menu

Sunday 1 July 2012

သူရ ဦးရွှေမန်းနဲ့ ၈၈မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းရရှိပါတယ်။
RFA
ဒီကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ ကိုကိုကြီးက RFA ကို အခုလိုပြောပါတယ်။
"ကျွန်တော်တို့ အနေနဲ့ကပေါ့လေ၊ ဒီမှာ နိုင်ငံပြုပြင်ပြောင်းလဲနေတဲ့ အချိန်မှာ ဒီအားလုံးပေါ့၊ ထိတွေ့ဆက်ဆံဖို့လိုတယ် ဆိုတဲ့ သဘောထားက ရှိပြီးသားပါ"
တွေ့ဆုံပွဲ ဘယ်တော့လုပ်မယ်၊ ဘာတွေပြောဆိုဖို့ ရှိတယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ ဒီလိုတွေ့ဖြစ်ခဲ့ရင် ဒါဟာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ သူရ ဦးရွှေမန်းတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။

အာဖရိက အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ် (ကြည်နေမင်းဝင်း)


Photo
အီသီယိုပီးယားနိုင်ငံမြို့တော်အဒစ်  အဘာဘာမှ တောင်ဘက်သုံးနာရီခန့်ဝေးသောဒေသတွင်မြေ ယာဟက်တာ ပေါင်းတစ်သိန်းနှစ်သောင်းရှိသောကြီးမားကျယ်ပြန့်
သည့် ဥယျာဉ်ခြံမြေပေါ်တွင်စပျစ်ပင်များကို ခပ်စိပ်စိပ်တန်းထိုး၍စိုက်ပျိုးထားသည်။ အပြာရောင်ဝတ်စုံများနှင့် အလုပ်သမား များက စပျစ်ပင်များကိုပြုပြင်နေပြီး အပင်များတွင် ပိုးကျသည့် လက္ခဏာရှိ၊မရှိ ကြည့်ရှုစစ်ဆေးနေကြသည်။ ထိုအချိန်မှာပင် အချို့အလုပ် သမားများက လေးခွများကိုင်၍ ဆာလောင်နေသော ငှက်များကို မောင်းထုတ်နေသည်။
ဤကဲ့သို့သော မြင်ကွင်းမျိုး မှာအီသီယိုးပီးယားနိုင်ငံထက် ပြင်သစ်နိုင်ငံဘော်ဒိုးဒေသ(သို့မဟုတ်) အမေရိကန်နိုင်ငံ နာပီချိုင့်ဝှမ်း ဒေသနှင့် ပို၍ ဆက်စပ်ပါသည်။ အီသီယိုပီးယားနိုင်ငံဟု ဆိုလိုက် လျှင် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ ဆင်းရဲမွဲတေမှုနှင့် ဖိနှိပ်ချုပ်ခြယ်မှုများသာ စိတ်ထဲပေါ်လာပါသည်။ စပျစ်ခြံအား ပြင်သစ်ဝိုင် ကုမ္ပဏီ  Castel   ကပိုင်ဆိုင်ပါ သည်။

ခေတ်မှီ ဆေးရုံ


ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်မည် ဟုဆို

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ အပြန်အလှန် ပစ်ခတ်မှုမှာ တစ်နှစ်ကျော် လာပြီ ဖြစ်ပြီး လက်ရှိ အပစ်အခတ် ရပ်စဲရေးအတွက် နှစ်ဦးနှစ်ဘက် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သောကြောင့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေး အောင်မြင်မည် ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ယနေ့ ပြောကြားလိုက်သည်။

ယနေ့ မွန်းလွဲ ၁၂ နာရီတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲများ ဖြစ်ပွားလာပါက စစ်ဆေးနိုင်ရန် အတွက်လည်း စစ်မြေပြင် လေ့လာစောင့်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားကဒ် မရှိသူများကို အရေးယူသွားမည်

စစ်တွေမြို့လမ်းမတစ်နေရာ


 ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် ထုတ်ပြန်ကြေငြာခဲ့ရသည့် ရခိုင်ပြည်နယ်တွင်  မြန်မာနိုင်ငံသား စိစစ်ရေး ကဒ်ပြားများကို မှန်ကန်မှုရှိမရှိစစ်ဆေးလျက်ရှိပြီး ယင်းကဒ်ပြားမရှိသူများအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားခဲ့သည်။

သေမင်းတမန် ရထားလမ်း ပြန်လည်ဖောက်လုပ်မည်

သေမင်းတမန်ရထားလမ်းပေါ်ရှိကွေမြစ်တံတား
ဒုတိယကမ္ဘာစစ်အတွင်း ဖောက်လုပ်ခဲ့သည့် နာမည်ကျော် သေမင်းတမန်ရထားလမ်းကို
ပြန်လည် ဖောက်လုပ်မည့် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် တရားဝင် ပြောကြားလိုက်သည်။

အတ္တာဟိ၊ အတ္တနော၊ နတ္ထော(လူထုစိန်ဝင်း)

ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရတာလို့ ခံယူထားတယ်။ 'အတ္တဟိ၊ အတ္တနော၊ နတ္ထော' ဆိုတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမကို အကြွင်းမဲ့ လက်ခံထားတယ်။ အဲဒါကြောင့်  . . .

w62018
အိမ်ထဲကအိမ်ပြင် မထွက်ဘဲနဲ့ ကံကောင်းထောက်မပြီး ကောင်းမှုကုသိုလ်တစ်ခုပြုဖို့ အခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အင်မတန် ရင်းနှီးကျွမ်းဝင်တဲ့ ဦးပဉ္ဇင်းတစ်ပါး တစ်နေ့မှာ ရောက်လာပြီး မာကြောင်းသာကြောင်း မေးပါတယ်။ပြီးတော့မှ တိုင်ပင်ချင်တာလေး တစ်ခုရှိပါတယ်။ ဆရာပြန်မပြောပါနဲ့ မောနေပါမယ်။ ဦးပဉ္ဇင်းပြောတာပဲ နားထောင်ပေးပါလို့ ပြောပါတယ်။
ကျောင်းကလေးပိတ်မှာစိုးလို့
ဦးပဉ္ဇင်းက ပရဟိတ စိတ်အားထက်သန်မှု အင်မတန် ကြီးမားပါတယ်။ ချင်းတောင်သွားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလည်း လုပ်ခဲ့ဖူးတယ်။ အခုလည်း ပရဟိတ ကျောင်းလေးတစ်ကျောင်း ပိတ်ရတော့မလို ဖြစ်နေလို့ အကြံညဏ် လာတောင်းတာပါ။ ကျောင်းလေးက ဆရာတော်တစ်ပါး စတင် တည်ထောင်ခဲ့တာ ဖြစ်တယ်။

နိုင်ငံတော်သမ္မတအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီကို ဇွန်လအတွင်း ဖွဲ့စည်း





နိုင်ငံတော်သမ္မတအား လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးအစရှိသော လူမှုစီးပွား ရေးဆိုင်ရာများအား အကြံပြုတင်ပြမည့် အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီကို နိုင်ငံတော် သမ္မတရုံးမှ ဇွန်လ၁၃ရက်နေ့ ထုတ်ပြန်ချက်ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး နယ်ပယ်စုံမှ ပညာရှင်များနှင့် လုပ်ငန်းရှင် အချို့ပါဝင်ကြောင်း သတင်းရရှိပါသည်။
“ကျွန်တော်တို့က လူမှုစီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပြုဆောင်ရွက်သွားမှာပါ။ ရန်ကုန်တက္ကသိုလ် ရိပ်သာလမ်းမှာ ရုံးဖွင့်ဖို့ ပြင်ဆင်နေတယ်။ လောလောဆယ်တော့ အဖွဲ့ထဲက ပညာရှင်တွေရဲ့ ရုံးတွေမှာပဲ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်”ဟု အဆိုပါအကြံပေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးတင်ထွဋ်ဦးက ပြောပြပါသည်။

ပြည်သူ့ဝန်ထမ်း


တင်းကြပ်ပြီးမျှတတဲ့ နိုင်ငံသားစိစစ်ရေး ဥပဒေတရပ်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် AFP သတင်းဌာန သီးသန့် တွေ့ဆုံမေးမြန်းနေစဉ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောခဲ့တာပါ။
Related Posts Plugin for WordPress, Blogger...

ShareThis