menu

Wednesday 26 September 2012

ဖားကန့်မြို့နယ်သို့ သွားလာသည့် အဓိကလမ်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွားအလာ ပိတ်ပင်

ကချင်ပြည်နယ် ဖားကန့်မြို့ နယ်သို့ ဆက်သွယ်သွားလာရာ အဓိ ကလမ်းပိုင်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွား
အလာကိုပိတ်ပင်လိုက်ကြောင်း သတင်း ရရှိပါသည်။

"မိုးကောင်းကနေ ရှစ်မိုင် လောက်ဝေးတဲ့ ရှစ်မိုင်လမ်းဆုံမှာ တပ်မတော်က အတက်ကားတွေကို ပိတ်လိုက်တယ်၊ ဖားကန့်ကနေ ၁၀ မိုင်ဝေးတဲ့ နန့်တိန်မှာ ကေအိုင်အေ က အဆင်းကားတွေကို ပိတ်လိုက် တယ်လို့ သိရပါတယ်" ဟု ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံ တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ် မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်
စတင်ခဲ့ကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။

၁၉၈၈ ပုံရိပ်နဲ့ စဖွင့်မယ့် နှောင်းချစ်ဝေ့လယ် ဇာတ်ကားနဲ့ဒါရိုက်တာ မောင်မျိုးမင်း

Photo: ၁၉၈၈ ပုံရိပ်နဲ့ စဖွင့်မယ့် နှောင်းချစ်ဝေ့လယ် ဇာတ်ကားနဲ့ဒါရိုက်တာ မောင်မျိုးမင်း

25 SEPTEMBER 2012  | BY POPULAR NEWS

လတ်တလောမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်ဖြစ်) က ‘နှောင်းချစ်ဝေ့ လယ်’ ဇာတ်ကား ကို ပြေတီဦး ၊ဖိုးကျော်၊ စိုးမြတ်သူဇာ၊ ချစ်သုဝေ တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကားလေး ကို ပုံဖော် ရိုက်ကူး မယ့် ပုံစံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက “ဇာတ်ကား အဖွင့်က ၈၈နဲ့စဖွင့် ထား တယ်။ ၈၈မှာ လူတွေအော်နေကြတော့ တပ်မတော်က အာဏာ သိမ်း လိုက်တာပေါ့။
အဲဒီ ခေတ်ရဲ့အရသာလေးကို ပြန်ပြပေးချင်တယ်။ အဲဒီ ပုံစံ ရိုက်ဖို့ ရှေ့ပုံစံကို ပြန်ကူးပြီးပြရမယ်။ ဒီကားလေးကို ဇာတ်လမ်း အရ ရိုက်ထားတာ ပါ”လို့ ပြောပါတယ်။ ပွင့်လင်းပြောင်းလဲမှုတွေနဲ့အတူ ၂ဝ၁၃ ခုနှစ် အကယ်ဒမီ ပေးပွဲ အတွက် အနုပညာရှင် တွေထဲက ရုပ်ရှင် သရုပ်ဆောင် ၂ဦးလည်း အကဲဖြတ်အဖွဲ့မှာ ပါဝင်မှာဖြစ်ကြောင်း သိရ ပါတယ်။ ၂ဝ၁၃ခုနှစ် အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက.. ” ဦးတို့က လွတ်လပ် ပေါ့ပါးပြီး ပွင့်ပွင့် လင်းလင်း ပျော်ပျော်ရွှင်ရွှင် ရင်တထိတ်ထိတ် နဲ့ ဘယ်သူရမလဲ ဆိုတာကို စောင့်မျှော်နေရတဲ့ပွဲ တစ်ခုဖြစ်စေချင်တယ်။ အဲဒီပွဲကရတဲ့ ရလဒ်နဲ့အပြင်က ပရိသတ်တွေပြောတဲ့ ရလဒ် နဲ့လည်း ထပ်တူ ထပ်မျှဖြစ်စေ ချင်တယ်။ လွတ် လပ်ပွင့်လင်းပြီးတော့ အများဆန္ဒနဲ့ ကိုက်ညီမယ့် အကယ်ဒမီ ပေးပွဲဖြစ်စေချင်တယ်။ အနု ပညာ သမားတွေ က အဲဒီပွဲ ကို မဖြစ်မနေ တက်စေ ချင်တယ်။ သွားရ လာရ အခက် အခဲ တွေလည်းရှိတယ်။ အခုဒီမှာ လုပ်လိုက်တဲ့ အတွက် ပထမ ဦးဆုံးကျေ နပ်တယ်။
ဒီနေရာ တစ်ခု ကို ဒီမှာ ရွှေ့လိုက်တာနဲ့ အရင်ခေတ် က အကယ်ဒမီရဲ့ ရနံ့လေးကို ပြန်ရ တယ်။ လွတ်လပ်ရမယ်။ ပွင့်လင်းရမယ်။ အနုပညာ သမားတွေ စုံမက် စွာ တက်ချင်တဲ့ ပွဲတစ်ခုဖြစ် ရမယ်။ ပြီးတော့ သူတို့ ကိုယ်တိုင် ရင်ခုန်မျှော်လင့်စွာ နေရတဲ့ ပွဲမျိုးဖြစ်ရမယ်။ ပြီးရင် အဲဒီ ကရတဲ့ဆု ကလည်း ပရိသတ်နဲ့ တစ်သား တည်းဖြစ်ရမယ်”လို့ ပြောပါတယ်။ နောက်ထပ် လည်း ဇာတ်လမ်းတွေ ကို အရင် ပုံစံတွေနဲ့ မတူအောင် ဖန်တီးရိုက်ကူး သွားမယ် လို့ ပြောတဲ့ ဒါရိုက်တာမောင်မျိုးမင်း က ” ဇာတ်လမ်း တွေကို ဖြေလျှော့ပြီး ဖွင့်ချပေးတဲ့ အချိန်မှာတော့ အရင်လို ချစ်ကြိုက် ကွဲညားတွေကို မရိုက်ချင် တော့ဘူး။
အရင်နဲ့ မတူတဲ့ ဇာတ်လမ်းတွေ ကို ရိုက်ဖို့ စဉ်းစားနေ တယ်။ ဒီလိုပေးလိုက်ပြီးတော့မှ အရင်က ကားပုံစံမျိုးတွေ ရိုက်နေ ခဲ့မယ် ဆိုရင် ဒီတစ်ခါ ထိပ် တိုက်တွေ့ရမယ့်သူက ပရိသတ်နဲ့ ဖြစ် လိမ့်မယ်။ ဒါပေမဲ့ ပရိသတ်ကို တစ်ခုပဲမှာချင် တာက ဒီနှစ် စိုက်တဲ့ အပင်က နောက်နှစ်ကျ မှ အသီးစားမ ရမှာ။ အခု ပရိသတ်တွေ ဆီ ရောက်နေတာ အားလုံးက မနှစ်က စိုက်ခဲ့တဲ့ အပင်က အသီးပဲ။ အဲဒါအတွက် ခဏတော့ စိတ်ရှည်သည်းခံပေးပါ” လို့ ပြောပါ တယ်။ ဒါရိုက်တာ မောင်မျိုးမင်း နောက်ထပ် ရုပ်ရှင်ကား ကြီးတွေ လည်း ရိုက်ဖို့ အစီ အစဉ် ရှိကြောင်း ပြော ပါတယ်။

တွယ်တာ

News from : POPULAR NEWS
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
လတ်တလောမှာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်ဖြစ်) က ‘နှောင်းချစ်ဝေ့ လယ်’ ဇာတ်ကား ကို ပြေတီဦး ၊ဖိုးကျော်၊ စိုးမြတ်သူဇာ၊ ချ
စ်သုဝေ တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ ဇာတ်ကားလေး ကို ပုံဖော် ရိုက်ကူး မယ့် ပုံစံနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက “ဇာတ်ကား အဖွင့်က ၈၈နဲ့စဖွင့် ထား တယ်။ ၈၈မှာ လူတွေအော်နေကြတော့ တပ်မတော်က အာဏာ သိမ်း လိုက်တာပေါ့။
အဲဒီ ခေတ်ရဲ့အရသာလေးကို ပြန်ပြပေးချင်တယ်။ အဲဒီ ပုံစံ ရိုက်ဖို့ ရှေ့ပုံစံကို ပြန်ကူးပြီးပြရမယ်။ ဒီကားလေးကို ဇာတ်လမ်း အရ ရိုက်ထားတာ ပါ”လို့ ပြောပါတယ်။ ပွင့်လင်းပြောင်းလဲမှုတွေနဲ့အတူ ၂ဝ၁၃ ခုနှစ် အကယ်ဒမီ ပေးပွဲ အတွက် အနုပညာရှင် တွေထဲက ရုပ်ရှင် သရုပ်ဆောင် ၂ဦးလည်း အကဲဖြတ်အဖွဲ့မှာ ပါဝင်မှာဖြစ်ကြောင်း သိရ ပါတယ်။ ၂ဝ၁၃ခုနှစ် အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာ မောင်မျိုးမင်းက.. ” ဦးတို့က လွတ်လပ် ပေါ့ပါးပြီး ပွင့်ပွင့် လင်းလင်း ပျော်ပျော်ရွှင်ရွှင် ရင်တထိတ်ထိတ် နဲ့ ဘယ်သူရမလဲ ဆိုတာကို စောင့်မျှော်နေရတဲ့ပွဲ တစ်ခုဖြစ်စေချင်တယ်။ အဲဒီပွဲကရတဲ့ ရလဒ်နဲ့အပြင်က ပရိသတ်တွေပြောတဲ့ ရလဒ် နဲ့လည်း ထပ်တူ ထပ်မျှဖြစ်စေ ချင်တယ်။

လေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် မိကျောင်းတစ်ကောင် လွတ်မြောက်မှု ဖြစ်ပွား

Photo: လေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် မိကျောင်းတစ်ကောင် လွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း Qantas လေကြောင်းလိုင်းက အတည်ပြု ပြောဆိုခဲ့သည်။

ခရီးသည်များ၏ အိတ်များ ထားရှိရာ အခန်းမှ မာန်ဖီသံများ ကြားရသဖြင့် လေယာဉ် အမှုထမ်းများက စစ်ဆေးခဲ့ရာ လှောင်ချိုင့်တစ်ခုအတွင်းမှ မိကျောင်းတစ်ကောင် အပြင်သို့ လွတ်မြောက်နေမှန်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဘရစ္စဘိန်းမှ မဲလ်ဘုန်းသို့ ပျံသန်းသော လေကြောင်း ခရီးစဉ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ အံ့ဩထိတ်လန့်ဖွယ် ဖြစ်ရပ်ကို တနင်္လာနေ့ကမှ Qantasက ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုမိကျောင်းကို အန္တရာယ် တစ်စုံတစ်ရာ မရှိဘဲ လှောင်ချိုင့်ထဲ ပြန်သွင်းနိုင်ခဲ့ကြောင်း သိရသည်။ မိကျောင်း၏ အရွယ်အစားကိုမူ Qantasက တိတိကျကျ ကြေညာခဲ့ခြင်း မရှိချေ။


News from : Planet Myanmar Network
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
လေယာဉ်ပေါ်တွင် တင်ဆောင်လာသည့် မိကျောင်းတစ်ကောင် လွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း Qantas လေကြောင်းလိုင်းက အတည်ပြု ပြောဆိုခဲ့သည်။

ခရီးသည်များ၏ အိတ်များ ထားရှိရာ အခန်းမှ မာန်ဖီသံများ ကြားရသဖြင့် လေယာဉ် အမှုထမ်းများက စစ်ဆေးခဲ့ရာ လှောင်ချိုင့်တစ်ခ
ုအတွင်းမှ မိကျောင်းတစ်ကောင် အပြင်သို့ လွတ်မြောက်နေမှန်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဘရစ္စဘိန်းမှ မဲလ်ဘုန်းသို့ ပျံသန်းသော လေကြောင်း ခရီးစဉ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ အံ့ဩထိတ်လန့်ဖွယ် ဖြစ်ရပ်ကို တနင်္လာနေ့ကမှ Qantasက ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုမိကျောင်းကို အန္တရာယ် တစ်စုံတစ်ရာ မရှိဘဲ လှောင်ချိုင့်ထဲ ပြန်သွင်းနိုင်ခဲ့ကြောင်း သိရသည်။ မိကျောင်း၏ အရွယ်အစားကိုမူ Qantasက တိတိကျကျ ကြေညာခဲ့ခြင်း မရှိချေ။
 Planet Myanmar Network

တို့နိုင်ငံ တည်ဆောက်ချင်လွန်းလို့( ဒေါက်တာခင်မောင်ညို )




saupload_harry_dent_demographic_spending_life_cycle
"ဆရာ။ ကျွန်တော်တို့ ဘာလို့ ဆင်းရဲနေကြတာလဲ"
ကျွန်တော်က ဓာတုဗေဒဆရာ ပါ။ ခုတော့ စာရေးတာပေါ့လေ။ အရင်က အဆောင်မှူးလည်းလုပ် တော့ ကျောင်းသားတွေနဲ့ အထိအတွေ့ များတယ်။ ကျွန်တော်က သူတို့ဗဟုသုတ ရှိစေဖို့ နိုင်ငံတကာ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးကို ပြောပြလေ့ ရှိတယ်။ "တို့တစ်တွေဘာလုပ်သင့်တယ်" ဆိုပြီး သူတို့ကို ကျွန်တော် မပြောတတ်ပါ။ သူတို့ဆီမှာ ဘာတွေလုပ်နေတာလဲဆိုတာကိုသာ ပြောပြတတ်ပါတယ်။

မောင်ဝင်းက တနင်္သာရီတိုင်း ပုလောမြို့ကပါ။ သူ ရန်ကုန်ရောက် တော့ ကျွန်တော့်ဆီဝင်လာပြီး စကားပြော တတ်ပါတယ်။ ဒီတစ်ခါတော့ သူမကျေမနပ်နဲ့ မေးတာပါ။ "ဆရာ ကျွန်တော်တို့ ဘာလို့ဆင်းရဲနေကြ တာလဲ"၊ သူ ထိုင်းဘက်က ပြန်ရောက်လာတော့ သူ ဒီစကားကို မေးတော့တာပေါ့။ ကျွန်တော်သူ့ကို ပြောပါ တယ်။ "တို့တစ်တွေအားလုံးလည်း အဲဒီအဖြေရှာနေကြတာပေါ့"

DKBA မတော်တဆ ပစ်ခတ်မှုကြောင့် ရွာသားတဦး ဒဏ်ရာရ

Photo: DKBA မတော်တဆ ပစ်ခတ်မှုကြောင့် ရွာသားတဦး ဒဏ်ရာရ
စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
(ဒီလိုကိစ္စမျိုးမှာ ဒီကေဘီအေပဲမဟုတ်ဘူး ကေအဲန်ယူဖြစ်ဖြစ် ဗမာစစ်တပ်ဖြစ်ဖြစ် ဒီလိုမျိုးရွာသားကိုခိုင်းစားပြီး ဒီလိုပုံစံမျိုးနဲ့  အနိုင်ကျင့်ဗိုလ်ကျတာ လက်ခံနိုင်စရာအပြုအမူတွေ မဟုတ်ပါ။)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်-DKBA ၏ မတော်တဆ ပစ်ခတ်မှုကြောင့် ထီးသဲလယ် ရွာသားတဦး ညာဘက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။

စက်တင်ဘာလ ၂၂ရက်၊ မနက် ၇နာရီကျော်က DKBA ကလို့ထူးဘော လက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူးဗိုလ်စောနေရော့ (ခေါ်) စောကျော်ဝါးသည် ၎င်းတို့အဖွဲ့ သွားလာရန် ပို့ဆောင်ခိုင်းသည့် ထော်လာဂျီမှာ ဘီးပေါက်နေသည်ကို M-16 သေနတ်ဖြင့် ပစ်ခတ် ရာ အသက် ၂၂နှစ်အရွယ် ထော်လာဂျီပိုင်ရှင် ရွာသား စောဒူးဒူ၏ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတဦးက “အဲဒီ DKBA အဖွဲ့က ထော်လာဂျီနဲ့ သူတို့ကို သွားပို့ခိုင်းတယ်။ စောဒူးဒူက သူ့ထော်လာဂျီဘီးလေ လျော့နေလို့ လေဖြည့်တဲ့အခါ စောင့်နေတဲ့ DKBA တပ်စုမှူးက ဘီးကို သေနတ်နဲ့ ပစ်လိုက်တာ ဘီးမထိဘဲ စောဒူးဒူ ခြေသလုံးကို ထိသွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းသို့ သေနတ်ဒဏ်ရာရရှိသွားသည့် စောဒူးဒူမှာ ခြေသလုံးအရိုး ကျိုးသွားပြီး ယခုအချိန်တွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန် မြို့နယ်ရှိ အုန်းဖန်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ထီးသဲလယ်ရွာ အနီးအနားတွင် ဖောပလဲထာ့၊ ဖောဘုလာ့ထာ့၊ ကလော်ဝေါ်၊ ကော့ချဲ၊ လယ်ဂေါ်၊ အူးဖိုး ထာ့ စသည့်ကျေးရွာများ တည်ရှိပြီး ကလို့ထူးဘော DKBA လက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းကို ဒုဗိုလ်မှူးကြီး စောအယ်ဖိုးက ဦး ဆောင်လျှက်ရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ DKBA သို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် မသိရှိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


News from : Political Defiance Network
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်-DKBA ၏ မတော်တဆ ပစ်ခတ်မှုကြောင့် ထီးသဲလယ် ရွာသားတဦး ညာဘက်ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။

စက်တင်ဘာလ ၂၂ရက်၊ မနက် ၇နာရီကျော်က DKBA ကလို့ထူးဘော လက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူးဗိုလ်စောနေရော့ (ခေါ်) စောကျော်ဝါးသည် ၎င်းတို့အဖွဲ့ သွားလာရန် ပို့ဆောင်ခိုင်းသည့် ထော်လာဂျီမှာ ဘီးပေါက်နေသည်ကို M-16 သေနတ်ဖြင့် ပစ်ခတ် ရာ အသက် ၂၂နှစ်အရွယ် ထော်လာဂျီပိုင်ရှင် ရွာသား စောဒူးဒူ၏ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတဦးက “အဲဒီ DKBA အဖွဲ့က ထော်လာဂျီနဲ့ သူတို့ကို သွားပို့ခိုင်းတယ်။ စောဒူးဒူက သူ့ထော်လာဂျီဘီးလေ လျော့နေလို့ လေဖြည့်တဲ့အခါ စောင့်နေတဲ့ DKBA တပ်စုမှူးက ဘီးကို သေနတ်နဲ့ ပစ်လိုက်တာ ဘီးမထိဘဲ စောဒူးဒူ ခြေသလုံးကို ထိသွား တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက တတိယကမ္ဘာစစ်ဖြစ်နိုင်

Photo: အီရန်နိုင်ငံ တိုက်ခိုက်ခံရပါက တတိယကမ္ဘာစစ်ဖြစ်နိုင်
Tuesday, September 25, 2012

မိမိ၏နိုင်ငံကို အစ္စရေးနိုင်ငံက တိုက်ခိုက်လာမည်ဆိုပါက
တတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း အီရန်အထက်တန်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။

အကယ်၍ စစ်မက်ဖြစ်ပွားလာမည်ဆိုပါက အခြေအနေကို
ထိန်းချုပ်၍ ရနိုင်မည်မဟုတ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေကြောင်း အာကာသဌာနတပ်မှူး ဗိုလ်မှူးချုပ် အမီယာအလီဟာဂျီဇာဒါက ပြောကြားသည်။ စစ်မက်ဖြစ်ပွားလာမည်ဆိုက အခြားသော နိုင်ငံများပါ စစ်အတွင်းသို့ ၀င်ရောက်လာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

အီရန်နိုင်ငံအပေါ် စစ်ဆင်တိုက်ခိုက်မှု ဖြစ်ပေါ်လာနိုင်သော်လည်း မည်သည့်အချိန်နှင့် မည်သည့်နေရာတို့တွင် စစ်ဖြစ်ပွားမည်ကို
အတိအကျ မသိနိုင်ကြောင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးက ပြောကြားသည်။ အီရန်နိုင်ငံသည် စစ်ပွဲဖြစ်ပွားလာနိုင်မှုကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း ၄င်းက ပြောကြားသည်။ အီရန်လေတပ်သည် မဝေးသောကာလတွင် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်မည်ဖြစ်သည်။

Khit Lu Nge

News from : Myanmar Online News
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မိမိ၏နိုင်ငံကို အစ္စရေးနိုင်ငံက တိုက်ခိုက်လာမည်ဆိုပါက
တတိယကမ္ဘာစစ် စတင်ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း အီရန်အထက်တန်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည
်။

အကယ်၍ စစ်မက်ဖြစ်ပွားလာမည်ဆိုပါက အခြေအနေကို
ထိန်းချုပ်၍ ရနိုင်မည်မဟုတ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ လေကြောင်း အာကာသဌာနတပ်မှူး ဗိုလ်မှူးချုပ် အမီယာအလီဟာဂျီဇာဒါက ပြောကြားသည်။ စစ်မက်ဖြစ်ပွားလာမည်ဆိုက အခြားသော နိုင်ငံများပါ စစ်အတွင်းသို့ ၀င်ရောက်လာမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

အာဖဂန် နစ္စတန်နိုင်ငံတွင် တာလီဘန် ၂၈ ဦးသေဆုံးပြီး ၅၄ ဦး အဖမ်းခံရ

Photo: အာဖဂန် နစ္စတန်နိုင်ငံတွင် တာလီဘန် ၂၈ ဦးသေဆုံးပြီး ၅၄ ဦး အဖမ်းခံရ

ကဘူးလ် စက်တင်ဘာ ၂၄

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း မတူညီသော ပြည်နယ်များမှ တာလီဘန် စစ်သွေးကြွ ၂၈ ဦးသေဆုံးခဲ့ပြီး ၅၄ ဦးခန့်အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ကြောင်း အာဖဂန်ပြည်ထဲရေး ဝန်ကြီးက ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

NATO ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များနှင့် အာဖဂန်အမျိုးသားရဲ တပ်ဖွဲ့ (NAP)၊ အာဖဂန် တပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်း ရေး အေဂျင်စီ (NDS) တို့သည် နန်ဂါဟာပြည်နယ်နှင့် အခြားပြည်နယ် ရှစ်ခုတို့တွင် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းသို့ တာလီဘန်များအား နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆင်ရေး ဆိုင်ရာ ကြေညာချက် တစ်ခု၌ ဖော်ပြထားသည်။

တာလီဘန်များနှင့် အတူ လက်နက် အများအပြားလည်း သိမ်းဆည်း နိုင်ခဲ့သည်ဟု ဖော်ပြထားသော်လည်း ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုကိုမူ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

ထို့အပြင် ပါဝန်နှင့် ခို့စ်ပြည်နယ်တို့၌လည်း အာဖဂန် ထောက်လှမ်းရေး အေဂျင်စီက ကားမိုင်း တစ်လုံးနှင့် ၁ဝဝ ကီလိုဂရမ်ရှိ ဖောက်ခွဲရေး ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ပူးပေါင်း စစ်ဆင်ရေးကြောင့် စစ်သွေးကြွများ သေဆုံးခဲ့ရမှုအပေါ် တာလီဘန် စစ်သွေးကြွအုပ်စုက ယခုထိ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးဟု သိရသည်။

News from : Royal Hero Media
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
အာဖဂန်နစ္စတန် နိုင်ငံအတွင်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း မတူညီသော ပြည်နယ်များမှ တာလီဘန် စစ်သွေးကြွ ၂၈ ဦးသေဆုံးခဲ့ပြီး ၅၄ ဦးခန့်အား ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ြေ
ကာင်း အာဖဂန်ပြည်ထဲရေး ဝန်ကြီးက ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

NATO ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များနှင့် အာဖဂန်အမျိုးသားရဲ တပ်ဖွဲ့ (NAP)၊ အာဖဂန် တပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်း ရေး အေဂျင်စီ (NDS) တို့သည် နန်ဂါဟာပြည်နယ်နှင့် အခြားပြည်နယ် ရှစ်ခုတို့တွင် ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းသို့ တာလီဘန်များအား နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆင်ရေး ဆိုင်ရာ ကြေညာချက် တစ်ခု၌ ဖော်ပြထားသည်။

ဂျစ်ကားနှင့် ဆိုက်ကား ဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟ

Photo: ဂျစ်ကားနှင့် ဆိုက်ကား ဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟ

25 SEPTEMBER 2012  | BY VENUS NEWS JOURNAL

ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ယခင်က လူကြိုက်များ ကာ အရောင်း အဝယ်ဖြစ်ခဲ့သော ဂျစ်ကားများသည် ယခုအခါဈေး ကျဆင်းလာသောကြောင့် ဂျစ်ကား နှင့် ဆိုက်ကားဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟကြောင်း ဟံ သာဝတီကားပွဲစားတန်းထံမှသိရ သည်။
"ကားဝင်းထဲမှ ဂျစ်ကားက ဈေးကွက်ပျောက်နေတယ်။ ဝယ်လို အားလည်း နည်းသွားပြီ။ ဂျစ်ကား တွေကို စက်မှုဇုန်တွေက ၂၀ဝ၄/ ဝ၅ လောက်ကစပြီး ထုတ်လုပ်ခဲ့ တာပါ။ အခု ဆိုက်ကားဈေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် ၁၀သိန်းဝန်း ကျင်လောက်ပဲကွာမယ်ထင်တယ်" ဟု ဟံသာဝတီကားပွဲစားတန်းမှ ဝါရင့်ကားပွဲစားဦးသိန်းထွန်းက ဆို သည်။ ရှမ်းစတားဂျစ်များသည် စက် မှုဇုန်ဂျစ်ကားထဲတွင် အရင်ဆုံးပေါ် ထွက်လာပြီး လူကြိုက်များကာ ကျပ်သိန်း၉၀ဝန်းကျင်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုအခါ ဈေးကွက်ပျောက်ကာ ဝယ်လိုသူ နည်းပါးသောကြောင့် ကျပ် ၃၅ သိန်းခန့်သာဈေးပေါက်နေကြောင်း ထီလာဂျစ်တစ်စီးလျှင် ၃၅ သိန်း ဝန်းကျင်၊ ဒဂုံဂျစ်တစ်စီးလျှင် ၄၅ သိန်းဝန်းကျင်၊ ရာဇာဂျစ် တစ်စီး လျှင် သိန်း ၄၀ ခန့် ဈေးပေါက်နေ ကြောင်း ယခင်က ဒဂုံဂျစ်သည် လူကြိုက်အများဆုံးဖြစ်ခဲ့ကာ ရာဇာ ဂျစ်သည် ဒုတိယလူကြိုက်အများ ဆုံး ဖြစ်ခဲ့ကြောင်း ဦးသိန်းထွန်းက ပြောသည်။
ဂျစ်ကားများသည် ယခင်က လူငယ်များအကြား ခေတ်စားခဲ့ပြီး သင်္ကြန်လည်ပတ်ရာတွင် ပေါ်ပြူ လာတစ်ရပ်ဖြစ်ခဲ့ကြောင်း ယခုအခါ ဇိမ်ခံကားတင်သွင်းသူ များပြားပြီး ကားဈေးများ ဆက်တိုက်ကျဆင်း လာသောကြောင့် ဂျစ်ကားဈေး ကွက်ပျောက်ဆုံးရခြင်းဖြစ်ကြောင်း၊ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုစတင် ချိန်တွင် ဈေးကွက်အတွင်း လူ ကြိုက်များသည့် စစ်ကျန်ဂျစ်ကား များ အပ်နှံခဲ့ကြကြောင်းသိရသည်။ ယခုအခါ ဆိုက်ကားဈေး ကွက်သည် မြို့တွင်းခြောက်မြို့နယ် ရှိ လိုင်စင်ပါဆိုက်ကား တစ်စီး လျှင် ကျပ် ၂၅ သိန်းဝန်းကျင် ဈေး ပေါက်နေသောကြောင့် ဆိုက်ကား ထောင်စားမည်ဆိုပါက မလွယ်ကူ ကြောင်း ဆိုက်ကားပိုင်ရှင်များထံမှ သိရသည်။ "ကျွန်တော်တို့ လှိုင်မြို့နယ် မှာဆိုရင် လိုင်စင်ပါဆိုက်ကား တစ်စီးကို ကျပ် ၁၅ သိန်းလောက် ရှိတယ်။ ဒေါင်းတောင်မြို့နယ်တွေ မှာဆိုရင်၂၅ သိန်းဝန်းကျင်လောက် ရှိတယ်။ အုံနာကြေးက တစ်ရက်ကို ကျွန်တော်တို့ မြို့နယ်မှာတော့ ၃၀ဝ၀ ခန့်ရှိတယ်"ဟု လှိုင်မြို့နယ် မှ ဆိုက်ကားပိုင်ရှင် ခရစ္စတိုက ဆို သည်။
လှိုင်မြို့နယ်မှဆိုက်ကားသမား တစ်ဦးက နံနက် ၅ နာရီမှစ၍ ည ၇ နာရီဝန်းကျင်ခန့်ထိ ပုံမှန်နင်း မည်ဆိုပါက တစ်ရက်ပျမ်းမျှ ကျပ် ၁၀ဝ၀ဝ ဝန်းကျင်ရရှိတတ်ကြောင်း ဆိုသည်။ ယခုအခါ ပြည်တွင်းကားဈေး ကွက်တွင် မော်ဒယ်မြင့်ကားများ အရောင်းအဝယ်ဖြစ်ကာဈေးအနည်း ငယ်မြင့်တက်လာကြောင်း ဟိုင်း လတ်ဆက် ၉၉ မော်ဒယ် ကျပ်သိန်း ၄၁၀ ဝန်းကျင်၊ ပရာဒို ၉၉ မော်ဒယ် ကိုကျပ်သိန်း ၄၅၀ ဝန်းကျင်၊ ပရာဒို TZ ၉၇ မော်ဒယ်ကို ကျပ်သိန်း ၃၅၀ ဝန်းကျင်၊ပရာဒို TX ၉၇ မော် ဒယ်ကျပ်သိန်း ၃၂၀ ဝန်းကျင်၊ ပရာဒို TX (Limited) ကို ကျပ် သိန်း ၃၅၀ ဝန်းကျင်၊ ဟာရီ ၂၀ဝ၀/ဝ၁ မော်ဒယ်ကို ကျပ်သိန်း ၂၂၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း ဟံသာဝတီ ကားပွဲစားတန်းထံမှ သိရသည်။

နီတိုး

News from : VENUS NEWS JOURNAL
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ပြည်တွင်း ကားဈေးကွက် အတွင်းတွင် ယခင်က လူကြိုက်များ ကာ အရောင်း အဝယ်ဖြစ်ခဲ့သော ဂျစ်ကားများသည် ယခုအခါဈေး ကျဆင်းလာသောကြောင့် ဂျစ်ကား နှင့် ဆိုက်
ကားဈေးနှုန်းကျပ် ၁၀ သိန်းခန့်သာ ကွာဟကြောင်း ဟံ သာဝတီကားပွဲစားတန်းထံမှသိရ သည်။
"ကားဝင်းထဲမှ ဂျစ်ကားက ဈေးကွက်ပျောက်နေတယ်။ ဝယ်လို အားလည်း နည်းသွားပြီ။ ဂျစ်ကား တွေကို စက်မှုဇုန်တွေက ၂၀ဝ၄/ ဝ၅ လောက်ကစပြီး ထုတ်လုပ်ခဲ့ တာပါ။ အခု ဆိုက်ကားဈေးနဲ့ ယှဉ်လိုက်မယ်ဆိုရင် ၁၀သိန်းဝန်း ကျင်လောက်ပဲကွာမယ်ထင်တယ်" ဟု ဟံသာဝတီကားပွဲစားတန်းမှ ဝါရင့်ကားပွဲစားဦးသိန်းထွန်းက ဆို သည်။ ရှမ်းစတားဂျစ်များသည် စက် မှုဇုန်ဂျစ်ကားထဲတွင် အရင်ဆုံးပေါ် ထွက်လာပြီး လူကြိုက်များကာ ကျပ်သိန်း၉၀ဝန်းကျင်ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုအခါ ဈေးကွက်ပျောက်ကာ ဝယ်လိုသူ နည်းပါးသောကြောင့် ကျပ် ၃၅ သိန်းခန့်သာဈေးပေါက်နေကြောင်း ထီလာဂျစ်တစ်စီးလျှင် ၃၅ သိန်း ဝန်းကျင်၊ ဒဂုံဂျစ်တစ်စီးလျှင် ၄၅ သိန်းဝန်းကျင်၊ ရာဇာဂျစ် တစ်စီး လျှင် သိန်း ၄၀ ခန့် ဈေးပေါက်နေ ကြောင်း ယခင်က ဒဂုံဂျစ်သည် လူကြိုက်အများဆုံးဖြစ်ခဲ့ကာ ရာဇာ ဂျစ်သည် ဒုတိယလူကြိုက်အများ ဆုံး ဖြစ်ခဲ့ကြောင်း ဦးသိန်းထွန်းက ပြောသည်။

ဆိုဗီယက်ခေတ်သင်္ဘောကို ပြုပြင်မွမ်းမံထားသော တရုတ်ပထမဆုံး လေယာဉ်တင်သင်္ဘော တာဝန်စတင်ထမ်းဆောင်




တရုတ်ပထမဆုံး လေယာဉ်တင်သင်္ဘောကို တာ့လျန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို စက်တင်ဘာလ ၅ ရက်က တွေ့ရစဉ် Photo: AFP
ဆိုဗီယက်ခေတ်သင်္ဘော Var-yag ကို ပြန်လည် ပြုပြင်မွမ်းမံထားသော တရုတ်ပထမဆုံး လေယာဉ်တင် သင်္ဘောကို စက်တင်ဘာလ ၂၃ ရက်တွင် တရုတ်ရေတပ်သို့ လွှဲပေးခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်တွင် တာဝန်စတင်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ သို့သော် ယင်းသင်္ဘောပေါ်တွင် လေယာဉ်အပြည့်အစုံဖြင့် တပ်စွဲပြီး တိုက်ပွဲအသင့်ဝင်နိုင်ရေးမှာ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် ရေပိုင်နက် အငြင်းပွားမှုပြဿနာ မြင့်တက်နေစဉ်မီတာ ၃၀၀ (ပေ ၉၉၀) ရှိလေယာဉ်တင် သင်္ဘောလွှဲပေးခြင်း အခမ်းအနားကို တရုတ်အရှေ့မြောက်ပိုင်းရှိ တာ့လျန်ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့သည်။
ဆိုဗီယက်ခေတ်ဟောင်း သင်္ဘောကို ၀ယ်ယူပြီး ပြုပြင်မွမ်းမံနေကြောင်း တရုတ်က ၂၀၁၁ ခုနှစ်တွင် အတည်ပြုခဲ့ပြီး ယင်းသင်္ဘောမှာ လေ့ကျင့်ရေးနှင့် သုတေသနတို့အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကာ အိမ်နီးချင်းတို့အတွက် ခြိမ်းခြောက်မှု မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် Number 16 ဟု သာသိရသော ယင်းသင်္ဘောရေချ စမ်းသပ်မှုများစွာကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ဒေသတွင်း အင်အားကြီးဂျပန်နှင့် အမေရိကန်အပါအ၀င် တရုတ်အိမ်နီးချင်းများက ယင်းလေယာဉ်တင်သင်္ဘောကို တရုတ်ကအဘယ်ကြောင့် လိုအပ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။

တီးတိန်မြို့ခံပြည်သူ ချင်းအမျိုးသားတပ်ဦး ရုံးခန်းဖွင့်လှစ်မှု ကန့်ကွက်ဆန္ဒပြ


Photo: တီးတိန်မြို့ခံပြည်သူ ချင်းအမျိုးသားတပ်ဦး ရုံးခန်းဖွင့်လှစ်မှု ကန့်ကွက်ဆန္ဒပြ
2012-09-25

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက် (၁၁) နာရီက တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

တီးတိန်မြို့ စကောလားနှစ်ခြင်း အသင်းတော်ရှေ့ကနေ တီးတိန်နာရီစင်အထိ ချီတက်လမ်းလျှောက်ပြီး CNF အလိုမရှိ၊ သမ္မတ ဦးသိန်းစိန် အစိုးရသာ အလိုရှိသည်။ ပြည်သူဗဟိုပြု ဥပဒေသာ အလိုရှိသည်။ စတဲ့ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြကြတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တီးတိန်လူငယ် မိတ်သဟာရအဖွဲ့မှ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနုန်းရှင်းတွောင်က RFA ကို ပြောပါတယ်။

“သူတို့က ချင်းအမျိုးသား တပ်ဦးပေါ့။ ချင်းအမျိုးသား တပ်ဖွဲ့ ဆိုပေမယ့် ချင်းလူမျိုးကို ခြုံငုံပြီးတော့ ဖွဲ့စည်းတာ မဟုတ်ဘူး။ ပြီးတော့ ချင်းကိုယ်စားဆိုပေမယ့် အကုန်လုံး ခြုံငုံပြီးတော့ လုပ်ထားတာလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ တီးတိန်နယ်က နေဆိုရင် လူဦးရေ (၁၆) ယောက်လောက်က သူတို့ သတ်ပစ်တာပေါ့။ ဖြေရဲတာလည်း မရှိသေးဘူး။ ဒီအတိုင်းပဲ သူတို့က မြေပုံပဲကြည့်ပြီးတော့ သူတို့ဖွင့်ချင်သလို ဖွင့်တဲ့အခါကြတော့ ကျွန်တော်တို့လည်း မကျေနပ်ဘူးလေ။ တကယ်လို့များ သူတို့က ဒီလိုဖွင့်ချင်လို့ရှိရင် လူထုနဲ့တွေ့ဆုံပြီးမှ ဖွင့်ရမှာ”

ဒီကနေ့ ဆန္ဒပြကြတာနဲ့ ပတ်သက်လို့ CNF တွဲဖက်အတွင်းရေးမှူးချုပ်(၂) ဆလိုင်းရွှေခါးက RFA ကို အခုလိုပြောပါတယ်။

“ဒီစစ်တိုက်တာတွေ ဘာတွေ ကြားထဲမှာကတော့ မတော်တဆ ထိခိုက်မှုတော့ ရှိပါလိမ့်မယ်နော်။ ဆိုတော့ အဲဒီမှာ ဘယ်သူ့လက်ချက်လဲ ဆိုတဲ့ဟာကိုလည်း ကောင်းကောင်းသိဖို့တော့ လိုအပ်တာပေါ့နော်။ ပြီးတော့ ဒါကတော့ တမင်ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ဘဲနဲ့ မတော်တဆဖြစ်တာတွေ တော်တော်များမှာ ဖြစ်ပါတယ်”

သူတို့ဒေသခံတွေ အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကတည်းက ရုံးဖွင့်မှာကို လက်မခံကြောင်း သမ္မတဆီ စာတင်ခဲ့ပေမယ့် အခုထိ ထူးခြားမှု ရှိမလာခဲ့ဘူးလို့လည်း နုန်းရှင်းတွောင်က ပြောပါတယ်။

သူတို့တွေအနေနဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ဒါကြောင့် CNF အနေနဲ့ အခုလို ရုံးဖွင့်မယ်ဆိုရင် ပြည်သူလူထုနဲ့ တွေ့ဆုံညှိနှိုင်းဖို့ လိုတယ်လို့ ဆန္ဒပြသူတွေက ပြောဆိုပါတယ်။

(RFA- ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၅ ရက်က ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်ပွဲ ပြုလုပ်စဉ်။)

News from : RFA Burmese
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့ခံပြည်သူ လူဦးရေ ၈၀၀ ခန့်က ချင်းအမျိုးသားတပ်ဦး (CNF) ရုံးခန်းဖွင့်မှာကို ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့မနက် (၁၁) နာရီက တစ်နာရ
ီကြာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

တီးတိန်မြို့ စကောလားနှစ်ခြင်း အသင်းတော်ရှေ့ကနေ တီးတိန်နာရီစင်အထိ ချီတက်လမ်းလျှောက်ပြီး CNF အလိုမရှိ၊ သမ္မတ ဦးသိန်းစိန် အစိုးရသာ အလိုရှိသည်။ ပြည်သူဗဟိုပြု ဥပဒေသာ အလိုရှိသည်။ စတဲ့ပိုစတာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြကြတယ်လို့ ဒီကနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ တီးတိန်လူငယ် မိတ်သဟာရအဖွဲ့မှ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနုန်းရှင်းတွောင်က RFA ကို ပြောပါတယ်။

မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

Photo: မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ တရားမဝင် သစ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၂၅

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် သစ်တော သယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေး အကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့် အဝအသုံးချရန် စီမံဆောင်ရွက်နေ သကဲ့သို့ တရားမဝင် သစ်ခိုးယူခြင်းများအား ပြည်သူလူထု၏ အကူအညီဖြင့် စဉ်ဆက်မပြတ် အရေးယူဆောင်ရွက် လျက်ရှိသည်။

မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးများ ခေါင်းဆောင်သည့် ဝန်ထမ်း ၁၁ ဦးပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီက သတင်းအရ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် အတွင်းတရား မဝင်သစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် လေးစီးကို ဖမ်းဆီးရမိ ခဲ့သည်။

မော်တော်ယာဉ် အမှတ် ၄က/ ---- ယာဉ်ပေါ်တွင် ပျဉ်းကတိုးခွဲသား ၂၃၉ ချောင်း ၄ ဒသမ ၁၄၄ဝ တန်နှင့် ကျွန်းခွဲသား ၁၇၆၃ ချောင်း ၉ ဒသမ ၄၄ဝ၈ တန်ကိုလည်းကောင်း၊ မော်တော်ယာဉ်အမှတ် လ/----- ယာဉ် ပေါ်တွင် တမလန်းဓားရွေ ၁၂၅ ချောင်း ၇ ဒသမ ၃၇၈၂ တန်ကိုလည်းကောင်း၊ မော်တော်ယာဉ် အမှတ် ၄ခ/----- ယာဉ်ပေါ်တွင် တမလန်းဓားရွေ ၂၇၉ တုံး ၁၈ ဒသမ ၈၇၆၈ တန်ကို လည်းကောင်း၊ မော်တော်ယာဉ်အမှတ် အ/ ----- ယာဉ်ပေါ်တွင် တမလန်းတိုင် ၁ဝ လုံး သုည ဒသမ ၅ဝ၄ဝ တန်နှင့် တမလန်းဓားရွေအတုံး ၆ဝ၃ ဒသမ ၈၇၃၈ တန်ကိုလည်းကောင်း ဖမ်းဆီးရမိသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ပိုင်ရှင်အား ဖော်ထုတ်လျက်ရှိ ကြောင်း သိရှိရသည်။

ထို့အတူ သစ်တောဦးစီးဌာန ဦးစီးရုံးချုပ်မှ ဝန်ထမ်းများပါဝင်သော တရားမဝင် သစ်ကာကွယ်တားဆီးရေးအဖွဲ့ သည် စက်တင်ဘာ ၂ဝ ရက် ညနေ ၃ နာရီက ပဲခူးတိုင်းဒေသကြီး အုတ်တွင်း မြို့နယ် လက်ပံခုံကျေးရွာ အုပ်စု ရေဗွက် ကျေးရွာအနီး၌ တရားမဝင် သစ်စက် တစ်လုံး၊ ပျဉ်းကတိုးသစ် (ယာပုံ) ၃၇ လုံး ၆ ဒသမ ၈၂၂ တန်၊ ကျွန်းသစ်နှစ်လုံး သုည ဒသမ ၃၉၂ တန်နှင့် ပျဉ်းကတိုးခွဲသား ၁၆၆ ချောင်း ၁ ဒသမ ၆၄၅ တန်တို့ကို ပိုင်ရှင်မဲ့ဖမ်း ဆီးရမိခဲ့ပြီး တရားခံအား ဖော်ထုတ်အရေးယူနိုင်ရန် စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

News from : မြ၀တီ
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် သစ်တော သယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေး အကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘ
ာဝဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာတို့ကို မထိခိုက်စေဘဲ အပြည့် အဝအသုံးချရန် စီမံဆောင်ရွက်နေ သကဲ့သို့ တရားမဝင် သစ်ခိုးယူခြင်းများအား ပြည်သူလူထု၏ အကူအညီဖြင့် စဉ်ဆက်မပြတ် အရေးယူဆောင်ရွက် လျက်ရှိသည်။

မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးများ ခေါင်းဆောင်သည့် ဝန်ထမ်း ၁၁ ဦးပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီက သတင်းအရ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် အတွင်းတရား မဝင်သစ်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် လေးစီးကို ဖမ်းဆီးရမိ ခဲ့သည်။

ကချင်နှင့် ရခိုင်အရေးတွင် နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်း

Photo: ကချင်နှင့် ရခိုင်အရေးတွင် နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်း

ငြိမ်းငြိမ်းနိုင်
ရန်ကုန်၊စက်တင်ဘာ-၂၄


ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် နှုတ်ဆိတ်နေခြင်းအား
ဝေဖန်မကျေနပ်မှုများနှင့် ပတ်သက်၍ အချင်းချင်းပဋိပက္ခ ပိုကြီးထွားမသွားစေရန် မည်သည့်ဘက်ကိုမှ ပြင်းပြင်းထန်ထန် မပြောခဲ့ခြင်းဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးယောက်မြို့၊ ကွင်းတက္ကသိုလ်တွင် စက်တင်ဘာ ၂၂ ရက်က မြန်မာတိုင်းရင်းသားမိသားစု ၃,၀၀၀ ကျော်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသော မိန့်ခွန်းတွင် ဤသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။    “တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမဟုတ်ဘူး။ မကျေနပ်တာ ကျွန်မကို မကျေနပ်တာပြောတာ မဟုတ်ဘူးနော်။ ဟိုဘက်ကို မကျေနပ်မှာ။ ပြီးတော့ အချင်းချင်းပဋိပက္ခတွေက ပိုပြီးတော့ကြီးသွားမယ်။ ကျွန်မကနေပြီးတော့ ပြင်းပြင်းထန်ထန်မပြောလို့ မကျေနပ်ရင် မကျေနပ်ပါစေ။ ရပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခတွေ ပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စတွေကိုတော့ ကျွန်မ မလုပ်နိုင်ဘူး”ဟု ပြတ်ပြတ်သားသား ပြောကြားသွားခြင်း ဖြစ်သည်။

ထို့အပြင် သူမကဆက်လက်၍ “အခြေခံအားဖြင့် ကျွန်မကနေ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုရင်တော့ ကျွန်မအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပြောပါရစေ။ ဘယ်လူ့အခွင့်အရေးပဲဖြစ်ဖြစ်၊ ဘယ်သူ့အခွင့်အရေးပဲဖြစ်ဖြစ် ဘယ်သူ့ရဲ့ အခြေခံ
လူ့အခွင့်အရေးပဲဖြစ်ဖြစ် အဲဒီလို ချိုးဖောက်မှုတွေကိုတော့ ကျွန်မ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”ဟု ဆိုသည်။

ယင်းကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပဋိပက္ခများနှင့် ပတ်သက်၍ ပြောကြားသွားခြင်းအပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်က လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားချက်ကို ကြိုဆိုကြောင်း ပြောကြားသည်။

“ကျွန်တ်ာတို့ ကချင်ပြည်နယ်မှာ လက်နက်ကိုင်အချင်းချင်း တိုက်တာကတော့ ပြဿနာမဟုတ်ဘူး။ ပြည်သူတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာက ပိုအရေးကြီးနေတာ။ ဒေါ်စုက ဒီကိစ္စကို တကယ်ပဲ စိတ်ပါဝင်စားစွာနဲ့ ပြောခဲ့တာဆိုရင်တော့ သူ့အနေနဲ့ လူ့အခွင့်အရေးကိစ္စကို နိုင်ငံတကာအဆင့် ကိုင်တွယ်ဆောင်ရွက်သွားမယ်ဆိုရင် အများကြီး အဆင်ပြေသွားမှာပါ။ အခု တရားဥပဒေကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်နေတော့။ အဲလိုပြောပြီးမှ ဒေါ်စု ဒီကိစ္စကို မကိုင်တွယ်မှာကိုပဲ စိုးရိမ်ပါတယ်”ဟု ဒေါက်တာဆမ်ဇွန်ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ရပ်တည်ပြောဆိုသွားခြင်းကိုက ကချင်လူထုအတွက် ခွန်အားဖြစ်စေကြောင်း ၎င်းကပင် ထပ်လောင်းပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တင်းမာနေသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် နှစ်ဖက်ငြိမ်းချမ်းရေး စကားဝိုင်းများကြားကပင် သောင်းနှင့်ချီသော ဒုက္ခသည်များ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဒေသခံသေဆုံးမှုများနှင့် နှစ်ဖက်တပ်မတော်သား သေဆုံးမှုများလည်း ရှိနေသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းက စတင်ခဲ့သော ပဋိပက္ခပြဿနာများမှ နောက်ဆက်တွဲအဖြစ် ပြည်နယ်တွင်း ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီများကြား အတူတကွ ဆက်လက် ပူးတွဲနေထိုင်ရေးအတွက် ပြဿနာများ ရှိနေဆဲဖြစ်သည်။

ယင်းပြည်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသများသို့လည်း သွားရောက်ခဲ့ကာ ဆွေးနွေးပြောဆိုမှုများစွာ ပြုလုပ်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကိုကိုကြီးက ၎င်း၏ခံယူချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောကြားသည်။

“အရင်တုန်းကတော့ အစိုးရနဲ့ဖြစ်တဲ့ပြဿနာ အစိုးရမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ အခြေအနေမျိုးပေါ့။ အခုတော့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ပတ်သက်သူအားလုံး၊ တာဝန်ရှိတဲ့သူအားလုံး၊ နောက်ကိုယ့်ကိုယ်ကိုယ် တာဝန်ရှိသူဟု ခံယူထားသူအားလုံး ပူးပေါင်းပါဝင်ဖို့ လိုတာပေါ့။ ဒါမှလည်း ရေရှည်တည်ငြိမ်ရေး တည်ဆောက်နိုင်မှာ”ဟု ဦးကိုကိုကြီးကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်နှင့် ပတ်သက်ပြီး ၎င်းအမြင်ကို မေးမြန်းရာ “ဒီကိစ္စက တော်တော်လေး အကဲဆတ်တဲ့ ကိစ္စဆိုတော့ သတိထားပြီး ကိုင်တွယ်နေပုံ ရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မှာ ဒေါ်စုအနေနဲ့ ထည့်သွင်းစဉ်းစားစရာ ကိစ္စတွေ အများကြီးနေမှာပါ။ လိုအပ်တဲ့
အချိန်ကျရင်တော့ တိကျတဲ့ သဘောထား ဖြေရှင်းချက်တွေကို ပါဝင်ဆောင်ရွက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် တိုင်းရင်းသားပါတီများက ၎င်းနှင့် ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား အစဉ်တစ်စိုက် ထောက်ခံအားပေးခဲ့ပြီး အတူတကွ ရပ်တည်ပေးခဲ့ကြောင်း လေးလေးနက်နက် ထုတ်ဖော်ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကာလက ၂၀၁၂ ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ်အဖြစ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်အပြီး ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ ကချင်ဒုက္ခသည်စခန်း တစ်ခုကိုမျှ သွားရောက်ခဲ့ခြင်း မရှိသည့်အတွက် ကချင်ပြည်သူတို့က ဒေါ်အောင်ဆန်းစုကြည်အပေါ် နားလည်ရခက်သည့် ခံစားချက်ရှိခဲ့ကြကြောင်း ဒေါက်တာဆမ်ဇွန်ကပြောသည်။

“ဒေါ်စုအနေနဲ့ အလှူငွေထည့်ဝင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ပိုက်ဆံပံ့ပိုးတာထက် သူရောက်ခိုက် ဒုက္ခသည်တွေကို တစ်နေရာလောက်ဖြစ်ဖြစ် လာကြည့်စေချင်ကြတာပါ။ သူ့ကို အပြစ်လည်း ပြောလို့မရပါဘူး။ ဒါပေမဲ့ သူသွားကြည်ခဲ့ရင် လူထုအတွက် ခွန်အားရှိတာပေါ့”ဟု ၎င်းကဆက်ပြောပြသည်။

News from :  7Day News Journal
Post by : အေးချမ်းမွန်
( excellence.myanmar@gmail.com)
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် နှုတ်ဆိတ်နေခြင်းအား
ဝေဖန်မကျေနပ်မှုများနှင့် ပတ်သက်၍ အချင်းချင်းပဋိပက္ခ ပိုကြီးထွားမသွားစေရန် မည်သည့်ဘက်ကိုမှ ပြင်းပြင်းထန်ထန် မပြောခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးယောက်မြို့၊ ကွင်းတက္ကသိုလ်တွင် စက်တင်ဘာ ၂၂ ရက်က မြန်မာတိုင်းရင်းသားမိသားစု ၃,၀၀၀ ကျော်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်
ပြောကြားသော မိန့်ခွန်းတွင် ဤသို့ ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ “တစ်ဖက်ကို ပြင်းပြင်းထန်ထန်ပြောရင် ဟိုတစ်ဖက်က ကျေနပ်မှာမဟုတ်ဘူး။ မကျေနပ်တာ ကျွန်မကို မကျေနပ်တာပြောတာ မဟုတ်ဘူးနော်။ ဟိုဘက်ကို မကျေနပ်မှာ။ ပြီးတော့ အချင်းချင်းပဋိပက္ခတွေက ပိုပြီးတော့ကြီးသွားမယ်။ ကျွန်မကနေပြီးတော့ ပြင်းပြင်းထန်ထန်မပြောလို့ မကျေနပ်ရင် မကျေနပ်ပါစေ။ ရပါတယ်။ ဒါပေမဲ့ ဒီပဋိပက္ခတွေ ပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စတွေကိုတော့ ကျွန်မ မလုပ်နိုင်ဘူး”ဟု ပြတ်ပြတ်သားသား ပြောကြားသွားခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်သစ်တွေ ဘယ်သူ ဖြစ်လာမလဲ


လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်သစ်တွေကို လာမယ့် လမှာ ရွေးချယ်သွားမှာဖြစ် တယ်လို့ ယမန်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့က ပါတီ အထွေထွေအတွင်းရေးမှူးက ပြောလိုက်ပါတယ်။ 

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာလူထုကြား လူကြိုက်အများဆုံးဖြစ်နေမှုကြောင့် လာမယ့် ၂၀၁၅ ရွေးကောက် ပွဲ အကြို ပြင်ဆင်ဖို့အတွက် ဖိအားတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့ AFP သတင်း တပုဒ်မှာ ဆိုပါတယ်။ 

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လာမယ့် လ ကျင်းပမယ့် ညီလာခံမှာ ပါတီကို ခေါင်းဆောင် ပိုင်း လစ်လပ်နေတာဖြည့်ဖို့ မျှော်လင့်ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြီးခဲ့တဲ့ ဧပြီ လ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရလိုက်တာကြောင့် ပါတီကို ပြန်လည် သုံးသပ်လာရတာ ပါ။ 

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

Photo: ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

အောင်သူရ
ရန်ကုန်၊ စက်တင်ဘာ - ၂၄

ပထမအကြိမ် စတုတ္ထလွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတက အချိုးတူထည့်ဝင်ငွေ ၅၀း ၅၀ အပါအ၀င် အချို့အချက်အလက်ကို ပြင်ဆင်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် (စနေနေ့)က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပြန်ပို့ပေးခဲ့ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

“အဓိကနှစ်ချက်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားရယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏရယ်ပေါ့။ တခြားအချက်အလက် တချို့လည်း ပါပါတယ်”ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

လွှတ်တော်အစည်းအဝေးများ ပြုလုပ်ပြီး စက်တင်ဘာလ ၁၂ နှင့် ၁၃ ရက်တွင် နေပြည်တော်၌ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ပြုလုပ်ပြီး Euromoney Industitutional Invester PLC မှ အမှုဆောင်အရာရှိချုပ် မစ္စတာ Toney Shale က ရင်းနှီးမြှုပ်နှံမှုပမာဏတွင် နိုင်ငံခြားသားနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို အချိုးတူ သတ်မှတ်ထားခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အခက်အခဲဖြစ်နိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

“ ၅၀း ၅၀ (အချိုးတူ)မှာ ခက်နေတာက အဓိက ရင်းနှီးမြှုပ်နှံသူ ဘယ်သူမှ မဟုတ်တဲ့အတွက် ဆုံးဖြတ်ချက်ချဖို့ ခက်တယ်။ နှစ်ဦးသဘောတူဖြစ်ဖို့ဆိုတာ နေရာတိုင်း မဖြစ်နိုင်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

News from : 7Day News Journal
Post by : အေးချမ်းမွန်
( excellence.myanmar@gmail.com)
ပထမအကြိမ် စတုတ္ထလွှတ်တော် အစည်းအဝေးက အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြု
လက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတက အချိုးတူထည့်ဝင်ငွေ ၅၀း ၅၀ အပါအ၀င် အချို့အချက်အလက်ကို ပြင်ဆင်ပေးရန် ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက် (စနေနေ့)က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ပြန်ပို့ပေးခဲ့ကြောင်း သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ပြောသည်။

“အဓိကနှစ်ချက်ပေါ့။ ရင်းနှီးမြှုပ်နှံမှု အချိုးအစားရယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏရယ်ပေါ့။ တခြားအချက်အလက် တချို့လည်း ပါပါတယ်”ဟု အဆိုပါ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မိမိမှာ တရုတ်ရုပ်သံဇာတ်လမ်းတွဲ ပရိသတ်ဖြစ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန် အင်တာဗျူးတစ်ခုတွင် ပြောကြား

Photo: ဒီမိုကရေစီကူးပြောင်းမှုက မြန်မာ-တရုတ် ဆက်ဆံရေးကို ပြောင်းလဲစေမည် မဟုတ်ဟု သမ္မတဦးသိန်းစိန်ပြော 

မိမိမှာ တရုတ်ရုပ်သံဇာတ်လမ်းတွဲ ပရိသတ်ဖြစ်ခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ပြောကြား

ငြိမ်းငြိမ်းနိုင်
ရန်ကုန်၊စက်တင်ဘာ-၂၃


နိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများက တရုတ်-မြန်မာ ဆက်ဆံရေးကို ပြောင်းလဲစေမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် လက်ရှိဒုတိယသမ္မတ မစ္စတာစီကျင်ပင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒုတိယမြောက် အလည်အပတ်ခရီးစဉ်တွင် ဦးသိန်းစိန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာစီကျင်ပင်းကလည်း တရုတ်နှင့် မြန်မာနိုင်ငံသည် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု အဓိကကျသော စီမံကိန်းများကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးစီးစေရန် အာမခံချက်ပေးနိုင်ရေး နှစ်ဖက်စလုံးက ကြိုးစားဆောင်ရွက်သင့်ကြောင်း သမ္မတဦးသိန်းစိန်သို့ ပြောကြားခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းကို သမ္မတဦးသိန်းစိန်က ၎င်းသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့ပြီးချိန်ကစ၍ တရုတ်အစိုးရနှင့် ကုမ္ပဏီအသိုင်းအ၀ိုင်းတွင် မကျေမလည်အသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့သော်လည်း ယခုခရီးစဉ်အတွင်း သမ္မတအား ယင်းစီမံကိန်း ပြန်စရေးနှင့် ပတ်သက်၍ တွန်းအားပေး ပြောဆိုမှု တစ်စုံတရာ ရှိ၊ မရှိကိုမူ ထုတ်ပြန်ရေးသားမှုမျိုး မတွေ့ရပေ။

တရုတ်ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုသို့ သွားရောက်လေ့လာခဲ့သည်ကို တွေ့ရသော်လည်း မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံမှု ရေအားလျှပ်စစ်ကုမ္ပဏီဖြစ်သည့် CPI တာဝန်ရှိသူများနှင့် တွေ့ဆုံမှု ရှိ၊ မရှိကိုလည်း မသိရပေ။

သမ္မတက မစ္စတာစီကျင်ပင်းနှင့် ပြောဆိုရာတွင် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ခံအားပေးမှုနှင့် အကူအညီများအား မြန်မာနိုင်ငံသားများက ဘယ်သောအခါမှ မေ့လျော့သွားမည် မဟုတ်ကြောင်း ပေါက်ဖော်ဆက်ဆံရေးမှာ ဤနှစ်နိုင်ငံကြားတွင်သာ ရှိကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

သမ္မတက ၎င်းခရီးစဉ်အတွင်း တရုတ်နိုင်ငံတကာရေဒီယို (CRI)နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ၎င်းအနေဖြင့်
တရုတ်ရုပ်သံ ဇာတ်လမ်းများ၏ ပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများက မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာကပင် ရေပန်းစားခဲ့ခြင်းဖြစ်ပြီး တရုတ်ရုပ်သံ ဇာတ်လမ်းတွဲများစွာကို တစ်ချိန်က ကြည့်ရှုခဲ့သည့် ပရိသတ်တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

News from : 7Day News Journal
Post by : အေးချမ်းမွန်
( excellence.myanmar@gmail.com)
နိုင်ငံတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများက တရုတ်-မြန်မာ ဆက်ဆံရေးကို ပြောင်းလဲစေမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် လက်ရှိဒုတိယသမ္မတ မစ္စတာစီကျင်ပင်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။

သမ္မတဦးသိန်းစိန်၏ သမ္မတသက်တမ်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒုတိယမြောက် အလည်အပတ်ခရီးစဉ်တွင် ဦးသိန်းစိန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာစီကျင်ပင်းကလည်း တရုတ်နှင့် မြန်မာနိုင်ငံသည် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု အဓိကကျသော စီမံကိန်းများကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးစီးစေရန် အာမခံချက်ပေးနိုင်ရေး နှစ်ဖက်စလုံးက ကြိုးစားဆောင်ရွက်သင့်ကြောင်း သမ္မတဦးသိန်းစိန်သို့ ပြောကြားခဲ့သည်။

"မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တန်ဖိုးနည်းဖုန်း ရောင်းချမည့်သတင်း ဆက်သွယ်ရေးငြင်း"

Photo: "မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တန်ဖိုးနည်းဖုန်း ရောင်းချမည့်သတင်း ဆက်သွယ်ရေးငြင်း"

ဆက်သွယ်ရေး အော်ပရေတာလိုင်စင်မရှိသော မည်သူ့ကိုမျှ ဖုန်းရောင်းချခွင့် ပေးမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ပြည်တွင်းဖုန်း ဈေးကွက်၌ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)မှကျပ် တစ်သိန်းသုံးသောင်းတန် CDMA 800 MHz ဖုန်းများအား ယခုနှစ် အတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းအပေါ် မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင် ဂျင်နီယာချုပ်တစ်ဦးက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ် သည်။
''လတ်တလော ကြားနေရတဲ့ သတင်းဆိုရင် လုံးဝဖြစ်နိုင်ဖွယ်မရှိ ဘူး။ MEC ကုမ္ပဏီအနေနဲ့ အော် ပရေတာလိုင်စင်အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဝန်ကြီးဌာနကို လိုင်စင် လျှောက်ရမယ်။ ဒါ့အပြင် Frequency အသုံးပြုခွင့်လည်း လျှောက်ရမယ်။ ဒါတွေအားလုံး ဘာမှမလုပ် ထားဘဲနဲ့ ကျွန်တော်တို့ဘက်က ဖုန်းရောင်းချခွင့်ပေးလို့မရပါဘူး။ MEC မှ မဟုတ်ဘူး။ ဘယ်ကုမ္ပဏီမဆို ဆက်သွယ်ရေးက ပြဋ္ဌာန်းထားတဲ့ အချက်တွေမရှိဘဲ ဖုန်းရောင်းချခွင့် မရှိပါဘူး''ဟု ၄င်းက ပြောသည်။
ယင်းအပြင် ဆက်သွယ်ရေး သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး ကလည်း Operator လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ အချက် သုံးချက်ရှိကြောင်း ပထမအချက်မှာ ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာအဖြစ် လုပ်ကိုင် ခွင့်ပေးခြင်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် ခွင့် ပြုနိုင်သည့် အခွင့် အာဏာမရှိဘဲ အစိုးရအဖွဲ့ကသာ အမိန့်ကြေညာ စာထုတ်ပြန်၍ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ပြုနိုင်ပါကြောင်း၊ ဒုတိ ယအချက်မှာ အမိန့်ကြေညာစာ ထုတ်ပြန်ထားပါကလည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ လုပ်ငန်းလိုင်စင်၊ Frequency နှင့် Numbering Plan ကို လျှောက်ထား ပြီး ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ အော်ပရေတာ လုပ်ကိုင်ခွင့်ရရှိပါက အော်ပရေတာရရှိထားသူ၏ ဆက်သွယ်ရေး ကွန်ရက်နှင့် အခြားအော်ပရေ တာတစ်ဦး၏ ဆက်သွယ်ရေး ကွန်ရက်တို့အကြား အပြန်အလှန်ချိတ်ဆက် ပြောဆိုနိုင်ရေးအတွက် Inter-connection Agreement ရှိရန် လိုအပ်ကြောင်း ယင်းအချက်များ ပြည့်စုံမှ သာလျှင် မိုဘိုင်းဖုန်းထုတ်လုပ် ရောင်းချခွင့် ရရှိမည်ဖြစ် ကြောင်း ပြောသည်။
ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့်ကို ယခင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတစ်ခုကသာ နှစ်ကာလအတန်ကြာ ရယူထား သော်လည်း လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာကို ပုဂ္ဂလိကကုမ္ပဏီ များအား ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေးမှ ထုတ်ပြန် ထားသည်။
ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်မရှိဘဲ MEC ကုမ္ပဏီမှ ဖုန်းရောင်း ချပေးမည် ဆိုသည့် သတင်းများကဲ့သို့ ယခင်က ရွှေပြည်တံခွန် ကုမ္ပဏီမှ လည်း ကျပ်ငါးထောင်တန် ဖုန်းများ ရောင်းချပေးမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ဖူးကြောင်း ဖုန်းဈေးကွက်မှ သိရသည်။

PN-052


News from : Popular Myanmar News Journal
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ဆက်သွယ်ရေး အော်ပရေတာလိုင်စင်မရှိသော မည်သူ့ကိုမျှ ဖုန်းရောင်းချခွင့် ပေးမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
လက်ရှိတွင် ပြည်တွင်းဖုန်းေ
ဈးကွက်၌ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)မှကျပ် တစ်သိန်းသုံးသောင်းတန် CDMA 800 MHz ဖုန်းများအား ယခုနှစ် အတွင်း ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းအပေါ် မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင် ဂျင်နီယာချုပ်တစ်ဦးက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ် သည်။
''လတ်တလော ကြားနေရတဲ့ သတင်းဆိုရင် လုံးဝဖြစ်နိုင်ဖွယ်မရှိ ဘူး။ MEC ကုမ္ပဏီအနေနဲ့ အော် ပရေတာလိုင်စင်အတွက် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဝန်ကြီးဌာနကို လိုင်စင် လျှောက်ရမယ်။ ဒါ့အပြင် Frequency အသုံးပြုခွင့်လည်း လျှောက်ရမယ်။ ဒါတွေအားလုံး ဘာမှမလုပ် ထားဘဲနဲ့ ကျွန်တော်တို့ဘက်က ဖုန်းရောင်းချခွင့်ပေးလို့မရပါဘူး။ MEC မှ မဟုတ်ဘူး။ ဘယ်ကုမ္ပဏီမဆို ဆက်သွယ်ရေးက ပြဋ္ဌာန်းထားတဲ့ အချက်တွေမရှိဘဲ ဖုန်းရောင်းချခွင့် မရှိပါဘူး''ဟု ၄င်းက ပြောသည်။

မြစ်ဆုံအနီးမှ အောင်မြင်သာစံပြရွာ မူးယစ်ဆေးသုံးစွဲမှု လွန်ကျွံလာ

Photo: မြစ်ဆုံအနီးမှ အောင်မြင်သာစံပြရွာ မူးယစ်ဆေးသုံးစွဲမှု လွန်ကျွံလာ


မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရွာသားများနေထိုင်သည့် အောင်မြင်သာစံပြကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူငယ်ပိုင်းသေဆုံးမှုများ ရှိလာကြောင်းဒေသခံများထံမှ သိရသည်။
''လူငယ်တွေ မူးယစ်ဆေး ကြောင့် သေဆုံးတာ ၁ဝ ဦး လောက်ရှိပြီ။ လက်ရှိသုံးစွဲနေတာ လည်း အများကြီးရှိသေးတယ်'' ဟု အောင်မြင်သာ စံပြကျေးရွာမှ ဦးလရမ်ကပြောသည်။မူးယစ်ဆေးဝါး များသည် ၂ဝဝ၉ ခုနှစ်က မြစ်ဆုံဒေသတွင် ရွှေတူးဖော်ခွင့်တရားဝင်လုပ်ကိုင် စေပြီးနောက်ပိုင်း ရွှေမှော်များနှင့် အတူ ဝင်ရောက်လာခြင်းဖြစ် ကြောင်း၊ ထိုစဉ်က မြစ်ဆုံ၊ တန်ဖဲ ကျေးရွာသည် အောင်မြင်သာစံပြ ကျေးရွာသို့ ပြောင်းရွှေ့ပေးရခြင်း မရှိသေးကြောင်းသိရသည်။

''မူးယစ်ဆေးဝါးက ရွာဟောင်း ကနေစတာ။ အစိုးရက ရွှေတူးဖော် ခွင့် တရားဝင်ပေးလိုက်တော့ ရွှေမှော်တွေဖြစ်သွားပြီး မူးယစ် ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလာတော့တာပဲ'' ဟု ဦး လရမ်ကပြောသည်။
ထိုစဉ်ကတည်းက ကျေးရွာ အတွင်းရှိ ကျောင်းသားအရွယ်၊ လူငယ်၊ လူလတ်အများစုသည် မူးယစ်ဆေးဝါးကို သုံးစွဲလာသော ကြောင့် မိဘများ၊ အိမ်ရှင်မများက တန်ဖဲရွာတွင် မနေထိုင်လိုတော့ဘဲ မူးယစ်ဆေးဝါးနှင့်ဝေးရာအောင်မြင်သာစံပြကျေးရွာသို့ အမြန်ပြောင်း ရွှေ့ ခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။

''အစတုန်းကတော့ ရွာသစ်ကို မပြောင်းဘူးလို့နေတာ။ ဒါပေမဲ့ ရွာဟောင်းမှာက မူးယစ်ဆေးဝါး ကိစ္စတအားဆိုးလာလို့ အမြန် ပြောင်းခဲ့တာ။ ဒီရွာသစ်ရောက်တော့ လည်းမူးယစ်ဆေး ဝါးရောင်းတဲ့သူ တွေက လိုက်လာကြတာပဲ'' ဟု အောင်မြင်သာ
စံပြကျေးရွာ သား တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အောင်မြင် သာစံပြကျေးရွာ၌ မူးယစ်ဆေးဝါး အန္တရာယ်အလွန်ကြီးထွားလာပြီး အစိုးရပိုင်းမှ အမြစ်ပြတ်နှိမ် နင်း ပေးရန်လိုအပ်နေပြီဖြစ်ကြောင်း၊ ကျေးရွာသားအများစုသည် မူးယစ် ဆေးဝါးသုံးစွဲနေသူများဖြစ်နေပြီးထိုအထဲတွင်ကျောင်းသားအများစု ပါဝင်ကြောင်း အောင်မြင်သာစံပြ ကျေးရွာသို့ ယနေ့တိုင်မပြောင်းရွှေ့ ဘဲ တန်ဖဲကျေးရွာတွင်နေထိုင်သည့် ရွာသားတစ်ဦးကပြောသည်။

''အခု မူးယစ်ဆေးဝါးကို တ အားကိုရောင်းနေတာ။ ဖမ်းဆီးအ ရေးယူ မှုလည်း မရှိဘူး။ ဖမ်းခဲ့ရင် လည်း ခဏဆိုပြန်လွတ်တာလေ။ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူက နေ့တိုင်းအနည်းဆုံးလူ ၅ဝ လောက် ရှိတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။ထို့ကြောင့် အောင်မြင်သာ စံပြကျေးရွာတွင် ဖြစ်ပေါ်နေသည့်မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းပေးပါရန်နိုင်ငံတော်အစိုးရသို့ တောင်းဆိုကြောင်း ကျေးရွာသူ ကျေးရွာသားများက ပြောကြ သည်။
မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာ နှင့် အောင်မြင်သာစံပြကျေးရွာ တွင် ကြီးထွားနေသော မူးယစ် ဆေးဝါး ပြဿနာကို အမြန်ဆုံး ဖြေရှင်းစေလိုကြောင်း ဒေသခံများ ကပြောသည်။

မင်းချစ်နိုင်


News from : Popular Myanmar News Journal
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရွာသားများနေထိုင်သည့် အောင်မြင်သာစံပြကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူငယ်ပိုင်းသေဆုံးမှုများ ရှိလာကြောင်းဒေသခံများထံမှ သိရသ
ည်။
''လူငယ်တွေ မူးယစ်ဆေး ကြောင့် သေဆုံးတာ ၁ဝ ဦး လောက်ရှိပြီ။ လက်ရှိသုံးစွဲနေတာ လည်း အများကြီးရှိသေးတယ်'' ဟု အောင်မြင်သာ စံပြကျေးရွာမှ ဦးလရမ်ကပြောသည်။မူးယစ်ဆေးဝါး များသည် ၂ဝဝ၉ ခုနှစ်က မြစ်ဆုံဒေသတွင် ရွှေတူးဖော်ခွင့်တရားဝင်လုပ်ကိုင် စေပြီးနောက်ပိုင်း ရွှေမှော်များနှင့် အတူ ဝင်ရောက်လာခြင်းဖြစ် ကြောင်း၊ ထိုစဉ်က မြစ်ဆုံ၊ တန်ဖဲ ကျေးရွာသည် အောင်မြင်သာစံပြ ကျေးရွာသို့ ပြောင်းရွှေ့ပေးရခြင်း မရှိသေးကြောင်းသိရသည်။

မိုးလွန်မုန်တိုင်းအလတ်စားသုံးလုံးဖြစ်နိုင်ဟု ဦးထွန်းလွင်ဆို

Photo: မိုးလွန်မုန်တိုင်းအလတ်စားသုံးလုံးဖြစ်နိုင်ဟု ဦးထွန်းလွင်ဆို

ယခုနှစ်အတွင်း၌ မိုးလွန်မုန်တိုင်းအလတ်စား၃လုံးခန့်ဖြစ်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင်ဒေါက်တာဦးထွန်းလွင်မှပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ဝင်ရောက်လျက်ရှိသော အနောက်တောင်မုတ်သုံလေသည်ပြန်လည်ဆုတ်ခွာလျက်ရှိရာ ယခုစက်တင်ဘာလနောက်ဆုံးပတ်တွင်လုံးဝဆုတ်ခွာပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဌာနမှသတင်းထုတ်ပြန်သည်။ယင်းသို့ မုတ်သုံဆုတ်ခွာပြီး နောက်ပိုင်းအောက်တိုဘာလတွင်ဘင်္ဂလားပင်လယ်အော်၌ မိုးလွန်မုန်တိုင်း၃လုံးခန့် ဖြစ်နိုင်ပြီး စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၊ထို့ကြောင့် အောက်တိုဘာလသည် ပြည်သူများသတိထားရမည့်ကာလဖြစ်ကြောင်း ဦးထွန်းလွင်မှပြောသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက သြဂုတ်လ ၂၈ရက်နေ့ ထုတ်ပြန်ချက်အရ ယခုနှစ်မိုးနှောင်းကာလများ၏ မိုးလေ၀သခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းသုံးကြိမ်ခန့်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

မိုးငယ်

News from : Popular Myanmar News Journal
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
ယခုနှစ်အတွင်း၌ မိုးလွန်မုန်တိုင်းအလတ်စား၃လုံးခန့်ဖြစ်နိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင်ဒေါက်တာဦးထွန်းလွင်မှပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ဝင်ရောက်လျက်ရှိသော အနောက်တောင်မုတ်သ
ုံလေသည်ပြန်လည်ဆုတ်ခွာလျက်ရှိရာ ယခုစက်တင်ဘာလနောက်ဆုံးပတ်တွင်လုံးဝဆုတ်ခွာပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒဌာနမှသတင်းထုတ်ပြန်သည်။ယင်းသို့ မုတ်သုံဆုတ်ခွာပြီး နောက်ပိုင်းအောက်တိုဘာလတွင်ဘင်္ဂလားပင်လယ်အော်၌ မိုးလွန်မုန်တိုင်း၃လုံးခန့် ဖြစ်နိုင်ပြီး စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၊ထို့ကြောင့် အောက်တိုဘာလသည် ပြည်သူများသတိထားရမည့်ကာလဖြစ်ကြောင်း ဦးထွန်းလွင်မှပြောသည်။

ဝက်မှေးရွာသူ မအေးနက်နှင့် တွေ့ဆုံခြင်း

Photo: ဝက်မှေးရွာသူ မအေးနက်နှင့် တွေ့ဆုံခြင်း

Written by  ကိုသက်(မုံရွာ)

“သမ္မတကြီးက စီမံကိန်း ရပ်ခိုင်းမယ် ဆိုရင် လယ်သိမ်းခံ ဒေသခံတွေ အားလုံး ကျွန်မအပါအဝင် သမ္မတကြီးကို ထိုင်ပြီးတော့ ရှိခိုးမယ်”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒ ထုတ်ဖော်မှုများတွင် ဦးဆောင် ပါဝင်ခဲ့ကြပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး မှအပြန် နန်ချွန်ဆိပ်ကမ်းမှ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ စက်တင် ဘာလ ၁၄ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သော ကြေးနီ စီမံကိန်း အနီးမှ ဝက်မှေး ကျေးရွာသူ မအေးနက်အား တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နှုတ် ဖော်ပြပါသည်။

Voice : ဖမ်းဆီး ခံခဲ့ရတဲ့ အချိန်မှာကြမ်းတမ်းစွာ ဆက်ဆံ ခံခဲ့ရတာ တွေရှိတယ်လို့ကြားပါတယ် မုံရွာမြို့နယ်မှူးကို တရားပြန်စွဲမယ်လို့ သိရပါတယ် ဘယ်အတိုင်းအတာ အထိ ပြင်ဆင်ထားပြီးပြီလဲ။
MAN : ဘယ်အတိုင်းအတာ ထိလဲ ဆိုတော့အကုန်လုံး နဲ့တော့ တိုင်ပင် ထားတယ်၊အစ်မတို့မှာ တစ်ယောက်က လဲ ထဘီကျွတ် တယ်၊တစ်ယောက်ကလဲ အကုန်လုံးကို ကျွတ်ကျလောက်အောင် လုပ်ခဲ့တဲ့ အတွက်၊ မြန်မာ အမျိုးသမီးတွေ အနေနဲ့ အရှက်တရားနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် တရားဆွဲပါမယ်၊ ညီမသုံးယောက်လုံးတော့ လောလောဆယ် တိုင်ပင် ထားပါတယ်။

Voice : တရားစွဲမယ် ဆိုရင် ဘယ်လို စွဲချက်နဲ့ ပြန်စွဲမလဲ။
MAN : ကျွန်မတို့က ဥပဒေ အကြောင်း နားလည်တဲ့ ပညာရှင်တွေကို ရဲစခန်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ပြောပြမယ်၊ သူတို့က ဘယ်လို ဥပဒေနဲ့ တရားစွဲရင် ရတယ်ဆိုတာ သူတို့ ပြောပြမှ သိမှာပါ၊ သူတို့ အကြံပေး တဲ့အတိုင်း တရားစွဲမှာပါ။

Voice : သုံးယောက်ထဲ ကျန်ခဲ့တဲ့ အချိန်မှာ ရဲစခန်းထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေလေး ပြောပြပေးပါလား။
MAN : ကျွန်မတို့က နှစ်ယောက်ထဲ အရင် ဆွဲထုတ် ခံရတာပါ။ ကျွန်မနဲ့သွဲ့သွဲ့ဝင်းကိုပေါ့။ ဖြူဖြူဝင်းက မပါဘူး၊ဖြူဖြူဝင်း က ကျွန်မတို့ကို ဖက်ထားတယ် အတူတူ လာတာခြင်း အတူတူ နှစ်ယောက်ထဲ ခွဲထုတ်တာကို လက်မခံဘူး ဆိုပြီးဖက် ထားတယ်၊ အဲဒီအချိန်မှာ အရပ်ဝတ်နဲ့ အမျိုးသမီးတစ်ယောက်က ဂုတ်တွေကို အတင်းကုတ် လက်မောင်းတွေကို အတင်း ဆောင့်ဆွဲတယ်၊ မြို့နယ်မှူး ကလဲ အခုထိ မဖယ်ကြသေးဘူးလား၊ ဆွဲမရမ်း ကြသေးဘူးလား ဆိုပြီး အစ်မတို့ ကို ဆွဲရမ်းတယ်၊ သွဲ့သွဲ့ဝင်းကို အရင် ဆွဲထုတ်သွားတယ် ထဘီက ဆွဲထုတ်ထားတဲ့ အချိန်မှာ ကျွတ်ကျတယ် ထဘီကလဲ ဆွဲသား ဆိုတော့၊ အစ်မကိုတော့ ရဲအရာရှိ တစ်ယောက်နဲ့ ရဲမေသုံးယောက်က ဆွဲထုတ်တယ်။ ဆွဲလာတဲ့ အချိန်မှာ ကျွန်မထဘီ ကျွတ်သွားတယ်၊ နေပါဦး။ ထဘီဝတ် ပါရစေဦး။ ကားပေါ်ကို အေးအေးဆေးဆေး တက်မှာပါ ခင်ဗျားတို့ ပို့တဲ့ဆီကို အေးအေးဆေးဆေး လိုက်မှာပါ ထွက်မပြေးပါဘူးလို့ အော်ပြီး စိတ်တိုလာတာနဲ့ ရမ်းလိုက်တာ ကျွန်မလဲ ထဘီကျွတ် သွားတယ်၊ ဖမ်းခံရတဲ့ ညမှာဘဲ ကျွန်မနဲ့ မသွဲ့သွဲ့ဝင်းကို အချုပ်ခန်းကနေ ထောင်ဘက်ကို ပြောင်းခဲ့တာပါ။

Voice : ဘာအမှုနဲ့ ဖမ်းဆီး ခံခဲ့ရတာလဲ သိချင်ပါတယ်။
MAN : ပြောပြတယ် ပုဒ်မတွေ တပ်ထားတာ၊ ဘာအမှုနဲ့ကျွန်မတို့ကို ဖမ်းတာလဲလို့ မေးတယ်၊ သာသနာ ညှိုးနွမ်းမှုတဲ့။ နောက် ညစ်ညမ်း ဆဲဆိုမှု ပြီးတော့ အကျိုးစီးပွား ဖျက်ဆီးမှုတဲ့ ဆန္ဒ ဖော်ထုတ်တုန်းက ကုမ္ပဏီထဲကို အတင်းတံခါး ဖွင့်ဝင်တဲ့ အမှုတွေလဲ ပါမယ် ထင်တယ်၊

Voice : အခု ပြန်လွတ်လာတာက ဘယ်လိုမျိုး ပြန်လွတ်လာတာလဲ။ ဝန်ခံကတိ လက်မှတ် ထိုးပြီးတော့လား။ အာမခံနဲ့လား။
MAN : ထောင်ကနေ အထွက်မှာ လက်မှတ်တော့ လေးစောင် ထိုးခဲ့ရတယ်။ စာထဲမှာ ဖတ်ကြည့်လိုက်တော့ ဝန်ခံကတိ ရယ်လို့တော့ မပါဘူး၊ ညှိနှိုင်းပေးတဲ့ ၈၈ကျောင်းသား ကိုဂျေမီတို့က ၂၄ရက်နေ့မှ အမှုက ရုပ်သိမ်းမယ် လို့တော့ ပြောတယ်။

Voice : ဖမ်းဆီးခံခဲ့ရတဲ့ အချိန်မှာ အမှတ်ရဆုံး အကြောင်းအရာ တစ်ခုကို ပြောရမယ်ဆိုရင် ဘယ်လိုအကြောင်း အရာကို ပြောဖြစ်မလဲ။
MAN : အမှတ်အရဆုံး ပြောရမယ်ဆိုရင် ထောင်ထဲမှာ နေရတာတော့ သက်သောင့်သက်သာ ရှိခဲ့ပါတယ်၊ ဒါပေမယ့် ရဲစခန်းက အချုပ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ သေသာသွားမယ် ဘယ်တော့မှမမေ့ဘူး၊ ကျွန်မတို့ကို ကြမ်းတမ်းစွာ ဆက်ဆံခဲ့တဲ့ လူတွေကိုလဲ မျက်စိထဲမှာ ပြန်မြင်နေဆဲပါ၊ မြို့နယ်မှူး ကိုတော့ လုံးဝ မကျေနပ်ဘူး အဲဒါတော့ အမှတ်အရဆုံးပဲ။

Voice : လက်ပန်းတောင်းတောင် အရေးနဲ့ ပတ်သတ်ပြီး သမ္မတကြီးဆီကိုသာ တောင်းဆိုခွင့် ရှိခဲ့မယ်ဆိုရင် ဘယ်လို အချက်မျိုးကို တောင်းဆိုဖြစ်မလဲ။
MAN : အဲဒီလို အခြေအနေသာ ဖြစ်ခဲ့ရင် သမ္မတကြီးကို အကူအညီ တောင်းချင်တယ်၊ သနားညှာတာတဲ့ အနေနဲ့ ဒီလက်ပန်းတောင်းတောင်ကြီးကို မဖြိုဖို့ တောင်းဆိုမယ်၊ ဒီတောင်ကြီးကို ဖြိုလိုက်ရင် ဒေသခံ ရွာသူရွာသားတွေ ဒုက္ခရောက်ကြမှာပါ၊ အကယ်၍သာ သမ္မတကြီးက စီမံကိန်း ရပ်ခိုင်းမယ် ဆိုရင် လယ်သိမ်းခံ ဒေသခံတွေ အားလုံး ကျွန်မ အပါအဝင် သမ္မတကြီးကို ထိုင်ပြီးတော့ ရှိခိုးမယ်။

Voice : လက်ပန်းတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ ရှေ့ဆက် ဘာတွေ ဆောင်ရွက်သွားဖို့ ရှိသေးလဲ။
MAN : ကျွန်မတို့ကတော့ ၈၈ ကျောင်းသား အပါအဝင် ကျွန်မတို့ကို ကူညီပေးမယ့် အဖွဲ့အစည်း အားလုံးနဲ့ တိုင် ပင်ပါမယ်၊ ဒီလက်ပန်းတောင်းတောင်ကြီးကတော့ ရပ်တန့်မှ ဖြစ်မယ်၊ မိဘတွေက မွေးထားတယ် ဆိုပေမယ့် ဒီတောင်ကြီးကို မှီခို စားသောက်နေရတာ၊ ဒီလက်ပန်းတောင်းတောင် စီမံကိန်းကြီးကို ရပ်တန့်စေချင်တယ်၊ ကျွန်မတို့ လယ်ယာမြေတွေပေါ်မြေဇာတွေ လာပုံရင်တော့ အခုပုံ ရင် အခုသွားတားမှာဘဲ၊ မပုံသေးရင်တော့ မသွားဘူး အသက်နဲ့ဘဲ လဲရလဲရ ကျွန်မတို့က ကာကွယ်သွားမှာပဲ။

Voice : ဖမ်းဆီးခံခဲ့ရတဲ့ အချိန်မှာရော ပြန်လည်လွတ်မြောက် လာမယ်လို့ မျှော်လင့်ခဲ့လား။
MAN : ပြန်လွှတ်ပေးလိမ့်မယ်လို့ကို မထင်ဘူး၊ အလွန်ဆုံး၂နှစ်လောက် ကျလိမ့်မယ်လို့ကို ထင်ထားတာ၊ ထောင် ကျခဲ့မယ် ဆိုရင်လဲ ပြန်ထွက်လာတာနဲ့ ဒီလက်ပန်းတောင်းတောင် စီမံကိန်းရပ်ဖို့ ဆက်လုပ်မှာဘဲ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့က မဟုတ်တာ မမှန်တာ ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ ကျွန်မမတို့ ဘိုးစဉ်ဘောင်ဆက်မှာလဲ ထောင်ကျခဲ့ဘူးတယ် ဆို တာ မရှိခဲ့ဘူး၊ ထောင်ကျသွားမယ်ဆိုရင်လဲ ကျွန်မတို့က ကျေနပ်တယ်၊ ဒီလို ဖြစ်လိုက်တဲ့အတွက် အနယ်နယ် အရပ်က ရှိတဲ့ အဖွဲ့အစည်း အသီးသီးက ကူညီကြတဲ့အတွက် ကျေးဇူးလဲ တင်ပါတယ်၊ကျေလဲ ကျေနပ် တယ်။ ထောင်ကျတာ။

Voice : ပြန်လည် လွတ်မြောက်ဖို့တောင်းဆိုခဲ့တဲ့ ဗ.က.သ ကျောင်းသားတွေ ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တဲ့ ၈၈ကျောင်း သားများ အဖွဲ့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တို့ရဲ့ လုပ်ဆောင်ချက်တွေကိုရော ဘယ်လိုမြင်လဲ။
MAN : သူတို့က ကျွန်မတို့ အပေါ်မှာ သံယောဇဉ် ကြီးတယ်၊ ကောင်းလည်း ကောင်းကြပါတယ်။ အစစအရာရာ လိုလေသေးမရှိ ရွာသူရွာသားတွေ အပေါ်မှာလဲ လုပ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးလဲတင်တယ်။ ညတိုင်းဆိုလဲ ကူညီခဲ့တဲ့ သူတွေကို မှန်းဆပြီး ရှိခိုးပြီးမှ အိပ်ပါတယ်၊ ဒီလက်ပန်းတောင်းတောင် အရေးကိစ္စမှာ ကူညီနိုင်မယ့် သူတွေလို့လဲ ကျွန်မတို့က ယုံကြည်ပါတယ်။

Voice : ပြန်လည်လွတ်မြောက် ပြီးတဲ့ နောက်ရက်မှာ မုံရွာဘက်ကမ်းကို တစ်ခေါက်ပြန်လာတယ်လို့ ကြားရတယ် ဘာကြောင့် ပြန်လာခဲ့တာလဲ။
MAN : အဲဒါကတော့ ကျွန်မတို့ အထဲမှာ အဖမ်းခံနေရတဲ့ အချိန်မှာ ရဲစခန်းရှေ့က ဘုန်းကြီးကျောင်း ဖြစ်တဲ့ မြို့မဂတ် ကျောင်းက ဆရာတော်က ရွာသူရွာသားတွေ၊ ကျောင်းသားတွေ အကုန်လုံးကို တည်းခိုခွင့် ပေးခဲ့တဲ့အတွက် ကျောင်းထိုင် ဆရာတော်ကို ကျေးဇူးတင်တဲ့အတွက် သွားပြီး ဝတ်ပြုခဲ့တာပါ။

Voice : စက်တင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ အပေါ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မုံရွာမြို့ခံတွေ က ဒီကိစ္စကို အထူး စိတ်ဝင်စားခဲ့ကြတဲ့ လူတွေကိုရော ဘာပြောချင်လဲ။
MAN : ပြန်လွတ်လာရွာကို အပြန်လမ်းမှာ နှုတ်ဆက်ကြတဲ့ လူတွေကို တွေ့တော့ အတိုင်းထက် အလွန် ဝမ်းသာမိပါတယ်၊ ပြန်လည် လွတ်မြောက်လာတဲ့ အချိန်မှာ ရွာက ဆွေမျိုးတွေကို ပြန်တွေ့ခွင့်ရတဲ့အတွက် စိတ်ချမ်းသာတယ်၊ လာနှုတ်ဆက်တဲ့သူတွေ အများစုက လက်ပန်းတောင်းတောင် အရေး ဆက်လုပ်မှာလားလို့ မေးကြတယ်၊ အထဲ မှာ ဖမ်းဆီးခံထားရတဲ့ အချိန်ကထဲက ဆက်လုပ်မယ်လို့ဆုံးဖြတ်ချက် ချပြီးသားပါ၊ အခုလွတ်မြောက်လာတော့လဲ လက်ပန်းတောင်းတောင် အရေး ဆက်လက် လုပ်ဆောင် သွားမှာပါ။

မှတ်ချက် - ဝက်မှေးရွာသူ သုံးဦး ကြမ်း တမ်းစွာ ဆက်ဆံ ခံခဲ့ရသည့်ကိစ္စနှင့် ပတ် သက်၍ The Voice Weekly က စက် တင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းတွင် မုံရွာ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းသို့ အတည်ပြု မေးမြန်းခဲ့ရာ ယင်းကိစ္စကို ၎င်းအနေဖြင့် ဖြေကြားပိုင်ခွင့် မရှိကြောင်း၊ မြို့နယ်မှူးနှင့် တွေ့ဆုံ မေးမြန်းရန်သာ ပြန်လည် ဖြေကြားခဲ့သည်။ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးကို တွေ့ဆုံ မေးမြန်းခွင့်ရရှိ ရန်အတွက် လက်ကိုင်ဖုန်းသို့ အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကို လက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။


News from : The Voice Weekly
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
“သမ္မတကြီးက စီမံကိန်း ရပ်ခိုင်းမယ် ဆိုရင် လယ်သိမ်းခံ ဒေသခံတွေ အားလုံး ကျွန်မအပါအဝင် သမ္မတကြီးကို ထိုင်ပြီးတော့ ရှိခိုးမယ်”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒ ထုတ်ဖော်မှုများတွင် ဦးဆောင် ပါဝင်ခဲ့ကြပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီး မှအပြန် နန်ချွန်ဆိပ်ကမ်းမှ ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ စက်တင် ဘာလ ၁၄ ရက်နေ့တွင် ပြန်လည် လွတ်မြောက် လာခဲ့သော ကြေးနီ စီမံကိန်း အနီးမှ ဝက်မှေး ကျေးရွာသူ မအေးနက်အား တွေ့ဆုံ မေးမြန်းခဲ့သည်များမှ ကောက်နှုတ် ဖော်ပြပါသည်။

Voice : ဖမ်းဆီး ခံခဲ့ရတဲ့ အချိန်မှာကြမ်းတမ်းစွာ ဆက်ဆံ ခံခဲ့ရတာ တွေရှိတယ်လို့ကြားပါတယ် မုံရွာမြို့နယ်မှူးကို တရားပြန်စွဲမယ်လို့ သိရပါတယ် ဘယ်အတိုင်းအတာ အထိ ပြင်ဆင်ထားပြီးပြီလဲ။
MAN : ဘယ်အတိုင်းအတာ ထိလဲ ဆိုတော့အကုန်လုံး နဲ့တော့ တိုင်ပင် ထားတယ်၊အစ်မတို့မှာ တစ်ယောက်က လဲ ထဘီကျွတ် တယ်၊တစ်ယောက်ကလဲ အကုန်လုံးကို ကျွတ်ကျလောက်အောင် လုပ်ခဲ့တဲ့ အတွက်၊ မြန်မာ အမျိုးသမီးတွေ အနေနဲ့ အရှက်တရားနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် တရားဆွဲပါမယ်၊ ညီမသုံးယောက်လုံးတော့ လောလောဆယ် တိုင်ပင် ထားပါတယ်။

အာဃာတမဲ့ကျည်ဆန်များရဲ့အဆုံးသတ်(သီဟ)

Photo: အာဃာတမဲ့ကျည်ဆန်များရဲ့အဆုံးသတ်

သီဟ


“လူငယ်အချိန်မှာ ခွန်အားများကို အားကိုးလျက် ကိုယ်မှန်တယ်ထင်ရာကို ဇွတ်လုပ်ချင်တဲ့ မာန်၊ ရန်ကိုရန်ချင်း တုံ့ပြန်ချင်တဲ့ သဘော၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး အစွန်းရောက်တဲ့ မျက်ကန်းမျိုးချစ်၊ အားလုံးအတွက် ပေးဆပ်ရမှာကတော့ သေဒဏ်နှင့် ၂၄ နှစ်ပင် ဖြစ်တော့သည်” ယင်းစာစုပါ  ဆောင်းပါးလေးအား တစ်ချိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ကွန်မန်ဒိုဟောင်း ကိုလဖိုင်ဇော်ဆိုင်းတစ်ယောက် ထောင်တွင်း၌ရှိနေစဉ် ရေးသားခဲ့ခြင်း ဖြစ်သည်။

“ဒီဆောင်းပါလေးကို ဖတ်ပြီးနောက် တစ်မိသားစုလုံး ဇော်ဆိုင်း၏ နောင်တကိုသိပြီး မျက်ရည်ကျမိကြပါသည်။ ခွင့်လွှတ်ပါသည်” အကျဉ်းထောင်ထဲမှ ဆောင်းပါးရှင် ဇော်ဆိုင်းထံသို့ မိသားစုတစ်စုက ပြန်စာတစ်စောင် အရောက်ပို့ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်က ခရစ်ယာန်နှစ်ခြင်း အသင်းတော်မှ ထုတ်ဝေသည့် သက်ထာဝရစာစောင် အမှတ်စဉ် ၅၇ တွင် ဖော်ပြပါရှိသည့် သူ၏ဆောင်းပါးကို ဖတ်ပြီးနောက် အဆိုပါ မိသားစု၏ ပြန်စာကို သူလက်ခံရရှိလိုက်ခြင်း ဖြစ်သည်။

ဆောင်းပါးရှင် လဖိုင်ဇော်ဆိုင်းနှင့် ပြန်စာပေးပို့သူ မိသားစုတို့ကြားတွင် စိတ်မထားတတ်ပါက ကမ္ဘာကျေသည့်တိုင် ဥဒါန်းမကျေသည့် ရန်ငြိုးများ ရှိသွားနိုင်ကြသည့် အခြေအနေတစ်ခုကို လဖိုင်ဇော်ဆိုင်းတစ်ယောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၇ နှစ်က ဖန်တီးခဲ့လေသည်။

အချိန်က ၁၉၈၅ ခုနှစ် အောက်တိုဘာ ၁၆ ရက် ညနေခင်းအချိန်တွင် ဖြစ်သည်။ ဂေါ့ဖ်ကွင်းမှပြန်လာမည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အယ်ကွန်ဖန်ကို လုပ်ကြံရန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ ကွန်မန်ဒိုတစ်စုက မြစ်ကြီးနားမြို့ မိုင်ဒေးကွင်း (သီတာရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်ကြား မြစ်ကြီးနားလေယဉ်ကွင်း လမ်းအကွေ့)နားတွင် ဈေးသည်များ အယောင်ဆောင်ကာ စောင့်ဆိုင်းနေကြ၏။
စောင့်ဆိုင်းနေကြသူများ၏ ဈေးခြင်းတောင်းများထဲတွင် ပါရှိသည့် ရောင်းကုန်ပစ္စည်းက တိုင်းမှူး၏အသက်ကို နုတ်ယူကြမည့် လက်နက်များ။
ညနေခင်း ခြောက်နာရီခန့် ညီအစ်ကို မသိတသိအချိန်တွင် အဝေးမှ တရိပ်ရိပ်ပြေးလာသည့် ကားနက်တစ်စီးကို ချောင်းနေသူတချို့ လှမ်းမြင်ရပြီဖြစ်သည်။

ထို့နောက်တွင်တော့ တဒင်္ဂအချိန်လေးအတွင်း သေနတ်သံများ ဆူညံသွားခဲ့သည်။ တိုင်းမှူး ဗိုလ်မှူးချုပ်အယ်ကွန်ဖန်မှာ KIA ကွန်မန်ဒိုများ၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ပြီဖြစ်သည်။ ထိုလုပ်ကြံမှုကို ဦးဆောင်သူမှာ KIA ၏ကွန်မန်ဒို အသက် ၂၂ အရွယ် လဖိုင်ဇော်ဆိုင်းပင်ဖြစ်သည်။ ငယ်ရွယ်သည့်အချိန်၊ တက်ကြွနေသည့် အချိန်တွင် ခွန်အားများနှင့် ပြည့်ဝနေသည့် လဖိုင်ဇော်ဆိုင်းတစ်ယောက် မိခင်အဖွဲ့အစည်းက ပေးအပ်သည့် တာဝန်ကြီးတစ်ရပ်အား အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။

သို့သော် လုပ်ကြံမှုအပြီး စုရပ်သို့ ပြန်လာချိန်တွင် မိမိတို့အဖွဲ့ထဲမှ တစ်ယောက်ကျန်နေသဖြင့် ပစ်မှတ်နေရာသို့ တစ်ခေါက် သွားပြန်ကြည့်ချိန်မှာတော့ လဖိုင်ဇော်ဆိုင်းတစ်ယောက် အဖမ်းခံခဲ့ရလေသည်။ “ဦးအယ်ကွန်ဖန်နဲ့ ကျွန်တော်တို့ကြားမှာ ပုဂ္ဂိုလ်ရေးအရ မုန်းခြင်း အာဃာတ ဘာမှမရှိခဲ့ဘူး။ သူက စစ်တပ်ကတာဝန်နဲ့ တိုက်တာ၊ ကျွန်တော်က ဟိုဘက်ကတာဝန်နဲ့ တိုက်တာ။ ကချင်ရယ် ဗမာရယ် ခွဲခြားလို့လည်းမဟုတ်ဘူး။ သူ့ဘက်ကိုယ့်ဘက် ယုံကြည်ချက်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြတာ ဖြစ်တယ်”ဟု ကိုလဖိုင်ဇော်ဆိုင်းကပြောသည်။

ယခုအချိန်တွင်တော့ ကိုလဖိုင်ဇော်ဆိုင်းတစ်ယောက် နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။သို့သော် သူလွတ်ငြိမ်းချမ်းသာခွင့် ရချိန်သည် သူ၏ပြစ်ဒဏ်များ နှစ်စေ့ရန် ရက်ပိုင်းသာလိုတော့သည့် အချိန်လည်း ဖြစ်နေသည်။

ကိုဇော်ဆိုင်းတို့ဘက်က တိုင်းမှူးအား မလုပ်ကြံခင် ၁၉၈၄ ၀န်းကျင် အချိန်များသည် မြန်မာ့တပ်မတော်က မြောက်ပိုင်းကွန်မန်ဒိုများက ကချင်ပြည်နယ် ပါချောင်၊ နားပို့၊ ဂျာဘူ၊ ဂန်ဒေါင်လျန်ဘက်များတွင် ထိုးစစ်များ အဆက်မပြတ် ဆင်နွှဲနေချိန်ဟုလည်း ကိုဇော်ဆိုင်းက ပြန်လည်ပြောပြသည်။
ထိုတိုက်ပွဲများတွင် တပ်မတော်ကွန်မန်ဒိုများက မြေပြင်၌ တိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး ဝေဟင်မှလည်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ကိုဇော်ဆိုင်း၏ ပြောကြားချက်အရ သိရသည်။

“ရွာတွေ ပြည်သူတွေ ဒုက္ခရောက်ခဲ့တာ အများကြီးရှိတယ်၊ ကျွန်တော်တို့ အဲဒီတုန်းက ကျောင်းသားဘ၀ပဲ ရှိသေးတယ်၊ စစ်ပြေးဒုက္ခသည်ဆိုတာ အဲဒီကတည်းက ရှိခဲ့တယ်။ ဒုက္ခရောက်တာ ကျွန်တော်တို့ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတယ်”ဟု ကိုဇော်ဆိုင်းက ထိုစဉ်က အခြေအနေကို ပြန်လည်ပြောပြသည်။

ထို့နောက်တွင် ၁၉၈၅ ၌ ဦးဘရန်ဆိုင်၊ ဦးဇော်မိုင်တို့ ဦးစီးဖွဲ့စည်းသည့် အဖွဲ့တစ်ဖွဲ့က မြောက်ပိုင်းစစ်ဌာနချုပ်အား ပြန်လည်တိုက်ခိုက်ခဲ့ရာမှ အထက်ပါလုပ်ကြံမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကိုဇော်ဆိုင်းတစ်ယောက် ပြန်လည်လွတ်မြောက်ပြီး နောက်တွင်လည်း သူ့မွေးရပ်မြေသည် ထောင်ထဲမ၀င်ခင် အချိန်ကကဲ့သို့ပင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် အသက်ရှစ်ဆယ်ကျော် မိခင်ကြီးရှိရာ မွေးရပ်မြေ အင်းတော်ကြီးသို့ပင် မပြန်နိုင်ဘဲ ဖြစ်နေလေသည်။ ကိုဇော်ဆိုင်း လုပ်ကြံခဲ့သည့် တိုင်းမှူး ဗိုလ်မှူးချုပ်အယ်ကွန်ဖန်၏ သမီးကြီးဖြစ်သူ အဆိုတော်ဒေါ်အယ်ခွန်းရီက “သူက သူ့အမေဆီ ပြန်တွေ့ချင်တယ်လို့ပြောတယ် ကြားတယ်။ အခုက အခြေအနေတွေ မကောင်းသေးလို့ ပြန်မတွေ့နိုင်ပေမယ့် သူတွေ့ချင်ရင် တွေ့လို့ရပါသေးတယ်။ အန်တီတို့ကတော့ ကိုယ့်အဖေကို ပြန်မတွေ့နိုင်တော့ပါဘူး”ဟု ပြောကြားသည်။

သို့သော် ဗိုလ်မှူးချုပ်အယ်ကွန်ဖန်၏ ကျန်ရစ်သူ မိသားစုများအားလုံးသည် စနစ်အပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာရသည့် ၀မ်းနည်းဖွယ်ဖြစ်ရပ်တစ်ခုဟု နားလည်ကာ ကိုဇော်ဆိုင်းအပေါ်တွင် ခွင့်လွှတ်နားလည်ပေးကြကြောင်း ဒေါ်အယ်ခွန်းရီကပြောသည်။

“အရင်ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေအတွက် အန်တီတို့မိသားစုတွေရဲ့ သဘောထားကို ကိုယ်စားပြုပြီး ပြောရရင် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့သလို ဘာမှလည်း ပြန်မပြောချင်တော့ပါဘူး။ အယူဝါဒကွဲပြားကြလို့၊ ခံယူချက်ခြင်း မတူညီကြလို့ အဖေ့အသက်ကို စတေးခဲ့ရတာပါ။ ဒါကြောင့် အန်တီကလည်း သူ့ဆောင်းပါးလေးရဲ့အောက်မှာ ခွင့်လွှတ်ပါတယ်ဆိုတာ စာရေးပြီး လူကြုံနဲ့ ပေးပို့ပေးခဲ့တာပါ”ဟု ဒေါ်အယ်ခွန်းရီကဆိုသည်။

“ကျွန်တော်က ကျွန်တော်တို့ ကချင်အမျိုးသားတွေရဲ့အရေးမှာ စကားပြောလို့ မရတဲ့အခါ ကိုယ့်အမျိုး မပျက်သုဉ်းဖို့၊ ကိုယ့်အမျိုး အဖိအနှိပ်မခံရဖို့ တိုက်ပွဲဝင်ခဲ့ရတာပဲရှိတယ်။ ရိုးရိုးသားသားနဲ့ လူငယ်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အထက်က ခိုင်းတဲ့အမိန့်ကို ခံယူခြင်းသာဖြစ်တယ် ကျွန်တော့်ပုဂ္ဂိုလ်ရေးအရ ဘာမှလည်း အာဃာတဖြစ်စရာ အကြောင်းမရှိဘူး”ဟု ကိုဇော်ဆိုင်းက ယခင်အခြေအနေများကို ပြန်လည်ပြောပြသည်။
ယခုအခါ အပြင်လောကသို့ ပြန်လည်ရောက်ရှိလာသည့် ကိုဇော်ဆိုင်းတစ်ယောက် မွေးရပ်မြေသို့မပြန်ဘဲ ရန်ကုန်သို့ ရောက်ရှိလာရခြင်းမှာ လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအတွက် ရန်ကုန်တွင်ရှိသည့် နိုင်ငံရေးအသိုင်းအ၀ိုင်းများနှင့် ပူးပေါင်း၍ အဖြေရှာရန် လာရောက်ခြင်းဖြစ်သည်။

“ပြောလို့ရတဲ့ခေတ် ရောက်ပြီလို့ ယူဆလို့ ကျွန်တော်လာတာ”ဟု ကိုဇော်ဆိုင်းကပြောသည်။ လာမည့် အောက်တိုဘာ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်အယ်ကွန်ဖန် ကျဆုံးသည်မှာ ၂၇ နှစ်ပြည့်ပြီ ဖြစ်သည်။ ကိုဇော်ဆိုင်း လွတ်ငြိမ်းချမ်းသာခွင့် မရပါကလည်း သူ၏ထောင်ဒဏ် ၂၇ နှစ် စေ့ပြီဖြစ်သည်။သို့သော် သူတို့နယ်မြေတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ . . .။

ကိုဇော်ဆိုင်း အမေနှင့်မတွေ့ရသည်မှာ ၂၇ နီးပါး ရှိပြီဖြစ်သလို ဒေါ်အယ်ခွန်းရီတို့ မောင်နှမတစ်စုမှာလည်း သူတို့အဖေနှင့် မတွေ့ရတော့သည်မှာ    ၂၇နီးပါးပင် ကြာခဲ့ပြီဖြစ်သည်။    

“နှစ်ပေါင်း ၂၇ နှစ်နီးပါးကြာအောင် မတွေ့ရတာချင်း အတူတူ အရမ်းကိုကွာခြားသွားတဲ့ အခြေအနေနှစ်ခုကတော့ လက်ဖမိုးနဲ့ လက်ဖ၀ါးလိုပဲပေါ့၊ ဘာပဲဖြစ်ဖြစ် ဆုံးပါးသွားခဲ့တဲ့သူကလည်း အသက်ပြန်ရှင်လာတော့မှာ မဟုတ်သလို တစ်ဖက်ကလည်း သူ့အပြစ်အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ပေးဆပ်ကျခံပြီးသွားပြီမို့ ဒီလိုမျိုး အနိဌာရုံတွေ နောက်ထပ် မဖြစ်ပွားစေချင်တော့ပါဘူး”ဟု ဒေါ်အယ်ခွန်းရီက ရင်ထဲကဆန္ဒကို ထုတ်ဖော်ပြောသည်။
တစ်ချိန်က မတူညီသည့် အယူဝါဒများကြောင့် ကိုဇော်ဆိုင်းလည်း မိခင်နှင့် ရှင်ကွဲ ကွဲခဲ့ရသလို ဒေါ်အယ်ခွန်းရီတို့ မောင်နှမများသည်လည်း ဖခင်နှင့် သေကွဲ ကွဲခဲ့ရသည်။ သို့သော် ယခုအချိန်တွင်မူ သူတို့နှစ်ဦး၏ စိတ်ထဲတွင် တူညီသည့် ဆန္ဒတစ်ခုမှာကား မတူညီသည့် အယူဝါဒများအား အမြန်ဆုံး ပြန်လည်ညှိနှိုင်းကာ ကချင်ပြည်နယ်ကို ပြန်လည်ငြိမ်းချမ်းစေလိုခြင်းပင် ဖြစ်သည်။


News from : 7 Day News 
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
“လူငယ်အချိန်မှာ ခွန်အားများကို အားကိုးလျက် ကိုယ်မှန်တယ်ထင်ရာကို ဇွတ်လုပ်ချင်တဲ့ မာန်၊ ရန်ကိုရန်ချင်း တုံ့ပြန်ချင်တဲ့ သဘော၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး အစွန်းရောက်တဲ့ မျက်ကန်းမျိုးချစ်၊ အားလုံးအတွက်ေ
ပးဆပ်ရမှာကတော့ သေဒဏ်နှင့် ၂၄ နှစ်ပင် ဖြစ်တော့သည်” ယင်းစာစုပါ ဆောင်းပါးလေးအား တစ်ချိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ကွန်မန်ဒိုဟောင်း ကိုလဖိုင်ဇော်ဆိုင်းတစ်ယောက် ထောင်တွင်း၌ရှိနေစဉ် ရေးသားခဲ့ခြင်း ဖြစ်သည်။

“ဒီဆောင်းပါလေးကို ဖတ်ပြီးနောက် တစ်မိသားစုလုံး ဇော်ဆိုင်း၏ နောင်တကိုသိပြီး မျက်ရည်ကျမိကြပါသည်။ ခွင့်လွှတ်ပါသည်” အကျဉ်းထောင်ထဲမှ ဆောင်းပါးရှင် ဇော်ဆိုင်းထံသို့ မိသားစုတစ်စုက ပြန်စာတစ်စောင် အရောက်ပို့ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်က ခရစ်ယာန်နှစ်ခြင်း အသင်းတော်မှ ထုတ်ဝေသည့် သက်ထာဝရစာစောင် အမှတ်စဉ် ၅၇ တွင် ဖော်ပြပါရှိသည့် သူ၏ဆောင်းပါးကို ဖတ်ပြီးနောက် အဆိုပါ မိသားစု၏ ပြန်စာကို သူလက်ခံရရှိလိုက်ခြင်း ဖြစ်သည်။

အပစ်အခတ်တွေကြားက ကျောက်စိမ်းမြို့တော်(မောင်တာ)

Photo: အပစ်အခတ်တွေကြားက ကျောက်စိမ်းမြို့တော်

မောင်တာ

သြဂုတ်လကုန်ပိုင်းမှစ၍ ဖားကန့်မြို့ အနီးတစ်ဝိုက်ရှိ ဒေသအချို့၏ တောင်ကုန်းထိပ်များတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာ့တပ်မတော်တို့၏ စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် မိုးရာသီတွင်ပါ လုပ်ငန်းမပျက်ခဲ့သည့် ကျောက်စိမ်းဈေးကွက် အပါအ၀င် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားခဲ့သည်။

သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ဖားကန့်မှ နေရပ်သို့ ပြန်လည်ထွက်ခွာသွားသည့် လုပ်သားဦးရေမှာ ခြောက်သောင်းကျော်မှ တစ်သိန်းဝန်းကျင်ထိရှိကြောင်း ဖားကန့်ဒေသခံများကပြောသည်။

ကေအိုင်အေနှင့် အစိုးရတပ်တို့၏ တိုက်ပွဲများကြောင့် ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်အတွက်ပါ အဓိကကျသော ဖားကန့်ဒေသသို့ပါ ကူးစက်လာခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖားကန့်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေ ပြန်လည်တည်ငြိမ်သွားသဖြင့် သိန်းဂဏန်းရှိသည့် မြန်မာပြည်အရပ်ရပ်မှ လုပ်သားများ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

မကြာပါ။ သြဂုတ်လ ၁၉ ရက်တွင် မမျှော်လင့်ဘဲ ဖားကန့်မြို့စွန် ဆွတ်ငိုင်ရန်တွင် ကေအိုင်အေနှင့် မြန်မာတပ်မတော်တို့ကြား ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် ကျောက်စိမ်းလုပ်ကွက် မှော်ရွာများတွင် နေထိုင်သည့် သောင်းဂဏန်းရှိ ပြည်သူလူထုများသည် ဖားကန့်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများဆီသို့ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတွင်ရှိသည့် ကျောက်စိမ်းလုပ်ကွက်မှ လုပ်သားအများစုသည်လည်း နေရပ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

“နောက်ထပ် တစ်လလောက် စောင့်ကြည့်လို့မှ ဒီအခြေအနေထက် ပိုကောင်းမလာရင် ဆက်မနေနိုင်တော့ဘူး။ အောက်ပိုင်းကို ပြန်ဆင်းတော့မယ်”ဟု ကျောက်တွင်းလုပ်သား ကိုခင်ဇော်က စိတ်ပျက်အားလျှော့သည့် လေသံဖြင့် ပြောသည်။

သိန်းဂဏန်းရှိသည့် မြန်မာပြည်အရပ်ရပ်မှ လုပ်သားများသည် ငွေရပေါက်ရလမ်းဖြောင့်သည့် ရတနာမြေ၊ ကျောက်စိမ်းမြို့တော် ဖားကန့်သို့ လာရောက် အလုပ်လုပ်ကိုင်ကြသည့်အတွက် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၊ ကုမ္ပဏီဝန်ထမ်းများ၊ စက်ယန္တရားမောင်းနှင်သူများ၊ ကုမ္ပဏီစွန့်ပစ်မြေစာမှ ကျောက်စိမ်းရှာဖွေသူ ဒေသအခေါ် ရေမဆေးကျောက်ရှာသူများနှင့် ဈေးသည်များ အပါအ၀င် ပွင့်လင်းရာသီများတွင် ဖားကန့်မြို့ပေါ်၌ နေထိုင်သူမှာ ငါးသိန်းကျော် ခြောက်သိန်းအထိ ရှိပါသည်။

ဖားကန့်မြို့တွင် မတည်မငြိမ် ဖြစ်နေစဉ်အတွင်း သြဂုတ်လကုန်ပိုင်းမှစကာ မြစ်ကြီးနား၊ မိုးကောင်း၊ ကာမိုင်း၊ ဖားကန့် ကားလမ်းတစ်လျှောက်တွင်ရှိသည့် ကေအိုင်အေ ထိန်းချုပ်နယ်မြေများတွင် ကေအိုင်အေတပ်များက ခရီးသည်တင်ယာဉ်နှင့် ယာဉ်ဖြတ်သန်းသွားလာမှုများကို စိစစ်ခဲ့သည်။

ဖားကန့်ဒေသသို့သွားမည့် ဒေသခံမဟုတ်သော အမျိုးသားများကို ကေအိုင်အေတပ်သားများက စစ်ဆေးခဲ့ကာ သွားခွင့်မပြုဘဲ ဖားကန့်သို့ပြန်လာသူ ဒေသခံများကိုသာ အလွယ်တကူ ခွင့်ပြုခဲ့သည်။

“လူဆိုးလူမိုက်တွေ ဖားကန့်သွားပြီး ခိုးဆိုးလုယက်တာတွေ၊ မကျူးလွန်အောင်လို့ ကျွန်တော်တို့က လမ်းကနေ စစ်ဆေးတားမြစ်တာပါ”ဟု ဖားကန့်မြို့နယ် ခြောက်မိုင်ရွာတွင် ကားလမ်းမလုံခြုံရေး စောင့်ကြပ်လျက်ရှိသည့် ကေအိုင်အေအရာရှိတစ်ဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

ဖားကန့်မြို့ခံများက လမ်းကြောင်းတစ်လျှောက်တွင် ကေအိုင်အေတပ်များက ယခုကဲ့သို့ စစ်ဆေးကြပ်မတ်လိုက်ခြင်းသည် အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မြန်မာစစ်သားများ ဖားကန့်မြို့သို့ လာရောက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ယခုအချိန်တွင် ဖားကန့်မြို့သို့ ယောက်ျားလေး အ၀င်မရှိဘဲ အထွက်သာရှိကြောင်း မြို့ခံများက ပြောသည်။

လတ်တလောတွင် ဖားကန့်မြို့ပေါ်ရှိ နေထိုင်သူ လူငါးသောင်းဝန်းကျင်သည် ဖားကန့်မြို့ခံများနှင့် နေရပ်ပြန်ရန် လမ်းစရိတ်မရှိသေးသည့် လုပ်သားများဖြစ်ပြီး၊ ထိုအထဲမှ လူတစ်သောင်းဝန်းကျင်ခန့်သည် မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသည်။

ဖားကန့်မြို့ပေါ်တွင် လူငါးဆယ်မှ ရှစ်ရာကျော်အထိရှိသော ကယ်ဆယ်ရေးစခန်း ၃၅ ခုမှ ၄၀ အထိ ရှိသည်ဟု လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူ ဖားကန့်မြို့ခံများက ပြောသည်။

“ဒီလမ်းမတွေပေါ်မှာ ကျောက်စိမ်းအရောင်းအ၀ယ်လုပ်တဲ့ နိုင်ငံခြားက လာဝယ်တဲ့ တရုတ်လောပန်တွေ၊ ပြည်တွင်းက လောပန်တွေ၊ ရေမဆေးသမားတွေ၊ ကျောက်ဖြတ်သမားတွေ၊ ပွဲစားတွေနဲ့ ကြက်ပျံမကျပဲ”ဟု လူသွားလူလာကျဲပါးနေသည့် လမ်းမတစ်ခုအား ညွှန်ပြရင်း ဆိုင်းတောင်ရွာသား ကိုခင်ဇော်ကပြောသည်။

စက်တင်ဘာ လဆန်းပိုင်းမှစ၍ ဆိုင်းတောင်ရွာ၏ လမ်းမပေါ်ရှိ ကျောက်စိမ်းရောင်းဝယ်သည့် ဈေးကွက် ပျက်ပြားသွားခဲ့ပြီး အလားတူ ဖားကန့်၊ လုံးခင်း၊ တာမခန် ကျောက်ဝိုင်းများတွင်လည်း စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ အရောင်းအ၀ယ်လုပ်၍ မရတော့။ ဒေသအခြေအနေများကြောင့်
ဝယ်လက်များ ဖားကန့်သို့ ရောက်မလာတော့ဘဲ ကျောက်စိမ်းအရောင်းအ၀ယ် လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။

“အခု မြို့ရဲ့အခြေအနေက ကျွန်တော် နှစ် ၂၀ ကျော် ကြိုးစားတည်ဆောက်ထားတဲ့ ဘ၀တစ်ခုကို စွန့်လွှတ်ရတော့မလို ဖြစ်နေပြီ”ဟု မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့မှ ဖားကန့်သို့ ရွှေ့ပြောင်းလာခဲ့သူ ကိုခင်မောင်ကပြောသည်။

အထက်ပါ အခြေအနေများကြောင့် ဖားကန့်မြို့ပေါ်တွင် ဥပဒေစိုးမိုးမှု တစ်စထက်တစ်စ လျော့ရဲလာကာ ဖောက်ထွင်းလုယက် ခိုးယူခံရမှုကဲ့သို့သော အသေးစား ဒုစရိုက်ကျူးလွန်မှုများ ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။ ယခင်ကထက် စားသုံးသူဦးရေ လျော့နည်းသွားသောကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှု သိပ်မရှိသော်လည်း လမ်းပန်းဆက်သွယ်မှု ယခုထက် ပိုမိုပြတ်တောက်သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

တိုက်ပွဲများကြားတွင် သေဆုံးခဲ့သည့် န၀မတန်းကျောင်းသူလေး၏ဖခင် ဦးဘရန်ရှောင်ကလည်း “တိုက်ပွဲတွေ ဒီထက် ပိုဆိုးရွားလာမှာ အရမ်းစိုးရိမ်တယ်။ ကျွန်တော့်သမီးလေးလို တခြားသူတွေကို မထိခိုက်စေချင်ဘူး”ဟု သူ၏ပူပန်မှုကို ဖွင့်ဟပါသည်။

ယခင်က ယာဉ်နှင့်စက်ယန္တရားများ ခုတ်မောင်းသံ၊ တောင်ဖြိုကျောက်တူးသံများ ပျံ့လွင့်နေသော ဖားကန့်ဒေသ၀န်းကျင်မှာ ယခုတော့ တစ်ခါတစ်ရံ ပစ်ခတ်သံ၊ မိုင်းပေါက်ကွဲသံများ ကြားလာရသည်။  နိုင်ငံတစ်ဝန်းရှိ မြို့ရွာများတွင် စိတ်အေးချမ်းသာစွာ နေထိုင်စားသောက်နိုင်သော်လည်း ဖားကန့်ဒေသခံများ စိတ်အတွင်းဝယ် ပူပန်ကြောင့်ကြမှုများက ကြီးစိုးနေသည်။

ထို့ကြောင့် ဖားကန့်ဒေသသို့ ၈၈ မျိုးဆက်ကျောင်းသားများလည်း စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်လေ့လာခဲ့သည်။

“ကျွန်တော်တို့က သွားနှုတ်ဆက်တဲ့သဘောပါ။ အလွတ်သဘော တွေ့ဆုံတာပါ။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ ဘယ်လိုနည်းနဲ့မှ တိုက်ပွဲတွေကို၊ စစ်ကိုမလိုလားဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က နှစ်ဖက်တာဝန်ရှိသူများနှင့် တွေ့ဆုံမှုအပြီးတွင် ပြောသည်။

ဆက်လက်၍ ၎င်းက“တိုက်ပွဲများကြောင့် လူမျိုးရေးမုန်းတီးမှုတွေဆီ ဦးတည်သွားမှာကို အရမ်းစိုးရိမ်တယ်”ဟု ပြောသည်။

ဖားကန့်မြို့ ပတ်ပတ်လည်ရှိ မော်မောင်းလယန်၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ ဆိန်ဂက်ခူး၊ ဆွတ်နန်ခေါင်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ တောင်ပြို၊ မျောက်ဖြူ၊ စိုင်းကြာမုံ အစရှိသည့် မှော်ရွာများမှ ဒေသခံများနှင့် ဖားကန့်မြို့သို့ အလုပ်လာလုပ်ပြီး ပြန်ရန်လမ်းစရိတ် အခက်အခဲဖြစ်နေသော ရွှေ့ပြောင်းလုပ်သားများက ဖားကန့်မြို့ပေါ်ရှိ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် ဒုက္ခသည်များအဖြစ် နေထိုင်ကြသည်။ ဒုက္ခသည်ဦးရေများပြီး ကာလကြာရှည်လာသောကြောင့် ဆက်လက်ကျွေးမွေး စောင့်ရှောက်ရန် ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပြီဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အလားတူ ဖားကန့်ကျောက်စိမ်းအား အဓိကထား လုပ်ကိုင်နေသည့် မန္တလေးနှင့် စစ်ကိုင်းရှိ ကျောက်စိမ်းအချောထည်ထုတ် အလုပ်ရုံများတွင် ကုန်ကြမ်းရှားပါးမှု စတင်ကြုံတွေ့နေပြီ ဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် ကျောက်စိမ်း၊ ကျောက်မျက်ပြပွဲ ပြုလုပ်ပြီး ကျောက်စိမ်းကုန်ကြမ်းများ ထုတ်ရောင်းပေးရန် တောင်းဆိုမှုများ ရှိလာသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း(မန္တလေး) ဒု-ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က “ကျောက်စိမ်းကုန်ကြမ်းက လုံးဝကြီးတော့ ပြတ်တောက်သွားမှာ မဟုတ်ဘူး။ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ မတူးဖော်တောင် တခြားနည်းတစ်ခုခုနဲ့ တူးဖော်ကြလိမ့်မယ် ထင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က “ဖားကန့်က လုပ်ကွက်တွေ ပွင့်လင်းရာသီအထိ လုပ်ခွင့်မရရင် ပြည်တွင်းမှာ ကုန်ကြမ်းပြတ်သွားမယ်။ ငြိမ်းချမ်းရေးရပြီး လုပ်ကွက်တွေ အမြန်ဆုံး ပြန်လုပ်ခွင့်ရချင်တယ်။ အဲဒီ့အထဲမှာ ငွေသိန်းပေါင်းသောင်းချီ ရင်းနှီးမြှုပ်နှံထားရတာ”ဟု ပြောသည်။

မန္တလေးမြို့ တစ်မြို့တည်းတွင်ပင် ကျောက်စိမ်းလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်သူများ တစ်သိန်းခွဲဝန်းကျင် ရှိသဖြင့် ဖားကန့်မှ ကျောက်စိမ်းမထွက်တော့ပါက မြန်မာ့ကျောက်စိမ်းကို အဓိကမှီခိုနေသည့် တရုတ်ပြည် ယူနန်၊ ကွမ်ကျိုးဒေသများမှ သိန်းဂဏန်းရှိသည့် အလုပ်သမားများကိုပါ ထိခိုက်မှုရှိလာနိုင်သည်ဟု မန္တလေးမြို့ခံ ကျောက်မျက်အသိုင်းအ၀ိုင်းက သုံးသပ်သည်။

ဒေသခံများကတော့ စစ်ပွဲများပြီးဆုံး၍ ငြိမ်းချမ်းရေး အမြန်ရလိုနေကြသည်။ ထိုအချက်ကို ငြိမ်းချမ်းရေးမေတ္တာရပ်ခံ အသနားခံစာ လက်မှတ်ထိုးသူ အရေအတွက်က သက်သေပြနေသည်။ ၈၈ မျိုးဆက်ကျောင်းသားများ ခရီးစဉ်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများ၊ ဘာသာအသီးသီးမှ ဘုန်းတော်ကြီးများ၊ စစ်ပြေးဒုက္ခသည်များ၊ ဖားကန့်နှင့် မိုးကောင်းမြို့မှ ဒေသခံများက ဖားကန့်ဒေသနှင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးမေတ္တာရပ်ခံစာ လက်မှတ်ရေးထိုးသူမှာ စက်တင်ဘာ ၂၁ ရက်အထိ နှစ်သောင်းဝန်းကျင် ရှိနေလေပြီ။

News from : 7 Days News
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
သြဂုတ်လကုန်ပိုင်းမှစ၍ ဖားကန့်မြို့ အနီးတစ်ဝိုက်ရှိ ဒေသအချို့၏ တောင်ကုန်းထိပ်များတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာ့တပ်မတော်တို့၏ စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် မိုးရာသီ
တွင်ပါ လုပ်ငန်းမပျက်ခဲ့သည့် ကျောက်စိမ်းဈေးကွက် အပါအ၀င် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားခဲ့သည်။

သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ဖားကန့်မှ နေရပ်သို့ ပြန်လည်ထွက်ခွာသွားသည့် လုပ်သားဦးရေမှာ ခြောက်သောင်းကျော်မှ တစ်သိန်းဝန်းကျင်ထိရှိကြောင်း ဖားကန့်ဒေသခံများကပြောသည်။

ကေအိုင်အေနှင့် အစိုးရတပ်တို့၏ တိုက်ပွဲများကြောင့် ကမ္ဘာ့ကျောက်စိမ်း ဈေးကွက်အတွက်ပါ အဓိကကျသော ဖားကန့်ဒေသသို့ပါ ကူးစက်လာခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဖားကန့်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေ ပြန်လည်တည်ငြိမ်သွားသဖြင့် သိန်းဂဏန်းရှိသည့် မြန်မာပြည်အရပ်ရပ်မှ လုပ်သားများ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

မကြာပါ။ သြဂုတ်လ ၁၉ ရက်တွင် မမျှော်လင့်ဘဲ ဖားကန့်မြို့စွန် ဆွတ်ငိုင်ရန်တွင် ကေအိုင်အေနှင့် မြန်မာတပ်မတော်တို့ကြား ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ

Photo: သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မှာ တွေ့ဆုံ

မမိုးဖြူ
25.09.2012

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ရောက် ရှိနေစဉ်မှာ ဘဲ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ New York မြို့တော်ကို ရောက်ရှိလာခဲ့ပြီ။  ခုကျမတို့ အသံလွှင့် နေတဲ့ အချိန် လောက်မှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံနေကြပါပြီ။  ကမ္ဘာ့ ကုလသမဂ္ဂမှာ မိန့် ခွန်းပြောဖို့ လာရောက် ခဲ့တဲ့  မြန်မာသမ္မတ ရဲ့ ခရီးစဉ်နဲ့ ပါတ်သက်လို့ မမိုးဖြူက ဆက်ပြီးတင်ပြပေးပါမယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကြီးမှာ မိန့်ခွန်းပြောဖို့အတွက် မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပါပြီ။ နိုင်ငံတော်သမ္မတဟာ အမေရိကန် ဒေသစံတော် ချိန် စက်တင်ဘာ ၂၅ ရက် မနက်၁၀နာရီမှာ New York မြို့  JFK အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စင်္ကာပူ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။

သမ္မတရဲ့ ခရီးဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၆ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော်ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင် ခရီးစဉ်တရပ်လို့ ပြောနိုင်ပါတယ်။

မြန်မာသမ္မတဦးသိန်းစိန်ဟာ လာမဲ့  ကြာသာပတေးနေ့ မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။ အာရှမှာ ထိပ်တန်း က ရပ်တည်နိုင်ခဲ့တဲ့ နိုင်ငံတနိုင်ငံ အဖြစ်ကနေ နှစ်ပေါင်း၅၀ ကျော် စစ်အစိုးရ အုပ်ချုပ်မှုအောက် မှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံတခုဖြစ်သွားခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် မနှစ်ကမှ အပြောင်းအလဲတွေ စတင်ခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က၊ သူ့ မိန့်ခွန်းမှာ လက်ရှိ ဆောင်ရွက်နေတဲ့ ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းတွေ နဲ့ ပါတ်သက်လို့ အဓိကပြောဆိုသွားမှာ ဖြစ်တယ် လို့ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးက ခုလိုပြောဆိုပါတယ်။

“ အဓိကက သူလုပ်ခဲ့တဲ့ ဟာတွေပေါ့ဗျာ။ Reform တွေ သူ ဘာကြောင့်လုပ်တယ်။ ဘာတွေလုပ်နေတယ်။ နိုင်ငံရေး စီးပွားရေး လူမူရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့  ပြုပြင်ပြောင်း လဲမူတွေ၊ နောက် ငြိမ်းချမ်းရေးပေါ့နော်။ အထူးသဖြင့် နောက် ဆက်လက်ဆောင်ရွက်မယ့် သူ့ရဲ့မျှော်မှန်း ချက်တွေ၊ နောက် သူ့မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ရိုဟင်ဂျာ၊ ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီးတော့ ပံ့ပိုးကူညီမှုတွေဟာ ရခိုင်ပြည်နယ်မှာရော ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကျိုးရှိတာ၊ အဲ့ဒီ့အပိုင်းတွေကို သူပြောမှာပါ။”

မနေ့ က စတင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကလဲ သူ့ ရဲ့ မိန့်ခွန်းထဲမှာ  မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ ခုလို အားတက် စကား ပြောဆိုသွားပါတယ်။

"မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာတွေတွေ့ရပါပြီ။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး ထင်ရှားတဲ့ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း လူထုရဲ့ ရွေးချယ်မှု နဲ့ ပြည်သူ့ လွှတ်တော်ထဲကို ၀င်ရောက် လာခဲ့ပါပြီ။မြန်မာလူထုအနေ နဲ့ လည်း နောက်ထပ် ပြုပြင်ပြောင်းလဲ မှု တွေ ကို တွေ့မြင် ရဖို့ စောင့်စားနေကြပါတယ်။"

နောက်ထပ် အပြောင်းအလဲတွေဖြစ်ဖို့ စောင့်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒအတိုင်း ပြုပြင်ပြောင်းလဲ မှု ရေရှည် ဆက်ပြီး ရှိမရှိ ဆိုတာဆိုတာကိုတော့ အမေရိကန်အစိုးရထဲမှာ သာမက၊ နိုင်ငံတကာ က မေးခွန်းထုတ်ပြီးစောင့် ကြည့် နေသူတွေအများကြီး ရှိနေပါသေးတယ်လို့ လူ့ အခွင့်အရေးလေ့ လာစောင့်ကြည့်ရေး အဖွဲ့ က ညွန်ကြားရေးမှုး John Siston က ပြောပါတယ်၊

“အဓိက စိုးရိမ်ပူပန်တာကတော့ ၂၀၁၅ ခုနှစ်မှာ မြန်မာစစ်တပ် ရဲ့ တချို့ အစိတ်အပိုင်းတွေက အာဏာကို မစွန့် လွှတ်နိုင်တာကြောင့် မငြိမ်သက်မှု တွေများပြန်ဖြစ် လာလေမလားလို့ ပါ၊ ဒုတိယ စိုးရိမ်တာက မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေကြား သဘောထား ကွဲပြားမှုတွေ ရှိနေတဲ့ အချက်ပါ။ တတိယ ကတော့ လတ်တလော ပေါ်ပေါက်နေတဲ့  ရိုဟင်ဂျာပြသာနာ ပါ၊ ဒီလို အချက်တွေကြောင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သတိနဲ့  စောင့်ကြည့် လေ့လာနေမှာ ပါ။ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေကိုလဲ လိုအပ်သလို ဆက်ပြီး ဖိအားပေး ဆောင်ရွက်သွားပါမယ်။”

မြန်မာသမ္မတ ဦးသိန်းစိန် ရဲ့ အခုအမေရိကန် ခရီးစဉ်မှာ ထူးခြားချက် တခု အဖြစ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက် တဲ့  သဘောထား ကို နိုင်ငံတကာ ခေါင်းဆောင်တွေ တက်ရောက်မယ့် ကုလသမဂ္ဂညီလာခံမှာ  မြန်မာသမ္မတက ထည့်ပြီး ပြောမယ်လို့ မျှော်လင့်ရကြောင်း သမ္မတရုံး ညွန်ကြားရေးမှုးဦးဇော်ဌေး ကပြောပါတယ်။

“သူသွားတဲ့အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေတဲ့ အချိန်မို့ အဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားတွေ ပါကောင်းပါနိုင်တယ်ပေါ့နော်။”

အခု အသံစလွှင့်နေတဲ့ အချိန်လောက်မှာပဲ  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မြန်မာသမ္မတ တည်းခိုနေတဲ့ The Mark Hotel ကို သွားရောက် ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။


News from : VOA
Post by  အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ရောက် ရှိနေစဉ်မှာ ဘဲ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ New York မြို့တော်ကို ရောက်ရှိလာခဲ့ပြီ။
ခုကျမတို့ အသံလွှင့် နေတဲ့ အချိန် လောက်မှာပဲ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံနေကြပါပြီ။ ကမ္ဘာ့ ကုလသမဂ္ဂမှာ မိန့် ခွန်းပြောဖို့ လာရောက် ခဲ့တဲ့ မြန်မာသမ္မတ ရဲ့ ခရီးစဉ်နဲ့ ပါတ်သက်လို့ မမိုးဖြူက ဆက်ပြီးတင်ပြပေးပါမယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကြီးမှာ မိန့်ခွန်းပြောဖို့အတွက် မြန်မာ သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပါပြီ။ နိုင်ငံတော်သမ္မတဟာ အမေရိကန် ဒေသစံတော် ချိန် စက်တင်ဘာ ၂၅ ရက် မနက်၁၀နာရီမှာ New York မြို့ JFK အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စင်္ကာပူ လေကြောင်းလိုင်းနဲ့ ရောက်ရှိလာခဲ့ပါတယ်။
သမ္မတရဲ့ ခရီးဟာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ၁၉၆၆ ခုနှစ် နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော်ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင် ခရီးစဉ်တရပ်လို့ ပြောနိုင်ပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား





  b5_26_16_1
မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ်သည့် Congressional Gold Medal ဆုကို လက်ခံရယူရန် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ စဉ်ဒေါ်အောင်ဆန်းစုကြည်က CNN နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
''မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျွန်မ ကိုးကားပြီး ပြောလေ့ရှိပါတယ်။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာဟာ Sanction ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲညံ့ ဖျင်းခြင်းကြောင့်ပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များသည် စီးပွားရေးပိတ်ဆို့မှု တစ်ခုတည်းကြောင့် ဖြစ်ပေါ်ခဲ့သည်မဟုတ်သော်လည်း နိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်းလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်က အင်တာဗျူးတွင် ဖြေကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသို့ သမ္မတဦးသိန်းစိန် သွားရောက်၊ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာမီဒီယာများ ဖော်ပြနေကြ





အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ် Photo:BBC
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၄ရက်နေ့က စတင်ထွက်ခွာသွားခဲ့ပြီး ယခုခရီးစဉ်မှာ နိုင်ငံတော် အကြီးအကဲတစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးသွား ရောက်မှု ဖြစ်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ်ဦးနေ၀င်းမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင် ယခုနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်မှာ နှစ်ပေါင်း ၄၆ နှစ်ကြာပြီးနောက် တရားဝင်သွားရောက်ရသော နိုင်ငံတော် အကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်ခဲ့ပါသည်။  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် ရန်သွားရောက်ခဲ့ခြင်းလည်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နယူးယောက်မြို့ရှိ Asia Society တွင်လည်း စက်တင် ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။

 တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ




တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၂၄ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပေးထားသောကတိများကို မဆောင်ရွက်နိုင်ပါက ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်းပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးအောင်ကြည်က ပေးထားသောကတိများကို မဆောင်ရွက်နိုင်ပါက ဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း ၎င်း၏ပြောစကားကို ကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

"ဝန်ကြီးက သူပြန်ကြားရေးကိုလာတာ ရယူဖို့မပါဘူး၊ ပေးဆပ်ဖို့သက်သက်ပါဘဲ၊ ဘာတွေကတိ ပေးရမလဲပြော...ပေးထားတဲ့ကတိတွေ မလုပ် ပေးနိုင်ရင် ..ထောက်ပြ ....ချက်ချင်း နုတ်ထွက်ပေး မယ်လို့ သူကိုယ်တိုင် နှုတ်ကပြောခဲ့တာ"ဟု ၎င်းက ဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis