menu

Tuesday 27 March 2012

ဒါးမောက်ကောလိပ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်အား ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် အိုဘားမား အမည်စာရင်းသွင်း




မတ်လ ၂၃ ရက်နေ့က အိုဘားမားနှင့် အတူတွေ့ရသော ဂျင်ယုံကင်
ဒါးမောက် ကောလိပ်ဥက္ကဋ္ဌ ဒေါက်တာဂျင်ယောင်ကင်အား နောက်တက်မည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် သမ္မတဘာရက်အိုဘားမားက မတ် လ ၂၃ ရက်နေ့တွင် အမည်စာရင်း တင်သွင်းခဲ့သည်။

ကင်၏ နောက်ခံပညာရေးမှာ ယခင်ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌများကဲ့သို့ စီးပွားရေးပညာ (သို့မဟုတ်) စီးပွားရေး လုပ်ငန်းပညာ မဟုတ်ဘဲ ဆေးပညာသာဖြစ်သည်။ ကင်သည် နိုင်ငံတကာ အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူးပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် အကြီးတန်းအရာရှိအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အေ့ဒ်စ်ရောဂါ အပါအ၀င် ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ရာတွင် ၎င်း၏ အားထုတ်မှုများအတွက် ကင်ကိုအသိများသည်။ ကင်သည် ဆင်းရဲသော နိုင်ငံများရှိ ကျန်းမာရေး အစီအစဉ်များကို ကူညီ ထောက်ပံ့နေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Partners In Health ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ယင်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာဟောင်းတစ်ဦးလည်း ဖြစ်သည်။


ဒုတိယကမ္ဘာစစ်လွန် စီးပွားရေးအစီအစဉ်ကို ပုံဖော်ရာတွင် အင်အားကြီး မဟာမိတ်နိုင်ငံများကို ကူညီရန်အတွက် ကမ္ဘာ့ဘဏ်ကို အိုင်အမ်အက်ဖ်နှင့်အတူ ၁၉၄၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံအထိရှိပြီး ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးရေး စီမံကိန်း များအတွက် ထောက်ပံ့ကြေးများပေးခြင်း၊ ချေးငွေများ ထုတ်ချေးခြင်းနှင့် နည်းပညာ အကူအညီများပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ စတင်ဖွဲ့စည်းကတည်းက ကမ္ဘာ့ဘဏ်ကို အမေရိကန်က ဦးဆောင်၍ အိုင်အမ်အက်ဖ်ကို ဥရောပက ဦးဆောင်ခဲ့သည်။ ယင်းဘဏ်နှစ်ခု သည် အစုရှင်များဟု ခေါ်ဆိုသည့် အဖွဲ့ဝင်များထံမှ  ရန်ပုံငွေများ ရရှိနေသည်။

ဘဏ်၏ ခေါင်းဆောင်သစ်ကို ဘုတ်အဖွဲ့က မဲပေးရွေးချယ်မည်ဖြစ်သော်လည်း အမေရိကန်က အမည်စာရင်း သွင်းခံရသူကို ဘုတ်အဖွဲ့ဝင်အားလုံးက အတည်ပြုမည်ဟု လက်ခံထားကြသည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis