မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ မပြီးဆုံးသေးပေမယ့်၊
အခက်အခဲတွေကြားကနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေက
ကြိုးစားနေကြတာဟာ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို ပြသနေတယ်လို့
အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ
မပြီးဆုံးသေးပေမယ့် အခက်ခဲဆုံး အခြေအနတချို့ကြားကနေ
အပြောင်းအလဲတွေဖြစ်လာအောင် စွမ်းဆောင်နေကြတာဟာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့
စွမ်းပကားကို သက်သေပြနေတာပဲဖြစ်တယ်လို့” သမ္မတအိုဘားမားက
ပြောကြားသွားတာဖြစ်ပါတယ်။
နိုင်ငံရေးလူမှုရေး အပြောင်းအလဲတွေမှာ ပြည်သူတွေက
တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ အလေ့အထဟာ အမေရိကန်ပြည်ထောင်စုရဲ့
လက်ဆောင်တွေပဲဖြစ်တယ်လို့လည်း ဒီဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ပြောပါတယ်။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ မပြီးဆုံးသေးပေမယ့်၊ အခက်အခဲတွေကြားကနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုးစားနေကြတာဟာ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို ပြသနေတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတေ
နိုင်ငံရေးလူမှုရေး အပြောင်းအလဲတွေမှာ ပြည်သူတွေက တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ အလေ့အထဟာ အမေရိကန်ပြည်ထောင်စုရဲ့ လက်ဆောင်တွေပဲဖြစ်တယ်လို့လည်း ဒီဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ပြောပါတယ်။















![မြန်မာစားသောက်ဆိုင်တစ်ဆိုင်တွင် အန္တရာယ်ကင်းပရိတ်ရွတ်စဉ် ပရိတ်ရေများ ဆူပွက်လာ
[ ဈာန်မိုးသစ် ၊ ကယ်လီဖိုးနီးယား ၊ စက်တင်ဘာ ၂၃ ]
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် San Gabriel ရှိ အမှတ် 927 E. Las Tunas Dr. (ate J&K) တွင် မစုစုဝင်း ဖွင့်လှစ် ထားသော Fuji West Japanese & Myanmar Restaurant သို့ စက်တင်ဘာ ၁၈ရက် မွန်းလွဲ ၂နာရီတွင် မေတ္တာရှင်ရွှေပြည် သာဆရာတော် အရှင်ဇဝနကြွ ရောက်၍ အန္တရာယ်ကင်းပရိတ် ရွတ်စဉ် ဖန်ချိုင့်အတွင်းထည့်ထား သော ပရိတ်ရေများ ထူးထူးခြား ခြား ဆူပွက်လာသော အံ့ဖွယ်ဖြစ် ရပ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း မေတ္တာ ရှင်ဖောင်ဒေးရှင်းမှ သိရသည်။
မေတ္တာရှင်ဆရာတော်က အမေရိကန်နိုင်ငံသို့ နိုင်ငံခြား သာသနာပြုခရီးကြွရောက်စဉ် အ ဆိုပါစားသောက်ဆိုင်သို့ ကြွ ရောက်ကာ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ရာမှ ပရိတ်တော် အစွမ်းကြောင့် ယခုကဲ့သို့ ဖန်ချိုင့် ထဲရှိပရိတ်ရေများ ပွက်ပွက်ဆူလာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ဆရာတော်ရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ မေတ္တာအစွမ်းတွေကြောင့် အခု လို ပရိတ်ရေဆူတာလို့ ယုံကြည် ပါတယ်။ အရင်တုန်းကလဲ တောင် တန်းသာသနာပြုဆရာတော်ကြီး ရဲ့ပရိတ်ရေဆူတာ တွေ့ခဲ့ဖူးတယ်။ နိုင်ငံရပ်ခြားမှာ ပရိတ်တရားတော် ရဲ့တန်ခိုးအစွမ်းကို မျက်မြင်မြင်ရ တဲ့အတွက် ဝမ်းမြောက်မိတယ်'' ဟု အမေရိကန်ရောက် မြန်မာ မိတ်ဆွေတစ်ဦးက ပြောသည်။
ဆရာတော်သည် နိုင်ငံခြား သာသနာပြုခရီးစဉ်အတွင်း အ မေရိကန်နိုင်ငံရောက် မြန်မာပြည် သူ၊ ပြည်သားများအား တရား တော်များ ဟောကြားပေးခဲ့ပြီး စက် တင်ဘာ ၂၃ရက်တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ကြွရောက်လာ ပြီဖြစ်ကြောင်း သိရသည်။ဆရာတော်သည် သာသ နာပြုလုပ်ငန်းများအပြင် မေတ္တာ ရှင်ဖောင်ဒေးရှင်းကို တည်ထောင် ၍ သံဃာတော်များအား ဆွမ်း ကပ်လှူခြင်း၊ အနာကြီးရောဂါ သည်များအား စောင့်ရှောက်ခြင်း၊ အမှန်တကယ်ဆင်းရဲချို့တဲ့ နွမ်း ပါးသူများအား ကျန်းမာရေး၊ ပညာ ရေးများ ကူညီပေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-frc1/s403x403/1237776_652265688125688_1344313233_n.jpg)











