ကျွန်တော် အခုဖော်ထုတ်မယ့်အဖြစ် အပျက်တွေဟာ အဖြစ်မှန်တွေပါ။
မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာ စေလိုမှု စိုးစဉ်းမျှ မပါရှိပါ။
ကျွန်တော့ဘ၀နဲ့ ယှဉ်တွဲဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေထဲမှ သင်ခန်းစာယူကြပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့အတွေး အခေါ်တွေနဲ့ ကျွန်တော်တို့နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်နိုင်ကြဖို့ 'စေတနာ'နဲ့ ရင်ဖွင့်တာပါ။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလနေ့ တစ်နေ့ကပေါ့။
အဲဒီတုန်းက ကျွန်တော်က ပုသိမ် အနောက်မြို့နယ်တရားရေး ဦးစီးမှူးပေါ့ဗျာ။ ၁၉၇၃ ခုနှစ်မှာ တရားရေးဝန်ထမ်း စဖြစ်တယ်ဆိုတော့ လုပ်သက် ၁၅ နှစ် ရှိပါပြီ။


ပြင်သစ်နိုင်ငံရှိ နာမည်ကျော် ရှော်ဗေးဂူအတွင်းရှိ နံရံဆေးရေး
ပန်းချီများမှာ တွေ့ရှိသမျှ ဂူနံရံရေးပန်း ချီများထဲတွင် ရှေးအကျဆုံး
ဖြစ်နိုင်သည်ဟု ယခင်လေ့လာမှုများက တွေ့ရှိခဲ့သော်လည်း အငြင်းပွားမှုများ
ရှိနေခဲ့သည်။
အသက် ၂၇ နှစ်ဝန်းကျင်ခန့်မှ စတင်ပြီး ဂီတလောကအတွင်းသို့ ရောက်ရှိလာကာ
အနုပညာသက်တမ်း နှစ်ခြောက်ဆယ်ကျော်ခန့်ကို ဖြတ်သန်းလာခဲ့သူ ဂီတစာဆို
ဗိုလ်ကလေးတင့်အောင်သည် ကိုယ်တိုင်တီးခတ်သူ၊ သီချင်းရေးသားသူ၊ ပြဇာတ်
ဇာတ်ညွှန်းရေးသားသူ၊ ပြဇာတ် ဇာတ်လမ်းရေးသားသူ၊ ပြဇာတ် ဒါရိုက်တာတစ်ဦးအဖြစ်
အနုပညာ လှုပ်ရှားမှုပေါင်းများစွာကို ဖန်တီးပုံဖော်လာခဲ့သူ တစ်ဦးဖြစ်သည်။
ဇွန်လ ၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ကလေးတင့်အောင်၏ အသက် ၉၀ ပြည့်
မွေးနေ့အမှတ်တရအဖြစ် ရုပ်ရှင်ဂီတ အနုပညာရှင်များစွာပါဝင်သည့် ပဒေသာကပွဲကို
မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌
ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ် အများအပြား လာရောက်ကြည့်ရှုခဲ့သည်။ အသက် ၉၀
ထိတိုင် အနုပညာအပေါ် ချစ်ခင်တွယ်တာစိတ်များဖြင့်သာ
ဖြတ်သန်းလှုပ်ရှားနေဆဲဖြစ်သည့် ဗိုလ်ကလေးတင့်အောင်၏ အနုပညာအပေါ် သဘောထားအမြင်
အချို့အား မေးမြန်းဖော်ပြပေး ဖြစ်ပါသည်။


