menu

Saturday 18 August 2012

Android စနစ်သုံးဖုန်းများနှင့်ချိတ်ဆက်၍ CCTV ကင်မရာ တပ်ဆင်ထားသောနေရာများအား ကြည့်နိုင်ပြီ


မိမိတို့ရုံး၊ အိမ်အစရှိသည်တို့၌ တပ်ဆင်ထားသော CCTV ကင်မရာများအား Android စနစ်အသုံးပြု မိုဘိုင်းဖုန်းများနှင့်ချိတ်ဆက်ကာ ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း Billion-bright မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာတစ်နိုင်ငံလုံး မည်သည့်နေရာမှမဆို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊

ထိုသို့ကြည့်ရှုနိုင်ရန်အတွက် Android ဖုန်းတွင် အင်တာနက်ချိတ်ဆက်ထားရန် လိုအပ်ကြောင်း သိရသည်။ “ဥပမာ- အိမ်မှာ CCTV ကင်မရာတပ်ထားတယ်။ ကိုယ်က မြန်မာနိုင်ငံအတွင်း တခြားတစ်နေရာကို ရောက်နေတယ်ဆိုရင် ကိုယ်ရောက်ရှိနေတဲ့နေရာကနေ ကိုယ့်ရဲ့ Android ဖုန်းနဲ့ CCTV တပ်ထားတဲ့ အိမ်ကနေရာတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းတာဝန်ရှိသူကပြောသည်။

‘အရက်အတုသာသောက်သုံးနေရသည့် ပြည်တွင်းယမကာ လုလင်များအတွက် နိုင်ငံခြားအရက်တရားဝင်တင်သွင်းခွင့်ပြုမည်’

မြန်မာနိုင်ငံသား အရက် သောက်သုံးသူများ အနေဖြင့် အရက်အတုများသာ သောက်သုံး နေရ၍ နိုင်ငံခြား အရက် အမျိုးမျိုးကို မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် တင်သွင်း ရောင်းချ ခွင့်ပြု သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောသည်။

အရက်တုများ သောက်နေရ၍ ကျေးလက်နေ တောင်သူ လယ်သမားများ အားကောင်း မောင်းသန် အလုပ်မလုပ် နိုင်ကြတော့ဘဲ ပိ

န်လှီ ချည့်နဲ့ နေကြ ကြောင်း၊ အရက်အတု သောက်သုံးရခြင်း၏ ဆိုးကျိုးကို ၎င်းကိုယ်တိုင်ပင် ခံစား နေရကြောင်း ဦးဝင်းမြင့် က ပြောသည်။

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂမှ အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းအားကန့်ကွက်

ပုသိမ်ခရိုင်တွင် ရေဘေးဒုက္ခသည်သုံးသောင်းကျော်ရှိ -ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်ရှိသော သာပေါင်းမြို့နယ်မှာ အဆိုးဆုံးဖြစ်ပြီး အကူအညီများ လိုအပ်နေ-

ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှားအစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်ဖွယ်ရှိ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖွယ်ရှိကြောင်း ဂျကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။
အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်းလည်းဖြစ် PMI ခေါ် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ လည်းဖြစ်တဲ့ မစ္စတာ Jusuf Kalla ကို အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဖို့ တိုက်တွန်းခဲ့ရာမှာ မစ္စတာ Kalla က သဘောတူ လက်ခံခဲ့ကြောင်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။
ဒါ့အပြင် မစ္စတာ Kalla ဟာ အင်ဒိုနီးရှားမှာ အလားတူ ပဋိပက္ခတွေကို ဖြေရှင်းခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် ဒီတာဝန်နဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မကြာခင်ကလည်း မြန်မာပြည်ကို သွားရောက်ပြီး ပဋိပက္ခ အခြေအနေတွေကို တိုက်ရိုက် ကြည့်ရှု လေ့လာခဲ့ကြောင်းလည်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။
မြန်မာအစိုးရဟာ တခြားအဖွဲ့အစည်းတွေနဲ့ အတူ မစ္စတာ Kalla ဦးဆောင်တဲ့ PMI အင်ဒိုနီးရှား ကြက်ခြေနီအသင်းကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကူညီရေးပစ္စည်းတွေ ပေးခွင့်ပြုခဲ့ပါတယ်။ မစ္စတာ Kalla ဟာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကလေးများကွန်ပျူတာကို တစ်ရက် တစ်နာရီသာ အသုံးပြုသင့်

အသက် ၁၀ နှစ် မှ ၁၅ နှစ် အတွင်း ကလေးငယ်များသည် ကွန်ပျူတာ အလွန်အကျွံ သုံးစွဲနေမှုကြောင့် ကွန်ပျူတာ အမြင်အာရုံချို့တဲ့မှုရောဂါ ဝေဒနာကို ခံစားနိုင်ရကြောင်း သိရပါသည်။ ရောဂါလက္ခဏာများအနေဖြင့် မျက်ရိုးကိုက်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်ေ၀၀ါးခြင်းတို့အပြင် အခြားသော လည်ပင်းနှင့် ကျောရိုးဝေဒနာ များကိုလည်း ခံစားနိုင်ရကြောင်း ထိုင်း မျက်စိပညာအထူးကုသမားတော်က သတိပေးထားသည်။
ဖရာ့နန်ကလောင် ဆေးရုံမှ ဒေါက်တာ သပန်န၀န်တန်ဂုရိုင်ဝန်က ကလေးများကွန်ပျူတာပေါ်တွင် အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် အခြားသော စမာ့ဖုန်းများ၊ တက်ဘ်လပ်များဖြင့် အင်တာနက် အသုံးပြုခြင်းတို့ကို အလွန်အကျွံ ပြုလုပ်နေ ကြကြောင်း ဆိုပါသည်။

အမျိုးသမီးများအတွက် အဆိုးရွားဆုံးနေရာ

ယခုလအတွင်း ဖြစ်ပျက်ခဲ့သည့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုတွင် အမျိုးသမီးတဦးအား ကာယအိနြေ္ဒ ပျက်ပြားသည်အထိ စော်ကားမှုသည် ပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သည်။ ၄င်းအမျိုးသမီးငယ် တစ်ဦးသည် ည () ကျော်တွင် ဘားတခုမှ ထွက်အလာတွင် လူ (၁၈) ဦးမှ သူမအား ဆံပင်ကို ဆွဲကာ လမ်းဘေးသို့ ခေါ်ဆောင်သွားပြီး အင်္ကျီကို ဆုတ်ဖြဲပြီး၊ ကင်မရာရှေ့တွင် ပြုံးစေ၍ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ၄၅ မိနစ်အကြာမှ ရဲမှ ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သည့်လက တကမ္ဘာလုံးရှိ ဂျန်ဒါရေးရာကျွမ်းကျင်သူ ၃၇၀ ကို စစ်တမ်း ကောက်ယူခဲ့ရာ အိန္ဒိယ နိုင်ငံသည် ကမ္ဘာပေါ်တွင် အမျိုးသမီး များအတွက် အဆိုးဆုံး နေရာတစ်ခု ဖြစ်ကြောင်း မဲပေးခဲ့ကြ သည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် အမျိုးသမီးများ အပေါ်ကာယိနြေ္ဒ ပျက်ပြားအောင် လုပ်ဆောင်မှုသည် ရာဇ၀တ်မှု မြောက်သော ပြစ်မှုဖြစ်သည်။

ဂျပန်နှင့် တောင်ကိုရီးယား အငြင်းပွားကျွန်းများကိစ္စ အချင်းများ

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်သည် တောင်ကိုရီးယား မှ ဒေါ့ဒိုကျွန်းစုဟု ခေါ်ပြီး ဂျပန်မှ တာကေရှီးမား ကျွန်းစုဟု ခေါ်သည့် အရှေ့ပင်လယ်(ဂျပန်ပင်လယ်)တွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသောကျွန်း တစ်ကျွန်းသို့ သြဂုတ် ၁ဝ ရက်၊ သောကြာတွင် မမျှော်လင့်ဘဲ သွားရောက်ခဲ့သည်။
လီ၏ မိနစ် ၇ဝ ကြာ ခရီးစဉ်ကို ဂျပန်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဆိုး(လ)မြို့ရှိ ယင်း၏ သံအမတ်ကြီး မာဆာတိုရှီမူတိုကို တိုကျိုသို့ ပြန်ခေါ်လိုက်သည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုအိချိရိုဂင် ဘာကလီ၏ ခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ကြီးမားသည့် ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း ပြောသော်လည်း မည်သို့ တုံ့ပြန်မည် ဖြစ်ကြောင်းကိုမူ သီးခြားပြောကြားခဲ့ခြင်း မရှိပါ။

ပြန်ကြားရေး ဌာနအားလုံး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်(ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်နှင့် မြန်မာအင်ဒီပဲန်ဒင့်တို့    တွေ့ဆုံစဉ် ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ယခုလို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်
မေး။  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ကနေ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။    ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ တွေ့ရတဲ့ အခက်ခဲတွေ ပြဿနာတွေက ဘာလဲ၊ ရှေ့ဆက်ပြီး ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ရှိမလဲဆိုတာ သိချင်ပါတယ်။

"ရွှေမန်းသဘင် တည်ထောင် နှစ် ၈ဝ ပြည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်နှင့် မန္တလေးတို့တွင် သဘင် ဖျော်ဖြေပွဲကြီး ပြုလုပ်မည်ဟု ရွှေမန်းချမ်းသာပြော"

"၂ဝ၁၂ခုနှစ်က ရွှေမန်းသဘင်ကြီးရဲ့ နှစ်ပေါင်း ၈ဝ တိတိပြည့်တဲ့နှစ်ပါ။ အဘ ဦးဘိုးစိန် ရဲ့နှစ်၁၃ဝပြည့် ပွဲပြီးတဲ့ နောက်ပိုင်းမှာ ပရိသတ်တွေကရော၊ စတုတ္ထ မဏ္ဍိုင်ဖြစ် တဲ့ စာနယ်ဇင်း လောကကရော ရွှေမန်းပွဲကြီး ဖြစ်လာဖို့ တွန်းအားပေးကြတဲ့ အတွက် ၂ဝ၁၃ ခုနှစ်မှာ ရွှေမန်းသဘင်ကြီး လုပ်ဖို့ အတွက် ကမ်းလှမ်းသူတွေ လည်း ပေါ်လာပါပြီ။ ပွဲလုပ် ဖြစ်ဖို့ သေချာ သလောက် ရှိပါတယ်။ နောက် မန္တလေးက စီးပွားရေး လုပ်ငန်းရှင် သုံးဦးက လည်း လုပ်ချင်ကြောင်း ပြောတယ်။ ဦးချမ်းနဲ့ တင်မောင်ဆန်းမင်းဝင်း တို့စပြီး ဆွေးနွေးပါတယ်။ ပြီးတော့ ကိုကြီးကိုညွန့်ဝင်း နဲ့လည်း ဦးချမ်းတို့ ဆွေးနွေး ပါတယ်။ ကိုကြီးရဲ့ ခွင့်ပြုခွင့်က အရေးပါပါတယ်။ ကိုကြီးက လည်း လှိုက်လှို က်လှဲလှဲ ခွင့်ပေးပါတယ်။ တူလေး တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ စည်သူဗို၊ သူရဗို၊ ရာဇာဗို၊ တူမလေးတွေ ဖြစ်တဲ့ မေတင်မောင်ဆန်းမင်းဝင်း တို့ပါကြ မယ့်အပြင် ဦးဘိုးစိန်ပွဲ မှာပါဝင်ခဲ့ကြတဲ့ အနုပညာရှင် များကိုလည်း ကမ်းလှမ်းမယ်လို့ စိတ်
ကူးပါတယ်။ စုပေါင်း ညီညာစွာနဲ့ အလင်္ကာကြီးကို ဂါရဝပြုကြ မှာဖြစ်ပါတယ်"

မောင်းပဲထုတာ


ဝါ၀ါဝင်းကုမ္ပဏီနဲ့ လယ်သမား ၆၁ ဦး တွေ့ဆုံညှိနှိုင်း

ဝါ၀ါဝင်းကုမ္ပဏီနဲ့ လှိုင်သာယာမြို့နယ်အတွင်း လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ အတွင်းပဒံ၊ အပြင်ပဒံကျေးရွာတွေက လယ်သမား ၆၁ ဦးတို့ဟာ လျော်ကြေးငွေ ရရှိရေးနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက်အဖြစ် လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။
RFA
လှိုင်သာယာ မြို့နယ်တွင် ၀ါဝါ၀င်း ကုမ္ပဏီမှ ဆောင်ရွက်နေသော အနော်ရထာ စက်မှုဇုန် စီမံကိန်းနေရာ
တွေ့ဆုံပွဲကို ၀ါဝါ၀င်းကုမ္ပဏီဘက်က အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းဝင်းနဲ့ တာဝန်ရှိသူတွေ လာရောက်ခဲ့ကြပြီး တစ်ဧကသိန်း ၃၀ နှုန်းနဲ့ လျော်ကြေး လက်ခံမယ်ဆိုရင် ဆန္ဒပြလယ်သမား ၆၁ ဦးအပါအ၀င် လယ်သမားအားလုံးနဲ့ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ကြောင်း RFA ကို ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြန်မာ့ လူထုသဘောထား တရုတ်ပညာရှင်များ လေ့လာ


တရုတ်နိုင်ငံသို့ ပို့ရန် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အနီး သွယ်တန်းနေသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်း (ဓာတ်ပုံ – ဧရာဝတီ)
တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှု အဖွဲ့အစည်းများနှင့် သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရခိုင်ကမ်းလွန်မှ တရုတ်ပြည်သို့ သွယ်တန်းမည့်  သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် ဒေသခံများ၏ လူမှုဒုက္ခများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ မုံရွာကြေးနီ စီမံကိန်းကြောင့် မြေယာသိမ်းဆည်းမှုများနှင့် ဒေသတွင်း ဆိုးကျိုးများ၊ တရုတ်နိုင်ငံမှ တင်သွင်းသည့် စားသောက်ကုန်များကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး၊ သစ်တောများကို စည်းကမ်းမဲ့ ခုတ်ယူမှုများကို အဓိကထားဆွေးနွေးကြသည်ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သူများက ဆိုသည်။

ရှေ့တောင်နေပြည် ပုဂံဆီဝယ်(ခင်သန္တာ)



ဒီဇင်ဘာ လတိုင်း ခရီး ထွက်လေ့ရှိတဲ့ ကျွန်မ ဒီနှစ်မှာတော့ သင်္ကြန် တွင်းမှ ခရီး ထွက်ဖြစ် ပါတော့တယ်။
ကျွန်မ အမျိုးသား ရုံးက ခွင့်မရတာက တစ်ကြောင်း၊ ကျွန်မ ကိုယ်တိုင်လည်း မအားလပ်တာက တစ်ကြောင်းမို့ နှစ်စဉ် ထွက်နေကျ ခရီးစဉ် အချိန်ကို ရွှေ့ဆိုင်း လိုက်တာပါ။ အမျိုးသားရဲ့ ခွင့်က သင်္ကြန် တွင်းမှာတောင် သိပ်မသေချာတာကြောင့် ကျွန်မတို့ကပဲ သူတာဝန်ကျရာ နေပြည်တော်ကို အရင်သွားပြီး အဲဒီကမှ တစ်ဆင့်ပုဂံ ၊ညောင်ဦး၊ ပုပ္ပါး ခရီးစဉ်ကို သွားဖို့ ရွေးချယ် လိုက်ပါတယ်။

သင်္ကြန် ရက်တွေမှာ ခရီး မထွက်ဖူးတာကြောင့် ကားလက်မှတ် အခက်အခဲကို အရင်ဆုံး ရင်ဆိုင် ရပါတယ်။သင်္ကြန်တွင်း တိုးချဲ့ ပြေးဆွဲပေးတဲ့ ကားတွေများပေမဲ့ ရက်ရှည် ရုံးပိတ်ရက် ဖြစ်တာကြောင့် ခရီးသွားတဲ့ သူတွေကလည်း များပြားလှပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ကို အဝေးပြေးကားနဲ့ သွားကြပြီး နေပြည်တော်ကနေ တစ်ဆင့် ပုဂံ ဘက်သွားဖို့ကိုတော့ အမျိုးသားက ဗင်ကားလေး တစ်စီး ငှားထားပါတယ်။ အရင်နှစ်တွေ ခရီးထွက်တိုင်း ကျွန်မတို့ မိသားစုနဲ့အတူ ကျွန်မတို့အိမ်က မိန်းကလေးကိုပါ ခရီးတွေကို ခေါ်သွားလေ့ ရှိပါတယ်။

ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ


၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌရာထူးအား မြန်မာက တာဝန်ရယူရန် ရှိရာ ရိုဟင်ဂျာအရေး မည်သို့ဖြေရှင်းသည်ကို အာဆီယံအဖွဲ့ဝင်များက စောင့်ကြည့်နေခဲ့ကြသည်။ (ဓာတ်ပုံ- Reuters)
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ဧရာဝတီက ဖတ်ရှုခွင့်ရခဲ့သည့် ကမ္ဘောဒီးယား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟော်နမ်းဟုန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့၏ အပြန်အလှန် ပေးစာများအရ အာဆီယံအနေဖြင့် ရခိုင်အရေးကို ယဉ်ကျေးမှုနှင့် ဘာသာရေးအပြင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းအဖြစ် မေးခွန်းထုတ်စရာဖြစ်နေ၍ အထူးအစည်းအဝေးကို ဩဂုတ်လ ၁၄ ရက် ဖနွမ်းပင်မြို့၌ ဖိတ်ခေါ်ခဲ့ရာ ယင်းသည် အာဆီယံပဋိညာဉ်စာချုပ်ပါ အဖွဲ့ဝင်များ၏ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးကို ချိုးဖောက်ရာကျကြောင်း ဆို၍ ပယ်ချခဲ့ခြင်းဖြစ်သည်။

ထောင့်ပြောင်း မန္တလေးညများ(ဆူးငှက်)

မန္တလေးတောင်ပေါ်မှ တွေ့မြင်ရသော စန္ဒာမုနိဘုရား၊ အတုမရှိကျောင်းတော်ကြီးနှင့် နန်းတော်ရှေ့မြင်ကွင်း (ဓာတ်ပုံ – နေရောင်)
အရင်က မန္တလေးမြို့ရဲ့ ညချမ်းတွေမှာ ဈေးချိုတော် ညဈေးတန်းကို လမ်းလျှောက်ထွက်ကြရင်း ဈေးဝယ်ကြတယ်၊ အအေးဆိုင် ထိုင်ကြတယ်၊ လက်ဖက်ရည် သောက်ကြတယ်။ အထူးသဖြင့် ညဈေးတန်း စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်အဟောင်းတွေ ၀ယ်ကြတယ်၊ စာအုပ်အသစ် မဂ္ဂဇင်းအသစ်တွေ မြည်းစမ်းကြတယ်။ ပြီးရင် ဆိုင်းသံ ဗုံသံကြားရာ အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေဆီ သွားရောက် ကြည့်ရှုကြတယ်။
သေချာတာ တခုကတော့ ဘယ်သူမှ သန်းခေါင်ထက် ညဥ့်မနက်ကြပါ။ ညဈေးတန်း လျှောက်ကြတယ် ဆိုတာကလည်း လူငယ်တွေက နာရီစင်အောက် အအေးဆိုင်တွေက အကိုင်း ရီကော်ဒါ စက်ကြီးတွေနဲ့ ဖွင့်တဲ့ လာရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ တက္ကသိုလ် ထွန်းနောင်တို့ရဲ့ စတီရီယို သီချင်းတွေ နားထောင်ချင်ကြလို့ပါ။ ညဈေးတန်း ဆိုတာကလည်း
၉ နာရီဆိုရင် ပိတ်ပါသည်။ မအိပ်ချင်သေးလျင် ကထိန်ပွဲ ဘုရားပွဲတွေ ၁၂ ရာသီပြည့်နေတဲ့ ဇာတ်ပွဲ အငြိမ့်ပွဲတွေ သွားကြည့်ရုံပါပဲ။

မိုးထိ မိုးမိရွှေလုပ်သားအရေး ILO ကိုတိုင်ကြား

ရမည်းသင်းခရိုင်၊ မိုးထိ မိုးမိတောင် ရွှေတူးဖော်ရေး လုပ်ငန်းမှာ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေအကြား သဘောတူထားတဲ့ စာချုပ်ပါ အချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့အတွက် ရွှေလုပ်သား ကိုယ်စားလှယ်အဖွဲ့ ဟာ ရန်ကုန်မြို့က အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့ လာရောက်တိုင်ကြားခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာ အုပ်စုရှိ မိုးထိ မိုးမိတောင် ရွှေတူးလုပ်သားများ တောင်းဆိုဆန္ဒပြမှု ပြုလုပ်နေကြစဉ်။
ရွှေလုပ်သားတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ ပြန်လည် ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေး အရာရှိရုံး နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ရော့(စ်)၀ီလ်စန် (Ross Wilson) နဲ့ တွေ့ဆုံပြီး အကူအညီ တောင်းခဲ့တယ်လို့ ရွှေလုပ်သား ကိုယ်စားလှယ် ခေါင်းဆောင် ကိုနေအောင်က RFA ကို အခုလို ပြောပါတယ်။

မူဆလင် ဘာသာဝင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား

ပြီးခဲ့တဲ့ သြဂုတ်လ (၁၁)ရက်နေ့ က မိုဘိုင်းမြို့ မှ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုမြင်ကွင်း

မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင် ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Lucknow မြို့ ဗလီတစ်ခုကနေ သောကြာနေ့ ၀တ်ပြုအပြီး ထွက်လာကြတဲ့ လူ (၅၀) လောက်ပါဝင်တဲ့ လူအုပ်ဟာ ဗုဒ္ဓပန်းခြံအထိ စီတန်းလမ်းလျှောက်ခဲ့ကြပြီး ပန်းခြံအရောက်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် ပန်းခြံအနီးက ကားတွေ မှန်တွေကွဲပြီး ကားတချို့ မီးရှို့ ခံခဲ့ရပါတယ်။ ပန်းခြံထဲက ဈေးဆိုင်တွေနဲ့ အဆောက်အဦးတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အကြမ်းဖက်သူတွေက သတင်းထောက်တွေကိုလည်း ရိုက်နှက်ခဲ့တဲ့အတွက် ဓာတ်ပုံသတင်းထောက် (၂၀) လောက် ဒဏ်ရာရခဲ့ပြီး နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး



အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။
"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး  လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
GE Capital Aviation Services မှ Mr. Norman C.T.Liu, President &  CEO, Mr. Davis Settergren, Marketing Vice President, Mr. Antony Snelle man , Senior Vice President & Region Manager, Mr. Mike Jones, Executive Marketing Vice President, Mr. Kumar Menon, Project Vice President တို့နှင့်အတူ MAI လေကြောင်းလိုင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူ ဦးဆောင်သော စီမံအုပ်ချုပ်ရေးအဖွဲ့သည် သြဂုတ်လ ၁၄ရက်နေ့ က ရန်ကုန်မြို့၊ ဆာကူရာတာဝါတွင် တွေ့ဆုံကာ လေကြောင်းပျံသန်းရေးဆိုင်ရာ ၀န်ဆောင်မှုများအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
"အဓိကက MAI လေကြောင်းလိုင်းအနေနဲ့ နောက်ပိုင်းမှာ ခရီးစဉ်တွေ တိုးချဲ့ပျံသန်းဖို့ရှိတယ်။ လေယာဉ်သစ်တွေလည်း ၀ယ်ဖို့ အစီအစဉ်ရှိတဲ့အတွက် လေယာဉ်ဝယ်ယူဖို့၊ ငှားရမ်းဖို့ကို အဓိကထား ဆွေးနွေးခဲ့တာပါ" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ပြော ကြားခဲ့သည်။
General Electric ကုမ္ပဏီကြီး၏ လက်အောက်ခံအဖွဲ့တစ်ခု ဖြစ်သော GE Capital ၏ ဌာနတစ်ခု ဖြစ်သည့် GE Capital Aviation Services သည် လေယာဉ်ထုတ်လုပ်သည့် Airbus နှင့် Boeing ကုမ္ပဏီများမှ လေယာဉ်များ ၀ယ်ယူကာ အဆိုပါ လေယာဉ်များကို လေကြောင်းလိုင်များသို့ အငှားချထား လေ့ရှိကြောင်း သိရသည်။
နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် လက်ရှိ F-28 ၃စီး၊ ATR  ၃စီး၊ MA 60 ၃စီး၊ Beech-1900D ၂စီးဖြင့် ခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိပြီး၊ F-28 လေယာဉ်များသည် သက်တမ်း နှစ်၃၀ကျော်ရှိနေသည့် လေ ယာဉ်များ ဖြစ်သည့်အတွက် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များအား ထပ်မံဝယ်ယူကာ အစားထိုးပြေးဆွဲရန် စီစဉ်လျက်ရှိသည်။
ပုဂ္ဂလိကပိုင် MAI လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် Airbus A-320 လေယာဉ်၎စီးဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကာ၊ Airbus A-320 လေယာဉ်၂စီးအား ထပ်မံဝယ်ယူထားပြီး၊ ၂၀၁၂ အောက်တိုဘာတွင် အဆိုပါလေ ယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဟု သိရှိရပါသည်။
အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။

"အဓိကက လေယာဉ်သစ်တွေ ၀ယ်ယူဖို့ပါ။ ဒီကုမ္ပဏီက လေယာဉ် အင်ဂျင်တွေကို အဓိက တပ်ဆင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး  လေယာဉ်တွေကို ပြန်လည်ရောင်းချခြင်း၊ ငှားရမ်းခြင်းတွေ ပြုလုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်လို့ လေယာဉ်သစ်တွေဝယ်ဖို့ ဆွေး နွေးခဲ့တာပါ" ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်သည့် လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ တောင်းဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသော ဘာသာများဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် မဟုတ်မမှန်သော ဓာတ်ပုံများ ထည့်သွင်းဖော်ပြထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ မကြာသေးမီက ဝက်ဘ်ဆိုက် အချို့တွင် မြန်မာနိုင်ငံ နှင့် မသက်ဆိုင်သော အခြားပြည်ပနိုင်ငံအချို့မှ လူအများ အစုလိုက် အပြုံလိုက် သေဆုံးနေသည့် ပုံများကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်ဟန်ဖြင့် ထင်ယောင် ထင်မှား ဖြစ်စေရေန် အင်တာနက်သတင်း ဝက်ဘ်ဆိုက်များ၌ ရုပ်ပုံများ ထည့်သွင်း ဖော်ပြခဲ့ပါသည်။

ကျပ် သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU Debit ကတ်ဝန်ဆောင်မှု စက်တင်ဘာလ ၁ရက်နေ့ စတင်မည်



ကျပ် ၁၀၀၀၀မှ ကျပ်သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU (Myanmar Payment Union)Debit ကတ်ဝန်ဆောင်မှုကို စက်တင်ဘာလ ၁ရက်နေ့တွင်  စတင်မည်ဖြစ်ကြောင်း Myanmar  Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သတင်းရရှိပါသည်။

"Debit ကတ်အဖြစ် အသုံးပြုနိုင်မယ့် MPU ကတ်တွေကို စတင်တော့မှာပါ။ ဘဏ်အသီးသီးက အေတီအမ်စက်တွေမှာ ငွေထုတ်ယူနိုင်သလို MPU ကတ်လက်ခံတဲ့ ဆိုင်တွေမှာ ဈေးဝယ်နိုင်မှာပါ''ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးဇော်လင်းထွဋ်ကလည်း ''ဘဏ်တချို့ကတော့ စက်တင်ဘာလ ၁ ရက်နေ့ စမှာပါ။ ကျွန်တော်တို့ဘဏ်လည်း စသုံးမှာဖြစ်ပေမယ့် စမ်းသပ်နေဆဲဖြစ်တာကြောင့် အများပြည်သူအကုန်လုံးကို ၀န်ဆောင်မှုပေးဦးမှာ မဟုတ်ဘူး။ စိတ်ချရပြီဆိုတာနဲ့ ၀န်ဆောင်မှုပေးမှာပါ။ အချိန်ကွာဟမှုနည်းအောင် အတတ်နိုင်ဆုံး လုပ်ဆောင်နေ ပါတယ်''ဟု ရှင်းပြပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis