ဧရာဝတီရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ မုန်းချောင်းမှာ ပျော်တဲ့ ကျောင်းတော်ရာ ဘုရားဖူးငါးကြီးတွေ ဘာ့ကြောင့် တဖြေးဖြေးအလာနဲသွားကြတယ်၊ သူတို့တွေကို ဟိုးအရင်တုန်းကလို အုံနဲ့ကျင်းနဲ့ တပျော် တပါးကြီး ပြန်တွေ့ချင်ရင် ဘာတွေ လုပ်ဖို့ လိုတယ်ဆိုတာတွေကို ဒီတပတ်မှာ ပြောပြပါရစေ
အနောက်ရိုးမမှာ မြစ်ဖျားခံတဲ့ မုန်းချောင်းဟာ ရေနံချောင်းနဲ့ မကွေးကြားမှာ ဧရာဝတီမြစ်ထဲကို အနောက်ဖက် ကနေ စီးဝင်ပါတယ်။ မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ထဲမှာရှိတဲ့ လယ်ကိုင်း စန္ဒကူးနံ့သာ ကျောင်းတော်ရာ ဘုရားဆီကို နှစ်စဉ်နှစ်တိုင်း ၀ါတွင်း ကာလရောက်ရင် ငါးကြီးတွေလာပြီး ဘုရားဖူး ကြတယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။  ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှုး တာဝန်ထမ်းဆောင်ခဲ့တဲ့ ငါးလေ့လာရေး မစ္ဆဗေဒ ပညာရှင် ဦးညွန့်လှိုင်ကတော့ ဒီငါးကြီး တွေဟာ ခေါင်းကြီးကြီး ပါးစပ်ကျယ်ကျယ် ငါးထွေငါးကြီးတွေ ဖြစ်ပြီး ဥဥဖို့၊ အစာစားဖို့ အတွက် အုပ်စုလိုက် ရွှေ့ပြောင်း သွားလာကြတာလို့ ပြောပါတယ်
"ကျွန်တော်က ရေနံချောင်းသားဆိုတော့ အဲ့ဒီနေရာနဲ့ နီးတော့ ခလေးဘ၀တုန်းက ခဏခဏ သွားပြီးတော့ ငါးတွေကို