menu

Saturday 31 March 2012

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘာသာစုံ ဆုတောင်းပွဲ ကျင်းပ


မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - လွင်ကိုတိတ်
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေ သော စစ်မီးများ ငြှိမ်းသတ်၍ မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်းရေးဖော်ဆောင် နိုင်ရန်နှင့် မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပနိုင်စေရန် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် ကျင်းပခဲ့ သည်။
ဆုတောင်းပွဲအခမ်းအနားတွင် တိုင်း ရင်းသားပေါင်းစုံအပါအ၀င် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်န်ဂျီအိုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ပေါင်း ၄၀၀ ၀န်းကျင်က ငြိမ်းချမ်းရေး ဖယောင်း တိုင်များ ကိုယ်စီကိုင်ကာ မိမိတို့သက်ဆိုင် ရာ ဘာသာအလိုက် အာရုံပြုကာ ကချင် ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဆုတောင်းခဲ့ကြ သည်။
"အခုလို ဘာသာပေါင်းစုံ ဆုတောင်း တဲ့ဖြစ်ရပ်က သမိုင်းမှာ တော်တော် ရှားပါ တယ်။
ဒီနေ့ဆုတောင်းတာဟာ သာမန်တာဝန်ကျေရုံမဟုတ်ဘဲ နိုင်ငံတော် အတွက် ဆုတောင်းတာဖြစ်တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ယုံယုံကြည်ကြည်နဲ့ ဆုတောင်းပါ။ "စိတ်မကောင်းတာ တစ်ခု ကတော့ အခုငြိမ်းချမ်းရေးစကား ပြောနေတဲ့ အချိန်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ သမ္မတကြီးက ငြိမ်းချမ်းရေးစာပို့လိုက် သော်လည်းပဲ တိုက်ပွဲတွေက ဆက်ဖြစ် နေတုန်းပဲ။ ဒါကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဦးဆောင်ဆွေးနွေး တဲ့သူတွေ၊ တိုင်းပြည် အုပ်ချုပ်တဲ့သူတွေ အောင်မြင်ဖို့ ဆုတောင်းပေးမှာဖြစ်ပါ တယ်။ ဒါပြင် ရွေးကောက်ပွဲကြီး တရား မျှတစွာကျင်းပနိုင်ဖို့၊ အဆင်ပြေပြေ ကျင်းပနိုင်ဖို့အတွက်လည်း ဆုတောင်း ပေးရပါမယ်" ဟု ယုဒဿန်ကျောင်း တော်၏ ကျောင်းထိုင်သိက္ခာတော်ရ ဆရာတော် ဦးအေကိုလေးကပြောသည်။
ဘာသာစုံ ဆုတောင်းပွဲကို Kind-ness Women's Group က မတ်လ ၃ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ကျင်းပ ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက် ကျင်းပခြင်း ဖြစ်သည်။
ဆုတောင်းပွဲသို့ မတူညီသော နယ်ပယ် အသီးသီး၊ ဘာသာ အသီးသီးမှ တက်ရောက်လာသူတို့၏ တူညီသော ရည်ရွယ်ချက်မှာ မြန်မာပြည် ၏ ထာဝရငြိမ်းချမ်းရေးပင် ဖြစ်သည်။
"စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ အဖွဲ့ အသီးသီး၊ ဘာသာအသီးသီးက စစ်မှန် တဲ့ နှလုံးသားနဲ့ ဆုတောင်းခြင်းဟာ အံ့ဖွယ်ရာတန်ခိုးကို ဆောင်ကြဉ်းလာနိုင် မယ်လို့ ယုံကြည်ပါတယ်။ စစ်ဘေးဒဏ် သင့် ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ၊ ပံ့ပိုးကူညီပေး မယ့် သူ တွေကို ဘုရားသခင်က ခေါ်ဆောင်လာ မယ်လို့ ယုံကြည်တယ်"ဟု Kind-ness Women's Group မှ အတွင်းရေးမှူး ဒေါ်နန်ပက ပြောသည်။
"ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အခု အချိန်မှာ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်နေတာပါ။ ဒီနေ့ ဆုတောင်းရင်းနဲ့လည်း ငြိမ်းချမ်းရေး ဟာ တကယ်ကို အောင်မြင်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ တက်ရောက်တာပါ"ဟု မှော်ဘီမြို့နယ်၊ သဲအင်းဂူကျောင်း တိုက်မှ ဆရာတော် ဦးသောဘိတက ပြောသည်။
ထာဝရငြိမ်းချမ်းရေးအတွက် ယခု ကဲ့သို့ ယုံကြည်ရာ ဘုရားသခင်ထံတွင် ဆုတောင်းရုံမျှဖြင့်မပြီးဘဲ မိမိတို့ကိုယ် တိုင်ကလည်း ကိုယ်တတ်စွမ်းသရွေ့ ကိုယ်ထူကိုယ်ထ ပါဝင်ရန် လိုအပ်ကြောင်း ငြိမ်းဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ ဆရာမဒေါ်နန်ရော်က ပြောကြားသည်။
"ဒီဆုတောင်းပွဲမှာမပါမဖြစ် ဆုတောင်းချင်တာကတော့ အမျိုး သမီးတွေဟာ မိမိကိုယ်ကိုယ် လက်နက်ကိုင် ပဋိပက္ခတွေရဲ့ သားကောင်အဖြစ် မမှတ်ယူဘဲနဲ့ မိမိတို့ကိုယ်တိုင် ကုန်းရုန်းထပြီး ငြိမ်းချမ်းရေးအတွက် စတင်လုပ်ဆောင်တဲ့သူတွေ ဖြစ်ပါစေ ဆိုတာပဲ"ဟု ဆရာမ ဒေါ်နန်ရော်က ပြောသည်။
"ဘုရားသခင်က လူမပါရင် အလုပ်မလုပ်ပါဘူး။ လူကလည်းဘုရားသခင်မပါရင်မပြည့်စုံပါဘူး။ ဒီနေ့ ငြိမ်းချမ်းရေး အတွက် ဆုတောင်းတယ်ဆိုတာ ဘုရားသခင်နဲ့အတူတူ ပူးပေါင်းပြီးတော့ မြန်မာပြည် ငြိမ်းချမ်းရေးရရှိဖို့ လမ်းစတွေကိုဆွေးနွေးမယ်။ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ လက်တွဲဆောင်ရွက် ဖို့ပါ"ဟု မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆုတောင်းရေးရာ ကော်မတီမှ ညှိနှိုင်းရေးမှူး ဒေါ်ခင်နှင်းဝေက ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis