menu

Thursday 15 August 2013

နာလန်မထူနိုင်သေးသူများ( အောင်သူငြိမ်း )

D-14-8
အညာနေပြင်းပြင်းဒဏ် ခံနေရသည့် သက်ရင့်မြေပဲစိုက်ခင်း အချို့ကို တွေ့ရစဉ်
မိုးရွာသွန်းမှု နည်းပါခြင်း အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများကြောင့် မကွေးတိုင်းဒေသကြီး အတွင်းမှ တောင်သူများ အရှုံးကို ခါးစည်းခံခဲ့ရသည်မှာ ၂၀၁၂ ခုနှစ်အထိ လေးနှစ်ဆက်တိုက် ရှိခဲ့ပြီ ဖြစ်သည်။ ရေတိုကုစားနည်းများဖြင့် မစွမ်းသာသည့် ရာသီဥတု ဖောက်ပြန်မှုများက ယခုနှစ်အတွက်လည်း အညာတောင်သူများအား စိန်ခေါ်လျက် ရှိနေပြန်သည်။ လေးနှစ်စာ အရှုံးအတွက် နာလန်မထူနိုင် သေးသော်လည်း မိုးနံ့သင်းသည်နှင့် မြေကြီးဖြင့် နပန်းလုံးရလေ့ရှိသည့် တောင်သူများမှာ မ၀ံ့မရဲဖြင့်ပင် ယခုနှစ်အတွက် စိုက်ပျိုးရေးကို တာလွှတ်ခဲ့ရပြန်သည်။
မိုးနည်းရပ်ဝန်း ဖြစ်သည့်အလျောက် သဘာဝမိုးရေကိုသာ အားထားသောက်ရသော အညာဒေသ စိုက်ခင်းများအတွက် မိုးဦးပိုင်း ကတည်းက မိုးရွာသွန်းမှု နည်းခဲ့သည်။ မကွေးတိုင်းအတွင်း မကွေး၊ တောင်တွင်းကြီး၊ အောင်လံနှင့် သရက်မြို့နယ်များတွင် ပုံမှန်ရာသီချိန်အတိုင်း မိုးဦးသီးနှံများ စိုက်ပျိုးနိုင်ခဲ့သော်လည်း ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ ပခုက္ကူ၊ ရေစကြို၊ မြိုင် စသည့်မြိုနယ်များတွင် မိုးဦးနှမ်းနှင့် သက်ရင့်မြေပဲများ တစ်လခန့် နောက်ကျ၍ စိုက်ပျိုးခဲ့ရသည်။

အင်တာနက် လွတ်လပ်ခွင့် တင်းကျပ်ထားသည့် အင်တာနက် ရန်သူစာရင်းတွင် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ ပါဝင်နေ

ပြင်သစ်နိုင်ငံ အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် နယ်စည်းမထား သတင်းထောက်များ အဖွဲ့မှ ထုတ်ပြန်သော အင်တာနက် ရန်သူနိုင်ငံများစာရင်း (Enemies of Internet-2012) တွင် မြန်မာနိုင်ငံသည် တရုတ်၊ ကျူးဘား၊ မြောက်ကိုရီးယား စသည့်နိုင်ငံများနှင့်အတူ ပါဝင်နေကြောင်း ၎င်းတို့စာရင်းအရ သိရသည်။
အဆိုပါ အင်တာနက် ရန်သူစာရင်းတွင် ထိပ်ဆုံးမှ ရှိနေသူမှာ ဘာရိန်းနှင့် ဘီလာရုစ်တို့ဖြစ်ပြီး  မြန်မာနိုင်ငံက တတိယနေရာမှ လိုက်နေခြင်း ဖြစ်သည်။
"၀က်ဘ်ဆိုက်တွေ ပိတ်တာမျိုး မရှိတော့တာမျိုးတော့ ကြာပြီ။ နောက်ပြီး အင်တာနက် ဆားဗစ်တွေ သုံးလို့ရနိုင်ဖို့အတွက် လိုအပ်တဲ့ port တွေကို ပိတ်ဆို့ထားတာမျိုးတွေ မရှိတော့တာလည်း ကြာပြီ။ ကျွန်တော်တို့က ဆင်ဆာကဏ္ဍကနေ ကြည့်မယ်ဆိုရင်တော့ ဒါမျိုးတွေ မရှိတော့တဲ့ အတွက်ကြောင့် လွတ်လပ်ခွင့်ရပြီလို့ ပြောနိုင်ပါတယ်။ အင်တာနက် လွတ်လပ်ခွင့်ဆိုတာ အင်တာနက် ဆက်သွယ်ရေးကို လူတိုင်းသက်သက်သာသာနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လိုအပ်ချက် ရှိနေပါတယ်။ လူတိုင်းအင်တာနက်ကို ဈေးသက်သက်သာသာနဲ့ မရနိုင်သေးဘူး။ နောက်တစ်ခုက အင်တာနက်က တော်တော်နှေးနေသေးတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံသို့ပြန်မည့် ထိုင်းနိုင်ငံသား တစ်ဦးထံမှ ကျည်ဆန်တောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျူးလွန်တဲ့သူကို အမှုဖွင့်ပြီး တရားရုံးကို အမြန်ဆုံး တင်ပို့စွဲဆိုနိုင်ဖို့ စစ်ဆေးနေတယ်။ ရဲလုပ်ငန်းတွေအရ ဒီကျည်ဆန်တွေကို ဘယ်က၀ယ်တယ်။ ဘယ်ကသယ်လာတယ်။ ဘာကြောင့် ယူလာတယ် ဆိုတာတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သူ့ဘက်ကတော့ ဒီကျည်ဆန်တွေ ပါလာတယ် ဆိုတာတောင် မသိဘူးဆိုပြီးတော့ ဇွတ်ငြင်းနေပါတယ် . . . . .

သြဂုတ် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ပထွက်ခွာသည့် ခရီးသည်များနှင့် အိတ်များကို Main X-ray စက်ဖြင့် စစ်ဆေးရှာဖွေနေစဉ် အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လိုက်ပါစီးနင်းမည့် ခရီးသည် တစ်ဦးဖြစ်သူ Ms.Gomes Suraphanapa (၂၃) နှစ် ကိုင်ဆောင်သော လက်ဆွဲပစ္စည်းအ၀ါနှင့် အနီကြား စိန်ဂေဟာတံဆိပ်ပါ ဈေးဝယ်အိတ်အတွင်း ထိုင်းစာတန်းပါ ကြွတ်ကြွတ်အိတ် အဖြူရောင်ထဲတွင်

၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် တပ်မတော်သား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ



မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေး ဂိတ်တွင် သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က လားရှိုး-ရန်ကုန်သို့ ထွက်ခွာမည့် ရွှေလီဦး မော်တော်ယာဉ်ကို စစ်ဆေးရာ တပ်မတော်သား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ မှန်လုံယာဉ် ဝမ်းဗိုက်အတွင်းရှိ ပစ္စည်းများကို အကောက်ခွန် ဦးစီးဌာနက စစ်ဆေးရာ ပီနံအိတ်ဖြင့် စွပ်ထားသော ယင်းတပ်မတော်သား၏ အိတ်တစ်လုံး အတွင်းမှ တစ်ပြားလျှင် ၀ ဒသမ ၁ ဂရမ်ရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀ ပြားစီ ပါဝင်သည့် အထုပ် ၁၀၀၊ စုစုပေါင်း စိတ်ကြွရူးသွပ် ဆေးပြား နှစ်သိန်း၊ အလေးချိန် ၂၀ ကီလိုဂရမ် သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါရုံး စာရင်းများအရ သိရသည်။

အကြွေစေ့ဂိမ်းဆိုင်ကြောင့် DKBA နှင့် ခရိုင်ရဲတပ်ဖွဲ့တို့ နှစ်ဖက်တင်းမာ


ဟင်္သာနီ(မွန်မြေ) | ကြာသပတေးနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၀၉ မိနစ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)နှင့် ဆက်စပ်မှုရှိသည့် ကော့ကရိတ်ခရိုင်အတွင်းမှ အကြွေစေ့ လောင်းကစားဆိုင်တစ်ခုကို ခရိုင်ရဲစခန်းက ၀င်ဖမ်းခဲ့ပြီးနောက်ပိုင်းတွင် ယင်းကိစ္စကို ဖြေရှင်းရန် လက်နက် အပြည့်အစုံပါလာသည့် DKBA မှ ကားနှစ်စီးက ရဲစခန်းသို့ သွားရောက်ခဲ့သဖြင့် နှစ်ဖက်တင်းမာခဲ့ရသည်။

သြဂုတ် ၁၂ ရက် နေ့လည်တွင် DKBA တပ်ဘက်မှ လက်နက်အပြည့်ပါလာသော ကားများက ရဲစခန်းသို့ လာရောက်သဖြင့် ရဲများဘက်ကလည်း သေနတ်မောင်းတင်ကာ အသင့်အနေအထား နေရာယူခဲ့ သည်အထိ အချေအတင် တင်းမာသွားခဲ့ရသည်ဟု စုံစမ်းရရှိသည်။

အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား

Photo: အုပ်စုဖွဲ့သေကြောင်းကြံစည်ရန် ကြိုးပမ်းမှုတရုတ်တွင် ဖြစ်ပွား
=======================
ပေကျင်း၊သြဂုတ်(၁၄)
Ref: AFP
=======================
ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ အ ဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်းများရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်းသိရသည်။
တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ် လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်းသွားမည်ကို စိုးရိမ် နေကြသည်။ တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည် နယ်တွင် ၁၉၉ဝပြည့်နှစ်နှောင်း ပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။ အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်းအနောက်ဘက် ရထားဘူတာအနီးရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့်အရေး ပေါ်လူနာတင်ယာဉ်များက ၎င်း တို့ကို ဆေးရုံသို့ခေါ်ဆောင်သွား ကြောင်း သိရသည်။
အဆိပ်သောက်သူများတွင် သေဆုံးသူရှိမရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ်ခု ဖြစ်သည်။

အေးချမ်းမွန် Credit To > Yangon Media Group<< Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
ပေကျင်း၊သြဂုတ်(၁၄)

ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ အ ဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်းများရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်းသိရသည်။
တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ် လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်းသွားမည်ကို စိုးရိမ် နေကြသည်။ တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည် နယ်တွင် ၁၉၉ဝပြည့်နှစ်နှောင်း ပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။ အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်းအနောက်ဘက် ရထားဘူတာအနီးရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့်အရေး ပေါ်လူနာတင်ယာဉ်များက ၎င်း တို့ကို ဆေးရုံသို့ခေါ်ဆောင်သွား ကြောင်း သိရသည်။

အတူတူပါဘဲ


ဘတ်စကား မောင်းနေစဉ် နှလုံး ရောဂါကြောင့် အမောဖောက် သေဆုံး ခဲ့သော်လည်း ခရီးသည် များအား ယာဉ်မောင်းက ကယ်တင်နိုင်ခဲ့

hursday, August 15, 2013

အိနိ္ဒယ နိုင်ငံ ယူဂန်ဒါမာလမ် မြို့အနီးရှိ တောင်ထူထပ်သော လမ်းမ တစ်ခုတွင် ဘတ်စကား ယာဉ်မောင်း တစ်ဦးသည် ကားမောင်းနှင် နေစဉ် ရုတ်တရက် နှလုံး ရောဂါကြောင့် အမောဖောက်၍ သေဆုံးသွား ခဲ့ သော်လည်း ယာဉ်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ ရပ်တန့်၍ ခရီးသည် ၄၀ ဦး၏ အသက်အား ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ရာမာဆာမိ အမည်ရှိ ၎င်းဘတ်စကား ယာဉ်မောင်းသည် ယူဂန်ဒါမာလမ် မြို့နှင့် ၂၅ ကီလိုမီတာ အကွာ ဘာလီယာ ကျေးရွာရှိ လမ်းမ တစ်ခုသို့ မောင်းနှင်လာစဉ် ၎င်းယာဉ်သည် တောင်၏ကျောက်ဆောင် မျက်နှာပြင်နှင့် တိုက်မိ ခဲ့ခြင်းကြောင့် ယာဉ်မှာလမ်း၏ ဘယ်ဘက်သို့ ဦးတည် သွားခဲ့သော်လည်း မော်တော်ကားကို တိမ်းမှောက်ခြင်း မရှိစေရန် ထိန်းချုပ် နိုင်ခဲ့သည်။

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီ

Photo: ၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။

ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။

ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက်ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

( အောင်သက်ခိုင် ဘလော့ )

အေးချမ်းမွန် Credit To > သတင်းပေါင်းစုံ << Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်းခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။

မော်ဒယ်လ်မြင့်ကားဒက်ရှ်ဘုတ်မှ ခလုတ်များ ယာဉ်မောင်းအများစုကို စိတ်ရှုပ်ထွေးစေ

Photo: မော်ဒယ်လ်မြင့်ကားဒက်ရှ်ဘုတ်မှ ခလုတ်များ ယာဉ်မောင်းအများစုကို စိတ်ရှုပ်ထွေးစေ
Thursday, August 15, 2013

နောက်ဆုံးရ စစ်တမ်းတစ်ခုအရ ၉၈ ရာခိုင်နှုန်းသော ယာဉ်မောင်းများသည်
အင်မတန် ရှုပ်ထွေး ပြီး ခလုတ်ပေါများသည့် ကားဒက်ရှ် ဘုတ်ခုံကို မည်သို့ အသုံးပြုရမည်ကို မသိရှိကြကြောင်း တွေ့ရသည်။

လူကြိုက်များသော ကားသစ် ၁၅ မျိုးမှခွဲထွက်လာသော ကားမော် ဒယ်လ်များတွင်ပင် ပုံစံကွဲလွဲသည့် ဒက်ရှ်ဘုတ်အခင်းအကျင်း ၉၉ မျိုးရှိ နေပြီး ကားသစ် ၁၅ မျိုးအနက် ၁၂ မျိုးသည်သာ ဒက်ရှ်ဘုတ်ခလုတ်များ ထားသိုရာပုံစံကို မပြောင်းလဲဘဲ ရှိနေ ခဲ့သည်။ ကျန်ဒက်ရှ်ဘုတ်များမှာ မော် ဒယ်လ်သစ်တစ်မျိုး ထွက်လာတိုင်း ပုံစံသစ်တစ်ခု ဖြစ်သွားသည်။

ယာဉ်မောင်းနှင်မှု သတိပေး ချက်၊ သတင်းအချက်အလက်ဆိုင်ရာ ခလုတ်ပေါင်း ၂၁ ခုပါဝင်သော ဗော် လ်ဗို S40 ထက် မာစီးဒီးစ် E Class ဆီဒင်များက နှစ်ဆပိုများသည်။ ဗြိတိန်နှင့် ဥရောပနိုင်ငံများ ပါဝင်ဖွဲ့ စည်းထားသော ဘရစ်တနီယာ Rescue က ယာဉ်မောင်း ၂ç၀၀၀ ကျော်ကို စစ် တမ်းကောက်ယူခဲ့ရာ တာယာလေဖိ အားသတိပေးစနစ်၊ အင်ဂျင်မီးခိုး၊ နှင်း ခွဲမီးခလုတ်များမှာ ယာဉ်မောင်းများ ကို စိတ်ရှုပ်ထွေးမှုအပေးဆုံး ဖြစ်သည်။

ယာဉ်မောင်း ၇၁ ရာခိုင်နှုန်းက ဒက်ရှ်ဘုတ်ပေါ်မှ အမှတ်အသား ၁၆ မျိုးခန့်ကို မည်သို့အသုံးပြုရမည်မှန်း နားမလည်ကြောင်း ဖြေဆိုခဲ့သည်။ အ သက်ကယ်လေအိတ် မည်သည့်နေရာ က ပွင့်ထွက်လာမည်ကို မသိရှိသော ယာဉ်မောင်းက သုံးပုံတစ်ပုံခန့်ရှိ သည်။ ထိုထက်ပို၍ ဆိုးသောအခြေအ နေမှာ သတိပေး အချက်ပြမီးများမှာ ကားမော်ဒယ်လ် တစ်မျိုးစီအလိုက် သီးခြားရှိနေသဖြင့် မည်သို့မျှမမှတ်မိ နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အေးချမ်းမွန် Credit To > Auto World Journal << Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
Thursday, August 15, 2013

နောက်ဆုံးရ စစ်တမ်းတစ်ခုအရ ၉၈ ရာခိုင်နှုန်းသော ယာဉ်မောင်းများသည်
အင်မတန် ရှုပ်ထွေး ပြီး ခလုတ်ပေါများသည့် ကားဒက်ရှ် ဘုတ်ခုံကို မည်သို့ အသုံးပြုရမည်ကို မသိရှိကြကြောင်း တွေ့ရသည်။

လူကြိုက်များသော ကားသစ် ၁၅ မျိုးမှခွဲထွက်လာသော ကားမော် ဒယ်လ်များတွင်ပင် ပုံစံကွဲလွဲသည့် ဒက်ရှ်ဘုတ်အခင်းအကျင်း ၉၉ မျိုးရှိ နေပြီး ကားသစ် ၁၅ မျိုးအနက် ၁၂ မျိုးသည်သာ ဒက်ရှ်ဘုတ်ခလုတ်များ ထားသိုရာပုံစံကို မပြောင်းလဲဘဲ ရှိနေ ခဲ့သည်။ ကျန်ဒက်ရှ်ဘုတ်များမှာ မော် ဒယ်လ်သစ်တစ်မျိုး ထွက်လာတိုင်း ပုံစံသစ်တစ်ခု ဖြစ်သွားသည်။

မိုဟာမက်မော်စီ ဘက်တော်သား ဆန္ဒပြ သပိတ်စခန်းများကို အီဂျစ် ဖြိုခွင်း၊ ၄၃ ဦး သေ

Photo: မိုဟာမက်မော်စီ ဘက်တော်သား ဆန္ဒပြ သပိတ်စခန်းများကို အီဂျစ် ဖြိုခွင်း၊ ၄၃ ဦး သေ

ကိုင်ရို၊ သြဂုတ် ၁၄

ဘူဒိုဇာ မြေထိုးစက်များဖြင့် အင်အား ဖြည့်တင်းထားသော အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက မြို့တော် ကိုင်ရိုတွင် သမ္မတဟောင်း မော်စီကို ထောက်ခံ ဆန္ဒပြနေကြသော သပိတ်စခန်းကြီး နှစ်ခုအား ဝင်ရောက် ဖြိုခွင်းခဲ့ရာ စုစုပေါင်း လူ ၄၃ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြ ထားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့တော် ကိုင်ရို အရှေ့ပိုင်းရှိ ရက်ဘာအယ် အဒါဝီယာ သပိတ်စခန်းနှင့် မြို့လယ်ကောင်ရှိ အယ်နာဒါ ရင်ပြင် သပိတ်စခန်းတို့ကို ဝန်းရံခဲ့ပြီး နံနက် လင်းအားကြီး အချိန်တွင် ဝင်စီးသွား ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၃ ရက် နောက်ပိုင်း စစ်တပ်က သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချ ခဲ့ပြီးနောက် သပိတ်စခန်း များ ဖွင့်ကာ အကြီးအကျယ် ဆန္ဒပြနေကြသော အဆိုပါ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က နံနက် အရုဏ် အချိန်၌ မျက်ရည်ယို ဗုံးများ၊ အမြောက်အမြား ပစ်ထည့်ပြီး စတင် ဖြိုခွင်းသောကြောင့် ဆန္ဒပြ လူအုပ်ကြီးအတွင်း ဝရုန်းသုန်းကား အခြေအနေများ ဖြစ်သွားခဲ့ကြောင်း AFP သတင်းထောက် တစ်ဦးနှင့် မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

သပိတ်စခန်းအနီးရှိ ဗလီမှ စင်မြင့်တွင် ရှိနေကြသည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ ဝတ်ထားသည့် လူများက မျက်ရည်ယို ဗုံးများကို ကောက် ကာ ရေများထဲ နှစ်လိုက်ကြပြီး အချို့က ‘အလ္လာရှင်မြတ်သည် ကြီးမြတ်တော် မူ၏’ ဟု ဟစ်ကြွေးနေကြပေသည်။

သပိတ်စခန်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြ တောင်းဆိုသူများ အကြီးအကျယ် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပြီး သေနတ်ပစ်သံများ ကြားရပြီး ယင်း လက်နက်များကို မည်သည့်ဘက်ကပစ်သည် ကို ယခုအချိန်အထိ မကွဲပြားသေးပေ။

ယင်းသို့ ဖြိုခွင်းသည့် သတင်းများ ထွက်မလာခင်ကတည်းက ရဲတပ်ဖွဲ့သည် အီဂျစ် မော်စီ ဘက်တော်သား ဆန္ဒပြသူများကို နောက်ဆုံးအကြိမ် သတိပေးထားခဲ့ပြီးနောက် ယင်းသို့ အင်အားသုံး ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာ ရသွားသည့် ဆန္ဒပြသူများကို အချို့က ချီမပြီး နီးစပ်ရာရှိ ယာယီ ဆေးကုခန်းလေးများထဲသို့ ခေါ်သွားပုံများ၊ လုံခြုံရေး တပ်ဖွဲ့များက ဆန္ဒပြသူများကို ဆွဲခေါ် ဖမ်းဆီးသွားပုံများကို ရုပ်သံ သတင်းများတွင် ဖော်ပြ ထားချက်အရ တွေ့ရှိရသည်။

သပိတ်စခန်းကို ဘူဒိုဇာများဖြင့် ဝင်ဖျက်စဉ် ဆန္ဒပြ ခေါင်းဆောင်များသည် ဓာတ်ငွေ့ကာ မျက်နှာဖုံး များ ဝတ်ဆင်ထားပြီး သပိတ်စခန်း စင်မြင့်နားတွင် ရပ်လျက် ဖြိုခွင်းမှုကို ရင်ဆိုင်နေကြသည်ကို ရုပ်သံ မှတ်တမ်းများတွင် တွေ့ ရသည်။

လုံခြုံရေး တပ်ဖွဲ့များသည် အယ်နာဒါ ရင်ပြင်နှင့် သပိတ်စခန်း နှစ်ခုတို့ကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း အီဂျစ် ပြည်ထဲရေး ဝန်ကြီးဌာနက နံနက်ခင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

“ရဲတပ်ဖွဲ့သည် ရင်ပြင်ပေါ်မှ တဲအားလုံးကို ဖယ်ရှားပြီး ဖြစ်ကြောင်း” ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းဖြိုခွင်းပွဲတွင် စုစုပေါင်း လူ လေးဆယ်ကျော် သေဆုံးသွားပြီးနောက် အီဂျစ် မွတ်ဆလင် ညီနောင်များ အင်အား
စုက လက်ရှိ စစ်တပ်နောက်ခံ အင်အားပြု အစိုးရသည် အစုလိုက် အပြုံလိုက် လူသတ်မှုများ ကျူးလွန်နေ သည်ဟု ပြစ်တင် ပြောဆိုထားသည်။

အေးချမ်းမွန် Credit To > The Voice Weekly << Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
ကိုင်ရို၊ သြဂုတ် ၁၄

ဘူဒိုဇာ မြေထိုးစက်များဖြင့် အင်အား ဖြည့်တင်းထားသော အီဂျစ် လုံခြုံရေး တပ်ဖွဲ့များက မြို့တော် ကိုင်ရိုတွင် သမ္မတဟောင်း မော်စီကို ထောက်ခံ ဆန္ဒပြနေကြသော သပိတ်စခန်းကြီး နှစ်ခုအား ဝင်ရောက် ဖြိုခွင်းခဲ့ရာ စုစုပေါင်း လူ ၄၃ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြ ထားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့တော် ကိုင်ရို အရှေ့ပိုင်းရှိ ရက်ဘာအယ် အဒါဝီယာ သပိတ်စခန်းနှင့် မြို့လယ်ကောင်ရှိ အယ်နာဒါ ရင်ပြင် သပိတ်စခန်းတို့ကို ဝန်းရံခဲ့ပြီး နံနက် လင်းအားကြီး အချိန်တွင် ဝင်စီးသွား ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၃ ရက် နောက်ပိုင်း စစ်တပ်က သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချ ခဲ့ပြီးနောက် သပိတ်စခန်း များ ဖွင့်ကာ အကြီးအကျယ် ဆန္ဒပြနေကြသော အဆိုပါ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က နံနက် အရုဏ် အချိန်၌ မျက်ရည်ယို ဗုံးများ၊ အမြောက်အမြား ပစ်ထည့်ပြီး စတင် ဖြိုခွင်းသောကြောင့် ဆန္ဒပြ လူအုပ်ကြီးအတွင်း ဝရုန်းသုန်းကား အခြေအနေများ ဖြစ်သွားခဲ့ကြောင်း AFP သတင်းထောက် တစ်ဦးနှင့် မျက်မြင် သက်သေများက ပြောကြားခဲ့သည်။

အာဆီယံတွင် ကားအစီးရေ အနည်းဆုံး မြန်မာ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ ယာဉ်ကြောပိတ်ဒဏ် ခံစားနေရ

Photo: အာဆီယံတွင် ကားအစီးရေ အနည်းဆုံး မြန်မာ စီမံခန့်ခွဲမှု ညံ့ဖျင်း၍ ယာဉ်ကြောပိတ်ဒဏ် ခံစားနေရ
======================================

အာဆီယံတွင် ကားအစီးရေ အ နည်းဆုံးဖြစ်သော်လည်း သွားလာရေး စီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းမှုကြောင့် မြန်မာ နိုင်ငံတွင် ယာဉ်ကြော ပိတ်ဆို့မှုဒဏ်ခံစား နေရခြင်ြး ဖစ်သည်ဟု မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းမှ ဒုဥက္ကဋ္ဌ ဦးအောင် မြင့်က ပြောသည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၁ဝဝဝ လျှင် ယာဉ်အစီးရေ ၄ဝ ခန့်သာရှိသေး ပြီး ယာဉ်အစီးရေနည်းပါးသည့် အာဆီ ယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော လာအိုနိုင်ငံတွင်မူ လူဦးရေ ၁ဝဝဝ လျှင် ယာဉ်အစီးရေ ၁၇ဝ ခန့် ရှိနေပြီ ဖြစ် ကြောင်း ၄င်းကပြောသည်။

”ကိုယ်ပိုင်ကား အများအပြား လို တယ်လို့ မပြောဘူး။ Public transport ကောင်းရင် ကိုယ်ပိုင်ကား သိပ်မလိုဘူး။ အခု Public transport က မကောင်း ဘူး။ လူတွေ အားကိုးရတဲ့ အခြေအနေ မရှိဘူး” ဟု ၄င်းက ပြောသည်။

ယာဉ်သွားလာရေး စီမံခန့်ခွဲမှု ကောင်းမွန်ရန်အတွက် ခရီးသည် ပို့ဆောင် ရေးစနစ်တွင် ဘတ်စ်ကားလိုင်းနှင့် မီး ရထားလိုင်းများ အဓိ ကမြှင့်တင်ရန် လို အပ်ကာ မြို့ ပတ်ကားလိုင်း၊ မြို့ပြင်ပြေး ယာဉ်လိုင်းများ ခွဲခြားဖော်ဆောင်သင့် ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု ရှိစေရန် တွန်းအားပေးသင့် သည်ဟု ၄င်းကပြောသည်။

”ကိုယ့်ရှေ့မှာ စည်းကမ်းဖောက် နေရင် ကြည့်နေတာမျိုးတွေ အချို့ေ နရာ မျိုးတွေမှာ ရှိတယ်။ ယာဉ်ထိန်းရဲတွေအ နေနဲ့ ဒါတွေကို အရေးယူ ဖို့လိုတယ်” ဟု ၄င်းက ဆက်ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် အတွက် မြို့လယ်ခေါင်တွင် ကားထား ရန် သီးသန့်အဆောက်အအုံများ တည် ဆောက်ရန်လိုပြီး ယင်းကို အစိုးရက လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကောင် အထည်ဖော်ပေးရန် လိုသည်ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့၌ ကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ပြေ လည်စေရန် ရန်ကုန်စည်ပင်မှ ပလက် ဖောင်းများ တိုးချဲ့၍ ယာဉ်ရပ်နား ရန် နေရာ များ ဖော်ေ ဆာင်ပေးခြင်းနှင့် အထပ်မြင့် အဆောက်အအုံများ တည် ဆောက်ပါက ကားရပ်နားရန် ပါကင်နေ ရာများ ထည့်သွင်းခိုင်းခြင်း များကို ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်စည်ပင်မှ အထပ်မြင့်အ ဆောက်အအုံတည်ဆောက်ပါက ကား ပါကင်ပြုလုပ်ရန် သတ်မှတ်ထားချက် မှာမူ စင်ကာပူနိုင်ငံ စံနှုန်းကို အခြေခံ၍ ယင်းနိုင်ငံ၏ အများဆုံးထားရှိရမည့် ပမာဏထက် ကျော်လွန်ကာ ၂ဝ ရာခိုင် နှုန်း အပိုထပ်ဆောင်းထားရှိရကြောင်း အထပ်မြင့်အဆောက်အအုံ စိစစ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးရီဝင်းက ပြောသည်။

သို့သော် ကားပါကင်များကို လမ်း မများ၌ ပြုလုပ်မှုသည် ရေရှည်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဖြစ်ပွားလာ မည့် အနေအထားရှိကြောင်း ဦးအောင် မြင့်က ထပ်ေ လာင်းပြောသည်။

”အဲဒီကားတွေ ရှေ့တိုး၊ နောက် ဆုတ် လုပ်တာနဲ့ နောက်တစ်လမ်းပါ အနှောင့်အယှက်ဖြစ်တယ်” ဟု ၄င်းက ထောက်ပြပြောသည်။

စီးပွားကူးသန်းဝန်ကြီးဌာန၏ စာ ရင်းများအရ မြန်မာနိုင်ငံတွင် မော်တော် ယာဉ်အစီးရေ ၄ သိန်းရှိပြီး ဆိုင်ကယ် နှင့် ထော်လာဂျီ အစီးရေ ၃၇ သိန်းရှိ ကြောင်း သိရသည်။ တစ်နိုင်ငံလုံးရှိ မော် တော်ယာဉ် အစီးရေ၏ တစ်ဝက်ခန့်မှာ ရန်ကုန်မြို့တွင်တည်ရှိပြီး ယင်းမှာလည်း လုံလောက်သည့် အနေအထားမျိုးမဟုတ် သေးကြောင်း ဦးအောင်မြင့်က ပြော သည်။

ဝေမာထွန်း

အေးချမ်းမွန် Credit To > Popular Myanmar News Journal < Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
အာဆီယံတွင် ကားအစီးရေ အ နည်းဆုံးဖြစ်သော်လည်း သွားလာရေး စီမံခန့်ခွဲမှုစနစ် ညံ့ဖျင်းမှုကြောင့် မြန်မာ နိုင်ငံတွင် ယာဉ်ကြော ပိတ်ဆို့မှုဒဏ်ခံစား နေရခြင်ြး ဖစ်သည်ဟု မြန်မာနိုင်ငံအင် ဂျင်နီယာအသင်းမှ ဒုဥက္ကဋ္ဌ ဦးအောင် မြင့်က ပြောသည်။

မြန်မာနိုင်ငံ၌ လူဦးရေ ၁ဝဝဝ လျှင် ယာဉ်အစီးရေ ၄ဝ ခန့်သာရှိသေး ပြီး ယာဉ်အစီးရေနည်းပါးသည့် အာဆီ ယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော လာအိုနိုင်ငံတွင်မူ လူဦးရေ ၁ဝဝဝ လျှင် ယာဉ်အစီးရေ ၁၇ဝ ခန့် ရှိနေပြီ ဖြစ် ကြောင်း ၄င်းကပြောသည်။

”ကိုယ်ပိုင်ကား အများအပြား လို တယ်လို့ မပြောဘူး။ Public transport ကောင်းရင် ကိုယ်ပိုင်ကား သိပ်မလိုဘူး။ အခု Public transport က မကောင်း ဘူး။ လူတွေ အားကိုးရတဲ့ အခြေအနေ မရှိဘူး” ဟု ၄င်းက ပြောသည်။

အာရှရဲ့ ပထမဆုံး Mrs Universe ဖြစ်လာတဲ့ မလေးရှားအလှမယ်ကာရိုလီ

Photo: အာရှရဲ့ ပထမဆုံး Mrs Universe ဖြစ်လာတဲ့ မလေးရှားအလှမယ်ကာရိုလီ

အောင်သုတ

ကာရေဘီယံဒေသ၊ အာရူဘာရှိ Palm အပန်းဖြေစခန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် Mrs Universe နိုင်ငံတကာ ပြိုင်ပွဲမှာ မလေးရှားအလှမယ် ကာရိုလီက Mrs Universe ဆုကိုဆွတ်ခူးရရှိသွားခဲ့ ကြောင်းသိရပါတယ်။ Mrs Universe ပြိုင်ပွဲ ဟာ ၂၀၀၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးတွေသာ ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ လီဟာအွန်လိုင်းက ထောက်ခံမဲပေါင်း ၈၈,၆၄၉ မဲ ရရှိခဲ့ကာ အမေရိကန်အလှ မယ်အာမန်ဒါဂရေ့စ်ကို ကျော်ဖြတ်ပြီး Mrs Universe သရဖူဆုကို အာရှဒေသက ပထမဆုံးအဖြစ်ရရှိခဲ့ခြင်း လည်းဖြစ်ပါတယ်။ ကလေးဖွံ့ဖြိုးတိုးတက်ရေး နဲ့သင်ယူရေးစင်တာတစ်ခုမှာ ငယ်ရွယ်သူတွေအတွက် လုပ်လုပ်တဲ့ လီဟာဒီပြိုင်ပွဲ မတိုင်မီ ၁၀ လကြာအထိ ကာယဘက်မှာရော ဉဏဘက်မှာပါ လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ မိသားစုအတွင်း အမျိုးသမီးများအဖိနှိပ်ခံ ဘ၀ရပ် တန့်ရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လီဟာမလေးရှားပြည်တွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ တက်တက်ကြွကြွဆောင်ရွက်ခဲ့တာဟာလည်း ဒီဆုကိုရရှိဖို့ အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။

လီဟာ ဒီနှစ် Mrs Universe ပြိုင်ပွဲမှာ ၂၀၀၉ ခုနှစ်က တစ်နှစ်တာအကောင်းဆုံး ဒီဇိုင်နာဆုရရှိထားတဲ့ မလေးရှားဒီဇိုင်နာ ကာဗင်အော့ရဲ့ ၀တ်စုံတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

အေးချမ်းမွန် Credit To > Mizzima - News in Burmese < Thanks
Re-posted By ACM 15-8-2013
https://www.facebook.com/excellencemedia
အောင်သုတ

ကာရေဘီယံဒေသ၊ အာရူဘာရှိ Palm အပန်းဖြေစခန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခုနစ်ကြိမ်မြောက် Mrs Universe နိုင်ငံတကာ ပြိုင်ပွဲမှာ မလေးရှားအလှမယ် ကာရိုလီက Mrs Universe ဆုကိုဆွတ်ခူးရရှိသွားခဲ့ ကြောင်းသိရပါတယ်။ Mrs Universe ပြိုင်ပွဲ ဟာ ၂၀၀၇ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး အိမ်ထောင်ရှင် အမျိုးသမီးတွေသာ ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ လီဟာအွန်လိုင်းက ထောက်ခံမဲပေါင်း ၈၈,၆၄၉ မဲ ရရှိခဲ့ကာ အမေရိကန်အလှ မယ်အာမန်ဒါဂရေ့စ်ကို ကျော်ဖြတ်ပြီး Mrs Universe သရဖူဆုကို အာရှဒေသက ပထမဆုံးအဖြစ်ရရှိခဲ့ခြင်း လည်းဖြစ်ပါတယ်။ ကလေးဖွံ့ဖြိုးတိုးတက်ရေး နဲ့သင်ယူရေးစင်တာတစ်ခုမှာ ငယ်ရွယ်သူတွေအတွက် လုပ်လုပ်တဲ့ လီဟာဒီပြိုင်ပွဲ မတိုင်မီ ၁၀ လကြာအထိ ကာယဘက်မှာရော ဉဏဘက်မှာပါ လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။

ဆရာ မင်းလူ တချိန်က သူပြောခဲ့သမျှ

ဆရာမင်းလူ ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဟိုး ၁၉၈၂ ခုနှစ်လောက်က ဆရာ ဦးဝင်းငြိမ်းနဲ့ စာရေးဆရာ များ ပေဖူးလွှာ စာပေ အင်တာဗျူး ဆိုတာ မှာ ဖော်ပြခဲ့တာလေးပါ။ ဆရာမင်းလူနဲ့ပတ်သက်တဲ့ သူ့ဘ၀၊ သူ့ အကြောင်း၊ သူ့ ခံစားမှု၊ အနုပညာတွေကို သူကိုယ်တိုင် ဖွင့်ဟချက်တွေ ပါဝင်ပါတယ်။ 



 စာရေးဆရာ မင်းလူ၊ ဓာတ်ပုံ/ ပန်းချီ - ပန်းချီ မျိုးမြင့်

ပေဖူးလွှာမဂ္ဂဇင်းရဲ့ စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်း ကဏ္ဍမှာ ဘ၀သရုပ်ဖော်၊ အချစ်၊ ရာဇ၀င်၊ စုံထောက် စာရေးဆရာများ နဲ့ တွေ့ဆုံပေးခဲ့ပြီးတဲ့နောက် ဒီလတွေ့ဆုံပေးချင်တဲ့ သူက ကဗျာတွေ ၀တ္ထုတွေ ရေးတဲ့ လူငယ် စာရေးဆရာ မင်းလူ ပဲ ဖြစ်ပါတယ်။

စာချစ်သူများ သိကြပြီး ဖြစ်တဲ့အတိုင်း မင်းလူဟာ စာရေးဆရာ ဒါရိုက်တာကြီး ဦးသာဓုနဲ့ ဒေါ်ခင်ညိုတို့ရဲ့ အထွေးဆုံး သား ဖြစ်ပြီး ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ၊ စာရေးဆရာ ရုပ်ရှင်မင်းသား အဆိုကျော် သုမောင်၊ ရုပ်ရှင်မင်းသား မောင်ရူပ တို့ရဲ့ ညီထွေးပဲ ဖြစ်ပါတယ်။

အရောင်ပြောင်းသွားသော နှလုံးသား (မင်းလူ)



 ၁

    အဓိပတိလမ်းပေါ်မှနေ၍ သစ်ပုပ်ပင်ကြီးကို လှမ်းကြည့်မိသည်။
    သစ်ပုပ်ပင်ကြီး၏ အရွက်မရှိသော အကိုင်းများမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားသည်။ လေတွင် တလူလူလွင့်လျက်ပါ။
    “အို”
    မိကျော်သည် ကျွန်တော့်ကို ပြန်ချစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
    ကျွန်တော့်ကိုချစ်လျှင် သစ်ပုပ်ပင်ကြီးမှာ ဖဲကြိုးဝါကလေးတွေ ချည်ထားပါဟု ကျွန်တော် မှာထားခဲ့ပါသည် မဟုတ်လား။
    သစ်ပုပ်ပင်ကြီးနားကို လျှောက်သွားသည်။ သစ်ပုပ်ပင်ကြီးတွင်သာ မဟုတ်ပါ။ အပင်ခြေရင်းက စက္ကူပန်းပင်ခြုံတွင်ပါ ဖဲကြိုးဝါကလေးတွေ ချည်ထားပါသည်။ ခပ်လှမ်းလှမ်းက မြက်ခင်းပေါ်မှာ ဖဲကြိုးဝါတစ်စ။
    ထိုဖဲကြိုးဝါစကလေးကို ကျွန်တော် ကောက်ကိုင်ကြည့်သည်။ ဖဲကြိုးဝါ မဟုတ်တော့ဘဲ ထဘီအထက်ဆင်စကြီး ဖြစ်နေလေသည်။
    သစ်ပုပ်ပင်ပေါ်သို့ အလန့်တကြား မော့ကြည့်မိသည်။ အကိုင်းများမှာ ဖဲကြိုးဝါတွေ မရှိတော့ပါ။ အပင်ခွဆုံက သစ်ခေါက်ဘုလုံးကြီးမှာသာ အထက်ဆင်စ အနက်ကြီး ချည်ထားသည်ကို တွေ့ရလေသည်။

စာရေးဆရာ မင်းလူ ကွယ်လွန်

စာရေးဆရာ၊ ကဗျာ ဆရာ မင်းလူ ( ၆၀ - နှစ်) ဟာ ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့  သြဂုတ်လ ၁၄ ရက်နေ့  ည သန်းခေါင်လောက်က ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။ 



 ဆရာမင်းလူ၊ ဓာတ်ပုံ- ယုယ

သမီးဖြစ်သူ မယုယရဲ့ ဖေ့စ်ဘုတ်မှာ "အဖေဆုံးပြီ" လို့ အသိပေးထားပါတယ်။ 

ကွယ်လွန်ချိန် မှာ ဇနီး ဒေါ်စန်းစန်းအောင်နဲ့ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးလည်း ဖြစ်တဲ့ ဆရာမင်းလူဟာ " ဘာတွေ ဖြစ်ကုန်ကြပြီလဲ" ဆိုတဲ့ ကဗျာရေးသားမှုကြောင့် ထောင်နန်းစံခဲ့ရပါတယ်။ ဆရာမင်းလူဟာ ၀တ္တု၊ ၀တ္တုတို၊ ကဗျာ၊ ဆောင်းပါး စတာတွေ ကို ရေးသားခဲ့သလို ရုပ်ရှင်၊ ဇာတ်ညွှန်းတွေလည်း ရေးခဲ့ပြီး ဒါရိုက်တာလည်း လုပ်ဆောင်ခဲ့သူပါ။ 

ကဗျာဆရာအဖြစ်ကိုပိုမြတ်နိုးသူ ဆရာ မင်းလူကို ၁၉၅၄ - ခုနှစ်၊ မေလ၀ ၁၈ ရက်နေ့မှာ စာရေးဆရာ ဒါရိုက်တာ ဦးသာဓုနဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုတို့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာပါ။

မွေးချင်း ၄ ဦး ရှိပြီး အငယ်ဆုံးသားလည်းဖြစ်ကာ ငယ်နာမည် မောင်ဥာဏ်ပေါ်လို့ ခေါ်ပါတယ်။

ဆရာမင်းလူရဲ့ ဘာတွေ ဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ ကဗျာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis