menu

Friday 23 March 2012

အင်းအိုင်၊ မြစ်၊ ချောင်းများတွင် ပြည်ပငါးမျိုးစိတ်ပေါက်ဖွားမှု များလာ


ဗဟိုစံပြငါးဈေးအတွင်းရှိ တီးလားဗီးယားငါးများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဗူးသီး
မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်းတွင် ပြည်ပနိုင်ငံများနှင့်ငါးလုပ်ငန်း များပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ် တစ်ဒေသဖြစ်သော နည်းပညာ အရ ငါးမျိုးစိတ်များလွဲပြောင်းပေးအပ်သည့် အချက်ကြောင့် နိုင်ငံ အတွင်းရှိ သဘာဝ အင်းအိုင်၊ မြစ်၊ ချောင်းများတွင် ယခုနှစ် အတွင်း တိုင်းရင်းငါးမျိုးမဟုတ်သော ပြည်ပငါးမျိုးစိတ်များပေါက်ဖွားမှု ပိုမို များပြားလာကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူးဦးဝင်းကြိုင်က ပြောသည်။
"ဒီငါးမျိုးစိတ်တွေက မွေးဖို့ရောက် လာပြီး သဘာဝပတ်ဝန်းကျင်ထဲကို လွှတ်လိုက်တယ်။ အဲဒီငါးတွေက သူတို့ ရဲ့ ရေမြေပတ်ဝန်းကျင် မဟုတ်ပေမယ့် လည်း မြန်မာ့ရေမြေ ပတ်ဝန်းကျင်မှာပဲ တည်တံ့ ပွားများပြီးတော့ တိုင်းရင်းငါး မျိုးတွေထဲမှာ ငါးမျိုးစိတ်အသစ်တစ် မျိုးအနေနဲ့ အမြောက်အမြားဝင်ရောက် လာတယ်ဟု" ၎င်းကပြောသည်။

ဟောမုဇ်ရေလက်ကြားကို အီရန် ပိတ်ဆို့နိုင်ပါသလား(ကြည်နေ၀င်းမင်း)


Photo

အမေရိကန်က အီရတ်စစ်ပွဲကို အဆုံးသတ်လိုက် သည်မှာ မကြာသေး၊ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲညာသံများ ညံလို့လာပြန်ပါပြီ။ နိုင်ငံ၏ နျူကလီးယားအစီ အစဉ်နှင့်ပတ်သက်၍ အပြည့်အ၀ပွင့်လင်းမှုမရှိဘဲ အီရန်သည် နျူကလီးယားအစီအစဉ်ကိုစစ်လက်နက်များတွင် အသုံးပြုရန် စီစဉ်နေသည်ဟူသော ထောက်လှမ်းရေး သတင်းများထွက် ပေါ်လာမှုနှင့်အတူ အီရန်အပေါ် အမေရိကန်နှင့် ကုလသမဂ၏ ပိတ်ဆို့တားဆီးမှုများ ပိုမိုတင်းကျပ်လာခဲ့သည်။ ယခုနောက်ဆုံး အီရန်အပေါ် ချမှတ် သည့် ပိတ်ဆို့တားဆီးမှုမှာ အီရန်စီးပွားရေး၏အဓိကအသက်ရှူလမ်းကြောင်းဖြစ်သော ရေနံတင်ပို့မှုကိုပိတ်ဆို့ တားဆီးရေးဖြစ်သည်။
စက်မှုလုပ်ငန်းများအတွက် အရေးကြီးသော ရေနံအတွက် အီရန် နှင့် အခြားအာရပ်နိုင်ငံများအပေါ် မှီခိုနေရသော ဥရောပသမဂနိုင်ငံများ ကလည်း တားဆီးပိတ်ဆို့မှုတွင် ပူးပေါင်းပါဝင်ပြီး အီရန်ရေနံတင်သွင်းမှုကို ဖြတ်တောက်မည်၊ ဂျပန်နိုင်ငံကလည်း အီရန်ရေနံတင်သွင်းမှုကို လျှော့ချမည်၊ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်းမည်ဟုဆိုလာ သောအခါ

အကောက်ရွေးမိသူ၏ ဒုက္ခ (စိုးဘားဒိုင်)

ထင်းတွေကို စုပြီးစည်းကြတော့ ကျွန်တော် ဒုက္ခရောက်တော့သည်။ ထင်းချောင်းတွေက ကွေးကောက်နေတော့ စုစည်းမရဘဲ ထိုးထိုးထောင်ထောင်တွေ ဖြစ်နေသည်။ ကန့်လန့်ခံနေတာတွေ အလိုက်သင့် ဖြစ်အောင်လုပ်ရ၊ ညှိရသည် ...


ကျောင်းပိတ်ရက်ကလည်းဖြစ်၊ အစ်ကို နှစ်ယောက်ကလည်း တစ်ဖက်ရွာကအလှူကို သွားရောက်ကူညီနေရသည့် အချိန်လည်းဖြစ်တော့ တောထဲလိုက်ပြီး ထင်းခွေရန် ကျွန်တော်မလိုက်မဖြစ် လိုက်သွားရသည်။
အစ်ကိုတွေ မရှိချိန် အစ်မက တောထဲ ထင်းသွားခွေရ မည်ဆိုတော့ အဖော်ပါမှဖြစ်မည်မို့ ကျွန်တော့်ကို ခေါ်သွားသည်။ ကျောင်းပိတ်ရက်ဆိုလျှင် တစ်နေကုန် ဆော့ရတော့မည်ဖြစ်သော ကျွန်တော် စိတ်ပျက်သွားရသည်။

ကျွန်တော်တို့ အိမ်ကနေ ရွာပြင်ရောက်ရန် လျှောက်ရသည်က တစ်မိုင်ကျော်ကျော် လောက်ရှိသည်။ ရွာအပြင်ကနေ တောစပ်ကို နောက်ထပ်တစ်မိုင်လောက် ထပ်လျှောက်ရသည်။ တောစပ်ကနေ တောင်ပေါ်ကို ဆက်တက်ရသည်။ တောထဲတိုးပြီး ထင်းခုတ်ရသည်။ ထင်းခုတ်သူတွေကများတော့ တောင်ပေါ်ကို တော်တော်တက်ယူရသည်။ တောင်အောက်ဘက် နီးသည့်နေရာတွေမှာ ထင်းဆိုက်၍ကောင်းသည့် အပင်တွေ နည်းလာနေပြီ။
တစ်ရွာလုံးက ခုတ်စားကြတော့ တောက ကျိုးတိုးကျဲတဲ ဖြစ်နေပြီ။ ကျန်နေရစ်သည့် အပင်တွေကလည်း ကောက်ကောက်ကွေးကွေးတွေပဲ များသည်။ ဖြောင့်သည့်အပင်တွေက ရှေ့လူတွေ ခုတ်သွားကြပြီ။ အပင် ဖြောင့်ဖြောင့်လိုချင်လျှင် တောထဲ ဆက်တိုးရမည်။ တောင်ပေါ်ကို ဆက်တက်ရမည်။ ဆက်သွားရမည့်ခရီးအတွက် အချိန်ပေးရမည်။ ၀ိရိယ ထပ်စိုက်ရမည်။ သည်ပုံစံဖြင့် ကျွန်တော်တို့လည်း ခရီးဆက် တိုးကြရဦးမည်။ ကျွန်တော်က ဆက်မသွားချင်တော့ပေ။ အစ်မကို တွေ့တာခုတ်သွားဖို့ ကျွန်တော်က ပြောသည်။

သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်နှင့် တွေ့ဆုံခြင်း


‘သက်မွန်တို့ မင်းသမီးတွေ အနေနဲ့တော့ ကိုယ်လုပ်ချင်တယ် ဆိုတာမျိုးကို သိပ်အများကြီး ရွေးချယ်ခွင့် မရှိပါဘူး’

e4511 ၂၀၁၁ ခုနှစ်အတွင်းမှစ၍ ပရိသတ် ချစ်ခင်အားပေးမှုကို ပိုမိုလက်ခံရရှိလာခဲ့သည့် သရုပ်ဆောင် သက်မွန်မြင့်က ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ပရိသတ်များ မျှော်လင့် ထားကြသည့်အတိုင်း ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။ ရုပ်ရှင်ဗီဒီယို ဇာတ်ကားများနှင့် ကြော်ငြာများတွင် ဆက်တိုက် ပါဝင် သရုပ်ဆောင်လျက်ရှိသူ သက်မွန်မြင့်နှင့် တွေ့ဆုံဖြစ်သည့် အခိုက် မင်းသမီးတစ်ယောက်၏ ရပ်တည်ရမှု အနေအထား၊ မင်းသမီးများအပေါ် ဝေဖန်စကားများအပေါ် အမြင်၊ လက်ရှိဈေးကွက် အနေအထားစသဖြင့် အနုပညာရေးရာ အဖြာဖြာအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ . . .

ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ ပြည်ပသို့ ဓမ္မဒါနဖြန့်ဝေမည်



4516 ပြည်ပရှိ ဗုဒ္ဓဘာသာဝင်များနှင့် လေ့လာသူများအတွက် ဓမ္မဒါနဖြန့်ချိရန် ရည်ရွယ်၍ ညီတော်အာနန္ဒာ၏ တစ်သက်တာ မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ယင်းစာအုပ်၏အမည်မှာ The Shadow of Lord Buddha ဖြစ်ပြီး အခကြေးငွေဖြင့် ရောင်းချခြင်းမပြုဘဲ ဓမ္မဒါနဖြစ်ကာ ပြည်ပသို့ အဓိကဦး တည်လှူဒါန်းသွားမည်ဟု ဒေါက်တာ သန်းအေးက ပြောပြခဲ့သည်။
“ဒီစာအုပ်ကို ဘာသာပြန်ဆိုဖို့ အတွက် စတင်သူကတော့ တောင်အာဖရိကနိုင်ငံတော် ဆေးတက္ကသိုလ် မှာ ပိုးမွှားဗေဒဆိုင်ရာ ဌာနမှူးဖြစ်ခဲ့တဲ့ ဒေါက်တာဖြူဖြူစိန်ပါ။ သူက ၂၀၀၇ ခုနှစ်လောက်မှာ ဒီစာအုပ်ကို စပြီး ဘာသာပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ သူက ကင်ဆာနဲ့ ဆုံးသွားတဲ့အခါ သူငယ်ချင်းဖြစ်တဲ့ ကျွန်တော့်ဆီကို ၂၅ ရာခိုင်နှုန်းလောက် ဘာသာပြန်ထားတဲ့ ဒီစာအုပ်က ရောက်လာပါတယ်။ ဒီစာအုပ်ကို ဘာသာပြန်ဖြစ်ခဲ့ပြီး ပြည်ပမှာရှိတဲ့သူတွေကို လှူဒါန်းချင်တဲ့ ရည်ရွယ်ချက်ကို ပြောရရင် နိုင်ငံခြားကို ရောက်တဲ့အခါ အဓိကတွေ့ရတာက နိုင်ငံခြားသား ဗုဒ္ဓဘာသာဝင်တွေ အပါအ၀င် ဗုဒ္ဓဘာသာဝင်ဆိုတဲ့သူ အတော်များများဟာ ငါးပါးသီလလောက်ကိုသာ ဘာသာတရားလို့ ထင်မြင်နေကြတာ ကို တွေ့ရတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတာမျိုးကိုသာ တွေ့ရတယ်။ ဒါကြောင့် အခုလိုစီစဉ်ဖြစ်တာပါ” ဟု စာအုပ်ကိုဘာသာပြန်သူ ဒေါက်တာသန်းအေးက ပြောပြခဲ့သည်။

ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

'နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိက ပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ'ဟု ဆို


နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော် သီရိလေးမြို့နယ် တွင် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုဖြစ်မည်ဟု နိုင်ငံရေး ပါတီများနှင့် ဒေသခံများက ဆိုသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေပြည်တော် ဥတ္တရ သီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့များရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကသာ မဲဆန္ဒနယ် လေးနယ် စလုံး တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးကြည်မြင့် က ဥတ္တရသီရိမြို့ မဲဆန္ဒနယ်နှင့် ပုဗ္ဗသီရိ မြို့နယ်တွင် တစ်သီးပုဂ္ဂလိက ကိုယ်စား လှယ်လောင်း ဦးမြင့်လွင်သန်း တို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။
"နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥတ္တရ သီရိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမင်းသူက ပြောသည်။

မြောက်ကိုရီးယား ဒုံးပျံအစီအစဉ် ကုလအတွင်းရေးမှူးချုပ် သတိပေး


အာကာသထဲကို ဂြိုဟ်တုတစ်လုံး လွှတ်တင်ဖို့ မြောက်ကိုရီးယားက စီစဉ်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်းနဲ့ ဒီကိစ္စကိုလည်း ရှေ့တစ်ပတ်ထဲ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြိ့က နျူကလီယား လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
နျူကလီယားလက်နက် တပ်ဆင်ပစ်လွှတ်နိုင်ဖို့ စမ်းသပ်ချက် တစ်ခုအဖြစ် အများက မြင်နေကြတဲ့ ဒုံးပျံပစ်လွှတ်မယ့် အစီအစဉ်ဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အတွင်းရေးမှူးချုပ်က ကြာသပတေးနေ့မှာ ပြောလိုက်တာပါ။ ဒီအစီအစဉ်ဟာ တာဝေးပစ်ဒုံးပျံ နည်းပညာတွေ အသုံးမပြုဖို့ တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ပြောသွားပါတယ်။
မြောက်ကိုရီးယားကတော့ ဧပြီလလယ်မှာ ပစ်လွှတ်ဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဆိုးလ်မြို့က လုံခြုံရေး အစည်းအဝေးပွဲ အတွင်း အချေအတင် ဖြစ်နေရတဲ့ နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ တောင်ကိုရီးယားက ကြိုးစားလာမယ်ဆိုရင်တော့ စစ်ကြေညာတာလို့ သဘောထားမှာ ဖြစ်တဲ့အကြောင်းလည်း မြောက်ကိုရီးယားက ဒီတစ်ပတ် အစောပိုင်းမှာပဲ သတိပေးထားပါတယ်။

သြစတြေးလျအကဲခတ်အဖွဲ့ မြန်မာပြည်ကို စေလွှတ်မည်


ဓာတ်ပုံ Khin Maung Win
၂၀၁၀ ရွေးကောက်ပွဲကာလမတိုင်ခင် မိမိတို့အမည်ကို မဲဆန္ဒရှင်စာရင်းမှာလိုက်ရှာနေကြသူများ။
မြန်မာနိုင်ငံမှာကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို စောင့်ကြည့်လေ့လာဖို့  ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်မယ်လို့ သြစတြေးလျနိုင်ငံက ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေကို မြန်မာအစိုးရက ဖိတ်ကြားလိုက်တာဟာ ပြုပြင်ပြောင်းလဲရေးတွေရဲ့ အပြုသဘောဆောင်တဲ့ နောက်ထပ် ခြေလှမ်းတခုဖြစ်တယ်ဆိုပြီး သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကတော့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ရွေးကောက်ပွဲတွေအတွက်တင်မဟုတ်ဘဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်လည်း လိုအပ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထား တဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

စံမြန်မာ-မြန်မာစံလား



“ယူနီကုတ်ဆိုသည်မှာ မည်သည့်ဘာသာ စကား (Language)၊ မည်သည့် ပလက်ဖောင်း (Platform)၊ မည်သည့် ပရိုဂရမ် (Program) တွင်မဆို စာလုံးအက္ခရာတစ်လုံးချင်းစီအလိုက် ကိန်းဂဏန်းတစ်ခုဖြင့် တန်ဖိုး သတ်မှတ်ပေးထားနိုင်သည့် နည်းစနစ် (Character Encoding) ဖြစ်သည်”
အခမ်းအနားတွေ ရှောင်လာတာ ကြာပါပြီ။ အခမ်းအနားတစ်ခုတက်တယ်ဆိုတာ သတင်းသမား တစ်ယောက် အတွက် မလွယ်ဘူးဗျ။ အခမ်းအနားနဲ့ လိုက်ဖက်အောင် ဝတ်စားရမှာရှိတယ်။ စုတ်စုတ်ပြတ်ပြတ် ဝတ်လာရင် အဖက်တောင်လုပ်ပြီး ခေါ်မယ့်သူမရှိတာ အကြိမ်ကြိမ် ကြုံရဖူးတယ်။ အိုင်တီခြေထောက်ကလည်း ရွာရိုး ကိုးပေါက် လျှောက်ချင်ရာလျှောက်နေတော့ ဘယ်မှာ ဒီနေ့ ဘာပွဲဆိုတာသိမှ ထပြေးရတာ အဝတ်အစားကိုလည်း သတိမထားနိုင်တော့ပါဘူး။
နောက်တစ်ချက်က ခေတ်သတင်းသမားဆိုတာ အသံသွင်းစက်လေးတစ်လုံးလောက်နဲ့ ကင်မရာလေး တစ်လုံးလောက်တော့ ကိုင်ထားနိုင်မှဖြစ်တာ။ အိုင်တီခြေထောက်မှာက ခြေထောက်ပဲ အရင်းစိုက်နိုင်ပြီး အသံသွင်းစက်ရော၊ ကင်မရာပါမရှိတာက ပွဲမတိုးနိုင်သလိုဖြစ်နေတယ်။

မလေးရှားအမျိုးသမီး သရုပ်ဆောင် မီရှဲယို ပြင်သစ်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ





မလေးရှား အမျိုးသမီးသရုပ်ဆောင် မီရှဲယိုသည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ပါရီမြို့တွင် မတ်လ ၁၄ ရက် ကပြုလုပ်ခဲ့သောအခမ်းအနား၌ ပြင် သစ်သမ္မတ နီကိုလတ်ဆာကော်ဇီက မီရှဲယိုကို Legion of Honour ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ပါရီမြို့ရှိ Elysee သမ္မတနန်းတော်တွင် ပြုလုပ်သော ယင်းအခမ်းအနားသို့ ပြင်သစ်သမ္မတကတော် ကာလာဘရူနီ၊ သမ္မတဟောင်း ဂျက်ရှီယက်၏ ဇနီးဘာနန်ဒက်တီရှီယက်အပါအ၀င် ပြင်သစ်ဆိုင်ရာ မလေးရှားသံအမတ်ကြီး အဗ္ဗဒူအဇက်ဇိုင်နယ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကမ္ဘာတစ်ဝန်းရှိ အနုပညာနှင့်ဖျော်ဖြေရေးနယ်ပယ်မှ ၁၁ ဦးကို ဆာကော်ဇီက Legion of  Honour နှင့် The Order of Merit ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုရရှိသူများထဲတွင် မီရှဲယိုအပါအ၀င် ပြင်သစ်တေးရေးဆရာ Jean- Michel Barre နှင့် ဒီဇိုင်းပညာရှင် Jean-Claude Jitrois တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis