နယူးယောက် ဘရွတ်က လင်းနယ်မြေဘရောင်းစ်ဗီးလ် ၌ အန်တက်ဟင်းနစ်ဆိုသူကလေး
၏မျက်နှာအား သေနတ်ဖြင့်ပစ် ခတ်မှုတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရဲမင်းကြီးရေမွန်ကေလီ က ကလေး၏ဖခင်အား ရည်ရွယ် ပစ်ခတ်မှုဖြစ်နိုင်သည်ဟုဆိုသည်။
ကလေး၏မိဘများ ကလေး အား ဆေးရုံသို့ပို့ပေးခဲ့ရာ ဆေး ရုံက မျက်နှာ၏လက်ဝဲဘက်ကို သေနတ်မှန်၍ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၃နှစ်ရှိ မျက် မြင်သက်သေဂီနာဂမ်ဘိုက နယူး ယောက်ပို့စ်သတင်းစာသို့
ပြော ကြားရာတွင် ''ကျွန်တော်သေ နတ်သံ သုံးလေးချက်ကြားလိုက် ရတယ်''ဟု
ဆိုသည်။
''လမ်းလျှောက်နေတဲ့ လူ တစ်ဦးငိုကြွေးနေတာ တွေ့ရ တယ်။
ကျွန်တော့်ကလေးသေ နတ်ပစ်ခံရတယ်။ ကျွန်တော့် ကလေးသေနတ်ပစ်ခံရတယ်ဟု
သွေးရူးသွေးတန်းငိုကြွေးနေ တယ်''ဟု ၎င်းက ဆိုသည်။
သေနတ်ဒဏ်ရာလေးခု လက်တွန်းလှည်း၌ တွေ့ရသည် ဟု ရဲမင်းကြီးကယ်လိုက သတင်း ထောက်များကို ပြောခဲ့သည်။
နယူးယောက် ဘရွတ်က လင်းနယ်မြေဘရောင်းစ်ဗီးလ် ၌ အန်တက်ဟင်းနစ်ဆိုသူကလေး ၏မျက်နှာအား သေနတ်ဖြင့်ပစ် ခတ်မှုတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ရဲမင်းကြီးရေမွန်ကေလီ က ကလေး၏ဖခင်အား ရည်ရွယ် ပစ်ခတ်မှုဖြစ်နိုင်သည်ဟုဆိုသည်။
ကလေး၏မိဘများ ကလေး အား ဆေးရုံသို့ပို့ပေးခဲ့ရာ ဆေး ရုံက မျက်နှာ၏လက်ဝဲဘက်ကို သေနတ်မှန်၍ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၃နှစ်ရှိ မျက် မြင်သက်သေဂီနာဂမ်ဘိုက နယူး ယောက်ပို့စ်သတင်းစာသို့ ပြော ကြားရာတွင် ''ကျွန်တော်သေ နတ်သံ သုံးလေးချက်ကြားလိုက် ရတယ်''ဟု ဆိုသည်။
''လမ်းလျှောက်နေတဲ့ လူ တစ်ဦးငိုကြွေးနေတာ တွေ့ရ တယ်။ ကျွန်တော့်ကလေးသေ နတ်ပစ်ခံရတယ်။ ကျွန်တော့် ကလေးသေနတ်ပစ်ခံရတယ်ဟု သွေးရူးသွေးတန်းငိုကြွေးနေ တယ်''ဟု ၎င်းက ဆိုသည်။
သေနတ်ဒဏ်ရာလေးခု လက်တွန်းလှည်း၌ တွေ့ရသည် ဟု ရဲမင်းကြီးကယ်လိုက သတင်း ထောက်များကို ပြောခဲ့သည်။














![မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း သေဆုံးမှုအား ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိ
Created on Wednesday, 04 September 2013 01:59
မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး နေအိမ်အတွင်း ဆေးထိုးအပ်နှင့်အတူ စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းက သေဆုံးလျက်ရှိပြီး သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဟုတ်မဟုတ် စစ်ဆေးလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က စက်တင်ဘာ ၃ ရက်က ပြောကြားခဲ့သည်။
ထို့ပြင် သေဆုံးသူသည် မြောက်ဥက္ကလာပမြို့နယ် ဆေး ၂ တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာနိုင်လင်းဆိုသူဖြစ်ပြီး အသက် ၄၀ ရှိပြီဖြစ်ကြောင်း သေဆုံးသူ၏ ဖခင်ထံမှ သိရသည်။
"သေဆုံးသွားတဲ့ ဒေါက်တာနိုင်လင်းကို နေအိမ်ခုတင်ဘေးမှာ ဆေးထိုးအပ်နဲ့အတူ တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ အတိအကျကတော့ ဆေးစာပြန်ကြားချက်ရမှ သိရပါတယ်။ သေဆုံးသူရဲ့ ဇနီးသည် အပြင်ကပြန်လာမှ သေနေတာကို တွေ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ဒေါက်တာသေဆုံးတဲ့ သတင်းကို ၈ နာရီလောက်မှ သိရပါတယ်" ဟု သင်္ဃန်းကျွန်း မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က ပြောကြားသည်။
သေဆုံးသူသည် ဇနီးဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ အတွင်းရှိ အလုပ်သင် ဆရာဝန်အဆောင်တွင် နေထိုင်သူဖြစ်ပြီး ယခင်က စံပြဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် ဆေး ၂ တွင် ကထိကအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ကြောင်း သေဆုံးသူ၏ ဖခင်က ဆိုသည်။
ဒေါက်တာနိုင်လင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဒုရဲမှူးသိန်းဟန်က သေဆုံးသူ ဒေါက်တာနိုင်လင်း၏ ခုတင်ခြေရင်းတွင် ထောင်ထားသော ၀ှိုက်ဘုတ်တွင် I love you very much Hnin Hnin ဟု ရေးသားထားမှုမှာ မသေခင် ဒေါက်တာနိုင်လင်းမှ ရေးသားထားခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် အဆိုပါ စာတန်းအောက်တွင် ဒေါက်တာနိုင်လင်းက လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါ ဒေါက်တာနိုင်လင်း သေဆုံးမှု ဖြစ်စဉ်ကို သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဒုရဲမှူးသိန်းဟန်က ပြောကြားခဲ့သည်။
ထို့ပြင် စက်တင်ဘာ ၁ ရက်က ရန်ကင်းသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သွားအတုဌာနတွင် တာဝန်ထမ်းဆောင်နေသော ကထိက ဆရာဝန်တစ်ဦးသည် ရန်ကင်းမြို့နယ်၊ ၅ ရပ်ကွက်၊ ရွှေအုန်းပင်အိမ်ရာ ၂ ရှိ နေအိမ်တိုက်ခန်းအတွင်း ရေချိုးခန်း၏ ထုပ်တန်းတွင် နိုင်လွန်ကြိုးကွင်းစွပ်ကာ သေဆုံးခဲ့ကြောင်း သိရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်ထံမှ သိရသည်။
____________________________________
Reference and Credit to -သတင်း-Eleven Media Group
ဓာတ်ပုံ-ကိုမြတ်နိုင်ထွန်း
Posted By Admin Team[https://www.facebook.com/newsofmyanmar]
(email:newsofburma.myanmar@gmail.com)](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s403x403/526340_632330260121791_1441695742_n.jpg)






