တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ
ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို
ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က
ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ် တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ်
ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊
ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ၀န်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့်
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအ၀င် ၁၂ ဦးဖြင့်
ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံး နှင့် နီးစပ်သည့်
အသိုင်းအ၀ိုင်း က ပြောသည်။
Tuesday, 8 May 2012
ပို၍ သမာသမတ်ကျမည့် စာစစ်ဆော့ဖ်ဝဲ တီထွင်ဖေါ်ထုတ်
တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများ၏ အက်ဆေးရေးသားမှုကို ကျူတာများနှင့် ဆရာများက စစ်ဆေးရသည်။ သို့သော် ဆရာနေရာကို ကွန်ပျူတာများဖြင့် များမကြာမီနှစ်များအတွင်း အစားထိုးတော့မည် ဖြစ်ကြောင်း သိရပါသည်။
သုတေသနအဖွဲ့တစ်ခုက လူသားများကဲ့သို့ အက်ဆေးရမှတ်များကို စစ်ဆေးပေးနိုင်မည့် ဆော့ဖ်ဝဲဒီဇိုင်းကို ရှာဖွေဖန်တီး ထားပြီဖြစ်သည်။

အိုဟိုင်းအိုတက္ကသိုလ်က ပါမောက္ခ Mark Shermis ဦးဆောင်သော အဖွဲ့က စစ်ဆေးပြီးသား အက်ဆေး အပုဒ်ရေ ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်) ကို နောက်ဆုံးပေါ် ဆော့ဖ်ဝဲဖြင့် စစ်ဆေးကြည့်ရာတွင် တကယ့်လူသားများ စစ်ဆေးသည့်နီးပါး မှန်ကန် တိကျမှုရှိကြောင်း တင်ပြခဲ့သည်။
“ဒီနည်းပညာကတော့ ဆရာတွေအနေနဲ့ အက်ဆေး ပုဒ်ရေများများကို လေ့ကျင့်ပေးနိုင်မယ်။ ကျောင်းသားတွေရဲ့ အက်ဆေး ရေးသားမှု တိုးတက် လာစေဖို့ အိမ်စာ များများပေးလို့ရပြီ။” Shermis က ပြောပြခဲ့သည်။
ဒေါ်စန်းစန်း(အဖွဲ့ဝင်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်) နှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်(Myanmar National Human
Rights Commission, MNHRC) ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် နိုင်ငံတော်သမ္မတက
ဖွဲ့စည်းပေးခဲ့ပါသည်။နယ်မြေဒေသ မငြိမ်းချမ်းတဲ့နေရာက တိုင်ကြားလွှာတွေ တက်လာရင် ကော်မရှင်က သွားရောက်ဖို့ လိုအပ်ပေမယ့် သွားဖို့ အဆင်မပြေတာမျိုးလည်း ရှိပါတယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်ရန်အလို့ငှာ ဖွဲ့စည်းပေးသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ပထမဆုံး ဖွဲ့စည်းလိုက်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းတာဝန် ဆောင်ရွက်ပေးမှုများအား သိလိုသဖြင့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ |
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူ ရောက်ရှိ
ပြည်သူ့ဂုဏ်ရည် အသင်းသားများက မေလ ၁ ရက်နေ့က လာရောက်ကြိုဆိုနေစဉ်
ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ မေလ ၂၇ ရက်နေ့ တွင် ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် နာရေးကူညီမှု အသင်းဥက္ကဌဦးကျော်သူ နှင့်အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် ယင်းနေ့မတိုင်မီရက်များ၌ မေလ ၅ ရက်နေ့မှစတင်၍ အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ |
အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံခွင့်အတွက် ပွင့်လင်းစွာ တောင်းဆိုမှုများ ပြုလုပ်လာ

အမေရိကန် Caterpillar Inc. မှ ထုတ်လုပ်သော လယ်ယာသုံး ထွန်းစက်များကို နိုင်ငံခြားသို့တင်ပို့ရန် ဘယ်လ်တီမိုးရှိ ဒန်ဒေါ့ခ် ဆိပ်ကမ်းတွင် ရပ်နားထားသည်ကို ၂၀၀၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်တွင် တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
လူ့အခွင့်အရေးချိုးဖောက်သည်ဟု ဆိုသည့် နိုင်ငံစာရင်းတွင် နှစ်ပေါင်းများစွာ နှစ်စဉ်ထိပ်ဆုံးက ရပ်တည်နေသည့် သယံဇာတ ပေါများကြွယ်ဝရာ မြန်မာနိုင်ငံ၏ စီးပွားရေးလောကသို့ ၀င်ရောက် နိုင်ရေး ပွင့်ပွင့်လင်းလင်း ကြိုးပမ်းရန် အမေရိကန်ကုမ္ပဏီ အများစုမှာ မ၀ံ့မရဲဖြစ်နေကြပြီး ယင်းနိုင်ငံတွင်း စီးပွားရေး လုပ်ကိုင်နေကြသည့် ကုမ္ပဏီအချို့မှာတက်ကြွ လှုပ်ရှားသူများ၏ တုံ့ပြန်မှုနှင့် ရင်ဆိုင် နေရသည်။
ထိုင်း-မြန်မာနယ်စပ် ဂိတ်အချို့ကို ဒီကေဘီအေ ပိတ်ပစ်
![]() |
| photo - Francis Wade |
ထိုင်း-မြန်မာနယ်စပ်မှာချထားတဲ့ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)ရဲ့ တပ်မှူးတဦးဖြစ်တဲ့ ဗိုလ်မှူး စန်းအောင်က တပ်ခရိုင်နဲ့ မျက်နှာချင်းဆိုင်က ဂိတ်ပေါက် ၁၀ ခုကို ပိတ်ထားလိုက်တယ်လို့ ပြောပါတယ်။
ရွှေဖီမြေမှ ကြိုဆိုနှုတ်ခွန်းဆက်သပါသည်(ဝေကြီး)
| နှစ်ကာလကြာရှည်စွာ မိဘဘိုးဘွား အစဉ်အဆက်ကတည်းက လုပ်ကိုင်လာတဲ့ ရိုးရာလက်ဖက်လုပ်ငန်းအပေါ် စိတ်ပျက်လာကြတာ ခြံရှင်အချို့ အခြားဝင်ငွေကောင်းတဲ့ သီးနှံအမျိုးမျိုးနဲ့ ပြောင်းလဲစိုက်ပျိုးလုပ်ကိုင်ဖို့အထိ ဖြစ်လာပါတယ်။ ထိုကဲ့သို့ အခြေအနေမှာ တရုတ်က'ဂျူတီမဲ့' အချိုခြောက်တွေဝင်လာတာမို့ . . . |
၂၀၁၂ ရှမ်း/မြောက် လက်ဖက်ဒေသ 'ရွှေဖီ' လက်ဖက်ရာသီအချိန် ပြီးပါပြီ။
ဒါကြောင့် မတ်လဆန်းကတည်းက ရွှေဖီလက်ဖက်ခူးဖို့ တက်လာတဲ့ မြေပြန့်၊
မြေလတ်ဒေသက လက်ဖက်ခူးသမားတွေ အခုအခါ လက်ဖက်တောင်တွေဆီကနေ
ပြန်ဆင်းလာကြပါပြီ။ ကျန် လက်ဖက် ရာသီများဖြစ်တဲ့ 'ခါးကန်ဦး' ရာသီ
(ဧပြီ-မေ)'ခါးကန်'ရာသီ(ဇွန်) 'ခါး
ဟွယ်'(ဇူလိုင်)'ခါးနှိုင်း'(သြဂုတ်-စက်တင်ဘာ)စသဖြင့် နောက်ဆုံး ဒီဇင်ဘာ
'နှင်းဘတ်'ရာသီအချိန်ထိ ဒေသခံတွေ ဆက်လက် ဆွတ်ခူးလုပ်ကိုင်ကြမှာပါ။ |
ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား နိုင်ငံသားပိုင်အဖြစ် လုပ်ကိုင်နိုင်ရန် မြန်မာ့လေကြောင်းမှ စီစဉ်နေ
မြန်မာ့ကမ်းလွန်နှင့် ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် လာရောက် လုပ်ကိုင်လျက်ရှိသည့် ရဟတ်ယာဉ်တစ်စီးအား
ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသည့် ရဟတ်ယာဉ်လုပ်ငန်းအား နိုင်ငံသားပိုင်အဖြစ် လုပ်ကိုင်နိုင်ရန် မြန်မာ့လေကြောင်း မှ စီစဉ်နေကြောင်း သတင်းရရှိပါသည်။ လက်ရှိအချိန်တွင် ရဟတ် ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား စစ်ဘက်နှင့် မြန်မာ့ကမ်းလွန်နှင့် ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွင်သာ အသုံးပြုနေသည်ဟု သိရသည်။ မြို့ပြလေကြောင်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ လေယာဉ်ကဲ့သို့ ဆင်း တက်ပြုလုပ်ရန်နေရာယူသော လေယာဉ်ကွင်း အသုံးပြုရန် မလိုအပ်ခြင်းကြောင့် သွားလာရန်ခက်ခဲသော နေရာဒေသများတွင် ရဟတ်ယာဉ် ဖြင့် သယ်ယူပို့ဆောင်ရေးမှာ များစွာ အရေးပါကြောင်း သိရသည်။ |
Online Media များ၏ ရပိုင်ခွင့်ကို ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) တို့ ပူးပေါင်းကျင်းပ သည့် World Press Freedom Day 2012 အခမ်းအနားကို ယခုလ ၃ ရက်နေ့က ကမ်းနားဟိုတယ်တွင် ကျင်းပခဲ့ ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းကိုယ်စား တက်ရောက် လာသော ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
Jailbreak လုပ်တာကောင်းသလား

ခုချိန်မှာ iPhone တွေကို jailbreaking လုပ်တာ အတော်လေး ရေပန်း စားနေတယ်။ အထူးသဖြင့် iPhone 4S တွေကို jailbreak လုပ်တဲ့ ဆော့ဖ်ဝဲ application တွေလည်း အများကြီးပေါ်ထွက်လာတယ်။
လူတွေရဲ့ အမြင်မှာ iPhone တွေကို jailbreak လုပ်လိုက်ရင် အကျိုးအမြတ်တွေ အများကြီးရနိုင်တယ်လို့ ထင်ကြပါတယ်။ အလားတူ jailbreak မလုပ်ခြင်းကြောင့်လည်း ရရှိနိုင်တဲ့ အကျိုးတရားတွေ လည်းရှိနေပါတယ်။ လုပ်ချင်တဲ့သူတွေက လုပ်ဖို့ဆွယ်မယ်။ မလုပ်သင့်ဘူး ထင်တဲ့သူတွေက မလုပ်သင့်ကြောင်း ဆွယ်တရားဟောလိမ့်မယ်။ ‘ဒီတော့ လုပ်သင့်-မလုပ်သင့် ဘက်နှစ်ဘက် အမြင်ကိုကြည့်ရအောင်။
လေကြောင်းဗုံးခွဲဖို့ Al-Qaida ကြံစည်မှု အမေရိကန်ဟန့်တား
အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာမယ့် လေကြောင်းခရီးတခုကို
ဗုံးခွဲဖျက်ဆီးမယ့် အစီအစဉ်တခု တားဆီးလိုက်နိုင်တယ်လို့ အမေရိကန်အရာရှိတွေက
ပြောပါတယ်။
ယီမန်နိုင်ငံ အယ်ကိုင်းဒါးဂိုဏ်က အသေခံဗုံးခွဲမယ့် အကြမ်းဖက်သမားကို သူ့ရဲ့ အ၀တ်အစားတွေထဲ စနက်တံပါတဲ့ ပေါက်ကွဲမယ့် ပစ္စည်းတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပျံသန်းမယ့် လေယဉ်ပေါ်တင်ပေးလိုက်ဖို့ ရည်ရွယ်ခဲ့တဲ့အကြောင်း ၀ါရှင်တန် အာဏာပိုင်တွေက ပြောပါတယ်။
ယီမန်နိုင်ငံ အယ်ကိုင်းဒါးဂိုဏ်က အသေခံဗုံးခွဲမယ့် အကြမ်းဖက်သမားကို သူ့ရဲ့ အ၀တ်အစားတွေထဲ စနက်တံပါတဲ့ ပေါက်ကွဲမယ့် ပစ္စည်းတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ပျံသန်းမယ့် လေယဉ်ပေါ်တင်ပေးလိုက်ဖို့ ရည်ရွယ်ခဲ့တဲ့အကြောင်း ၀ါရှင်တန် အာဏာပိုင်တွေက ပြောပါတယ်။
အာရှ၏ စိုးရိမ်ဖွယ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဆယ်ခုစာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့ဟောင်း ပါဝင်နေ
|
ကမ္ဘာ့အမွေအနှစ်များ ရန်ပုံငွေ အဖွဲ့ Global Heritage Fund က
ထုတ်ပြန်ခဲ့သည့် အာရှမှ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော
ယဉ်ကျေးမှု အမွေအနှစ် ဆယ်ခုစာရင်းတွင် မြန်မာနိုင်ငံမှ မြောက်ဦးမြို့
ပါဝင်နေကြောင်း သတင်းရရှိသည်။
မေလသုံးရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာတွင် ထိုင်းနိုင်ငံမှ
အယုဒ္ဓယမြို့၊ ဖိလစ်ပိုင်နိုင်ငံမှ စန်တီယေဂိုခံတပ်ဟောင်း၊ တရုတ်နိုင်ငံမှ
ပိုးလမ်းမမြို့တော် ဖြစ်သည့် ကတ်ရှ်ဂါမြို့ဟောင်း၊ ဘင်္ဂလားဒေ့ရှ်မှ
Mahasthangarh ရှေးဟောင်းမြို့၊ အာဖဂန်နစ္စတန်မှ Mes Aynak ရှေးဟောင်း
ဘုန်းတော်ကြီးကျောင်း၊ မြန်မာနိုင်ငံမှ မြောက်ဦးမြို့၊ လာအိုနိုင်ငံမှ
Plain of Jars ၊ ကမ္ဘောဒီးယားမှ Preah Vihear?၊ အိန္ဒိယနိုင်ငံမှ
အကြီးဆုံးနှင့် ရှေးအကျဆုံး အမွေအနှစ် Rakhigari နှင့် ပါကိစ္စတန်မှ Taxila
ရှေးဟောင်း တက္ကစီလာ လမ်းဆုံတို့ကို ဖော်ပြထားခြင်းဖြစ်သည်။ |
ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စာပေအမျိုးအစားပေါင်း နှစ်ထောင်ကျော် ပါဝင်သည့် ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ်စာပေပွဲတော် ပြုလုပ်လျက်ရှိ
ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စာပေအမျိုးအစားပေါင်း နှစ်ထောင်ကျော်
ပြသထားသည့် ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ် စာပေပွဲတော်ကို အင်းဝစာအုပ်တိုက်တွင် မေလ ၃
ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ် စာပေပွဲတော်ကို ပြုလုပ်ခဲ့သည်မှာ ဆဌမအကြိမ်ရှိပြီဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ပတ်သက်သော စာပေများကို တစ်နေရာတည်းတွင် စုစည်းလေ့လာ၍ ၀ယ်ယူနိုင်ရန် ရည်ရွယ်ပြီးပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ |
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါက်တာ ရွှေခါး ဦးဆောင်တဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ဟာ ဒီကနေ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် (၁၆) ကို သဘောတူညီမှု ရရှိခဲ့ကြပါတယ်။
RFA
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့်
ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ချင်းအမျိုးသားတပ်ဦး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် တွေ့ဆုံစဉ်။
ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး
![]() |
| စာရေးဆရာ သွန်းနေစိုး (ဓါတ်ပုံ-သွန်းနေစိုး - ဖေ့စ်ဘုတ်) |
အဆောင်တွင် နေထိုင်သည့် သမီး ဖြစ်သူ ပျောက်ဆုံးသွားသဖြင့် လိုက်လံ စုံစမ်းရာ စာရေးဆရာ သွန်းနေစိုးက တက္ကသိုလ် ကျောင်းဝင်းအတွင်း ဝင်ရောက်၍ အကြမ်းဖက် ခေါ်ယူသွားသည် ကိုကြားသိရကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ပ/၄၀၈/ ၂၀၁၂ဖြင့် အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသူ ၏ဖခင်ဖြစ်သူ ဦးလှကြိုင်က ဆိုသည်။
Subscribe to:
Comments (Atom)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်(Myanmar National Human
Rights Commission, MNHRC) ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှာ
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် နိုင်ငံတော်သမ္မတက
ဖွဲ့စည်းပေးခဲ့ပါသည်။

၂၀၁၂ ရှမ်း/မြောက် လက်ဖက်ဒေသ 'ရွှေဖီ' လက်ဖက်ရာသီအချိန် ပြီးပါပြီ။
ဒါကြောင့် မတ်လဆန်းကတည်းက ရွှေဖီလက်ဖက်ခူးဖို့ တက်လာတဲ့ မြေပြန့်၊
မြေလတ်ဒေသက လက်ဖက်ခူးသမားတွေ အခုအခါ လက်ဖက်တောင်တွေဆီကနေ
ပြန်ဆင်းလာကြပါပြီ။ ကျန် လက်ဖက် ရာသီများဖြစ်တဲ့ 'ခါးကန်ဦး' ရာသီ
(ဧပြီ-မေ)'ခါးကန်'ရာသီ(ဇွန်) 'ခါး
ဟွယ်'(ဇူလိုင်)'ခါးနှိုင်း'(သြဂုတ်-စက်တင်ဘာ)စသဖြင့် နောက်ဆုံး ဒီဇင်ဘာ
'နှင်းဘတ်'ရာသီအချိန်ထိ ဒေသခံတွေ ဆက်လက် ဆွတ်ခူးလုပ်ကိုင်ကြမှာပါ။



ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် စာပေအမျိုးအစားပေါင်း နှစ်ထောင်ကျော်
ပြသထားသည့် ဗုဒ္ဓ၏ဓမ္မအမွေ ပရိယတ် စာပေပွဲတော်ကို အင်းဝစာအုပ်တိုက်တွင် မေလ ၃
ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။