နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့ မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက်တာပါ။
လူကုန်ကူးခံရသူများကို အကာအကွယ်ပေးရေး ဥပဒေအောက်က မြန်မာအပေါ် အရေးယူမှုအချို့ကို နိုင်ငံခြားရေးဝန်ကြီးလက်မှတ်ထိုးပြီး အခုလို ကင်းလွတ်ခွင့်ပေးလိုက်တာကြောင့်၊ အမေရိကန်ပြည်ထောင်စုက  ကမ္ဘာဘဏ် အာရှဖွံဖြိုးရေးဘဏ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့စတဲ့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံကို နည်းပညာရပ်ဆိုင်ရာ အကူအညီတွေ ပြန်ပေးနိုင်တော့မှာပါ။