menu

Tuesday 7 August 2012

ရိုဟင်ဂျာတွေကို သတ်ဖြတ်နေဟု မြန်မာကို ဆော်ဒီအာရေးဗီးယားက စွပ်စွဲ

ရခိုင်ပြည်နယ်က မူဆလင် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆော်ဒီအာရေးဗီးယား အစိုးရက မနေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။ ဆော်ဒီအစိုးရအဖွဲ့ရဲ့ သဘောထားကို အစိုးရသတင်းဌာန SPA က ပြောဆိုရာမှာ မြန်မာနိုင်ငံက မူလဆင် ရိုဟင်ဂျာတွေကို မြန်မာအစိုးရက ရက်စက်စွာ တိုက်ခိုက်မှုတွေ ရှိနေပြီး၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ၊ ဆော်ဒီအစိုးရ အနေနဲ့ ပြင်းထန်စွာ ရှုံ့ချကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေရဲ့ လူနေမှုဘ၀တွေ ကောင်းမွန်လာရေး၊ သူတို့တွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပေးနိုင်ဖို့ ၊ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ မဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယား အစိုးရက တိုက်တွန်းလိုက်ပါတယ်။

ရှစ်လေးလုံး ၂၄နှစ်ပြည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မန္တလေးတွင်ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၇

မြန်မာ့သမိုင်းတွင် အထင်ကရ မှတ်တိုင် တစ်ခုဖြစ်သော ၁၉၈၈ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်သော (၂၄) နှစ်မြောက် ငွေရတု အကြို ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မန္တလေးမြို့တော်တွင် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်း သား ခေါင်းဆောင် ကိုမြအေးက ပြောကြားသည်။
ရန်ကုန်မြို့ရှိ (၈၈) ကျောင်းသားများနှင့် မန္တလေးမြို့ရှိ (၈၈)ကျောင်းသားများက ရှစ်လေးလုံး ငွေရတု အကြို အခမ်းအနား ဖြစ်မြောက်ရေး အတွက်လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မန္တလေးမြို့တော် ဘုရားကြီး အလယ်တိုက်ကြီး၊ ဒက္ခိဏာ ရာမ ကျောင်းတိုက်၌ ကျင်းပမည့် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် အပါအဝင် ဒေသ အသီးသီး မှ လာရောက် ပူးပေါင်းလျက် နိုင်ငံလုံး ဆိုင်ရာ အခမ်းအနား အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ၁၉၈၈ လှုပ်ရှားမှုကို ဖြတ်သန်းခဲ့ကြသော ရဟန်းရှင်လူ ပြည်သူ အများဖြင့် ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား အချို့ထံမှ စုံစမ်း သိရှိရသည်။

E-Lite အဝေးပြေးယာဉ်လုပ်ငန်း ရန်ကုန် - နေပြည်တော် နှစ်ထပ်ကားယာဉ် ဖြင့်ပြေးဆွဲမည်

ရန်ကုန်၊ သြဂုတ် ၇

E-Lite Express မှ နှစ်ထပ်ကားဖြင့် ရန်ကုန် - နေပြည်တော် ပြေးဆွဲရန် စီစဉ်နေကြောင်း Elite Express မန်နေဂျာ ဦးထွန်းမြင့်ဆန်းက The Voice Weekly သို့ပြောကြားသည်။

“အခု ရန်ကုန် - နေပြည်တော် ပြေးဆွဲမယ့် ၂ထပ်ကား ကို အခု က.ည.န မှာလိုင်စင်ဝင်နေပါတယ်။ ဘယ်တော့ စထွက်မယ်ဆိုတာကတော့ လိုင်စင်ပေါ်ပဲ မူတည်ပါတယ်” ဟု ၎င်းက
ပြောကြားသည်။

အဆိုပါ နှစ်ထပ်ကားထိုင်ခုံများသည် ယခင် အတိုင်း လေယာဉ် အခင်းအကျင်း ဖြစ်ပြီး ဆွီဒင်နိုင်ငံထုတ် ကား ဖြစ်ကြောင်း၊ ယာဉ်အပေါ်ထပ်၌ ၄၃ ခုံပါ၍ အောက်ထပ်၌ ၁၃ ခုံပါဝင်ကြောင်း ၎င်းက ရှင်းလင်းပြောပြသည်။

'' ၀န်ကြီး နှစ်ဦးမှ ရှစ်လေးလုံးအခမ်းအနားအတွက် ဆယ်သိန်းလှူ ''

TAA လေကြောင်းလိုင်း ပုဂံနှင့်နေပြည်တော် တိုးချဲ့ပျံသန်းဖို့ရှိ

ထိုင်းနိုင်ငံက TAA Thai Air Asia လေကြောင်းလိုင်းဟာ ပုဂံနဲ့ နေပြည်တော်ကို တိုးချဲ့ပျံသန်းဖို့ အဖက်ဖက်က အဆင်သင့် ရှိနေပေမဲ့ ပုဂံလေဆိပ်ရော နေပြည်တော် လေဆိပ်ပါ အဆင့်မြှင့်ဖို့ လိုအပ်နေသေးတဲ့အတွက် မစတင်နိုင်သေးဘူးလို့ TAA အမှုဆောင် အရာရှိချုပ် Tassapon ကပြောကြား လိုက်ပါတယ်။
စရိတ်သက်သာတဲ့ Thai Air Asia လေကြောင်းလိုင်းဟာ ဘန်ကောက်နဲ့ ရန်ကုန်ကို နေ့စဉ် ပျံသန်းနေပြီး မန္တလေးကို အောက်တိုဘာလမှာ စတင် ပျံသန်းမယ်လို့ မနေ့က ကြေညာပြီး နောက်နှစ်မြို့ အနေနဲ့ ပုဂံနဲ့ နေပြည်တော်ကို ခရီးစဉ် တိုးချဲ့ဖို့ တပါတည်း ကြေညာတာလည်း ဖြစ်ပါတယ်။

ခရစ်ယာန်အရေး အရင်ဆုံးဖြေရှင်းပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံ ဘာသာ ကိုးကွယ်မှု အခြေပြဇယား

မြန်မာပြည်က မွတ်ဆလင် ရိုဟင်ဂျာတွေအရေးကို ၀င်ရောက် မစွက်ဖက်ခင် အင်ဒိုနီးရှားက ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်တွေရဲ့ အရေးကို အရင်ဆုံး ဖြေရှင်းပေးပါလို့ အင်ဒိုနီးရှားနိုင်ငံက ခရစ်ယာန်တွေက အစိုးရကို တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာမှာ မြန်မာပြည်က ရိုဟင်ဂျာအရေး ဦးဆောင်မဖြေရှင်းခင် သမ္မတ ဆူစူလို ယူဒိုယိုနို အနေနဲ့ ကိုယ့်နိုင်ငံထဲက လူနည်းစု ဘာသာဝင်တွေ ဖိနှိပ်ညှဉ်းပန်း ခံနေရတဲ့ အရေးကို အရင်ဖြေရှင်းသင့်တယ်လို့ အင်ဒိုနီးရှားက GKI ခရစ်ယာန် ကျောင်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှား သမ္မတက မြန်မာပြည်က ရိုဟင်ဂျာအရေးကို ဦးသိန်းစိန် အစိုးရက ကိုင်တွယ်ပုံဟာ မှန်ကန်ကြောင်း သူ့အနေနဲ့လည်း ရိုဟင်ဂျာအရေးကို ကူညီဖြေရှင်းပေးလိုကြောင်း ပြီးခဲ့တဲ့ စနေနေ့က ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်၌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အသစ်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်



ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အသစ်ထပ်မံဖွဲ့စည်းခြင်းကို ပြည်သူ့လွှတ်တော် မှ သဘောတူညီသည့်အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ (သြဂုတ်လ ၇ ရက်) နံနက် ၁၀ နာရီ အချိန်တွင် ကြေညာခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ၊ အတွင်းရေးမှူးအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တို့က ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

တူရကီဝန်ကြီးချုပ် ဇနီးနှင့်အဖွဲ့ မြန်မာနိုင်ငံသွားမည်

တူရကီနိုင်ငံ ၀န်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ ၀န်ကြီးချုပ်ရဲ့ဇနီးနဲ့သမီး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း မနေ့က တူရကီ ရုပ်မြင်သံကြားမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံထဲက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံနေရတယ်လို့ တူရကီ ၀န်ကြီးချုပ် မနေ့က ပြောဆိုကြောင်း တူရကီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ၅ထပ်တိုက်ပေါ်က ပစ်ချခံရ

ဘန်ကောက်မြို့အနီး စမုတ်စာခွန်၊ မဟာချိုင် နယ်မြေ အုန်းနွဲ့ စိုင်းဟတ်၆ထပ်တိုက်တွင် နေထိုင် သည့်အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ယမန်နေ့ နေ့ လည်ပိုင်းက ထိုင်းတစ်ဦးက အဓမ္မပြုကျင့်ပြီး ၅ ထပ်အမြင့်မှပစ်ချခံရသဖြင့် ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်းမျက်မြင်များပြောပြချက်အရ သိရှိရသည်။တိုက်နောက်ဖက် လဘက်ရည်ဆိုင်တွင် ထိုင်နေကြသည့် ကိုမင်းဇော် က သူတို့အနားသို့ ကျလာပုံ ကို ရှင်းပြသည်။ “မွန်းလွဲ၂နာရီကျော်ပြီး အပေါ်ထပ်အခန်းအမှတ် ၅/၁၅၃ က မစန်းစန်းဝင်း ကိုယ်လုံးတီးနဲ့ ထမိန်တစ်ကွင်းစလွယ်သိုင်းပြီး ပြုတ်ကျလာတယ်၊ အလှူခံ အလှူခံ လို့ ပြောပြီး သတိ ရတချက်မရတချက် ပဲ။ ဆေးရုံရောက်တော့လဲ ဘယ်သူလဲလို့ မေးတော့ အလှူခံ အလှူခံလို့ပြောတယ်။

သူရဲကောင်း ဒိုင်ယာရီထဲက လူထု ဦးစိန်ဝင်း ( ခင်ဆွေဦး )

၁။
နွေ၊ မိုး၊ ဆောင်း ရာသီ အလှည့်အပြောင်း နှစ်၊ လ၊ နာရီပေါင်းတွေ ဖြတ်သန်း ကျော်လွှားခဲ့ချိန်၊ ကျွန်မ ဆရာ ဦးစိန်ဝင်းနှင့် အသိ အကျွမ်းမက ခင်မင် ရင်းနှီးခဲ့တာ ကျွန်မ အသက် ၃၀ သာသာ ၃၂၊ ၃၃ အရွယ်၊ ဆရာက အသက်အစိတ် ၀န်းကျင်။ ဆရာ ကျွန်မထက် ၈ နှစ်နီးပါး ငယ်ပါတယ်။

လူထု သတင်းစာ မပိတ်ခင် ကာလတွေ ကျွန်မ မန္တလေး ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့ လူထုတိုက် ခဏခဏ ရောက်တဲ့ အချိန်တွေပေါ့။ ပြောရရင် မန္တလေးမှာ ရီမြင့် ရုပ်ရှင်ပိုင် နယ်လီ (ရီရီ)ဆီ အထုပ်ချပြီး ဒေါ်ဒေါ်မာတို့ဆီ သွားတည်းခို ခဲ့တယ်။ ကျွန်မဘ၀ လူထုဦးလှ၊ ဦးလေးလှ ကျွန်မရဲ့ဒုတိယ ဖခင်၊ ဒေါ်ဒေါ်မာက ဒုတိယ မိခင်။ ကျွန်မမေမေနဲ့ ဒေါ်ဒေါ်မာတို့ကလည်း အသက်ရွယ်တူတွေ။ လူထုတိုက်သွားတိုင်း၊ အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ် အသားဖြူဖြူ အရေပါးပါး၊ နဖူးကျယ်၊ နားရွက်ကားနှင့် မျက်လုံးအရောင် တောက်တောက်၊ အမြဲတမ်းလို ပြုံးနေတဲ့မျက်နှာကို မြင်တွေ့ရပါတယ်။

လူတွေကို ကျွန်မ မုန်းတယ်


            စားစရာရှိတာ ခပ်သုတ်သုတ်စားပြီး ကျွန်မ အမြန်သွားမှဖြစ်မယ်။ သူတို့ချည်းပဲ ထားခဲ့ရတာ သိပ်စိတ်မချရဘူး။ သူတို့ အဖေက ဘာမှ သိတတ်တာ မဟုတ်ဘူးလေ။ အသံကျယ်ကျယ်နဲ့ လျှောက်အလေလိုက်နေတာပဲ။ ခဏပေါ်လာလိုက် ပျောက်သွားလိုက်နဲ့။ ကိုယ့်ရင်သွေးကိုယ် ဂရုစိုက်ရကောင်းမှန်း သိတာမဟုတ်ဘူး။ ကျွန်မ ကလေးတွေနဲ့ အလုပ်ရှုပ်ပြီဆို သူက ဖြူမတို့ ခြံဘက်ကို ကူးသွားတော့တာပဲ။ အို …. သူ့အကြောင်းပြောနေရတာ အချိန်ကုန်ပါတယ် … ကိုယ့်နေရာကိုယ် မြန်မြန်ပြန်မှပါ…….
           ကျွန်မရဲ့ နေရာလေးက ကောင်းပါတယ်… မြေကြီးကနေ (၃)ပေလောက် အမြင့် စင်လေးတစ်ခုပေါ်မှာ တောင်းလေးတစ်တောင်း တင်ထားတာလေ။ အထဲမှာ ကောက်ရိုးတွေ ခင်းထားတာဆိုတော့ နွေးနွေးထွေးထွေး ရှိတာပေါ့….. ဒီနေ့နဲ့ဆိုရင် ကျွန်မ ဥထားတာ တော်တော်များနေပြီ…. ဗိုက်ထဲမှာလည်း ကုန်နေပါပြီ…. သူတို့ကို ကျွန်မရင်အုပ်နဲ့ ကပ်ပြီး အချိန်ရှိသ၍ အပူပေးနေရတာလေ… အပူဓာတ်ထဲမှာ ကျွန်မရဲ့ မေတ္တာကိုပါ ရောလွှတ်ထားတယ်…..

ဖေ့စ်ဘွတ်ခ်အကောင့် ၈၃ သန်းခန့်ကို ပွားထားသည်များနှင့် အတုများဟု သတ်မှတ်ပြီး ပိတ်ပစ်ရန် ဖေ့စ်ဘွတ် စီစဉ်




အမည်အတု (သို့မဟုတ်) အမည်ဝှက်ဖြင့် ပြုလုပ်ထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်၊ မိမိ၏ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်အတွက် ပြုလုပ်ထားသည့်အကောင့်၊ အခြားဆိုက်များကိုဝင်ရန်အတွက် သီးသန့် ဖန်တီးထားသည့် နောက်ထပ်အကောင့် များမှာ ခန့်မှန်းချေအားဖြင့် ၈၃ ဒသမ ၀၉ သန်းခန့် ရှိနေကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၁ ရက်နေ့တွင် အသစ်ပြင်ဆင်ခဲ့သည့် စည်းမျဉ်းများအရ ပုံမှန်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် အကောင့်ပေါင်း ၉၉၅ သန်းအနက် ၈ ဒသမ ၇ ရာခိုင်နှုန်းကို ပွားထားသည့်အကောင့်နှင့် အကောင့်အတုများအဖြစ် ဖေ့စ်ဘွတ်ခ်က သတ်မှတ်ခဲ့ပြီး ပိတ်ပစ်ရန် လိုလားနေကြောင်း သိရသည်။
''ဖေ့စ်ဘွတ်ခ်မှာ အကောင့်အတုတွေကို ရှာဖွေပြီး ဖျက်ပစ်ဖို့ ကျွန်တော်တို့ ယေဘုယျအားဖြင့် ရည် ရွယ်ထားပါတယ်။ ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်က အမည်စစ်စစ်မှန်မှန်နဲ့ သုံးတဲ့သူတွေအတွက်ဆိုတဲ့ အခြေခံမူနဲ့ ဖန်တီးထားတာပါ''ဟု ဖေ့စ်ဘွတ်ခ် လုံခြုံရေးအရာရှိချုပ် ဂျိုးဆူလေဗန်က စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။

အိန္ဒိယတွင် ရေလွှမ်းမှုများကြောင့် လူ ၃၀ ကျော်သေဆုံး




ဂျမ်မူမြို့ပြင်ရှိ တာဝီမြစ်ရေလျှံမှုကြောင့် ရွာသားများ ပစ္စည်းရွှေ့ပြောင်းနေမှုကို သြဂုတ်လ ၄ ရက်က တွေ့ရစဉ် Photo: AFP
အိန္ဒိယမြောက်ပိုင်းရှိ တောင်ထူထပ်သော Uttarakhand ပြည်နယ်တွင် ရေလွှမ်းမှုများကြောင့် အနည်းဆုံးလူ ၃၄ ဦး သေဆုံးခဲ့ပြီး ဟိန္ဒူဘုရားဖူး ရာပေါင်းများစွာမှာ ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းပြည်နယ်ရှိ ရေအားလျှပ်စစ်စက်ရုံသို့ သြဂုတ်လ ၄ ရက်တွင် ရေများ ၀င်ရောက်ခဲ့ပြီးနောက် လုပ်သား ၂၃ ဦးမှာ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီး Yashpal Arya က ပြောကြားခဲ့သည်။ ဟိမ၀န္တာတောင်ခြေတွင် တည်ရှိသော ယင်းပြည်နယ်ရှိ မြစ်ဘေးနားတည်ရှိသည့်ရွာမှ မီးသတ်တပ်ဖွဲ့ဝင်သုံးဦးလည်း သေဆုံးခဲ့ကြောင်း Arya က ပြောကြားခဲ့သည်။

ဈေးရောင်းချခြင်းမပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့်အတွက် ထိန်းသိမ်းခံရ



အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အင်းစိန်ပန်းခြံအနီးတွင် ရောင်းချနေသော လမ်းဘေး ဈေးရောင်းသူများကို ဈေးရောင်းချခြင်း မပြုရန် တားမြစ်မှုများ ပြုလုပ်ခဲ့သည့်အပေါ် အဆိုပါ ဈေးသည်များမှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးသည်များကို ခေါ်ယူထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဈေးရောင်းချခွင့် တားမြစ်ခြင်း ခံခဲ့ရသော ဈေးသည်များမှာ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၃နာရီ ဝန်းကျင်ခန့်က ၎င်းတို့ ဈေးရောင်းချခဲ့သည့် နေရာဖြစ်သည့် အင်းစိန်ပန်းခြံအနီး တစ်နေရာတွင် 'ဈေးသည်များ ဈေးမရောင်းရ၍ အလှူခံနေပါသည်' ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဈေးသည် ၃၀ ဦး ဝန်းကျင်မှ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသဖြင့် အင်းစိန်မြို့နယ် ရဲစခန်းမှ ညနေ ၅ နာရီအချိန်ခန့်တွင် ဈေးသည် ၁၁ ဦးဝန်းကျင်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကူညီပါရစေ... (ဇာတ်သိမ်း)(မင်းလူ)

 

တစ်ရက်တွင် ဈေးဘက်သို့ ထွက်လာရင်း ထီဆိုင်ကို မြင်သဖြင့် ထီမထိုးရသေးကြောင်း သတိရသည်။
ဆိုင်ရှင်ကိုခင်ကလည်း လှမ်းခေါ်ရင်း.....

“နံပါတ်လှလှလေးတွေ ရှိတယ်ဗျ....” ဟု ပြောပြီး ထီစာအုပ် သုံးလေးအုပ် ချပေးသည်။ တစ်အုပ်ပြီးတစ်အုပ်ရွေးရင်းက
သူကြိုက်သော နံပါတ်တစ်ခု သွားတွေ့သည်။ အက္ခရာက “က” တစ်အစ...တစ်အဆုံး၊။
ထီဖိုးပေး၊ ထီလက်မှတ်ယူပြီး ကိုခင်နှင့် စကားသွားပြောတုန်း အသက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးလူကြီးတစ်ယောက်
ရောက်လာပြီး ထီစာအုပ်တွေကို ကြည့်ရင်း နံပါတ်ရွေးနေသည်။
ထို့နောက် ထီစာအုပ်တစ်အုပ်ကို လှန်ကြည့်ရင်း....

ကူညီပါရစေ (၁)(မင်းလူ)


---------------------------
သူသည် ရန်ကုန်မြို့လယ်သို့ မရောက်ဖြစ်တာ လအနည်းငယ် ကြာသွားပြီ။ သူ့အနေဖြင့် အကြောင်းကိစ္စ မရှိပဲ မြို့ထဲလာလေ့မရှိ။ အကြောင်းကိစ္စဆိုတာကလည်း မြို့ထဲက ရုံးတစ်ရုံးရုံးကို သွားရန်သော်လည်းကောင်း၊ ရုပ်ရှင်ကြည့်ရန်သော်လည်းကောင်း၊
ကုန်တိုက်တွေ မီနီမတ်ကက်တွေမှာ ပစ္စည်းဝယ်ရန်သော်လည်းကောင်း စသည်ဖြင့် ဖြစ်နိုင်သည်။

သူ့အဖို့တော့ ဒါတွေလုပ်စရာမလိုချေ။ ရန်ကုန်မြို့လယ်က ရုံးပြင်ကနားကြီးများမှာ သူနှင့် ဘာမျှမဆိုင်။
သူတို့မြို့နယ်က ရုံးကလေးကိုတောင် အိမ်ထောင်စု စာရင်းလုပ်ဖို့က တစ်ခါ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်သွားတုန်းက တစ်ခါသာရောက်ဖူးသည်။
မြို.လယ်မှာ ရုံတင်နေသော ရုပ်ရှင်ကားကြီးတွေကိုလည်း တကူးတကသွားမကြည့်နိုင်ပါ။ သူတို့ဆီက ရုံကလေးကို လာပြသည့်အခါ ကြည့်ချင်ကြည့်။ ဒါမှမဟုတ် ဗီဒီယိုရုံမှာ ပြသည့်ကားတွေ ကြည့်လိုက်လျှင် ပြီး သည်။

ကူတောင် လူသတ်မှုနှင့်ပတ်သက်သည့်သူ ၁၇၀ဦးကို ဖမ်းဆီးစစ်ဆေးနေ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကိုဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။

''အကြမ်းဖက်မှုနဲ့ပက်သက်တဲ့သူ မှန်သမျှကိုရုံးတင်စစ်ဆေးနေတယ်။ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်။ စစ်တွေနဲ့မောင်တော အကြမ်းဖက်မှုမှာ ပါဝင်ပက်သက်တဲ့ သူတွေကို လည်း တက်နိုင် သမျှ စုံစမ်း ဖော်ထုတ် ထားပြီးပြီ။ တချို့ ကိုပြစ်ဒဏ်ချမှတ် ထားပြီးသား ဖြစ်သလိုတချို့ ကိုလည်း ဆက်လက် စစ်ဆေး နေပါ တယ်။ ပြည်သူတွေအနေနဲ့ လည်းအကြမ်းဖက်မှုမှာ ပါဝင်တဲ့ သူတွေ ကို သက်ဆိုင်ရာ တာဝန် ရှိသူတွေနဲ့ပေါင်းပြီးဖော်ထုတ်ဖို့လို ပါတယ်။''ဟုအဆိုပါတာဝန်ရှိသူက ဆက်လက် ပြောသည်။
ယခုအခါရခိုင်ပဋိပက္ခ အကြမ်းဖက်မှု များတွင် ပါဝင်ခဲ့ကြသူများ ကိုတရား ဥပဒေအရအပြစ်ပေး နိုင်ရန် မျက်မြင် သက်သေများနှင့် စတင်ကာစစ်ဆေးနေ ပြီဖြစ်ကြောင်းသိရသည်။

မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား


အင်အားပြင်း မုန်တိုင်းအန္တ ရာယ် ယခုနှစ်အောက်တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကသတိပေး ပြောကြားသည်။

မုန်တိုင်းအန္တရာယ်နှင့်အတူအ ချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းနှင့်ရေကြီး
ခြင်းအန္တရာယ် တို့ကိုပါကြုံတွေ့နိုင်သည် ဟု ဆိုသည်။
နှစ်စဉ်မြန်မာ နိုင်ငံ သို့မုန်တိုင်း များဝင်ရောက်လေ့ရှိပြီး၂၀၁ဝခုနှစ်နှင့်၂၀၁၁ ခုနှစ်အောက်တိုဘာလ တွင်အင်အားပြင်း မုန်တိုင်းများဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် လည်းမုန်တိုင်း ဝင်ရောက်နိုင်သဖြင့် သတိ ပေးပြောကြားခြင်း ဖြစ်ကြောင်းသိရသည်။

''ဘာလုပ်စားကြမလဲ ''(မင်းမြတ်စံ)

''ခင်ဗျားဘာလုပ်နေလဲ၊ ကျွန်တော်တော့ ဘာလုပ် စားရမှန်း မသိတော့ပါဘူးဗျာ''ဆိုတဲ့ စကားဟာ အခု နှစ်ပိုင်းတွေအတွင်း မတွေ့ဖြစ်တာ နည်းနည်းကြာပြီ ဖြစ်တဲ့ လူလတ်ပိုင်းမိတ်ဆွေအချင်းချင်း ပြန်တွေ့ဖြစ်ရင် မပါမဖြစ်တဲ့ စကားတစ်ခွန်းလို ဖြစ်လာပါတယ်။
မှန်ပါတယ်။ လူလတ်တန်းစားတွေ ဂွင်(ခွင်)ပျက် နေတာ ကြာခဲ့ပါပြီ။ အနည်းဆုံးဆင်းရဲသားက မရှက် မကြောက် ဘာပဲဖြစ်ဖြစ် ရရာ အလုပ်လုပ်စားခွင့် ရနိုင် တယ်။ ကာယအားသ
ုံး အနှေးယာဉ်လုပ်သား၊အထမ်း သမားလုပ်ဦးတော့ ပြန်တမ်းဝင်အရာရှိ လစာလောက် တော့ မကျ။ စည်ပင်စည်းကမ်းဖောက်ပြီး လမ်းဘေး ဈေးသည်လုပ်၊ ကြုံသမျှရင်ဆိုင်၊သင့်သလိုဖြေရှင်း၊ တစ်လစာရင်းချုပ်ရင် ညွှန်ချုပ်လစာလောက်တော့ အေးဆေး။
အမြင့်ဆုံးလူတန်းစာကလည်း အခုထက်ထိ ခရိုနီ တွေနဲ့ပေါင်းပြီး စားကွက်တွေ ရှာနိုင်တုန်း။ ဘေးပန်း အနေနဲ့လုပ်တဲ့ ကားဝယ်ရောင်းမှာ သန်းထောင်ကျော် တန်ကားတွေ နှစ်ရာကျော်လောက် ဖြစ်ကုန်လို့ မွဲမသွား။

ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား

NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ လွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်မှတ်ထိုးနေစဉ်။
ဒီကနေ့ မနက်ပိုင်းက လွှတ်တော် အစည်းအဝေး တက်ရောက်မဲ့ NLD ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော် မီးရှို့ခံရ


 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ရှိ ရွာအချို့ကို  အကြမ်းဖက်သူများက ယမန်နေ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျောက်တော်မြို့နှင့် ငါးမိုင်ခန့် အကွာရှိ ဂုပိတောင်ရွာ စတင်မီးရှို့ခံရကာ အပေါက်ဝရွာနှင့် ရွှေလင်ရွာများရှိ အိမ်ခြေ ၄၅၀ ကျော်လည်း ဆက်တိုက်ပင် မီးရှို့ ခံခဲ့ရသည်။

 “သေတဲ့သူတွေကို ချောင်းထဲ ပစ်ချသွားကြလို့ ဒီနေ့မှ ပြန်ရှာတွေ့တာ… ပျောက်ဆုံးနေသူတွေလည်းရှိပါတယ်” ဟုရွှေလင်ရွာမှ ဒေသခံတစ်ဦးကပြောသည်။

ရွာစွန်ရှိအိမ်များကို မြားဖြင့်ပစ်ခတ်ပြီး အိမ်ပေါ်မှလူများကြောက်လန့်ထွက်ပြေးသွားသောအခါမှ အိမ်များကို မီးရှို့ခဲ့ကြသည်ဟု ဒေသခံများကပြောသည်။

ကျောက်တော်မြို့နယ် ဆူပူမှု လူသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော် မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ကျောက်တော် မြို့နယ်တွင် ဘင်္ဂါလီ ရိုဟင်ဂျာနှင့် ရခိုင်တိုင်းရင်းသားအကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျေးရွာ မီးလောင်နေစဉ်။
ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ် ရွာတစ်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis