menu

Tuesday 15 October 2013

စားသောက်ဆိုင်များတွင် ဗုံးကြိုတင်ကာကွယ်ရန် အသိပညာပေးမှု ပြုလုပ်


အေးမြင့်စန်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၂၂ မိနစ်

စားသောက်ဆိုင်ပိုင်ရှင်များအား ဗုံးနှင့်ပက်သက်၍ လုံခြုံရေးအသိရှိရန် ပြည်ထဲရေးဝန်ကြီးဌာနရှိ ရဲတပ်ဖွဲ့ဝင်များထံက ဗုံးကြိုတင်ကာကွယ်ခြင်းဆိုင်ရာအသိပညာပေးခြင်းကို အောက်တိုဘာလ၁၅ရက်က ရန်ကုန်မြို့ အင်းယားလမ်းရှိ စိမ်းလန်းစိုပြေဥယျာဉ်တွင် ပြုလုပ်ခဲ့သည်။

“ဗုံးနဲ့ပက်သက်ရင် ကိုယ်တိုင်ဖြေရှင်းလို့မရတဲ့အတွက် ကျွမ်းကျင်တဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကူအညီ လိုအပ်ပါတယ်။ အသင်းဝင်ထားတဲ့ဆိုင်တွေ ဗုံးကြိုတင်ကာကွယ်ရေး သတင်းအချက်လက်တွေ ရအောင် ရဲတပ်ဖွဲ့နဲ့တွေ့ဆုံမှုလေး လုပ်ဖြစ်တာပါ” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဌ ဦးနေလင်းက ပြောသည်။

လူစည်ကားသည့် ဈေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များတွင် လူအများအထိတ်တလန့်ဖြစ်စေရန် ဖောက်ခွဲမှုများပြုလုပ်မည့် သတင်းများရထားသည်ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဇော်ဝင်းကပြောသည်။

တစ္ဆေ၊သရဲ၊ဘီလူး၊ဖုတ်ကောင် ဇာတ်ရုပ်နှင့် တာတေကြီး

Photo: တစ္ဆေ၊သရဲ၊ဘီလူး၊ဖုတ် ကောင်ဇာတ်ရုပ်နှင့် တာတေကြီး
===============================

အမျိုးသားရုပ်ရှင်လုပ် ငန်းကြီး ပေါ်ပေါက်လာပြီးနောက် အရှိန်ရလာချိန်တွင် ဇာတ်လမ်း အမယ် ပေါင်းစုံရိုက်ကူးခဲ့ကြရာ၊ ယင်းတို့တွင် ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့်   သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းများကိုလည်း ရိုက်ကူး ခဲ့ကြသည်။ဖော်ပြပါ ဇာတ်လမ်း အမျိုးအစား ဇာတ်ကားများကို ရုပ်ရှင် အစောပိုင်း ခေတ်ကသာ မက လွတ်လ ပ်ရေးရပြီး နောက် ပိုင်း အသံတိတ်ခေတ်မတိမ် ကောမီ အချိန်နှင့် အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက် ပိုင်း ၁၉၆၂ခုနှစ်အထိ မြို့နှင့် တောနယ်များ ပါမကျန် ခေတ် စားခဲ့ဖူးသည်။

ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုတ်ဖုတ်ကောင် ဇာတ်ကားများ ရိုက်ကူးရာတွင် မပါမဖြစ်သော ဇာတ်ကောင်တို့ မှာ စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၊ ဘီလူး၊   ဇော်ဂနီ၊   ဇော်ဂနက်၊ စက်ကြိုးရှင်စသည်တို့ ဖြစ်သည်။ ယင်းမကောင်းဆိုးဝါး ဇာတ် ကောင်များ၏ ရုပ်ဆင်း သဏ္ဌာန် ကို ဖန်တီးရာတွင် မိတ်ကပ်ဖြင့် သော်လည်းကောင်း၊ ကင်မရာ လှည့် စားမှုဖြင့်လည်းကောင်း လုပ်ကြရသည်။ သို့သော် အသံ ထွက်ခေတ်ပြောင်း ပြီးနောက် ရိုက်ကူးခဲ့သော ဘုရားသမိုင်း၊ သိုက်သမိုင်း ဇာတ်ကားများတွင် ပါဝင်သော အထက်ပါ ဇာတ် ကောင်ရုပ်များအဖြစ် သရုပ် ဆောင်ခဲ့သည့် တာတေကြီးမှာ ထိတ်လန့်ဖွယ်ရာ ရုပ်အသွင် ကို မိတ်ကပ်ဖြင့် ပြုပြင်စရာ မလိုဘဲ သဘာဝရုပ်အသွင်နှင့် ပါဝင်သရုပ်ဆောင်ခြင်းဖြစ် သည်။ ကမ္ဘာ့ရုပ်ရှင်လောက တွင်လည်း ခေတ်စား ဖူးသော သွေးစုပ်ဖုတ်ကောင် Dracula နှင့်တစ္ဆေသရဲ Fran Kenstein  ဇာတ်ကားတို့တွင် အများဆုံး သရုပ် ဆောင်ခဲ့ကြသောခရစ်တိုဖာလီး Christopher Lee (အမေရိကန် မင်းသား)နှင့် ပီတာကူရှင်း Peter Cushing (အင်္ဂလိပ်မင်းသား)တို့ မင်းသားနှ စ်လက်၏ မျက်နှာမှာ မာကျောခက်ထန်မှု ရှိသော်လည်း ကြောက် မက်ဖွယ် ရာ တစ္ဆေ၊သရဲ၊ဖုတ်ကောင် ဇာတ်ရုပ်ကို မိတ်ကပ်နှင့် ကင်မရာ လှည်စားမှုတို့ဖြင့် ဖန်တီးပေးခဲ့ ရသည်။ မြန်မာတစ္ဆေ၊သရဲ၊ ဘီလူးဇာတ် ရုပ်ကို သရုပ်ဆောင် သော တာတေကြီး၏ မျက်နှာ မှာ သာမန်လူများထက် ပိုရှည် နေခြင်း၊ အရပ်ရှည်ခါးကိုင်း ကိုင်းနှင့် စကားပြော လျှင် စူးစူး ဝါးဝါးနှင့် ခြောက်လှန့် ပြောဆို တတ်သော အသံကပင် သူလုပ် ဆောင် ခဲ့ရသော ဇာတ်ကောင် ရုပ်တို့နှင့် အံကိုက်ဖြစ်နေသည်။

တာတေဆိုသော ဝေါဟာရ မှာလည်း တာတေလံအောင် ရုပ်ဆိုးခြင်းဖြစ်၍ အေဝမ်းခြံမှာ သူ့ကိုမြင်တွေ့သော ဒါရိုက်တာ ဦးချစ်ဖေက သူရိုက်ကူးမည့် ရတနာနတ် မယ်ဇာတ်ကား အတွက် ဇာတ်လမ်းအရ လယ် ခိုက်ရွာတွင် ဗြောင်းဆန်အောင် သောင်းကျန်းတဲ့ သရဲဇာတ် ကောင် အဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ပြီး၊ နာမည်ကြား ရုံနှင့် ကျောချမ်းစရာဖြစ်ဖို့ ‘တာတေကြီး’ ဟူသော အမည်ကိုပေးကာ မြင့်အောင်၊ ခင်မောင်ဇင်၊ မေရီ မြ၊ မေမြင့်ရီတို့နှင့် ရိုက်ကူးပြီး ၆-၅-၆ဝတွင် ဆုထူးပန်၊ရတနာပုံ၊ မရိုးဆန်းရုံတို့မှာ ပြသခဲ့သည်။

ယင်းဇာတ်ကားကို မဏ္ဍိုင် သတင်းစာက ‘အားလုံး သူ့ နေရာ နှင့်သူ နိုင်နိုင် နင်းနင်း သရုပ် ဆောင်ခဲ့ကြသည်’ ဟု ရေးသား ခဲ့သည်။ ဒုတိယဇာတ်ကား အဖြစ် အေဝမ်း ဖလင်မှ ဒါရိုက်တာ အေဝမ်းမောင်ချစ်၊ ခင်မောင် ဇင်၊စံရှားတင်၊စာဥတို့နှင့်ဒေး စွန်းပါတွင် သိုက်စောင့်သရဲ အဖြစ် ပရိသတ်ကိုခြောက်လှန့် နိုင်ခဲ့သည်။ယင်းဇာတ်ကား သည် ၇-၇-၆ဝတွင် ဘုရင့်ရုံ မှာ ပြသခဲ့သည်။ ထို့နောက် သိုက်သမိုင်း ဇာတ်ကားများတွင် တစ္ဆေ၊ သရဲ၊ ဘီလူး၊ ဖုတ်ကောင် စသည့် ဇာတ်ကောင်နေရာမှာ သူ့ကို အသုံးပြုလာ ကြရသည်။ သူ့ကို ခေါ်သုံးလိုက်ရသည့် အတွက် သူ့မျက်နှာကို ကင်မရာ လှည့်စားချက် အထူးပြုလုပ်ရန် မလိုအပ်ခြင်းကြောင့် ဖြစ်သည်။

တစ္ဆေသရဲဝတ္ထုရေးရာတွင် နာမည် ကြီးသော စာရေးဆရာ မြစကြာ ကိုယ်တိုင် ဒါရိုက်တာလုပ်၍ အောင်မင်္ဂလာရုပ်ရှင်အတွက် ရိုက်ကူး ခဲ့သော သွေးစုပ်ဖုတ် ကောင် ဇာတ်ကားတွင် ဇာတ်လမ်း ၏အားကို ဖုတ်ကောင်ကြီး အဖြစ် သရုပ်ဆောင်သောတာတေကြီး ၏ ကြောက်မက် ဖွယ်ကောင်း အောင်လုပ်ပြနိုင်ခြင်းမှာ ပြော စမှတ်ပြုကြ သည်။ သိုက်သမိုင်း ဇာတ်ကားများတွင် ဇာတ် ဆောင် မင်းသား၊မင်းသမီးများမည်မျှ ပင် သရုပ်ဆောင်ကောင်းနေ စေကာမူ တစ္ဆေသရဲအဖြစ် သရုပ် ဆောင်ရသော တာတေကြီးကဲ့ သို့ သူတို့က ပရိသတ်အား ထိတ်လန့်အောင် သရုပ်ဆောင် မပြနိုင်လျှင် ဇာတ်လမ်းအားကို ပျော့သွားစေမည်မှာ အမှန် ပင်ဖြစ်သည်။ လူတစ်ယောက်၏ ရုပ်ဆင်းအင်္ဂါနှင့် ကိုယ်လက် အင်္ဂါချို့ယွင်း သူတို့ကို လူသားချင်း စာနာထောက်ထားရမည်။ ရုပ်ရှင်တွင် သရုပ်ဆောင်အဖြစ် သုံးလျှင် ရုပ်ရှင်စည်းကမ်း ဘောင်ကျော်သည် ဟုဆိုကြ၏။ ထိုသို့သော သူတို့အစားအတုပြု လုပ်၍လည်းကောင်း၊ကင်မရာ လှည့်စားခြင်းဖြင့် လည်း ကောင်း၊ ရိုက်ကူးပြရမည်ဖြစ်သည်။သို့သော် ကမ္ဘာ့ရုပ်ရှင်နှင့်မြန်မာ့ ရုပ်ရှင် လုပ်ငန်းတို့တွင် သဘာဝကျမှုကို အဓိကထားဦးစားပေးလာ၍ ရုပ်ဆင်းအင်္ဂါနှင့်ကိုယ် အင်္ဂါချို့ ယွင်းသည့်  မသန်မစွမ်းသူများ ကို ရုပ်ရှင်သရုပ်ဆောင်များ အဖြစ် ထည့်သွင်းရိုက်ကူးခဲ့ကြသည်။

မိတ်ကပ်မကူ၊ ကင်မရာ လှည့်စားရန်မလိုဘဲ သဘာဝ ရုပ်၊အသံတို့နှင့် ပရိသတ်ကို ခြောက်လှန့်နိုင်ခဲ့သော တာတေ ကြီးသည် သူပါဝင်ရသော ဇာတ် ကောင်ရုပ်ကို ပိုင်နိုင်စွာ သရုပ် ဆောင်နိုင်ခဲ့၍ ‘တာတေကြီး’ ဟူသော အမည်တစ်လုံးသည်အသံထွက်ခေတ်ဘုရားသမိုင်း၊ သိုက် သမိုင်းဇာတ်ကား များတွင် အမည်တစ်လုံးရခဲ့သော သရုပ် ဆောင်တစ်ယောက်ဖြစ်သည်။

ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)

အမျိုးသားရုပ်ရှင်လုပ် ငန်းကြီး ပေါ်ပေါက်လာပြီးနောက် အရှိန်ရလာချိန်တွင် ဇာတ်လမ်း အမယ် ပေါင်းစုံရိုက်ကူးခဲ့ကြရာ၊ ယင်းတို့တွင် ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းများကိုလည်း ရိုက်ကူး ခဲ့ကြသည်။ဖော်ပြပါ ဇာတ်လမ်း အမျိုးအစား ဇာတ်ကားများကို ရုပ်ရှင် အစောပိုင်း ခေတ်ကသာ မက လွတ်လ ပ်ရေးရပြီး နောက် ပိုင်း အသံတိတ်ခေတ်မတိမ် ကောမီ အချိန်နှင့် အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက် ပိုင်း ၁၉၆၂ခုနှစ်အထိ မြို့နှင့် တောနယ်များ ပါမကျန် ခေတ် စားခဲ့ဖူးသည်။

ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုတ်ဖုတ်ကောင် ဇာတ်ကားများ ရိုက်ကူးရာတွင် မပါမဖြစ်သော ဇာတ်ကောင်တို့ မှာ စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၊ ဘီလူး၊ ဇော်ဂနီ၊ ဇော်ဂနက်၊ စက်ကြိုးရှင်စသည်တို့ ဖြစ်သည်။ ယင်းမကောင်းဆိုးဝါး ဇာတ် ကောင်များ၏ ရုပ်ဆင်း သဏ္ဌာန် ကို ဖန်တီးရာတွင် မိတ်ကပ်ဖြင့် သော်လည်းကောင်း၊ ကင်မရာ လှည့် စားမှုဖြင့်လည်းကောင်း လုပ်ကြရသည်။ သို့သော် အသံ ထွက်ခေတ်ပြောင်း ပြီးနောက် ရိုက်ကူးခဲ့သော ဘုရားသမိုင်း၊ သိုက်သမိုင်း ဇာတ်ကားများတွင် ပါဝင်သော အထက်ပါ ဇာတ် ကောင်ရုပ်များအဖြစ် သရုပ် ဆောင်ခဲ့သည့် တာတေကြီးမှာ ထိတ်လန့်ဖွယ်ရာ ရုပ်အသွင် ကို မိတ်ကပ်ဖြင့် ပြုပြင်စရာ မလိုဘဲ သဘာဝရုပ်အသွင်နှင့် ပါဝင်သရုပ်ဆောင်ခြင်းဖြစ် သည်။

ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားတမြို့လုံး လျှပ်စစ်မီး ရဖို့ လုပ်ပေးမည်

 မြစ်ကြီးနား, လျှပ်စစ်မီး, ကချင်ပြည်နယ်, ငြိမ်းချမ်းရေး
မြစ်ကြီးနား လေဆိပ်မြင်ကွင်း (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)

ငြိမ်းချမ်းရေးအတွက် အောက်တိုဘာလကုန်တွင် မြစ်ကြီးနားမြို့တမြို့လုံး လျှပ်စစ်မီးရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားလိုက်သည်။
ယခင်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့အတွင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတို့သာ အဖွဲ့ဝင်အဖြစ် လိုက်ပါတတ်သော်လည်း ယခုတခေါက် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ဂ၊ ၉၊ ၁၀ ရက် ၃ ရက် အကြာ ဆွေးနွေးညှိနှိုင်းမှုတွင်မူ လျှပ်စစ် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးပါ အဖွဲ့ဝင်အဖြစ် ထပ်မံ ပါဝင် လိုက်ပါလာသည့် အပေါ် မေးမြန်းစဉ် ၎င်းက ထိုသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အမှန်က ဒီအဖွဲ့မှာက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးသားပါ။ နောက်တခုကတော့ လကုန်မှာ မြစ်ကြီးနားတမြို့လုံး မီးရရေးအတွက် လာပြီး လုပ်ဆောင်တာလည်း ပါတာပေါ့။ ကြိုးသွယ်တန်းရေး ကိစ္စတွေကို လုပ်ဆောင်နေပါပြီ။ ဒီလကုန်မှာတော့ မြစ်ကြီးနား က မီးလုံးဝ လင်းတော့မှာပါ” ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးပြိုင်ဘက် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး တရားစွဲခံရ

Photo: နိုင်ငံရေးပြိုင်ဘက် လုပ်ကြံသတ်ဖြတ်မှုဖြင့် ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး တရားစွဲခံရ

ဘိုဂိုတာ၊ အောက်တိုဘာ ၁၃

ကိုလံဘီယာ လာဂူဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်အား နိုင်ငံရေး ပြိုက်ဘက်များကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် တရားစွဲ ဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်ကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် သာမက လက်ယာပြည်သူ့စစ် အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့်လည်း တရားစွဲထားသည်။

ကိုလံဘီယာ အရှေ့မြောက်ပိုင်း ဘာရန်ကတ်မြို့ရှိ ဂိုမတ်၏ နေအိမ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဂိုမတ်ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းသည်ကို ၎င်းအပေါ် ထောက်ခံသူများက ခုခံကာကွယ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘာရတ်ကတ် မြို့တော်ကောင်စီဝင် လိုပတ်ပါရန်တာ ၁၉၉၇ ခုနှစ်တွင်း လုပ်ကြံသတ်ဖြတ် ခံရမှုတွင် ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ကိုလံဘီယာ ဒုတိယရှေ့နေချုပ် ဖာနန်ဒိုပါဒိုနိုက ပြောကြားသည်။

ထို့အပြင် အလီဂျာဒရို ရိုထရီဂူဇတ်နှင့် မာဇီဒီးဘာရာယာတို့ ၂၀၀၀ ပြည့်နှစ်တွင်း သတ်ဖြတ်ခံရသည့် အမှုတွင်လည်း ဂိုမတ် ပါဝင်ပတ်သက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကိုလံဘီယာ- ဗင်နီဇွဲလား နယ်ခြားဒေသရှိ လက်ယာယိမ်း ညီညွတ်သော ကိုလံဘီယာ ကိုယ်ပိုင် ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ တပ်မှူး ပူပိုနှင့် ဂိုမတ်ကြားတွင်လည်း ဆက်သွယ်မှုများ ရှိပြီး ရာဇဝတ်မှု ကျူးလွန်မှုများတွင် ဂိုမတ် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခံနေရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် လက်ယာယိမ်း ပြည်သူ့စစ်များနှင့် ကိုလံဘီယာ နိုင်ငံရေးသမားများကြား အဆက်အသွယ်များ ရှိသည်ဟူသော စွပ်စွဲပြောကြားချက်များ ပြီးခဲ့သည့် နှစ်များအတွင်း ပေါ်ပေါက်ခဲ့သည်။

ကိုလံဘီယာ သမ္မတဟောင်း ယူရီဘီ လက်ထက်တွင် ပြည်သူ့စစ်များကို ပြန်လည် ဖျက်သိမ်းခဲ့ပြီး လက်နက်များကို အစိုးရ အဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကာ အချို့သော ဖြစ်ရပ်များ တွင် ပြည်သူ့စစ်များကို တရားစွဲဆို ခံရခြင်းမှ ကင်းလွတ်ခွင့် ပေးခဲ့သည်။

ထို့အပြင် နိုင်ငံရေးသမား ၁၀၀ ကျော်ကို ပြည်သူ့စစ်များနှင့် ဆက်သွယ်မှုဖြင့် အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်းထဲမှ အများစုကို  ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဘိုဂိုတာ၊ အောက်တိုဘာ ၁၃

ကိုလံဘီယာ လာဂူဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်အား နိုင်ငံရေး ပြိုက်ဘက်များကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် တရားစွဲ ဆိုထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး ကီကိုဂိုမတ်ကို လုပ်ကြံသတ်ဖြတ်မှု၊ လျှို့ဝှက် ပူးပေါင်း ကြံစည်မှုများဖြင့် သာမက လက်ယာပြည်သူ့စစ် အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့်လည်း တရားစွဲထားသည်။

ကိုလံဘီယာ အရှေ့မြောက်ပိုင်း ဘာရန်ကတ်မြို့ရှိ ဂိုမတ်၏ နေအိမ်အတွင်း ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး ဂိုမတ်ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းသည်ကို ၎င်းအပေါ် ထောက်ခံသူများက ခုခံကာကွယ်ခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အလ္လာဟူသော စကားလုံး အခြားဘာသာဝင်များ မသုံးစွဲရန် မလေးရှား တရားရုံး အမိန့်ချ

Photo: အလ္လာဟူသော စကားလုံး အခြားဘာသာဝင်များ မသုံးစွဲရန် မလေးရှား တရားရုံး အမိန့်ချ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၄

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် တရားရုံးက ယခုကဲ့သို့အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မွတ်ဆလင် အများစုရှိသော မလေးရှားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကက်သလစ် ခရစ်ယာန် သတင်းစာ တစ်စောင်ဖြစ်သော The Harald သတင်းစာတွင် အင်္ဂလိပ်လို ‘God’ ဘုရားသခင်ဟူသော စကားလုံးကို ဒေသခံများ နားလည်နိုင်မည့် ‘Allah’ ‘အလ္လာ’ ဟူသော စကားလုံးကို သုံးစွဲခဲ့ခြင်းကို မလေးရှား အစိုးရက ယင်းစကားလုံးကို သုံးစွဲ၍ မရကြောင်း ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါ ကက်သလစ် ခရစ်ယာန်သတင်းစာက မလေးရှားအစိုးရကို တရားစွဲဆိုရာ ယင်းအချိန်က မလေးရှား တရားရုံးက ခရစ်ယာန် သတင်းစာကို အနိုင်ပေးခဲ့သည်။

သို့သော် အဆိုပါ တရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မလေးရှားအစိုးရက အထက်ရုံးသို့ အယူခံဝင်ခဲ့ရာ ၂၀၀၉ ခုနှစ်က တရားရုံး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ မလေးရှားတွင် မွတ်ဆလင် မဟုတ်သူများ အနေနှင့် ‘အလ္လာ’ ဟူသော စကားလုံးကို သုံးခွင့်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ် လိုက်ခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် အငြင်းပွားချိန်တွင် ခရစ်ယာန် ဘုရားကျောင်းနှင့် မွတ်ဆလင်ဗလီများကို တိုက်ခိုက်ခဲ့ခြင်းများ ဖြစ်ပွားခဲ့သည်။

ယခုတရားရုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်း၊ အယူခံဝင်သွားမည် ဖြစ်ကြောင်း ကက်သလစ် ခရစ်ယာန်သတင်းစာ The Harald ၏ အယ်ဒီတာရီဗာရန်လော့ရင့်အင်ဒရူးက ပြောကြားသည်။

The Harald သတင်းစာကို ထောက်ခံသူများ မလေးဘာသာစကားဖြင့် ရေးထားသော ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်ယာန် ဘုရားသခင် God ကို Allah (အလ္လာ) ဟု သုံးနှုန်း ဖော်ပြခဲ့သည်မှာ ၁၉၆၃ ခုနှစ် မလေးရှားနိုင်ငံ မတည်ထောင်မီကပင် ဖြစ်ကြောင်း ထောက်ပြ ပြောကြားကြသည်။

ခရစ်ယာန်တို့က God ဟူသော စကားလုံးကို Allah (အလ္လာ) ဟူ၍ သုံးစွဲခြင်းသည် မွတ်ဆလင် ဘာသာဝင်များကို ခရစ်ယာန် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲရန် တွန်းအားပေးနိုင်ကြောင်း အချို့သော မွတ်ဆလင် ဘာသာဝင် အုပ်စုများက ပြောကြားသည်။

လက်ရှိမလေးရှား အာဏာရပါတီဖြစ်သော မလေး-မွတ်ဆလင်ပါတီသည်  လူအများအကြား ထောက်ခံမှုရစေရန် ယခုအမှုကို အသုံးချခြင်း ဖြစ်ကြောင်း အချို့သော မလေးလူမျိုးများက ယူဆလျက်ရှိသည်။
မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် အရေအတွက်သည် မလေးရှား လူဦးရေ၏ သုံးပုံတစ်ပုံ ရှိသော်လည်း ဟင်ဒီနှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း အများအပြား ရှိသည်။

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၄

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင်တို့၏ ဘုရားဖြစ်သော ‘အလ္လာ’ ဟူသော စကားလုံးကို မွတ်ဆလင်ဘာသာ မဟုတ်သူများ သုံးစွဲခွင့် မရှိကြောင်း မလေးရှား တရားရုံးက အမိန့်ချမှတ် လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများက ၎င်းတို့၏ ဘုရားကို မွတ်ဆလင် ဘာသာတို့၏ ဘုရားဆိုသော အသုံးအနှုန်း ဖြစ်သည့် ‘အလ္လာ’ ဟူသော စကားလုံးကို ယူငင်သုံးစွဲပါက ဘာသာဝင်များအကြား ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် တရားရုံးက ယခုကဲ့သို့အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။

မွတ်ဆလင် အများစုရှိသော မလေးရှားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က ကက်သလစ် ခရစ်ယာန် သတင်းစာ တစ်စောင်ဖြစ်သော The Harald သတင်းစာတွင် အင်္ဂလိပ်လို ‘God’ ဘုရားသခင်ဟူသော စကားလုံးကို ဒေသခံများ နားလည်နိုင်မည့် ‘Allah’ ‘အလ္လာ’ ဟူသော စကားလုံးကို သုံးစွဲခဲ့ခြင်းကို မလေးရှား အစိုးရက ယင်းစကားလုံးကို သုံးစွဲ၍ မရကြောင်း ပြောကြားခဲ့သည်။

မန္တလေးမြို့၊ ရွှေဘဲစားသောက်ဆိုင်အနီး ဗုံးထားသွားသူဟု သံသယရှိသူလင်မယားအား စစ်ဆေးမေးမြန်း

အောက်တိုဘာ (၁၄)ရက်နေ့နံနက်ခင်း၌ မန္တလေးမြို့၊ ရွှေဘဲစားသောက်ဆိုင်အနီး အမေရိကန်လုပ်ဗုံးထားသွား သူဟု သံသယရှိသူလင်မယားအား အောင်မြေသာဇံမြို့နယ် အမှတ်(၃)ရဲစခန်း၌ စစ်ဆေးမေးမြန်းနေကြောင်း
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုရဲမှူး ဦးအောင်ရွှေထံကသိရသည်။

အဆိုပါ လင်မယားကို ရွှေဘဲစားသောက်ဆိုင်၏ CCTV ကင်မရာမှတဆင့် ရှာဖွေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စားသောက်သွားသော စားပွဲခုံနံပါတ်(၂၄)၌ လည်း မည်သူမျှထိုင်ခဲ့ခြင်းမရှိကြောင်းကို CCTV မှတဆင့်
ဖော်ထုတ်ခဲ့သည်။

ထိုလင်မယားနှစ်ယောက်အား အောက်တိုဘာ(၁၄)ရက်နေ့ ညနေ (၆း၀၀)နာရီဝန်းကျင်တွင် ဥပိန်တံတားအနီး၌တွ့ရှိခဲ့ခြင်းဖြစ်သည်။
သံသယရှိသူဟု ယူဆရသော လင်မယားနှစ်ယောက်လုံးသည် မလေးရှားနိုင်ငံသားများဖြစ်ပြီး အမျိုးသားမှာအာင်အောင်(ခ)မိုဟာမက်(ဘ)ဦးစိုးလွင် ဖြစ်ပြီး မြန်မာလူမျိုးဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

IP Address (အင်တာနက် လိပ်စာ) အကြောင်း သိကောင်းစရာ

Photo: IP Address (အင်တာနက် လိပ်စာ) အကြောင်း သိကောင်းစရာ
.................................................

IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ်။

ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချိန် ကွန်ပြူတာတွေ မပေါ်မှီ၊ အင်တာနက် မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ်။

ယခုလည်း ယင်းသဘောတရားပါပဲ။ ဘယ်ကွန်ပြူတာက ဘယ်ကွန်ပြူတာကို ပို့ပါတယ်။ ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ်။

Physical IP Address

IP Address ကို နှစ်မျိုးထပ်ခွဲရင် ပုံမှာ ပြထားတဲ့အတိုင်း ပါပဲ။ Physical Address နဲ့ Virtual Address ပါ။ Physical Address ဆိုတာ ရူပဗေဒဆိုင်ရာ လိပ်စာလို့ ဘာသာမပြန်မိပါစေနဲ့။ ထိတွေ့ကိုင်တွယ်၍ရသော လိပ်စာလို့လည်း ဘာသာမပြန်ရပါဘူး။ အချက်အလက် ပို့လွတ်လိုက်တဲ့ ပစ္စည်းရဲ့ လိပ်စာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကတော့ Mac Address ပါ။ Machine Address ဖြစ်ပါတယ်။ ဒါက ထုတ်လုပ်သူတို့ ကွန်ပြူတာ၊ မိုဘိုင်းတွေထဲမှာ ပုံသေ ပါလာပြီးသား လိပ်စာ ဖြစ်ပါတယ်။

Virtual IP Address

နောက်တစ်မျိုးကတော့ Virtual Address ပါ။ ထိတွေ့၍ မရသော လိပ်စာလို့ ဘာသာမပြန်ရပါဘူး။ အင်တာနက်ကွန်ရက်တွေမှာ ပို့လွတ်တဲ့အခါ ကွန်ပြူတာ ကြီးက လိုက်ရွေ့ သွားခြင်း မဟုတ်ပဲ အချက်အလက်ကပဲ သွားတာပါ။ ယင်းအချက်အလက်က ဘယ်ကနေလာတယ် ဆိုတာကို Virtual Address နဲ့ ခွဲခြားရပါတယ်။ သူ့ကို ထပ်ခွဲမယ်ဆိုရင် Public IP Address နဲ့ Private IP Address ဆိုပြီး နှစ်မျိုး ထပ်ကွဲနေပြန်ပါသေးတယ်။

Public IP Address

Public IP Address ဆိုတာ ပြည်သူ့ IP Address မဟုတ်ပါဘူး။ အင်တာနက် ကွန်ရက်များ အများသူငှာ Public တစ်ခုလုံးက ဘယ်လိပ်စာ ဘာကိုပြောတယ်ဆိုတာ သိအောင် မှတ်သားထားတဲ့ လိပ်စာ ဖြစ်ပါတယ်။ ဥပမာ 203.81.160.0 ကနေ 203.81.175.255 ဆိုတာ မြန်မာပြည်က တရားဝင် ဝယ်ထားတဲ့ IP Address ပါ။ အခြား IP Range လည်း ရှိပါသေးတယ်။

ကားစကားငှားသုံးရရင် ကားနံပါတ် အသေဝယ်ထားတဲ့ သဘော ဖြစ်ပါတယ်။ နိုင်ငံတကာ အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်တဲ့အခါ ယင်းနံပါတ်အသေနဲ့ သာ သွားလာရခြင်း ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုတို့ ဘာတို့လုပ်တဲ့အခါ ယင်း IP Address ကို Ban ရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ PayPal တို့ဘာတို့ ဖွင့်မရသေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည် အနေနဲ့လည်း ဘယ်ဆိုဒ်တို့ ဘယ်ဆိုဒ်တို့ကို ကြည့်ခွင့်မရှိဆိုပြီး Proxy server မှာ ပိတ်တဲ့အခါ ပိတ်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာ /IP Address ကိုထည့်ထားရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်တုန်းက Youtube ဆိုတာ ကြည့်လို့မရခဲ့ပါဘူး။

URL Address Bar မှာ 31.13.82.1 ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပါ။ Facebook ကျလာပါလိမ့်မယ်။

Private IP Address

ပုဂ္ဂလိ IP Address လို့ ဘာသာမပြန်ရပါဘူး။ ကျနော် ကတော့ မိမိ အဆင်ပြေသလို ပေးလို့ ရတဲ့ IP Address လို့ပဲ မှတ်ထား မိပါတယ်။ သို့ပေမယ့် အဲ့တစ်ခုတည်းနဲ့ဆိုရင်မှားသွားပါလမ့်မယ်။ ကြိုက်ရာပေးတာ တောင်မှ Class A, Class B, Class C ဆိုပြီး ထပ်ကွဲ ပါသေးတယ်။ Public လို့ခေါ်တဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက်တွေ ပေါ်ကို မသွားပါဘူး။ ကုမ္မဏီတွင်း၊ မြို့ နယ်တွင်း မိမိတို့ Locak စက်တွေမှာ သွားလာတဲ့ IP Address ဖြစ်ပြီး အင်တာနက် သုံးချင်၊ အပြင်ထွက်ချင်တဲ့အခါမှ Public IP Address သို့ ပြောင်းလဲ ပေးပါတယ်။

အနီးစပ်ဆုံး ဥပမာ ပေးရရင် - လိုင်စင်မဲ့ကားတွေ မြို့ထဲသွားတော့မယ်ဆိုမှ လူမြင်လို့ကောင်းမယ့် နံပါတ်တစ်ခုပြောင်းတပ်လိုက်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ Local မှာကျ ဒီကားက ဘယ်သူ့ကားဆိုတာ သိနေပါတယ်။ ဒီသဘောပါပဲ။ Private IP Address က သူ့ Local မှာ အလုပ်လုပ်တဲ့အခါ Local IP Address နဲ့ပဲ အလုပ်လုပ်ပြီး အင်တာနက် ကွန်ရက်ပေါ် ပြေးလွှားပြီဆိုမှ Public IP Address သို့ ပြောင်း လဲ ပေးရပါတယ်။ ဒါကို ကြားမှာ ပြောင်းလဲပေးတဲ့ စနစ်ကိုလည်း Service Provider များက အများစု ဝန်ဆောင်မှု ပေးပါတယ်။

ဥပမာ ကျနော်တို့ ရုံးတွင်းက ကွန်ပြူတာတွေ အင်တာနက်မသုံးဘူး။ မချိတ်ဘူး။ ကွန်ပြူတာအချင်းချင်းပဲ အချက်အလက်တွေပို့မယ်ဆိုရင် Private IP Address နဲ့ တင်လုံလောက်ပါတယ်။ သို့ပေမယ့် ယင်းသို့ ပို့နေရင်း၊ လုပ်နေရင်းက အင်တာနက်လေးသုံးမယ်။ အခြားနိုင်ငံက ရုံးခွဲကို အီးမေးလ်ပို့မယ်ဆိုရင်တော့ အင်တာနက် ဆိုတာကြီး လိုအပ် လာပြီ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ Public IP Address ကိုလည်း အသုံးပြုရပြီ ဖြစ်ပါတယ်။

IP Address အသုံးဝင်ပုံ

စာပို့တဲ့သူတင်မကပါဘူး။ စာတိုက်ပုံးမှာလည်း နံပါတ်ပါရှိပါတယ်။ စာတိုက်ရုံးမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူ အမည်လည်း ရှိပါတယ်။

ထိုနည်းတူစွာပါပဲ IP Address ဆိုတာ Facebook မှာလည်းရှိရပါတယ်။ Google မှာလည်းရှိပါတယ်။ အီးမေးလ်ပို့မယ့်သူမှာလည်း ရှိရပါမယ်။ အီးမေးလ်ပို့ပေးမယ့် Service Provider မှာလည်း ရှိရ ပါတယ်။ Email လက်ခံမယ့်သူဆီမှာလည်း ရှိရပါတယ်။ ပို့တဲ့သူနဲ့ လက်ခံတဲ့သူကို ခွဲခြားမှုကျ Service Provider က သတ်မှတ်ပေးတဲ့ လိပ်စာနဲ့ ကွန်ပြူတာတို့ရဲ့  Physical Address (Mac Address) က အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။

အလွယ်ကူဆုံးဖြစ်အောင် ကြိုးစား ရှင်းပြမိတာလေးပါ။ ဒီထက်ပိုတဲ့ ရှင်းလင်းမှုကို What is IP Address လို့ Google search မှာ ရှာကြည့် ဖတ်ရှု နိုင်ပါတယ်။ ဝီကီမှာလည်း ဖတ်ရှု နိုင်ပါတယ်။

Private IP address range

Class A - 10.0.0.0 to 10.255.255.255
Class B - 172.16.0.0 - 172.31.255.255
Class C - 92.168.0.0 - 192.168.255.255

8 bit ပါရှိသော 1 byte မှ စုစုပေါင်း 4 byte ဖွဲ့စည်းမှု ကို IPv4 Address လို့ ခေါ်ပါတယ်။ ကားနံပါတ်လိုပါပဲ။ နံပါတ်တွေ မလောက်တော့တဲ့အခါ IPv6 Address ဆိုပြီး ပေါ်လာမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဖွဲ့စည်းမှုက 128 bits တောင် ရှိလာမှာ ဖြစ်ပါတယ်။ ယခုလို လိပ်စာများပြား မှုကြောင့် နောင်ပိုင်း အိုင်တီပစ္စည်းတွေတိုင်းမှာ ကိုယ်ပိုင် IP လိပ်စာများ ရှိလာမယ်လို့ ကြားသိရပါတယ်။

ယင်းအမည်တွေကို အဆင်ပြေသလိုပေးလို့ မရပါဘူး။ ပေးပုံ ပေးနည်း သင်္ချာနဲ့ တိတိကျကျ တွက်ချက်ပြီး ပေးရတာ ဖြစ်ပါတယ်။

Mac Address

Machine Address ကတော့ 48 bits ပါ။ ဒါက ကွန်ပြူတာထုတ်လုပ်သူတို့က ၎င်းတို့ ပစ္စည်းအပေါ် ချပေးတဲ့ လိပ်စာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယင်းလိပ်စာတွေကို ပြောင်းလဲလို့ မရပါဘူး။ Physical Address ဖြစ်လို့ ဖြစ်ပါတယ်။

ဥပမာ - 01-23-45-67-89-ab

IP Address အကြောင်းအခြေခံအားဖြင့် အကြမ်းဖျဉ်း သိရှိပြီလို့ မျှော်လင့် ပါတယ်။
.
အောင်ခမ်း ( AMDC )

.

IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ်။

ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချိန် ကွန်ပြူတာတွေ မပေါ်မှီ၊ အင်တာနက် မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ်။

ယခုလည်း ယင်းသဘောတရားပါပဲ။ ဘယ်ကွန်ပြူတာက ဘယ်ကွန်ပြူတာကို ပို့ပါတယ်။ ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ်။

စိတ်ဖြင့် စမတ်ဖုန်းကို ခိုင်းစေမည့် Headphone

Photo: စိတ်ဖြင့် စမတ်ဖုန်းကို ခိုင်းစေမည့် Headphone 

Defense Advanced Research Projects Agency (Darpa) အဖွဲ့အစည်းမှ ဖန်တီးလိုက်တဲ့ Headphone ဖြစ်ပါတယ်။

မပြီးပြည့်စုံသေးပါဘူး။ Under development ပါ။ စိတ်က ခံစားချက်များကို Headphone ကလိုက်မှတ်ပီး ဖုန်းထဲကို Bluetooth နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီမှာ ကြားခံဆက်သွယ်ပေးမယ့် App တစ်ခုသာ Install လုပ်ရမှာ ဖြစ် ပါတယ်။ ဦးနှောက်ကနေ ကိုယ်ပို့ချင်တဲ့ စာကို စဉ်းစား ရေးလိုက်ရုံနဲ့ ဖုန်း Message ထဲမှာ အလိုအလျောက် ရေးသားပြီး ပို့ချင်တဲ့သူကို choice လုပ် ပို့နိုင်မှာ ဖြစ်ပါတယ်။Headphone မှာတပ်ဆင်မယ့် ပစ္စည်းက Brain Recording Device ဖြစ်တဲ့ EEG Reading ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ အကုန်ကျ သက်သာတဲ့ ပစ္စည်း ဖြစ်ခြင်းပါ။ လက်ရှိ Emotive gaming မှာ ပါဝင် အသုံးပြုတဲ့ ပစ္စည်း ဖြစ်ပြီး ဈေးအသက်သာ ဆုံး ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ 

Headphone တစ်ခုလုံးရဲ့  ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ၃၀ ထဲပါ။ ကားစီးနေရင်း၊ မောင်းနေရင်း၊ ခရီးသွားနေရင်း၊ ရထားစီးနေရင်း အချိန်တွေ စာပို့ဖို့မအားတဲ့အခါ ပြီးတော့ ဖုန်းကနေ ဂိမ်းဆော့နေရင် စာဝင်လာတာတွေ ကို ပြန်ဖြေကြားဖို့အတွက်နဲ့ အခြားသော Feature အတော်များများကို အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ Darpa ဟာ ယင်းပစ္စည်းကို နှစ် အနည်းငယ် အတွင်း အပြီးသတ် ထုတ်လုပ်ဖန်တီးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/headphone.html

.

Defense Advanced Research Projects Agency (Darpa) အဖွဲ့အစည်းမှ ဖန်တီးလိုက်တဲ့ Headphone ဖြစ်ပါတယ်။

မပြီးပြည့်စုံသေးပါဘူး။ Under development ပါ။ စိတ်က ခံစားချက်များကို Headphone ကလိုက်မှတ်ပီး ဖုန်းထဲကို Bluetooth နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။ ဒီမှာ ကြားခံဆက်သွယ်ပေးမယ့် App တစ်ခုသာ Install လုပ်ရမှာ ဖြစ် ပါတယ်။ ဦးနှောက်ကနေ ကိုယ်ပို့ချင်တဲ့ စာကို စဉ်းစား ရေးလိုက်ရုံနဲ့ ဖုန်း Message ထဲမှာ အလိုအလျောက် ရေးသားပြီး ပို့ချင်တဲ့သူကို choice လုပ် ပို့နိုင်မှာ ဖြစ်ပါတယ်။Headphone မှာတပ်ဆင်မယ့် ပစ္စည်းက Brain Recording Device ဖြစ်တဲ့ EEG Reading ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ အကုန်ကျ သက်သာတဲ့ ပစ္စည်း ဖြစ်ခြင်းပါ။ လက်ရှိ Emotive gaming မှာ ပါဝင် အသုံးပြုတဲ့ ပစ္စည်း ဖြစ်ပြီး ဈေးအသက်သာ ဆုံး ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိ


ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ သံသယရှိသူများအား စစ်ဆေးချက်များအရ လင်းသီကျေးရွာမှ နှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ လေးဦး၊ သပြုခြံကျေးရွာမှ ငါးဦးအသတ် ခံရမှုနှင့် ပတ်သက်ပြီး ဖြောင့်ချက်ပေးသူ နှစ်ဦးနှင့် မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး စုစုပေါင်း ၃၄ ဦးတို့အား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသူများကို စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ

Photo: စစ်ကိုင်းတွင်လည်း ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိ

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟု မသကာင်္ဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၃၀ အချိန်နှင့် ၅ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်တို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီမိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ် အိုးတန်း (၄)လမ်းကြားရှိ ရွှေပြည့်စုံ ဟိုတယ်၏ ၄ ထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လာပြီးစစ်ဆေး ပြီးသွားပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မသကာင်္စရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ်နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ ၄ လုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေက အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ၀န်းကျင်က The Daily Eleven သို့ ပြောကြားသည်။
ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး ၂ နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ် ၀န်းကျင်တွင်လည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏၀င်ပေါက် ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေအနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်ရှိ လူများမှာမူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဗုံးလာထောင်တဲ့သူဆိုပြီး မသကာင်္စရာလူတော့ သတိမထားမိဘူးဗျ။ မနက် အစောပိုင်းကြီး ပေါက်သွားတာဆိုတော့ ညပိုင်းလောက်က လာထောင်သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိ မှာပါဘဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာ ဆိုတော့လေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။

(စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ် စတုတ္ထထပ် စားသောက်ခန်းအတွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်)
(စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ် စတုတ္ထထပ် စားသောက်ခန်းအတွင်း ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်)

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟု မသကာင်္ဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားနေပြီးနောက် အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်း ၃ နာရီ မိနစ် ၃၀ အချိန်နှင့် ၅ နာရီ ၄၅ မိနစ် အချိန်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်တို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၃ နာရီမိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ် အိုးတန်း (၄)လမ်းကြားရှိ ရွှေပြည့်စုံ ဟိုတယ်၏ ၄ ထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းက လာပြီးစစ်ဆေး ပြီးသွားပြီ။ ဗုံးနဲ့ ပတ်သက်ပြီး မသကာင်္စရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ်နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ ၄ လုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆွေက အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီ ၀န်းကျင်က The Daily Eleven သို့ ပြောကြားသည်။

မွန်ပြည်နယ်အတွင်း ကားမှအရှိန်ဖြင့်ထန်းပင်တိုက် တစ်ဦးသေဆုံး၍ ယာဉ်ပေါက်ကွဲလုနီးပါးဖြစ်



မော်လမြိုင်မြို့မှ ကျိုက်မရောမြို့သို့သွားသောလမ်းတွင် ကားတစ်စီးအရှိန်မထိမ်းနိုင်ပဲ လမ်းဘေးရှိ ထန်းပင်ကို ၀င်တိုက် သောကြောင့် ကားပေါ်တွင်ပါလာသူတစ်ဦးပွဲချင်းပြီး သေခဲ့ပြီး၊ ယာဉ်မောင်း၏ အောက်ပိုင်း မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
 အောက်တိုဘာ(၁၅)ရက်နံနက် ၉ နာရီအချိန်တွင် မော်လမြိုင်မြို့မှ ကျိုက်မရောမြို့သို့ မောင်းနှင်လာသော Mark X အမျိုးအစား ၅က/၁၇၇၄ ကားသည် မော်လမြိုင်မြို့ ဟင်္သာ အ၀ိုင်းပတ်မှ ပတ်ပြီး ကုန်းဆင်းကိုမောင်းနှင်ရာတွင်  ကားမောင်းနှင်လာ သောယာဉ်မောင်း ၏အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ ထန်းပင်ကို ၀င်တိုက်မိခြင်းဖြစ်သည်။

ထိုသို့တိုက်မိခြင်းကြောင့် ယာဉ်မောင်းဘေးတွင်လိုက်ပါလာသော ကိုဇော်ဝင်းဆက်(၁၆)နှစ်မှာ ကားတိုက်မှု အရှိန်ပြင်းထန် သောကြောင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး မောင်နှင်လာသောကို ကျော်နိုင်လင်း(၁၆)နှစ်မှာ ထန်းပင်နှင့် ကားအင်ဂျင်ကြားထဲတွင် ညပ်မိနေသဖြင့် နာရီဝက်ကျော်ကြာ ကားတံခါများကို ရိုက်ချိုးဖျက်စီး ခဲ့ရပြီးမှ လူကိုဆွဲထုတ်ခဲ့ရကြောင်း သိရသည်။

ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ဟု အမှုဖွင့်တိုင်တန်း


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၇ မိနစ်

တောင်ဒဂုံမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်အား လိမ်လည်သည်ဟုဆိုကာ အမှုဖွင့် တိုင်တန်းမှု တစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲ တပ်ဖွဲ့မှူးရုံးက ဆိုသည်။

အဆိုပါ အမှုကို လိမ်လည်ခံရသည့် (၆၄) ရပ်ကွက်နေသူ၊ “စိန်ပန်းပြာ” သံထည်ရောင်းဝယ်ရေး ပိုင်ရှင်က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

သူမ ပိုင်ဆိုင်သော သံထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ ရောင်းချသော သံထည်များအား မမိုးမိုး (စိစစ်ဆဲ) ဟု လတ်တလော ယူဆထားသူက ရောင်းချပေးမည်ဖြစ်ကြောင်း ပြောဆိုပြီး သြဂုတ်လ ၃၀ ရက်မှ စက်တင်ဘာ ၂၇ ရက်အတွင်း သံထည်ပစ္စည်းများကို ယူဆောင်သွားသည်ဟုလည်း တရားလိုက ရဲကို တိုင်တန်းထားသည်။

စက်ဆရာတစ်ဦး သင်္ဘောလွန်းကျင်းအတွင်း ပြုတ်ကျသေဆုံးမှု သွေးရိုးသားရိုးဟုတ်မဟုတ် စစ်ဆေးနေ


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၃ မိနစ်

ဆိပ်ကြီး၊ ခနောင်တိုမြို့နယ်တွင် စက်လှေစက်ပြင်ဆရာတစ်ဦး သင်္ဘောလွန်းကျင်းအတွင်း ပြုတ်ကျသည်ဆိုပြီး ဒဏ်ရာများဖြင့် သေဆုံးနေမှုအား သွေးရိုးသားရိုး ဟုတ်မဟုတ် မြို့နယ်ရဲစခန်းက အောက်တိုဘာ ၁၃ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

သေဆုံးသူမှာ ငါးဖမ်းစက်လှေတွင် လက်ထောက်စက်ပြင်ဆရာအဖြစ် အလုပ်လုပ်နေသည့် ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ အလတ်ချောင်းကျေးရွာနေ ကိုထွေးလွင် (၃၂)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသင်္ဘောသည် ၀င်းဆွေဝါ လွန်းကျင်းတွင် လွန်းတင်ပြုပြင်နေပြီး အောက်တိုဘာည ၁၁ နာရီခွဲတွင် အရက်နေမူးသည့် ကိုထွေးလွင်က အပေါ့ထသွားစဉ် စက်လှေပေါ်မှ ခြေချော်ပြီး လွန်းကျင်းထဲ ပြုတ်ကျခဲ့သည်ဟု ရဲက ကနဦး စစ်ဆေးချက်များအရ သိရှိထားသည်။

ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်


ကိုတိုးကြီး (ချင်းတွင်း) | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၅ မိနစ်

ဦးလေးဖြစ်သူက တူမဖြစ်သူကို မန္တလေးမြို့သို့ ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်ယူခဲ့ပြီး သားမယားအဖြစ် ခိုးယူပေါင်းသင်း
နေထိုင်ခဲ့သည့်အတွက် အရေးယူဆောင်ရွက်ပေးပါရန် အောက်တိုဘာ ၁၃ ရက်က ဘုတလင်မြို့မရဲစခန်းသို့ မိန်းကလေး မိဘများက လာရောက်
တိုင်တန်းလိုက်သည်။

ဘုတလင်မြို့နယ်၊ မြို့ပေါ်ကျေးရွာနေ အသက် ၁၇ နှစ်အရွယ်ရှိ မိန်းကလေးသည် ဇန်န၀ါရီလခန့်က ဇီးတောကျေးရွာသို့ သခွားမွှေးစိုက်ခင်း၌ အလုပ်လုပ်ကိုင်ရန်သွားရောက်ခဲ့သော်လည်း နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသည့် အတွက် မိဘများက ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား တိုင်တန်းထားခဲ့ကြသည်။

ရန်ကုန်တွင် ဗုံးဖောက်သည်ဟု သံသယရှိသူကို ဘီးလင်းရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းရဲမှူးနှင့်အဖွဲ့ကို လွှဲလိုက်ပြီ..(ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒု-ရဲအုပ် ပန်းဦးနှင့် အင်တာဗျူး)


မင်းမင်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာလ ၁၄ရက် ည၁၁ နာရီကျော်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ ဖာပွန်မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သော အသက် ၂၆နှစ်အရွယ် စောမြင့်လွင်အား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ရက် နံနက်က ဖမ်းဆီးခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ် ပန်းဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ဒီနေ့မနက်မှာ ရန်ကုန်မှာ ဗုံးဖောက်တယ်လို့ သံသယရှိသူကို ဖမ်းမိခဲ့တဲ့လို့ သိရပါတယ်။ ဖမ်းမိခဲ့တဲ့အခြေအနေကို သိပါရစေ။

ခေါင်းဆောင်သုံးဦး အလုပ်ထုတ်ခံရ၍ Famous အထည်ချုပ်လုပ်သား ၇၀၀ ကျော် ဆန္ဒပြ

မင်္ဂလာဒုံ မြို့နယ်ရှိ အထည်ချုပ် စက်ရုံတစ်ခု
ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ Famous အထည်ချုပ် စက်ရုံတွင် အလုပ်သမား အခြေခံ အဖွဲ့အစည်း ခေါင်းဆောင်သုံးဦးကို စက်ရုံက အကြောင်းပြချက်မပေးဘဲ အလုပ်မှ ထုတ်ပယ်သည် ဟုဆိုကာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် လုပ်သား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရသည်။

ခေါင်းဆောင်သုံးဦးကို အလုပ်ပြန်ခန့်ရေးအတွက် နံနက် ၆ နာရီမှ စတင်ကာ ဆန္ဒပြခြင်း ဖြစ်ပြီး ညနေ ၄ နာရီ နီးပါးအထိ ဆန္ဒပြခဲ့သော်လည်း အလုပ်ရှင်က လိုက်လျောပေးမှု မရှိခဲ့ကြောင်း၊ တောင်းဆိုချက်များ မရမချင်း နောက်ရက်များတွင် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း အလုပ်သမား တစ်ဦးက ပြောကြားသည်။

လုပ်သားခေါင်းဆောင် တစ်ဦးလျှင် လျော်ကြေး ကျပ်ငါးသိန်းတစ်သောင်း ပေးကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်သား အဖွဲ့အစည်းတွင် ခေါင်းဆောင်ခုနစ်ဦး ရှိသည့်အနက် သုံးဦးကိုရွေးပြီး အလုပ်ထုတ်ခြင်း ဖြစ်ကြောင်း အလုပ်ထုတ်ခံ လုပ်သားတစ်ဦးဖြစ်သော အဆိုပါ လုပ်သား အဖွဲ့အစည်း အတွင်းရေးမှူး ဒေါ်ဟေမာန်ချစ်က ဆိုသည်။
အလုပ်ထုတ်ခံရသူ ခေါင်းဆောင်သုံးဦးမှာ ဥက္ကဋ္ဌ ဦးရဲလင်းစိုး၊ အတွင်းရေးမှူး ဒေါ်ဟေမာန်ချစ်နှင့် ဘဏ္ဍာရေးမှူး ဒေါ်အေးသီတာခိုင်တို့ ဖြစ်သည်။

ချင်းတွင်းတံတားအနီး ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်


မုံရွာ၊ အောက်တိုဘာ ၁၄

မုံရွာမြို့မှ ဟုမ္မလင်းမြို့နယ် နမ့်တောသို့ ထွက်ခွာလာသော သစ်သားခွံ သန်းကြွယ်မိုး ကုန်တင်ရေယာဉ်သည် အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်က ချင်တွင်းတံတား (မုံရွာ) အနီးတွင် မြစ်ရေ အတွင်း မြုပ်၍ မျောပါလာသည့်တုံးကို တိုက်မိပြီး ရေဝင်ကာ နစ်မြုပ်သွားခဲ့ကြောင်း ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။
“ကျွန်တော်တို့ သိရတာကတော့ ညပိုင်း ၉ နာရီ ဝန်းကျင်မှသိရတာ။ တံတားအောက်မှာ မြုပ်ပြီး မျောပါလာတဲ့တုံးနဲ့ တိုက်မိပြီး ရေယာဉ်ရဲ့ဝဲဘက်အောက်မှာ ထိခိုက်မိတာပါ။ ရေဝင်ပြီး မော်တော်က ရေစီးနဲ့အတူ မျောပါလာပြီးတော့ ယင်းမာပင်ခရိုင် စုန်းကျင်းကျေးရွာ အောက်ဘက်မှာ သုံးပုံ နှစ်ပုံလောက် နစ်သွားတယ်” ဟု သွားရောက် စစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှု ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လင်းလင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အောက်တိုဘာ ၂၆ တွင် ပြုလုပ်မည်

Photo: လင်းလင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အောက်တိုဘာ ၂၆ တွင် ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၄

သံမဏိလိပ်ပြာ စီးရီးနဲ့ ပရိသတ်များရဲ့ လက်ခံအားပေးမှုကို ပိုမိုရရှိလာတဲ့ တေးသံရှင် လင်းလင်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ပြုလုပ်သွားမယ်လို့ The Voice ကို ပြောပါတယ်။
“ဒီပွဲမှာ တီးဝိုင်းကတော့ ကျွန်တော့်ရဲ့ သံမဏိလိပ်ပြာ စီးရီးမှာ တီးပေးထားတဲ့ Dream Lovers တီးဝိုင်းက တီးပေးမယ်။ ဆိုတာကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမယ်။ သီချင်းပုဒ်ရေ ၂၅ ပုဒ်ကျော်လောက်ဆိုဖို့ စဉ်းစားထားတယ်။ ပရိသတ်တွေအတွက် ထူးခြားတဲ့ အစီအစဉ်တွေလည်း ပါပါမယ်။ ဒီပွဲကို လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်အောင် သေချာပြင်ဆင် ထားပါတယ်” လို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လင်းလင်းက ပြောပါတယ်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာပြီးရင် မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရတာကြောင့် ရွှေ့ဆိုင်းထားပြီး ခွင့်ပြုမိန့်ရရချင်း ပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ လင်းလင်းက ဆိုပါတယ်။

ရန်ကုန်မှာ ပြုလုပ်မယ့်  လင်းလင်းတစ်ကိုယ်တော် ဖျော်ဖြေပွဲကို မည်သည့် ရုပ်သံလိုင်းကမှ ပြသသွားမှာ မဟုတ်ဘဲ ပွဲပြီးတဲ့အခါမှသာ ရိုက်ကူးထားသမျှကို ဗီစီဒီအဖြစ် ဖြန့်ချိသွားမှာ ဖြစ်ကြောင်း၊ ဗီစီဒီ ရောင်းချပြီး ရလာတဲ့ အကျိုးအမြတ်တွေ အားလုံးကိုတော့ လူကုန်ကူး ခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာတဲ့ သူတွေရဲ့ လူနေမှုဘဝ အခြေအနေတွေ ပြန်လည် ထူထောင်နိုင်ဖို့၊ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အမှုကိစ္စတွေမှာ ကူညီထောက်ပံ့နိုင်ဖို့နဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ရာကနေ HIV ပိုး ကူးစက်ခံရပြီး ပြန်လာတဲ့ အမျိုးသမီးတွေရဲ့ဘဝကို ထိန်းသိမ်း စောင့်ရှောက် နိုင်ဖို့အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း၊ လက်မှတ်ဈေးနှုန်းကိုတော့ ကျပ် ၆၀၀၀ သတ်မှတ်ထားကာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ စတင်ပြီး မန်းသီရိ တေးသံသွင်း၊ ဘိုဘိုတေးထုတ်လုပ်ရေး၊ Nobody ဆိုင်များနဲ့ City Mart ဆိုင်ခွဲများ အားလုံးမှာ ဝယ်ယူ ရရှိနိုင်ကြောင်း လင်းလင်းက ထပ်လောင်း ပြောကြားပါတယ်။

ရန်ကုန်၊ အောက်တိုဘာ ၁၄

သံမဏိလိပ်ပြာ စီးရီးနဲ့ ပရိသတ်များရဲ့ လက်ခံအားပေးမှုကို ပိုမိုရရှိလာတဲ့ တေးသံရှင် လင်းလင်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ပြုလုပ်သွားမယ်လို့ The Voice ကို ပြောပါတယ်။
“ဒီပွဲမှာ တီးဝိုင်းကတော့ ကျွန်တော့်ရဲ့ သံမဏိလိပ်ပြာ စီးရီးမှာ တီးပေးထားတဲ့ Dream Lovers တီးဝိုင်းက တီးပေးမယ်။ ဆိုတာကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမယ်။ သီချင်းပုဒ်ရေ ၂၅ ပုဒ်ကျော်လောက်ဆိုဖို့ စဉ်းစားထားတယ်။ ပရိသတ်တွေအတွက် ထူးခြားတဲ့ အစီအစဉ်တွေလည်း ပါပါမယ်။ ဒီပွဲကို လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်အောင် သေချာပြင်ဆင် ထားပါတယ်” လို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လင်းလင်းက ပြောပါတယ်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာပြီးရင် မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရတာကြောင့် ရွှေ့ဆိုင်းထားပြီး ခွင့်ပြုမိန့်ရရချင်း ပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ လင်းလင်းက ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဆင်းမ်ကတ် ၁၀ ကျော် ရောင်းစားဟုဆိုကာ တိုင်ကြား


ဒိုက်ဦး၊ အောက်တိုဘာ ၁၃

ဒိုက်ဦးမြို့နယ် သရက်တောကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာတွင် အများပြည်သူ သုံးစွဲနိုင်ရန် ရောင်းချခွင့် ပြုထားသော တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်ရေ ၁၀ ကတ် ကျော်ကို ကိုယ်ကျိုးသုံး ရောင်းစားသည်ဟုဆိုကာ ကျေးရွာနေထိုင်သူ အချို့က အောက်တိုဘာလ ၉ ရက်နေ့က တိုင်ကြားထားကြောင်း အဆိုပါကျေးရွာ နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

သရက်တော ကျေးရွာအုပ်စုရှိ အုတ်ဝင်းရွာ၊ သရက်တောရွာ၊ ငှက်သိုက်ပေါက်ကျေးရွာ နေထိုင်သူများအတွက် တန်ဖိုးနည်း ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်များကို ဇွန်လတွင် ၃၅ ကတ်၊ ဇူလိုင်လတွင် ကတ် ၂၀၊ သြဂုတ်လတွင် ကတ် ၂၀ အပါအဝင် ဆင်းမ်ကတ်ပေါင်း ၇၅ ကတ်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ချထားပေးခဲ့ရာ ယင်းဝေစုထဲမှ ဆင်းမ်ကတ်ပေါင်း ၆၁ ကတ်ကိုသာ မဲစနစ်ဖြင့် ရောင်းချပေးပြီး ကျန်ဖုန်းဆင်းမ်ကတ် ၁၄ ခုကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ကျိုး သုံးသောကြောင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း တိုင်ကြားသူများထဲတွင် ပါဝင်သည့် သရက်တောကျေးရွာ နေထိုင်သူ ဦးမြင့်သိန်းက ပြောကြားသည်။

မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည်

Photo: မန္တလေးလမ်းမကြီးပေါ်ရှိ ကျူးကျော် ဆိုင်ခန်းများကို ထပ်မံအရေးယူမည်

မန္တလေး၊ အောက်တိုဘာ ၁၄

မန္တလေးမြို့တော်ရှိ ကျူးကျော် ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ခန့်က ရှင်းလင်း အရေးယူ ဒဏ်ရိုက်ခဲ့သော်လည်း ဆက်လက်၍ ဆိုင်ခန်းများ ကျူးကျော် ဖွင့်လှစ်နေသဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒုတိယအကြိမ် ထပ်မံအရေးယူ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းကဲ့သို့ ပြန်လည် ကျူးကျော်သည့် ဆိုင်ခန်းများတွင် လက်ဖက်ရည်ဆိုင်၊ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၊ အဝတ်အထည် အရောင်းဆိုင်များ ပါဝင်ပြီး ကျူးကျော်မှု အများဆုံးမှာ မန္တလေးတက္ကသိုလ် သွားရာ အဓိက လမ်းမကြီး ဖြစ်သည့် ၇၃ လမ်း၊ ၃၅ လမ်းမှလမ်း ၄၀ အတွင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျူးကျော်ဆိုင်ခန်းတွေ မရှင်းလင်းခင် ကတည်းက အဲဒီဆိုင်တွေကို အကြောင်းကြားစာတွေ ပို့ပြီးပြီ။ လိုက်နာမှုမရှိတဲ့ ဆိုင်တွေကို ဒဏ်ကြေးရိုက်ပြီး အရေးယူခဲ့တယ်။ ဒါပေမဲ့ ဒဏ်ကြေးပေးပြီးတော့ နောက်နေ့ ပြန်ဖွင့်တယ်။ မန္တလေးတက္ကသိုလ် နားကဆိုင်ခန်းတွေ အများဆုံးပဲ” ဟု ၎င်းက ဆိုသည်။

စည်းကမ်းမလိုက်နာသည့် ဆိုင်များကို တတိယအကြိမ်အထိ ဒဏ်ငွေရိုက် အရေးယူမည် ဖြစ်ပြီး ဆက်လက်ကျူးကျော် နေပါက တရားစွဲဆိုမည်ဖြစ်ကာ စည်ပင်ဥပဒေအရ ထောင်ဒဏ်သုံးလမှ တစ်နှစ်ထိ ချမှတ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

မန္တလေးမြို့တွင်းတွင် ၇၃ လမ်း၊ ၃၅ လမ်းမှ မန္တလေး တက္ကသိုလ်အထိ နေရာသည်  ယာဉ်ကြော ရှုပ်ထွေးမှုများသည့်အပြင် လူစည်ကားရာ နေရာလည်း ဖြစ်သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်စေသည့် ဆိုင်ကယ်၊ ကားရပ်နားမှုများသည့် လက်ဖက်ရည်ဆိုင်များကို ပတ်ဝန်းကျင်မှ တိုင်ကြားမှု အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။
“ဆိုင်က ဝန်ထမ်းလေးတွေကိုတော့ ဆိုင်ကယ်တွေ စနစ်တကျစီဖို့ တာဝန်ပေးထားတယ်။ ဒါပေမဲ့ ညပိုင်းလို အချိန်မျိုးဆိုရင် ဆိုင်က လူပိုကျတော့ ဆိုင်ကယ်တွေ လမ်းပေါ်ရောက်ကုန် သွားတာမျိုးတော့ ရှိတယ်။ တမင်တကာကြီး ကျူးကျော်တာမျိုးတော့ မဟုတ်ပါဘူး။ စည်ပင်က စည်းကမ်းချက်တွေကိုလည်း သိပါတယ်” ဟု ပတ်ဝန်းကျင်၏ တိုင်ကြား ခံရမှုကြောင့် ဒဏ်ငွေရိုက် အရေးယူခံရသည့် အဆိုပါ လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ မန္တလေးမြို့တော်တွင် လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဧပြီလမှ စက်တင်ဘာလကုန်အထိ နှစ်ဝက်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများနှင့် ကျူးကျော်ဆိုင်ခန်းများ ရှင်းလင်း အရေးယူရာမှ ရရှိသည့် ဒဏ်ကြေးငွေ စုစုပေါင်း ကျပ် ၁၂၆ သိန်း ဖြစ်ပြီး အဆိုပါ ဒဏ်ကြေးများမှာ ပြီးခဲ့သည့် ဘတ်ဂျက်နှစ် နှစ်ဝက်ခန့်က ဒဏ်ကြေးငွေများထက် နှစ်ဆခန့် ပိုများကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

မန္တလေး၊ အောက်တိုဘာ ၁၄

မန္တလေးမြို့တော်ရှိ ကျူးကျော် ဆိုင်ခန်းများကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ခန့်က ရှင်းလင်း အရေးယူ ဒဏ်ရိုက်ခဲ့သော်လည်း ဆက်လက်၍ ဆိုင်ခန်းများ ကျူးကျော် ဖွင့်လှစ်နေသဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒုတိယအကြိမ် ထပ်မံအရေးယူ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းကဲ့သို့ ပြန်လည် ကျူးကျော်သည့် ဆိုင်ခန်းများတွင် လက်ဖက်ရည်ဆိုင်၊ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များ၊ အဝတ်အထည် အရောင်းဆိုင်များ ပါဝင်ပြီး ကျူးကျော်မှု အများဆုံးမှာ မန္တလေးတက္ကသိုလ် သွားရာ အဓိက လမ်းမကြီး ဖြစ်သည့် ၇၃ လမ်း၊ ၃၅ လမ်းမှလမ်း ၄၀ အတွင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျူးကျော်ဆိုင်ခန်းတွေ မရှင်းလင်းခင် ကတည်းက အဲဒီဆိုင်တွေကို အကြောင်းကြားစာတွေ ပို့ပြီးပြီ။ လိုက်နာမှုမရှိတဲ့ ဆိုင်တွေကို ဒဏ်ကြေးရိုက်ပြီး အရေးယူခဲ့တယ်။ ဒါပေမဲ့ ဒဏ်ကြေးပေးပြီးတော့ နောက်နေ့ ပြန်ဖွင့်တယ်။ မန္တလေးတက္ကသိုလ် နားကဆိုင်ခန်းတွေ အများဆုံးပဲ” ဟု ၎င်းက ဆိုသည်။

မလေးရှား အစိုးရက မြန်မာနိုင်ငံသား များအား ပတ်စ်ပို့ စာအုပ်နှင့် ပါမစ်များ ထုတ်ပေးမည့်ရက် ရွှေ့ဆိုင်း

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားများကို တရားဝင် နေထိုင်ခွင့်ရရှိရေးအတွက် ပတ်စ်ပို့စာအုပ်နှင့် ပါမစ်များ အောက်တိုဘာ ၁ရက် ထုတ်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာထားပြီးမှ အောက်တိုဘာ ၂၁ ရက် သို့ ပြောင်းရွှေ့သွားကြောင်း သတင်းရရှိသည်။

““အရင်က ဒီလတစ်ရက်နေ့မှာ ထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။ ထုတ်မပေးသေးလို့ လူတွေက စောင့်နေကြတာ။ ခုတော့ ၂၁ ရက်မှာ ထုတ်ပေးမယ့်လို့ ပြန်ကြေညာပါတယ်””ဟု မလေးရှားနိုင်ငံ ဧရာဝတီ လူမှုကူညီရေးအသင်းမှ ဦးအောင်သန်းဦးကပြောသည်။

ယင်းပတ်စ်ပို့စာအုပ်နှင့် ပါမစ်များကို မလေးရှားအစိုးရက အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပေးသွားမည့်အကြောင်း မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် ဖော်ပြထားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ဆိုသည်။

လုံခြုံရေး စည်းတွေ ကျိုးပေါက်လို့ ဗုံးခွဲခံရတာ...( ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် နှင့်တွေ့ဆုံခြင်း)

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စတင်ပြီး ယနေ့အထိ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအ၀င် မြန်မာနိုင်ငံ၌ ယခင်က မဖြစ်ပေါ်ခဲ့ဘူးသည့် နေရာများစွာ ဆက်တိုက်ဆိုသကဲ့သို့ ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့မှု၊ ဗုံးလန့်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများ အနေဖြင့် ထိတ်လန့် စိုးရိမ်လျက် ရှိပါသည်။
ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို တာဝန်ယူထားသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ)၊ ပြည်ထဲရေး ၀န်ကြီး ဌာန ရဲသတင်း အထူးတပ်ဖွဲ့(SB) စသည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှုများလည်း ရှိလာသည်။
ထို့ကြောင့် ယခု ဗုံးပေါက်ကွဲမှုများ၊ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်ပြီး စစ်အစိုးရ လက်ထက်က ထောက်လှမ်းရေး တာဝန် ယူခဲ့ဖူးသည့် လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်နေသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင် က ဆက်သွယ် မေးမြန်းထားသည်။
ဦးအောင်လင်းထွဋ်သည် ၁၉၈၃ ခုနှစ်မှ စတင်ကာ ၂၀၀၄ ခုနှစ်အထိ စစ်ထောက်လှမ်းရေး အဖွဲ့တွင် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။
မေး။    ။ ထောက်လှမ်းရေးဟောင်းတဦး အနေနဲ့  ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေး ရှုထောင့်ကနေ ဘယ်လို မြင်ပါသလဲ။

မြန်မာစစ်အရာရှိများကို သင်တန်းပေးမည့်အပေါ် သတင်းလွတ်လပ်ခွင့် တောင်းဆိုမှု ပယ်ချ

မြန်မာ စစ်ဘက်အရာရှိတွေကို ဗြိတိသျှက စစ်သင်တန်းပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်အရ တောင်းဆိုတာကို ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ပယ်ချခဲ့ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူများ အဖွဲ့ (Burma Campaign UK) က ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုရာမှာ အခုလို ငြင်းပယ်ခံရတာပါ။

ကုန်သွယ်မှုဆိုင်ရာ လျှို့ဝှက်ချက် ဖြစ်တဲ့အတွက် ဖြေကြားပိုင်ခွင့်မရှိဘူးလို့ အကြောင်းပြန်ခဲ့တယ်လို့လည်း BCUK က ညွန်ကြားရေးမှူး မတ်ခ်ဖာမာက ဒီဗွီဘီကို အီးမေလ်းကနေတဆင့် အကြောင်း ပြန်ကြားခဲ့ပါတယ်။

ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှု တွင်ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူ ကို ဘန်ကောက်ရှိ ဆေးရုံသို့ ပို့ဆောင်


ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု မှ ဒဏ်ရာရသူ အမေရိကန် နိုင်ငံသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ဘန်ကောက်ရှိ ဆေးရုံသို့ ပို့လိုက်ပြီဟု ဟိုတယ် ခရီးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာတင်ရွှေ ကပြောသည်။

"အမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ ဗုံးအစအန ဒဏ်ရာရှိတယ် ။ဓာတ်မှန် မှာကြည့်ရတာတော့ ကျောက်ကပ်သွေးခြေဥတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဒီနေ့ပဲ သူ့ကို သွားကြည့်ခဲ့ပါတယ် ။ အမေရိကန် သံရုံးကလည်း လာတွေ့တယ် ။ ဒီနေ့ပဲ SOS အေဂျင်စီ ရဲ့ လူနာတင်ယာဉ် နဲ့ လေယာဉ်ပေါ်တင်ပြီး ထွက်သွားပါတယ်" ဟု ၄င်းကပြောသည်။

ကျွန်ုပ်တို့နှလုံးသားများထဲက နတ်ဆိုး

Photo: ကျွန်ုပ်တို့နှလုံးသားများထဲက နတ်ဆိုး
---------------
ရေးသားသူ- ရဲမိုး

လူတစ်ဦးက အခြားသူတစ်ဦးကို မညှာမတာရက်စက်စွာပြုမူရက်သည့် စိတ်ဆန္ဒကို ဘယ်လိုအခြေအနေတွေက ပျိုးထောင်ပေးပါသလဲ။

ကရုဏာတရားနှင့် ရက်စက်မှု၊ လူသားဆန်မှုနှင့် တောကြီးဥပဒေတို့အကြားက အကွာအဝေးကို တိုင်းတာကြည့်ကြရအောင်ပါ။

၁၉၇၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့ဒ်တက္ကသိုလ်မှာ စိတ်ပညာရှင် ပါမောက္ခဖီးလ်စ်ဇင်ဘာဒိုက လုပ်ပိုင်ခွင့်အာဏာနှင့် ထူးခြားသည့်အခြေအနေ တစ်စုံတစ်ရာက သာမန်လူတစ်ဦး၏စိတ်ကို ဘယ်လိုပြောင်းလဲစေနိုင်သည်ကို လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ နောင်အခါ သမိုင်းတွင်မည့် ထိုစမ်းသပ်မှုကို “စတန်းဖို့ဒ် အကျဉ်းထောင်စမ်းသပ်မှု”ဟု သူတို့အမည်ပေးခဲ့ကြသည်။ 

လက်တွေ့စမ်းသပ်မှုမှာ ပါဝင်မည့်သူများကို ပါမောက္ခဇင်ဘာဒိုနှင့်အဖွဲ့က သတင်းစာတွင် ကြော်ငြာထည့်ပြီး ဖိတ်ခေါ်ခဲ့ကြသည်။ ၁၄ ရက် ကြာမြင့်မည့် အကျဉ်းထောင်ပုံစံ လက်တွေ့စမ်းသပ်မှုမှာ ပါဝင်လိုသူ လူငယ်များကို စာရင်းပေးကြဖို့ ကြေညာသည်။

 အယောက် ၇၀ ကျော်ရှိသည့် လျှောက်ထားသူများကို စိတ်ရောဂါအခြေအနေ ရှိ၊ မရှိ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ၊ မရှိနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာမှုကို သေချာအောင် အင်တာဗျူးနှင့် အခြားစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ 

နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ကောလိပ်ကျောင်းသား ၂၄ ယောက်ကို ဒေါင်ဒေါင်မြည် ရွေးချယ်လိုက်သည်။ အားလုံးက ကျန်းမာပြီး ထက်မြက်သည့် လူလတ်တန်းစား လူငယ်အမျိုးသားများဖြစ်သည်။

ဒုတိယအဆင့်မှာတော့ ဒင်္ဂါးနှင့်ခေါင်းပန်းလှန်ပြီး ၁၂ ယောက်ကို အကျဉ်းသားများ၊ ကျန် ၁၂ ယောက်ကို အကျဉ်းထောင်လုံခြုံရေးအစောင့်များအဖြစ် နှစ်စုခွဲထုတ်လိုက်သည်။ စိတ်ဝင်စားစရာကောင်းသည်က ပါမောက္ခဇင်ဘာဒို၏ ပြင်ဆင်မှုပင်။ လက်တွေ့စမ်းသပ်မှုကို တကယ့်အခြေအနေနှင့် ထပ်တူညီအောင် ဒေသခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည်။ ရဲများက ထောင်သားအဖြစ် ပါဝင်ရမည့်သူများကို အိမ်တိုင်ရာရောက် လိုက်ဖမ်းသည်။ လက်ထိတ်ခတ်သည်။ အိမ်နီးနားချင်းတွေ အုတ်အော်သောင်းတင်း ဖြစ်ကြသည်။ ရဲဥသြသံများ ဆူညံပြီး အဖမ်းခံရသူများကို ရဲစခန်းသို့ခေါ်လာသည်။ 

စခန်းမှာ လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်ပြီးသည့်အခါမှာတော့ စတန်းဖို့ဒ်တက္ကသိုလ်၊ စိတ်ပညာဌာန၏မြေအောက်ခန်းမှာ ဆောက်လုပ်ထားသည့် အကျဉ်းထောင်အတုထဲသို့ အကျဉ်းသားတွေကို ထည့်လိုက်သည်။ အကျဉ်းသားများကို သုံးယောက်တစ်ခန်းထည့်ထားသည့် ထောင်ကို ထောင်စောင့်များက အလှည့်ကျစောင့်ရသည်။ ပါမောက္ခဇင်ဘာဒို ကိုယ်တိုင်ကတော့ ထောင်မှူးအဖြစ် တာဝန်ယူသည်။

စစချင်း ထောင်မှူးကြီး ပါမောက္ခဇင်ဘာဒိုက ထောင်စောင့်အဖြစ် တာဝန်ယူရမည့် ကောလိပ်ကျောင်းသားများကို လမ်းညွှန်မှာကြားသည်။ အကျဉ်းသားများကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခွင့်မရှိသည့်တိုင် အကျဉ်းသားများအပေါ် အပြည့်အ၀ထိန်းချုပ်ခွင့်နှင့် အခြားလုပ်ပိုင်ခွင့်များကိုတော့ ပေးထားလိုက်သည်။

ထောင်စောင့်များကို ကာကီဝတ်စုံများ ၀တ်ခိုင်းပြီး လိုအပ်သည့် တန်ဆာပလာအားလုံး တပ်ဆင်ပေးသည်။ အကျဉ်းသားများက မျက်လုံးချင်းဆက်သွယ်မှုမပြုလုပ်နိုင်ရန် လုံခြုံရေးအစောင့်များကို နေကာမျက်မှန်ကြီးများတပ်စေသည်။ အကျဉ်းသားများကိုတော့ တကယ့်ထောင်သားများလိုထားပြီး ပထမဆုံးဖမ်းလာသည့်နေ့မှာ မျက်နှာကို အ၀တ်မည်းဖြင့်စွပ်ကာ အခန်းထဲမှာ ပိတ်ထည့်ထားလိုက်သည်။ မျက်နှာကို အ၀တ်မည်းဖြင့် စွပ်ပြီးထားခဲ့သည့်အဖြစ်က အကျဉ်းသားများ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပစ်ကျသွားစေသည်။

ဒုတိယနေ့မှာပင် ပုန်ကန်မှုကစတင်သည်။ အခန်းအမှတ်(၁)ထဲက အကျဉ်းသားများက အခန်းတံခါးကို ခုတင်နှင့်ပိတ်ဆို့ထားပြီး အမိန့်များကို အာခံသည်။ ထောင်စောင့်လုပ်သည့် ကောလိပ်ကျောင်းသားများကလည်း မရရအောင်ဖြိုခွဲသည်။ လက်တွေ့စမ်းသပ်မှုကို ကွပ်ကဲသည့်အဖွဲ့ထံက အမိန့်မတောင်းဘဲ မီးသတ်ဘူးများနှင့် တိုက်ခိုက်သည်။ စိတ်ဓာတ်စစ်ဆင်ရေးလည်း လုပ်သည်။ အာဏာဖီဆန်ရေးတွင် မပါဝင်သည့် အကျဉ်းသားများကို အစားအစာ ပိုကောင်းကောင်းစားရမည်ဟု မက်လုံးပေးသည်။ သို့တိုင် အကျဉ်းသားများက အခွင့်အရေးပိုမယူဘဲ ဘ၀တူတိုက်ပွဲဝင် အကျဉ်းသားများဘက်က ရပ်တည်သည့်အခါ ဗျူဟာကိုပြောင်းသည်။ အကျဉ်းသားတစ်ဦး သပိတ်မှောက်လျှင် အခြားအကျဉ်းသားများ၏ အခွင့်အရေးကိုပါ ရပ်စဲပစ်သည်။ အကျဉ်းသားများကို နာမည်မခေါ်ဘဲ အကျဉ်းသားနံပါတ်ကိုသာခေါ်ခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို လျှော့ကျစေသည်။ 

စမ်းသပ်မှုစတင်ပြီး ၃၆ နာရီမှာပင် အကျဉ်းသား ၈၆၁၂  က စိတ်ကစဥ့်ကလျားဖြစ်ပြီး အော်ဟစ်ဆူညံနေတော့သည်။ နောက်ဆုံးတော့ သူ့ကိုစစ်ဆေးပြီး ပြန်ထုတ်လိုက်ရသည်။

တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။ အကျဉ်းသားများကို ၀စ်လစ်စားလစ်နေစေသည်။ အိပ်ရာခင်းများသိမ်းပြီး သမံတလင်းပေါ်မှာ အိပ်ခိုင်းသည်။ တိုက်ပိတ်သည်။ တိုက်ပွဲဝင်သည့် အကျဉ်းသားများအကြားမှာ တိုက်ပွဲမ၀င်သူအချို့ကို ရောထားခြင်းဖြင့် အချင်းချင်း မယုံသင်္ကာဖြစ်လာကြသည်။ ယုံကြည်မှုတွေ ပြိုကွဲသည်။

လက်တွေ့စမ်းသပ်မှုအစား တကယ့်ဘ၀ဖြစ်လာသည်။ အကျဉ်းထောင်အစောင့်လုပ်သူများက အကျဉ်းသားများကို “ပြဿနာကောင်တွေ”ဟု မြင်ကြပြီး တညီတညွတ်တည်း ရက်ရက်စက်စက် နှိပ်ကွပ်လာသည်။ နောက်ဆုံး အခန်းအပြင်ထွက်ပြီး အိမ်သာသွားခွင့်ကိုပင် မပေးတော့။ အခန်းထဲက ပုံးထဲမှာ သွားခိုင်းသည်။ မစင်ပုံးကိုလည်း သွန်ခွင့်မပေးတော့။

အကျဉ်းသားအမှတ် ၄၁၆ က အစာငတ်ခံဆန္ဒပြသည်။ သူ့ကို တိုက်ပိတ်လိုက်ကြသည်။ ၄၁၆ ကို တိုက်ထဲက လွှတ်ပေးစေလိုလျှင် ကျန်အကျဉ်းသားအားလုံး သူတို့ညအိပ်ဖို့ စောင်များကို စွန့်လွှတ်ရမည်ဟု ထောင်စောင့်များကပြောသည်။ ရက်စက်မှုအကြားမှာ ယုံကြည်မှုပြိုကွဲသွားသည့် အကျဉ်းသားအများစုက သူတို့စောင်တွေကို အဆုံးရှုံးမခံကြတော့ သူရဲကောင်း ၄၁၆ ဘက်က အများစု မရပ်တည်နိုင်ကြတော့။ ထောင်စောင့်များအဖြစ် တာဝန်ယူရသည့် ကောလိပ်ကျောင်းသားများကိုယ်တိုင် မတန်တဆရသည့် အာဏာကို ချဲ့ထွင်အသုံးချရင်း ရက်စက်သည့် အုပ်ချုပ်သူများ ဖြစ်လာခဲ့ကြတော့သည်။

နောက်ဆုံးတော့ ပါမောက္ခဇင်ဘာဒိုက သူ့တပည့်မ စိတ်ပညာဘွဲ့လွန်ကျောင်းသူ ခရစ္စတီနာမက်စ်လက်ကို လက်တွေ့စမ်းသပ်မှုကို လေ့လာဖို့ခေါ်လာသည်။ တကယ်တော့ ပါမောက္ခဇင်ဘာဒိုနှင့် ခရစ္စတီနာတို့က ချစ်ကျွမ်းဝင်နေသူ ဆရာတပည့်စုံတွဲဖြစ်သည်။ အကျဉ်းထောင်၏အခြေအနေကို ခရစ္စတီနာတွေ့သည့်အခါ ထိတ်လန့်သွားသည်။ စမ်းသပ်မှုကို ချက်ချင်းရပ်ပစ်ဖို့ အပြင်းအထန်ဝေဖန်သည်။ ပါမောက္ခဇင်ဘာဒိုကိုယ်တိုင်လည်း စမ်းသပ်မှုအခြေအနေထဲက အာဏာ၏ဖမ်းစားမှုကို ခံနေရပြီဟု စွပ်စွဲသည်။ နောက်ဆုံးတော့ ၁၄ ရက်ကြာ ပြုလုပ်မည်ဟု ရည်ရွယ်ထားသည့် စတန်းဖို့ဒ်အကျဉ်းထောင် လက်တွေ့စမ်းသပ်မှုကို ၆ ရက်ဖြင့် သူတို့ချောက်ချားစွာ ရပ်စဲလိုက်ရသည်။ ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများက သူတို့မျှော်လင့်ထားသည်ထက် အများကြီးပိုဆိုးသွားခဲ့သည်။

လက်တွေ့စမ်းသပ်မှုပြီးဆုံးသည့်အခါ ထောင်စောင့်အဖြစ် တာဝန်ယူခဲ့သည့် ကောလိပ်ကျောင်းသားများက သူတို့၏ရက်စက်မှုအပေါ် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်းအံ့သြခဲ့ကြရသည်။ တစ်ဦးကတော့ “အဲဒီလိုပြုမူနေမိတုန်းက နောင်တမရခဲ့ဘူး။ အပြစ်ရှိတယ်လို့ မခံစားခဲ့ရဘူး။ ပြီးသွားမှ ကိုယ်လုပ်ခဲ့မိတာကို ပြန်တွေးမိပြီး နောင်တရတယ်”ဟု ပြန်ပြောခဲ့သည်။

“အဲဒီလို အပြုအမူတွေ လုပ်နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် တကယ်မထင်ခဲ့ပါဘူး”ဟု သူက မှတ်ချက်ချသည်။

ပါမောက္ခဇင်ဘာဒို ကိုယ်တိုင်ပင် လက်တွေ့စမ်းသပ်မှု၏ ဖမ်းစားမှုကို ခံစားရကြောင်း ၀န်ခံသည်။ လက်တွေ့စမ်းသပ်မှုမှာ ထောင်စောင့်များ၏ သုံးပုံတစ်ပုံက နှိပ်စက်မှုကို တဖြည်းဖြည်းယစ်မူးလာသည်ဟု ရလဒ်ထွက်လာသည်။ အံ့သြစရာကောင်းသည့် တွေ့ရှိချက်နောက်တစ်ခုက အလွန်အမင်းမရက်စက်သူ အခြားထောင်စောင့်များကလည်း ၀င်ရောက်ကန့်ကွက်ခြင်း မပြုလုပ်ကြ။ တားမြစ်သူ မည်သူမျှမရှိပါတဲ့။

နောက်ပိုင်းမှာ ပါမောက္ခဇင်ဘာဒိုက “နတ်ဆိုးရဲ့ရိုက်ချက်” The Lucifer Effect ဆိုသည့် စာအုပ်မှာ အခြေအနေတစ်ခုက လူ၏အပြုအမူကို လွှမ်းမိုးသွားနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ တစ်နည်းအားဖြင့် လူတစ်ဦး၏အပြုအမူကို ထိုပုဂ္ဂိုလ်၏ ကိုယ်ရည်ကိုယ်သွေးထက် ပတ်ဝန်းကျင်အခြေအနေနှင့် စနစ်က လွှမ်းမိုးသွားနိုင်သည်ဆိုသည့် အယူအဆဖြစ်သည်။ နောက်တွေ့ရှိချက်ကတော့ လူသာမန်တစ်ယောက်သည် သူ မလုပ်ရက်၊ မပြုမူရက်သည့် ကိစ္စတစ်ခုကို အခြေအနေနှစ်မျိုးမှာ ပြုမူနိုင်သည်ဆိုသည့် အချက်ဖြစ်သည်။ ပထမအခြေအနေကတော့ အဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်အဖြစ် လှုပ်ရှားနေချိန်ဖြစ်သည်။ တစ်ဦးတည်းမဟုတ်ဘဲ ရဲဘော်ရောင်းရင်းများနှင့် အစုလိုက်အဖွဲ့လိုက် အချိန်မျိုးဖြစ်သည်။ ဒုတိယအခြေအနေကတော့ တာဝန်တစ်ခုခုကို ယူထားရပြီး တာဝန်၏အနက်အဓိပ္ပာယ်ကို လွဲမှားစွာဖွင့်ဆိုခြင်းဖြစ်သည်။ “တာဝန်ကြောင့် လုပ်ရပါသည်၊ အမိန့်ကို နာခံရပါသည်။ ဒီနေရာမှာ ဒီလိုပဲ ပြုမူရပါသည်”ဆိုသည့် အကြောင်းပြချက်များဖြင့် မှားယွင်းမှုဖြစ်သည်။

အားလုံးကို ပြန်ချုပ်ရလျှင် လွန်ကဲသည့်အာဏာနှင့် မှားယွင်းသည့်စနစ်တို့သည် လူသား၏နှလုံးသားကို အရောင်ပြောင်းစေနိုင်သည်ဆိုသည့် တွေ့ရှိချက်ဖြစ်ပါသည်။ လူဘယ်လောက်ပြောင်းပြောင်း မှားယွင်းသည့်စနစ်ဟောင်းကို မပြောင်းနိုင်လျှင် တောကြီးယဉ်ကျေးမှုက ကျွန်တော်တို့ အလွတ်ရုန်းနိုင်မည်မဟုတ်ပါ။ လူ့အဖွဲ့အစည်းအတွက် “မှန်ကန်သည့်စနစ်” နှင့် “သင့်တင့်မျှတသည့်အထိုင်”ကို အားလုံးကြိုးစားတည်ဆောက်ကြခြင်းကသာ အနာဂတ်အတွက် အာမခံဖြစ်သည်။

ကျွန်တော်တို့ နှလုံးသားတွေထဲက နတ်ဆိုးတွေ ထွက်မလာနိုင်အောင် စနစ်နှင့်ပတ်ဝန်းကျင်ကို ပြုပြင်တည်ဆောက်ဖို့ လိုအပ်ပါသည်။
ရေးသားသူ- ရဲမိုး

လူတစ်ဦးက အခြားသူတစ်ဦးကို မညှာမတာရက်စက်စွာပြုမူရက်သည့် စိတ်ဆန္ဒကို ဘယ်လိုအခြေအနေတွေက ပျိုးထောင်ပေးပါသလဲ။

ကရုဏာတရားနှင့် ရက်စက်မှု၊ လူသားဆန်မှုနှင့် တောကြီးဥပဒေတို့အကြားက အကွာအဝေးကို တိုင်းတာကြည့်ကြရအောင်ပါ။

၁၉၇၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့ဒ်တက္ကသိုလ်မှာ စိတ်ပညာရှင် ပါမောက္ခဖီးလ်စ်ဇင်ဘာဒိုက လုပ်ပိုင်ခွင့်အာဏာနှင့် ထူးခြားသည့်အခြေအနေ တစ်စုံတစ်ရာက သာမန်လူတစ်ဦး၏စိတ်ကို ဘယ်လိုပြောင်းလဲစေနိုင်သည်ကို လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ နောင်အခါ သမိုင်းတွင်မည့် ထိုစမ်းသပ်မှုကို “စတန်းဖို့ဒ် အကျဉ်းထောင်စမ်းသပ်မှု”ဟု သူတို့အမည်ပေးခဲ့ကြသည်။

ဖိလစ်ပိုင်တွင် ငလျင်လှုပ်၊ အနည်းဆုံး ၂၀ ခန့် သေဆုံး

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ ကျွန်းတွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ၇ ဒသမ ၂ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံတွေ ပြိုကျလို့ အနည်းဆုံး လူ၂၀ လောက် သေဆုံးသွားပါတယ်။

မနီလာမြို့တော်ရဲ့ အရှေ့တောင်ဘက်က ကီလိုမီတာ ၄၀၀ အကွာမှာ ရှိတဲ့ ဘိုဟိုကျွန်းမှာ လူ ၄ ယောက် သေဆုံးခဲ့ပြီး အဆောက်အအုံတွေလည်း ပြိုကျသွားတယ်လို့ အရာရှိတွေကို ကိုးကားပြီး ဖိလစ်ပိုင်ရေဒီယိုတွေမှာ ဖော်ပြပါတယ်။

စီဘူမြို့နားမှာလည်း အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားတယ်လို့  ဖိလစ်ပိုင်က ပေးပို့တဲ့ သတင်းတွေက ဆိုပါတယ်။ နောက်ထပ် လူ ၃၀ ကျော်လည်း ပျောက်ဆုံးနေပါတယ်။

ဗုံးကိစ္စ မေးမြန်းချက်များ ဒေါ်အောင်ဆန်းစုကြည် ဖြေကြား


အောက်တိုဘာလ ၁၅ ရက်နေ့နံနက်က ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေး ဒသမနေကို တက်ရောက်လာစဉ် လတ်တလော ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသော ဗုံးကိစ္စနှင့် ပတ်သက်၍ မီဒီယာများ မေးမြန်းမှုကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာတွင် ---

ဒါကတော့ အုပ်ချုပ်ရေးပိုင်းနှင့် ဆိုင်တဲ့ ကိစ္စဘဲ အမေတို့က လိုက်ဖမ်းနိုင်တဲ့ သူတွေမှ မဟုတ်တာ လုံခြုံရေး အစီအစဉ်အားနည်းတယ်လို့ ပြောရအောင်လည်း ဘယ်တွေမှာ ဗုံးတွေချ တယ်ဆိုတာလည်း ရှိသေးတယ်ပေါ့နော်။ အရေးကြီးတာက ဘယ်သူတွေ လုပ်လဲဆိုတာ မြန်မြန်ဖေါ်ထုတ်ဖို့ပါဘဲ။ ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့ ဗုံးတွေ ဘာတွေ ဖြစ်တယ်ဆိုတော့ အမေကတော့ ဒါပေမယ့် အမေကတော့ ယုံကြည်တယ် အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်မှာပါ။ ဒါတွေကတမင်ပေါ့နော် လုပ်လုပ်ရှားရှား ဖြစ်အောင်လို့ စွတာဆိုတော့ အဲ့ထောင်ချောက်ထဲ ၀င်မသွားဖို့ လိုတယ်။

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို စစ်ဆေးနေ

မန္တလေးမြို့ ရွှေဘဲစားတော်ဆက်အနီးမှာတွေ့ရှိခဲ့တဲ့ ဗုံးနဲ့ပတ်သတ်ပြီး မသင်္ကာဖွယ်ရာ နိုင်ငံခြားသားနှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးနေ တယ်လို့သတင်းရရှိပါတယ်။

မလေးရှားနိုင်ငံပတ်စပို့ ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးကို မန္တလေးတိုင်းဒေသကြီးနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့က တောင်သမန်အင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသားနှစ်ဦးဟာ ရွှေဘဲစားတော်ဆက် စားပွဲအမှတ် ၁၄ မှာ နောက်ဆုံး ထိုင်ခဲ့သူတွေဖြစ်ပြီး အထုပ်တစ်ထုပ်ကျန်ခဲ့လို့ စားပွဲထိုးတွေက လိုက်လံပေး ရာ သူတို့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုခဲ့သူတွေဖြစ်တယ်လို့သတင်း ရရှိပါ တယ်။

The Modern News Journal



လှိုင်မြို့နယ်တံတားဖြူ မှတ်တိုင်အနီးနှင့် မဟာဗန္ဓုလ လမ်းနှင့် (၃၈)လမ်းထောင့်တွင် မသင်္ကာဖွယ်အထုပ်နှင့် လက်ဆွဲသေတ္တာတွေ့


ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်း ဒေသကြီး နယ်မြေအတွင်း ပြည်သူလူထုအား ထိတ်လန့် တုန်လှုပ်မှုနှင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် မသမာသူများမှ ၁၄.၁၀.၂၀၁၃ရက်နေ့ ၁၈၁၅အချိန် လှိုင်မြို့နယ်တံတားဖြူ မှတ်တိုင်အနီး ဆက်သွယ်ရေးဖုန်း ပုံးပေါ်တွင် သတင်းစာနှင့်ထုပ်ပြီး ကြွပ်ကြွပ်အိတ်အဖြူရောင်နှင့် ထုပ်ထားသည့် အထုပ်(၂)ထုပ်တွေ့ရှိသဖြင့် အမှတ်(၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ဖြင့် ၎င်းအထုပ်(၂)ထုပ်အား ရှင်းလင်းခဲ့ရာ သတင်းစာစက္ကူများသာ ထုပ်ထားသည့် အထုပ်(၂)ထုပ်ဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

ကြည့်မြင်တိုင်တွင် နေအိမ်ပေါ်အထိ တက်၍ လူသတ်


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၁ မိနစ်

ကြည့်မြင်တိုင်မြို့နယ် အောက်ရုံရပ်ကွက်တွင် နေအိမ်ပေါ်ထိတက်ပြီး လူသတ်မှုတစ်ခု အောက်တိုဘာ ၁၄ ရက် နံနက် အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

အသတ်ခံရသူမှာ ကြည့်မြင်တိုင် ပိတောက်ပင်လမ်းတွင်နေထိုင်သူ သမ္ဗာန်မောင်းကိုသိန်းတန်(၃၄)နှစ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

သေဆုံးသူသည် အောက်တိုဘာ ၁၃ ည ၉ နာရီအချိန်က အလတ်ချောင်ရပ်ကွက်မှ ကျပန်းလုပ်ကိုင်သူ သန်းလင်းထိုက်နှင့် စကားများခဲ့သည်ဟုလည်း သေဆုံးသူ၏မိခင်က ရဲအားပြောပြထားသည်။

ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှု သံသယရှိသူအား ဘီးလင်းမြို့နယ်တွင် ဖမ်းဆီးရမိ

(၁၄.၁၀.၂၀၁၃)နေ့ည သန်းခေါင်ယံ အချိန်တွင် ကုန်သည်ကြီးများ ဟိုတယ် ပေါက်ကွဲမှုတွင် သံသယရှိသူ စောမြင့်လွင်၊(၂၆)နှစ်၊(ဘ)ဦးကိုညွန့် ၊နိုင်ငံသား စီစစ်ရေး ကဒ်ပြား အမှတ်-၃/ဖမန(နိုင်)၀၂၂၅၇၆ သူမွဲထကျေးရွာ၊ ဖာပွန်မြို့နယ် နေသူအား (၁၅.၁၀.၂၀၁၃)နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဘီးလင်း - နတ်ကြီး ကားလမ်းပေါ်၌ ဆိုင်ကယ်စီးလာစဉ် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူး ဖမ်းဆီးရေးအဖွဲ့ မှ  ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှု သံသယဖြစ်ခံရသူအား အလုံမြို့ နယ် western park II စားသောက်ဆိုင်မှာ ဗုံးတွေ့  မှု  ဖြစ်စဉ်ကတည်းက  စတင်ခြေရာခံ မိခဲ့တာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲ အရာရှိတဦးက Myanmar News Now ကို ပြောပါတယ်။

တရားခံဟာ  Taxi  ပေါ်   မှတ်ပုံတင် ကျန်ခဲ့ရာ  သူ့ရဲ နေရပ်လိပ်စာကို အတည်ပြုနိုင်ခဲ့ပြီး။ ကုန်သည်ကြီးများ ဟိုတယ် CCTV မှတ်တမ်းအရ လူပုံကိုပါ ဖမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ တရားခံကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေး ရဲမှူးကိုယ်တိုင်း ဦးစီးပြီး လိုက်လံဖမ်းဆီး ခဲ့ပြီး ယ္ခုအခါ ရဲမှူးကားနဲ့ အတူ တရားခံ စောမြင့်လွင် အား ရန်ကုန်မြို့ ကို ပြန်ခေါ်လာနေကြောင်း သိရပါတယ်။

by Myanmar News Now


သွေးနီဥ ကျေပျက်ရောဂါ ခံစားနေရသော ကလေးငယ် ခွဲစိတ်ကုသစရိတ် လိုအပ်

Photo: သွေးနီဥ ကျေပျက်ရောဂါ ခံစားနေရသော ကလေးငယ် ခွဲစိတ်ကုသစရိတ် လိုအပ်

ညောင်လေးပင်၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်း တွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥ ကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန် ကြီးမားနေသော သရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် လိုအပ်လျက် ရှိကြောင်း အဆိုပါကလေးကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးရွှေက ပြောကြားသည်။

အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရောဂါဝေဒနာကြောင့် ဝမ်းဗိုက်မှာ ကြီးထွားလာပြီး ဝမ်းတွင်း၌ အလွန်ပူပြင်းသော ဝေဒနာကြောင့် ဝမ်းဗိုက်ကို မကြာခဏ ရေလောင်းပေးရကာ တစ်လ (သို့မဟုတ်) နှစ်လလျှင် တစ်ကြိမ်ခန့် လိုအပ်သလို သွေးသွင်းကုသမှု ခံယူရကြောင်း ၎င်း၏မိခင် ဒေါ်ဌေးမြင့်က ပြောကြားသည်။

အဆိုပါ ကလေးငယ်သည် အောက်တိုဘာလ ၆ ရက်နေ့မှစ၍ ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒိုက်ဦးမြို့နယ်မှ မေတ္တာဦး အခမဲ့ကုသိုလ်ဖြစ် ဆေးခန်း၊ စေတနာရှင် သွေးလှူရှင် လူငယ်အဖွဲ့တို့က တတ်စွမ်းသမျှ ကူညီပေးလျက် ရှိကြောင်း၊ ကလေး၏ မိဘများသည် ဆင်းရဲနွမ်းပါးသော တောင်သူလယ်သမားများ ဖြစ်သောကြောင့် ခွဲစိတ်ကုသရန် ငွေကြေး အကူအညီ လိုအပ်လျက် ရှိကြောင်း အဆိုပါ အသင်းများထံမှ သိရှိရသည်။
“ကလေးက သရက်ရွက်ကြီးနေတော့ ဒါကိုခွဲထုတ်လိုက်ရင် အစားလည်း လွတ်လွတ်လပ်လပ် စားလို့ရမယ်။ နေရထိုင်ရတာလည်း ပေါ့ပါးသွားမယ်။ သွေးလိုအပ်ချက် ကတော့ ခွဲပြီးရင်တောင် ရှိနေမှာပဲ” ဟု ဒိုက်ဦးမြို့နယ် မေတ္တာဦး အခမဲ့ ဆေးကုခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

အဆိုပါ ကလေး၏ ဆေးကုသစရိတ် ထောက်ပံ့လိုသူများ အနေနှင့် ဖုန်း ၀၉ ၄၉၄၄၂၄၅၂၊ ၀၉၄၅၈၀၂၅၁၄၁၊ ၀၉ ၄၂၈ ၂၀၄၂၃၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း မေတ္တာဦးအခမဲ့ ကုသိုလ်ဖြစ်ဆေးခန်း အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရှိရသည်။

ညောင်လေးပင်၊ အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် အေးရွာတဲစုပိုင်း တွင်နေထိုင်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ အချိန်မတိုင်မီ သွေးနီဥ ကျေပျက်ရောဂါ (Thalasammia) ခံစားနေရမှုကြောင့် အဆမတန် ကြီးမားနေသော သရက်ရွက်ကို ခွဲစိတ်ကုသရန်အတွက် ကုသစရိတ် လိုအပ်လျက် ရှိကြောင်း အဆိုပါကလေးကို လိုက်လံကူညီ ဆောင်ရွက်ပေးသူ ဒိုက်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးရွှေက ပြောကြားသည်။

အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ရောဂါဝေဒနာကြောင့် ဝမ်းဗိုက်မှာ ကြီးထွားလာပြီး ဝမ်းတွင်း၌ အလွန်ပူပြင်းသော ဝေဒနာကြောင့် ဝမ်းဗိုက်ကို မကြာခဏ ရေလောင်းပေးရကာ တစ်လ (သို့မဟုတ်) နှစ်လလျှင် တစ်ကြိမ်ခန့် လိုအပ်သလို သွေးသွင်းကုသမှု ခံယူရကြောင်း ၎င်း၏မိခင် ဒေါ်ဌေးမြင့်က ပြောကြားသည်။

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အမြင်သဘောထား

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။
အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မစတင်မီ သတင်းထောက်တွေက မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
“ပြည်သူတွေက စိုးရိမ်တော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် အမေကတော့ ယုံကြည်တယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားတတ်ပါတယ်။ ဒါတွေက တမင် လှုပ်လှုပ်ရှားရှားဖြစ်အောင် ဆွတာဆိုတော့ အဲဒီထောင်ချောက်ထဲ မ၀င်သွားဖို့ လိုတယ်။ စိတ်လှုပ်ရှားအောင်၊ တမင်လန့်အောင် ဖျပ်အောင် လုပ်နေတာဆိုတော့ ထောင်ချောက်ထဲမ၀င်သွားအောင် လုပ်ဖို့လိုတယ်။ အမေတို့ ပြည်သူတွေက ခေါင်းအေးအေးနဲ့ စဉ်းစားလို့ ရပါတယ်။”

မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၄၀ ချေးရန် သဘောတူ လက်မှတ်ထိုး

Photo: မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၄၀ ချေးရန် သဘောတူ လက်မှတ်ထိုး

ရန်ကုန်၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ် သထုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးရန် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေညာသည်။  

အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ချေးငွေများကို သထုံမြို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ သက်တမ်းလွန် သဘာဝဓာတ်ငွေ့ တာဘိုင်များအသစ် အစားထိုးခြင်းတွင် အသုံးပြုမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က ပြောကြားသည်။

မြန်မာနိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အား တိုးမြှင့် ထုတ်လုပ်ရန်အတွက် အတိုးမဲ့ချေးငွေ ရခြင်းသည် ကောင်းမွန်ပြီး အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များက ထိရောက်စွာ အကောင်အထည် ဖော်သင့်ကြောင်း စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းက ပြောကြားသည်။ 
“ဒီဘက်က အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ရမယ်” ဟု ၎င်းကဆိုသည်။ 

သဘာဝဓာတ်ငွေ့ တာဘိုင်များ လဲလှယ်ပြီးပါက လျှပ်စစ်ဓာတ်အား ၂၅၀ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်မည် ဖြစ်ပြီး လက်ရှိအခြေအနေအရ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသားများမှာ လျှပ်စစ်ဓာတ်အား ရရှိမှုအနည်းဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း မကွေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅ သန်း အတိုးမဲ့ချေးမည် ဖြစ်ကြောင်း စက်တင်ဘာလက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၄

မွန်ပြည်နယ် သထုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရန် ကမ္ဘာ့ဘဏ်က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ပေးရန် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် သဘောတူလက်မှတ် ရေးထိုးလိုက်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေညာသည်။

အောက်တိုဘာလ ၁၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ချေးငွေများကို သထုံမြို့ လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ သက်တမ်းလွန် သဘာဝဓာတ်ငွေ့ တာဘိုင်များအသစ် အစားထိုးခြင်းတွင် အသုံးပြုမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr.Kanthan Shankar က ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့်

Photo: ရန်ကုန်နှင့် မန္တလေးတွင် တစ်ရက်အတွင်း ခြောက်ကြိမ် ဗုံးလန့်

ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှု အားအကောင်းဆုံးနှင့် လူဦးရေ အထူထပ်ဆုံး မြို့ကြီးနှစ်မြို့ ဖြစ်သော ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က လက်လုပ် ချိန်ကိုက်ဗုံး နှစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ သတင်းထောက်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဗုံးလေးလုံး တွေ့ရှိကာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၏ ငါးလုံးမြောက် ဗုံးတစ်လုံးကို အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Western Park II စားသောက်ဆိုင်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းစားသောက်ဆိုင်မှ စားပွဲအမှတ် ၁၉ အောက်တွင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော အမည်းရောင် အထုပ်တစ်ထုပ်ကို ဆိုင်ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ရာမှ ယင်းအထုပ်ကို ဆိုင်ပြင်သို့ ထုတ်ထားပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း ယင်းစားသောက်ဆိုင် လုံခြုံရေး ဝန်ထမ်းတစ်ဦးက The Vocie သို့ ပြောကြားသည်။

ယင်းပလတ်စတစ်အိတ် အမည်းထဲတွင် ဝါယာကြိုးနှစ်စ၊ ဒိုင်ခွက်တစ်ခုနှင့် အတွင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး အဆိုပါဗုံး၏ အမျိုးအစားနှင့် ပြင်းအားကို အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ကျွမ်းကျင်သူများက အသေးစိတ် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဗုံးရှင်းလင်းရေးတွင် ပါဝင်ခဲ့သည့် အကြီးတန်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီး နာရီပိုင်းခန့်အကြာ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့် ဈေးဝယ်ကုန်တိုက်တွင် အရောင်းမြှင့်တင်ရေး လာရောက် လုပ်ကိုင်သည့် အလှကုန်ပစ္စည်း ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ လက်ကမ်းစာစောင်များ ထည့်ထားသည့် စက္ကူပုံးတစ်ပုံး ယာဉ်ရပ်နားရာ နေရာတွင် မေ့ကျန်ခဲ့ရာမှ ကုန်တိုက်မှ လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့ပြီး မသင်္ကာ၍ ရဲစခန်းကို အကြောင်းကြားခဲ့သောကြောင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ စက္ကူပုံး အတွင်းတွင် လက်ကမ်းကြော်ငြာ စာရွက်များကိုသာ တွေ့ရှိခဲ့ရကြောင်း၊ ယင်းကဲ့သို့ လူစုလူဝေးများသည့် ကားရပ်နားဝင်းတွင် ဖြစ်ပေါ်နေသော်လည်း အဆိုပါ ကုမ္ပဏီမှာ ဝန်ထမ်းမှာ သုံးဦးသာ ထားရှိခဲ့သဖြင့် သွားရောက် ကြည့်ရှုနိုင်ခြင်းမရှိဘဲ စစ်ဆေးဖော်ထုတ်ပြီးမှသာ ၎င်းတို့ အထုပ်မှန်း သိရှိခဲ့ကြောင်း မရမ်းကုန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် ဝင်းထွန်းဦး၏ ပြောကြားချက်အရ သိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၆ လမ်းဒေါင့် ရွှေဘဲစားသောက်ဆိုင်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် စားပွဲထိုး ဦးအောင်သက်ဝေက စားပွဲနံပါတ် ၁၄ အောက်တွင် ကြွပ်ကြွပ်အိတ် အမည်းဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဖြည်ကြည့်ရာမှ ဗုံးတွေ့ရှိခဲ့သဖြင့် အမှတ် (၅) ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ သိရသည်။
“လက်ပစ်ဗုံးကို အမှတ် (၁) စစ်နယ်မြေ အထူးမိုင်းရှင်းလင်းရေး အဖွဲ့က မွန်းလွဲ ၃ နာရီ အချိန်မှာ Water Canon (အားပြင်းရေပိုက်) နည်းနဲ့ ရှင်းလင်း ဖျက်ဆီးခဲ့တယ်။ ဖျက်ဆီးပြီးတဲ့နောက် ဆက်လက်ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ကြတယ်။ ထိခိုက်ဒဏ်ရာရမှုလည်း မရှိခဲ့ဘူး။ ဆိုင်ထဲကို စစ်ဆေးတော့ ဒီဗုံးကို တွေ့ရှိခဲ့တဲ့ စားပွဲဝိုင်းမှာ နေ့လယ် ၁၂ နာရီ ပတ်ဝန်းကျင်လောက်က အမျိုးသားနဲ့ အမျိုးသမီးတစ်ဦး လာစားသောက်ကြတယ်လို့ သိရတယ်။ သူတို့နှစ်ယောက် စားသောက်နေတုန်းကကို ဒီအထုပ်က သူတို့ထိုင်ခုံအောက်မှာ ရှိနေခဲ့တယ်လို့ ဒီဗုံးအိတ်ကို တွေ့ခဲ့တဲ့ စားပွဲထိုးက ထွက်ဆိုခဲ့တယ်။ အခုတော့ စုံစမ်းစစ်ဆေးဆဲပဲ ဖြစ်ပါတယ်” ဟု အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင် အတွင်းမှ တွေ့ရှိရသည့် လက်ပစ်ဗုံးကို အများပြည်သူ မထိခိုက်စေရန်အတွက် အမှတ် (၁) စစ်နယ်မြေ အထူးမိုင်းရှင်းလင်းရေး အဖွဲ့က ယနေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ဆိုင်၏လမ်းတစ်ဖက်ရှိ ပလက်ဖောင်းပေါ်တွင် သဲအိတ်များ ကာရံကာ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အလားတူ ဆိပ်ကမ်းမြို့နယ် ကမ်းနားလမ်းရှိ ဒလ - ရန်ကုန်သို့ သွားရောက်ရန် ခရီးသည် ပြေးဆွဲနေသည့် နန်းသီတာ ဆိပ်ကမ်းတွင် အဆိုပါ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က မြောင်းမြမြို့နယ်တွင် သီတင်းသုံး နေထိုင်သည့် သံဃာတစ်ပါးက ကွမ်းခြံကုန်းမြို့နယ်ရှိ ၎င်းနေရပ်သို့အပြန် နန်းသီတာ ဆိပ်ကမ်းတွင် လက်ဆွဲအိတ် ကျန်ခဲ့ရာမှ ဗုံးလန့်မှု ထပ်မံဖြစ်ပွားပြီး တာဝန်ရှိသူများက စစ်ဆေးနေစဉ် ညနေ ၄ နာရီ အချိန်ခန့်တွင် လက်ဆွဲအိတ်ပိုင်ရှင် သံဃာတော်က ၎င်းမေ့ကျန်ခဲ့သည့် ပစ္စည်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စစ်ဆေးခဲ့ရာ မှန်ကန်သောကြောင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောကြားသည်။

မန္တလေးမြို့ ရွှေဘဲစားသောက်ဆိုင် အတွင်းမှ တွေ့ရှိရသည့် လက်ပစ်ဗုံးကို ဖောက်ခွဲ ဖျက်ဆီးပြီးနောက် ဆက်လက် စစ်ဆေးနေချိန် ညနေ ၄ နာရီ ပတ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၆၂ လမ်း၊ ၂၉ ထ ၃၀ လမ်းကြား ပြည်ကြီးမျက်ရှင်ရပ်၊ ဝေပုလ္လာရာမ မက္ခရာ ကျောင်းတိုက်ရှေ့တွင် အမည်းရောင် လွယ်အိတ်တစ်လုံး စွန့်ပစ်ထားသည်ကို ဗုံးဟုယူဆသဖြင့် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖောက်ခွဲ ဖျက်ဆီးခဲ့သော်လည်း မပေါက်ကွဲသဖြင့် အိတ်ကို ဖွင့်ကြည့် စစ်ဆေးရာ အိတ်အတွင်းတွင် ဗုံးဟုယူဆရသော ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရဘဲ အမျိုးသမီး စကတ်တစ်ထည်နှင့် စာရွက်စာတမ်းများသာ တွေ့ရှိခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“မန္တလေးမြို့ ညလုံခြုံရေးအတွက် လှည့်ကင်းတွေ၊ ဝပ်ကင်းတွေ ချထားပါတယ်။ ကျောက်တော်ကြီး ဘုရားပွဲမှာလည်း လုံခြုံရေး ချထားပါတယ်။ ညပိုင်းမြို့နယ် အားလုံးမှာလည်း ဧည့်စာရင်းစစ်မယ်၊ ဒုစရိုက်သမားတွေ ခိုအောင်းနိုင်တဲ့နေရာ၊ မသင်္ကာတဲ့ နေရာတွေကို စစ်ဆေးဖို့ ရှိတယ်၊ လက်ပစ်ဗုံးနဲ့ ပတ်သက်လို့ စစ်ဆေးနေဆဲပဲ။ မသင်္ကာတဲ့သူ လောလောဆယ် ခန့်မှန်းလို့ မရသေးဘူး” ဟု မန္တလေးခရိုင် ရဲရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီခန့်က အင်းလျားကန်ပေါင်ရှေ့ တံတားဖြူမှတ်တိုင် အနီးတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာစရာ အထုပ်တစ်ထုပ် တွေ့ရှိကြောင်း ပြည်သူတစ်ဦးက အကြောင်းကြားသဖြင့် သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါ အိတ်ထဲတွင် သတင်းစာ စက္ကူများသာ တွေ့ရှိခဲ့ကြောင်း လှိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“နိုင်ငံခြား ရုပ်ရှင်ကားတွေထဲကလို လုံခြုံရေးတွေ အပြည့်ယူထားပြီး စစ်တပ်ရော၊ ရဲတွေရော၊ စီအိုင်ဒီတွေကိုပါ တွေ့ရတော့ ဗုံးအစစ်ဆိုပြီး ကျွန်တော်တို့ တော်တော်ကို လန့်သွားတာ” ဟု အဆိုပါ အခင်းဖြစ်ပွားရာ အနီးတွင် ယာဉ်ကြော ပိတ်ဆို့၍ ထိတ်လန့်ခဲ့ရသူ ဦးကြည်လွင်က ဆိုသည်။

ဗုံးပေါက်ကွဲမှုများမှာ သီတင်းကျွတ် ကာလနှင့် တိုက်ဆိုင်လျက် ရှိသောကြောင့် မော်တော်ယာဉ်နှင့် ဧည့်သည် ဝင်ထွက်မှုများကို တင်းကျပ်စွာ စစ်ဆေးမည် ဖြစ်ပြီး ဗုံးပေါက်ကွဲသံနှင့် ဗြောက်အိုးဖောက်သံ တို့သည် ဆင်တူသောကြောင့် အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် ဗြောက်အိုး ရောင်းချခြင်း၊ ဖောက်ခြင်းများကို ယခင်ထက် ပိုမိုတားမြစ်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက သတင်းမီဒီယာများသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခုလ ၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြိုနယ်တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့နယ်ရှိ တည်းခိုခန်းတစ်ခုရှိ ပလတ်စတစ်အိတ် တစ်လုံးကို ရဲတပ်သားတစ်ဦးက ဖွင့်ကြည့်ခဲ့ရာမှ ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါ ရဲတပ်သားနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြားအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့်က အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း မှတ်တိုင်အနီးတွင် စားပွဲတင်နာရီဖြင့် ပြုလုပ်ထားသည့် လက်လုပ် ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အခင်းဖြစ်ရာ အနီးတစ်ဝိုက်တွင် ယင်းကဲ့သို့ ဗုံးတစ်လုံး ထပ်မံတွေ့ရှိကြောင်း၊ အဆိုပါနေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် သာကေတမြို့နယ် မာန်ပြေရပ်ကွက်ရှိ ယမုံနာ လျှပ်စစ်ပစ္စည်းဆိုင် အနီးတွင် စားပွဲတင်နာရီဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းအနီးတွင်ပင် အလားတူ ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှု အားအကောင်းဆုံးနှင့် လူဦးရေ အထူထပ်ဆုံး မြို့ကြီးနှစ်မြို့ ဖြစ်သော ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က လက်လုပ် ချိန်ကိုက်ဗုံး နှစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဒေသခံ သတင်းထောက်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဗုံးလေးလုံး တွေ့ရှိကာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့၏ ငါးလုံးမြောက် ဗုံးတစ်လုံးကို အလုံမြို့နယ် ကမ်းနားလမ်းပေါ်ရှိ Western Park II စားသောက်ဆိုင်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဗုံး တွေ့ရှိမှုများကြောင့် မြန်မာတစ်နိုင်ငံလုံး လုံခြုံရေးတိုးမြှင့်


ရန်ကုန်၊ အောက်တိုဘာ ၁၄

တောင်ငူမြို့နှင့် ရန်ကုန်မြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု များကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သက်ဆိုင်ရာ အစိုးရများ၏ အစီအစဉ်ဖြင့် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နေ့က တောင်ငူမြို့ တည်းခိုခန်း တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ရန်ကုန်မြို့တွင် ၁၃ ရက်နေ့၌ ပေါက်ကွဲမှု နှစ်ကြိမ်၊ ထပ်မံ၍ ၁၄ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက် တွေ့ရှိခဲ့သဖြင့် ယင်းသို့ လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပေါ် အလုံမြို့နယ်စခန်းမှူးနှင့် စကားစမြည်

Photo: ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပေါ် အလုံမြို့နယ်စခန်းမှူးနှင့် စကားစမြည်

နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၂၃ နာရီ ၂၈ မိနစ် 

အောက်တိုဘာလ ၁၄ ရက် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင်ရပ်ကွက် Western Park 2 စားသောက်ဆိုင်တွင် ဗုံး တစ်လုံးတွေ့ရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍မဇ္ဈိမသတင်းထောက် နန်းလွင်နှင်းပွင့်က အလုံမြို့နယ် ရဲစခန်း၊ စခန်းမှူး ဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။   ။ ဒီနေ့ ဗုံးကို စပြီးတွေ့ခဲ့တဲ့အခြေအနေကို ပြောပြပါဦး။

ဖြေ။   ။ ၁ဝ နာရီကျော်ကျော်လောက်မှာ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင်ရပ်ကွက် Western Park 2 စားသောက်ဆိုင်မှာ စားပွဲထိုးတာဝန် ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးက တွေ့လို့ ဆိုင် မန်နေဂျာကနေတစ်ဆင့် ၁၁ နာရီ ၄၅ မိနစ်မှာ အကြောင်းကြားတယ်၊ ကျွန်တော်တို့လည်း သိသိချင်းပဲ ဆိုင်ကို ၁၁ နာရီ ၅ဝ မိနစ်မှာ ရောက်သွားပြီး ခုနက အထုပ်ထားတဲ့နေရာကို စစ်ဆေးတော့ ကြွကြွပ်အိတ်အနက်ရောင်နဲ့ ထည့်ထားတယ်။ အလျား ၄ လက်မ၊ အနံ ၂ လက်မ ရှိတယ်၊ ဝါယာကြိုး အဖြူရောင်နဲ့ အနက်ရောင် ကြိုးနှစ်ကြိုးပါမယ်၊ ခလုတ်အနက်နဲ့ အနီ နှစ်ခုပါမယ်၊ ဒိုင်ခွက် တစ်ခုပါတယ်၊ ကိုယ်ထည်ပစ္စည်းကို တိပ်အနက်ရောင်နဲ့ပတ်ထားတယ်။ ဗုံး ဒါမှမဟုတ် ချိန်ကိုက်ဗုံးလို့ သသံယရှိတာကြောင့် ပြည်သူကို အသက် အန္တရာယ်မဖြစ်စေချင်ဘူး၊ ပစ္စည်းတွေကို ဘာမှမဖြစ်စေချင်ဘူး၊ အဲဒါကြောင့် ပစ္စည်းက တစ်စုံတစ်ရာ ထိခိုက်မှုတွေဖြစ်ခဲ့မယ်ဆိုရင် တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်စေရအောင်၊ ကားတာယာခွံတွေနဲ့ ကာရံလိုက်တယ်၊ အနီးအနားမှာရှိတဲ့ ဆိုင်ဝန်ထမ်းတွေကို ပြောင်းဖို့ပြောလိုက်တယ်၊ ဟာဘီကွင်းမှာက လူစီးကားတွေရော၊ အိတ်စပတ်စ်ကားတွေရော အများကြီးပဲ ရပ်တယ်၊ ကားတွေ ကုန်ကားတွေ ရပ်တယ်၊ ကားအစီး ၂ဝ လောက်ကို လုပ်လိုက်တယ်၊ တစ်ပြိုင်တည်း ရွှေ့ခိုင်းလိုက်တယ်။
အန္တရာယ်ရှိတဲ့နေရာကို အဝါရောင်မျဉ်းနဲ့တားလိုက်တယ်၊ ပြီးတာနဲ့ ဆက်သွယ်ရမယ့် တိုင်းတပ်ဖွဲ့မှူးတွေ၊ ရဲတပ်ဖွဲ့မှူးတွေ ကို ဆက်သွယ်တယ်၊ ဝန်ကြီးလည်း ရောက်လာတယ်၊ ခရိုင်တပ်ဖွဲ့မှူးတွေ၊ ခရိုင်တပ်ဖွဲ့တွေ၊ သတင်းတပ်ဖွဲ့တို့၊ CID တို့ ရောက်လာတယ်၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တို့ ရောက်လာတယ်။

မေး။   ။ အဲ့လိုရောက်လာတဲ့အချိန်ထိ ဗုံးကို မဖြုတ်ရသေးဘူးပေါ့။

ဖြေ။   ။ မဖြုတ်ရသေးပါဘူး၊ ကျွမ်းကျင်တဲ့အဖွဲ့တွေ မဟုတ်ဘူး၊ ကျွန်တော် ဆက်ပြောပြပါ့မယ်၊ ၁၂ နာရီ ၁၅ မိနစ်မှာ ကျွမ်းကျင်တဲ့ အဖွဲ့တွေကနေပြီးတော့ စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့တွေရောက်လာပြီး အဲ့ပစ္စည်းကို ဗုံးဆိုတာ အတည်ပြုတယ်၊ ညက ထိုင်သွားတဲ့ နှစ်ဝိုင်းက သူတွေကို စာရင်းရတယ်၊ မနက်ပိုင်းမှာတော့ ထိုင်တာ မရှိသေးဘူး၊ အဲ့ဒီ့ဝိုင်းမှာ ထိုင်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော်တို့ စာရင်းလုပ်ပြီး တိုင်းတပ်ဖွဲ့ကလည်း ရောက်လာတယ်၊ တိုင်းအဖွဲ့က ဆက်ပြီး စစ်ဆေးတယ်၊ ကျွန်တော်တို့မြို့နယ်ကတော့ လုံခြုံရေးအတွက်ကိုပဲ ဆက်ပြီး လုပ်ဆောင်ခဲ့ပါတယ်၊ တိုင်းအဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးပြီး ၊ ၁၂ နာရီ ၄၅ မှာ အတည်ပြုပြီး ၁၂ နာရီ ၅၅ မှာမှ ယူသွားတယ်၊

မေး။   ။ ဗုံးကို ဘယ်လိုအမျိုးအစားလို့သတ်မှတ်လို့ ရပါသလဲ။

ဖြေ။   ။ ဗုံးက အရွယ်အစား ၄ လက်မ ၂ လက်မ ရှိတယ်၊ ပြင်းအားဘယ်လောက်ဆိုတာလည်း ဟိုးအရင်ခေတ်တွေကလို ယမ်းတစ်မျိုးတည်းနဲ့လုပ်တာမဟုတ်တော့  သေချာမပြောနိုင်ဘူး၊ ဒီထဲမှာ ဘာပစ္စည်းအမျိုးအစားတွေ ထည့်ထားလဲဆိုတာတွေက စစ်ဆေးတဲ့ ကျွမ်းကျင်သူအဖွဲ့တွေပဲ သိမှာ။  ကျွန်တော်တို့ မပြောနိုင်သေးဘူး၊ ဒီကိစ္စမှာက ကျွန်တော်လည်း မကျွမ်းကျင်ဘူး၊ ပြည်သူတွေ မပြောနဲ့ ကျွန်တော်တို့တောင်  မသိပါဘူး။

ချိန်ကိုက်ဗုံးလို့ မပြောပါဘူး၊ ဗုံတစ်လုံးလို့ အတည်ပြုပါတယ်၊ ဘယ်လိုအမျိုးအစားလဲဆိုတာ၊ ဒီသတင်းကို ကျွန်တော်တို့ 
ကိုယ်တိုင်ကိုက မေးပါတယ်၊ ဒါပေမယ့် ဗုံးတစ်လုံးဆိုတာ အတည်ပြုတယ်ဆိုတာပဲ သိတယ်၊ ဒါက ဘာအမျိုးအစား၊ ဘယ်နိုင်ငံက လုပ်တယ်ဆိုတာကို မပြောခဲ့ဘူး၊ ကျွမ်းကျင်သူတွေကပဲ ဖြေနိုင်မယ်ထင်တယ်၊ သူ့ရဲ့ ပြင်းအားရှိတယ်၊ သူနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော်တို့ ပြောနိုင်မှာ မဟုတ်ပါဘူး၊ ကျွမ်းကျင်သူမဟုတ်တဲ့အတွက် ဘယ်လိုမှပြောနိုင်မှာ မဟုတ်ပါဘူး။

မေး။   ။  အခုရက်ပိုင်းတွေမှာ ဘယ်ကမှန်း မသိတဲ့ဗုံးတွေ တွေ့ရှိနေတာဆိုတော့ တစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိထားတာများ ရှိပါသလား။

ဖြေ။   ။ မှုခင်းတပ်ဖွဲ့တွေရော လာသွားတယ်ဆိုတော့ တာဝန်ရှိသူတွေက သူ့ဘာသာရပ် သူ့ကဏ္ဍနဲ့သူ လုပ်ဆောင်သွားပါလိမ့်မယ်၊ စုံစမ်းဖော်ထုတ်တာတော့ လုပ်သွားမှာပါ၊

မေး။   ။ ဒီဖြစ်စဉ်တွေအပေါ်မှာ ဘယ်လိုသုံးသပ်ချက် ရှိပါသလဲ။

ဖြေ။   ။ ကျွန်တော်တို့ သိရသလောက်တော့ ပေါက်ကွဲပြီး သေဆုံးသွားတာမျိုး မရှိဘူး၊ ပြုလုပ်သူအနေနဲ့က ပစ္စည်းသော်လည်းကောင်း၊ လူသော်လည်းကောင်း လုပ်ချင်တယ်ဆိုရင်တော့ လွယ်မှာပါ၊ ဒါပေမဲ့ သူတို့အနေနဲ့ကလည်း လူသားပီသစွာနဲ့ပဲ ထိခိုက်အောင် လုပ်လိုတဲ့ စိတ်မရှိဘူးလို့ပဲ ယူဆရပါတယ်၊ ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေကလည်း ဒီလိုမျိုးလုပ်ဖို့ မသင့်ဘူးလို့ ကျွန်တော်တို့ ခံယူသလို လုပ်တဲ့သူလည်း ခံယူတယ်လို့ မြင်ပါတယ်။

မေး။   ။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့အချိန်မှာ ကျွမ်းကျင်သူတွေ ရောက်မလာသေးလို့ စောင့်နေခဲ့ရတယ်၊ ချက်ချင်း အတည်မပြုနိုင်သေးဘူးဆိုတော့ ဘာကြောင့်ပါလဲ။

ဖြေ။   ။ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ အဲ့လိုနေရာတွေမှာ ရဲစခန်းတွေက ရှိပြီးသားဆိုတော့ ကျွန်တော်တို့ ရဲတွေက အကြောင်းကြားတာနဲ့ ချက်ချင်းရောက်တယ်ဆိုပေမယ့်၊  မှုခင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်အဖွဲ့တွေက မြို့နယ်တွေမှာ ရပ်ကွက်တွေမှာ ရဲစခန်းလို အဖွဲ့သီးသန့် မရှိဘူး။

မေး။   ။ အခု ရဲမှူးပြောသလို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ အခုလို လုပ်တယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ။

ဖြေ။   ။ ဒါက အကြောင်းအရာတစ်ခုကို စကားပြောသလို ပြောလိုက်တာပါပဲ၊ သူတို့ပြောချင်တဲ့ အရာတစ်ခုကို ပြောလိုက်တာပါပဲ၊ အဲ့စကားရဲ့အသံကို ကျွန်တော် အဓိပ္ပာယ် ကောက်မယ်ဆိုရင် တစ်မျိုးရမယ်၊ အခြားသူ အဓိပ္ပာယ်ကောက်မယ်ဆိုရင် တစ်မျိုးရနိုင်ပါ တယ်၊ ဒါပေမဲ့ သူတို့ဘက်က စကားတစ်ခုကို ပြောချင်ပါလိမ့်မယ်၊ သူတို့ပြောချင်တာ ဘာလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး၊ ကျွန်တော်ပြောချင်တာက နိုင်ငံရေးက ပြောင်းလဲနေပါပြီ၊ အရာရာကို စေ့စပ်ညှိနှိုင်းလို့ ရနေပြီဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ နိုင်ငံရေး လမ်းကြောင်းအတွက် အပြစ်မဲ့ပြည်သူတွေကို မသေစေချင်ဘူး၊ ပစ္စည်းတွေ မဆုံးရှုံးစေချင်ဘူး၊ အခုလို လုပ်တာထက်စာရင် စေ့စပ်ညှိနှိုင်းတာတွေလုပ်ရင် ပိုကောင်းမယ်ထင်တယ်၊ ဒါကတော့ ကျွန်တော့်ရဲ့ဆန္ဒပါ။

မေး။   ။ အခုလို ဗုံးနဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေမှာ လွန်ခဲ့တဲ့နှစ်တွေရဲ့ နိုင်ငံရေးအခြေအနေမှာ ဖြစ်ပွားခဲ့တုန်းကတော့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်မှုတွေရှိတယ်ဆိုတာမျိုးတွေ ရှိခဲ့တယ်၊ အခုရော ဘယ်လိုသတင်းရရှိထားတာမျိုး ရှိပါသလဲ၊ သုံးသပ်ချက်ရော ပေးနိုင်မလား။

ဖြေ။   ။ ကျွန်တော့်အနေနဲ့ကတော့ ဘယ်သူ့ကိုမှ မစွပ်စွဲချင်ဘူး၊ ကျွမ်းကျင်သူအဖွဲ့မှာလည်း ကျွန်တော် မပါဝင်ဘူး၊ သေချာတာကတော့ လုပ်ဆောင်သူ တစ်စုံတစ်ယောက် အသေအချာရှိလို့ ဒီလို ပေါ်လာတာပဲလေ၊ ဘယ်သူမှ ဖော်ထုတ်လို့မရသေးတဲ့ အချိန်မှာ ဘယ်သူ့ကိုမှ မပြောချင်ပါဘူး။

မေး။   ။ အခုရက်ပိုင်းမှာပဲ လုံခြုံရေးပိုင်းကိုလည်း မြှင့်လိုက်တော့ အခြေအနေတစ်ရပ်ရပ်ကိုများ သတင်းရရှိထားတာ ရှိလို့ပါလား။ ဘာကြောင့်ပါလဲ။

ဖြေ။   ။ လုံခြုံရေးစည်းကိုတော့ အများကြီးပြောခွင့်မရှိဘူး၊ လုံခြုံရေးစည်းကို စတင်တယ်၊ လုပ်နေပြီ၊ တိုးမြှင့်ထားတယ်၊ အဲ့လိုပဲ ပြောလို့ရမယ်၊ လုံခြုံရေးကိုတော့ ကျွန်တော်တို့ရော ခရိုင်ရော ၊ တိုင်းအဆင့်ရော အလေးထားပြီး လုပ်နေပါတယ်၊ နှစ်ဆ သုံးဆ တိုးလိုက်တာတွေ ရှိတယ်။

ကြိုတင်ပြီး သတင်းရထားတာတွေလည်း ရှိပါတယ်၊ အဲဒါတွေကိုတော့ အထက်က မပြောဘူး၊ ဒါပေမယ့် သတင်းရတာနဲ့ အလိုက် လုပ်ဆောင်နေတာတွေရှိတယ်၊ အခုက နိုင်ငံရေးအရရော အရာရာပြောင်းလဲနေတဲ့ အခြေအနေ၊ အာဆီယံဥက္ကဋ္ဌ လွှဲပြောင်း ယူထားတဲ့အချိန်လည်း ဖြစ်တယ်၊ ဆီးဂိမ်းကလည်း စတော့မှာဆိုတော့ လုံခြုံရေးကို ဘာသတင်းမှမရလဲ တိုးမြှင့်နေတာပါ။

မေး။   ။ ဗုံးက ဘာအမျိုးအစားဆိုတာလည်း မသိသေးဘူး၊ ပြည်သူတွေအနေနဲ့ ရှောင်လို့ရအောင် အသိပညာရအောင် ဘယ်လိုပြောချင်ပါသလဲ။

ဖြေ။   ။ ကျွန်တော် ဒီနေ့တွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ပြည်သူတွေက စပ်စုချင်တယ်၊ အရမ်းကြည့်ချင်တယ်၊ 
ဒီအန္တရာယ် ကင်းဖို့အရေးကို ကြိုးစားအားထုတ်မှု အားနည်းတယ်လို့ ကျွန်တော်တို့ ပြည်သူတွေကို အဲ့လိုမြင်တယ်၊ ကျွန်တော်တို့က ကြည့်တယ်ဆိုတာက တာဝန်ရှိလို့ အနီးကပ် ကြည့်တယ်၊ မှတ်တမ်းတင်တယ်၊ ကျွန်တော်တို့ ထိခိုက်မယ်ဆိုရင် ဒါက တာဝန်ကြောင့်ပါ၊ ပြည်သူတွေကို အန္တရာယ်ရှိပါတယ်ဆို အန္တရာယ် ကင်းအောင်နေသင့်တယ်၊ အဲ့လိုမဟုတ်ဘူး၊ မနက်က ဘေးကင်းအောင် ရှောင်ရှားဖို့ပြောတာကို အကြိမ်ကြိမ် မေတ္တာရပ်ခံရတယ်၊ ချက်ချင်းရှောင်ဖို့ အသိမရှိကြဘူး၊ အန္တရာယ်ရှိတာကို ရှောင်ကြစေချင်တယ်၊ ဒီခေတ်မှာ သတင်းအချက်အလက်လည်း မြန်တော့ သိရမှာပါ၊ မနက်က ပြည်သူတွေကို တော်တော်ကို ပြောယူရတယ်။

ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဆိုတော့ အခြားအရာတွေနဲ့တော့ ယှဉ်ပြီး မပြောစေချင်ဘူး။ လုပ်စရာတွေက အများကြီးပဲဆိုပေမယ့် အားနည်းချက်တွေနဲ့ ရင်ဆိုင်လုပ်ကိုင်နေရတာတွေ၊ လျှောက်နေရတာတွေ ရှိပါတယ်၊ အလုပ်လုပ်ရင်းနဲ့တော့ နောက်ပိုင်းမှာ ကောင်းသွားမှာပါ။
==========================================
ပုံအညွှန်း- စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၁၀ နာရီခန့်က အလုံမြို့နယ် စောရန်ပိုင် အနောက်ရက်ကွက် ကမ်းနားလမ်းရှိ WesternRoyal Park II စားသောက်ဆိုင်ရှိ စားပွဲအောက်တွင် ဗုံးတွေ့ရှိမှု ဖြစ်ပွါးခဲ့ပြီး အလုံမြို့နယ်ရဲစခန်းမှာ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားစဉ်။

နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၂၃ နာရီ ၂၈ မိနစ်

အောက်တိုဘာလ ၁၄ ရက် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင်ရပ်ကွက် Western Park 2 စားသောက်ဆိုင်တွင် ဗုံး တစ်လုံးတွေ့ရှိခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍မဇ္ဈိမသတင်းထောက် နန်းလွင်နှင်းပွင့်က အလုံမြို့နယ် ရဲစခန်း၊ စခန်းမှူး ဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ ။ ဒီနေ့ ဗုံးကို စပြီးတွေ့ခဲ့တဲ့အခြေအနေကို ပြောပြပါဦး။

ဖြေ။ ။ ၁ဝ နာရီကျော်ကျော်လောက်မှာ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင်ရပ်ကွက် Western Park 2 စားသောက်ဆိုင်မှာ စားပွဲထိုးတာဝန် ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးက တွေ့လို့ ဆိုင် မန်နေဂျာကနေတစ်ဆင့် ၁၁ နာရီ ၄၅ မိနစ်မှာ အကြောင်းကြားတယ်၊ ကျွန်တော်တို့လည်း သိသိချင်းပဲ ဆိုင်ကို ၁၁ နာရီ ၅ဝ မိနစ်မှာ ရောက်သွားပြီး ခုနက အထုပ်ထားတဲ့နေရာကို စစ်ဆေးတော့ ကြွကြွပ်အိတ်အနက်ရောင်နဲ့ ထည့်ထားတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis