menu

Saturday 12 October 2013

၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူလက် ဆေးသုတ်ရန် စဉ်းစားနေ

Photo: ၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူလက် ဆေးသုတ်ရန် စဉ်းစားနေ
----------------

ရန်ကုန်- လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။

“မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ တစ်ဦးတစ်ယောက်တည်းက သုံးလေးကြိမ် မဲထည့်သည့်ဖြစ်ရပ်များ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကပြောသည်။

“သေချာစိစစ်ပြီး မဲပေးခိုင်းရမှာပါ။ အဲဒါမှ ပွင့်လင်းမြင်သာမှုရှိမှာပါ။ တချို့နိုင်ငံတွေဆို မဲလာပေးတဲ့သူတွေကို ဦးခေါင်းကို ဆေးသုတ်လိုက်တာတွေ ရှိပါတယ်”ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဇော်အေးမောင်ကပြောသည်။

စာရွက်ပေါ်တွင် မဲပေးရသော နိုင်ငံအချို့၌ မဲပေးပြီးသည်ကိုသိရှိရန် လက်မ (သို့မဟုတ်) ထင်ရှားသောနေရာအား မင်သုတ်သည့် အလေ့အထများရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကဆိုသည်။

“အဓိကတော့ မဲရုံးမှူးတွေပေါ် မူတည်တယ်။ မဲရုံးမှူးတွေက ဆေးသုတ်ပြီးသားတွေ ထပ်ပေးခိုင်းရင်လည်းရတာပဲ”ဟု ဦးကျော်လင်းဦးကဆိုသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရန်ကုန်- လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။

“မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ တစ်ဦးတစ်ယောက်တည်းက သုံးလေးကြိမ် မဲထည့်သည့်ဖြစ်ရပ်များ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကပြောသည်။

မောင်တော နယ်စပ် လုံခြုံရေးကို ရဲတပ်ရင်းများ တိုးချဲ့ထားသည့်အပြင် လိုအပ်ပါက စစ်တပ်အကူအညီရယူမည်


ရန်ကုန် ၊ အောက်တိုဘာ ၁၁ ။ ။ ယခု အခါ ရခိုင်ပြည်နယ် မောင်တော မြို့နယ်၏ နယ်စပ်လုံခြုံရေးကို ရဲတပ်ရင်းများ တိုးချဲ့ထားသည့် အပြင် လိုအပ်ပါက ဘူးသီးတောင် မှ စစ်တပ်အကူအညီရယူ ကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှ သိန်းက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
သို့ရာတွင် အဆိုပါစစ်တပ် သည် ဘူးသီးတောင်မြို့နယ်တွင် တပ်စွဲထားပြီး လုံခြုံရေးလိုအပ်ပါ က မောင်တောမြို့နယ်မှ ရဲတပ် ရင်းများနှင့် ပူးပေါင်းကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဦးလှသိန်းက ''နိုင်ငံတကာ စည်းမျဉ်းအရ နယ်စပ်ဘောင် ငါး မိုင်အတွင်း တပ်စွဲခွင့်မရှိလို့ ငါး မိုင်အကျော်မှာ စစ်တပ်ထား တယ်။ မောင်တောမြို့နယ် မှာလဲ နစက မရှိတဲ့နောက် ရဲတပ်ရင်းတွေအ ပြည့်အဝချထားတယ်။ လုံလောက် အောင်ထားတယ်။ ရဲမှူးကြီးတစ် ဦး ရုံးထိုင်ကွပ်ကဲနေတယ်။ ဒါပေ မဲ့ မောင်တောမြို့နယ်မှာက ခိုးမှု၊ တိုက်မှု၊ လုယက်မှု၊ ဓားမြမှုတွေ ကတော့ ရံဖန်ရံခါဖြစ်နေတဲ့အနေ အထားမှာရှိတယ်''ဟု ပြောသည်

တင်မိုးလွင်၏ ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသူဘဝ


“တက္ကသိုလ်ကို ၁၉၈၈ ခုနှစ်မှာ စတက်ပါတယ်။ ၁၉၈၈ ဆိုတာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မှတ်မိနေတဲ့ ကိန်းဂဏန်း တစ်ခုလည်း ဖြစ်ပါတယ်။ ပြီးတော့ တက္ကသိုလ်ကို အရမ်းမျှော်လင့်ထားတဲ့ အချိန်မှာ တက်ပြီးတော့ အချိန်ခဏလေးနေပြီး ပြန်ပိတ်တယ်၊ ပြန်ဖွင့်တယ်၊ ပြီးတော့ အကြာကြီး ပြန်ပိတ်သွားတဲ့နှစ်လည်း ဖြစ်ပါတယ်”
တက္ကသိုလ် တက်စဉ်က ကြုံခဲ့ရတဲ့ အမှတ်ရဖွယ် အခြေအနေတစ်ခုကို ပြောပြနေသူမှာ မြန်မာနိုင်ငံ၏ မော်ဒယ်လ်ခေတ်ဦးတွင် မော်ဒယ်လ်တစ်ဦးအဖြစ် စတင်အောင်မြင်လာခဲ့ပြီး လက်ရှိတွင် မော်ဒယ်လ် သင်တန်းကျောင်း တည်ထောင် သင်တန်းပို့ချ ပေးနေသူ၊ မော်ဒယ်လ် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ၊ အစီအစဉ် တင်ဆက်သူအဖြစ် အောင်မြင်စွာ ရပ်တည်နေသူ တင်မိုးလွင် ဖြစ်သည်။ သူသည် ရန်ကုန် စက်မှုတက္ကသိုလ် Mechanical ဘာသာရပ် အထူးပြုဖြင့် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။

မြန်မာ လက်မှတ်မထိုးထားသည့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရ

Photo: မြန်မာ လက်မှတ်မထိုးထားသည့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရ

၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ပေးအပ်ချီးမြှင့်လိုက်သည်။ 

ဓာတုလက်နက် ဖျက်သိမ်းရေးတွင် OPCW အဖွဲ့က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တွင် နိုင်ငံပေါင်း ၁၉၀ က ဓာတုလက်နက် တားမြစ်ရေး အဖွဲ့တွင် ပါဝင်လက်မှတ် ရေးထိုးထားသော်လည်း မြန်မာ၊ အစ္စရေး၊ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့က ဓာတုလက်နက် တားမြစ်ရေး စာချုပ်ကို လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ရေး ကော်မတီ၏ ထုတ်ပြန်ချက်၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ချီးမြှင့်ရန် နော်ဝေ နိုဘယ်လ် ကော်မတီက ဆုံးဖြတ်ခဲ့သည်။ ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးကို OPCW အဖွဲ့က ပြင်းပြင်းထန်ထန် ကြိုးပမ်း လုပ်ဆောင်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခြင်း ဖြစ်သည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈) ကာလအတွင်း ဓာတုလက်နက် ပမာဏ အမြောက်အမြား အသုံးပြုခဲ့ကြသည်။ ၁၉၂၅ ဂျနီဗာ သဘောတူညီချက်တွင် ဓာတုလက်နက် အသုံးပြုခြင်းကို တားမြစ် ထားသော်လည်း ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ သိုလှောင် သိမ်းဆည်းခြင်းများကို ပိတ်ပင်မှု မရှိပေ။ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဟစ်တလာ၏ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ဓာတုလက်နက် အသုံးပြုမှုများ ရှိခဲ့သည်။ ယင်းနောက်ပိုင်း ကာလများတွင်လည်း ဓာတုလက်နက်များကို နိုင်ငံများသာမက အကြမ်းဖက် သမားများကလည်း အသုံးပြု တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ၁၉၉၂-၉၃ ခုနှစ်တွင် ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းများကိုပါ တားမြစ်သည့် သဘောတူညီချက် တစ်ရပ် ချမှတ်ခဲ့သည်။ ယင်းသဘောတူညီချက်မှာ ၁၉၉၇ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ ယင်းနောက်ပိုင်း ကာလများမှစ၍ OPCW အဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဓာတုလက်နက် ဖျက်ဆီးမှုများ၊ အခြားသော နည်းလမ်းများဖြင့် ဓာတုလက်နက် တားမြစ်ရေး သဘော တူညီချက် အကောင်အထည် ပေါ်လာစေရန် လုပ်ဆောင်ခဲ့သည်။ ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်ကို လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက လက်ခံအတည်ပြုထားသည်။

ဓာတုလက်နက် အသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် မညီကြောင်း  OPCW အဖွဲ့နှင့် ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တို့က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဆီးရီးယားနိုင်ငံတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်သုံး တိုက်ခိုက်မှုများက ယင်းလက်နက်များ ဖျက်ဆီးရေး ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမောင်းထိုး ဖော်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း အချို့ သော ကမ္ဘာ့နိုင်ငံများမှာ OPCW အဖွဲ့ဝင်များ မဟုတ်ခြင်းကြောင့် ဓာတုလက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင်ခြင်း မရှိသေးပေ။ အချို့သော နိုင်ငံများမှာ ဓာတုလက်နက် ဖျက်သိမ်းပေးရေး နောက်ဆုံး သတ်မှတ်ရက် ကာလဖြစ်သော ၂၀၁၂ ဧပြီ သတ်မှတ်ချက် ကျော်လွန်လာပြီ ဖြစ်သော်လည်း ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဖြစ်သည်။

လက်နက် ဖျက်သိမ်းရေးမှာ အဲဖရက် နိုဘယ်လ်၏ အဓိက စိတ်ဆန္ဒတစ်ရပ် ဖြစ်သည်။ နော်ဝေ နိုဘယ်လ် ကော်မတီကလည်း နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး လိုအပ်သည်ကို ဆုအမျိုးမျိုး ပေးအပ်ခြင်းဖြင့် အသားပေး ဖော်ပြပေးနေသည်။ OPCW အဖွဲ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ခြင်းဖြင့် ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးတွင် ကော်မတီက တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ပေးအပ်ချီးမြှင့်လိုက်သည်။

ဓာတုလက်နက် ဖျက်သိမ်းရေးတွင် OPCW အဖွဲ့က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တွင် နိုင်ငံပေါင်း ၁၉၀ က ဓာတုလက်နက် တားမြစ်ရေး အဖွဲ့တွင် ပါဝင်လက်မှတ် ရေးထိုးထားသော်လည်း မြန်မာ၊ အစ္စရေး၊ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့က ဓာတုလက်နက် တားမြစ်ရေး စာချုပ်ကို လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ဆီးရီးယား သူပုန်များ အရပ်သားရာချီ သတ်ဖြတ်ခဲ့သည့် အထောက်အထား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပထမဆုံးတွေ့

Photo: ဆီးရီးယား သူပုန်များ အရပ်သားရာချီ သတ်ဖြတ်ခဲ့သည့် အထောက်အထား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပထမဆုံးတွေ့

ဒမတ်စကတ်၊ အောက်တိုဘာ ၁၁

၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆီးရီးယား သူပုန်များသည် သြဂုတ်လက လာတာကီယာ ပြည်နယ်တွင် ထိုးစစ်ဆင် တိုက်ခိုက်စဉ်က အရပ်သား ၁၉၀ ခန့်ကို သတ်ဖြတ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရကြောင်း၊ ယင်းကိစ္စသည် ဆီးရီးယားသူပုန် များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် ပတ်သက်၍ ပထမဆုံး တွေ့ရှိရသော အထောက်အထား ဖြစ်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားလိုက်သည်ဟု  Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား သူပုန်အဖွဲ့သည် သြဂုတ် လ ၄ ရက်နေ့က ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံသော တပ်ဖွဲ့များရှိရာ အဆိုပါ ပြည်နယ်ရှိ ကျေးရွာ များသို့ အရုဏ်တက်ချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သူပုန်အဖွဲ့သည် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

“တချို့နေရာတွေမှာဆိုရင် ထွက်ပြေးတဲ့ တစ်မိသားစုလုံးကို သေနတ်နဲ့ ပစ်သတ်တာမျိုးတွေ ရှိပါတယ်။ သူတို့ရဲ့ သွေးတွေကို အခုထိ တွေ့နိုင်တုန်းပဲ ရှိပါသေးတယ်” ဟု နယူးယောက် အခြေစိုက်  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့သည် အဆိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ လာတီကီရာ ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ တိုက်ခိုက်ရန် ထောက်ပံ့ပေးခြင်း၊ အစီအစဉ် ရေးဆွဲခြင်းများ ပြုလုပ်ခဲ့သော သူပုန်အဖွဲ့ ငါးဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ အဖွဲ့များမှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသော ဂျပ်ဟပ်အယ်လ်နူဆာ အဖွဲ့၊ အီရတ် အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့၊ လီဗန့်သူပုန် အုပ်စု၊ အစ္စလာမ္မစ်အုပ်စု တစ်ခုဖြစ်သော  အာရာအယ်လ်ရှန်နှင့် ပြည်ပဂျီဟတ် တိုက်ခိုက်ရေး အုပ်စုတို့ ဖြစ်ကြသည်။

အဆိုပါ အုပ်စုများက ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့ ပါဝင်ကြောင်း ဗီဒီယိုဖြင့် လည်းကောင်း၊ ကြေညာချက်များ ထုတ်၍ လည်းကောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

ဆီးရီးယား အစိုးရနှင့် သူပုန်တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ပြည်တွင်း စစ်သည် အချိန်ကာလအားဖြင့် ၂ နှစ်ကျော် ကြာမြင့်ကာ လူပေါင်း တစ်သိန်းခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီသော ပြည်သူများမှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယား မြို့တော် ဒမတ်စကတ် အနီးရှိ ဆင်ခြေဖုံးဒေသကို ဆီးရီးယား အစိုးရက ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု ယူဆခဲ့ပြီးနောက် အမေရိကန်က စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်သည်အထိ ပြုလုပ်ရန် စဉ်းစားခဲ့သည်။

သို့သော် ဆီးရီးယား အစိုးရက ၎င်းတွင်ရှိသော ဓာတုလက်နက်များကို ကုလသမဂ္ဂအား ဝင်ရောက် စစ်ဆေးခွင့် ပေးခဲ့ပြီးနောက် အမေရိကန်၏ စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်မည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဒမတ်စကတ်၊ အောက်တိုဘာ ၁၁

၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သော ဆီးရီးယား ပြည်တွင်းစစ်တွင် ဆီးရီးယား သူပုန်များသည် သြဂုတ်လက လာတာကီယာ ပြည်နယ်တွင် ထိုးစစ်ဆင် တိုက်ခိုက်စဉ်က အရပ်သား ၁၉၀ ခန့်ကို သတ်ဖြတ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရကြောင်း၊ ယင်းကိစ္စသည် ဆီးရီးယားသူပုန် များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် ပတ်သက်၍ ပထမဆုံး တွေ့ရှိရသော အထောက်အထား ဖြစ်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား သူပုန်အဖွဲ့သည် သြဂုတ် လ ၄ ရက်နေ့က ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံသော တပ်ဖွဲ့များရှိရာ အဆိုပါ ပြည်နယ်ရှိ ကျေးရွာ များသို့ အရုဏ်တက်ချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အရပ်သားများကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သူပုန်အဖွဲ့သည် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။

ရွှေနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ Gold-Plated Audi R8

Photo: ရွှေနဲ့ မွမ်းမံပြင်ဆင်ထားတဲ့ Gold-Plated Audi R8

============================
ခွန်နေ(AMMG)

ရွှေအရည်အသွေးဘယ်လောက်နဲ့ မွမ်းမံတည်ဆောက်ထားတယ်ဆိုတာ မသိ
ရပေမယ့် နဂိုမှုရင်း Audi R8 ထက်အရောင်တောက်သွားအောင် ရွှေကွပ် 
ပြင်ဆင်ထားတာကို ပုံပါအတိုင်းမြင်တွေ့ရမှာပါ။

မြင်တွေ့ရတဲ့ ကားကတော့ Audi R8 အမျိုးအစားဖြစ်ပြီးမော်ဒယ်လ်နံပတ်
ဘယ်လောက်ရှိတယ်ဆိုတာ ရေးသားထားခြင်းတော့မရှိပါဘူး။ သို့ပေမယ့်
ရှာဖွေထားတဲ့ မှတ်တမ်းများအရတော့ Audi R8 Spyder/Coupe အမျိုးအစားဖြစ်ပြီးအင်ဂျင်တည်ဆောက်ပုံ Version နှစ်မျိုးနဲ့ ထွက်ရှိထားတဲ့ ကားလို့သိရ ပါတယ်။

၎.၂ လီတာ၊ဆလင်ဒါ ၈ လုံး နှင့် ၅.၂ လီတာ၊ဆလင်ဒါ ၁၀ လုံး ဆိုပြီး အင်ဂျင်တည်ဆောက်ပုံ V ပုံစံနဲ့ ပုံစံနှစ်မျိုးထုတ်လုပ်ထားတာပါ။ ယခင်က
လည်းအလားတူ ရွှေရောင် Audi R8 Spyder ဆိုပြီး ယခုမြင်တွေ့ရတဲ့
ကားထက် မော်ဒယ်လ်နိမ့်တဲ့ ကားကို တရုတ်နိုင်ငံလမ်းမှပေါ်မှာ မြင်တွေ့
ခဲ့ရပါသေးတယ်။ တရုတ်ပြည်မှာမြင်တွေ့ခဲ့ရတဲ့ အဆိုပါကားကတော့
၅.၂ လီတာ၊ဆလင်ဒါ ၁၀လုံး၊ V အင်ဂျင်ပုံစံတည်ဆောက်ထားတဲ့ ကားဖြစ်
ပြီး မြင်းကောင်ရေ ၅၂၅ ထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။

ယခုပုံသဏ္ဍာန်နဲ့ လားတူရွှေရောင် Gold Audi R8 တစ်စီးကိုတော့ အမေရိ
ကန် Rapper အဆိုတော်၊အသက်-၂၃ နှစ်အရွယ် Tyga မှာလည်းတစ်စီးရှိ
တယ်လို့သိရပါတယ်။

နဂိုမှုရင်း Audi R8 တောင်လက်ရှိကာလပေါက်ဈေး အမေရိကန်ဒေါ်လာ
၁.၇ သန်းလောက်ရှိတာဆိုတော့ ရွှေနဲ့ပါထပ်ကွပ်ထားတဲ့ Gold-Plated Audi R8 ရဲ့ဈေးကတော့ ယခင်ကဖော်ပြထားတဲ့ ရွှေရောင် Buggati ထက်မနိမ့်
တာတော့သေချာပါတယ်။

ပြပွဲမှာ သားနားစွာပြသထားတဲ့ Gold-Plated Audi R8 ကိုယခုလိုမြင်တွေ့
ရပါတယ်။

Ref:esupercarnews
ပြပွဲမှာ သားနားစွာပြသထားတဲ့ Gold-Plated Audi R8 ကိုယခုလိုမြင်တွေ့
ရပါတယ်။
ခွန်နေ(AMMG)

ရွှေအရည်အသွေးဘယ်လောက်နဲ့ မွမ်းမံတည်ဆောက်ထားတယ်ဆိုတာ မသိ
ရပေမယ့် နဂိုမှုရင်း Audi R8 ထက်အရောင်တောက်သွားအောင် ရွှေကွပ်
ပြင်ဆင်ထားတာကို ပုံပါအတိုင်းမြင်တွေ့ရမှာပါ။

မြင်တွေ့ရတဲ့ ကားကတော့ Audi R8 အမျိုးအစားဖြစ်ပြီးမော်ဒယ်လ်နံပတ်
ဘယ်လောက်ရှိတယ်ဆိုတာ ရေးသားထားခြင်းတော့မရှိပါဘူး။ သို့ပေမယ့်
ရှာဖွေထားတဲ့ မှတ်တမ်းများအရတော့ Audi R8 Spyder/Coupe အမျိုးအစားဖြစ်ပြီးအင်ဂျင်တည်ဆောက်ပုံ Version နှစ်မျိုးနဲ့ ထွက်ရှိထားတဲ့ ကားလို့သိရ ပါတယ်။

၎.၂ လီတာ၊ဆလင်ဒါ ၈ လုံး နှင့် ၅.၂ လီတာ၊ဆလင်ဒါ ၁၀ လုံး ဆိုပြီး အင်ဂျင်တည်ဆောက်ပုံ V ပုံစံနဲ့ ပုံစံနှစ်မျိုးထုတ်လုပ်ထားတာပါ။ ယခင်က
လည်းအလားတူ ရွှေရောင် Audi R8 Spyder ဆိုပြီး ယခုမြင်တွေ့ရတဲ့
ကားထက် မော်ဒယ်လ်နိမ့်တဲ့ ကားကို တရုတ်နိုင်ငံလမ်းမှပေါ်မှာ မြင်တွေ့
ခဲ့ရပါသေးတယ်။ တရုတ်ပြည်မှာမြင်တွေ့ခဲ့ရတဲ့ အဆိုပါကားကတော့
၅.၂ လီတာ၊ဆလင်ဒါ ၁၀လုံး၊ V အင်ဂျင်ပုံစံတည်ဆောက်ထားတဲ့ ကားဖြစ်
ပြီး မြင်းကောင်ရေ ၅၂၅ ထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။

ဗြိတိန်ပေါင် ၂ သန်းတန် Bugatti Veyron Gold

ဗြိတိန်ပေါင် ၂ သန်းတန် Bugatti Veyron Gold 

==========================
ခွန်နေ(AMMG)

မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ နဂိုကမှတန်းကြေးမြင့်တဲ့ ကားကို ၂၄ ကာရက် အရည် အသွေးရှိတဲ့ ရွှေတွေနဲ့ မွမ်းမံလိုက်တော့ ကားရဲ့ တန်ဖိုးက
ဗြိတိန်ပေါင် ၂ သန်းအထိမြင့်တက်သွားပါတယ်။ ဒါတောင် လွန်ခဲ့တဲ့ သုံးလ လောက်ကပေါက်ဈေးပါ။ လက်ရှိပေါက်ဈေးနဲ့ဆိုရင်တော့ အဲထက်ပိုရင်ပိုနိုင်သလို နည်းရင်လည်းနည်းသွားနိုင်ပါတယ်။

ဆလင်ဒါ ၁၆ လုံး၊W အင်ဂျင်ပုံစံတည်ဆောက်ထားတဲ့ အဆိုပါကားဟာ ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားက ၁၀၀၀ အထိရှိပါတယ်။
ဒါကြောင့် ၂.၄ စက္ကန့်အတွင်းကို အရှိန် ကီလိုမီတာ ၁၀၀ အထိမြင့်တင်နိုင်ပါ
တယ်။

လက်ရှိ ပိုင်ဆိုင်သူ အမေရိကန် Rapper အဆိုတော်ကြီး ဖလော်ရီဒါရဲ့ ကားပါ။ ကားရဲ့ 
အလွိုင်းကအစ ရွှေကွပ်မွမ်းမံထားတဲ့ Bugatti Veyron Gold ယခုလိုသားနား
စွာမြင်တွေ့ရပါတယ်။

Ref:autowebs

ခွန်နေ(AMMG)
မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ နဂိုကမှတန်းကြေးမြင့်တဲ့ ကားကို ၂၄ ကာရက် အရည် အသွေးရှိတဲ့ ရွှေတွေနဲ့ မွမ်းမံလိုက်တော့ ကားရဲ့ တန်ဖိုးက
ဗြိတိန်ပေါင် ၂ သန်းအထိမြင့်တက်သွားပါတယ်။ ဒါတောင် လွန်ခဲ့တဲ့ သုံးလ လောက်ကပေါက်ဈေးပါ။ လက်ရှိပေါက်ဈေးနဲ့ဆိုရင်တော့ အဲထက်ပိုရင်ပိုနိုင်သလို နည်းရင်လည်းနည်းသွားနိုင်ပါတယ်။

ဆလင်ဒါ ၁၆ လုံး၊W အင်ဂျင်ပုံစံတည်ဆောက်ထားတဲ့ အဆိုပါကားဟာ ထုတ်လုပ်ပေးနိုင်မယ့် မြင်းကောင်ရေအားက ၁၀၀၀ အထိရှိပါတယ်။
ဒါကြောင့် ၂.၄ စက္ကန့်အတွင်းကို အရှိန် ကီလိုမီတာ ၁၀၀ အထိမြင့်တင်နိုင်ပါ
တယ်။

ကိုးလအတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု ၄၂ ခုဖြစ်ပွား


မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလ အထိ  ၉ လအတွင်း လူကုန်ကူးမှု စုစုပေါင်း  ၆၉ မှု ဖြစ်ပွား ခဲ့ပြီး ယင်းအမှုများ အနက် လူကုန်ကူးမှု ၄၂ မှုမှာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မ ထိပ်မြား လက်ထပ်ရန် ရောင်း စားမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရှိရသည်။
ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ၉ လ အတွင်း ဖြစ်ပွားသော လူကုန်ကူးမှုများ အနက်  ၆၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံ သို့ တရုတ်အမျိုးသားများ၏ ဇနီးမယား အဖြစ် ရောင်းစားမှုများနှင့် ရောင်းစားရန် ကြံစည်ကြိုးပမ်းမှုများ ဖြစ်နေပြီး  လူကုန်ကူးသူများသည် ယခင်က ကဲ့သို့ လိမ်လှည့်ဖြား လူကုန်ကူးခြင်း မဟုတ်ဘဲ တရုတ်နိုင်ငံသို့ ဇနီးမယား အဖြစ် သွားရောက်လျှင် ငွေကြေး အမြောက် အမြား ရရှိမည်ဟု ပေါ်တင် ပြောဆို စည်းရုံး လူကုန်ကူးခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒိုင်နမိုလို ရေပေါ်လမ်းလျှောက်ပြဦးမယ့်မြန်မာ့မျက်လှည့်ပညာရှင် မစ္စတာ တောပ့်နှင့်တွေ့ ဆုံခြင်း


မေး- ဒိုင်နမိုရဲ့ ပြကွက်ကို ဒီလို ပြဖြစ်ဖို့ ဖြစ်ပေါ်လာပုံလေး ရှင်းပြပေး ပါလား။
ဖြေ- PEP သူဌေးက ကိုယ့်ပွဲ တွေကို Sponsor ပေးနေကျလေ။ တစ်နေ့ စကားဝိုင်းဖွဲ့ပြောရင်း သူက ဟာ ဒိုင်နမိုကွာ၊ ကားကြီးပေါ်မှာ ကပ်ပါသွား တာ အရမ်းမိုက်တယ်၊ လန်ဒန်က ဘတ်(စ)ကားပေါ်မှာ ပြသွားတာလေလို့ ဆိုတော့ ဟာ အန်ကယ် ကျွန်တော်လည်း လုပ်လို့ရတယ်။ ပိုက်ဆံတော့ တော်တော် ကုန်မယ် ပြောတော့ ကုန်ပါစေလုပ်မယ် ဆိုပြီး ကတိပေးသွားတယ်။ အစကတော့ သိပ်မယုံဘူး။ ကွန်တိန်နာကားကြီးတွေ ဘာ တွေဝယ်ပြီးဆိုတော့မှ သူ အကုန်အကျခံပြီး ဒီလို လုပ်ဖြစ်သွားတာ။

မေး- ကုန်ကျစရိတ်များတယ်ဆို တော့ ဘယ်လောက်ကုန်ကျသလဲ၊ ခန့် မှန်းချေပေါ့
ဖြေ- ဒီ Instrument လုပ်တာကို တော်တော်ကုန်တယ်။ ဒီလေပေါ်မှာ ကပ်ပါဖို့ ပစ္စည်းက နိုင်ငံခြားမှာ လှမ်းမှာရင် ဒေါ်လာ ၁ သောင်းလောက် ရှိမယ်။ ဦးတော့ပ်တို့ ဒီက လက်မှုပညာရှင်နဲ့ လုပ် တာ သိန်း ၂၀ ကုန်တယ်။ အထွေထွေ ဆိုရင် ၂၇ သိန်းပေါ့။ ကားဝယ်တာ မပါ သေး စုစုပေါင်ဆိုရင်တော့ ဒီပြကွက် အတွက် သိန်း တစ်ရာကျော်မှာပေါ့။

ကော့သောင်း အကျဉ်းထောင်အတွင်း လက်ကိုင်ဖုန်းနှင့် အရိုးအသွား ရှစ်လက်မရှိ ဓားကို အကျဉ်းသား အချို့ထံမှ စစ်ဆေးတွေ့ရှိ

Photo: ကော့သောင်း အကျဉ်းထောင်အတွင်း လက်ကိုင်ဖုန်းနှင့် အရိုးအသွား ရှစ်လက်မရှိ ဓားကို အကျဉ်းသား အချို့ထံမှ စစ်ဆေးတွေ့ရှိ

တနသာင်္ရီတိုင်း ဒေသကြီး ကော့သောင်း အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများနှင့် လက်နက် (ဓား) ကိုင်ဆောင်သူ အကျဉ်းသား သုံးဦးကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း တွင် The Daily Eleven သို့ ပြောကြားသည်။

အောက်တိုဘာ ပထမအပတ်အတွင်း ကော့သောင်း အကျဉ်းထောင်၌ လစဉ်ပုံမှန် စစ်ဆေးမှုတွင် အရိုးအသွား ရှစ်လက်မရှိ ဓားတစ်လက်၊ ကွပ်ပျစ်အောက်၌ တယ်လီဖုန်းဆင်းကတ်၊ ဟန်းဆက်နှင့် ဖုန်းပြောနေသူတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိ မှုကြောင့် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ-၄၂ အရ စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

''ထောင်အတွင်းကို ဒီပစ္စည်းတွေ မယူရဘူးဆိုတာ နှုတ်နဲ့လည်း အသိပေး ပြောထားပြီး ဖြစ်သလို၊ ထောင်ရဲ့အ၀င်ဝ တံခါး ကြီးမှာလည်း တားမြစ်ထားတဲ့ ကြေညာချက်ကိုလည်း ကပ်ထားပါတယ်။ အပြစ်ပေးခံရတဲ့ အကျဉ်းသား သုံးဦးကတော့ ၀င်းဘို၊ အောင်သူဟိန်းနဲ့ ပိုင်စိုးဦးတို့ ဖြစ်ပါတယ်'' ဟု တနသာင်္ရီတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးအေးသွင်က အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ''ထောင်အတွင်းမှာလည်း အကျဉ်းသား အချို့တွေက တစ်ရက်နဲ့ တစ်ရက် ကုန်ဆုံးမှန်း မသိအောင် မူးဝေစေတဲ့ ဆေးဝါးတွေကို အသုံးပြုနေတာ တွေ့ရတယ်။ ဒါတွေက ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး တော့လည်း စစ်ဆေးနေပါတယ်'' ဟု ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

အဆိုပါကဲ့သို့ အကျဉ်းသား သုံးဦးကို အရေးယူခဲ့သည့် ကော့သောင်း အကျဉ်းထောင်အတွင်း ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် ထောင်အတွင်း အကျဉ်းကျ နေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်း ဆူပူအုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခဲ့ရာမှ အကျဉ်းသားနှစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော့သောင်း အကျဉ်းဦးစီး ၀န်ထမ်းအချို့ကို စစ်ဆေးအရေးယူမှုနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ''၀န်ထမ်းတွေကို ဘယ်လို အရေးယူလဲ ဆိုတာကိုတော့ မသိရသေးဘူး။ ကော့သောင်း အကျဉ်းထောင်မှာရှိတဲ့ ၀န်ထမ်းအားလုံးကိုတော့ နေရာပြောင်းရွေ့ ထားပါတယ်'' ဟု ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကြည်လင်းက ''ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စုံခုံစစ်ဆေးမှုတွေ ပြီးသွားပြီလို့ သိရတယ်။ ဒါနဲ့ပတ်သက်ပြီး ၀န်ထမ်းအချို့ကို ဌာနအတွင်း အရေးယူမှုတွေ ပြုလုပ်တယ်လို့ ကြားသိရတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လုံခြုံရေး အပိုင်းကိုပဲ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်'' ဟု အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းသားများ အုပ်စုဖွဲ့မှုနှင့် ၀န်ထမ်းများကို တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့် အခြေအနေများကြောင့် စက်တင်ဘာလအတွင်း အကျဉ်းသားဦးရေ ၁၂၀ ကို မော်လမြိုင် အကျဉ်းထောင်သို့ ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

လက်ရှိ ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူနှင့် အချုပ်ကျနေသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀၀ ကျော်ရှိပြီး အဆိုပါ အကျဉ်းထောင်မှာ လူဦးရေ ၁၀၀၀ ဆံ့ ဖြစ်ကြောင်း ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်ထံမှ သိရသည်။

(စက်တင်ဘာ ၁၄ ရက်က ကော့သောင်း အကျဉ်းထောင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း))
(စက်တင်ဘာ ၁၄ ရက်က ကော့သောင်း အကျဉ်းထောင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရဲမြင့်ဝင်း))
တနသာင်္ရီတိုင်း ဒေသကြီး ကော့သောင်း အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများနှင့် လက်နက် (ဓား) ကိုင်ဆောင်သူ အကျဉ်းသား သုံးဦးကို ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အကျဉ်းဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးအေးသွင်က အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း တွင် The Daily Eleven သို့ ပြောကြားသည်။

အောက်တိုဘာ ပထမအပတ်အတွင်း ကော့သောင်း အကျဉ်းထောင်၌ လစဉ်ပုံမှန် စစ်ဆေးမှုတွင် အရိုးအသွား ရှစ်လက်မရှိ ဓားတစ်လက်၊ ကွပ်ပျစ်အောက်၌ တယ်လီဖုန်းဆင်းကတ်၊ ဟန်းဆက်နှင့် ဖုန်းပြောနေသူတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အကျဉ်းထောင်အတွင်း ယူဆောင်ခွင့် တားမြစ်ထားသည့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိ မှုကြောင့် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ-၄၂ အရ စစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။

အစိုးရထီ ပြင်ပပေါက်ဈေး မြင့်နေမှုကြောင့် ကွန်ပျူတာစနစ် ပြောင်းရန်စီစဉ်

Photo: အစိုးရထီ ပြင်ပပေါက်ဈေး မြင့်နေမှုကြောင့် ကွန်ပျူတာစနစ် ပြောင်းရန်စီစဉ်

နေပြည်တော်၊ စက်တင်ဘာ ၁၁

ပြည်တွင်းအခွန်များ ဦးစီးဌာနက တစ်စောင်လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော်လည်း ပြင်ပဈေးကွက်တွင် ထက်ဝက်ကျော် ဈေးတင် ရောင်းချနေသည့် အောင်ဘာလေထီ စနစ်ကို ကွန်ပျူတာသုံး ထီစနစ် (Computerized Lottery) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ကွန်ပျူတာသုံး ထီစနစ်ကို အကောင်အထည် ဖော်နိုင်ပါက ထီစောင်ရေ အရေအတွက် ကန့်သတ်မှုနှင့် တန်ဖိုးတိုးမြှင့်မှု မရှိဘဲ ရောင်းချနိုင်မည် ဖြစ်ပြီး ပြင်ပဈေးနှုန်း ကြီးမြင့်နေမှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ထပ်မံပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အောင်ဘာလေသိန်းဆု လက်မှတ် ပြင်ပရောင်းဈေးမှာ ၅၀ ရာခိုင်နှုန်းခန့် ကြီးမြင့်နေသည်ကို ပြုပြင်ရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

အစိုးရက ၁၁ စောင်ပါ ထီလက်မှတ် တစ်အုပ်ကို ကျပ်နှစ်ထောင်ဖြင့် ရောင်းချသော်လည်း ထီရောင်းချသူ လုပ်ငန်းရှင်များက အခြားကုန်ကျစရိတ်များ ထပ်ပေါင်း ထည့်ထားသဖြင့် ထီတစ်စောင်လျှင် ၂၀၀ ကျပ်ထက် ပိုမိုရောင်းချနေခြင်း ဖြစ်ပြီး အဆိုပါ အခြေအနေ များကို ပြင်ဆင်ရန် နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကွန်ပျူတာသုံး ထီစနစ်ကို လေ့လာနေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကွန်ပျူတာသုံး ထီစနစ်ကို လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေလည်း လာဆွေးနွေးနေတာ ရှိပါတယ်” ဟု ဒေါက်တာ လင်းအောင်က ဆိုသည်။
“သိသလောက်တော့ ကွန်ပျူတာစနစ်က လူနဲ့ရွေးတာထက် ကုန်ကျစရိတ် ပိုသက်သာတယ် ပိုမြန်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အရေးကြီးတာ ဟက်ကာတွေရဲ့ ရန်ကို ထည့်စဉ်းစားရမယ်။ နောက်ပြီး ကွန်ပျူတာစနစ်ဆိုတာ လူဖန်တီးတာဖြစ်လို့ ဂဏန်းကို တွက်ချက် မရဘူးလို့ အာမခံနိုင်ပါ့မလား” ဟု စင်ကာပူနိုင်ငံ အိုင်တီ လုပ်ငန်းတစ်ခု၌ သွားရောက်အလုပ် လုပ်ကိုင်နေသူ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။

အစိုးရ ထီလက်မှတ်များကို ပြင်ပဈေးကွက်တွင် ထီတစ်စောင် ကျပ် ၂၅၀၊ ကျပ် ၃၀၀ စသဖြင့် ဈေးအမျိုးမျိုးဖြင့် ရောင်းချနေကြောင်း၊ အစိုးရထံမှ လက်မှတ်ကို လုပ်ငန်းရှင်များကိုသာ ကန့်သတ် ဝယ်ယူ ခွင့်ပြုနေခြင်းကို ပြင်ဆင်သင့်ကြောင်း မကွေးမြို့၌ ထီရောင်းချနေသူ ဦးမောင်အေးက ပြောဆိုသည်။

အစိုးရ၏ အောင်ဘာလေထီ စနစ်တွင် လစဉ် ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ခွဲဝေပေးပြီး ထီလက်မှတ် ရောင်းရငွေ ၄၀ ရာခိုင်နှုန်းနှင့် လာရောက် ထုတ်ယူမှု မရှိသည့် ပေါက်မဲဆု များကို နိုင်ငံတော် အခွန်ဘဏ္ဍာအဖြစ် ရယူနေခြင်း ဖြစ်သည်။

နေပြည်တော်၊ စက်တင်ဘာ ၁၁

ပြည်တွင်းအခွန်များ ဦးစီးဌာနက တစ်စောင်လျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချနေသော်လည်း ပြင်ပဈေးကွက်တွင် ထက်ဝက်ကျော် ဈေးတင် ရောင်းချနေသည့် အောင်ဘာလေထီ စနစ်ကို ကွန်ပျူတာသုံး ထီစနစ် (Computerized Lottery) သို့ ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ကွန်ပျူတာသုံး ထီစနစ်ကို အကောင်အထည် ဖော်နိုင်ပါက ထီစောင်ရေ အရေအတွက် ကန့်သတ်မှုနှင့် တန်ဖိုးတိုးမြှင့်မှု မရှိဘဲ ရောင်းချနိုင်မည် ဖြစ်ပြီး ပြင်ပဈေးနှုန်း ကြီးမြင့်နေမှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ထပ်မံပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၏ အောင်ဘာလေသိန်းဆု လက်မှတ် ပြင်ပရောင်းဈေးမှာ ၅၀ ရာခိုင်နှုန်းခန့် ကြီးမြင့်နေသည်ကို ပြုပြင်ရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင စပ်လျဉ်း၍ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပဋိပက္ခတွင် ဖမ်းဆီးခံရသူ သံတွဲ RNDP ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦး ကို ကျောက်ဖြူထောင်ပြောင်း


ရန်ကုန်၊ အောက်တိုဘာ ၁၁

လူခုနှစ်ဦး သေဆုံးခဲ့သည့် သံတွဲ ပဋိပက္ခတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးထားသူများအနက် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ အပါအဝင် ဒေသခံ ၁၇ ဦးကို သံတွဲခရိုင် အကျဉ်းထောင်မှ ကျောက်ဖြူခရိုင် အကျည်းထောင်သို့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြောင်းရွှေ့ခဲ့ကြောင်း RNDP ပါတီမှ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။

RNDP ဥက္ကဋ္ဌနှင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ အဖွဲ့ဝင်များ ပါဝင်သော အဆိုပါ ၁၇ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် တစ်နာရီ ဝန်းကျင်တွင် ကျောက်ဖြူထောင်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျောက်ဖြူ ခရိုင်ထောင်သို့ ပြောင်းရွှေ့ခြင်းမှာ မှန်ကန်ကြောင်း၊ သို့သော်လည်း လူဦးရေ စာရင်းနှင့် ပြောင်းရွှေ့ရသည့် အကြောင်းအရင်းကို မသိရှိကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

နန်းဝိုးဖန်၏ ခင်ပွန်း ဂျပန်နိုင်ငံသားကို နိုင်ငံ့စီးပွားရေး ထိခိုက်စေမှုဖြင့် စွဲချက်တင်

နန်းဝိုးဖန်နှင့် ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာနာမစဲ မိုတိုဟီကို

အရောင်းအ၀ယ်မှုဖြင့်  ခေါ်ယူစစ် ဆေးစဉ် သေဆုံးသွားသည့် မနန်းဝိုးဖန် ၏ ခင်ပွန်း ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟီကို ကို လှိုင်သာယာမြို့နယ် တရားရုံး က အောက်တိုဘာလ ၉ ရက်နေ့ တွင် အရေးပေါ် စီမံမှု ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အထူးစုံစမ်းစစ်ရေးဦးစီးဌာနက တရားမ၀င် အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး အသက် ၁၉ နှစ် အရွယ်ရှိ မနန်းဝိုးဖန် ကို ခေါ်ယူစစ်ဆေးခဲ့ပြီး  မနန်းဝိုးဖန်သည် မတ် လ၂၄ ရက်နေ့ မနက်ပိုင်း ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးသွားခဲ့ကြောင်း၊ မနန်းဝိုးဖန် သေဆုံးမှု သည် အာဏာပိုင်များ၏ ဥပဒေနှင့်မညီ ခေါ်ယူစစ်ဆေးမှုကြောင့် ဖြစ်သည်ဟု ဆိုကာ မိသားစုဝင်များက သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် တာဝန်ရှိသူများ ထံသို့ တိုင်ကြားခဲ့သော်လည်း သေမှုသေခင်းဖြင့်သာ အမှုပိတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ တွင် မစ္စတာ နာမဆဲ မိုတိုဟီကို ကို ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅ (ဇ)ဖြင့် တရား ရုံးတင် စစ်ဆေးခဲ့ရာမှ တနှစ်ခွဲ နီးပါးကြာမြင့်လာချိန် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် တရားရုံးက နိုင်ငံတော် စီးပွားရေး ကမောက်ကမ ဖြစ်စေမှုဖြင့် စတင် စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးစက်ဝိုင် ကိစ္စ အာဆီယံ မယ် အိရူပါဝင်း စာထုတ်

Miss Universe Myanmar 2013 သရဖူဆုရှင် မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံ မော်စကို မြို့မှာ လာမယ့် နိုဝင် ဘာ လ ၉ ရက်နေ့ ကျင်းပမယ့် မယ်စင်္ကြာဝဠာပြိုင်ပွဲကို တရားဝင် သွားရောက်ယှဉ်ပြိုင် ရပါတော့မယ်။  



မြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး တချိန်က အာဆီယံ မယ် ဆုရှင် အိရူပါဝင်းက စာထုတ်ပြန်လိုက်တာကို Miss Universe Myanmar ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ မှာ ဖော် ပြ ထားပါ တယ်။ 

အပြည့်အစုံကတော့ ... 

မြေအောက်မြေပြင်တွင် လူလုပ်သော လောဘမုန်တိုင်းတို့ မာန်ဖီနေကြလေသည်


မြေအောက်အတောင် ၆ဝ ခန့် ဆင်းခဲ့ပြီးဖြစ်၍ တစ်နေ့တည်းမှာပင် နာရီပိုင်းအတွင်း ပင်လယ်ရေမျက်နှာပြင် အထက် ပေငါးထောင်ရှစ်ရာကျော်ကို ထပ်တက်ရလိမ့်မည်ဟု
တွေးထင်ထား ခဲ့ခြင်းမရှိခဲ့။ အခုတော့ မည်းညစ်သော ကျောက်မီးသွေး ပေကျံခံခဲ့ရရုံမျှမက ဖြူလွှအေးမြသော တိမ်မျှင်များကိုပါ ဖမ်းဆုပ်ကိုင်နိုင်ခဲ့သည်။ ဧရာဝတီမြစ် အနောက်ဘက်ကမ်း သည် မြေအောက်သယံဇာတတို့ဖြင့် ပြည့်နှက်လျက်ရှိနေသည်က အမှန်ပင် ဖြစ်သည်။ လေးပင်အကျော်ပဒါန်း လမ်းမ(၂၇)မိုင် အရောက်တွင် လမ်း ဘေးဝဲယာ အပုံလိုက်မြင်တွေ့နိုင်သည် ကရွှေမည်းဟု ယူဆနိုင်သောကျောက်မီး သွေး ထုတ်လုပ်ရေးစခန်းပင် ဖြစ်သည်။
ကျောက်မီးသွေး လုပ်သားများ နေထိုင်သော တဲငယ်များနှင့်ရွာလေး တစ်ရွာတမျှစည်ကားလျက် ရှိနေသော် လည်း အချို့ တဲအိမ်တို့မှာ နေထိုင် သူပိုင်ရှင်မဲ့ လျက်ရှိ သည် ကို လည်း တွေ့ရ ပေသည်။ ”မိုးတွင်းဆိုတော့ စိုက်ချိန် ပျိုးချိန် ကိုယ့်ဒေသကိုယ် ပြန်စိုက်ကြ ပျိုးကြဆိုတော့ လူမရှိဘူးပေါ့။ ကျောက် မီးသွေး လာတူးတာကတော့ နယ်အစုံ ပါပဲ”ဟု ရေနံချောင်းနယ်ဘက်မှ လာ ရောက် လုပ်ကိုင်နေသောကိုစိုးနိုင်ကဆို လာသည်။ ကျောက်မီးသွေးတူးလုပ်သား များအနေဖြင့် ကိုယ်ပိုင်စိတ်ကြိုက်နေ ရာရွေး တူးနိုင်သော်လည်း ရရှိလာသော ကျောက်မီးသွေးမှန်သမျှကို ‘မိုးကြိုး-ခြင်္သေ့’ ကုမ္ပဏီသို့ ရောင်းချကြရသည်။ငါးဂါလန်ဝင်ပုံးကြီးတစ်ပုံးလျှင် ၄ဝဝ   ကျပ်နှုန်းဖြင့် ကုမ္ပဏီ မှပေးချေသည်ဟု သိရသည်။

ဌာနတွင်းအစည်းအဝေးတွင် မတ်တတ်ရပ်ဒဏ်ပေးခံရသည့် မြို့တော်စည်ပင်မှ ဝန်ထမ်းတစ်ဦး ဆေးရုံတင်လိုက်ရ

ဌာနတွင်း အစည်းအဝေးတစ်ခုတွင် စကားပြောမိသဖြင့် ဌာနမှူးမှ ခုံပေါ်တက် ၍ မတ်တတ်ရပ်ဒဏ်ပေးခံရသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ တော်ခန်းမရှိရာ မြတ်ဌာနမှ အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး ယင်းနေ့တွင်ပင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း မိသားစုဝင် များ၏ ပြောပြချက်အရ သိရှိရသည်။

"ဖြစ်တာက အောက်တိုဘာ ၂ ရက် နေ့ပါ။ အန်တီသိတဲ့အချိန် သူက ဆေးရုံ ရောက်နေပြီ။ သူ စကားပြန်ပြောနိုင်တဲ့ အချိန်ကျမှ မေးကြည့်တော့ ဒါဘာမှ စကားပြောမိလို့ ဌာနမှူးက သူတို့နှစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ခိုင်းတယ်တဲ့။ ပြီးတော့ ဓာတ်ပုံလည်း ရိုက်တယ်တဲ့။ သူ အရမ်းရှက်သွားတယ် လို့ပြောတယ်။ သားပဲ စဉ်းစားကြည့်လေ အသက် ၅၀ နီးပါးရှိနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ခုန်ပေါ်တက်ပြီး မတ်တတ်ရပ် ဒဏ်ပေးတယ်ဆိုတာ၊ သူ့မှာ နှလုံးရောဂါ အခံလည်း ရှိတယ်ဆိုတော့ ရှော့ခ်ဖြစ် သွားတယ်ထင်တယ်"ဟု အဆိုပါဝန်ထမ်း အမျိုးသမီးကြီး၏ မိသားစုဝင်တစ်ဦးက News Watch ဂျာနယ်သို့ ပြောကြား သည်။

" ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် လိုအပ်ဟု မာလာလာ ပြောကြား"

Photo: " ငြိမ်းချမ်းရေး အတွက် တာလီဘန်များနှင့် တွေ့ဆုံ ဆွေးနွေးရန် 
လိုအပ်ဟု မာလာလာက ပြောကြား"
====================================

မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂ဝ၁၂ အောက်တိုဘာလ ၁၂ ရက်နေ့က မာလာလာ ကို ကျောင်းကား ပေါ်တွင် သေနတ် သမား၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိန်းကလေး များလည်း တန်းတူ ပညာ သင်ကြားခွင့် ရရေးအ တွက် ပြောဆိုမှုများ ပါကစ္စတန်နှင့် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့လာခဲ့သည်။

သေနတ် ဒဏ်ရာရခဲ့သည့် ဦး ခေါင်းကို ခွဲစိတ်မှု များစွာ ပြုလုပ်ခဲ့ ရပြီး နောက် ဗြိတိန်နိုင်ငံ ဘာမင်ဂမ် မြို့တွင် နေထိုင်နေသည့် မာလာလာက ”ပြဿနာတွေ၊ စစ်ပွဲတွေ ကို ဖြေရှင်းနိုင်ဖို့က အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းပါပဲ၊ ဒါဟာ ကျွန်မရဲ့ အလုပ် မဟုတ်ပါဘူး၊ အမေရိကန် အပါအဝင် သက်ဆိုင်ရာ အစိုးရက လုပ်ရမှာပါ၊ လူသတ် တာတွေ၊ ဖမ်းဆီးနှိပ်စက် တာတွေ၊ ကြိမ်ဒဏ်ပေး တာတွေဟာ ကျွန်မတို့ ဘာသာတရား နဲ့ လည်း ဆန့်ကျင်နေပါတယ်၊ နှစ်ဖက် တွေ့ဆုံပြီး ဘာလိုချင်တယ်၊ ဘာဖြစ်ချင် တယ် ဆိုတာကို ဆွေးနွေးတာက အ ကောင်းဆုံး နည်းလမ်းပါပဲ” ဟု ပြော သည်။

ပြီးခဲ့သည် ဇူလိုင်လက ကုလ သမဂ္ဂတွင် မိန့်ခွန်း ပြောကြားခဲ့ဖူးသည့် မာလာလာက ”ကျွန်မ အနေနဲ့ အနာ ဂတ်မှာ နိုင်ငံရေး သမား ဖြစ်ချင်ပါတယ်၊ အမိနိုင်ငံရဲ့ အနာဂတ် နဲ့ ပညာရေး ကဏ္ဍကို ပြောင်းလဲချင်ပါတယ်၊ တစ်နေ့နေ့ မှာတော့ ပါကစ္စတန် နိုင်ငံသူ /နိုင်ငံ သားတွေ လွတ်လပ် ငြိမ်းချမ်းစွာ နေ ထိုင်ခွင့် ရပြီး ငြိမ်းချမ်းစွာ ပညာသင် ကြားနိုင်မယ့် အခွင့် အရေး ရရှိနိုင်မယ် လို့ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။

မာလာလာသည် ၂ဝ၁၃ RAW in WAR Anna Politkovskaya (အန်နာပိုလစ်ကော့ဖ် စကဲယား) ဆုကို အောက်တိုဘာ ၄ ရက်နေ့တွင် လက်ခံရ ယူခဲ့သည်။ သူမ၏ ရဲစွမ်း သတ္တိ၊ မိန်း ကလေး ငယ်များနှင့် လူတိုင်း ပညာသင် ကြားခွင့် ရရှိရန် လှုံ့ဆော် အားပေးမှုများ ကို ဂုဏ်ပြုပြီး ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်ဟု RAW in WAR မှ တာဝန် ရှိ သူက ပြောကြားသည်။

၎င်းဆုသည် လူ့ အခွင့်အရေး အတွက် တိုက်ပွဲ ဝင်ခြင်းကြောင့် အသတ်ခံ ခဲ့ရသော ရုရှား ဂျာနယ်လစ် တစ်ဦးကို ဂုဏ်ပြုကာ ပေးအပ် ချီးမြှင့်ခြင်း ဖြစ်သည်။ ဆုကို Sir Nicholas Winton (ဆာနီကိုလတ်စ်ဝင်တန်) က ပေးအပ် ချီးမြှင့်ခဲ့သည်။

Ref:BBC

မိန်းကလေးများ ပညာသင်ကြားခွင့် ရရှိရေးအတွက် ရပ်တည် ကာကွယ် ပေးခြင်းကြောင့် သေနတ်သမား တစ်ဦးက ခေါင်းကို သေနတ်ဖြင့် ပတ်ခတ်ခဲ့ သော်လည်း အသက် မသေခဲ့သည့် ပါကစ္စတန် ဆယ်ကျော်သက် မာလာလာ က ဘီဘီစီနှင့် ပြုလုပ်သည့် ပထမဆုံး အင်တာဗျူးတွင် ငြိမ်းချမ်းရေး အတွက် တာလီဘန် များနှင့်တွေ့ ဆုံ ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂ဝ၁၂ အောက်တိုဘာလ ၁၂ ရက်နေ့က မာလာလာ ကို ကျောင်းကား ပေါ်တွင် သေနတ် သမား၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိန်းကလေး များလည်း တန်းတူ ပညာ သင်ကြားခွင့် ရရေးအ တွက် ပြောဆိုမှုများ ပါကစ္စတန်နှင့် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့လာခဲ့သည်။

သေနတ် ဒဏ်ရာရခဲ့သည့် ဦး ခေါင်းကို ခွဲစိတ်မှု များစွာ ပြုလုပ်ခဲ့ ရပြီး နောက် ဗြိတိန်နိုင်ငံ ဘာမင်ဂမ် မြို့တွင် နေထိုင်နေသည့် မာလာလာက

၂ဝ၁ဝ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူးလို့ ကော်မရှင် ဥက္ကဌပြော

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် လိုအပ်တဲ့အခြေခံမူတွေကို ဒီနှစ် ဒီဇင်ဘာလမှာ အပြီးရေးဆွဲမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ ဒီနေ့ တွေ့ဆုံစဉ် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တာပါ။

၂ဝ၁ဝ ရွေးကောက်ပွဲတုန်းကလို ခါးသီးတဲ့ အတွေ့အကြုံမျိုးတွေ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မကြုံရအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား

Photo: အပျိုကြီး တစ်ဦးတည်း နေတဲ့အိမ် အသတ်ခံရပြီး စိန်ထည်များပါသွား
^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန်လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင်သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏နေအိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက်ရှာဖွေခြင်းပြုလုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြတင်း ပေါက်သံဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။ အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ်ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့်တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ယခု သေဆုံးသူရောက်ရှိ နေထိုင်ပြီးမှ ဇွန်လအတွင်းကလည်း ပထမအကြိမ်အဖြစ်ဖောက်ထွင်းခံရပြီး ကာလတန်ဖိုးကျပ် ၁၃သိန်းခန့် ဆုံးရှုံးခဲ့သည်ဆို၏။ သေဆုံးသူ ဒေါ်သန်းမြိုင်သည် အစိုးရဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) အပျိုကြီးဖြစ်ကာ ၎င်းသည် တစ်ဦးတည်းနေထိုင်မှုကိုသာ နှစ်ခြိုက် သည်ဆို၏။ အလောင်းကို မြောက်ဥက္ကလာပဆေးရုံမှ ပီအာရ်-၁၈ ဖြင့်လက်ခံထားပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)ရဲစခန်းကလည်း သေမှုသေခင်းအမှတ်စဉ် ၄၇/၂ဝ၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်ဆို၏။

ကောင်းထက်၊ မောင်မျိုး (၁၁-၁ဝ-၂ဝ၁၃)

_______________________________________________

အောက်တိုဘာ ၁၂ ရက်ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊
အတွဲ(၂)၊ အမှတ်(၀၈၉)  ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မောင်းမကန်လမ်းရှိ အိမ်အမှတ်(၁၅၇၈/ခ) နှစ်ခန်းတွဲနေအိမ်တွင်နေထိုင်သူ ဒေါ်သန်းမြိုင်(၆၇)နှစ်သည် အောက်တိုဘာ ၁၁ရက်၌ ၎င်း၏နေအိမ် နောက်ဖေးတွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူတွင် ဝတ်ဆင် ထားသော စိန်နားကပ်၊ ရွှေ လက်စွပ်နှင့် ဖုန်း-ဝ၉၅၁၅၉ဝ၁၈ တို့မှာ ပျောက်ဆုံးနေသည်ကို ၎င်း၏ တူတော်စပ်သူက နံနက် ၁၁ နာရီ ခန့်တွင် ၎င်း၏အဒေါ်အိမ်သို့လာရောက်စဉ် တွေ့မြင်ခဲ့ရသည်ဆို၏။

သေဆုံးသူဒေါ်သန်းမြိုင်နေထိုင်သော အိပ်ခန်းအတွင်းသို့ မွှေနှောက်ရှာဖွေခြင်းပြုလုပ်ခဲ့သည့် ပုံစံ လက်ရာများနှင့် နောက်ဖေးပြတင်း ပေါက်သံဆန်ခါမှာလည်း ချိုးဖောက်ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် ဆို၏။ အဆိုပါနေအိမ်သည် သေဆုံးသူမနေထိုင်မီ ယခင်နေထိုင်သူများရှိစဉ်ကပင် မကြာခဏ ဖောက် ထွင်းခံရသောအိမ်ဖြစ်ပြီး ဖောက်ထွင်းသည့်တရားခံကိုလည်း ယနေ့အထိ ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူက အိမ်ရှင်အမျိုးသမီးအား ဓါးဖြင့်ထိုး


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၇ မိနစ်

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်
နေအိမ်တွင် သူငယ်ချင်းမိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။

တိုက်ဂါးဘီယာ စက်ရုံဝင်းအတွင်း မီးရှို့မှုဖြစ်ပွား


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၁၁ မိနစ်

မင်္ဂလာဒုံမြို့နယ်ရှိ တိုင်ဂါးဘီယာစက်ရုံတွင် ဆိုင်ကယ်ဖြင့် ၀င်ရောက်လာသူတစ်ဦးက ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်ဖြုတ်ကာ မီးရှို့မှုတစ်ခုအောက်တိုဘာ ၉ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

မီးရှို့ခဲ့သူမှာ ရွာသာကြီးစိတ်ရောဂါဆေးရုံ ပြင်ပလူနာဌာနတွင် ဆေးကုသနေသော စိတ်ဝေဒနာရှင် ဇော်မင်းထွန်း (ဘ)ဦးကျော်လွင်၊ ကိုးလုံးကွင်းရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် ကမ်ဘို ၁၁၀ အမျိုးအစားနံပါတ်မပါ လိုင်စင်မဲ့ဆိုင်ကယ်အား စက်ရုံဝင်ပေါက် ဂိတ်မောင်းတံအောက်မှ ဖြတ်၍ စီးနင်းဝင်ရောက်ခဲ့သည်ဟု ဆိုထားသည်။ ယင်းနောက် စက်ရုံအနောက်ဘက် ဘီယာဘူးခွံများထားသော ဂိုဒေါင်အ၀တွင်ဆိုင်ကယ်အားလှဲချပြီး ဆီပိုက်အားဖြုတ်၍ အသင့်ပါလာသော ဂတ်စ်မီးခြစ်ဖြင့် မီးရှို့ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင် လိမ်လည် တိမ်းရှောင်ခဲ့သူမှ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီး နာရီပိုင်း အကြာတွင် အာမခံနှင့် ပြန်လည်လွတ်မြောက်


မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ကို လိမ်လည် တိမ်းရှောင်ခဲ့သူက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မန္တလေး ကားလောက အတွင်း၌ ကားဝယ်ရောင်း တစ်ဦးက ငွေကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ခန့်ကို လိမ်လည်တိမ်းရှောင် သွားခဲ့မှုကြောင့် ကား Show Room ဖွင့်လှစ် ထားသူများနှင့် ၎င်းထံမှ ကားဝယ်ယူထားခဲ့ သူများက အမှတ်(၆) ရဲစခန်းတွင် အမှုဖွင့်လှစ် ခဲ့ကြပြီးရာ အဆိုပါ လိမ်လည် တိမ်းရှောင်ခဲ့သူမှ အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က အဆိုပါ စခန်း၌ လာရောက်ဝန်ခံခဲ့ကြောင်း သိရသည်။

ပဋိပက္ခများ၏ နောက်ကွယ်တွင် ပါဝင်ကျူးလွန် သူများကို ထိရောက်စွာ အရေးယူရန် ကုလအတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း

Photo: ပဋိပက္ခများ၏ နောက်ကွယ်တွင် ပါဝင်ကျူးလွန် သူများကို ထိရောက်စွာ အရေးယူရန် ကုလအတွင်းရေးမှူးချုပ်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း 

ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ နောက်ကွယ်၌ ပါဝင်ကျူးလွန်သူ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့သည် အောက်တိုဘာ ၁၁ ရက်၊ နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် ဘန်ကီမွန်က ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့သော တွေ့ဆုံမှုသည် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲအပြီး မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တရားဝင် လက်ခံရယူပြီးချိန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှု၌ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေး၊ အာဆီယံနှင့် ကုလသမဂ္ဂ ဆက်ဆံရေးတို့ကို ဦးစွာဆွေးနွေးခဲ့ပြီး မကြာသေးမီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

''ဘန်ကီမွန် အနေနဲ့ ပဋိပက္ခရဲ့ နောက်မှာ ပါဝင်ကျူးလွန်တဲ့ တစ်ဦးချင်းကိုဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုဖြစ်ဖြစ် ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပါ။ သူတို့ဘက်ကလည်း ဒီလိုလုပ်ဆောင်တာကို အပြည့်အ၀ ထောက်ခံပါတယ် ဆိုပြီးတော့ ပြောပါတယ်'' ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်သို့ ပြောကြားသည်။

''ကျွန်တော်တို့ဘက်က နံပါတ်တစ်က မဖြစ်အောင် တားဆီးမယ်။ နှစ်က ဖြစ်လို့ရှိရင် ချက်ချင်း တုံ့ပြန်နိုင်အောင် ကျွန်တော်တို့ လုပ်နေတယ်။ သို့ပေမဲ့ ရခိုင်မှာကျတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အခါကျတော့ ဝေးလံတဲ့ နေရာတွေကို နောက်က လုံခြုံရေးတပ်တွေ လိုက်ရတာ ခက်တာပေါ့။ ဒါကို ရှင်းပြတယ်။ တတိယကတော့ ဖြစ်ပြီးလို့ရှိရင် ကျွန်တော်တို့ တာဝန်ရှိတဲ့ သူတွေကို ဖော်ထုတ်ပြီး အရေးယူမယ်။ ဒီကိစ္စကို ရှင်းပြတယ်'' ဟု ဦးရဲထွဋ်က ဆိုသည်။

ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိရန် အစိုးရက ကြိုးစားနေကြောင်း၊ ထိုသို့ရရှိပြီးက သီးခြား လွတ်လပ်သော ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံရေး ဆွေးနွေးပွဲ စတင်မည်ဖြစ်ကြောင်း ပြောကြားသည်။

''နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ တစ်ချိန်မှာပဲ ကျွန်တော်တို့က IDP တွေ ပြန်နေရာချတာတို့၊ ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်။ အဲဒီလုပ်တဲ့ လုပ်ငန်းတွေမှာ ကုလသမဂ္ဂက သူတို့အပြည့်အ၀ ပါဝင်ပူးပေါင်း ဆောင်ရွက်မယ်။ နောက်တစ်ခါ International Community ကိုလည်း သူတို့ ဖိတ်ခေါ်ပြီးတော့ လုပ်မယ်။ ဒီကိစ္စတွေ ကျွန်တော်တို့က ဆွေးနွေးခဲ့တယ်'' ဟု ဦးရဲထွဋ်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် တိုင်းရင်းသားအရေး မပြေလည်မှုများက မြန်မာနိုင်ငံ၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုအပေါ် စိန်ခေါ်မှုများ ရှိနေသည်။ သို့သော် မြန်မာအစိုးရ အနေဖြင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကြောင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် လုပ်ဆောင်ရန် အခွင့်အရေး ဖြစ်လာနိုင်သည်ဟု အာဆီယံ သံတမန်များက ပြောကြားသည်။

(သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံစဉ်)
(သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံစဉ်)
ဖြစ်ပေါ်နေသော ပဋိပက္ခများ၏ နောက်ကွယ်၌ ပါဝင်ကျူးလွန်သူ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းများကို ထိရောက်စွာ အရေးယူရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့သည် အောက်တိုဘာ ၁၁ ရက်၊ နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ အစိုးရ ဧည့်ဂေဟာ၌ သီးခြား တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် ဘန်ကီမွန်က ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ အချိန်တစ်နာရီကျော် ကြာမြင့်ခဲ့သော တွေ့ဆုံမှုသည် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲအပြီး မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို တရားဝင် လက်ခံရယူပြီးချိန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှု၌ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေး၊ အာဆီယံနှင့် ကုလသမဂ္ဂ ဆက်ဆံရေးတို့ကို ဦးစွာဆွေးနွေးခဲ့ပြီး မကြာသေးမီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

Photo: တောင်ငူမြို့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့၊ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးအား တောင်ငူမြို့၊ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ကုသလျက် ရှိကြောင်း သိရသည်။

တောင်ငူမြို့၊ ချမ်းမြေ့ တည်းခိုရိပ်သာ အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခန်းနံဘေး ပြတင်းပေါက် လိုက်ကာအတွင်းမှ အိတ်အ၀ါရောင် တစ်လုံးအား တွေ့ရှိ၍ ဖွင့်ကြည့်ရာမှ ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခန်းအမှတ် ၆ နှင့် ကပ်လျက် အခန်းတွင် တည်းခိုနေသူ တောင်ငူမြို့ မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ (၁၀) မှ တပ်သား နေမျိုးကျော် ၂၉ နှစ် (ဘ) ဦးကျော်လွင်၊ ငှက်ပျောတောကျေးရွာ လယ်ဝေးမြို့သည် မယုယုခိုင် ၂၃ နှစ် (ဘ) ဦးသိန်းဝင်း၊ မငြိမ်းသီတာ ၂၇ နှစ် (ဘ)ဦးခင်မောင်သန်း ရွှေကန်သာ ၄ လမ်း၊ မြို့မ ၄ ရပ်ကွက်၊ ညောင်လေးပင်မြို့ နေသူတို့နှင့်အတူ စကားပြော နေကြစဉ် အခန်းနံဘေးရှိ ခန်းဆီးလိုက်ကာ အနီးမှ အိတ်အ၀ါရောင်တစ်လုံး တွေ့ရှိခဲ့ပြီး ၎င်းအိတ်အား နေမျိုးကျော်က ယူပြီးဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် နေမျိုးကျော်မှာ အခင်းဖြစ်ပွား နေရာတွင် ဗိုက်ပွင့်ထွက်ကာ သေဆုံးသွားခဲ့ပြီး မယုယုခိုင်နှင့် မငြိမ်းသီတာတို့ နှစ်ဦးအား တောင်ငူပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ယင်းနေ့ ည ၁၁ နာရီ မိနစ် ၂၀ တွင် မယုယုခိုင်မှာ အခင်းဖြစ်စဉ်က ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

မငြိမ်းသီတာမှာ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

(ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဧည့်ရိပ်သာကို တာဝန်ရှိသူများနှင့် ဒေသခံများ ကြည့်ရှုနေစဉ်)
(ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဧည့်ရိပ်သာကို တာဝန်ရှိသူများနှင့် ဒေသခံများ ကြည့်ရှုနေစဉ်)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့၊ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးအား တောင်ငူမြို့၊ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ကုသလျက် ရှိကြောင်း သိရသည်။

တောင်ငူမြို့၊ ချမ်းမြေ့ တည်းခိုရိပ်သာ အပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခန်းနံဘေး ပြတင်းပေါက် လိုက်ကာအတွင်းမှ အိတ်အ၀ါရောင် တစ်လုံးအား တွေ့ရှိ၍ ဖွင့်ကြည့်ရာမှ ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင် ရွှေဖြူဟိုတယ်တွင် ဖမ်းမိ


မန္တလေး၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အရောင်းအဝယ် ပြုလုပ်နေပြီး ရဲတပ်ဖွဲ့က အလိုရှိနေသည့် မူးယစ်ဆေး ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ယူဆရသော ဦးဇော်ဝင်းနိုင်ကို အောက်တိုဘာလ ၁၀ နေ့က မဟာအောင်မြေမြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။
“မန္တလေးမှာ မူးယစ်ဆေး အရောင်းအဝယ် အကြီးဆုံးလို ထင်ရတဲ့ ခေါင်းဆောင် တစ်ယောက်တော့ မိသွားပါပြီ။ သူ့ကို မန္တလေးမှာ အဓိက ဖြန့်ဖြူးရောင်းချနေသူ တစ်ယောက်လို့ သတ်မှတ်ထားတယ်။ သူက ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာပါ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး မှုခင်းအကူတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မဟာအောင်မြေ မြို့နယ်ရှိ ရွှေဖြူဟိုတယ်တွင် တည်းခိုနေသော ဦးဇော်ဝင်းနိုင်ကို စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉၅ ပြား အပါအဝင် မူးယစ်ဆေးဝါး ရောင်းရငွေ သိန်း ၁၂၀ ကျပ်ကို ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့် ချမ်းအေးသာစံ မြို့နယ်ရှိ နေအိမ်ကို ထပ်မံရှာဖွေရာ ကျပ်သိန်း ၂၅၀၀ ကို တွေ့ရှိခဲ့ကြောင်း အမှုစစ် ရဲအရာရှိက ဆိုသည်။

Related Posts Plugin for WordPress, Blogger...

ShareThis