menu

Wednesday 28 March 2012

ပူပြင်းသော ရာသီ သတိမူရမည့် ကျန်းမာရေး စိန်ခေါ်ချက်များ


Photo
အေးဓာတ်လျော့ကျလာသည့်အချိန်မှစ၍ အချိန်တိုအတွင်းအပူချိန်သည် မြင့်တက်လာခဲ့ပြီး နေ့လယ်ဘက်တွင် ပူပြင်းလာသည့်နေပူဒဏ်ကို လူအများ
ခံစားနေရပြီဖြစ်သည်။
နေ့အပူချိန်သည် ဆက်လက်မြင့်တက်လာနိုင်ပြီး ထိုမြင့်တက်လာသည့်အပူချိန်ကြောင့်  အနောက်တောင်မုတ်သုံလေရာသီ မကျရောက်မီကာလအတွင်း မွန်းလွဲနှင့် ညနေပိုင်းများတွင်ပါ မိုးတိမ်တောင်များဖြစ်ပေါ်ပြီးထိုမိုးတိမ်တောင်များရွှေ့လျားရာ တစ်လျှောက်တွင်ပါ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းများပါဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့်   ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  သတိပေးနှိုးဆော်မှုများလည်း ပြုလုပ်နေပြီဖြစ်သည်။
ထိုကဲ့သို့သဘာဝဘေးအန္တ ရာယ်များကို   သတိပြုရမည့် အပြင် အပူဒဏ်ကြောင့်အသက် သေဆုံးမှုများ၊ နာမကျန်းမှုများမဖြစ်စေရန်လည်း  ဂရုပြုရန်လို
အပ်ကြောင်း ကျွမ်းကျင်ဆရာဝန်များက  သတိပေးပြောကြားထားသည်။ အပူချိန်မြင့်မားလာခြင်း ကြောင့် လူအများသည်အပူဒဏ်ကြောင့် မူးမော်ခြင်းများ၊ အပူရှပ် ခြင်းကြောင့်ဖျားနာခြင်းများ ဖြစ်ပွားမှုများရှိနေသော်လည်း ပြီးခဲ့ သည့်နှစ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အယ်နီညိုရာသီဥတုတွင်ဖြစ်ပွားခဲ့သော အပူဒဏ်ကြောင့် အသက် သေဆုံးမှုများကဲ့သို့သော ဖြစ်စဉ် များဖြစ်ပွားခြင်းမရှိသေးကြောင်း ဆေးရုံ၊ ဆေးခန်းများမှသိရသည်။

အပူဒဏ်ကို  သက်ကြီးရွယ်အိုများ၊   ကလေးငယ်များနှင့် နေပူထဲတွင်အလုပ်လုပ်ကိုင်နေရသူများ ပိုမိုခံစားကြရပြီး အချို့သော အခြေအနေများမှာအသက်
သေဆုံးသည်အထိဖြစ်ပွားခြင်း လည်းရှိကြောင်းသိရသည်။ အပူဒဏ်မြင့်မားသည့်အချိန်တွင် အပြင်သွားမည်ဆိုပါက အကာအကွယ်ထီး၊   ဦးထုပ်များအသုံးပြုသင့်ပြီး အ၀တ်အစား ၀တ်ဆင်ရာတွင်လည်း အပူစုပ်သည့် အရောင်တောက်အ၀တ်အစားများထက် အရောင်ဖျော့ဖျော့များက ပိုပြီးသင့်လျော်ကြောင်း အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာထွန်းသိန်းကပြောသည်။
အပူဒဏ်ပြင်းထန်သည့် အတွက် နေပူထဲမှပြန်လာလာချင်း ရေချိုးခြင်း၊ ခေါင်းနှင့် ခန္ဓာကိုယ်အားရေလောင်းချခြင်းများသည် ရုတ်တရက်ပင်အသက်သေစေ သည့်အပြုအမူများဖြစ်ပြီး နေပူထဲမှ ချက်ချင်းအပူချိန်ကွာခြားသည့် အအေးပေးထားသည့်နေရာသို့ ၀င်ရောက်ခြင်းသည်လည်း ခန္ဓာကိုယ် အပူအအေးပြောင်းလဲမှုလုပ် ဆောင်ချက်များ   ပျက်ပြားကာ အန္တရာယ်ရှိနိုင်တဲ့  အခြေအနေများဖြစ်ကြောင်း   အဆိုပါဆရာဝန်ကပြောသည်။
“အေးနေတဲ့ရုံးခန်းထဲကနေ အပြင်သွားလိုက်တာ နေပူထဲမှာ မိနစ်ပိုင်းလေးလောက် ခဏလေးပဲရှိသေးတယ်။ ခေါင်းတွေချာချာ လည်အောင်မူးလို့ အခုတော့ အ အေးထဲကပဲဖြစ်ဖြစ်၊ နေပူထဲက ပြန်လာတာပဲဖြစ်ဖြစ်ချက်ချင်းမ၀င်၊ မထွက်ရဲတော့ဘူး။ ခဏလေးနားပြီးမှသွားရဲတော့တယ်”ဟု အသက်၂၅ နှစ်အရွယ်ကုမ္ပဏီဝန်
ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။ ရာသီဥတုပူသည့်အတွက် နေ့လယ်ပိုင်းများတွင်ရေချိုးခြင်းများ၊ ညဘက်ရေချိုးခြင်းများမှာလည်း   လေဖြတ်ခြင်းများ၊  ဦး
နှောက်သွေးကြောပြတ်ခြင်းများ လည်း ဖြစ်ပွားစေနိုင်ကြောင်းသိရသည်။
ရာသီဥတုပူနေသည့်အချိန် တွင်အပူဒဏ်မခံနိုင်သည့် အတွက်အေးမြမှုရစေရန် အလျင်စလိုပြူမူ ခြင်းများဖြစ်သည့် ခြေလက်များ အားရေလောင်းခြင်းများ၊ ရေချိုးခြင်း၊ ရေအလျင်စလိုသောက်ခြင်းများသည်  သတိပြုရမည့် အခြေအနေများဖြစ်ကြောင်းသိရသည်။  အပူချိန်သည်  ခန္ဓာကိုယ် အတွင်းမှသွေးကြောများအား သွေးဖိအားများများစေပြီး ပေါက်ထွက် ခြင်းများဖြစ်ပေါ်စေနိုင်သည့်အတွက် သွေးတိုးရောဂါခံစားနေရသူများနှင့် သွေးဖိအားများများ လာစေသည့် အရက်သောက်သုံး
သူများအနေဖြင့် အထူးဂရုပြုရမည့်ရာသီလည်းဖြစ်သည်။
၂၀၁၀ အတွင်း ဖြစ်ပွားခဲ့ သည့် စံချိန်တင်အပူလွန်ကဲသည့်အချိန်တွင် အရက်သောက်ခြင်းကြောင့်   အသက်သေဆုံးမှုများ မဖြစ် စေရန်သက်ဆိုင်ရာက အရက် ရောင်းချမှုတားမြစ်ခဲ့သည်များလည်းရှိခဲ့သည်။အပူဒဏ်ကြောင့် ချွေးထွက်ရှိမှုများပြားသဖြင့် ခန္ဓာကိုယ်ထဲတွင်ဆားဓာတ်များလျော့နည်းပြီးမူးဝေခြင်း၊   သတိလစ်ခြင်းများ လည်းဖြစ်ပေါ်စေနိုင်သည့်အတွက်   ဓာတ်ဆားပြန်လည်ဖြည့် တင်းရန်လိုအပ်ပြီး အပူဒဏ်ကြောင့်ရုတ်တရက်မူးဝေခြင်း  ဖြစ်ပွားလာလျှင်  အရိပ်တစ်ခုခုတွင်နား
နေခြင်း၊ အချိုဓာတ်ပါသည့် အဖျော်ရည်များ သောက်ခြင်းဖြင့်သက် သာစေရန် ဆောင်ရွက်နိုင်ကြောင်းသိရသည်။
“ဓာတ်ဆားရည်သောက်တဲ့ အခါကျရင်လည်းသတ်မှတ်အချိုး အဆကိုတိတိကျကျ ဖျော်သောက် သင့်တဲ့အပြင် သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့ ဓာတ်ဆားရည် သောက်ရင် ခန္ဓာကိုယ်ထဲမှာ သွေးတိုးစေလာနိုင်တဲ့အတွက် ဓာတ်ဆားရည်ကိုလည်း သွေးတိုးရောဂါ ရှိတဲ့သူတွေ သောက်လို့မရဘူး”ဟု ဒေါက်တာထွန်းသိန်းကဆက်လက်
ပြောသည်။
အပူချိန်ကြောင့် သဘာဝ ဘေးအန္တရာယ်များ၊ အပူဒဏ်တို့ကြောင့် အသက်အန္တရာယ်ထိခိုက်မှုမရှိစေရန်   ဂရုပြုရမည့်အပြင် အပူချိန်မြင့်မားလာသည့်အချိန် များတွင်လည်းအတူတွဲ ဖြစ်ပွားလေ့ရှိသည့်ဝမ်းပျက် ၀မ်းလျှောခြင်းကိုလည်းဂရုပြုရမည်ကြောင်း အဆိုပါ ဆရာဝန်ကဆက်လက်ပြောသည်။နေပူလွန်းသည့်အချိန်များ တွင် သောက်သုံးရေကန်များခန်း ခြောက်ခြင်းနှင့်အစားအစာများတွင် ပိုးပေါက်ဖွားမှုများပြားခြင်း များကြောင့် သောက်သုံးသည့် ရေ၊ အစားအစာများမှ ၀မ်းပျက်ဝမ်း လျှောခြင်းများမှာလည်း   နေပူဒဏ်နှင့်အတူ ဖြစ်ပွားမှုများပြားသည့်ရောဂါလည်းဖြစ်သည်။
“နေပူတဲ့အချိန်မှာဆိုသောက် ရေကန်တွေလည်းခန်းလာတဲ့အတွက်အနည်တွေ၊ ပိုးမွှားတွေပါဝင်မှုများတယ်။ အစားအစာတွေဆိုလည်းအရင်ကမနက်ချက်ထား ညနေဆက်စားလို့ရပေမယ့်အခု အပူချိန်ကြောင့် ခဏလေးနဲ့ချွေးထွက်ပြီးသိုးလာတယ်။  အဲဒါမျိုးတွေစားမိရင်ဝမ်းပျက်ဝမ်းလျှောတွေဖြစ်မယ်” ဟုဒေါက်တာထွန်း
သိန်းက ဆက်လက်ပြောသည်။
မိုးလေ၀သဦးစီးဌာနက မတ် ၁၇ ရက်တွင် ထူးခြားနေ့အပူချိန်များအဖြစ် ချောက်မြို့နှင့် မင်းဘူး မြို့တို့၌  ၄၂ ဒီဂရီ စင်တီဂရိတ်စီ နေပြည်တော် (ရေဆင်း)၊   မိတ္ထီလာမြို့၊ ညောင်ဦးမြို့၊ မကွေးမြို့ တောင်တွင်းကြီးမြို့၊ ပြည်မြို့နှင့် ဆင်ဖြူကျွန်းမြို့တို့၌   ၄၀ ဒီဂရီ စင်တီဂရိတ်များရှိကြောင်း ထုတ်ပြန်ထားသည်။
ဝတ်ရည်အောင်
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis