အလုပ်သမားတဦး၏ လစာ ၆၀၀၀ ကျပ်ရရှိနေချိန်တွင် ဆန်တပြည် ၈၅၀ ဖြစ်နေခြင်း၊ အချိန်ပိုကြေး ၁ နာရီလျှင် ၇၀ ကျပ်သာရရှိခြင်းကြောင့် ကုန်ကျစရိတ် မကာမိခြင်း စသည့် ကုန်ဈေးနှုန်း ကြီးမြင့်သည့် အခြေအနေများကို လွှတ်တော် အတွင်း ဆွေးနွေးမှုတွင် တင်ပြခဲ့သည်ဟု ဦးသိန်းညွှန့်က မဇ္ဈိမကို ပြောသည်။

အလုပ်သမားတို့ ဆန္ဒထုတ်ဖေါ်ရသည့် အကြောင်းရင်းများကို လေ့လာ၍ အဖြေရှာနိုင်ရန် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းညွန့်က ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့် အဆိုတရပ်ကို တင်သွင်း (ဓါတ်ပုံ မဇ္ဈိမ)




သိပ္ပံနဲ့ နည်းပညာတွေ တိုးတက်လာလို့ လူနေမှုဘ၀ မြင့်မားလာတာတွေထဲက
အကြိုက်ဆုံးတစ်ခုကို ပြောစမ်းပါဆိုရင်တော့ ဒီဗီဒီတွေ ပေါ်လာတဲ့ကိစ္စကိုပဲ
ပြောရမှာပါ။ အဲဒီလို ဒီဗီဒီတွေပေါ်လာတဲ့အတွက် ကိုယ်ကြည့်ချင်တဲ့
ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်တဲ့အချိန် ပြန်ကြည့် နိုင်လာပါတယ်။
ငယ်ငယ်တုန်းကတော့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို မကြည့်လိုက်ရဘဲ လွတ်သွားရင်
ငါတော့ ဒီဇာတ်ကားကို ဒီတစ်သက် ကြည့်ရတော့မှာ မဟုတ်ဘူးလို့ထင်ပြီး အတော့်ကို
စိတ်ဆင်းရဲခဲ့ရတာပါ။









