အက်ဆေးတပုဒ် ရေးရမယ်လို့ ကိုယ့်ကိုယ်ကို စေခိုင်းတော့
ထုံးစံအတိုင်း စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်တဲ့အခါ လုပ်နေကျအတိုင်း ဝရံတာကို ထွက်လိုက်တယ်။
အက်ဆေး တပုဒ်ရေးမယ့်အစား..........
ဝရံတာ ပေါ်က ခုန်ချပြီး ဘဝကို အဆုံးစီရင်လိုက်တာက ပိုကောင်းမယ်လို့...........
တယောက်ယောက်က (အသံ တစ်ခုခုက) ဖျားယောင်းတာခံနေရသူလို ဝရံတာစွန်းမှာရပ်မိတယ်။
ခက်တာက ကိုယ်က ပထမထပ်မှာ နေတာ ဆိုတော့....
အောက်ခြေသံမံသလင်းနဲ့ ခေါင်းနဲ့ ခွပ်ကနဲ ပစ်ဆောင့်ပြီး ကိစ္စပြီးဖို့က ဖြစ်နိုင်ချေ နည်းလွန်းနေတယ်။
ကိုယ်ဘာကောင်လဲ၊
ကိုယ်ဘယ်က လာသလဲ
ကိုယ်ဘယ်ရောက်နေတာလဲ (ဝရံတာအစွန်းတခုမှာလို့ ပြောဖို့ကတော့ တိမ်လွန်းလှပါတယ်)
ကိုယ် ဘယ်ကိုဆက်သွားမှာလဲ၊ (တုန်လှုပ်ခြောက်ခြားစရာ) ။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် KIO
ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော KIO
ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် ဆွေးနွေးပွဲအပြီး
တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

Miss Diaspora Models International 2012-2013 ပြိုင်ပွဲတွင်
မြန်မာအလှမယ် တစ်ဦး ဖြစ်သည့် နီဒါတေလာမိုး (မြန်မာအမည် ယမုံမိုး) သည်
မြန်မာကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိရာ အင်တာနက်မှတစ်ဆင့်
မဲပေးရွေးချယ်ရာတွင် အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းအထိ မဲစုစုပေါင်း
၁၇၀၀၀ကျော်ဖြင့် ထိပ်ဆုံးမှဦးဆောင်လျက် ရှိသည်ဟု သိရှိရသည်။
အဆိုပါပြိုင်ပွဲကို အမေရိကန်နိုင်ငံ နယူးရောခ့်မြို့တွင် နိုဝင်ဘာလ
၃ရက်နေ့၌ စတင်ပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင်မူ အင်တာနက် မှတစ်ဆင့်
မဲပေးရွေးချယ်သည့် အဆင့်ဖြင့် ယှဉ်ပြိုင်လျက်ရှိကာ အောက်တိုဘာလ ၃၀ ရက်နေ့ည
၁၂ နာရီ ကျော် နောက်ဆုံးထား မဲပေးခွင့်ရှိခဲ့ ကြောင်းသိရသည်။