အများစုတောင် RAM က 2GB ပဲ ရှိတာ 3GB RAM ဆိုတော့ တော်တော် Performance ကောင်းမယ့် အမျိုးပါ။ Data များများယူပြီး အလုပ်လုပ်ရတဲ့ Application တွေလောက်ကတော့ သူက အေးဆေး နိုင်မှာပါ။ Note 2 တုန်းက 1.6 GHz ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ Processor က ၂ မျိုးပါ။ တစ်ချို့နိုင်ငံအတွက်က 2.3GHz quad-core (LTE) နှင့် တစ်ခြားနိုင်ငံတွေအတွက်က 1.9 GHz octa-core (3G) [S4 processor နဲ့ တူတာကို တွေ့ရမှာ ဖြစ်ပါတယ်]
Memory and Battery
Note 2 မှာတုန်းက 16 GB ဗားရှင်းထွက်တယ်။ ယခု Note 3 မှာ 32 နဲ့ 64 ပဲ ရေးသား ထားတာ တွေ့ရပါတယ်။ SD ကဒ်ကတော့ ထုံးစံအတိုင်း 64GB အထိ တိုးနိုင်တာပါပဲ။ ဘက်ထရီ ကတော့ သိပ်ထူးခြား မသွားဘူး။ အရင်က 3100 mAh, ယခု Note 3 အသစ်က 3200 mAh ဆိုတော့ တစ်ရာလောက်ပဲ တိုးပါတယ်။ တစ်ရာပဲ တိုးဆို Power usage plan က အရင်ကထပ် သက်သာပါကြောင်း ဘာလင်မှာ တရားဝင် ပြောဆို သွားလို့ ဖြစ်ပါတယ်။
ကင်မရာ
ကင်မရာ လည်း အားလုံး ခန့်မှန်းထားတဲ့အတိုင်း မှန်ပါတယ်။ 13 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ဖြစ်ပါတယ်။ Note 2 မှာတုန်းက 8 Megapixel ပဲရှိခဲ့တာ။ ရိုးရိုးလေး တွေးရင်တောင် Note 3 က ပိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရနိုင်ပါတယ်။ low light performance, stablilisation, powerful flash, Ultra HD video Capture အစရှိသဖြင့် ဘာလင်က မိတ်ဆွဲပွဲမှာ ထည့်ကြွား သွားပါတယ်။ ရှေ့ ကင်မရာ ကလည်း 2 megapixel တောင် အရည်အသွေး ရှိပါတယ်။
ဒီဇိုင်း
ဒီဇိုင်းလည်း သိသိသာသာကြီးကို ပြောင်းသွားပါတယ်။ ဒါကလည်း ထုံးစံပဲလေ။ Note 1 နဲ့ Note 2 တောင် ဒီဇိုင်း သိသိသာသာ ကွဲသွားတာပဲ။ Note 1 က Note 2 ထက် အရပ်ပုပြီး ပိုဝတယ်။ Note 2 က ရှည်မျောမျော ဘဝကို ရောက်သွားရော။ ယခုလည်း Note 3 ကလည်း ရှည်မျော်မျော် ပါပဲ။ သို့ပေမယ့် ထောင့်စွန်းက အရင်လောက် လုံးမနေတော့ပဲ လေးထာင့် နည်းနည်း ဆံလာပါတယ်။ ဒီတော့ Samsung Galaxy S2 ရဲ့  အကိုကြီး လားလို့တောင် မြင်မိသယောင် ရှိပါတယ်။ (ပုံသဏ္ဍာန်အရ ပြောတာနော်) technical အရ တိတိကျကျ ပြောရရင် Note 3 က 151.2 x 79.2 x 8.3mm, အရင် Note 2 က 151.1 x 80.5 x 9.4mm . ဘာမှတော့ သိပ်အကွာကြီးမဟုတ်ပါဘူး။ အဓိက ကွာသွားမှာ အရည်အသွေးပါ။ ဝိတ်လည်း ကျသွား ပါတယ်။ လောလောဆယ် အဖြူ၊ အနက်၊ အပန်း အရောင် ၃ ရောင်နဲ့ အရင်ထွက်မယ်လို့ ဆိုပါတယ်။
Software and Feature
Samsung Galaxy Note စီးရီးရဲ့  အခြား ဖတ်ဘလတ်များထက် ထူးခြားတဲ့ အချက်တစ်ခုက S Pen ပါဝင်မှုပါ။ သို့ပေမယ့် ဝန်ခံပါတယ်။ ကျနော်တို့တောင် S pen ကို တစ်လလုံးနေမှ တစ်ခေါက်တောင် ထုတ်သုံး ဖြစ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ရှေ့  ရောက်မှ S pen ပါတယ်ကွလို့ ပြပြီး ကြွားလေ့ ရှိပေမယ့် သူ့ရဲ့  အသုံးဝင်မှုက တော်တော်များများ လစ်လျူရှုမိနေကြပါတယ်။ ဒါကလည်း ကျနော်တို့မို့လို့ နေလိမ့်မယ်။ တစ်လောက နိုင်ငံခြားသားတွေနဲ့အတူထိုင်တဲ့အစည်းအဝေးမှာ Note 2 pen နဲ့ သေချာ Record လုပ်နေတဲ့ တိုးရစ်စ်တွေ တွေ့လိုက်တယ်။ ပြီးတေ့ သူတို့ စက်ရုံက ဒီဇိုင်းအချက်အလက်ကို Note book ထဲ သေချာ ထည့်ထားပြီး တစ်ခုချင်းကို အသေးစိတ် ပြသပါတယ်။ ကိုယ်တွေက Pen ကို သေချာတောင် ထုတ်ကြည့် ဖူးတာ မဟုတ်တော့ Note 2 ကို သနားတော့ သနားမိသား။
ယခု Note 3 မှာလည်း S Pen အတွက် ထူးခြားတဲ့ Feature အသစ်များစွာ ထည့်သွင်း ပေးထားပြန် ပါတယ်လို့ ဆိုပါတယ်။ Air Command တောင် ပါအုံးမတဲ့။ S pen အသစ်နဲ့ Task တွေ ပိုမို မြန်ဆန်စွာပြုလုပ်နိုင် မှာ ဖြစ်ပါကြောင်း ပေါ့။ Android ကလည်း မြင့်သွားပါပြီ။ Android 4.3 Jelly Bean ဖြစ်ပါတယ်။ နောက် အသစ်အသစ်တွေကို Upgrade ဖို့လည်း Samsung က မခက်ခဲပါဘူး။
Upgrade လုပ်မလား၊ ဝယ်မလား
အခြားဖုန်းတွေဆိုရင် အသစ်မဝယ်ပဲ ရှိရင်ဖုန်းကို ဆော့ဖ်ဝဲလေးတွေ Upgrade လုပ်ရုံနဲ့ မော်ဒယ်မြင့် ဖုန်း တစ်လုံးနဲ့ ယှဉ်လို့ရတယ်။ ကျနော်တောင် အဲ့လိုပဲ စဉ်းစားနေတာ။ Samsung Galaxy Note 3 က အဲ့လို မရတော့ဘူး။ Note 1 နဲ့ Note 2 တုန်းကဆို သိပ်မကွာဘူးလေ။ ယခု Note 3 က သိသိသာသာကို ကွာသွားပြီ။ အဓိက ကွာခြားမှုက RAM ။ ပြီးတော့ ကင်မရာ။ ပြီးတော့ Processor။ ပြောမယ်ဆို Hardware အရ အရမ်းမြင့်သွားတဲ့ အစိတ်အပိုင်းတွေ အင်မတန် များတယ်။ ဒီတော့ Note 3 ဟာ Note 3 ပါပဲ။ Upgrade လုပ်တာထက် ဝယ်တာပဲ ကောင်းမယ် ထင်ပါတယ်။
မြန်မာပြည်မှာဆိုရင်
လက်ရှိ မြန်မာပြည်မှာ တရားဝင်ဖြန့်ချိတဲ့ Samsung ကိုယ်စားလှယ်ကုမ္မဏီ ရှိနေပြီလေ။ Note 3 မိတ်ဆက် ပွဲကို တစ်ခမ်းတနား ကျင်းပအုံးမှာပါ။ Samsung Galaxy S4 တုန်းကလိုပေါ့။ Note 3 အတွက်လည်း ပွဲလုပ်အုံး မယ်လို့ သတင်းကြားသိ ရပါတယ်။ မျက်နှာပြင်လွဲရိုက်ပါတို့၊ အဆင့်မြင့်သော နေထိုင်မှုပုံစံတို့၊ ဖွံ့ဖြိုးတိုးတက်စေသူတို့လို Built in မြန်မာစာလည်း ပါဝင်အုံးမယ် ထင်ပါတယ်။
ဈေးနှုန်း
ဈေးနှုန်းကလည်း စိတ်ဝင်စားစရာ ပေါ့။ နိုင်ငံတကာရဲ့ ခန့်မှန်းချက် အရတော့ အမေရိကန်ဒေါ်လာ ၆၀၀ အောက်ထစ်ပါတဲ့။ ကျနော်ကတော့ ငွေ ၆ သိန်းခွဲထပ် ဈေးမကြီးပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။ အရင် Note 2 က မြန်မာပြည်မှာ ၅ သိန်းဝန်းကျင်လောက် ပေါက်ဈေး ရှိနေသေးတယ်။ အချို့ ဆိုင်တွေဆို ၅သိန်း ၃ သောင်းကနေတောင် မချသေးတာ တွေ့ခဲ့သေးပါတယ်။ Note 3 ဈေး တကယ်လည်း မကြီးလောက် ပါဘူး။ ၆သိန်း ဝန်းကျင်တော့ ရှိမှာပါ။ Note 3 အပေါ် စာဖတ်သူတို့ အမြင်လေးလည်း သိချင်ပါသေးတယ်။
.
အောင်ခမ်း (TSJ team)
http://blog.techspace.com.mm/2013/09/samsung-glaxy-note-3-note-2.html
.](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash4/p480x480/1236940_501162356642064_1215895373_n.jpg)