menu

Thursday 19 September 2013

တစ်ချိန်က သိပံ္ပလွန်ဆိုသော အဖြစ်များ.... (ခင်မေဇော်(၀ါရှင်တန်ဒီစီ))

Photo: တစ်ချိန်က သိပံ္ပလွန်ဆိုသော  အဖြစ်များ
----------------
ခင်မေဇော်(၀ါရှင်တန်ဒီစီ)

သိပံ္ပအခြေပြု ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ပြများ၊ ၀တ္ထုများထဲတွင် လူများ၏လှုပ်ရှားမှုကို လုံးဝဥဿုံစောင့်ကြည့်နေသော စက် ကြီးများကို တွေ့ရသလို  အဆိုပါစက်ကို တီထွင်သူများထက်စက်ကကျော်လွန်သွားပြီးလူကိုပြန်လည်ချုပ်ကိုင်သည့် ဇာတ်
လမ်းမျိုးကြည့်ရဖူးပါသည်။ သိပ္ပံလွန်ကားဟုယူဆထားသဖြင့် အနာဂတ်တွင် မဖြစ်နိုင်သောအရာများကို စိတ်ကူးယဉ်ရိုက်ကူးထား
သဖြင့် ကြည့်၍အလွန်ကောင်းသော်လည်း ဖြစ်လာနိုင်မည်မဟုတ်ဟုယုံကြည်ခဲ့သည်။ သို့သော်ထိုယူဆချက်များအပေါ် သံသယဖြစ်စရာများတွေ့လာရသည်။ ယင်းမှာမိုဘိုင်းဆက်သွယ်မှုများပင်ဖြစ်သည်။

မိုဘိုင်းဖုန်းနံပါတ်ကိုသိလျှင် ထိုဖုန်းကိုင်ဆောင်ထားသူ ကမ္ဘာ့မည်သည့်အရပ်ဒေသ ရောက်နေသည်ကို ရှာဖွေနိုင်
သည့် နည်းပညာရှိလာသည်။ ထိုမိုဘိုင်းဖုန်းမှ မည်သည့်ဖုန်းကို အကြိမ်မည်မျှခေါ်ဆိုသည်၊ မည်မျှကြာအောင် ပြောဆိုသည် စသည့်
အချက်အတိအကျကလည်း ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတွင်ရှိနေသည်။ ထိုမှတစ်ဆင့် ဖုန်းစကားပြောသည့် အသံများ
ကို ဖမ်းယူနားထောင်နိုင်လာသဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များမရှိတော့ဟုပင် ဆိုရတော့မည်ဖြစ်သည်။

သာမန်အားဖြင့် ဖုန်းကုမ္ပဏီများက ၎င်းတို့ဝန်ဆောင်မှုကို အသုံးပြုသူများ၏ ခေါ်ဆိုမှုများကို လျှို့ဝှက်ထားရမည်ဖြစ်သော်လည်း အစိုးရအာဏာကြီးတစ်ရပ်က တောင်းဆိုလာလျှင်ပေးအပ်ရပေသည်။ နိုင်ငံအချို့တွင် အစိုးရက ဆက်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသဖြင့် ကုမ္ပဏီများကို တောင်းရန်မလိုပါ။ ၎င်းဘာသာပင် ဆက်သွယ်ရေးများကို စောင့်ကြည့်ရယူနိုင်ကြသည်။ အချို့နိုင်ငံများတွင် ပုဂ္ဂလိကကု မ္ပဏီများကသာ ၀န်ဆောင်မှုပေးသဖြင့် အစိုးရက တောင်းဆိုကြသည်လည်းရှိသည်။

ထို့ကြောင့် အင်တာနက် အသုံးပြုသော မိုဘိုင်းဖုန်းကို ပြည်သူများ ဆိတ်ကွယ်ရာမရှိတော့ဟုပင် ပြောနိုင်သည်။ မိမိ၏ လွတ် လပ်ခွင့်များထိပါးခံလာရသည်။ ဤသည်ကားခေတ်မီနည်းပညာသုံး မိုဘိုင်းဖုန်း၏ ထိုးနှက်ရိုက်ခတ်မှုတစ်ခုပင် ဖြစ်သည်။

လတ်တလော ဥပမာတစ်ခု ကို ကြည့်လျှင်အမေရိကန်နိုင်ငံက ဗယ်ရိုင်ဇုန်ဖုန်းကုမ္ပဏီဖြစ်သည်။ အမေရိကန်နိုင်ငံအတွင်း အကြမ်း ဖက်မှုများဖြစ်လာပြီးနောက်ပိုင်း အမေရိကန်ဗဟိုစုံစမ်းစစ်ဆေးရေးရုံး အက်ဖ်ဘီအိုင်က လူများ၏ ဆက်သွယ်မှုကိုစောင့်ကြည်နိုင်ရန် မိုဘိုင်းဖုန်းများကိုထိုးဖောက်လာသည်။ အမေရိကန်၏ အကြီး ဆုံးဖုန်းကုမ္ပဏီဖြစ်သည့် ဗယ်ရိုင်ဇုန်သုံးသူထဲမှ မသင်္ကာသူများကို တရားရုံးအမိန့်ဖြင့် ၎င်းတို့၏ ဆက်သွယ်မှုကို နေ့စဉ်စောင့်ကြည့်နားထောင်လာခဲ့သည်။ ယခုနှစ် ဧပြီမှ ဇူလိုင်လအထိ တရားရုံးကခွင့် ပြုခဲ့ပြီးသန်းနှင့်ချီသောအမေရိကန်ပြည်သူများအကြားဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ဖမ်းယူခဲ့သည်ဟုဆိုသည်။ နိုင်ငံလုံခြုံရေးအတွက် လိုအပ်ချက်ဖြစ်သော်လည်း မသက်ဆိုင်သူများကြားမှ ကိုယ်ရေးကိုယ်တာများဖောက်ထွင်းခံရသည်ဟု လူမှုလွတ်လပ်ခွင့်အရေးတောင်းဆိုသူများကပြောဆိုကြသည်။ မိုဘိုင်းဖုန်း၏ လုံခြုံမှုနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေမှုများ လည်းထွက်ပေါ်လာသည်။ နောက်ဆုံးအဖြေမှာ မိုဘိုင်း၊ အင်တာနက်စသည့်အရာအားလုံးအတွက် လုံခြုံရေးကိုမည်သူမှ အ ပြည့်အ၀ အာမမခံနိုင်ဆိုသော အဖြေသာဖြစ်သည်။ နည်းပညာတိုးတက်မှုကိုလူတို့၏ လွတ်လပ်ခွင့်နှင့်အလဲအလှယ်ပြုနေရသည်ဟုပင် ဆိုရပေတော့မည်။

သိပံ္ပအခြေပြု ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ပြများ၊ ၀တ္ထုများထဲတွင် လူများ၏လှုပ်ရှားမှုကို လုံးဝဥဿုံစောင့်ကြည့်နေသော စက် ကြီးများကို တွေ့ရသလို အဆိုပါစက်ကို တီထွင်သူများထက်စက်ကကျော်လွန်သွားပြီးလူကိုပြန်လည်ချုပ်ကိုင်သည့် ဇာတ်
လမ်းမျိုးကြည့်ရဖူးပါသည်။ သိပ္ပံလွန်ကားဟုယူဆထားသဖြင့် အနာဂတ်တွင် မဖြစ်နိုင်သောအရာများကို စိတ်ကူးယဉ်ရိုက်ကူးထား
သဖြင့် ကြည့်၍အလွန်ကောင်းသော်လည်း ဖြစ်လာနိုင်မည်မဟုတ်ဟုယုံကြည်ခဲ့သည်။ သို့သော်ထိုယူဆချက်များအပေါ် သံသယဖြစ်စရာများတွေ့လာရသည်။ ယင်းမှာမိုဘိုင်းဆက်သွယ်မှုများပင်ဖြစ်သည်။

မိုဘိုင်းဖုန်းနံပါတ်ကိုသိလျှင် ထိုဖုန်းကိုင်ဆောင်ထားသူ ကမ္ဘာ့မည်သည့်အရပ်ဒေသ ရောက်နေသည်ကို ရှာဖွေနိုင်
သည့် နည်းပညာရှိလာသည်။ ထိုမိုဘိုင်းဖုန်းမှ မည်သည့်ဖုန်းကို အကြိမ်မည်မျှခေါ်ဆိုသည်၊ မည်မျှကြာအောင် ပြောဆိုသည် စသည့်
အချက်အတိအကျကလည်း ဖုန်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတွင်ရှိနေသည်။ ထိုမှတစ်ဆင့် ဖုန်းစကားပြောသည့် အသံများ
ကို ဖမ်းယူနားထောင်နိုင်လာသဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များမရှိတော့ဟုပင် ဆိုရတော့မည်ဖြစ်သည်။

နာမည်ကြီးဟိုတယ်အခန်းတွင်း ကင်မရာကိစ္စသတင်းပျံ့နှံ့မှု အဆုံးမသတ်နိုင်သေး

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့်တည်းခိုခန်းများရှိ အိပ်ခန်းများ၌ ဗီဒီယိုကင်မရာများအား ထားရှိကာ အဆိုပါ ဗီဒီယိုဖိုင် များကို အင်တာနက်နှင့် လူမှုကွန်ရက်အတွင်း၌ ပျံ့နှံ့သွားပါက ကာယကံရှင်များမှ အဆိုပါကိစ္စအား ကျေနပ်မှု မရှိပါက တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊  ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဟိုတယ်တွေမှာ လုံခြုံရေးအရCCTV တပ်ခွင့်ပေးထားပေမယ့်၊ အိပ်ခန်းတွေထဲမှာတော့ တပ်ခွင့်မရှိဘူး၊ ကိုယ့် ညစ်ညမ်းပုံတွေအပါအ၀င် ကိုယ့်ရဲ့ အတွင်းရေးကိစ္စတွေ အပြင်မှာပျံ့နှံ့သွားပြီဆိုအရင် အသရေဖျက်မှုနဲ့ တရားစွဲလို့ ရသလို အခြားပုဒ်မတွေနဲ့လည်း တရားစွဲမယ်ဆို စွဲနိုင်ပါတယ် ဟု ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့ခြင်းဖြစ်သည်။
 ယခုရက်ပိုင်းအတွင်း အင်တာနက်လိုင်းများ၌ ပျံ့နှံ့နေသည့် ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုမှ လျှို့ဝှက်ကင်မရာတပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းနှင့်ပတ်သက်၍ ဟိုတယ်လုပ်ငန်းမှ အမျိုးသမီးတစ်ဦးကလည်း ယခုကဲ့သို့ဆိုထားသည်။
  သတင်းတွေကတော့ အပြင်မှာပျံ့နေတယ်၊ ကျွန်မတို့အနေနဲ့ အခုအချိန်မှာ ဘာမှ အတည်မပြုနိုင်သေးပါဘူး ဟု ရန်ကုန်ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုမှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိအမျိုးသမီးတစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆေးထိုးမှား၍ ဒုက္ခတဖြစ်ရသည်ဟုဆိုကာ ဆရာဝန်ကို အမှုဖွင့်

ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၅ မိနစ်

ရွှေပြည်သာတွင် ကလေးငယ်တစ်ဦးဆေးထိုးမှား၍ ဒုက္ခိတဘ၀ရောက်ရသည်ဟုဆိုကာ ဆရာဝန်တစ်ဦးကို အရေးယူပေးရန် တိုင်တန်းလိုက်သဖြင့် လှော်ကားနယ်မြေရဲစခန်းက စက်တင်ဘာ ၁၇ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ကလေးငယ်၏ ဖခင်ဖြစ်သူရွှေပြည်သာမြို့နယ်နေ ဦးမောင်ဇော်က အရေးယူပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်းဖြစ်သည်။

တရားလို၏ ဇနီးဖြစ်သူဒေါ်ချစ်အေးက အသက်လေးနှစ်ခန့်ရှိ သမီးဖြစ်သူ မစုပြည့်စုံ ကိုယ်ပူဖျားနေသဖြင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုသို့ မေလ ၇ ရက်က သွားရောက်ပြသခဲ့သည်ဟု ဆိုထားသည်။

ဖုန်းကံစမ်းမဲပေါက်သည်ဆိုပြီး ဘုန်းကြီးကိုပါ လိမ်လည်ရန်ကြိုးပမ်း

ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၂ မိနစ်

တယ်လီဖုန်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ငွေကြေးလိမ်လည်သူများက ဘုန်းကြီးတစ်ပါးကိုလည်း လိမ်လည်ရန် ကြိုးပမ်းခဲ့သည့်အတွက် ဗဟန်းရဲစခန်းက စက်တင်ဘာ ၁၇ ရက်တွင် အမှုဖွင့်ပြီး တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါအမှုကို ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်ရပ်၊ ရွှေဂုံတိုင်လမ်း၊ သဒ္ဓမ္မ၀ံသ ကျောင်းဆရာတော် ဦးတိလောက က အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်က ၄င်းဖုန်းဆီသို့ ၀၉ ၄၃--------ဖုန်းနံပါတ်ဖြင့် ဆက်သွယ်လာပြီး ငွေသိန်း(၄၅၀) တန်ဖုန်း ကံစမ်းမဲပေါက်ကြောင်း ပြောကြားမှုရှိလာသည်ဟု အမှုဖွင့်ရာတွင် ဆရာတော်က ထွက်ဆိုထားသည်။

နန်းခင်ဇေယျာ၏ ပထမဆုံးပီဒီယိုဇာတ်ကားကို နိုဝင်ဘာလတွင် စတင်ရိုက်ကူးမည်

ပန်းမြတ်ဇော် | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၀ မိနစ်

နန်းခင်ဇေယျာရဲ့ ပထမဆုံးပွဲဦးထွက် ဗီဒီယိုဇာတ်ကားကို နိုဝင်ဘာလအတွင်းစတင်ရိုက်ကူးမည်ဖြစ်ပြီး ယခုအခါတွင် ယင်းဇာတ်ဝင်ခန်းမအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း နန်းခင်ဇေယျာက မဇ္ဈိမသို့ ပြောသည်။

ယင်းဗီဒီယိုဇာတ်ကားမှာ စာရေးဆရာမ ယဉ်မင်းဦး(ဆေးတက္ကသိုလ်) ၏ ထင်ရှားသည့် “အက်တိုးပစ် အပျိုစင်” ၀တ္ထုဖြစ်ပြီး မင်းခိုက်စိုးစံက ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ခန့်စည်သူ၊ နန်းခင်ဇေယျာတို့ဖြင့် ရိုက်ကူးမည်ဖြစ်သည်။

ထောင်တွင်းအကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်းပန်းမှု မပြုလုပ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သတိပေးပြောကြား

Photo: ထောင်တွင်းအကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်းပန်းမှု မပြုလုပ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သတိပေးပြောကြား
========================================

 ထောင်အာဏာပိုင်များနှင့် အစိုးရ ဝန်ထမ်းများအနေဖြင့် ထောင်တွင်း အကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်း ပန်းမှု မပြုလုပ်ရန် သတိပေး လိုကြောင်း နိုင်ငံရေး အကျဉ်းသားများအဖွဲ့မှ ကိုညိုထွန်းက ပြောသည်။

၎င်းတို့အနေနှင့် ယခင် နှစ်နှစ် ဆယ်အတွင်း နိုင်ငံရေးအကျဉ်းသား အဖြစ် ကျခံစဉ် ရိုက်နှက်ညှဉ်းပန်းခံရမှု များရှိခဲ့ပြီး လက်ရှိတွင် ယင်းကဲ့သို့ အခြေ အနေများ ထပ်မံ မဖြစ်ပွားစေရန် အတွက် သတိပေးခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ထို့ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်း သားများ သပိတ်တိုက်ပွဲ ၂၃ နှစ်ပြည့် ကိုလည်း ယခုလ ၂၅ ရက်နေ့တွင် အခမ်းအနားအဖြစ် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

”ဒီအခမ်းအနားကို အာဃာတ တစ်ခုအနေနဲ့ လုပ်တာမဟုတ်ပါဘူး။ တကယ်ဖြစ်ခဲ့တဲ့ အမှန်တရားတစ်ခုကြီး ကို အမှတ်ရစေဖို့ပါ” ဟု ကိုညိုထွန်းက စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် အခမ်းအနားကျင်းပရေး စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြား သည်။

အင်းစိန်ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ ထောင်တွင်း သပိတ် တိုက်ပွဲမှာ အင်းစိန်ထောင်သမိုင်းတွင် နိုင်ငံရေးအရ ထောင်တစ်ခုလုံးနီးပါး ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများအား ထောက်လှမ်းရေးနှင့် အင်းစိန်ထောင် ရှိ အစိုးရဝန်ထမ်းများမှရိုက်နှက် ညှဉ်း ပန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းအချိန်တွင်း အကျဉ်းကျ ခံခဲ့ရသူ အချို့က ရှင်းလင်းပွဲတွင် ပြောသည်။

ယင်းအတွက် အထိမ်းအမှတ် အခမ်းအနားတစ်ခု အဖြစ် ကျင်းပသွား မည်ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့် ကိစ္စများ အပေါ် အစိုးရမှ တစ်စုံတစ်ရာအနေနှင့် လည်း ပြန်ဖြေရှ င်းပေးစေလိုခြင်း ပုံစံ မျိုးမရှိကြောင်း ကိုညိုထွန်းက ထပ် လောင်း ပြောသည်။

”နှိပ်စက်ညှဉ်းပန်းမှုတွေ မရှိဖို့ သတိပေးတဲ့အနေနဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်တာပါ။ ကျန်တဲ့ရည်ရွယ်ချက် မရှိ ပါဘူး” ဟု ၄င်းကဆိုသည်။

၁၉၈၉-၁၉၉ဝ ခုနှစ်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ဆန္ဒပြ အကျဉ်းသားဦးရေ ၁ဝဝဝ နီးပါးခန့်ရှိ ခဲ့ပြီး ယခုကျင်းပမည့် အထိမ်းအမှတ် အခမ်းအနားကို ပြန်လည် လွတ်မြောက် လာခဲ့သည့် နိုင်ငံရေး အကျဉ်းသား များ နှင့် သေဒဏ်ချမှတ်ခံရပြီး ပြန်လည် လွတ်မြောက်လာသူများ ပူးပေါင်းကျင်းပ သွားမည် ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်နေ့၌ ကော့ သောင်းအကျဉ်းထောင်တွင်း ဆူပူမှု များ ဖြစ်ပွားခဲ့ပြီး ဟင်္သာတအကျဉ်းထောင် ၌လည်း စက်တင်ဘာ ၁၄ ရက်နေ့တွင် တရားရင်ဆိုင် ဆဲ အကျဉ်းသားလေးဦး က အစာငတ်ခံ ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့သည်။

အောင်ထက် (NYK) ၊ သုတလင်း

ထောင်အာဏာပိုင်များနှင့် အစိုးရ ဝန်ထမ်းများအနေဖြင့် ထောင်တွင်း အကျဉ်းသားများအပေါ် ရိုက်နှက်ညှဉ်း ပန်းမှု မပြုလုပ်ရန် သတိပေး လိုကြောင်း နိုင်ငံရေး အကျဉ်းသားများအဖွဲ့မှ ကိုညိုထွန်းက ပြောသည်။

၎င်းတို့အနေနှင့် ယခင် နှစ်နှစ် ဆယ်အတွင်း နိုင်ငံရေးအကျဉ်းသား အဖြစ် ကျခံစဉ် ရိုက်နှက်ညှဉ်းပန်းခံရမှု များရှိခဲ့ပြီး လက်ရှိတွင် ယင်းကဲ့သို့ အခြေ အနေများ ထပ်မံ မဖြစ်ပွားစေရန် အတွက် သတိပေးခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ထို့ကြောင့် ၁၉၈၉-၁၉၉ဝ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်း သားများ သပိတ်တိုက်ပွဲ ၂၃ နှစ်ပြည့် ကိုလည်း ယခုလ ၂၅ ရက်နေ့တွင် အခမ်းအနားအဖြစ် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

တရုတ်မောင်းသူမဲ့လေယာဉ်များကို လိုအပ်လာလျှင်ပစ်ချသွားမည်ဟု ဂျပန်ပြောကြား

၁၉-၉-၂၀၁၃

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ နှင့် ပိုင်နက် အငြင်းပွား မှုများ ဖြစ်ပွားနေသည့် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ကျွန်းများ တစ်ဝိုက်တွင် တရုတ် မောင်းသူမဲ့ လေယာဉ်များ ပျံသန်းမှုကို တွေ့ရှိလျှင် ပစ်ချသွား မည်ဟု ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန် ပြောကြား ခဲ့ကြောင်း သိရသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ၏အဆိုအရ အရှေ့တရုတ် ပင်လယ်ပြင်ရှိ အငြင်းပွားမှု များ ဖြစ်ပွား နေသည့် ရေပြင် တစ်ဝိုက်တွင် စက်တင်ဘာ ၉ ရက်က အမျိုးအမည် သတ်မှတ် နိုင်ခြင်း မရှိသည့် မောင်းသူမဲ့ လေယာဉ် တစ်စီးကို ရှာဖွေ တွေ့ရှိခဲ့ သဖြင့် ဂျပန် လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ (လေတပ်) တိုက်လေယာဉ် များဖြင့် ကြားဖြတ် တိုက်ခိုက်မှု ပြုလုပ်ရန် အရေးပေါ် ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း ၊ ၄င်းမောင်းသူမဲ့ လေယာဉ်သည် ဘေဂျင်း အခြေစိုက် လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေရှင်း မှ ထုတ်လုပ်ခဲ့သည့် Wing Loong အမျိုးအစား မောင်းသူမဲ့ လေယာဉ် (သို့မဟုတ်) PLA ၏ အခြား မောင်းသူမဲ့ ကင်းထောက်ယာဉ် တစ်စင်း ဖြစ်နိုင်ကြောင်း တိုက်လေယာဉ်မှူး များက သတင်းပို့ ခဲ့သည်ဟု သိရသည်။

ဓါတုတိုက်ခိုက်မှုကို သူပုန်တွေလုပ်တာလို့ ရုရှားဆို

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ဆီးရီးယားနိုင်ငံ ဒမာ့စကပ်မြို့နားမှာ ပြီးခဲ့တဲ့လက ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုတွေကို ဆီးရီးယား သူပုန်တွေက လုပ်ခဲ့တာ ဆိုတဲ့ အထောက်အထားသစ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထံ သူတင်ပြမယ်လို့ ထုတ်ဖေါ်ပြောလိုက်ပါတယ်။

အမေရိကန် အစိုးရကတော့ အရပ်သား ရာပေါင်းများစွာကို အဆိပ်ဓါတ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့မှုမှာ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေကသာ တာဝန်ရှိတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုဘူးလို့ ပြောနေပါတယ်။

ဒါပေမယ့်လည်း ရုရှားတို့က ဒီကိစ္စဟာ သူပုန်တွေရဲ့ လက်ချက်ဆိုတာကို ဖေါ်ပြနေတဲ့ သက်သေ အထောက်အထားသစ်တွေကို ဆီးရီးယား အစိုးရက သူတို့ကို ပေးထားပြီးပြီလို့ ဆိုပါတယ်။

ယခင် Day Club များနှင့် ပါတီပွဲများ ပြုလုပ်ခဲ့သည့် နေရာများကို ရဲတပ်ဖွဲ့က အမြဲတမ်း စောင့်ကြည့်နေပြီး ဖွင့်လှစ်ခဲ့ပါက ပိုင်ရှင်နှင့် စီစဉ်သူကို အရေးယူမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခင်က Day Club နှင့် Day ပါတီပွဲများ ပြုလုပ်ခဲ့သည့် နေရာများကို ရဲတပ်ဖွဲ့က အမြဲတမ်း စောင့်ကြည့်နေပြီး ပြုလုပ်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ဆိုင်ပိုင်ရှင်နှင့် ပွဲစီစဉ်သူကို အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယခင်က Day Club နှင့် Day ပါတီပွဲများ ပြုလုပ်ခဲ့သည့် နေရာများမှာ အနည်းဆုံး ငါးနေရာမှ ၁၀ နေရာအထိ ရှိကြောင်း သိရသည်။
အရင်က Day Club ဖွင့်ခဲ့တဲ့ နှစ်နေရာရှိတယ်။ အဲဒီနေရာကို အမြဲတမ်း စောင့်ကြည့်နေတယ်။ အရင်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဒီလုပ်ငန်းတွေ လုပ်နေတယ်။ အခုတော့ အမိန့်စာ ထုတ်ထားတဲ့အတွက် ထိရောက်စွာ အရေးယူနေပါပြီ။ ဖမ်းဆီးရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ကျောင်းနေအရွယ် ကလေးတွေ ပျက်စီးလာတာတွေကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွင့်တယ်လို့ စစ်ဆေးတွေ့ရှိရ
င်တော့ ပိုင်ရှင်၊ ပွဲစီစဉ်သူနဲ့ ကျင်းပခဲ့တဲ့နေရာကို နှစ်အကန့်အသတ်နဲ့ ပိတ်သွားပါမယ်...

နိုင်ဂျီးရီးယားနိုင်ငံတွင် လွှတ်တော်အတွင်း အမတ်အချင်းချင်း ထိုးကြိတ်မှုဖြစ်ပွား

နိုင်ဂျီးရီးယားနိုင်ငံ၏ အာဏာရပါတီ ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ် ပါတီ(ဏီဏ)တွင် အုပ်စု ကွဲခဲ့ပြီး နောက် နိုင်ငံရေးသမားများ အ ပြန်အလှန် လက်သီးထိုးပွဲဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ရက်သတ္တခုနစ်ပတ်ကြာ ရပ် နားထားခဲ့သော အောက်လွှတ် တော်အစည်းအဝေး ပြန်လည် စတင်စဉ် ယခုကဲ့သို့လက်သီးထိုး ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းများတွင်ဖော်ပြချက် အရ သမ္မတဂွတ်လပ်ဂျိုနသန်ကို သစ္စာစောင့်သိသော လွှတ်တော် အမတ်များက အော်ဟစ်လှောင် ပြောင်ရာမှ ပြိုင်ဘက်များကို မခံ မရပ်နိုင်ဖြစ်စေကာ အပြန်အလှန် လက်သီးထိုး ပွဲပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။အောက်လွှတ်တော်ရှိ အုပ် စုသစ်က သမ္မတဂျိုနသန်အနေ နှင့် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုး ပမ်းနေခြင်းကို လိုလားခြင်းမရှိ ကြဟု သိရသည်။ သမ္မတဂျိုနသန် က ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ရန် ယခုအချိန်အထိပြော ကြားခြင်းမရှိသေးသော်လည်း သူ၏ဇနီးအပါအဝင် မဟာမိတ် အချို့တို့က သမ္မတဂျိုနသန်အ တွက် မဲဆွယ်စည်းရုံးမှုကိုစတင် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် အလွဲသုံးစားလုပ်သည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်

Photo: ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် အလွဲသုံးစားလုပ်သည့် အုပ်ချုပ်ရေးမှူးများကို အရေးယူမည်

ရန်ကုန်၊ စက်တင်ဘာ ၁၈

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေသည်ဟု ဆိုထားသော ကျပ် ၁၅၀၀ တန်တယ်လီဖုန်း ဆင်းမ်ကတ်များကို မဲနှိုက်ရောင်းချခြင်း မပြုဘဲ အလွဲသုံးစားလုပ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို နာမည် အတိအကျဖြင့် တိုင်ကြားလာပါက အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။ 

၁၅၀၀ ကျပ်တန် တယ်လီဖုန်း ဆင်းမ်ကတ်များ ချထားပေးမှုတွင် မသမာမှုများ ရှိနေသည်ဟု ကြားသိရသောကြောင့် အလွဲသုံးစားလုပ်သူ ကျေးရွာ၊မြို့နယ် အုပ်ချုပ်ရေးမှူးများကို နာမည် အပြည့်အစုံနှင့် တိုင်ကြားသင့်ပြီး အချက်အလက် မှန်ကန်ပါက အရေးယူမည် ဖြစ်ကြောင်း ဦးအောင်ခင်က ဆိုသည်။

“အပြင်ဆိုင်တွေမှာ ပြန်သွင်းတာတွေကို စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လမ်းမတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ၁၅၀၀ ကျပ်တန်တယ်လီဖုန်း ဆင်းမ်ကတ်များကို တစ်အိမ်ထောင် တစ်လုံးရရှိရေး ဆောင်ရွက်ရာတွင် ခွဲတမ်း အားလုံးကို မဲဖောက်ရောင်းချခြင်း မရှိသည်ကို တွေ့ရှိနေသောကြောင့် သာလွန်ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

အချို့ရပ်ကွက်များတွင် ဖုန်းခွဲတမ်း ရရှိပြီးသော်လည်း ဆက်လက်မဲနှိုက်ခွင့် ရရှိနေသည်ကို တွေ့နေရသောကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ အရေးယူသင့်ကြောင်း လမ်းမတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောကြားသည်။

၂၀၁၅ တွင် မိုဘိုင်းလ် ဆက်သွယ်ရေး ကွန်ရက်များကို တစ်နိုင်ငံလုံး ၅၀ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရန် အတွက် ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ ၁၅၀၀ တန် ဆင်းမ်ကတ် သုံးသိန်းငါးသောင်းကို လစဉ် ချထားပေးလျက်ရှိပြီး အစိုးရဌာနများတွင်လည်း သက်ဆိုင်ရာဌာနအလိုက် ချထားပေးလျက် ရှိကြောင်း တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ဆိုသည်။

(ဟိန်းသွင်ထက်)

ရန်ကုန်၊ စက်တင်ဘာ ၁၈

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အစီအစဉ်ဖြင့် ရောင်းချပေးနေသည်ဟု ဆိုထားသော ကျပ် ၁၅၀၀ တန်တယ်လီဖုန်း ဆင်းမ်ကတ်များကို မဲနှိုက်ရောင်းချခြင်း မပြုဘဲ အလွဲသုံးစားလုပ်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို နာမည် အတိအကျဖြင့် တိုင်ကြားလာပါက အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

၁၅၀၀ ကျပ်တန် တယ်လီဖုန်း ဆင်းမ်ကတ်များ ချထားပေးမှုတွင် မသမာမှုများ ရှိနေသည်ဟု ကြားသိရသောကြောင့် အလွဲသုံးစားလုပ်သူ ကျေးရွာ၊မြို့နယ် အုပ်ချုပ်ရေးမှူးများကို နာမည် အပြည့်အစုံနှင့် တိုင်ကြားသင့်ပြီး အချက်အလက် မှန်ကန်ပါက အရေးယူမည် ဖြစ်ကြောင်း ဦးအောင်ခင်က ဆိုသည်။

“အပြင်ဆိုင်တွေမှာ ပြန်သွင်းတာတွေကို စုံစမ်းစစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။

ဘောလုံးပွဲပြသမည့် MNTV တစ်လအတွင်း ရိုးရိုးအင်တင်နာဖြင့် ကြည့်နိုင်မည်

Thursday, September 19, 2013

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ပရီးမီးယား လိဂ်ပွဲစဉ်များကို တစ်ပတ်လျှင် လေးပွဲခန့် ပြသမည့် MNTV အခမဲ့ရုပ်သံလိုင်းကို တစ်လအတွင်း ရိုးရိုးအင်တင်နာ (Analog Antenna) များဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းနိုင်က ပြောကြားသည်။

“Digital စနစ်နဲ့က လွှင့်နေတာ ကြာပါပြီ။ Analog စနစ်နဲ့လွှင့်ဖို့က အင်တင်နာ တပ်ဆင်တဲ့ အပိုင်းလေးပဲ ကျန်တော့တယ်။ လပိုင်းအတွင်း ပြီးမယ်။ တစ်လလောက်လည်း ဖြစ်ရင် ဖြစ်သွားမှာပေါ့ ဗျာ။ နှစ်လလောက်တော့ မကြာနိုင်ဘူး။ ရက်ကိုတော့ အတိအကျ မသိနိုင်သေးတော့ မပြောနိုင်သေးဘူး” ဟု ၎င်းကပြောဆိုသည်။

Sky Net ရုပ်သံလိုင်းက လက်ရှိ Digital Free to Air စနစ်ဖြင့်သာ ထုတ်လွှင့်နေသောကြောင့် MNTV အခမဲ့ ရုပ်သံလိုင်းကို Sky Net ရုပ်သံဖမ်းစက် ရှိသူများသာ ကြည့်ရှုနိုင်ပြီး မကြာမီ ရိုးရိုးအင်တင်နာများဖြင့် ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

ခင်ဦး-မုံရွာသွား မီးရထား(လူစီးလော်ကယ်) ရထားမောင်းကျွမ်းကျင်မှုကြောင့် အန္တရာယ်မှလွတ်မြောက်


ခင်ဦး-မုံရွာ မီးရထားလမ်းရှိ တံတားအမှတ်(၃၀၆)မှာ ရေတိုက်စား ၍ ပျက်စီးနေသော်လည်း ရထားစက် ခေါင်းမောင်း၏ သတိနှင့်လုပ်ငန်း အတွေ့အကြုံအရခရီးသည် ၂၀၀ ခန့် ၏ အသက်နှင့် ရထားပျက်စီးဆုံးရှုံးမှုတို့ ဘေးအန္တရာယ်ကြားမှ ကာကွယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးဘူတာမှ မီးရထားစက်ခေါင်း အမှတ် (DD-၉၄၉)၊ ရထားအမှတ် (၆၀) အစုန် လူစီးလော်ကယ်ရထားမှာ စက်ခေါင်းမောင်း(၂) ဦးခင်ဦး၊ လက်ထောက်(၁) ဦးအောင်ကျော်ဦး၊ ရထားထိန်း ဦးအောင်မြင့် ခိုင်တို့သည် စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီ တွင် မုံရွာသို့ စတင်ထွက်ခွာလာခဲ့ ကြောင်း၊ မိုးမှောင်ကျနေပြီး အလင်း ရောင် ထင်ထင်ရှားရှား မမြင်ရသေး၍ ရှေ့မီးမောင်းကြီးဖွင့်လျက် မောင်းနှင် လာခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ် တွင် မိုင်တိုင်အမှတ် (၅၂၁/၁-၂) ကြားတွင်ရှိသော တံတားအမှတ် (၃၀၆) မူးတိမ်ချောင်းတံတားအနီး ရှေ့မီးရောင် အဆုံး၌ တံတားပေါ်ရှိ သံလမ်းအနည်းငယ်ကွေးပြီး နိမ့်နေ ကြောင်း စက်ဗိုလ်က မူမမှန်သော မြင်ကွင်းကို သိရှိရ၍ အန္တရာယ် အနေအထားဟု အမြန်ဆုံး ဆုံးဖြတ် ချက်ချကာ တွဲဆိုင်းဘရိတ်အား အသုံးပြုပြီး ရထားကို အမြန်ဆုံး ရပ်တန့်ခဲ့ရာ တံတားအနီးပေ ၂၀ ခန့် အကွာ၌ ရထားအားရပ်တန့်နိုင်ခဲ့ ကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

တောင်ဥက္ကလာပမြို့နယ်တွင် စတိုးဆိုင်အတွင်းဝင်ရောက်ကာ ဓါးဖြင့်ထိုးသူနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာအရုပ်ဝယ်ယူလိုကြောင်းပြောဆိုသဖြင့်
ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ် အဆိုပါအမျိုးသားမှ
ကောင်တာတွင်ထိုင်နေသည့်  အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း၊ဒေါ်ခိုင်သဇင်မျိုးမှ သူခိုး၊သူခိုးဟုအော်ပြီး နောက်မှလိုက်စဉ် အဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်
ကျော်ခန့်၌ ရပ်ထားသည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့
တက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်
တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ 
ဝဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်း ခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ၃၂၆ ဖြင့်
အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ချက်ဖြင့် ရဲမှူးသိန်းလွင်မှအနီးကပ်ကြီးကြပ်၍ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ
တပ်ဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သည့်
ပူးပေါင်းအဖွဲ့မှ အမှုနှင့်ပတ်သက်၍စုံစမ်းရရှိသည့် သတင်း
အချက်အလက်များ၊  အထောက်အထားရှာဖွေတွေ့ရှိချက်များအရ ၁၈.၉.၂၀၁၃ ရက်နေ့တွင် ပြစ်မှုကျူး လွန်သူများဖြစ်သည့်
ကြေးစား မြင့်အေး(ဘ)ဦးဖိုးကြည်၊ (လိပ်စာအတည်တကျမရှိသူ)နှင့် ဒါးပိန်မြို့နေသူများဖြစ်သည့် စီစဉ်ပေးသူလှမောင်(ဘ)ဦးသောင်းငွေ၊
ငွေပေးစေခိုင်းသူ သားအဖဖြစ်သည့် ဦးပေါက်(ခ)မြင့်လွင်၊(ဘ)ဦးပုနှင့်
၎င်း၏သားဖြစ်သူ ဇင်သန့်(ခ)ဇင်သန့်အောင် တို့(၄)ဦးအား စုံစမ်းရှာဖွေကာအသီးသီးဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်
စဉ်က အသုံးပြုခဲ့သည့် စူပါရုဗင် (တက္ကစီ)ယာဉ်နှင့် အခြားဆက်စပ်သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးရာ အမှုမှ ဓါးဖြင့်ထိုးခြင်းခံရသူ
ဒေါ်မြင့်မြင့်ရှိန်နှင့် စားသောက်ဆိုင် ကိစ္စစကားများကာ
တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင်အပြန်အလှန်အမှုရင်ဆိုင်နေသူ
မြင့်လွင် (ဒေါ်မြင့်မြင့်ရှိန်၏အစ်မဖြစ်သူဒေါ်ခင်ခင်စိန်၏ခင်ပွန်း) နှင့်
သားဖြစ်သူ ဇင်သန့်အောင်တို့သည် အမှုရှုံးမည် စိုးသောကြောင့်  လှမောင်(မြင့်လွင်နှင့်ညီအစ်ကိုဝမ်းကွဲတော်သူ)နှင့် တိုင်ပင်ခဲ့ပြီး 
လှမောင် မှလူငှား၍သတ်ရန်အကြံပေးကာ မြင့်အေးနှင့် ဆက်သွယ်
ပေးခဲ့ကြောင်း၊ (၆)လပိုင်းအတွင်းက လှမောင်မှ ထောက်ကြန့်လမ်းဆုံ
အနီးရှိ ဘီယာဆိုင်တွင် မြင့်လွင်နှင့် ဇင်သန့်အောင်တို့အား မြင့်အေးနှင့်
တွေ့ဆုံပေးကာ ဒေါ်မြင့်မြင့်ရှိန်အားသတ်ရန် ငွေကျပ်သိန်း(၅၀)ဖြင့်
ဈေးသတ်မှတ်ခဲ့ကြပြီး စရံအဖြစ်ငွေကျပ်(၄)သိန်းအား (၂)ခါခွဲပေး
ခဲ့ပြီးနောက် ဒေါ်မြင်မြင့်ရှိန်နှင့်ဈေးဆိုင်တို့အားမှတ်မိစေရန် မြင့်အေးအား (၂)ကြိမ်လိုက်လံပြသပေးခဲ့ကြောင်း၊ အချင်းဖြစ်နေ့ တွင်လှမောင်မှ
မြင့်အေးအားဆက်သွယ်ချိန်းဆိုပြီး ဇင်သန့်အောင်မှ ၎င်းပိုင် စူပါရုဗင်(တက္ကစီ)ယာဉ်အားမောင်းနှင်ကာ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေးရှေ့၊ သုမင်္ဂလာလမ်းပေါ်တွင် မြင့်အေးအား သွားရောက်
ခေါ်ဆောင်ခဲ့ကြောင်း၊ ဇင်သန့်အောင်မှလမ်းတွင် ၎င်း၏ယာဉ်နံပါတ်ကို တိပ်ဖြင့်ကပ်ကာအုပ်ထားခဲ့ကြောင်း၊ ဒေါ်မြင့်မြင့်ရှိန် နေထိုင်သည့် စတိုးဆိုင်အနီး သို့မြင့်အေးအား ပို့ဆောင်ပေးကာ လှမောင် နှင့်
ဇင်သန့်အောင်တို့မှ ယာဉ်ပါ်၌ အသင့်စောင့်နေခဲ့ကြကြောင်း၊
မြင့်အေးမှ ဒေါ်မြင့်မြင့်ရှိန်အား ဓါးဖြင့်ထိုးခဲ့ကာ ယာဉ်ရှိရာသို့ပြန်ပြေး
လာပြီး မောင်းနှင်ထွက်ပြေးလာခဲ့ကြကြောင်း၊ ယာဉ်ပေါ်၌
မြင့်အေးအား ငွေကျပ်(၅)သိန်းထပ်မံပေးခဲ့ပြီး သံသုမာလမ်းပေါ်တွင်
ချထားပေးခဲ့ကြောင်း၊ လှမောင်နှင့် ဇင်သန့်အောင်တို့မှ ယာဉ်နံပါတ်တွင် ကပ်ထားသည့် တိပ်အားခွာ၍ ဒါးပိန်မြို့သို့ ပြန်ခဲ့ကြကြောင်း၊ 
၁၃.၉.၂၀၁၃ ရက်နေ့တွင် မြင့်လွင်မှ ငွေကျပ်သိန်း(၃၀)အား လှမောင်မှတဆင့် မြင့်အေးထံသို့ထပ်မံပေးခဲ့သည်ကို စစ်ဆေးပေါ်ပေါက်
ခဲ့သဖြင့် အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၉

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ် အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး အချိုရည်ဗူးနှင့် ကလေးကစားစရာအရုပ်ဝယ်ယူလိုကြောင်းပြောဆိုသဖြင့်
ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ် အဆိုပါအမျိုးသားမှ
ကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ထွက်ပြေးသွားခဲ့ကြောင်း၊ဒေါ်ခိုင်သဇင်မျိုးမှ သူခိုး၊သူခိုးဟုအော်ပြီး နောက်မှလိုက်စဉ် အဆိုပါသူမှာ ခေါင်းရင်း(၃)အိမ်
ကျော်ခန့်၌ ရပ်ထားသည့် အမှတ်မသိ ဗင်အဖြူရောင်ယာဉ်ပေါ်သို့
တက်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်
တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊
ဝဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်း ခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ၃၂၆ ဖြင့်
အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

မွေးပြီးပြီးချင်း ဆင်ပေါက်လေးကို နင်းချေ ပစ်ပေါက်သတ်သည့် မိခင်ဆင်မကြီး

မွေးပြီးပြီးချင်း ဆင်ပေါက်လေးကို နင်းချေ ပစ်ပေါက်သတ်သည့် မိခင်ဆင်မကြီး


ဂျာမနီနိုင်ငံ Halle ရှိ တရိစ္ဆာန်ရုံငယ်လေးထဲတွင် ဆင်ပေါက်လေးကို မွေးဖွားခဲ့သော မိခင်ဆင်မကြီးက မွေးပြီးပြီးချင်း သူမ၏ကလေးအား နင်းချေကာ နှာမောင်းဖြင့် ပစ်ပေါက် သတ်ခဲ့ကြောင်း သိရသည်။

Bibi ဟု အမည်ရသော ထိုဆင်မကြီးဟာ ယခုဆင်သားပေါက်နှင့်ပါဆို သုံးကြိမ်တိတိ သားဖွားသည့် အတွေ့အကြုံရှိသော ဆင်မကြီးဖြစ်သည်မို့ ယင်းသို့ ပြုလုပ်လိမ့်မည်ဟု မထင်ခဲ့သောကြောင်း တရိစ္ဆာန်ရုံစောင့်ဝန်ထမ်းများက ဆိုခဲ့သည်။

Bibi က ဝန်ထမ်းများ လာဝင်မကူနိုင်ခင် ဆင်ပေါက်လေးကို မွေးပြီးပြီးချင်း ခြေဖြင့်နင်းချေခဲ့ကာ သူမနှာမောင်းဖြင့် ပစ်ပေါက်သတ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။ ဒါဟာ ကလေးမွေးဖွားရာတွင် ရရှိသော စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း ဝန်ထမ်းများက ဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ (၃၀)ရက်နေ့ကလည်း တရုတ်နိုင်ငံ Shandong နယ်မြေထဲက Rongcheng ရှိ Shendiaoshan သဘာဝသားရဲတရိစ္ဆာန် ဘေးမဲ့ဧရိယာထဲတွင် သားပေါက်သော ဆင်မကြီးက ဆင်ပေါက်လေးကို မွေးပြီးပြီးချင်း ချေနဲ့နင်းနေခဲတာကို ဝန်ထမ်းများက တွေ့ရှိခဲ့ကြပြီး ဒါဟာ ဆင်မကြီးက ဆင်ပေါက်လေးကို အမှတ်တမဲ့ နင်းမိတာလို့ ဝန်ထမ်းများက ထင်ခဲ့ကြောင်း သိရသည်။

မိခင်ဆင်မကြီး၏ အနင်းခံခဲ့ရသော ထိုဆင်ပေါက်လေးအား ရရှိလာသောဒဏ်ရာများ သက်သာအောင် နှစ်နာရီအကြာ ကုသအပြီး ဆင်မကြီးဆီ ပြန်ပို့သောအခါ ထိုဆင်မကြီးက ထပ်မံနင်းသတ်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများက ဆင်မကြီးကို ဆင်ပေါက်လေးရဲ့အဝေး ခြောက်လွှတ်ခဲ့တာဖြစ်ကြောင်း ၊ မိခင်ဆင်မကြီးရဲ့ ပစ်ပယ်မှုခံရသော ဆင်ပေါက်လေးဟာ ၎င်းအား ဝန်ထမ်းများက ဖျောင်းဖျ ချော့မောနေသည့်တိုင်အောင် ငါးနာရီကြာ အော်ဟစ်ငိုယိုနေခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

Source : Daily Mail

http://myawadynews.blogspot.com/2013/09/blog-post_9015.html

ဂျာမနီနိုင်ငံ Halle ရှိ တရိစ္ဆာန်ရုံငယ်လေးထဲတွင် ဆင်ပေါက်လေးကို မွေးဖွားခဲ့သော မိခင်ဆင်မကြီးက မွေးပြီးပြီးချင်း သူမ၏ကလေးအား နင်းချေကာ နှာမောင်းဖြင့် ပစ်ပေါက် သတ်ခဲ့ကြောင်း သိရသည်။

Bibi ဟု အမည်ရသော ထိုဆင်မကြီးဟာ ယခုဆင်သားပေါက်နှင့်ပါဆို သုံးကြိမ်တိတိ သားဖွားသည့် အတွေ့အကြုံရှိသော ဆင်မကြီးဖြစ်သည်မို့ ယင်းသို့ ပြုလုပ်လိမ့်မည်ဟု မထင်ခဲ့သောကြောင်း တရိစ္ဆာန်ရုံစောင့်ဝန်ထမ်းများက ဆိုခဲ့သည်။

Bibi က ဝန်ထမ်းများ လာဝင်မကူနိုင်ခင် ဆင်ပေါက်လေးကို မွေးပြီးပြီးချင်း ခြေဖြင့်နင်းချေခဲ့ကာ သူမနှာမောင်းဖြင့် ပစ်ပေါက်သတ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။ ဒါဟာ ကလေးမွေးဖွားရာတွင် ရရှိသော စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ကြောင်း ဝန်ထမ်းများက ဆိုခဲ့သည်။

နာမည်ကြီးပုဂ္ဂိုလ်များ၏ ဟိုတယ်အခန်းအတွင်း တည်းခိုနေထိုင်ခဲ့သည့် ဆီဒိုးနား လျှို့ဝှက် ကင်မရာ ရိုက်ကူးထားသည် ဗီဒီယိုဖိုင်များ ပြန့်နှံ့နေ


နာမည်ကြီးပုဂ္ဂိုလ်များ၏ ဟိုတယ်အခန်းအတွင်း တည်းခိုနေထိုင်ခဲ့သည့် ဆီဒိုးနား လျှို့ဝှက် ကင်မရာ ရိုက်ကူးထားသည် ဗီဒီယိုဖိုင်များ ပြန့်နှံ့နေ

ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု ဖြစ်သော ဆီဒိုးနား ဟိုတယ်တွင် လျှို့ဝှက်ကင်မရာ တပ်ဆင်၍ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု အွန်လိုင်းတွင် ပြန့်နှံ့လျက် ရှိကြောင်း သိရှိရသည်။
ယင်းဗီဒီယိုမှတ်တမ်းတွင် အနုပညာရှင် နာမည်ကြီးအသိုင်းအ၀ိုင်းမှ ၂ ယောက်၊ အစိုးရအကြီးအကဲပိုင်းမှ ၃ ယောက်၊ ချမ်းသာသည့် ခရိုနီအသိုင်းအ၀ိုင်းမှ ၅ ယောက်တို့ ပါရှိသည့်အတွက် အထူးပင် လူပြောများ နေကြောင်း သိရသည်။
ဗီဒီယိုမှတ်တမ်းမှာ အရည်အသွေးကောင်းမွန်လှသော High Definition ဗီဒီယိုဖြစ်ကာ အသံဖမ်းစနစ်လည်း အထူးကောင်းမွန်ကြောင်း သိရှိရသည်။
အဆိုပါ မှတ်တမ်းမှာ ၂၀၁၃ ခုနှစ်အတွင်းက ဆီဒိုးနားဟိုတယ်တွင် လာရောက် တည်းခိုကြသူများအား ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်နေခြင်းကြောင့် လူထုစိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis