menu

Thursday 20 February 2014

င၀န်မြစ်၌ လက်ထိတ်ဖြင့် သေဆုံးခဲ့သည့်အမျိုးသမီးအမှု အဓိကတာဝန်ရှိသူဒုရဲအုပ်အား ထောင်ဒဏ်တစ်နှစ်ချမှတ်


မျိုးမင်းထွန်း(မြစ်မခ)၊ ပုသိမ်၊ ဖေဖော်ဝါရီ-၁၉

ပုသိမ်မြို့တစ်ဖက်ကမ်းသင်္ဘောကျင်းရဲစခန်း၌ ရွှေပျောက်မှုတစ်ခုနှင့် ပတ်သက်၍ မသင်္ကာတရားခံအဖြစ်ဖမ်းဆီးစစ်ဆေးရာတွင် လက်ထိတ် ခတ်လျက် ရေနစ်သေဆုံးခဲ့သည့် အမျိုးသမီးအမှုတွင် အဓိကတာဝန်ရှိသူ ဒုရဲအုပ်အား ထောင်ဒဏ်တစ်နှစ် ချမှတ်ပြီးစခန်းမှူးဖြစ်သူကိုပြင်းထန်စွာ
ပြစ်တင်ရှုတ်ချကြောင်း အမိန့်စာကိုပေးပို့ခဲ့သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၁၉ ရက်တွင် လက်ထိတ်တန်းလန်းဖြင့် င၀န်မြစ်အတွင်း အလောင်းပေါ်မှုအတွက် ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းရဲစခန်းမှ တာဝန်ရှိ ရဲဝန်ထမ်းငါးဦးအနက် တပ်ကြပ်ကြီးကြည်လင်း၊ တပ်ကြပ်နေထွန်း၊ တပ်ကြပ်ကျော်လင်းနိုင်နှင့် ဒုတပ်ကြပ်ဇော်မင်းထွန်းတို့အား ရာထူးတစ်ဆင့်စီလျှော့ချ၍ နိုဝင်ဘာ ၅ ရက်က ပြန်လွှတ်ပေးခဲ့ပြီး အဓိကတာဝန်ရှိသည့် ဒုရဲအုပ်နိုင်
အောင်ကျော်အား အရာရှိအဆင့် ဖြစ်နေသည့်အတွက် ဒီဇင်ဘာလ အတွင်းက သီးခြားအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

" ရဲလေးဦးကိုတော့ အမိန့်ချပြီးပြီ။ ရာထူးတစ်ဆင့်လျှော့ ပြစ်ဒဏ်နဲ့
ပြန်လွှတ်ပေးခဲ့တယ်။ ဒုရဲအုပ်နိုင်အောင်ကျော်ကျတော့ အဓိကတာဝန် လည်းရှိတဲ့ အရာရှိအဆင့်လည်းဖြစ်တယ်။ ရဲမှာက အရာရှိနဲ့ တခြားအဆင့် နဲ့မတူဘူး။ အမိန့်ချလည်း ရောမချဘူး။ဒါကြောင့်သူ့ကိုသီးသန့်အမိန့်ချရတာ "
ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောဆို သည်။

အရက်သောက်စားပြီး ဖခင်ဖြစ်သူအားဓါးဖြင့်ထိုး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လည် ၃ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ လယ်သာ(၁)အုပ်စု၊ မီးသျှောင်ကုန်းကျေးရွာရာအိမ်မှူးမှ ၎င်းကျေးရွာနေ သံဒိုး(၅၉)နှစ်က ဖခင်ဖြစ်သူ ဦးတင်လှိုင်(၇၅)နှစ်အား ဓါးဖြင့်ထိုး၍သေဆုံးသွားကြောင်း အကြောင်းကြားချက် အရ ဆတ်သွားနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ သံဒိုးမှ အရက်သေစာသောက်စားမူးယစ်ပြောဆိုနေသဖြင့် ဖခင်ဖြစ်သူက ဆုံးမစကားပြောဆိုသည်ကို မကျေနပ်၍ အနီးရှိထရံတွင်ထိုးထားသော အရိုးအသွား(၁၇)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့် တစ်ချက် ထိုးသွင်းခဲ့ရာ ဖခင်ဖြစ်သူ ဦးတင်လှိုင်တွင် အူထွက်သည့်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်းစစ်ဆေးသိရှိရသဖြင့် သံဒိုးအား ဆတ်သွားနယ်မြေရဲစခန်း (ပ)၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အမတ်များ ပြည်သူ့ဆန္ဒကျောခိုင်းသောအခါ

Photo: အမတ်များ ပြည်သူ့ဆန္ဒကျောခိုင်းသောအခါ
-------------
ရေးသားသူ- ရန်မျိုးနိုင်

ဆယ်စုနှစ်များစွာ စစ်တပ်၏အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီအသွင်ကူးပြောင်းရန်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အုပ်ချုပ်သူတပ်မတော်အစိုးရကပင် ဦးစီးကျင်းပပေးခဲ့သည်။

ထိုရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုများက သပိတ်မှောက်ခဲ့ကြသော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် အခွင့်အရေးဖြစ်နေသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တပ်မတော်မှဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဆောင်ရွက်မည်ဟု ကြွေးကြော်မဲဆွယ်ကာ ဒီမိုကရေစီအင်အားစုပါတီအချို့ လွှတ်တော်ထဲရောက်ရှိလာကြသည်။

ရွေးကောက်ပွဲအပြီး သုံးနှစ်ကျော်လာသည့်အချိန်တွင် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု မဲဆွယ်ခဲ့သော ပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်အချို့သည် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒကို ကျောခိုင်းလာသည်ကို တွေ့ရှိလာရသည်ဟု မဲဆန္ဒရှင်ပြည်သူများက ဝေဖန်မှုများထွက်ပေါ်လာသည်။

“ကျွန်တော် ၂၀၁၀ တုန်းက အဲဒီပါတီကိုပဲ မဲပေးခဲ့တာ။ သူတို့ကို အားကိုးလို့ပေါ့။ ဒါပေမဲ့ အခုတော့ ပါတီက လွှတ်တော်ကိုယ်စားလှယ်က ကိုယ်တွေပြင်ချင်တဲ့အချက်ကို မပြင်သင့်ဘူးလို့ ပြောလာတယ်ဗျ။  မဲဆန္ဒရှင်တွေဆန္ဒကို လျစ်လျူရှုတာလား မေးစရာရှိလာတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင်နေထိုင်သော အသက်(၂၇)နှစ်အရွယ် ကိုမင်းသူရိန်ကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပါဝင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ကို ပြင်ဆင်ပါက အမျိုးဘာသာ၊ သာသနာအတွက် စိုးရိမ်စရာရှိလာသည့်အတွက် ပြင်ဆင်ခြင်းမပြုရန် ထောက်ခံသည့်ဟောပြောပွဲများကို ပြုလုပ်ခဲ့ကြသည်။

“ရွေးကောက်ပွဲအကြိုကာလက သူတို့ရဲ့ဆောင်ရွက်ပေးမယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ အခုနောက်ပိုင်း လုပ်ဆောင်ချက်တွေမှာ အယူအဆလွဲတာလေးတွေ တွေ့လာရတယ်။ အဓိကက ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီအတွက် ဆောင်ရွက်ပေးမယ်ပြောခဲ့ပေမယ့် အခုနောက်ပိုင်း သူတို့ရဲ့လုပ်ဆောင်ချက်အချို့က အာဏာရှင်စနစ်ကလာတဲ့သူတွေကို အထောက်အကူပေးနေသလို ဖြစ်နေတယ်။ သူတို့ပေးထားတဲ့ကတိတွေအတိုင်းမလုပ်ဘဲ သွေဖယ်သွားမယ်ဆိုရင် နောက်ရွေးကောက်ပွဲမှာ အရင်တုန်းကလို
ပြည်သူလူထုရဲ့ထောက်ခံမှုရလဒ်ကို မျှော်လင့်လို့မရတော့ဘူး”ဟု ရနံ့သစ်မဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာကိုပြည်သွေးနိုင်က သုံးသပ်ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်နေသည့် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ခြင်းမပြုရန် ထောက်ခံဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်နှင့် မတူကွဲပြားနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေတို့ကလည်း တက်ရောက်ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းဟောပြောပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ကို ယှဉ်ပြိုင်ရွေးချယ်ရပါက သူရဦးရွှေမန်းကို ရွေးချယ်မည်ဖြစ်ကြောင်း၊ တပ်မတော်သည် အစကတည်းကပင် တိုင်းပြည်အတွက် အသက်စွန့်ထားပြီးဖြစ်သည်ဟု ဒေါ်ခင်ဝိုင်းကြည်ကထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ၏ ရလဒ်များကို ကြည့်ရှုလေ့လာပါက ပြည်သူလူထုအနေဖြင့် တိုင်းပြည်၏ခေါင်းဆောင်နေရာအတွက် မည်သူ့ကိုအလိုရှိနေကြောင်း သိရှိနိုင်သည့်အတွက် ပြည်သူတို့၏ဆန္ဒသဘောထားများကို မပစ်ပယ်ထားသင့်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။

လက်ရှိအချိန်တွင် အမျိုးဘာသာသာသနာအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် အချက်အချို့ကို မပြင်သင့်ကြောင်း ပြောကြားနေမှုသည်  ပါတီ၏ရပ်တည်ချက်နှင့် မသက်ဆိုင်ဘဲ ၎င်းလွှတ်တော်ကိုယ်စားလှယ်၏ တစ်သီးပုဂ္ဂလအမြင်သာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အတွင်းရေးမှူး(၁) ဦးကြည်သန်းကဆိုသည်။

“၂၀၁၀ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကို မဲမပေးချင်တော့ ကျန်တဲ့အတိုက်အခံပါတီတစ်ခုကို ပေးလိုက်တယ်။ ဒါပေမဲ့ ထင်သလိုမဖြစ်လာဘူး။ အဲဒီအချိန်တုန်းက မဲသာပေးရတယ် လန့်ရတဲ့အနေအထားရှိတယ်။ ရွေးကောက်ပွဲမှာ ပြောသမျှကတော့ နိုင်ငံတကာမှာလည်း ရာနှုန်းပြည့်မလုပ်ပေးနိုင်ဘူးဆိုတာ သိပါတယ်။ 
ဒါပေမဲ့ ဒီမှာက ရာခိုင်နှုန်းအနည်းငယ်တောင် မလုပ်ပေးနိုင်ဘူး”ဟု မြောက်ဥက္ကလာပမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မအရည်အချင်းကဲ့သို့ ဒီမိုကရေစီမကျသည့်အချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ အမျိုးသားရေးကိုအခြေခံကာ မပြင်ဆင်သင့်ကြောင်း ဟောပြောနေမှုများသည် နိုင်ငံရေးပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။

ရွေးကောက်ပွဲတဖြည်းဖြည်းနီးကပ်လာသည့်အတွက် နိုင်ငံရေးသမားများသည် ရွေးကောက်ပွဲမတိုင်မီကာလက ပြည်သူတို့ကို ကတိခံထားသည့်အချက်များအား အကောင်အထည်ဖော်ရေးထက် ရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်ခံရရေးကိုသာ ဦးစားပေးလုပ်ဆောင်မည့် အခြေအနေများကို ဆက်တိုက်မြင်တွေ့လာရသည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။

“ပြီးခဲ့တဲ့တစ်ခေါက်က အတွေ့အကြုံရပြီးပြီလေ။ ဒီတစ်ခေါက်တော့ အပြောသမားတွေ၊ ကိုယ်ကျိုးကြည့်မယ့်သူနဲ့ ကျွန်တော်တို့ကို ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး သူတွေကိုတော့ မဲမပေးတော့ဘူး”ဟု ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့၏လိုလားချက်များကို တကယ်အမှန်တကယ် အကောင်အထည်ဖော်ပေးမည့် ကိုယ်စားလှယ်အား ထပ်မံရွေးချယ်ရတော့မည့် ကိုမင်းသူရိန်ကပြောသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရေးသားသူ- ရန်မျိုးနိုင်

ဆယ်စုနှစ်များစွာ စစ်တပ်၏အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီအသွင်ကူးပြောင်းရန်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အုပ်ချုပ်သူတပ်မတော်အစိုးရကပင် ဦးစီးကျင်းပပေးခဲ့သည်။

ထိုရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုများက သပိတ်မှောက်ခဲ့ကြသော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် အခွင့်အရေးဖြစ်နေသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တပ်မတော်မှဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဆောင်ရွက်မည်ဟု ကြွေးကြော်မဲဆွယ်ကာ ဒီမိုကရေစီအင်အားစုပါတီအချို့ လွှတ်တော်ထဲရောက်ရှိလာကြသည်။

ရွေးကောက်ပွဲအပြီး သုံးနှစ်ကျော်လာသည့်အချိန်တွင် အခြေခံဥပဒေကို ပြင်ဆင်မည်ဟု မဲဆွယ်ခဲ့သော ပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်အချို့သည် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒကို ကျောခိုင်းလာသည်ကို တွေ့ရှိလာရသည်ဟု မဲဆန္ဒရှင်ပြည်သူများက ဝေဖန်မှုများထွက်ပေါ်လာသည်။

Facebook ပေါ်မှာ မတင်သင့်တဲ့ ကိုယ်ပိုင် status များ

status
 
ကျွန်တော်တို့ အားလုံး facebook ကိုစတင်အသုံးပြုတဲ့ အချိန်ကနေစပြီး ကိုယ်စီကိုယ်စီမှ ရှိကြတဲ့ Timlineတွေ၊ wall တွေပေါ်မှာ Status လေးတွေ တင် တက်ကြပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ ဆွေမျိုးတွေကို ကိုယ်ရဲ့ ခံစားချက်တွေ၊ ဆန္ဒတွေ အစရှိတဲ့ စိတ်ခံစားမူတွေ ကို ဝေမျှအားပေးမူလိုချင်လို့ပဲ ဖြစ်ဖြစ်ပေါ့။ တစ်ချို့တွေက အလုပ်နဲ့ဆိုင်တဲ့ status လေးတွေ တင်တတ်ကြသလို့ အချို့တွေကလည်း ကိုယ် နေ့စဉ် ဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေ ကို တင်ပါတယ်။ ဒီလိုတင်တဲ့နေရာမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်တစ်ခုဟာ ကိုယ်စီမှာ ရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ အတွက် ဘယ်လို အဓိပ္ပာယ်သက်ရောက်သွားသလဲဆိုတာကို သတိထားဖို့လိုတဲ့အပြင် ကိုယ်ရဲ့ သိက္ခာ အတွက်လည်း ထည့်ပြီး စဉ်းစားရဖို့ ရှိပါတယ်။ ကျတော်တို့ဟာ လူသားများဖြစ်ကြသည့်အလျောက် စိတ်ဆိုးခြင်း၊ ၀မ်းသာခြင်း အစရှိတဲ့ ပျော်ရွှင်ဝမ်းနည်းဝမ်းသာ စတဲ့ ဖြစ်ရပ်တွေရှိနိင်သကဲ့သို့ ထိုအရာများကို ဖေ့ဘုတ်ပေါ်တွင် မတင်ပါနဲ့ဟုဆိုလိုချင်မဟုတ်ရပါ။ ကိုယ်ဟာ အများနဲ့ ဆက်ဆံနေရတဲ့ အနုပညာရှင်တစ်ယောက်၊ အတတ်ပညာရှင်တစ်ယောက်ဆိုရင် ပိုလိုတောင်မှ ဂရုပြုသင့်ပါတယ်။ ကိုယ်ရဲ့ စာသားတွေ တစ်ချို့သော ခံစားချက်တွေက သူတစ်ပါးက ကိုယ်အပေါ်ထားရှိတဲ့ Impression ကို Down စေလို့ ဖြစ်ပါတယ်။ ဒီအရာ မရှိတော့ရင်တော့ ကျတော်တို့ ဘယ်မှာမှ အထင်ကြီးလေးစားနိင်ဖို့ မရှိလာနိင်တော့ပါဘူး။ လူတစ်ယောက်ရဲ့ အမူအကျင့်တွေကို သူဖေ့ဘုတ်ပေါ်မှာ တင်ထားတဲ့ Status အချို့က တွေ့မြင်စေနိင်လို့ပါပဲ။

အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား

Photo: အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ချင်ပါသလား

ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်း

မာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကို လည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူး တင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင် တဲ့သူ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားဟာ အင်မတန် မှန်ကန်တဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာမှ မိမိ ရည်မှန်းများကို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်ကျန်းမာပြီး အရွယ်တင် လှပလိုတဲ့သူ ဖြစ်လိုပါက အောက်ပါ အချက်များကို လေ့လာဖတ်ရှု့ပြီး ကျင့်ကြံလိုက်နာ နိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါတယ်-

-အရက်၊ ဘီယာ၊ အားဖြည့် အချိုရည်တွေ လျှော့သောက်ပြီး၊ လက်ဖက်ရည်ကြမ်း(လက်ဖက်ခြောက် ရေနွေးကို ပိုသောက်ပေးပါ)၊ တတ်နိုင်ပါက ဆေးလိပ်၊ ကွမ်းတို့ကို လုံးဝဖြတ်လိုက်ပါ။

-Ready Make အသင့်သုံး အစားအစာတွေဖြစ်တဲ့ ကြက်အူချောင်း၊ ၀က်အူချောင်း၊ သား၊ ငါးသေတ္တာဘူး အမျိုးမျိုး၊ စည်သွတ်ဘူးအမျိုးမျိုး၊ သစ်သီးဘူးနှင့် သစ်သီးခြောက်များ၊ ထုံချိုင်း အသားခြောက်အမျိုးမျိုးတို့ကို တတ်နိုင်သမျှ လျှော့စားပြီး၊ လတ်လတ် ဆတ်ဆတ် သားငါးများနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ပိုစားပေးပါ။

-ဆား၊ ဆိုဒါ၊ ငံပြာရည်၊ ငါးပိရည်တို့ကို လျှော့စားပြီး အချဉ်များများ စားပေးပါ။

-သကြား(အချိုအရသာ အမျိုးမျိုး) လျှော့စားပြီး သဘာဝ အချိုအတိုင်းသာ စားပေးပါ။

-အစာ စားတဲ့အခါ အစားကို တနင့်တပိုးမစားဘဲ ပုံမှန်တော်သင့်ရုံသာ စားပေးပါ။ အစာကို ပါးစပ်ထဲမှာ အချိန်ကြာကြာ ၀ါးပေးပါ။ အချိန်ကြာကြာ ၀ါးပေးခြင်းအားဖြင့် အစာကျေစေပြီး အစာအိမ်နှင့် အူတွေကို ကျန်းမာစေပါတယ်။

-အပြောလျှော့ပြီး အလုပ်နဲ့ သက်သေပြပါ။(ဆိုလိုရင်းကတော့  ပိန်အောင် လုပ်တော့မယ်၊ ၀ိတ်ချတော့မယ်ဆိုပြီး အသံနဲ့ အများကြားကောင်းအောင် မပြောဘဲ၊ အစား လျှော့စားပြီး သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားကို မှန်မှန် လုပ်ပေးရမှာပါ။ တကယ်လည်း လုပ်ပေးပါ)

-လောဘလျှော့ပြီး ဒါန ပွားများပါ။ (အကုသိုလ် စိတ်တွေ ဖိစီးနေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးရည်က သူ့အလိုလို ညိုမည်း ပြစ်ခဲလာတာ ကြောင့် နှလုံး ထိခိုက်စေပါတယ်။ ရုပ်ရည် ခက်ထန် ကြမ်းတမ်းစေတဲ့အပြင် အသားအရည် မကြည်လင်တော့ဘဲ အရွယ်ကျမြန်စေပါတယ်။စိတ်ကို အမြဲတမ်း နူးညံ့ နေအောင် ထားဖို့ လိုပါတယ်။ သည်းခံစိတ်ကို အတတ်နိုင်ဆုံး ထားပေးရပါ့မယ်။)

-စိုးရိမ်သောက ဗျာပါဒတွေ လျှော့ချပြီး၊ အိပ်ရေး၀၀ အိပ်ပေးပါ။ တတ်နိုင်သမျှ အိပ်ရေးပျက် မခံပါနှင့်။ (အိပ်ရေးပျက်ပါကလည်း နောက်ရက် အိပ်ရေးဝအောင် ပြန် အိပ်ပေးပါ။)

-ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက်ကား စတဲ့ ယာဉ် အမျိုးမျိုးကို လျှော့စီးပြီး လမ်းများများ လျှောက်ပေးပါ။

-ဒေါသ၊ မာန်မာန တွေ လျှော့ချပြီး ဖြူစင်သော စိတ်ထားဖြင့် စိတ်လက်ပေါ့ပါး ပြုံးရွှင်စွာ နေထိုင်ပါ။

အထက်ဖော်ပြပါ အကြောင်းအရာများကို တကယ်ဖြစ်ချင် တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း လိုက်နာကျင့်သုံးပြီး အသားအရေ လှပကာ အရွယ်တင် နုပျိုပြီး ကျန်းမာသောသူ တစ်ဦး ဖြစ်ပါစေ လို့ ဆန္ဒပြုရင်း…………………

စကားဝါ

http://www.myawady.net.mm/library/stories/healthstories/item/34978-2014-01-23-11-00-00

ဒီဆောင်းပါးလေးကို မမျှော်လင့်ဘဲ ဆေးရုံရဲ့ နံရံမှာ ကပ်ထားတာလေးတွေ့ပြီး စာရွက်ဖြင့် ကူးယူကာ မြ၀တီ web Portal ပရိတ်သတ်များ အသားအရေ လှပပြီး အရွယ်တင် နုပျိုသူ တစ်ဦးဖြစ်စေရန် ယခုကျန်း

မာရေး ဆောင်းပါးလေးကို ဖော်ပြအပ်ပါတယ်။ ဒီ ဆောင်ရန်၊ ရှောင်ရန် ရေးထားတဲ့ မူရင်း ဆောင်းပါးရှင်ကို လည်း ကျန်းမာရေးကောင်းသော ပြည်သူပြည်သားများ ဖြစ်စေရန် ရည်ညွှန်းပြီး ရေးသားထားတဲ့ အတွက် အထူး ကျေးဇူး တင်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့လည်း ပတ်သက်နေပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင်မယ်။ အလုပ်လုပ်နိုင်မှ မိမိရဲ့ ဘ၀၊ မိသားစုရဲ့ စီးပွားရေးကို ကြိုးစား လုပ်ဆောင်နိုင် တဲ့သူ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားဟာ အင်မတန် မှန်ကန်တဲ့ စကားရပ်ပဲ ဖြစ်ပါတယ်။ ကျန်းမာမှ မိမိ ရည်မှန်းများကို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်ကျန်းမာပြီး အရွယ်တင် လှပလိုတဲ့သူ ဖြစ်လိုပါက အောက်ပါ အချက်များကို လေ့လာဖတ်ရှု့ပြီး ကျင့်ကြံလိုက်နာ နိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါတယ်-

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဝင်ဖမ်းဆီးသည့် အင်ဒိုနီးရှား ငါးဖမ်းစက်လှေ ငါးစင်းအား တပ်မတော်(ရေ)က ဖမ်းဆီးရမိ


မြိတ် ဖေဖော်ဝါရီ ၂ဝ

မြန်မာ့ပင်လယ်ပြင် ရေပိုင်နက် အတွင်းသို့ တရားမဝင်ဝင်ရောက် ငါးခိုးဖမ်းလျက်ရှိသော အင်ဒိုနီး ရှားငါးဖမ်းစက်လှေ ငါးစင်းအား တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးဇော်ဝင်း ဦးစီးသောစစ်ရေ ယာဉ်(၅၆၇)နှင့် ဗိုလ်မှူးမိုးကျော် လွင်ဦးစီးသည့် စစ်ရေယာဉ်(၅၅၉) တို့သည် ယခုလ ၁၆ရက်တွင် တရားခံ ထိုင်ဝမ်နိုင်ငံသားတစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသား၅၅ဦး အား သက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိသည်။

အဆိုပါ TUNA ငါးဖမ်းလှေ ငါးစင်းတွင် တစ်စင်းလျှင်ပျမ်းမျှ လှေသားကိုးဦးမှ ၁၃ဦးအထိပါရှိပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ် စိုး မိုးရေးနယ်မြေရှိ မြန်မာ့ပင်လယ် ပြင် ရေပိုင်နက်အတွင်း စူလာကျွန်း မြောက်ဘက်ရေပြင်၌ TUNA ငါး ခိုးဖမ်းနေစဉ် ဖမ်းဆီးရမိခြင်းဖြစ် သည်။ စစ်ဆေးချက်များအရ ထို ငါးဖမ်းလှေများသည် အင်ဒိုနီးရှား နိုင်ငံ ငါးဖမ်းလှေလိုင်စင်များ ရရှိ ထားပြီး စာရွက်စာတမ်းများနှင့် GPS လမ်းကြောင်းများကို စစ် ဆေးချက်အရ အင်ဒိုနိရှားနိုင်ငံ ဂျကာတာမြို့မှလည်းကောင်း၊ ထိုင်း နိုင်ငံ ဖူးခက်မြို့မှလည်းကောင်း လာရောက်ပြီး မြန်မာ့ရေပိုင်နက် အတွင်းခိုးဝင်ဖမ်းဆီးခြင်းဖြစ်သည်။

ထိုအင်ဒိုနီးရှားနိုင်ငံ တရားမဝင် ငါးခိုးဖမ်းလှေငါးစင်းမှ သိမ်းဆည်း ရမိသည့် ရေယာဉ်ပိုင်းဆိုင်ရာ၊ စက်ပိုင်းဆိုင်ရာ၊ ဆက်သွယ်ရေး နှင့် အီလက်ထရွန်နစ်ပိုင်းဆိုင်ရာ ပစ္စည်းများအား မြိတ်ခရိုင် ရေ ကြောင်းဦးစီးဌာနမှ ရေယာဉ် စစ် ဆေးမှုပုံစံများဖြင့် စစ်ဆေးခဲ့ပြီး

ဗိုက်ထဲမှ ကလေး အသက်ရှင်စေရေး မိခင်အသက်နှင့် ဆက်၍ပေး

Photo: ဗိုက်ထဲမှ ကလေး အသက်ရှင်စေရေး မိခင်အသက်နှင့် ဆက်၍ပေး

ဗြိတိသျှ  ကိုလံဘီယာပြည်နယ် ဗစ်တိုးရီးယားမြို့မှ  ရိုဘင်းဘင်ဆင်ဆိုသူ အမျိုးသမီးနှင့် သူ့အမျိုးသား ဒိုင်လန်ဘင်ဆင် တို့သည် ယခုနှစ်ခရစ္စမတ် ပွဲတော်ကို အတူပျော်ရွှင်စွာ ဆင်နွှဲကြ

ပြီးနောက် မကြာမီကလေးမှာပင် ကြမ္မာဆိုးကြီးက  ဝင်ရောက်လာပါတော့သည်။ ဇနီးသည်ရိုဘင်းက ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တယ်၊ သေတော့မယ်ထင်တယ် မခံနိုင်အောင် ကိုက်တာဟု ညည်းတွားကာ ခင်ပွန်းဖြစ်သူ ဒိုင်လန်ကို အကိုက်အခဲပျောက် ဆေးတိုင်လီနောကို ပြေးဝယ်ခိုင်းလိုက်သည်။ ဒိုင်လန်လည်း ကပျာကယာပင် အပြေးအလွှား ဆေးသွားဝယ်ခဲ့ သည်။ ဆေးနှင့်တကွ အိမ်ပြန်ရောက်လာပြီး ကဲဆေးရပြီ သောက်လိုက်ဟေ့ ဒီမှာရေဟု ဇနီးကိုလှမ်းပေးလိုက်တော့ ဇနီးဖြစ်သူမှာ သတိပင်လစ်နေပြီးခေါ်၍ မရတော့ပါ။ ခေါ်မကြား အော်မကြား လှုပ်နှိုးသော်လည်း မရဘဲဖြစ်နေ၍ ဆေးရုံက လူနာတင် ကားခေါ်ကာ အရေးပေါ် သွားပြတော့။ ဆေးရုံတင်ထားလိုက်ရသည်။ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပြီး ပြောတော့ ဦးနှောက်ထဲ မှာ သွေးယိုတာတဲ့။ ထို့နောက်တွင်တော့ သူ့ဇနီးမှာ ဘယ်တော့မှပြန်၍ သတိရတော့မည် မဟုတ်သော ဦးနှောက်သေရောဂါဟု သိရသည်။ လူ့ခန္ဓာမှာ အသက်က မသေ။ ဒါပေမဲ့ ဦးနှောက် သေသွားလေပြီ။  ထို့ကြောင့် သေသူနှင့်မခြားသူကို ဘာပြောပြော သူသိလည်းမသိ၊ ကြားလည်းကြားနိုင်တော့မည် မဟုတ်ပေ။ ဆေးရုံခုတင်ပေါ်မှာသာ အသက် ရှူကိရိယာများ တန်းလန်းနှင့် နေရမည့် သူဖြစ်သွားသည်။

ခက်နေသည်က သူ့မှာကိုယ်လေး လက်ဝန်ကြီးနှင့်ဆိုတော့ ဗိုက်ထဲက ကလေးကို  ကိုးလလွယ် ၁ဝ လဖွား နေ့စေ့ လစေ့ ဖြစ်သည်ထိ ကိုယ်ဝန်ဆောင်စရာမလို  ၃၉ ပတ်ဆိုလျှင် ဗိုက်ခွဲမွေး၍ ရမည်ဖြစ်သော်လည်း မိခင်က အသက်ရှင်လျက် ရှိနေမှဖြစ်မည်။ ဒီတော့ သူ့ကိုအသက်ရှင် နေစေရန် အသက်ကယ် အထောက်အကူပြု ဆေးဝါးပစ္စည်း ကိရိယာများဖြင့် ပြုစုစောင့်ရှောက် မှု ပေးရန်လိုအပ်လာသည်။ သို့ဖြစ်၍ ကုန်ကျစရိတ်များ ရှိမည်။  မည်သို့လုပ်ရမည်နည်း။ ဇနီးအတွက် စိတ်မကောင်းဖြစ်၍ စိတ်ဆင်းရဲ နေရသည့် အထဲ  ငွေကုန်ဖို့က ဖြစ်လာသည်။ ယခုရိုဘင်း သတိမေ့မြော နေသည်မှာ  ရက်သတ္တငါးပတ် ရှိသွားပြီဖြစ်ပြီး ဗိုက်ထဲက သားကလေးကိုပင် အိုင်ဗာလို့နာမည် ပေးလိုက်ပြီ။ အိုင်ဗာကလေး ကို နေစေ့လစေ့ အသက်ရှင်လျက် ဘေးမသီရန်မ ခဘဲ မွေးဖွားရန် လိုပါသည်။ ဒီအတွက် သူ့အမေကို အသက်ဆက် ပေးနေရမည်။ ဤတွင် သူ့ဖခင် ဒိုင်လန်ဘင်ဆင်ရော ဆရာဝန်ကြီးများကပါ ရိုဘင်းနှင့် ဗိုက်ထဲက ကလေးအိုင်ဗာတို့၏ ကျန်းမာရေးကို ကြည့်ရှု စစ်ဆေးစောင့်ရှောက် ပေးနေရသည်။ ဗိုက်ထဲက ကလေးကလည်း ပုံမှန်ကြီးထွားလာ သည်ဟုဆိုသည်။ သို့ဖြစ်၍ ဆေးရုံ သို့ နေ့တိုင်းသွားပြီး ကြည့်ရှုနေရသည်။ လိုအပ်တာတွေ လုပ်ပေး နေရသည်။ ယခုဆိုအိုင်ဗာက  ၃၉ ပတ် သန္ဓေသား ဖြစ်နေပြီ။ နောက်ထပ် ခုနစ်ပတ် လောက်ဆိုလျှင် သူလူ့ပြည်လောကကို လာလို့ရပြီ။ ပထမတော့ ရိုဘင်းဘင်ဆင်တို့ ကိစ္စသည် တက္ကဆက်ပြည်နယ်က မားလိုက်စ် မူးနော့ဇ်တို့ ကိစ္စတုန်းကကဲ့သို့ အလားတူ ကိစ္စမျိုးဟု ထင်ခဲ့သည်။

မူးနော့ဇ်၏ ကိစ္စတွင် သူ့ခင်ပွန်းက ဇနီးဖြစ်သူ သတိမေ့မြောနေသည့် ဦးနှောက်သေ ရောဂါလူနာအား အသက်ကူ ကိရိယာတွေနှင့် အသက်ဆက်ပေးနေခြင်းကို မလိုလားဘဲ အားလုံးဖြုတ်ပစ်ကာ ဘဝကူးသွားစေလိုသည်။ ဆေးရုံက ဆရာဝန်ကြီးများက မိခင် ဗိုက်ထဲက သန္ဓေသား လောင်းသည် မိမိဘာသာ ဆက်လက်ရှင်သန်နိုင်ခြင်း မရှိကြောင်း စစ်ဆေး အသိအမှတ်ပြုခဲ့ကြသည်။ ဘင်ဆင်ကိစ္စကျတော့ မူးနော့ဇ်နှင့်မတူ ဗိုက်ထဲက သန္ဓေသား ကလေးသည် အသက်ရှင်နေပြီး ပုံမှန်ကြီးထွားနေသည်။ ဒီတော့ ဒီကလေးကိုဗိုက်ခွဲပြီး မွေးဖွားနိုင်သည်အထိ သူ့အမေအသက် ရှင်ဖို့လိုသည်။ သားအသက်အတွက် အမေ့အသက်ကို ဆက်ကာ ဆွဲဆန့်၍ ထားရပေမည်။ မူးနော့ဇ် မိသားစုကတော့ တစ်နည်းအားဖြင့် မျှော်လင့်စရာ ဘာမျှမရှိတော့ပြီ။ သို့သော်လည်း သူတို့ကိစ္စမှာ နိုင်ငံတကာက စိတ်ဝင် စားလာကြသည်။ ဘယ်သူက အသက်ရှင်ရမည်။ ဘယ်သူက သေရမည်။ ဗိုက်ထဲက သန္ဓေသား၏ လက်ရှိပြောင်းလဲမှု အခြေအနေအကြောင်းကို အချေအ တင် ပြောကြသည်။

ယောက်ျားဖြစ်သူ အဲရစ်မူးနော့ဇ်က သူ့ဇနီးမားလိုက်စ် မူးနော့ဇ်အား နိုဝင်ဘာ ၂၆ ရက်တွင် အိမ်၌ သတိမေ့မြောနေသည်ကို စတင်တွေ့ရှိခဲ့ရသည်။ သူ့အဆုတ်ထဲတွင် သွေးများခဲ၍ သူသေသွား ခဲ့ရသည်။ သူအ သက်မရှူဘဲ တစ်နာရီခန့် ကြာသွားခဲ့သည်။ ထိုအချိန်တွင်သူ့မှာ ဒုတိယ ကလေးကိုယ်ဝန် ၁၄ ပတ်ရှိနေခဲ့သည်။ ဖြစ်ပုံချင်းက ခပ်ဆင်ဆင်။ ဒါပေမဲ့ ဘင် ဆင်နှင့် မူးနော့ဇ်တို့မှာ ဆင်သော်လည်း မတူပါ။ မားလိုက်စ်မူးနော့ဇ်၏ ဗိုက်ထဲမှ သန္ဓေသားလေးမှာ သိသိသာသာ ပုံမှန်ဖြစ်နေသည်ကို တွေ့ရသည်။ သန္ဓေသားရဲ့ နှလုံးက မကောင်းဘူး။ ပြဿနာရှိနေတယ်။ တခြားပုံဏ္ဌာန် ချို့ယွင်းတာတွေလည်း အများကြီးပဲလို့ သူတို့ရှေ့နေက ပြောပြသည်။ သို့ဖြစ်ရာ မူးနော့်ဇ်သည် တက္ကဆက်ပြည် နယ်ဥပဒေ ပြဋ္ဌာန်းချက်ဖြစ်သော ပဋိသန္ဓေ ကိုယ်ဝန်ဆောင် အမျိုးသမီးအတွက် အသက်ဆက်ပေးသော ကုသမှုများကို ရပ်တန့်ပစ်၍မရ။ ပြန်လည်ရုပ်သိမ်း၍မရဟု ဥပဒေတစ်ရပ် ရှိနေ၍ တရားရုံးတွင်ဦးတိုက် လျှောက်ထား အမှုရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံး မူးနော့ဇ်အနိုင် ရရှိတော့မှ ဇန်နဝါရီလ ကုန်ပိုင်းလောက်မှာ မားလိုက်စ်မူးနော့ဇ်၏ အသက်ကယ် အသက်ဆက် အထောက်အကူ ပြုပေးထားသော ကိရိယာများကို ဖြုတ်ပစ်ခွင့် ရရှိခဲ့သည်။ သူကပြောသည်မှာ ကျွန်တော့်ဇနီးကလည်း ပစ္စည်းအတုတွေနဲ့ အသက်ရှင်နေရတာကို လိုလားမှာ မဟုတ်ပါဘူးဗျာဟု ပြောသည်။ ယခုရိုဘင်း ဘင်ဆင်တို့ကျတော့ ဗိုက်ထဲက ကလေး က ကောင်းကောင်းကြီးထွား နေတယ်။ လူ့လောကကြီးထဲကို လာဖို့ဟန် ပြင်နေတဲ့ သဘောပေါ့။ ဒီတော့ ဖခင်ဖြစ်သူ ဒိုင်လန်ဘင်ဆင်တို့ မိသားစုကလည်း သူ့ကို မျှော်လင့်နေကြသည့် အတွက် မိခင်ဘာမှ မဖြစ်ရအောင် အသက်ကယ် ပစ္စည်းများဖြင့် နေ့စဉ်နေ့တိုင်း ပြုစုစောင့်ရှောက်ပေးနေ ကြသည်။

ရိုဘင်းဘင်ဆင်တို့အတွက် ကုန်ကျစရိတ်ကို ရပ်ကွက်မှ ကူညီလိုသူများက ဝိုင်း၍ အွန်လိုင်းမှ အလှူခံပေးသည်။ ဆေးရုံမှာ ငါးပတ်တက်ခဲ့ပြီး နောက်ထပ် ခုနစ်ပတ်ကျန် သေးသည်။  ဒါမှ ဗိုက်ခွဲမွေးလို့ရမည်။ နေ့စဉ် ကုန်ကျစရိတ်ကို တွက်ချက်လိုက်တော့ ဘေဘီအိုင်ဗာ ရန်ပုံငွေ လိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၃၆ဝဝဝ ဖြစ်သည်။ ဤငွေပမာဏမှာ များပြားလှသည်။  အကြွေး နှင့် သံသရာလည်နေကြရသော ပြည်သူအများစု မတတ်နိုင်သော ငွေပမာဏဖြစ်သည်။ ယခုတော့ မပူရတော့။ အလှူငွေထည့် ကြသူတွေက နေ့စဉ်မပြတ်ကြပါဘူး။ ရည် မှန်းထား သည့် အမေရိကန်ဒေါ်လာ ၃၆ဝဝဝ  ကိုကျော်လွန်၍ အမေရိကန်ဒေါ်လာ  ၉၂ဝဝဝ ပင်ကျော်၍ ရရှိထားပြီး နောက်ထပ်လည်း အိုင်ဗာအတွက် ရန်ပုံငွေ ရှာဖွေရေးမှာ ၈၈ ရက် ကျန်နေသေးသည်။ သူ့အမေဗိုက်ထဲမှာ ပဲရှိနေသေးတဲ့ ကျွန်တော်တို့ရဲ့  သားလေးအိုင်ဗာ အတွက်နဲ့ ကျွန်တော့်အတွက် ရန်ပုံငွေ ကူညီပေးကြ ပါဟု အွန်လိုင်းတွင် ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ ကျွန်တော့်သားလေးက သူ့ကိုမမွေးခင် ကတည်းက မိခင်ဆုံးရှုံးရတဲ့ သူလေးပါ။ ဖြစ်နိုင်ရင် ကျွန်တော့်သားလေး ဘဝကို အကောင်းဆုံး လုပ်ပေးချင် လို့ပါဗျာ။ လှူဒါန်းကြပါ။ ရတဲ့ ရန်ပုံငွေတွေကို ယခုကုန်ကျ စရိတ်ဘီလ်တွေ ပေးချေရပါမယ်။ ကလေးအတွက် လိုတာတွေ ဝယ်ရပါမယ်။ နေ့ကလေးထိန်းခ၊ အိမ်ငှားခ၊  အစားအသောက် သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ ပညာရေး ရန်ပုံငွေတွေ အဖြစ် သုံးစွဲသွားပါ မယ်။ ကျွန်တော်လည်း ဒီလိုတုန်လှုပ် ချောက်ချားစရာ ကြမ္မာဆိုး ဝင်လာကတည်းက အလုပ်လည်း မလုပ်ရတော့ပါဘူး။ အိုင်ဗာ လေးကိုမွေးပြီးတဲ့နောက် ခွင့်ကယူရဦးမှာ ဆိုတော့ လစာရဲ့ထက်ဝက်ကျော်လောက် ကုန်သွားမယ်။

ဆိုရှယ်မီဒီယာ ပတ်ချာလည်မှာ ရန်ပုံငွေ စာမျက်နှာဖွင့်ခဲ့ရာ တချို့ လူသားချင်း ကိုယ်ချင်း စာသူတွေကလည်း တွစ်တာကနေ ဒိုင်လန်နှင့် ကလေးအိုင်ဗာတို့ကို ထောက်ပံ့ကြပါဟု ကူညီပြော ဆိုပေးကြသည်။ တချို့ကလည်း ပြင်သစ်က သတင်းဖြစ်စဉ်ကို ထောက်ပြသူ အပါအဝင် ဤအလှူခံကိစ္စကို သတိပြုမိလာကြကာ သူ့ဇနီးနှင့်ဗိုက်ထဲက ကလေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အလှူငွေထည့်ဖို့ ပြောကြသည်။ ကျွန်တော်တို့ အိုင်ဗာကို မျက်နှာမြင်ပြီး နာရီပိုင်းအတွင်းမှာ ရိုဘင်းကို ကျွန်တော်တို့ အားလုံးက ဂွတ်ဒ်ဘိုင်လို့ပြောပြီး ထာဝရ နှုတ်ဆက်ကြ ရမှာပါဟု ဒိုင်လန်ဘင်ဆင်က ပြောပါသည်။ မှန်ပါသည်။ မိသားစုမှာ အနည်းဆုံး အဖေရယ်၊ အမေရယ်၊ ကလေးရယ်ရှိရမှာပါ။ အခုတော့၊ အမေကခုကတည်းက သေလူနှင့် မခြားနားပါ။ အိပ်ပျော်နေသလို ရုပ်ကိုသာ မြင်ရပြီး ဘာမှလည်း ပြောလို့ဆက်သွယ်လို့ မရဘူးဆိုတော့ ကိုယ်ချင်းစာကြည့်လျှင် အတော်ကို ဝမ်းနည်းကြေကွဲ စရာကြီးပါ။ ဒီကြားထဲ ကလေးကလည်း ဗိုက်ထဲမှာပဲ ရှိသေးတယ်။ ဖြူသလား၊ မည်းသလားတောင်မှ မမြင်ရသေးဘူး။ နောက်ထပ်နှစ်လလောက် စောင့်ရဦးမယ်။ ကလေးကို ဗိုက်ထဲကနေခွဲ ထုတ်ယူပြီးတာနဲ့ နာရီပိုင်းမှာပဲအသက် ဆက်ပေးနေတဲ့ ကိရိယာတွေ ဖြုတ်ပစ်ပြီး တကယ့်သေရွာကို သွားခွင့်ပြုလိုက်ရမှာ ဆိုတော့။ တကယ့်ကြေကွဲ စရာကြီးပေါ့။ ကလေးငယ် လေးသာ လက်ထဲမှာကျန် နေတော့မှာလေ။ ရင်နင့်ဖွယ်ရင် ဆို့ဖွယ်ရာ ဖြစ်၍ ကြားရသူအပေါင်း ကိုယ်ချင်းစာနာမိမှာ ဖြစ်ပါကြောင်း ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူ တွေကို အထူးဂရုစိုက် ပေးနိုင်ရေးအတွက် ရေးသားလိုက်ရပါသည်။

ဗြိတိသျှ ကိုလံဘီယာပြည်နယ် ဗစ်တိုးရီးယားမြို့မှ ရိုဘင်းဘင်ဆင်ဆိုသူ အမျိုးသမီးနှင့် သူ့အမျိုးသား ဒိုင်လန်ဘင်ဆင် တို့သည် ယခုနှစ်ခရစ္စမတ် ပွဲတော်ကို အတူပျော်ရွှင်စွာ ဆင်နွှဲကြ
ပြီးနောက် မကြာမီကလေးမှာပင် ကြမ္မာဆိုးကြီးက ဝင်ရောက်လာပါတော့သည်။ ဇနီးသည်ရိုဘင်းက ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တယ်၊ သေတော့မယ်ထင်တယ် မခံနိုင်အောင် ကိုက်တာဟု ညည်းတွားကာ ခင်ပွန်းဖြစ်သူ ဒိုင်လန်ကို အကိုက်အခဲပျောက် ဆေးတိုင်လီနောကို ပြေးဝယ်ခိုင်းလိုက်သည်။ ဒိုင်လန်လည်း ကပျာကယာပင် အပြေးအလွှား ဆေးသွားဝယ်ခဲ့ သည်။ ဆေးနှင့်တကွ အိမ်ပြန်ရောက်လာပြီး ကဲဆေးရပြီ သောက်လိုက်ဟေ့ ဒီမှာရေဟု ဇနီးကိုလှမ်းပေးလိုက်တော့ ဇနီးဖြစ်သူမှာ သတိပင်လစ်နေပြီးခေါ်၍ မရတော့ပါ။ ခေါ်မကြား အော်မကြား လှုပ်နှိုးသော်လည်း မရဘဲဖြစ်နေ၍ ဆေးရုံက လူနာတင် ကားခေါ်ကာ အရေးပေါ် သွားပြတော့။ ဆေးရုံတင်ထားလိုက်ရသည်။ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးပြီး ပြောတော့ ဦးနှောက်ထဲ မှာ သွေးယိုတာတဲ့။ ထို့နောက်တွင်တော့ သူ့ဇနီးမှာ ဘယ်တော့မှပြန်၍ သတိရတော့မည် မဟုတ်သော ဦးနှောက်သေရောဂါဟု သိရသည်။

မျိုးရိုးဗီဇ ပြုပြင်ထားသော စပါးပင်မှ လူသွေးထုတ် ယူတော့မည့် သုတေသန

Photo: မျိုးရိုးဗီဇ ပြုပြင်ထားသော စပါးပင်မှ လူသွေးထုတ် ယူတော့မည့် သုတေသန

သိပ္ပံပညာရှင်များသည် စပါးပင်ကို မျိုးရိုးဗီဇ ပြုပြင်မွမ်းမံလိုက်ခြင်းဖြင့် လူသွေးတွင် အဓိကပါဝင်သော ပစ္စည်းထုတ်လုပ်ရန် သုတေသနပြု ကြိုးပမ်းလျက်ရှိသည်။ ယနေ့သွေးသွင်းရန်

လိုအပ်နေသော လူနာများအတွက် လိုအပ်သော သွေးရရှိရေးမှာ မိမိနှင့် သွေးအမျိုးအစားတူ တခြားလူများ အပေါ်မှီခို အားကိုးနေရသည်ဖြစ်ရာ သွေးအချိန်မီ မရရှိမှုနှင့် သွေးလှူမည့် သွေးလှူရှင် ရှာမတွေ့မှုစသည့် သေရေးရှင်ရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် ကြိုးစားနေခြင်း ဖြစ်သည်။

လူ၏မျိုးရိုးဗီဇ ပါဝင်နေသော စပါးပင်မှ ထုတ်ယူသည့် ပရိုတိန်းဓာတ် တစ်မျိုးသည်မီးလောင်၊ အပူလောင်၊ ငရဲမီးလောင် လူနာများ၌ သွေးဆုံးရှုံးမှု အလွန်များလှသည့် အလျောက် ၎င်းတို့ကို ကုသပေးနိုင်ရေးအတွက် ဆေးရုံများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ သုတေသန လုပ်ငန်း၏ နောက်ကွယ်မှ သိပ္ပံပညာရှင်များသည် လူတို့၏ သွေးလှူဒါန်းခြင်းမှ ရရှိသော သွေးများအ စား ရောဂါကင်းပြီး အလျှံပယ် လိုသလောက် ပေါပေါများများ ရရှိနိုင်မည်ဟု မျှော်မှန်းထားပါသည်။ အကြောင်းမှာ ယနေ့သွေးလှူရှင် အရေအတွက် လျော့ကျ လာမှုကြောင့် ဆေးရုံများ တွင် သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် လှူဒါန်းသည့် သွေးများမှ ရရှိသော HIV နှင့် အသည်းရောင် ရောဂါ များကဲ့သို့သော ရော ဂါများ မပါရှိရအောင် စစ်ဆေး ရသေးသည်ဖြစ်ရာ အစားထိုးမည့် သွေးက ဤကိစ္စများကို ကျော်လွှားနိုင်မည် ဖြစ်သည်။ လောလောဆယ် ယူကေနိုင်ငံ တွင် နှစ်စဉ် သွေးပမာ ဏ ပိုင့်ပေါင်း ၁ ဒသမ ၆ သန်းလိုအပ်နေရာ သွေးလှူဒါန်းနိုင်သည့် လူဦးရေ၏ ၄ ရာခိုင်နှုန်းသာ သွေးလှူဒါန်း နိုင်ကြသည်။

လှူဒါန်းထားသော သွေးကို သုံးပိုင်းခွဲ၍ သိမ်းထားလိုက်ပါသည်။ သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များ၊ သွေးခဲစေသော ပစ္စည်းများနှင့် သွေးရည်ကြည်များဟူ၍ ဖြစ်သည်။ သွးရည်ကြည်များသည် လူသား ဆာရမ်အယ်လ်ဗျူမင် (Human Serum Albumin -HSA) ခေါ်သော ပရိုတိန်းဓာတ် တစ်မျိုးအဓိက ပါဝင်ပြုလုပ်ထားသည့် ပစ္စည်းဖြစ်၍ သွေးဆုံးရှုံးမှု အကြီးအကျယ်များသော လူနာများအတွက် သွေးသွင်းပေးရန် ဖြစ်သည်။ လယ်ကွင်းများ ထဲတွင် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားသော စပါးများကို စိုက်ပျိုးထားခြင်းဖြင့် သုတေသနများ အတွက်လိုအပ်သော လူသား၏ ဆာရမ်အယ်လ်ဗျူမင် HSA ဓာတ်ကို အကြီးအကျယ် ထုတ်လုပ် ပေးနိုင်သည်။ သွေးလှူဒါန်းရာမှ ရသောသွေးကဲ့သို့ ရောဂါပိုး သန့်စင်ရန် လိုအပ်ချက်ကို လုပ်စရာမလိုဘဲ သန့်ရှင်းသော သွေးကို ရရှိစေမည်ဖြစ်သည်။ လူသား၏ ဆာရမ်အယ်လ် ဗျူမင်ဓာတ် HSA သည် လူ့သွေးထဲတွင် အများဆုံး ပါဝင်သော အစိတ်အပိုင်း ဖြစ်၍ ခန္ဓာကိုယ်အနှံ့သို့ လှည့်ပတ်ကာ ဟော်မုန်းဓာတ်များနှင့် သတ္တုဓာတ်များကို သယ်ယူ ပို့ဆောင်ပေးလျက် သွေးကြောထဲမှ အန္တရာယ်ရှိသော အဆိပ်အတောက်များကို ပိုက်စိပ်တိုက် ဖယ်ရှားသွားကာ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေရန် ကူညီပေးသည်။ တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဝူဟန် တက္ကသိုလ်မှ သုတေသန လုပ်ငန်းကို ဦးဆောင်ပြုလုပ်နေသူ သိပ္ပံပညာရှင် ဒေါက်တာဒိုင်ချန်းရန်က ပြောကြားရာ၌ လူသား ဆာရမ်အယ်လ်ဗျူမင် HSA သည် အရေးကြီးသော ပရိုတိန်းဓာတ် တစ်မျိုးဖြစ်ပြီး တစ်ကမ္ဘာလုံး ဆိုပါက တစ်နှစ်လျှင် တန်ချိန် ၅၀၀ ခန့်လိုအပ်လျှက်ရှိကြောင်း ခန့်မှန်းရသည်ဆို၏။ လောလောဆယ် စီးပွားရေးအရ HAS ထုတ်လုပ်မှုသည် လူသား၏ သွေးရည်ကြည် စုဆောင်းရရှိမှုအပေါ် အဓိက အခြေခံ ထားရသည်။ ထို့ကြောင့် ရရှိနိုင်မှု အခြေအနေ ကန့်သတ်ချက် ရှိပါသည်။ သို့သော် လိုအပ်ချက်ကတော့ အကြီးအကျယ်ပါပဲ ဟု ၎င်းကပြောပြသည်။

ဒေါက်တာရန်နှင့် သူ့လုပ်ဖော် ကိုင်ဖက်များသည် အာရှစပါးမျိုးထဲသို့ ဗက်တီးရီးယား ပိုးအသုံးပြုကာ လူသား၏ မျိုးရိုးဗီဇများ ထိုးသွင်းမည်ဖြစ်ကာ စပါးပင်ကို Biological factories အဖြစ်သို့ ပြောင်းလဲသွားစေကာ လူသားတို့တွင် တွေ့ရှိရသော ပရိုတိန်းဓာတ်နှင့် ထပ်တူညီသော ပရိုတိန်းဓာတ်ကို ထုတ်လုပ်ပေးနိုင်သည့် နည်းစနစ်ကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးသုတေသန အကြောင်းကို Proceedings of the National Academy of Sciences အမည်ရှိ သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။ ယင်းအချက်အရ ၎င်းတို့သည် လူသားဆာရမ် အယ်လ်ဗျူမင် DNA ကိုအောင်မြင်စွာ ထိုးသွင်း ပေးနိုင်ခဲ့ပြီး ရလာသော ရလဒ်ပရိုတိန်းဓာတ်မှာ ဓာတုဗေဒနည်းအရနှင့် ရူပဗေဒ နည်းအရ လူ့သွေးတွင် တွေ့ရှိရသော ပရိုတိန်းဓာတ်နှင့် တစ်ထပ်တည်း တူညီနေကြောင်း တွေ့ရှိရသည်။

ကျွန်ုပ်တို့၏ အောင်မြင်မှု အဆင့်များသည် စပါးအစေ့ အဆန်ထဲတွင် လူသားဆာရမ် အယ်လ်ဗျူမင် HSA ပမာဏတိုးမြှင့်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် စပါးအစေ့ အဆန်များ ရေတွင်ပျော်ဝင်နိုင်သော ပရိုတိန်းဓာတ် ထုတ်လုပ်နိုင်မှု၏ ၁ဝ ရာခိုင်နှုန်း ရရှိသည်အထိ လုပ်နိုင်မည်ဟု ဆို၏။ ဤအောင်မြင်မှု သတင်းမှာ တရုတ်သိပ္ပံ ပညာရှင်များက နို့စားနွားမ ၃ဝဝ ကိုမျိုးရိုးဗီဇ ပြုပြင်မွမ်းမံကာ လူ၏သားမြတ်မှထွက်သော လူနို့နှင့် အရည်အသွေး တူညီသောနို့ကို ထုတ် လုပ် ပေးနိုင်ကြောင်း ကြေညာပြီးနောက် လပိုင်းလောက် အကြာတွင် ဖြစ်သည်။ အဆိုပါ နို့စားနွားမများမှ လူနို့ထုတ်နိုင်သော သတင်းပျံ့နှံ့ သွားခဲ့ရာ တိရစ္ဆာန်များ သက်သာ ချောင်ချိရေး အဖွဲ့ဝင် များက စိုးရိမ်သောကများ ဖြစ်နေကြသည်ဟု သိရ၏။ ဒေါက်တာရန်က ပြောရာတွင် မျိုးရိုးဗီဇ ပြုပြင်မွမ်း မံထားသော စပါးပင်များမှ ထုတ်ယူသည့် ပရိုတိန်းဓာတ်သည် လူ၏သွေးထဲတွင် သဘာဝ အလျှောက် တွေ့ရှိရသော လူသားဆာရမ် အယ်လ်ဗျူမင်ဓာတ်နှင့် တစ်သဝေမတိမ်း ထပ်တူ ညီနေကြောင်း၊ ရရှိသော အဆိုပါ ပရိုတိန်းဓာတ်ကို ကြွက်များနှင့် စမ်းသပ်ကြည့်ရာတွင် မတည့်သော ဓာတ်ပြုပြင်ခြင်းများ ဆန့်ကျင်ဓာတ် တုံ့ပြန်မှုများ မရှိကြောင်း တွေ့ရှိရသည်။ Cirrhosis ရောဂါဝေဒနာ ခံစားရသော ကြွက်များကို အဆိုပါ ပရိုတိန်းဓာတ်နှင့် ကုသပေးခဲ့ရာ ရောဂါဝေ ဒနာ သက်သာထိရောက်မှု ရှိကြောင်းနှင့် လူတို့၏ သွေးတွင် သဘာဝအလျောက် တွေ့ ရှိရသော ပရိုတိန်းဓာတ်ကဲ့သို့ တူညီနေကြောင်း တွေ့ရှိရမည်။

¤င်းတို့အဖွဲ့သည် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားသော စပါးပင်မှ ဆီးချိုသွေးချို ရောဂါသည်များကို ကုသရာတွင် အသုံးပြုရန်အတွက် အင်ဆူလင်နှင့် အလားတူသော ပရိုတိန်း ဓာတ်များကိုလည်း ထုတ်လုပ်ပေးနိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ ဘရစီတောရွိုင်ရယ် အင်ဖာမေရီမှ နှလုံးခွဲစိတ်ဌာန အတိုင်ပင်ခံ ဆရာဝန်ကြီးလည်းဖြစ်၊ လူနာများကို သွေးသွင်း ကုသခြင်းဆိုင်ရာ လေ့လာနေသူ ဘရစ္စတော တက္ကသိုလ် အကြီးတန်း ကထိကလည်း ဖြစ်ခဲ့သူ ဂါဗင်မာဖီက ပြောကြားရာတွင် ဤသုတေသနသည် ဆေးရုံများတွင် အသုံးပြုရန်အတွက် သွေးထောက်ပံ့မှုကို တော်လှန်ပြောင်းလဲ ပစ်လိုက်နိုင်ခြေရှိသည်ဟု ဆိုသည်။ ၎င်းကပြော ပြရာတွင် ဒါကမ္ဘာကြီး တုန်လှုပ်သွားစေနိုင် တဲ့ဟာပဲ။ အခုတော့ ကြက်တွေနဲ့ပဲ အတည်ပြု စမ်းသပ်နေရသေးတယ်။ လူသားတွေ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်တဲ့ တကယ့် စမ်းသပ်မှုကတော့ သန့်စင်ပြီး၊ ပိုးသတ်ပြီးတဲ့အထိ ရောက်ရှိအသုံးချနိုင်မှုကို ပြသရပါ ဦးမည်ဟုဆို၏။ ဤချဉ်းကပ်နည်းနှင့် လယ်ကွင်းများထဲတွင် စပါးပင်များ စိုက်ပျိုးသွားနိုင်သည့် အပြင်ကြီးမားသော အတိုင်းအတာ ပမာဏအထိ သွေးပရိုတိန်းဓာတ်များ ထုတ်လုပ်ကာ လောလောဆယ် ကျွန်ုပ်တို့ရင်ဆိုင်နေရသော သွေးထောက်ပံ့မှု ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်မည်ဟု ဆို၏။ သို့ပါ၍ သိပ္ပံပညာ မျိုးရိုးဗီဇ ပြုပြင်မွမ်းမံမှုကို ပညာရပ်များဖြင့် လူတို့၏ အသက်ပေါင်း များစွာကို ကယ်ဆယ်နိုင်မည့် လူ့အကျိုးပြု ဆေးဘက် သုတေသန လုပ်ငန်းများကို ဝမ်းသာအားရ ကြိုဆိုကြရမည်ဖြစ်ပြီး နောင်လည်း GM နည်းပညာဖြင့် လူ့အကျိုးပြု သုတေသနများစွာ လုပ်ဆောင်သွားမည့် အလားအလာများကို တွေ့မြင် နေရကြောင်း တင်ပြလိုက်ရပါသည်။

သိပ္ပံပညာရှင်များသည် စပါးပင်ကို မျိုးရိုးဗီဇ ပြုပြင်မွမ်းမံလိုက်ခြင်းဖြင့် လူသွေးတွင် အဓိကပါဝင်သော ပစ္စည်းထုတ်လုပ်ရန် သုတေသနပြု ကြိုးပမ်းလျက်ရှိသည်။ ယနေ့သွေးသွင်းရန်

လိုအပ်နေသော လူနာများအတွက် လိုအပ်သော သွေးရရှိရေးမှာ မိမိနှင့် သွေးအမျိုးအစားတူ တခြားလူများ အပေါ်မှီခို အားကိုးနေရသည်ဖြစ်ရာ သွေးအချိန်မီ မရရှိမှုနှင့် သွေးလှူမည့် သွေးလှူရှင် ရှာမတွေ့မှုစသည့် သေရေးရှင်ရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ရေးအတွက် ကြိုးစားနေခြင်း ဖြစ်သည်။

လူ၏မျိုးရိုးဗီဇ ပါဝင်နေသော စပါးပင်မှ ထုတ်ယူသည့် ပရိုတိန်းဓာတ် တစ်မျိုးသည်မီးလောင်၊ အပူလောင်၊ ငရဲမီးလောင် လူနာများ၌ သွေးဆုံးရှုံးမှု အလွန်များလှသည့် အလျောက် ၎င်းတို့ကို ကုသပေးနိုင်ရေးအတွက် ဆေးရုံများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ပါသည်။ သုတေသန လုပ်ငန်း၏ နောက်ကွယ်မှ သိပ္ပံပညာရှင်များသည် လူတို့၏ သွေးလှူဒါန်းခြင်းမှ ရရှိသော သွေးများအ စား ရောဂါကင်းပြီး အလျှံပယ် လိုသလောက် ပေါပေါများများ ရရှိနိုင်မည်ဟု မျှော်မှန်းထားပါသည်။ အကြောင်းမှာ ယနေ့သွေးလှူရှင် အရေအတွက် လျော့ကျ လာမှုကြောင့် ဆေးရုံများ တွင် သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် လှူဒါန်းသည့် သွေးများမှ ရရှိသော HIV နှင့် အသည်းရောင် ရောဂါ များကဲ့သို့သော ရော ဂါများ မပါရှိရအောင် စစ်ဆေး ရသေးသည်ဖြစ်ရာ အစားထိုးမည့် သွေးက ဤကိစ္စများကို ကျော်လွှားနိုင်မည် ဖြစ်သည်။

အံ့သြဖွယ် လွယ်ကူလှတဲ့ ကင်ဆာရောဂါကာကွယ်ခြင်းဆိုင်ရာ ကုထုံးများ

         
 စကားလုံးခြောက်လုံးရှိတဲ့ “cancer” ဆိုတဲ့အသံဟာ ကြားရသူအားလုံးရဲ့ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်သွားမယ်ဆိုတာ သေချာပါတယ်။ လူတွေဟာ တိတိကျကျသတ်မှတ်ထားတဲ့ ကုသနည်းမရှိတဲ့ ဒီရောဂါကို ကြောက်လန့်ကြတာ သေချာပါတယ်။ ကင်ဆာဆဲတွေဟာ ထိန်းချုပ်မရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပြီဆိုရင်တော့ tumor (ကျူမာ) လို့ခေါ်တဲ့ အစိုင်အခဲတွေအဖြစ်ကို အသွင်ပြောင်းသွားပါတယ်။ အဲဒီ ကျူမာတွေ တဖြည်းဖြည်း ကြီးထွားလာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အစာခြေမှုစနစ် ၊ အာရုံကြောနဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ထိခိုက်နိုင်ပါတယ်။
          ဒီလို အရေးကြီးတဲ့ရောဂါမျိုးကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးအကျိုးသက်ရောက် ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုတာလည်း အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လူနေမှု ဘ၀ပုံစံကို အနည်းငယ်ပြောင်းလဲပစ်ရုံပါပဲ။ ဘယ်လိုအချက်လေးတွေ ပြောင်းလဲပစ်ရင် ကင်ဆာကို ကာကွယ်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

Obama နဲ့ရုပ်တူလို့ ရုပ်ရှင်ကနေထုတ်ပယ်ခံခဲ့ရတဲ့ သရုပ်ဆောင် Mohamen Mehdi Ouazanni


The Bible TV mini-series တွေထဲမှာမကောင်းဆိုးဝါး(စေတန်) အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် Mohamen Mehdi Ouazanni ကို အမေရိကန်သမ္မတနဲ့လွန်စွာမှရုပ်ချင်းဆင်တူနေတဲ့အကြောင်းပြချက်နဲ့ အဲဒီ့ series တွေနဲ့စပ်ဆက်နေတဲ့ရုပ်ရှင် Son Of God ကနေထုတ်ပယ်ခဲ့ပါတယ်။
Producer တွေဖြစ်ကြတဲ့ Roma Downey နဲ့ Mark Burnett တို့ဟာ Mohamen Mehdi Ouazanni ရဲ့စေတန်ဇာတ်ကောင်ကို ထုတ်ပယ်ဖို့ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ Mohamen Mehdi Ouazanni ဟာ ၂၀၁၃ ခုနှစ် သမ္မာကျမ်းစာအခြေခံ series ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးကျွမ်းကျင်လေ့လာသူတွေက ဒီသရုပ်ဆောင်ဟာ Obama ကိုတုပဖို့အတွက်ထည့်သွင်းထားတာဖြစ်ကြောင်း ဝေဖန်ခဲ့တဲ့အတွက် အင်တာနက်ပေါ်မှာ စိတ်ဝင်တစားပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

မင်းသမီးကာရိုက်တာက ရိုးရိုးဇာတ်ရုပ်တွေနဲ့ယှဉ်ရင် အိုဗာလုပ်ပေးရတယ်လို့ဆိုတဲ့ အိန္ဒြာကျော်ဇင်

Lin Tun

အနုပညာလောကမှာ အောင်မြင်မှုတွေ တပွေ့တပိုက်နဲ့ ပရိသတ်ရဲ့အချစ်တွေကို ရရှိထားသူကတော့ အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ပါပဲ။ ခုဆိုရင် ခင်ပွန်းဖြစ်သူ ပြေတီဦး၊ သမီးလေးနဲ့အတူ မိသားစုဘ၀လေးကို ပျော်ရွှင်စွာ ထူထောင်နေတာမို့ ကားရိုက်တွေကိုတောင် တစ်လကို တစ်ကားသာ လက်ခံရိုက်ကူးရင်း မိသားစုကို အချိန်ပေးထားသူပါ။ တစ်လတစ်ကား လက်ခံရိုက်ကူးတဲ့ ဇာတ်ကားတွေကို သေချာစီစစ်ရိုက်ကူးသလို ဇာတ်ရုပ်ပီပြင်ဖို့လည်း အရင်ထက် ပိုကြိုးစားနေသူပါ။ ဒါ့ကြောင့် သူမနဲ့ ရိုက်ကွင်းမှာ တွေ့ဆုံခိုက် သူမရဲ့ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘အခုရိုက်နေတာက နှလုံးသားCanon တဲ့။ မင်းသားက ဟိန်းဝေယံပါ။ ဒါရိုက်တာက ဦးမိုးကြိုးပါ။ ဒီကားထဲမှာ အူဝဲက မင်းသမီးဆိုတော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သတ်ပြီး ဖက်ရှင်ကျနေရမယ်။ လှနေရမယ်။ အဓိက ကတော့ မင်းသမီးကာရိုက်တာက ရိုးရိုးဇာတ်ကားတွေနဲ့ ယှဉ်ရင်တော့ နဲနဲအိုဗာလုပ်ပေးရတဲ့ ပုံစံလေးပါ’လို့သူမက ဖွင့်ဟသွားပါတယ်။

Trend Myanmar

သူကိုယ်တိုင်ထိန်းချုပ်မောင်းနှင်နေတဲ့ အဝေးထိန်းရဟတ်ယာဉ် ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေး


နယူးယော့ခ်မြို့ က အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ သွေးပျက်ထိတ်လန့် စရာမတော်တဆမှုတစ်ခုမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကိုယ်တိုင်အဝေးထိန်းကိရိယာ နဲ့ ထိန်းချုပ်မောင်းနှင်နေတဲ့ အဝေးထိန်းရဟတ်ယာဉ်ရဲ့ ၂ ပေ ရှည်လျားတဲ့ ပန်ကာဒလတ်တွေနဲ့ ဦးခေါင်းကို ထိခိုက်မိပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။ Roman Pirozek လို့ ခေါ်တဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကောင်လေးရဲ့ လည်ပင်းကို အဝေးထိန်းရဟတ်ယာဉ်ရဲ့ ပန်ကာဒလတ်တွေက ပိုင်းဖြတပစ်ခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး ခေါင်းပြတ်သေဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ အဖေကိုယ်တိုင်သင်ပေးခဲ့တဲ့ အဝေးထိန်းရဟတ်ယာဉ်မောင်းရတာ ၀ါသနာပါတဲ့ Pirozek ဟာ ဘရွတ်ကလင်းပန်းခြံက ၀ါသနာတူ အဝေးထိန်းရဟတ်ယာဉ်မောင်းသူတွေ မျက်စိရှေ့ မှာတင် အဖြစ်ဆိုးနဲ့  သေဆုံးခဲ့ရပါတယ်။
ခေတ်မှီအဝေးထိန်းရဟတ်ယာဉ်တွေဟာ အနည်းဆုံး ပေါင်ချိန် ၄၀ခန့် ရှိပြီး နေ့ တိုင်းဆိုသလို ပျက်ကျမှုတွေ၊မတော်တဆမှုတွေရှိတယ်လို့ ဘရွတ်ကလင်းအဝေးထိန်း ရဟတ်ယာဉ်ဝါသနာရှင်များအသင်း တည်ထောင်သူ တစ်ယောက်က New York Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အရသာကောင်းပြီး ကျန်းမာရေး အထောက်အကူပြု ဘက်တီးရီးယားတွေပါတဲ့ ကလေးအီး အူချောင်း


ကလေးအီးမှာ ကျန်းမာရေး အထောက်အကူပြု ဘက်တီးရီးယားတွေဖြစ်တဲ့ Lactobacillus နဲ့ Bifidobacterium တွေ အလျှံပယ်ပါဝင်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ အဲ့ဒီ့ဘက်တီးရီးယားတွေကို မွေးမြူပြီး စပိန်အူချောင်း လုပ်တဲ့ နေရာမှာ အသုံးပြုပါတယ်။
ဒီစပိန်အူချောင်းတွေမှာ ကျန်းမာရေး အထောက်အကူပြု probiotic ဘက်တီးရီးယားတွေ လုံလုံလောက်လောက် ပါရှိတယ်လို့ သိရပါတယ်။
ကျင်ငယ်ရည် သောက်တာ၊ နှာခေါင်းနှိုက်တာ စတဲ့ စက်ဆုပ်ဖွယ် မြင်မကောင်းတဲ့ ကျန်းမာရေး အထောက်အကူပြု ဆေးမြီးတိုတွေရှိပါတယ်။ ဒါပေမဲ့ ကလေးအီးမှာပါတဲ့ ဘက်တီးရီးယားတွေနဲ့ လုပ်ထားတဲ့ အူချောင်းကိုရော ခင်ဗျားစားပါ့မလား။ ဒီ စပိန်အူးချောင်း စားတာဟာ ခန္ဓာကိုယ်ထဲကို ကျန်းမာရေးအထောက်အကူပြု ဘက်တီးရီးယားတွေ သွင်းဖို့ နည်းလမ်းတစ်ရပ်ပဲ ဖြစ်တယ်လို့ စပိန်သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

အဝေးသင်တက္ကသိုလ်ပါမောက္ခ အလုပ်ဖြုတ်မှု ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှစ်ဖက်ကြားနာရန် ဆင့်ခေါ်နိုင်


အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာနကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။

အရပ်သားအစိုးရသစ် အဖွဲ့ဟု ကြွေးကြော်နေသော သမ္မတဦးသိန်းစိန် လက်ထက် ကာလအတွင်း ဝန်ကြီးဌာန နှင့် ဝန်ထမ်းအကြား ယခုဖြစ်ရပ်က အမြင့်ဆုံးသော တရားရုံးတော်တွင် ပထမဆုံးထိပ်တိုက်တွေ့ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ၎င်းတို့အမိန့် ဖြင့် အလုပ်ဖြုတ်ပြီး တစ်နှစ်အကြာတွင် တွေ့ဆုံခြင်းလည်းဖြစ်ကြောင်း တရားလို ဖြစ်သူ ပါမောက္ခဒေါက်တာ ဒေါ်ကျင် ဌေးက ဆိုသည်။

''အခုလို သိရတာဝမ်းသာတယ်။ ကျွန်မက နှစ်ပေါင်း ၃၅ နှစ်ကျော်လုံးလုံး ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အညီ ဖြောင့်မတ်စွာနေလာခဲ့တာ။ ဒါကို မတရား ဖြုတ်လိုက်တာ မခံနိုင်ဘူး။

အသက်အာမခံပါ GSM ဆင်းမ်ကတ် မလေးရှားရောက် မြန်မာလုပ်သား အားလုံး အခမဲ့ပေးမည်ဟုဆို


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်သားများအတွက် အသက်အာမခံစနစ် ပါဝင်သော မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့် မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည်။

ယင်းသို့ ပေးအပ်နိုင်ရန်အတွက် Tone Plus ကုမ္ပဏီနှင့် မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းတို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နားလည်မှု စာချွန်လွှာ (MoU) ရေးထိုး လိုက်ကြောင်း ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဆင်းမ်ကတ် အသုံးပြုသူများသည် တစ်လလျှင် မလေးရှား ရင်းဂစ် ၃၀ နှုန်းဖြင့် နှစ်လ အသုံးပြုပြီးပါက အသက်အာမခံစနစ် စတင်အသက်ဝင်မည် ဖြစ်ပြီး မတော်တဆမှု တစ်ခုခုဖြင့် အသက်ဆုံးရှုံးပါက ရင်းဂစ်တစ်သိန်းကို လျော်ကြေးငွေအဖြစ် ရရှိမည် ဖြစ်ကြောင်း၊ Air Asia လေယာဉ်စီးနင်းခွင့်နှင့် သက်ဆိုင်ရာ ဟိုတယ်များ၌ အခမဲ့ တည်းခိုခွင့်ကိုလည်း ပွိုင့် သတ်မှတ်ချက်အလိုက် ခံစားခွင့် ရှိကြောင်း Tone Plus ကုမ္ပဏီ၏ မြန်မာ နိုင်ငံကိုယ်စားလှယ် ဦးသန်းဝင်းက ရှင်းပြသည်။

အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုကြေးရရှိရေး ဆွေးနွေးမည်


အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုလုပ်ခရရှိနိုင်ရေး တိုင်းအစိုးရက ဆောင်ရွက်ပေးရန်အဆိုကို လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၁၉ ရက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းလိုက်သည်။

“တပ်မတော်အစိုးရလက်ထက်မှာ ၀န်ထမ်းအားလုံးသည် ၂၄ နာရီ တာဝန်ရှိသည်ဆိုပြီး နေ့ညမဟူ လို အပ်သလို ခေါ်ယူစေခိုင်းခဲ့ပါတယ်။ လက်နက်ကိုင်ဝန်ထမ်းများသာ မဟုတ်ဘဲ အရပ်ဘက်ဆိုင်ရာဝန် ထမ်းများပါ အချိန်ပိုစေခိုင်းခြင်းများ၊ အချိန်မဲ့ ခေါ်ယူစေခိုင်းခြင်းများ ရှိခဲ့ပါတယ်။ ယခင် စစ်အုပ်ချုပ်ရေး ကာလဖြစ်သည့်အတွက် အမိန့်နာခံခြင်းက အဓိကမို့ ဘာမှပြောစရာမလိုပါဘူး။ ဒီနေ့ ပြောင်းလဲလာ တယ်။ အစိုးရပြောင်းလဲလာတဲ့ အုပ်ချုပ်ရေးစနစ်မှာ ဒီပုံစံကို သယ်ယူ ကျင့်သုံးနေတာ ရှိနေဆဲပါ”ဟု ၎င်းက လွှတ်တော်သို့ အဆိုတင်ရာတွင် ပြောသည်။

စပါးကြွေးတောင်းမယ့် ထိုင်းလယ်သမားတွေ ထွန်စက် အစီး ၅၀၀ ဖြင့် သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေ

Photo: စပါးကြွေးတောင်းမယ့် ထိုင်းလယ်သမားတွေ ထွန်စက် အစီး ၅၀၀ ဖြင့်
သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေ

 ဘန်ကောက် ဖေဖေါ်ဝါရီ ၂၀ 

စပါးဖိုး မရရှိသေးသော Sing Buri ခရိုင်မှ လယ်သမား တစ်ထောင်ပတ်ဝန်းကျင်ခန့်သည် ဆန္ဒပြရန် ထွန်စက် အစီး ၅၀၀၊ မော်တော်ဆိုင်ကယ် အစီး ၁၅၀ တို့ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ 
လယ်သမားများက လိုအပ်လျှင် ဘန်ကောက်မြို့တွင် ကာလရှည်ကြာ နေထိုင်ပြီး ဆန္ဒပြရန် ရည်ရွယ်ထားပြီး ၄င်းတို့၏ အဓိက လိုအပ်ချက်ဖြစ်သော စပါးဖိုးငွေ မရပါက အစိုးရကို နှုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြ တောင်းဆိုရန် ရည်ရွယ်ထားကြောင်း သိရသည် ။ ""ကျနော်တို့ ရရမဲ့ စပါးကြွေး မရမချင်း ကျနော်တို့ ဒီဘန်ကောက်ကနေ မခွာဘူးလို့ ဆုံးဖြတ်ထားပါတယ် ""ဟု ယခုချီတက်လာသော လယ်သမားဆန္ဒပြပွဲကို ဦးဆောင်သူ Chada Thaiseth ကပြောသည် ။

 ယနေ့ထပ်မံချီတက် ရောက်ရှိလာသော လယ်သမားများသည် ထိုင်းလယ်သမားကွန်ယက် ဥက္ကဌ Rawee Rungruang ဦးဆောင်သော ကုန်သွယ်ရေးဝန်ကြီးဌာန အနီးက ဆန္ဒပြလယ်သမားများနှင့် သွားရောက် ပူးပေါင်းခဲ့သည် ။ ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် အစိုးရသည် လယ်သမားများကို စပါးဖိုးပေးချေရမည့် ဘတ်ငွေ သန်းပေါင်း 1၁သိန်း ၃ သောင်း ကို ပေးရန် ပျက်ကွက်နေခဲ့သည်မှာ ၅ လကျော် ကြာမြင့်နေပြီ ဖြစ်သည်။ 

ထိုင်းအစိုးရ၏စပါးအပေါင်ခံသည့် စီမံကိန်းသည် 2 နှစ်ကာလအတွင်း အဂတိ လိုက်စားမှုနိုင်ငံတော်ငွေကြေးဆုံးရှုံးမှုများ ဖြစ်နေစေခြင်းကို သိသော်လည်း စီမံကိန်းကို မရပ်ဆိုင်းခဲ့သလို အကတိလိုက်စားမှုဖြစ်ရပ်များကို ဖေါ်ထုတ်အရေးယူရန် ပျက်ကွက်ခဲ့သောကြောင့် စီမံကိန်း ဥက္ကဌ ၀န်ကြီးချုပ်ယင့်လတ်ခ်ကို တာဝန်ပျက်ကွက်မှုဖြင့် စွဲချက်တင်ရန် ထိုင်းအမျိုးသားအကတိလိုက်စားမှု ကာကွယ်ရေးနဲ့ နှိမ်နင်းရေးကော်မရှင်က ဖေဖေါ်ဝါရီလ ၁၈ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည် ။

 KYL 
Ref: Bangkok Post

ဘန်ကောက် ဖေဖေါ်ဝါရီ ၂၀

စပါးဖိုး မရရှိသေးသော Sing Buri ခရိုင်မှ လယ်သမား တစ်ထောင်ပတ်ဝန်းကျင်ခန့်သည် ဆန္ဒပြရန် ထွန်စက် အစီး ၅၀၀၊ မော်တော်ဆိုင်ကယ် အစီး ၁၅၀ တို့ဖြင့် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး သုဝဏဘုမ္မိ လေဆိပ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
လယ်သမားများက လိုအပ်လျှင် ဘန်ကောက်မြို့တွင် ကာလရှည်ကြာ နေထိုင်ပြီး ဆန္ဒပြရန် ရည်ရွယ်ထားပြီး ၄င်းတို့၏ အဓိက လိုအပ်ချက်ဖြစ်သော စပါးဖိုးငွေ မရပါက အစိုးရကို နှုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြ တောင်းဆိုရန် ရည်ရွယ်ထားကြောင်း သိရသည် ။ ""ကျနော်တို့ ရရမဲ့ စပါးကြွေး မရမချင်း ကျနော်တို့ ဒီဘန်ကောက်ကနေ မခွာဘူးလို့ ဆုံးဖြတ်ထားပါတယ် ""ဟု ယခုချီတက်လာသော လယ်သမားဆန္ဒပြပွဲကို ဦးဆောင်သူ Chada Thaiseth ကပြောသည် ။

ယနေ့ထပ်မံချီတက် ရောက်ရှိလာသော လယ်သမားများသည် ထိုင်းလယ်သမားကွန်ယက် ဥက္ကဌ Rawee Rungruang ဦးဆောင်သော ကုန်သွယ်ရေးဝန်ကြီးဌာန အနီးက ဆန္ဒပြလယ်သမားများနှင့် သွားရောက် ပူးပေါင်းခဲ့သည် ။ ထိုင်းဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် အစိုးရသည် လယ်သမားများကို စပါးဖိုးပေးချေရမည့် ဘတ်ငွေ သန်းပေါင်း 1၁သိန်း ၃ သောင်း ကို ပေးရန် ပျက်ကွက်နေခဲ့သည်မှာ ၅ လကျော် ကြာမြင့်နေပြီ ဖြစ်သည်။

မြောက်ဥက္ကလာပတံတားပေါ်မှမီးရထားသံလမ်းသို့ ကားတစ်စီးပြုတ်ကျ ယာဉ်မောင်းမှာသေဆုးံ

Photo

ရန်ကုန်-ဖေဖေါ်ဝါရီ ၂၀

ယနေ့ နံနက် အစောပိုင်း၂း၀၀ ခန့် က မြောက်ဥက္ကလာပမြို့ နယ်ရှိမြောက်ဥက္ကလာပတံတားပေါ်မှမီးရထားသံလမ်းသို့ 
ကားတစ်စီးပြုတ်ကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာယာဉ်မောင်းမှာသေဆုံးခဲ့ပြီးယာဉ်နောက်လိုက်နှင့်အပေါင်းအပါ ၅ ဦးမှာ မြောက်ဥက္ကလာပ ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ )အဖြစ်တက်ရောက်ဆေးကုသမှုခံယူနေကြာင်းသိရသည်
၂၃၅ ယာဉ်လိုင်းမှ ယာဉ်အမှတ် ဆ/---BM အမျိုးအစားယာဉ်မှာ မြောက်ဥက္ကလာဘက်မှကန်ဘောင်သိုသွားရန်
မောင်းနှင်လာစဉ်အရှိန်လွန်ကာတံတားအောက်သို့ ပြုတ်ကျခဲ့ပြီးယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"သူတို့ က ကားသမားတွေနဲ့ စပါယ်ယာတွေ ပဲအရက်မူးပြီးမောင်းတာအရှိန်မထိန်းနိုင်လို့ ဒီလိုဖြစ်တာပါ"ဟု မြောက်ဥက္ကလာယာဉ်ထိန်းရဲရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်ဖြစ်စဉ်အတွက်ယာဉ်မောင်း-- အား (ပ)၁၀/၂၀၁၄ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ /၃၀၄(က)ဖြင့်မြောက်ဥက္ကလာပစခန်းမှအမှုဖွင့်အရေးယူထားသည်။ZWY
 
Popular Myanmar News

၁၉၄၇ နှင့် ၂ဝ၁၄ ခုနှစ် ပြက္ခဒိန်တူ အရိပ်ဆိုး ဒေါ်အောင်ဆန်းစုကြည်ကို မလွှမ်းမိုးနိုင် သို့သော် ….

 

မြန်မာ့နိုင်ငံရေး သမိုင်းတွင် ရှိခဲ့သည့် အမည်းစက်များအနက် နိုင်ငံသား အချင်းချင်း ရက်စက်စွာ လုပ်ကြံခံခဲ့ရသည့် ၁၉၄၇ ဇူလိုင် ၁၉ အဖြစ်ဆိုး ကတော့ အထင်ရှား ဆုံးဖြစ်သည်။ ထိုလုပ်ကြံမှုကြောင့် တိုင်းပြည်၏ အဓိကခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည်ကြီး များလည်း ကျဆုံးခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၏ အရေးကြီး သောအချိန်တွင် နစ်နာမှု ကြီးမားသော အချိုး အကွေ့ တစ်ခုလည်း ဖြစ်ခဲ့ရသည်။
ယခု လက်ရှိ ၂ဝ၁၄ ခုနှစ်သည်  ၁၉၄၇ ပြက္ခဒိန်နှင့် နေ့ရက်များ တူညီမှု ရှိနေခဲ့ရာ ပြည်သူများ၏ စိုးရိမ်မှုက အမျိုးမျိုးသော အတွေး များဖြင့် ပူလောင်နေခဲ့ကြသည်။ ၁၉၄၇ ဗိုလ်ချုပ်နှင့် အာဇာနည်ကြီး များ လုပ်ကြံမခံရမီ လက်နက် တိုက်အဖောက်ခံခဲ့ရသည်။ ဤနှစ်တွင်လည်း မကြာသေးမီက လက်နက်တိုက် တစ်ခု အဖောက်ခံ ထားရသည်။ ၂ဝ၁၄ ကာလ သည်လည်း လာမည့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေးကာလ။ သို့ဖြစ်၍ ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည် အတွက်  စိုးရိမ် ပူပန်နေကြသည်က မဆန်းပါ။ ၂ဝဝ၃ ခုနှစ် မေလ ဒီပဲယင်း လုပ်ကြံမှုတွင်လည်း ကံအခွင့်ပေး၍ လွတ်မြောက် ခဲ့ရသလို ယခုအခါ အသက် အရွယ်နှင့် ကျန်းမာရေး အရလည်း ဂရုတစိုက် ပူပန်နေရချိန် လည်းဖြစ်သည်။  ထို့ ကြောင့် ၁၉၄၇  ကြမ္မာဆိုး ကြုံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်နိုင်ငံလုံး အပေါ် စွန်းထင်း ခဲ့သည့် အရိပ်ဆိုးသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း အရိပ်မိုးနေမှု ရှိ မရှိနှင့် ကြိုတင် ကာကွယ်နိုင်ရန် အတွက် နာမည်ကျော် နက္ခတ္တဗေဒ ဆရာများ ထံ မေးမြန်းခဲ့သည်များ ဖော်ပြပေးလိုက်ရပါသည်။

အငှားယာဉ်မောင်းနှင့် ခရီးသည်ကို ပြိုင်ကားငါးစီးပေါ်က လူငယ်များ ရိုက်နှက်မှု သဲလွန်စတွေ့ရှိ

ဓါတ်ပုံ - Yangon Police
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် လွန်ခဲ့သောသုံးရက် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က စူပါရုဗင် ခရီးသည်တင် ယာဉ်တစ်စီးကို ပြိုင်ကားငါးစီး ပိတ်ဆို့ကာ ပြိုင်ကားပေါ်မှ လူငယ်များက ယာဉ်မောင်းနှင့် ခရီးသည်ကို ဘေ့စ်ဘောတုတ်ဖြင့် ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သံသယရှိသော ပြိုင်ကားတစ်စီးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့နံနက် ၄ နာရီခန့်က မရမ်းကုန်းမြို့နယ်တွင် တွေ့ရှိထားကြောင်း အဆိုပါအမှုကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ပြိုင်ကားမှာ Nissan FAIRLADY Z အမျိုးအစား အဖြူရောင်ယာဉ် ဖြစ်ပြီး လမ်းပေါ်တွင် လူမရှိဘဲ အချိန်ကြာ ရပ်နားထားကြောင်း၊ အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ဆက်စပ်သတင်းများအရ သံသယဖြစ်ဖွယ် အဆိုပါ ပြိုင်ကားကို ရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားပြီး မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော သံသယရှိသူ အသက် ၂၁ နှစ်အရွယ် လူငယ်နှစ်ဦးကို စုံစမ်းရရှိထားကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က စူပါရုဗင် အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းမှာ ခရီးသည် အမျိုးသားသုံးဦးကို မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ်သို့ ပို့ဆောင်ရန် ပြည်လမ်း အတိုင်း မောင်းလာစဉ် ၇ မိုင်ကားမှတ်တိုင်တွင် ညာဘက်ပလက်ဖောင်း ဘေးရပ်ထားသော ဟွန်ဒါစီဗစ်ယာဉ်ကို ကျော်တက် မောင်းနှင်ခဲ့ကြောင်း၊ လှိုင်မြို့နယ် ၆ မိုင်ခွဲ မှတ်တိုင်အနီးတွင် ပြိုင်ကားတစ်စီးက ကျော်တက်ကာ အဆိုပါ ခရီးသည်ယာဉ်ရှေ့ ပိတ်ရပ်မှုကြောင့် ခရီးသည်တင်ယာဉ်က ထပ်မံကျော်တက်ရန်ပြုစဉ် ဟွန်ဒါစီဗစ်ယာဉ်က ဘေးဘက်က ပိတ်ရပ်ခဲ့ရာ ဆက်မောင်း၍ မရတော့သဖြင့် ရပ်တန့်ခဲ့ကြောင်း လှိုင်မြို့မရဲစခန်းထံမှ သိရှိရသည်။

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီး သိမ်းဆည်းရမိ




ရန်ကုန်၊ဖေဖော်ဝါရီ ၂၀

၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ချိတ်ဆက်ပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Yangon Police

ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို

Photo: ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ 

မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည်  ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ခေါ်ယူပြီး နားချရန် ကြိုးပမ်းမည်ဟု ဗြိတိန်နိုင်ငံ Nicky Bray,Air Commordore (UK Of 6) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်ဟု ဦးဝင်းမြင့်က ပြောကြားကြောင်း အဆိုပါ ဂျာနယ်က ရေးသားထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရေးသားဖော်ပြမှုသည် ပါတီအဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက် ထိခိုက်စေသည့်အပြင် နိုင်ငံရေး ရှုပ်ထွေးမှု ဖြစ်စေရန် မဟုတ်မမှန် ရေးသားခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဒီကိစ္စကို ကျွန်တော့်ကိုလည်း မမေးဘူး၊ ကျွန်တော်လည်း မဖြေဖူးဘူး၊ ဒီဂျာနယ် အပတ်စဉ်ထုတ် ဆိုတာလည်း ကျွန်တော် မသိဘူး။ အဲဒါကြောင့် ရိုးရိုးလေးပဲ။ မတောင်းပန်ရင် တရားရေးအရ ဖြေရှင်းမယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သတင်းကိစ္စကို ဦးဝင်းမြင့် ကိုယ်တိုင် ဖြေရှင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေး မကျင်းပမီ အချိန်၌ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ထုတ်ဖော် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်းတည့်နေ ဂျာနယ်သို့ The Voice မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ် မေးမြန်းရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှသာ ပြန်လည် ပြောကြားနိုင်မည် ဖြစ်ကြောင်း အယ်ဒီတာ ဦးဟန်သစ်က ဖြေကြားခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ခေါ်ယူပြီး နားချရန် ကြိုးပမ်းမည်ဟု ဗြိတိန်နိုင်ငံ Nicky Bray,Air Commordore (UK Of 6) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်ဟု ဦးဝင်းမြင့်က ပြောကြားကြောင်း အဆိုပါ ဂျာနယ်က ရေးသားထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရေးသားဖော်ပြမှုသည် ပါတီအဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက် ထိခိုက်စေသည့်အပြင် နိုင်ငံရေး ရှုပ်ထွေးမှု ဖြစ်စေရန် မဟုတ်မမှန် ရေးသားခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ပင်မ သပိတ်စခန်းကြီးကို ယူကရိန်း တပ်ဖွဲ့ဝင်များ ဖြိုခွင်း လူ ၂၅ ဦး သေဆုံး

Photo: အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ပင်မ သပိတ်စခန်းကြီးကို ယူကရိန်း တပ်ဖွဲ့ဝင်များ ဖြိုခွင်း လူ ၂၅ ဦး သေဆုံး

ကိယက်၊  ဖေဖော်ဝါရီ ၁၉

ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ 

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အဓိက အခြေချရာ လွတ်လပ်ရေး ရင်ပြင်ရှိ သပိတ်စခန်းအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းရာ ဆန္ဒပြသူများက မီးရှူးများဖြင့် ပြန်လည် ပစ်ခတ်သောကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်က အင်အားသုံး နှိမ်နင်းမှုကို အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ လူအုပ်ကြီးက ပြန်လည် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး အပါအဝင် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ များစွာ ရှိခဲ့သည်။ 

ထိုသို့ ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ယူကရိန်း သမ္မတ ယန်နူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင်အပေါ် ပြစ်တင် ပြောဆိုပြီး ပဋိပက္ခကို ရပ်ဆိုင်းရန် အချိန် နောက်ကျနေခြင်း မရှိကြောင်း သတိပေး ပြောကြားသည်။ 

ယူကရိန်း အာဏာပိုင်များ အဆိုအရ သမ္မတ ယန်နူကိုဗစ်ခ်ျသည် အထင်ကရ အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသော ဗစ်တာလီ ကီရှင်ကို၊ အာဆန်တီယာ ဆန်ညက်တို့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

လုံခြုံရေး တပ်ဖွဲ့ဝင်များက လွတ်လပ်ရေး ရင်ပြင်တွင် လူစုဖွဲ့ သပိတ်စခန်း ဖွင့်မှုကို အင်္ဂါနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန် သတ်မှတ်ချိန် ထုတ်ပြန်ခဲ့ပြီး ယင်းအချိန် ကျော်သွားချိန်တွင် အင်အားသုံး ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။
 
ဗုဒ္ဓဟူးနေ့တွင်မူ အကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများကြောင့် ကိယက် မြို့လယ်ကောင် ဒေသသို့ မော်တော်ယာဉ်များ ဝင်ရောက်လာခြင်း မရှိသည်ကို တွေ့ရကြောင်း နိုင်ငံခြား သတင်းထောက်များက ပြောကြားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက “အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှု” ဟူသော အမည်ဖြင့် လက်ကိုင် အသံချဲ့စက်များ ကိုင်ကာ သတိပေး ပြောဆိုပြီးနောက် သပိတ်စခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သည်။ 

ထိုသို့ စီးနင်း ဝင်ရောက်လာသည့် လုံခြုံရေး တပ်ဖွဲ့များကို ဆန္ဒပြသူများက မီးရှူးများ၊ ဓာတ်ဆီ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်ကြကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း သံချပ်ကာ ယာဉ်များဖြင့် ဝင်ရောက်ကာ သပိတ်စခန်းရှိ အဟန့်အတားများကို ဖြိုဖျက်ပစ်ကြကြောင်း BBC သတင်းထောက်က ဆိုသည်။ 

အဆိုပါ ဖြစ်ရပ်များအတွင်း သပိတ်စခန်းတွင် ထိုးထားသော တဲများ မီးလောင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ သာမက မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခဲ့ကြသည်ဟု ဆန္ဒပြသူများက ပြောကြားသည်။ 

“ဒီရင်ပြင်နေရာဟာ လွတ်လပ်ရေး ကျွန်းတစ်ခုပါပဲ။ လွတ်လပ်မှုကို ကျွန်တော်တို့ ကာကွယ်သွားမယ်” ဟု အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ဤအတောအတွင်းမှာပင် ကိယက် မြို့တော်သာမက အခြားသော မြို့များတွင်လည်း မငြိမ်မသက်မှုများ ပေါ်ပေါက်လျက် ရှိကြောင်း ယူကရိန်း မီဒီယာများက ရေးသား ဖော်ပြသည်။

ကိယက်၊ ဖေဖော်ဝါရီ ၁၉

ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အဓိက အခြေချရာ လွတ်လပ်ရေး ရင်ပြင်ရှိ သပိတ်စခန်းအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းရာ ဆန္ဒပြသူများက မီးရှူးများဖြင့် ပြန်လည် ပစ်ခတ်သောကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်က အင်အားသုံး နှိမ်နင်းမှုကို အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ လူအုပ်ကြီးက ပြန်လည် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး အပါအဝင် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ များစွာ ရှိခဲ့သည်။

ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ

Photo: ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

DKBA အရာရှိကြီးတွေက နေစရာမရှိရင် ကူညီပေးမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီနေ့ကားကြီးတွေနဲ့ လာခေါ်တယ်။ ဟိုရောက်ရင် စားရေး ဒုက္ခရောက်မှာစိုးလို့ ဆန်နဲ့ အခြားရိက္ခာ ပစ္စည်းတွေပါ ရွာသားတွေအတွက် ဝယ်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ဇာတိမှာ နေချင်တာကြောင့် မလိုက်သွားတာပါ။ လုံးဝနေခွင့်မရတော့တဲ့ အခြေအနေ ရောက်ခဲ့ရင်တော့ လိုက်သွားမယ်” ဟု သမီးကလေး ကျေးရွာသား ကိုကျော်စိန်ဦးက ပြောကြားသည်။ 

ဘုန်းတော်ကြီးကျောင်းတွင်း ယာယီ နေထိုင်နေသော သမီးကလေး ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာမပေးဘဲ ချက်ချင်း ဖယ်ရှားနေမှုကြောင့် DKBA ဌာနချုပ်၏ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောကြားထားသည့်အတိုင်း ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ၁၂ ဘီးယာဉ်၊ ၁၀ ဘီးယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။ 
“လူဆိုရင် အိုးအိမ်ဆိုတာ ရှိရမယ်။ အခု ဒုက္ခရောက်နေသူတွေကို DKBA က နေစရာ မြေနေရာ ကူညီပေးမယ်။ အစိုးရ အဖွဲ့မဟုတ်လို့ အိမ်တော့ မဆောက်ပေးနိုင်ပေမယ့် ကိုယ့်ဘာသာ သစ်ဝါးခုတ်ပြီး အိမ်ဆောက် နေထိုင်လို့ရအောင် စီမံပေးမယ်။ တောင်ယာလုပ်ကိုင် စားသောက်လို့ရအောင် ကူညီပေးသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အဆိုပါ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ခံထားရသော ဒုက္ခသည်များ ရွှေ့ပြောင်း နေထိုင်နိုင်ရန် မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီးရှိ ကျောက်ခတ်ကျေးရွာတွင် တစုတဝေးတည်း နေထိုင်နိုင်ရန် လတ်တလော စီစဉ်ထားပြီး ယင်းအနီးရှိ ကျေးရွာများတွင်လည်း မိမိစိတ်ကြိုက် ရွေးချယ်ကာ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းလင်းပြောကြားသည်။
“DKBA က ကူညီမယ်လို့ ပြောခဲ့တုန်းက လိုက်မယ်လို့ ကတိပေးမထားပါဘူး။ မနေ့ည ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးပဉ္စင်းဆီ ဖုန်းဆက်ပြီး ဓမ္မာရုံထဲ ရွှေ့ပြောင်းနေသူတွေကို ဖယ်ခိုင်းတယ်။ ကလေးငယ်တွေ စာမေးပွဲပြီးချိန် တစ်ပတ်ကြာမှ အားလုံးဖယ်ပေးနိုင်မယ့်လို့တော့ အကြောင်းပြန်ခဲ့တယ်။ လုံးဝအကျပ်အတည်း ဖြစ်လာရင်တော့ သူတို့တွေ DKBA နောက် လိုက်သွားရမှာပေါ့လေ။ ဒီကြားမှာ နေစရာ မြေပြန်ရအောင် ပြည်သူတွေရဲ့ အကူအညီယူပြီး နိုင်ငံ့လူကြီးတွေထံမှာ အကူအညီ တောင်းရမှာပဲ” ဟု အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။ 

DKBA ဌာနချုပ်၏ ထိန်းချုပ် နယ်မြေအတွင်း လိုက်ပါနေထိုင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် DKBA အဖွဲ့နှင့်အတူ မွန်ပြည်နယ် ဒေသခံများနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုကွန်ရက်အဖွဲ့များမှ စုပေါင်းကာ ဆန်အိတ် ၁၀၀ ကျော်၊ ကော်ဖီထုပ်၊ ငါးသေတ္တာဘူး ၆၀၀ ကျော်၊ ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့ကြောင်း လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ ဦးနေမျိုးဇင်က ပြောကြားသည်။ 
“အမှန်တကယ် ဒုက္ခရောက်တဲ့ မိသားစုဝင်တွေရဲ့ စာရင်းကောက်ပြီး မြေနေရာတစ်ခု ရရှိအောင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို အသနားခံစာ တင်ပြထားပါတယ်။ အစိုးရပိုင်းက လက်မခံနိုင်ဘူး ဆိုရင်တော့ DKBA နဲ့ လိုက်သွားပြီး အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ဖို့ DKBA က တာဝန်ရှိ အရာရှိပိုင်းတွေနဲ့ တိုင်ပင် ဆွေးနွေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အစိုးရက ကျူးကျော်သူများကို အင်အားသုံး ဖယ်ရှားမှုကြောင့် နေစရာမရှိ ဒုက္ခရောက်နေသူများကို DKBA အဖွဲ့က ကူညီဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ အစိုးရကို ယှဉ်ပြိုင်ချင်း မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားစိတ်ဖြင့် ကူညီခြင်းဖြစ်ပြီး အဖွဲ့အတွင်းသို့ ဝင်ခိုင်းရန် အစီအစဉ် မရှိကြောင်း၊ သမီးကလေး ကျေးရွာအပြင် အခြားဖယ်ရှားခံရသော မြေနေရာ မဲ့နေသူများအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများ၊ လူမှုကွန်ရက် အသင်းအဖွဲ့တို့နှင့် ဆွေးနွေးလျက် ရှိပြီး ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း DKBA  မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။ 

လှည်းကူးမြို့နယ်ရှိ တပ်ပိုင်မြေတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ  ၅၀၀ ကျော်မှာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ဖယ်ရှားခံရသောနေ့မှ စတင်နေထိုင်ခဲ့ပြီး လာရောက် လှူဒါန်းသော အလှူရှင်များ၏ အကူအညီဖြင့် ကျောင်းထိုင် ဆရာတော်က ကူညီစောင့်ရှောက် ထားရကြောင်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

DKBA အရာရှိကြီးတွေက နေစရာမရှိရင် ကူညီပေးမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီနေ့ကားကြီးတွေနဲ့ လာခေါ်တယ်။ ဟိုရောက်ရင် စားရေး ဒုက္ခရောက်မှာစိုးလို့ ဆန်နဲ့ အခြားရိက္ခာ ပစ္စည်းတွေပါ ရွာသားတွေအတွက် ဝယ်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ဇာတိမှာ နေချင်တာကြောင့် မလိုက်သွားတာပါ။ လုံးဝနေခွင့်မရတော့တဲ့ အခြေအနေ ရောက်ခဲ့ရင်တော့ လိုက်သွားမယ်” ဟု သမီးကလေး ကျေးရွာသား ကိုကျော်စိန်ဦးက ပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းတွင်း ယာယီ နေထိုင်နေသော သမီးကလေး ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာမပေးဘဲ ချက်ချင်း ဖယ်ရှားနေမှုကြောင့် DKBA ဌာနချုပ်၏ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောကြားထားသည့်အတိုင်း ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ၁၂ ဘီးယာဉ်၊ ၁၀ ဘီးယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

တမူးမြို့သို့ အရောင်းအဝယ်ကိစ္စဖြင့် ရောက်ရှိသည့် အိန္ဒိယနိုင်ငံသားနှစ်ဦး ပျောက်ဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံ တမူးမြို့သို့ အရောင်းအဝယ် ကိစ္စဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရောက်ရှိနေခဲ့သော အိန္ဒိယနိုင်ငံသားနှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာမျာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန၏ ခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် အမှတ် (၂) မှ တမူးမြို့သို့ ကျောင်းသုံး ဝတ်စုံများ ရောင်းချရန် ဝင်ရောက်ခဲ့သော အိန္ဒိယနိုင်ငံသား ဆစ်ခ်လူမျိုး ခြောက်ဦးအနက် နှစ်ဦးသည် နေရပ်သို့ ပြန်ရောက်လာခြင်း မရှိဘဲ ပျောက်ဆုံးနေကြောင်း အိန္ဒိယနိုင်ငံ မိုးရေးမြို့နှင့် နယ်စပ် လူဝင်မှု ကြီးကြပ်ရေးရုံး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ အိန္ဒိယနိုင်ငံသား နှစ်ဦး ပျောက်ဆုံးနေမှုကို ရှာဖွေဖော်ထုတ်ပေးရန် အိန္ဒိယနိုင်ငံ နယ်စပ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် မိုးရေးမြို့ အစိုးရအရာရှိများက တမူးမြို့ နယ်စပ်လူဝင်မှု ကြီးကြပ်ရေးရုံးသို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စာတစ်စောင် ပို့ခဲ့ကြောင်း ယင်းသတင်းများအရ သိရသည်။

ဆေးလောက၏ စိန်ခေါ်သံ

Photo: #emg_opinions

ဆေးလောက၏ စိန်ခေါ်သံ 

(Written by: နန္ဒဝင်း (ဆေး - ၁))

အမှန်တော့ ကျွန်တော်ဒီစာကိုရေးဖို့ အတော့်ကို စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးဆန္ဒ ဒေါသဘယာ မောဟကင်းအောင် အတတ်နိုင်ဆုံး ဆင်ခြင်ပြီး တွေးမိတဲ့အတွေးကို တင်ပြလိုက်ရပါတယ်။ ယခုနောက်ပိုင်း ကာလတွေမှာ မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ အခမဲ့ဆေးကုသခြင်း ဆိုတာတွေက ကျယ်ကျယ်ပြန့်ပြန့်ကို တွေ့လာရပါတယ်။ လက်ရှိအာဏာရနေတဲ့ အဖွဲ့က စီစဉ်မှု၊ အတိုက်အခံတွေက စီစဉ်မှုစတဲ့ နိုင်ငံရေးအရောင်ခံ လှုပ်ရှားမှုတွေရှိသလို ပရဟိတစင်စစ် ဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်း ရှိကြပါတယ်။ အဓိက ၀န်ဆောင်မှုပေးနေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း ဆရာဝန်တွေကို ကြည့်မိလိုက်တဲ့ အခါမှာလည်း အစိုးရအလုပ်ကို လုပ်ကိုင်ခြင်းမရှိဖူးတဲ့ သို့မဟုတ် အလုပ်က အနားယူသွားတဲ့ ဆရာဝန်ကြီးတွေနှင့် အစိုးရအလုပ်ကို မ၀င်တဲ့ သို့မဟုတ် မ၀င်ရသေးတဲ့ ဆရာဝန်လေးတွေ ဆိုပြီးတော့ အဓိကနှစ်မျိုးနှစ်စား သွားတွေ့ပြန်ပါတယ်။ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အကျိုးရှိတာမို့ ဘယ်လိုအရောင်အသွေးပင်ရှိရှိ ခုလိုမျိုး ဆောင်ရွက်ချက်ကလေးတွေကို ကြိုဆိုပါတယ်။

ဒါပေမဲ့ နေရာတော်တော်များများမှာ တာဝန်ယူနေရတဲ့ အစိုးရ၀န်ထမ်း ဆရာဝန်တွေနှင့် ပရဟိတ အဖွဲ့အစည်းတွေရဲ့ ပွတ်တိုက်မှုတွေကလည်း ကျယ်ကျယ်လောင်လောင်ကို ကြားလာရပါတော့တယ်။ အများစုသော တာဝန်ရှိဆရာဝန်တွေဟာ လက်ရှိအာဏာရ အဖွဲ့အစည်းတွေက ဆောင်ရွက်တဲ့ ပရဟိတ ဆေးကုသမှု လုပ်ငန်းတွေကို ပွဲလှရုံသက်သက် (for show) လို့ ထင်တတ်ကြပါတယ်။ အတိုက်အခံ အဖွဲ့အစည်းတွေကလုပ်တဲ့ ပရဟိတဆေးကုသမှု လုပ်ငန်းတွေကျပြန်တော့ တစ်ခေတ်က ပုံသွင်းခံခဲ့ရတဲ့အတိုင်း မရောင်ရာဆီလူး ထိုးနှက်မှုတွေလို့ ထင်တတ်ကြပါတယ်။ ပရဟိတသက်သက် လာပြန်တော့လည်း နောက်ကနေ ဘာအရောင်တွေ လိုက်လာမလဲလို့ မယုံရဲကြပြန်ဘူး။ ဒါဟာ ခွင့်ပြုချက်တွေပေးရမယ့် တာဝန်ရှိ အစိုးရ၀န်ထမ်း ဆရာဝန်တွေဘက်က ခံစားချက်ပါ။ 

ပရဟိတလုပ်ကြတဲ့ ဆရာဝန်တွေဘက်က ခံစားချက်ကျပြန်တော့ အဲဒီသွားလုပ်တဲ့ နယ်ကဆရာဝန်တွေဟာ အသပြာဆရာဝန်တွေဖြစ်တယ်။ ကိုယ်ရရှိတဲ့ ရာထူးနေရာလေးကို အသုံးချနေကြသူတွေဖြစ်တယ်။ သူတို့ ပြည်သူအတွက် အလုပ်မလုပ်လို့ ငါတို့လာလုပ်ပေးရတယ်လို့ အနည်းနှင့်အများ ထင်တတ်ကြပါတယ်။ ကြားဖူးတဲ့ အဖြစ်အပျက်ကလေး တစ်ခုကို ပြန်လည်တင်ပြရရင် အငြိမ်းစားဆရာဝန်ကြီး တစ်ဦးဟာ နယ်တစ်ခုမှာ ကုသပေးအပြီး ဘေးက၀ိုင်းကူနေတဲ့ တာဝန်ကျ ဆရာဝန်လေးကိုတောင် အားမနာနိုင်ဘဲ “ခုခေတ်က ဆိုးလာတယ်ဗျ။ ဆရာဝန်တွေက ကျင့်ဝတ်နှင့် မညီတော့ဘူး။ ငွေမှငွေဆိုပြီး ငမ်းငမ်းတက်ဖြစ်နေကြတာပဲ။ ဒါ့ကြောင့် ကျုပ်တို့ပင်စင်စားတွေက မနားနိုင်တဲ့ အခမဲ့တွေ လိုက်ကုပေးနေတာ” လို့ မဏ္ဍပ်တိုင် တက်ပြလိုက်ပါတယ်။ ခံပြင်းသွားတဲ့ ဘေးကကူနေတဲ့ အစိုးရဆရာဝန်လေးက “ဆရာကြီးရယ် ဆရာကြီးတို့ခေတ်ကလည်း လူနာတွေကန်တော့တဲ့ ပါတိတ်တွေ စာအိတ်တွေနဲ့ အဆင်ပြေခဲ့တာပဲ မဟုတ်လား။ ဆရာကြီးသားသမီးတွေအားလုံး နိုင်ငံခြားပို့ထားရတဲ့အထိ အစိုးရလစာလေးနဲ့ လောက်လို့လား အရင်တုန်းက ငွေမှငွေ ငမ်းငမ်းတက် အလုပ်လုပ်ခဲ့ပြီ နေ၀င်ချိန်ကျမှ ခုလိုအခမဲ့လိုက်ကုရင်း အာပတ်ဖြေမနေပါနဲ့” လို့ ပြောတဲ့အတွက် အငြင်းတွေပွား တိုင်စာတွေတက် ဆရာကြီးလည်းသွေးတိုး၊ ဆရာလေးလည်း လူဆိုးဖြစ်သွားတယ်လို့ သိလိုက်ရပါတယ်။

အလုပ်ထဲမ၀င်သေးတဲ့ ဆရာဝန်လေးတစ်ဦးက အလှူငွေလေးတွေ လက်ခံ၊ နယ်တွေအစုံလှည့် အခမဲ့ ဆေးကုပေးပါတယ်။ နယ်တစ်နယ်ရောက်သွားတော့ ဆေးကုရုံတင်မက အဲဒီနယ်မှာရှိတဲ့ တာဝန်ကျအစိုးရ ၀န်ထမ်းဆရာဝန်တွေရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို ဝေဖန်ပါတယ်။ အပြုသဘော ဖြည့်ဆည်းပေးလိုတဲ့ ရည်ရွယ်ချက်လို့ ယူဆပေးလို့ရပေမယ့် လူမှုမီဒီယာတွေထဲမှာ လိုသလိုတွေးနိုင်တဲ့ အရေးအသားမျိုးနှင့် ရေးမိလိုက်တော့ တာဝန်ကျတဲ့ ဆရာဝန်ဆီကို ရိုက်ခတ်မှုတွေ ဖြစ်စေပါတော့တယ်။ နှစ်ဦးရင်းနှီးခဲ့တဲ့ ယခင်က ဆက်ဆံရေးကို ဘယ်လိုမှ ပြန်လည်တည်ဆောက်လို့ မရတော့ပါဘူး။ အသာအယာ တွေ့ဆုံလိုက်ရင် ပြီးသွားမယ့်ကိစ္စကို မလုပ်မိကြတဲ့အတွက် အပ်နှင့်ထွင်းရမှာ ပုဆိန်နှင့်ပေါက်တဲ့ အဆင့်အထိ ရောက်ကုန်ပါတော့တယ်။ တကယ်နစ်နာတာကတော့ ကြားထဲကပြည်သူတွေပါ။

တကယ်တော့ ဘယ်လိုအဖွဲ့အစည်းကဖြစ်ဖြစ် အာဏာရ အဖွဲ့အစည်းတွေကပင်ဖြစ်စေ နယ်မြေတစ်ခုမှာ ဆေးကုသမှု ပြုလုပ်တော့မယ်ဆို ခွင့်ပြုချက်ယူကို ယူရပါတယ်။ ကျွန်တော်တို့က နယ်လှည့်စက်ပြင်မှာ မဟုတ်ပါဘူး။ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေကို ကုသပေးမှာပါ။ မှန်ကန်တဲ့ ကုသမှုတွေ ကျင့်ဝတ်နဲ့ညီတဲ့ ကုထုံးတွေကို လိုအပ်ပါတယ်။ လူတွေကို အခမဲ့ဆိုပြီး အစမ်းသပ်ခံတွေအဖြစ် အသုံးချခံတွေအဖြစ် လုံးဝအရောက်မခံစေလိုပါဘူး။ ဒါကြောင့် ဆေးကုသမှု အဖွဲ့တစ်ခု လာတော့မယ်ဆို ကြိုတင်အချိန်ယူပြီး လာကုမယ့် ဆရာဝန်တွေရဲ့ အမည်နာမ ဘွဲ့ထူးကျွမ်းကျင်မှုတွေကို ပူးတွဲတင်ပြကာ ခွင့်ပြုမိန့်တောင်းခံဖို့ လိုကိုလိုအပ်ပါတယ်။ သက်ဆိုင်ရာ ဒေသတာဝန်ခံတွေကတစ်ဆင့် အထက်ကိုတင်ပြပြီး မှန်ကန်မှုအတွက် စိစစ်ခွင့်ပြုပေးရပါတယ်။ မစိစစ်မိခဲ့လို့ ကိုးတန်းတောင်မတတ်တဲ့ ရမ်းကုက ကလေးအထူးကု ခွဲစိတ်ဆရာဝန်ကြီး ဦးမောင်မောင်အဖြစ် အယောင်ဆောင်လာတာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံနှင့် စည်ပင်အရာရှိ ဇနီးမောင်နှံတို့က အိမ်ဦးခန်းတင် ကျွေးထားကြပါတယ်။ ကျွန်တော်ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး မနည်းနှင်ချရပါတယ်။ ပြည်သူတွေရဲ့ အသက်တင်မက မိဘသဖွယ်ထားရတဲ့ ဆရာကြီးရဲ့ ဂုဏ်သိက္ခာကိုပါ ကာကွယ်နိုင်ခဲ့ပါတယ်။ အမှန်အကန်တစ်ယောက်ကို ခွင့်ပြုမိန့်တင်ခိုင်းတာဟာ မလိုအပ်ဘူးလို့ ယူဆရင် ဖော်ပြခဲ့သလို အတုအယောင်တစ်ယောက်က ကျူးလွန်သွားမှာကိုလည်း ကာကွယ်နိုင်တော့မှာ မဟုတ်ပါဘူး။ နားလည်ပေးကြစေလိုပါတယ်။

တကယ်တမ်းစင်စစ် ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ ကျန်းမာရေး အာမခံစနစ်တစ်ခု ပေါ်ပေါက်မလာသေးတဲ့အတွက် ဆိုခဲ့သလို နယ်လှည့်ကုပေးနေရတဲ့ အဖွဲ့တွေ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်စေတာပါ။ ကျန်းမာရေးအာမခံစနစ်တစ်ခု ပီပီပြင်ပြင် ပေါ်ထွက်လာရင် ဒီလိုကိစ္စတွေ လျော့ပါးလာမှာ အမှန်ပါပဲ။

ကျွန်တော့်ရဲ့ ခံယူချက်ကို တင်ပြရရင် ကျွန်တော်တို့ အစိုးရ၀န်ထမ်း ဆရာဝန်တွေကိုယ်တိုင် အားလပ်ချိန်တွေ စုစည်းစနစ်တကျ ခွဲခြမ်းသတ်မှတ်ပြီး အခမဲ့နယ်လှည့် ကုသမှုလေးတွေ ပရဟိတ လုပ်ငန်းလေးတွေကို ကိုယ်တိုင်သီးသန့်သော် လည်းကောင်း၊ စိစစ်ခွင့်ပြုလိုက်တဲ့ အဖွဲ့တွေနှင့် ပူးပေါင်း၍ လည်းကောင်း လုပ်ကိုင်ပေးလိုက်ရင် ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဖြစ်သွားတော့မှာပါပဲ။ ကျွန်တော် တာဝန်ယူထားတဲ့ မြို့ကလေးမှာဆိုရင် လပြည့်လကွယ်နေ့တိုင်း အခမဲ့ပြင်ပလူနာ ဆေးကုခန်းလေးကို ဖွင့်လှစ်ပေးပါတယ်။ အနယ်နယ်အရပ်ရပ်က အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုနှင့် အပတ်စဉ် လူနာနှစ်ရာ ပတ်ဝန်းကျင်ကို ကုသပေးနိုင်ခဲ့ပါတယ်။ မြို့နယ်က စံပြလုပ်ပြလိုက်တဲ့အခါ အောက်ကတိုက်နယ်တွေကလည်း လိုက်လံလုပ်ကိုင် လာကြပါတယ်။ တစ်မြို့နယ်လုံးဆိုရင် တစ်လတစ်လ လူနာထောင်နှင့်ချီ အခမဲ့ ကုပေးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း အလှူရှင်တွေရှာ မျက်စိအတွင်းတိမ်တွေ အခမဲ့ ခွဲပေးနိုင်ခဲ့တာ တစ်နှစ်တာကာလအတွင်း မျက်လုံးပေါင်း ငါးရာကျော်ခဲ့ပါပြီ။ အလှူရှင်တွေရှာ လည်ပင်းကြီး ဝေဒနာသည်တွေကို ရန်ကုန်အထိပို့ ခွဲစိတ်ကုသလိုရင်ခွဲ ဆေးပေးစရာရှိ ပေးနိုင်ခဲ့ပါတယ်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာတွေကို ခွဲစိတ်မယ့် နေရာတွေကို အခမဲ့ပို့ ဆောင်ကုသပေးခဲ့ပါတယ်။ စရိတ်ငြိမ်း စားစရာသောက်စရာ သွားစရာ အကုန်စီစဉ်ပေးခဲ့တာပါ။ အကျိုးအမြတ်ကတော့ ပြည်သူက ကျန်းမာရေးဌာနကို ပိုမိုအားကိုးလာတာပါပဲ။ ကျန်းမာရေးဌာနသည်ပင် ပရဟိတဌာန တစ်ခုဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း အားလုံးသည်ပင် ပရဟိတလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည်လို့ အချိန်တိုအတွင်း ပြည်သူတွေက လက်ခံလာတဲ့အခါ ပြည်သူတွေရဲ့အား ပြည်သူတွေကိုယ်နှိုက်ရဲ့ ထိန်းသိမ်းမှုကြောင့် မည်သို့သော ပရဟိတအဖွဲ့တွေ လာလာပွတ်တိုက်မှု နည်းလာပါတော့တယ်။ ကျွန်တော်တို့လည်း ကုသိုလ်လည်းရ ၀မ်းလည်းဝ ပြဿနာလည်း ကင်းလာပါတော့တယ်။

ကျွန်တော်ကျန်းမာရေးနဲ့ နှီးနွှယ်တဲ့ ပရဟိတအလုပ်တွေကို ပိုလုပ်နေပါတယ်။ နောင်လည်းလုပ်ဦးမှာပါ။ မည်သို့သော အရောင်ပင် ဖြစ်စေကာမူ ပြည်သူအတွက် အကျိုးရှိတယ်ဆိုရင် အခမဲ့ နယ်လှည့်ကုသပေးတဲ့ အဖွဲ့တိုင်းကို ဖိတ်ခေါ်ပါတယ်။ မျှော်မှန်းထားတာထက်ပိုအောင် ကူညီပေးမှာပါ။

ဒါပေမဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းတော့ လိုက်နာဖို့ လိုအပ်ပါတယ်။ ပရဟိတ (အခမဲ့) ဆိုတာနဲ့ ဥပဒေစည်းကမ်းကို တရားဝင် ချိုးဖောက်ခွင့် မရပါဘူး။ ဘာလို့လဲထပ်မေးရင် ဖြေခွင့်ပြုပါ။ ကျွန်တော်တို့ဟာ အစားမထိုးနိုင်တဲ့ လူသားတွေရဲ့ အသက်နှင့် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ ဖြစ်နေလို့ပါပဲ။ ကျေးဇူးတင်ပါတယ်။ 

((ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးနေစဉ်))
((ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးနေစဉ်))


(Written by: နန္ဒဝင်း (ဆေး - ၁))

အမှန်တော့ ကျွန်တော်ဒီစာကိုရေးဖို့ အတော့်ကို စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးဆန္ဒ ဒေါသဘယာ မောဟကင်းအောင် အတတ်နိုင်ဆုံး ဆင်ခြင်ပြီး တွေးမိတဲ့အတွေးကို တင်ပြလိုက်ရပါတယ်။ ယခုနောက်ပိုင်း ကာလတွေမှာ မြန်မာပြည်အနှံ့ နေရာတော်တော်များများမှာ အခမဲ့ဆေးကုသခြင်း ဆိုတာတွေက ကျယ်ကျယ်ပြန့်ပြန့်ကို တွေ့လာရပါတယ်။ လက်ရှိအာဏာရနေတဲ့ အဖွဲ့က စီစဉ်မှု၊ အတိုက်အခံတွေက စီစဉ်မှုစတဲ့ နိုင်ငံရေးအရောင်ခံ လှုပ်ရှားမှုတွေရှိသလို ပရဟိတစင်စစ် ဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်း ရှိကြပါတယ်။ အဓိက ၀န်ဆောင်မှုပေးနေတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်း ဆရာဝန်တွေကို ကြည့်မိလိုက်တဲ့ အခါမှာလည်း အစိုးရအလုပ်ကို လုပ်ကိုင်ခြင်းမရှိဖူးတဲ့ သို့မဟုတ် အလုပ်က အနားယူသွားတဲ့ ဆရာဝန်ကြီးတွေနှင့် အစိုးရအလုပ်ကို မ၀င်တဲ့ သို့မဟုတ် မ၀င်ရသေးတဲ့ ဆရာဝန်လေးတွေ ဆိုပြီးတော့ အဓိကနှစ်မျိုးနှစ်စား သွားတွေ့ပြန်ပါတယ်။ လိုအပ်နေတဲ့ ပြည်သူတွေအတွက် အကျိုးရှိတာမို့ ဘယ်လိုအရောင်အသွေးပင်ရှိရှိ ခုလိုမျိုး ဆောင်ရွက်ချက်ကလေးတွေကို ကြိုဆိုပါတယ်။

ဒါပေမဲ့ နေရာတော်တော်များများမှာ တာဝန်ယူနေရတဲ့ အစိုးရ၀န်ထမ်း ဆရာဝန်တွေနှင့် ပရဟိတ အဖွဲ့အစည်းတွေရဲ့ ပွတ်တိုက်မှုတွေကလည်း ကျယ်ကျယ်လောင်လောင်ကို ကြားလာရပါတော့တယ်။ အများစုသော တာဝန်ရှိဆရာဝန်တွေဟာ လက်ရှိအာဏာရ အဖွဲ့အစည်းတွေက ဆောင်ရွက်တဲ့ ပရဟိတ ဆေးကုသမှု လုပ်ငန်းတွေကို ပွဲလှရုံသက်သက် (for show) လို့ ထင်တတ်ကြပါတယ်။ အတိုက်အခံ အဖွဲ့အစည်းတွေကလုပ်တဲ့ ပရဟိတဆေးကုသမှု လုပ်ငန်းတွေကျပြန်တော့ တစ်ခေတ်က ပုံသွင်းခံခဲ့ရတဲ့အတိုင်း မရောင်ရာဆီလူး ထိုးနှက်မှုတွေလို့ ထင်တတ်ကြပါတယ်။ ပရဟိတသက်သက် လာပြန်တော့လည်း နောက်ကနေ ဘာအရောင်တွေ လိုက်လာမလဲလို့ မယုံရဲကြပြန်ဘူး။ ဒါဟာ ခွင့်ပြုချက်တွေပေးရမယ့် တာဝန်ရှိ အစိုးရ၀န်ထမ်း ဆရာဝန်တွေဘက်က ခံစားချက်ပါ။

စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား

Photo: စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းမှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ပြောကြား

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်းရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မြှင့်တင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းသည် အဓိက အရေးပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ စစ်ဒဏ်ကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကင်တားနားက ပြောကြားသည်။

“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းချက်တွေကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေက အားနည်းနေပါသေးတယ်။ မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံတင် မဟုတ်ဘဲ စစ်မှန်ပြီးရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေပါ ပြုလုပ်ဖို့ လိုပါတယ်” ဟု ကင်တားနားကဆိုသည်။

ထို့အပြင် Unity အပတ်စဉ် သတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦး ထိန်းသိမ်းခံရခြင်း၊ Eleven Media Group မှ လွိုင်ကော်သတင်းထောက်မခိုင် ဖမ်းဆီးခံရခြင်းတို့သည် မီဒီယာအပေါ် ဖိနှိပ်မှုများ ရှိနေသည်ကို ဖော်ပြနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။

“တစ်ချိန်က မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလောက ပွင့်လင်းလာမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ချီးကျူးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိုမိုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ သတင်းထောက်တစ်ဦးရဲ့ ရေးသားမှုအတွက် ထောင်ချတာမျိုး မလုပ်သင့်ပါဘူး။ ငွေဒဏ်လိုမျိုး တခြားနည်းလမ်းတွေနဲ့ အရေးယူသင့်ပါတယ်” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက ပြန်လည်ဖြေဆိုသည်။

နိုင်ငံရေးအကျဉ်းသား အများစု လွှတ်ပေးခြင်းသည် ဦးသိန်းစိန်အစိုးရလက်ထက် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သော်လည်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ရဲတပ်သားများမှ အကျဉ်းသားများကို နှိပ်စက်ညှဉ်းပန်းမှုများ အဆုံးသတ်ရန် မစ္စတာကင်တားနားက တောင်းဆိုသည်။

ဆက်လက်၍ အဓမ္မ မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို မစ္စတာကင်တားနားက “လက်ရှိမြန်မာနိုင်ငံမှာ အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အဓမ္မ မြေယာသိမ်းဆည်းမှု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ ပိုပြီးတော့ များပြားလာပါတယ်။ ဒါတွေကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အဓမ္မ မြေယာသိမ်းဆည်းမှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင့်တော်သလို အရေးယူဆောင်ရွက်ပေးဖို့ ဖြစ်နိုင်မှာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ အမြဲမပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။ ပြည်သူလူထုနဲ့ အစဉ်ထိတွေ့နေခြင်းအားဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို သိလာနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့အပြင် စီးပွားရေးဆိုင်ရာ စီမံကိန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကြောင့် မြေယာသိမ်းဆည်းမှုများ၊ အဓမ္မ ရွှေ့ပြောင်းခိုင်းမှုများ တွေ့ကြုံနေရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေနှင့် သီလဝါ အထူးစီးပွားရေးဇုန် နယ်မြေများကဲ့သို့သော နေရာများအတွက် အဓမ္မရွှေ့ပြောင်းခိုင်းမှုများ ဖြစ်ပေါ်ခဲ့ရသည်ကို ထောက်ပြ၍ ၎င်းက ဒေသခံများကို သင့်လျော်သည့် လျော်ကြေးငွေနှင့် ပြန်လည်အခြေချမှုများ လုပ်ပေးသင့်ကြောင်း ထောက်ပြခဲ့သည်။

ရခိုင်ပြည်နယ်၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ် ဒူးချီးယားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိအစိုးရမှ စုံစမ်းစစ်ဆေး တွေ့ရှိချက်များသည် ဘက်လိုက်မှုများ ရှိနေနိုင်ကြောင်း၊ ထို့ကြောင့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခွင့်ပြုရန် တောင်းဆိုကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လိုလားကြောင်း ၎င်းကပြောကြားသည်။

“လက်ရှိရခိုင်ပြည်နယ် အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါသေးတယ်။ မတူညီတဲ့ ဘာသာဝင်တွေကလည်း ရောထွေးနေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဘင်္ဂါလီတွေ အပေါ်မှာ စနစ်တကျ ခွဲခြားဆက်ဆံမှုမျိုးတွေ တွေ့မြင်ခဲ့ရပါတယ်” ဟု ကင်တားနားကဆိုသည်။

မစ္စတာကင်တားနား၏ ယခုအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် နောက်ဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုပါ သွားရောက်လေ့လာခဲ့သည်။ ကင်တားနားသည် ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီကျော်တွင် လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။      

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းနှင့် ၎င်းတို့တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အဓမ္မ မြေယာသိမ်းဆည်းခံရခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန် နှေးကွေးနေခြင်းတို့သည် အဓိက အကြောင်းရင်းများဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားက ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မြှင့်တင်ရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းသည် အဓိက အရေးပါကြောင်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေကြောင်း၊ စစ်ဒဏ်ကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကင်တားနားက ပြောကြားသည်။

“နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ကြိုးပမ်းချက်တွေကို တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ လုပ်ဆောင်မှုတွေက အားနည်းနေပါသေးတယ်။ မြန်မာအစိုးရ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရုံတင် မဟုတ်ဘဲ စစ်မှန်ပြီးရေရှည်ခံတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေပါ ပြုလုပ်ဖို့ လိုပါတယ်” ဟု ကင်တားနားကဆိုသည်။

မြေသိမ်းခံ ၂၆ ရွာမှ ဒေသခံများက လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပ

Photo: မြေသိမ်းခံ ၂၆ ရွာမှ ဒေသခံများက လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပ

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ ဒေသခံတောင်သူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေသခံတောင်သူ ၂၀၀ ခန့်က ၀က်မှေးကျေးရွာဟောင်း အနီးရှိ တောင်စောင့်နတ်ကွန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၂၆ ရွာ ကိုယ်စားပြုကာ ပထမဆုံးအကြိမ် စုဝေးကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတောင်ကြီးက ဒေသခံတွေအတွက် ယာမြေအထွက်တိုးစေတယ်။ တောင်ကြီးမှာ မှိုရှာမျှစ်ရှာ ဆူးပုပ်ရွက်ခူးနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးတယ်လို့ ယုံကြည်ထားကြတယ်။ တစ်နှစ်တစ်ခါတော့ တောင်စောင့်နတ်မင်းတွေကို ကိုယ့်အစီအစဉ်နဲ့ ပူဇော်ပသတာတွေ လုပ်တယ်။ ဒီနှစ်မှာတော့ ပထမဆုံးအကြိမ်အဖြစ် ဒေသခံတောင်သူတွေ ပေါင်းစုပြီး ကျေးရွာ ၂၆ ရွာ ကိုယ်စားပြုပြီး မိုးကြိုးပြင်၊ ဆည်တည်း၊ ကံတော၊ ၀က်မှေး၊ တောကျောင်း၊ ရွှေလှေ၊ တုံ၊ ဇီးတောစတဲ့ ဒေသခံတောင်သူတွေက ကန်တော့ပွဲတွေ စုပေါင်းပြီး တောင် ၃၃ လုံးက တောင်စောင့်နတ်မင်းအားလုံးကို ပင့်ဖိတ်ပြီး ပူဇော်ပါတယ်။ နတ်ကွန်းကလည်း အခုဆိုရင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးနားတောင် ရောက်နေပါပြီ” ဟု လက်ပံတောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံးမှ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပရန် ဒေသခံများ သွားရောက်နေသည်ကို တွေ့ရစဉ်
လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံးမှ တောင်စောင့်နတ်များကို ပူဇော်ပွဲကျင်းပရန် ဒေသခံများ သွားရောက်နေသည်ကို တွေ့ရစဉ်

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ ဒေသခံတောင်သူများက ဖေဖော်ဝါရီ ၁၈ ရက်တွင် လက်ပံတောင်းတောင်ဒေသ အရံတောင် ၃၃ လုံး၏ တောင်စောင့်နတ်များကို ပူဇော်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဒေသခံတောင်သူ ၂၀၀ ခန့်က ၀က်မှေးကျေးရွာဟောင်း အနီးရှိ တောင်စောင့်နတ်ကွန်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၂၆ ရွာ ကိုယ်စားပြုကာ ပထမဆုံးအကြိမ် စုဝေးကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတောင်ကြီးက ဒေသခံတွေအတွက် ယာမြေအထွက်တိုးစေတယ်။ တောင်ကြီးမှာ မှိုရှာမျှစ်ရှာ ဆူးပုပ်ရွက်ခူးနဲ့ ဒေသခံတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးတယ်လို့ ယုံကြည်ထားကြတယ်။

မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ မွေးဖွားပြီးနောက် ၃၂ နာရီကျော်အကြာတွင် အသက်ဆုံးရှုံး

Photo: မန္တလေးမြို့၌ ရင်ချင်းဆက်အမြွှာ မွေးဖွားပြီးနောက် ၃၂ နာရီကျော်အကြာတွင် အသက်ဆုံးရှုံး

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့၌ မွေးဖွားခဲ့ပြီးနောက် နာရီပေါင်း ၃၂ နာရီကျော်ကြာအချိန်တွင်  သေဆုံးသွားခဲ့ကြောင်း မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီအချိန်ခန့်က ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး ကလေးများ၏ ကျန်းမာရေးအခြေအနေအရ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့သော်လည်း ကလေးများ၏ မွေးရာပါ ကျန်းမာရေးချို့ယွင်းချက်များကြောင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

“ရင်ချင်းဆက်အမြွှာ သေဆုံးသွားခဲ့တာက ဒီနေ့မနက် ၂ နာရီ ၅၀ မိနစ် အချိန်ပါ။ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေက မွေးဖွားလာစဉ်ကတည်းက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါလာပါတယ်။ အူအိတ်ထဲမှာလဲ အသည်းစတွေ ပါနေပါတယ်။ သူတို့ကို ဆေးရုံမှာရှိတဲ့ ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးတွေနဲ့ ကလေးအထူးကုဆရာဝန်ကြီးတွေအပြင် သက်ဆိုင်ရာဆရာဝန်ကြီးတွေက လိုအပ်တဲ့ ဆေးဝါးကုသမှုတွေပေးခဲ့သလို အချိန်နဲ့အမျှ စောင့်ရှောက်မှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ကလေးတွေ သေဆုံးရတဲ့ အဓိကအကြောင်းအရင်းကို ပြောရမယ်ဆိုရင် အမြွှာကလေးတွေဟာ မွေးဖွားပြီးချိန်ကစပြီး အောက်စီဂျင်ပေးထားရတယ်။ လိုအပ်တဲ့ဆေးတွေ သွင်းတယ်၊ သွေးသွင်းတယ်။ ကလေးတွေဟာ မွေးလာကတည်းက နှလုံးဟာ တစ်ခုထဲ ပါလာတယ်။ အဆုတ်က လဲမကောင်းဘူး။ ရင်ခေါင်းကလဲ သေးတော့ အဆုတ်ဖွံ့ဖြိုးမှုမရှိဘူး။ အဆုတ်ဖွံ့ဖြိုးမှုမရှိတော့ အသက်ရှူတဲ့နေရာမှာ အဆင်မပြေတော့ဘူး။ အဓိကကတော့ နှလုံး၊ အဆုတ်နဲ့ အောက်စီဂျင် ကောင်းကောင်းမရတာတွေက အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ သုံးသပ်ကြည့်လို့ရပါတယ်”ဟု မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်စိုးက ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက သတင်းမီဒီယာများအား တွေ့ဆုံရာတွင် ယင်းသို့ ရှင်းလင်းပြောကြားခဲ့သည်။

“ကလေးတွေကို မမွေးခင်က အင်္ဂါမစုံဘူးလို့ ထင်ထားခဲ့တာပါ။ အခုမွေးဖွားပြီးတဲ့အချိန်မှာ သူတို့အင်္ဂါအစုံအလင်နဲ့ မြင်ရတော့ ၀မ်းသာမိတယ်။ အခုလို ဆုံးရှုံးလိုက်ရတယ်ဆိုတော့ ၀မ်းနည်းမိတာပေါ့။ သူတို့ ရဲ့ ကံပေါ့ဗျာ”ဟု ရင်ချင်းဆက်အမြွှာနှစ်ဦး၏ ဖခင်ဖြစ်သူ ကိုကျော်နိုင်က ဆိုသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာနှစ်ဦးမှာ ယောက်ျားလေးများဖြစ်ပြီး မွေးဖွားပြီးချိန်တွင် နှစ်ဦး၏ ကိုယ်အလေးချိန်မှာ ၅ ဒဿမ ၁ ကီလိုဂရမ် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ် တစ်လျှောက်တွင် ရင်ချင်းဆက်အမြွှာ မွေးဖွားခဲ့မှုမှာ ယခု မန္တလေးမြို့တွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာမှာ ခြောက်ကြိမ်မြောက်အဖြစ် မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း ကလေးများ၏ ကျန်းမာရေးအခြေအနေအရ နောက်ဆုံးတွင် အသက်ဆုံးရှုံးသွားခဲ့ရကြောင်း သိရသည်။ ကျန်းမာရေးဖြစ်စဉ်များတွင် ထူးခြားမှုများအဖြစ် ရင်ချင်းဆက်အမြွှာများအား မကြာခဏ တွေ့ရှိရတတ်ပြီး ရှားပါးဖြစ်စဉ်အနေဖြင့်လည်း ၂၀၀၂ ခုနှစ်တွင် မန္တလေးမြို့၌ တင်ပဆုံအရိုးကွင်းဆက်ဖြင့် မွေးဖွားလာခဲ့သည့် မိုးမမအောင်၊ မိုးပပအောင်နှင့် ၂၀၁၂ ခုနှစ်တွင် မန္တလေးမြို့၌ပင် တင်ချင်းဆက် အမြွှာနှစ်ဦးဖြစ်သည့် အောင်ခန့်ကျော် နှင့် အောင်မြတ်ကျော်တို့နှစ်ဦးအား အောင်မြင်စွာဖြင့် ခွဲစိတ်နိုင်ခဲ့ကြောင်း ကျန်းမာရေးဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

ရင်ချင်းဆက်အမြွှာ ကလေးငယ်များအား မသေဆုံးမီအချိန်ခန့်က တွေ့ရစဉ်
ရင်ချင်းဆက်အမြွှာ ကလေးငယ်များအား မသေဆုံးမီအချိန်ခန့်က တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ကျန်းမာရေးဖြစ်စဉ်တွင် ခြောက်ကြိမ်မြောက်အဖြစ် ရင်ချင်းဆက်အမြွှာအား မန္တလေးမြို့၌ မွေးဖွားခဲ့ပြီးနောက် နာရီပေါင်း ၃၂ နာရီကျော်ကြာအချိန်တွင် သေဆုံးသွားခဲ့ကြောင်း မန္တလေးခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ စုံစမ်းသိရသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာအား မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီအချိန်ခန့်က ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ကလေးအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး ကလေးများ၏ ကျန်းမာရေးအခြေအနေအရ မန္တလေး ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းသို့ ပြောင်းရွှေ့ကုသမှု ခံယူခဲ့သော်လည်း ကလေးများ၏ မွေးရာပါ ကျန်းမာရေးချို့ယွင်းချက်များကြောင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

“ရင်ချင်းဆက်အမြွှာ သေဆုံးသွားခဲ့တာက ဒီနေ့မနက် ၂ နာရီ ၅၀ မိနစ် အချိန်ပါ။ ကလေးတွေရဲ့ကျန်းမာရေးအခြေအနေက မွေးဖွားလာစဉ်ကတည်းက ရင်ဘတ်ပိုင်းကနေ ၀မ်းဗိုက်ပိုင်းအထိ ဆက်စပ်နေတဲ့အပြင် ချက်တိုင်နေရာမှာက Omthalocele လို့ခေါ်တဲ့ အူအိတ်က ကလေးတွေရဲ့ ၀မ်းဗိုက်အပြင်ဘက်ပိုင်းကို ထွက်ကျနေပြီးတော့ သူတို့ရဲ့ မွေးရာပါအဖြစ် ပါလာပါတယ်။ အူအိတ်ထဲမှာလဲ အသည်းစတွေ ပါနေပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis