တက္က သိုလ်စာမေးပွဲများတွင် စာခိုးချ ဖြေဆိုမှုများအား ဆရာ၊ ဆရာမ
များအနေဖြင့် ရဲရဲဝံ့ဝံ့ အရေးယူ ရန်လိုအပ်ကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန
(အောက်မြန်မာ ပြည်)မှညွှန်ကြားရေးမှူး ဦးဉာဏ် ဝင်းအောင်က ပြောကြားသည်။ယခင်က
တက္ကသိုလ်ကျောင်း သားများသည် စာမေးပွဲ ဖြေဆိုရာတွင်
စာခိုးချမှုများပြုလုပ်သည် ကို စာမေးပွဲ အခန်းစောင့်ဆရာ များက
သိရှိသိမ်းဆည်းအရေးယူ သည်ကိုမကျေနပ်၍ ယင်းဆရာ အား ရိုက်နှက်မည်ဟု
ခြိမ်းခြောက် မှုများရှိခဲ့ဖူးကြောင်း တက္ကသိုလ် ဆရာ အသိုင်းအဝိုင်းမှ
သိရသည်။
''အခုနောက်ပိုင်းတော့ ဒီ လို ခြိမ်းခြောက်တာမျိုးတွေ
မကြား မိတော့ဘူး။ စာမေးပွဲဖြေချိန်တွေ မှာဆိုရင် ပါမောက္ခချုပ်တွေ၊ ပါ
မောက္ခတွေကိုယ်တိုင် လှည့်လည် စစ်ဆေးတာမျိုးတွေ လုပ်နေတဲ့ အတွက် ဒါတွေကတော့
ဖြစ်စရာ မရှိတော့ပါဘူး'' ဟု ဦးဉာဏ်ဝင်း အောင်က ထပ်မံပြောသည်။
ယခင်က ယင်းကဲ့သို့သော ကျောင်းသားများ၏ ခြိမ်းခြောက် မှုများ
ရှိခဲ့ခြင်းကြောင့် စာခိုးချမှု များကို အရေးမယူကြခြင်းများရှိ ခဲ့ကြောင်း၊
ယင်းကဲ့သို့သော ခြိမ်း ခြောက်မှုများကိုဂရုမထားဘဲ ရဲဝံ့ စွာအရေးယူနိုင်ရန်
လိုအပ်ကြောင်း ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာဦးဇော်သူရက ပြော သည်။
တက္က သိုလ်စာမေးပွဲများတွင် စာခိုးချ ဖြေဆိုမှုများအား ဆရာ၊ ဆရာမ များအနေဖြင့် ရဲရဲဝံ့ဝံ့ အရေးယူ ရန်လိုအပ်ကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန (အောက်မြန်မာ ပြည်)မှညွှန်ကြားရေးမှူး ဦးဉာဏ် ဝင်းအောင်က ပြောကြားသည်။ယခင်က တက္ကသိုလ်ကျောင်း သားများသည် စာမေးပွဲ ဖြေဆိုရာတွင် စာခိုးချမှုများပြုလုပ်သည် ကို စာမေးပွဲ အခန်းစောင့်ဆရာ များက သိရှိသိမ်းဆည်းအရေးယူ သည်ကိုမကျေနပ်၍ ယင်းဆရာ အား ရိုက်နှက်မည်ဟု ခြိမ်းခြောက် မှုများရှိခဲ့ဖူးကြောင်း တက္ကသိုလ် ဆရာ အသိုင်းအဝိုင်းမှ သိရသည်။
''အခုနောက်ပိုင်းတော့ ဒီ လို ခြိမ်းခြောက်တာမျိုးတွေ မကြား မိတော့ဘူး။ စာမေးပွဲဖြေချိန်တွေ မှာဆိုရင် ပါမောက္ခချုပ်တွေ၊ ပါ မောက္ခတွေကိုယ်တိုင် လှည့်လည် စစ်ဆေးတာမျိုးတွေ လုပ်နေတဲ့ အတွက် ဒါတွေကတော့ ဖြစ်စရာ မရှိတော့ပါဘူး'' ဟု ဦးဉာဏ်ဝင်း အောင်က ထပ်မံပြောသည်။
ယခင်က ယင်းကဲ့သို့သော ကျောင်းသားများ၏ ခြိမ်းခြောက် မှုများ ရှိခဲ့ခြင်းကြောင့် စာခိုးချမှု များကို အရေးမယူကြခြင်းများရှိ ခဲ့ကြောင်း၊ ယင်းကဲ့သို့သော ခြိမ်း ခြောက်မှုများကိုဂရုမထားဘဲ ရဲဝံ့ စွာအရေးယူနိုင်ရန် လိုအပ်ကြောင်း ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာဦးဇော်သူရက ပြော သည်။











![မြကန်သာသောက်ရေကန် အဆိပ်ခတ်သည်ဟု ကောလာဟလဖြန့်သူကို အုပ်ချုပ်ရေးမှူးက တရားစွဲရန်စီစဉ်
*********************************************
သာကေတမြို့နယ် (၄)ရပ်ကွက် တောင်ပိုင်းတွင်ရှိသော မြကန်သာ သောက်ရေကန်တွင် အဆိပ်ခတ် သည်ဟု ကောလာဟလဖြန့်သူကို ဥပဒေနှင့်အညီ တရားစွဲဆိုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါကောလဟာလ ဖြန့် သူဦး---မှာ ၄/မြောက်ရပ်ကွက် မြို့မ (၉)လမ်းတွင်နေထိုင်သူဖြစ် ပြီး ယင်းကိုရပ်ကွက်အုပ်ချုပ်ရေး မှူးက တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ''ရေ ကန်အဆိပ်ခတ်တယ်ဆိုပြီး ၄/ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး က အကြောင်းကြားတော့ ဌာနဆိုင် ရာတွေက သွားကြည့်ကြတယ်။ ရေကို မြို့နယ်ကျန်းမာရေးကနေ တစ်ဆင့် ဓာတ်ခွဲခန်းကိုပို့ပြီးစစ် ဆေးတော့ ရေမှာအဆိပ်သင့်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ စစ်ဆေး ချက်အဖြေထွက်လာတယ်။ အခု ၄/ တောင်ရပ်ကွက်အုပ်ချုပ်ရေး မှူးက တရားလိုပြုပြီး ကောလာဟ လဖြန့်တဲ့သူကို ဥပဒေနဲ့အညီအ ရေးယူဖို့ဆောင်ရွက်နေတယ်။ ဒါ ဟာ နောက်ထပ်ဒီလိုမျိုးတွေ မဖြစ် ရအောင် ကြိုတင်သတိပေးလိုက် တဲ့သဘောပါ'' ဟု မြို့နယ်အုပ်ချုပ် ရေးမှူးဦးစန်းမင်းက ပြောသည်။
ဩဂုတ် ၂ရရက် မွန်းလွဲ ၁ နာရီတွင် မြကန်သာသောက်ရေ ကန်ပေါ်မှ အမည်မသိသူ သုံးဦး ဆင်းလာသည်ကို ဦး---ကတွေ့မြင် ပြီး ယင်းတို့အနက်တစ်ဦးမှာ လုပ် ပြီးပြီလားဟုမေးရာ ကျန်နှစ်ဦးမှ လုပ်ပြီးပြီဟုဖြေဆိုသဖြင့် ရေကန် ပေါ်သို့သွားရောက်ကြည့်ရာ အ စိမ်းရောင်ဆေးများတွေ့သဖြင့် ၎င်းကိုယ်တိုင် ကန်အတွင်းသို့ဆင်း ၍ ရေများကိုခပ်ထုတ်ခြင်း၊ ပတ် ဝန်းကျင်သို့အဆိပ်ခတ်သည်ဟု ပြောသဖြင့် လူစုလူဝေးဖြစ်ပွား သွားကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ သက်ဆိုင်ရာဌာနများမှ ကန်ရေကိုစစ်ဆေးရာအဆိပ်ဖြစ် စေသော ဓာတုဆေးများမတွေ့ ရှိရကြောင်း ဓာတုဗေဒဝန်ရုံးမှ စစ်ဆေးချက်အရသိရသည်။
''အဲဒီနေ့က ဦးတို့ဒီအကြော် တဲမှာ ထမင်းစားနေတဲ့ အချိန်မှာ ဖြစ်တာပါ။ မိန်းမတစ်ဦးလာပြီး ဦးတို့ကိုပြောသွားတယ်။ ကန်ပေါ် မှာ ဆေးပုံးတွေလာချ သွားတာ တွေ့တယ်လို့ပြောပြီး ဥက္ကဋ္ဌကို သွားပြောပေးဖို့ ပြောတယ်။ ဦးလဲ ဥက္ကဋ္ဌကိုသွားပြောတော့ သူက ကန်ထဲကရေတွေကို ခပ်ထုတ်ဖို့ ပြောလို့ ဦးကခပ်ထုတ်ပေးရတာ ပါ။ အဲဒီသတင်းကတဖြည်းဖြည်း ပျံ့သွားပြီး လူတွေစုလာတယ်။ ဦးကသူတို့ကို အဆိပ်ခတ်တယ်လို့ တော့မပြောဘူး။ ဆေးရည်တွေ တွေ့တယ်လို့ပဲပြောတာ။ စေတနာ နဲ့ ဥက္ကဋ္ဌကိုသွားပြောပေးတာပဲ ရှိတယ်။ အဲဒီအချိန်က ကျွန်တော် လဲအရက်နည်းနည်းမူးနေတယ်။ ဒါနဲ့ပတ်သက်ပြီး တရားစွဲမယ်လုပ် ထားတာကိုလဲ မသိသေးပါဘူး''ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုရန်စီစဉ်နေသည့် ယင်း ရပ်ကွက်မြို့မ (၉)လမ်းတွင် နေ ထိုင်သူကပြောသည်။
ယင်းအမှုကို ၄/ တောင်ရပ် ကွက် အုပ်ချုပ်ရေးမှူးမှ တရား လိုပြုလုပ်၍ တရားစွဲဆိုရန် ဆောင် ရွက်နေကြောင်း သိရသည်။
''မြို့နယ်အေးချမ်းသာယာ ဖို့အတွက် ဥပဒေအတိုင်းဆောင် ရွက်ရမှာပဲ။ ကောလာဟလက ဖြစ် တတ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်လာရင် အရေးယူဖို့ထက် ကြို တင်ကာကွယ်တာက ပိုကောင်း တယ်။ ဒီမြို့နယ်က ဧရိယာကျဉ်း တော့ တစ်ခုခုဖြစ်ရင် လူစုတာမြန် တယ်။ ဒါကြောင့်ဥပဒေနဲ့အညီ ကြိုတင်ကာကွယ်ရမှာပဲ''ဟု မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
[ သင်းအိအိပိုင်၊ မြတ်မိုးအောင် ၊ရန်ကုန်တိုင်းမ် ]](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-ash3/s403x403/559361_515434768545377_1704582970_n.jpg)








![မြွေ ၈၅ဝကို အရောင်းအဝယ်လုပ်သူအားနယူးယောက်၌ အာဏာပိုင်များတွေ့ရှိ
[ Ref:CNN ၊ နယူယောက် ၊ စက်တင်ဘာ ၂၀ ]
မသန်စွမ်းသောတိရစ္ဆာန် ထိန်းချုပ်ရေးအရာရှိတစ်ဦးသည် ခြောက်ပေရှည်လျားသော မြန် မာစပါးအုံးမြွေနှစ်ကောင်အပါ အဝင် မြွေအကောင် ၈၅ဝကိုထိန်း သိမ်းထားကာ နယူးယောက်ဆင် ခြေဖုံးရှိ ၎င်း၏အိမ်မှနေ၍ တရား မဝင်မြွေအရောင်းအဝယ်လုပ်နေ ကြောင်း ကြာသပတေးနေ့ကတွေ့ ရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
နယူးယောက် ဘရွတ်ခ်ဟေ ဗင်မှ ရစ်ချက်ပယ်ရီနယ်လိုသည် အိမ်နှင့်တွဲလျက် ကားဂိုဒေါင်အ တွင်း ကွန်တိန်နာများတွင် အပူ ချိန်မှန်ကန်စွာဖြင့် စနစ်တကျ ထားကြောင်း အကျိုးအမြတ်မယူ သည့်
အဖွဲ့တစ်ခုဖြစ်သော Suf-folk County SPCA ၏အကြီးအကဲ ရွိုင်းဂရော့စ်က ပြောကြားခဲ့သည်။
မြန်မာစပါးအုံးမြွေသည် နယူးယောက်တွင် တရားမဝင်သဖြင့် ပယ်ရီနယ်လို၏ စပါးအုံးမြွေများ ကို ၎င်းအိမ်မှယူဆောင်ကာ မက် ဆာချူးဆက်ရှိ တွားသွားတိရစ္ဆာန် ဘေးမဲ့တောသို့ ပို့ဆောင်ခဲ့သည်။ ကျန်မြွေများမှာ ၎င်း၏ဂိုဒေါင်ထဲ တွင်ရှိနေဆဲဖြစ်ကြောင်း ဘရွတ်ခ် ဟေဗင်မှ ဆက်သွယ်ရေးဒါရိုက် တာဂျက်စရိတ်ဂါက ပြောကြား ခဲ့သည်။
မြန်မာစပါးအုံး၊ ဘိုအားစပါး ကြီးအပါအဝင် မြွေအမျိုးမျိုး ပြည် တွင်းပြည်ပ ရောင်းချရန်ရှိကြောင်း ဝက်ဘ်ဆိုက် Snakeman's Exotics တွင် ပယ်ရီနယ်လိုက ကြေ ညာခဲ့သည်။ ပယ်ရီနယ်လိုကို ဖမ်း ဆီးခြင်းမပြုသကဲ့သို့ ပြစ်မှုဆိုင်ရာ စွဲချက်လည်းမတင်ခဲ့ပေ။ သို့သော် လည်း လူနေထိုင်ရာအရပ်တွင် ယခုကဲ့သို့ လုပ်ငန်းများလုပ်သဖြင့် မြို့၏ စည်းကမ်းဥပဒေကို ချိုး ဖောက်ရာရောက်နေကြောင်း ဆို သည်။](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-prn2/s403x403/1238922_651205061565084_420776880_n.jpg)




