menu

Saturday 18 January 2014

Roswell မြို့ရှိအလယ်တန်းကျောင်းတစ်ခုတွင် ၁၂အရွယ်ကောင်လေး တစ်ယောက်ကလက်နက်ကိုင်ဆောင်ပြီးအကြမ်းဖက်မှု ဖြစ်ပွား


အမေရိကန်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ New Mexico ဒေသရဲ့ Roswell မြို့ရှိ Berrendo အလယ်တန်းကျောင်းတွင် ဇန်န၀ါရီလ ၁၄ရက်နေ့ကအသက် ၁၂ နှစ်အရွယ်ရှိကျောင်းသားတစ်ယောက်က လက်နက်ကိုင်ဆောင်ကအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းအကြမ်းဖက်မှုကြောင့်ကျောင်းသားနှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ရဲဌာနက Staff Member တစ်ဦးရဲ့အ ကူအညီနဲ့အကြမ်းဖက်မှုကိုပြီး ဆုံးစေခဲ့ကြောင်းသိရသည်။ဒေသခံရဲအရာရှိတစ်ဦးဖြစ်တဲ့ Cassetas က “အကြမ်းဖက်ပစ်ခတ်မှု ဟာမနက် ၇နာရီခွဲမှာစတင်ခဲ့ပြီးယင်းကျောင်း သားလေးဟာ Shotgun ကိုကိုင်ဆောင်ထားဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ဒါ့အပြင် New Mexico ဒေသရဲ့အုပ်ချုပ်ရေးမှူးဖြစ်သူ Susana Martinez က “အဆိုပါသတင်းကိုအသက်၁၄နှစ်နဲ့ ၁၂နှစ်ကြား ထဲမှာရှိတဲ့ကောင်လေး တစ်ယောက်က Texas ဆေးရုံမှာအသက်၁၁အရွက်ကောင်လေး တစ်ယောက်အပြင်းအထန်ဒဏ်ရာရပြီး ဆေးရုံတင်ထားကြောင်းနဲ့ကျောင်း တွင်အကြမ်းဖက်မှုဖြစ်ပွားနေကြောင်းဒေသခံရဲစခန်းသို့သတင်းပေး ခဲ့ခြင်းကြောင့်သိရခြင်းဖြစ်သည်” ဟုပြောခဲ့သည်။

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင် တယ်လို့ သိရပါတယ်။

ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

တိမ်မင်းသမီးက ပထမဆုံး ဖတ်ခဲ့တဲ့ဝတ္ထုပါလို့ဆိုတဲ့ အကယ်ဒမီယွန်းယွန်း


၂ဝ၁၂ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေး ပွဲမှာ အကယ်ဒမီ ထိုက်ထိုက် တန်တန်ရရှိထားတဲ့ ယွန်းယွန်း က သူရုပ်ရှင်ရိုက်ကူးစဉ်က ပထမဦးဆုံးဖတ်ဖြစ်ခဲ့တဲ့ဝတ္ထု က 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ'လို့ဆိုပါတယ်။ သူ့ကိုအကယ် ဒမီစင်မြင့်ထိရောက်အောင် ပို့ဆောင်ခဲ့တဲ့ 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' ဖန်တီးစဉ်က အကြောင်းတွေကို ယခုလို ပြောပြပါတယ်။

''တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားရိုက်ဖြစ်ခဲ့ တာက မမ နဝရတ်က ဖုန်း ဆက်တယ်။ ဇာတ်လမ်းဖတ် ရတော့ သမီးအရမ်းရိုက်ချင် တယ်။ ဘာလို့လဲဆိုတော့ သမီးနှစ်ကိုယ်ခွဲ မရိုက်ဖူး သေးဘူး။ စိတ်လဲဝင်စားတယ်။ ဇာတ်ကို ဖတ်ကြည့်ပြီး တစ် မိသားစုလုံးက ရိုက်စေချင်လို့ လက်ခံလိုက်တာပါ။ သမီး ကြိုးစားတုန်းကတော့ တကယ့် ကို ကလေးတစ်ယောက်ရဲ့ ခံစားချက်နဲ့ပဲပေါ့။ ဇာတ်ညွှန်း တွေ၊ ဝတ္ထုတွေဖတ်ဖြစ်တယ်။ သမီးရုပ်ရှင် ရိုက်ခဲ့တိုင်းမှာ ဝတ္ထုဖတ်တာ ပထမဦးဆုံးပါ။ ဒါကြောင့်မရိုက်မီကတည်း ကလဲ စိတ်ဝင်စားတယ်။ ဇာတ်ကောင်စရိုက်နှစ်ခုစလုံး ကို ပီပြင်အောင် ကြိုးစားခဲ့ တယ်။ အဲဒီတုန်းက ကလေး အနေနဲ့ဆိုတော့ ခံစားချက်လဲ နုသေးတယ်လေ။ ရိုက်ခဲ့စဉ်က အဲဒီလောက်ထိရလဒ်ကောင်း ရလိမ့်မယ်လို့မထင်ထားဘူး။ တစ်ကားလုံးပြီးတော့ ပြန် ကြည့်ကြတဲ့အခါ ကိုယ်ပါဝင် ရတဲ့အခန်းတွေမှာ ကိုယ့်ကို ဗခအသမ တွေရော၊ ဒါရိုက်တာ တွေရော ပံ့ပိုးပေးထားတာ တွေတွေ့ရတယ်။ ဒီဇာတ်ကား ရိုက်ရတာ ပင်ပန်းတယ်။ ဇာတ် ကောင် နှစ်မျိုးဆိုတော့ ဆံပင်၊ အဝတ်အစားတွေလဲ စီစဉ်ရတယ်လေ။ ပြီးတော့ နယ်ဘက်ဆိုတော့ နေရထိုင် ရတာ မလွတ်လပ်ဘူး။ အဲဒီ အခက်အခဲတွေ ကြုံခဲ့တယ်။ ဒါပေမယ့် အခုလို အကယ် ဒမီရုပ်တုကို ပိုင်ဆိုင်ရပြီဆို တော့ ပင်ပန်းရကျိုးနပ်သွား ပါပြီ''ဟုပြောသည်။

မိခင်များနေ့တွင် မိခင်စိတ်ကင်းမဲ့စွာ ရင်သွေးငယ်အားစွန့်ပစ်ခဲ့သည့် မိခင်အား ဖမ်းဆီးအရေးယူဆောင်ရွက်လျှက်ရှိ

မုဒုံ ဇန်န၀ါရီ (၁၈)

မိခင်များနေ့ဖြစ်သော ပြာသိုလပြည့်နေ့ (၁၅-၁-၂၀၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရင်သွေးငယ်အား စွန့်ပစ်ခဲ့သည့် မိခင်ဖြစ်သူအား ယနေ့ နံနက် (၁၀) နာရီခန့်အချိန်တွင် မုဒုံရဲစခန်းမှ ဖော်ထုတ် ဖမ်းဆီးလိုက်ပြီဖြစ်သည်။

အမှုဖြစ်ပွားပုံမှာ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်နေ မိခင်ဖြစ်သူ (ဒေါ် ) သည် ရင်သွေးငယ်အား မုဒုံအဇင်းဆည်အနီး လူနေအိမ်ခြေနည်းပါးသည့် နေရာတွင် ချက်ကြိုးတန်းလန်းဖြင့် မြေတစ်ဝက်ဖုံးအုပ်ကာမြုပ်နှံခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။

အဆိုပါမြေမြုပ်ခြင်းခံရသည့် ကလေးငယ်၏ ကျယ်လောင်သော ငိုသံကြောင့် အနီးရှိ ခြံစောင့်တဲမှ လူတစ်ဦးမှ ရှာဖွေကယ်ဆယ်ခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ မုဒုံဆေးရုံသို့ ယူဆောင်ဆေးကုသပေးခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်လိုစိတ်ရှိ၊ မရှိ ဖွင့်ဟပြောဆိုဖို့ ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်

၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတာကို ပြည်သူတွေထံ ရှင်းရှင်းလင်းလင်း ချပြရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောလို်က်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းမှာ ထောင်ဂဏန်းရှိမယ့် ပရိတ်သတ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောစဉ် အခုလို ထည့်သွင်းပြောခဲ့တာပါ။

“ကျမတို့အတွက် စကားပြောသွားတဲ့ အဲလူ ၃ ယောက်စလုံးဟာ ပြည်သူတွေကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်၊ ကျမက စိန်ခေါ်ရဲပါတယ်၊ ကျမတို့ဟာ ပြည်သူလူထုရှေ့မှာတက်ပြီးတော့ ဘာကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်လဲ၊ ဘယ်လိုကိစ္စတွေကို ပြင်ချင်သလဲဆိုတာကို ကျမပြောရဲတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးဟာ ကျမတို့နည်းတူ ပြည်သူလူထုရှေ့ထွက်ပြီးတော့ မပြင်ချင်လဲ ဘာလို့မပြင်ချင်ဘူးလဲဆိုတာ ပြောရဲသလားလို့ ကျမမေးချင်ပါတယ်”

မလေးရှားတွင် အသတ်ခံရသော အမျိုးသမီးအလောင်း ထိုင်းလေကြောင်းလိုင်းဖြင့် ရောက်လာ

မလေးရှားနိုင်ငံတွင် အသတ်ခံခဲ့ရသော မဌေးဌေးသန်း၏ရုပ်အလောင်း လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် ဓာတ်ပုံ-ကျော်ဇင်သန်း / 7day Daily
မလေးရှားနိုင်ငံတွင် အသတ်ခံရသော မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ထိုင်းလေကြောင်းဖြင့် သယ်ဆောင်ခဲ့ပြီး မွေးရပ်ဇာတိမြေတွင် သဂြုင်္ိဟ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၃၀ရက်တွင် မလေးရှားနိုင်ငံ၌ အသတ်ခံရသော မဌေးဌေးသန်း၏ ရုပ်အလောင်းကို ဇန်န၀ါရီ ၁၇ရက်တွင်  ထိုင်းလေကြောင်းဖြင့် သယ်ဆောင်လာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်နာရေးကူညီမှုအသင်းမှ လာရောက်သယ်ယူကာ ပြည်မြို့ထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်နာရေးကူညီမှုအသင်း တာဝန်ရှိသူ ကိုမျိုးဝင်းကပြောသည်။

ပြည်မြို့ နာရေးကူညီမှုမှတစ်ဆင့် မဌေးဌေးသန်း၏ဇာတိဖြစ်သော မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ညောင်ဝေးပေါက်ကျေးရွာထိ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““သူဘာကြောင့်အသတ်ခံရတယ်ဆိုတာ ဦးတို့က ဘာမှမသိပါ ဘူး။ သူ့ကိုသတ်တဲ့တရားခံတွေကိုလည်း ဖမ်းထားတယ်လို့ ကြားပါတယ်။ သူ့အမျိုးသားကနေ အလောင်းကို ပို့ပေးလိုက်တာပါ။ သူ့ကို ရွာထိသယ်ဆောင်သွားမှာပါ။ ရွာကျမှ သဂြုင်္ိဟ်မှာပါ””ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  မဌေးဌေးသန်း၏ ရုပ်အလောင်းကို လာရောက်သယ်ဆောင်သော ၎င်း၏ ဦးလေးတော်စပ်သူ ဦးသန်းမြင့်ကပြောသည်။

ဒဏ်ရာရ ထိုင်းဆန္ဒပြသူ သေဆုံး

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးက ရဲစခန်းအတွင်း ဝင်ရောက်ဆန္ဒပြဖို့ကြိုးပမ်းတဲ့အနေနဲ့ ရဲစခန်းအဝင်တခါးကို ဖွင့်စဉ်၊ (ဇန်နဝါရီ ၁၈၊ ၂၀၁၄)
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးက ရဲစခန်းအတွင်း ဝင်ရောက်ဆန္ဒပြဖို့ကြိုးပမ်းတဲ့အနေနဲ့ ရဲစခန်းအဝင်တခါးကို ဖွင့်စဉ်၊ (ဇန်နဝါရီ ၁၈၊ ၂၀၁၄)

ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ စနေနေ့မှာတော့ ရဲဌာနချုပ် အဆောက်အအုံဝင်းအတွင်းမှာ ၀င်ရောက်ဆန္ဒပြကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဒီအဆောက်အအုံဝင်းမှာ တဖက်နဲ့တဖက် တင်းမာမှုတချို့ ရှိခဲ့ပုံရပေမယ့် စနေနေ့မှာတော့ ရဲတွေက ဌာနချုပ် အ၀င်တံခါးကို ဖွင့်ပေးခဲ့ပြီး ဆန္ဒပြသူတွေကို အထဲကို ၀င်ရောက်ခွင့်ပေးခဲ့ပါတယ်။

ဆန္ဒပြသူတွေက ရဲဌာန အဆောက်အအုံထဲကိုတော့ မ၀င်ခဲ့ဘဲ အပြင်ကနေပဲ မိန့်ခွန်းတွေကို နားထောင်နေကြပါတယ်။ ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ လူထုဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီက ရဲတွေဟာ အစိုးရကို ထောက်ခံနေတယ်လို့ ရှုမြင်ကြပြီး ဆန္ဒပြပွဲတွေ စတင်စုစည်းခဲ့ချိန် ပြီးခဲ့တဲ့နှစ်ကတည်းက ထိပ်တိုက်တွေ့နေတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက ထိုင်း ၀န်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားပစ်ဖို့ တောင်းဆိုနေကြပြီး ၀န်ကြီးချုပ် ယင်းလတ်ဟာ နိုင်ငံရေးစနစ်အတွင်း အဂတိ လိုက်စားမှုတွေကနေ အကျိုးအမြတ်တွေ ရယူနေပြီး ဒါကို ပြုပြင်ပြောင်းလဲရမယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုရဇာတ်ကား အော်စကာအတွက် ဇကာတင်စာရင်းဝင်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ဆုရရှိခဲ့တဲ့ “The Act of Killing” မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် အော်စကာဆု ဆန်ကာတင်စာရင်းဝင်အဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ၂၀၁၄ ခုနှစ်အတွက်ကျင်းပမယ့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကျင်းပရေး သတင်းစာရှင်းလင်းပွဲမှာ ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆန်ကာတင်စာရင်းဝင်သွားတဲ့အကြောင်း ပြောပါတယ်။

“The Act of Killing” မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Joshua Oppenheimer နဲ့ Signe Byrge Sørensen တို့က ရိုက်ကူးခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၆၀ လောက်က ကွန်မြူနှစ်ဝါဒယုံကြည်သူတွေကို အစိုးရက အုပ်စုလိုက်သတ်ဖြတ်တဲ့အကြောင်းကို အခြေခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တရားခံကိုဘိန်းဖြူထည့်ထားသောပုလင်းပေးပြီး ထွက်ပြေးမှု တာမွေမြို့နယ်တရားရုံး၌ဖြစ်ပွား


တာမွေမြို့နယ် တရားရုံးထုတ် တရားခံများကို အင်းစိန်အကျဉ်း ထောင်သို့ပို့ဆောင်ရန် တရားရုံးအချုပ်မှထုတ်၍ အချုပ်ယာဉ်ပေါ် သို့တင်နေစဉ် မူးယစ်မှုဖြင့် တရားစွဲခံထားရသော အချုပ်သားထံသို့ ဘိန်းဖြူဟုယူဆရသော အမှုန့်ပေးပြီးထွက်ပြေးသွားမှု ယမန်နေ့ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

တာမွေမြို့နယ်တရားရုံး ပြစ်မှုကြီးအမှတ် ၄၉၇/၂ဝ၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)အမှုမှ တရားခံ ရဲစည်သူ(ခ)နှာခေါင်းကို အမည် မသိ အသက် (၃ဝ)ခန့် အမျိုးသားတစ်ဦးက စနိုးတာဝါတစ်ခုလှမ်း ပေး၍ထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရဲစည်သူ(ခ)နှာခေါင်းကို သက်သေများဖြင့်ရှာဖွေ ရာ ၄င်း၏ဝဲဘက်ချိုင်းကြားအတွင်းမှ ပင်နီဆီလင်ပုလင်းဖြင့်ထည့် ထားသော ဘိန်းဖြူဟုယူဆရသည့် အဖြူရောင်အမှုန့် ဝဒသမ ၂၅ ဂရမ်ခန့်ကိုလည်းကောင်း၊ ယာဘက်ချိုင်းအတွင်းမှ ဒေါ်ကြင်ချွဲပုပ် ချဆေးဘူးဖြင့်ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသော အဖြူရောင် မှုန့် ဝ ဒသမ ဝ၈ ဂရမ်ခန့်စီပါ ဆေးဘူးနှစ်ဘူးအားလည်းကောင်း စုစုပေါင်း ဝ ဒသမ ၄၁ ဂရမ်၊ တန်ဖိုးကျပ် ၇၅ဝဝဝခန့်နှင့်စနိုးတာဝါ အိတ်ခွံအတွင်းမှ ၁ခခ ဆေးထိုးအပ်တစ်ချောင်းတို့ကို တွေ့ရှိခဲ့ရ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက်ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်


ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း ကင်းလှည့် ရဲတပ်ဖွဲ့တွေနဲ့  ရိုဟင်ဂျာအသိုင်းအ၀ိုင်းအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေ အသေအပျောက်ရှိတယ်၊ တချို့ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ နယ်ခံတွေနဲ့ မေးမြန်းပြီး မဟုတ်မှန်တဲ့ အကြောင်း သောကြာနေ့ ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံ တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့်  ရိုဟင်ဂျာမူဆလင်တွေ ထွက်ပြေး တိမ်းရှောင်ကြရတယ်ဆိုတဲ့သတင်း ကြားသိရတဲ့အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း မနေ့ကကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ Jen Psaki က အခုလို ပြောဆိုသွားပါတယ်။

"ဒီသတင်းနဲ့ပါတ်သက်ပြီး အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရတာကတော့ လုံခြုံရေးတပ်ဖွဲ့တွေက အင်အား အလွန်အကျွံ အသုံးပြုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် အကြမ်းဖက်ခဲ့ တယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ရှုံ့ချနေပါတယ်တဲ့။ ဒီလို အကြမ်းဖက်ခဲ့ရင် အဲဒီမှာ နေထိုင်တဲ့ ဘယ်သူ့ကိုမဆို ဆိုးကျိုးသက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။"

အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်သည် ဗေဒင်အရ ရောက်ရှိခြင်းဖြစ်ခဲ့လျှင် ၎င်းတို့၌ ကြီးမားသည့် အန္တရာယ် ကျရောက်နိုင်

ဓာတ်ပုံ – လွှတ်တော်ရုံးဝက်ဘ်ဆိုက်
ရန်ကုန်၊ ဇန်ဝါရီ ၁၅

အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာခြင်းသည် ဗေဒင်အရ ရောက်ရှိခြင်း ဖြစ်ခဲ့လျှင် အစားထိုးသည့် လူနှစ်ယောက်လုံး၌ ကြီးမားသည့် အန္တရာယ် ကျရောက်သွားနိုင်ပြီး ၎င်းတို့၏ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး အန္တရာယ်များ ကျရောက် နိုင်သည်ဟု ဇန်န၀ါရီ ၁၄ ရက်တွင် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးမှာ အင်္ဂါနာမ်ဖြင့် နာမည် စတင်ထားသည့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း ၂၅၅၀၄)နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်(ကြည်း ၂၆၀၇၀) တို့ ဖြစ်သည်။

လူထုက ရွေးထားသည့် လူတစ်ယောက်၏ ပါဝါကို ပါဝါနှင့် ရွေးထားသည့်လူက ယှဉ်၍ မရကြောင်း၊ ယင်းတို့သည် ယခုရက်ပိုင်းတွင် အန္တရာယ် ကျရောက်နိုင်ကြောင်း၊ ပါဝါများသည် အင်္ဂါသမီး (ဒေါ်အောင် ဆန်းစုကြည်)ကို အဆိုး ရောက်ရှိခြင်း မရှိ၊ အစားထိုးသည့်သူသာ အစားခံရမည် ဖြစ်ပြီး ပါဝါချင်း မတူလျှင် ဒုက္ခရောက်နိုင်သည်ဟု ၎င်းက ပြောသည်။

အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ကျော်နေသော အနှိပ်ခန်းအား ၀င်ရောက်ဖမ်းဆီး


ပုသိမ်၊ ဇန်န၀ါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ေ ကျာ်ကြားနေသော KTV ဆိုင်တစ်ဆိုင်အား ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းမှ ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပုသိမ်မြို့ အမှတ်(၁) နယ်မြေ စကားဝါ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ပန်းကြာဖြူ ကာရာအိုကေ ဆိုင်အား ဇန်န၀ါရီလ ၇ ရက်နေ့ ည ၉ နာရီခန့်က ပြည်သူများ၏ သတင်းပေးချက်အရ အမှတ် (၂) ရဲစခန်းမှ ၀င်ရောက် ဖမ်းဆီးမိခဲ့ပြီး အမျိုးသမီး ၃ ဦးအား (ပ) ၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃(က)(ခ) တို့အရ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကာရာအိုကေဆိုင်မှာ အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာ များပေါ်တွင် အနှိပ်ခန်းအဖြစ် နာမည် ကျော်ကြားနေပြီး ပုသိမ်မြို့ပေါ်တွင် တရားဝင် လိုင်စင်ရ ကာရာအိုကေဆိုင်ပေါင်း ၅၀ ကျော်ရှိကြောင်း၊၊ …ကာရာအိုကေ လိုင်စင်ဆိုသည်မှာ မိသားစုသုံး ကာရာအိုကေခန်းများ အဖြစ်ထားရှိရပြီး အမျိုးသမီးများဖြင့် ဧည့်ခံခွင့် မရှိကြောင်း၊ တချို့ကာရာ အိုကေ ဆိုင်များမှာ တရားဝင် ခွင့်ပြုမထားသော အနှိပ်ခန်းများပါ တွဲဖွင့်ထားပြီး အချို့မှာ လိုင်စင်မရှိဘဲ အရက်၊ ဘီယာများ ရောင်း ချနေကြကြောင်း၊ အချို့ အနှိပ်ခန်းများမှာ သင့်တင့်သော ငွေကြေး ယူ၍ ပြည့်တန်ဆာ လုပ်ငန်းများပါ လုပ်ကိုင်နေကြကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ကို အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ စုံစမ်းစစ်ဆေးမည်

Photo: ထိုင်းဝန်ကြီးချုပ်ကို အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ စုံစမ်းစစ်ဆေးမည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရအဖွဲ့၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်တွင် မမှန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီက စုံစမ်းစစ်ဆေး သွားမည်ဟု ကြာသပတေးနေ့တွင် ဆုံးဖြတ်လိုက်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ဆန်ဝယ်ယူရေး စီမံကိန်းတွင် မမှန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းလပ်တွင် တာဝန်ရှိကြောင်း အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အမျိုးသားကော်မရှင် ( NACC ) ၏ အချက်အလက် ရှာဖွေရေး ကော်မတီက ဆုံးဖြတ်လိုက်သည်။

အဆိုပါ စီမံကိန်းမှတစ်ဆင့် ပေါ်ပေါက်လာသော ဆုံးရှုံးမှုများကို ဝန်ကြီးချုပ် သိရှိထားသော်လည်း ယင်းကဲ့သို့သော ဆုံးရှုံးမှုများကို ကာကွယ်တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း NACC အဖွဲ့ဝင် ဗစ်ချာမာ ဟတ်ဟွန်းက ပြောကြားသည်။

သို့သော်လည်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ယင်းလပ်က မည်သို့မျှ မှတ်ချက်ပေး ပြောကြားခြင်း မရှိပေ။

အစိုးရအချင်းချင်းကြား ဆန်ရောင်းဝယ်ရေး သဘောတူညီချက်များ ရှိသည်ဟု ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့က ပြောကြားထားသော်လည်း ယင်းပြောကြားချက်ကို အတည်ပြုနိုင်မည့် အထောက် အထား တွေ့ရှိခြင်း မရှိဟု ကော်မရှင်က ပြောကြားလိုက်ပြီး စီးပွားရေး ဝန်ကြီးဟောင်း သာရီရာပီရွန်၊ စီးပွားရေး ဒုတိယဝန်ကြီး ဆရာဖွန် နှင့် အခြားသော ၁၃ ဦး တို့ကို စုံစမ်း စစ်ဆေးလျက် ရှိသည်။

ရှင်းလင်း ပြောကြားမှုများ ပြုလုပ်နိုင်ရန် သံသယရှိသူ ၁၅ ဦးကို ၁၅ ရက်အတွင်း ဆင့်ခေါ်သွားမည်ဟု ကော်မရှင်က ပြောကြားလိုက်ပြီး တရားစွဲဆိုခြင်းများ မပြုလုပ်နိုင်သေးခင် ကာလအထိ လက်ရှိ တာဝန်များကို ထမ်းဆောင်ခွင့်ပြုမည်ဟုလည်း ထုတ်ပြန်လိုက်သည်။

အဆိုပါအရေးတွင် ကုမ္ပဏီများလည်း ပါဝင်နေပြီး အထောက်အထား စာရွက်စာတမ်း ထောင်ပေါင်းများစွာနှင့် သက်သေပေါင်း ရာပေါင်းများစွာရှိကြောင်း NACC အဖွဲ့ဝင် ဗစ်ချာမာဟတ်ဟွန်းက ပြောကြားသည်။

အစိုးရအချင်းချင်းကြား ဆန်ရောင်းဝယ်မှုကို ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသော ထိုင်းနိုင်ငံ၏ နာမည်ကြီး ဆန်ကုန်သွယ်ရေး အဖွဲ့ဖြစ်သော Siam Indica ကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေး သွားမည် ဖြစ်သည်။

ထိုင်းပြည်တွင်း၌ လေလံအောင် ထားသည့် ဆန်များကို  Siam Indica ကုမ္ပဏီက နိုင်ငံခြားသို့ တင်ပို့ခြင်း မရှိဘဲ ပြည်တွင်း၌သာ ပြန်လည် ရောင်းချကြောင်း သံသယ ရှိနေခြင်းကြောင့် ယင်းကဲ့သို့ စုံစမ်း စစ်ဆေးခြင်း ဖြစ်သည်။ 

ထို့အပြင်  Siam Indica ကုမ္ပဏီက အခွန်ရှောင်ခဲ့ကြောင်း စွပ်စွဲမှုများ ပေါ်ပေါက်လာသဖြင့် အခွန်များကို ပြန်တောင်းရန် အခွန်ဦးစီးဌာနကို  လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမိန့်ပေးလိုက်သည်။

အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်နေခြင်းကြောင့် နိုင်ငံခြား ကုန်သွယ်ရေးဌာန၏ လုပ်ငန်းများအားလုံး နှင့် ဆန်ရောင်းချရေး အစီအစဉ်များ အားလုံးကို ရပ်ဆိုင်းထားရန် ကော်မရှင်က ညွှန်ကြားလိုက်သည်။

စုံစမ်းစစ်ဆေးမှုတွင် မျှတမှုများ ပေါ်ပေါက်နိုင်ရန် ထိုင်းအစိုးရ အဖွဲ့နှင့် ဆန်ရောင်းဝယ်ရေး စာချုပ် ချုပ်ဆိုထားသည်ဆိုသော နိုင်ငံများနှင့် သံရုံးများကို မေးမြန်းရန်လည်း စီးပွားရေး ဒုတိယဝန်ကြီး ယန်ယောင်က NACC ကို တိုက်တွန်းလိုက်သည်။

နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော ထိုင်းဝန်ကြီးချုပ် ယင်းလပ်အတွက် အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရအဖွဲ့၏ ဆန်စပါး ဝယ်ယူရေး အစီအစဉ်တွင် မမှန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီက စုံစမ်းစစ်ဆေး သွားမည်ဟု ကြာသပတေးနေ့တွင် ဆုံးဖြတ်လိုက်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ဆန်ဝယ်ယူရေး စီမံကိန်းတွင် မမှန်ကန်မှုများ ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းလပ်တွင် တာဝန်ရှိကြောင်း အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး အမျိုးသားကော်မရှင် ( NACC ) ၏ အချက်အလက် ရှာဖွေရေး ကော်မတီက ဆုံးဖြတ်လိုက်သည်။

အဆိုပါ စီမံကိန်းမှတစ်ဆင့် ပေါ်ပေါက်လာသော ဆုံးရှုံးမှုများကို ဝန်ကြီးချုပ် သိရှိထားသော်လည်း ယင်းကဲ့သို့သော ဆုံးရှုံးမှုများကို ကာကွယ်တားဆီးရန် ပျက်ကွက်ခဲ့ကြောင်း NACC အဖွဲ့ဝင် ဗစ်ချာမာ ဟတ်ဟွန်းက ပြောကြားသည်။

သို့သော်လည်း လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် ယင်းလပ်က မည်သို့မျှ မှတ်ချက်ပေး ပြောကြားခြင်း မရှိပေ။

တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်

Photo: တရုတ်မှ ဖယောင်းသုတ် ပန်းသီးများ ဈေးကွက်အတွင်း ဝင်ရောက်

မန္တလေး၊ ဇန်နဝါရီ  ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက် အတွင်းသို့ ပန်းသီး ခြောက်ဘီးကား ရှစ်စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ယင်းပန်းသီးများ ထိခိုက်မှု မရှိစေရန် ဖယောင်းသုတ်ထားမှု ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

အဆိုပါ ဖယောင်းအနည်းငယ် သုတ်ထားသော ပန်းသီးများကို စားသုံးပါက အဆိပ် မဖြစ်နိုင်သော်လည်း စားသုံးမှု များပြားလာပါက အူပိတ်၍ အော့အန်ခြင်းများ ဖြစ်လေ့ရှိသောကြောင့် အဆိုပါ ဖယောင်း သုတ်ထားသော ပန်းသီးများ စားသုံးမည် ဆိုပါက ရေဆေး အခွံနွှာ၍ စားသုံးသင့်ကြောင်း မန္တလေး ဆရာဝန်များအသင်း အတွင်းရေးမှူး ဒေါက်တာနေဝင်းက ရှင်းပြသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီး အများစုသည် အမြင်တွင် အလုံး ကြီးထွားပြီး ပြောင်လက်စေရန် ဖယောင်း သုတ်လေ့ရှိကြောင်း ချမ်းအေးသာစံမြို့နယ် မင်္ဂလာဈေးမှ သစ်သီး ရောင်းချသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် သတ္တမတန်း ကျောင်းသား တစ်ဦးသည် ပန်းသီးကို ရေမဆေးဘဲ စားသုံးပြီးနောက်တွင် အော့အန်ခဲ့ကြောင်း အဆိုပါ ကျောင်းသား၏ မိခင်ဖြစ်သူ ဒေါ်လှခင်က ပြောကြားသည်။

“သားက အော့အန်တော့ ဘာလို့လဲ၊ မတည့်တာတွေ စားမိလား၊ အအေး ပတ်တာလား မေးကြည့်တော့ ကလေးက ဘာမှ အစားမမှားဘူး၊ အအေး မပတ်ဘူး၊ ပန်းသီးစားပြီးမှ ဖြစ်တာဆိုတော့ ပန်းသီးကို အဝတ်နဲ့ သုတ်လိုက်တဲ့ အချိန်မှာ ဖယောင်းတွေ ထွက်လာတယ်”  ဟု ဒေါ်လှခင်က ဆိုသည်။

ဖယောင်းသည် ရေနံဆီ အုပ်စုထဲတွင် ပါဝင်သည့်အတွက် အဆိပ်ဖြစ်နိုင်ပြီး အဆိုပါ ဖယောင်း သုတ်ထားသည့် သစ်သီးများကို စားသုံးလိုပါက ရေဆေး၊ အခွံနွှာ၍ စားသုံးသင့်ကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောဆိုသည်။

“ပန်းသီးအလုံး အောင်ဖို့အတွက် ပိုးသတ်ဆေးတွေ သုံးရတာတွေရှိတယ်။ အဲဒီ ပိုးသတ်ဆေးရယ်၊ ဖယောင်းရယ် တွေ့ပြီး အော့အန် တာတွေလည်း ဖြစ်နိုင်တယ်”  ဟု ဒေါက်တာနေဝင်းက ရှင်းပြသည်။

ဆီးချိုရောဂါရှိသူများ ပန်းသီး စားသုံးပါက ပန်းသီးသည် အချိုဓာတ် ပါဝင်ပြီး ပန်းသီး၏ အခွံများကို စားသုံးပါက ဆီးချို ကျနိုင်ကာ ဆီး၊ ဝမ်း မှန်ကန်မှု ရှိသော်လည်း ဖယောင်းသုတ်ထားမှု ရှိမရှိ သတိထား စားသုံးသင့်ကြောင်း မန္တလေးမြို့တော်ရှိ အထွေထွေရောဂါကု ဆရာဝန်ကြီးများက ပြောကြားသည်။

မန္တလေး၊ ဇန်နဝါရီ ၁၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ မန္တလေးဈေးကွက် အတွင်းသို့ ပန်းသီး ခြောက်ဘီးကား ရှစ်စီးခန့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး ယင်းပန်းသီးများ ထိခိုက်မှု မရှိစေရန် ဖယောင်းသုတ်ထားမှု ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးတင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

အဆိုပါ ဖယောင်းအနည်းငယ် သုတ်ထားသော ပန်းသီးများကို စားသုံးပါက အဆိပ် မဖြစ်နိုင်သော်လည်း စားသုံးမှု များပြားလာပါက အူပိတ်၍ အော့အန်ခြင်းများ ဖြစ်လေ့ရှိသောကြောင့် အဆိုပါ ဖယောင်း သုတ်ထားသော ပန်းသီးများ စားသုံးမည် ဆိုပါက ရေဆေး အခွံနွှာ၍ စားသုံးသင့်ကြောင်း မန္တလေး ဆရာဝန်များအသင်း အတွင်းရေးမှူး ဒေါက်တာနေဝင်းက ရှင်းပြသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ပန်းသီး အများစုသည် အမြင်တွင် အလုံး ကြီးထွားပြီး ပြောင်လက်စေရန် ဖယောင်း သုတ်လေ့ရှိကြောင်း ချမ်းအေးသာစံမြို့နယ် မင်္ဂလာဈေးမှ သစ်သီး ရောင်းချသူ တစ်ဦးက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး ထပ်မံမုဒိမ်းကျင့်ခံရ


မောင်တော၊ ဇန်နဝါရီ ၁၇

မုဒိမ်းမှုများ အရေးယူပေးရန် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘိုင်ချရီ မြို့နယ်တွင် ရခိုင်မျိုးနွယ်စုဝင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံမုဒိမ်းကျင့် ခံရကြောင်း အဆိုပါ အမျိုးသမီးငယ်၏ မိသားစုများထံမှ သိရှိရသည်။

ဘိုင်ချရီမြို့နယ် င/ရချေခေါ် ရခိုင် တိုင်းရင်းသားရွာမှ ကျောင်းသူတစ်ဦး ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းက ဘုန်းကြီး ဈာပနပွဲအတွက် အကလေ့ကျင့်နေရာမှ ပြန်လာသည့် လမ်းတွင် ဘာသာခြားတစ်ဦးက အဓမ္မ ခေါ်ဆောင်ကာ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း အဆိုပါ အမျိုးသမီးငယ်၏ မိခင်က ပြောကြားသည်။

မုဒိမ်းမှု ကျူးလွန်ခဲ့သူဟု ဆိုသူကို ဘန်ဒရိုဘန်ခရိုင် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီးငယ်ကိုလည်း ဆေးစစ်ချက်ရယူရန် ဘန်ဘရိုင်ဘန်သို့ ခေါ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

ဗစ်တိုးရီးယားကုန်တိုက် ခိုက်ရန်ဖြစ်ပွားမှု တရုတ်နိုင်ငံသား နှစ်ဦး ဒဏ်ရာရ


ရန်ကုန်၊ ဇန်နဝါရီ ၁၇

လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် နဝဒေးလမ်းရှိ ဗစ်တိုးရီးယား ကုန်တိုက်တွင် ဈေးလာဝယ်သူ တရုတ်နိုင်ငံသား နှစ်ဦးနှင့် ရွှေလင်ဗန်းကျေးရွာနေသူ အမျိုးသား နှစ်ဦးတို့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က စကားများ ရန်ဖြစ်ရာက တရုတ်နိုင်ငံသား နှစ်ဦး၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

စက်မှုဇုန် (၄) ရှိ နယူးဝေးဖိနပ် စက်ရုံမှ ဖိနပ် ထုတ်လုပ်ရေး ကျွမ်းကျင်သူများဖြစ်သည့် တရုတ်နိုင်ငံသား Mr.Gong Young Quan နှင့် Mr. Liyi Wen တို့နှစ်ဦးမှာ အဆိုပါ ကုန်တိုက်သို့ ဈေး လာဝယ်စဉ် ရွှေလင်ဗန်းကျေးရွာ ဂရိတ်ဝေါ စက်ရုံဝင်းတွင်း နေထိုင်သူ အသက် ၂၉ နှစ် အရွယ်ရှိ ကိုလှိုင်ဝင်းထွန်း အပါအဝင် အမျိုးသားနှစ်ဦးတို့နှင့် မတော်တဆ ဝင်တိုက်မိရာမှ စကားများကာ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန် ရုပ်ရှင်မင်းသမီးနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း မဂ္ဂဇင်း တစ်စောင် ဖော်ထုတ်

Photo: ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန် ရုပ်ရှင်မင်းသမီးနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်ကြောင်း မဂ္ဂဇင်း တစ်စောင် ဖော်ထုတ်

ပါရီ၊ ဇန်နဝါရီ ၁၇

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်သည် ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ် နှင့် တိတ်တဆိတ် ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီ ဖြစ်ကြောင်း  ပြင်သစ် အတင်းအဖျင်း မဂ္ဂဇင်း Closer တွင် ဖော်ပြထားချက်ကို BBC  သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်မဂ္ဂဇင်း Closerက ပြင်သစ် သမ္မတနှင့် ၎င်း၏ တိတ်တိတ်ပုန်း ချစ်သူတို့၏ ဓာတ်ပုံများကိုလည်း ဖော်ထုတ်လိုက်သည်။

ယခုကဲ့သို့ သတင်း ဖော်ပြခဲ့ခြင်းကြောင့် Closer  မဂ္ဂဇင်းကို ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က ကြေညာခဲ့သည်။

Closer မဂ္ဂဇင်းတွင် နောက်ဆုံး ဖော်ပြချက် အရ ပြင်သစ်သမ္မတ ဟော်လန်သည် အသက် ၄၁ နှစ်ရှိ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်နှင့် တွေ့ဆုံရန် ပါရီမြို့တော်၏ အနောက်ဘက်ရှိ တိုက်ခန်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ရေးသားထားသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် စနေ၊ တနင်္ဂနွေရက် များတွင် ပြင်သစ်နိုင်ငံ တောင်ပိုင်း၌ ခပ်မြန်မြန် တွေ့ဆုံလေ့ ရှိပြီး ပြင်သစ်သမ္မတ ဟော်လန်နှင့် လက်ရှိ တရားဝင် တွဲနေသူ ပြင်သစ် ဂျာနယ်လစ် ဗယ်လဟီသရီဟဗီလာနှင့်  ယမန်နှစ်က ဂရိသို့ အပန်းဖြေ ခရီးသွားမည့် အစီအစဉ်ကိုလည်း ပြင်သစ်သမ္မတ ဟော်လန်က အကြောင်းပြ၍ ပယ်ဖျက်ခဲ့သည်။

ထို့နောက် ပြင်သစ်သမ္မတသည် တိတ်တိတ်ပုန်း ရည်းစားဖြစ်သူ ယူလီဂါယယ်နှင့် ကိုဟယ်ဇတ် ပြည်နယ်သို့ သွားရောက် နေခဲ့ကြောင်း မဂ္ဂဇင်းက ဖော်ပြသည်။

ပြင်သစ်သမ္မတ၏ လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာမှာ လွန်ခဲ့သော သီတင်းပတ်က ၎င်းတို့၏ သတင်းကို ကြား၍ ဆေးရုံတင် ကုသခဲ့ရပြီး၊ ပြင်သစ် သမ္မတ ဟော်လန်မှာ ဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့ခြင်း မရှိဘဲ ပန်းစည်းနှင့် ချောကလက်များသာ ပေးပို့ခဲ့ကြောင်း ပါရီရှိ ဘီဘီစီ သတင်းထောက် ခရစ်ရှန်ဖရာဆာက သတင်းပေးပို့ထားသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ ဆေးရုံသို့ မလာခြင်းမှာ ဆရာဝန်၏ တောင်းဆိုချက်ကြောင့် ဖြစ်ကြောင်း သမ္မတနှင့် လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာက သတင်းထောက် တစ်ဦးကို တယ်လီဖုန်း ဆက်၍ ပြောကြားသည်။

ပြင်သစ်သမ္မတနှင့် လက်ရှိ တရားဝင် တွဲနေသူ ဗယ်လဟီသရီဟဗီလာသည် သမ္မတ၏ ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်၍ အကာအကွယ် ပေးလိုစိတ် ရှိနေဆဲပင် ဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့၏ လျှို့ဝှက်ချက် သတင်းနှင့် ပတ်သက်၍ ဖော်ထုတ်သော Closer မဂ္ဂဇင်းကို ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က တရားစွဲဆိုမည် ဖြစ်ပြီး၊ ဂုဏ်သတင်း ညှိုးနွမ်းမှု အတွက် ယူရိုငွေ ၅၀၀၀၀၊ တရားရေး စရိတ် ကုန်ကျငွေ ယူရို ၄၀၀၀ တောင်းဆိုမည် ဖြစ်သည်။

အကယ်၍ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်သာ အမှုနိုင်ခဲ့ပါက Closer မဂ္ဂဇင်း မျက်နှာဖုံးတွင် တရားရုံး ဆုံးဖြတ်ချက်ကို ဖော်ပြရမည် ဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်၍ ပြင်သစ် သမ္မတ ဟော်လန်ကမူ ဥပဒေကြောင်းအရ တရားစွဲဆိုမှု တစ်စုံတစ်ရာ ပြုလုပ်မည် မဟုတ်ပေ။

အင်္ဂါနေ့က သတင်းထောက်များကို ဖြေကြားရာတွင် ပြင်သစ်သမ္မတက ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပတ်သက်၍ ခက်ခဲသော အချိန်ကာလများနှင့် ကြုံတွေ့နေရကြောင်း ပြောကြားခဲ့သော်လည်း၊ Closer မဂ္ဂဇင်းတွင် ဖော်ပြသော သတင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင်မူ ဖြေကြားရန် ငြင်းဆိုခဲ့ပြီး၊ “လျှို့ဝှက်တဲ့ ကိစ္စကို လျှို့လျှို့ဝှက်ဝှက်ပဲ ကိုယ်တွယ်သင့်တယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဖေဖော်ဝါရီလတွင် ပြင်သစ်သမ္မတ ဟော်လန်မှာ အမေရိကသို့ အလည်အပတ် ခရီးသွားရောက်မည် ဖြစ်ရာ လက်ရှိတွဲနေသူ ဗယ်လဟီသရီဟဗီလာကို သမ္မတကတော် (First Lady) အဖြစ် သတ်မှတ်ထားဆဲ ဟုတ် မဟုတ်ကိုလည်း ပြင်သစ် သမ္မတက ရှင်းရှင်းလင်းလင်း ဖြေကြားခဲ့ခြင်း မရှိပေ။

ပြင်သစ်သမ္မတနှင့် လက်ရှိတွဲနေသူ ဗယ်လဟီသရီဟဗီလာကို American Press သတင်းစာက သမ္မတကတော် (First Lady) အစား၊ သမ္မတရည်းစား (First Girlfriend)ဟု သုံးနှုန်း ခေါ်ဝေါ် ဖူးသည်။

သမ္မတ၏ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ပြင်သစ် ပြည်သူအများစုကမူ တစ်စုံတစ်ရာ ပြောကြားခြင်း မရှိပေ။

ပါရီ၊ ဇန်နဝါရီ ၁၇

ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်သည် ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ် နှင့် တိတ်တဆိတ် ချစ်ကြိုက်နေသည်မှာ ၂ နှစ်ခန့် ရှိသွားပြီ ဖြစ်ကြောင်း ပြင်သစ် အတင်းအဖျင်း မဂ္ဂဇင်း Closer တွင် ဖော်ပြထားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ပြင်သစ်မဂ္ဂဇင်း Closerက ပြင်သစ် သမ္မတနှင့် ၎င်း၏ တိတ်တိတ်ပုန်း ချစ်သူတို့၏ ဓာတ်ပုံများကိုလည်း ဖော်ထုတ်လိုက်သည်။

ယခုကဲ့သို့ သတင်း ဖော်ပြခဲ့ခြင်းကြောင့် Closer မဂ္ဂဇင်းကို ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်က ကြေညာခဲ့သည်။

Closer မဂ္ဂဇင်းတွင် နောက်ဆုံး ဖော်ပြချက် အရ ပြင်သစ်သမ္မတ ဟော်လန်သည် အသက် ၄၁ နှစ်ရှိ ပြင်သစ် ရုပ်ရှင်မင်းသမီး ယူလီဂါယယ်နှင့် တွေ့ဆုံရန် ပါရီမြို့တော်၏ အနောက်ဘက်ရှိ တိုက်ခန်းတစ်ခုကို အသုံးပြုခဲ့ကြောင်း ရေးသားထားသည်။

အနုပညာအလုပ်တွေကို ခဏစွန့်ခွာပြီး နိုင်ငံခြားမှာ စာသွားသင်တော့မယ့် မေဂရေ့စ်ပယ်ရီ


မော်ဒယ်လောကမှာ နုပျိုလှပပြီး ချစ်စရာကောင်းတဲ့ မော်ဒယ်လ် မေဂရေ့စ်ပယ်ရီကို အားလုံးသိပြီး ဖြစ်မှာပဲ။ သူမဟာ လာမယ့် ဖေဖော်ဝါရီလကုန်မှာ နိုင်ငံခြားကို ကျောင်းသွားတက်တော့မှာမို့ သူမနဲ့တွေ့ဆုံခိုက် အဲ့ဒီအကြောင်းအရာ တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘အခု မေဓာတ်ပုံရိုက်တယ်။ ကြော်ငြာရိုက်တယ်။ အခု နောက်ပိုင်းပိုပြီး သိပ်မရိုက်ဖြစ်ဘူး။ မေ့ကြော်ငြာတွေ အထွက်ကျဲတာက ဖေဖော်ဝါရီလကုန်လောက်ဆိုရင် သြစတေးလျမှာUniversityသွားတက်ရမှာမို့လို့ပါ။ ဇွန်၊ ဇူလိုင် ပြန်လာမယ်။ ပြီးရင် အနုပညာအလုပ်တွေ ပြန်လုပ်ချင်ပါတယ်။ ကျောင်းတက်တာကျတော့ မိဘတွေ တိုက်တွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ်သွားတက်တာပါ’လို့ သူမက ပြောပါတယ်။
ရုံတင်ကား ရိုက်ထားတာနဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘ကိုစိုင်းနဲ့ဧဒင်ရဲ့နတ်သမီးဆိုတဲ့ ကားမှာ မေ့ကာရိုက်တာက ၀န်ကြီးသမီးပေါ့။ ညကျရင်Street Dance တွေလိုက်ကတယ်။ အဲဒီကားထဲမှာ ကတဲ့အခန်းတွေ အဆင်ပြေဖို့အတွက်Uranium ,Life & Dance တို့နဲ့အကကျင့်တယ်။ အဲဒီကားရိုက်တုန်းကဆိုရင် မေက ဒိုင်ယာလော့ခ်ကျက်ဖို့အတွက် စာသိပ်မဖတ်တတ်ဘူး။ မရိုက်ခင် ကိုစိုင်းနဲ့ဦးမီးပွားနဲ့က သေချာလေးသင်ပေးရတယ်။ လာမဲ့ချစ်သူများနေ့မှာတော့ အစီအစဉ် မရှိပါဘူး။ မိသားစုနဲ့ပဲဖြတ်သန်းဖြစ်မှာပါ’တဲ့။

လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ

Photo: လူတစ်ကိုယ်လုံးကို ကျောက်တုံးဖြစ်စေသော ရောဂါ
============================
Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွ
က်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။ ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။ အသက် ၄၀ ပြည့်ဖို့ ရက်ပိုင်း အလိုမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ခါနီး ကာလမှာဆိုရင် နှုတ်ခမ်းက လွဲလို့ ကျန်တဲ့ ဘယ် ခန္ဓာကိုယ် အစိတ်အပိုင်းမှ လှုပ်ရှားလို့ မရတော့ပါဘူး။ Harry ကိုအခြေခံလို့ Tell-Tale အမည်ရ ရုပ်ရှင်ကိုလည်း ၂၀၀၉ ခုနှစ်က ရိုက်ကူး ခဲ့ပါတယ်။ မင်းသား Josh Lucas က သရုပ်ဆောင်ပေးထားပါတယ်။
FOB အတွက် ယနေ့အထိလည်း ဆေးမတွေ့ သေးပါဘူး။ Harry ကတော့ သူ့အလောင်းကို Philadelphia ပြတိုက်ကို လှူဒါန်းခဲ့ပါတယ်။ ယနေ့တိုင် လည်း ရောဂါအတွက် အဖြေရှာဆဲ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်တုန်းက ငါးမန်းမှာ ရှိတဲ့ ဓတ်တစ်မျိုးက ပျောက်စေမယ်လို့ တွေ့ရှိပြီး ဆန်းသပ်ရာ ဘာမှ မထူးခြားခဲ့ပါဘူး။
FOP က မွေးရာပါလည်း ဖြစ်တတ်ပါတယ်။ အသက် ၁၀ နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏာကတော့ ခြေမ အရွယ်အစားက သာမန်ထက် ပိုမိုကြီးထွားလာခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံး အရိုးဖြစ်သွားပုံကတော့ လည်ပင်းက စပါတယ်။ လည်ပင်မှ ပုခုံး၊ ပုခုံးမှ လက်မောင်း၊ လက်မောင်းမှ ဗိုက်၊ ဗိုက်မှ ခြေထောက် အထိ နေက်ဆုံး အပေါ်ကနေ အောက်အထိ တဖြည်းဖြည်း ကူးစက် တာ ဖြစ်ပါတယ်။ ခေါင်းပါပါဝင်ပြီး နှုတ်ခမ်းသာ လှုပ်ရှားလို့ ရတဲ့အထိလည်း အခြေအနေ ဆိုးပါတယ်။
ဒါကြောင့် လူတစ်ကိုယ်လုံးကို အရိုးစု အဖြစ်သို့ ပြောင်းလဲစေတဲ့ FOP (ကျောက်တုံး ရောဂါ) ကို ကြောက်စရာကောင်းတဲ့ ရောဂါ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
--
Ref :rare medic facts.
International news for myanmar

Stone Man Syndrome လို့လည်း လူသိများတဲ့ Fibrodysplasia ossificans progressiva (FOP) ဟာ တကယ်ပဲ ကျောက်တုံး ဖြစ်စေ တဲ့ ရောဂါ ဖြစ်ပါတယ်။
ကျောက်တုံးရယ်လို့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် တစ်ခုလုံးက အသား၊ ကြွ
က်သား၊ တစ်ရှုးအားလုံးကို အရိုးအဖြစ်သို့ ပြောင်းလဲ သွားစေတဲ့ ရောဂါ ဖြစ်ပါတယ်။ ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရောဂါ စာရင်းထဲမှာ ပါဝင်ပါတယ်။ လူ ၂ သန်းမှာ ၁ ယောက် ဖြစ်တတ် တဲ့ ရောဂါ ဖြစ်ပြီး ယနေ့ချိန်အထိ စစ်တမ်းအရ FOP ဝေဒနာသည် ၂၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ သူ့ကို ကင်ဆာရောဂါ တစ်မျိုးတည်း ထည့်သွင်း သတ်မှတ်ထားပါတယ်။ ရှားရှားပါးပါး ရောဂါမို့လို့ ဖြစ်ပါတယ်။ ကမ္ဘာကျော် လူသိများသွားသူကတော့ အမေရိကန်နိုင်ငံ၊ Philadelphia မြို့ က Harry Raymond Eastlack, Jr. (1933 – 1973) ဖြစ်ပါတယ်။ အသက် ၁၀ နှစ်တုန်းက ဆော့ကစား ရင်း ခြေထောက်မှာ အရိုးဒဏ်ရာ အနည်းငယ် ဖြစ်ပါတယ်။ ယင်း အရိုးဒဏ်ရာကနေ အရိုး ဖြစ်ပေါ်စေတဲ့ ဖိုက်ဘာ တစ်ရှုးများ တဖြည်းဖြည်း ဆပွား တိုးလာပြီး တစ်ကိုယ်လုံးကို အရိုး အဖြစ်သို့ တဖြည်းဖြည်း ချင်း ပြောင်းလဲစေပါတယ်။

တစ်နေ့ အရောင်သုံးမျိုး ပြောင်းသော လိပ်ကလေး

Photo: တစ်နေ့ အရောင်သုံးမျိုး ပြောင်းသော လိပ်ကလေး

မကွေး ဇန်နဝါရီ ၁၇

မကွေးတိုင်း ဒေသကြီး မကွေးမြို့ ရန်နိုင်ရပ်ကွက်(၂၄)လမ်း ကိုလှထွေးအောင် နေအိမ်၌ ကျောကုန်းပေါ်တွင် စမအင်းကွက်များ မထင်မရှား တွေ့ရသော လိပ်တစ်ကောင် မွေးမြူထားကြောင်း သိရသည်။

အဆိုပါ လိပ်မျိုးမှာ တွေ့ရခဲ မြင်ရခဲပြီး ရှားပါးစာရင်းဝင် လိပ်မျိုးဖြစ်သည်။ အရွယ်အစားမှာ အချင်းသုံးလက်မခန့်သာ ရှိပြီး ဦးခေါင်းနှင့်ခြေလက် များမှာ ကျောက်စိမ်းရောင်ရှိသည်။ ဝမ်းဗိုက်၌ ရွှေဝါရောင်အကွက်များ တွေ့ရသည်။ လိပ်ပိုင်ရှင် ကိုလှထွေးအောင်က ''ဒီလိပ်ကိုတွေ့တာ တစ်လလောက် ရှိပြီ၊ ကျွန်တော် ကလေးထိန်းရင်း အိမ်ရှေ့က မြက်ခင်းထဲမှာတွေ့တာ၊ ဒါနဲ့အိမ်မှာ သေချာမွေးထားတယ်။ လိပ်စာကတော့ ကိတ်မုန့်၊ ထမင်း၊ ငုံးဥပြုတ်တို့ကို ချေပြီးကျွေးတယ်။ ထူးခြားတာက လိပ်ကျောကုန်း အရောင်က မနက်ပိုင်းမှာ အဖြူစင်းတွေ ပေါ်တယ်။ နေ့လယ်မှာ အညိုရောင် ပြောင်းသွားပြီး ညနေကျတော့ အနက်ရောင်ဖြစ်သွားတယ်။ ကျောကုန်းက အကွက်တွေထဲမှာ စမအင်းဆန်ဆန် စာလုံးတွေ့ရတယ်''ဟု ရှင်းပြသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် မကွေးဒေသခံ ကုန်သည်ကြီးတစ်ဦးက ''ကျိုင်းတုံ၊ လားရှိုးဘက်မှာ တရုတ်သူဌေးအိမ်တွေမှာ ဒီလိုလိပ်မျိုးတွေကို ငါးအလှ မွေးသလို မွေးကြတာတွေ့ဖူးတယ်။ သူတို့ရဲ့ ဧည့်ခန်းဆောင်ထဲမှာ ထားရင် စီးပွားတိုးတက် ကြတယ်လို့ ယုံကြည်ကြတယ်''ဟု ရှင်းပြသည်။

http://www.myawady.net.mm/allnews/localnews/item/34779-2014-01-17-12-27-18

မကွေး ဇန်နဝါရီ ၁၇

မကွေးတိုင်း ဒေသကြီး မကွေးမြို့ ရန်နိုင်ရပ်ကွက်(၂၄)လမ်း ကိုလှထွေးအောင် နေအိမ်၌ ကျောကုန်းပေါ်တွင် စမအင်းကွက်များ မထင်မရှား တွေ့ရသော လိပ်တစ်ကောင် မွေးမြူထားကြောင်း သိရသည်။

အဆိုပါ လိပ်မျိုးမှာ တွေ့ရခဲ မြင်ရခဲပြီး ရှားပါးစာရင်းဝင် လိပ်မျိုးဖြစ်သည်။ အရွယ်အစားမှာ အချင်းသုံးလက်မခန့်သာ ရှိပြီး ဦးခေါင်းနှင့်ခြေလက် များမှာ ကျောက်စိမ်းရောင်ရှိသည်။ ဝမ်းဗိုက်၌ ရွှေဝါရောင်အကွက်များ တွေ့ရသည်။ လိပ်ပိုင်ရှင် ကိုလှထွေးအောင်က ''ဒီလိပ်ကိုတွေ့တာ တစ်လလောက် ရှိပြီ၊ ကျွန်တော် ကလေးထိန်းရင်း အိမ်ရှေ့က မြက်ခင်းထဲမှာတွေ့တာ၊ ဒါနဲ့အိမ်မှာ သေချာမွေးထားတယ်။ လိပ်စာကတော့ ကိတ်မုန့်၊ ထမင်း၊ ငုံးဥပြုတ်တို့ကို ချေပြီးကျွေးတယ်။ ထူးခြားတာက လိပ်ကျောကုန်း အရောင်က မနက်ပိုင်းမှာ အဖြူစင်းတွေ ပေါ်တယ်။ နေ့လယ်မှာ အညိုရောင် ပြောင်းသွားပြီး ညနေကျတော့ အနက်ရောင်ဖြစ်သွားတယ်။ ကျောကုန်းက အကွက်တွေထဲမှာ စမအင်းဆန်ဆန် စာလုံးတွေ့ရတယ်''ဟု ရှင်းပြသည်။

ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ

Photo: ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ

ထမင်းစားစား ပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင် ချက်များ ဖြစ်ပါတယ်။

၁။ ဆေးလိပ် မသောက်ရ

ထမင်းစားစား ပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက် တာနဲ့ ညီမျှတယ်လို့ သက်သေပြ ထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက် ချင်တယ် ဆိုရင် တောင်မှ အစာ စားပြီးချင်း မသောက်သုံး သင့်သေးပါဘူး။

၂။ အသီးချက်ခြင်း မစားရ

အချို့က ထမင်းစားပြီးရင် အချိုတည်း အနေနဲ့ သစ်သီးဝလံ တို့ကို ချက်ချင်း စားကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံ တတ်ပါတယ်။ ဒါကြောင့် ဝမ်းလေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။

၃။ လက်ဘက်ရည် မသောက်ရ

လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲ သွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။

၎။ ခါးပတ် မလျော့ရ

အချို့က အစားစား နေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ် လျော့တတ် ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။

၅။ ရေမချိုးရ

ထမင်းစားပြီး တကယ် ရေမချိုး သင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေ ပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့ အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

၆။ လမ်းမလျှောက်ရ

အစားစားပြီးချင်း လမ်းတစ်ရာ လျှောက်ရင် အသက်၁၀၀ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲံ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း ရှိနေ ပါသေးတယ်။

၇။ ချက်ချင်း မအိပ်ရ

အစား စားပြီးချင်းလည်း ချက်ချင်း မအိပ်သင့်ပါဘူး။ ချက်ချင်း အိပ်လိုက်ရင် အစာချေဖျက်မှု စနစ်က ကောင်းကောင်း အလုပ်မလုပ် တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဝမ်းထဲကို Gastric acid တိုးစေပါတယ်။

အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ် အာဟာရ ဓာတ်အတွက် စားသုံးတဲ့ အနှပ်တိုင်းမှာ ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ သိရပါတယ်။

Ref: medic-facts

ရိုးရာလေး

ထမင်းစားစား ပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင် ချက်များ ဖြစ်ပါတယ်။

၁။ ဆေးလိပ် မသောက်ရ

ထမင်းစားစား ပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက် တာနဲ့ ညီမျှတယ်လို့ သက်သေပြ ထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက် ချင်တယ် ဆိုရင် တောင်မှ အစာ စားပြီးချင်း မသောက်သုံး သင့်သေးပါဘူး။

၂။ အသီးချက်ခြင်း မစားရ

အချို့က ထမင်းစားပြီးရင် အချိုတည်း အနေနဲ့ သစ်သီးဝလံ တို့ကို ချက်ချင်း စားကြပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံ တတ်ပါတယ်။ ဒါကြောင့် ဝမ်းလေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။

၃။ လက်ဘက်ရည် မသောက်ရ

လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲ သွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။

အမျိုးသမီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထပ်မံ တာဝန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု

 

နေပြည်တော်၊ ဇန်နဝါရီ ၁၇

၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်အတွင်း ဆက်ရှိမည် ဆိုပါက အမျိုးသမီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို ထပ်မံ တာဝန်ပေးအပ် သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကြံပြု ပြောကြားသည်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး နေရာတွင် ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် တို့ကို ယခုကျင်းပနေသော နဝမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစားထိုး ခန့်အပ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ မှတ်ချက်ပြုခြင်း ဖြစ်သည်။
“တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲမှာ ဆက်ရှိနေမှာပဲဆိုတော့ အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်တွေ များများတာဝန်ပေးတာ ကြိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသမီးတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးသာ တာဝန်ပေးအပ် ခြင်းမှာ အလွန်နည်းပါးနေသေးကြောင်း၊ ထပ်မံခန့်မည်ဆိုပါက ကြိုဆိုသွားမည်ဖြစ် ကြောင်း ၎င်းင်းကဆိုသည်။
အမျိုးသမီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို တပ်မတော်က တာဝန်ပေးအပ်ခြင်းမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် လွှတ်တော်ထဲမှ ထွက်ခွာ လိုခြင်း မရှိသောကြောင့်ဟု ယူဆ ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

အလုပ်မှာ ပျော်စေရန် နည်းလမ်း

Photo: အလုပ်မှာ ပျော်စေရန် နည်းလမ်း 

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။ 

1. Surround yourself with people who love their work 

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။ 

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။ 

3. Identify the impact you want to have on the world 

အချို့  က ငါလုပ်နေရတဲ့ အလုပ်က ဒီလောက်လေး။ င့ါတာဝန်က ဒီလောက်လေး။ အကျိုးကျေးဇူးအနေနဲ့ ဒီလူတွေကိုပဲ Effect ဖြစ်မှာ အစရှိသဖြင့် ခံယူချက် ထားရှိမှုတွေ မှားယွင်းသွား ပါတယ်။ မိမိရဲ့  Action တိုင်းအတွက် ကိုယ့်ကိုပဲ Reaction ရုံမကပဲ Effect က တစ်ဆင့်ပြီးတစ်ဆင့် လူအရေအတွက် ဘယ်လောက်ထိ များများသို့ ထိရောက်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်တွေးဖို့လိုပါမယ်။ ဒါမှ မိမိကိုယ့်ကို တန်ဖိုးထားမှု ဖြစ်လာပြီး အလုပ်မှာလည်း ပျော်လာ ပါမယ်။ 

4. Learn as much as you can about the life you want

ဘဝ အကြောင်းလေ့လာဖို့ပါ။ အလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလုပ်ကိုပဲ ဘဝလို့ထင်နေသူဟာ အလုပ်မှာ ပြဿနာ တစ်ခုကြုံရင်တောင် မခံနိုင်လောက်အောင် စိတ်သောက ရောက်ပါတယ်။ ဒီတော့ ယင်း အနိမ့်အမြင့် လောကဓံကို ခံနိုင်ရည်ရှိဖို့အတွက် ဘဝ အကြောင်း ကောင်းကောင်း လေ့လာဖို့လိုအပ် ပါတယ်။ ဘဝ အကြောင်းကို ဒဿန စာပေအပြင် ဘာသာရေး စာပေတွေထဲမှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။ 

5. Try, and try again 

ဘယ် အလုပ်မဆို ကိုယ်နဲ့ လုံးဝ perfect ဖြစ်အောင် အဆင်ပြေ တယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ အားလုံးက သူ့ အားနည်းချက်၊ အားသာ ချက်တွေချည်းပဲ ဖြစ်ပါတယ်။ အရမ်းကြီးဆိုးရွားတဲ့ အခြေအနေ တစ်ခု ခံနေရင်တော့ Career ကိုပြောင်းသင့်ရင် ပြောင်းရမှာပေါ့။ အခြေအနေ အားလုံးကို လက်ခံသိရှိထားရပါမယ်။ အခက်အခဲတွေ့တိုင်း လည်း စိတ်ညစ်နေဖို့မဟုတ်ပါဘူး။ ဖြေရှင်းစေဖို့ ဖြစ်ပါတယ်။ ဒီမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။ အခက်ကြုံတိုင်း လက်မြောက်အရှံးပေးနေရင် အလုပ်မှာ မပျော်တော့ပါဘူး။ Try, and try again ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

လူတိုင်း အလုပ်မှာ ပျော်ရွှင်ဖို့အတွက် ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
Ref:entrepruner.com
အောင်ခမ်း ( ရိုးရာလေး )

.

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ်လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

1. Surround yourself with people who love their work

တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးရယ်လို့လည်း မဟုတ်ပါဘူး။ သို့ပေမယ့် အလုပ်အကြောင်း အမြဲ ငြီးငြူပြီး မကောင်းပြောနေသူတွေနဲ့ အတူ နေဖြစ်တာများရင် သင်ကိုယ်တိုင် ကိုယ့်အလုပ်မှာ ချို့ ယွင်းချက်၊ အားနည်းချက်တွေ မသိမသာ ရှာနေမိမှာ အမှန်ပါပဲ။ ဒီတော့ မိမိလုပ်တဲ့အလုပ်ကို ချစ်မြတ်နှိုးသူများနဲ့ မိတ်ဆွေဖြစ်ခြင်း၊ ပြောဆို ဆက်ဆံခြင်း၊ သွားလာခြင်းဖြင့်လည်း မိမိကိုယ်တိုင် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးလာစေမှာ ဖြစ်ပါတယ်။

2. Work to improve your strengths and talents

Personal Development ကိုပြောတာပါ။ တစ်ကိုယ်ရည် စိတ်စွမ်း၊ ဥာဏ်စွမ်း၊ ကိုယ်စွမ်း ဖွံ့ဖြိုးတိုးတက်နေရင် လူက စိတ်ဓာတ်မကျပါဘူး။ အမြဲတမ်း Update ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အလုပ်မှာ ပျော်တတ်ပါတယ်။ ဒါကြောင့် မိမိအလုပ်ကနေပဲ လုပ်ပိုင်ခွင့် တာဝန်ကနေ သင်ယူနိုင်တာ သင်ယူပြီး အချိန်တွေ ပိုနေရင်၊ အခွင့်အရေးတွေ ရနေရင် ပိုမြင့်တဲ့ ပညာရပ်တွေကို အလုပ်ထဲကနေပဲ တစ်ဆင့် လေ့လာ နိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်က ကမ္ဘာ့လူသားအားလုံးရဲ့ အလေးချိန်နဲ့ တူညီ

တကယ်လို့ ခင်ဗျားအိမ်ကြမ်းပြင်မှာ အစားအစာတစ်ခုလောက် ပြုတ်ကျခဲ့ပြီး နောက်တစ်နာရီလောက်နေလို့  ပြန်ကြည့်မယ်ဆိုရင် ပုရွက်ဆိတ်တွေ အုံခဲနေတာကို တွေ့ ရပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား ပုရွက်ဆိတ်တွေကို သိပ်ဂရုစိုက်ဖြစ်မယ်မထင်ပါဘူး။ သူတို့ ဟာ အရမ်းသေးငယ်တဲ့အကောင်လေးတွေ၊ အဆိပ်မရှိဘူး၊ ပြီးတော့ ကြောက်စရာလည်းမကောင်းပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီအချက်ကို သိပါသလား။ ပုရွက်ဆိတ်တွေဟာ ကျွန်တော်တို့ လူသားတွေထက် အဆပေါင်းများစွာ ပိုများပြီး ကမ္ဘာပေါ်မှာ လူသားဦးရေတစ်ယောက်ဆို ပုရွက်ဆိတ်အကောင်ရေက တစ်သန်း ရှိပါတယ်။ ပုရွက်ဆိတ် အဆတစ်သန်း မှာမှ လူသားက တစ်ဆပါ။
နောက်ထပ်ထူးခြားတာတစ်ခုက ပုရွက်ဆိတ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်အရွယ်အစားအလေးချိန်ဟာ ပုံမှန်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ အဆတစ်သန်းပုံ တစ်ပုံပဲ ရှိပါတယ်။ ဒီအတွက်ကြောင့် သချာင်္နည်းအရ ပျှမ်းမျှတွက်ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့ ပုရွက်ဆိတ်အကုန်လုံးရဲ့ အလေးချိန်ဟာ လူသားအားလုံးရဲ့ အလေးချိန်နဲ့  ညီမျှပါတယ်။

ဖုန်းလိုင်းများ ဆက်လက် နှေးကွေး နေဦးမည်

ဖုန်းလိုင်းများ, ZTE နှင့် HUAWEI ကုမ္ပဏီ, မိုဘိုင်းဖုန်း, မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း
ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တဆိုင် (ဓာတ်ပုံ – Reuters)

တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်း ချိတ်ဆက်မှုများ အသစ်ပြန်လည် တပ်ဆင်နေသောကြောင့် ယခုလကုန်ပိုင်း အထိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများ နှေးနေဦးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။
“အခုက Network နှစ်ခု ဖြစ်နေတော့ လိုင်းချိတ်တဲ့ အခါမှာ အခက်အခဲလေး ရှိတယ်။ အခု မြန်မာပြည် အောက်ပိုင်းကို ZTE Network အစား HUAWEI နဲ့ အစားထိုးဖို့ လုပ်နေတယ်။ အဲဒီကာလမှာ ဖုန်းလိုင်း ပြဿနာ ရှိနိုင်တယ်”ဟု ဦးမျိုးဆွေက ဆိုသည်။
မြန်မာပြည် အထက်ပိုင်းတွင် ZTE Netwok နှင့် မြန်မာပြည် အောက်ပိုင်းတွင် HUAEWI Netwok တို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းလိုင်း ဆက်သွယ်မှုနှင့် ပတ်သက်ပြီး အဆင်မပြေမှုများ ရှိပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
ဖုန်းသုံးစွဲသူများ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ပြီး ဖုန်းလိုင်း တပ်ဆင်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်း အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြော ဆိုသည်။
“ဒီတလလုံး မိုဘိုင်းဖုန်း လိုင်းတွေက စက်တွေလဲနေတယ်ဆိုပြီး ပြောလိုက် မကြားလိုက်၊ ကျသွားလိုက်နဲ့။ ဒီလို အားနည်းချက် အတွက်လည်း ဘာမှ အလျော်အစား မရှိဘူး”ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ တဦးက ပြောသည်။

မဲမပေးရဲသော လွှတ်တော် ကိုယ်စားလှယ်များကြောင့် ရှက်မိကြောင်း သူရဦးရွှေမန်း ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၁၇

ပြည်ထောင်စု လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရသည့် ဥပဒေများ၊ အဆိုများတွင် မဲမပေးရဲသော လွှတ်တော် ကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် အရှက်ရမိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သတိပေး ပြောကြားသည်။

ဇန်န၀ါရီ ၁၇ ရက်နေ့တွင် ပြုလုပ်သော နဝမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့တွင် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြန်လည် အတည်ပြုရာတွင် မဲမပေးဘဲနေသော လွှတ်တော် ကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် ယင်းသို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

“ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာပြီပဲ။ မဲပေးတတ်ရမှာပေါ့။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ မချနိုင်ရင် ပြည်သူ့ကိုယ်စားလှယ် မမည်ထိုက်ဘူးဆိုတဲ့ ဝေဖန်ပြောဆိုတာတွေကို ကြားသိနေရတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်စား ရှက်မိပါတယ်” ဟု ၎င်းကဆိုသည်။

ကျူးကျော်များ ရှင်းပြီးနောက် ပန်းလှိုင်တံတားတွင် လုံခြုံရေး တိုးမြှင့်ချထား

Photo: ကျူးကျော်များ ရှင်းပြီးနောက် ပန်းလှိုင်တံတားတွင် လုံခြုံရေး တိုးမြှင့်ချထား 

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ထောင်နှင့်ချီသော ကျူးကျော် နေအိမ်များကို သက်ဆိုင်ရာ အာဏာပိုင်များက         ရှင်းလင်း ဖယ်ရှားပြီးသည့် နောက်တွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ် အကြားရှိ ပန်းလှိုင် မြစ်ကူးတံတားတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလျက် ရှိကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နေရာသို့ ကျူးကျော်နေထိုင်သူများ ထပ်ရောက်လာခြင်း မရှိစေရန် ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် နေ့ရောညပါ လုံခြုံရေး ချထားကြောင်း အဆိုပါ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
“အခုထိကတော့ ပြန်လာနေမယ့် အရိပ်အယောင်တော့ မရှိပါဘူး။ ဒါပေမဲ့ ဖျက်ထားတဲ့ နေအိမ်တွေ ရှင်းလင်းမပြီး မချင်းတော့ ဆက်စောင့်နေရဦးမယ်” ဟု ၎င်းကဆိုသည်။

လှိုင်သာယာ၊ တွံတေးကားလမ်းမ တစ်လျှောက်နှင့် ပန်းလှိုင် မြစ်ကမ်းဘေးရှိ မြေနုကျွန်းများပေါ်ရှိ ကျူးကျော်နေအိမ် သုံးထောင် ဝန်းကျင်ကို ရဲတပ်ဖွဲ့၊ မြို့တော်စည်ပင်၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်း၍ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ဖျက်ဆီး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျူးကျော် နေထိုင်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းက စတင်ရောက်ရှိလာပြီး ၎င်းတို့ကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးကျော်ထက်နိုင်က ခေါ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း၊ မြေနေရာတစ်ခုလျှင် ငွေကျပ်တစ်သောင်း ကောက်ခံကာ ဆောက်လုပ် နေထိုင်စေခြင်း ဖြစ်သည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။

သို့ရာတွင် ၎င်းအနေဖြင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဝင်တစ်ဦး အဖြစ်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ မိမိ၏ ဆန္ဒသဘောဖြင့် အိုးအိမ်မဲ့ ပြည်သူများအတွက် မြေနုကျွန်းများပေါ်တွင် နေထိုင်နိုင်ရန် ကူညီပေးခြင်း ဖြစ်ပြီး ငွေကျပ်တစ်သောင်း ကောက်ခံသည် ဆိုခြင်းမှာ မဟုတ်မှန် ကြောင်း ဦးကျော်ထက်နိုင်က The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

၎င်းကယင်းသို့ ပြောဆိုထားရာတွင်  ဦးကျော်ထက်နိုင်ကို အဆိုပါ ကျူးကျော် ပြဿနာများ စတင်ပေါ်ပေါက်ချိန် ကတည်းက ပါတီမှ ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဒီမို ကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးတင့်နိုင်က ပြောကြားသည်။ 
“ကျော်ထက်နိုင်ဟာ အရင်ကတော့ ပါတီဝင်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပါတီစည်းကမ်း မလိုက်နာလို့ ဒီဇင်ဘာလ ၃ ရက်နေ့ကတည်းက ပါတီကနေ ထုတ်ပယ် ထားပြီးသားပါ၊ သူ့ရဲ့ လုပ်ရပ်တွေ အားလုံးက ပါတီနဲ့ မသက်ဆိုင်ပါဘူး။ သူ့ဟာသူ ပါတီနာမည်ကို အလွဲသုံးစား လုပ်နေတာပါ” ဟု အဆိုပါ ပါတီမှ လှိုင်သာယာမြို့နယ် ဥက္ကဋ္ဌ ဦးတင့်နိုင်က ပြောသည်။

ယင်းအပြင် ဦးကျော်ထက်နိုင်သည် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ပါတီဝင် မဖြစ်မီက အမှတ် (၅၃၂) ခြေမြန်တပ်ရင်း၏ အမာခံ သတင်းပေးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးကြောင်း အဆိုပါ ပါတီဝင်များက ပြောကြားသည်။

ကျူးကျော် နေအိမ်များ အင်အားသုံး ရှင်းလင်းခြင်းကို ဟန့်တား နှောင့်ယှက်သည့် လူ ၁၄ ဦးကို ခြေချုပ်နှင့် ခံဝန်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) တို့ဖြင့် အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီး (လှိုင်သာယာမြို့နယ်) နှင့် တက်သစ် (ထန်းတပင်မြို့နယ်) ရဲစခန်းများက အမှုဖွင့်စစ်ဆေး နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ထောင်နှင့်ချီသော ကျူးကျော် နေအိမ်များကို သက်ဆိုင်ရာ အာဏာပိုင်များက ရှင်းလင်း ဖယ်ရှားပြီးသည့် နောက်တွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ် အကြားရှိ ပန်းလှိုင် မြစ်ကူးတံတားတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလျက် ရှိကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နေရာသို့ ကျူးကျော်နေထိုင်သူများ ထပ်ရောက်လာခြင်း မရှိစေရန် ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ဝင် ၄၀ ခန့်ဖြင့် နေ့ရောညပါ လုံခြုံရေး ချထားကြောင်း အဆိုပါ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
“အခုထိကတော့ ပြန်လာနေမယ့် အရိပ်အယောင်တော့ မရှိပါဘူး။ ဒါပေမဲ့ ဖျက်ထားတဲ့ နေအိမ်တွေ ရှင်းလင်းမပြီး မချင်းတော့ ဆက်စောင့်နေရဦးမယ်” ဟု ၎င်းကဆိုသည်။

လှိုင်သာယာ၊ တွံတေးကားလမ်းမ တစ်လျှောက်နှင့် ပန်းလှိုင် မြစ်ကမ်းဘေးရှိ မြေနုကျွန်းများပေါ်ရှိ ကျူးကျော်နေအိမ် သုံးထောင် ဝန်းကျင်ကို ရဲတပ်ဖွဲ့၊ မြို့တော်စည်ပင်၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်း၍ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ဖျက်ဆီး ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရေး၊ မပေးရေးကို သီတဂူ ဆရာတော် မိန့်ကြားခြင်းမရှိဟု ထုတ်ပြန်

Photo: ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရေး၊ မပေးရေးကို သီတဂူ ဆရာတော် မိန့်ကြားခြင်းမရှိဟု ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားလုံးများကို သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ (ခေါ်) အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန် ကြေညာသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မေးပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာပါလျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်သည်ဟု သီတဂူ ဆရာတော်ကြီးက မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ ညီလာခံကြီးတွင် မိန့်ကြားသည်ဟု မီဒီယာအချို့၏ ဖော်ပြမှုအပေါ် ယင်းသို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။

သီတဂူ ဆရာတော်ကြီးသည် ၎င်း၏ သြဝါဒ မိန့်ခွန်းအပြင် အလွတ်သဘော ပြောဆိုသည့် သြဝါဒများတွင်ပါ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအနက် မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟု အရိပ်အမြွက်ပင် မိန့်ကြားခဲ့ခြင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်စရာ ရှိသည်ဟု ယုံကြည်နေသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်ကို ထောက်ခံမဲ ပေးရန် သီတဂူ ဆရာတော်က မိန်ကြားလိုက်သည်ဟု သံဃာ့ညီလာခံကြီး တက်ရောက် သည့် မန္တလေးမြို့ခံတစ်ဦးက ပြောဆိုသည်ဟုဆိုကာ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မွန်းတည့်နေ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွင် ဖော်ပြသည်။
“သီတဂူ ဆရာတော်ကြီးက ဒေါ်အောင်ဆန်းကြည်နဲ့ ပတ်သက်လို့ တစ်ခွန်းတစ်ပါဒမျှ မိန့်ကြားခဲ့တာ မရှိဘူး” ဟု မန္တလေး မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

ဆရာတော်ကြီးသည် အချင်းချင်း စိတ်ဝမ်းကွဲပြားမည့် အလုပ်မျိုးကို ရှောင်ကြဉ်ပြီး နိုင်ငံသားအားလုံး အကျိုးရှိသည့် အလုပ်မျိုးကိုသာ တက်ညီလက်ညီ ဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီး မည်သည့် ပုဂ္ဂိုလ်ကိုမျှ သာစေနာစေဟူသော စိတ်ထားမျိုး မရှိသကဲ့သို့ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍လည်း ကျဉ်းမြောင်းသည့် အမြင်မရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန်သည်။

သို့သော်လည်း ယင်းသံဃာ့ ညီလာခံကြီးတွင် မန္တလေးတိုင်းဒေသကြီး ထိန်လင်းပရဟိတ စာသင်တိုက် ပဓာန နာယက၊ တိပိဋက ဓရရမ္မာဝတီ ဆရာတော်သည် အတုမရှိ သံဃာ့ညီလာခံကြီး မူဝါဒ သဘောထားစာတမ်း မဖတ်ကြားမီ သီတဂူ ဆရာတော်ကြီး၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားများကို မိန့်ခဲ့ရာ ယင်းမိန့်ကြားချက်များသည် မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာအဖွဲ့၏ လမ်းစဉ် မဟုတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သီတဂူ ဆရာတော်နှင့် ပတ်သက်၍ ဖော်ပြမိခဲ့သော သတင်းသည် အတည်မပြုနိုင်သည့် စာနယ်ဇင်း ကျင့်ဝတ်နှင့် မကိုက်ညီသည့် သတင်းဖြစ်၍ ပြန်လည် ရုပ်သိမ်းကြောင်း မွန်းတည့်နေ အပတ်စဉ်ထုတ် ဂျာနယ်၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖော်ပြထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားလုံးများကို သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ (ခေါ်) အမျိုးဘာသာ သာသနာအဖွဲ့က ထုတ်ပြန် ကြေညာသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မေးပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်လာပါလျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်သည်ဟု သီတဂူ ဆရာတော်ကြီးက မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပနေသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ အတုမရှိ သံဃာ့ ညီလာခံကြီးတွင် မိန့်ကြားသည်ဟု မီဒီယာအချို့၏ ဖော်ပြမှုအပေါ် ယင်းသို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။

သီတဂူ ဆရာတော်ကြီးသည် ၎င်း၏ သြဝါဒ မိန့်ခွန်းအပြင် အလွတ်သဘော ပြောဆိုသည့် သြဝါဒများတွင်ပါ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦးအနက် မည်သူ့ကို ထောက်ခံသည်၊ မည်သူ့ကို ကန့်ကွက်သည်ဟု အရိပ်အမြွက်ပင် မိန့်ကြားခဲ့ခြင်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စကတ်ဝတ်ဖို့အတွက် ကျောင်းထွက်ခဲ့သူ

စကတ်ဝတ်ဖို့အတွက် ကျောင်းထွက်ခဲ့သူ

ရုရှားနိုင်ငံမှာ နေထိုင်သူ Vladimir Fomin ဟာ စကတ်ဝတ်ခြင်းကို ခုံမင်သူ ဖြစ်ပါတယ်။ စကတ်ဝတ်ပေမယ့် မိန်းမစိတ် ဝင်သူ မဟုတ်ပါဘူး။ စကတ်ဝတ်ပြီး နေရတာကိုပဲ အဆင်ပြေတယ်၊ သင့်လျော် တယ်လို့  လက်ခံထားခြင်းကြောင့် ဖြစ်ပါတယ်။ 

ဒါကြောင့်မို့လည်း တက္ကသိုလ်ကနေ အထုတ်ခံရပါတယ်။ ရုရှားက Ivanovo University မှာ သင်္ချာဘာသာကို စကော်လာရှစ်နဲ့ ကျောင်းတက်ခွင့်ရ ပါတယ်။ ကျောင်းဆရာများက စကတ်မဝတ်ဖို့  အကြိမ်ကြိမ်တားပေမယ့် ဝတ်ဆင်ခဲ့ ပါတယ်။ သူ့အနေနဲ့ ငယ်စဉ်ကတည်းက စကတ်ဝတ်ရ တာကိုသာ နှစ်သက်ပြီး ကျောင်းတက်တဲ့ သက်တမ်းအလျှောက် အဆူခံ အဆဲခံပြီး ဝတ်ဆင်ခဲ့တာ ဖြစ်ပါ တယ်။ နောက်ဆုံးတော့ တက္ကသိုလ် အထိ ရောက်လာသည့်တိုင် ဗီဇ မဖျောက်ပါဘူး။ မိန်းကလေးတွေ သာ စကတ်ဝတ်ရတယ်လို့ ဥပဒေမသတ်မှတ်ထားကြောင်း ယောင်္ကျားလေးတွေ လည်း စကတ်ဝတ်ဆင်ရန် အခွင့်အရေး ရှိကြောင်း ဆန့်ကျင်ပြောကြား ပါတယ်။ 

ဒီလိုနဲ့ နောက်ဆုံးတော့ ကျောင်းအထုတ်ခံရပြီး ယနေ့တိုင် စကတ်ဝတ်ဆင်လို့ နေထိုင်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။

Ref:oddnews
Aung Kham ( ရိုးရာလေး ) 

.

ရုရှားနိုင်ငံမှာ နေထိုင်သူ Vladimir Fomin ဟာ စကတ်ဝတ်ခြင်းကို ခုံမင်သူ ဖြစ်ပါတယ်။ စကတ်ဝတ်ပေမယ့် မိန်းမစိတ် ဝင်သူ မဟုတ်ပါဘူး။ စကတ်ဝတ်ပြီး နေရတာကိုပဲ အဆင်ပြေတယ်၊ သင့်လျော် တယ်လို့ လက်ခံထားခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း တက္ကသိုလ်ကနေ အထုတ်ခံရပါတယ်။ ရုရှားက Ivanovo University မှာ သင်္ချာဘာသာကို စကော်လာရှစ်နဲ့ ကျောင်းတက်ခွင့်ရ ပါတယ်။ ကျောင်းဆရာများက စကတ်မဝတ်ဖို့ အကြိမ်ကြိမ်တားပေမယ့် ဝတ်ဆင်ခဲ့ ပါတယ်။ သူ့အနေနဲ့ ငယ်စဉ်ကတည်းက စကတ်ဝတ်ရ တာကိုသာ နှစ်သက်ပြီး ကျောင်းတက်တဲ့ သက်တမ်းအလျှောက် အဆူခံ အဆဲခံပြီး ဝတ်ဆင်ခဲ့တာ ဖြစ်ပါ တယ်။ နောက်ဆုံးတော့ တက္ကသိုလ် အထိ ရောက်လာသည့်တိုင် ဗီဇ မဖျောက်ပါဘူး။ မိန်းကလေးတွေ သာ စကတ်ဝတ်ရတယ်လို့ ဥပဒေမသတ်မှတ်ထားကြောင်း ယောင်္ကျားလေးတွေ လည်း စကတ်ဝတ်ဆင်ရန် အခွင့်အရေး ရှိကြောင်း ဆန့်ကျင်ပြောကြား ပါတယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ကျောင်းအထုတ်ခံရပြီး ယနေ့တိုင် စကတ်ဝတ်ဆင်လို့ နေထိုင်နေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။

Ref:oddnews
Aung Kham ( ရိုးရာလေး )

YoYarLay

ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲ ပြဿနာများ

 
အနာမခံဘဲ အသာမစံရ နိုင်ပေ။

ဒေါက်မြင့်ဖိနပ်နှင့် နာကျင်မှုမှာ ဒင်္ဂါးပြားမှ ခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍ မရပေ။ လေ့လာမှု အချို့အရ ဒေါက်ဖိနပ်စီးခြင်းက ဆေးလိပ် သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါး စေသည်ဟု အကြံပြု ခဲ့သည်။ ဒေါက်မြင့် ဖိနပ်များကို အချိန် ပမာဏ တစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ် စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်း ထားသလို ဖိအား အများကြီး ဖြစ်ပေါ် စေပါတယ်။

အဲဒီအခါ ကျန်တဲ့ ခန္ဓာကိုယ် တစ်ခုလုံးက ခန္ဓာကိုယ်ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ် အောက်ပိုင်း တစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကို လှန်ထားရပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ သဘာဝ ''ပုံစံ ကောက်ကြောင်းကို ပျက်စေပြီးလည် ပင်းရိုးများနဲ့ ခါးရိုးများကို ဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့် ဖိနပ်စီးပြီး လမ်းလျှောက် ပုံကြည့်ရတာ တကယ်ကို ထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ် ဒေါက်မြင့်ဖိနပ် ဝတ်ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်း ကွေးနေရသည့် အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ် စေပါသည်။

Facebook ရဲ့ Feature အသစ် ကြာသပတေးနေ့က ထုတ်ဖော်မိတ်ဆက်

Photo: Facebook ရဲ့ Feature အသစ် ကြာသပတေးနေ့က ထုတ်ဖော်မိတ်ဆက်
======================================
Aung Heine ( www.smart.com.mm )

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Facebook ဟာ  Trending topics လို့ခေါ်တဲ့ ဖေ့ဘုတ်အစိတ်အပိုင်းအသစ်တစ်ရပ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ထိုအစိတ်အပိုင်းလေးဟာ လတ်တလော မိမိသယ်ရင်း၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ 
ပေါ်ပြူလာဖြစ်နေတဲ့ စာအစုအပိုင်းတွေကို စာရင်းတစ်ခုအနေနဲ့ ချုပ်ပြီးဖော်ပြပေးမှာ
ဖြစ်ပြီး  မကြာခင်မှာ  ယင်းအစိတ်အပိုင်းကို facebook ရဲ့ ညာဘက်ဘေးဖက်မှာ တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။

ဖေ့ဘုတ်အနေနဲ့  စိတ်ဝင်းစားမူအများဆုံး စာစုတွေကို ရရှိမြင်သာအောင် ပေါင်းစပ်ပေးတဲ့အနေနဲ့ ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။

ယခုလို ဖော်ပြမူတွေကလည်း ယခင်ကျတော့တို့တွေ့နေကြ တစ်လှည့်စီလှည့်ကာလှည့်ကာဖော်ပြသွားမှာ ဖြစ်ပါတယ်။

အမေရိက၊ယူကေ၊ကနေဒါ၊ အိန္ဒယ၊ သြစတြီးရီးယားတွေမှာ လာမည့်အပတ်မှာ ရရှိလာနိင်တော့မှာဖြစ်ပြီး 

ပြီးခဲ့တဲ့ ကြာသပတေးနေကတော့ ဖေ့ဘုတ်က မိုဘိုင်းဖုန်းတွေပေါ်မှာ ယင်း feature ကို စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

Aung Heine ( www.smart.com.mm )

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Facebook ဟာ Trending topics လို့ခေါ်တဲ့ ဖေ့ဘုတ်အစိတ်အပိုင်းအသစ်တစ်ရပ်ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ထိုအစိတ်အပိုင်းလေးဟာ လတ်တလော မိမိသယ်ရင်း၊ မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့
ပေါ်ပြူလာဖြစ်နေတဲ့ စာအစုအပိုင်းတွေကို စာရင်းတစ်ခုအနေနဲ့ ချုပ်ပြီးဖော်ပြပေးမှာ
ဖြစ်ပြီး မကြာခင်မှာ ယင်းအစိတ်အပိုင်းကို facebook ရဲ့ ညာဘက်ဘေးဖက်မှာ တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။

ဖေ့ဘုတ်အနေနဲ့ စိတ်ဝင်းစားမူအများဆုံး စာစုတွေကို ရရှိမြင်သာအောင် ပေါင်းစပ်ပေးတဲ့အနေနဲ့ ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။

ယခုလို ဖော်ပြမူတွေကလည်း ယခင်ကျတော့တို့တွေ့နေကြ တစ်လှည့်စီလှည့်ကာလှည့်ကာဖော်ပြသွားမှာ ဖြစ်ပါတယ်။

“ရဲစခန်းမှုး ဦးလှစိုးက မှန်တာမပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆို စစ်ဆေးမှုကို ခံရရှာသော စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း “


စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊မရိုးတုန်းကျေးရွာ အခြေခံမှုလ တန်းလွန်ကျောင်း က ဆရာ၊ ဆရာမများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် စတုတ္ထတန်း အတန်းတင်စာမေးပွဲသည် မြို့နယ်စစ် စာမေးပွဲ ဖြစ်သည်အလျှောက် ပညာရေး တိုးတက်စေခြင်းငှာ ရည်ရွယ်၍ ကျောင်းသား၊ကျောင်းသူများကို အနီးကပ်ကြီးကြပ်နိုင်ရန် စာသင်ကျောင်းသို့ ညအိပ် ခေါ်ယူ စာကြည့် စေခဲ့ပါသည်။

အချိန်ကာလ အားဖြင့်လည်း (၁)လ ခန့် ကြာမြင့်ခဲပြီး ဖြစ်ပါသည်။

၂၄.၁၂.၂၀၁၃ နေ့ ည အချိန်မတော်တွင် ယာယီကျောင်းအုပ် ဆရာဦးမျိုးနိုင်ထွန်း က စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း၏ အိပ်ယာသို့ ၀င်ရောက်ကာ မအိအိငြိမ်းအား ရင်သားများကို ဆွဲကိုင် ပြီး တကိုယ်လုံးကို ပွေ့ဖက် နမ်းရှိုက်၍ ၊ လုံချည်ကို ချွတ်ကာ ကာမ ဆက်ဆံရန် ကျိုးစားခြင်းကို ခံခဲ့ရပါသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၇.၁.၂၀၁၄ ရက်နေ့တွင် မိဘအုပ်ထိန်း သူများနှင့် တကွ ၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ၊ချစ်ပြစ်ရဲစခန်းသို့ သွားရောက် တိုင်ကြား စစ်ဆေးခံခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်၊ သမ္မတဦးသိန်းစိန်ကိုသာ မဲပေးပါဟု သီတဂူဆရာတော် မိန့်ကြားသည်ဆိုသည့် သတင်း သီတဂူဆရာတော် အရှင်ညာဏိဿရက ပြတ်ပြတ်သားသားငြင်းပယ်


ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်မှုများကို ဆန့်ကျင်ဘက် အုပ်စု တစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ခြုံခိုတိုက်ခိုက်မှု များရှိနေကြောင်းသိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေးကို မလိုလားသောသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည် တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။

ယခုလောလောလတ်လတ်မှာမူ ပြည်သူ ပရိသတ်အပေါ်မှာ ဩဇာရှိသော ဘာသာရေးဘက်တွင် အလွန်ထင်ရှားသော အရှင်ညာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက်လာပြန်သည်။

မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူဆရာတော်က မိန့် ကြားလိုက်ကြောင်း ဟု ရေးသားထားသည်။
ယခုကိစ္စတွင် အရှင်ဝီရသူ ကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။

ကတိက၀တ်ဟူသည်

Photo: #emg_opinions

ကတိက၀တ်ဟူသည် 

(Written by:  လှမြင့် (ရန်ကုန်တက္ကသိုလ်))

'ကတိက၀တ်' ဟူသော အသုံးအနှုန်းသည် ပါဋိဘာသာစကား 'ကတိက၀တ္တ'ကို မြန်မာမှုပြု လက်ခံသုံးစွဲထားမှု ဖြစ်သည်။ အဓိပ္ပာယ်မှာ 'ကတိပြုချက်' ဟူ၍ဖြစ်သည်။ ထို့ကြောင့် 'ကတိက၀တ်' ကတိစကားဟူသည် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်းပင်ဖြစ်သည်။

ကတိက၀တ် ကတိစကားသည် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်းဟူသော ၀ိသေသကိုဆောင်သောကြောင့် သစ္စာစကားဟူသော မှန်ကန်သောစကား၏ အနှစ်သာရနှင့်တူညီသောကြောင့် မြန်မာမှုနယ်ပယ်တွင် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုကာ အာမခံချက်ပြုသည့်အတိုင်း မှန်ကန်သောသစ္စာဖြင့် ဆောင်ရွက်ပြောဆိုလုပ်ကိုင်ခြင်းတို့ကို 'ကတိသစ္စာတည်ကြည်သည်' ဟူ၍ မှတ်ကျောက်တင်ခဲ့ကြသည်။

ကတိစကား၊ ကတိသစ္စာစကားတည်မှု၏ အနှစ်သာရကို အင်းဝခေတ်စာဆိုကျော် ရှင်မဟာသီလ၀ံသ၏ ပါရမီတော်ခန်းပျို့တွင်

'ကတိသစ္စာ မှန်သောခါကား သြဇာလေးနက် တောင်ထိပ်ကြာပေါက် အနောက်နေထွက် ကွဲအက်မြင်းမိုရ်ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏' ဟူ၍လည်းကောင်း...

ကုန်းဘောင်ခေတ်ဦးစာဆို ကျည်းကန်ရှင်ကြီးကလည်း "စကားအပေါင်းကို အုပ်သည်ကတိ၊ တရားအပေါင်းကိုချုပ်သည် သတိ' ဟူ၍ 'စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့၊ တရားအရာတွင်လည်း သတိသည် အချုပ်ဖြစ်သည်' ဟူ၍လည်းကောင်း...

ကုန်းဘောင်ခေတ်နှောင်း စာဆိုရှင် မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀လင်္ကာကြီးတွင်လည်း 'မင်းမှာသစ္စာ၊ လူမှာကတိ၊ ဆိုရိုးရှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး' ဟူ၍ 'မင်းသည် သစ္စာစောင့်သိရသကဲ့သို့ လူသည် ကတိတည်ရသည်' ဟူ၍လည်းကောင်း 'ကတိက၀တ်၊ ကတိသစ္စာ' စကား၏ လူမှုဆက်ဆံရေးနယ်ပယ်တွင် အရေးပါကြောင်း လမ်းညွှန်ဆုံးမခဲ့ကြသည်။

ထို့ကြောင့် 'ကတိက၀တ်၊ ကတိသစ္စာ တည်ကြည်စွာ ပြောဆိုခြင်း ပြောဆိုသည့် ကတိက၀တ်၊ ကတိသစ္စာနှင့်အညီ ဆောင်ရွက်လုပ်ကိုင်မှုပြုခြင်းတို့သည် ရိုးသားဖြောင့်မတ်၍ ကိုယ်ကျင့်သိက္ခာပြည့်စုံသော ပုဂ္ဂိုလ်ကြီးများ၊ လူကြီးလူကောင်းတို့၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။ 'ကတိက၀တ်၊ ကတိသစ္စာ' တည်ကြည်ဖြောင့်မတ်မှန်ကန်၍ ရိုးသားဖြောင့်မတ်၊ ကိုယ့်ကျင့်သိက္ခာရှိသော ပုဂ္ဂိုလ်ကြီးများ၊ လူကြီးလူကောင်းများသည် စကားကိုဗလာင်းဗလဲ၊ ဖောက်လွဲဖောက်ပြန် ပြောလေ့မရှိပေ။ အပြောတစ်မျိုး အလုပ်တစ်မျိုးမလုပ်၊ မပြောတတ်ပေ။ မိမိတို့မလုပ်ပေးနိုင်သည့် ကိစ္စများကို လုပ်ပေးပါမည်ဟူသော ကတိပေးလေ့မရှိ။ ပြောလေ့မရှိ။ ပြောပြီးသောစကား ပေးပြီးသော ကတိစကားကို မဖောက်ဖျက်၊ ကတိစကားအတိုင်း တည်ကြည်စွာ ဆောင်ရွက်မှုပြုလေ့ရှိသည်ဟူ၍ လောကနီတိကျမ်း၌...

'ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အနောက်မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင်မင်းသည်လည်း ညွတ်ရာ၏။ အကယ်မလွဲငရဲမီးသည် ချမ်းမြေ့ရာ၏။ တောင်ထိပ်၌လည်း ကြာသည်ပွင့်ရာ၏။ သူတော်ကောင်းတို့၏ ကတိစကားသည် တစ်ရံတစ်ဆစ်ရာ မဖောက်ပြန်ရာ' ဟူ၍ လမ်းညွှန်ခဲ့သည်။

ယင်းလမ်းညွှန်ချက်ကို မြန်မာစာဆိုပညာရှင်များက ' တောင်ထိပ်ကြာပေါက် အနောက်နေထွက် ကွဲအက်မြင်းမိုရ် နေကိုမပူ ချမ်းမြေ့စွဟူလည်း လူကြီးစကား သွင်မူပြား၍ ဖောက်ပြားမရှိ တည်တံ့ဘိသည် စောင့်သိမယွင်း မှတ်စေမင်း' ဟူ၍လည်း ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့သည်။

ကတိသစ္စာတည်ခြင်းသည် ကောင်းသည်ဟုဆိုရာတွင် ရိုးသားဖြောင့်မတ်၍ ကိုယ်ကျင့်သိက္ခာရှိသော ပုဂ္ဂိုလ်ကြီးများ၊ လူကြီးလူကောင်းများ၏ ကတိသစ္စာတည်ကြည်မှုသည် အနှစ်သာရ၊ ၀ိသေသနှင့် ပြည့်စုံသော်လည်း အကျင့်စာရိတ္တဖောက်ပြန်သော၊ လူမှုရေးသိက္ခာကင်းမဲ့သော၊ မတရားသောလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသော သူတို့၏ ကတိတည်ခြင်းသည်ကား ကြောက်စရာကောင်းလှပေသည်။ ကတိက၀တ်တည်၍၊ ကိုယ့်ကျင့်သိက္ခာ ဖြောင့်မတ်ရိုးသားသူတို့၏ နာမည်တစ်လုံးသည် တန်ခိုးသတ္တိ၊ အရှိန်အ၀ါ အလွန်ကြီးမားခဲ့သူတို့နှင့် လူ့ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုအစုစုကို ကတိသစ္စာသဖွယ် ဖက်တွယ်၍ လူ့ကျင့်ဝတ်သိက္ခာ ဖောက်ပြန်ကာ လူ့အသိုင်းအ၀န်း၌ နာမည်သေ၊ နာမည်ပျက်နေခဲ့သူတို့၏ ဘ၀ဖြစ်စဉ်များသည် သမိုင်းကြောင်းတွင် 'အဖြူနှင့်အမည်းပမာ' ထင်ရှားစွာ ရှိနေခဲ့သည်။

ပုဂံခေတ်လယ်ပိုင်းကာလတွင် ကတိသစ္စာ တည်ကြည်ဖြောင့်မတ်သော ကျန်စစ်သားမင်းကြီး၏ မြေးတော်အလောင်းစည်သူကို ထီးနန်းပေးအပ်ပြီးဖြစ်၍ သားတော်ရင်း ရာဇကုမာရ်ကို ထီးနန်းမပေးတော့ဘဲ ဇေယျခေတ္တရာဟူသော ဘွဲ့အမည်ဖြင့် ဓည၀တီနှင့် တောင်စဉ်ခရိုင်ကို ပေးတော်မူခဲ့သော ကတိတည်မှုနှင့် လုပ်ရပ်သည် သမိုင်းအစဉ်အဆက်၌ 'မြေးကား အရင်း၊ သားက အဖျား' ဟူသော ဆိုရိုးစကားဖြင့် လေးစားဂုဏ်ပြုခဲ့ကြသည်။

ပုဂံခေတ်လယ်ပိုင်းတွင် အုပ်စိုးခဲ့သော နရသူမင်းသည် ဖခင်အလောင်းစည်သူမင်းကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ပံသကူမထေရ်မြတ်ထံတွင် နောင်တော်မင်းရှင်စောအား ထီးနန်းအပ်နှင်းမည်ဖြစ်ကြောင်း ကတိက၀တ်ပေးခဲ့ပြီး အဆိပ်ခပ်လုပ်ကြံကာ ကတိက၀တ်ပျက်ယွင်းခဲ့မှုကြောင့် ပံ့သကူမထေရ်မြတ်၏...

'သင်ကားသံသရာဝယ် ခံရအံ့သော မကောင်းမှုကိုမကြောက် ဤစည်းစိမ်ကိုရလျှင် သင်၏ကိုယ်ခန္ဓာသည် မအိုမသေပြီဟူ၍ မှတ်သလော၊ လောကတွင် သင့်ထက်ပျက်သော မင်းမည်သည်ကားမရှိ၊ သင့်ထက်ဆိုးသွမ်း ညစ်ညမ်းသော သူမရှိပြီ' ဟု 'မိန့်တော်မူလျက် သီဟိုဠ်ကျွန်းသို့ ကြွတော်မူလေ၏' ဟူ၍သမိုင်းမှတ်တမ်းတင်ခြင်း ပြုထားသည်။

ကတိက၀တ် ကတိသစ္စာတည်ကြည်သူ ကတိက၀တ်အတိုင်း အလုပ်ကိုင်ဆောင်ရွက်သူတို့၏ ဂုဏ်ဒြပ်နှင့် အများ၏ ကြည်ညိုလေးစားယုံကြည်မှုခံရမှုကို စာရေးဆရာကြီး နတ်မောက်ဘုန်းကျော်၏ တောင်ထိပ်ကြာပေါက် အနောက်နေထွက်' အတွေးအမြင် ဆောင်းပါ၌ ...

'လူကြီးလူကောင်းတို့သည် ကတိတည်၏။ စကားမှန်ကန်၏။ တကယ့်လူကြီးလူကောင်း အစစ်အမှန်ဟူသည် သေးသိမ်ညံ့ဖျင်းသော အပြောအဆို၊ အပြုအမူတို့ကို မကျူးလွန်မိအောင် ဂရုတစိုက်ရှောင်ရှား၍ မိမိကိုယ်ကို မိမိသိက္ခာရှိအောင် ပြုမူပြောဆိုနေထိုင်သူ ဖြစ်သည်။ ရိုးသားဖြောင့်မတ်စွာ ပြောဆိုပြုမူသူဖြစ်သည်။ ခုတစ်မျိုး၊ အခုတစ်မျိုး ပြောဆိုပြုမူတတ်ခြင်းမရှိ၊ ရိုးသားခြင်း (honest) ၊ ဖြောင့်မတ်ခြင်း(upright)၊ စိုက်လိုက်မတ်-တစ်ဖြောင့်တည်း(Straight for ward) ပြောဆိုလုပ်ကိုင်တတ်သည်။ ရိုးသားဖြောင့်မတ်မှန်ကန်သော အပြောအဆို၊ အပြုအမူသည် ကိုယ်ကျင့်စာရိတ္တ၏ ကျောရိုးပင်ဖြစ်သည်။ ကတိတည်သော စကားတစ်ခွန်းကို သူ၏အသက်ထက်ပို၍ တန်ဖိုးထားလေ့ရှိသည်။

ကတိက၀တ်၊ ကတိသစ္စာတည်ကြည်သူကို လူတိုင်းယုံကြည်ကိုးစားကြသည်။ ယုံကြည်ကိုးစားသဖြင့်လည်း သူဘာခိုင်းခိုင်း လုပ်ပေးတတ်ကြသည်။ 'ရဲရင့်ဖြောင့်မတ်သူသည် မတုန်မလှုပ် ခိုင်ခံ့တည်ကြည်ခြင်း၏ အတုယူဖွယ်ရာ စံနမူနာဖြစ်၏။ လူအများတို့သည် သူ့နောက်သို့ လိုက်ရမည်ဆိုလျှင် သေလမ်းသို့ပင်ဖြစ်သော်မှ လိုက်ကြ၏"ဟု ဆိုရိုးရှိခဲ့သည်။

ကမ္ဘာကျော် စစ်သူရဲကောင်းကြီးတစ်ဦးအဖြစ် ထင်ရှားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်(တိမူး) က ...

'ဦးစီးအုပ်ချုပ်သူတစ်ဦးအဖို့ ကတိစကား ပျက်ကွက်ခြင်းသည် စက်ဆုပ်ရွံရှာဖွယ်၊ အကောင်းဆုံး အပြုအမူတစ်ခုဖြစ်သည်။ '(word breaking is hideous in a ruler)' ဟူ၍ ပြောဆိုမိန့်ကြားခဲ့သည်။

မြန်မာသမိုင်းတွင်လည်း လွတ်လပ်ရေး ဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းသည် ကတိက၀တ်တည်ကြည်သူ၊ ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စများကိုသာ ကတိက၀တ်ပေးခဲ့ပြီး ပြုလုပ်မပေးနိုင်သော ကိစ္စအချို့ကို ပြုလုပ်ပေးမည်ဟူ၍ ကတိက၀တ်မပေးတတ်သူ ဖြစ်သည်။

၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပခဲ့သော ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း၏...

'မကွယ်မထောက် ဖြောင့်မတ်စွာ ပြောရမည်ဆိုလျှင် ကျွန်ုပ်ရှေ့ဆောင်ပြုမူကြောင့် မြန်မြန်ထက်ထက်၊ လွတ်လပ်ရေးပန်းတိုင်ဘက်သို့ နီးကပ်လိမ့်မည်ဟူ၍ ကတိပေးခြင်းကို မပြုလိုပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတစ်ယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏အားပေးရိုင်းပင်းမှု မရှိဘဲလျက် ရာဇ၀င်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်သည်' ဟူ၍ မိန့်ကြားပြောဆိုခဲမှုသည် ကတိက၀တ်၏ အနှစ်သာရကို ဖော်ညွှန်းနေမှု ဖြစ်သည်။ 

(ဘီဒီအေသေနာပတိ ဗိုလ်မှူးကြီးအောင်ဆန်းနှင့်ဇနီး ဒေါ်ခင်ကြည် )
(ဘီဒီအေသေနာပတိ ဗိုလ်မှူးကြီးအောင်ဆန်းနှင့်ဇနီး ဒေါ်ခင်ကြည် )

(Written by: လှမြင့် (ရန်ကုန်တက္ကသိုလ်))

'ကတိက၀တ်' ဟူသော အသုံးအနှုန်းသည် ပါဋိဘာသာစကား 'ကတိက၀တ္တ'ကို မြန်မာမှုပြု လက်ခံသုံးစွဲထားမှု ဖြစ်သည်။ အဓိပ္ပာယ်မှာ 'ကတိပြုချက်' ဟူ၍ဖြစ်သည်။ ထို့ကြောင့် 'ကတိက၀တ်' ကတိစကားဟူသည် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်းပင်ဖြစ်သည်။

ကတိက၀တ် ကတိစကားသည် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုခြင်းဟူသော ၀ိသေသကိုဆောင်သောကြောင့် သစ္စာစကားဟူသော မှန်ကန်သောစကား၏ အနှစ်သာရနှင့်တူညီသောကြောင့် မြန်မာမှုနယ်ပယ်တွင် ပြောဆိုသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်မည်ဟု အာမခံချက်ပြုကာ အာမခံချက်ပြုသည့်အတိုင်း မှန်ကန်သောသစ္စာဖြင့် ဆောင်ရွက်ပြောဆိုလုပ်ကိုင်ခြင်းတို့ကို 'ကတိသစ္စာတည်ကြည်သည်' ဟူ၍ မှတ်ကျောက်တင်ခဲ့ကြသည်။

ကတိစကား၊ ကတိသစ္စာစကားတည်မှု၏ အနှစ်သာရကို အင်းဝခေတ်စာဆိုကျော် ရှင်မဟာသီလ၀ံသ၏ ပါရမီတော်ခန်းပျို့တွင်

'ကတိသစ္စာ မှန်သောခါကား သြဇာလေးနက် တောင်ထိပ်ကြာပေါက် အနောက်နေထွက် ကွဲအက်မြင်းမိုရ်ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏' ဟူ၍လည်းကောင်း...

ကုန်းဘောင်ခေတ်ဦးစာဆို ကျည်းကန်ရှင်ကြီးကလည်း "စကားအပေါင်းကို အုပ်သည်ကတိ၊ တရားအပေါင်းကိုချုပ်သည် သတိ' ဟူ၍ 'စကားအရာတွင် ကတိသည် အချုပ်ဖြစ်သကဲ့သို့၊ တရားအရာတွင်လည်း သတိသည် အချုပ်ဖြစ်သည်' ဟူ၍လည်းကောင်း...

ဒီဇင်ဘာလဆန်းပိုင်းက '၀' ခါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း UWSA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အတည်ပြု


ပြီးခဲ့သည့် ဒီဇင်ဘာ လဆန်းပိုင်းက ‘ဝ’ ခေါင်းဆောင်များနှင့် တရုတ်ခေါင်းဆောင်များ တရုတ်နိုင်ငံ၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် မူးယစ်ဆေးဝါး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ‘ဝ သွေးစည်း ညီညွတ်ရေးပါ တီ (UWSP) ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇန်နဝါရီ ၁၇ ရက်တွင် The Daily Eleven သို့ အတည်ပြု ပြောကြားသည်။

“တွေ့တာ ဟုတ်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးတွေကို ဆွေးနွေးပါတယ်”ဟု ဦးအောင်မြင့်က ဆိုသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်ဖက်စလုံးမှ မည်သည့်ခေါင်းဆောင်များ ဖြစ်ကြသည် ဆိုခြင်းကို ဦးအောင်မြင့်က ပြောဆိုခဲ့ခြင်း မရှိပေ။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ်များ၏ ပြောဆိုချက်အရ အဆိုပါ တွေ့ဆုံမှုသည် ဒီဇင်ဘာ ၅ ရက်ကဖြစ်ပြီး တွေ့ဆုံခဲ့သည့် နေရာမှာ ကူမင်းမြို့၌ ဖြစ်ကြောင်း၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စများတွင် UWSP ၏ ရပ်တည်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“သူတို့ကတော့ ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းတယ်။ နောက်တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ညီလာခံကို သွားတက်ဖို့လည်း ပြောပါတယ်။ မတက်ဖို့ တားဆီးတာတော့ မရှိပါဘူး”ဟု ဦးအောင်မြင့်က ဆက်လက် ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီရှစ်ဦး သေဆုံးသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်အစိုးရ ငြင်းဆို


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီရှစ်ဦး သေဆုံးသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရက ငြင်းဆိုခဲ့သည်။ ထို့ပြင် ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်အား ရှာမတွေ့ သေးသော်လည်း သူ၏အဝတ်အစား အပိုင်းအစအချို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“ARU နဲ့ တခြားအွန်လိုင်း မီဒီယာတွေမှာ ရေးသားသလို မြန်မာအစိုးရ တပ်တွေနဲ့ ရခိုင်ရွာသားတွေက မောင်တောမြို့နယ်ထဲက ဘင်္ဂါလီတွေကို သတ်နေတာ၊ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတာက ဇန်နဝါရီ ၁၃ ရက် ညဘက်ကင်းလှည့်ရင်း ဘင်္ဂါလီရွာထဲမှာ အသတ်ခံရပြီလို့ ယူဆနေတဲ့ အခုထိ ရှာမတွေ့သေးတဲ့ ရဲတစ်ယောက်ကို စုံစမ်းနေခြင်း ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောကြားသည်။

မောင်တောခရိုင် ခရေမြိုင်ရဲကင်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ဇန်နဝါရီ ၁၃ ရက်ညက ပျောက်ဆုံးနေခဲ့သော ရဲတပ်ကြပ်ကြီးအား ဆက်လက်ရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူတို့မှ ခေါ်ဆောင်သွားသည့် ဂေါ်ဒူသာရ ချောင်းကမ်းစပ်သို့ သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကင်းတဲ၏ အနောက်ဘက်ကိုက် ၃ဝဝ ခန့်အကွာ လယ်ကွင်းအတွင်းမှ သွေးများစွန်းနေသည့် အနက်ရောင်အီကွေ့မင်းကြိုးသေး တစ်ချောင်းအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ကျေးရွာမှ အမှုနှင့် ပတ်သက်ဖွယ်ရှိသည့် ဘင်္ဂါလီလူမျိုး စုစုပေါင်း ၈၄ ဦးအား ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း၊

မြန်မာ-အိန္ဒိယ နယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ဘိန်းခန်းများ သို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား


Photo: မြန်မာ-အိန္ဒိယ နယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ဘိန်းခန်းများ သို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြောကြား

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ-အိန္ဒိယ တမူးနယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် တစ်ဖက်နိုင်ငံရှိ ဘိန်းခန်းများသို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

ဇန်နဝါရီ ၁၇ ရက်က ပြည်ထောင်စု လွှတ်တော်တွင် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးရန် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာနှင့် ပတ်သက်၍ ဒေါ်ခင်မွှေးလွင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မကြာခဏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ၊ တရားမဝင် သစ်တောထွက် ပစ္စည်းနှင့် ဆေးဝါးသယ်ဆောင်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုများနှင့် ဘင်္ဂလားလူမျိုးများ တရားမဝင် ခိုးဝင်လာမှုများ စသည်တို့သည် အကြိမ်ကြိမ် ဖြစ်ပွားနေသည်ကို သိရှိရကြောင်းလည်း ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

“တမူးနယ်စပ်ဖြစ်တဲ့ မိုရေးမြို့မှာဆိုရင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုတွေရဲ့အတိုင်းအတာဟာ လွန်စွာမှ ကြောက်ခမန်းလိလိ ဖြစ်နေပါတယ်။ မူးယစ်ဆေးဝါး ဝန်ဆောင်မှုပေးနေတဲ့ အိမ်ခြေပေါင်း၂ဝ ခန့်ဟာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတာကို ဒေသခံပြည်သူနှင့် အုပ်ချုပ်သူများ သိရှိကြပါတယ်။ နယ်စပ်မှာ ခြံစည်းရိုး ကာရံထားခြင်း မရှိသည့်အတွက် အချိန်မရွေး ဥဒဟိုဝင်ထွက် သွားလာနေကြခြင်း ရှိကြောင်းလည်း ဒေသခံ ပြည်သူတွေဆီက ကြားသိရပါတယ်။ မြန်မာဘက်မှ နယ်စပ်တာဝန်ရှိသူ ဝန်ထမ်းများ ကိုယ်တိုင်ပင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြခြင်း၊ ဘိန်းခန်းနေအိမ်များသို့ သွားရောက်၍ သုံးစွဲကြခြင်းတွေ ရှိနေပါတယ်”ဟု စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

ထို့ကြောင့် နားလည်မှု စာချွန်လွှာအား လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်းအားဖြင့် ယင်းပြဿနာများနှင့်  နှစ်နိုင်ငံနယ်နိမိတ် ပြဿနာများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်မည် ဖြစ်သဖြင့် ထောက်ခံပါကြောင်း ပြောကြားသည်။

မြန်မာ-အိန္ဒိယ နိုင်ငံနှစ်နိုင်ငံ နယ်စပ်ရေးရာများ ဆောင်ရွက်ရန် လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာတွင် နှစ်နိုင်ငံနယ် နိမိတ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှု ရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်၊ အကြမ်းဖက် တိုက်ခိုက်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု။ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် အခြားတရားမဝင် ကုန်သွယ်မှုများကို သတင်း ညှိနှိုင်းတိုက်ဖျက်ရန်၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ဖော်ဆောင်ရန်၊ နယ်စပ်ဒေသတွင် သတင်းဖလှယ်ခြင်းနှင့် ဟန်ချက်ညီ ကင်းလှည့်ခြင်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ်အား နှစ်ဦးနှစ်ဖက်က လေးစားလိုက်နာရန် စသည့်အချက်များ ပါဝင်သည်ဟု သိရသည်။ အဆိုပါ စာချွန်လွှာလက်မှတ် ရေးထိုးရန် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား လွှတ်တော်က အတည်ပြုခဲ့သည်။

(မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် လွှတ်တော်၌ ပြောကြားစဉ်)

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြန်မာ-အိန္ဒိယ တမူးနယ်စပ်တွင် နယ်စပ်တာဝန်ရှိသူများ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းနှင့် တစ်ဖက်နိုင်ငံရှိ ဘိန်းခန်းများသို့သွားကာ သုံးစွဲခြင်းများ ရှိနေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

ဇန်နဝါရီ ၁၇ ရက်က ပြည်ထောင်စု လွှတ်တော်တွင် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးရန် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာနှင့် ပတ်သက်၍ ဒေါ်ခင်မွှေးလွင်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မကြာခဏ အကြမ်းဖက် တိုက်ခိုက်မှုများ၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုများ၊ ရောင်းဝယ်ဖောက်ကားမှုများ၊ တရားမဝင် သစ်တောထွက် ပစ္စည်းနှင့် ဆေးဝါးသယ်ဆောင်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုများနှင့် ဘင်္ဂလားလူမျိုးများ တရားမဝင် ခိုးဝင်လာမှုများ စသည်တို့သည် အကြိမ်ကြိမ် ဖြစ်ပွားနေသည်ကို သိရှိရကြောင်းလည်း ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။

လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ ကတိပျက်ကွက်ခဲ့သည့် တပ်မတော် ဒုဗိုလ်မှူးကြီးတစ်ဦးအား အမှုဖွင့်အရေးယူပေးရန် တိုင်တန်း


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သဇင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ရှင်းဟုန်းဟော်တယ် အခန်းအမှတ်(၃၀၇)တွင် ယခုလ ၁၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်က လာရောက်တည်းခိုခဲ့သည့် ကျေးလက်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ညွှန်ကြား မှု ဦးစီးဌာန ဒုဦးစီးမှူး မ... အသက်(၂၅)နှစ်၊ (ဘ) ဦး...၉/ကပတ(နိုင်) .... ဆိုသူသည် သူမအား သားမ ယားအဖြစ် လက်ထပ်ပေါင်းသင်းမည်ဟုဆိုကာ ကတိပျက်ကွက်ခဲ့သည့် တပ်မတော် ဒုဗိုလ်မှူကြီး တစ်ဦးအား အမှုဖွင့်အရေး ယူပေးရန် ကလေးမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်တန်းချက်အား တာဝန်ကျ အမှုစစ်ရဲအရာရှိတစ်ဦးမှ စီစစ်၍ အမှုလက်ခံရာတွင် ကလေးမြို့၊ ခလရ( )တပ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ကိုယ်ပိုင်အမှတ် ကြည်း/ ...၊ ဒုဗိုလ်မှူးကြီး ..... ဆိုသူဖြစ်ကြောင်း ထိုရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးကဆိုသည်။
ထိုသူတို့နှစ်ဦးသည် ယခုလ ၁၄ ရက်နေ့က ရှင်းဟုန်း ဟော်တယ် အခန်းအမှတ်(၃၀၇)၌ အတူတကွတည်း ခိုနေထိုင်ခဲ့ ကြောင်း ဟော်တယ် မန်နေဂျာ ဦးခိုင်ပီးက ဧည့်စာရင်းမှတ်တမ်းများတွင် ရေးသွင်းထားခဲ့သည်။ ၎င်း ဧည့်စာရင်း မှတ်တမ်း မိတ္တူကိုလည်း အမှုစစ်ရဲအရာရှိမှ အမှုတွဲတည်ဆောက်နိုင်ရန် သက်သေခံပစ္စည်းအဖြစ် သိမ်းဆီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ထိုမျှမက အဆိုပါ ဟော်တယ်တွင် ဒုဗိုလ်မှူကြီး၏ မှတ်ပုံတင်ကဒ် နှင့် 09 – 0000000 နံပါတ်ပါ တယ်လီဖုန်းတစ်လုံး ကျန်းခဲ့သည်ဟု မ.. က ဆို သည်။

Related Posts Plugin for WordPress, Blogger...

ShareThis