menu

Thursday 31 May 2012

မဟာချိုင်၌ ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံ (မေလ ၃၁ရက်)

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းအချိန်က မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး ပြောကြားခဲ့သော မိန့်ခွန်းအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဒီရုံးကိုလာတဲ့ အကြောင်းကို နည်းနည်းလေး ရှင်းပြပါရစေ။ အဓိက ကတော့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ယာယီပတ်စ်ပို့ ရဖို့အတွက် ဘယ်လို သွားရတယ်၊ ဘယ်လိုလုပ်ရတယ်။ ဘယ်လောက်ကြာ တယ်၊ ဘယ်လောက်ကျသလဲ၊ ဘယ်လိုအခက်အခဲတွေ ရှိနိုင်သလဲဆိုတာ ဒါကိုလာပြီးတော့ လေ့လာဖို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်ပေါင်းများစွာနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ စမွတ်ဆခွန် ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံ အားပေးစကား ပြောကြားနေစဉ်။
ထိုင်းနိုင်ငံမှာ အခက်အခဲများစွာ ရင်ဆိုင်ကြရပေမယ့် ကြံ့ကြံ့ခံ ရပ်တည်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကားပြောခဲ့သလို သူတို့အားလုံး တနေ့မှာ မြန်မာပြည် ပြန်နိုင်ရေးအတွက် မိမိအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားတွေကို ပြောပါတယ်။

ပြည်မြို့ခံ ၆ ဦးကို ရိုက်နှက် ဖမ်းဆီးသူ များအား တရားစွဲဆိုရန်စီစဉ်လျှက်ရှိ

လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒဖော်ထုတ်ကြသည့် ပြည်မြို့ခံများအနက် ရဲအရာရှိများ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူ ၆ ဦးမှ မိမိတို့အား ရိုက်နှက်ရန် အမိန့်ပေးသူများအပါအ၀င် တာ ၀န်ရှိသူများအား ဥပဒေကြောင်း အရ ထိထိရောက်ရော် တရားစွဲဆိုသွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

““ ကျွန်တော်တို့ကိုရိုက်ဖို့အမိန့်ပေးတဲ့ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊မြို့နယ်မှူးအောင်ဇော်ထက် အပါအ၀င် တာဝန်ရှိသူတွေကို ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ”” ဟု ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦး ကျော်ဆွေကပြောပေါ်ပြူလာနယူးစ်မှဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ်ပြောကြားသည်။
တရားစွဲဆိုရန်ကိစ္စရပ်အား ဥပဒေကြောင်းအရ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်စီစဉ်သွားမည်ဖြစ် ပြီး အကူအညီပေးနိုင်မည့် အဖွဲ့အစည်းအားလုံးကိုလည်း အကူအညီတောင်းခံသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း တွေ့ရှိခဲ့သော အထူးဆန်းဆုံးမျိုးစိတ် ၁၀ ခုစာရင်းထုတ်ပြန် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိခဲ့သော နှာခေါင်းလန်မျောက် ထိပ်ဆုံးတွင် ပါဝင်လာ





၂၀၁၁ ခုနှစ် အတွင်းတွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး မျိုးစိတ် ၁၀ ခုစာရင်းကို အပြည်ပြည်ဆိုင်ရာ မျိုးစိတ်လေ့လာရှာဖွေရေး အင်စတီကျုက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်နိုင်ငံ၊ အရီဇိုး နားပြည်နယ်တက္ကသိုလ်တွင် ရုံးစိုက်ထားသည့် ယင်းအဖွဲ့ကြီးသည် အထူးဆန်းဆုံးမျိုးစိတ် ၁၀ မျိုး စာရင်းကို နှစ်စဉ်ထုတ်ပြန်ခဲ့သည်မှာ ယခုအခါ ငါးနှစ်မျှ ရှိလာပြီဖြစ်သည်။

၂၀၁၁ ခုနှစ်စာရင်းတွင် ထူးခြားမှုအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိခဲ့သော နှာခေါင်းလန် မျောက်မျိုးစိတ်က နံပါတ် ၁ အဖြစ် ပါရှိလာခြင်းဖြစ်သည်။

LINUX စသုံးမည့်သူများ သိသင့်စရာအဖျာဖျာ




Operation System အမျိုးအစားတစ်ခု
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးတော့ Operation system ဆိုတာ ထည့်ပြောစရာမလိုတဲ့ အခြေအနေဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့ အဓိကကျတဲ့ ကွန်ပြူတာနဲ့ လုပ်မယ့် အလုပ်တွေ အားလုံးနည်းပါးက အွန်လိုင်းကနေပဲ လုပ်တာ ဖြစ်တော့ browser တွေသာ အဓိက အခန်းကဏ္ဍက ဖြစ်နေပါတယ်။ ဒါကြောင့် Operation system ဆိုတာ့ နောက်ကွယ်ကပဲ သူလုပ်ရမယ့်အလုပ်တွေ လုပ်တာဖြစ်ပြီး အသုံးပြုသူက ဘယ် Operation system ကို သုံးနေသလည်းဆိုတာ သိစရာ မလိုတဲ့အနေအထားဖြစ်နေပါတယ်။ အဲဒီတော့ Operation system ဆိုတာ user တွေ အသုံးပြုမယ့် ဆော့ဝဲ တွေနဲ့ computer မှာ ရှိတဲ့ hardware တွေကို ချိတ်ဆက်ပေးတဲ့ ကြားခံ တစ်ခုလို့ပဲသိထားရရင်ရလောက်ပါပြီ။

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေး လျှော့ရောင်းမည်


မိုဘိုင်းဖုန်းတန်ဖိုး နှုန်းထားများကို နိုင်ငံတော် သမ္မတကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များမှ ဈေးနှုန်း လျှော့ချခိုင်းမည် ဆိုပါက အရှုံးခံ၍ လျှော့ချပေးမည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မိုဘိုင်းတန်ဖိုး နှုန်းထားများအား ဇူလိုင် လကုန်ခန့်တွင် ကျပ်နှစ်သိန်းဖုန်းထက် လျော့နည်းသည့် ကျပ်တစ်သိန်းဖုန်းနှင့် ကျပ်ရှစ်သောင်းဖုန်းများ ထွက်ပေါ်လာတော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မြန်မာ့ဆက်သွယ်ရေးမှ အင်ဂျင်နယာချုပ် တစ်ဦးက အထက်ပါအတိုင်း ပြောခဲ့သည်။ “ဆက်သွယ်ရေးက ချမှတ်ထားတဲ့ စနစ်ဆိုရင် ဒီနှစ်ထဲမှာ ဖုန်းတန်ဖိုးနှုန်းထားတွေ လျှော့ချပေးဖို့ မရှိပါဘူး။ လာမည့်နှစ်ကျမှ ထပ်မံ လျှော့ချပေးမှာပါ။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သမ္မတကြီးက လျှော့ချခိုင်းမှု ပြုလာရင်တော့ အရှုံးခံပြီး လျှော့ပေးမှာပါ” ဟု ၎င်းကပြောသည်။

လူ ၁၀၀ ကျော် အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆီးရီးယားတပ်များကို ကုလလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချသည့် အစီရင်ခံစာ ထုတ်ပြန်




Houla မြို့တွင် အသတ်ခံရသူများကို မြှုပ်နှံနေသည့်ပုံအား ဆီးရီးယား အတိုက်အခံတို့က ထုတ်ပြန်ပေးခဲ့ပုံ
မေလ ၂၅ ရက်က ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ Houla မြို့တွင် ကလေး ၄၀ ဦးအပါအ၀င် လူ ၁၀၀ ကျော် အစုလိုက် အသတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆီးရီးယားအစိုးရတပ်များအပေါ် အပြစ်တင် ကန့်ကွက်ရှုတ်ချသည့် အစီရင်ခံစာကို ကုလလုံခြုံရေးကောင်စီက မေလ ၂၇ ရက် တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသမီးများနှင့် ကလေး ဒါဇင်များစွာ သေဆုံးခဲ့မှုတွင် ဆီးရီးယားအစိုးရတပ်များက လူနေရပ်ကွက်များသို့ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ တင့်ကားများဖြင့် ပစ်ခတ်ခြင်း၊ အနီးကပ် ပစ်သတ်ခြင်းတို့ ပါဝင်ကြောင်း မေလ ၂၇ ရက် မွန်းလွဲပိုင်း၌ ထုတ်ပြန်ခဲ့သော ကုလလုံခြုံရေး ကောင်စီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Debate စကားအခြေအတင် ဆွေးနွေးခြင်းဟူသည်(ဒေါက်တာခင်မောင်ညို)




''ဆရာညိုလားခင်ဗျား''

''ဟုတ်ပါတယ်''

''ဆရာဘယ်ရောက်နေလဲ''

''နေမကောင်းလို့ အိမ်မှာပဲနားနေတယ်။ ဘယ်သူလည်းခင်ဗျာ''

''မင်းစိုးဦးပါဆရာ မော်လမြိုင်တုန်းက ဆရာ့တပည့်ပါပဲ။ ဆရာ့ဆီ ဆွေးနွေးစရာလေးတွေ ရှိနေလို့။ ဆရာ့ဆီ လာလို့ရမလား''
''ရပါတယ် ဆရာလည်း အားနေတာပါပဲ''

မီးလောင်မှုအဖြစ်မှန်မှာ အသတ်ခံထားရသော အလောင်းကို မီးရှို့မှုဖြစ်နေ


မီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှ လူသတ်မှုဖြစ်ရပ်တစ်ခု မေလ ၃၀ရက်နေ့ နံနက် ၁၁နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား အမှတ(၇၆)တတိယထပ်ညာဘက်ခန်း၌ ဖြစ်ပွားခဲ့သည်။

လူသတ်မှုဖြစ်နေ

ယင်းဖြစ်ရပ်တွင် အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်မှာ ဓားဒဏ်ရာဖြင့် မီးလောင်သေဆုံးနေခဲ့ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ´´ဖြစ်ရပ်ကိုကြည့်ပြီး  ဘယ်သူဖြစ်နိုင်လဲ၊ သက်သေပေါ်မူတည်ပြီး အတိအကျပြောလို့ရမှာပါ။ ဓားတို့ဘာတို့ပဲတွေ့ရတယ်။ တရားခံက အမှုကျူးလွန်ပြီး မျက်နှာသစ်ခွက် (Basin) စင်မှာ လက်ဆေးပြီး ဓားကို အဲဒီမှာ 

မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရမူကို မကျေနပ်သော ရမ်းဗြဲလူထု ဆန္ဒပြ


ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် မသီတာထွေး
ရမ်းဗြဲ လူထု ၇၀၀ ကျော်ခန့်သည် မသီတာထွေး ဗလက္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရသည့် အပေါ် မကျေနပ်သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

" ကျွန်တော်တို့ မေလ ၃၀ ရက်နေ့ နေ့လည်ဘက်မှာ ရမ်းဗြဲမြို့ စောမဲကျီလမ်း၊ ရုံးတက်လမ်း၊ ရဲစခန်းထိ ချီတက်ပြီး အဲဒီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ တောင်းဆိုချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်" ဆန္ဒပြရာတွင် ပါဝင်သော ရမ်းဗြဲ ဒေသခံ တစ်ဦးက ပြောသည်။

ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက် တောင်ပိုင်း ဝ မြို့သစ်တည်


သျှမ်းပြည်သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ အတွင်း တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ နောင်ဝဲန်းကျေးရွာ အား မြို့အဆင့် တိုးမြင့်ရန် တောင်ပိုင်း ဝ ပြင်ဆင်နေကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။
ဝ တပ်ဖွဲ့စစ်သမီးများ
ဝ တပ်ဖွဲ့စစ်သမီးများ

“မေလဆန်းကတည်းက မြို့ဧရိယာအတွက်မြေစညှိလာတယ်။ ဖို့တဲ့နေရာကဖို့၊ ရှင်းတဲ့နေရာကရှင်းပေါ့။ မြေထိုးစက်  ၁၀ ဂဏန်းနဲ့ လမ်းဖေါက်တယ်။ မြေညှိတယ်။ ပြီးရင် မြေကွက်ရိုက်တယ်။ လမ်းလဲ နှစ်လမ်းသွားပုံစံကိုလုပ် ထားတာ” - ဟု ပုံပါကျင် မြို့ခံတဦး က ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ရောက်ရှိ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အင်္ဂါနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။

AFP
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ သုဝဏ္ဍဘူမိလေဆိပ်သို့ ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရောက်ရှိလာစဉ်။
လိမ္မော်ရောင်ဝတ်စုံ ၀တ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သုဝဏ္ဍဘူမိလေဆိပ်က ထွက်လာချိန်မှာ စုဝေးရောက်ရှိနေတဲ့ မြန်မာတွေက သံပြိုင်ကြွေးကြော်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။
လုံခြုံရေးထူထပ်စွာ ချထားတဲ့ အထူးဧည့်သည်တော် ထွက်ခွာရာဂိတ်ကနေ ကားပေါ်မတက်ခင် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ ပြန်လည်ပြောဆိုခြင်း မရှိပေမယ့် ပရိသတ်များကို လက်ဝှေ့ရမ်း နှုတ်ဆက်သွားပါတယ်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်း အရှိန်မြင့်လာစေရေး လိုအပ်သည့်အကူအညီများ ပေးသွားမည်ဟု အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ပြောကြား





နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ရစဉ်
မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ် ရောက်ရှိခဲ့သော အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာရန် ရည်ရွယ်၍ မြန်မာနိုင်ငံကို အတိုးနှုန်းသက်သာသည့် ချေးငွေ ဒေါ်လာသန်း ၅၀၀ ချေးမည့် နားလည်မှုစာချွန်လွှာ အပါအ၀င် နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် ၁၂ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ခရီးစဉ်နောက်ဆုံးနေ့ မေလ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည် သည် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နိုင် မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယတွင် နေရူးအမှတ်တရ ဟောပြောပွဲ တက်ရောက်ပြောကြားရန် ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ဖိတ်ကြားခဲ့သည်။

မြန်မာနိုင်ငံ၏ တရားဝင် ပတ္တမြား ထုတ်လုပ်နိုင်မှု နှစ်စဉ် ကျဆင်းလျှက်ရှိပြီး လေးနှစ်အတွင်း တစ်ဆနီးပါး ထပ်မံထိုးကျ





591
မိုးကုတ်မြို့တစ်နေရာအား တွေ့မြင်ရစဉ်     photo: www.palagems.com
မြန်မာနိုင်ငံ၏ တရားဝင် ပတ္တမြားထုတ်လုပ်နိုင်မှုမှာ နှစ်စဉ် ကျဆင်းလျှက်ရှိပြီး လေးနှစ်အတွင်း တစ်ဆနီးပါးအထိ ထပ်မံထိုးကျလာကြောင်း ၂၀၁၁-၁၂ ဘဏ္ဍာ ရေးနှစ်တွင်ကာရက်ပေါင်း တစ်သန်းကျော်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
တရားဝင် ပတ္တမြားထုတ်လုပ်နိုင်မှုမှာ လွန်ခဲ့သည့် လေးနှစ်က ကာရက်ပေါင်း ၁ ဒသမ ၈ သန်း ကျော်ထုတ်လုပ်နိုင်ခဲ့သော်လည်း နှစ်စဉ်ထုတ်လုပ်နိုင်မှု လျော့ကျလာပြီး ယခုနှစ်တွင် ကာရက်ပေါင်း တစ်သန်းကျော်သာ တူးဖော်ထုတ်လုပ်နိုင်သည်ဟု နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်ထားသည်။

ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လျှပ်စစ်မီးရရှိရေးနှင့် အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကိစ္စအား ဆွေးနွေးနေစဉ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက ပြောကြားတာဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။

စေတနာ


Monday 28 May 2012

ခြိမ်းခြောက်ခံရခြင်းများကြောင့် မူဆယ် လားရှိုးအဝေးပြေးလမ်းတွင် ကားများမရှိသလောက်နည်းပါး

ကေအိုင်အေဟုဆိုကာ ကားဂိတ်များအား ခြိမ်းခြောက်ပြောဆိုထားမှုကြောင့် မူဆယ်-လားရှိုးလမ်းမကြီးတွင် အဝေးပြေးကုန်တင်ယာဉ်နှင့်ခရီးသည်တင်ယာဉ်များ သွားလာမှု မရှိသလောက်နည်းပါးနေပြီဖြစ်ကြောင်း မူဆယ်အခြေစိုက် အဝေးပြေးကားလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ ယနေ့ ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသည်။

“မေ ၂၁နဲ့ ၂၂လောက်မှာ မူဆယ်မှာရှိတဲ့ဂိတ်တွေအားလုံးကို ဖုန်းတွေဝင်လာပါတယ်။ဖုန်းဆက်သူက သူတို့ကိုယ်သူတို့ ကေအိုင်အေတပ်မဟာ ၄ က လို့ပြောပါတယ်။ ခင်ဗျားတို့ကားတွေလမ်းပေါ်ကိုမထွက်ပါနဲ့။ ထွက်တာနဲ့ပစ်ခတ် ရပါလိမ့် မယ်ဆိုပြီး  ခြိမ်းခြောက်ပါတယ်။   

ငွေထုပ်ထမ်းပြီး လျှောက်လှမ်းသူများ(မောင်လွင်မွန် (ကသာ))

ငွေလျော့တာ၊ ပိုတာ၊ အတုဖြစ်တာစတဲ့ နှလုံးရောဂါဖြစ်ချင်စရာများ နေ့စဉ်ဖြတ်သန်းရတာ၊ ငွေအထုပ်လိုက်ထမ်းပြီး အသွင်းအထုတ်လုပ်နေကြတဲ့(ကမ္ဘာ့ပြိုင်ဘက်မရှိ)ဘဏ်မျိုးမှာ ငွေတွေ အထုပ်အထည်လိုက်၊ အစုအပုံလိုက်၊ မနေမနား ရေနေရတာကို ဆရာအတွင်းသိ သိရင် စက်ထက် ပိုသနားစရာကောင်းသူများအကြောင်း ရေးဖွဲ့ဖြစ်မှာပါ   . . .


လွန်ခဲ့တဲ့ ၁၅ နှစ်၊ ပုဂ္ဂလိကဘဏ်တစ်ခုမှာ တာဝန်ယူစဉ်၊ ဧည့်ခံပွဲတစ်ခုမှာ အိမ်ရှင်က ကျွန်တော့်ဘဏ်ရဲ့ ၀န်ဆောင်မှု မြန်ဆန်တာကို ချီးကျူးပြီး အစိုးရဘဏ်တွေမှာကြာကြောင်း ညည်းပါတယ်။

ကျွန်တော်ကလည်း ပုံမှန်ဘဏ် ဖောက်သည်အဖြစ် ခင်နေသူမို့ ရင်းရင်းနှီးနှီးပဲ။ ''တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ဘဏ်က အရာရှိကြီးမှန်သမျှ ကျွန်တော်အပါအ၀င် အစိုးရဘဏ်က လာသူတွေချည်းပဲဗျ''လို့ အစချီပြီး ပုဂ္ဂလိကဘဏ်မှာ ပိုမြန်အောင် လုံခြုံရေးအဆင့် လျော့ပစ်တာ၊ ယုံကြည်သူကို ရွေးခန့်ပြီး လုပ်ပိုင်ခွင့် ပိုပေးတာ။ နည်းပညာ အကူအညီသုံး တာစတာတွေက (အဲဒီကာလက) အစိုးရဘဏ်များတွေမှာ မရှိလို့ဖြစ်ကြောင်း ဖာဖာထေးထေး ပြောပြရပါတယ်။

Houla မြို့တွင် လူ ၉၀ ကျော် အသတ်ခံရအပြီး အစိုးရတပ်များကို လက်တုံ့ပြန်ရန် ဆီးရီးယားအတိုက်အခံ တိုက်ခိုက်ရေးသမားများက တိုက်တွန်း





နိုင်ငံမြောက်ပိုင်းရှိ ဘင်နစ်ရှ်မြို့တွင် ဆီးရီးယားအတိုက်အခံတို့က 'မိမိတို့သည် အကြမ်းဖက်သမားများ မဟုတ်'ဆိုသော စာတမ်းကိုင်ဆောင်ကာ မေလ ၂၅ ရက်က ဆန္ဒပြနေစဉ်
ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ Houla မြို့တွင် လူ ၉၀ ကျော် အသတ်ခံရသည့် ဖြစ်စဉ်အပြီး အစိုးရတပ်များကို လက်တုံ့ပြန်တိုက်ခိုက်မှု လုပ်ဆောင်ရန် ဆီးရီးယားစစ်တပ်မှ ဘက်ပြောင်းသူများဖြင့် ဖွဲ့စည်းထားသော ဆီးရီးယားလွတ်မြောက်ရေး တပ်မတော် Free Syrian Army (FSA)မှ ခေါင်းဆောင်တစ်ဦးက တိုက်တွန်းခဲ့သည်။

ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် အဆိုပြုခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်မှာလည်း ယင်းအသတ်ခံရမှု ဖြစ်စဉ်အပြီး ပျက်ပြားသွားပြီဖြစ်ကြောင်း FSA အဖွဲ့ဝင်များက ပြောကြားခဲ့သည်။
မေလ ၂၅ ရက်တွင် Houla မြို့၌ အနည်းဆုံးကလေး ၃၂ ဦးနှင့် မိသားစုအစုလိုက် အပါအ၀င် လူ ၉၀ ကျော် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ


မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။

မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။

တောင်ကိုရီးယားနှင့် ဆွေးနွေးမှုတွင် ပါရှိခဲ့သူ မြောက်ကိုရီးယားရှိ အရာရှိ ၃၀ သုတ်သင်ခံခဲ့ရ


ယမန်နှစ်က မြောက်ကိုရီးယားရှိ အရာရှိ ၃၀ မှာ  အစိုးရ၏ သုတ်သင်ပစ်မှုကို ခံခဲ့ရကြောင်း The Telegraph သတင်းတွင် ဖော်ပြသည်။ အဆိုပါ အရာရှိများမှာ

မော်တော်ယာဉ် မတော်တဆ မှုများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အမည်တပ်ကာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း Amnesty International ၏ အပြောကို Telegraph မှ ကိုးကား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ထပ်လူ ၂၀၀ မှာလည်း ယခုနှစ် ဇန်နဝါရီ လက နိုင်ငံပိုင် လုံခြုံရေး အေဂျင်စီမှ ဝိုင်းရံထားကာ ယင်းသို့သော လူ ၂၀၀ ထဲတွင် အချို့မှာ သတ်ဖြတ် ခံလိုက်ရပြီး ဖြစ်ကာ ကျန်ရှိသူများမှာလည်း နိုင်ငံရေး အကျဉ်းစခန်းများသို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း Amnesty International က ဖော်ပြသည်။

ဆွဲဆောင့်ခြင်းသီအိုရီကို လိုက်မမီပြီဘု(နီမင်းဆွေ)

ကိုယ့်နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာက အတော့်ကို အံ့အားသင့်နေကြတာပါ။ ဒါပေမယ့် တစ်ဖက်ကလည်း ပြောင်းလဲတာ မြန်ဆန်လွန်းတဲ့အတွက် ဖြေရှင်းဖို့ မလွယ်ကူတဲ့ စိန်ခေါ်မှုမျိုးတွေနဲ့ ထိပ်တိုက် ကြုံတွေ့သွားမှာကိုလည်း စိတ်ပူမိတယ်လို့ ပြောနေကြတာဟာ ဒါတွေကို မြင်လို့ ပြောနေကြတာဖြစ်ပါတယ်  . . .


ကိုယ်ပထမဆုံး ကားမောင်းသင်ခါစတုန်းက ဒုန်းခနဲမြည်သံနဲ့အတူ ချိုင့်ထဲကို ကားကျသွားရင် ကားမောင်းသင်ပေးတဲ့ ဦးလေးက ကိုယ့်ခေါင်းကို ဒေါင်ခနဲမြည်အောင် ခေါက်လေ့ရှိပါတယ်။ ပြီးတော့မှ ဦးလေးကိုယ်တိုင် ဂျစ်ကားကိုမောင်းပြီး တစ်ထွာလောက်နက်တဲ့ ချိုင့်ထဲကို ဂီယာ ကြီးနဲ့ ရှေ့ဘယ်ဘက်ဘီးကို တစ်လိမ့်ချင်း အရင်စချ၊ ပြီးမှတစ်လိမ့်ချင်း ပြန်တက်ပြပါတယ်။ 'မှတ်ထားကွ ကားဆိုတာ ဒီလိုမောင်းရတယ်၊ ဒီလိုမှ မမောင်းရင် လှည်းစီးရတာနဲ့ ဘာထူးတော့မလဲ'လို့ သြ၀ါဒလည်း ချွေခဲ့ပါသေးတယ်။

ဖားကန့်အထိ တိုက်ပွဲများရောက်ရှိ၊ ဝိုင်းမော်တွင် KIOတပ်သားစုနေ၍ ကျောင်းတက်ရန်အခက်အခဲဖြစ်လာ

မိုးညှင်းခရိုင်တွင်း ကေအိုင်အိုနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဖားကန့်မြို့၊မှော်မုံတွင် ကေအိုင်အိုနှင့် မြန်မာအစိုးရတပ်များအကြား မေလ (၂၇) ရက်ညနေက စစ်ပွဲများ ဆက် တိုက်ဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည် (၅၀)ဦးခန့် မှော်မုံနှစ်ခြင်း ဘုရားကျောင်းတွင်းသို့ လာရောက် ခို လှုံ့နေကြောင်း သင်းအုပ်ဆရာတစ်ဦးက ပြောသည်။ ထို့အပြင် တံတားညီနှောင်တွင်လည်း   မေလ(၂၅)မှ (၂၆) နေ့အထိ အစိုးရပ်တပ်နှင့် ကေအိုင်အိုတို့အကြား (၁)ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

ပြည်သူဂုဏ်ရည်ဆု လဖိုင်နော်မိန်း ရရှိ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဒီနှစ်အတွက် ဆုရှင်အဖြစ် ကချင် လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူ လဖိုင်နော်မိန်းကို ရွေးချယ်လိုက်ပါတယ်။
Citizen of Burma website
၂၀၁၂ ခုနှစ် မေလ ၂၇ ရက်က ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ကချင် လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူ လဖိုင်နော်မိန်းကို ရွေးချယ်ကြောင်း ဖော်ပြထားပုံ။
ဆန်ခါတင်ဆု အမည်စာရင်း (၅) ဦးထဲက အင်တာနက်ကနေ ကောက်ခံရရှိတဲ့ ဆန္ဒမဲ စုစုပေါင်း ၅၀ ရာခိုင်နှုန်းကျော်နဲ့ ၂၀၁၂ ခုနှစ် ဆုရှင်အဖြစ် လဖိုင်နော်မိန်း ရွေးချယ်ခံရတာ ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်းက ပြောပါတယ်။

‘Nargis When Time Stopped Breathing’ ဇာတ်ကား ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိ




e7341 မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်းရှိ ရွာများသို့ သွားရောက်ကာပုံဖော် ရိုက်ကူးထားသည့် ‘Nargis When Time Stopped Breathing’ မှတ်တမ်းရုပ်ရှင် ဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့ကာ ဆုများလည်း ဆွတ်ခူးရရှိခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါဇာတ်ကားကို ၂၀၁၀ ပြည့်နှစ်တွင် အပြီးသတ်ဖန်တီးနိုင် ခဲ့ပြီးနောက် နိုင်ငံတကာ ရုပ်ရှင်ပွဲ တော်များတွင်ပြသနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်း ရုပ်ရှင်ဇာတ်ကားတွင် နာဂစ်မုန်တိုင်း စတင်ချိန်မှ စတင်၍ တစ်လပြည့်ဆွမ်းကပ်ချိန် အထိကြားကာလတွင် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဧရာဝတီတိုင်းအတွင်းရှိ ရွာများသို့သွားရောက်ကာ မုန်တိုင်းပြီးမြင်ကွင်းများ၊ အကူအညီလိုအပ်နေမှုများ၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမှုများ၊ မိသားစုများနှင့် ခွဲခွာခဲ့ရသူများကို အင်တာဗျူးပုံစံ အဖြစ်ရော၊ ၎င်းတို့လှုပ်ရှား ရုန်းကန်ရမှုဘ၀များကိုပါ ရိုက်ကူးတင်ပြထားခြင်းဖြစ်သည်။

Mr.Kien Pham (Vice Chairman) VMG Media JSC နှင့် တွေ့ဆုံခြင်း




"ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံး တိုးတက်ပြီး လူတိုင်း ဖုန်းသုံးစွဲနိုင်ဖို့အတွက်ဆိုရင်တော့ တစ်ဦးတစ်ယောက်ထဲက ချုပ်ကိုင်ထားမှုထက် အပြိုင်အဆိုင်ရှိအောင် ဖွင့်ပေးဖို့ လိုအပ်ပါတယ်"

မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီး မကြာခင် အချိန်အတောအတွင်းမှာပဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ထွက်ပေါ်လာတော့မှာပါ။ ပြည်ပလုပ်ငန်းရှင် အများစုကတော့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုများနေတဲ့ အချိန်ထဲမှာပဲ ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်တွေလည်း ရှိနေတုန်းပါပဲ။ ဒီအထဲ လျှပ်စစ်မီးရှိမှု၊ ဆက်သွယ်ရေး ကွန်ယက်တွေ ကောင်းမွန်မှု၊ သတင်းအချက် အလက်တွေ မြန်မြန်စီးဆင်းနိုင်မှုတွေအပြင် စီးပွားရေးလုပ်ငန်းတွေ efficiency ကောင်းကောင်းနဲ့ လည်ပတ်နိုင်တဲ့ ပတ်ဝန်းကျင် ဟုတ်၊ မဟုတ် ဆိုတဲ့အပေါ်မှာလည်း လေ့လာဆန်းစစ်မှုများ ရှိလာသလို လက်ရှိအခြေအနေမှာ အဆင်သင့်မဖြစ် သေးဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာ-အိန္ဒိ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း၏ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခရီးစဉ်အတွင်း ထုတ်ပြန်သည့်မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း သည် ၂၀၁၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်လျက်ရှိသည်။ အိန္ဒိယဝန်ကြီးချုပ်နှင့်အတူ ဇနီး ရှရီမာတီ ဂူရှာရန်ခါ လည်း အတူ လိုက်ပါခဲ့သည်။

၂။         အိန္ဒိယဝန်ကြီးချုပ်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတမှ နေပြည်တော်၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ကမာရွတ် လှည်းတန်း တွင် မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား

ယနေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။

ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂၇ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။

Sunday 27 May 2012

ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား



ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွားပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။

အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်၊




အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်၊ လက်ရှိပြုစုထားသည့် စာရင်းအရ အဖျော်ယမကာ၊ စားသောက်ကုန်၊ ပုဂ္ဂလိကဘဏ်အချို့မှ လွဲ၍ အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့ ထိပ်ပိုင်းစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရ
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် အခွန် ထမ်းဆောင်ထားသည့် အခွန်ထမ်းများ အားလုံးထဲမှ အများဆုံး ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀၀ ဦးစာရင်းကို လာမည့်ဇွန်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး အခွန်အများဆုံး ရနိုင်သည်ဟု အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့နှင့် အဖွဲ့အစည်းကြီးအချို့မှာ အဆိုပါ  ၁၀၀ ဦး ၏ ထိပ်ဆုံးပိုင်းတွင် ပါဝင်လာခြင်း မရှိသေးကြောင်း စာရင်းပြုစုရာတွင် ပါဝင်သူ ပြည်တွင်း အခွန်များဦးစီးဌာန ၀န်ထမ်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အထည်ချုပ်အလုပ်သမားများ ဆန္ဒပြသည်ဆိုရာဝယ်




''ဧပြီလကတည်းက အလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။ တချို့လည်း လစာထုတ်ချိန် ငိုကြတယ်။ လုပ်နေရင်းနဲ့ အိမ်ပြန်ပို့ဖို့ထက် ကိုယ့်တစ် ယောက်စာ စားစရိတ်၊ နေစရိတ်အတွက်ကိုတောင် ပူပန်နေရတယ်''ဟု အသက် ၂၀ အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ မဝေလွင်(အမည်ရင်းမဟုတ်)က ပြောပြခဲ့သည်။
ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ဇာတိရွာမှ လွန်ခဲ့တဲ့တစ်နှစ်ခွဲက မဝေလွင်တို့ မောင်နှမသုံးဦး ထွက်လာခဲ့သည်။ မဝေလွင်၊ အစ်မရယ်၊ မောင်လေးရယ်။ မဝေလွင့်မိဘများက လယ်ယာလုပ်ကိုင်ကြသည်။ နောက်ပိုင်း မှာတော့ သီးနှံဈေးဖျက်၊ ရာသီဖျက်နှင့် လေးဧကခန့်ရှိ လယ်လုပ်စာ နှင့် မိသားစု စားဝတ်နေရေး မဖူလုံတော့။ အလုပ်အကိုင်များလည်း ရှားပါးလာတာကြောင့် မဝေလွင်တို့ မောင်နှမတွေ နေရပ်ကို စွန့်ခွာလာခဲ့သည်။ ရန်ကုန်ရောက်တော့ ညီအစ်မနှစ်ယောက်က အထည်ချုပ်စက်ရုံတွေမှာ၊ မောင်လေးကတော့ ပိုက်စက်ရုံတစ်ခုမှာ ၀င် ရောက် လုပ်ကိုင်ကြသည်။

မိုးခေါ်ပွဲ




''မိုး .. မိုး . . . မိုးလားမောင်တို့၊ ဟုတ်ပါတယ်ဗျို့ မိုးပါဗျို့ . . . လေ လေ လေလားမောင်တို့၊ လေမဟုတ်ဘူး မိုးပါဗျို့ . . . မိုးရွာတော့မယ် သေချာပြီ၊ ကိုကိုညီညီနိုင်တဲ့ လွန်ပွဲ . . . မျက်နှာငယ်လေးနဲ့ သနားစရာ၊ ထားကညာရေ မငိုလိုက်ပါနဲ့ . . .။ နှုတ်ခန်းစူနဲ့ မူယာဆင်၊ မြင်ရသူမှာ စိတ်မချမ်းသာဘူး . . .။ ဒူးထောက် ရှိခိုးအသနားခံ၊ ဆောရီးပါကွယ် ပြန်လိုက်ကြဦး . . .''ဟု လူကြီး၊ လူငယ် အမျိုးသားတစ်စု၏ မိုးခေါ်လွန်ဆွဲ သံချပ်ဟစ်သံက ဗျောအဖွဲ့မှ ဆိုင်းသံ၊ ဗုံသံများနှင့်အတူ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်လမ်းတစ်လျှောက် စည်းချက်ညီညီ ပျံ့လွင့်လို့ နေလေသည်။

လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။

အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ

အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အိန္ဒိယနိုင်ငံ တလန်ဂါနာပြည်နယ် အိုစ်မန်နီယာ တက္ကသိုလ်ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဆန္ဒပြမှုကို လုံထိန်းရဲများ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ် ဖြိုခွဲနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး  မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်

India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖြစ်ပါတယ်။ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာဖစ်ပါတယ်။
လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ Mr.Singh တွေ့ ဆုံဆွေးနွေးမှာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂါင်္နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဘကြီးညို၏ အောက်ကစ(ဦးတင်မောင်လတ် (မွန်ပြည်နယ်ကျောင်းကျန်းမာရေး))


ရိုးသားသော မွန်လူမျိုး ဘကြီးညို ... မွန်နာမည်ကိုတော့ နိုင်ကွန်ဒေဟု ခေါ်ကြသည်။ မွန်ပြည်နယ်၏ အေးချမ်းသော မွန်ရွာကလေး တစ်ရွာတွင် မူလ တန်းပြဆရာအဖြစ် အသက်မွေးဝမ်း ကျောင်း ပြုလုပ်ခဲ့သူ ဖြစ်၏။ ဆရာညို သည် သူ၏ကျောင်းဆရာအလုပ်ကို အလွန်တန်ဖိုးထားပြီး ၎င်း၏တပည့် ကလေးများအပေါ် သံယောဇဉ်ကြီးမား သော ဆရာတစ်ယောက်ဖြစ်၏။
၎င်း၏ ခေတ်က မိမိနေထိုင်ရာ မွန်ရွာကလေး တွင် ကျူရှင်ဆိုသည်မှာ ကြားတောင် မကြားဘူးချေ။
လူပျိုကြီးဖြစ်၍ မိသားစု သံယောဇဉ်ဟူ၍ သူ့တွင်မရှိ။ သူ တွယ်တာရသော သံယောဇဉ်ဆိုသည် မှာ သူ့တပည့်ကလေးများသာ ဖြစ်၏။

Google Chrome ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Browser ဖြစ်လာ





ဂူးဂဲလ်၏ Chrome သည် မိုက်ခရိုဆော့ဖ်၏ Internet Explorer (IE)ကို ကျော်ပြီး ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Browser ဖြစ်လာခဲ့ကြောင်း မေလ ၂၁ ရက်နေ့က Stat Counter ကွန်ရက်အချက်အလက် ပြုစုရေးက ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြသည်။

မေလ ၁၄ ရက်မှ ၂၀ ရက်အတွင်း Chrome သည် တစ်ပတ်လုံး အင်တာနက် အသုံးပြုမှုတွင် အသုံးအများဆုံး ဖြစ်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြသည်။ ယခင်ကတည်းက Chrome သည် ရက်သတ္တပတ် နောက်ဆုံးနေ့များ(စနေ၊ တနင်္ဂနွေ)အသုံးပြုမှုတွင် IE ကို ကျော်လွန်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ တစ်ပတ်လုံးသုံးစွဲမှုတွင် ကျော်လွန်ခဲ့ခြင်းမှာ ပထမဆုံးဖြစ်သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်သွယ်ရေးနှင့် သတင်းနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလာ ခေတ်ကာလနှင့် လျော်ညီခြင်း မရှိတော့သည့် မိုနိုပိုလီ လုပ်ကိုင်နေခြင်းအပေါ် သုံးသပ်မှုများရှိနေ

လက်ရှိဥပဒေတွေ မပြီးသေးလို့ ပုဂ္ဂလိကကို လုပ်ခွင့် မပေးသေးဘဲ MPT ပါနေရတာလို့ ပြောတယ်။ နိုင်ငံတကာမှာ ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရပိုင်းက အနည်းအကျဉ်းပဲ ပါပေမယ့် ဒီမှာက အကုန်လုံး ပါနေတော့ တိုးတက်သင့် သလောက် မတိုးတက်ဘူး  . . .


7342 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် များစွာ အရေးကြီးလာပြီး မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့ကသာ အဓိက ချုပ်ကိုင်ထားခြင်း မှာ ခေတ်နှင့် လျှော်ညီမှု မရှိတော့ကြောင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အပါအ၀င်ပြည်တွင်းမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ဝေဖန်သုံးသပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် သဘာဝရင်းမြစ်များစွာ ပိုင်ဆိုင်ထားသော်လည်း ဆက်သွယ်ရေး ကဏ္ဍအပါအ၀င် အခြေခံကျသော Infrastructure များတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့်အပြင် ၎င်းတို့ အတွက် သုံးစွဲရသည့် ကုန်ကျစရိတ်မှာလည်း အများဆုံးဖြစ်နေကြောင်း ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေသူများက ပြောဆိုကြပါသည်။

H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရ


H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ်
နမ့်ခမ်း-မူဆယ်   ၆၆ ကေဗွီ ဓာတ်အားလိုင်းရှိ H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်
 (၂၄၉)သည် (၂၅-၅-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် တိမ်းစောင်းနေကြောင်း
 ဒေသခံများမှ မူဆယ်ခရိုင်လျှပ်စစ်ရုံးသို့ သတင်းပေးပို့ခဲ့ပါသည်။

H-Pole တိုင် အမှတ်(၂၄၉) အား စစ်ဆေးရာ သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့်
 အောက်ခြေမှ တစ်ပေခွဲခန့် နေရာတွင် ပြတ်ကျပြီး  အင်္ဂတေများ ပဲ့ကျကာ သံချောင်း
များ ကွေးလိမ်သွားခဲ့ပါသည်။

နိုင်ငံတကာအာကာစခန်းနှင့် ချိတ်ဆက်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်





နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်မည့် ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ်ကို အာကာသ စူးစမ်းရှာဖွေရေး နည်းပညာ ကော်ပိုရေးရှင်း(SpaceX)က မေလ ၂၂ ရက်နေ့တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပေါင် ၁၀၀၀ မျှလေးသော ကုန်တင်အာကာသယာဉ် Dragon ကို လွှတ်တင်မှုမှာ နိုင်ငံအစိုးရများသာ ဦးဆောင်လုပ်ကိုင်နေရသော အာကာသ စူးစမ်းလေ့လာရေးနယ်ပယ်အတွက် ထူးခြားသည့် သမိုင်းမှတ်တိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။
AFP
မဟာမဲခေါင်ဒေသ ညီလာခံကို တက်ရောက်ရန် အတွက်၀၁ခုနှစ် ဧပြီလ ၁ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိလာသော သမ္မတ ဦးသိန်းစိန်ကို တွေ့ရစဉ်။
အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊

စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ

အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။
RFA
ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမများ မေလ ၁၆ ရက်နေ့က ဆန္ဒပြနေစဉ်။
အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။

ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ




ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံပင်။
ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစသည်။ အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့် ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။

နိုင်ငံပြုတည်ဆောက်သူ ကျောင်းဆရာများ(မောင်သန်းဝင်း(ရန်ကုန်တက္ကသိုလ်))

ကျောင်းဆရာသည် လူကို ပြုစုပျိုးထောင်ရသူ၊ ပဲ့ကိုင်ထိန်းကျောင်းရသူ၊ ကိုယ်တွယ်ပုံသွင်းရသူ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် သိမ့်မွေ့ပြီး နက်နဲသော တာဝန်ကိုယူကြရသူများဖြစ်သည် ...


'ဆရာဖြစ်သင်ကြားရန် လူရွေးချယ်ရာ၌ အထူးအရေးကြီးသော အချက်မှာ တကယ်ဆရာအလုပ်နှင့် တော်မည့်သူကိုသာ ရွေးကြရန် သတိပြုရမည်။ အခြားအလုပ်တစ်ခုခုကို လုပ်လိုသော်လည်း မရနိုင်၍ နောက်ဆုံးဆရာပဲ လုပ်ပါတော့မည်ဟု စိတ်ထားသောသူ၊ အကျင့်စာရိတ္တပျက် ပြားသောသူ၊ ကျန်းမာရေး များစွာချို့တဲ့သောသူ၊ စိတ်ထား အလွန်ကျဉ်းမြောင်းသောသူ၊ အချုပ်အားဖြင့် ကျောင်းသားများ စံနမူနာယူခြင်းဖြင့် အကျိုးမဲ့စေမည့်သူတို့ကို မရွေးချယ်စေရ။

လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုထဲ ပုသိမ်မြို့လည်းပါဝင်လာ


မြို့ကြီးအတော်များများတွင် လုပ်ဆောင်လျှက်ရှိသည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင် လှုပ်ရှားမှုတွငို ပုသိမ်မြို့လည်း ပါဝင်လာကာ ယနေ့ ည ၇ နာရီ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံးရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖေါ်လိုက်ကြသည်။

ည ၇နာရီခန့်တွင် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှုကို ဦးဆောင်သူ ကိုဇော်မိုး၊ ကိုကျော့မောင်၊ ကိုနိုင်ကြီး တို့နှင့်အတူစုစုပေါင်း လူ ၂၀ ၀န်းကျင်ရောက်ရှိလာပြီး ဖယောင်းတိုင် စတင်ထွန်းညှိကာ မြေနုလမ်း၊ ကုန်သည်လမ်းမှ တဆင့် ရွှေမုဋ္ဌော ဘုရားသို့ လမ်းလျှောက်သွားခဲ့ကြသည်။
ဘုရားသို့ရောက်ရှိသည့်အခါ လူပရိတ်သတ် ၂၀၀ ၀န်းကျင်ထိ ရှိလာသည်ကို မြင်တွေ့ရသည်။

Friday 25 May 2012

NLDဆိုင်းဘုတ်တင်ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကိုမေးခွန်းသုံးခုမေး



ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး ယနေ့ မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLDမြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေပြီး ဖွင့်လှစ်မည့်ရက် အတိအကျ၊ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံအပေါ် မည်သို့ ကူညီပေးမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ထုတ်ပြန်ပေးမည်ဟု လည်း သိရှိရသည်။

ကလေးတွေဘာကြောင့် ကျောင်းကိုမုန်း

 
သင်နည်းစနစ်တွေကလည်း ပျင်းစရာကောင်းလာ၊ ရလဒ်တွေကလည်း သဘာဝမကျ၊ ပိုင်းဖြတ်တဲ့ဆရာတွေက လည်း အရည်အချင်းမရှိ ဒါကြောင့် အမေရိကန်မှာတော့ ပညာရေးစနစ်ကို မိဘတွေနဲ့ ကျောင်းသားတွေကပါ ဝေဖန်တိုက်ခိုက်တာတွေ ဖြစ်နေပြီလို့ ဆိုပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်လာရသလဲ ပြန်ဆန်းစစ်ကြည့် လိုက်တော့
‘‘အဖြေလွှာတွေကိုကြည့်ပြီး ကျွန်မ စိတ်ထဲမှာ ဖြစ်ပေါ်မိတာကတော့ အားလုံးကို မီးပုံရှို့လိုက်ချင်တော့တာပဲ’’
အဲဒီစကားကိုပြောသွားသူက မေဝေါကီပြည်နယ် ကျောင်းတစ်ကျောင်းက တတိယတန်းသင်ဆရာမ အေမီ ဂူတောစကီးဆိုသူ ဖြစ်ပါတယ်။

ယုံကြည်ခြင်းနှင့် မျှော်လင့်ချက်(ကိုသိန်း(ကျောက်ကြီး))


အပြုသဘော ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာအသိုက်အ၀န်းမှ ချီးကျူးထောပနာပြုနေမှုများကို ဒီအချိန်မှာ ကျွန်တော်တို့ သာယာနေရမည့် အချိန်အခါမဟုတ်တော့ လက်တွေ့ဆန်သည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော်ကြရမည့်အချိန်ဖြစ်သည် . . .



လူဆိုသောသတ္တ၀ါသည် မျှော်လင့်ခြင်းဖြင့် အသက်ရှင်နေကြသော သတ္တ၀ါများဖြစ်သည်။ အကောင်းဆုံးကို မည်သူမဆို မျှော်လင့်ကြသည်။ ထီထိုးပြီး သိန်း ၁၅၀၀ မျှော်လင့်နေသူများရှိသလို မိဘတွေကလည်း သား သမီးတွေကို မျှော်လင့်ကြ၊ ဆရာတွေကလည်း တပည့်တွေကို မျှော်လင့်ကြ၊ ပြည်သူတွေကလည်း အစိုးရကို မျှော်လင့်ကြသည်။ ထို့အတူ အစိုးရ၀န်ထမ်းများက လစာတိုးဖို့ မျှော်လင့်ကြသလို အခြေခံ လူတန်းစားများ ကလည်း တန်ဖိုးနည်း ဖုန်းလေးတွေကို မျှော်လင့်ကြသည်။ စိတ်ကူးယဉ်ပြီး ထီထိုးထားသူများအဖို့ သိန်း ၁၅၀၀ မပေါက်လို့ စိတ် ထဲ ရင်ထဲခံစားချက် ကြီးကြီးမားမား မရှိလှပေမယ့်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ပြောကြား



 နိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ယနေ့ မေလ၄ရပ်နေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်တွင်းသတင်းထောက်တစ်ဦးမှ "နိုင်ငံတော် ဒုတိယ သမ္မတအနားယူတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးချင်ပါတယ်။ ဒုတိယသမ္မတက ထွက်စာတင်ထားတာလား။ နှုတ်ထွက်ခွင့်တောင်းတာလား သိချင်ပါတယ်။ တစ်ချို့ကလည်း ဘုန်းကြီးဝတ်နေတယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် မေလ ၃ရက်နေ့က ထွက်လာတဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ ပါလာတာတွေ့ရပါတယ်။ နိုင်ငံတော် ဒုတိယသမ္မတအနေနဲ့ အမှန်တစ်ကယ် အနားယူသွားပြီလား။ တာဝန် ဆက်လက်ဆောင်ရွက်နေလား သိရှိလိုပါတယ်။"ဟု မေးမြန်းခဲ့သည်။

၂ သိန်းခွဲတန်ဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ပေး၍၀ယ်ယူ


မှုရင်းဈေးနှုန်း ၂ သိန်းခွဲသာရှိ သည့် WCDMA မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၁၁ သိန်းကျော်ဖြင့်အရောင်းအ၀ယ်ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ရှိ မိုဘိုင်းဖုန်းအကျိုးဆောင်လုပ်ငန်းတစ်ခုမှသိရသည်။နံပါတ်အပူးများပါရှိသည့် မိုဘိုင်းဖုန်းလိုင်းများကို ဈေးကြီးပေး၍ လိုက်လံဝယ်သူများကြောင့် ယခုကဲ့သို့ ပြင်ပပေါက်ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးဂဏန်း ၅ လုံးပူး၍ ရှေ့ဆုံးဂဏန်း၌ ၂ လုံးစီပူးတွဲနေသည့် မိုဘိုင်းတယ်လီဖုန်းလိုင်းတစ်ခုကို ငွေကျပ် ၁၃ သိန်းဖြင့်ရောင်းဈေးသက်မှတ်ထားခဲ့သော်လည်း ငွေကျပ် ၁၁ ကျော်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့သည်ဟု

သတင်းထောက်နာမည် ဖော်ထုတ်ပေးရေး တောင်းဆိုချက် တရားရုံးက ပယ်ချ

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက သတင်းရေးသားသူ သတင်းထောက် နာမည်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုချက်ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးက ဒီကနေ့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly Journal မျက်နှာဖုံးအားတွေ့ရစဉ်။
ဒီအမှုကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးမှာ (၅) ကြိမ်မြောက်အဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပြီး၊ နှစ်ဘက်အကျိုးဆောင် ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာပြီးတဲ့နောက် တရားသူကြီး ဒေါ်ခင်သန့်စင်က အခုလို ဆုံးဖြတ်လိုက်တာလို့ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis