စစ်တွေတွင် ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့
လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု
အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ
သွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။
“ အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ၇၀၀နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့ သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။

တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည်
အမေရိကန်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး ယင်းလုပ်ငန်းကြီးများ
အမေရိကန်တို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သင့်ကြောင်း
အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက တစ်နှစ်ကြာ
စုံစမ်းလေ့လာပြီးနောက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။