menu

Saturday 31 March 2012

ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ)


ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်း
ခင်ဗျား..
ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊
 တကယ်လို့ ဒီလိုလက်ရောက်မှုအတွက် တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်
တော်ပြောချင်တာ ပြစ်ဒါဏ် မမျှတမှုအပေါ်ကိုသာ ပြောချင်တာပါ၊
အခု အမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်ကို သေခြာစွာစိစစ်မယ် ဆိုရင် သတင်းထောက်နဲ့ သရုပ်ဆောင်တို့ရဲ့ဖြစ်စဉ်ဆိုတာထက် တာဝန်ထမ်းဆောင်
သူနဲ့ကိုယ်ထိလက်ရောက် ကျူးလွန်သူတို့ရဲ့ ဖြစ်စဉ်လို့ပဲပြောရမှာပါ၊ဒီနေရာမှာ သတင်းထောက်မှားခြင်းမှန်ခြင်း၊သရုပ်ဆောင် မှန်ခြင်းမှားခြင်းတွေကို
မပြောလိုပါဘူး၊ဥပဒေမဲ့ ပြုမူခဲ့ခြင်းအပေါ်ပြောချင်တာပါ၊အမှန် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်လို့ သရုပ်ဆောင်က ယူဆရင် ဥပဒေကြောင်းအရ တရား
စွဲလို့ရနိုင်သလို အယ်ဒီတာချုပ်ထံတိုင်ကြားပြီး အရေးယူခိုင်းလို့လည်း ရနိုင်ပါတယ်၊(သတင်းထောက်းမှားတယ်မပြောဘူးနော်)၊ဒီနေရာမှာ အရိုက်ခံလိုက်
ရတဲ့ သတင်းထောက်မလေးကို ကျွန်တော်ချီးကျူးတာတစ်ခုက ကိုယ့်အပေါ် ကိုယ်ထိလက်ရောက် စော်ကားတာကိုပင် ပြန်မတုန့်ပြန်ပဲ ဥပဒေကြောင်းအရ
ပြန်ဖြေရှင်းတာ မှန်ကန်တဲ့ တုန့်ပြန်ချက်ပါ၊ကိုယ်နေထိုင်ရာတိုင်းပြည်ရဲ့ ဥပဒေကိုယုံကြည်လိုက်မိတယ်လို့သုံးသပ်ရမှာပါ၊သို့သော် သူယုံကြည်ခဲ့တဲ့
ဥပဒေရဲ့ ဆုံးဖြတ်ချက်ကတော့

Myanmar Times Weekly ဂျာနယ်ကို စတင် တည်ထောင်သူ မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခြင်း

"ရာစုနှစ်တစ်ဝက်ကျော် လျစ်လျူရှုခံထားရတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိလာတော့မှာပါ"

ခေတ်နောက်ကျနေသော နိုင်ငံပိုင် သတင်းစာများသာရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ များစွာပြောဆိုနေခဲ့ကြရာ တကယ့် လက်တွေ့တွင် အဓိပ္ပာယ်မည်သို့ရှိပါသနည်း။ မည်သူတွေ အကျိုးအမြတ်ရပြီး မည်သူတွေ အရှုံးပေါ်ကြမည်နည်း၊ မြန်မာတိုင်း(မ်)၏ ဒုတိယသတင်းအယ်ဒီတာ ရတနာထွန်း က အလန့်တကြားဖြစ်စေလောက် သော ထိရောက်မှုဆန်းစစ်ခြင်း အပါအ၀င် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကြီး အခက်အခဲပြဿနာများအကြောင်းကို သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းကို ဤကဏ္ဍတွင် ဖော်ပြသွားပါမည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်ရာ ပထမတစ်ပိုင်း အဖြစ် ကျွန်ုပ်တို့ အပတ်စဉ်ဂျာနယ်ကို စတင် တည်ထောင်သူဖြစ်သော မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြ လိုက်ပါသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘာသာစုံ ဆုတောင်းပွဲ ကျင်းပ


မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - လွင်ကိုတိတ်
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေ သော စစ်မီးများ ငြှိမ်းသတ်၍ မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်းရေးဖော်ဆောင် နိုင်ရန်နှင့် မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပနိုင်စေရန် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် ကျင်းပခဲ့ သည်။
ဆုတောင်းပွဲအခမ်းအနားတွင် တိုင်း ရင်းသားပေါင်းစုံအပါအ၀င် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်န်ဂျီအိုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ပေါင်း ၄၀၀ ၀န်းကျင်က ငြိမ်းချမ်းရေး ဖယောင်း တိုင်များ ကိုယ်စီကိုင်ကာ မိမိတို့သက်ဆိုင် ရာ ဘာသာအလိုက် အာရုံပြုကာ ကချင် ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဆုတောင်းခဲ့ကြ သည်။
"အခုလို ဘာသာပေါင်းစုံ ဆုတောင်း တဲ့ဖြစ်ရပ်က သမိုင်းမှာ တော်တော် ရှားပါ တယ်။

အပန်းဖြေခရီးသွားသူများတဲ့ အားလပ်ရက် နွေရာသီ




အလောင်းတော်ကဿပ၌ ခရီးသွားများအား တွေ့ရစဉ်
ဆောင်းကုန်လို့ နွေရာသီထဲ ချင်းနင်းဝင်ရောက်ခဲ့တာ တစ်လ ရှိခဲ့ပါပြီ။ နွေရာသီ အားလပ်ရက်လို့ ပြောလိုက်ရင် ကျောင်းသား ကျောင်းသူတွေကို ပြေးမြင်ယောင်မိတတ်ကြသလို ကျောင်းသားမိဘတွေ တစ်ခဏ အနား ရချိန်လို့လည်း တွေးမိစေပါတယ်။ တစ်နှစ်တာပတ်လုံး သားသမီးတွေစာနဲ့ လုံးပန်းနေခိုက်မှာ မိဘတွေဆိုတာဟာလည်း သားသမီးတွေနဲ့အပြိုင် ပင်ပန်းခဲ့ကြရတာပါ။ အထူးသဖြင့် သားသို့မဟုတ် သမီးဟာ တက္ကသိုလ် ၀င်တန်း ကျောင်းသား ကျောင်းသူဆိုရင်တော့ သာမန်ထက် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ကြရပါတယ်။ တက္ကသိုလ်ဝင် တန်းဆိုတာဟာ ရှေ့ဆက်လျှောက်ရမယ့် ဘ၀လမ်းကို ပြဋ္ဌာန်းပေးတဲ့ အချိုးအကွေ့ တစ်ခုလည်း ဖြစ်နေတာကြောင့်ပါပဲ။

အခုတော့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေသာမက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေလည်း ပြီးဆုံးချိန်ရောက်ပြီမို့ အားလပ်ရက် နွေရာသီကို အပြည့်အ၀ စတင်ခဲ့ပါပြီ။ မြို့ပြမှာတော့ နွေက အပူကဲလို့။ နယ်ဒေသတွေမှာလည်း နွေနေ့လယ်ခင်းတွေဟာ နွေသရုပ် ပီပြင်နေခဲ့ပြီ။ သဘာဝပတ်ဝန်းကျင် လှပတဲ့ဒေသတွေမှာတော့ နွေဦးရာသီဟာ ပူပြင်းတဲ့နေရောင်ကိုသာ မေ့ထားတတ်ရင် ပန်းရောင်စုံ၊ ရွက်သစ်စိမ်းစိမ်းတွေနဲ့ ကဗျာဆန်ဆန် လှပနေတော့တာပါ။

Friday 30 March 2012

ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်စာရင်း သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြု

ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရပါတယ်။

Photos courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ညစာစားပွဲ၌ ကချင်ခေါင်းဆောင်များ၏ လက်ဆောင်ပစ္စည်းကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေစဉ်။
မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုတော့ ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား ထားပါတယ်။

အာစီယံနိုင်ငံတွေ ဘာကြောင့် လက်နက် နင်းကန် ၀ယ်နေသလဲ(၀င့်ထန်း)

လူဦးရေး ငါးသန်းသာသာရှိတဲ့ စင်္ကာပူကျွန်းနိုင်ငံလေးဟာ ဆိတ်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဥပဒေလိုက်နာမှု၊ ပညာရေးကောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ၀န်ဆောင်မှု၊ ဘဏ်လုပ်ငန်း၊ သင်္ဘောဆိပ်ကမ်း၊ ဂေါက်ကွင်း စတာတွေနဲ့ အာရှရဲ့ ကျားခြင်္သေ့ ဖြစ်တာမို့ အခြားနိုင်ငံတွေက လေးစားအားကျရစမြဲပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာတော့ စင်္ကာပူကိစ္စက ကမ္ဘာ့နိုင်ငံတွေကြား ဆူဆူညံညံ ဆွေးနွေးစရာ ဖြစ်လာပါတယ်။
ပြဿနာက လက်နက်တင်သွင်းမှုပါ။ မကြာခင်က ထုတ်ပြန်တဲ့ Stockholm International Peace Research Institute (SIPRI) ရဲ့ အစီရင်ခံစာအရ လက်နက်အများဆုံး ၀ယ်ယူတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့စာရင်းမှာ စင်္ကာပူ ပိစိကွေးက နံပါတ် (၅) ချိတ်နေပါတယ်။ သူ့ရှေ့မှာ အ၀ယ်များဆုံး လေးနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်ကိုရီး ဟဲဗီးကြီးတွေ ဖြစ်ပါတယ်။
စင်္ကာပူရဲ့ လက်နက်အတွက် အသုံးစရိတ်က ကမ္ဘာ့နိုင်ငံအားလုံး လက်နက်ဝယ်ယူမှု အသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ် ကာကွယ်ရေး အသုံးစရိတ်က ၉.၇ ဘီလီယံ ဒေါ်လာ အထိရှိပြီး အမျိုးသားဘတ်ဂျက်ရဲ့ ၂၄ ရာခိုင်နှုန်း သုံးစွဲထားပါတယ်။ တိုင်းပြည်လူဦးရေနဲ့ တွက်ရင် တစ်ဦးချင်းအတွက် ကာကွယ်ရေးအသုံးစရိတ်က အမေရိကန်၊ အစ္စရေး၊ ကူဝိတ်တို့ထက် သာလွန် နေပါတယ်။ စင်္ကာပူလို ငြိမ်းချမ်းအေးဆေးတဲ့ နိုင်ငံက အဲဒီကိန်းဂဏန်းတွေနဲ့ လက်နက်ဝယ်နေတာ အံဩစရာကောင်းပါတယ်။

မြန်မာအလုပ်သမားတွေခေါ်ယူဖို့ မလေးရှားကစဉ်းစား

အိမ်ဖော်တွေအပါအ၀င် မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ယူဖို့ စဉ်းစားနေကြောင်း မလေးရှား ၀န်ကြီးချုပ်က ပြောပါတယ်။
AFP
မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်။
 ၂၀၁၁ ခုနှစ် ခန့်မှန်းချက်များအရ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းကျော် အလုပ်လုပ်ကိုင်နေကြသည်။
နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာဘက်က တောင်းဆိုချက်အပေါ် စဉ်းစားဖို့ သဘောတူခဲ့ကြောင်း၊ မြန်မာနိုင်ငံသားတွေကို အိမ်ဖော်လုပ်ငန်းအတွက် ခေါ်ယူနိုင်ဖွယ်ရှိကြောင်း၊ ဒါပေမဲ့ ဆက်လက်ဆွေးနွေးစရာတွေ ရှိနေသေးကြောင်း၊ မြန်မာတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့လူမျိုးဖြစ်ကြောင်း၊ မလေးရှားယဉ်ကျေးမှုနဲ့ အံဝင်အောင်နေတတ်မယ်ဆိုရင် မြန်မာရဲ့အဆိုပြုချက်ကို လက်ခံဖို့ မခက်ခဲကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က မလေးရှား သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အွန်လိုင်းမှလျှောက်ထားနိုင်မည့် အီးဗီဇာစနစ် ဧပြီလ ၁ ရက် စတင်စမ်းသပ်မည်

အွန်လိုင်းမှ တစ်ဆင့်ပြည်ဝင်ခွင့် လျှောက်ထားနိုင်မည့် အီးဗီဇာစနစ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်စမ်းသပ်လုပ် ဆောင်သွားမည်ဟု မြန်မာနိုင်ငံဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့အတွက် စတင်အကောင် အထည်ဖော်သွားမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများနှင့် ဥရောပ နိုင်ငံများအတွင်း ထပ်မံတိုးချဲ့သွားမည်ဟု ပြောသည်။ "ဧပြီလ ၁ ရက်နေ့မှာ ဆင်ထားတဲ့ အွန်လိုင်းစနစ်တွေ အဆင်ပြေချော မွေ့မှုရှိ သလားဆိုတာကို စမ်းသပ်မယ်။ အရင်ဆုံး CLMV နိုင်ငံတွေကို အီးဗီဇာ ပေးမယ်။ ဒီအီးဗီဇာစနစ်ကို စင်ကာပူ နည်းပညာသုံးပြီး လုပ်ထားတယ်။ အီးဗီ ဇာလျှောက်တဲ့သူတွေကို လိုအပ်သလို စစ်ဆေးပြီး အမည်ပျက်စာရင်း (black list)မဟုတ်ရင် ဗီဇာထုတ် ပေးမယ်။ ဗီဇာ ကြေးကိုလည်း အွန်လိုင်းကနေပေးချေ ရမယ်" ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ အီးဗီဇာစနစ်ကို အကောင် အထည်ဖော်ပြီးပါက နိုင်ငံတကာမှ ခရီးသည်များ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် လာနိုင်မည်ဖြစ် သည့် အတွက် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းပိုမိုတွင်ကျယ် လာမည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပြုလုပ်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ အပါအ၀င် ပြည်တွင်း၊ ပြည်ပ သတင်းဂျာနယ်လစ် ၃၀၀ ကျော် တက်ရောက် သတင်းရယူခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လများအတွင်း ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားပါက ကြားဖြတ်ရွေးကောက်ပွဲသည် စစ်မှန်သည့် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဆိုသည်ကို စဉ်းစား၍ ရနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပသွားမည့် မဲဆန္ဒနယ်များတွင် များနိုင်သမျှ များများအနိုင်ရရှိရန် ကြိုးစားခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းအနက် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မတန်မရာ ငါးကြင်းခေါင်းကိုမိသလိုဖြစ်ပြန်ပြီအကြောင်းက ဒီလိုပါ(လေဗျောက်အိုး)


လေဗျောက်အိုးသည် ဇာတ်ညွှန်း မရေးတတ်ပါ။ ဗိုလ်ချုပ်ရုပ်ရှင်အသံပလူပျံ လာသောအခါ ဗိုလ်ချုပ်၏ မိသားစု ဇာတ်ဝင်ခန်းလေးတစ်ခန်းကို မရဲတရဲ ဇာတ်ညွှန်းချရေးကြည့်မိ၏။ ဗိုလ်ချုပ်အိမ် ကို လူတစ်ယောက်ဝင်လာမည်။ အိမ်တံ ခါးကို ဒေါ်ခင်ကြည်က ဖွင့်ပေး။ (ကဒ်)
ဧည့်ခန်းထဲ၌ ထိုလူကို ဒေါ်ခင်ကြည်  က ဧည့်ခံစကားပြောခန်း ရိုက်ပြ၊ ထိုသူ က ခြေဟန်လက်ဟန်အာဘောင်အာရင်း သန်သန်ပြောနေသည်ကို အသံသဲသဲကွဲ ကွဲမကြားနိုင်သော ရှုထောင့်တစ်နေရာက  မြင်ရပုံကိုပြ။ (ကဒ်)
ဒေါ်ခင်ကြည်ကို အနီးကပ်ရိုက်ပြ၊ သက်ပြင်းချပြီး အဝေးကိုငေးမောဆွတ်ပျံ စွာဖြင့် စကားလုံး လေးလေးနက်နက် တည်တည်ကြည်ကြည်ပြောမည်။
““ခုလို စေတနာနဲ့ အကြံဉဏ်ပေး တာ ကျွန်မကျေးဇူးတင်ပါတယ်။ ကျွန်မ ဒေါ်သန်းခင်မိသားစုအပေါ်မှာ ဘယ်လို စိတ်မှ မအောက်မေ့မိပါဘူး။ ဗိုလ်ချုပ်  အောင်ဆန်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ကိုမီခိုနေရတဲ့ ကျွန်မတို့မိသား  စုတင်မက တစ်တိုင်းပြည်လုံး နစ်နာသွား တဲ့ကိစ္စပါ။ ဒါကို အကြောင်းပြုပြီး ရှင် အကြံပေးသလို၊ တစ်ဖက်ကို နစ်နာမှု လျောကြေးငွေရမှုနဲ့ တရားစွဲဆိုပြီး တောင်း ချင်သလောက် တောင်းခွင့်ရှိတယ်ဆိုတာ လည်း ကျွန်မသဘောပေါက်ပြီးသားပါ။ ဒါပေမဲ့””

ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်

လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​ ဆန္ဒပြဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​အတွင်း​ တိုင်ရီဖိနပ်စက်ရုံ အလုပ် သမား​တွေရဲ့​ ကြိုး​ပမ်း​မှုကို အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေက တား​မြစ်မှုအပြီး​ ရုန်း​ရင်း​ဆန်ခတ်မှုဖြစ်ပွား​ရာမှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဖြစ်သူ ဒဏ်ရာအနည်း​ငယ် ရသွား​ပါတယ်။

ဒီအဖြစ်အပျက်နဲ့​ပတ်သက်ပြီး​ ကိုယ်တိုင်သွား​ကြည့်​သူ တဦး​ကို ​နေ့​လည် ၁၂ နာရီမှာ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အခု တိုင်ရီစက်ရုံ​ရှေ့​မှာ​ပေါ့​။ ဖြစ်ပျက်​နေတဲ့​ အ​ခြေအ​နေ​တွေကို ​ပြောပြပါဦး​။

“အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​အချက် မ​ပြေလည်တဲ့​အတွက် ဆက်ပြီး​ ဆန္ဒပြဖို့​ လုပ်တာကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​နဲ့​ ခရိုင်ရဲမှူး​က လာတား​တယ်။ လမ်း​ပေါ်မှာ ဆန္ဒပြတာဟာ ဥပ​ဒေအရ တရား​မဝင်ဘူး​။ တရား​မဝင်တဲ့​အတွက် ဆန္ဒပြလို့​ မရတဲ့​အ​ကြောင်း​ကို လာ​ပြောတယ်။ အလုပ်သမား​တွေက မြို့​နယ် အုပ်ချုပ်​ရေး​မှူး​တွေ အရင်က ညှိခဲ့​တာမှာ အဆင်မ​ပြေတဲ့​ အခံရှိခဲ့​တဲ့​ အတွက် သူတို့​ ညှိတာကို လက်မခံ​တော့​ဘဲ ခဲ​တွေနဲ့​ပေါက်တာတို့​၊​ တွန်း​ထုတ်တာတို့​ လုပ်လိုက်တယ်။

တရားခံထက်ထက်မိုးဦးအား ငွေဒဏ်ကျပ်တစ်ထောင် ပြစ်ဒဏ်ချမှတ်ခြင်းခံရ


ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သတ်၍ အပြီးသတ် စီရင်ချက်ကို မတ်လ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ရာ တရားခံ ထက်ထက်မိုးဦးသည် ငွေဒဏ် တစ်ထောင်ကျပ်သာ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရကြောင်း သိရသည်။

ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

''တရားခံ ထက်ထက်မိုးဦးအနေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါတိုင်းမှာ တရားခွင် မစသေးရင် တရားသူကြီး ရုံးခန်းထဲမှာပဲ နေခွင့်ရတယ်။ အကြောင်းက သတင်းထောက်တွေ အင်တာဗျူးလုပ်မှာစိုးလို့တဲ့။ ဒီနေ့ စီရင်ချက် ချမှတ်မယ့်နေ့မှာလည်း တရားခံ ထက်ထက်မိုးဦးက တရားခွင်ရှေ့ကို စီရင်ချက်ချမှတ်မယ့် တရားသူကြီး ဒေါ်ထွေးထွေးအခန်းထဲကနေပဲ ရောက်လာခဲ့ပါတယ်။ နောက်ပြီး စီရင်ချက်ချမှတ်တဲ့ ဒဏ်ငွေတစ်ထောင်ကို ပေးဆောင်ခြင်းမရှိပဲ ထွက်သွားခဲ့တယ်။ တရားရုံးကို မေးကြည့်တော့ တရားခံရဲ့ ရှေ့နေ ဦးစိန်မြင့်ရဲ့တပည့်တွေက ဆောင်သွားတယ်လို့ သိရတယ်'' ဟု တရားလို မအေးသူစံက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အလှည့်ကျ လျှပ်စစ်မီးပေးစနစ်ကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်စတင်မည်



 ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်ကို ၂၀၁၂ခုနှစ်၊ဧပြီလ ၂ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူး ဦးမောင်မောင်လတ်က ပြောကြားခဲ့သည်။

အလှည့်ကျမီးပေးစနစ်တွင် လူနေရပ်ကွက်များအတွက် တစ်ရက်လျှင် ၆နာရီမီးလာပြီးနောက် ၆နာရီ ကြာမီးပြန်ပျက်သည့် စနစ်ဖြင့် အလှည့်ကျမီးပေးဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးအဖွဲ့မှ အတွင်းရေး မှူးဦးမောင်မောင်လတ်က “ရန်ကုန်မြို့မှာ အလှည့်ကျမီးပေးစနစ်ကို ဧပြီလ ၂ရက်နေ့မှာ ပြန်စပါမယ်။ လူနေရပ်ကွက်တွေမှာ A၊ B၊ C သုံးအုပ်စု ခွဲထားပါမယ်။ မနက် ၅နာရီကနေ ၁၁နာရီအထိ နှစ်အုပ်စု၊ မနက် ၁၁ နာရီကနေ ညနေ ၅နာရီအထိ နှစ်အုပ်စု၊ ညနေ ၅နာရီကနေ ည ၁၁နာရီ အထိ နှစ်အုပ်စု၊ ည ၁၁နာ ရီကနေ မနက် ၅နာရီအထိ ၂အုပ်စုကို အလှည့်ကျမီးပေးစနစ်နဲ့ ပေးသွားမှာပါ။ တစ်ရက်(၂၄နာရီ)မှာ မီး ၆နာရီလာ၊၆နာရီပြန်ပျက်၊ ၆နာရီပြန် လာ၊ ၆နာရီပြန်ပျက်တဲ့စနစ်မျိုးဖြစ်မှာပါ။၂၄နာရီ လျှပ်စစ်မီးရမယ့် အုပ်စုတစ်စုရှိပါမယ်။ အဲဒီအုပ်စုထဲမှာ ဘဏ်၊ အကျဉ်းထောင်၊ လေဆိပ်၊ သံ ရုံ၊ ရဲစခန်း၊ ဆက်သွယ်ရေးဌာန၊ ဆေးရုံတွေစတဲ့ အရေးကြီးနေရာတွေပါပါမယ်။

စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်

ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့ ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့ ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။
မဟာကမ္ဘာ Super-Earth တွေဟာ လူတွေနေထိုင်ရာ နေစကြာဝဠာပြင်ပမှာရှိပြီး သူတို့ဟာ ကမ္ဘာ့သိပ်သည်းဆထက် ဆယ်ဆမက လျော့နည်းပါတယ်။ Red dwarf လို့ခေါ်တဲ့ နေက ပဲ့ထွက်လာတဲ့ ကြယ်အားလုံးရဲ့ ၄၀% လောက်မှာ သူတို့ကို ပတ်ပြီး သွားနေတဲ့ မဟာကမ္ဘာတွေ ရှိနေမယ်လို့ ဥရောပ သုတေသီတွေက တွက်ချက်ကြပါတယ်။ သူတို့ဟာ သက်ရှိတွေ ရှင်သန် နေထိုင်နိုင်တဲ့ဇုန်ထဲမှာပဲ Orbit ပတ်လမ်းနဲ့ ကြယ်ကို ပတ်နေကြတာပါ၊ ဒီဇုန်ထဲမှာရှိတဲ့ ဂြိုဟ်တွေပေါ်မှာ ရေရှိနိုင်တဲ့အတွက် သက်ရှိတွေ ရှင်သန်နိုင်ဖို့ အလားအလာရှိပါတယ်။ ဒါဟာ ဂြိုဟ်သားတွေ ရှိနေနိုင်တယ် ဆိုတာကို ပြသတဲ့ အကောင်းဆုံး အထောက်အထားလို့လည်း သုတေသီတွေက ဆိုကြပါတယ်။

လက်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်

မြန်မာ အမျိုးသမီးနှင့် လက်ထပ်ကာ ၄င်းအား ကုမ္ပဏီ အမည်ခံ ခိုင်း ထားသော နိုင်ငံခြားသားများ အနေဖြင့် လုပ်ငန်း ပိုင်ဆိုင်မှု၏ ၅ဝ ရာခိုင်နှုန်း အား ဇနီးဖြစ်သူ အားပေး ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်လိုက်သည်။
''မြန်မာ အမျိုးသမီးက လူပဲ ပေးထားရတယ်။ သူ့ဘဝတစ်ခုလုံး ရင်းထားရတဲ့ အတွက် တစ်ဝက်ပေးဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် ပါ'' ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မတ်လ ၂၄ ရက်နေ့ ကုန်သည်/ စက်မှု အသင်းချုပ်၌ ကျင်းပသည့် အသင်းအဖွဲ့ ကိစ္စနှင့် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံသား အမည်ခံ၍ နိုင်ငံ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား များ အနေဖြင့် တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ လာစေရန် ရည်ရွယ်မှုဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အရ ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအား တရားဝင် မွေးစားမှုဖြင့် နာမည်ခံ ခိုင်းကာ လုပ်ဆောင်နေ ကြသည့် နိုင်ငံခြားသား များ အနေဖြင့်လည်း ယင်းကဲ့သို့ ကုမ္ပဏီ ပိုင်ဆိုင်မှု အချို့အား လွှဲ ပြောင်းပေး ရမည် ဖြစ်သော်လည်း ခွဲပေးရမည့် ပမာဏကိုမူ ကော်မရှင် မှ လတ်တလော သတ်မှတ် ပေးထားခြင်း မရှိဟု ဦးအောင်နိုင်ဦး က ဆက်လက်ပြောသည်။

ပြည်တွင်းဖုန်းနံပါတ်ဖြင့် ဂျီမေးလ်အကောင့် လုပ်နိုင်ပြီ

ဂျီမေးလ်အကောင့်အသစ် ပြုလုပ်လိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဖုန်းနံပါတ်များကို အသုံးပြုကာ အီးမေးလ်အကောင့်သစ်များ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 Google က ယင်း၏ Gmail Account သစ်ကို ပြုလုပ်သည့်အခါ မြန်မာပြည်တွင်းမှ ဖုန်းနံပါတ်များဖြင့် Code နံပါတ်အတည်ပြုခြင်းကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

 ယခင်က ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများအနေဖြင့် Google ၏ ဂျီမေးလ်အကောင့်သစ်များကို ပြုလုပ်လိုပါက ကိုယ်ပိုင်ဖုန်းနံပါတ် (ပြည်တွင်းကုတ်နံပါတ်)များဖြင့် မပြုလုပ်နိုင်သဖြင့် ပြည်ပနိုင်ငံများတွင် နေထိုင်သည့် မိတ်ဆွေများ၏ ဖုန်းနံပါတ်များဖြင့်သာ ပြုလုပ်ပြီး Gmail Account သစ်များကို ရယူနိုင်ခဲ့ကြသည်။ 

“အခုလိုမျိုး ဂူဂဲလ်ကလုပ်ပေးတော့ ဒီနိုင်ငံရဲ့ ပြည်တွင်းဆက်သွယ်ရေးစနစ်ကို အသိအမှတ်ပြုလာတာ ဖြစ်နိုင်တယ်။ အရင်ကလို ဂျီမေးလ်အကောင့်သစ် လုပ်ချင်ရင် နိုင်ငံခြားက အသိမိတ်ဆွေတွေကို အကူအညီလှမ်းတောင်းရတဲ့ အခက်အခဲတွေနဲ့တော့ ကင်းဝေးသွားပြီးပေါ့” ဟု ပုဂ္ဂလိကနည်းပညာ ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည့် သက်လတ်ပိုင်း အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုသည်။ 

နိုင်ငံခြားငွေ လဲလှယ်နှုန်း "နှုန်းရှင်" ဖြစ်တော့မည်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ(၁)ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေးအရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
Photo: RFA
အမေရိကန်နိုင်ငံသုံး တစ်ဒေါ်လာတန်ငွေစက္ကူ။
ဆိုရှယ်လစ် ခေတ်ကတည်းက အခုချိန်ထိ မြန်မာနိုင်ငံမှာ အမေရိကန်(၁)ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆)ကျပ်ကျော်နဲ့ လဲလှယ်ခဲ့ပြီး၊ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁)ဒေါ်လာကို ကျပ်(၈၀၀)ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Lazy Club တီးဝိုင်းနှင့် မြန်မာအဆိုတော် လေးဦးတို့ သြစတြေးလျနိုင်ငံတွင် သွားရောက်ဖျော်ဖြေခဲ့




e4524 Lazy Club တီးဝိုင်းနှင့် မြန်မာ အဆိုတော်လေးဦးတို့ သြစတြေးလျ နိုင်ငံပါ့သ်မြို့နှင့် မဲလ်ဘုန်းမြို့တို့တွင် သွားရောက်ဖျော်ဖြေခဲ့ပြီး မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ Lazy Clubတီး ၀ိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေပေးခဲ့သည့် တေးသံရှင်များမှာ အဆိုတော် Rဇာနည်၊ ဇော်ပိုင်၊ ရေဗက္က၀င်း၊ Lဆိုင်းဇီ တို့ဖြစ်ကြသည်။
“ကျွန်တော်တို့ မတ်လ ၆ ရက် နေ့မှာ ဘန်ကောက်မှာ တစ်ညအိပ်ပြီး ၇ ရက်နေ့မှာပါ့သ်မြို့ကို ရောက်ပါတယ်။ အဲဒီမှာရှိနေတဲ့ မောင်မောင်ဇော်လတ်၊ ခရစ္စတိုဖာ၊ ဂရေဟမ်တို့ နဲ့ တွေ့ခွင့်ရပါတယ်။ ပွဲစီစဉ်သူတွေ က အလည်အပတ်အဖြစ် တော်တော်လေးကို စုံစုံလင်လင် ပို့ပေးခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ပါ့သ်မြို့မှာ ဖျော်ဖြေရပြီး ဖျော်ဖြေပွဲကို နှစ်ပိုင်းခွဲ တင်ဆက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အထူး အစီအစဉ်အဖြစ် ခရစ္စတိုဖာနဲ့ ဂရေဟမ်တို့ ပူးပေါင်းဖျော်ဖြေခဲ့တယ်။ အဲဒီပွဲမှာ ပရိသတ် တော်တော်များခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်တဲ့ ပွဲလေး ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒုတိယပွဲကိုတော့ မဲလ်ဘုန်းမြို့မှာ ဖျော်ဖြေတင်ဆက်ခဲ့တာပါ။

အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူစစ်ဆေး မေးမြန်းနေသည့် အမျိုးသမီး ငါးလွှာမှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်




ဂျပန်နိုင်ငံသား နာမာဆေးမိုတိုဟီကိုအား သတင်းထောက်များမှ မေးမြန်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့်ကာလအတွင်း ယင်းအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနရုံး ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည့် ဖြစ်စဉ် မတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲတစ်ခု မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မတ် လ ၂၁ ရက်နေ့မှစတင်၍ အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာနက မနန်းဝိုးဖန် ၀ယ်ယူထားသော မြေကွက်ကိစ္စများနှင့် ပတ်သက်၍ ခေါ်ယူစစ်ဆေးနေရာမှ မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန် ခန့်၌ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန အဆောက်အဦး၏ ငါးလွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပြီး နံနက် ၆ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မနန်းဝိုးဖန် (အသက် ၂၀ နှစ်)သည် တာချီလိတ်မြို့နယ် နေသူဖြစ်ကြောင်း၊ ဂျပန်အမျိုးသားတစ်ဦးနှင့် လွန်ခဲ့သော သုံးနှစ်ခန့်က ရှမ်းရိုးရာဖြင့်သာ လက်ထပ်ထားသူ တစ်ဦးဖြစ်ကြောင်း၊ မြေကွက်များကို ၀ယ်ယူထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Wednesday 28 March 2012

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအထက်ပိုင်း ရွှေသတ္တု တူးဖော်ရေး လုပ်ငန်းများသည် ထုတ်ပြန်ထားသော စည်းကမ်းဥပဒေနှင့် မညီညွတ်ကြောင်း သိရ




72611
မန်ဒေါင်ဆိပ်ကမ်းတွင် ရွှေဖောင်များကို ၂၀၀၀ ပြည့်နှစ်က တွေ့ရစဉ်

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မှန်ဒေါင်ရွာ၊ ရှာငေါ်ရွာ၊ ခ၀မ်ရွာဒေသ မေခမြစ်ကမ်းဘေးတွင် ရွှေများထွက်သည့် အတွက် ရွှေသတ္ထု တူးဖော်သည့် ကုမ္ပဏီအများအပြား လုပ်ကိုင်ကြပြီး ၎င်းလုပ်ငန်းများသည် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၏ ဥပဒေနှင့် မညီညွတ်ကြောင်း စုံစမ်း သိရှိရသည်။
အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ၏ ဥပဒေတွင် အကြီးစားစက် ယန္တရားကြီးများ ဘူဒိုဇာ စသည်များအား အသုံးမပြုရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။ “စည်း ကမ်းချက်အရ ၁/ဃ မှာ မိမိတို့လုပ် ပိုင်ခွင့်ရထားတဲ့ လုပ်ကွက်ကို ဘယ်သူကိုမျှ ကိုယ်စားလှယ် လုပ်ကိုင်စေခြင်း၊ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ လွှဲပြောင်းရောင်းချခြင်း မပြုရလို့ပါတယ်။ ဒါပေမယ့် ဒီမှာလုပ်နေတာ တရုတ် လူမျိုးအများကြီးပဲ။ စစ်ဆေးသလား၊ မစစ်ဆေးဘူးလား မသိရဘူး။ တရုတ် လုပ်ကွက်တွေထဲမှာလည်း ဘူဒိုဇာတွေ၊ ဘက်ဖိုးတွေစတဲ့ ယန္တရားကြီးတွေ အများကြီးသုံးထားတယ်။ ဒီဒေသမှာတင် အစီးပေါင်းရာဂဏန်း ရှိမယ်။ နောက်ပြီးတော့ စည်းကမ်း ချက် ၁/ဈ အရ အလုပ်သမား စာရင်းကိုလည်း စနစ်တကျ ပြုစုသင့်တယ်။ မြန်မာလုပ်သားတွေက လစာနည်းပြီး တိုင်းခြားလူမျိုးတွေက လစာများတယ်။ အခြား အခွင့်အရေး တွေပိုရတယ်။

ပူပြင်းသော ရာသီ သတိမူရမည့် ကျန်းမာရေး စိန်ခေါ်ချက်များ


Photo
အေးဓာတ်လျော့ကျလာသည့်အချိန်မှစ၍ အချိန်တိုအတွင်းအပူချိန်သည် မြင့်တက်လာခဲ့ပြီး နေ့လယ်ဘက်တွင် ပူပြင်းလာသည့်နေပူဒဏ်ကို လူအများ
ခံစားနေရပြီဖြစ်သည်။
နေ့အပူချိန်သည် ဆက်လက်မြင့်တက်လာနိုင်ပြီး ထိုမြင့်တက်လာသည့်အပူချိန်ကြောင့်  အနောက်တောင်မုတ်သုံလေရာသီ မကျရောက်မီကာလအတွင်း မွန်းလွဲနှင့် ညနေပိုင်းများတွင်ပါ မိုးတိမ်တောင်များဖြစ်ပေါ်ပြီးထိုမိုးတိမ်တောင်များရွှေ့လျားရာ တစ်လျှောက်တွင်ပါ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းများပါဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့်   ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  သတိပေးနှိုးဆော်မှုများလည်း ပြုလုပ်နေပြီဖြစ်သည်။
ထိုကဲ့သို့သဘာဝဘေးအန္တ ရာယ်များကို   သတိပြုရမည့် အပြင် အပူဒဏ်ကြောင့်အသက် သေဆုံးမှုများ၊ နာမကျန်းမှုများမဖြစ်စေရန်လည်း  ဂရုပြုရန်လို
အပ်ကြောင်း ကျွမ်းကျင်ဆရာဝန်များက  သတိပေးပြောကြားထားသည်။ အပူချိန်မြင့်မားလာခြင်း ကြောင့် လူအများသည်အပူဒဏ်ကြောင့် မူးမော်ခြင်းများ၊ အပူရှပ် ခြင်းကြောင့်ဖျားနာခြင်းများ ဖြစ်ပွားမှုများရှိနေသော်လည်း ပြီးခဲ့ သည့်နှစ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အယ်နီညိုရာသီဥတုတွင်ဖြစ်ပွားခဲ့သော အပူဒဏ်ကြောင့် အသက် သေဆုံးမှုများကဲ့သို့သော ဖြစ်စဉ် များဖြစ်ပွားခြင်းမရှိသေးကြောင်း ဆေးရုံ၊ ဆေးခန်းများမှသိရသည်။

ယခုနှစ် မန္တလေးတွင် သင်္ကြန်မဏ္ဍပ် ပိုမိုများပြား

မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော်တွင် နန်းမြို့ ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ်၊ အလှပြမဏ္ဍပ်များ ယမန်နှစ်က ထက်ပိုမိုများပြားကြောင်း မဟာ သင်္ကြန်ပွဲတော် ကျင်းပရေးကော် မတီမှ သိရသည်။
ယမန်နှစ်က နန်းမြို့ကျုံးပတ် လည်တွင် ရေကစားမဏ္ဍပ်၊ ဖြေ ဖျော်ရေးမဏ္ဍပ် ၅၁ ခုသာရှိရာမှ ယခုနှစ်တွင် ရေကစားမဏ္ဍပ်၊ ဖြေ ဖျော်ရေးမဏ္ဍပ် ၈၆ ခု ရှိကြောင်း၊ ၂၆ လမ်း၊ ၆၆ လမ်းနှင့် လမ်း ၈၀ ကြားသည် မဏ္ဍပ်အများဆုံးဖြစ် ကြောင်း ကျင်းပရေး ကော်မတီမှ သိရသည်။
၂၀၁၁ က ၆၆ လမ်း၊ ၁၂ လမ်းနှင့် ၂၆ လမ်းကြားတွင် မဏ္ဍပ် ၁၀ ခု၊ ၂၆ လမ်း၊ ၆၆ လမ်း_လမ်း ၈၀ ကြားတွင် မဏ္ဍပ် ၄၅ ခု၊ ၁၂ လမ်း၊ ၆၆ လမ်းနှင့် လမ်း ၈၀ ကြားတွင်သုံးခု၊ လမ်း၈၀၊ ၁၂ လမ်းနှင့် ၂၆ လမ်း ကြားတွင်သုံးခုသာ ရှိခဲ့သည်။
ယခုနှစ်တွင် ၂၆ လမ်း၊ ၆၆ လမ်း_ လမ်း ၈၀ ၌ ယခင်နှစ် ကထက် ၂၂ ခုပိုများကာ မြို့တော်ဝန်ဗဟိုမဏ္ဍပ်အပါအ၀င် ၇၇ ခုရှိမည်ဖြစ်ကြောင်း မဏ္ဍပ်များ နေရာချထားရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား




အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန် ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုသိမ်မြို့မှ  ဒေသခံများသို့ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း


‘ကျွန်တော့်အတွက်တော့ အောင်မြင်မှုဆိုတာ အလုပ်လို့ပဲ ခံယူထားပါတယ်’ 

e4523 ဧပြီလ ၁၀ ရက်နေ့ ရောက်တိုင်း ပရိသတ်များနှင့် အတူ မွေးနေ့ဖျော်ဖြေပွဲ ပြုလုပ်ကာ ဖြတ်သန်းလေ့ရှိသည့် စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်တွင်တော့ မန္တလေးမြို့တွင် ပထမဆုံး မွေးနေ့ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ် လာခဲ့သည်။ မန္တလေးမြို့တွင် ပထမဆုံး ပြုလုပ်မည့် မွေးနေ့ရှိုးနှင့် ပတ်သက်သည့် သတင်းစကားများ၊ လူငယ်အနုပညာရှင် တစ်ယောက်၏ အနုပညာနှင့် ပတ်သက်၍ သဘောထားခံယူချက်၊ ရှေ့ဆက်မည့် ခရီးအပေါ် ပြင်ဆင်ထားမှုများကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး - နှစ်စဉ်ပြုလုပ်နေကျ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးကို အခုနှစ် မန္တလေးမှာလုပ်ဖို့ စိတ်ကူးဖြစ်ပုံလေး အရင်ပြောပြပါလား။
ဖြေ - မန္တလေးမှာ ကျွန်တော့်မွေးနေ့ ပွဲလုပ်ဖို့ စိတ်ကူးနေတာတော့ ကြာပါပြီ။ ရန်ကုန်မှာ လုပ်ဖြစ်တာကလည်း ကြာနေပြီဆိုတော့ ရန်ကုန် ပရိသတ်တွေအနေနဲ့လည်း နားလည် ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် မန္တလေးမှာ လုပ်ဖြစ်သွားတာပါ။

Open source မသုံးခင် သိသင့်သည်များ

Opensource နဲ့ business setting ထိုင်ဖို့ကို အိပ်မက်မက်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ်။ သေးသေးလေး လုပ်မယ်ဆိုရင်တော့ ဟုတ်ပါပြီ။ တစ်ဖြည်းဖြည်း ထပ်ချဲ့လာရင် အဆင်ပြေပါမလားစဉ်းစားရင်းနဲ့ကို မသုံးဖြစ်ဘူးပေါ့။  အခုအချိန်မှာတော့ Opensource က အပယ်ခံ မဟုတ်တော့ပါဘူး။ တစ်ခုခုလုပ်မယ် စဉ်းစားလိုက်ရင် Opensource နဲ့ စထိုင်မယ်ပဲ စဉ်းစားကြတဲ့ခေတ် ရောက်နေပါပြီ။ ဥပမာ။ website တစ်ခုလွင့်တင်မယ်ဆိုပါတော့။ အရင်ဆုံး wordpress နဲ့ အရင်ထိုင်ကြည့်လိုက်မယ်။ ပြီးတော့မှ တစ်ဖြည်းဖြည်း ကိုယ်ပိုင် ရေးယူမယ်ပေါ့။ အဲဒီလိုပါပဲ။ opensource ကို ပြောင်းချင်တဲ့ စိတ်ပဲ အဓိကလိုပါတယ်။ ပြောင်းပြီဟေ့ ဆိုတာနဲ့  မယုံနိုင်စရာတွေ အများကြီးတွေ့လာမှာဖြစ်ပါတယ်။ အဲဒီတော့ Opensource ကို စသုံးပြီး မကြာခင်ပဲ စိတ်ပျက်ပြီး ထွက်မပြေးရလေအောင် သိသင့်တဲ့ အချက်လေးတွေလေ့လာကြည့်ကြရအောင်။

ဗီယက်နမ်က ခရစ်ယာန်ဘုန်းတော်ကြီး ထောင် ၁၁ နှစ်ကျ

ဗီယက်နမ်နိုင်ငံမှာ အမျိုးသားစည်းလုံးညီညွတ်မှုကို နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Mennonite ခရစ်ယာန်ဘုရားကျောင်း၊ တရားဟောဆရာတယောက်ကို ဗီယက်နမ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဗီယက်နမ် အစိုးရကို စော်ကားပြီး ပြည်တွင်းရေး အခြေအနေတွေ ပျက်ပြားအောင် နှောင့်ယှက် မှုတွေလုပ်တဲ့ စာပေတွေ ရေးသားဖြန့်ချိခဲ့တဲ့အတွက် Nguyen Cong Chinh ဟာ အပြစ်ရှိတယ်လို့ အစိုးရ သတင်းမီဒီယာတွေက အင်္ဂါနေ့မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်လို့လည်း အစိုးရသတင်းမီဒီယာက သူ့ကို စွပ်စွဲပြောဆိုခဲ့ ပါတယ်။
အထူးသဖြင့်တော့ Chinh ဟာ ဗီယက်နမ်နိုင်ငံမှာ ဘာသာရေးလွပ်လပ်ခွင့်မရှိဘဲ လူနည်းစု ဘာသာခြားတွေ အပေါ် တရားမဲ့ ဖိနှိပ်မှုတွေ လုပ်နေတယ်လို့ ပြည်ပအဖွဲ့အစည်းတွေကို တင်ပြ တိုင်ကြားခဲ့တယ်ဆိုပြီး စွပ်စွဲ အပြစ်ပေးခံရတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ဒလိုင်းလားမား ဆုတောင်းမေတ္တာပို့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အမြန်ဆုံး ကောင်းမွန်စေဖို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မနေ့က ဆုတောင်းမေတ္တာပို့တဲ့စာ ပေးပို့လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိတ်ခရီးစဉ်အတွင်း ပင်ပန်းလွန်းတာကြောင့် ခရီးစဉ်တွေ ဖျက်သိမ်းရတယ်လို့ ကြားသိရတဲ့အတွက် အိန္ဒိယနိုင်ငံ ‘ဒါရမ်ဆာလာ’ ဒေသမှာ သီတင်းသုံးနေတဲ့ တိဗက်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာ ပေးပို့ခဲ့တာပါ။
ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ စာမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ဖို့ဟာ မြန်မာပြည်သူ ပြည်သားတွေအတွက်သာမက လွတ်လပ်မှုကို မြတ်နိုးတဲ့ တစ်ကမ္ဘာလုံးက ပြည်သူတွေအတွက် အထူးအရေးကြီးကြောင်း ဖော်ပြထားပါတယ်။

ကျားပေါ်ကလူ(နီမင်းဆွေ)

မြေကြီးပေါ် ရောက်သွားတဲ့အခါ ကိုယ့်ဘ၀ အနာဂတ် လုံခြုံရေးအတွက် ဘာအာမခံချက်မှမရှိဘဲ ကျားစာ ဖြစ်သွားတော့မယ့်အတူတူ ဖြစ်ချင်ရာဖြစ် မြေကြီးပေါ်မဆင်းတော့ဘူးလို့ ဆုံးဖြတ်ပြီး နောက်ကျားတစ်ကောင်ရဲ့ ကျောပေါ် ပြောင်းတက်နိုင်ဖို့ကိုသာ အသားကုန် ကြိုးစားအားထုတ်ခဲ့ကြလို့ပါပဲ . . .



ကိုယ်ရေးတဲ့စာတွေကိုဖတ်ပြီး မမောနိုင် မပန်းနိုင် ဝေဖန်ပေးလေ့ရှိတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် ကိုယ့်မှာရှိပါတယ်။ အဲဒီ သူငယ်ချင်းနှစ်ယောက်အကြောင်း စဉ်းစားမိရင် ငယ်စဉ်တုန်းက တစ်ရပ်ကွက်တည်း အတူနေခဲ့ ရပြီး အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေကို အလွန်ကြိုက်တဲ့ သူဌေးကြီး ဇနီးမောင်နှံတို့နှစ်ယောက် အကြောင်းကိုလည်း သွားသတိရမိလေ့ ရှိတတ်ပါတယ်။ သူတို့နှစ်ဦးဟာ အိန္ဒိယရုပ်ရှင် ဒရမ်မာ(drama) ဇာတ်ကားတွေ ရုံတင်တိုင်း မလွတ်တမ်း သွားကြည့်လေ့ရှိကြတာပါ။ အဲဒါ ရုပ်ရှင်သွားကြည့်တိုင်းလည်း သူတို့အိမ်က ဒရိုင်ဘာ အီစွတ်နဲ့ ထမင်းချက် လက်ချမီးတို့ လင်မယားကိုပါ ခေါ်သွားလေ့ရှိကြပါတယ်။ သူတို့နှစ်ယောက်က အိန္ဒိယစကား ကောင်းကောင်း နားလည်သူတွေဆိုတော့ ရုပ်ရှင်ရုံထဲမှာ သူဌေးကြီး ဇနီးမောင်နှံတို့ရဲ့ ဘေးတစ်ဘက် တစ်ချက်မှာထိုင်ပြီး ဘာသာပြန်ပေးရတာပေါ့။ လက်ချမီးက စကား ကြွယ်သူဆိုတော့ သူဌေး ကတော်ကြီးကို ဘာသာပြန်ပေးတဲ့အခါမှာ ဖွဲ့နွဲ့ပြီး ဘာသာပြန်ပေးလေ့ရှိတာမို့ သူဌေးကတော်ကြီးမှာလည်း မြန်မာကားကြည့်ရတာနဲ့ ဘာမှမခြားခံစားရပြီး ရုပ်ရှင်ကြည့်ရင်း တရွှဲရွှဲ ငိုရပါတယ်။ အီစွတ်က သိပ်ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေမယ့် ရုပ်ရှင်ကြည့်ပြီး သဘာဝကျကျ ဝေဖန်တတ်သူမို့ သူ့ကိုလည်း သူဌေးကြီးက လက်မလွှတ်နိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ပဏာမရွေးချယ်သူ စာရင်းကို ထုတ်ပြန်ကြေညာ





e4522 ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားသူ၁၅၇ ဦးအနက်မှ ပဏာမရွေးချယ်သူ ၁၄ ဦးကိုထုတ် ပြန်ကြေညာခဲ့ကာ ဧပြီလ ၇ရက်နေ့ တွင် လူတွေ့စစ်ဆေးနိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ပဏာမ အဆင့် လူရွေးချယ်ခြင်းကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
“ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ဖို့ လျှောက်ထားလာသူတွေထဲက ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ အားလုံး တိုင်ပင်ညှိနှိုင်းပြီး အနီးစပ်ဆုံးသူ ၁၄ ဦးကို ရွေးချယ်ထားပါတယ်။ အဲဒီ ၁၄ ဦးကို လူတွေ့စစ်ဆေးပြီး သွားမှ သရုပ်ဆောင်မယ့်သူကို ရွေးချယ်သွားပါမယ်။ ရွေးချယ်ပြီးသွားရင်တော့ ဗိုလ်ချုပ်ဇာတ်ရုပ် အဖြစ် သရုပ်ဆောင်နိုင်ဖို့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်သွားမှာပါ”ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ရှင်းပြခဲ့သည်။
ပဏာမ ရွေးချယ်ထားသူ ၁၄ ဦးမှာ

နာမည် အလွဲသုံးစားမှုကြောင့် စည်ပင်ကို လွှတ်တော်အမတ်နှစ်ဦး တရားစွဲမည်

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်ရှိ မီးလောင် ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီး ပြန်လည်နေရာ ချထားမှုတွင် စည်ပင်ကြေညာချက်၌ အမျိုးသား ဒီမိုကရေစီပါတီသစ်လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး၏ အမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်ရှိ ဈေးများဌာနကို ၎င်းပါတီက တရားစွဲဆိုမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ပြင် (ဓာတ်ပုံ - ဧရာဝတီ)
၂၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ၂ ရက်နေ့ညက အ၀တ်အထည်၊ ရွှေငွေ ရတနာ၊ လျှပ်စစ်ပစ္စည်း၊ အသားငါး၊ အသီးအနှံ အပါအ၀င် ကုန်စည်မျိုးစုံ ရောင်းချသော နာမည်ကျော် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၇၈၆ ခန်းအနက် ၆၅ခန်း ပျက်စီးဆုံးရှုံးခဲ့သည်။
စည်ပင်သာယာ ဈေးများဌာန၊ ဈေးဆိုင်ခန်း ပိုင်ရှင်များ၊ ဆောက်လုပ်ရေးသမားများနှင့် ဈေးသာယာရေးအဖွဲ့များ အကြားတွင် ကာလရှည်ကြာစွာ အငြင်းပွားနေသည့် အဆိုပါဈေး နေရာချထားမှုတွင် ဆိုင်ခန်းအကွက်ချ ပုံစံကို ဈေးများဌာနက ထုတ်ပြန်ရာ ၄င်းတို့၏ အမည်များအား အလွဲသုံးစားလုပ်ထားခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်က ပြောသည်။
“ပုံဆွဲတဲ့ အထဲမှာ ခဲတစက်၊ မင်တစက်မှ မပါဘူး။ မပါဘဲနဲ့ ဦးတို့ ရေးဆွဲတယ်ဆိုတဲ့ စကားလုံး သုံးထားတယ်” ဟု ဦးကျော်က ဆိုသည်။

သိန္နီတံတား​မှာ ဗုံး​ပေါက်ကွဲမှုများ​ ဖြစ်ပွား

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက်ပိုင်း​အလို ရှမ်း​ပြည်​မြောက်ပိုင်း​ သိန္နီမြို့​မှာဒီ​နေ့​ မနက်က ဗုံး​ပေါက်ကွဲမှု​တွေဖြစ်ပွား​ခဲ့​ပါတယ်။
ဓါတ်ပုံ (Google Images)


ဗုဒ္ဓဟူး​နေ့​ မနက် အာရုံတက်အချိန် ၄ နာရီ​လောက်မှာ သိန္နီမြို့​အဝင် တံတား​မှာ ဗုံး​ပေါက်ကွဲမှု​တွေ ဆက်တိုက်ဖြစ်ပွား​တာ ဖြစ်တယ်လို့​ ​ဒေသခံပြည်သူ့​ လွှတ်​တော် ကိုယ်စား​လှယ် တဦး​က ဒီဗွီဘီကို ​ပြောပါတယ်။

သိန္နီမြို့​ အဝင်တံတား​မှာ ၅ မိနစ်ခြား​ ဗုံး​ ၂ လုံး​ ​ပေါက်ကွဲခဲ့​ပြီး​တော့​ ​နောက်ထပ် မ​ပေါက်ကွဲ​သေး​တဲ့​ဗုံး​ ၂ လုံး​ကိုလည်း​ ရှာ​ဖွေ​တွေ့​ရှိခဲ့​တယ်လို့​ သီန္ဒီမြို့​နယ် ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုကရက်တစ်ပါတီ အတွင်း​ရေး​မှူး​လည်း​ဖြစ် ပြည်သူ့​လွှတ်​တော် အမတ်လည်း​ဖြစ်တဲ့​ စိုင်း​ဝင်း​ခိုင်က ​ပြောပါတယ်။
“ဒီမနက်က ​လေး​နာရီနဲ့​ငါး​မိနစ်မှာ တလုံး​၊​ ​လေး​နာရီဆယ်မိနစ်မှာ တလုံး​၊​ တံတား​အဝင်မှာ ​ပေါက်ကွဲတာ။ နှစ်လုံး​တော့​ ကျန်​နေတယ်။ အား​လုံး​ ​လေး​လုံး​ပေါ့​။ တံတား​တော့​ ဘာမှ မဖြစ်ဘူး​။ မနက်အ​စောကြီး​ဆို​တော့​ လူ​တွေလည်း​ မရှိဘူး​။ အဲဒီ​တော့​ ထိခိုက်မှု ဘာမှမရှိပါဘူး​။”

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀၀ အောက် ရရှိသူများအား ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်




၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်  စည်းကြပ်ကောက်ခံမည့် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ၀င်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀၀ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမ၀ါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ၀င်ငွေရှိသူများ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သော နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်မြို့တွင် ကျင်းပ





နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သော နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် မတ်လ ၂၆ ရက်က စတင်ခဲ့ပြီး နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယားက ဂြိုဟ်တုပါသော ဒုံးကျည်တစ်စီး ပစ်လွှတ်မည့်အစီအစဉ်နှင့် အီရန်က နျူကလီးယားဗုံး ရရှိရေး ကြိုးပမ်းမှုကို ဟန့်တားရေးမှာ အဓိကလွှမ်းမိုးခဲ့ပြီး နျူကလီးယားလက်နက်များ လျော့ချရေးအပါအ၀င် အကြောင်းအရာများစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးမှပြောကြား

ဓာတ်ပုံ- ထူးသန့်
ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
င်က တစ်ပတ်အတွင်း ကြေငြာပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။ သို့သော် မြို့နယ်နှင့် ခရိုင်ကော်မရှင်များက မဲလက်မှတ်များ ရေတွက်ပြီးသည်နှင့် ကြေငြာပေးသွားမည်ဟု သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ စုစုပေါင်း ၁၅၉ ဦးကို လာရောက်လေ့လာခွင့်ပြုထားကြောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောသည်။

ကြိုတင်မဲနှင့်ပတ်သက်၍ မသမာမှုများမှာ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မရှိစေရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌဦးတင်အေးက ပြောသည်။
““ဒီလိုမျိုး ကျနော့်လက်ထက်မှာ မဖြစ်စေရဘူး”” ဟု ဦးတင်အေးက ပြောသည်။

လောပိတ လျှပ်စစ်တာဝါတိုင်တွင် မြုပ်နှံထားတဲ့မိုင်း ပေါက်ကွဲရာမှ ကလေး၂ ဦး ပွဲချင်းပြီး သေဆုံး

  လောပိတ ရေအားလျှပ်စစ် စက်ရုံမှ ရန်ကုန်သို့ သွယ်တန်းပေးနေသည့် လျှပ်စစ်တာဝါတိုင် အောက်တွင် မြုပ်နှံထားသည့် မိုင်းပေါက်ကွဲရာမှ ကလေး နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
 ကရင်နီပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ကယားပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။ (ဓါတ်ပုံ-KNYO)
ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ငှက်လိုက်ပစ်သည့် ကလေး ၄ ဦးတို့ ဓါတ်တိုင်အောက်ရှိ မြေမြုပ်မိုင်းကို တွေ့ရှိပြီး ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်သည်ဟု လွိုင်ကော် ဒေသခံလူငယ် တဦးက ပြောသည်။

လွန်ခဲ့သည့် မတ်လ ၂၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ကလေးများ ဖြစ်သည်ဟု ဆက်လက်ပြောသည်။
ကယားပြည်နယ်ရှိ လျှပ်စစ်ဓါတ်တိုင်အောက်တွင် မြေမြုပ်မိုင်းများ ထောင်ထားပြီး ခြံဖြင့် ကာထားလေ့ရှိသည်။"သူတို့ စစခြင်းကတော့ လေးယောက် စလုံးပေါ့နော့်။ လွိုင်ကော် ဆေးရုံကို ပို့ထားတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ တစစီကို ထိသွားတော့ ပွဲချင်းပြီး သေသွားတယ်။ ရင်ခွဲရုံမှာ စစ်ဆေးပြီတော့ နောက် တမနက်မှ ရွာကို ယူပြန်လိုက်တယ်။ ကျန်နှစ်ယောက်ကတော့ တယောက်ကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာက ပြင်းထန်နေတယ်။ နောက်တစ်ယောက်ကတော့ သိပ်တော့ မပြင်ထန်ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် စလုံး အခု လွိုင်ကော် ဆေးရုံမှာ ရှိနေတယ်။"

Tuesday 27 March 2012

ဒါးမောက်ကောလိပ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်အား ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် အိုဘားမား အမည်စာရင်းသွင်း




မတ်လ ၂၃ ရက်နေ့က အိုဘားမားနှင့် အတူတွေ့ရသော ဂျင်ယုံကင်
ဒါးမောက် ကောလိပ်ဥက္ကဋ္ဌ ဒေါက်တာဂျင်ယောင်ကင်အား နောက်တက်မည့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် သမ္မတဘာရက်အိုဘားမားက မတ် လ ၂၃ ရက်နေ့တွင် အမည်စာရင်း တင်သွင်းခဲ့သည်။

ကင်၏ နောက်ခံပညာရေးမှာ ယခင်ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌများကဲ့သို့ စီးပွားရေးပညာ (သို့မဟုတ်) စီးပွားရေး လုပ်ငန်းပညာ မဟုတ်ဘဲ ဆေးပညာသာဖြစ်သည်။ ကင်သည် နိုင်ငံတကာ အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူးပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် အကြီးတန်းအရာရှိအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အေ့ဒ်စ်ရောဂါ အပါအ၀င် ကျန်းမာရေး ပြဿနာများကို ကိုင်တွယ်ရာတွင် ၎င်း၏ အားထုတ်မှုများအတွက် ကင်ကိုအသိများသည်။ ကင်သည် ဆင်းရဲသော နိုင်ငံများရှိ ကျန်းမာရေး အစီအစဉ်များကို ကူညီ ထောက်ပံ့နေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Partners In Health ကို တည်ထောင်သူတစ်ဦးဖြစ်ပြီး ယင်းအဖွဲ့၏ အမှုဆောင် ဒါရိုက်တာဟောင်းတစ်ဦးလည်း ဖြစ်သည်။

ပြန်ပေးဆွဲခံ ဆွစ်စုံတွဲ လွတ်မြောက်


ပါကစ္စတန် တာလီဘန်တို့ ပြန်ပေးဆွဲထားရာမှ လွတ်မြောက် လာခဲ့သော ဆွစ်ဇာလန်နိုင်ငံသား စုံတွဲ။
ဓာတ်ပုံ - အေအက်ဖ်ပီ
ရာဝါပင်ဒီ - ပါကစ္စတန်တာလီဘန် တို့ ရှစ်လကျော်ကြာ ဖမ်းဆီး ထားသော ဆွစ်နိုင်ငံသားစုံတွဲတစ်တွဲသည် လွတ် မြောက်လာပြီ ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၅ ရက်နေ့၌ ပြောသည်။
ရဲတစ်ဦးဖြစ်သော အိုလီဗီယာဒေးဗစ် အို့ခ်ျ (၃၁ နှစ်)၊ ဒင်နီလာဝတ်မာ (၂၈ နှစ်) တို့အတွက်ရွေးရန် ငွေမပေးရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒီဒီယာဘာ့ခ် ဟောလ်တာက ပြောသည်။
၎င်းတို့နှစ်ဦး သည် ပါကစ္စတန်နိုင်ငံမြို့တော်အစ္စလ မ္မာဘတ်သို့သွားရန် လေယာဉ်ပေါ်တက် စဉ် ပြုံးရွှင်စွာလက်ဝှေ့ယမ်းနှုတ်ဆက်ကြရာ ကျန်းမာနေကြောင်း ပေါ်လွင်သည်။
၎င်းစုံတွဲသည် အားလပ်ရက်ခရီး ထွက်စဉ် အနောက်တောင်ပိုင်း ပြည်နယ် ဖြစ်သော ဘလူချီစတန်တွင် ဇူလိုင်လ ၁ ရက်နေ့၌ ပြန်ပေး ဆွဲခံခဲ့ရခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်နယ်စပ်ပေါ်ရှိ တာ လီဘန်နှင့် အယ်လ်ကေဒါတို့၏ အမာခံ နယ်မြေဖြစ်သည့် မျိုးနွယ်စုရပ်ဝန်းရှိ စစ်ဆေးရေးဂိတ်တွင် ၎င်းတို့အားတွေ့ ရှိသည်ဟု ပါကစ္စတန်နိုင်ငံမှ တာဝန်ရှိ သူများက ပြောသည်။

ဆင်းရဲမှုလျှော့ချရေး

ဝေယံတောင်ကြီး

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား၍ တောင်ငူရှိ ကြက်ခြံတစ်ခု ကျပ်သိန်း ၂၀၀ ကျော်ဆုံးရှုံး

Photo

ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသော တောင်ငူမြို့ ကျွန်းကုန်းကျေးရွာရှိ ရွှေဝါဥစားကြက်ခြံ၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေ သိန်း ၂၀၀ ကျော်ကြောင်း ခြံပိုင်ရှင် ဦး
ရဲဝင်းက   7DAY NEWS  အား ပြောသည်။
“ကျွန်တော့်ခြံက ကြက်တွေ ကမျိုးမရတော့ အသက်တွေကကြီးနေပြီ၊ ဖေဖော်ဝါရီလကတည်း က အပတ်ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်တွေကို ထုတ်ရောင်းနေတာ၊ မတ်လဆန်းမှာ စသေတာ၊ တစ် နေ့ကို အကောင်ရှစ်ဆယ်နှုန်းပဲ။ ၅ ရက်နေ့အရောက်မှာ သုံးလေးရာ သေတော့တာပဲ”ဟု ၎င်းကပြောသည်။ထိုသို့ဖြစ်ပွားမှုကြောင့် မွေး
မြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ အကြောင်းကြားသောအခါ ကြက်နမူနာများအားစစ်ဆေးပြီး ဓာတ်ခွဲခန်းမှ ကြက်ငှက်တုပ်ကွေးရောဂါဟူ၍ အဖြေထွက်သောကြောင့် ကျန်
သည့် ကြက်များကိုပါ သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ၎င်းကပြောသည်။
“ကောက်ချက်ချရရင် ကြက် လာဖမ်းတဲ့ဆီက ရောဂါကူးတာ ဖြစ်နိုင်တယ်၊ အန်ကယ်တို့ခြံရော ဘေးကတပ်ပိုင်၊ ပုဂ္ဂလိကပိုင် ခြံတွေရောက ခြံအဖွင့်စနစ်နဲ့ မွေး
ကြလို့ပဲ”ဟု ခြံပိုင်ရှင် ဦးရဲဝင်းက ပြောသည်။နောင်အခါတွင်  လုပ်ငန်းပြန်လည်စတင်ပါက လေလုံစနစ်ဖြင့်အဲကွန်းပေးကာ မွေးမြူရသောအဆင့်မြင့်နည်းစနစ်ဖြင့်သာ မွေး
မြူရန်နှင့် မြေဧကရှစ်ဧကပေါ်တွင်လည်း ပေါင်းစည်းလယ်ယာစနစ်လုပ်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးမှာ တပ်မတော် ဆက်လက်ပါဝင်သွားမည်


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံမှာ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာရှိနေတာကို သဘောတူပေမဲ့ အဲဒီအချက်ကြောင့် တပ်မတော် က နိုင်ငံကို အုပ်ချုပ်မယ်ဆိုတာမျိုးကိုတော့ သဘောမတူဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးက ပြောပါ တယ်။ တပ်မတော်ဟာ တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုပဲ ယူသင့်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောသလို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင်တဦးကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီး ပုံစံတကျမဟုတ်သေး တဲ့ နိုင်ငံရေးဖြစ်စဉ်တခုကို ဖြတ်သန်းနေရတာဖြစ်တယ်လို့ ပြောပါတယ်။ ၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါအချက်တချို့အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ စုစည်းပြီး တင်ပြထားပါတယ်။
မိန့်ခွန်း။ “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ)မှာ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြ တာဝန်ပေးအပ်ထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် တို့ တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားရမှာ  ဖြစ်ကြောင်း ပြောကြားလိုတယ်။”
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ပြီးတဲ့နောက် ပထမဆုံးကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို နေပြည် တော်မှာ ကျင်းပခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တက်ရောက်ပြီး ပြောကြားတဲ့မိန့်ခွန်းကို နိုင်ငံပိုင် အသံလွှင့် ဌာနတွေကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့တာပါ။

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း

၂၀၁၂ခုနှစ် မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း သိရှိရသည်။
“ ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီသည် အန်အယ်လ်ဒီပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုရသည့် အကြောင်းအရင်းမှာ ပါတီနာမည်သည် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေးတို့သာ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်နေသော ပါတီဖြစ်သည်ဟု Monitor News ဂျာနယ် အတွဲ(၁) အမှတ် (၃) တွင်ပြောဆိုထားခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ဧပြီ ၉ ရက်မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်

လာမည့်ဧပြီလ ၉ ရက်နေ့မတိုင်မီ အင်တာနက် Bandwidth 10GB အထိ တိုးမြှင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိအနေဖြင့် အင်တာနက် Bandwidth စုစုပေါင်း 3.72 GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ Sea-Me-We 3 မှ 3.2GB အား မတ်လ ၂၈ ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်-မြဝတီ(ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်း)မှ 2.5 GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA မိုဘိုင်းတယ်လီဖုန်းများ စတင်ရောင်းချမည့် ဧပြီလ ၉ ရက်နေ့မတိုင်မီ အပြီးချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သီလ၀ါဆိပ်ကမ်းရှိ သစ်လုံးများထားရှိသောနေရာ၌ မီးလောင်မှုဖြစ်ပွား




ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သီလ၀ါဆိပ်ကမ်း သစ်လုံးများထားရှိသောနေရာမှ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅ မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုစတင်ဖြစ်ပွားသောနေရာမှာ သီလ၀ါဆိပ်ကမ်းရှိ CIFG သစ်ဝိုင်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး သစ်လုံးများမှတဆင့် အနီးရှိကိုင်းတောများကိုပါ မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ထို့နောက် ထူးသစ်ဝိုင်းရှိ သစ်လုံးများကိုပါ ဆက်လက်လောင်ကျွမ်းခဲ့ပြီး ည ၉နာရီခွဲအချိန်အထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားဆဲဖြစ်ကြောင်း သိရှိရသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်ဌာနများမှ မီးသတ်ယာဉ်များ လာရောက်ငြိမ်းသတ်ခဲ့ကြပြီး လေတိုက်ခတ်မှုအရှိန်ကြောင့် မီးကူးဆက်လောင်ကျွမ်းမှုကို ထိထိရောက်ရောက် မထိန်းသိမ်းနိုင်ခဲ့သဖြင့် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

Monday 26 March 2012

စသုံးလုံးတွင် စစ်ဆေးနေစဉ် ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်



 (ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်ဇာတိ အသက်၁၉ နှစ်အရွယ်မနန်းဝိုးဖန် သည် ယုံကြည်အပ်နှံ မှု ပုဒ်မ ၄၀၆ နှင့်ပတ်သက်သည့် ကိစ္စဖြင့် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တွင် အစစ်အဆေးခံယူနေစဉ် ပြီးခဲ့သည့် ၂၄ ရက်နေ့ နံနက်ငါးနာရီက အဆောက်အအုံ ပဉ္စမထပ်မှ ပြုတ်ကျသေဆုံးခဲ့သည်။
သေဆုံးသူ၏ မိသားစုဝင်များ ရန်ကုန်မြို့သို့ လာရောက် နေဆဲဖြစ်ရာ သေဆုံးရသည့် အဖြစ်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးသော်လည်း ၎င်းနှင့် အတူ စစ်ဆေးခံခဲ့ရသူ သူမ၏ရှေ့နေ ဒေါ်အိအိအောင်အား YPI မှ အကျိုးအကြောင်းကို ဆက်သွယ်မေးမြန်းထားခြင်းကို ဖေါ်ပြလိုက်ပါသည်။)

အာဏာသိမ်းမှုဖြစ်ခဲ့သော မာလီနိုင်ငံကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း




မာလီနိုင်ငံမြို့တော် ဘာမာကိုတွင် ဒေသခံများ သွားလာနေမှုကို မတ်လ ၂၅ ရက်က တွေ့ရစဉ်
အာဏာသိမ်းမှု ဖြစ်ခဲ့သော မာလီကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း မတ်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် အာဖရိကသမဂ္ဂက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လိုအပ်ပါက အိုင်ဗရီကို့စ်နိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမည်ဟု သမဂ္ဂဥက္ကဋ္ဌ Jean Ping က ပြောကြားခဲ့သည်။
မာလီအစိုးရထံ အမေရိကန် ဒေါ်လာသန်း ၁၄၀ ခန့် နှစ်စဉ် အကူအညီပေးနေသော အမေရိကန်ကလည်း အာဏာသိမ်းမှုကြောင့် အကူ အညီပေးမှုအပေါ် သက်ရောက်မှု ကြီးမားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနူလန်က ပြောကြားခဲ့သည်။ ယင်းအကူအညီများ၏ ထက်ဝက်ကျော်မှာ စားနပ်ရိက္ခာကဲ့သို့သော လူသားချင်း စာနာမှု အကူအညီများဖြစ်ပြီး ယင်းအကူအညီများမှာမူ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  အာဏာသိမ်းခဲ့သော မာလီစစ် အစိုးရက အခြေခံဥပဒေကို ရပ်ဆိုင်းခဲ့ပြီး နယ်စပ်အားလုံးကိုလည်း ပိတ်ပစ်ခဲ့သည်။

တရံရောအခါက ကျောင်း(Written by Issac Asimov)





မာဂီလေးတစ်ယောက် အဲဒီနေ့ ညက သူမရဲ့ ဒိုင်ယာရီထဲမှာကို ထည့်ရေးခဲ့ပါတယ်။
မှတ်မှတ်ရရ - ၂၁၅၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ပါ။
“တော်မီ… ဒီနေ့ စာအုပ်စစ်စစ် တအုပ်တွေ့တယ်” တဲ့။
“စာအုပ်ကတော့ အရမ်းအရမ်းကို ဟောင်းနေပါပြီရှင်လို့ ပြောရမှာပဲ။ မာဂီရဲ့ အဖိုး တစ်ခါ ပြောဖူးတာကတော့ သူတို့ ဟိုးငယ်ငယ်လေး (အဖိုးကလေးဘ၀) တုန်းက၊ သူ့ရဲ့အဖိုး (မာဂီ အဖိုးရဲ့အဖိုး) က ပြောဖူးခဲ့တယ်ဆိုပဲ၊  ပုံပြင်တွေအားလုံးကို တကယ့် စာရွက်စက္ကူပေါ်မှာ ရိုက်နှိပ် ထားခဲ့တယ်တဲ့။”
ကလေးနှစ်ယောက်သား အတူတူ စာရွက်တွေကို လှန်ကြည့်ကြတယ်။ စာရွက်တွေက ဝါကျင့် ကျင့် ကျွတ်ဆတ်ဆတ်နဲ့ပေါ့။ သိတဲ့အတိုင်းပဲ စာကြောင်းတွေ၊ စာလုံးတွေက သင်ပုန်းကြီးTablet  မျက်နှာပြင်မှာ ရွေ့လျားနေရမှာကို မရွေ့ဘဲ ဒီအတိုင်း ရပ်နေတာမြင်ရတော့ ရယ်ဖို့တောင် ကောင်းသေးတော့။ ဒီစာမျက်နှာကို တစ်ခါပြန်လှန်တော့လည်း ပထမဆုံး ဖတ်တုန်းက အတိုင်းပဲ စာသားတွေက ရှိနေသေးတယ်။
“ဟင်… တကယ်လား” တော်မီက ပြောပါတယ်။
“ဒါသက်သက် ဖြုန်းတီးတာပဲနော်။ စာအုပ်ကို ဖတ်ပြီးသွားတာနဲ့ လွှင့်ပစ်လိုက်ရမှာပဲ။ ငါတို့အိမ်က၊ XXXPad စခရင်ကြီးဆိုရင် စာအုပ်တစ်သန်းလောက် ရှိလိမ့်မယ်။ နောက်ထပ် အများကြီးလည်း ထပ်ထည့်လို့ ရသေးတယ်။”
“အံမယ်… ငါ့အိမ်ကဟာလည်း ဒီအတိုင်းပါပဲနော့။” အမှန်တော့ မာဂီက အသက် ၁၁ နှစ် ပဲ ရှိသေးတော့ ၁၃ နှစ် ရှိနေပြီဖြစ်တဲ့ တော်မီလောက် XXXPad စခရင်ကို မမြင်ဖူးသေးဘူး။
“နင်ဘယ်ကနေ ဒီစာအုပ်ကို တွေ့ လာတာလဲ”
“ငါ့အိမ် ထပ်ခိုးပေါ်ကပေါ့” သူက စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုရင်းက မျက်လုံးမရွှေ့ပဲ လက်ညိုးထိုးပြလိုက်သည်။

တမ်းတမိသည် အတိတ်က သင်္ကြန်ဆီ



ပိတောက်ပန်းသည်မြန်မာနှစ်ဆန်း  ချိန်ဧပြီလတွင် ဦးဦးဖျားဖျားပွင့်သော ပန်းဖြစ်သည်။ King of be Flowers ဟု တင်စားလေ့ရှိကြသည်။ ပူပြင်းခြောက် သွေ့သော ရာသီချိန်၌ တောတောင်ထဲ တွင် ပွင့်လေ့ရှိသည်။ ထိုမှ နိုင်ငံအနှံ့အပြား ပေါက်သောပန်းဖြစ်သည်။ ပင်ကြီးမျိုးဖြစ် ၍ လီဂူမီးနိုစီမျိုးရင်းတွင်ပါဝင်သည်။ တစ်  နှစ်တွင် တစ်ကြိမ်တစ်ပင်တွင် တစ်ကြိမ် သာပွင့်သည်။ တစ်နိုင်ငံလုံး တစ်ချိန်တည်း  နီးပါးပွင့်လေ့ရှိသည်။ ၀ါဝါ၀င်းသော အရောင်ဖြင့် ပင်လုံးကျွတ်ဝင်းဝင်းထိန် အောင်ပွင့်ကြ၍ မြန်မာတို့အလွန်မြတ်နိုး တန်ဖိုးထားသည်။ ပိတောက်နှင့်မြန်မာ ခွဲခြားမရအောင်ရှိသော အမျိုးသားရေး လက္ခဏာကို ဆောင်လျက်ရှိသည်။
ထို့အတူ ပိတောက်နှင့် မဟာသင်္ကြန်  ရေသဘင်ပွဲသည်၎င်း၊ ရေသဘင်ပွဲနှင့် သင်္ကြန်သံချပ်များသည်၎င်း၊ လွန်ခဲ့သော  အနှစ် (၂၀)က မြန်မာပြည်ရန်ကုန်မြို့ကြီးတွင် ကြီးကျယ်ထင်ရှားစွာပေါ်ထွက်ခဲ့သည်များ ကို ပြန်လည်မြင်ယောင်တမ်းတမိပါတော့ သည်။ ကျွန်တော်သည် မဟာရန်ကုန် သင်္ကြန်ပွဲတွင် သံချပ်အလှပြယာဉ်ဖြင့် (၁၀)  နှစ်ကျော်ပါဝင်ဆင်နွှဲခဲ့ဖူးသော၊ ထိုခေတ် က သင်္ကြန်လုလင်ပျိုမောင်မောင်မြင့်သိန်း  (ကုသိုလ်)၊ မောင်မြင့်အောင် (ဗေလုဝ) တို့က သင်္ကြန်ဘိုးအေကြီဟုခေါ်လောက်  သူတစ်ဦးဖြစ်ခဲ့ပါသည်။

မကြာခင် ရောင်းချပေးမည့် WCDMA(3G)ဖုန်းမှာ ဂျီအက်စ်အမ် စနစ်ဖြစ်ပြီး စီဒီအမ်အေဖုန်းဟု အထင်မှားသူများရှိနေ




7268 မကြာခင်ရောင်းချပေးမည့် WCDMA(3G) ဖုန်းမှာ ဂျီအက်စ် အမ်စနစ်သာဖြစ်ပြီး သုံးစွဲသူအချို့ မှာ စီဒီအမ်အေ ဖုန်းဟု ထင်နေသူများလည်း ရှိနေကြောင်း သိရသည်။
“ WCDMA ကို စီဒီအမ်အေ ဖုန်းလိုလို အထင်မှားကြတာတွေ ရှိပါတယ်။ WCDMA က ဂျီအက်စ် အမ်ဖုန်းပါပဲ။ ဂျီအက်စ်အမ်မှာ သူ့ မျိုးဆက်အလိုက် တိုးတက်လာခဲ့ပြီး  1 G တုန်းကဆိုရင် Analog  စနစ်ပဲ ရှိသေးတယ်။ 2G  မှာ Digital ဖြစ်လာပြီး Data Service က ပါတယ် ဆိုရုံလေးပဲ။ ဥပမာ- SMS တို့ Message တို့ ပို့လာနိုင်တာမျိုးပေါ့။ 2G ကိုထပ်မြှင့်တော့ 3G မဖြစ်ခင် မှာ 2.5, 2.75 ဆိုပြီး ဖြစ်လာတယ်။ အရင် Circuit Switched Data Transport အစား Package Data Transport စနစ်ဖြစ်လာတယ်။ Data Service ပိုင်းမှာ ပိုကောင်းလာတာပေါ့။ ဒီလိုပဲ 3G ဖြစ်လာတဲ့အခါ Data Speed တွေ ပိုမြန်၊ ပိုကောင်း လာတယ်။ ဥပမာပြောရရင် EDGE က လမ်းကောင်းရင် မြန်မြန်မောင်းနိုင်သလိုဖြစ်ပြီး UMTS ကျတော့ လမ်းကောင်းတဲ့အပြင် ပိုကျယ်လာလို့ မြန်မြန်မောင်း နိုင်သလိုမျိုးပေါ့။ 2G ရဲ့ Frequency  က 850,900,1800, 1900 လေးမျိုးရှိပြီး ဒီက ဂျီအက်စ်အမ်က 900 MHz ဖြစ်ပါတယ်။ 3G မှာတော့ 1800, 1900, 2100 ဆို ပြီးရှိပါတယ်”ဟု MTDC မိုဘိုင်းဖုန်းဆိုင်ရာ သင်တန်းကျောင်းမှ ကိုစိုးမင်းထွန်းက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေထိုင်နေရသူများ အတွက် အမေရိကန် ပြည်ထောင်စုမှ ဒေါ်လာ ၁ ဒသမ ၅ သန်း ကူညီမည်




ကချင်ပြည်နယ်ရှိ ပဋိပက္ခများကြောင့် နေရပ်ရွှေ့ပြောင်း နေထိုင်နေရသူများ အတွက် အမေရိကန် ပြည်ထောင်စုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅သန်း ကူညီမည်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် မတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါငွေများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှတစ်ဆင့် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis