menu

Thursday 3 October 2013

သံတွဲပဋိပက္ခဂယက်ကြောင့်မလေးရှားရောက် မြန်မာများစိုးရိမ်ပူပန်

ရန်ကုန်- ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားသောပဋိပက္ခဂယက် ကြောင့် အကြမ်းဖက်မှုများပြန်လည်ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြကြောင်းသတင်းရရှိသည်။

“ဇွန်လက ဆာလာရမ်းမှာ ဖြစ်သလိုမျိုးပြန်လုပ်မယ်လို့ သတင်းတွေထွက်နေတယ်။ မက်ဆေ့ခ်ျတွေလည်းပို့လာတာရှိ တယ်”ဟု မလေးရှားနိုင်ငံတွင် အလုပ်သမားအရေးကူညီနေသောအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်မှုအစီအစဉ်ကို လာမည့်ရက်အတွင်းစတင်အကောင်အထည်ဖော်ရန်စီစဉ်ထားသည့်သတင်းများလည်းရရှိထားသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း သတင်းကြားသိထားသူများမှာ သတိဖြင့်သွားလာနေကြပြီး အချို့မှာလည်း အောက်လမ်း မှပြန်လာနေကြကြောင်းသတင်းရရှိသည်။

ဗိုလ်ချုပ်ပုံသုံးပြီး ဆန္ဒပြရင် အရေးယူမည့်ပုဒ်မပါသည့် ဥပဒေကြမ်း အတည်ပြု

ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြုပြီး ဆန္ဒပြရင် အရေးယူမယ့်ပုဒ်မပါဝင်တဲ့ ဥပဒေကြမ်းကို အောက်တိုဘာ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို ဆန္ဒပြရာမှာ အသုံးပြုရင် အရေးယူမယ့် ပုဒ်မအပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

"တရုတ်တွင် ပျားတူကောင်များကြောင့် လူ ၄၁ ဦး သေဆုံး"













အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။
ပျားတူ (ပဒူ)ကောင်များ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံတွင် အသေအပျောက် ပမာဏ (၄၁)ဦးထိ မြင့်တက်လာကြောင်း သိရှိရသည်။ အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ ပျားတူကောင်များ ကိုက်ခဲမှုကြောင့် အသက်ဘေးမှ လွတ်ခဲ့သည့်တိုင် ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သူ အရေအတွက်မှာလည်း (၁၆၀၀) ကျော်သွားပြီ ဖြစ်သည်။ ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် ပျားတူကောင်များ၏ ရန်ပြုမှုများ ကြုံနေရခြင်း ဖြစ်သည်။ ယခုရာသီမှာ ၎င်းတို့ မိတ်လိုက်ပေါက်ဖွားသော အချိန်မျိုးဖြစ်ပြီး သာမန်ထက် ကြမ်းကြုတ်ရန်လိုနေတတ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန် နှင့် ၀န်ကြီးများ ကြံ့ခိုင်ရေး ပါတီဝင် ဖြစ်မှု အငြင်းပွား


သမ္မတဦးသိန်းစိန် နှင့် ၀န်ကြီးများ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) တွင် ခေါင်းဆောင်ရာထူး များ ထမ်းဆောင်ခြင်း မပြုသော်လည်း ပါတီဝင်အဖြစ် ဆက်လက် တည်ရှိနေသည်ဟု သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်နှင့် ကြံ့ခိုင်ရေး ပါတီမှ ဦးအောင်သောင်းက ပြောဆိုလိုက်ပြီး ပါတီဝင်ဖြစ်မှုသည် ဖွဲ့စည်းပုံဥပဒေ နှင့်ညီ၊ မညီ အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ နှင့် ပြည်ထောင်စု ဝန်ကြီး တချို့သည် ကြံ့ခိုင်ရေး ပါတီတွင် ဆက်လက် တည်ရှိနေခြင်း ရှိ၊ မရှိ နှင့်ဆက်စပ်သော မေးခွန်း မေးမြန်းစဉ် သမ္မတရုံး ၀န်ကြီး ဦးစိုးမောင် နှင့် ဦးဝင်းမြင့်တို့အကြား အချေတင် အပြန် အလှန် မေးခွန်း မေးမြန်း ဖြေဆိုခြင်း၊ အငြင်းပွားမှုများ ဖြစ်ပေါ် ခဲ့သည်။

သံတွဲအကြမ်းဖက်မှု ကုလ-ကန်စိုးရိမ်

 
ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအသေအပျောက်တွေ ရှိခဲ့တဲ့ အထိ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်တဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ လူသေဆုံးမှုတွေ၊ အများအပြား ထိခိုက်ဒဏ်ရာတွေရမှုတွေနဲ့ မူဆလင်ဗလီတွေ၊ အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် ရာနဲ့ချီအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု အနေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်းလည်း ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေ
တဲ့ အခြေအနေတွေကို အမေရိကန် သံရုံးက ဆက်လက် စောင့်ကြည့်
သွားမှာ ဖြစ်သလို၊ ဒေသခံတွေရဲ့ အသက်အိုးအိမ်တွေကို အကာအကွယ်ပေးနိုင်ဖို့ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

၁၂ နှစ်အရွယ် အိမ်အကူကို ၄၅ နှစ်အရွယ် အိမ်ရှင်က အဓမ္မကျင့်ဟု အမှုဖွင့်


ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၀၁ မိနစ်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁၂နှစ်အရွယ် အိမ်အကူအား အသက် ၄၅ နှစ်အရွယ် အိမ်ရှင်ဖြစ်သူက အဓမ္မပြုကျင့်မှု တစ်ခု အောက်တိုဘာ ၁ ရက်နေ့တွင် ဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

အမှုကို ၁၆၈ ရက်ကွက်တွင် နေထိုင်သည့် ကလေးငယ်၏ အဒေါ်တော်စပ်သူက တိုင်တန်းထားခြင်းဖြစ်သည်။ ကလေးမှာ ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရက်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်အကူဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ယင်းအိမ်၏ မီးဖိုခန်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် ညနေ ၅ နာ ရီခန့်တွင် အိမ်ရှင်ဖြစ်သူ ဆိုက်ကားနင်းသည့် ဦးဩ(၄၅)နှစ်၊
ရောက်ရှိလာခဲ့ပြီး မုန့်ဖိုး ၁၀၀ ကျပ်ပေးကာ နောက်မှ သိုင်းဖက်၍ မဖွယ်မယာ ပြုလုပ်ပြီးနောက် ကြမ်းပြင်ပေါ်သို့ တွန်းလှဲကာ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု တိုင်တန်းထားသည်။

ညနေ ၆နာရီခန့်တွင် ကလေးမှာ အဒေါ်ထံ ငိုယို၍ ရောက်ရှိလာသဖြင့် မေးမြန်းရာမှ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သိရပြီး ကလေးငယ်အား စစ်ဆေးကြည့်ရာတွင်လည်း သားမယားပြုကျင့် ခံထားရသည့် လက္ခဏာကို တွေ့ရှိရသဖြင့် ရာအိမ်မှူး ဦးမျိုးလွင်အား အကူအညီတောင်းခံထားကြောင်း ကလေး၏ အဒေါ်ကရဲအား ပြောပြထားသည်။

ကန်ဒေါ်လာ ၁၁ဘီလီယံရှိသော ဘဏ်စာရင်းငါးခုကိစ္စကို ပြည်ထောင်စုလွှတ်တော်တွင် ရှင်းမည်


မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၅၀ မိနစ်

"အမေရိကန်ဒေါ်လာ ၁၁ဘီလီယံအထိရှိသော ဘဏ်စာရင်းငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း" ဆိုသည့် အချက်အား အောက်တိုဘာလ ၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းမည် ဖြစ်သည်။

ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ရေးသားထားသော အဆိုပါကိစ္စအား သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းဖြစ်ကြောင်း အဋ္ဌမအကြိမ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တတိယနေ့ အစီအစဉ်လျာထားချက် စာရွက်တွင် ရေးသားထားခြင်း ဖြစ်သည်။

"နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြားဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ဘီလျံအထိရှိသော မြန်မာ အကောင့်ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန်လိုလာ"ဟူသော ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၁၂ ရက်က Daily #Eleven သတင်းစာက ဆောင်းပါးရေးသားခဲ့ခြင်းဖြစ်သည်

ရခိုင်ပဋိပက္ခနှင့် ဆက်စပ်လျက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ၏ သံတွဲမြို့နယ်ဥက္ကဋ္ဌကို ထိမ်းသိမ်းစစ်ဆေးနေ


ကေဇင်ဦး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၀၆ မိနစ်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည့် ပဋိပက္ခများနှင့် ဆက်စပ်ကာ သံတွဲမြို့နယ်၏ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP ၏ ဥက္ကဋ္ဌဖြစ်သူ ဦးမောင်ပုအပါအဝင် အခြားသူ ငါးဦးကို သံတွဲခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်ဟု RNDP ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးလှစောက ပြောသည်။

“ဦးမောင်ပုက လွှတ်တော်ဥက္ကဌနဲ့ ရန်ကုန်မှာ တွေ့ဆုံဖို့အတွက် ၂၈ ရက် မတိုင်ခင်ကပဲ ရန်ကုန်ကို ရောက်နေတာ၊ ၃၀ ရက်နေ့မှာ သံတွဲကို ပြန်တယ်၊ သူဘာမှ ဒီကိစ္စကို သိမှာမဟုတ်ဘူး၊ ဒီလိုပဋိပက္ခဖြစ်ရင် ကျွန်တော်တို့ပါတီကို စစ်တာဆေးဆာထုံးစံဖြစ်နေပြီ။ ကျွန်တော်တို့ ပါတီအနေနဲ့ အကြမ်းဖက်မှုတွေမှာ မပါဝင်ဖို့ ထုတ်ပြန်ထားတယ်”ဟု ဦးဦးလှစောက ပြောသည်။

ပဋိပက္ခများသည် သွေးထိုးလှုံ့ဆော်ခြင်းကြောင့်ဖြစ်ရသည်ဟု သံတွဲခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဦးကျော်တင့်က ဆိုလိုက်ပြီး တောရောမြို့ပါ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ဆိုသည်။

ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို

Photo: ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို

ကျိုင်းတုံ၊ အောက်တိုဘာ ၂

အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာလဲလှယ်ပေးရန် ကျောင်းသား မိဘများက တောင်းဆိုခွင့် ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။
“ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်းလို့ လဲပေးပါလို့ ကျောင်းသားမိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ အကြောင်းအရာကို အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အရည်အသွေးရှိ အခြေခံပညာ စီမံချက်အဖြစ် ကလေးပျော်ကျောင်းများ ဖြစ်လာစေရန် မိဘဆရာအသင်းများ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းဆွေး နွေးပွဲတွင် ယင်းကျောင်းအုပ်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေကို ဆရာကရိုက်နှက်နေရင် အဲဒီဆရာကို ကြောက်ပြီး ကလေးပျော်ကျောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၆၀ မှ ကျောင်းအုပ်ကြီးများကို ကလေးပျော် ကျောင်းများ ဖြစ်လာစေရန် စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်း ငါးရက်ကြာ ပို့ချထားပြီး ယင်းကျောင်း ၆၀ ကို နယ်မြေ ရှစ်အုပ်စုခွဲကာ မိဘဆရာ စွမ်းဆောင်ရည် မြင့်မားရေးလုပ်ငန်း ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျိုင်းတုံ၊ အောက်တိုဘာ ၂

အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာလဲလှယ်ပေးရန် ကျောင်းသား မိဘများက တောင်းဆိုခွင့် ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။
“ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်းလို့ လဲပေးပါလို့ ကျောင်းသားမိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းကဆိုသည်။

အဆိုပါ အကြောင်းအရာကို အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အရည်အသွေးရှိ အခြေခံပညာ စီမံချက်အဖြစ် ကလေးပျော်ကျောင်းများ ဖြစ်လာစေရန် မိဘဆရာအသင်းများ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းဆွေး နွေးပွဲတွင် ယင်းကျောင်းအုပ်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေကို ဆရာကရိုက်နှက်နေရင် အဲဒီဆရာကို ကြောက်ပြီး ကလေးပျော်ကျောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။

မလေးရှားမှ မြန်မာလုပ်သား ၁၇၀ ကျော် MAI ၏ အခမဲ့ လေကြောင်းဖြင့် ထပ်မံ ပြန်လာရန်ရှိ


မင်းမင်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၅ မိနစ်

မလေးရှားမှ ပြန်လာလိုသော မြန်မာ လုပ်သားများကို လေယာဉ်လက်မှတ်
အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင်ရန် MAI လေကြောင်းလိုင်းက စီစဉ်ထားရာ အောက်တိုဘာ ၈ ရက် အပြန်ခရီးအတွက် စာရင်းပေးထားသူ လုပ်သား ၁၇၀ ကျော်ရှိကြောင်း ထိုလေကြောင်းလိုင်း၏ ဈေးကွက်နှင့် ပြင်ပဆက်ဆံရေးအရာရှိ ဒေါ်အေးမရသာ က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။

၎င်းက “အလုပ်သမားတွေကလည်း ဟိုမှာပြန်လာဖို့ အများကြီးရှိတယ်လေ။ ဒါကို ကျွန်မတို့က အကန့်အသတ်မရှိ အခမဲ့ခေါ်ပေးတာပါ။ ၁၇၀ ကျော်လောက် ပြန်လာဖို့ တော့သေချာတယ် ” ဟု ဆိုသည်။

ယင်းလေကြောင်းဖြင့် ပြန်လာမည့် အလုပ်သမားများသည် အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး MAI နှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရ ဦးဆောင်သာ သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)တို့ ပူးပေါင်း၍ အခမဲ့ ပြန်လည် ခေါ်ဆိုခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အစိုးရနှင့် KIO တို့ အကြိုညှိနှိုင်း

ဖနိဒါ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၄ မိနစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နည်းပညာ အထောက်အကူပြု အဖွဲ့များဖြစ်သည့် အစိုးရနှင့် ကချင်ပြည်နယ် လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာ ၂ ရက်က ပြုလုပ်သည်။

မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးတွင် ပြုလုပ်သည့် ဆွေးနွေးမှုအတွင်း စစ်ပြေးဒုက္ခသည်များအရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများ၊ နိုင်ငံရေး ဆွေးနွေးမှုများတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စဟူ၍ အပိုင်းနှစ်ပိုင်း ဆွေးနွေးရန်နှင့် အထွေထွေကိစ္စများ ဆွေးနွေးရန် စသည့်အချက် ငါးချက် ဆွေးနွေးခဲ့ကြသည်ဟု MPC မှ ဦးလှမောင်ရွှေက ပြောသည်။

KIO မှ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးက “နှစ်ဖက် တိုးတက်မှု အခြေအနေ၊ IDP ကိစ္စကို မူတခုကျအောင် လုပ်မယ်။ တပ်ပိုင်းဆိုင်ရာကိစ်္စမှာ Join Minitoring Committee ပါမယ်။ ဖွဲ့စည်းပုံပါမယ်။ တပ်နေရာ ဆွေးနွေး မယ်။
နိုင်ငံရေး ဆွေးနွေးပွဲကို လုပ်သွားမယ် ဆိုတဲ့ထဲမှာ တစ်နိုင်လုံး အပစ်အခတ်ရပ်စဲ လက်မှတ်ထိုးမယ်ဆိုတာနဲ့ အခြားကိစ္စတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

တပ်မြေအဖြစ်သိမ်းထားသော မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ အား မူလမြေပိုင်ရှင်များ ပြန်လည်ရရှိရေး လူအင်အား ၆၀၀ ဖြင့် မြို့တော်ခန်းမရှေ့၌ သပိတ်စခန်းဖွင့်တောင်းဆို

Photo: တပ်မြေအဖြစ်သိမ်းထားသော မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ အား မူလမြေပိုင်ရှင်များ ပြန်လည်ရရှိရေး လူအင်အား ၆၀၀ ဖြင့် မြို့တော်ခန်းမရှေ့၌ သပိတ်စခန်းဖွင့်တောင်းဆို

တပ်ပိုင်မြေအဖြစ် သိမ်းထားသည့် မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေးအတွက်လူအင်အား ၆၀၀ ဖြင့် သပိတ်စခန်းဖွင့်ကာ တောင်းဆိုလျက်ရှိကြောင်း သပိတ်စခန်းဖွင့် တောင်းဆိုနေသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့် မှ စတင်ကာ သပိတ်စခန်းဖွင့်၍ တောင်းဆိုလျက်ရှိ ကြောင်း သိရသည်။

''ဒီမြေတွေဟာ ကျွန်မတို့ရဲ့ဘိုးဘွားပိုင် မြေတွေဖြစ်ပါတယ်။ စစ်တပ်က အတင်းအဓမ္မ သိမ်းသွားတာဖြစ်ပါတယ်။ ဒီမြေကို ပြန်ရဖို့ ဆန္ဒပြတောင်းဆိုတာ ခုနစ်ကြိမ်ကျော်ရှိပါပြီ။သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက်ဖြေရှင်းပေးမှု မရှိဘူး။ ကျေနပ်လောက်တဲ့ ဖြေ ရှင်းပေးမှု မရှိရင်တော့ သပိတ်စခန်းဆက်ဖွင့်ပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ရဲတွေကလည်း လာရောက်တားဆီးတာတွေ ရှိပါတယ်။ ညှိနှိုင်းပေးမယ်လို့ ပါးစပ်ကပဲပြောနေတယ်။ တရားဝင်စာရွက်စာတမ်းတွေနဲ့လုပ်တာ ဘာတစ်ခုမှမရှိဘူး။ ပြန်မရမချင်းတောင်း ဆိုသွားမှာဖြစ်ပါတယ်'' ဟု သပိတ်စခန်းဖွင့် တောင်းဆိုသူများထဲတွင်ပါဝင်သူ မနေနွယ်သန်းက ပြောကြားသည်။

မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မှ မူလ မြေပိုင်ရှင်များသည် စစ်တပ်ကအတင်းအဓမ္မ သိမ်းထားသည့် မြေကွက်များ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက်နှင့် အညီ (၇) ကြိမ်မြောက် ဆန္ဒပြခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တစ်စုံတစ်ရာ ညှိနှိုင်းဖြေရှင်းပေးခဲ့ခြင်း မရှိကြောင်း သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေသူများက ပြောကြားသည်။

အဆိုပါ မိကျောင်းကန်မြေများ ပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေမှုအားဖြေရှင်းရန် သင်္ဃန်းကျွန်း မြို့မိ၊ မြို့ဖများနှင့် သင်္ဃန်းကျွန်းမြို့နယ်ရဲမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတစ်ဦးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါမိကျောင်းကန်မြေပေါ်တွင် ၁၉၁၇ ခုနှစ်မှစပြီး ဆန္ဒပြသူများနှင့် ဆန္ဒပြသူများ၏ ဘိုးဘွားများက နိုင်ငံတော်အား အခွန်ပေးဆောင်ကာ နေထိုင်ခဲ့ကြောင်းသိရပြီး တပ်မတော်မှ တပ်ပိုင်မြေအဖြစ် ၁၉၉၁ ခုနှစ်တွင် သိမ်းယူသွားခဲ့ကြောင်း သပိတ်စခန်းဖွင့်သူ များ၏ ပြောကြားချက်အရ သိရသည်။

''ကျွန်တော်တို့ကို သက်ဆိုင်ရာရဲတွေက ည ၇နာရီအထိ ခွင့်ပြုမယ်လို့ ပြောတယ်။ ည ၇ နာရီကျော်ရင် သပိတ်စခန်းသိမ်းဖို့ ပြောတယ်။ ကျွန်တော်တို့ကတော့ မတရားအသိမ်းခံနေရတဲ့ မြေကိစ္စတွေကို ဖြေရှင်းမပေးဘူးဆိုရင် ဆက်ပြီး သပိတ်စခန်းဖွင့်သွား မှာ ဖြစ်တယ်'' ဟု သပိတ်စခန်းဖွင့်ကာ တောင်းဆိုရာတွင် ပါဝင်သူ ဦးစိန်သန်းက ပြောကြားသည်။

ကျာက်တံတားမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးမြင့်ကြိုင်က ''သူတို့ကို အထဲမှာ ညှိနှိုင်းဖို့ ခေါ်တယ်။ သူတို့ဘက်က လက်မခံဘူး။ ဒီကိစ္စကို ည ၇ နာရီအထိ ခွင့်ပြုထားတယ်ဆိုတာကို ကျွန်တော်မသိသေးပါဘူး'' ဟု ပြောကြားသည်။

ထို့နောက်ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့တော်ခန်းမအတွင်း၌ သပိတ်စခန်းဖွင့်သူများထဲမှ ကိုယ်စားလှယ် ၁၀ ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ညှိနှိုင်းဆွေးနွေးရန်အတွက် ဖိတ်ခေါ်ခဲ့ပြီး မီဒီယာများကို ၀င်ရောက်ခွင့်မပေးခဲ့ဘဲ သီးသန့် ဆွေးနွေးခဲ့သည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းသော ကိုယ်စားလှယ် ၁၀ ဦးသည် ညနေ ၆ နာရီခန့်တွင် သပိတ်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

မိကျောင်းကန်အပိုင်း   ၁၊ ၂၊ ၃ မူလမြေပိုင်ရှင်များက သပိတ်စခန်းဖွင့်၍ တောင်းဆိုကြစဉ်

တပ်ပိုင်မြေအဖြစ် သိမ်းထားသည့် မိကျောင်းကန်အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေးအတွက်လူအင်အား ၆၀၀ ဖြင့် သပိတ်စခန်းဖွင့်ကာ တောင်းဆိုလျက်ရှိကြောင်း သပိတ်စခန်းဖွင့် တောင်းဆိုနေသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေကွက်များအား မူလမြေပိုင်ရှင်များက ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံအနီးတွင် အောက်တိုဘာ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့် မှ စတင်ကာ သပိတ်စခန်းဖွင့်၍ တောင်းဆိုလျက်ရှိ ကြောင်း သိရသည်။

''ဒီမြေတွေဟာ ကျွန်မတို့ရဲ့ဘိုးဘွားပိုင် မြေတွေဖြစ်ပါတယ်။ စစ်တပ်က အတင်းအဓမ္မ သိမ်းသွားတာဖြစ်ပါတယ်။ ဒီမြေကို ပြန်ရဖို့ ဆန္ဒပြတောင်းဆိုတာ ခုနစ်ကြိမ်ကျော်ရှိပါပြီ။သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက်ဖြေရှင်းပေးမှု မရှိဘူး။ ကျေနပ်လောက်တဲ့ ဖြေ ရှင်းပေးမှု မရှိရင်တော့ သပိတ်စခန်းဆက်ဖွင့်ပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ရဲတွေကလည်း လာရောက်တားဆီးတာတွေ ရှိပါတယ်။ ညှိနှိုင်းပေးမယ်လို့ ပါးစပ်ကပဲပြောနေတယ်။ တရားဝင်စာရွက်စာတမ်းတွေနဲ့လုပ်တာ ဘာတစ်ခုမှမရှိဘူး။ ပြန်မရမချင်းတောင်း ဆိုသွားမှာဖြစ်ပါတယ်'' ဟု သပိတ်စခန်းဖွင့် တောင်းဆိုသူများထဲတွင်ပါဝင်သူ မနေနွယ်သန်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်

Photo: အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

''ဆရာကြီးရဲ့ ဈာပနကို အောက်တိုဘာ ၁ ရက် အိန္ဒိယနိုင်ငံ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာငါးရာကျော်နဲ့ လူပရိသတ် တစ်သိန်းကျော် လိုက်ပါပို့ဆောင်ပြီး နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာကြီးရဲ့ အရိုးပြာကို မွန်ဘိုင်းမြို့က ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး (Global Vipas-sana Pagoda) မှာ ထားရှိပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဆရာကြီးရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်သယ်လာမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ တရားပြဆရာ ဦးစန်းဝင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ သယ်ယူလာခဲ့ပြီးနောက် သီတဂူဆရာတော် ဦးဉာဏိဿရ၏ သြ၀ါဒအရ မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေး နေရာသုံးနေရာခွဲ၍ အရိုးပြာကို ဧရာဝတီမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း မျှောချရန် စီစဉ်ထားကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် 'ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ' အမည်ဖြင့် ဟောပြောပွဲ တစ်ခုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြု လုပ် ကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင် ၁၉၅၀ ပြည့်နှစ်အချိန်က ဆရာကြီးရေးသားခဲ့သည့် 'ဧရာဝတီ' ကဗျာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ဦးဂိုအင်ကာ၏ အဘိုးဖြစ်သူ သီရိဘာဆာရာလာ လာဂိုအင်ဂါသည် အိန္ဒိယနိုင်ငံ၊ ဗီကာရ်နေပြည်နယ်၊ ကျူရုမြို့မှ မြန်မာနိုင်ငံသို့ ၁၈၇၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည့် ဦးဂိုအင်ဂါသည် ဆရာကြီး ဦးဘခင်ထံတွင် ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူလေ့ကျင့်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာ တရားတော်များ ပို့ချခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ မဟာရက်ရှထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို စတင်ထူထောင်ခဲ့ပြီး ကမ္ဘာအနှံ့တွင် ၀ိပဿနာ ရိပ်သာပေါင်း ၁၇၂ ခုအထိ ဖွင့်လှစ်ထားခဲ့သည်။ ဆရာကြီးသည် ၀ိပဿနာ နည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့ပြီး ၎င်းဦးဆောင်သည့် ၀ိပဿနာ တရားစခန်းများသို့ ၀င်ရောက်အားထုတ်သူ အရေအတွက် နှစ်စဉ် တစ်သိန်းခန့်ရှိကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် အိန္ဒိယ နိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် အာရေဗျပင်လယ်ကို မေးတင်လျှက် ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ် (Global Vipassana Pagoda) တစ်ဆူကိုလည်း ၂၀၀၉ ခုနှစ်တွင် အောင်မြင်စွာ တည်ထားပြီး ထီးတော်တင်ခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဆရာကြီး ကွယ်လွန်ခြင်းကို ရည်စူးပြီး ရန်ကုန်မြို့ရှိ ဓမ္မဇောတိရိပ်သာ၌ သံဃာတော်များကို ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် တက်ရောက်ခဲ့ပါသည်။ ထို့နောက် ယောဂီများက တစ်နာရီကြာ မေတ္တာပို့ အမျှဝေခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ ဓမ္မဂီရိ ရိပ်သာအသီးသီးတွင်လည်း စုပေါင်းတရားထိုင်ပြီး မေတ္တာပို့ အမျှဝေခြင်းများကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)
ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

''ဆရာကြီးရဲ့ ဈာပနကို အောက်တိုဘာ ၁ ရက် အိန္ဒိယနိုင်ငံ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာငါးရာကျော်နဲ့ လူပရိသတ် တစ်သိန်းကျော် လိုက်ပါပို့ဆောင်ပြီး နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာကြီးရဲ့ အရိုးပြာကို မွန်ဘိုင်းမြို့က ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး (Global Vipas-sana Pagoda) မှာ ထားရှိပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဆရာကြီးရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်သယ်လာမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ တရားပြဆရာ ဦးစန်းဝင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ သယ်ယူလာခဲ့ပြီးနောက် သီတဂူဆရာတော် ဦးဉာဏိဿရ၏ သြ၀ါဒအရ မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေး နေရာသုံးနေရာခွဲ၍ အရိုးပြာကို ဧရာဝတီမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း မျှောချရန် စီစဉ်ထားကြောင်း သိရသည်။

ဆီးဂိမ်းလှုံ့ဆော် ရေးနှင့်အလှမယ်တို့ ဂုဏ်ယူစကားသံ


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတကာမှအလှမယ်များလည်း ပါဝင်မယ်လို့ သိရပါတယ်။ ကိုယ့်မြေကိုယ့်ရေမှာ ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲ မှာလည်း ပြည်တွင်းရှိ အလှမယ်တချို့ပါဝင်အားဖြည့်ကူညီမှုတွေ၊ ဂုဏ်ယူစကားသံများနှင့်ပတ်သက်ပြီး နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ ခင်ဝင့်ဝါ နှင့် ခင်လပြည့်ဇော်တို့ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။
နန်းခင်ဇေယျာ
“အခုလောလောဆယ်တော့ ဆီးဂိမ်းအတွက် ဘာမှမပြောထား သေးပါဘူး။ ပြော လာခဲ့ရင်တော့ ညီမအနေနဲ့ ပါဝင်ကူညီသွားမှာပါ။ ညီမတို့လူငယ်တွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ကူညီသင့်တယ်လို့လည်း ပြောချင်ပါတယ်။ ပြီးတော့ ညီမ တို့နိုင်ငံ ကဆီးဂိမ်းကိုအိမ်ရှင်အဖြစ်နဲ့ ကျင်းပခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ အားကစား သမားတွေအနေနဲ့လည်း ဆီးဂိမ်းမှာ အောင်မြင်မှုတွေ မျှော်လင့်ထားကြပါတယ်”

ခေတ်မီ တပ်မတော်ဖြစ်ရေး လေတပ်နှင့် ရေတပ် တိုးချဲ့မည်

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကာကွယ်ရေး ၀န်ကြီးဌာနက ခေတ်မီတပ်မတော် ဖြစ်ရေးအတွက် ကြည်းတပ်နှင့် တပြေးညီ လေတပ်နှင့် ရေတပ် တိုးတက်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြောသည်။
နေပြည်တော်တွင် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ချက်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားစဉ် ဗိုလ်ချုပ်ကျော်ညွှန့်က ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ရာတွင် ကြည်းတပ် တခုတည်းကို ဦးတည် ဆောင်ရွက်နေတာ မဟုတ်ဘဲ ရေတပ်နှင့် လေတပ် တိုးတက်ရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုခြင်း ဖြစ်သည်။
ခေတ်မီတပ်မတော်ဖြစ်ရေး ဆောင်ရွက်ရာတွင် လုံလောက်သော စစ်အသုံးစရိတ် ဘဏ္ဍာငွေကြေး သုံးစွဲမှုကလည်း အဓိကကျပြီး စစ်ဘက်ဆိုင်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ကျော်ညွှန့်က ဆိုသည်။

ပခုံးနှင့်မမျှအောင် လေးသော်လည်း ဘဝသည်ပစ်ချ၍မရ


”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့် အတူ ထိုနေရာ၌ လူတစ်စု ခြေသံခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်းသွားနေကြသည်။ နက်ပြာရောင်တီရှပ် လက်ရှည်နှ င့် ဘောင်း ဘီရှည် များကို ညီတူဝတ်ဆင် ထားသည့် ထိုသူများတွင် ခန္ဓာကိုယ်တောင့်တင်းသူ မရှိသလောက် ရှားသည်။ သို့သော် ၎င်းတို့သည် ကိုယ်ခန္ဓာနှင့် မမျှသည့် အထုပ် အပိုးကြီး များကို ထမ်းပိုးရင်း အပြေးအလွှားသွားလာနေသည်။
နေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ရှိ မော်တင်ဆိပ်ကမ်း၊ တူညီဝတ်စုံဝတ် ဆင်ထားသော အလုပ်သမားများသည် ဆိပ်ကမ်း သို့လာရောက်ကပ်သော သင်္ဘော၊ စက်လှေများပေါ် သို့ ကုန်ပစ္စည်းအမျိုးမျိုးကို အတင်းအချပြုလုပ် နေခြင်းဖြစ်ပြီး ထိုသူများထဲ၌ အသက် ၂ဝ ခန့် လူငယ်များနှင့် အသက် ၅ဝ ကျော်လူကြီးပိုင်းများ ကိုလည်း တွေ့မြင်ရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီ၊ ထောက်ကြန့်အစရှိသည့်မြို့နယ်များ၌ စိုက်ပျိုးသည့် ဂေါ်ဖီထုပ်များ ခန့်မှန်းခြေအားဖြင့် ဂေါ်ဖီထုပ် ၃ဝ ခန့် ထည့် သွင်းထားသည့် ဆာလာအိတ်များကို ထမ်းပိုး၍ ဧရာဝတီတိုင်းသို့သွားရောက်သည့်သင်္ဘော ပေါ်သို့ တင်ဆောင်ပြီး မြိတ်၊ ကော့သောင်းသို့ သွားမည့် စက်လှေ များပေါ်သို့လည်း သံပီပါများကို တွန်းတင်နေကြသည်။

မေတ္တာပန်းများ လွှမ်းခြုံရာ ဘေးမဲ့နေရာ


”မေတ္တာစိမ့်စမ်း” ဆိုတဲ့ နာမည် လေးကို ကြားလိုက်ရတော့ ရင်ထဲမှာ အေးမြသွားပါတယ်။ တိရစ္ဆာန်ဘေးမဲ့ ဥယျာဉ်လို့ ဆက်ပြီးကြားလိုက်ရတော့ ပိုပြီးကြည်နူး သွားပါ တယ်။ တိရစ္ဆာန်တွေ ကို အသက်ဘေးကကယ်တင်ပြီး မွေးမြူ စောင့်ရှောက်ထားတဲ့နေရာ ဖြစ်ပါတယ်။ တိရစ္ဆာန်ချစ်တတ်တဲ့သူပီပီ ကုသိုလ် တွေ အများကြီး ရနေကြ ပါလားလို့ မုဒိ တာ ပွားလိုက်မိပါတယ်။
နေရာကတော့ ပခုက္ကူနဲ့ ၇ မိုင် အကွာ ပခုက္ကူ-မန္တလေးသွား လမ်းမ ကြီးဘေးက ”ပန်းတိုင်းခြုံ” ရွာဖြစ်ပါ တယ်။ ပခုက္ကူသား ကိုသိန်းအေးကတော့ ”ပဒိုင်းခြုံ” ရွာလို့ အသံ ထွက်ပေမယ့် ကျွန်မကတော့ စိတ်ကူးယဉ်ပြီး ပန်း တိုင်း လွှမ်းခြုံနေတဲ့ ရွာလို့ပဲ အဓိပ္ပာယ် ဖော်ေ ဆာင်ပြီး ခေါ်ဆို ပါရစေ။ မေတ္တာ တွေ လွှမ်းခြုံနေ တဲ့ နေရာေ လးဖြစ် လို့ပါ ပဲ။ တည်ထောင်တဲ့သူတွေကတော့ ပခုက္ကူ မြို့က ကိုကျော်ဇောနဲ့ မဥမ္မာသန်းတို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ ခံတောရပ်၊ မြို့မလမ်းက အိမ်နဲ့ဝိုင်း ကို ရောင်းချပြီး ပန်း တိုင်းခြုံရွာမှာ မြေဧက ၁၃ ဧက ဝယ်ပြီး ဘေးမဲ့ဥယျာဉ် တည်ထောင်ခဲ့ တာ ၂ဝ၁၁ ခုနှစ်ကပဲ ဖြစ်ပါတယ်။ တော်ရုံလူ မစွမ်းဆောင်နိုင်တာ ဖြစ်လို့ အာဂမောင်နှံ လို့ဆိုရပါ မယ်။ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ရဲ့ သြဝါဒကို ခံယူပြီး စတင်လုပ်ဆောင်ခဲ့ကြပါတယ်။
အများဆုံးရှိတာက နွားတွေ ဖြစ် ပါတယ်။ ဘေးမဲ့ပေးတဲ့နွားတွေ၊ ထွန် စက်တွေအသုံးပြုနေကြတဲ့အတွက် လာ လှူထားတဲ့ နွားတွေ၊ ခိုးထုတ် မယ့် နွား တွေ ဖြစ် ပါ တယ်။ ခွေးလေခွေးလင့်တွေ ကို ခေါ်ယူကျွေးမွေးထားရာက ပလိပ် မြို့မှာ တရုတ်ပြည်ကို ရောင်းမယ့်ခွေး တွေကို မိသွားပြီး ခွေး ချစ်တဲ့သူေ တွက ပြန် ဝယ်ပြီးပို့ လိုက် တဲ့ ခွေးအကောင် ၆ဝ နဲ့ ပေါင်းလိုက်တော့ ခွေး ၈၅ ကောင် ရှိသွားပါပြီ။ ခွေးတွေကို သံချိတ်နဲ့ချိတ် ပြီးဖမ်းထား လို့ ခေါင်းမှာ အနာတွေဖြစ် ပြီး လောက်တွေ ကျနေ တာကို မဥမ္မာ သန်းတို့က လောက်တွေကို ထုတ်ပြီး ဆေးကုရပါတယ်။

ဆန္ဒပြပွဲများအလွန် အထည်ချုပ်လုပ်ငန်းများ

Photo: ဆန္ဒပြပွဲများအလွန် အထည်ချုပ်လုပ်ငန်းများ
-----------------------
ရေးသားသူ- ငြိမ်းချမ်း၊ အေးမြတ်သူ

ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာဗန္ဓုလပန်းခြံရှေ့တွင် အပြာရောင် တူညီဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်စုက အချက်သုံးချက် တောင်းဆိုနေသည်။

“အလုပ်သမားအခွင့်အရေးရရှိရေး ချက်ချင်းပေး။ အလုပ်သမားတန်းတူညီမျှမှုရရှိရေး ချက်ချင်းပေး။ ဟုန်ရှင်းအလုပ်သမားများ မပြိုကွဲရေး ဒို့အရေး”

သပိတ်စခန်းဖွင့်ကာ ၂၆ နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့သော အအေးခန်းစက်ရုံမှ အလုပ်သမားများ၏ အသံများဖြစ်သည်။ လုပ်အားခလစာနည်းပါးခြင်း၊ စက်ရုံမှ အလုပ်ထုတ်ပယ်ခံရခြင်းတို့ကြောင့် ဒုတိယအကြိမ်မြောက် တောင်းဆိုခြင်းဖြစ်သည်။ ထိုဆန္ဒပြတောင်းဆိုမှုကြောင့် စက်ရုံပိုင်ရှင်က အလုပ်သမားများအား သုံးလစာပေးကာ စက်ရုံသိမ်းပိတ်ခဲ့သည်။ ထိုစက်ရုံအလုပ်သမားများ ဆန္ဒပြမှုသည် အစိုးရသစ်လက်ထက်တွင် လစာနည်းမှုကြောင့် အလုပ်သမားဆန္ဒပြမှုပေါင်း နှစ်ရာကျော်ထဲမှ တစ်ခုဖြစ်သည်။

ထိုသို့ လုပ်ခလစာနည်းပါးမှုနှင့် အလုပ်သမားအခွင့်အရေး နည်းပါးမှုကြောင့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် အထည်ချုပ်စက်ရုံအချို့မှာ အခြားစက်ရုံများမှ ယုံကြည်မှုနည်းပါးခြင်း၊ အလုပ်သမားများ ရရှိရန်ခက်ခဲလာခြင်း၊ စက်ရုံနာမည် ပျက်ရခြင်းတို့ကြောင့် ရပ်တည်ရန်ခက်ခဲလာနိုင်သည်။

“အလုပ်သမားတွေ ဆက်ပြီးဆန္ဒပြနေဦးမယ်ဆိုရင် လုပ်ငန်းရှင်တွေ ရပ်တည်ဖို့ခက်ခဲလာမယ်”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားဆန္ဒပြမှုများ ဖြစ်ပေါ်နေသောကြောင့် ကမ္ဘောဒီးယားနိုင်ငံမှ လုပ်ငန်းရှင်များက လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် စိုးရိမ်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ကိုင်နေသော ပြည်တွင်းစီးပွားရေးသမားအချို့ကလည်း ဆိုသည်။

လုပ်ခလစာနည်းပါး၍ ဆန္ဒပြမှုများဖြစ်ပေါ်ပြီးနောက် အချို့စက်ရုံပိုင်ရှင်များမှာ မိမိတို့စက်ရုံတွင် အလားတူပြဿနာမပေါ်အောင် လစာတိုးမြှင့်ပေးခဲ့သည်များလည်းရှိသည်။

ယခင် စက်ရုံအလုပ်သမားများ လုပ်ခလစာနည်း၍ ဆန္ဒထုတ်ဖော်မှုများ၊ စက်ရုံအတွင်းပြုလုပ်ခဲ့သည်များ ရှိသော်လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားတစ်ထောင့်ငါးရာကျော်သည် စက်ရုံမှ လစာပေးထားမှုနည်းပါးခြင်းကြောင့် ပထမဆုံးအကြိမ် ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများဖြစ်သည်။ မေ ၉ နှင့် ၁၀ ရက်တွင် ဟိုင်မိုစက်ရုံမှ အလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြမှုများကြောင့် တစ်နိုင်ငံလုံး လူသိများခဲ့ကာ ထို့နောက် အလုပ်သမားဆန္ဒပြမှုများ စက်ရုံတစ်ရာကျော်တွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ပြီးနောက်ပိုင်း စက်ရုံမှ လစာပေးထားမှုနည်းပါးခြင်းကြောင့် ဆန္ဒဖော်ထုတ်တောင်းဆိုသည့် အမှုပေါင်းနှစ်ရာကျော်ထိ ရှိခဲ့သည်။
ထိုအထဲမှ ခုံသမာဓိကောင်စီအထိ ဖြေရှင်းရသည့် အမှုပေါင်း ၅၆ မှုရှိပြီး ခုံသမာဓိအဆင့်ထိ ဖြေရှင်းခဲ့ရသည့် အမှုပေါင်း ၁၀၆ မှုရှိကြောင်း နေပြည်တော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများကြောင့် အင်ဒိုနီးရှားအထည်ချုပ်စက်ရုံတစ်ရုံနှင့် ဟုန်ရှင်းအအေးခန်းစက်ရုံတစ်ရုံ ပိတ်သိမ်းခဲ့သည်။

“အလုပ်သမားအခွင့်အရေးတွေမရလို့၊ တောင်းဆိုချက်တွေမရလို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ လာပြီးသပိတ်စခန်းဖွင့်တာပါ”ဟု စက်တင်ဘာ ၂၂ ရက်တွင် ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်ထုတ်ခြင်းခံရသောကြောင့် သပိတ်စခန်းဖွင့်လှစ်ရာတွင် ဦးဆောင်သူအလုပ်သမား ကိုသီဟကပြောသည်။

“ဆန္ဒပြလို့ စက်ရုံပိတ်ရရင် အလုပ်ရှင်လည်း ရပ်တည်ဖို့အတွက် ခက်ခဲသွားသလို၊ အလုပ်သမားလည်း နောင်အလုပ်ရဖို့ ခက်သွားပြီ”ဟု ပြည်တွင်း နာမည်ရအထည်ချုပ်လုပ်ငန်းတစ်ခုမှ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

စက်ရုံအလုပ်သမား လစာနည်းပါးခြင်းကြောင့် အလုပ်သမားများ ဆန္ဒပြတောင်းဆိုခြင်းမှာ ယခင်ကတည်းက ရှိခဲ့သော်လည်း အစိုးရ၏အရေးယူမှု၊ အလုပ်ရှင်မှ အလုပ်ထုတ်ပယ်လိုက်ခြင်းတို့ကြောင့် ဆန္ဒပြတောင်းဆိုမှုများမှာ နည်းပါးခဲ့သည်။

“အလုပ်သမားတွေကို လစာကောင်းကောင်းပေးမထားရင် ဆန္ဒပြမှာပဲ။ ဆန္ဒထုတ်ဖော်မှုတွေ မဖြစ်စေချင်ရင် လစာကောင်းကောင်း ပေးထားရမှာပဲ။ အလုပ်သမားတွေ အပြင်ထွက်မသွားရအောင် မိသားစုလိုဆက်ဆံရမှာပါ”ဟု တောင်ဒဂုံမြို့နယ်ရှိ ထိုက်ထိုက်အထည်ချုပ်စက်ရုံပိုင်ရှင် ဦးကျော်ခိုင်ကပြောသည်။

ဆန္ဒပြမှုဖြစ်ပွားခဲ့သော စက်ရုံအများစုတွင် အလုပ်သမားများသည် တစ်ရက်လုပ်အားခ ခုနစ်ရာကျော်ဝန်းကျင်သာရရှိပြီး အခြားစက်ရုံမှ အလုပ်သမားများသည်လည်း တစ်နေ့လုပ်ခ တစ်ထောင်ဝန်းကျင်သာရရှိကြရာ အချိန်ပိုကြေးနှင့် အခြားထောက်ပံ့သောအရာများ ရရှိနေသောကြောင့် အဆင်ပြေမှုများရှိနေသည်။

“အလုပ်သမားတွေ တောင်းဆိုကြတာက ဥပဒေပါအကြောင်းအရာကို တောင်းဆိုကြတာပါ။ အလုပ်ရှင်တွေကလည်း အလုပ်သမားဥပဒေကို နားလည်ဖို့လိုတယ်”ဟု အလုပ်သမားအရေးများကို ဆောင်ရွက်ပေးနေသော ရှေ့နေဦးဌေးကပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုချိန်တွင် ၀န်ကြီးဦးမြင့်သိန်းက စက်ရုံပိုင်ရှင်များအနေဖြင့် တစ်နေ့အနည်းဆုံး လုပ်ခတစ်ထောင်ကျပ် ပေးရမည်ဟု စက်ရုံပိုင်ရှင်များနှင့် ယာယီသဘောတူခဲ့သည်။ ထိုအချိန်ကတည်းက နှုတ်သဘောဖြင့် ပြောဆိုမှုသာရှိပြီး တကယ့်ဥပဒေတစ်ရပ် ထွက်ပေါ်လာခြင်းမရှိခဲ့။

ထို့အပြင် ဥရောပမှ မြန်မာကို ကုန်သွယ်ရေးအထူးသက်သာခွင့် ပြုပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ပို့ဆောင်သော ကုန်ပစ္စည်းများကို အခွန်မဆောင်ရခြင်း၊ အလုပ်သမား အလွယ်တကူရရှိခြင်းတို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာပြီး ပြည်တွင်းတွင် အထည်ချုပ်စက်ရုံပေါင်း ၂၈၀ ၀န်းကျင်ထိ ရှိလာသည်။ တောင်ကိုရီးယားနိုင်ငံမှ လာရောက်လုပ်ကိုင်သော စက်ရုံပင် ၅၀ ကျော်ထိ ရှိလာသည်။

ပြည်ပလုပ်ငန်းရှင်များက လုပ်အားခပိုပေးပြီး အလုပ်သမားများခေါ်ယူပါက ပြည်တွင်းစက်ရုံများအနေဖြင့် အလုပ်သမားအခက်အခဲများနှင့်လည်း ရင်ဆိုင်လာရနိုင်ကြောင်း ဦးမြင့်စိုးကဆိုသည်။

ထို့အပြင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်တွင်းစက်ရုံများအနေဖြင့် ဈေးကွက်နှင့်နည်းပညာ ရရှိမည်ဖြစ်သော်လည်း လစာများပိုပေးသောကြောင့် ပြည်တွင်းစက်ရုံများအတွက် အလုပ်သမားများဆုံးရှုံးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းပိုင်ရှင်များက ပြောဆိုသည်။

“အနိမ့်ဆုံးလစာတွေ မပြဋ္ဌာန်းနိုင်သေးလို့ ဆန္ဒပြပွဲတွေရှိနေသေးတာ”ဟု လွှတ်တော်မှဖွဲ့စည်းထားသော အလုပ်ရှင်အလုပ်သမားအခွင့်အရေး၊ လေ့လာရေး ပူးပေါင်းကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

၂၀၁၃ ခုနှစ် မတ်လက ပြဋ္ဌာန်းခဲ့သော အနည်းဆုံးအခကြေးငွေဥပဒေတွင် အလုပ်ရှင်များအနေဖြင့် ပုဒ်မ ၁၄ အရ အလုပ်သမားများရခွင့်ရှိသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့်များအောက်လျော့နည်း၍ အလုပ်သမားအား ပေးခြင်းမပြုရ၊ အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေစာရင်းများနှင့်ပတ်သက်ပြီး မမှန်မကန်ပေးသွင်းခြင်း၊ လိမ်လည်မှတ်တမ်းပြုစုခြင်း (သို့မဟုတ်) မမှန်မကန်လိမ်လည်၍ အစီရင်ခံခြင်းမပြုရ စသည်တို့ပြုလုပ်ပါက မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၂ အရ ထောင် ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု ဖော်ပြထားသည်။

အလုပ်သမားအများစု မျှော်လင့်လျက်ရှိသည့် အနည်းဆုံးအခကြေးငွေနည်းဥပဒေအား ဇူလိုင် ၁၂ ရက်တွင် ပြဋ္ဌာန်းနိုင်ခဲ့သော်လည်း အနိမ့်ဆုံးလုပ်ခလစာမှာ ယနေ့အထိ မသတ်မှတ်နိုင်သေးပါ။ ထိုနှုန်းကိုသတ်မှတ်ရန် အမျိုးသားကော်မတီအဖွဲ့ ဖွဲ့စည်းထားပြီး အမျိုးသားကော်မတီမှ တိုင်းဒေသကြီး ပြည်နယ်တို့ရှိ အလုပ်သမားများ၏ လုပ်ခလစာများကို ကွင်းဆင်းလေ့လာနေဆဲဖြစ်သည်။ တရားဝင်နှုန်းထား သတ်မှတ်နိုင်ရန် အချိန်ကာလ ခြောက်လကြာမြင့်ဦးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဓာတ်ပုံ- နစ်ကီ

ရေးသားသူ- ငြိမ်းချမ်း၊ အေးမြတ်သူ

ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာဗန္ဓုလပန်းခြံရှေ့တွင် အပြာရောင် တူညီဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်စုက အချက်သုံးချက် တောင်းဆိုနေသည်။

“အလုပ်သမားအခွင့်အရေးရရှိရေး ချက်ချင်းပေး။ အလုပ်သမားတန်းတူညီမျှမှုရရှိရေး ချက်ချင်းပေး။ ဟုန်ရှင်းအလုပ်သမားများ မပြိုကွဲရေး ဒို့အရေး”

သပိတ်စခန်းဖွင့်ကာ ၂၆ နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့သော အအေးခန်းစက်ရုံမှ အလုပ်သမားများ၏ အသံများဖြစ်သည်။ လုပ်အားခလစာနည်းပါးခြင်း၊ စက်ရုံမှ အလုပ်ထုတ်ပယ်ခံရခြင်းတို့ကြောင့် ဒုတိယအကြိမ်မြောက် တောင်းဆိုခြင်းဖြစ်သည်။ ထိုဆန္ဒပြတောင်းဆိုမှုကြောင့် စက်ရုံပိုင်ရှင်က အလုပ်သမားများအား သုံးလစာပေးကာ စက်ရုံသိမ်းပိတ်ခဲ့သည်။ ထိုစက်ရုံအလုပ်သမားများ ဆန္ဒပြမှုသည် အစိုးရသစ်လက်ထက်တွင် လစာနည်းမှုကြောင့် အလုပ်သမားဆန္ဒပြမှုပေါင်း နှစ်ရာကျော်ထဲမှ တစ်ခုဖြစ်သည်။

မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ

Photo: မန္တလေးယာဉ်ထိန်းရဲတစ်ဦး အပြုံးရှင်ဆုရ

မန္တလေး၊ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့်  လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။

အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။

အဆိုပါ အမြဲတမ်းပြုံးရွှင်စွာ တာဝန်ထမ်းဆောင်နေသည် ဟုဆိုသော ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များ နှင့် UD Group မှ ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ မန္တလေး သတင်းပုံရိပ်များအဖွဲ့ တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ဆုကြေး ငွေစုစုပေါင်း လေးသိန်းရှစ်သောင်းကျပ် ရရှိသည်။

ယင်းကဲ့သို့ ပြည်သူများကိုယ်စား ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကို ဆုချီးမြှင့်ခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်ပြီး ယခင်က ပြည်သူများက ယာဉ်ထိန်းရဲများ အပေါ်တွင် အထင်လွဲခဲ့ခြင်းများ ရှိခဲ့သော်လည်း ယခုအခါ ယင်းအထင်အမြင် လွဲခြင်းများ တဖြည်းဖြည်း လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောကြားသည်။

"ပြည်သူတွေက ဒါမျိုးဆု (Eversmile) ကိုပေးတာ အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ရှေ့ဆက်လည်း ဒါမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းတွေပေါ်မှာ ဆက်လက် တာဝန်ထမ်းဆောင် သွားမှာပါ" ဟု Eversmile ဆု ချီးမြှင့်ခြင်းခံရသူ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းက ဆိုသည်။

"အထူးသဖြင့် စည်ပင်သာယာ ဝန်ထမ်းတွေ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွေ၊ အဲဒါတွေဆိုရင် အရင်က အများပြည်သူကို မောက်မောက် မာမာနဲ့ ဆက်ဆံခဲ့တာလေ။ ပြည်သူတွေပေးတဲ့ လစာကို စားနေမှတော့ ပြည်သူတွေကို ဒီလိုမျိုး  ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံတယ် ဆိုတာ ကောင်းပါတယ်။ ပေးလည်းပေးသင့်ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု သောအားဖြင့် အမှတ်(၃) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးကို ဂါရဝဆု၊ အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး ရဲမှူးသိန်းကိုကိုကို မန္တလာမြေမှ ဝန်ထမ်းကောင်းဆုံးဆု ချီးမြှင့် ခဲ့ကြသည်။

မန္တလေး၊ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေးမြို့ အခြေစိုက် လူမှုကူညီရေးအသင်း တစ်သင်းဖြစ်သည့် လောကပါလ အသင်းက အမြဲတမ်းပြုံးနေသူ အဖြစ် အမည်ရသော (Eversmile) အပြုံးရှင်ဆု ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း အဆိုပါဆု ချီးမြှင့်ခြင်း အခမ်းအနားအရ သိရသည်။

အဆိုပါ ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းသည် တာဝန်ကျ လမ်းပိုင်း၌ တာဝန်ထမ်းဆောင် နေချိန်တွင် မျက်နှာအမြဲတမ်း ပြုံးရွှင်နေသည်ကို ထူးထူးခြားခြား တွေ့မြင်ရပြီး ကျန်ဝန်ထမ်း များ အားကျအတုယူစေရန် အတွက် ယင်းကဲ့သို့ ဆုချီးမြှင့်ရခြင်း ဖြစ်ကြောင်း လောကပါလ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောကြားသည်။

အဆိုပါ အမြဲတမ်းပြုံးရွှင်စွာ တာဝန်ထမ်းဆောင်နေသည် ဟုဆိုသော ရဲတပ်ကြပ်ကြီး သန့်ဇော်မင်းကို မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဝင်များ နှင့် UD Group မှ ဒါရိုက်တာ ဦးခင်မောင်ဝင်း၊ မန္တလေး သတင်းပုံရိပ်များအဖွဲ့ တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ ဆုကြေး ငွေစုစုပေါင်း လေးသိန်းရှစ်သောင်းကျပ် ရရှိသည်။

မြန်မာအပေါ် OIC အထင်အမြင် လွဲမှားမှု ဖြေရှင်းပြီးဟုဆို

Photo: မြန်မာအပေါ် OIC အထင်အမြင် လွဲမှားမှု ဖြေရှင်းပြီးဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂

မွတ်ဆလင် လူနည်းစုကို အကြမ်းဖက်ခံနေရသည်ဟု ပြောဆိုလေ့ရှိသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေရှင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။ 

ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေး တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် နယူးယောက်မြို့ရှိ OIC သံအမတ်တို့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဘင်္ဂါလီများ ယာယီအဆောက်အအုံများ ဆောက်လုပ်ထားမှု၊ ဘင်္ဂါလီ ကျောင်းသား ၇၀၀၀ ကျော်နှင့် ရခိုင်ကျောင်းသား ၇၀၀ ကို ပြန်လည် စာသင် ကြားခွင့်ရအောင် လုပ်ဆောင်ထားမှု၊ ကျောင်းများ ဆောက်လုပ်ထားသည့် အခြေအနေ အပါအဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အထောက်အထားများနှင့် ရှင်းပြခဲ့ကြောင်း ဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၏ စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ လိုက်ပါသွားစဉ် စစ်တွေမြို့ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် သဲချောင်းကျေးရွာတွင် ရခိုင်ဈေးသည်များ ဈေးရောင်းနေသည်ကို တွေ့ခဲ့ရပြီး အောက်ခြေအဆင့် တွင် ကူးလူးဆက်ဆံလာသည့် တိုးတက်မှုမျိုးကိုလည်း ရှင်းပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု အသွင်နားလည်ထားတဲ့ အခြေအနေကနေ လူသားချင်း စာနာတဲ့ဘက်ကိုပဲ ဦးတည် သွားရမယ့် အခြေအနေလို့ သူတို့နားလည်သွားတယ်” ဟု OIC ၏ တုံ့ပြန်မှု အခြေအနေများကို မူတည်ကာ ဦးခင်ရီက ရှင်းပြသည်။

အဖျက်အမှောင့်သမား၊ လှုံ့ဆော်သူများကြောင့် OIC သည် မြန်မာနိုင်ငံအပေါ် ဘာသာရေးနှင့် မွတ်ဆလင် လူနည်းစုများကို ခွဲခြားမှုများ ရှိနေသည်ဟု အထင်အမြင် လွဲမှားနေခဲ့ကြောင်း ၎င်းက ဆိုသည်။

အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ဆက်ဆံရေးအဖွဲ့ မြန်မာနိုင်ငံရှိ မွတ်ဆလင် အသိုင်းအဝိုင်း အခြေအနေများကို လေ့လာရန် လာရောက်မည် ဖြစ်ကြောင်း OIC က ထုတ်ပြန်ထားသည်။

ရန်ကုန်၊ အောက်တိုဘာ ၂

မွတ်ဆလင် လူနည်းစုကို အကြမ်းဖက်ခံနေရသည်ဟု ပြောဆိုလေ့ရှိသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေရှင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေး တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် နယူးယောက်မြို့ရှိ OIC သံအမတ်တို့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဘင်္ဂါလီများ ယာယီအဆောက်အအုံများ ဆောက်လုပ်ထားမှု၊ ဘင်္ဂါလီ ကျောင်းသား ၇၀၀၀ ကျော်နှင့် ရခိုင်ကျောင်းသား ၇၀၀ ကို ပြန်လည် စာသင် ကြားခွင့်ရအောင် လုပ်ဆောင်ထားမှု၊ ကျောင်းများ ဆောက်လုပ်ထားသည့် အခြေအနေ အပါအဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အထောက်အထားများနှင့် ရှင်းပြခဲ့ကြောင်း ဦးခင်ရီက ပြောကြားသည်။

ရဲအယောင်ဆောင်ကာ ခြိမ်းခြောက်ငွေ လိမ်လည်ယူဆောင်မှု ဖြစ်ပွား

  ရန်ကုန်၊ အောက်တိုဘာ ၂

လက်တွန်းလှည်းဖြင့် ပစ္စည်းဟောင်း ဝယ်ရောင်း လုပ်ကိုင်သူ လူငယ်တစ်ဦးကို ရဲအယောင်ဆောင်ကာ ငွေလိမ်လည် ယူဆောင်မှုတစ်ခု ဒဂုံမြို့နယ် ရွှေတိဂုံ ဘုရားလမ်းပေါ် ပန်တျာလမ်းထောင့်တွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

စမ်းချောင်းမြို့နယ် ဝေဠုဝန် တောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ်ရှိ ပစ္စည်းဟောင်း ဝယ်ရောင်း လုပ်ကိုင်သူ ကိုမိုးထက်အောင်က “ရွှေတိဂုံ ဘုရားလမ်းအတိုင်း ၎င်း၏လက်တွန်း လှည်းကို တွန်းလာစဉ် ၎င်း၏နောက်မှ စက်ဘီးစီးလာသူ အသက် ၃၀ နှစ် အရွယ်ခန့်ရှိ နက်ပြာရောင် ဘောင်းဘီရှည်နှင့် တီရှပ်အင်္ကျီတွဲ၍ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး လိုက်လာကြောင်း၊ ထိုအမျိုးသားက ရဲဝန်ထမ်းယောင် ဆောင်၍ တွန်းလှည်းကို ရပ်တန့်ခိုင်းပြီး “မင်းတွန်းလှည်းမှာ လိုင်စင်ရှိလား။ မင်းကို လက်ထိတ်ခတ်လို့ ရတယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ငွေလိမ်လည် ရယူခဲ့ခြင်း ဖြစ်ကြောင်း ကိုမိုးထက်အောင်၏ တိုင်ကြားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် မန္တလေး၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်

Photo: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် မန္တလေး၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်

မန္တလေး၊ အောက်တိုဘာ ၂

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီလမ်းထောင့်ရှိ Rainbow Bridge Distrubution Co., Ltd. (Panasonic Battery) မန္တလေးရုံးခွဲတွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါကုမ္ပဏီ အရောင်းမန်နေဂျာ ဦးသက်နိုင်ထွန်းက ပြောကြားသည်။

သေဆုံးသူများမှာ အဆိုပါ ကုမ္ပဏီ၏ ညစောင့် ဝန်ထမ်းနှစ်ဦးနှင့် ယင်းညစောင့် ဝန်ထမ်းတစ်ဦး၏ ဇနီးတို့ဖြစ်ပြီး လူသတ် တရားခံများသည် ကုမ္ပဏီ အပေါ်ထပ်ရှိကာ မီးခံသေတ္တာမှာ ဖွင့်မရသဖြင့် ငွေများမှာမူ ပျောက်ဆုံးမှု မရှိခဲ့ကြောင်း ဦးသက်နိုင်ထွန်းက ထပ်မံပြောကြားသည်။
“သေသွားသူ နှစ်ယောက်က ညစောင့် အလုပ်သမားတွေပါ။ အမျိုးသမီးတစ်ယောက်က ညစောင့်တစ်ယောက်ရဲ့မိန်းမ၊ အလောင်းကိုတော့ မနက် ၆ နာရီ ၃၀ မိနစ်မှာ တွေ့တယ်။ သူတို့က ငွေထားတဲ့အခန်းကို ဦးတည်တာပါ။ ကုမ္ပဏီရဲ့အားနည်းချက်က CCTV တွေတပ်ထားတာ မရှိဘူး၊ ရုံးအပေါ်ထပ်ကို တက်တာ ဖိနပ်ခြေရာတွေတော့ တွေ့တယ်။ တွေ့ထားတဲ့ ဖိနပ်တစ်ရန်ကို ရဲတွေက စစ်ဆေးနေပါတယ်။ သေဆုံးသူရဲ့ ဖိနပ်လား၊ ဒါမှမဟုတ် တရားခံရဲ့ ဖိနပ်လားဆိုတာ စစ်ဆေး နေတယ်” ဟု ၎င်းကရှင်းပြသည်။

သေဆုံးသူများထဲမှ ဦးဟန်သောင်း ၅၇ နှစ် အမရပူရမြို့နယ် နေသူသည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ညာဘက်မျက်ခုံးထက် ပေါက်ပြဲ၊ ဦးတင်လှိုင် ၅၄ နှစ် အမရပူရမြို့နယ် နေသူသည် ဘယ်ဘက်မျက်ခုံးထက် ပြတ်ရှဒဏ်ရာ၊ မျက်လုံးဖူးရောင်နှင့် ဦးတင်လှိုင်၏ဇနီး ဒေါ်ကြည်ဟန် (ခ) ဒေါ်ခင်ခင်ဝေ (၄၂) နှစ်သည် မျက်နှာ ဘယ်ဘက်ဖူးရောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်ခွံ ပြတ်ရှ ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်နှင့် နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ချမ်းမြသာစည် မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အောက်တိုဘာ ၁ ရက်နေ့က ဘဏ်ပိတ်ရက်ဆိုတော့ ရောင်းရငွေ ဘဏ်မအပ်ဘဲ ရုံးမှာထားရတာကိုသိပြီး လာဖောက်တာ နေမှာပေါ့” ဟု မန္တလေးမြို့တော် အခြေစိုက် သကြားလုပ်ငန်းရှင်တစ်ဦးက ၎င်း၏အမြင်ကို သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီမှာ နေ့စဉ် နံနက်တိုင်းတွင် နယ်မြို့များသို့ ခရီးသွားမည့် ဝန်ထမ်းများသည် နံနက် ၇ နာရီတွင် ကုမ္ပဏီသို့ အရောက်လာရကြောင်း၊ ပခုက္ကူသို့ အလုပ်ကိစ္စနှင့် ခရီးသွားရန် ကုမ္ပဏီသို့ ရောက်ရှိလာသည့် ဝန်ထမ်းတစ်ဦးက အဆိုပါ လူသုံးဦး သေဆုံးနေသည်ကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က တွေ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနေ့နံနက်တွင် ကုမ္ပဏီ ခြံဝင်းတံခါးမှာ ပွင့်နေပြီး ဂိတ်တံခါးဝတွင် လုံခြုံရေးတစ်ဦးနှင့် ကုမ္ပဏီရုံးခန်းရှေ့ ကားနှစ်စီးကြားတွင် အမျိုးသမီးတစ်ဦးတို့မှာ မှောက်လျက် သေဆုံးနေပြီး၊ ကျန်လုံခြုံရေး တစ်ဦးမှာ ကုမ္ပဏီခြံဝင်းအတွင်း သေဆုံးနေကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုချိန်မှာ ဘာလက်နက်နဲ့ သတ်တယ်ဆိုတာ မသိရသေးပါဘူး။ ဘေးပတ်ဝန်းကျင်မှာတော့ သွေးစွန်းနေတဲ့ အုတ်ခဲကျိုးတွေတော့ တွေ့တယ်။ စစ်ဆေးနေတုန်းပဲ ရှိသေးပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၁၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင်အတွင်းရှိ ပြည်ကြီး တံခွန်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် အတွင်းတွင် လွန်ခဲ့သည့် တစ်လခွဲခန့်က ဖြစ်ပွားခဲ့သော နေ့ခင်းဘက် ပစ္စည်းယူ လူသတ်မှုများလည်း ယနေ့အချိန်အထိ 
ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါမြို့နယ်ရှိ သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ တွင် မိုးကုတ်မြို့ ကျောက်သူဌေး၏ သမီးအပါအဝင် မိသားစုဝင် လေးဦးနှင့် အိမ်အကူတစ်ဦးကို နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း သေနတ် များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့ပြီး ယင်းငါးလောင်းပြိုင် လူသတ်မှုမှာ ယနေ့အချိန်ထိ တရားခံ မဖော်ထုတ်နိုင်သေးပေ။

မန္တလေး၊ အောက်တိုဘာ ၂

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီလမ်းထောင့်ရှိ Rainbow Bridge Distrubution Co., Ltd. (Panasonic Battery) မန္တလေးရုံးခွဲတွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါကုမ္ပဏီ အရောင်းမန်နေဂျာ ဦးသက်နိုင်ထွန်းက ပြောကြားသည်။

သေဆုံးသူများမှာ အဆိုပါ ကုမ္ပဏီ၏ ညစောင့် ဝန်ထမ်းနှစ်ဦးနှင့် ယင်းညစောင့် ဝန်ထမ်းတစ်ဦး၏ ဇနီးတို့ဖြစ်ပြီး လူသတ် တရားခံများသည် ကုမ္ပဏီ အပေါ်ထပ်ရှိကာ မီးခံသေတ္တာမှာ ဖွင့်မရသဖြင့် ငွေများမှာမူ ပျောက်ဆုံးမှု မရှိခဲ့ကြောင်း ဦးသက်နိုင်ထွန်းက ထပ်မံပြောကြားသည်။
“သေသွားသူ နှစ်ယောက်က ညစောင့် အလုပ်သမားတွေပါ။ အမျိုးသမီးတစ်ယောက်က ညစောင့်တစ်ယောက်ရဲ့မိန်းမ၊ အလောင်းကိုတော့ မနက် ၆ နာရီ ၃၀ မိနစ်မှာ တွေ့တယ်။ သူတို့က ငွေထားတဲ့အခန်းကို ဦးတည်တာပါ။ ကုမ္ပဏီရဲ့အားနည်းချက်က CCTV တွေတပ်ထားတာ မရှိဘူး၊ ရုံးအပေါ်ထပ်ကို တက်တာ ဖိနပ်ခြေရာတွေတော့ တွေ့တယ်။ တွေ့ထားတဲ့ ဖိနပ်တစ်ရန်ကို ရဲတွေက စစ်ဆေးနေပါတယ်။ သေဆုံးသူရဲ့ ဖိနပ်လား၊ ဒါမှမဟုတ် တရားခံရဲ့ ဖိနပ်လားဆိုတာ စစ်ဆေး နေတယ်” ဟု ၎င်းကရှင်းပြသည်။

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ

ဟင်္သာတ၊ အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။

ယင်းနေ့ညက လုယက်ခံရသူ ဒေါ်ငုဝါကို မြစ်ကမ်းဘေးတွင် အိမ်ရှင်အမျိုးသမီးက ချုပ်နှောင်ပြီး အမျိုးသားက လည်ပင်းညှစ်ကာ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တို့ဖြုတ်ယူ၍ လူကို စောင်ဖြင့်ပတ်ကာ ဧရာဝတီမြစ်တွင်း ပစ်ချခြင်း ဖြစ်ကြောင်း ဒေါ်ငုဝါက ပြောဆိုသည်။

မြစ်ထဲသို့ပစ်ချခံရစဉ် သတိလစ်ခြင်း မရှိဘဲ ရေစီးအတိုင်း မျောပါပြီး သမန်းကုန်းရွာ အရောက် ကမ်းပေါ်သို့ တက်၍ နီးစပ်ရာ အိမ်တွင် အကူအညီတောင်းကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြ သည်။

ပြည်မြို့ န၀ဒေးတံတားအနီး လူသတ်မူတွင် တပ်မတော်သား သုံးဦးအား စွပ်စွဲမှုကို တိုင်းဝန်ကြီး ငြင်းဆို


ရေခဲ (ပြည်) | ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၈ မိနစ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ န၀ဒေးတံတားအနီး view point ကမ်းနားသောင်ပြင် လူသတ်မှုတွင် အစွပ်စွဲခံထားရသော တပ်မတော်သား သုံးဦးသည် ပြစ်မှုကျုးလွန်ခြင်းမရှိကြောင်း ပဲခူးတိုင်းတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ပြောကြောင်း သေဆုံးသူ၏ မိသားစုထံမှ သိရသည်။

ပဲခူးတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက သေဆုံးသူ၏ မိဘများကို ပြည်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဧည့်ရိပ်က
ခေါ်ယူတွေ့ဆုံကာ ထိုကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံမှုတွင် မဇ္ဈိမသတင်းထောက်က သွားရောက်ခဲ့သော်လည်း ၀င်ခွင့်မပြုခဲ့ပေ။ ထိုတပ်မတော်သား သုံးဦးသည် ဧပြီလ ၂၃ရက်က ပြည်မြို့ view point ကမ်းနားသောင်ပြင်တွင် ကိုဇော်မင်းဦးအား သတ်ဖြတ်ပြီး အတူပါလာသော အမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်ရိုက်နှက်ကာ သတိလစ်နေစဉ် လက်စွပ်ချွတ်ယူခဲ့သည်ဟု သေဆုံးသူ၏ မိသားစုက စွပ်စွဲထားခြင်းအပေါ် ၀န်ကြီးက ငြင်းဆိုခြင်းဖြစ်သည်။

မြောင်းတကာ ခဲသန့်စင်စက်ရုံ ချော်ကန်အတွင်း ပန်းရန် လုပ်သားနှစ်ဦး ပြုတ်ကျသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၂

မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန် အတွင်းရှိ Yangon Metal ခဲသန့်စင် စက်ရုံတွင် အောက်တိုဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်က အညစ်အကြေးများ စွန့်ထုတ်သော ချော်ကန်အတွင်း ပန်းရန် အလုပ်သမား အမျိုးသားနှစ်ဦး လဲကျ သေဆုံးခဲ့ကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ သေဆုံးသူ ပန်းရန် အလုပ်သမားနှစ်ဦးမှာ ရွှေပြည်သာမြို့နယ် တောလေးကျေးရွာနေ အသက် ၂၂ နှစ် အရွယ်ရှိ ကိုမြသန်းစိုးနှင့် မိုးညို မြို့နယ် သရက်ကုန်းကျေးရွာနေ အသက် ၁၄ နှစ် အရွယ်ရှိ မောင်ချမ်းအေးတို့ ဖြစ်ကြပြီး ယင်းနေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ခဲသန့်စင်စက်ရုံရှိ အကျယ်လေးပေ၊ အနက် နှစ်ပေရှိ ချော်ကန်အတွင်းမှ အညစ်အကြေးများထုတ်ကာ ချော်ကန် အပေါက်နေရာများကို အင်္ဂတေဖြင့် အချောကိုင်နေစဉ် ည ၈ နာရီခန့်တွင် ယင်းကဲ့သို့ ပြုတ်ကျသေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

သံတွဲတွင် ဖမ်းဆီးခံရသူ များပြား

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခတွင် ပါဝင် ပတ်သက်သူများဟု သံသယ ရှိသူများကို လိုက်လံ ဖမ်းဆီးနေရာ ယခုအခါ ဖမ်းဆီးခံရသူများမှာ ဆယ်ဂဏန်း နီးပါးရှိသွားပြီဟု သိရသည်။

ယမန်နေ့ ညနေ ၁၀ နာရီ ၄၅ မိနစ်တွင် သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဦးမောင်ပုနှင့် နောက်ထပ် လူ (၅) ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခြင်းမှာ မှန်ကန်ကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုး က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ကျွန်တော်တို့ RNDP ဥက္ကဌ ဦးမောင်ပုကို ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဖမ်းတယ်။ နောက်ပြီးတော့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပုဂ္ဂိုလ်နှစ်ဦးကိုလည်း ဖမ်းတယ်။ နောက်ထပ် သုံးယောက်လောက်လည်း အဖမ်းခံရတယ်လို့ ကျွန်တော်တို့ သတင်းရပါတယ်” ဟု ၎င်းက ဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis