menu

Sunday 25 August 2013

ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို

ဆိုင်ကယ်စီးနင်းသူများကို ထောင်သုံးနှစ်ချမည်ဟုဆို
-------------------------
ရန်ကုန်-
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။ 

ပြီးခဲ့သည့် ဇူလိုင်လက ရန်ကုန်မြို့အတွင်း စီးနင်းခွင့်မရှိဘဲ မောင်းနှင်သည့် ဆိုင်ကယ် ၅၈၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံး (ရန်ကုန်)ထံမှ သိရသည်။

“အခု ခရိုင်လေးခုက ခရိုင်မှူးတွေ ဦးစီးပြီးဖမ်းမယ်။ လိုင်စင် ရှိရှိ၊ မရှိရှိ ထောင်သုံးနှစ်ပဲ။ စည်ပင်သာယာနယ်နိမိတ်ထဲမှာ ဆိုင်ကယ်လုံးဝမရှိစေရဘူးဆိုတဲ့ ရည်ရွယ်ချယ်နဲ့”ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးကပြောသည်။

“ဆေးလိပ်ငွေ့လိုပါပဲ။ ကြာရင်တော့ အငွေ့ပြယ်သွားမှာပဲလေ။ အခုတော့ ဆိုင်ကယ်ကို အိမ်ထဲမှာ သိမ်းထားလိုက်ဦးမယ်”ဟု ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ဖမ်းဆီးမှုပြုလုပ်မည်နှင့် ပတ်သက်၍ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဇူလိုင်လက မော်တော်ဆိုင်ကယ် မတော်တဆမှု၊ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု စုစုပေါင်း ၈၂ ခု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးကာ ၁၀၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုများကြောင့် လူ ၃၃၀၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်ဧပြီလအထိ လူ ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ယာဉ်မတော်တဆမှုများဖြင့် ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာများ၏ သုံးပုံနှစ်ပုံမှာ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်။

ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်တိုင်း စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ နယ် ၃၃ ခု တွင် ဆိုင်ကယ်စီးနင်းမှုများကို အရေးကြီးသွင်းကုန် ဥပဒေပုဒ်မ(၈)အရ ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချအရေးယူမည်ဟု သက်ဆိုင်ရာဒေသ အာဏာပိုင်များက ကြေညာထားသည်။

လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းသူများကို ယခင်က ဆိုင်ကယ်များကိုသာ ဖမ်းဆီးခဲ့သော်လည်း ယခုဖမ်းဆီးမှုတွင် စီးနင်းသူကိုပါ အပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

“ခရိုင်က ညွှန်ကြားတာပါ။ ညက ရပ်ကွက်ထဲက လူတွေအားလုံးသိအောင် လော်စပီကာနဲ့ လိုက်အော်တယ်။ ယာဉ်ထိန်းရဲရယ်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးထဲက တာဝန်ရှိသူတွေပေါင်းပြီး ဖမ်းမှာပါ”ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက
ပြောသည်။

နာမည်ကြီးလူသတ်မှုကိုမလေးတရားရုံးက ပြန်ပြင်ဆင်

နာမည်ကြီးလူသတ်မှုကိုမလေးတရားရုံးက ပြန်ပြင်ဆင်
===================
Ref-AFP
===================
၂၀၀၉ခုနှစ်က လူသတ်မှု တစ်ခုတွင် အပြစ်ပေးခံခဲ့ရသော အဆင့်မြင့်ရဲအရာရှိနှစ်ဦးအပေါ် မလေးရှားတရားရုံးတစ်ခုမှ သော ကြာနေ့က ပလပ်ခဲ့ရာ တိုင်းပြည် အတွက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်နှင့်ပါ ဆက်နွှယ်မှုရှိနေ သည့်သဘော ဝေဖန်ခဲ့ကြသည်။

အဇီလာဟာဒရီနှင့် ဆီရူ အဇာအူမာတို့ကို လူသတ်မှုဖြင့် ဖမ်းဆိးခဲ့သည်။ မလေးရှားအစိုးရ မှ ဒေါ်လာ၁ဒသမ၁ဘီလီယံဖိုးရှိScorpion အမျိုးအစား ပြင်သစ် ရေငုပ်သင်္ဘောများ ဝယ်ယူမှု တွင် အသက် ၂၈နှစ်အရွယ်ရှိ မွန်ဂိုလီးယားအမျိုးသမီးစကား ပြန်နှင့် မော်ဒယ်တစ်ဦးဖြစ်သောAltantuya Shaariibuu မှာ မသမာ ကြေးပေးရမှု၏ အရှုပ်တော်ပုံ၌ အဓိကပါဝင်ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အသတ်ခံခဲ့ရသည်။

နာဂျစ်၏ရင်းနှီးသော မိတ် ဆွေ အဗ္ဗဒူလ်ရာဇတ်က ၂၀၀၂ ခုနှစ်က ဝယ်ယူခဲ့သော ရေငုပ် သင်္ဘောများအတွက် မသမာကြေး ကို စီစဉ်ခဲ့ပြီး ထိုမသမာကြေးထဲမှ Altantuya ကဖြတ်ယူရန် နှောင့် ယှက်သည်ဟုစွပ်စွဲပြီး၊ ဝန်ကြီးများ လုံခြုံရေးတာဝန်ယူရသော အဆင့် မြင့်ရဲအရာရှိ နှစ်ဦးအား သတ် ဖြတ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ထိုအမှုတွင် ရဲအရာရှိနှစ်ဦး မှ ၎င်းတို့၏အထက်လူကြီးများ အတွက် ဖုံးဖိရန် ဓားစာခံခြင်းဖြစ် ကြောင်း ဝေဖန်ခံခဲ့ကြရသည်။
အမှုမပေါ်ရန် နှုတ်ဆိတ်၍ နေပေးမှုကြောင့် ရဲအရာရှိများ အား လွှတ်ပေးခြင်းဖြစ်ကြောင်း ဝေဖန်နေကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group < Thanks
Re-posted By ACM 25-8-2013 
https://www.facebook.com/excellencemedia

၂၀၀၉ခုနှစ်က လူသတ်မှု တစ်ခုတွင် အပြစ်ပေးခံခဲ့ရသော အဆင့်မြင့်ရဲအရာရှိနှစ်ဦးအပေါ် မလေးရှားတရားရုံးတစ်ခုမှ သော ကြာနေ့က ပလပ်ခဲ့ရာ တိုင်းပြည် အတွက် စိတ်ဝင်စားစရာ တစ်ခု ဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်နှင့်ပါ ဆက်နွှယ်မှုရှိနေ သည့်သဘော ဝေဖန်ခဲ့ကြသည်။

အဇီလာဟာဒရီနှင့် ဆီရူ အဇာအူမာတို့ကို လူသတ်မှုဖြင့် ဖမ်းဆိးခဲ့သည်။ မလေးရှားအစိုးရ မှ ဒေါ်လာ၁ဒသမ၁ဘီလီယံဖိုးရှိScorpion အမျိုးအစား ပြင်သစ် ရေငုပ်သင်္ဘောများ ဝယ်ယူမှု တွင် အသက် ၂၈နှစ်အရွယ်ရှိ မွန်ဂိုလီးယားအမျိုးသမီးစကား ပြန်နှင့် မော်ဒယ်တစ်ဦးဖြစ်သောAltantuya Shaariibuu မှာ မသမာ ကြေးပေးရမှု၏ အရှုပ်တော်ပုံ၌ အဓိကပါဝင်ပတ်သက်ခဲ့ပြီး ၂၀၀၆ ခုနှစ်က အသတ်ခံခဲ့ရသည်။

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာသတင်း အတိအကျ

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ ထန်းကန်းကျေးရွာအုပ်စု၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ် ၂၄( ၁၈:၃၅) နာရီ အချိန်၊ ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာအကြား ရေပြာလှျိုကန်နှင့် မန်ကျီးပင် အနီးတွင်( ဘ-ဦးပြူးကျော်၊ အမိ ဒေါ်ဌေးတင် ဆံပင်အလုပ်သမား လုပ်ကိုင်သူ မလှပြည့် (၂၅)နှစ် အား ထန်းကုန်းကျေးရွာမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် လူမျိုးတစ်ဦးက လက်ဆွဲပြီး မုဒိမ်းကျင့်ရန် ကြံစည်ကြိုးစားခဲ့သည်။

ထိုစဉ် မလှပြည့်သည် ရုန်းထွက်ပြေးပြီး အနီးရှိ တောင်သူ လုပ်ကိုင်နေသော အောင်ဇော်မြင့်(ဇီပင်သာ)ထံသို့ သွားရောက်အကူအညီ တောင်းခံခဲ့ သည်။

ယခု အခါ အဆိုပါ အမည်မသိ အစ္စလာမ်ဘာသာဝင်ကို ထန်းကုန်းရဲစခန်းသို့ ( ၁၈:၅၀) အချိန် တွင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ၁၉နာရီ ၁၀ မိနစ် အချိန်တွင် ဇီးပင်သာ ကျေးရွာ၊ ထန်ကုန်း ကျေးရွာသား (၁၅၀)ဦးခန့်၊ သံဃာတော်(၃)ပါးတို့သည် ထန်ကုန်းရဲစခန်းရှေ့တွင် တရားခံ ထုတ် ပေးရန် ၁၉ နာရီ ၃၀ မိနစ် အချိန်ထိ တောင်းခံခဲ့သည်။

မက္ကဆီကိုစီးတီးအနီး စုပုံမြှုပ်ထားသော အလောင်းများတွေ့

မက္ကဆီကိုစီးတီးအနီး စုပုံမြှုပ်ထားသော အလောင်းများတွေ့
=====================
Ref-AFP
=====================
ဩဂုတ်၂၂ရက်က မက္ကဆီ ကိုစီးတီးအနီး အစုလိုက်အပြုံ လိုက် မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ မေလက ပြန်ပေးဆွဲ ခံခဲ့ရသော လူငယ် ၁၂ဦး၏အ လောင်းများဟုတ်မဟုတ် စိုးရိမ် နေသောဆွေမျိုးများက သိချင် နေသည်။
ဩဂုတ် ၂၁ရက်က ပန်းခြံ တစ်ခုတွင် ရှာဖွေမှုစတင်ပြီး နောက် ပုပ်သိုးဆွေးမြည့်နေသော လူခုနစ်ဦးပါအလောင်းများတွေ့ ရခြင်းဖြစ်သည်ဟု မက္ကဆီကိုစီး တီး၏ ထိပ်တန်းရှေ့နေရိုဒေါ်လ် ဖိုရီယို့စ်က ပြောကြားခဲ့သည်။ အလုပ်သမားများက ဆက်လက် တူးဖော်ရှာဖွေလျက်ရှိသည်။
အလောင်းများကို ခွဲခြား သိရှိရန်အတွက် DNA ရလဒ် များရရှိရန် အနည်းဆုံးနှစ်ရက် ကြာမည်ဟု ရီယို့စ်က ပြောကြား ခဲ့သည်။ ပြန်ပေးဆွဲခံရသူများ မှာ အသက်၁၆နှစ်မှ ၃၄နှစ်အ ရွယ်အထိ ပါဝင်ပြီး လွန်ခဲ့သည့် သုံးလက တနင်္ဂနွေနေ့နေ့ခင်း ကြောင်တောင်မြို့လယ်ရှိ ဘား ဆိုင်တစ်ခုမှ အဓမ္မခေါ်ဆောင် ခံခဲ့ရသည်။
၎င်းဖြစ်ရပ်ကြောင့် မက္ကဆီ ကိုစီးတီး၏ လုံခြုံရေးကိစ္စအပေါ် စိုးရိမ်မှုများမြင့်မားလာခဲ့ပြီး မူး ယစ်ဆေးဝါးဂိုဏ်းများ၏ အကြမ်း ဖက်တိုက်ခိုက်မှုကို ယခင်ကနှင့် စာလျှင်ခုခံကာကွယ်နိုင်စွမ်းရှိပြီ ဆိုသည့်ယူဆချက်ကို စိန်ခေါ် လျက်ရှိသည်။
သင်္ချိုင်းမြေပုံကို မြို့တော် ၏အရှေ့တောင်ဘက် ၁၉မိုင် အကွာ တီလယ်မာနယ်လ်ကို စည်ပင်သာယာနယ်နိမိတ်အ တွင်း ရန်ချိုလာမီဆာဂေဟဗေဒ ပန်းခြံတွင် တွေ့ရှိခဲ့သည်။ အာ ဏာပိုင်များသည် ဩဂုတ်၂၁ ရက်က လက်နက်များရှာဖွေခဲ့ရာ ရပ်ထားသောနောက်တွဲယာဉ် တစ်ခုပေါ်မှ လက်နက်များ တွေ့ ရှိခဲ့သည်။ ထို့အပြင် ဘိလပ်မြေ ဖြင့်အုပ်ထားသော မြေနေရာ တစ်ခုကို တွေ့ရှိတူးဖော်ရာမှ အ လောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ် သည်ဟု ရဲအရာရှိတစ်ဦးက ပြော သည်။

ဩဂုတ်၂၂ရက်က မက္ကဆီ ကိုစီးတီးအနီး အစုလိုက်အပြုံ လိုက် မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ မေလက ပြန်ပေးဆွဲ ခံခဲ့ရသော လူငယ် ၁၂ဦး၏အ လောင်းများဟုတ်မဟုတ် စိုးရိမ် နေသောဆွေမျိုးများက သိချင် နေသည်။
ဩဂုတ် ၂၁ရက်က ပန်းခြံ တစ်ခုတွင် ရှာဖွေမှုစတင်ပြီး နောက် ပုပ်သိုးဆွေးမြည့်နေသော လူခုနစ်ဦးပါအလောင်းများတွေ့ ရခြင်းဖြစ်သည်ဟု မက္ကဆီကိုစီး တီး၏ ထိပ်တန်းရှေ့နေရိုဒေါ်လ် ဖိုရီယို့စ်က ပြောကြားခဲ့သည်။ အလုပ်သမားများက ဆက်လက် တူးဖော်ရှာဖွေလျက်ရှိသည်။
အလောင်းများကို ခွဲခြား သိရှိရန်အတွက် DNA ရလဒ် များရရှိရန် အနည်းဆုံးနှစ်ရက် ကြာမည်ဟု ရီယို့စ်က ပြောကြား ခဲ့သည်။ ပြန်ပေးဆွဲခံရသူများ မှာ အသက်၁၆နှစ်မှ ၃၄နှစ်အ ရွယ်အထိ ပါဝင်ပြီး လွန်ခဲ့သည့် သုံးလက တနင်္ဂနွေနေ့နေ့ခင်း ကြောင်တောင်မြို့လယ်ရှိ ဘား ဆိုင်တစ်ခုမှ အဓမ္မခေါ်ဆောင် ခံခဲ့ရသည်။
၎င်းဖြစ်ရပ်ကြောင့် မက္ကဆီ ကိုစီးတီး၏ လုံခြုံရေးကိစ္စအပေါ် စိုးရိမ်မှုများမြင့်မားလာခဲ့ပြီး မူး ယစ်ဆေးဝါးဂိုဏ်းများ၏ အကြမ်း ဖက်တိုက်ခိုက်မှုကို ယခင်ကနှင့် စာလျှင်ခုခံကာကွယ်နိုင်စွမ်းရှိပြီ ဆိုသည့်ယူဆချက်ကို စိန်ခေါ် လျက်ရှိသည်။

စစ်တွေမြို့တွင် နောက်ဆုံးကျန်သောဘင်္ဂါလီရပ်ကွက် စတင်ပြောင်းရွှေ့

စစ်တွေမြို့တွင် နောက်ဆုံးကျန်သောဘင်္ဂါလီရပ်ကွက် စတင်ပြောင်းရွှေ့
-----------------

ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့် အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။

“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။   

အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။

“သူတို့ဆန္ဒအတိုင်း လုပ်ပေးမှာပါ။ ပြောင်းဖို့ ဆန္ဒမရှိရင်လည်း သူတို့သဘောအတိုင်း စီစဉ်ပေးမယ်။ ကျွန်တော်တို့ကတော့ နားလည်အောင် ရှင်းပြပေးပါတယ်” ဟု  ဦးလှဟန်က ဆက်လက်ပြောသည်။ 

၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီး မြို့ပေါ်ရှိ ဘင်္ဂါလီရပ်ကွက်များမှာ သဲချောင်းတစ်ဝိုက်သို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ အင်ဗာလာရပ်ကွက်တစ်ခုတည်းသာ စစ်တွေမြို့ပေါ်တွင် ကျန်ရှိနေခြင်းဖြစ်သည်။ 

ယင်းအင်ဗာလာရပ်ကွက် မြို့ပေါ်တွင် ကျန်ရှိနေခြင်းကြောင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟုလည်း စစ်တွေဒေသခံများက ပြောသည်။ 

အင်ဗာလာရပ်ကွက်နေသူတစ်ဦးကမူ “ကျွန်တော်တို့က မပြောင်းချင်ဘူး။ ဒီမှာနေလာတာကြာပြီလေ”ဟု ဆိုသည်။ 

အင်ဗာလာရပ်ကွက်တွင် ခန့်မှန်းခြေလူဦးရေ ၆၀၀၀ ခန့် ရှိကြောင်း သိရသည်။ 


ဓာတ်ပုံ  - ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- စစ်တွေမြို့ပေါ်တွင် နောက်ဆုံးကျန်ရှိသော ဘင်္ဂါလီရပ်ကွက်ဖြစ်သည့် အင်ဗာလာရပ်ကွက်ကို သြဂုတ်လ ၂၄ ရက်မှစ၍ ရွှေ့ပြောင်းပေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

၎င်းတို့ကို သက္ကယ်ပြင်ကျေးရွာ အနောက်ဘက်တွင် ရခိုင်ပြည်နယ်အစိုးရက တည်ဆောက်ပေးထားသည့် ရှစ်ခန်းတွဲ တဲတန်းလျားများသို့ ရွှေ့ပြောင်းပေးနေခြင်း ဖြစ်သည်။

“အိမ်ထောင်စု ၈၅ စု လူဦးရေ တစ်ထောင်နီးပါး ပြောင်းပေးပြီးပြီ။ ပြောင်းဖို့စာရင်းပေးထားတဲ့ အိမ်ထောင်စု ၂၀၀ ကျော် ရှိပါတယ်”ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

အင်ဗာလာရပ်ကွက်ရှိ အချို့သော ဘင်္ဂါလီမိသားစုများမှာ နေရာရွှေ့ပြောင်းရန် ဆန္ဒမရှိကြဟုလည်း သိရသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌတို့ အပြန်အလှန် တရားစွဲ

Photo: ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌတို့ အပြန်အလှန် တရားစွဲ

ရန်ကုန်၊ သြဂုတ်၂၄

ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် (ဆုဗီဒီယိုထုတ်လုပ်ရေး) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၉ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းသည် အမှတ် ၁၆၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီးအနောက်ရပ်ကွက် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ရုံးခန်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ကျူးကျော် ဝင်ရောက်ကာ ဆက်လက်သုံးစွဲနေသဖြင့် အရေးယူပေးပါရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောကြားသည်။

ယင်းသို့ တိုင်တန်းမှုအပေါ် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်က“သူ့ဘက်က ကျွန်မကို ကြိုက်တဲ့ ပုဒ်မနဲ့ တရားစွဲလို့ရပါတယ်။ ကျွန်မဘက်ကလည်းသူ့ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်က မတရား ထုတ်ပယ်မှု၊ ကျွန်မရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် မဟုတ် တမ်းတရား စာသားတွေနဲ့ ရုပ်ရှင်အစည်းအရုံး ဝက်ဘ်ဆိုက်မှာ စာတွေဖြန့်ဝေမှု၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်အောင် ရုံးခန်းကို ပိတ်ဆို့ထားမှုတွေနဲ့ သြဂုတ်လ ၁၃ ရက်ကစပြီး တရားစွဲဖို့ လုပ်ထားပါတယ်။ သူနဲ့ကျွန်မ တရားရုံးမှာ တွေ့ကြတာပေါ့” ဟု သူ၏သဘောထားကို ဖွင့်ဟသည်။

ယင်းသို့ အပြန်အလှန် တရားစွဲဆိုမှုများသည် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး ကိစ္စများသာဖြစ်ပြီး မိမိတို့နှင့် မသက်ဆိုင်ကြောင်း၊ အနုပညာလောက ကောင်းကျိုးအတွက် လုပ်ကြသည့်ကိစ္စဆိုလျှင်မူ မှန်သည့်ဘက်က ထောက်ခံသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ဦးသူရ (ခ) ဇာဂနာက မှတ်ချက် ပြုသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် ဗီဒီယိုအခြေခံအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝင်းကြည်တို့ကို နုတ်ထွက်ပေးရန်အတွက် ဗီဒီယို ထုတ်လုပ်သူများ၊ ငှားရမ်းရေး လုပ်ငန်းရှင်များနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်၊ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဗီဒီယိုအခြေခံအဖွဲ့တို့မှ တာဝန်ရှိသူအချို့နှင့် သရုပ်ဆောင်မင်းဇော် စသည်ဖြင့် လူဦးရေ ၅၀ ကျော်က သြဂုတ်လ ၂၄ ရက် နံနက် ၁၁ နာရီတွင် မဟာဗန္ဓုလပန်းခြံ အနောက်ဘက်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲနှင့် ပတ်သက်၍ “ဆန္ဒပြတာကို ကျွန်တော်မကန့်ကွက်ဘူး။ ကျွန်တော်တို့လည်း ၈၈ တုန်းက ဆန္ဒပြခဲ့ဖူးတာပဲ။ ဒါပေမဲ့ ဆန္ဒပြတဲ့ စကားတွေကို အွန်လိုင်းက နားထောင်ကြည့်ရသလောက်တော့ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကို ရှေ့တန်းတင်ပြီး ပြောနေကြတယ်။ အနုပညာ တလောကလုံးကိုလည်း ကိုယ်စားပြုတယ်လို့ မထင်ဘူး။ ဆန္ဒပြရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာ မရှင်းလင်းဘူး။ ဆန္ဒပြတာကို အစိုးရက တရားဝင်ခွင့်ပြုထားတယ် ဆိုပေမယ့် ဒီနေ့ သူတို့ရဲ့လုပ်ရပ်က လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ လူတွေရဲ့မျက်နှာကို သဲနဲ့ပက်လိုက်သလို၊ မစင်နဲ့ပက်လိုက်သလို ခံစားရတယ်” ဟု ဦးသူရ (ခ) ဇာဂနာက ဆိုသည်။


အေးချမ်းမွန် Credit To > The Voice Weekly < Thanks
Re-posted By ACM 25-8-2013 
https://www.facebook.com/excellencemedia

ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော် (ဆုဗီဒီယိုထုတ်လုပ်ရေး) ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၉ ရက်နေ့တွင် တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ၎င်းသည် အမှတ် ၁၆၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီးအနောက်ရပ်ကွက် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ရုံးခန်းကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ကျူးကျော် ဝင်ရောက်ကာ ဆက်လက်သုံးစွဲနေသဖြင့် အရေးယူပေးပါရန် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောကြားသည်။

ယင်းသို့ တိုင်တန်းမှုအပေါ် ရန်ကုန်တိုင်း ဗီဒီယိုအခြေခံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမော်က“သူ့ဘက်က ကျွန်မကို ကြိုက်တဲ့ ပုဒ်မနဲ့ တရားစွဲလို့ရပါတယ်။ ကျွန်မဘက်ကလည်းသူ့ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်က မတရား ထုတ်ပယ်မှု၊ ကျွန်မရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် မဟုတ် တမ်းတရား စာသားတွေနဲ့ ရုပ်ရှင်အစည်းအရုံး ဝက်ဘ်ဆိုက်မှာ စာတွေဖြန့်ဝေမှု၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်အောင် ရုံးခန်းကို ပိတ်ဆို့ထားမှုတွေနဲ့ သြဂုတ်လ ၁၃ ရက်ကစပြီး တရားစွဲဖို့ လုပ်ထားပါတယ်။ သူနဲ့ကျွန်မ တရားရုံးမှာ တွေ့ကြတာပေါ့” ဟု သူ၏သဘောထားကို ဖွင့်ဟသည်။

တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ်

Photo: တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ်
Sunday, August 25, 2013

မြန်မာနိုင်ငံမှာ တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ် တွေကို မြင်ဖူးကြမှာပါ။ တပ်ပိုင်မြေဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာ အများပြည်သူအနေနဲ့ အတိအကျ မသိနိုင်ပါဘူး။ 

ဒါပေမယ့် တပ်ပိုင်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးကြရာမှာ အခုတော့ တပ်ပိုင်မြေတွေထဲက ဧက ၃ သောင်း ၇ ထောင် ကျော်ကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။ 
  
လွှတ်တော်ကို တင်ပြလာတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ တိုင်စာ ၆၅၅ စောင်ထဲက  ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က တိုင်စာ ၆၀၁ စောင်ကို စိစစ်ပြီး အခုလို တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေ ဧရိယာတွေထဲက ဧကပေါင်း ၃၇၅၄၆.၉၆ ကို ပြန်လည် စွန့်လွှတ်သွားမှာဖြစ်တယ်လို့ ယမန်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ကချင်၊ ကယား၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိနေတဲ့ တပ်ပိုင်မြေတွေထဲက အခုလို ဧက ၄ သောင်း နီးပါးကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ်လည်း တပ်ပိုင်မြေတွေထဲက စိစစ်ပြီး ထပ်မံ စွန့်လွှတ်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 


 တပ်ပိုင်မြေ သတ်မှတ်ထားသည့် နေရာတခု ၊ ဓာတ်ပုံ- ဧရာဝတီ

အိမ့်သံစဉ် ~ 

အေးချမ်းမွန် Credit To >ဧရာဝတီ < Thanks
Re-posted By ACM 25-8-2013 
https://www.facebook.com/excellencemedia
တပ်ပိုင်မြေ ဧက ၄ သောင်းနီးပါး စွန့်လွှတ်
Sunday, August 25, 2013

မြန်မာနိုင်ငံမှာ တပ်ပိုင်မြေဆိုတဲ့ ဆိုင်းဘုတ် တွေကို မြင်ဖူးကြမှာပါ။ တပ်ပိုင်မြေဆိုတာ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိတယ်ဆိုတာ အများပြည်သူအနေနဲ့ အတိအကျ မသိနိုင်ပါဘူး။

ဒါပေမယ့် တပ်ပိုင်မြေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြဆွေးနွေးကြရာမှာ အခုတော့ တပ်ပိုင်မြေတွေထဲက ဧက ၃ သောင်း ၇ ထောင် ကျော်ကို ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။

လွှတ်တော်ကို တင်ပြလာတဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ တိုင်စာ ၆၅၅ စောင်ထဲက ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်က တိုင်စာ ၆၀၁ စောင်ကို စိစစ်ပြီး အခုလို တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေ ဧရိယာတွေထဲက ဧကပေါင်း ၃၇၅၄၆.၉၆ ကို ပြန်လည် စွန့်လွှတ်သွားမှာဖြစ်တယ်လို့ ယမန်နေ့က ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။

ကင်တားနား ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး စုံစမ်းရေး ကော်မရှင်က ပြန်လည်စိစစ်လျက်ရှိ

ကင်တားနား ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး စုံစမ်းရေးကော်မရှင်မှ ပြန်လည်စိစစ်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စက်မှုဝန်ကြီးဌာနတွင် သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။
"တကယ်လို့သာ သူ့ကားကို လူအယောက် ၂၀၀ လောက်က ၀ိုင်းပြီးဆွဲကြရင် အဲ့ဒီဒေသမှာ ရှိတဲ့လူတွေမှာ မိုဘိုင်းဖုန်းတွေ ရှိနေတယ်။ သတင်းထောက်တွေလည်း ရှိနေတယ်။ တကယ်လို့ ကုလသမဂ္ဂကလည်း တစ်ဦးချင်းစီ ပြောသွားတာပါ။ သူပြောတဲ့ပေါ် မူတည်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ပြောလာမယ်ဆိုရင်လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက လိုအပ်သလို တုံ့ပြန်ရမှာပေါ့။ အဲ့ဒီအဖြစ်အပျက်တွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ လူတွေက သူ့ကားနားကို ယှဉ်ကပ်သွားတာက သူ့ကိုအန္တရာယ် ပြုမယ့်သူတွေ မဟုတ်ဘူး။ သူ့ကို စာပေးဖို့ ကပ်သွားတာပါ။ သူ့နားမှာလည်း လုံခြုံရေး အပြည့်အ၀ ရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာစစ်သားရဲဘော်များနှင့် အာလင်တန်

            အမေရိကန်နိုင်ငံသို့ရောက်ခဲ့စဉ်က အမေရိကန်နိုင်ငံ အာလင်တန် အမျိုးသား သင်္ချိုင်းသို့ ရောက်ခဲ့စဉ်က အဲဒီ့စစ်သင်္ချိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးကို ရေးချင်စိတ် အတော်ပြင်းပြခဲ့ပါတယ်။
ဒါပေမယ့် ရေးဖြစ်တဲ့ဆီကို မရောက်ခဲ့ပါဘူး။


ရေးမယ်လို့ စဉ်းစားတုန်းကလည်း ကိုယ့်နိုင်ငံကိုယ့်တိုင်းပြည်နဲ့ ကွာဝေးလွန်းလှတဲ့ ဒီမိုကရေစီစနစ်ကို အစွမ်းကုန်ကျင့်သုံးတဲ့ အမေရိကန်နိုင်ငံကရော၊ အမေရိကန်ပြည်သူပြည်သားများကရော သူတို့တိုင်းပြည်က စစ်သည်တွေ အပေါ်ထားတဲ့စိတ်ဓါတ်လေးကို မြတ်နိုးစရာ ဖြစ်လို့ပါ။

            တနေ့က ကျွန်မ ရန်ကုန်မြို့ထဲက Mr. Brown ဆိုင်ကို ရောက်ခဲ့ပါတယ်။  သူငယ်ချင်းနှစ်ဦးနဲ့ စကားစမြည် ပြောရင်း အအေးသောက်နေချိန်မှာ ကျွန်မအနားကို စစ်မှုထမ်းဟောင်း နှစ်ဦးရောက်လာပါတယ်။
လက်ထဲမှာ စာအုပ် လေးတွေ ကိုကိုယ်စီကိုင်ရင်း ကျွန်တော်တို့ထမင်းဖိုးအတွက် စာအုပ်ကလေးများအားပေးပါဦး လို့ ဆိုလာတဲ့ပုဂ္ဂိုလ်က သက်လတ်ပိုင်း လေးဆယ်ကျော် ငါးဆယ် ၀န်းကျင်လောက်ရှိပါတယ်။ သူ့ဘေးမှာ ရပ်နေတဲ့ စစ်သည်ကတော့ သုံး ဆယ်လောက်တောင်ရှိမယ်လို့ ကျွန်မ မထင်မိပါဘူး။

ဆီးရီးယားကို အရေးယူဖို့နည်းလမ်းများ အမေရိကန်စဉ်းစားနေ

Photo: ဆီးရီးယားကို အရေးယူဖို့နည်းလမ်းများ အမေရိကန်စဉ်းစားနေ

ဗွီအိုအေ (မြန်မာဌာန)
24.08.2013

ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ ဆိုတဲ့ ဆီးရီးယားအစိုးရအပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်ဆောင်ရွက်ဖို့ နည်းလမ်းတွေ တော်တော် များများ အမေရိကန်ပြည်ထောင်စုမှာ ရှိတယ်လို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။ Damascus မြို့တော် ရပ်ကွက်တခုအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေနဲ့ သုံးစွဲတိုက်ခိုက်တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဘရက်အိုဘားမား က အမျိုးသားလုံခြုံရေးရာ သူ့ရဲ့ ထိပ်တန်းအကြံပေးတွေ နဲ့ တွေ့ဆုံခဲ့တာနဲ့အတူ ခုလို အိမ်ဖြူတော်ရဲ့ ပြောကြားချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။
 
ဆီးရီးယားမှာ အမေရိကန်တပ်တွေကို သူ့အနေနဲ့ ဝန်လေးတဲ့အကြောင်း သမ္မတအိုဘားမားက အရင်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ချက် တစုံတရာချခဲ့ရင် အသင့်ဖြစ်နေအောင် ရေတပ်တွေ ပြင်ဆင် ထားတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေက ခိုင်ခိုင်မာမာ ရည်ညွှန်းနေပါတယ်။
 
ဆီးရီးယားအစိုးရအပေါ် စစ်ရေးအရတိုက်ခိုက်မယ်ဆိုရင် ဘယ်လို တိုက်ခိုက်မှုတွေ လုပ်နိုင်သလဲဆိုတာကို ကာကွယ်ရေးဌာနကို သမ္မတ အိုဘားမားက မေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး Chuck Hagel က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြေထဲပင်လယ်ထဲမှာ ပဲ့ထိန်းတပ် cruise missiles တွေ တပ်ဆင်ထားတဲ့ စတုတ္ထမြောက် စစ်သင်္ဘောကို ထပ်ပြီး ထားရှိမယ်လို့ ကာကွယ်ရေးဌာနက တာဝန်ရှိသူရဲ့ ပြောကြားချက် ပေါ်ထွက် လာခဲ့ပြီးနောက်မှာ ဝန်ကြီး Hagel က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
 
ဓါတုလက်နက်တွေသုံးတယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် ကုလသမဂ္ဂ ဦးဆောင်တဲ့အဖွဲ့ စုံစမ်းနိုင်ရေးအတွက် အမေရိကန်နဲ့ တခြားအင်အားကြီး နိုင်ငံတွေက ဖိအားပေးနေပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ လက်နက်ဖြုတ်သိမ်းမှုနဲ့ဆိုင်တဲ့ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် Angela Kane ဟာ Damascus မြို့တော်ကို ရောက်ရှိသွားပြီး ဓာတုဓာတ်ငွေ့နဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ နေရာတွေကို သွားရောက် စုံစမ်းနိုင်ခွင့်ရဖို့ ဆီးရီးယားအစိုးရကို တွန်းအားပေးမှာဖြစ်ပါတယ်။

အေးချမ်းမွန် Credit To >VOA < Thanks
Re-posted By ACM 25-8-2013 
https://www.facebook.com/excellencemedia
ဓာတုလက်နက်တွေ အသုံးပြုနေတယ်လို့ ဆိုတဲ့ ဆီးရီးယားအစိုးရအပေါ် အရေးယူဖို့ ဆုံးဖြတ်ခဲ့ရင် ရွေးချယ်ဆောင်ရွက်ဖို့ နည်းလမ်းတွေ တော်တော် များများ အမေရိကန်ပြည်ထောင်စုမှာ ရှိတယ်လို့ အိမ်ဖြူတော်က ပြောကြား လိုက်ပါတယ်။ Damascus မြို့တော် ရပ်ကွက်တခုအပေါ် ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေနဲ့ သုံးစွဲတိုက်ခိုက်တယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ သမ္မတ ဘရက်အိုဘားမား က အမျိုးသားလုံခြုံရေးရာ သူ့ရဲ့ ထိပ်တန်းအကြံပေးတွေ နဲ့ တွေ့ဆုံခဲ့တာနဲ့အတူ ခုလို အိမ်ဖြူတော်ရဲ့ ပြောကြားချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။

ဆီးရီးယားမှာ အမေရိကန်တပ်တွေကို သူ့အနေနဲ့ ဝန်လေးတဲ့အကြောင်း သမ္မတအိုဘားမားက အရင်က ပြောကြားခဲ့တာပါ။ ဒါပေမဲ့ စစ်ရေးအရ တုံ့ပြန်ဖို့ ဆုံးဖြတ်ချက် တစုံတရာချခဲ့ရင် အသင့်ဖြစ်နေအောင် ရေတပ်တွေ ပြင်ဆင် ထားတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေက ခိုင်ခိုင်မာမာ ရည်ညွှန်းနေပါတယ်။

ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေက မြန်မာ့နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်

Photo: ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေက မြန်မာ့နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်
Sunday, 25 August 2013

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေ
ဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်မီ မြန်မာ့
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၂၃ ရက် မနေ့ကထုတ်ပြန်တဲ့ USCIRF ရဲ့ အစီရင်ခံစာမှာ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့အတွက် စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်
ထားကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ လူမျိုးခွဲခြားဆက်ဆံမှုတွေနဲ့ စစ်တပ်ရဲ့ ကျူးကျော်စွက်ဖက်မှုတွေကြောင့် လူနည်းစုဖြစ်တဲ့ ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်
ခွင့်တွေ ချိုးဖေါက်ခံနေရဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ သြဇာလွမ်းမိုးမှု လျှော့ပါးသွားခဲ့တဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖေါက်မှုတွေ နည်းပါးသွားခဲ့ပေမယ့် နိုင်ငံအတွင်း ဘာသာရေးဆိုင်ရာ ကန့်သတ်မှုတွေ
ရှိနေဆဲဖြစ်ကြောင်း၊ လူနည်းစုရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ မြန်မာနိုင်ငံ
ရဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ နိုင်ငံရေးပြသနာတစ်ခုအဖြစ် တည်ရှိနေ
ဆဲဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓါတ်တွေနိုင်ငံအတွင်း ပြန့်ပွားကူး
စက်နေကြောင်းစသဖြင့် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုအဖွဲ့ USCIRF ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အေးချမ်းမွန် Credit To > RFA Burmese < Thanks
Re-posted By ACM 25-8-2013 
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေ
ဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်မီ မြန်မာ့
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။

သြဂုတ်လ ၂၃ ရက် မနေ့ကထုတ်ပြန်တဲ့ USCIRF ရဲ့ အစီရင်ခံစာမှာ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့အတွက် စိုးရိမ်ပူပန်ရတဲ့ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်
ထားကြောင်း၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ လူမျိုးခွဲခြားဆက်ဆံမှုတွေနဲ့ စစ်တပ်ရဲ့ ကျူးကျော်စွက်ဖက်မှုတွေကြောင့် လူနည်းစုဖြစ်တဲ့ ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ဘာသာရေးလွတ်လပ်
ခွင့်တွေ ချိုးဖေါက်ခံနေရဆဲဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ

Photo: ကင်ဆာတိုက်ဖျက်မယ့်ဆေး ရှာတွေ့ပြီ

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

၂၀၀၉ ခုနှစ်ကစလို့ မွေးပြောင် ကြွက် အကောင် ၉၀ ကို မွေးဖွားပြီး ကင်ဆာ ဓာတ်ကြွယ်တဲ့ ဆေးတွေ ထိုးခဲ့ ပါတယ်။ ကိုယ်တွင်းမှာ ရှိတဲ့ ကင်ဆာဓာတ် ကို သူ့ကိုယ်တွင်းက ထုတ်တဲ့ သကြားဓာတ် တစ်မျိုး (HA) မော်လီကျူး များက တန်ပြန်ခုံခံပြီး ပုံမှန်အတိုင်း သက်တမ်း ၃၀ အထိ နေနိုင်တာ ကို တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်တွင်းက ထုတ်တဲ့ HA သာ သာမန်လူတစ်ဦး ထက် ငါးဆ မက ပိုလွန်ပြီး ကင်ဆာဆဲလ်တွေ ကို ချေမှုန်းတဲ့ နေရာမှာ အင်မတန် မြန်ဆန်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကင်ဆာရောဂါ တိုက်ဖျက်မယ့် ဆေး စစ်ဆေးစမ်းသပ်ဖော် ထုတ်မှုကို Naked Mole Rat မှ စတင်ရမှာ ဖြစ်ပါတယ်။ ၎င်းတို့ ခန္ဓာကိုယ် တွင်းမှာ ရှိတဲ့ HA မော်လီကျူးဓာတ်ကို အခြေခံလို့ ဆေးတစ်မျိုးဖန်တီးရင် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ခြင်း၊ ဖြစ်နေရင်လည်း တိုက်ဖျက်ခြင်း တို့ကို အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကင်ဆာရောဂါ ဆေးသုတီများဟာ မကြာမီ နှစ်များအတွင်း ကင်ဆာရောဂါ တိုက်ဖျက်နိုင်မယ့် ဆေးဝါးများ ဖန်တီးဖော်ထုတ်နိုင်မယ်လို့ ကြေညာ ခဲ့ကြောင်း သိရပါတယ်။


Ref: nature.com Aung Kham

အေးချမ်းမွန် Credit To >International news for myanmar < Thanks
Re-posted By ACM 25-8-2013 
https://www.facebook.com/excellencemedia

ကင်ဆာရောဂါကို ခုခံတိုက်ဖျက် နိုင်မယ့် ဆေးကို အမေရိကန်မှာ ဆေး ပညာရှင်တို့ ရှာတွေ့ ပြီ ဖြစ်ပါ တယ်။ ဆေးကြီးသက်သက် ရရှိတာ မဟုတ်ပဲ တိရစ္ဆာန်မျိုးစိတ်တစ်ခု သွားတွေ့ခြင်း ဖြစ်ပါတယ်။

Naked Mole Rat လို့ခေါ်တဲ့ မွေးပြောင်ကြွက်မျိုး ဖြစ်ပါတယ်။ အာဖရိက အရှေ့ ပိုင်းက အပူပိုင်းဒေသမှာ နေထိုင်တဲ့ မွေးပြောင် ကြွက်တစ်မျိုး ဖြစ်ပြီး သူ့ရဲ့  ထူးခြားချက်ကတော့ ကင်ဆာရောဂါကို ခုခံနိုင်ခြင်း ဖြစ်ပါတယ်။ သူ့မှာ နောက်ထပ်ထူးခြားချက်က နာကျင်မှုကို မခံစားနိုင်ခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့  ဦးနှောက်နဲ့ အာရုံကြောဆီကို ခန္ဓာကိုယ် က နာကျင်မှု ဝေဒနာ မပို့လွတ်ပေးပါဘူး။ ဒါကြောင့် နာကျင်မှုလည်း မသိပါဘူး။ အဓိက တွေ့ရှိ ချက် ကတော့ ကင်ဆာ ရောဂါ တိုက်ဖျက်နိုင်မယ့် အာနိသင် တစ်ခုပါ။

နေရစ်တော့ ဇုန်ကားခေတ်( ရေးသားသူ- ပြည်သိမ်း၊ မိုးညို၊ အေးမြတ်သူ)

Photo: နေရစ်တော့ ဇုန်ကားခေတ်
--------------------------------
ရေးသားသူ- ပြည်သိမ်း၊ မိုးညို၊ အေးမြတ်သူ

ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပေးခဲ့ပြီးနောက် တစ်ချိန်က လူအများစိတ်ဝင်စားခံခဲ့ရသော စက်မှုဇုန်ထုတ်ကားများမှာ အမေ့လျော့ခံဘ၀သို့ ရုတ်ခြည်းရောက်ရှိသွားသည်။

ယခင်အစိုးရလက်ထက်က စက်မှုဇုန်ကားထုတ်လုပ်သူများကို ပုံစံမျိုးစုံဖြင့် ဖြေလျှော့ပေးပြီး ဇုန်ထုတ်ကားစီးရေတိုးလာရန် ကြိုးပမ်းခဲ့ကြသည်။ ဇုန်ကားထုတ်သော လုပ်ငန်းရှင်အများစုသည် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်ကြီးများအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

“လူကြီးတွေက စီးပွားရေးလုပ်ငန်းရှင်တွေကို မွေးပေးသလိုပဲ လုပ်ငန်းငယ်တွေက လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာတယ်”ဟု ယခင်မော်လမြိုင်စက်မှုဇုန်ရှိ MGM မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

“အဲဒီအချိန်တွေတုန်းကတော့ ရွှေထီးဆောင်းခဲ့တဲ့အချိန်ပေါ့”ဟု မိတ္ထီလာစက်မှုဇုန်မှ မော်တော်ယာဉ်ထုတ်လုပ်သူ လုပ်ငန်းရှင်ကိုကျော်ကျော်စိုးလွင်ကပြောသည်။

လက်တွေ့တွင် ပြည်တွင်း၌ထုတ်လုပ်ရန် မဖြစ်နိုင်သော ဇိမ်ခံကားများကိုပင် ပြည်တွင်း၌ထုတ်လုပ်သည်ဟု လုပ်ငန်းရှင်များကဆိုသည်ကိုပင် အစိုးရကလည်းဂုဏ်ယူ၍ ခွင့်ပြုပြီး ဖြေလျှော့မှုများ ဆက်တိုက်ပေးခဲ့သည်။

စက်မှုဇုန်များတွင် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစတင်၍ ကားထုတ်လုပ်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ မူလက စက်မှုလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ခဲ့သူများသာမက အခြားသောလုပ်ငန်းလုပ်ကိုင်သူများလည်း ကားထုတ်လုပ်ရေးကို ကူးပြောင်းလာခဲ့သည်။

စက်မှုဇုန်များတွင် မော်တော်ယာဉ်စတင်ထုတ်လုပ်စဉ်မှာ လုပ်ရကိုင်ရလွယ်ကူသည့် ဂျစ်ကားများသာ အများဆုံးထုတ်ခဲ့ကြသည်။ ဒဂုံဂျစ်၊ မိတ္ထီလာဂျစ်၊ မန္တလေးဂျစ်တို့အပြင် ရာဇာဂျစ်ဟု အမည်ပေးထားသည့် ဂျစ်ပုများက လူအများပါးစပ်ဖျားတွင် ရေပန်းစားခဲ့သည်။

မူလကဂျစ်ကားများက ရေပန်းစားခဲ့သော်လည်း နောက်ပိုင်းတွင် လုပ်ငန်းသုံးကားများဖြစ်သည့် လိုက်ထရပ်ယာဉ်များက ထိပ်တန်းကရပ်တည်လာခဲ့သည်။ လိုက်ထရပ်ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၁၆၀ မှ ၁၈၀ ကြားအထိ ဈေးကောင်းခဲ့သည်။ နောက်ပိုင်း ပစ်ကတ်၊ ပါဂျဲရိုး၊ လန့်ခရုဇာကဲ့သို့ အဆင့်မြင့်ကားများကိုပင် ပြည်တွင်း၌ ထုတ်လုပ်သည်ဆိုကာ ရောင်းချခဲ့ကြသည်။

ကနဦးစက်မှုဇုန်လုပ်ငန်းရှင်များမှ မော်တော်ယာဉ်များကို ထုတ်လုပ်ရာတွင် ပြင်ပမှ အင်ဂျင်ဆက်စပ်ပစ္စည်း ခြောက်မျိုးကို တရားဝင်နိုင်ငံတော်မှ တင်သွင်းပေးခဲ့သည့် မော်တော်ယာဉ်ကိုယ်ထည်ကိုသာ ပြည်တွင်း၌ထုတ်လုပ်ပြီး တပ်ဆင်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုပေးခဲ့သည်။

ပြည်တွင်း၌ အင်ဂျင်ပိုင်းကို ထုတ်လုပ်ရန် အရင်းအနှီးအား အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်ကျဖွယ်ရှိသောကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ယင်းအချိန်က မရင်းနှီးနိုင်ခဲ့သဖြင့် ထုတ်လုပ်ခြင်းမပြုနိုင်ခဲ့ကြောင်း အားမာန်သစ်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီမှ ဦးဇော်ဝင်းကပြောသည်။

အင်ဂျင်များကို အရင်းအနှီးများသည့်အတွက် မထုတ်လုပ်နိုင်သကဲ့သို့ အခြားကားတစ်စီးတွင် အရေးပါသည့် ဆက်စပ်ပစ္စည်းများကိုလည်း ယနေ့တိုင် ပြည်တွင်း၌ အရည်အသွေးမီ ထုတ်လုပ်ခြင်းမပြုနိုင်သေးပေ။ ဇုန်ထုတ်ကားများကို ၀ယ်ယူသုံးစွဲနေသူအချို့မှာ ၎င်းတို့စီးသောကားမှာ ဇုန်တွင်ထုတ်လုပ်သော ကားမဟုတ်ဘဲ ပြည်ပမှ တရားမ၀င်တင်သွင်းလာသော ကားဖြစ်နေ၍ အစိုးရမှ တရားမ၀င်ဟုသတ်မှတ်ပြီး ဒဏ်ရိုက်ခြင်းများကိုလည်း ခံခဲ့ရသည်။

“လုပ်ငန်းသုံးအတွက်လည်း အဆင်ပြေတယ်။ ယုံကြည်မိလို့ ၀ယ်စီးတာ ပြီးတော့မှ ပိုက်ဘောမိသွားတယ်”ဟု ဘုရင့်နောင်ပွဲရုံမှ စူပါကာစတန်ကို ၀ယ်ယူအသုံးပြုခဲ့သူ ကုန်သည်တစ်ဦးကပြောသည်။

ထို့ပြင် စက်မှုဇုန်ထုတ်ကားများ လိုင်စင်သက်တမ်းတိုးပါက ၀ယ်ယူထားသည့်ကုမ္ပဏီကို ပြန်အပ်ရပြီး လိုင်စင်ဝင်ရန်အတွက် ကုမ္ပဏီကို ၁၀ သိန်းအထိ ပေးဆောင်ခဲ့ရပြီး လိုင်စင်သက်တမ်းတိုးပြီး ကားပြန်ရောက်ရှိပါက မိမိကားကို ဘော်ဒီရုံသို့ ပြန်လည်ပို့ဆောင်ရပြီး အနည်းဆုံးငါးသိန်းမှ ခြောက်သိန်းအထိ ထပ်မံကုန်ကျပြန်ကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများအသင်းမှ ဦးမင်းဦးကပြောသည်။

ထို့ကြောင့် တစ်ချိန်က စက်မှုဇုန်ထုတ်ကားများကို ၀ယ်ယူစီးနင်းသူအများစုမှာ အစိုးရ၏ လွဲမှားနေသည့် မူဝါဒများအကြား အမြတ်ထုတ်လိုသည့် လုပ်ငန်းရှင်များကြောင့် များစွာနစ်နာခဲ့ရသည်။ မိမိနိုင်ငံတွင် မထုတ်လုပ်နိုင်သည်ကို အစိုးရမှ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ဘဲ စက်မှုဇုန်များတွင် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်ပြီဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာများတွင် အကျယ်တ၀င့်ဖော်ပြခဲ့ကြသည်။ ၎င်းစက်မှုဇုန်ထုတ်ကားများကို စက်မှု(၂)၀န်ကြီးဌာနကပင် ပြည်ပမှတင်သွင်းလာသည့် ကားများကို မိမိနိုင်ငံတွင် ထုတ်လုပ်တပ်ဆင်သည်ဟုဆိုကာ ရောင်းချမှုများပင်ရှိခဲ့ကြောင်း အထက်ပါလုပ်ငန်းရှင်ကပြောသည်။

ယင်းအချိန်က မော်တော်ယာဉ်ထုတ်လုပ်ရန် နည်းပညာမရှိခြင်း၊ လိုအပ်သည့်ပစ္စည်းများ ပြည်တွင်း၌ မထုတ်လုပ်နိုင်ခဲ့ခြင်း စသည်တို့ကြောင့် ပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းများ၌ မသမာမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု လုပ်ငန်းရှင်များကပြောကြားသည်။ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်မည်ဆိုပါက အခြေခံအားဖြင့် မော်တော်ယာဉ်တစ်စီးတွင် ပါဝင်သည့် အစိတ်အပိုင်းများကို ထုတ်လုပ်သည့် အသေးစားအလတ်စားလုပ်ငန်းများကို ဦးစွာရှင်သန်ရန် မြေတောင်မြှောက်ပေးရန် လိုအပ်ကြောင်း ပြည်ပကားကုမ္ပဏီကြီးတစ်ခု၏ ဒါရိုက်တာတစ်ဦးက အကြံပြုပြောကြားခဲ့သည်။

လက်ရှိတွင် မော်တော်ယာဉ် အကြီးစားထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရ၀န်ကြီးဌာနတစ်ခုဖြစ်သော စက်မှုဝန်ကြီးဌာနက မကွေးတိုင်းတွင် နှစ်စဉ် ကုန်တင်ယာဉ်အစီးတစ်ထောင်နှင့် ထရပ်ကားဂီယာ အလုံးငါးရာကို ထုတ်ပေးလျက်ရှိသည်။ သို့သော် ယင်းမော်တော်ယာဉ်များမှာ ပုဂ္ဂလိကဈေးကွက်တွင် ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိခြင်း၊ နည်းပညာပိုင်းလိုအပ်ချက်ကြောင့် အရည်အသွေးမမီခြင်း စသည့်အားနည်းချက်များစွာရှိနေကြောင်း မော်တော်ယာဉ်ထုတ်လုပ်သူများကဆိုသည်။

ယခင်က စက်မှုဇုန်ကားများကို ထုတ်လုပ်ရာတွင် စက်ရုံကြီးများဖြင့် တခမ်းတနား ထုတ်လုပ်မှုများရှိသလို သစ်တစ်ပင်အောက် တဲလေးတစ်လုံးဖြင့် ထုတ်လုပ်နေသည့် လုပ်ငန်းများလည်းရှိသည်။ ယင်းသို့ထုတ်လုပ်ပြီးသား ကားများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တရားဝင်လိုင်စင်ဝင်ပြီး နယ်စပ်တရားမ၀င် နိုင်ငံခြားမှတင်သွင်းလာသည့် တစ်ပတ်ရစ်ကားများဖြင့် ပြောင်းလဲခဲ့သည်။ ယင်းသို့ပြောင်းလဲရာတွင် စက်မှုဇုန်ထုတ်ကားမှ အင်ဂျင်နံပတ်၊ ချယ်စီနံပါတ်များကို တရားမ၀င်ကားများသို့ ပြောင်းလဲပြီး ပြည်တွင်း၌ ပြန်လည်ရောင်းချမှုများ ပြုလုပ်ခဲ့သည်။

“အင်ဂျင်ပါဝါခပ်ကြီးကြီး ကောင်တွေထဲက အင်ဂျင်ကိုယူပြီး ပုံစံတွေပြောင်းကြတယ်။ တချို့ပုံစံပြောင်းတာတွေလွဲကုန်တော့ ဆီစားက သာမန်ထက် နှစ်ဆဖြစ်ကုန်တယ်။ ၀ယ်စီးတဲ့သူတွေ အများကြီးနစ်နာခဲ့ရတာပေါ့”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ KST ကားအရောင်းပြခန်းပိုင်ရှင် ဦးစိုးထိန်ကပြောသည်။

ယင်းကဲ့သို့ မသမာမှုများ လှည့်စားမှုမျိုးစုံဖြင့် စက်မှုဇုန်ကားထုတ်လုပ်ရေးလုပ်ငန်းအများစုမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်၌ အစိုးရသစ် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် မူဝါဒကို စတင်လိုက်ချိန်တွင် တဖြည်းဖြည်းနိဂုံးပိုင်းကို ရောက်ရှိလာခဲ့ရသည်။ ယနေ့တွင် စက်မှုဇုန်ထုတ်လုပ်ငန်းများမှာ မြန်မာနိုင်ငံတွင် လုံးဝမရှိတော့ဘဲ ယင်းလုပ်ငန်းရှင်အများစုမှာ အသွင်ပြောင်းပြီး ပြည်ပမှ ကားတင်သွင်းသူ လုပ်ငန်းရှင်များအဖြစ် ပြောင်းလဲလုပ်ကိုင်လာကြသည်။ 

“ကားထုတ်လုပ်ရေးကတော့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်နိုင်မှပဲ အဆင်ပြေတော့မယ်။ ထုတ်လုပ်ထားတဲ့ကားတွေကိုလည်း သူတို့ Brand နဲ့ဖောက်မှ 
ကိုယ်ကလုပ်နိုင်မှာ”ဟု နိုင်ငံခြားကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်တော့မည့် ကားလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယနေ့ကားထုတ်လုပ်ရေးလုပ်ငန်းတွင် ကြိုးစားမှုအရှိန်ကောင်းနေသည့် တရုတ်နိုင်ငံသည်ပင် ၎င်းနိုင်ငံ သီးသန့်အမှတ်တံဆိပ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်နိုင်ခြင်းမရှိပေ။ ကမ္ဘာပေါ်ရှိ ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် ထိပ်တန်းနေရာမှာရှိသော ဂျာမဏီနိုင်ငံမှ ဘောက်စ်ဝက်ဂွန်၊ ဆွီဒင်နိုင်ငံမှ Scenia စသည့်ကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး ၎င်းတို့၏အမှတ်တံဆိပ်ဖြင့်သာ မော်တော်ယာဉ်များကို ထုတ်လုပ်ရောင်းချနေရသည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရောင်းချရန် ပြင်ဆင်နေသည့် ကမ္ဘာ့နာမည်ရ ကားကုမ္ပဏီကြီးများမှလည်း မကြာမီဖြန့်ဖြူးရောင်းချခြင်းအပြင် ပြည်တွင်းလုပ်ငန်းရှင်နှင့် ပူးပေါင်း၍ ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ခြင်း မော်တော်ကားစက်ရုံများ တည်ထောင်ရန် အကြိုကမ်းလှမ်းမှုများလည်း ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ယခင်အစိုးရလက်ထက်က ချမှတ်ခဲ့သည့် စီမံခန့်ခွဲမှုအလွဲများ၊ မူဝါဒအမှားများကို ရှောင်ရှားပြီး နည်းပညာ အရင်းအနှီး အတွေ့အကြုံများရှိနှင့်နေပြီးသားဖြစ်သော ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းထုတ်လုပ်မှသာ ဇုန်ကားခေတ်ကဲ့သို့ အလိမ်အညာများနှင့်မဟုတ်ဘဲ ကားထုတ်လုပ်ရေးလုပ်ငန်းများ လမ်းကြောင်းမှန်ပေါ် ရောက်မည်ဖြစ်သည်။

“အဲဒီအချိန်တုန်းက လုပ်ငန်းရှင်တွေကို အစိုးရက တရားဝင်လိမ်ခွင့်ပေးခဲ့တာနဲ့ အတူတူပဲ။ အခုချိန်မှာ ကမ္ဘာပေါ်က ကားကုမ္ပဏီတွေ သူတို့အမှတ်တံဆိပ်ကို ပြောင်းလဲပြီး တပ်ဆင်လို့ဆိုပြီး မူပိုင်ခွင့်နဲ့ တရားစွဲမယ်ဆိုရင် ရှင်းလို့တောင်မရနိုင်ဘူး”ဟု မော်တော်ယာဉ်ရောင်းဝယ်သူများအသင်းမှ ဦးကျော်စွာစိုးကပြောသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ပုံ- ဂျေမောင်မောင် (အမရပူရ)
ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပေးခဲ့ပြီးနောက် တစ်ချိန်က လူအများစိတ်ဝင်စားခံခဲ့ရသော စက်မှုဇုန်ထုတ်ကားများမှာ အမေ့လျော့ခံဘ၀သို့ ရုတ်ခြည်းရောက်ရှိသွားသည်။

ယခင်အစိုးရလက်ထက်က စက်မှုဇုန်ကားထုတ်လုပ်သူများကို ပုံစံမျိုးစုံဖြင့် ဖြေလျှော့ပေးပြီး ဇုန်ထုတ်ကားစီးရေတိုးလာရန် ကြိုးပမ်းခဲ့ကြသည်။ ဇုန်ကားထုတ်သော လုပ်ငန်းရှင်အများစုသည် ချမ်းသာကြွယ်ဝသည့် လုပ်ငန်းရှင်ကြီးများအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

“လူကြီးတွေက စီးပွားရေးလုပ်ငန်းရှင်တွေကို မွေးပေးသလိုပဲ လုပ်ငန်းငယ်တွေက လုပ်ငန်းရှင်ကြီးတွေ ဖြစ်လာတယ်”ဟု ယခင်မော်လမြိုင်စက်မှုဇုန်ရှိ MGM မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

“အဲဒီအချိန်တွေတုန်းကတော့ ရွှေထီးဆောင်းခဲ့တဲ့အချိန်ပေါ့”ဟု မိတ္ထီလာစက်မှုဇုန်မှ မော်တော်ယာဉ်ထုတ်လုပ်သူ လုပ်ငန်းရှင်ကိုကျော်ကျော်စိုးလွင်ကပြောသည်။

ငါးပိ ဖိုဘီးယား ဖြစ်တော့မှာလား

Photo: ငါးပိ ဖိုဘီးယား ဖြစ်တော့မှာလား  

ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုနေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ ပြီးခဲ့သည့်တစ်ပတ် အတွင်းက ထုတ်ပြန်ချက်က တစ်ရက် နှစ်နပ်ထက်မနည်း နိစ္စဓူဝ စားသုံးနေသူများကို တပ်လှန့်လိုက်သည်။

ငါးများ အလျင်အမြန် အရိုးဆွေးပြီး နူးလာစေရန် ငါးပိသိပ်ရာတွင် ယူရီးယားထည့်သွင်းခြင်း ဖြစ်ကြောင်း ယင်းအသင်းက ဆိုသည်။ 
ယခင် ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိသောဆိုးဆေးပါဝင်ခဲ့သည့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့် အစားအစာ များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ကြေညာထုတ်ပြန် ခဲ့ပြီးနောက် ယခုအကြိမ် ငါးပိပြဿနာသည် လေးနှစ်အတွင်း တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။

နေပြည်တော် မြို့မဈေးအနီးရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ငါးပိကြိုက်သူ ဒေါ်လှလှဝင်းအတွက်မူ ထို ငါးပိသတင်းက ငါးပိမစားချင် တော့လောက်အောင် ဖြစ်သွားသည်။ 
"လုပ်ငန်းရှင်တစ်ဦးက ငါးပိနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဧရာဝတီတိုင်းဘက်မှာ သွားရှာတာ အဲဒီဘက်က ငါးပိတွေမှာ ဓာတ်မြေသြဇာတွေ ထည့်ထားတာ သိခဲ့ရတယ်" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောဆိုသည်။

စားသုံးသူ ကာကွယ်ရေးအသင်း၏ ကြေညာချက်သည် ငါးပိလုပ်ငန်းရှင်များ အတွက် စိန်ခေါ်မှုသစ်အဖြစ် ထပ်မံပေါ်ပေါက်လာခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ် ငါးပိပြဿနာကြောင့် စီးပွားရေးထိခိုက်မှု သိသိသာသာ မဖြစ်ခဲ့သည့်အတွက် ယခု အကြိမ်အတွက်လည်း စိုးရိမ်ပူပန်စိတ် နည်းပါးကြောင်း ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များထံမှ သိရသည်။

ယင်းကြေညာချက် ထုတ်ခဲ့ပြီးနောက် အသင်း၏ တာဝန်ရှိသူများကလည်း ဈေးကွက်တွင်းရှိ ငါးပိအမျိုးမျိုးကို ဓာတ်ခွဲစမ်းသပ်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ခံများက ရန်ကုန်မြို့တွင်းရှိ ဆူပါမားကက်ကြီးများနှင့် ဈေးများတွင် ငါးပိ အပါအဝင် အခြားသီးနှံ အစားအသောက် များကို သြဂုတ်လ ၂၀ ရက်နေ့တွင် လိုက်လံ စစ်ဆေးခဲ့သော်လည်း နှစ်ရက်ကြာသည် အထိ အဖြေမထွက်သေးပေ။ 

ဧရာဝတီတိုင်းဒေသကြီးမှ လုပ်ငန်းရှင် အများစုသည် ငါးပိရည်ကျို ငါးအတွက် ငါးဆားနယ် အဆင့်ထိသာ အများစု လုပ်ကိုင်ကြပြီး ငါးပိရည်ကျိုဖြစ်သည် အထိကိုမူ သက်ဆိုင်ရာပွဲရုံကြီးများက ထပ်မံဆောင်ရွက်ကြကြောင်း၊ ငါးပိရည်ကျိုအဆင့် ရောက်ရှိရန် ငါးဆားနယ်များကို အနည်းဆုံးလေးလခန့်ထိ အိုးအတွင်းသိပ်ထားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ မှ မိရိုးဖလာ ငါးပိလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးမျိုးဦးက The Voice သို့ ပြောကြားသည်။
"ကျွန်တော်တို့ဘက်ကတော့ ငါးမြန်မြန်နပ်ဖို့ဆို ငါးဆားနယ်ကို နေကို သေချာမလှမ်းဘဲ ထမင်းစိုစိုနဲ့ တစ်ခါတည်း ရောသိပ်လိုက်တာပဲ။ ဓာတ်မြေသြဇာတွေ မသုံးကြသလို အလုပ်ရှုပ်မှာစိုးလို့ အိုးတောင် မသိပ်ဘဲ ပွဲစားတွေဆီ အပ်ကြတယ်" ဟု ၄င်းက ထပ်မံပြောဆိုသည်။

လေးထောင့်ကန်  ငါးပိငါးခြောက်ရုံ (၃) ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းကလည်း မိမိ အတွေ့အကြုံအရ နယ်ဘက်မှ တစ်နိုင်တစ်ပိုင် ငါးပိလုပ်ကိုင်သူများသည် ရောင်းတမ်းဝင်အောင် မလိုလားအပ်သော ပစ္စည်းများ သုံးကာ ရန်ကုန်ဈေးသို့ လာရောက်ရောင်းချ ကြခြင်းဖြစ်ပြီး ယခင်နှစ်များက ယင်းကဲ့သို့ မကြားဖူးကြောင်း ပြောဆိုသည်။
"သက်ဆိုင်ရာက စစ်ဆေးမယ်ဆိုရင်  ဈေးတွေမှာ ရှောင်တခင်စစ်ပြီး  ဘာတံဆိပ်လဲ၊ ဘယ်ကဝယ်လဲဆိုတာ စစ်ဆေးပြီး အမြစ်ပြတ်အောင် ဆောင်ရွက်စေချင်တယ်" ဟု ၄င်းက အကြံပြုပြောဆိုသည်။

စားသုံးသူ ကာကွယ်ရေးအသင်း ကလည်း ဓာတ်ခွဲခန်းတွင် သွားရောက် စစ်ဆေးပြီး လာမည့်တစ်ပတ် အတွင်း စစ်ဆေးတွေ့ရှိချက်များကို ကြေညာသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

"စစ်ဆေးချက်အဖြေပေါ် မူတည်ပြီး စားသင့်၊ မစားသင့် စဉ်းစားရမှာက စားသုံးသူတွေ အပိုင်းပါ" ဟု အဆိုပါအသင်း  တာဝန်ရှိသူ ဒေါ်စိုးကလျာထိုက်က ဆိုသည်။

ဓာတ်မြေသြဇာ ထည့်သွင်းထား သော ငါးပိများသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်သင့်စေနိုင်ပြီး ရေရှည်စားသုံးပါက ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်သည်။

ယူရီးယားဓာတ်မြေသြဇာတွင် ပါဝင်သော အမိုနီယမ်နိုက်ထရိုက် ကွန်ပေါင်းများသည် ရေရှည်စားသုံးပါက အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာနှင့်  အူမကြီးကင်ဆာတို့ ဖြစ်ပွားစေကြောင်း၊ ကလေးငယ်များတွင်မူ သွေးကင်ဆာ၊ အမျိုးသမီးများတွင်မူ မျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါဆရာဝန် ဒေါက်တာဝမ်းထွဋ်က The Voice သို့ ရှင်းလင်းပြောကြားသည်။
ယင်းအပြင် အယ်ဇိုင်းမားရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါ နှင့် ပါကင်ဆန် ရောဂါ (ဦးနှောက်၏ အောက်ခြေတွင် ရှိသော အာရုံကြော အဖုများ ပျက်စီးသောရောဂါ) တို့ကို ဖြစ်ပွားစေနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ယူရီးယားကို အစားအစာများတွင် ထည့်သွင်းပါက ယူရီးယားအာနိသင် တဖြည်းဖြည်း လျော့ပါးသွားကြောင်း၊ ယူရီးယားသည် ပြင်ပတွင် ကြာရှည် မတည်မြဲနိုင်ဘဲ အမိုးနီးယားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ် ပြောင်းလဲသွားတတ်ပြီး ယင်းပြောင်းလဲသွားသော ဒြပ်ပေါင်းသည် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မဖြစ်စေကြောင်း ဒေါက်တာဝမ်းထွဋ်က ထပ်မံ ပြောကြားသည်။

မည်သို့ပင်ဆိုစေ ငါးပိကြောင့်သာမက အခြားအစားအစားများတွင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်သတ္တုများ ပါဝင်ခြင်းနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားမှုနှုန်း နှစ်စဉ်တိုးတက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သတိပေး ပြောကြားထားသည်။

"ပိုက်ဆံဘယ်လောက်ရရ အဲဒါမျိုးတော့ မလုပ်သင့်ဘူး" ဟု ဦးမောင်မောင် သိန်းက အကြံပြုပြောကြားသည်။

အစိုးရကလည်း ယင်းကဲ့သို့အစား အသောက်တွင် မသမာမှုများ အသုံးပြုမှု များကို အပြစ်ပေးရန် အမျိုးသား အစားအသောက်ဥပဒေတွင် ငွေဒဏ်သတ်မှတ် ချက်ကို အနည်းဆုံး ငါးထောင်မှ အများဆုံး ငါးသိန်းထိ တိုးမြှင့်ပြင်ဆင်ထားသည်။

သို့သော် လက်တွေ့ဆောင်ရွက်ချက် တွင်မူ မြန်မာနိုင်ငံရှိ စားသုံးသူများသည် အခွင့်အရေး ဆုံးရှုံးမှုများ ခံစားနေရသေးသည်။ နေ့စဉ်စားသုံးသော အစားအစာများသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိ သော်လည်း ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးက အလှမ်းကွာနေသေးသည်။
ငါးပိကဲ့သို့ နေ့စဉ်စားအစားအစာတွင် အန္တရာယ်ရှိပစ္စည်းများ ပါဝင်လေ့ ရှိသည်မှာ မဆန်းတော့သလို ဖြစ်နေသည်။ 

ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ် တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့် များတွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်း၊ မယ်လမင်းဓာတ်ပါ နို့မှုန့်များ ဝင်ရောက် လာခြင်း ဖြစ်သည်။ 
ယခု မြန်မာ့ဟင်းပွဲတွင် မပါမဖြစ် ငါးပိအလှည့်သို့ ရောက်လာပြီ။ လူအများ ငါးပိကြောက်ရောဂါ (ငါးပိ ဖိုဘီးယား) ဖြစ်တော့မလား။  

"အရင်က မသိလို့စားတာ။ အခုသိတော့ မစားတော့ဘူး" ဟု ငါးပိချစ်သူ ဒေါ်လှလှဝင်းက ဆိုလေသည်။

(ရလေး၊ အောင်မျိုးထက်)
ငါးပိတွင် ယူရီးယားဓာတ်မြေသြဇာ ထည့်သွင်းအသုံးပြုနေကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ ပြီးခဲ့သည့်တစ်ပတ် အတွင်းက ထုတ်ပြန်ချက်က တစ်ရက် နှစ်နပ်ထက်မနည်း နိစ္စဓူဝ စားသုံးနေသူများကို တပ်လှန့်လိုက်သည်။

ါးများ အလျင်အမြန် အရိုးဆွေးပြီး နူးလာစေရန် ငါးပိသိပ်ရာတွင် ယူရီးယားထည့်သွင်းခြင်း ဖြစ်ကြောင်း ယင်းအသင်းက ဆိုသည်။
ယခင် ၂၀၀၉ ခုနှစ်က အန္တရာယ်ရှိသောဆိုးဆေးပါဝင်ခဲ့သည့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့် အစားအစာ များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ကြေညာထုတ်ပြန် ခဲ့ပြီးနောက် ယခုအကြိမ် ငါးပိပြဿနာသည် လေးနှစ်အတွင်း တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။

နေပြည်တော် မြို့မဈေးအနီးရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ငါးပိကြိုက်သူ ဒေါ်လှလှဝင်းအတွက်မူ ထို ငါးပိသတင်းက ငါးပိမစားချင် တော့လောက်အောင် ဖြစ်သွားသည်။
"လုပ်ငန်းရှင်တစ်ဦးက ငါးပိနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဧရာဝတီတိုင်းဘက်မှာ သွားရှာတာ အဲဒီဘက်က ငါးပိတွေမှာ ဓာတ်မြေသြဇာတွေ ထည့်ထားတာ သိခဲ့ရတယ်" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောဆိုသည်။

ထိုင်းတွင် ဗုံးခွဲရန်ကြံစည်ခဲ့သူ အီရန်နိုင်ငံသားနှစ်ဦးကို ထောင်ဒဏ်ချမှတ်

Photo: ထိုင်းတွင် ဗုံးခွဲရန်ကြံစည်ခဲ့သူ အီရန်နိုင်ငံသားနှစ်ဦးကို ထောင်ဒဏ်ချမှတ်

ဘန်ကောက်၊ သြဂုတ် ၂၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နှစ်က ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော အီရန်နိုင်ငံသားနှစ်ဦးကို ထိုင်းအစိုးရက ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ယမန်နှစ်က အီရန်နိုင်ငံသားနှစ်ဦးသည် ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် ဗုံးခွဲရန် ကြိုးစားခဲ့သော်လည်း တစ်ဦးသည် ထွက်ပြေးစဉ် ဖောက်ခွဲရေး ပစ္စည်းတစ်ခုကို ယူဆောင်ပြေးခဲ့ခြင်းကြောင့် ၎င်း၏ခြေနှစ်ဖက်ကို ထိခိုက်သွားခဲ့ပြီး ဖြတ်ပစ်ခဲ့ရသည်။

အသက်၂၉ နှစ်အရွယ် ဆာအစ်မိုဒါရီကို လူသတ်ရန် ကြိုးပမ်းမှု၊ ပေါက်ကွဲစေမှုနှင့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ချိုးဖောက်မှုဖြင့် ထိုင်းတရားရုံးက ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် မိုဟာမက်ခါဇာအီ ဆိုသူကို ပေါက်ကွဲစေမှုနှင့် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးစေမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် အသီးသီး ချမှတ်ခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အစ္စရေးသံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အစ္စရေးက ပြောကြားသော်လည်း အီရန်အစိုးရက ငြင်းဆိုထားသည်။

ထို့ပြင် အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ ငါးဦးတွင် သုံးဦးမှာ ထွက်ပြေးလွတ်မြောက်လျက် ရှိကြောင်း ထိုင်းအစိုးရက ပြောကြားသည်။

အဆိုပါ လွတ်မြောက်နေသူ ငါးဦးတွင်တစ်ဦးမှာ မလေးရှားသို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး ကျန်နှစ်ဦးမှာလည်း ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားသည်။

မလေးရှားသို့ ထွက်ပြေးသွားသော ဇာဒတ်ဆိုသူကို မလေးရှားတွင် ယမန်နှစ်က မလေးရှားရဲက ဖမ်းဆီးထားသော်လည်း ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးရန်ကိုမူ မလေးရှား အဆင့်မြင့်တရားရုံးက ဆိုင်းငံ့ ထားသည်။
ဘန်ကောက်၊ သြဂုတ် ၂၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နှစ်က ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော အီရန်နိုင်ငံသားနှစ်ဦးကို ထိုင်းအစိုးရက ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ယမန်နှစ်က အီရန်နိုင်ငံသားနှစ်ဦးသည် ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်တွင် ဗုံးခွဲရန် ကြိုးစားခဲ့သော်လည်း တစ်ဦးသည် ထွက်ပြေးစဉ် ဖောက်ခွဲရေး ပစ္စည်းတစ်ခုကို ယူဆောင်ပြေးခဲ့ခြင်းကြောင့် ၎င်း၏ခြေနှစ်ဖက်ကို ထိခိုက်သွားခဲ့ပြီး ဖြတ်ပစ်ခဲ့ရသည်။

အသက်၂၉ နှစ်အရွယ် ဆာအစ်မိုဒါရီကို လူသတ်ရန် ကြိုးပမ်းမှု၊ ပေါက်ကွဲစေမှုနှင့် သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ချိုးဖောက်မှုဖြင့် ထိုင်းတရားရုံးက ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် မိုဟာမက်ခါဇာအီ ဆိုသူကို ပေါက်ကွဲစေမှုနှင့် ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးစေမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် အသီးသီး ချမှတ်ခဲ့သည်။

မုံးထဆေးရုံ ဆရာဝန်မရှိ၍ လူနာသေဆုံးမှုမြင့်တက်

လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မုံးထမြို့နယ်ခွဲတွင် ဆေးရုံရှိသော်လည်း ဆရာဝန် မရှိသဖြင့် လူနာများမှာ သေဆုံးလျက် ရှိကြောင်း မိုင်းတုံမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်းက ပြောကြားသည်။

ငှက်ဖျားဖြစ်နေသော ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကို မြို့နယ်ခွဲဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆရာဝန်မရှိ၍ သေသေချာချာ မကုသနိုင်ဘဲ မြို့နယ်ဆေးရုံကိုပို့ရာ လမ်း၌ပင် သေဆုံးခဲ့ရကြောင်း၊ စုစုပေါင်း လူနာငါးဦးခန့် သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“တာဝန်ကျဆရာဝန် တောင်းထားပေမယ့် ခုထိရောက်မလာဘူး။ ငှက်ဖျားပေါတဲ့နေရာဖြစ်လို့ လူနာတွေ၊ ဝန်ထမ်းတွေက ဖျားနာမှာ စိုးရိမ်နေကြတယ်။ အရေးပေါ်ဖြစ်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို

Photo: မြန်မာ့တပ်မတော် အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲသည်ဆိုသည့် စွပ်စွဲချက် လုံးဝမမှန်ဟုဆို 

ရန်ကုန်၊ သြဂုတ် ၂၄

နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။ 

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာသတ်မှတ်ရန်အတွက် နယ်နိမိတ် သဘောတူစာချုပ်ကို ၁၉၆၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ကြပြီး သဘောတူစာချုပ်အရ နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းကို ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပူးတွဲတိုင်းတာခဲ့ကြရာ မြန်မာ၊ တရုတ်၊ အိန္ဒိယ သုံးနိုင်ငံဆုံရာ နေရာနှင့် အိန္ဒိယ-မြန်မာ ကဘော်ချိုင့်ဝှမ်းဒေသတွင်း ဒေသများတွင် နယ်နိမိတ် သတ်မှတ်တိုင်းတာရန် ကျန်ရှိနေခဲ့ကြောင်း၊ ယခုအငြင်းပွားမှု ဖြစ်ပေါ်နေသည့် နေရာမှာ ယင်း ကဘော်ချိုင့်ဝှမ်းဒေသတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယင်းသို့ နယ်နိမိတ် သတ်မှတ်ရန် ကျန်ရှိနေခြင်းမှာ ကဘော်ချိုင့်ဝှမ်းဒေသ အတွင်းတွင် လွတ်လပ်ရေး မရမီကပင် အင်္ဂလိပ်အစိုးရ လက်ထက်က နယ်မြေ သတ်မှတ်သည့်အနေနှင့် မှတ်တိုင် ၃၉ တိုင် စိုက်ထူခဲ့ပြီး ယင်းမှတ်တိုင်များ နေရာရွေ့လျားမှုနှင့် အိန္ဒိယဘက်မှ ရွာများ မြန်မာ့နယ်မြေဘက်တွင် ကျူးကျော်နေမှုများကြောင့် မှတ်တိုင်သစ်များ ပြန်လည် သတ်မှတ်စိုက်ထူရန် အခက်အခဲများ ရှိနေခြင်း ဖြစ်သည်။ 

အမှန်တကယ်တွင် ယင်းနေရာသည် မြန်မာပိုင် နယ်မြေများဖြစ်ပြီး နယ်နိမိတ်စာချုပ် သဘောတူညီချက်များအရ အတိအကျ ဆောင်ရွက်ပါက အိန္ဒိယဘက်မှ ကျူးကျော်နေသော ကျေးရွာအစိတ်အပိုင်း အချို့သည် ပြောင်းပေးရမည် ဖြစ်သော်လည်း အိန္ဒိယပြည်သူများက ဆန့်ကျင် ဆန္ဒပြမှုကြောင့် ဆက်လက်တိုင်းခြင်း မပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာဘက် အိမ်နီးချင်းပီသစွာ ကျူးကျော်ကျေးရွာများကို ဖယ်ရှားပေးစရာမလိုဘဲ ယင်းနယ်မြေ အစားထိုးနယ်မြေအချို့ ပြန်ပေးရန် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင်လည်း အဆင်မပြေခဲ့ကြောင်း  ၎င်းကရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှု အပြင်းအထန် ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အတွင်းရှိ Goubajang ကျေးရွာ ထက်ဝက်သည် မြန်မာနိုင်ငံ ဘက်သို့ ရောက်ရှိသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ယင်းသတင်းမှာ မမှန်ကန်ကြောင်း ငြင်းဆို ပြောကြားခဲ့သည်။ 

မဏိပူရအစိုးရက အိန္ဒိယ-မြန်မာ နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးအတွက် အထူးကော်မတီတစ်ရပ် ဖွဲ့အစည်းရန် ကြိုးပမ်းနေချိန်တွင် ယင်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
နယ်မြေတိုင်းတာ သတ်မှတ်မှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေသော အိန္ဒိယ-မြန်မာ နယ်စပ် တစ်လျှောက်တွင် မြန်မာ့တပ်မတော်က အိန္ဒိယနယ်မြေအတွင်း ကျူးကျော်တပ်စွဲနေသည်ဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ၃၉၈ ကီလိုမီတာကျော် ထိစပ်နေသော အိန္ဒိယနိုင်ငံပိုင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင် အတွင်းရှိ ဟိုလန်ဖိုင်ရွာအတွင်း နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာချက်များ ကို ကျော်လွန်ကာ မြန်မာတပ်မတော်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် ယာယီတဲများ ဆောက်လုပ်၍ ကျူးကျော် တပ်စွဲနေကြကြောင်း မဏိပူရပြည်နယ် အစိုးရက ထုတ်ပြန် ကြေညာသည်ဟု အိန္ဒိယနိုင်ငံအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်ကို ဦးဇော်ဌေးက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

မန္တလေး ကျုံးနံဘေးတွင် ဓားကိုင်ရမ်းကားသည့် အုပ်စုမှ တစ်ဦးလွတ်မြောက်နေ

မန္တလေး ကျုံးနံဘေးတွင် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် လူငယ်တစ်ဦး လွတ်မြောက်နေကြောင်း ယင်းအမှုကို စစ်ဆေးနေသည့် မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ဆိုသည်။

ကျုံးနံဘေးတွင် ညပိုင်းအချိန် အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားသည့် ဆယ်ကျော်သက်လူငယ် ကိုးဦးကို သြဂုတ်၂၂ ရက်ညက သက်သေများရှေ့ ခေါ်ယူစတင် စစ်ဆေးခဲ့ရာ ကနဦး နှစ်ဦးမှ ကိုးဦးအထိရှိပြီး ယင်းအဖွဲ့မှ တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ဖမ်းဆီးနိုင်ရန် စုံစမ်းနေကြောင်း သိရသည်။

"တိုင်းရဲတပ်ဖွဲ့က ဦးစီးစုံစမ်း စစ်ဆေးနေတာပါ။ ကျွန်တော်တို့ စခန်းကို ၂၃ ရက် နေ့ခင်းကမှ လွှဲလိုက်တာပါ။ အသက် ၁၈ နှစ်အောက် လူငယ်လေးဦးပါလို့ သူတို့ကို ကလေးသူငယ် တရားရုံးမှာ ရမန်ယူပြီး လူငယ်ထိန်းသိမ်းရေး ကျောင်းမှာထားဖို့ လျှောက်ထားပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိကို အုန်းချောမှာ စစ်ဆေးခဲ့ပါပြီ။ သူတို့ကတော့ အရက်သောက်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း မရှိဘူးလို့ ထွက်ဆိုထားပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်လေးဦးကိုတော့ လူငယ်ထိန်းသိမ်းရေး စခန်းမှာထားပြီး ကျန်တဲ့ငါးဦးကတော့ အမှတ် (၂) ရဲစခန်းမှာ ချုပ်ထားပါတယ်" ဟု အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

သက်ငယ်ရာဇ၀တ်မှုများနှင့် လမ်းပျောက်နေသော လူငယ်များ

မန္တလေးကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးအား ရဲတပ်ဖွဲ့က သြဂုတ် ၂၂ ရက်ညပိုင်းတွင် ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ အဆိုပါ လူငယ်အုပ်စုသည် မည်သည့်ရန်ငြိုး ရန်စမှ မရှိပါဘဲ မန္တလေးကျုံးဘေး တစ်ဝိုက်တွင် ရမ်းကားမှု ခြောက်ကြိမ်အထိ ကျူးလွန်ခဲ့ကြပြီး လူလေးဦးအားလည်း အကြောင်းမဲ့ ဓားဖြင့်လိုက်ခုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထူးခြားသည့် အချက်မှာ အဆိုပါ အကြောင်းမဲ့ လက်နက်ကိုင် ရမ်းကားခဲ့သည့် လူငယ်များမှာ အသက် ၂၀ အောက် လူငယ်များဖြစ်နေကြပြီး အသက် ၁၄ နှစ်အရွယ် လူငယ်ထိပါ ပါဝင်နေခြင်းပင် ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ လူထုက အမျိုးမျိုး တုံ့ပြန်ပြောဆိုကြရာတွင် အချို့ကလည်း လူငယ်များ ဖြစ်သည့်အတွက် ညှာညှာတာတာ အပြစ်ပေးရန် ပြောဆိုကြသလို အချို့ကလည်း နောင်မလုပ်ရဲရန်အတွက် ပြင်းထန်စွာ အပြစ်ပေးရန် ပြောဆိုကြသည်။ ယခုကိစ္စသည် မျက်တောင်တစ်ဆုံးထက် မျက်စိတစ်ဆုံး ကြည့်ရမည့် ပြဿနာတစ်ရပ် ဖြစ်ပါသည်။ သူတို့အား အပြစ်ပြင်းပြင်းထန်ထန် ပေးလိုက်ရုံနှင့် ယခုပြဿနာသည် ဖြေရှင်းပြီး ဖြစ်သွားနိုင်မည်လား။ လူငယ်ဆိုသည်မှာ ကလေးဘ၀နှင့် လူကြီးဘ၀တို့၏ ပေါင်းကူးဆုံမှတ် ဖြစ်သည်။ လူငယ်အရွယ်တွင် အရာရာကို စူးစမ်းပြီး စမ်းသပ်ချင်တတ်ကြသည်။ အတုမြင် အတတ်သင်ချင်ကြသည်။ လူငယ်တိုင်းတွင် ပင်ကိုအဖြူထည် စိတ်ခံရှိကြပါသည်။ အဖြူထည်ဆိုသည်မှာ အရောင်ဆိုး ခံရရန်အတွက် အကောင်းဆုံးဖြစ်သည့် အားလျော်စွာ လူငယ်ဘ၀သည် လူတစ်ယောက်ကို ပုံသွင်းဖို့ရန်အတွက် အကောင်းဆုံးအရွယ် ဖြစ်သည်။ ထိုအရွယ်တွင် ကောင်းမွန်စွာ ပြုပြင်ပုံသွင်းမှု မခံရသည့်အခါ လူဆိုးတစ်ယောက် ဖြစ်လာရန်အတွက် လမ်းစဖြစ်သွားနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club နှင့် Day Party များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်

S-25-8
မေလအတွင်း ရန်ကုန်မြိ့ရှိ Day Club တစ်ခု၏ အတွင်းပိုင်းမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club များ ဖွင့်လှစ်ခြင်းနှင့် Day Party များ ပြုလုပ်နေမှုကြောင့် မြို့နယ်အသီးသီးတွင် ဒေသန္တသရအမိန့်များ ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သြဂုတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယင်းကဲ့သို့ မြို့နယ်အများစုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းမှ စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တားမြစ်ထားသည့်ကြားမှ လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပိုင်ရှင်နှင့် ဦးဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်စိုးသန့်က သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမြင့်က "မြို့နယ်တွေအားလုံးမှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Day Club တွေ၊ Day Party တွေမှာ လူငယ်အရွယ်တွေ၊ ကျောင်းသူ/ကျောင်းသားတွေ ပါဝင်မှုတွေ ရှိတဲ့အတွက် ပညာရေးအပိုင်းကို ထိခိုက်တယ်။ အကျင့်စာရိတ္တ အပိုင်းတွေကို အများကြီး ထိခိုက်တယ်။ အမြင်မတော်မှုတွေ ရှိလာတဲ့အတွက် Day Club တွေ၊ Day Party တွေမဖွင့်ဖို့ မလုပ်ဖို့ တားမြစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုကို အဆိုပါ အနီးပတ်ဝန်းကျင်ရှိ သူများက သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင် မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်က ထန်းကုန်းကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်က နယ်မြေခံ ရဲစခန်းသို့ ရောက်ရှိလာပြီး တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု သိရှိရသည်။
ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့် မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့အား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်

W-25-8
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်းအား သြဂုတ် ၂၄ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
မြန်မာ့ရုပ်ရှင် သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်းနှင့် အမှုဆောင် အဖွဲ့ဝင်များအား နုတ်ထွက်ပေးရန် တရားဝင် ဆန္ဒထုတ်ဖော်ခြင်းကို သြဂုတ် ၂၄ ရက် နံနက် ၁၁ နာရီ အချိန်က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ပြုလုပ်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သော အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံများကို မကျေနပ်သဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်သူ၊ ဗီဒီယို အခြေခံအဖွဲ့အချို့ ဗီဒီယိုခွေ အငှားလုပ်ငန်း လုပ်ကိုင်နေသူများ အပါအ၀င် လူဦးရေ ၁၀၀ ၀န်းကျင်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
ဆန္ဒထုတ်ဖော်သူများက "အုပ်စုဖွဲ့၊ ဂိုဏ်းဖွဲ့အိတ်ထဲထည့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဗီဒီယို အခြေခံဖွဲ့(ဗဟို) ဥက္ကဋ္ဌ အလိုမရှိ"၊ "ပြောတော့ NGO လုပ်တော့ အာဏာရှင် အုပ်စုဖွဲ့ ရုပ်ရှင်အစည်းအရုံး အလိုမရှိ"၊ "အလုပ်မလုပ် တရားမဲ့ ချုပ်ချယ်တဲ့ ဗီဒီယို (ဗဟို) အလိုမရှိ"၊ "ကိုယ့်အခွေကိုယ်ရောင်း လာဘ်စားတဲ့ ဗီဒီယို (ဗဟို)" အလိုမရှိ" အစရှိသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး "မြန်မာ့ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ အလိုမရှိ"၊ "ဗီဒီယို အခြေခံအဖွဲ့ (ဗဟို)နှင့် အဖွဲ့ထွက်ပေး" စာတမ်းပါ တီရှပ်များ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis