menu

Monday 1 October 2012

ကချင်အမျိုးသမီးတဦး ပျောက်ဆုံးမှု အမှန် ဖော်ထုတ်ပေးရန် KWAT တောင်းဆို

 ချင်းမိုင်(မဇ္ဈိမ) ။         ။ ၁၁ လကြာ အစိုးရ စစ်တပ်မှ ဖမ်းဆီးသွားပြီးနောက် ယခုထိ ပျောက်ဆုံးနေသော ကချင်အမျိုးသမီး ဒေါ်ဆွမ်လွတ် ရွယ်ဂျား နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကာ မှန်ကန်စွာ တရားစီရင်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ ကချင်အမျိုးသမီး အစည်းအရုံး KWAT က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) လက်အောက်ခံ လွယ်ဂျယ် မြို့နယ်၊ လွယ်လုံတောင် မုဘွမ်အခြေစိုက် တပ်ရင်း (၃၂၁) တပ်သားများက မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ခိုင်ဗန်း ကျေးရွာနေ ဒေါ်ဆွမ်လွတ်ရွယ်ဂျား အား ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးနှင့် မျှတသော တရားစီရင်မှု ဖော်ဆောင်ပေးရန်ရန် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ကျမတို့ အမှန်တရားကို လိုချင်တယ်။ သတ်လိုက်ပြီဆိုရင်လည်း သတ်လိုက်ပြီ ဆိုတာ သိချင်တယ်။ ခု သူတို့ လိမ်နေတယ်။ ခုတော့ တရားမျှတမှုက မပြောနဲ့ အမှန်တရားတောင် မပေါ်ဘူး။ အမှန်တရား ပေါ်ပေါက်မှ တရားမမျှတမှု ရှိမယ်လေ” ဟု KWAT မှ တာဝန်ရှိသူ ဒေါ်မွန်းနေလီ က မဇ္စျိမကို ပြောသည်။

၂၀၁၂ မြန်မာ


ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်နဲ့ချီတဲ့နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ၀မ်းနည်းကြောင်း တရားဝင်ပြောဆိုဖို့ သမ္မတ ငြင်းဆန်


Photo: စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်နဲ့ချီတဲ့နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ၀မ်းနည်းကြောင်း တရားဝင်ပြောဆိုဖို့ သမ္မတဦးသိန်းစိန်က ငြင်းဆန်လိုက်ပါတယ်။ ဘီဘီစီကမ္ဘာတလွှားဌာန ကြီးရဲ့ နာမည်ကြီး Hard Talk အစီအစဉ်နဲ့ မေးမြန်းခန်းမှာ ဦးသိန်းစိန်က ဒါဟာ နိုင်ငံအတော်များများမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စသာဖြစ်ပြီး၊ သူနဲ့စစ်အစိုးရက တိုင်းပြည်အတွက် မှန်တယ်ထင်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမှန်တယ်ထင်တာကို လုပ်ခဲ့တာသာဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်၊ အဲဒီ့နောက်ဆက်ပြိး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်မယ်ဆိုရင် သူ့အနေနဲ့ လက်ခံဖို့ အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်လို့မရအောင် ဖွဲ့စည်းပုံမှာ ကန့်သတ်ထားတဲ့ ကိစ္စကတော့ သူတယောက်တည်းသဘောနဲ့ ပြောင်းလဲလို့ မရကြောင်းလည်း ဥိးသိန်းစိန်က ပြောကြားသွားပါတယ်။

News from : DVB TV News
Post by အေးချမ်းမွန်
စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်နဲ့ချီတဲ့နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ၀မ်းနည်းကြောင်း တရားဝင်ပြောဆိုဖို့ သမ္မတဦးသိန်းစိန်က ငြင်းဆန်လိုက်ပါတယ်။ ဘီဘီစီကမ္ဘာတလွှားဌာန ကြီးရဲ့ နာမည်ကြီး Hard Talk အစီအစဉ်နဲ့ မေးမြန
်းခန်းမှာ ဦးသိန်းစိန်က ဒါဟာ နိုင်ငံအတော်များများမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စသာဖြစ်ပြီး၊ သူနဲ့စစ်အစိုးရက တိုင်းပြည်အတွက် မှန်တယ်ထင်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမှန်တယ်ထင်တာကို လုပ်ခဲ့တာသာဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်၊ အဲဒီ့နောက်ဆက်ပြိး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်မယ်ဆိုရင် သူ့အနေနဲ့ လက်ခံဖို့ အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်လို့မရအောင် ဖွဲ့စည်းပုံမှာ ကန့်သတ်ထားတဲ့ ကိစ္စကတော့ သူတယောက်တည်းသဘောနဲ့ ပြောင်းလဲလို့ မရကြောင်းလည်း ဥိးသိန်းစိန်က ပြောကြားသွားပါတယ်။

ပုဒ်မ ၁၄၄ ထုတ်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ

Photo: ပုဒ်မ ၁၄၄ ထုတ်၊ စုံစမ်းရေး ကော်မရှင်ဖွဲ့၊ ကျောင်းနှင့် လူနေအိမ်များ ဆက်တိုက်ခိုက်ခံနေရ


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ရာမူးတွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာ ဒေသများတွင်  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး  ယခုအခါ ပြည်ထဲရေး ၀န်ကြီးမှ စုံစမ်းရေး ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း တိုက်ခိုက်မူများမှာ ရပ်မသွားဘဲ ယမန်နေ့ ညနေပိုင်းထိ ဆက်လက် ဖြစ်ပွားခဲ့သည်။

“ ကျွန်တော်တို့ ၀ါးခွပ်ချောင်း ဈေးနားရွာကို ညနေ (၇) နာရီမှာ လာတိုက်ခိုက်ပါတယ်။ လာတိုက် ခိုက်ခဲ့တဲ့ လူပေါင်းက ၁၀၀၀ ကျော် ပါဝင်တယ်။ အိမ် (၇) အိမ် မီးရှို့ခံရပါတယ်။ ဘုန်းကြီးကျောင်းကို လာတိုက်ခိုက်တော့ ဘီဂျီပီ နယ်ခြားစောင့်တပ်နဲ့ ရဲက သေနတ် ၁၅ ချက်ခန့် ပစ်ခတ်တော့ လူစုကွဲပြီး ထွက်ပြေး သွားကြပါတယ်” ဒိုင်းနက် အမျိုးသား ဦးကျော်လှစိန် က ပြောသည်။

ဝါးခွပ်ချောင်းကျေးရွာမှ ဒိုင်းနက် အမျိုးသားများ နေထိုင်သောကျေးရွာ ဖြစ်ပြီး မောင်တောမြို့နယ်နှင့် မျက်နာချင်းဆိုင် ဘင်္ဂလာဒေခ်ျ့နိုင်ငံ  နတ်မြစ် တဘက်ကမ်းတွင် တည်ရှိသည်။

တခြား ယမန်နေ့က တိုက်ခိုက်ခံရသော နေရာတခုမှာ စစ်တကောင်းမြို့ ပိုတီယာ အရပ်တွင် ဖြစ်ပြီး မာရမာကြီး (ဘရ၀ါ) ဘုန်းကြီးကျောင်း (၄)  ကျောင်းနှင့် ဟိန္ဒူ ကျောင်း (၁)  ကျောင်းတို့ ပျက်စီး သွားသည်ဟု သိရသည်။

ကော့စ်ဘဇားခရိုင် တောင်ပိုင်း အိုကီးယားမြို့နယ် ကုပ်ဘဇာ အရပ်တွင်လည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း(၃) ကျောင်း ယမန်နေ့ နေ့လည်က ဆက်လက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ရာမူး ပန်းဝါမှ ပြဿနာများ တိုးပွားလာမည်ကို စိုးရိမ်၍ မီးရှို့ခံရသော ကျောင်းမှာ (၆)  ကျောင်းဟု ရခိုင်ဒေသခံများက အရေအတွက်ကို လျော့ချ ပြောကြားသော်လည်း ယနေ့ထုတ် The Daily Star သတင်းစာတွင်  ရာမူးမြိုနယ် တစ်ခုတည်း၌ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကျောင်းမှာ ၁၂ ကျောင်း ထိ ရှိပြီး အများစုမှာ ရှေးရခိုင်များ တည်ဆောက်ထားခဲ့သော ဘုန်းတော်ကြီးကျောင်းနှင့် သိမ်များ ဖြစ်ကြသည်။

ယခု မီးရှို့ခံရသော ကျောင်းများကို ပြန်လည် တည်ဆောက်ပေးမည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားသော်လည်း ယဉ်ကျေးမူ အနုပညာများလက်ရာများ တည်ရှိရာ အဆောက်အဦးများ ဖြစ်သဖြင့် အစားထိုးမရသော ဆုံးရှုံးမူကြီး တစ်ရပ် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

အဆိုပါ ကျောင်းများထဲတွင် တချို့ကျောင်းများမှာ နှစ်ပေါင်း ၂၅၀ ခန့် ကြာမြှင့်နေပြီ ဖြစ်သည်ဟု ဆိုသည်။

ယခု လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် အတိုက်အခံ ဘီအန်ပီ ပါတီမှ အဆိုပါ တိုက်ခိုက်မူကို ရှုတ်ချလိုက်ပြီး ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော်လည်း အစိုးရနှင့် အတိုက်အခံအကြားတွင်  ဗုဒ္ဓဘာသာကျောင်းများနှင့် မိသားစုများ တိုက်ခံ ခံရမူ အပေါ်  တစ်ဘက်နှင့် တစ်ဘက် ပြစ်တင် ဝေဖန်လျှက် ရှိနေကြသည်။

ဒေသခံများ၊ နိုင်ငံရေး သမားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကမူ  ယခု တိုက်ခိုက်မူကို အစွန်းရောက် စစ်သွေးကြွ များနှင့် ရိုဟင်ဂျာများက နောက်ကွယ်က  လုံဆော် လုပ်ဆောင်သည်ဟု  သံသယ ဖြစ်နေကြောင်း ယနေ့ထုတ် The Daily Star က ပြောသည်။

ယခုအခါ အဖမ်းအဆီးများ ရှိနေပြီး ပိုတီယာတွင် တိုက်ခိုက်သူ ၂၆ ဦးကို ရဲက ဖမ်းဆီးခဲ့သည်။ ယခုအခါ နေရာအတော်များများတွင် လူစု လူဝေး မလုပ်ရဟု တားမြစ်ထားပြီး အမိန့်မနာခံသူများကို ပစ်ခတ်သွားရန် အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

ယခု အရေးအခင်းမှာ ဘာသာရေး လူမျိုးရေး အဓိဂရုဏ်း မဟုတ်ဘဲ ဆူပူလိုသူများမှ တိုင်းပြည် တည်ငြိမ်ရေးကို မလိုလားသဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းပြန်ကြားရေး ၀န်ကြီး မစ္စတာ အီနုရ်က သတင်းထောက်များသို့ ပြောသည်။

ဘင်္ဂလာဒေခ်ျ့ ပြည်သူအများစုက ယခုကဲ့သို့ ငြိမ်းချမ်းစွာ နေထိုင်သော လူနည်းစု ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက် တိုက်ခိုက်မူကို မလိုလားကြကြောင်း သိရသည်။

တိုက်ခိုက်မူ အတွင်း ထောင်နှင့်ချီသော ဗုဒ္ဓဘာသာဝင်များမှာ ဘေးလွှတ်ရာသို့ ထွက်ပြေးခိုလုံခဲ့ကြရပြီး အများစုကို စိတ်ကောင်း စေတနာကောင်းရှိသူ မွတ်ဆလင် ဘင်္ဂလီများက နေအိမ်များတွင် ခိုလုံခွင့်ပေးထားခဲ့ကြောင်း သိရသည်။

ဘုန်းတော်ကြီးကျောင်း တိုက်ခိုက်ခံရစဉ် အတွင်း ရွာကြီးဘက် ကျောင်းဆရာတော်ကို သူနှင့် ရင်းနှီးသူ မွတ်ဆလင် ဘင်္ဂလီ လူငယ် တစ်စုက ကယ်တင်ကာ ဆရာတော်အား ၎င်းတို့နေအိမ်တွင် နေရာချပေးထားကြောင်း ဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသွားသည်။

News from : Narinjara
Post by  အေးချမ်မွန်
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ရာမူးတွင် ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာ ဒေသများတွင် ပုဒ်မ ၁၄၄ ထုတ်
ပြန်လိုက်ပြီး ယခုအခါ ပြည်ထဲရေး ၀န်ကြီးမှ စုံစမ်းရေး ကော်မရှင် တစ်ခုကိုလည်း ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း တိုက်ခိုက်မူများမှာ ရပ်မသွားဘဲ ယမန်နေ့ ညနေပိုင်းထိ ဆက်လက် ဖြစ်ပွားခဲ့သည်။

“ ကျွန်တော်တို့ ၀ါးခွပ်ချောင်း ဈေးနားရွာကို ညနေ (၇) နာရီမှာ လာတိုက်ခိုက်ပါတယ်။ လာတိုက် ခိုက်ခဲ့တဲ့ လူပေါင်းက ၁၀၀၀ ကျော် ပါဝင်တယ်။ အိမ် (၇) အိမ် မီးရှို့ခံရပါတယ်။ ဘုန်းကြီးကျောင်းကို လာတိုက်ခိုက်တော့ ဘီဂျီပီ နယ်ခြားစောင့်တပ်နဲ့ ရဲက သေနတ် ၁၅ ချက်ခန့် ပစ်ခတ်တော့ လူစုကွဲပြီး ထွက်ပြေး သွားကြပါတယ်” ဒိုင်းနက် အမျိုးသား ဦးကျော်လှစိန် က ပြောသည်။

သမ္ဗာန်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွား

အောက်တိုဘာလ ၁ ရက်နေ့ နံနက်က နန်းသီတာ သမ္ဗာန် ဆိပ်ကမ်းမှ ဒိုးလေးအမည်ရှိ သမ္ဗာန်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွား

အောက်တိုဘာလ ၁ ရက်နေ့ နံနက် က ၈ နာရီ ၁၅ မိနစ်ခန့်က ဆိပ်ကမ်းမြို့ မိသားစုရပ်ကွက်ရှိ နန်းသီတာ သမ္ဗာန် ဆိပ်ကမ်း၊ ကမာအောင် သမ္ဗာန်လိုင်းမှ ဒိုးလေးအမည်ရှိ သမ္ဗာန်တစ်စင်းသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းသို့ တိမ်းမှောက်ခဲ့သော်လည်း သမ္ဗာန်ပေါ်တွင် ပါဝင်သော ခရီးသည် ၈ ဦးအား ထိခိုက်ဒဏ
်ရာရမှု မရှိဘဲ ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ နစ်မြုပ်မှုဖြစ်ပွားသည့် သမ္ဗာန်ပေါ်တွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့် သမ္ဗာန်မောင်းသူတစ်ဦး စုစုပေါင်း ၉ ဦး ပါဝင်ခဲ့သည်။

၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံ့ခေါင်းဆောင်အချို့၏ လှုပ်ခတ်စေခဲ့သော မှတ်ချက်စကားများ


(အမေရိကန်သမ္မတ ဘာရက်အိုဘားမား)
''အီရန်သာ နျူကလီးယားလက်နက်ပိုင်သွားရင် အစ္စရေးနိုင်ငံ ပျောက်ကွယ်သွားနိုင်တဲ့ ခြိမ်းခြောက်မှု ရင်ဆိုင်ရလိမ့်မယ်။ ပြီးတော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုလည်း ခြိမ်းခြောက်လိမ့်မယ်။ ... ဒါကြောင့် အီရန်နျူကလီးယား လက်နက်မရအောင် ဟန့်တားဖို့ အမေရိကန်ပြည်ထောင်စုက လုပ်သင့်တာကို လုပ်သွားမယ်'' ... ''ကိုယ့်ပြည်သူတွေကို အစုလိုက်သတ်နေတဲ့ အာဏာရှင်အတွက် အနာဂတ်ဆိုတာ မရှိသင့်တော့ဘူး။ ... ဆီးရီးယားပြည်သူတွေ ခံစားနေရတာ ချုပ်ငြိမ်း သွားဖို့ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရဟာ နိဂုံးချုပ်သင့်ပါပြီ'' ... ''ဘင်ဂါဇီမှာရှိတဲ့ အမေရိကန်ပြည်သူတွေကို တိုက်ခိုက်မှုဟာ အမေရိကန်ကို တိုက်ခိုက်တာပါပဲ။ အဲဒီ လူသတ်သမားတွေကို တရားခွင် တင်နိုင်အောင် လုပ်ဆောင်သွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး''

ဘဝနေနည်း အနုပညာ(မောင်မိုးဦး)

Photo: ဘဝနေနည်း အနုပညာ


“လူတို့ ဝန်းကျင်မှာ Grow up ဖြစ်လာ ပေမဲ့ ရင့်ကျက် (Mature) တဲ့ လူကြီး (Adult) မဖြစ်သေးတဲ့ လူတွေ အများကြီးရှိတယ်” ခင်စောတင့် ဆရာမကြီး “ဒေါ်ခင်စောတင့်” ၏ စာအုပ်တစ်အုပ်ထဲမှ ဝါကျလေးတစ် ကြောင်းဖြစ်သည်။ ထိုဝါကျလေးကို အလွတ်ကျက်ထားပြီး ကိုယ်တိုင်လည်း လိုက်နာနိုင်အောင်ကြိုးစားသည်။
သူငယ် ချင်းများကိုလည်း လိုက်နာစေချင်သည်။ လူသားတွေအားလုံးကို သံပတ်ပေးသော စကားဟုလည်း ကျွန်တော်နားလည်ထား သည်။ လူဆိုသည်မှာ ငယ်ရာမှ တဖြည်း ဖြည်းကြီးလာသော သတ္တဝါဖြစ်သည်။ ဦးခေါင်းဖြူဖွေးလာခြင်းသည် ကြီးရင့်ခြင်း အစစ်မဟုတ်၊ မေတ္တာထားခြင်း၊ သစ္စာရှိ ခြင်း၊ တာဝန်ယူခြင်း၊ နားလည်မှုပေးခြင်း၊ အကောင်းမြင်ခြင်း၊ သီလရှိခြင်းနှင့် တရား ရှိခြင်း စသည်တို့ ပြည့်စုံမှသာ ကြီးရင့်ခြင်း အစစ်ဖြစ်သည်ဟု ကျွန်တော်သဘော ပေါက်ထားသည်။
ထို့ကြောင့် အသက် အရွယ်နှင့် လိုက်ဖက်သော အသိတရား မရှိသူများနှင့်တွေ့လျှင် စိတ်အနှောင့် အယှက်ဖြစ်ရသည်။ သူတို့ကို ကြည့်ပြီး သင်ခန်းစာယူရသည်။ သို့သော် အသိ တရားရှိသူများနှင့် ရင်ဆိုင်ရသောအခါ ပီတိဖြစ်ရသည်၊ အတုယူရသည်။
ကျွန်တော်၏ “ဘဝ နေနည်း အနုပညာ” ဟုလည်း ပြောလို့ ရသည်။ လူတစ်ယောက်၏ တန်ဖိုးသည် သူပိုင်ဆိုင်သည့် ကိန်းဂဏန်း မဟုတ်ပေ။ သူပိုင်ဆိုင်သည့် ကိုယ့်ကျင့်တရား ပင်ဖြစ်သည်။ ထိုအခါ ချမ်းသာ၊ ဆင်းရဲ၊ ကြီးသည်၊ ငယ်သည်က အဓိက မဟုတ်တော့ပေ။ အသိတရားနှင့် ရင့်ကျက်မှုကသာ အဓိက ဖြစ်သွားလေ တော့သည်။
ထိုအခါ “ဆရာ မကြီး ကြည်အေး”၏ စကားတစ်ခွန်းကို သတိရသွားမိသည်။ “ဖြောင့်မှန်သူသည် လောကရေးရာတွင် ကျရှုံးနိမ့်တတ်သည်။ သို့သော် တစ်သက်လုံးလိပ်ပြာလုံနေတော့ သည်” ဆိုသော စကားလေးလိုပင် ကျွန်တော် တို့ ဖြောင့်မှန်ဖို့လည်း လိုအပ်သည်။
မကြာခင်က လိုင်းကားပေါ်မှာ မြင် လိုက်ရသော မြင်ကွင်းလေးတစ်ခုဖြစ်၏။ မည်သည့်လိုင်းကားမဆို ကားပေါ်တွင် သံဃာတော်များအတွက် သီးသန့်ထိုင်ခုံ ရှိသဖြင့် ကျွန်တော်က ထိုအစီအစဉ်လေး ကို သဘောကျသည်။ အဘယ်ကြောင့် ဆိုသော် အလုပ်သွားရင်း ကုသိုလ်ယူခွင့် ရသောကြောင့်ဖြစ်သည်။
ထိုနေ့က သံဃာ တော်ထိုင်ခုံတွင် အမျိုးသမီးတစ်ယောက် ထိုင်နေသဖြင့် စပယ်ယာက သံဃာတော် အတွက် နေရာထပေးဖို့ပြောသည်။ ထို အခါ အမျိုးသမီးက “ထိုနေရာရအောင် ပတ်စီးခဲ့ရသောကြောင့် ထမပေးနိုင်”ဟုဆိုလာခဲ့၏။ ထိုအမျိုးသမီးသည် မြန်မာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အံ့ဩစရာ ကောင်းသည်မှာ ထိုအမျိုးသမီး၏ဦးခေါင်း တွင် ဆံပင်ဖြူများရှိနေသည်ကို တွေ့လိုက် ရခြင်းပင်ဖြစ်သည်။ ထို့ပြင် အသက် ကလည်း ရွှေရတုကာလကို စွန်းလောက်ပြီ ဖြစ်၏။
 
ထို့ကြောင့် ကျွန်တော့်ထက် အသက် ကြီးသော်လည်း ထိုအမျိုးသမီးကို ရိုသေ လေးစားဖို့ ကျွန်တော်ဘက်က ဆန္ဒမရှိခြင်း အတွက် နောင်တမရခဲ့ပေ။ နောက်ထပ် အတွေ့အကြုံလေးမှာ ကာလတစ်ခုကဖြစ်သည်။ တစ်ရက် ကျွန်တော်နှင့် ခင်မင်နေသော အမျိုးသမီး ကြီးတစ်ယောက်ထံသို့ လူမှုရေးကိစ္စတစ်ခု အတွက် စာတစ်စောင်ရေးပြီး သူငယ်ချင်း တစ်ယောက်နှင့် ပေးလိုက်၏။ စာကိုလည်း “အစ်မ ခင်ဗျား”ဟု အစချီကာရေးလိုက် သည်။
ထိုနေ့ညနေပိုင်း သူငယ်ချင်း ပြန်ရောက်လာသောအခါ ထိုအမျိုးသမီး က ကျွန်တော့်ကို တော်တော်စိတ်ဆိုးသွား ကြောင်း သိလိုက်ရ၏။ သူစိတ်ဆိုးရသည့် အကြောင်းအရာကလည်း အံ့ဩစရာ ကောင်းလှသည်။ ကျွန်တော်ရေးလိုက် သည့် “အစ်မ ခင်ဗျား”ဆိုသည့် အသုံး အနှုန်းတွင် ကျွန်တော်၏ လက်ရေး မရှင်း လင်းမှုကြောင့် “အရေးစသတ်အစ်”ဆို သည့် အဓိပ္ပာယ်ကို သူက “သဝေထိုး”ဟုသတ်မှတ်ကာ သူ့ကို “အမေ”ဟု သုံးနှုန်း ရမလား၊ သူက အမေခေါ်ရလောက် အောင် အသက်မကြီးသေးကြောင်း၊ ထို့ကြောင့် ကျွန်တော့်ကို စိတ်ဆိုးနေ ကြောင်း သိလိုက်ရခြင်းပင်ဖြစ်သည်။
တကယ်တော့ ကျွန်တော်သူ့ကို “အမေ”ဟု မသုံးနှုန်းခဲ့ပါ။ ကျွန်တော့်၏ လက်ရေးကြောင့် သူက ဘာသာပြန်လွဲ သွားပြီး “အမေ“ ဖြစ်သွားရခြင်းအပေါ် သူ ဘာကြောင့် စိတ်ဆိုးရသနည်း၊ ကျွန်တော် နားမလည်ခဲ့ပါ။ တကယ်လို့ ကျွန်တော်က “အမေ”ဟု သုံးနှုန်းခဲ့သည့်တိုင် မကျေမနပ် ဖြစ်စရာလိုမည်မထင်ပေ။ အသက်]၅၀” ကျော် ဆံပင်ဖြူနေသည့် အမျိုးသမီး တစ်ယောက်သည် “အမေအရွယ်”ဖြစ်နိုင် သောကြောင့်ဖြစ်၏။
ထို့ပြင် “အမေ”ဆိုသည်မှာ အနန္တော အနန္တ ငါးပါးထဲတွင် တစ်ပါးအပါအဝင် ဖြစ်နေသောကြောင့် အမေဖြစ်ရခြင်း အတွက် ကြည်နူးဂုဏ်ယူသင့်သည်။ သားသမီးတွေမည်မျှများများ အားလုံးကို မေတ္တာစေတနာထားပြီး လုပ်ကိုင်ပြုစု လမ်းညွှန်းတည့်မတ် အနစ်နာခံသူမှာ အမေဖြစ်သလို မိသားစုအပေါ် ခွင့်လွှတ် စိတ်နှင့် အကောင်းမြင်သူမှာ “လူကြီး” ဆိုသည့် “အမေ”ပင်ဖြစ်သည်။
တကယ် တော့ “အမေဆိုသည်မှာ အကြင်နာ မေတ္တာများကို ထုတ်လုပ်ပေးသော စက်ရုံတစ်ခုဆိုလျှင် အနစ်နာခံခြင်းနှင့် ပေးဆပ် ခြင်းများက ထိုစက်ရုံ၏ ကုန်ကြမ်းများဖြစ် သည်”ဟု ကျွန်တော်တွေးကြည့်နေမိသည်။ အမေ့မေတ္တာကို လေးစား တန်ဖိုး ထားပြီး အမေ့မေတ္တာနှင့်ပတ်သက်သော ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး ပြိုင်ပွဲများ၊ “အမေ နေ့”အခမ်းအနားလေးများ ကျင်းပနေ သော အခုလိုအချိန်မျိုးတွင် စာလုံးပေါင်း မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ “အမေ” ဆိုသည့် နေရာရောက်သွားသည့်အတွက် စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာလိုမည်ဟု ကျွန်တော်မထင်ပေ။
အမေဆိုသည်မှာ လူသားတွေအားလုံးအတွက် ကျေးဇူးရှင် များဖြစ်နေသောကြောင့်ဖြစ်သည်။ ဇရာဆိုသည်မှာ မည်သည့်နောက် ဆုံးပေါ် လက်နက်နှင့်မျှ ကာကွယ်လို့ မရ နိုင်ပေ။ မွေးကင်းစကလေးတစ်ယောက် သည်ပင် တစ်ရက်ပြီး၊ တစ်ရက်ဇရာ၏ လွှမ်းမိုးမှုကို ခံရစမြဲသာဖြစ်၏။ ဦးခေါင်း ဖြူဖွေးလာခြင်းသည် ကြီးရင့်ခြင်း အစစ် မဟုတ်၊ မေတ္တာထားခြင်း၊ သစ္စာရှိခြင်း၊ တာဝန်ယူခြင်း၊ နားလည်မှုပေးခြင်း၊ အကောင်းမြင်ခြင်း၊ သီလရှိခြင်း၊ ရင့်ကျက် ခြင်း စသည်ကို ပြည့်စုံမှသာ ကြီးရင့်ခြင်း အစစ်အမှန်ဖြစ်ပေမည်။ ကျွန်တော်တို့ မည်ကဲ့သို့ ဆံပင်ဖြူ ကြမည်နည်း။ စဉ်းစားဖို့ အထူးလိုအပ်လှပေသည်။

မောင်မိုးဦး

News from : အခွင့်အလမ်း
Post by အေးချမ်းမွန်
“လူတို့ ဝန်းကျင်မှာ Grow up ဖြစ်လာ ပေမဲ့ ရင့်ကျက် (Mature) တဲ့ လူကြီး (Adult) မဖြစ်သေးတဲ့ လူတွေ အများကြီးရှိတယ်” ခင်စောတင့် ဆရာမကြီး “ဒေါ်ခင်စောတင့်” ၏ စာအုပ်တစ်အုပ်ထဲမှ ဝါကျလေးတစ် ကြောင်းဖြစ်သည်။ ထိုဝါကျလေးကို အလွတ်ကျက်ထား
ပြီး ကိုယ်တိုင်လည်း လိုက်နာနိုင်အောင်ကြိုးစားသည်။
သူငယ် ချင်းများကိုလည်း လိုက်နာစေချင်သည်။ လူသားတွေအားလုံးကို သံပတ်ပေးသော စကားဟုလည်း ကျွန်တော်နားလည်ထား သည်။ လူဆိုသည်မှာ ငယ်ရာမှ တဖြည်း ဖြည်းကြီးလာသော သတ္တဝါဖြစ်သည်။ ဦးခေါင်းဖြူဖွေးလာခြင်းသည် ကြီးရင့်ခြင်း အစစ်မဟုတ်၊ မေတ္တာထားခြင်း၊ သစ္စာရှိ ခြင်း၊ တာဝန်ယူခြင်း၊ နားလည်မှုပေးခြင်း၊ အကောင်းမြင်ခြင်း၊ သီလရှိခြင်းနှင့် တရား ရှိခြင်း စသည်တို့ ပြည့်စုံမှသာ ကြီးရင့်ခြင်း အစစ်ဖြစ်သည်ဟု ကျွန်တော်သဘော ပေါက်ထားသည်။

၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ

Photo: ၂ ကြိမ် တိတိ အဓမ္မ ပြုကျင့်ရန် ကြံစဉ်သူ နိုင်ငံခြားသား ၀န်ထမ်းအား ရဲက အရေးမယူရဲ

ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။

အိန္ဒိယ လုပ်သားများသည် ယခုလို ပိုက်လုံးဆက်သည့် ရွှေဂတ်စီမံကိန်းတွင်လည်း ၀င်ရောက် လုပ်ကိုင်နေကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
အိန္ဒိယ  PunjLloyd  ကုမ္ပဏီမှ Mr Ali Kumar သည်  နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။

“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့ အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ  MOGE ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

MOGE မှာ Myanmar Oil and Gas Enterprise ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်သို့ ပြန်ရောက်ပြီး ညနေ ၃ နာရီခန့်တွင် အာလီကူမာက နောက်ထပ် တစ်ကြိမ် အမ္မပြုကျင့်ရန်  ကြံစည် ကြိုးစားခဲ့သည်ဟု သူက ဆိုသည်။

“ ဒေသခံ ဂုံးရှိန် ရွာသူ ရွာသားတွေသားတွေနဲ့ ကျောက်ဖြူမြို့ ပေါ်က  ပြည်သူတွေက ဒီဖြစ်ရပ်ပေါ် မှာ ကျောက်ဖြူရဲသို့ သွားရောက် တိုင်ကြားတယ်။ သူတို့က ပိုက်ဆံ ရထားတယ် ထင်ပါတယ်။ ဘာမှ အရေး မယူဘူး။ ဒေသခံတွေကတော့ ဒေါသထွက်လျှက် ရှိနေကြပါတယ်” ဟု သူက ဆိုသည်။

အမူမှာ တရားရုံးသို့  ယခု အချိန်ထိ မရောက်ရှိသေးဘဲ ကျောက်ဖြူမြို့ ရဲစခန်းတွင်သာ ရှိနေသေးကြောင်း တရားရုံးနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောကြားသည်။

“ နိုင်ငံခြားသား အမူဆိုတော့ ရဲက တရားရုံးကို မပို့ဘဲ ထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်သိရ သလောက် အမူက တရားရုံးကို မရောက်သေးဘူး။ ဒီအပေါ်မှာ ဒေသခံတွေက မကျေ မနပ် ဖြစ်နေကြတာပါ” ဟု ဆိုသည်။

ကျောက်ဖြူရဲစခန်းသို့ ဆက်သွယ်ရာ ဒီအမှုအကြောင်း မသိရှိကြောင်း ပြောကြားသည်။

ယခင်ကလည်း ဂုံးရှိန် ကျေးရွာတွင် ယခုကဲ့သို့ အလားတူ အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ကုမ္ပဏီမှ အမူကို ငွေပေးကာ ကျေအေးမူများ ရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံ ပြည်သူများကမူ မြေသိမ်း၊ မတော်မတရားလုပ်မူ အပါအ၀င် အနိုင်ကျင့် စော်ကားမူများကြောင့် နိုင်ငံခြား ကုမ္ပဏီများ အပေါ် အထူးမကျေမနပ် ဖြစ်နေကြဟု ဆိုသည်။ ဘင်္ဂလာ ပင်လယ်အော်၏ ကောင်းမွေကို အစိုးရနှင့် နိုင်ငံခြား ကုမ္ပဏီများက မြိန်ရှက်စွာ အကျိုးခံစားနေကြရသော်လည်း ဒေသခံများမှာမူ ကောင်းမွေကို တစ်စုံတစ်ရာ ခံစားခွင့်မရဘဲ ဆိုးမွေများကိုသာ ခံစားနေကြရသဖြင့် ရခိုင်မှ စီမံကိန်းများ အပေါ် အထူး စိတ်ပျက် နေကြသည်ဟု သိရသည်

News from : Narinjara 
Post by  အေးချမ်မွန်
အိန္ဒိယ လုပ်သားများသည် ယခုလို ပိုက်လုံးဆက်သည့် ရွှေဂတ်စီမံကိန်းတွင်လည်း ၀င်ရောက် လုပ်ကိုင်နေကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူမြို့နယ် ဂုံးရှိန်ကျေးရွာ အနီးတွင် တည်ရှိသော လုပ်ငန်းခွင် တစ်ခုတွင် နေ့စား အလုပ်သမား တစ်ဦးကို နိုင်ငံခြား အလုပ်သမား တစ်ဦးက နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင
့်ရန် ကြံစည်သည်ကို ရဲသို့ သွားရောက် တိုင်ကြားသော်လည်း ရဲက အရေးမယူရဲဘဲ ဖြစ်နေကြောင်း သိရသည်။
အိန္ဒိယ PunjLloyd ကုမ္ပဏီမှ Mr Ali Kumar သည် နေ့စား ၀န်ထမ်း တစ်ဦး ဖြစ် သူ ကျောက်ဖြူမြို့ နယ် ဂုံးရှိန်ကျေး၇ွာအုပ်စု စေပုတ်ကေ ကျေးရွာမှ အသက် ၁၇ အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်ဟု သိရသည်။
“ ကြိုးစားတာက ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဖြစ်ပါတယ်။ အရာရှိနဲ့ ဘေးလူတွေ မြင်သွားတော့ အကြံအစည် မဖြစ်မြောက်လိုက်ဘူး။ ဒေသခံတွေက ရဲကို တိုင်ကြားတဲ့ အတွက် အဲဒီ အာလီ ကူမာကို ရဲစခန်းက ခေါ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ MOGE ကုမ္ပဏီက တာဝန်ရှိသူတွေ လာ ပြီး အာမခံနဲ့ ခေါ်ထုတ်သွားခဲ့ပါတယ်” ဟု လူမူရေး လုပ်နေသူ လူငယ် တစ်ဦးက ပြောသည်။

ပြည်ပခရီးသွားများ ရခိုင်ရှေးဟောင်း နယ်မြေများသို့ ဝင်ရောက်ခွင့်ရပြီ

Photo: ပြည်ပခရီးသွားများ ရခိုင်ရှေးဟောင်း နယ်မြေများသို့ ဝင်ရောက်ခွင့်ရပြီ

1/Oct/2012

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့တွင် ယာယီပိတ်ထားခဲ့သော ပြည်ပခရီးသည် ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ အခြေအနေများတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာမည့် ပြည်ပခရီးသွား ဧည့်သည်များအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ လာရောက် လည်ပတ်ခွင့်ကို ယာယီရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီလို ဝင်ရောက်ခွင့် ယာယီရပ်တန့်ထားခဲ့တာက စစ်တွေကို ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေ မတော်တဆများ တစ်ခုခု ဖြစ်သွားရင် နိုင်ငံမှာ တာဝန်ရှိတဲ့အတွက်ပါ။  လက်ရှိ အခြေအနေမှာလဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီ့ထက် တည်ငြိမ်မှုရအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ ယခင်က ဝင်ရောက်ခွင့်ကို ယာယီကန့်သတ်ထားခဲ့တဲ့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် ဒေသတွေကိုလဲ အခုဆိုရင် သွားလာခွင့်ပြုလိုက်ပြီ” ဟု ယင်းက ပြောသည်။ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ်ခြောက်ခုတွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ပြန်လည်သုံးသပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ “ခရီးသွားလုပ်ငန်း ယာယီပိတ်လိုက်တုန်းကဆိုရင် ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရတဲ့ စက်လှေတွေ အပါအဝင် ဒေသခံလုပ်ငန်းရှင်တွေ တော်တော်အခက်တွေ့ခဲ့ပါတယ်။ အခုလို ပြန်ဖွင့်ပေးလိုက်တော့ ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်သူတွေအတွက် ပိုအဆင်ပြေသွားတာပေါ့” ဟု စစ်တွေမြို့တွင် ဖွင့်လှစ်ထားသည့် ရွှေသဇင်ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေက ပြောကြားသည်။ ယခုကဲ့သို့ ပြည်ပခရီးသွားများကို ဝင်ထွက်ခွင့်ပြုလိုက်သည့်အတွက် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြရသော ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်လာစေရန် အတွက် မျှော်လင့်နေကြကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ခုနှစ် ဧပြီမှ ယခုနှစ် မတ်အထိ ကောက်ယူခဲ့သော စစ်တမ်းအရ တရုတ်နိုင်ငံက ၆၅၁၂၁ ဦး၊ ထိုင်းနိုင်ငံက ၆၄၂၆၇ ဦး၊ ပြင်သစ်နိုင်ငံက ၂၂၆၆၄ ဦး၊ ဂျာမနီနိုင်ငံက ၁၆၃၃၁ ဦးနှင့် ဗြိတိန်နိုင်ငံမှ ၁၄၇၅၈ ဦး ဝင်ရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

News from : ခေတ်လူငယ်
Post by  အေးချမ်မွန်
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ဦးမြို့တို့တွင် ယာယီပိတ်ထားခဲ့သော ပြည်ပခရီးသည် ဝင်ရောက်ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွ
ဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခ အခြေအနေများတွင် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာမည့် ပြည်ပခရီးသွား ဧည့်သည်များအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် ယင်းကဲ့သို့ လာရောက် လည်ပတ်ခွင့်ကို ယာယီရပ်တန့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီလို ဝင်ရောက်ခွင့် ယာယီရပ်တန့်ထားခဲ့တာက စစ်တွေကို ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေ မတော်တဆများ တစ်ခုခု ဖြစ်သွားရင် နိုင်ငံမှာ တာဝန်ရှိတဲ့အတွက်ပါ။ လက်ရှိ အခြေအနေမှာလဲ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီ့ထက် တည်ငြိမ်မှုရအောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ ယခင်က ဝင်ရောက်ခွင့်ကို ယာယီကန့်သတ်ထားခဲ့တဲ့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် ဒေသတွေကိုလဲ အခုဆိုရင် သွားလာခွင့်ပြုလိုက်ပြီ” ဟု ယင်းက ပြောသည်။

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မသာရှိသော ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အသက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့ အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး ရေအနက် ၆ လက်မသာရှိသော ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေသည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီခ
န့်က တွေ့ရှိရသည်။

၎င်း၏မိဘများက အိမ်တွင်မောင်အောင်ခန့်ပိုင်မရှိသည်ကို မွန်းလွဲ ၂ နာရီခွဲခန့်တွင် သိရှိပြီး ရပ်ကွက်အတွင်း လိုက်လံရှာဖွေပြီး မတွေ့၍ အိမ်ပြန်လာစဉ် အိမ်ရှေ့ ရေမြောင်းထဲ၌ (မှတ်ချက်။ ၄င်းအား တွေ့သောနေရာမှာ ခြုံကွယ်နေ၍ မလွယ်တကူမမြင်ရပေ) လှဲကျသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း မိဘများနှင့် ရပ်ကွက်အတွင်းမှ မျက်မြင်တွေ့ရှိသူများကပြောသည်။

iOS 6 ကို အသုံးပြုရာတွင် သိထားသင့်သည့် အချက်များ

Photo
· ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ Worldwide Developers Conference မှာ ပထမဦးဆုံး မိတ်ဆက်ပြသခဲ့တဲ့ iOS 6 ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ Apple က တရားဝင် ဖြန့်ချိခဲ့ပါတယ်။ Feature သစ်များစွာပါဝင်လာတဲ့ i
OS 6 ကို update ပြုလုပ်ပြီး အသုံးပြုကြသူများအနေနဲ့ feature သစ်များအကြောင်းကို ထဲထဲဝင်ဝင် သိထားဖို့ လိုပါတယ်။ ဒါကြောင့် iOS 6 ကို အသုံးပြုတဲ့အခါမှာ သိထားသင့်တဲ့ အချက်များကို ဖော်ပြလိုက်ပါတယ်။

အခြေခံအချက်များ

Maps

iOS 6 မှာပါဝင်လာတဲ့ Maps app ဟာ အကြီးမားဆုံးသော ပြောင်းလဲမှုဖြစ်ပါတယ်။ အသံနဲ့ လမ်းညွှန်ပေးတဲ့ turn-by-turn direction, Yelp ပေါင်းစပ်ထည့်သွင်းမှုနဲ့ 3D mode သစ်လိုမျိုး feature သစ်တွေကို တွေ့ရမှာဖြစ်ပါတယ်။

Samsung ဟန်းဆက်များတွင် အချက်အလက်များကို အဝေးထိန်းစနစ်ဖြင့် ဖျက်နိုင်သည့် အားနည်းချက်ရှိဟုဆို

Photo: Samsung ဟန်းဆက်များတွင် အချက်အလက်များကို အဝေးထိန်းစနစ်ဖြင့် ဖျက်နိုင်သည့် အားနည်းချက်ရှိဟုဆို

Samsung Galaxy S2 နှင့် S3 အသုံးပြုသူများသည် ချို့ယွင်းချက်တစ်ခုကြောင့် ၎င်းတို့၏ device မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖျက်ပစ်ခံရနိုင်ကြောင်း အဆိုပါ ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည့် လုံခြုံရေးသုတေသီတစ်ဦးက ပြောကြားခဲ့သည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် အန္တရာယ်ရှိသော code များသည် နာမည်ကျော် ဟန်းဆက်များကို factory reset ပြုလုပ်နိုင်ကြောင်း ဘာလင်နည်းပညာတက္ကသိုလ်၏ လုံခြုံရေးဆက်သွယ်မှုဌာနမှ သုတေသီဖြစ်သူ Ravi Borgaonkar က အာဂျင်တီးနားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Ekoparty လုံခြုံရေးကွန်ဖရင့်စ်တွင် အထက်ပါ အားနည်းချက်အား သရုပ်ပြသခဲ့သည်။

အဆိုပါ အားနည်းချက်သည် ဟန်းဆက်၏ keypard ပေါ်တွင် command များလုပ်ဆောင်သည့် unstructured supplementary service data (USSD) code များနှင့် ချိတ်ဆက် လုပ်ဆောင်သည့် Samsung ၏ TouchWiz UI တွင် တည်ရှိကြောင်း သိရသည်။ Borgaonkar သည် Samsung Galaxy S3 မှတစ်ဆင့် Web link, QR code, NFC connection နှင့် SMS တွင် code တစ်ခုထည့်သွင်းကာ အားနည်းချက်အား အသုံးချပုံကို သရုပ်ပြသခဲ့ရာတွင် permission မေးမြန်းခြင်းမရှိဘဲ ဖုန်း factory reset code ကို မှန်ကန်စွာ ပြုလုပ်နိုင်ခဲ့ ကြောင်း သိရသည်။

Ref: CNET Asia

News from : Internet Journal
Post by  အေးချမ်မွန်
Samsung Galaxy S2 နှင့် S3 အသုံးပြုသူများသည် ချို့ယွင်းချက်တစ်ခုကြောင့် ၎င်းတို့၏ device မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖျက်ပစ်ခံရနိုင်ကြောင်း အဆိ
ုပါ ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည့် လုံခြုံရေးသုတေသီတစ်ဦးက ပြောကြားခဲ့သည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် အန္တရာယ်ရှိသော code များသည် နာမည်ကျော် ဟန်းဆက်များကို factory reset ပြုလုပ်နိုင်ကြောင်း ဘာလင်နည်းပညာတက္ကသိုလ်၏ လုံခြုံရေးဆက်သွယ်မှုဌာနမှ သုတေသီဖြစ်သူ Ravi Borgaonkar က အာဂျင်တီးနားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Ekoparty လုံခြုံရေးကွန်ဖရင့်စ်တွင် အထက်ပါ အားနည်းချက်အား သရုပ်ပြသခဲ့သည်။

သို့သော် ... ခွဲခွာခဲ့ရပါသည်(ဘာရာဒွါဂျာ (မြန်မာပြည်))

        
 သမီးက လေဆိပ်တွင် ငိုသည်။  မျက်ရည်များက သူမ ပါးပြင်ပေါ်တွင် တလိမ့်လိမ့်။ နှစ်သိမ့်စကားဆိုလိုက်သော်လည်း ရင်ထဲတွင်မူ မချိတင်ကဲ ဖြစ်မိပါသည်။ မငိုပါနဲ့သမီးရယ်ဟု ပြောလိုက်သော စကားသည် ခပ်တိမ်တိမ်။ သမီး ရွေးချယ်လိုက်တဲ့ လမ်းကို ငါ့သမီး ဆုံးအောင် လျှောက်ရမှာပေါ့ .. မဟုတ်ဘူးလား ဟု ဆိုလိုက်သောအခါ ကျွန်မအား လှမ်းကြည့်လိုက်သော အကြည့်ကို ကျွန်မ မဝေခွဲတတ်ပါ။ တောင်းပန်းတိုးလျှိုးသော အကြည့်လား။ အပြစ်တင်ခြင်းအလျင်း မကင်းသော စကားမှန်း ကျွန်မသိပါသည်။ သို့သော် မှန်သောစကားကို ကျွန်မ ဆိုလိုက်ခြင်းဖြင့် သူမ အားတင်းသွားလေမလား၊ သို့တည်းမဟုတ် မခံချင်သော လူငယ်စိတ်ဖြင့် ပြီးဆုံးအောင် ဇွဲတင်းကာ လျှောက်လှမ်းလိုက်လေမလားဆိုသော အတွေးဖြင့် ပြောလိုက်သော ကျွန်မ ရင်မှဖြစ်သည့် ရည်ရွယ်ချက်စကား။ သမီး အိမ်ပြန်ချင်တယ် ဟု စင်ကာပူလေဆိပ်သို့ အရောက်တွင် မုန့်စားရင်း မျက်ရည်စက်လက်ဖြင့် စကားဆိုပြန်သော် .. ကျွန်မရင်ထဲ လှိုက်မောကာ မျက်ရည်များပင် လည်မိပါသည်။  သူမ .. ငါ့သမီး အိမ်နဲ့ဝေးရာကို ထွက်ခွာရသော အကြောင်းရင်းများက ဘာပါလိမ့်ဟု မတွေးချင်ပေမယ့် ဖြတ်ခနဲ အတွေးက ရောက်သည်။

တရားဥပဒေနဲ့ လူထုဆန္ဒပြပွဲ( ဇော်ဇော်အောင်)




စက်တင်ဘာလ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး လှုပ်ရှားမှုပြုလုပ်နေသူများ ဆန္ဒဖော်ထုတ်နေသည်ကို လှိုင်မြို့နယ်ကန်လမ်းတွင် တွေ့ရစဉ်
၁။ ဒီမိုကရေစီကို ရွာကလူတွေ သိအောင် လုပ်ပေးကြပါလို့ . . . ဆောင်းပါးတွေ လေးငါးစောင်မက ကျွန်တော်ရေးခဲ့ပါတယ်။ သဘောကတော့ သာမန်လူတွေ နားလည်အောင် ရေးကြသားကြပြီးတော့ ဒီမိုကရေစီ အကြောင်း ဖြန့်ဖြူးဝေငှကြပါလို့ ဆိုလိုတာပါ။ ရွာကလူတွေလို့ ပြောလိုက်တော့ မြို့ကလူတွေကောလို့ မေးစရာရှိပါတယ်။ မြို့ကလူတွေလည်း သိပ်မသိကြသေးတာ သေချာပါတယ်။ နှစ်ပေါင်းငါးဆယ်လောက် စစ်အာဏာရှင်စနစ်၊ တစ်ပါတီအာဏာရှင်စနစ်တွေအောက်မှာ ပြားပြားမှောက်နေခဲ့ရတော့ အတွေးအမြင် ဆင်ခြင်မှုတွေ အမှောင်ကျခဲ့ရတယ်။ ဒါ့ကြောင့် မြို့ကလူတွေလည်း သိပ်မသိကြသေးဘူးလို့ ပြောခဲ့တာပါ။ ကောင်းပါပြီ၊ဒီလိုဆိုတော့ ဒီအကြောင်းတွေကိုပြောနေတဲ့ ခင်ဗျားကော ဘယ်လောက်သိသလဲလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်လည်း သိပ်မသိသေးပါဘူးလို့ မကွယ်မ၀ှက် ဖြေရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ဘ၀ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ ပြောရရင် ကျွန်တော် ၁၅ နှစ်သား မုံရွာတန်း မြင့်ကျောင်း (အခုအမှတ်တစ်) န၀မတန်းမှာကတည်းက အလံနီပါတီကလာပ်စည်းဝင် ဖြစ်ခဲ့တယ်။

လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှ သဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။
Photo courtesy of 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။

စစ်ဦးစီးချုပ်နှင့် သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU ပြော

စံခလပူရီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးအား KNU နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗဟို
စစ်ဌာနချုပ်အား အသိမပေးဘဲ စစ်ဦးစီးချုပ်က သွားရောက်ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထားကွဲလွ
ဲမှု မဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး က ပြောသည်။
“အဲဒီကိစ္စက KNU နဲ့ KNLA စစ်ဦးစီးချုပ် သဘောထားနှစ်ခု ကွဲတာတော့ မဟုတ်ဘူး။ ဖြစ်တာကတော့ စစ်ဦးစီး
ချုပ်က ဘားအံမှာ ဗဟို ဆက်သွယ်ရေးရုံး သွားဖွင့်တာကတော့ ဗဟိုဌာနချုပ်က မသိတာကိုပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ စုပေါင်းခေါင်းဆောင်မှု ပုံစံ ဆိုရင် အဲဒါ မဖြစ်သင့်ဘူး။ အဲဒါကိုတော့ ဘယ်လိုလုပ်ရမယ်
ဆိုတာ အဖွဲ့အစည်းမှာ ပြန်လည်ဆွေးနွေးပြီး အဖွဲ့အစည်း ဆုံးဖြတ်ချက်အတိုင်း ကိုင်တွယ် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု နော်စီဖိုးရာစိန် က မဇ္ဈိမကို ပြောသည်။

ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော် ယာဉ်တိုက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှုခံယူနေရ




w7_52_e1
ဒီဇိုင်း(ပန်းချီ)မြင့်မာင်ကျော် ယာဉ်တိုက်ခံခဲ့ရသည့် ဗိုလ်မင်းရောင်လမ်းမပေါ်မှ နေရာ

ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော် ယာဉ်တိုက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် ၀န်းကျင်ခန့်တွင် ဒီဇိုင်း(ပန်းချီ)မြင့်မောင်ကျော်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်ကြီးပတ်လမ်းတွင် လမ်းလျှောက်ပြီး နေအိမ်သို့အပြန် ဗိုလ်မင်းရောင်လမ်းနှင့် မန္တလေးလမ်းထောင့်အနီးတွင် ကားလမ်းဖြတ်ကူးနေစဉ် တစ်ဖက်ယာဉ်ကြောမှ မီးထိုး မောင်းနှင်လာသော ယာဉ်တစ်စီး ကို ရပ်စောင့်နေစဉ် အခြားယာဉ်ကြောမှ ကားမီးမထွန်းဘဲ မောင်းနှင်လာသော ယာဉ်တစ်စီးက နောက်မှဝင်တိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ နောက်မှဝင်တိုက်ခဲ့သည့် မော်တော်ယာဉ်မှာ ယာဉ်တိုက်မှုဖြစ်စဉ်အပြီး ခဏရပ်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် အဆိုပါကျူးလွန်ခဲ့သည့် မော်တော်ယာဉ်အမှတ်မှာ ဓ/၄၉၃၀ အငှားယာဉ်ဖြစ်ကြောင်း ဖြစ်စဉ်အနီးတွင် မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းမှာ ကောလဟလသာဖြစ်


Photo: နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြောသည်။

"ဟိုးအရင်တုန်းက နာဆာက ၂၀၁၂ မှာ လျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ ခန့်မှန်းဖူးတယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူးလို့တောပြောတယ်။ ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကောလဟလပါ"လို့ ဦးထွန်းလွင်ကပြောသည်။

လျှပ်စစ်မုန်တိုင်းဖြစ်ပေါ်နေသည် မဖြစ်ပေါ်နေသည်ကို အတည်မပြုနိုင်သော်လည်း မြန်မာနိုင်ငံအတွက် အန္တရာယ် မရှိနိုင်ကြောင်း၊ နေမင်းတွင် လျှပ်စစ်မုန်းတိုင်ဖြစ်ပေါ်မှုသည် နှစ်ပေါင်း ၃၀ လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော်လည်း နေနှင့်ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်းကွာဝေးသောကြောင့် ကမ္ဘာပေါ်သို့ ကျရောက်ရန် ၁၀၀ ရာခိုင်နှုန်းလျှင် ၁၁ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိကြောင်း၊ စင်္ကြာဝဠာကို ပြန်လွင့်နိုင်သော်လည်း ဂြိုဟ်ကြီးကိုးလုံးက ခံထားသောကြောင့်ကျရောက်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွန် ကြားမူဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

"အလျပ်စစ်အပူလှိုင်းဖြတ်နေတာဆိုမဟုတ်ပါဘူး။ ဖြစ်နေရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိဘူး" ဦးချစ်ကျော်ကပြောသည်။

News from : 7Day News Journal
Post by အေးချမ်းမွန်
နေမင်းတွင်လျှပ်စစ်မုန်းတိုင် ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက်ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင်ကပြောသည်။

"ဟိုးအရင်တုန်းက နာဆာက ၂၀၁၂ မှာ
လျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ ခန့်မှန်းဖူးတယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။ လူတွေတော့ မထိခိုက်ဘူးလို့တောပြောတယ်။ ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကောလဟလပါ"လို့ ဦးထွန်းလွင်ကပြောသည်။

CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

Photo: CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

သာလွန်ဇောင်းထက်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၄င်း၏ သမ္မတသက်တမ်းအတွင်း လုံးဝ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်အတွင်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း စီမံကိန်းကြောင့် ကချင်ဒေသခံများ၏ဘ၀များ၊ သဘာဝအလှများကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့ကြောင်း၊ လတ်တလော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း စီမံကိန်း ဆက်လက်လုပ်ကိုင်နေသော အခြေအနေများ တွေ့နေရကြောင်း ၄င်းက ဆိုသည်။

“မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ်ကို ဖျက်ဆီးခံလိုက်ရတယ်။ ကချင်ပြည်သူတွေရဲ့ဘ၀၊ ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ အမွေအနှစ်တွေ ဖျက်ဆီးခံလိုက်ရတယ်။ ကျမတို့ ကချင်ဒေသခံတွေအနေနဲ့ CPI ကို တရားစွဲမယ်။ ဥပဒေကြောင်းအရ တရားစွဲဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ဒေါ်ဘောက်ဂျာက ရှင်းပြသည်။

မြစ်ဆုံစီမံကိန်းကြောင့် ကျေးရွာများ ရွှေ့ပြောင်းခံလိုက်ရသော ကချင်ဒေသခံများမှာ စားဝတ်နေရေးအဆင် မပြေမှုများနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၄င်းက ပြောသည်။

“ရွာတွေရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နေရာသစ်တွေမှာ စားဝတ်နေရေး အဆင်မပြေကြဘူး။ နောက်ပြီး အခက်အခဲအမျိုးစုံတွေ ကြုံရတဲ့အပြင် နေရာသစ်တွေမှာ ဒေသခံတွေရဲ့ သေဆုံးမှုနှုန်းတွေလည်း မြင့်လာတယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းအပါအ၀င် စီမံကိန်းအားလုံးကို ရပ်ဆိုင်းရန် ညွှန်ကြားထားသည့်အပြင် စီမံကိန်းတွင် အသုံးပြုနေသည့် စက်ယန္တရားများကိုလည်း ပြန်လည်သယ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“မြစ်ဆုံစီမံကိန်းတွေကို လောလောဆယ် ဆိုင်းငံ့ခိုင်းထားပါတယ်။ နောက် ပစ္စည်းတွေ၊ ယန္တရားတွေ အကုန်လုံး ပြန်ထွက်ဖို့ MIC (မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်) က ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြန်ထွက်ဖို့ ပြောထားတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော ကျေးရွာများမှာ အခြေအနေကောင်းမွန်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်ဝန်းကျင် သွားရောက်ကြည့်ရှုခဲ့စဉ်က စာသင်ကျောင်း၊ လမ်းများအပါအ၀င် ကျေးရွာများသည် စနစ်တကျကောင်းမွန်ကြောင်း၊ လတ်တလောအခြေအနေကို မသိရှိကြောင်း ၄င်းက ဆက်လက်ပြောသည်။

ဦးဇော်ဌေးက “မြစ်ဆုံကြောင့် ရွှေ့ပြောင်းခံရတဲ့ ကျေးရွာတွေက တော်တော်လေးလေးကို ကောင်းကောင်းမွန်မွန် လုပ်ထားတာတွေ့တယ်။ ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးတုန်းက စံပြကျေးရွာတွေထက် တော်တော်လေးပိုသာတဲ့ သဘောတွ့ရတယ်။ ခုနပြောတဲ့ သေဆုံးမှုနှုန်းများတယ် ဆိုတာတွေကတော့ အတိအကျပြန်ပြီး စိစစ်မှာပါ” ဟု ဆိုသည်။

CPI ကုမ္ပဏီအပေါ် ကချင်ဒေသခံများ တရားစွဲဆိုရန် ရှိသည့်အပေါ် မည်သို့မျှ မှတ်ချက်မပေးလိုဘဲ တရားဥပဒေအတိုင်းသာ ရှိလိမ့်မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်သည့် EcoDev အဖွဲ့မှ တာဝန်ရှိသူ ဦးမျိုးဝင်းသူကမူ တရုတ် CPI ကုမ္ပဏီအပေါ် ကချင်ဒေသခံများက မည့်သည့်ဥပဒေပုဒ်မဖြင့် တရားစွဲမည်ကို မသိရှိကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုဖြင့် တရားစွဲဆိုနိုင်သော ဥပဒေဟူ၍ မရှိသေးဘဲ လတ်တလော ရေးဆွဲနေသော အဆင့်တွင်သာ ရှိသေးကြောင်း ဆိုသည်။

“လောလောဆယ် ဒီမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုနဲ့တော့ တရားစွဲလို့ မရနိုင်သေးဘူး။ ဒေသခံရွာသားတွေအနေနဲ့ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာ အပေါ်မှာတော့ တရားစွဲလို့ရနိုင်ပေမယ့် ခိုင်လို့ဖို့လိုတယ်” ဟု ဦးဝင်းမျိုးသူက ပြောသည်။

သမ္မတဦးသိန်းစိန်သည် သမ္မတအဖြစ် တာဝန်ယူပြီး လအနည်းငယ်အကြာ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၄င်း၏ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။


မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်တခု မြင်ကွင်း (ဓာတ်ပုံ – travelnewsworld.blogspot.com )

News from : The Irrawaddy (Burmese Version)
Post by အေးချမ်းမွန်
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူမျ
ားက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၄င်း၏ သမ္မတသက်တမ်းအတွင်း လုံးဝ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်အတွင်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း စီမံကိန်းကြောင့် ကချင်ဒေသခံများ၏ဘ၀များ၊ သဘာဝအလှများကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့ကြောင်း၊ လတ်တလော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း စီမံကိန်း ဆက်လက်လုပ်ကိုင်နေသော အခြေအနေများ တွေ့နေရကြောင်း ၄င်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စုမှ ပြန်လည်ရောက်ရှိလာသော သမ္မတဦးသိန်းစိန်အား ပြည်သူများ လေဆိပ်၌ လာရောက်ကြိုဆို





လာရောက်ကြိုဆိုသူများကို နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံးတွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကို  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့မှ ပါတီဝင်များ၊ အနုပညာရှင်များ၊ စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တိုင်းရင်းသားလူငယ်များ၊ Myanmar Egress သင်တန်းသားများနှင့်အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ၀န်ထမ်းများ၊ ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိများနှင့် ပြည်သူများက လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံဟာ ခေါင်းဆောင်နှစ်ဥိးစလုံးကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထားတာဟာ အံ့သြစရာကောင်းတဲ့ ကံကောင်းမှုဖြစ်ကြောင်း The Newyork Times သတင်းစာသုံးသပ်

Photo: မြန်မာနိုင်ငံဟာ ကမ္ဘာကျော် Nelson Mandela နဲ့ Mikhail Gorbachev လို ခေါင်းဆောင်နှစ်ဥိးစလုံးကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထားတာဟာ အံ့သြစရာကောင်းတဲ့ ကံကောင်းမှုဖြစ်ကြောင်း

မြန်မာနိုင်ငံဟာ ကမ္ဘာကျော် Nelson Mandela နဲ့ Mikhail Gorbachev လို ခေါင်းဆောင်နှစ်ဥိးစလုံးကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထားတာဟာ အံ့သြစရာကောင်းတဲ့ ကံကောင်းမှုဖြစ်ကြောင်း အောက်တိုဘာ (၁) ရက် The Newyork Times သတင်းစာမှာ သုံးသပ်ရေးသားထားပါတယ်။ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ Nelson Mandela အဖြစ် တင်စားထားပါတယ်။ သမ္မတဥိးသိန်းစိန်ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ပြောင်းလဲခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး သမား သမ္မတ Mikhail Gorbachev လို ခေါင်းဆောင်မျိုးအဖြစ် ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကို ရာစုနှစ်တ၀က်နီးပါး ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံဟာ လဘ်စားမှု၊ ဆင်းရဲမွဲတေမှု၊ ခါးသိးလှတဲ့ တိုင်းရင်းသားပြဿနာနဲ့ ဘာသာရေးပြဿနာလို ကြီးမားတဲ့ စိန်ခေါ်မှုတွေ အခုချိန်ထိ ရှိနေဆဲဖြစ်ကြောင်း The Newyork Times သတင်း စာမှာ သုံးသပ်ရေးသားထားပါတယ်။

News from : DVB TV News
Post by အေးချမ်းမွန်
မြန်မာနိုင်ငံဟာ ကမ္ဘာကျော် Nelson Mandela နဲ့ Mikhail Gorbachev လို ခေါင်း
ဆောင်နှစ်ဥိးစလုံးကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထားတာဟာ အံ့သြစရာကောင်းတဲ့ ကံကောင်းမှုဖြစ်ကြောင်း အောက်တိုဘာ (၁) ရက် The Newyork Times သတင်းစာမှာ သုံးသပ်ရေးသားထားပါတယ်။ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ Nelson Mandela အဖြစ် တင်စားထားပါတယ်။ သမ္မတဥိးသိန်းစိန်ကိုတော့ ဆိုဗီယက်ပြည်ထောင်စုကြီးကို ပြောင်းလဲခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး သမား သမ္မတ Mikhail Gorbachev လို ခေါင်းဆောင်မျိုးအဖြစ် ဖေါ်ပြထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ဆေးရုံကြီးများတွင်အသုံးပြုရန် အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ CT ဓါတ်မှန်စက်များ ၀ယ်ယူသွားမည်




ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအား တွေ့ရစဉ်
ကျန်းမာရေးဝန်ကြီးဌာနမှ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန် CT ဓါတ်မှန်စက်များ ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစက်ပစ္စည်းများအား အမေရိကန်အခြေစိုက General Electric Company (NYSE :GE ) ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီး GE Pacific  ၏ဌာနခွဲတစ်ခုဖြစ်သော GE Healthcare မှ မြန်မာပြည် တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် Sea Lion Co Ltd  မှတဆင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါစက်များအား ပေးသွင်းခွင့်တင်ဒါကို စက်တင်ဘာလ ၂၇ ရက်နေ့က အပြီးသတ်ကြေညာခဲ့ကြောင်း GE Healthcare မှ Optima CT 660 128 - Slice CT နှစ်ခုနှင့် Bright Speed Elite 16 Slice CT ငါးခုကို  ပြည်သူ့ဆေးရုံကြီးများတွင် တပ်ဆင်သွားရန် စီစဉ်ထားကြောင်းနှင့် ယင်းစက်များသည် ဓာတ်ရောင်ခြည်သင့်မှု အနည်းဆုံး၊ အဆင့်မြင့်ပုံရိပ်ဖော် ရောဂါရှာဖွေရေးနည်းပညာများကို ပေးစွမ်းနိုင်ကြောင်းသိရသည်။  ထို့အပြင် Optima CT 660 128 - Slice CT စက်နှစ်ခုကို သင်ကြားရေးဆေးရုံနှစ်ခုတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

Consignment (အပ်ကုန်) စနစ်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများ(source;commerce)

Photo: Consignment (အပ်ကုန်) စနစ်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများ(source;commerce)

မော်တော်ကားအရောင်းစင်တာများမှ Consignment (အပ်ကုန်) စနစ်ဖြင့် အရောင်းစင်တာဖွင့်လှစ်ခွင့် လျှောက်ထားဆောင်ရွက်ပေးလျက်ရှိရာ (၁၀.၉.၂၀၁၂) ရက်နေ့အထိ ကုမ္ပဏီ (၉၁) ခုအား ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီများ၏ Consignment (အပ်ကုန်) စနစ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထား မှုမှာ ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ် ၊ စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် ၊ ဆဌမအကြိမ်အထိများပြား လာပြီဖြစ်ပါ၍ ကုမ္ပဏီများ၏ မော်တော်ယာဉ်အရောင်းစင်တာ စာရင်းဇယားများ စနစ်တကျဖြစ်စေရန်နှင့် စစ်ဆေးမှု လွယ်ကူစေရန် အောက်ပါအချက်များ ၊ စာရွက်စာတမ်းများ ပါဝင်လျှောက်ထားရပါမည် -

(က) မော်တော်ယာဉ် တင်သွင်းမည့်လျှောက်လွှာပါရှိရမည်။
...
(ခ ) ကုမ္ပဏီမှ Consignment (အပ်ကုန်) စနစ်ဖြင့် တင်သွင်းခွင့်ရရှိပြီး Consignment အကြိမ်အလိုက် မော်တော်ယာဉ်များ၏ ခွင့်ပြုချက် (ပါမစ်) ၊ ရောက်ရှိမှု ၊ ရောင်းချပြီးစီးမှု ၊ ငွေလွှဲပြောင်းပြီးစီးမှု ၊ မော်တော်ယာဉ်လက်ကျန်စာရင်းစသည်များအား ပြည့်စုံရှင်းလင်းစွာ တင်ပြရပါမည်။

(ဂ ) လျှောက်ထားနိုင်သည့် မော်တော်ယာဉ်အမျိုးအစား/ ခုနှစ်များ၏ Invoice မူရင်း တင်ပြရပါမည်။

(ဃ) ရှင်းလင်းတင်ပြချက်များတွင် ပါဝင်သော အထောက်အထားများ မိတ္တူပူးတွဲပါရှိရပါမည်။

(င ) ရောင်းချမှုအသေးစိတ်စာရင်း မိတ္တူပူးတွဲပါရှိရပါမည်။

(စ ) မြေပြင်စစ်ဆေးရေးအဖွဲ.၏ စစ်ဆေးချက်မှတ်တမ်းပါရှိရပါမည်။

(ဆ) သက်တမ်းရှိ အရောင်းစင်တာဖွင့်လှစ်ရောင်းချခွင့်လက်မှတ် (Consignment စနစ်ဖြင့် မော်တော် ယာဉ် တင်သွင်းရောင်းချခွင့်ပြုလက်မှတ်) အား ထင်ရှားပေါ်လွင်သည့် မိတ္တူပူးတွဲပါရှိရပါမည်။

(ဇ ) စီးပွားရေးအကျိုးဆောင်လက်မှတ် မိတ္တူပူးတွဲပါရှိရပါမည်။

(ဈ ) ထုတ်ကုန်/သွင်းကုန်လက်မှတ် မိတ္တူပူးတွဲပါရှိရပါမည်။

(ည) Consignor နှင့် ချုပ်ဆိုထားသောစာချုပ် ၊ USD – 100000 သွင်းထားသည့် အထောက်အထား ၊ ငွေကျပ်သိန်း (၃) ထောင်သွင်းထားသည့် အထောက်အထား မိတ္တူပူးတွဲပါရှိရပါမည်။

News from : The Street View
Post by အေးချမ်းမွန်
မော်တော်ကားအရောင်းစင်တာများမှ Consignment (အပ်ကုန်) စနစ်ဖြင့် အရောင်းစင်တာဖွင့်လှစ်ခွင့် လျှောက်ထားဆောင်ရွက်ပေးလျက်ရှိရာ
(၁၀.၉.၂၀၁၂) ရက်နေ့အထိ ကုမ္ပဏီ (၉၁) ခုအား ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါကုမ္ပဏီများ၏ Consignment (အပ်ကုန်) စနစ်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထား မှုမှာ ပထမအကြိမ် ၊ ဒုတိယအကြိမ် ၊ တတိယအကြိမ် ၊ စတုတ္ထအကြိမ် ၊ ပဉ္စမအကြိမ် ၊ ဆဌမအကြိမ်အထိများပြား လာပြီဖြစ်ပါ၍ ကုမ္ပဏီများ၏ မော်တော်ယာဉ်အရောင်းစင်တာ စာရင်းဇယားများ စနစ်တကျဖြစ်စေရန်နှင့် စစ်ဆေးမှု လွယ်ကူစေရန် အောက်ပါအချက်များ ၊ စာရွက်စာတမ်းများ ပါဝင်လျှောက်ထားရပါမည် -

(က) မော်တော်ယာဉ် တင်သွင်းမည့်လျှောက်လွှာပါရှိရမည်။
...
(ခ ) ကုမ္ပဏီမှ Consignment (အပ်ကုန်) စနစ်ဖြင့် တင်သွင်းခွင့်ရရှိပြီး Consignment အကြိမ်အလိုက် မော်တော်ယာဉ်များ၏ ခွင့်ပြုချက် (ပါမစ်) ၊ ရောက်ရှိမှု ၊ ရောင်းချပြီးစီးမှု ၊ ငွေလွှဲပြောင်းပြီးစီးမှု ၊ မော်တော်ယာဉ်လက်ကျန်စာရင်းစသည်များအား ပြည့်စုံရှင်းလင်းစွာ တင်ပြရပါမည်။
Related Posts Plugin for WordPress, Blogger...

ShareThis