အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ အတော့်ကို ရောယှက် ရှုပ်ထွေးနေတာကြောင့် ဘယ်တော့လောက် စောစော ရုပ်သိမ်းနိုင်မယ်ဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး တဲ့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျင်မ် ၀က်ဘ်က အဲဒီလို ပြောသွားတာပါ။ ဒါပေမဲ့လည်း အခုအချိန်ဟာ အခွင့်အလန်းအတွက် အချိန်အခါကောင်းဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ အပြည့်အစုံကို သတင်းစာရှင်းလင်းပွဲ ကိုယ်တိုင် သွားတက်ခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ သတင်းပေးပို့ထားပါ တယ်။
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတွေကို ဖယ်ရှားဖို့ လိုလားသူအဖြစ် သိထားကြတာကြောင့် သူ့ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်အပြီး အဓိက စိတ်ဝင်စားကြတဲ့မေးခွန်းက အရေးယူထားတာတွေကို ဘယ်လောက်မြန်မြန် ရုပ်သိမ်းနိုင်မလည်းဆိုတာပါပဲ။