menu

Thursday 5 January 2012

၂၀၁၂ စီးပွားရေး အတိုးတက်ဆုံး နှင့် အကျဆင်းဆုံးနိုင်ငံများ


ကမ္ဘာ့နိုင်ငံအားလုံးရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အချက်အလက်တွေ အများဆုံး စုဆောင်းထားနိုင်တာကြောင့် ပညာရှင်တွေကြားမှာ ဩဇာကြီးမားတဲ့ Economist Intelligence Unit အဖွဲ့ကြီးက ယခု ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့ စီးပွားရေး အလားအလာတွေကို ခန့်မှန်းလိုက်ပါတယ်။
EIU ရဲ့ ခန်းမှန့်ချက်အရ ပြိုလဲသွားတဲ့ ကဒါဖီအစိုးရလက်အောက်ကနေ ပြန်လည်တည်ဆောက်ယူနေတဲ့ လစ်ဗျားနိုင်ငံ စီးပွားရေးက ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ တိုးတက်မှုနှုန်း အမြန်ဆုံး ဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော် ဆုများချီးမြှင့်

လွတ်လပ်ရေးနေ့ ညနေခင်းမှာ ကျင်းပခဲ့တဲ့ 'လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲ တော်'မှာ အပယ်ခံရမယ်လို့ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကား နှစ်ကားဖြစ်တဲ့ ဒါရိုက်တာဝိုင်းရဲ့ 'အဲဒီအခန်းဖြတ်' ဇာတ်ကားနဲ့ ဒါရိုက်တာ မင်းသိုက်ရဲ့ 'ကြိုး'တို့ ဆုတွေအသီးသီး ရရှိခဲ့ပါတယ်။
ဒါရိုက်တာဝိုင်းရဲ့ 'အဲဒီအခန်းဖြတ်' ဇာတ်ကားက ပွဲကိုလာရောက်ကြည့်ရှု သူတွေပေးတဲ့ မဲပေါင်း ၁၀,၀၅၄ မဲ အနက် ၇,၀၁၁ မဲနဲ့ စုစုပေါင်းမဲရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရရှိပြီး ပရိသတ်အကြိုက်ဆုံးဆုကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ မင်းသိုက်ရဲ့ 'ကြိုး'ဇာတ်ကားကတော့ အကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတို ဆုကို ရရှိခဲ့ပါတယ်။

မလေးရှားရောက် မြန်မာအမျိုးသမီးတစ်ဦး၏ အိတ်ဖွင့်ပေးစာ

(မလေးငယ်ဆိုသော မလေးရှားရောက် အမျိုးသမီးငယ်တဦးမှ အိတ်ဖွင့်ပေးစာ..)



အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ်ပြောချင်တာလေးနည်းနည်း ရှိပေမဲ့ ဘယ်လိုဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း


ရှည်သွားလို့ သည်းခံပြီး အဆုံးထိဖတ်ပေးစေချင်ပါတယ်နော်။


ညီမက ပီနန်မှာအလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက်ပါ။ အစ်ကိုတို့အကြောင်းကို ညီမစသိတာတော့
နည်းနည်းကြာပါပြီ။ ညီမသူငယ်ချင်းတစ်ယောက်က ညီမကိုပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ
တခြားနိုင်ငံသားတွေနဲ့တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး
အဖွဲ့ဖွဲ့ပြီးလုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ရောက်ရှိ

ရာစုနှစ်တဝက်​ ကျော်ကာလအတွင်း​ မြန်မာနိုင်ငံကို ပထမဆုံး​လာ​ရောက်တဲ့​ အဆင့်​မြင့်​သံတမန်တဦး​အဖြစ် ဗြိတိန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိတ် ဒီက​နေ့​မြန်မာနိုင်ငံကို ​ရောက်ရှိလာပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဦးဝဏ်ဏမောင်လွင် နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဝီလျံဟိတ်ဟာ ဒီ​နေ့​ မနက်က ​နေပြည်​တော်မှာ သမ္မတ ဦး​သိန်း​စိန်၊​ နိုင်ငံခြား​ ​ရေး​ဝန်ကြီး​ ဦး​ဝဏ်ဏ​မောင်လွင်အပါအဝင် အစိုး​ရထိပ်ပိုင်း​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ဆုံခဲ့​ တယ်လို့​ ဗြိတိန်သံရုံး​ရဲ့​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ ရန်ကုန်ကလာတဲ့​ ​အေဂျင်စီ သတင်း​တွေမှာ ​ဖော်ပြပါတယ်။
ဗြိတိန်ဝန်ကြီး ​ဟာ သူ့​ရဲ့​ ၂ ရက်တာခရီး​စဉ်အတွင်း​ ရန်ကုန်မှာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။

လှိုင်သာယာတွင် အစားမှားအော့အန်ဝမ်းလျှောမှုဖြစ်ပွား

လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှု မြို့၊ အမှတ် (၂၃) ရပ်ကွက်၌ ဒီဇင်ဘာ လ ၃၁ ရက်တွင် လူ ၄၆ ဦး အော့အန် ၀မ်းလျှော သဖြင့် လှိုင်သာယာမြို့နယ် ဆေးရုံသို့ တစ်ပြိုင်နက် တက်ရောက် ကုသခဲ့သည်။
အော့အန်ဝမ်းလျှောသူများသည် ၎င်း ရပ်ကွက်ရှိ နာရေးရက်လည်ဆွမ်းသွတ် အလှူတစ်ခုအပြီးတွင် ရပ်ကွက်အတွင်း ဝေငှစား သုံးသည့် အလှူမှ ပိုလျှံသော ကြက်သားဟင်းနှင့် ၁၂ မျိုး ဟင်းချိုတို့ကို စားသုံးခဲ့ကြသည်ဟု မေးမြန်းသိရှိရကြောင်း ၎င်းမြို့နယ် ဆေးရုံမှ မြို့နယ် ကျန်းမာရေးမှူးက ပြောသည်။

NLD ပါတီမှတ်ပုံတင်ခွင့်ပြုချက်ကျပြီ



အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က မှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​လိုက်ပြီလို့​ အန်အယ်လ်ဒီက ​ပြောပါတယ်။
အန်အယ်လ်ဒီပါတီ ​ပြောခွင့်​ရ ဦး​ဉာဏ်ဝင်း​က “ကျ​နော်တို့​ဒီက​နေ့​ခွင့်​ပြုချက်ရပါပြီ။ ဒီက​နေ့​ လက်မှတ်ထိုး​ပြီး​ ရန်ကုန်တိုင်း​ ​ကော်မရှင်ရုံး​မှာ ကျ​နော်သွား​ယူပါတယ်။ မှတ်ပုံတင်အမှတ် ၄၇ ပါ။ ကျ​နော်တို့​က ဒါကို ​စောင့်​မျှော်​နေတာပါ”လို့​ ​ပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis