menu

Friday 20 December 2013

ဂျပ်စတင်ဘီဘာ အဆိုတော်အဖြစ်က အနားယူမယ်

နာမည်ကြီး ကမ္ဘာကျော် အဆိုတော် Justin Bieber က အဆိုတော်အဖြစ် သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု ကို စွန့်လွှတ်နေ ပြီး သူဟာ အနားယူနေပြီလို့ ကြေညာလိုက်ပါတယ်။ 

ဓာတ်ပုံ- မေးလ်အွန်လိုင်း

သူ့အနာဂတ် ဘယ်လိုရှိမလဲဆိုတဲ့ အမေးကို သူက အခုလို ဖြေလိုက်တယ်။ 

“ အယ်လ်ဘမ်အသစ်လား၊ ကျနော်က တကယ်ပဲ အနားယူနေပြီး ကျနော်က အနားယူနေတဲ့ လူပဲ၊ ကျနော် အချိန်နည်းနည်းတော့ ယူမယ်။ ဂီတကို စွန့်မလားလို့ ကျနော် တွေးနေတယ်” လို့ ဂျပ်စင်ဘီဘာက ပြော လိုက်တာပါ။ 

အသက် ၁၉ နှစ်ရှိတဲ့ Justin Bieber က အခုလို ကြေညာလိုက်တာဟာ ကမ္ဘာတလွှား ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ မျက်ရည်တွေ မြစ်တစင်းအလား စီးဆင်းသွားမလားပါဘဲ။ 

ကမ္ဘာ့ပထမဆုံး လေယာဉ်အပိုင်စီး ဖြစ်ရပ်မှန်ရုပ်ရှင် ရိုက်ကူးမည့် ဒါရိုက်တာအဏ်ထော်ဏီကို ထိုင်းနိုင်ငံဒါရိုက်တာ ပါဝင်ကူညီမည်

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)|ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

ဒါရိုက်တာအဏ်ထော်ဏီ(မော်လမြိုင်) ရိုက်ကူးမည့် လေယာဉ်အပိုင်စီး ဖြစ်ရပ်မှန်ရုပ်ရှင် ဇာတ်ကားကို ထိုင်းနိုင်ငံရှိ Gear Head ကုမ္ပဏီက စက်ပစ္စည်း ငှားရမ်းခြင်း၊ လူအင်အားအသုံးပြုခြင်းများကို ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ယင်းရိုက်ကူးမှုတွင် ထိုင်းနိုင်ငံ Gear Head ကုမ္ပဏီ၏Director of photography DOP (Managing Director) က ဇာတ်ကားရိုက်ကူးမှုများ၊ စက်ပစ္စည်းများကို အသုံးပြု ကူညီပေးမည် ဖြစ်သည်။

“ဟိုဘက်ကတော့ တော်တော်လေးကို ဈေးသက်သာအောင် စက်ပစ္စည်း ငှားရမ်းမှုတွေကအစ ကူညီပေး ပါတယ်။ တခြားနိုင်ငံတွေကို ငှားရမ်းပေးတာထက် အများကြီး ဈေးသက်သာပါတယ်။ သူတို့တွေက စက် ပစ္စည်းတွေ၊ လူအင်အားတွေကို ကူညီပေးကြမှာပါ။ နောက်ပြီး အဲဒီက စီအီးအိုကလည်း အမှန်တကယ် သရုပ်ဆောင်တာကို ၀ါသနာပါတဲ့အပြင် ဒါရိုက်တာလုပ်တာကိုလဲ အရမ်းဝါသနာပါတယ်။ ဒီကားကလဲ သမိုင်းမှာ မှတ်မှတ်ထင်ထင် ကျန်ရစ်စေတာကြောင့် သူကိုယ်တိုင်ကို အဏ်ထော်ဏီနဲ့ တိုင်ပင်ပြီး တွဲ ဖက်ဒါရိုက်တာ လုပ်သွားမှာပါ” ဟု ထိုင်းကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းနေသည့် မြန်မာပြည် ကုမ္ပဏီခွဲ post Mandalay မှ ကိုမြတ်ရင့်ထိန်းက ပြောသည်။

ကင်ဆာတိုက်ဖျက်မယ့်ဆေးကို ရှာဖွေ တွေ့ရှိ

Photo: ကင်ဆာတိုက်ဖျက်မယ့်ဆေးကို ရှာဖွေ တွေ့ရှိ

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။ 

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။ 

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။
.
Ref: nature.com
အောင်ခမ်း  ( ရိုးရာလေး )

.

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Facebook သို့မဟုတ် မျက်နှာဖုံးစွပ်ပွဲတော်ထဲ ကျွံဝင်နေသော ကမ္ဘာအစစ်

တစ်နေ့ထက်တစ်နေ့ တိုးတက် သာလွန်မှုများနှင့် ပြောင်းလဲမှုများကိုသိ ရန် မြေပြင်သို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာရန် မလိုတော့သည့်ခေတ်မှာ လွန်ခဲ့ သည့်နှစ် အနည်းငယ်မှစခဲ့သည် ဟုဆိုလျှင် မယုံနိုင်ဖွယ်မရှိ။ ကမ္ဘာကြီး မှာ ရွာကြီးတစ်ရွာသာသာဖြစ်လာခဲ့ ချိန်၌ ဆက်သွယ်ရေးလမ်းကြောင်းများ အတွက် ကုန်းတစ် တန်၊ရေ တစ်တန်၊ လေတစ်တန် ကူးလူးသွားလာရန် မလို အပ်တော့။ ထိုအခြေအနေ၊ ထိုခေတ် တစ်ခေတ်ကို ဆိုရှယ်မီဒီယာများဟု ခေါ်ဆိုသည့် လူမှုကွန်ရ က်များ ကဆောင်ကြဉ်းပေးခဲ့ကြခြင်းဖြစ်သည်။
လူတို့သည် ဝေးကွာနေသည့် မိသားစု၊ မိတ်ဆွေ၊ ချစ်ခင်ရသူများနှင့် စက္ကန့်ပိုင်းအတွင်း ဆက်သွယ်နိုင်မည့် စနစ်အပေါ်မည်သူမျှ လျစ်လျူရှုထား ကြမည်မဟုတ်။ ထို့ကြောင့်ပင် လူမှု ကွန်ရက်သည် တီထွင်သည့်နိုင်ငံတို့ တွင်သာမက အခြားနေရာဒေသများသို့ ပါလွယ်ကူလျင်မြန်စွာ ပျံ့နှံ့နေပြီး၎င်းမှာ လူမှုကွန်ရက် ဆက်သွယ် မှုေ ကာင်း မွန်သည့် အချက်ကြောင့်ဆိုလျှင် မှား နိုင်ဖွယ် မရှိပေ။
တစ်ခုထက်ပိုသော အာနိသင်များ
ဖေ့စ်ဘွတ် အသုံးပြုမှု တွင်ကျယ် လာသည်နှင့်အမျှ ကောင်းကျိုး သာမက ဘေးထွက်လာသည့် ဆိုးကျိုးများပါ တွေ့လာရမည်ဖြစ်သည်။ အကောင်း ဘက်ဖြင့်ကြည့် မည်ဆိုလျှင် လူမှုကွန် ရက်ကြောင့် သာမန်လူတစ်ဦးအဖြစ် ရပ်တည်ရှင်သန်နေရသည့် ဦးလှကြိုင် မှ သမိုင်းမှတ်တမ်းဝင် သခင်လှကြိုင် ဖြစ်လာရသည်ကို မည်သူမှ မငြင်းနိုင်။ ယင်းက ဖေ့စ်ဘွတ်၏ ထိရောက်မှု တစ် ခုဟု ဆိုနိုင်သည်။ ထို့အပြင် သွေးလှူ ဒါန်းမှုလိုအပ်နေပါသည်ဟူသည်မှ စ၍ ‘လေးစားစွာ ပန်ကြားပါသ ည်’ဆိုသော အချက်အလက်များအထိ လူမှုစာမျက် နှာပေါ်သို့ ဝင်ရောက်လာပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း မလို လားအပ်သည့် ဆိုးကျိုးများ ပေါ်ပေါက် လာနိုင်ပြီး စက္ကန့်ပိုင်းအတွင်း၌ပင် သတင်းဖြန့်ချိပေးနိုင်ခြင်းကြောင့် ပြင်ပ ပဋိပက္ခမှုခင်း မျာဖြစ်ပွား လာစေနိုင် သည့်အပြင် သူတစ်ပါးအပေါ် ပုတ်ခတ် တိုက်ခိုက်မှုများလည်း လွန်စွာလုပ် ဆောင်လာနိုင်ကြသည်ဟု ကွန်ပျူတာသိပ္ပံ ဘာသာမာ စတာတန်း တက်ရောက်နေ သည့် ဖေ့စ်ဘွတ်သုံးစွဲသူတစ်ဦးဖြစ်သော မယဉ်ဝင်းထိုက်က သူ့အမြင်ကို ပြောပြသည်။ဝါရင့်သတင်းစာဆရာဖြစ်သည့် ဦးရဲနိုင်မိုးကမူ ”ကျွန်တော်တို့ဆီမှာ ပြောရရင်တော့ လူမှုရေးကိုကျော်လွန်ပြီး  တော့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းပိုင်း ဆိုင်ရာကိစ္စတွေ အတွက်ပါ ထဲထဲဝင်ဝင် သုံးလာကြတယ်”ဟု ဖေ့စ်ဘွတ်တွင် ကျယ်လာနေသည့် ပုံစံ အပေါ်မှတ်ချက် ပေးသည်။ ဤသို့ဆိုလျှင် ပျံ့နှံ့မှု စီးဝင် မှုပြင်းထန်လာခြင်း၏ အကြောင်းပြချက် ကား အဘယ်နည်းဟု မေးခွန်းထုတ်မည် ဆိုလျှင် ….

“ဒီမှာက မင်းသားကိုဖားရင် ဒါရိုက်တာ ဖြစ်တယ်”...(သရုပ်ဆောင် န၀ရတ်နှင့်တွေ့ဆုံခြင်း)

နဝရတ်, အမျိုးသမီး, မင်းသမီး, မင်းသား, အကယ်ဒမီ, မူးယစ်ဆေးဝါး
သရုပ်ဆောင် နဝရတ်

မကြာခင်မှာ ကျင်းပတော့မှာဖြစ်တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် မီဒီယာတွေနဲ့ ပရိသတ်တွေ တစ်ပေး ခန့်မှန်းနေကြသူ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ အကြားမှာ သရုပ်ဆောင် နဝရတ်လည်း တဦးအပါအဝင် ဖြစ်နေပါတယ်။ သူဟာ ဒီနှစ်အတွက် ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ၂ ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ကားကတော့ သူ့ကိုယ်ပိုင် “ငွေလမင်း” ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတာပါ။ ဒီကားကိုသူက အကယ်ဒမီအတွက် မျှော်လင့်ချက်ထားပြီး ရိုက်ကူး ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။ ဒီလို အနေအထားမှာပဲ မကြာခင်က Facebook စာမျက်နှာတခုမှာ ပျံ့နှံ့ခဲ့တဲ့ အနုပညာရှင်များနဲ့ မူးယစ်ဆေးဝါးဆက်စပ်မှု စစ်ချက်ဟောင်း တခုဟာ သူ့ရဲ့ အကယ်ဒမီ အိပ်မက်ကို သက်ရောက်မှု ရှိနိုင်မရှိနိုင်၊ သူ့သဘောထား ထင်မြင်ချက်နဲ့တကွ၊ မြန်မာ့ရုပ်ရှင်လောကရဲ့ လက်ရှိ အခြေအနေ တချို့အကြောင်း သရုပ်ဆောင် နဝရတ်ကို ဧရာဝတီအယ်ဒီအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး။     ။ နဝရတ်ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားက အကယ်ဒမီစာရင်းဝင်တဲ့ အပြင် ကိုယ်တိုင်လည်း အကယ်ဒမီအတွက် မျှော်လင့်ချက် ထားနေတဲ့ ဒီလိုအချိန်မှာ တလောက မိုးဇေငြိမ်း ဆိုသူရဲ့ facebook မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေရှိလား။ အဲဒါတွေက အကယ်ဒမီအပေါ်မှာ ထိခိုက်မှု ဖြစ်လာမယ်လို့ ထင်သလား။

၂၀၁၄ နှစ်ဆန်းမှာ ပြုလုပ်ကြမယ့် ကျော်ကြားသူတို့ရဲ့ မင်္ဂလာပွဲများ

ချစ်သုဝေ၊ သက်မွန်မြင့်၊ သီရိဆွေနှင့် N ကိုင်ရာ
၂၀၁၄ နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲဆင်နွှဲမယ့် သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင် တော်တော်များများ ရှိပါတယ်။
တချို့ကတော့ သူတို့သုံးတဲ့ Facebook စာမျက်နှာတွေကနေ သူတို့ရဲ့ ဖူးစာရှင်လောင်း ပုံတွေကို ဖော်ပြပြီး ပရိသတ်ကို အသိပေးကြပါတယ်။ တချို့ကလည်း စာနယ်ဇင်းမီဒီယာကနေတဆင့် သူတို့ရဲ့ပရိသတ်တွေကို အသိပေးကြပါတယ်။ ပရိသတ်ဆိုတာက သူတို့ နှစ်ခြိုက်အားပေးကြတဲ့ ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ အနုပညာရေးရာ ကိစ္စတွေကို သာမက ကိုယ်ရေးကိုယ်တာ တွေကိုပါ စိတ်ဝင်တစား သိချင်တတ်ကြတာမို့ လတ်တလောမှာ ပျံ့နှံ့နေတဲ့ အနုပညာသည်တွေရဲ့ မင်္ဂလာပွဲ သတင်းတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၄ နှစ်ဆန်းမှာ မင်္ဂလာပွဲ ဆင်နွှဲမယ့် အနုပညာရှင်တွေကတော့ တေးရေးတေးဆို လင်းလင်း၊ အကယ်ဒမီ မယ်လိုဒီ၊ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော် သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်း၊ သရုပ်ဆောင် သက်မွန်မြင့်၊ အဆိုတော် သီရိဆွေနဲ့ အဆိုတော် N ကိုင်ရာတို့ ဖြစ်ပါတယ်။
အဆိုတော် သရုပ်ဆောင် ချစ်သုဝေကို သူ့ရဲ့ မင်္ဂလာပွဲ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ “ရက်အတိအကျကို ဇန်န၀ါရီ ၁ ရက်နေ့မှာ မီဒီယာကနေ တဆင့် ပရိသတ်တွေကို ထရီဇာ အတိအကျ အသိပေးပါ့မယ်၊ မင်္ဂလာ ဆွမ်းကျွေးရက်က အခုမှ ရွေးနေတုန်း။ အတိအကျ မသိရသေးဘူး ဖြစ်နေသေးတယ်။ အဲဒါကြောင့် ဇန်န၀ါရီ ၁ ရက်နေ့မှာ အားလုံး အတိအကျ ဟြေပြပါမယ်” လို့ ပြန်ဖြေပါတယ်။

၂၀၁၄ အာဆီယံ ထိပ်သီး အစည်းအဝေးတွင် BMW ကားများ ပံ့ပိုးမည်

၂၀၁၄ အာဆီယံ ထိပ်သီး အစည်းအဝေးတွင် BMW ကားများ ပံ့ပိုးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလ၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏  သွားလာရေးအတွက် BMW မော်တော်ယာဉ် ၉၅ စီး ပံ့ပိုးကူညီမည် ဖြစ်ကြောင်း BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

သုံးရက်ကြာ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည့် တာဝန်ရှိသူများကို BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီပြီးနောက် အဆိုပါ မော်တော်ယာဉ် များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မော်တော်ယာဉ်များ တင်သွင်းရာတွင် ကျသင့်သည့် အခွန်အခများနှင့် ပေးဆောင်ရမည့် စရိတ်များကိုလည်း ပုံမှန်အတိုင်း ပေးသွင်းမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

BMW ကုမ္ပဏီက ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး များတွင်လည်း နိုင်ငံ ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ၏ သွားလာရေးအတွက် ပံ့ပိုးကူညီမှု ပြုခဲ့ပြီး ဖြစ်ကြောင်း Prestige Automobiles ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

နောက်ဆုံးပေါ် BMW ကားများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရန် သဘောတူညီမှု ရရှိထားပြီး ၂၀၁၄ ခုနှစ်တွင် ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်ထား ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် မေလ၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏ သွားလာရေးအတွက် BMW မော်တော်ယာဉ် ၉၅ စီး ပံ့ပိုးကူညီမည် ဖြစ်ကြောင်း BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

သုံးရက်ကြာ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မည့် တာဝန်ရှိသူများကို BMW မော်တော်ယာဉ်များ ပံ့ပိုးကူညီပြီးနောက် အဆိုပါ မော်တော်ယာဉ် များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ မော်တော်ယာဉ်များ တင်သွင်းရာတွင် ကျသင့်သည့် အခွန်အခများနှင့် ပေးဆောင်ရမည့် စရိတ်များကိုလည်း ပုံမှန်အတိုင်း ပေးသွင်းမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အမေရိကန်-မြန်မာ နဲ့ မြောက်ကိုရီးယား ပြဿနာ

မြောက်ကိုရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအွန်း က သူ့ရဲ့  အကြံပေးလို့ယူဆကြတဲ့ ဦးလေးဖြစ်သူကို ရာထူးကဖယ်ရှားပြီး လွန်ခဲ့တဲ့အပတ်က ကွပ်မျက်လိုက်တဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေမှာ အထူးဖော်ပြကြပါတယ်။ မြောက်ကိုရီးယားသတင်းကို အမေရိကန်မှာ အထူးစိတ်ဝင်စားကြပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဝါရှင်တန်အခြေစိုက် Heritage Foundation ဆွေးနွေးပွဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးကို ရှင်းလင်းစွာသိဖို့လိုကြောင်း ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝါရင့်အရာထမ်းဟောင်း Keith Luse က အိုဘားမားအစိုးရကို တိုက်တွန်းထားပါတယ်။

နောက်ပြီးတော့ လွန်ခဲ့တဲ့ (၁၃) နှစ်အတွင်း မြောက်ကိုရီးယားပါဝင်ခဲ့တဲ့ မြန်မာ့စီမံကိန်းအားလုံးရဲ့  စာရင်း၊ မြောက်ကိုရီးယားဆီက ရယူထားတဲ့ စစ်လက်နက်ပစ္စည်းစာရင်းအပြည့်အစုံ၊ ဒုံးလက်နက်နဲ့ အဏုမြူစီမံကိန်းမှာပါဝင်တဲ့ မြောက်ကိုရီးယားကုမ္မဏီစာရင်း၊ မြောက်ကိုရီးယား စစ်ပစ္စည်းတင်သွင်းရာမှာ တရုတ်ပါဝင်တဲ့အခန်းကဏ္ဍ စတာတွေကို အမေရိကန်အစိုးရ သိသင့်တယ်လို့ Keith Luse က ဆိုပါတယ်။ အခြားပညာရှင်တွေကလည်း ဒီအဆိုကို ဝိုင်းဝန်းထောက်ခံကြပါတယ်။ မြန်မာကိုပြန်လည်ဆက်ဆံတဲ့အကြောင်းရင်းထဲမှာ မြောက်ကိုရီးယားကိစ္စပါဝင်တယ်လို့ ယူဆသူလည်းရှိပါတယ်။

အဖျက်အမှောင့်လုပ်ရန်အဖွဲ့သုံးဖွဲ့ က ကြံစည်နေဟုဆို

ညောင်ဦး ဒီဇင်ဘာ ၁၉

ဖောက်ခွဲမှုများလုပ်ဆောင်ရန် အတွက် အဖွဲ့သုံးဖွဲ့က ကြံစည် နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန က အကြောင်းကြား အသိပေးထား သဖြင့် ညောင်ဦးမြို့ပေါ်တွင် လုံခြုံ ရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်ဝင်းက ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တွင် နှစ်ပတ်တစ်ကြိမ်ကျင်းပသည့် အစည်းအဝေးသို့တက်ရောက်လာသူ များကိုသတင်းပေး၍လုံခြုံရေးသတိ မလစ်စေရန် တိုက်တွန်းပြောကြား ခဲ့သည်။

ပထမအဖွဲ့''နိုဝင်ဘာ ၂ဝ ရက်မှာ မူဆလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မိုဟာမက်အလီခေါင်းဆောင်တဲ့ အင်အားငါးဦးခန့် (ဖောက်ခွဲရေး ကြေးစားအဖွဲ့)က စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်ဒေသတွေ မှာဖောက်ခွဲဖို့ ရန်ကုန်မြို့ကထွက် လာတယ်။ အဆိုပါအဖွဲ့က ထိုင်း နိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဘန်ကောက်မြို့ သွားရာလမ်း တောင်ဘက်မှာရှိတဲ့(ဖုန်ပုံရှန်) ဒုက္ခ သည်စခန်းကနေ မြဝတီမြို့ကို ဖြတ်ပြီး နိုဝင်ဘာ ၂ဝရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိတယ်။ဖောက်ခွဲရေးလုပ်ငန်းတွေကို လုပ် ဆောင်မယ့် လက်နက်ကိရိယာတွေ တော့ တစ်ပါတည်းပါလာခြင်းမရှိ ဘဲနဲ့ ရှမ်းပြည်နယ် တာချီလိတ်က တစ်ဆင့် သူတို့ကိုဆက်သွယ်ပေး အပ်ပြီး (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကို ဖောက်ခွဲဖျက်ဆီးမယ်ဆိုပြီးသတင်း ရရှိတယ်။ ဒီသတင်းနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့အားလုံး လုံခြုံရေးသတိ ရှိရပါမယ်ဆိုပြီး အသိပေးလိုခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

အကြောတက် ခြင်းနှင့် ကန်စွန်းရွက်

မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။

ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။

ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်

လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး ဖြတ်တောက်၍ ငါးကျည်းခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ဆီ၊ ဆား ထည့်၍ သံပရာရည် ဆမ်းကာ အသုပ်အဖြစ် စားသုံးပေးခြင်းဖြင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ် နိုင်သော ဝမ်းကိုက် ရောဂါ၊ သွေးဝမ်း ကိုက်ရောဂါ၊ အမျိုးသမီးတို့တွင် ဖြစ်ပေါ်တတ်သော မီးယပ် သွေးပုပ် ကျန်သော ရောဂါ၊ မီးယပ် သွေးမမှန်သော ရောဂါ၊ သားအိမ်လျှောကျသော ရောဂါ၊ သားမြတ်နာ (နို့အုံနာ)၊ နို့ထွက်နည်းခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြား ရောဂါများ၊ အသံဝင် အသံပျက် ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသရာ၌ အသုံးဝင် စေပါသည်။

ကျန်းမာရေး

မကြာခဏ ကန်စွန်းရွက်ကို စားသုံး ပေးခြင်းဖြင့် ကျန်းမာမှုကို မြှင့်တင် ပေးနိုင်ပြီး ခွန်အား ဗလရှိခြင်း၊ ဝမ်းတွင်း ရောဂါကို သန့်စင်ပေးခြင်း၊ အပူဒဏ်၊ အအေးဒဏ်ကို ခံနိုင်ရည် ရှိ စေခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက်မှုကို တားဆီး ကာကွယ် စေနိုင်ပါသည်။ ထိုကဲ့သို့ အသုံးဝင်သော ကန်စွန်းရွက်နှင့် တိုင်းရင်းဆေး ခေါင်းစဉ်ဖြင့် စာဖတ် ပရိသတ်များ ထံသို့ ရေးသား တင်ပြ လိုက်ရပါသည်။

Health Digest

ကိုယ့်အပေါ် နားလည်ပြီး ကောင်းမွန်သူဖြစ်ပါက အချစ်ဆိုတာကို လက်ခံမည် ဆိုသည့် Patricia

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)| ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

ပရိသတ်တွေ စိတ်ဝင်တစားဖြင့် အားပေးလို့နေသည့် ဆယ်ကျော်သက် ကောင်မလေး၏ အနုပညာလှုပ် ရှားမှုများက စိပ်လို့လာသည်။ ကြော်ငြာများ၊ မဂ္ဂဇင်းတွင် သူမ၏ အနုပညာများက သူမကို ပိုမိုပြီးထင် ကျန်စေရစ်စေခဲ့ပြန်သည်။ တစ်လောက သူမ၏ အချစ်ရေး နှင့်ပတ်သက်ပြီး အားလုံးက စိတ်ဝင်စားခြင်းကို ခံရပြီးနောက်တွင် သူမ၏ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့သတင်းကို အားလုံးက ကြားခဲ့မိချိန်က ကရုဏာသက်မိ ခဲ့ကြသည်။ သူမ၏ ချစ်သူကလည်း အနုပညာလောကထဲတွင် အကယ်ဒမီရပြီး နာမည်ကျော် တစ်ဦး ဖြစ်သော်လည်း သူမနှင့်အသက်အရွယ် ကွာဟလို့နေသူဆိုပြီး ပြောဆိုကြသည်။

“ညီမ အဲဒီအချိန်တုန်းက အရမ်း ငယ်သေးတဲ့အချိန်ဖြစ်တော့ ခံစားခဲ့ရပါတယ်။ ညီမအတွက် ပထမဦးဆုံး အချစ်ကို ယုံကြည်မိခဲ့တာပါ။ အသည်းကွဲခြင်းက ဘာဆိုဘာမှ မသိခဲ့ချိန်တုန်းကလေ” ဟု ပြောသည်။

သူမကို ယခုအချိန်တွင် ရည်းစားထပ်ပြီးထားရန် စဉ်းစားထားလားဟု မေးကြည့်ခဲ့ရာတွင် အချစ်ဆိုတာကို သူမအနေဖြင့် လောလောဆယ်တွင် မထားရှိသေးဘဲ အလုပ်ထဲတွင်သာ စိတ်ကို နှစ်မြှုပ်ထားကြောင်း ပွင့်လင်းစွာ ဆိုသည်။

ဘားအံမြို့တွင်အမိုးနီးယားဂက်စ်ငွေ့များ လျှပ်တစ်ပြက် ပြန်နှံ့လာခြင်းကြောင့်ထွက်ပြေးခဲ့ရ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ မာန်အောင် ဈေးအတွင်း ဒီဇင်ဘာ(၁၇)ရက် နေ့ နံနက်(၈)နာရီခန့်အချိန် ဈေး သူဈေးသားများ ရောင်းဝယ်စည် ကားနေခိုက် အမိုးနီးယားဂက်စ် ငွေ့များလျှပ်တစ်ပြက် ပြန့်လွင့် လာပြီး ဈေးသူဈေးသားများ မျက် လုံးမခံနိုင်အောင်စပ်ခြင်း၊ အနံ့ များမခံနိုင်ဘဲခေါင်းမူးခြင်းများ ကြောင့် ဈေးအပြင်ဘက် ဗိုလ်ချုပ် လမ်းမဘက်သို့ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိသည်။

““ကျွန်မတို့တစ်ဈေးလုံးပဲ ထူး ထူးဆန်းဆန်း အနံ့ကြီးကြောင့် မျက်စိတွေစပ်၊ အနံ့ကလဲမခံနိုင်၊ ဘာဖြစ်မှန်းလဲမသိတော့အရေး တကြီး နှာခေါင်းစည်းတွေ ပြေး ၀ယ်ကြ၊ အင်္ကျီစတွေနဲ့နှာခေါင်း ပိတ်ကြပြီးဈေးအပြင် ဗိုလ်ချုပ် လမ်းကြီးဘက်ထွက်ပြေးကြတာ ပဲ၊ ပြီးတော့မှ ရေခဲစက်ကဖြစ်တာ လို့ ပြောကြတာပဲ””ဟုကုန်စုံဆိုင် ရှင်တစ်ဦးက ပြောသည်။

ယခု အမိုးနီးယားဂက်စ်ငွေ့ မတော်တဆဖြစ်ပွားခဲ့သောဈေး မှာ အောင်နန်းမာန်အောင်ဈေး ဖြစ်ပြီး၊ယင်းဈေး၏ မြောက်ဘက် ကပ်လျက်အိမ်အမှတ်(၅/၉၆၃) ရှိ ရေခဲစက်မှ မတော်တဆဖြစ်ပွား ခဲ့ရာမှ အမိုးနီးယားဂက်စ်ငွေ့များ ပြန့်လွင့်ခဲ့ကြောင်း သိရသည်။

သတင်းယူသည့် သတင်းထောက်ကို ဖမ်းဆီးထောင်ချမှု မီဒီယာ အဖွဲ့အစည်းအချို့ ကန့်ကွက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ကာယကံရှင်၏ ခွင့်ပြုချက်ဖြင့် နေအိမ်အတွင်း ဝင်ရောက် သတင်းယူသည့် သတင်းထောက်ကို ပိုင်နက် ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာ ပြောဆိုမှုတို့ဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာလ ၁၇ ရက်နေ့၌ ပုဒ်မ ၄၅၁၊ ၅၀၀ နှင့် ၂၉၄ (ခ) တို့အရ ထောင်ဒဏ်သုံးလ ချမှတ်လိုက်ခြင်းကို သတင်းမီဒီယာ အဖွဲ့အစည်းများက လုံးဝလက်မခံဘဲ ဝိုင်းဝန်း ကန့်ကွက်ကြောင်း အဆိုပါ အဖွဲ့များက ပြောကြားသည်။

ELEVEN Media Group မှ နယ်သတင်းထောက် ဖြစ်သူ မနော်ခိုင်ခိုင်အေးချိုသည် တရားလို၏ နေအိမ်သို့ သတင်းထောက် ဖြစ်ကြောင်း တရားဝင် အသိပေး ခွင့်ပြုချက် တောင်းခံ၍ ဝင်ရောက် သတင်းရယူသည့်အပေါ် တရားလိုက ခွင့်ပြုခဲ့ကြောင်း၊ သို့သော် သတင်းမေးမြန်းမှုကို မကျေနပ်၍ နှင်ထုတ်သဖြင့် ပြန်လည် ထွက်ခွာခဲ့သော်လည်း အထက်တန်းရှေ့နေ တစ်ဦးဖြစ်သူ တရားလိုက အမှုဖွင့် တိုင်တန်းခဲ့ကြောင်း၊ ယင်းကြောင့် လွိုင်ကော် တရားရုံးက တစ်လခွဲခန့်အကြာ အမှုကို ကြားနာပြီးနောက် ပြစ်မှုသုံးခု အတွက် ထောင်ဒဏ် သုံးလကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ELEVEN Media Group (EMG) မှ အယ်ဒီတာချုပ် ဦးဝေဖြိုးက ရှင်းပြသည်။

ယင်းသို့ တရားဝင် အသိပေး ခွင့်တောင်း၍ သတင်းရယူသူကို စွဲချက်တင် ထောင်ချမှုအပေါ် EMG အပါအဝင် မြန်မာ ဂျာနယ်လစ်သမဂ္ဂ၊ PEN Myanmar အဖွဲ့နှင့် သတင်းမီဒီယာ အချို့က ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး အမှုကို ပြန်လည် စစ်ဆေးပေးရန် သက်ဆိုင်ရာ တရားရေး အဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။

ဦးခေါင်းကြီးရောဂါ ခံစားနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ် ခွဲစိတ်ကုသရန် အကူအညီလို

Photo: ဦးခေါင်းကြီးရောဂါ ခံစားနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ် ခွဲစိတ်ကုသရန် အကူအညီလို

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ ကက်သလစ် ခရစ်ယာန် အသင်းတော် စစ်ရှောင်စခန်းတွင် ခိုလှုံ နေထိုင်လျက်ရှိသည့် အသက် ၁၁ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦးမှာ မွေးရာပါ ဦးခေါင်းကြီး ရောဂါ ခံစားနေရသဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် အကူအညီ လိုအပ်လျက် ရှိကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် စစ်ရှောင်စခန်း တာဝန်ခံများထံမှ သိရှိရသည်။

ဦးခေါင်းကြီးရောဂါ ခံစားနေရသော ကလေးငယ် မောင်ဂျိုးဇက် မျိုးအောင်သည် မွေးကင်းစ အရွယ်တွင် မည်သည့် ရောဂါမျှ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ အသက်လေးလ အရွယ်ခန့်တွင်မှ ပါးစပ်မှ ရေများ ပန်းထွက်လာသည့် ရောဂါလက္ခဏာ စတင်ဖြစ်ပွားလာခဲ့သည့် နောက်ပိုင်း ဦးခေါင်းမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ရာ သူ၏ဦးခေါင်းကို မနိုင်သဖြင့် ထိုင်ပင် မထိုင်နိုင်ခဲ့ကြောင်း မိုးမောက် စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

မောင်ဂျိုးဇက် မျိုးအောင်တို့ မိသားစုသည် မိုးမောက် စစ်ရှောင်စခန်းသို့ မရောက်မီ ကျရီဆိုသော ရွာတွင် နေထိုင်ခဲ့ပြီး မောင်ဂျိုးဇက်မျိုးအောင် ခုနစ်နှစ် အရွယ်ထိ ထိရောက်သော ဆေးကုသမှုများ မလုပ်နိုင်၍ ကျရီရွာ၌ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မန္တလေးသို့ သွားရောက် ဆေးကုသနိုင်ရန်အတွက် ကူညီထောက်ပံ့ ပေးခဲ့သဖြင့် စစ်မဖြစ်မီ အချိန်ထိ သုံးနှစ်ခန့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဦးခင်မောင်လွင်နှင့် ပြသကာ ဆေးကုသမှု ခံယူခဲ့ကြောင်း၊ ဒေါက်တာ ဦးခင်မောင်လွင်က ဦးခေါင်းအတွင်း၌ ရေအိတ် တည်ရှိနေသည်ကို စမ်းသပ် တွေ့ရှိရသဖြင့် ဦးခေါင်းမှ ဆီးလမ်းကြောင်းအထိ ပိုက်တစ်ချောင်း ထည့်သွင်းကာ ခွဲစိတ် ကုသပေးထားရာ ယခုအချိန်ထိ ဆီးသွားသည့် အချိန်တိုင်း ဦးခေါင်းရှိ ရေများ တစ်ပါတည်း ထွက်သွားရန်အတွက် ယာဘက် ချိုစောင်းကို နှိပ်ပေးရကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့သို့ ခြောက်လ တစ်ကြိမ်ခန့် သွားရောက် ဆေးကုသ နေရသော်လည်း မိုးမောက် စစ်ရှောင်စခန်းသို့ ရောက်ရှိသည့် ၂ နှစ်ကျော် ကာလအတွင်း ၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်းက နောက်ဆုံး တစ်ကြိမ်အဖြစ် သွားရောက် ကုသမှု ခံယူထားကာ ဆရာဝန်များက ၂၀၁၃ ခုနှစ် ဧပြီလတွင် တစ်ကြိမ် ပြန်လည် ပြသရန် ချိန်းဆို ခဲ့သော်လည်း သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း မောင်ဂျိုးဇက် မျိုးအောင်၏ မိခင်ဖြစ်သူ ဒေါ်မိုင်ကြည်ကြည်ဌေးက ဆိုသည်။

“နောက်ဆုံးတစ်ခေါက် သွားတုန်းက ဆရာဝန်ကြီးက မင်းတို့ အလှူရှင် မရှိတော့ဘူး။ နောက်တစ်ခါဆို ကိုယ့်စရိတ်နဲ့ကိုယ် လာရမယ်ဆိုပြီး ထပ်ချိန်းတာ။ အဆင်မပြေလို့ သွားမကုနိုင်တော့ဘူး။ သူ့ခေါင်းမှာ ထည့်ထားတဲ့ ပိုက်အခြေအနေကို ခွဲစိတ်ကြည့်ပြီး ပိုက်အသစ် ပြန်ထည့်ရမယ်။ မကုဘဲထားရင် ပိုဆိုးမယ်လို့ ဆရာဝန်တွေက ပြောတယ်။ အားဆေးတွေ မသောက်နိုင်တာလည်း ကိုးလလောက် ရှိပြီ။ စစ်ရှောင်စခန်း ရောက်လာတော့ အရမ်းခက်ခဲသွားတယ်။ ခေါင်းမနိုင်လို့ လမ်းမလျှောက်နိုင်တဲ့ အတွက် ခြေထောက်တွေပါ သေးသွားတယ်။ သူ့အသက်အရွယ်နဲ့ တန်တဲ့ အသိဉာဏ်လည်း မရှိတော့ဘူး” ဟု မိခင်ဖြစ်သူက ဆိုသည်။

မောင်ဂျိုးဇက် မျိုးအောင်၏ ဆေးကုသစရိတ်မှာ အခြားမည်သည့် ဆေးဝါး ကုသစရိတ်မှ မပါဝင်သေးဘဲ ယခုအသစ် ထပ်မံထည့်သွင်းရမည့် ပိုက်တစ်ချောင်းပင် ကျပ်တစ်သိန်းကျော် ကျသင့်ပြီး မန္တလေးမြို့သို့ သွားလာစရိတ်မှာ ကျပ်သုံးသိန်းခန့် ကုန်ကျမည် ဖြစ်ကြောင်းနှင့် နောက်ဆုံးတစ်ကြိမ် ဆေးကုသရန်အတွက် မန္တလေးမြို့သို့ သွားရောက်စဉ်က ကရုဏာ မြန်မာလူမှုကူညီရေးအဖွဲ့ (ဗန်းမော်) က ငွေကျပ်လေးသိန်း ကူညီ ထောက်ပံ ပေးခဲ့ကြောင်း မိုးမောက် စစ်ရှောင်စခန်း တာဝန်ခံ၏ ပြောပြချက်အရ သိရသည်။

မောင်ဂျိုးဇက်မျိုးအောင်တို့ မိသားစုသည် အစိုးရနှင့် ကေအိုင်အို တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကျရီရွာမှ မိုးမောက်မြို့ ကက်သလစ် အသင်းတော် စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ဗန်းမော်ခရိုင် မိုးမောက်မြို့ရှိ ကက်သလစ် ခရစ်ယာန် အသင်းတော် စစ်ရှောင်စခန်းတွင် ခိုလှုံ နေထိုင်လျက်ရှိသည့် အသက် ၁၁ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦးမှာ မွေးရာပါ ဦးခေါင်းကြီး ရောဂါ ခံစားနေရသဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် အကူအညီ လိုအပ်လျက် ရှိကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် စစ်ရှောင်စခန်း တာဝန်ခံများထံမှ သိရှိရသည်။

ဦးခေါင်းကြီးရောဂါ ခံစားနေရသော ကလေးငယ် မောင်ဂျိုးဇက် မျိုးအောင်သည် မွေးကင်းစ အရွယ်တွင် မည်သည့် ရောဂါမျှ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ အသက်လေးလ အရွယ်ခန့်တွင်မှ ပါးစပ်မှ ရေများ ပန်းထွက်လာသည့် ရောဂါလက္ခဏာ စတင်ဖြစ်ပွားလာခဲ့သည့် နောက်ပိုင်း ဦးခေါင်းမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ရာ သူ၏ဦးခေါင်းကို မနိုင်သဖြင့် ထိုင်ပင် မထိုင်နိုင်ခဲ့ကြောင်း မိုးမောက် စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောကြားသည်။

မောင်ဂျိုးဇက် မျိုးအောင်တို့ မိသားစုသည် မိုးမောက် စစ်ရှောင်စခန်းသို့ မရောက်မီ ကျရီဆိုသော ရွာတွင် နေထိုင်ခဲ့ပြီး မောင်ဂျိုးဇက်မျိုးအောင် ခုနစ်နှစ် အရွယ်ထိ ထိရောက်သော ဆေးကုသမှုများ မလုပ်နိုင်၍ ကျရီရွာ၌ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မန္တလေးသို့ သွားရောက် ဆေးကုသနိုင်ရန်အတွက် ကူညီထောက်ပံ့ ပေးခဲ့သဖြင့် စစ်မဖြစ်မီ အချိန်ထိ သုံးနှစ်ခန့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဦးခင်မောင်လွင်နှင့် ပြသကာ ဆေးကုသမှု ခံယူခဲ့ကြောင်း

ကမ္ဘာ့ဖလား သုဝဏ္ဏကွင်း၌ ၁၂ နာရီကြာ ပြသမည်

Photo: ကမ္ဘာ့ဖလား သုဝဏ္ဏကွင်း၌ ၁၂ နာရီကြာ ပြသမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ကမ္ဘာတစ်ဝန်း လှည့်လည်ပြသမည့် ကမ္ဘာ့ဖလား၏ World Tour အစီအစဉ်အရ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် ကမ္ဘာ့ဖလားကို ရန်ကုန်မြို့တော်ရှိ သုဝဏ္ဏ အားကစားကွင်း၌ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ အချိန် ၁၂ နာရီကြာ ပရိသတ်ကို ပြသသွားမည် ဖြစ်ကြောင်း စီစဉ်သူ Coca Cola Myanmar ထံမှသိရသည်။

အဆိုပါ ကမ္ဘာ့ဖလားကြီးမှာ မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် ရောက်ရှိလာမည် ဖြစ်ပြီး နှစ်ရက်ကြာ ထားရှိမည် ဖြစ်ကြောင်း၊ သုဝဏ္ဏကွင်း၌ ပြသမည့် အခမ်းအနားသို့ ပရိသတ် တစ်သောင်းခြောက်ထောင်ကျော် တက်ရောက်ရန် ခန့်မှန်းထားပြီး မြန်မာ့ လက်ရွေးစင်အသင်းနှင့် တွေ့ဆုံ မိတ်ဆက်နိုင်မည့် အစီအစဉ်ကိုပါ ထည့်သွင်းထားကြောင်း Coca Cola Myanmar က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသို့ လာရောက်ပြသမည့် ကမ္ဘာ့ဖလားကို ၁၉၇၃ ခုနှစ်တွင် သွန်းလုပ်ထားခြင်း ဖြစ်ပြီး ဆုဖလား အောက်ခြေတွင် ၁၉၇၄ ခုနှစ်မှစတင်၍ ကမ္ဘာ့ဖလား ဗိုလ်စွဲခဲ့သည့် နိုင်ငံအမည်များကို ရေးထိုးထားကြောင်း Coca Cola ၏ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒပြသူတစ်ဦး ရဲစခန်းတွင် လာရောက် အဖမ်းခံ

Photo: တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒပြသူတစ်ဦး ရဲစခန်းတွင် လာရောက် အဖမ်းခံ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒထုတ်ဖော် ခဲ့သူများတွင် ပါဝင်ခဲ့ပြီး တရားစွဲဆို ခံရမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ Generation Youth အဖွဲ့မှ ဦးစည်သူသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဒဂုံမြို့နယ် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်နေ့က တက်ကြွ လှုပ်ရှားသူ ၅၀ ခန့် ဆူးလေဘုရားမှ တရုတ်သံရုံးရှေ့ထိ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ် ဖော်သူ လေးဦးကို ဒဂုံမြို့နယ် ရဲစခန်းက နိုင်ငံတော် အေးချမ်းသာယာရေး နှောင့်ယှက် ဖျက်ဆီးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ 

အဆိုပါ တရားစွဲဆိုခံရသူ လေးဦးအနက် ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို ဒီဇင်ဘာလ ၃ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့သော်လည်း ဦးစည်သူနှင့် နောက်တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေ ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဦးစည်သူက ဒဂုံမြို့နယ် ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

သို့သော် မည်သည့် အကြောင်းကြောင့် လာရောက် အဖမ်းခံသည်ကို အဆိုပါ မြို့နယ် ရဲစခန်း တာဝန်ကျရဲ အရာရှိက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံမီးရှို့ ဆန္ဒပြခဲ့သောကြောင့် နိုင်ငံတော် အေးချမ်းသာယာရေး နှောင့်ယှက် ဖျက်ဆီးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဦးအောင်စိုးမှာ ထွက်ပြေး လွတ်မြောက် နေသေးကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ 

အဆိုပါ တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသူ ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က အမှုဟောင်း တစ်ခုဖြင့် ဒဂုံမြို့နယ် တရားရုံးက ထပ်မံ တရားစွဲဆို ထားကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒထုတ်ဖော် ခဲ့သူများတွင် ပါဝင်ခဲ့ပြီး တရားစွဲဆို ခံရမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ Generation Youth အဖွဲ့မှ ဦးစည်သူသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ဒဂုံမြို့နယ် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်နေ့က တက်ကြွ လှုပ်ရှားသူ ၅၀ ခန့် ဆူးလေဘုရားမှ တရုတ်သံရုံးရှေ့ထိ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒထုတ် ဖော်သူ လေးဦးကို ဒဂုံမြို့နယ် ရဲစခန်းက နိုင်ငံတော် အေးချမ်းသာယာရေး နှောင့်ယှက် ဖျက်ဆီးမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အဆိုပါ တရားစွဲဆိုခံရသူ လေးဦးအနက် ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို ဒီဇင်ဘာလ ၃ ရက်နေ့ ကတည်းက ဖမ်းဆီးခဲ့သော်လည်း ဦးစည်သူနှင့် နောက်တစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေ ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဦးစည်သူက ဒဂုံမြို့နယ် ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန်ကုမ္ပဏီများကို စက်ရုပ်များ သိမ်းပိုက်လိုက်ပြီ

မဇ္ဈိမ|၀ါရှင်တန်၊ ဒီဇင်ဘာ ၁၉

Microsoft ကုမ္ပဏီနှင့် အကြီးစား နည်းပညာကုမ္ပဏီအများအပြားသည် ၎င်းတို့၏ဓာတ်ခွဲခန်းများအတွင်း စက်ရုပ်များကို တည်ဆောက်နေစဉ် Google နှင့် Amazon ကုမ်္ပဏီတို့သည်လည်း စက်ရုပ် နှင့်ဆက်စပ်သည့်ပစ်္စည်းများကို လုပ်ဆောင်လျက်ရှိသည်။

စက်ရုပ်များ တည်ဆောက်မှုသည် ဒေါ်လာထရီလီယံပေါင်းများစွာကုန်ကျသောလုပ်ငန်းတစ်ခုဖြစ် ကြောင်း ကာနီဂျီ မဲလွန်တက္ကသိုလ်စက်ရုံတည်ဆောက်မှုဆိုင်ရာဌာနမှ အခြေခံသုတေသနပညာရှင် ဒေးဗစ်ဘိုနီက ပြောကြားသည်။

Amazon ကုမ္ပဏီသည် မိနစ် ၃၀ အတွင်း သုံးစွဲသူများထံသို့ ပစ္စည်းများပေးပို့ရာတွင် အသုံးပြုသည့် မောင်းသူမဲ့ လေယာဉ်များတွင် ထည့်သွင်းအသုံးပြုနိုင်သည့် Amazon Prime Air စနစ်ကို ကြေညာခဲ့ ပြီးနောက် ယခုလအစောပိုင်းက ယင်းစနစ်သည် လူတိုင်းပါးစပ်ဖျား၌ ရေပန်းစားလျက်ရှိသည်။

Google ကုမ္ပဏီသည် ပြီးခဲ့သည့် သီတင်းပတ်က Boston Dynamics ကုမ္ပဏီကို ၀ယ်ယူခဲ့ကြောင်း၊ ယင်းကုမ္ပဏီသည် အမေရိကန်စစ်တပ်နှင့် လုပ်ငန်းလုပ်ဆောင်နေသောကုမ္ပဏီတစ်ခုဖြစ်ပြီး တိရစ်္ဆာန် ကဲ့သို့သောစက်ရုပ်များကို အများဆုံးထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် လူသိများသည်။

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU တပ်မဟာ (၅) တွင် ရှိနေ

အောက်တိုဘာအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများအတွင်း နောက်ကွယ်မှ ကြိုးကိုင်သူဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုး ဆိုသူမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ တွင် ရှိနေကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်စသည့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှု များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းမိခဲ့သူများနှင့် သံသယ ရှိသူများမှာ KNU အဖွဲ့ အစည်းနှင့် ပတ်သက်နေသည်ဟု အစိုးရဘက်က ထုတ်ပြန်မှုများ ရှိခဲ့သည်။

ယင်းအပေါ်တွင် KNU ဘက်ကလည်း ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကာ ၎င်းတို့နှင့် ပတ်သက်မှုရှိပါက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ခင်ပွန်းဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ဟု လက်ထပ်ပြီးခါစ ဇနီးသည်က ရဲစခန်းတွင် အမှုဖွင့်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။ လက်ထပ် ပြီးခါစဇနီးသည်က ယောက်ျားဖြစ်သူအား အလို မတူဘဲ သားမယားအဖြစ်ပြု ကျင့်သည်ဟုဆိုကာ ကမာရွတ် မြို့နယ်တွင် တိုင်တန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းအရ သိရ သည်။

အမျိုးသမီးမှာ ခင်ပွန်း ဖြစ်သူနှင့် ဒီဇင်ဘာ ၅ရက်တွင် လက်ထပ်ခဲ့သူဖြစ်ပြီး ဇနီးဖြစ် သူ၏မိဘများ သဘောမတူ သည်ကို မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ အရက်ပုလင်း နှင့် ရိုက်နှက်ခြင်း၊ အခန်းတံခါး သော့ ပိတ်ထားပြီး အပြင် သို့ အော် ဟစ် အကူအညီ တောင်းခံပါက မီးဖိုချောင်မှ ဓားဖြင့်ထိုးသတ် မည်ဟု ခြိမ်းခြောက်ခြင်းများပြု ကာ ဒီဇင်ဘာ ၈ရက်မှ ၁၄ရက် အထိ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့သည့်အတွက် ဒီဇင် ဘာ ၁၈ရက်တွင် ကမာရွတ်ရဲ စခန်း၌ တိုင်ချက် ဖွင့်ခဲ့ ကြောင်း သိရသည်။

Myanmar Handsome အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေမှု ၁၀ ရက်ကြာသည်အထိ ပြေလည်မှု မရရှိသေး

Photo: Myanmar Handsome အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြနေမှု ၁၀ ရက်ကြာသည်အထိ ပြေလည်မှု မရရှိသေး

Myanmar Handsome အထည်ချုပ် စက်ရုံမှ အလုပ်သမား ၇၀ ခန့်၏ လုပ်ခလစာ တိုးမြှင့်ပေးရန် အပါအ၀င် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားခေါင်းဆောင် (၁၇) ဦးအား အလုပ်ပြန်လည်ခန့်ထားရန် အတွက် ဆန္ဒပြတောင်းဆိုနေမှုများမှာ ၁၀ ရက်ကြာသည့် ဒီဇင်ဘာ ၁၉ ရက်အထိ ပြေလည်မှုမရရှိသေးကြောင်း သိရသည်။

ဒဂုံအရှေ့မြို့နယ်၊ ၁၁၈ ရပ်ကွက်၊ စက်မှုဇုန်၊ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းရှိ တရုတ်လူမျိုး Mr. Yuzhihua ပိုင်ဆိုင်သော Myanmar Handsome အထည်ချုပ်စက်ရုံတွင် ဒီဇင်ဘာ ၉ ရက်က အလုပ်သမားခေါင်းဆောင် (၁၇) ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် ကျန်အလုပ်သမား ၃၇၅ ဦး မှာ မကျေမနပ်ဖြစ်ကာ စက်ရုံအတွင်း လုပ်ငန်းခွင်သို့ ၀င်ရောက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ စက်ရုံဝင်းအတွင်းတွင် ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ် သည်။

အလုပ်သမားများမှာ ယခင်က အခြေခံလစာအဖြစ် တစ်နာရီလျှင် ကျပ် ၁၅၀ သာရရှိပြီး ကျပ် ၂၅၀ သို့ တိုးမြှင့်ပေးရန်နှင့် အထည်ချုပ်လုပ်နိုင်မှုအပေါ် ဆုကြေးများပေးရန်နှင့် သူဌေးလူယုံ တရုတ်စကားပြန်နှင့် အလုပ်သမားများအား စိတ်ဝမ်းကွဲစေရန် ဖန်တီးသော All SV များအား အလုပ်မှထုတ်ပယ်ပေးရန်အပါအ၀င် အချက် ၁၉ ချက်အား တောင်းဆိုပြီး ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

" အလုပ်ရှင်ကတော့ ကျွန်တော်တို့ တောင်းဆိုတဲ့ နာရီကြေးလစာတိုးမြှင့်ပေးဖို့ရယ်၊ အထည်ချုပ်ဆုကြေးပေးဖို့ရယ်၊ သူဌေးလူယုံတွေကို အလုပ်ထုတ်ပေးဖို့ဆိုတဲ့ အချက်သုံးချက်ကိုတော့ မလိုက်လျောပါဘူး။ ၁၉ ချက်ထဲက ကျန်တဲ့အချက်တွေကိုတော့ လိုက်လျောပါတယ်။ ဒါပေမဲ့လည်း သူတို့ မလိုက်လျောတဲ့အချက်တွေက ဆန္ဒပြရခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေပဲမို့လို့ ကျွန်တော်တို့ ဆက်လက်ဆန္ဒပြသွားမှာပါ " ဟု ကိုသက်မျိုးအောင်က  The Daily Eleven သို့ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်း က ပြောကြားသည်။ ယင်းကဲ့သို့ ဆန္ဒပြမှုဖြစ်စဉ်နှင့် ပတ်သက်၍ စက်ရုံမှ တရုတ်အလုပ်ရှင်၏ စကားပြန် မအေးသီတာ၏ ဖုန်းအား  The Daily Eleven မှ မေးမြန်းရာတွင် မအေးသီတာ၏ဖုန်း မဟုတ်ပါဟု ဖြေကြားခဲ့ပြီး အေးသီတာ၏ဖုန်းအား ပြန်လည်ဆက်သွယ်ပေးပါမည်ဟု ပြန်လည်ဖြေကြားသည်။ သို့သော် ပြန်လည်ဆက်သွယ်ပေးခဲ့ခြင်းမရှိသည့်အပြင် နောက်ထပ် ငါးကြိမ်ခန့် ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရခဲ့ပေ။

ယင်းသို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေမှုအား ဒီဇင်ဘာ ၁၄ ရက်တွင် ဒဂုံအရှေ့မြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးရုံးတွင် တိုင်းအလုပ်သမားဦးစီးမှူးအပါအ၀င် အခြားအလုပ်သမားများဆိုင်ရာ တာဝန်ရှိသူများ က အလုပ်ရှင်နှင့် အလုပ်သမားများအကြားတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း ပြေလည်မှုမရရှိသေးဘဲ ဒီဇင်ဘာ ၁၈ ရက်တွင် တိုင်းအလုပ်သမားခုံသမာဓိရုံး သို့ တင်ပို့တိုင်ကြားထားကြောင်း သတင်းရရှိသည်။

Myanmar Handsome စက်ရုံရှေ့တွင် ဆန္ဒပြနေကြသော အလုပ်သမားများအား ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

Myanmar Handsome အထည်ချုပ် စက်ရုံမှ အလုပ်သမား ၇၀ ခန့်၏ လုပ်ခလစာ တိုးမြှင့်ပေးရန် အပါအ၀င် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားခေါင်းဆောင် (၁၇) ဦးအား အလုပ်ပြန်လည်ခန့်ထားရန် အတွက် ဆန္ဒပြတောင်းဆိုနေမှုများမှာ ၁၀ ရက်ကြာသည့် ဒီဇင်ဘာ ၁၉ ရက်အထိ ပြေလည်မှုမရရှိသေးကြောင်း သိရသည်။

ဒဂုံအရှေ့မြို့နယ်၊ ၁၁၈ ရပ်ကွက်၊ စက်မှုဇုန်၊ ပန်းတဉ်းဝန် ဦးရွှေဘင်လမ်းရှိ တရုတ်လူမျိုး Mr. Yuzhihua ပိုင်ဆိုင်သော Myanmar Handsome အထည်ချုပ်စက်ရုံတွင် ဒီဇင်ဘာ ၉ ရက်က အလုပ်သမားခေါင်းဆောင် (၁၇) ဦးအား အလုပ်မှ ထုတ်ပယ်ခဲ့သည့်အတွက် ကျန်အလုပ်သမား ၃၇၅ ဦး မှာ မကျေမနပ်ဖြစ်ကာ စက်ရုံအတွင်း လုပ်ငန်းခွင်သို့ ၀င်ရောက်လုပ်ကိုင်ခြင်းမရှိတော့ဘဲ စက်ရုံဝင်းအတွင်းတွင် ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ် သည်။

အလုပ်သမားများမှာ ယခင်က အခြေခံလစာအဖြစ် တစ်နာရီလျှင် ကျပ် ၁၅၀ သာရရှိပြီး ကျပ် ၂၅၀ သို့ တိုးမြှင့်ပေးရန်နှင့် အထည်ချုပ်လုပ်နိုင်မှုအပေါ် ဆုကြေးများပေးရန်နှင့် သူဌေးလူယုံ တရုတ်စကားပြန်နှင့် အလုပ်သမားများအား စိတ်ဝမ်းကွဲစေရန် ဖန်တီးသော All SV များအား အလုပ်မှထုတ်ပယ်ပေးရန်အပါအ၀င် အချက် ၁၉ ချက်အား တောင်းဆိုပြီး ဆန္ဒပြကြခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား

Photo: တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသို့ ပေးအပ်ခဲ့သည့် ပါမစ်အရေအတွက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင် လုပ်ကိုင်နေသည့် သမ္မတရုံး ၀န်ကြီးဌာန-၄ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် MPC မှ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပဒိုမန်းငြိမ်းမောင်ကမူ ၎င်းတို့အဖွဲ့ ရရှိခဲ့သော အရေအတွက်အပြင် အခြားအဖွဲ့များ ရရှိသည့် အရေအတွက်စာရင်း အတိအကျကို စာရွက်ကိုင်လျက် ထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရ အနေဖြင့် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့သို့ ကားပါမစ်များ ပေးအပ်ထားပြီး စုစုပေါင်း အနေဖြင့် အခွန်လုံးဝ ကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

၎င်းတို့အဖွဲ့ အနေဖြင့်မူ လုံးဝ အခွန်ကင်းလွတ်ခွင့် အစီး ၄၀ ရပြီး ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၈၀ ရကြောင်း၊ လုံးဝအခွန်ကင်းလွတ် အစီး ၄၀ ကို ခရိုင် တစ်ခုစီနှင့် တပ်မဟာ တစ်ခုစီကို ကားနှစ်စီးနှုန်းဖြင့် ဝေပေးပြီး ကျန်သည့် ကားများကို ဗဟိုကယူကြောင်း၊ ကျန်သည့် အခွန်ဆောင်ရသည့် ကားများမှာမူ ရောင်းထုတ်လိုက်သည့် သဘောရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ထိုအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။

နောက်ထပ် အစိုးရက ကားပါမစ် ချပေးရန် ရည်မှန်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၃၀ စီဖြစ်ပြီး အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မရှိသေးကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

The Daily Eleven မှ ရရှိခဲ့သော အချက်အလက်များအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) တွင် ငြိမ်းချမ်းရေး ကားပါမစ်များအတွက် အစီး ရေ ၃၀၀၀ ချန်ထားကြောင်း သိရသည်။ သို့ရာတွင် ထိုအစီးရေ ၃၀၀၀ အနက် မည်မျှကို ပါမစ်ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် မည်သည့်ကား အမျိုးအစားများ တင်သွင်းနေသည် ဆိုခြင်းကို အစိုးရ တာဝန်ရှိသူ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အခြားတစ်ဖက်တွင်မူ သမ္မတကိုယ်တိုင် ထုတ်ပေးထားသော ငြိမ်းချမ်းရေး ကားပါမစ်များကို ပြန်ဝယ်ပြီး Rolls-Royce၊ Bentley အစရှိသော မြို့ပေါ်သုံး အဆင့်မြင့် ဇိမ်ခံကားများ၊ တန်ဖိုးမြင့် ပြိုင်ကားများကို တင်သွင်းနေသဖြင့် ကားပါမစ်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့်တန်ဖိုး မရရှိဘဲ ဖြစ်နေသည့်အပြင် နိုင်ငံတော် အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်းသူ အချို့သာ ကောင်းစားသွားခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာလျက် ရှိနေကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီး တန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည် ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ် ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေ ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာများစွာ နစ်နာနေခြင်း ဖြစ်သည်။

ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ် ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေး ပါမစ်များဖြင့် လက်ရှိ တင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls- Royce အမျိုးအစား ကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင် အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစား ကားများသည် အစီး ၂၀ နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် တင်သွင်းနေသော ဇိမ်ခံကားများကို မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျက် ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lamborghini, Lexus, BMW ကဲ့သို့ကားများ အများဆုံး နံပါတ် ထုတ်ယူကြောင်း သိရသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးနေသည့် အစီအစဉ်ကို မကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော RFA သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

''အစ်မကတော့ မကြိုက်ဘူး။ ဘယ်လို အဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အစ်မနားမလည်ဘူး။ ကားပါမစ်က ကားပါမစ်သက်သက် ကိစ္စပေါ့နော်။ သူ့ဘာသူ သူ့လမ်းနဲ့သူ သွားရမှာ။ အပစ်အခတ် ရပ်စဲရေးတွေကတစ်ဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ ရတာပဲ။ ဒီကားပါမစ်ကိစ္စက အများကြီး ရှုပ်ရှုပ်ထွေးထွေးလည်း ရှိတတ်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

(မြန်မာ-ထိုင်း နယ်စပ်မှ Lamborghini ကားတစ်စီးအား တင်သွင်းလာစဉ်)
(မြန်မာ-ထိုင်း နယ်စပ်မှ Lamborghini ကားတစ်စီးအား တင်သွင်းလာစဉ်)
တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis