menu

Sunday 6 January 2013

ဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Photo: ဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရန်ကုန်၊ ဇန်န၀ါရီ- ၆
နှစ်ပေါင်း ၁၆ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စာပေသည် သူမဘ၀၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားသည်။

ယနေ့နံနက် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် ဧရာဝတီ အပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ပြည်တွင်း၊ ပြည်ပ စာပေနယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့သည်။

စာပေနှင့် ယဉ်ကျေးမှုပေါင်းစုံအတွေးအခေါ်များကို အပြန်အလှန်ဖလှယ်နိုင်ရန် ယင်းဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်က ကြားခံဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး အပြောင်းအလဲများစွာဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအရ သက်ဝင်လှုပ်ရှားမှုများကို ထင်ဟပ်စေနိုင်မည်ဟု စာပေပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌမစ္စဂျိမ်းဟင်း(န်)ကပြောသည်။

စာပေပွဲတော်ကျင်းပရခြင်းကြောင့် ကမ္ဘာ့စာပေကိုလူအများကျယ်ကျယ်ပြန့်ပြန့်လေ့လာခွင့်ရနိုင်ပြီး အင်္ဂလိပ်ဘာသာစကားကို ပို၍နီးစပ်ကျွမ်းဝင်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"စာပေပေါင်းစုံနဲ့ အခြားအတွေးအခေါ်ပေါင်းစုံအပြင် ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကိုပိုပြီး တွေ့မြင်လာနိုင်ဖို့ ဒီလိုပွဲတော်မျိုးလုပ်တာကောင်းပါတယ်"ဟု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတေသနမှူး အဖြစ်ဆောင်ရွက်ခဲ့သူဆရာဦးသော်ကောင်းကပြောသည်။

ဓာတ်ပုံ- ရဲနောင်

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis