menu

Sunday 15 September 2013

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဖခင် နှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိ



တာချီလိတ် ၊ ၁၅-၉-၂၀၁၃
၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှု ကြောင့် ဦးစိုင်းစိုင်း နှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း (ခ) လုံးလုံး အား ဒဏ်ရာများ ရရှိ၍ ဆေးရုံးသို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မယ်ခေါင်ရပ်ကွက် ၊ ၁/၈၆ ၊  ၁ လမ်း ၊ တာချီလိတ်မြို့ နေ အရှေ့ မိုးသောက်ကြယ် မိသားစု ကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းစိုင်း ယာဉ်မောင်း သည် ၄င်း၏ ဇနီးဖြစ်သူ မနန်းခမ်းတစ်လုံ ၊ အိမ်အကူ မချိုစန်း တို့ လိုက်ပါ လာသော ၆ဂ/ VIGO CHAMP အဖြူရောင် မော်တော်ယာဉ် သည် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး ( ၄/၂ဝ၁၃ ) နှစ်အား မူကြိုကျောင်း မှ ကြိုပြီး ပြန်လာ စဉ် ရွှေမြေသာယာ ဈေးရှေ့ ဦးစိုင်းစိုင်း ၏ နေအိမ် အနီး အရောက် တွင် ဆိုင်ကယ် ဦးထုပ် ဆောင်းထားသော အမျိုးသား ၂ ဦး ( အမည်စုံစမ်းဆဲ ) မှ မော်တော်ယာဉ် ၏ ယာဘက်ဘေး မှ မော်တော် ဆိုင်ကယ် စီးနင်းလာပြီး သေနတ် အတိုဖြင့် (၃) ချက်ခန့် ပစ်ခတ် ထွက်ပြေး သွားကြောင်း ၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် ၏ ယာဉ်မောင်း ယာဘက်ဘေး မှန်တစ်ချပ် ကွဲသွားပြီး ဦးစိုင်းစိုင်း တွင် မေးစေ့ ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်
============================
တိုကျို ၊ စက်တင်ဘာ(၁၃) ၊ Ref-AFP
============================
Maori  မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး  Erana Te Haeata Brewerton  အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ   Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း  AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက   Kenji Sekine   က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko  ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

တိုကျို ၊ စက်တင်ဘာ(၁၃) ၊ Ref-AFP

Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

"ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံ Prague မြို့ကိုရောက်ရှိ"

"ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံ Prague မြို့ကိုရောက်ရှိ"

NLD အမျိုးသားဒီမိုကရေစီအခွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် Forum 2000 ညီလာခံတက်ရောက်ဖို့ Prague မြို့ကို မနေ့ညနေ ၅ နာရီက ရောက်ရှိသွားပါတယ်။

ဒီညနေနဲ့ မနက်ဖြန်ကျင်းပမယ့် Forum 2000 ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ်လို့ Prague မြန်မာ့အဖွဲ့အစည်း ညွှန်ကြားရေးမှူး ဒေါ်စပယ်စိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံကတဆင့် ဟန်ဂေရီနိုင်ငံကို ရောက်ရှိခဲ့ပြီး ဥရောပသုံးနိုင်ငံ ခရီးစဉ်ထဲက နောက်ဆုံး ခရီးဖြစ်တဲ့ချက်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိသွားတာလည်းဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို မပြတ်ထောက်ခံအားပေးခဲ့တဲ့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Va’clav Havel နဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ၊ ရိုမေးနီးယားနိုင်ငံဖွား- ဂျူး -အမေရိကန် စာပေနိုဘယ်ဆုရှင် ပါမောက္ခ Elie Wiesel တို့ ၁၉၉၆ ခုနှစ်က ထူထောင်ခဲ့တဲ့ Forum 2000 ညီလာခံစတင်ကျင်းပချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပေမဲ့ နေအိမ်အကျယ်ချုပ် ကျနေတဲ့အတွက် ခုကျင်းပတဲ့ ၁၇ ကြိမ်မြောက် ညီလာခံရောက်မှ တက်ရောက်နိုင်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ချက်သမ္မတ မီးလော့စ် ဇီးမန်း၊ ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ စသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ဒါ့အပြင် ဒီညီလာခံကို တက်ရောက်မယ့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တောင်အာဖရိက သမ္မတဟောင်း D Klerk နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။
------------------------------------------------
RFA Burmese.


NLD အမျိုးသားဒီမိုကရေစီအခွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပမယ့် Forum 2000 ညီလာခံတက်ရောက်ဖို့ Prague မြို့ကို မနေ့ညနေ ၅ နာရီက ရောက်ရှိသွားပါတယ်။

ဒီညနေနဲ့ မနက်ဖြန်ကျင်းပမယ့် Forum 2000 ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ်လို့ Prague မြန်မာ့အဖွဲ့အစည်း ညွှန်ကြားရေးမှူး ဒေါ်စပယ်စိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံကတဆင့် ဟန်ဂေရီနိုင်ငံကို ရောက်ရှိခဲ့ပြီး ဥရောပသုံးနိုင်ငံ ခရီးစဉ်ထဲက နောက်ဆုံး ခရီးဖြစ်တဲ့ချက်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိသွားတာလည်းဖြစ်ပါတယ်။

ဓာတုလက်နက်များကို ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်ထား

ဓာတုလက်နက်များကို ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်ထား
================================
ဝါရှင်တန် ၊စက်တင်ဘာ(၁၃)၊ Ref-AFP
================================
အမေရိကန်မှ ဖြိုခွင်းလို သော ဆီးရီးယားဓာတုလက်နက် များကို ဆီးရီးယားရှိနေရာပေါင်း ၅ဝတွင် ဖြန့်ကြက်ထားခဲ့ကြောင်း Wall Street Journal  တွင် ဖော် ပြခဲ့သည်။ 
ဆီးရီးယားဓာတုလက်နက် များကို ပြောင်းရွှေ့ရန် ဆီးရီးယား စစ်တပ်ကို တာဝန်ပေးခဲ့ကြောင်း နှင့် ထိုလက်နက်များ လုံခြုံစိတ် ချစေရန် ရုရှားမှစီစဉ်နေသည်နှင့် ပတ်သက်ပြီး မေးခွန်းများပေါ် ထွက်လာစေကြောင်း အမေရိကန်၊ အရှေ့အလယ်ပိုင်းသတင်းများ အရ ကိုးကားပြီး ဖော်ပြခဲ့သည်။
ဩဂုတ်၂၁ရက်က တိုက် ခိုက်မှုတွင် အဆိပ်ဓာတ်ငွေ့ပါဝင် မှုကြောင့် ကလေးငယ်ပေါင်း ၄၀၀ အပါအဝင် လူ၁၄၀ဝခန့် သေဆုံး ခဲ့ရသည်ဟု အမေရိကန်မှ စွပ်စွဲခဲ့ သည်။ မီဒီယာသတင်းများအရ ဆီးရီးယားစစ်တပ် Unit 450 သည် လပေါင်းများစွာက ပစ္စည်း များပြောင်းရွှေ့နေခဲ့ကြောင်း သိ ရသည်။ လွန်ခဲ့သောတစ်နှစ်ခန့် ကစပြီး သေစေနိုင်လောက်သော လက်နက်များကို ဆီးရီးယားအ နောက်ဘက်ရှိ နေရာပေါင်းများ စွာတွင် ပြောင်းရွှေ့ထားခဲ့သည်။
ဆီးရီးယားအနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့ရှိ နေရာပေါင်း ၅၀ တွင် လက်နက်များဖြန့်ကြက်ထား ခဲ့ကြောင်း၊ အမေရိကန်မှ သဘော ပေါက်ခဲ့သည်။ ထို့ကြောင့် ဓာတု လက်နက်များ ထပ်မံဖြန့်ဝေသော် လည်း အမေရိကန်နှင့် အစ္စရေး ထောက်လှမ်းရေးများက အဆိုပါ လက်နက်တည်နေရာကို သိကြောင်း ယုံကြည်နေရဆဲဖြစ်သည်။
အမေရိကန်မှ ဂြိုဟ်တုဖြင့် ဆီးရီးယားယာဉ်များကို ခြေရာခံ ခဲ့သော်လည်း ယာဉ်ထဲတွင် မည် သည့်ပစ္စည်းပါသည်ကို မသိရပေ။ သမ္မတဘာရှားအယ်လ်အာဆတ် သည် အမေရိကန်၏တိုက်တွန်းမှု ဖြင့် ဓာတုလက်နက်အသုံးပြုမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း ဓာတု လက်နက်ကို လုံခြုံစိတ်ချရအောင် မည်သို့စီစဉ်နေသည်ကို သံသယ ဖြစ်ခဲ့ရသည်။

ဝါရှင်တန် ၊စက်တင်ဘာ(၁၃)၊

အမေရိကန်မှ ဖြိုခွင်းလို သော ဆီးရီးယားဓာတုလက်နက် များကို ဆီးရီးယားရှိနေရာပေါင်း ၅ဝတွင် ဖြန့်ကြက်ထားခဲ့ကြောင်း Wall Street Journal တွင် ဖော် ပြခဲ့သည်။
ဆီးရီးယားဓာတုလက်နက် များကို ပြောင်းရွှေ့ရန် ဆီးရီးယား စစ်တပ်ကို တာဝန်ပေးခဲ့ကြောင်း နှင့် ထိုလက်နက်များ လုံခြုံစိတ် ချစေရန် ရုရှားမှစီစဉ်နေသည်နှင့် ပတ်သက်ပြီး မေးခွန်းများပေါ် ထွက်လာစေကြောင်း အမေရိကန်၊ အရှေ့အလယ်ပိုင်းသတင်းများ အရ ကိုးကားပြီး ဖော်ပြခဲ့သည်။
ဩဂုတ်၂၁ရက်က တိုက် ခိုက်မှုတွင် အဆိပ်ဓာတ်ငွေ့ပါဝင် မှုကြောင့် ကလေးငယ်ပေါင်း ၄၀၀ အပါအဝင် လူ၁၄၀ဝခန့် သေဆုံး ခဲ့ရသည်ဟု အမေရိကန်မှ စွပ်စွဲခဲ့ သည်။ မီဒီယာသတင်းများအရ ဆီးရီးယားစစ်တပ် Unit 450 သည် လပေါင်းများစွာက ပစ္စည်း များပြောင်းရွှေ့နေခဲ့ကြောင်း သိ ရသည်။ လွန်ခဲ့သောတစ်နှစ်ခန့် ကစပြီး သေစေနိုင်လောက်သော လက်နက်များကို ဆီးရီးယားအ နောက်ဘက်ရှိ နေရာပေါင်းများ စွာတွင် ပြောင်းရွှေ့ထားခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်အမှတ်(၈)ကို ကျောက်သယ်ယာဉ် ဝင်တိုက်

ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်အမှတ်(၈)ကို ကျောက်သယ်ယာဉ် ဝင်တိုက်
===========================
မန်းကိုကို ၊ စက်တင်ဘာ(၁၃) ၊ မန္တလေး
===========================
မန္တ လေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်အမှတ်(၈)ကို စက် တင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က တီအီး-၂၁ ဟီး နိုး သဲကျောက်သယ်ယာဉ်သည် ရှေ့ယာဘက်ဘီးကွဲထွက်ကာ အ ရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက် ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
ဖြစ်စဉ်မှာ ၁၂ လမ်းအတိုင်း ယာဉ်မောင်း ချမ်းငြိမ်းဇော် (ဘ) ဦးခိုင်ဝင်း အုန်းချောကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူ မောင်း နှင်လာသည့် တီအီး-၂၁ ဟီးနိုး သဲကျောက်သယ်ယာဉ် အမှတ် စ/...သည် ရှေ့ယာဘက် ဘီးကွဲထွက်ကာ အရှိန်မထိန်းနိုင် ဘဲ ပလက်ဖောင်းအား ကျော် တက်၍ သုဓမ္မာဇရပ်ကို တိုက် မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ပလက်ဖောင်းပျက်စီးခြင်း၊ သုဓမ္မာ ဇရပ်မုခ်ဦးပန်းဆွဲပျက်စီးခြင်းနှင့် ကုသိုလ်ရှင် ကမ္ပည်းမော်ကွန်း ကျောက်စာပျက်စီးခြင်းတို့ဖြစ် ပေါ်ခဲ့၍ ယာဉ်မောင်းအား မန္တ လေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှအမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group  < Thanks
Re-posted By ACM 15-9-2013 
https://www.facebook.com/excellencemedia

မန်းကိုကို ၊ စက်တင်ဘာ(၁၃) ၊ မန္တလေး

မန္တ လေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်အမှတ်(၈)ကို စက် တင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က တီအီး-၂၁ ဟီး နိုး သဲကျောက်သယ်ယာဉ်သည် ရှေ့ယာဘက်ဘီးကွဲထွက်ကာ အ ရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက် ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း
သိ ရသည်။
ဖြစ်စဉ်မှာ ၁၂ လမ်းအတိုင်း ယာဉ်မောင်း ချမ်းငြိမ်းဇော် (ဘ) ဦးခိုင်ဝင်း အုန်းချောကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူ မောင်း နှင်လာသည့် တီအီး-၂၁ ဟီးနိုး သဲကျောက်သယ်ယာဉ် အမှတ် စ/...သည် ရှေ့ယာဘက် ဘီးကွဲထွက်ကာ အရှိန်မထိန်းနိုင် ဘဲ ပလက်ဖောင်းအား ကျော် တက်၍ သုဓမ္မာဇရပ်ကို တိုက် မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ပလက်ဖောင်းပျက်စီးခြင်း၊ သုဓမ္မာ ဇရပ်မုခ်ဦးပန်းဆွဲပျက်စီးခြင်းန
ှင့် ကုသိုလ်ရှင် ကမ္ပည်းမော်ကွန်း ကျောက်စာပျက်စီးခြင်းတို့ဖြစ် ပေါ်ခဲ့၍ ယာဉ်မောင်းအား မန္တ လေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှအမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Yangon Media Group

ကုသခွင့်လိုင်စင်မရှိသော နိုင်ငံခြားသား ဆရာဝန်များကို အရေးယူမည်

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ဆေးခန်းများတွင် ဆေးကုသခွင့် လိုင်စင် မှတ်ပုံတင်ခြင်း မရှိသော နိုင်ငံခြားသား ဆရာဝန်များကို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့က ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးပစ္စည်းများ၊ ဆေးကုသမှု နည်းစနစ် ဆေးကုသမှုဆိုင်ရာ စက်ကိရိယာများ ရှိနေပြီး မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆရာဝန်များ သာမက တရုတ်ဆေးဆရာများကိုပါ တွေ့ရှိရကြောင်း ၎င်းကရှင်းပြသည်။

လမ်းမတော်၊ လသာနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် ရောဂါမျိုးစုံ အာမခံ ကုသပေးနေသော ဆေးခန်းများနှင့် အခြားမြို့နယ်များရှိ ဆေးခန်းများကို အခါအားလျော်စွာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ပေးရန် အစီစဉ်ရှိ၊ မရှိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်၏ မေးမြန်းချက်ကို လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ်ချောက်ထဲကျ၍ ၉ ဦးသေဆုံး

မော်တော်ယာဉ်ချောက်ထဲကျ၍ ၉ ဦးသေဆုံး

နေပြည်တော်၊ စက်တင်ဘာ ၁၅

	၁၄-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦးကြည်ဝင်း(၅၄)နှစ် မောင်းနှင်လာသည့် ၇က/xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊ ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့သည်။ ထိုသို့ထိုးကျသွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်(၂၃)ဦးအနက် မလှိုင်မြို့နယ်၊ ရေကမိုးရွာနေ ကိုစိုးမိုး(၃၅)နှစ်ပါ ကျား ၂ ဦး၊ မ ၅ ဦး၊ ကလေး ၁ ဦး၊ စုစုပေါင်း(၈)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသွားခဲ့သည်။
	ထို့ပြင် ကျန်ရှိသည့်ခရီးသည်(၁၄)ဦးအနက် မိတ်္ထီလာမြို့၊ ရွှေတောရွာနေ ဗလ(ခ)ထွန်းထွန်းနိုင် (၂၉)နှစ်နှင့်အမျိုးသမီး ၁ ဦးတို့တွင် ဦးခေါင်းထိမိပြီး သတိမရ၊ ယာဉ်မောင်း ဦးကြည်ဝင်း(၅၄)နှစ်ပါ (၁၂)ဦးတွင် ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦးကြည်ဝင်းအား မိုင်းဖြတ်မြို့မရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၅

၁၄-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦးကြည်ဝင်း(၅၄)နှစ် မောင်းနှင်လာသည့် ၇က/
xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊ ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့သည်။ ထိုသို့ထိုးကျသွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်(၂၃)ဦးအနက် မလှိုင်မြို့နယ်၊ ရေကမိုးရွာနေ ကိုစိုးမိုး(၃၅)နှစ်ပါ ကျား ၂ ဦး၊ မ ၅ ဦး၊ ကလေး ၁ ဦး၊ စုစုပေါင်း(၈)ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသွားခဲ့သည်။

ဗြောက်အိုးနှင့်မီးပန်းသည် ကလေးများ နားနှင့်မျက်စိကို ထိခိုက်ရုံ သာမက နှလုံးရောဂါရှိသူများအတွက် အသက်အန္တရာယ်ရှိနိုင်

ဗြောက် အိုးများနှင့် မီးပန်းများသည် က လေးငယ်များ၏ နားနှင့်မျက်လုံးကို ထိခိုက်စေနိုင်ရုံသာမက နှလုံး ရောဂါရှိသူများအနေဖြင့် အသက် အန္တရာယ်ပင်ရှိနိုင်သည့်အတွက် မိဘများအနေဖြင့် ဂရုပြုရန် လို အပ်ကြောင်း အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာအောင် ဆန်းဝင်းက သတိပေးပြောကြား လိုက်သည်။

ဗြောက်အိုးများနှင့် မီးရှူး မီးပန်းများကို ကလေးငယ်များက ပူဆာခြင်းကြောင့် အန္တရာယ် မဖြစ်နိုင်ဟုယူဆရသော ကလေး ငယ်များ ဆော့ကစားနိုင်သည့် ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ ကို ဝယ်ယူပေးလေ့ရှိရာ ကလေး ငယ်များမှာ နှစ်စဉ်ဆေးခန်းများ သို့ရောက်ရှိလာခြင်းများရှိသည့် အတွက် ယင်းသို့ သတိပေးပြော ကြားရခြင်းဖြစ်ကြောင်း သိရ သည်။

KNU နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ မှားယွင်းကြောင်း ၀န်ခံ

KNU နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့မှ မှားယွင်းကြောင်း ၀န်ခံ 
( NEWS COLLECTION )


ကြိုတင် အကြောင်း ကြားခြင်း မရှိသည့် အတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မယ်သဝေါ ဒေသတွင် စက်တင် ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်း၌ တိုက်ပွဲ ဖြစ်ခဲ့ရ သည်ဟု အစိုးရ တပ်ဖွဲ့ ဖက်မှ ၀န်ခံကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။

“ ဖြစ်ဖြစ်ချင်း တပ်မ (၂၂) ဌာနချုပ်ကို ကျနော်တို့ အကြောင်း ကြားတယ်။ သူတို့က ၀န်ခံတယ်။ တောင်းပန် တယ်ပေါ့။ အကြောင်း မကြားဘဲ သွားမိလို့။ တိုက်ပွဲက ခန လေးပါ။ (၁၀) မိနစ်လောက် အများဆုံး ပါဘဲ” ဟုဆိုပါသည်။

ယင်းပစ်ခတ် မှုတွင် နှစ်ဖက် စလုံးမှ ထိခိုက် ဒဏ်ရာ ရမှု မရှိဟု ဆိုပါသည်။ ဖြစ်စဉ်မှာ အစိုးရ တပ်မ (၂၂) မှ တောင်ကလေး အခြေစိုက် ခမရ (၂၀၂) တပ်ဖွဲ့မှ အင်အား (၁၀) ဦးခန့်သည် မယ်သဝေါ ဒေသ မဲပေါက်ချောင်းရှိ KNU တပ်မဟာ (၇) နယ်မြေ ထဲသို့ ကြိုတင် အကြောင်း မကြားဘဲ လူသွားလမ်း မဟုတ်သည့် ခိုးဝင် လမ်းကြောင်းမှ တောတိုးပြီး ၀င်ရောက် လာခြင်း ဖြစ်သဖြင့် KNU တပ်မဟာ (၇) အထူး တပ်ရင်း၏ တပ်ဖွဲ့ တခုက အနီးကပ် ပစ်ခတ် လိုက်ခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် KNU တပ်ဖွဲ့များ ရှိသည့် ကန့်သတ် နယ်မြေ ထဲသို့ ၂ မိုင်ခန့် ကျော်ဝင် လာခဲ့ သော်လည်း အပစ်အခတ် ရပ်စဲရေး ကာလ၌ ပြသနာ မဖြစ် စေလို သဖြင့် မိုးပေါ် ထောင်ပစ် ခဲ့ခြင်း ဖြစ်သည်ဟု KNU ဖက်က ဆိုပါသည်။ ဤပစ်ခတ်မှုသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်း တပ်မဟာ (၇) နယ်မြေ၌ ပထမ အကြိမ် ပစ်ခတ် ကြခြင်း ဖြစ်ပါသည်။

သို့သော်လည်း KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့နယ်ထီးသဒေါင့်ထာ ကျေးရွာ အုပ်စုရှိ ၀ဲကြီး ၌လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ တွင် အစိုးရ နယ်ခြား စောင့်တပ် BGF တပ်အား KNU တပ်မဟာ (၅) တပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ပါ သည်။

ဤဖြစ်စဉ်တွင် BGF အယောင် ဆောင်သော အစိုးရ တပ်များသည် KNU ဒေသ တပ်ဖွဲ့ များအပေါ် သွားလာရေးတွင် အမျိုးမျိုး ကန့်သတ် ချုပ်ချယ် လာခဲ့ရမှ မခံနိုင်သည့် အဆုံး တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်ဟု KNU ဖက်က ဆိုပါသည်။ ယခု ပစ်ခတ် မှုတွင်လည်း ကြိုတင် အကြောင်း မကြား ခဲ့သည်ကို ၀န်ခံသည့် အတွက် အစိုးရ တပ်များသည် သိလျှက်နှင့် တမင် ပြသနာ ဖြစ်ရန် ၄င်းတို့သာ လိုက်လံ ဖန်တီး နေသည်မှာ ထင်ရှားကြောင်း KNU ဖက်က ရှူ့မြင် နေပါသည်။

ဤသို့ကြောင့် KNU တပ်ဖွဲ့ များသည် အစိုးရ တပ်ဖွဲ့ များ၏ လုပ်ရပ် များကို သိရှိ လာသဖြင့် ဤကဲ့ သို့သော ဟန်ဆောင် မှုမျိုး အစိုးရ တပ်ဖွဲ့မှ ထပ်မံ ကျူးလွန် လာပါက မိုးပေါ် ထောင်ပစ် တော့မည် မဟုတ်ကြောင်း KNU တပ်မဟာ (၇) အထူးတပ် ရင်းမှ ဆိုပါသည်။ 

ဖြူဖြူကို

http://abbsoluteright.blogspot.com/2013/09/knu_15.html

ကြိုတင် အကြောင်း ကြားခြင်း မရှိသည့် အတွက် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မယ်သဝေါ ဒေသတွင် စက်တင် ဘာလ (၁၂) ရက်နေ့ နေ့လည်ပိုင်း၌ တိုက်ပွဲ ဖြစ်ခဲ့ရ သည်ဟု အစိုးရ တပ်ဖွဲ့ ဖက်မှ ၀န်ခံကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီက ဆိုပါသည်။

“ ဖြစ်ဖြစ်ချင်း တပ်မ (၂၂) ဌာနချုပ်ကို ကျနော်တို့ အကြောင်း ကြားတယ်။ သူတို့က ၀န်ခံတယ်။ တောင်းပန် တယ်ပေါ့။ အကြောင်း မကြားဘဲ သွားမိလို့။ တိုက်ပွဲက ခန လေးပါ။ (၁၀) မိနစ်လောက် အများဆုံး ပါဘဲ” ဟုဆိုပါသည်။

ယင်းပစ်ခတ် မှုတွင် နှစ်ဖက် စလုံးမှ ထိခိုက် ဒဏ်ရာ ရမှု မရှိဟု ဆိုပါသည်။ ဖြစ်စဉ်မှာ အစိုးရ တပ်မ (၂၂) မှ တောင်ကလေး အခြေစိုက် ခမရ (၂၀၂) တပ်ဖွဲ့မှ အင်အား (၁၀) ဦးခန့်သည် မယ်သဝေါ ဒေသ မဲပေါက်ချောင်းရှိ KNU တပ်မဟာ (၇) နယ်မြေ ထဲသို့ ကြိုတင် အကြောင်း မကြားဘဲ လူသွားလမ်း မဟုတ်သည့် ခိုးဝင် လမ်းကြောင်းမှ တောတိုးပြီး ၀င်ရောက် လာခြင်း ဖြစ်သဖြင့် KNU တပ်မဟာ (၇) အထူး တပ်ရင်း၏ တပ်ဖွဲ့ တခုက အနီးကပ် ပစ်ခတ် လိုက်ခြင်း ဖြစ်ပါသည်။

တရုတ်မြစ်ပေါင်း ၂၈ဝဝဝ ‘ပျောက်ဆုံး’သွားသည့်ကိစ္စနှင့်ဆက်စပ်၍

တစ်ချိန်က တရုတ်နိုင်ငံတွင် မြစ် ပေါင်း ၅ဝဝဝဝ ခန့်ရှိခဲ့ရာမှ တရုတ်ရေ အရင်းအမြစ် ဝန်ကြီးဌာနက လူပေါင်း ၈ဝဝဝဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့သော ”အ မျိုးသားရေ သန်းခေါင် စာရင်း”အရ ရေ ဝေဧရိယာ စတုရန်းမိုင် ၄ဝ နှင့်အထက် ရှိသော မြစ် ၂၂၉ဝ၉ စင်းသာ ရှိတော့ ကြောင်း သိရရာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း တရုတ်မြစ်ေ ချာင်းပေါင်း ၂၈ဝဝဝ ခန့် တိမ်ကောသွား၊ ”ပျောက်ဆုံး” သွား ခြင်းပင် ဖြစ်သည်။
ထိုသို့မြစ်များ လျော့နည်းရခြင်း မှာ စာရင်းကောက်ယူရာတွင် မတိကျ မှု၊ မှားယွင်းလွဲချော်မှု၊ ရေနှင့်မြေဆီလွှာ လျော့နည်းဆုံးရှုံးမှုနှင့် ရာသီဥတုပြောင်း လဲမှုတို့ကြောင့် ဟုတရုတ်အစိုးရ တရားဝင် သတင်းထုတ်ပြန်ချက်က ဆိုသည်။ စာရင်းအင်း ပြုစုရေး အားနည်း ချက်များဆိုရာ၌ တရုတ်နိုင်ငံ၏ စာရင်း ကောက် ယူမှတ်တမ်း တင်ရေးစ နစ်တွင် လိုအပ်ချက်များရှိနေသည်မှာ အမှန် ဖြစ်သည်။  သူတို့ကျင့်သုံးနေသော မြေပုံ စနစ်သည် ရှုပ်ထွေးကာ အမှားအယွင်း များရှိနေသည်။ ဥပမာ ချင်ေ ဒါင်မြစ် ကြောင်း သည် ယခင်မြေပုံထဲ၌ အထင်း သားပေါ်နေခဲ့သည်။ လက်ရှိမျက်မြင်အားဖြင့်လည်း ရေအလုံးအရင်းဖြင့် စီး ဆင်းနေသောမြစ်ဖြစ်သည်။ သို့သော် ထပ်ဆွဲေ သာပုံတွင် မူချင်ဒေါင်မြစ်ကြောင်း နေရာကို ကားလမ်းအဖြစ် မှတ်တမ်း တင်ထားသည်။ ထိုသို့ မြစ်တကယ်ရှိ နေပါလျက်နှင့် မရှိဟုမှားမှတ်မိ၍ မြစ် များ”ပျောက် ဆုံး”သွားခြင်း မျိုးလည်း ရှိ သည်။

လယ်သမားများကို ထမင်းတစ်နပ် လျှော့စားရန် ပြောကြားပြီးနောက် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် တစ်နိုင်ငံလုံး သောက်သုံးရေ မတူးပေးရန် အမိန့်ထုတ်ခဲ့ပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ တောင်သူ လယ်သမားများနှင့် တွေ့ဆုံစဉ် လယ်သမားများအား စိုက်ပျိုးစရိတ် ချေးငွေများ အကျေဆပ်နိုင်ရန် တစ်ရက် ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့ပြီးနောက် တစ်လခန့်အကြာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တူးဖော်ပေးလျက်ရှိသည့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား လုပ်ဆောင်ပေးခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ၀န်ကြီးရုံး တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ယခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူမြို့ရှိ တောင်သူ လယ်သမားများကို ထမင်းတစ်နပ် လျှော့စားကြရန် ပြောကြားခဲ့ပြီးနောက် မီဒီယာများတွင် “တစ်နပ်စား ၀န်ကြီး” အဖြစ် ဖော်ပြရေးသားခြင်း၊ ဝေဖန်ခြင်း ခံခဲ့ရပြီးနောက် တစ်လခန့် အကြာတွင် အထက်ပါအတိုင်း အမိန့်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

၂၀၁၂-၂၀၁၃ ဝင်ငွေခွန်ထမ်းသူ ကုန်သွယ်ရေးလုပ်ငန်း အများဆုံး၊ ကုန်သွယ်ခွန်ထမ်းသူ အဖျော်ယမကာနှင့် စီးကရက် အများဆုံး

Photo: ၂၀၁၂-၂၀၁၃ ဝင်ငွေခွန်ထမ်းသူ ကုန်သွယ်ရေးလုပ်ငန်း အများဆုံး၊ ကုန်သွယ်ခွန်ထမ်းသူ အဖျော်ယမကာနှင့် စီးကရက် အများဆုံး 

ရန်ကုန်၊ စက်တင်ဘာ ၁၄

၂၀၁၂ - ၂၀၁၃ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၅၀၀ ဦး စာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်လိုက်ရာ ဝင်ငွေခွန် ထမ်းဆောင်သူတွင် ကုန်သွယ်ရေးလုပ်ငန်းက အများဆုံး ပါဝင်နေပြီး ကုန်သွယ်ခွန်တွင် အဖျော်ယမကာနှင့် စီးကရက်လုပ်ငန်းများက ထိပ်ဆုံးတွင် ရှိနေသည်။ 

ဝင်ငွေခွန်တွင် ကမ္ဘောဇဘဏ် ကုမ္ပဏီလီမိတက်နှင့် ကုန်သွယ် လုပ်ငန်းခွန်တွင် Myanmar Brewery လီမိတက်တို့က အခွန်အများဆုံး ထမ်းဆောင်သူတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူများအနက် Trading လုပ်ငန်း အမျိုးအစားက အများဆုံးဖြစ်ကာ ၂၇၂ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းက ၃၃ ဦး၊ စက်မှုနှင့် ထုတ်လုပ်ရေးလုပ်ငန်းက ၃၀ ဦး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းက ၃၀ ဦးနှင့် ဘဏ်လုပ်ငန်းက ၁၂ ဦးတို့ ပါဝင်သည်။

ကုန်သွယ်လုပ်ငန်းခွန်တွင် အရက်၊ ဘီယာနှင့် စီးကရက် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီလေးခုက အများဆုံး အခွန်ထမ်းတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ရာတွင် လုပ်ငန်းတစ်ခုကို ကုမ္ပဏီနာမည် တစ်ခုနှင့် လုပ်ကိုင်နေသော ကုမ္ပဏီများရှိပြီး လုပ်ငန်းအားလုံးကို ပေါင်းကာ ကုမ္ပဏီအုပ်စု (Group of Companies) ဖွဲ့ထားသော ကုမ္ပဏီများသာ အခွန်အများဆုံး ထမ်းသောစာရင်းတွင် ပါဝင်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ဆို ကုမ္ပဏီတစ်ခုမကဘူး။ အခွန်ဆောင်တဲ့အခါ လုပ်ငန်းအမျိုးအစား အလိုက်ဆိုတော့ ဒီစာရင်းထဲမှာ မပါနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ - ၂၀၁၂ စည်းကြပ်နှစ် အများဆုံးအခွန်ထမ်း ဦးရေ ၁၀၀ ကို ထုတ်ပြန်ခဲ့သော်လည်း ၂၀၁၂ - ၂၀၁၃ စည်းကြပ်နှစ်အတွက် အခွန်ထမ်းဦးရေ ၅၀၀ အထိ တိုးမြှင့်ထုတ်ပြန်ခြင်း ဖြစ်သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၄

၂၀၁၂ - ၂၀၁၃ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၅၀၀ ဦး စာရင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်လိုက်ရာ ဝင်ငွေခွန် ထမ်းဆောင်သူတွင် ကုန်သွယ်ရေးလုပ်ငန်းက အများဆုံး ပါဝင်နေပြီး ကုန်သွယ်ခွန်တွင် အဖျော်ယမကာနှင့် စီးကရက်လုပ်ငန်းများက ထိပ်ဆုံးတွင် ရှိနေသည်။

ဝင်ငွေခွန်တွင် ကမ္ဘောဇဘဏ် ကုမ္ပဏီလီမိတက်နှင့် ကုန်သွယ် လုပ်ငန်းခွန်တွင် Myanmar Brewery လီမိတက်တို့က အခွန်အများဆုံး ထမ်းဆောင်သူတို့ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူများအနက် Trading လုပ်ငန်း အမျိုးအစားက အများဆုံးဖြစ်ကာ ၂၇၂ ဦး၊ ဝန်ဆောင်မှု လုပ်ငန်းက ၃၃ ဦး၊ စက်မှုနှင့် ထုတ်လုပ်ရေးလုပ်ငန်းက ၃၀ ဦး၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းက ၃၀ ဦးနှင့် ဘဏ်လုပ်ငန်းက ၁၂ ဦးတို့ ပါဝင်သည်။

နာမည်ကြီးသည့် လယ်တောအိမ်၌ နိုင်ငံတော်သမ္မတနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့ တွေ့ဆုံ

Photo By Popular Myanmar News Journal
စာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံပြီးနောက် နာမည်ကြီးလာသည့် လယ်တော်အိမ်တွင် စက်တင်ဘာ ၁၄ ရက်က သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ထားသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များေ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် သမ္မတဦးသိန်းစိန်နှင့်အတူ သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိမ်း၊ ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီးဦးခင်ရီနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးဦးအုန်းမြင့်တို့လည်း ပါဝင်ခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဂျင်မီ၊ ဦးမင်းဇေယျ၊ ဦးဌေးကြွယ်၊ ဦးမာကီး၊ ဦးသက်ဇော်၊ ဦးအောင်သူ၊ ဦးဇော်မင်းနှင့် မနီလာသိန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

မန်းတွင် နှစ်ဧက မြေကွက် ကျပ်သိန်းပေါင်း ကိုးသောင်း ပေးဝယ်သော်လည်း အရောင်းအဝယ်မဖြစ်"


မန္တလေးမြို့ ၃၅ လမ်း ၆၂ လမ်း အရှေ့ဘက်ခြမ်း တစ်နေရာရှိ နှစ်ဧက အကျယ်ရှိ မြေကွက် တစ်ကွက်အား ကျပ် သိန်းကိုးသောင်း အထိ ဈေးပေး သော်လည်း ပိုင်ရှင်က ကျပ်သိန်း တစ်သိန်း ခွဲရမှရောင်းမည် ဆိုသောကြောင့် အရောင်း အဝယ် မဖြစ်ခဲ့ကြောင်း ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ သိရ သည်။

ယခုနှစ် သင်္ကြန် ပြီးစတွင် မြို့တွင်း တစ်ဧက အကွက် တစ်ကွက်အား ကျပ် သိန်းပေါင်း လေးသောင်းခွဲဖြင့် အရောင်း အဝယ် ဖြစ်ဖူးကြောင်း သိရသည်။

ယခုတွင်နှစ်ဧကတွဲ အား ကျပ်သိန်း ပေါင်း ကိုးသောင်းပေးခြင်းမှာေ ပါက်ဈေး အတိုင်းသာပေးခြင်း ဖြစ်သော်လည်း ပိုင် ရှင်မှာ သိန်းပေါင်း တစ်သိန်းခွဲ ဆိုထားပြီး သိန်း တစ်သိန်းကျော် မှသာ စကားပြောမည် ဆိုသောကြောင့် အရောင်းအဝယ် ဖြစ်နိုင်ခြေ နည်းပါးကြောင်း ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးနေ လင်းအောင် က ပြောသည်။

တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်းဆောင်ရွက်နေ


Created on Sunday, 15 September 2013 01:47

တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စုံစမ်းဖော်ထုတ်ရန် တရုတ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် သုံးဦးတို့ စက်တင်ဘာ ၁၂ ရက်က ကျောက်ဖြူမြို့သို့ ရောက်ရှိနေပြီး စီအိုင်ဒီက ဆက်လက်စုံစမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တရုတ်အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မဒဲကျွန်း ရဲစခန်းမှ(ပ) ၂၁/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်း စိစစ်ပြီး အမှုတည်ဆောက်ပြီးဖြစ်ကြောင်းနှင့် စီအိုင်ဒီကို စက်တင်ဘာ ၉ ရက်က လွှဲလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံနှင့် ရွှေဂါတ်(စ်)စီမံကိန်း ရုံးချုပ်အခြေစိုက်ရာ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား မစ္စတာလီမော်ဟို (၃၉)နှစ် သေဆုံးမှုအပေါ် စက်တင်ဘာ ၆ ရက်မှ စတင်ကာ မန်နေဂျာ အပါအ၀င် တရုတ်အလုပ်သမား ၁၂ ဦးကို ကျောက်ဖြူမြို့ ရဲစခန်းမှ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွများ ဝန်းရံတိုက်ခိုက်၊ အစိုးရတပ်ဖွဲ့ စစ်မျက်နှာနှစ်ဖက်ဖွင့်

Photo: ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွများ ဝန်းရံတိုက်ခိုက်၊ အစိုးရတပ်ဖွဲ့ စစ်မျက်နှာနှစ်ဖက်ဖွင့်

မနီလာ၊ စက်တင်ဘာ ၁၂

ဖိလစ်ပိုင်တောင်ပိုင်းရှိ ဇန်ဘိုဂါမြို့ကို  ငြိမ်းချမ်းရေးဆွေးနွေးမှုကို မလိုလားသော အစ္စလာမ္မစ် စစ်သွေးကြွများက ဝန်းရံတိုက်ခိုက်နေပြီး အစိုးရတပ်ဖွဲ့ဝင်များက စစ်မျက်နှာ နှစ်ဖက်ဖွင့် ချေမှုန်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဇန်ဘိုဂါ ဆိပ်ကမ်းမြို့တွင်း မောရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး 
(MNLF) တပ်ဖွဲ့ဝင် ၁၈၀ ဦးနှင့် အစိုးရ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် တိုက်ခိုက်မှုများ တနင်္လာနေ့မှ စတင်ဖြစ်ပွားနေခြင်းကြောင့် မြို့ခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ထို့အပြင် ဇန်ဘိုဂါမြို့နှင့် ရေလက်ကြား ကျဉ်းကျဉ်းလေးသာ ခြားသည့် ဘာစီလန်ကျွန်းပေါ်ရှိ အစိုးရစစ်စခန်း များကိုလည်း အစ္စလာမ္မစ်လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် အစိုးရတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

"အဲဒီလို တိုက်ခိုက်မှုက သူပုန်တွေရဲ့ အာရုံလွှဲပြောင်းရေး နည်းဗျူဟာ တစ်စိတ် တစ်ဒေသပဲ" ဟု ဒေသဆိုင်ရာစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂရီဂိုရီက ပြောကြားသည်။

တောတောင်ထူထပ်ပြီး သူပုန်များ၏ အမာခံနယ်မြေတစ်ခု ဖြစ်သော ဘတ်စီလန် ကျွန်းပေါ်ရှိ အစိုးရစစ်စခန်းများကို တိုက်ခိုက်ရာတွင် MNLF အဖွဲ့အပြင် အခြားသော မဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့လည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။

ဇန်ဘိုဂါမြို့ကို အစ္စလာမ္မစ် လက်နက်ကိုင်များ ဝန်းရံတိုက်ခိုက်နေ သည်မှာ လေးရက် ကြာမြင့်နေပြီဖြစ်ပြီး ထိုးစစ်တင်လာသော အစိုးရတပ်ဖွဲ့ဝင်များ ကို သူပုန်များက မော်တာများ၊ လက်ဖြောင့် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

သူပုန်များမှာ MNLF အဖွဲ့ကို စတင် တည်ထောင်ခဲ့သည့် နာမီဆာရီ၏ နောက်လိုက်များ ဖြစ်ပြီး ၄င်းတို့သည် ၁၉၇၁ ခုနစ်မှစ၍ ခွဲထွက်ရေး တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

မောရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) ၏ ပြိုင်ဘက် အဖွဲ့အစည်း ဖြစ်သော မော်ရိုအစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦး (MILF)  နှင့် ဖိလစ်ပိုင်အစိုးရတို့ ကြား သီးခြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် စီစဉ်ခြင်းမှာ ၁၉၉၆ ငြိမ်းချမ်းရေးသဘော တူညီချက်ကို အစိုးရအဖွဲ့က ချိုးဖောက်ခြင်း ဖြစ်သည်ဟုဆိုကာ နာမီဆာရီက ပြီးခဲ့သည့်လအတွင်း လွတ်လပ်ရေး ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ကြီးမားကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကို MILF အဖွဲ့က လွှဲပြောင်းရယူမည်ဖြစ်ပြီး ယင်းကဲ့သို့ အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းသည် ကတိဖောက်ဖျက်ခြင်း ဖြစ်ပြီး မိမိ၏ MNLF အဖွဲ့ကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နာမီဆာရီက စွပ်စွဲလိုက်သည်။
သို့သော်လည်း MILF အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီလိုက်ခြင်းမှာ MNLF အဖွဲ့နှင့် စာချုပ်ကို ဂုဏ်ပြုလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းဒေသရှိ  လက်နက်ကိုင်တော်လှန်မှုများကို ရပ်ဆိုင်းနိုင်ရန် ကြိုးပမ်းနေသော ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်သည်။

အစ္စလာမ္မစ် သူပုန်များက ဇန်ဘိုဂါမြို့ကို လေးရက်ကြာ ဝန်းရံတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄ ဦးထိ သေဆုံးသွားပြီး အရပ်သား သုံးဦး၊ ရဲအရာရှိတစ်ဦး၊ စစ်သားနှစ်ဦး နှင့် သူပုန်ရှစ်ဦးတို့ ပါဝင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် အာဏာပိုင်များနှင့် မြို့ကို ဝန်းရံထားသည့် သူပုန်များကြား ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု တည်ထောင်နိုင်ခဲ့ပြီး  ဝန်းရံတိုက်ခိုက်မှု ရပ်ဆိုင်းပေးရန် သူပုန် ခေါင်းဆောင်များကို အစိုးရအရာရှိများက တိုက်တွန်းပြောကြားနေသည်။

ပဋိပက္ခဖြစ်ပွားနေသည့် ဇန်ဘိုဂါမြို့ တွင်း ပုန်းအောင်းနေထိုင်နေသည့် မြို့ခံများကို နေအိမ်များမှ ထွက်ခွာပြီး လုံခြုံရာ ဒေသသို့ လာရောက်ခိုလှုံကြရန် အစိုးရ အရာရှိများက တိုက်တွန်းထားသည်။

မနီလာ၊ စက်တင်ဘာ ၁၂

ဖိလစ်ပိုင်တောင်ပိုင်းရှိ ဇန်ဘိုဂါမြို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုကို မလိုလားသော အစ္စလာမ္မစ် စစ်သွေးကြွများက ဝန်းရံတိုက်ခိုက်နေပြီး အစိုးရတပ်ဖွဲ့ဝင်များက စစ်မျက်နှာ နှစ်ဖက်ဖွင့် ချေမှုန်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဇန်ဘိုဂါ ဆိပ်ကမ်းမြို့တွင်း မောရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး
(MNLF) တပ်ဖွဲ့ဝင် ၁၈၀ ဦးနှင့် အစိုးရ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် တိုက်ခိုက်မှုများ တနင်္လာနေ့မှ စတင်ဖြစ်ပွားနေခြင်းကြောင့် မြို့ခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ထို့အပြင် ဇန်ဘိုဂါမြို့နှင့် ရေလက်ကြား ကျဉ်းကျဉ်းလေးသာ ခြားသည့် ဘာစီလန်ကျွန်းပေါ်ရှိ အစိုးရစစ်စခန်း များကိုလည်း အစ္စလာမ္မစ်လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် အစိုးရတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလုံရဲကင်းအချုပ်ခန်းတွင်း ချုပ်ထားသော တရားခံရုတ်တရက်သေဆုံးသွား


မုံရွာမြို့ မြို့ရဲစခန်းအပိုင်နယ်မြေဖြစ်သော အလုံရဲကင်းစခန်းရှိအချုပ်ခန်း တွင် ဟန်းဆက်ခိုးသူဟုယူဆကာ မသင်္ကကာသဖြင့် ဖမ်းဆီးချုပ်နှောင် ထားသော အဘ-ဦးစောမောင် ၏သားဖြစ်သူ အောင်ဆန်းလင်း အသက်(၂၉)နှစ် စစ်ပင်ရပ်ကွက်၊ပန်းဘဲတန်းရပ်နေသူသည် 2013 ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ (၆)နာရီ(၃၀)မိနစ်ခန့်တွင် အလုံရဲကင်းအချုပ် ခန်းတွင် သေဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံး(နေပြည်တော်) ရှိ ၀န်ထမ်းတစ်ဦးထံမှသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်း မှ သေမှုသေခင်း အမှတ်စဉ်-၁၇/၂၀၁၃ ဖြင့် ဖွင့်လှစ်ကာ တရားလိုအဖြစ် လ-၁၃၀၇၅ ရဲအုပ် မိုးကျော်အောင်၊အလုံရဲကင်းစခန်းမှူးမှ တရားလိုပြုလုပ်ပြီး အမှုစစ်အဖြစ် ဒုရဲမှူး-ကျော်ကျော်ညွန့် မြို့မရဲစခန်းမှူး ကဆောင်ရွက်ကာ သေဆုံးသူအား ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ် မဟုတ် မုံရွာပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။

ကော့သောင်းအကျဉ်းထောင် ရုန်းရင်းဆန်ခတ် နှိမ်နင်းမှု ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ကော့သောင်းမြို့ က အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးက ပစ်ခတ်ထိန်းသိမ်းရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

မနေ့က ညနေ ၆ နာရီလောက်မှာ ကော့သောင်းအကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထောင်ဖေါက်ထွက်ပြေးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

“သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်လာတယ်ပေါ့၊ ၈ ယောက်မှာ ၁ ယောက်သေသွားတယ်၊ ၇ ယောက်ဒဏ်ရာရတယ်၊ ကော့သောင်းဆေးရုံကြီးမှာ တင်ထားတယ်၊ ၁ ယောက်ကတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ ပြောတယ်ခင်ဗျ”

အစိုးရစစ်တပ်အရာရှိ သတ်ဖြတ်ခံရကြောင်း စွပ်စွဲချက် ကေအိုင်အို ငြင်းဆို

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။

မချမ်းဘောမြို့နယ် အင်ခန်ဂါးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် လူစုကွဲသွားပြီး ဒဏ်ရာရထားတဲ့ အစိုးရတပ်ကအရာရှိဟာ အင်ခန်ဂါးရွာမှာ ရှိနေခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့မှာ ကေအိုင်အေတပ်က အင်ခန်ဂါးရွာမှာ အဲဒီအရာရှိကို လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ကေအိုင်အေတပ်မှူးနဲ့ တပ်သားတွေကို အရေးယူပေးဖို့ အစိုးရက မချမ်းဘောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ထံကို ဖြေရှင်းချက်တောင်းထားတယ်လို့ သိရပါတယ်။

ပူတာအို ခရိုင်အတွင်း တပ်မတော် အရာရှိတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်


Photo: ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

့စက်တင်ဘာ၁၄ရက်


မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီးအသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။ 

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း 


၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ်ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်ဦးစီးအင်အား ၂၀ ဦးခန့်သည် သြဂုတ်လ ၂၇ ရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်နေ့တွင် တပ်အား အသင့်စောင့်ကြို ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ အင်ခန်ဂါးကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၃၀ ရက်နေ့တွင် ပျောက်ဆုံးအရာရှိသည် ဘက်ဘက်လက်မောင်းတွင် လက်နက်ငယ်ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာ သို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ်ရှိသူတစ်ဦးမှ သွားရောက်သတင်းပို့ခဲ့သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေး ဆောင်ရွက်နေစဉ် စက်တင်ဘာ ၅ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာအနီး နေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ်သူမောင်ဖုန်းဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက် မီတာ(၁၀၀၀) ခန့်အကွာ တောင်ယာသွားလမ်း၏ ညာဘက် ကိုက်(၁၀၀၀) ခန့်ရှိတောင်စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။ တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင်လျှက်ရှိပြီး တွေ့ကြုံရသည့်အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသော ပြဿနာများအား သဘောထားကြီးမားစွာဖြင့်
ထိန်းသိမ်းဖြေရှင်းမှုများ လုပ်ဆောင်လျှက်ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်လျှက်ရှိသော်လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျုးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်နှင့်အပေါင်းအပါ ၂၀ဦးခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး
မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။


့စက်တင်ဘာ၁၄ရက်


မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီးအသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း


၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

Related Posts Plugin for WordPress, Blogger...

ShareThis