ရုံတင်ပြသစဉ်က ပရိသတ်အားပေးမှုရရှိသလို ၂၀၁၂ အကယ်ဒမီကားစာရင်းတွင်
ပါဝင်နေသော လက်ပံရုပ်ရှင်မှ ဒါရိုက်တာနှင့် မင်းသမီးတို့
အကယ်ဒမီဆုများရရှိမည်ဟုထင်ကြောင်း ပြေတီဦးက ခန့်မှန်းပြောကြားသည်။
““လက်ပံမှာ ဒါရိုက်တာနဲ့ မင်းသမီး ရနိုင်တယ်။ တော်တော်များများ ရကြပါစေလို့လည်း ဆုတောင်းပါတယ်””ဟု ၎င်းကဆိုသည်။
ယင်းဇာတ်ကားတွင် ပြေတီဦးအနေဖြင့် ဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားကာ ပရိသတ်များကလည်း ၎င်း၏ သရုပ်ဆောင်မှုကို အားပေးခဲ့ကြသည်။
““အကောင်းဆုံးကြိုးစားထားတယ်။
ရတာ၊ မရတာကတော့ ကံတရားပါပဲ။ ရရင်လည်း ပျော်တယ်။ မရရင်လည်း ကျေနပ်ပါတယ်””ဟု
ပြေတီဦးက ၎င်း၏ အကယ်ဒမီရင်ခုန်သံကိုပြောပြသည်။
Saturday, 19 October 2013
ဖားကန့်မှာ ကျောက်တူးသမား ၅ဝ ကျော် ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာနဲ့
သာယာကုန်းကျေးရွာနားတစ်ဝိုက်က အမျိုးသားကြီးပွားတိုးတက်ရေး၊ ခိုင်လုံ၊
ကြိုင်အင်တာနေ ရှင်နယ်စတဲ့ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တွေထဲမှာ
တစ်နိုင်တပိုင် ကျောက်စိမ်းတူးဖော်နေသူတွေထဲက ၅ဝ လောက်ကို တပ်မ ၁ဝ၁
လက်အောက်ခံ လှုပ်ရှားတပ်နဲ့ လုံခြုံရေးအဖွဲ့က ဖားကန့်မြို့နယ်ရဲစခန်းကို
ဒီနေ့မနက်ပိုင်း က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲ့ဒီလုံခြုံရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာသူတွေကြားမှာ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ အခုလိုဖမ်းဆီးသွားတာလို့ လုံးခင်းကျေးရွာ NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲ့ဒီလုံခြုံရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာသူတွေကြားမှာ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ အခုလိုဖမ်းဆီးသွားတာလို့ လုံးခင်းကျေးရွာ NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
သူရိယအလင်းကိစ္စနဲ့ပတ်သက်ပြီး ကမာရွတ်မီဒီယာရဲ့ အမြင်
ကမာရွတ်မီဒီယာနဲ့
တင်ခဲ့တဲ့ ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ချို့ကို
ပြန်ရှင်းပြချင်ပါတယ်။ သူရိယအလင်းကိစ္စ မေးခွန်းတွေ ထုတ်စရာတွေထက် ပိုပြီး
သံသယရှိစရာတွေကြောင့် တစ်ဖက်သတ်ပြောဆိုတာတွေကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။
၁။ စွပ်စွဲတဲ့ ဂျာနယ်တိုက်ပိုင်ရှင်က သူကိုယ်တိုင် ဖိုးလပြည့်ပါတယ်။
ဦးဝင်းမြင့်သားပါတယ်ဆိုတာ မမြင်ဘူး။ နောက်နေ့မနက်ကျမှ သူ့တပည့်တွေပြောတာ။
မြင်တဲ့သူ ထုတ်ပြဆိုတော့ မပြနိုင်ဘူး။
၂။ ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ဂျာနယ်နဲ့ ပစ္စည်းတွေလာသိမ်းလို့ တိုက်ထဲကျန်နေတဲ့သူတွေရှိနေတာကို သတင်းစာရှင်းလင်းပွဲမှာ ဖုံးထားတယ်။
၃။ သူလည်းမမြင်၊ သက်သေလည်းမရှိတဲ့အပြင် မတရားအသိမ်းခံရတယ်ဆိုရင်
ရဲစခန်းမှာ အမှုဖွင့်ရမှာကို မဖွင့်ပဲ မီဒီယာတွေနဲ့တွေ့ပြီး
ပွဲဆူအောင်ဖွတာထင်ရှားတယ်။
၎။
ဂျာနယ်ပိုင်ရှင်နဲ့ ထုတ်ဝေသူလက်မှတ်ရှိတဲ့သူကြား ပြဿနာရှိနေတာကြောင့်
ဒီလိုမျိုးတွေ ဖြစ်တာကို အမှန်အတိုင်း မပြောဘဲ နိုင်ငံရေးစတန့်အနေနဲ့
မီဒီယာကို အသုံးချတယ်။
၅။ စွပ်စွဲတဲ့သူကိုယ်တိုင်ရဲ့
နောက်ခံသမိုင်းကြောင်းအရ အကြီးအကျယ် ပြဿနာရှိတယ်။ ၈၈ မျိုးဆက်မှာ
ပါခဲ့ဖူးသူတွေ သူ့အကြောင်း ပိုသိကြပါမယ်။
အသက်မ၀င်မှု၏ အခြားတစ်ဖက်မှာ
(ဆောင်းပါးရှင် - တင်ယုနွယ်)
ဖြစ်စဉ် (၁)
"ရှီခါး ရှိလား"
"ရှီခါးဆိုတာ ဘာလဲ"
"အိန္ဒိယကလာတဲ့ ဆေးပေါင်းထုပ်လေ၊ တစ်ထုပ် ၅၀"
ကြည့်လိုက်တော့ အသက် ၇ နှစ်ဝန်းကျင် ကောင်လေးနှစ်ယောက်။ ဘာလုပ်ဖို့လဲမေးတော့ စားဖို့တဲ့။ ကွမ်းယာထဲမှာထည့်တဲ့ ဆေးပေါင်းအရသာတဲ့လေ။ အဲ့ဒီ အသင့်စား ဆေးပေါင်းထုပ်တွေ ပြည်တွင်းကို ၀င်လာတာ နှစ်ချီကြာနေပြီဖြစ်ပြီး ဈေးလည်းပေါသလို အလွယ်တကူလည်း ၀ယ်နိုင်တာကြောင့် စားသုံးမှု များလာပါတယ်။ ကွမ်းယာရောင်းတဲ့ ဆိုင်တိုင်းနီးပါးမှာ ပြည်ပနိုင်ငံတွေက တရားမ၀င် သွင်းလာတဲ့ အသင့်စား ဆေးပေါင်းထုပ်များစွာကို အရသာ အစုံနဲ့ ၀ယ်ယူနိုင်ပါတယ်။ အိမ်နားက ကွမ်းယာဆိုင်ကို မေးကြည့်တဲ့အခါ တစ်နေ့ကို အထုပ်ငါးဆယ်ကနေ တစ်ရာလောက်အထိ ရောင်းရတယ်တဲ့။ လာဝယ်တဲ့ သူတွေမှာ အမျိုးသားတွေသာမက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ ပါဝင်ပြီး အရွယ်စုံ လာဝယ်ပါတယ်တဲ့။
ဖြစ်စဉ် (၁)
"ရှီခါး ရှိလား"
"ရှီခါးဆိုတာ ဘာလဲ"
"အိန္ဒိယကလာတဲ့ ဆေးပေါင်းထုပ်လေ၊ တစ်ထုပ် ၅၀"
ကြည့်လိုက်တော့ အသက် ၇ နှစ်ဝန်းကျင် ကောင်လေးနှစ်ယောက်။ ဘာလုပ်ဖို့လဲမေးတော့ စားဖို့တဲ့။ ကွမ်းယာထဲမှာထည့်တဲ့ ဆေးပေါင်းအရသာတဲ့လေ။ အဲ့ဒီ အသင့်စား ဆေးပေါင်းထုပ်တွေ ပြည်တွင်းကို ၀င်လာတာ နှစ်ချီကြာနေပြီဖြစ်ပြီး ဈေးလည်းပေါသလို အလွယ်တကူလည်း ၀ယ်နိုင်တာကြောင့် စားသုံးမှု များလာပါတယ်။ ကွမ်းယာရောင်းတဲ့ ဆိုင်တိုင်းနီးပါးမှာ ပြည်ပနိုင်ငံတွေက တရားမ၀င် သွင်းလာတဲ့ အသင့်စား ဆေးပေါင်းထုပ်များစွာကို အရသာ အစုံနဲ့ ၀ယ်ယူနိုင်ပါတယ်။ အိမ်နားက ကွမ်းယာဆိုင်ကို မေးကြည့်တဲ့အခါ တစ်နေ့ကို အထုပ်ငါးဆယ်ကနေ တစ်ရာလောက်အထိ ရောင်းရတယ်တဲ့။ လာဝယ်တဲ့ သူတွေမှာ အမျိုးသားတွေသာမက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပါ ပါဝင်ပြီး အရွယ်စုံ လာဝယ်ပါတယ်တဲ့။
တရုတ်ပြည်မှ စုံတွဲ iPhone ဝယ်ရန် သမီးမိန်းကလေးငယ်ကိုရောင်းချ
တရုတ်အမျိုးသားစုံတွဲငယ်တို့ဟာ Apple ကုမ္ပဏီထုတ် iPhone ကိုဝယ်ယူရန် အတွက် သူတို့ရဲ့ သမီးငယ်ကလေးကို ရောင်းချခဲ့တာကြောင့် ရာဇဝတ်မှုနဲ့ရင် ဆိုင်နေရတယ်လို့ နိုင်ငံပိုင် မီဒီယာက သောကြာနေ့ကပြောဆိုခဲ့ပါတယ်။
ရှန်ဟိုင်းကရှေ့နေ့အဖွဲ့တစ်ခုဟာ ဒီစုံတွဲငယ်တို့ သူတို့သမီးမိန်းကလေးကို အွန်လိုင်း မှာ တရားမဝင်မွေးစားဖို့ ကမ်းလှမ်းခဲ့ပြီး ဒီအတွက်ငွေကြေး လက်ခံခဲ့ တဲ့အတွက် လူကုန်ကူးမှုနဲ့စွဲချက်တင်ခဲ့ပါတယ်လို့ လွတ်လပ်တဲ့နေ့စဉ်သတင်း (Liberation Daily) ကဖော်ပြခဲ့ပါတယ်။
အမည်နာမည်အပြည်အစုံမဖော်ပြထားတဲ့ ကလေးအမေဖြစ်သူဟာ ရရှိတဲ့ငွေကြေးနဲ့ Apple iPhone၊ တန်ဖိုးကြီး အားကစားရှုးဖိနပ်နဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေဝယ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေတွေ့ရှိခဲ့ကြပါတယ်။
တရုတ်ပြည်မှာ Apple ကုန်ပစ္စည်းတွေဟာ အလွန်အမင်းကျော်ကြားလှပြီး ယမန်နှစ်က တရုတ် ဆယ်ကျော်သက်လူငယ်တစ်ဦးဟာ သူ့ရဲ့ကျောက်ကပ် ကို ထုတ်ရောင်းခဲ့ပြီး ရရှိတဲ့ပိုက်ဆံနဲ့ iPhone နဲ့ iPad တွေဝယ်ယူဖို့အသုံးပြုခဲ့ပါသေးတယ်။
သူရိယအလင်းဂျာနယ်တိုက်သို့ လူ ၁၅ဦးခန့် ၀င်ရောက်သိမ်းဆည်းခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်ကုန် - အောက်တိုဘာ ၁၉၊ ၂၀၁၃ (မော်ကွန်း)
ယမန်နေ့ည သန်းခေါင်ကျော်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ
သူရိယအလင်းဂျာနယ်တိုက်သို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေမြေး
နေရွှေသွေးအောင်(ခေါ်) ဖိုးလပြည့် အပါအ၀င် စီးပွားကူးသန်းဝန်ကြီး
ဦးဝင်းမြင့်၏သားဦးဆောင်ကာ လူ ၁၅ ဦးခန့်ဝင်ရောက်ကာ ကွန်ပျူတာ Hard disk
များနှင့် ဂျာနယ်များယူဆောင်သွားသည်ဟု ၎င်းဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းက
ယနေ့နေ့လည် ၂ နာရီတွင် ၎င်းဂျာနယ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သ ည်။
ထိုကဲ့သို့ဝင်ရောက်သိမ်းဆည်းသွားခြင်းမှာ နောက်ဆုံးထုတ်ဂျာနယ်တွင်ဖော်ပြခဲ့သည့် လပြည့်ညပြီးရင် လကွယ်ညနဲ့ လမိုက်ညလာစမြဲပဲ မော်စကိုမှာသာမယ့်လဆောင်းပါးနှင့် မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ် (သို့မဟုတ်) ရွှေပေါ်မြတင်ညီလေးများထံသို့ပေးစာ စသည့်ဆောင်းပါးများကြောင့် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း ရှင်းလင်းပြောဆိုသည်။
iphone5s ကို အရစ်ကျစနစ်ဖြင့် ပြည်တွင်း၌ ၀ယ်ယူနိုင်တော့မည်
ရန်ကုန်၊ အောက်တိုဘာ ၁၈
အယ်ပဲလ်၏နောက်ဆုံးထွက် ထုတ်ကုန်ဖြစ်သည့် iphone5s ကို အရစ်ကျ စနစ်ဖြင့်ဝယ်ယူနိုင်ရန်အစီအစဉ်က
အဆိုပါအရစ်ကျစနစ်ကို ရန်ကုန်မြို့အတွင်းစတင်ပြုလုပ်မ
ငွေပေးသွင်းနိုင်ရန်အတွက်ကိုမူ ဧရာဝတီဘဏ်နှင့် AGD ဘဏ်များနှင့် ချိတ်
ဆက်ပေးထားမည်ဖြစ်ကြောင်း i-life မှတာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့
ပြောသည်။
အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်မည့် iphone5sများကို ထိုင်းနိုင်ငံ၏ အယ်ပဲလ်ထုတ်ကုန်ရောင်းချသည့် အကြီးဆုံးကုမ္ပဏီမှ ရယူမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၌လည်း iphone5sကို လာမည့်နိုဝင်ဘာမှ တရားဝင်ရောင်း ချနိုင်မည်ဖြစ်သည်။
အဝေးသင်ဘွဲ့ အပယ်ခံဖြစ်ပြီလား

ပြီးခဲ့သော စက်တင်ဘာလအတွင်း
အစိုးရထုတ်နေ့စဉ် သတင်းစာ များ၌ ရန်ကုန်မြို့တော် စည်ပင် သာယာရေးဌာနက
အလုပ်ခေါ်ယူရာ တွင် အရည်အချင်း သတ်မှတ် ချက်တစ်ခု မှာ အစိုးရတက္ကသိုလ်တစ်ခုခု
(နေ့ ကျောင်း)ဖြင့် ဘွဲ့ရပြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ချက်ကို
ဖတ်ရှုလိုက်ရပါသည်။ယင်းသတ်မှတ်ချက်ကို ဖတ်ရသော ကျွန်ေ တာ့်အနေဖြင့်
အံ့သြတုန်လှုပ်မိပါ သည်။ အဘယ့်ကြောင့်ဆိုသော် အဝေး သင်တက္ကသိုလ်ဆိုသည်မှာ
နိုင်ငံတော်မှ တရားဝင်ခွင့်ပြု ဖွင့်လှစ်ထားသော တက္က သိုလ် တစ်ခု
ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အစိုးရတက္ကသိုလ်ချင်းအတူ တူ နေ့ကျောင်းနှင့်
အဝေးသင် ခွဲခြား ခေါ်ယူခြင်းမှာ လုံးဝမဖြစ်သင့်သောကိစ္စ ဖြစ်ပါသည်။ အဝေး
သင်ဘွဲ့ရများကို နှိမ့်ချထားသောသဘောဖြစ်နေပါသည်။
ကျွန်တော်သည် ၁၉၆၈ ခုနှစ်က
လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ရရှိခဲ့ သူ ဖြစ်ပါသည်။ ယခင် လုပ်သားများ
ကောလိပ် မပေါ်မီ သက်ကြီးတက္ကသိုလ် ဟူ၍ ပေါ်ပေါက်ခဲ့ရာ ကျွန်တော်တို့လို ၁ဝ
တန်းအောင်ပြီး တက္ကသိုလ်မတက် နိုင်သူများအဖို့ အားထားရသော တက္က
သိုလ်ကောလိပ်များ ဖြစ်ပါသည်။ ကျွန် တော်သည် သက်ကြီး တက္ကသိုလ်တွင် ဥပစာသိပ္ပံ
(ခ) အောင်ပြီးနောက် သက် ကြီးတက္ကသိုလ် ဖျက်သိမ်း၍ လုပ်သား များကောလိပ်
ပေါ်ပေါက်ခဲ့ရာ လုပ် သားများကောလိပ်တွင် ဆက်လက် တက်ရောက်ပြီး ၁၉၆၈
ခုနှစ်တွင် သိပ္ပံ ဘွဲ့ရရှိခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှို့ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ.....
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကို ကျနော် ကြိုးစားပမ်းစားသုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။
ဒီနိုင်ငံက မတရားမှုတွေဖိနှိပ်မှုတွေကို သတင်းရေးခဲ့တဲ့အတွက် ကျနော့် ကိုနှစ်ကြိမ်တိုင်တိုင် ပြည်နှင်ဒဏ်ပေးခဲ့ ပါတယ်။
ဟော အခုကျတော့လည်း အမေရိကန်သမ္မတအိမ်ဖြူတော်က သတင်းစာအဖွဲ့ အနေနဲ့ ကျနော်ဖိတ်ကြားခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုးမလိမ္မာတာတွေကို မေ့ သွားကြပြီဆိုတော့ သဘောပေါ့။
ဒီလို ကမ္ဘာမှာအကျော်ကြားဆုံးခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်းအလဲပါ။.
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်လည်မြင်ယောင်မိ ပါတယ်။ အဲဒီတုန်းကဆိုရင် ထောက်လှမ်းရေးတွေက ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေအပြည့် ပါတဲ့  ကားတစီးစီးများ ဒီခြံနားကပ်လာတယ်ဆိုရင် စကားပြောစက်တွေနဲ့ တိုးတိုးတိုးတိုးသတင်းပို့ ကြတော့တာဘဲ။
ပုံပျက်သွားတဲ့ ရိုးသားမှု ....(နိုင်းနိုင်းစနေ)
တစ်နေ့တွင် ဒုတိယကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန် ခဲ့သည်။ ကုန်သည်က ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘ၀ အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေ သရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန်နှစ်သက်မိ သဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံ ထုတ်လေတော့သည်။
တစ်နေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာ လမ်းတစ်နေရာတွင် ဖျားနာချင်ဟန်ဆောင်ပြီး လဲနေခဲ့သည်။
ဝက်ဖြူရေချောက်၌ ဘုရားဖူးကား ထိုးကျ ၊ လူတစ်ဦးသေဆုံး
- Post 19 October 2013
- By April(ရှမ်းပြည်နယ်) (မြစ်မခ)
အဆိုပါကားပေါ်တွင် ယာဉ်မောင်း ကိုမျိုးဝင်းသန်းနှင့်အတူဦးဝင်းမောင် ၆၃ နှစ် (ဘ) ဦးဟန်သာ၊ ဒေါ်အုံးသန်း ၅၇နှစ်(ဘ) ဦးဘသန်း၊ ဒေါ်တင်ကြည် ၅၇နှစ်(ဘ) ဦးဘသန်း၊မနော်နီလာမျိုး၃၈နှစ် (ဘ) ဦးမျိုးတင့် ၊ဆုဝေထက် ၁၀နှစ် (ဘ)ဦးမျိုးဝင်းသန်း၊ မောင်ဥာဏ်ဖုန်းမင်း ၄ နှစ် (ဘ) ဦးမျိုးဝင်းသန်း ပါရှိသည်။
''ဘုရားဖူးလာတဲ့ကား ဖြစ်ပါတယ်။ နယ်ခံတွေမဟုတ်တော့ လမ်းမကျွမ်းလို့ ပြုတ်ကျသွားတာပါ။ အခုစခန်း ကနေပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ နဲ့ယာဉ်မောင်း ကိုမျိုးဝင်းသန်းကို အမူဖွင့်ပြီးအရေး ယူဆောင်ရွက်လျက် ရှိပါတယ်''ဟု ကလောမြို့ရဲစခန်းမှဒုရဲအုပ် မင်းကိုကိုကပြောသည်။
အိမ်ပြန်ချိန် တကယ်နီးပြီလား
ရေးသားသူ- အောင်ခိုင်၊ မရန်
၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခန့်။ မြစ်ကြီးနားမြို့ မဂျွယ်ခန်းမအတွင်း လက်ခုပ်သံများ သောသောညံနေသည်။ အစိုးရနှင့် ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး သဘောတူညီချက်(၇)ချက်ကို လက်မှတ်ရေးထိုးနေကြသည့်မြင်ကွင်းဖြစ်သည်။
ထိုအချိန်မှာပင် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းစစ်ဘေးဒုက္ခသည်စခန်းမှ ဦးလထော်ဘရန်ရှောင်တစ်ယောက် အလှည့်ကျတာဝန်အဖြစ် စခန်းတစ်ခုလုံးအတွက် ထမင်းချက်နေသည်။
ဦးလထော်ဘရန်ရှောင်သည် အစိုးရမှ ကေအိုင်အေတပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည့် စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့်သုံးလခန့်ကမှ သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းလည်းဖြစ်သည်။
ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ထပ်မဖြစ်ပွားနိုင်ဟု ရဲချုပ်အာမခံ
ယခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုဖြစ်စဉ်များတွင်ပါဝင်သည့်
တရားခံ ရှစ်ဦးကို ဖမ်းဆီးရမိပြီးဖြစ်သော ကြောင့် ရန်ကုန်မြို့တွင်
ဗုံးပေါက် ကွဲမှု ထပ်မံမဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရဲချုပ်ဇော် ဝင်းက ပြောသည်။ အောက်တိုဘာ ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြော
ကြားခဲ့ခြင်းဖြစ်သည်။
ရဲချုပ်ဇော်ဝင်းက ''လက်ရှိ အနေနဲ့
ရန်ကုန်မှာ ပေါက်ကွဲမှု တွေ ထပ်မံမဖြစ်ပွားနိုင်တော့ပါ ဘူး။
အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ပါဝင်ဆက်စပ်နေတဲ့ တရားခံတွေ ကိုလဲ
ထပ်မံဖမ်းဆီးဖို့ ဆောင် ရွက်နေပါတယ်''ဟု ပြောသည်။ အဆိုပါပေါက်ကွဲ မှုဖြစ်
စဉ် များကို ကေအင်န်ယူ ၏ စီးပွားရေး လုပ်ငန်းအဖွဲ့မှ ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
ရဲချုပ်ဇော်ဝင်းက ''ရှမ်းပြည် နယ် နမ့်ခန်းမှာဖြစ်တဲ့ ဗုံးပေါက်
ကွဲမှုဖြစ်စဉ်နဲ့ အခုဖြစ်စဉ် က ဆက် စပ် မှုမရှိပါဘူး''ဟု ပြောသည်။
" Bagan ကီးဘုတ်ဗားရှင်းအသစ်တွက် ငွေဖြည့်သွင်းကတ်များစတင်ဝယ်ယူနိုင် "
ရန်ကုန်၊ အောက်တိုဘာ ၁၈
Bagan Keyboard ဗားရှင်းအသစ်အတွက် ငွေဖြည့်ကတ်များကို မိုဘိုင်းဆိုင် များတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ Bagan Gift Card များကို အသစ်ထွက်ရှိထားသည့် ဗားရှင်း 2.1 အတွက်ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပြီး လူကြီးမင်းမိုဘိုင်းဆိုင်များ၊ Mr.Fone၊ Shwe၊ ABC Convenience Storeရှိ S.O.C ကောင်တာများ၊ စမ်းချောင်းမြို့နယ် ရှိ Win မိုဘိုင်းဖုန်းဆိုင်နှင့် Like မိုဘိုင်းဆိုင်များအပြင် ပြည်မြို့ရှိ Wise Power ကွန်ပျူတာနှင့်မိုဘိုင်းဆိုင်တို့တွင်ရရှိနိုင်ပြီဖြစ်သည်။
၎င်းကီးဘုတ်ကို ငွေဖြည့်ကတ်စနစ်ဖြင့် ၀ယ်ယူထည့်သွင်းခြင်းမပြုလိုပါက မိုဘိုင်းဖုန်းအတွင်းရှိ ဘေလ်မှလည်း ၀ယ်ယူနိုင်ပြီး ငွေကျပ်တစ်ထောင်သာ ကျသင့်မည်ဟု Bagan Innovation Technology မှသိရသည်။
သုတလင်း
Popular Myanmar News
ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုများ တွေ့ပါက မြို့နယ်တာဝန်ခံကို အရေးယူမည်
ရန်ကုန်၊ အောက်တိုဘာ ၁၈
မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများကို စောင့်ကြည့်အရေးယူရန် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများကို ညွှန်ကြားထားပြီး ဖြစ်ရာ အရေးယူခြင်းမရှိသော မြို့နယ် တာဝန်ခံများကို ထုတ်ပယ်သည်အထိ အရေးယူလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများကို မြို့နယ်တာဝန်ခံ များ၏ စောင့်ကြည့် အရေးယူမှု များကြောင့် ယခုနှစ် အောက်တိုဘာလအထိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၀၀၀ ကျော်ကို တရားစွဲဆို နိုင်ခဲ့ကြောင်း၊ အရေးယူခြင်း မရှိသော မြို့နယ်တာဝန်ခံ များကို ရာထူး လျှော့ချခြင်း၊ ထုတ်ပယ်ခြင်းစသည့် အရေးယူမှုများကို ဆောင်ရွက်လျက်ရှိရာ မရမ်းကုန်းမြို့နယ် တာဝန်ခံတစ်ဦးကို ရာထူးချကာ ဌာနပြောင်းရွှေ့ အရေးယူခဲ့ကြောင်း ၄င်းကပြောကြားသည်။
CDMA ဆင်းမ်ကတ် ရောင်းချမှုရပ်ဆိုင်း
ရန်ကုန်၊ အောက်တိုဘာ ၁၈
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) က ဧပြီလမှစတင်၍ အလုံးရေ အကန့်အသတ်ဖြင့် လစဉ်ဖြန့်ချိနေသည့် ကျပ် ၁၅၀၀ တန် CDMA 800MHz မိုဘိုင်းလ်ဆင်းမ်ကတ် များကို အောက်တိုဘာလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ထုတ်ပြန်သည်။
ဧပြီလမှ ဇွန်လအထိ လစဉ် CDMA ကတ် သုံးသိန်းငါးသောင်းကို ဖြန့်ချိခဲ့ပြီး ဇူလိုင်လမှ စက်တင်ဘာလ အထိ လစဉ် ကတ် တစ်သိန်းငါးသောင်းသို့ လျှော့ချခဲ့ရာမှ ယခုလတွင် ရောင်းချမှု လုံးဝ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
"လိုင်းထပ်တိုးလို့ မရတော့ဘူး။ အဲ့ဒါကြောင့် ရပ်လိုက်တာ" ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ အင်ဂျင်နီယာတစ်ဦးက ရှင်းပြသည်။
အမြန်လမ်းတွင် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိ
ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် (၁၁၉)မိုင်၊၄/၅ဖာလုံတွင်
(၁၈.၁၀.၂၀၁၃)နေ့ နံနက်(၆း၃၀)အချိန်ခန့်က အမျိုးသမီး လူသေအလောင်း
တစ်လောင်းကို ဦးခင်မောင်မြင့်(၄၂)နှစ်၊(ဘ)ဦးပုစိန်၊ ကျွန်းစိုက်ခင်း
အလုပ်သမား ဖြူးမြို့ နယ် ပြောင်သေကျေးရွာ၊ နေသူက တွေ့ ရှိခဲ့ပါသည်။
ဦးခင်မောင်မြင့်မှ
နံနက်(၇း၀၀)အချိန်တွင် ဖြူးအမြန်လမ်း ရဲစခန်းသို့အကြောင်း ကြားခဲ့ရာ
စခန်းမှ စခန်းမှူးဝင်းထွဋ်အောင်၊ နယ်ထိန်းခေါင်းဆောင်
ဒုရဲအုပ်သူရစိုးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်
ကြည့်ရှုစစ်ဆေးခဲ့ရာ အသက်(၃၀)ခန့် ရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ
့ရှိရသည်။
လက်ဖက်ရည်ဖိုး ယဉ်ကျေးမှုနဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာ
မနက်စောစော
အိပ်ရာနိုးတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး မနက်စာ စားကြတာဟာ မြို့ပြဒေသက
ဓလေ့တခုပါ။ မနက်စာအပြင် နေ့လည်ဖက်မှာလည်း ဒီလူတွေဟာ အလုပ်ချိန်နည်းနည်း
အားတာနဲ့ လဖက်ရည်ဆိုင် ပြေးထိုင်တတ်ကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံက
လက်ဖက်ရည်ဆိုင်ဆိုတာဟာ အစာစားဖို့ နေရာတင်မကဘဲ စကားထိုင်ပြောဖို့၊
ဆွေးနွေးငြင်းခုံဖို့၊ လေကန်ဖို့ နေရာတခုလည်း ဖြစ်လာခဲ့ပါတယ်။
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ဒီအဆင့်အထိကို ကျနော်
ကောင်းကောင်း နားလည်ပေမယ့် “လက်ဖက်ရည်ဖိုး တောင်းတဲ့ယဉ်ကျေးမှု”
ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာကတော့ သိပ်မရှင်းလှပါ။ ဒီလို လက်ဖက်ရည်ဆိုင်မှာ
ထိုင်ရင်းကနေ ဒီဝေါဟာရ ပေါ်လာတာလား၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေက သူတို့ဆီလာတဲ့
ဧည့်သည်တွေကို လက်ဖက်ရည်ဆိုင်ခေါ်ပြီး ကျွေးမွေးခိုင်းရာကနေ ဒီစကားလုံး
ပေါ်လာတာလား၊ ဘယ်ကနေ ဘယ်လို ဒီဝေါဟာရ ပေါ်လာမှန်းမသိပေမယ့် ဒီစကားလုံး
အခုချိန်အထိ ခေတ်စားနေဆဲဆိုတာကတော့ သေချာပါတယ်။ပြီးခဲတဲ့မေလက ရန်ကုန်ကနေ ထားဝယ်အသွား လေယာဉ်ကွင်း ပေါင်ချိန်စက်မှာ ကျနော် လက်ဖက်ရည်ဖိုး အတောင်းခံခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်ချက်များ
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း
တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်စဉ်များနှင့်
ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရေးယူ ဆောင်ရွက်ချက်များကို
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း၏ ရှင်းလင်းချက် အပြည့်အစုံမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/
ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီးများ၊ သံရုံးယာယီ
တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူးဖိတ်ကြားထားသော
ဧည့်သည်တော်များ ခင်ဗျာ ရှေးဦးစွာ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ
ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်းဆက်သ ဂါရဝ ပြုအပ်
ပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ
ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့
ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ
ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့မှု
အခြေအနေ များအား ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများ
အားလုံး သိရှိနိုင် စေရန်အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
လက်ပံတောင်းမှာ ၀မ်ပေါင်ကုမ္ပဏီခြံစည်းရိုးတွေကို ရွာသားတွေ ၀င်ရောက်ဖျက်ဆီး
ပြီးခဲ့တဲ့အပတ်အတွင်း ၀မ်ပေါင်ကုမ္ပဏီက လုံထိန်းတပ်ဖွဲ့တွေကိုအကာအကွယ်ယူပြီး ဒေသခံတွေတားနေတဲ့ကြားက ဘူတိုဇာတွေနဲ့ ယာခင်းတွေကိုဖျက်ပြီး စီမံကိန်းနယ်မြေကို ခြံစည်းရိုးကာနေတာ ဖြစ်ပါတယ်။
ခြံစည်းရိုးဟာ ဆည်တဲနဲ့ ဇီးတောရွာများအနီးကို ဖြတ်ပြီးကာတာကြောင့် မြေယာလျော်ကြေးမယူတဲ့ဒေသခံတွေက တားဆီးတာဖြစ်ပါတယ်။
“ သီတင်းကျွတ်လပြည့်နေ့ အကြောင်း ”
သီတင်းကျွတ်လရာသီအချိန်သည် မိုးမကုန်သေးသော်လည်း
နေရောင်ခြည် ဖြာစပြုလာပြီဖြစ်၍ သာယာတော့မည့်
ဆောင်းရာသီ၏ အရုဏ်ဦးအချိန်ပင်
ဖြစ်သည်။ ယင်းအချိန်တွင်ဝါဆိုကင်းလွတ်၊
သီတင်းကျွတ်မို့ ဆိုသည်နှင့်အညီ ဗုဒ္ဓဘုရားရှင်၏
ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ရက်နေ့က
ပုရမိ ဝါဆိုတော်မြူကသည့် သဃာံတော်များသည်
သီတင်း ကျွတ်လ ပြည့်နေ့တွင်
ဝါဆိုသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သဖြင့်
အရပ်တစ်ပါးသို့ ညဥ့်အိပ် ညဥ့်နေ လွတ်လပ်စွာ
ကြွတော်မှုနိုင်ကြပေသည်။
ထိုရာသီတွင် အဿဝဏီနက္ခတ်သည် စန်းဟု ခေါ်သော
လမင်းနှင့်အတူ ယှဉ်ပြိုင်ထွန်းပပေသည်။
ရာသီရုပ်မှာ ချိန်ခွင်ကို ကိုင်စွဲသော ယောက်ျားရုပ်
သဏ္ဌာန်ဖြစ်ပြီး ငုံအာစွင့်စွင့်ရေထက်မြင့်ကာ
ဖူးပွင့်နေကြရှာသော ကြာဖြူ၊
ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်၊ ကြာပဒုမ္မာ ဟူသည့်
ကြာမျိုးငါးပါးတို့သည် သီတင်းကျွတ်လ၏ ရာသီပန်းများ
ဖြစ်ကြပေသည်။ ထိုလတွင် ဆီမီးမြင်းမိုရ်ပွဲ
(ဝါ) တာဝတိံသာပွဲကို ရာသီပွဲအဖြစ် ကျင်းပပြုလုပ်လေ့ရှိကြသည်။
နေ့တာ ၊ ညတာညီမျှသော လဖြစ်သော
ဤသီတင်းကျွတ်လကို ကင်းဝန်မင်းကြီးက
''သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း၊
ကြာမျိုးလည်းစို၊ မီးမြင်းမိုရ် ဗဟိုအချာထွန်း''ဟု
စပ်ဆိုခဲ့လေသည်။
Subscribe to:
Comments (Atom)



















![Photo: “ သီတင်းကျွတ်လပြည့်နေ့ အကြောင်း ”
••••••••••••••••••••••••••••
သီတင်းကျွတ်လရာသီအချိန်သည် မိုးမကုန်သေးသော်လည်း
နေရောင်ခြည် ဖြာစပြုလာပြီဖြစ်၍ သာယာတော့မည့်
ဆောင်းရာသီ၏ အရုဏ်ဦးအချိန်ပင်
ဖြစ်သည်။ ယင်းအချိန်တွင်ဝါဆိုကင်းလွတ်၊
သီတင်းကျွတ်မို့ ဆိုသည်နှင့်အညီ ဗုဒ္ဓဘုရားရှင်၏
ပညတ်တော်အရ ဝါဆိုလပြည့်ကျော် ၁ရက်နေ့က
ပုရမိ ဝါဆိုတော်မြူကသည့် သဃာံတော်များသည်
သီတင်း ကျွတ်လ ပြည့်နေ့တွင်
ဝါဆိုသည့်ကာလ ကုန်ဆုံးသွားကြပြီဖြစ်သဖြင့်
အရပ်တစ်ပါးသို့ ညဥ့်အိပ် ညဥ့်နေ လွတ်လပ်စွာ
ကြွတော်မှုနိုင်ကြပေသည်။
ထိုရာသီတွင် အဿဝဏီနက္ခတ်သည် စန်းဟု ခေါ်သော
လမင်းနှင့်အတူ ယှဉ်ပြိုင်ထွန်းပပေသည်။
ရာသီရုပ်မှာ ချိန်ခွင်ကို ကိုင်စွဲသော ယောက်ျားရုပ်
သဏ္ဌာန်ဖြစ်ပြီး ငုံအာစွင့်စွင့်ရေထက်မြင့်ကာ
ဖူးပွင့်နေကြရှာသော ကြာဖြူ၊
ကြာနီ၊ ကြာညို၊ ကြာပုဏ္ဍရိက်၊ ကြာပဒုမ္မာ ဟူသည့်
ကြာမျိုးငါးပါးတို့သည် သီတင်းကျွတ်လ၏ ရာသီပန်းများ
ဖြစ်ကြပေသည်။ ထိုလတွင် ဆီမီးမြင်းမိုရ်ပွဲ
(ဝါ) တာဝတိံသာပွဲကို ရာသီပွဲအဖြစ် ကျင်းပပြုလုပ်လေ့ရှိကြသည်။
နေ့တာ ၊ ညတာညီမျှသော လဖြစ်သော
ဤသီတင်းကျွတ်လကို ကင်းဝန်မင်းကြီးက
''သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီရှိန်ဝါရွှန်း၊
ကြာမျိုးလည်းစို၊ မီးမြင်းမိုရ် ဗဟိုအချာထွန်း''ဟု
စပ်ဆိုခဲ့လေသည်။
သီတင်းကျွတ်လကို သန်တူ၊
ဝသန္တဥတု တူရာသီဖြစ်သောလ၊
သီတင်းဝါလကျွတ်သော လဟု
ဝေါဟာရလီနတ္ထဒီပနီတွင် လည်းကောင်း၊
ကောက်စပါးပင်များ ပေါက်ဖွားထောင်မတ်ထွက်လာသောလ၊ ရဟန်းသံဃာတော်များမိမိတို့ ကျောင်းအရပ်အတွင်း၌သာ သီတင်းသုံးနေထိုင်ခြင်းမှ လွတ်မြောက်သော လဟု
မြန်မာလအမည်များ စာအုပ်တွင်လည်းကောင်း
အသီးသီးအဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ဂေါတမရှင်တော်မြတ်ဘုရားသည် မဟာသက္ကရာဇ်
၁ဝ၉ခုနှစ် ဝါဆိုလပြည့်နေ့၌ သာဝတ္ထြိပည်အနီးဝယ်
ဘုရားရှင်၏ မိန့်တော်မူချက်နှင့်အညီ
ကောသလ္လဘုရင်၏ ဥယျာဉ်မှူး မောင်ကဏ္ဍစိုက်ပျိုးလိုက်သည့်
ကဏ္ဍမ္ဗမည်သော သရက်ဖြူပင်အနီးတွင် အယူလွဲမှားနေတာ တိတ္ထိတစ်သင်းတို့အား တန်ခိုးပြာဋိဟာ ဖန်ဆင်းပြတော်မူကာ နှိမ်နင်းချေချွတ်တော်မူခဲ့သည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုတိသနတ်သားအားအဘိဓမ္မာတရား
ဟောကြားတော်မူခြင်းဖြင့် ကျေးဇူးဆပ်ရန် ရည်ရွယ်လျက်
တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ သတ္တမ
ဝါကပ်တော်မူပါသည်။
ဘုရားရှင်သည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက်တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက်
မယ်တော်မိနတ်သားအမှူးပြုသည့် စကြဝဠာပေါင်း
တိုက်တစ်သောင်းတို့မှ ခညောင်းရောက်ရှိလာကြသော နတ်ဗြဟ္မာပရိသတ်တို့၏ အလယ်၌ အဘိဓမ္မာတရားတော်မြတ်ကို
ဝါတွင်းသုံးလပတ်လုံး နေ့ညမစဲ ဟောကြား
တော်မူခဲ့သည်။
အဘိဓမ္မာဒေသနာတော်သည် ဓမ္မက္ခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်
အနက် ထက်ဝက်မျှပင်ရှိ၏ လွန်စွာများပြားရှည်လျား၍
ဝါတွင်းသုံးလဆက်တိုက်ဟောမှ ပြီးဆုံး၏။
♦ ထိုမျှရှည်လျားသော ဒေသနာတော်ကို လူ့ပြည်
တစ်နေရာတည်း၊ ဣရိယာပုဒ်တစ်မျိုးတည်းဖြင့်
ဆက်တိုက်နာကြားနိုင်သည့်ပုဂ္ဂိုလ်မျိုး မရှိသည့်အတွက် ယင်းအဘိဓမ္မာဒေသနာတော်ကို လူ့ပြည်၌
ဟောကြားတော်မမူဘဲ နတ်ပြည်၌သာ
ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။
[www.facebook.com/youngbuddhistassociation.mm]
♦ ဘုရားရှင်၏ အဘိဓမ္မာတရားဒေသနာ ဟောကြားခြင်းသည်
ဝါတွင်းသုးံ လမြောက်ြဖစ်သော သတင်းကျွတ်လ ပြည့် နေ့၌
ပြီးဆုးံ လေသည်။ ယင်းသို့
တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူပြီးနောက်
ဤဝါကျွတ်ချိန်တွင် တာဝတိံသာနတ်နန်းမှသည်
သင်္ကဿနဂိုရ်သို့ သိကြားမင်း ဖန်ဆင်း
လှူဒါန်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊
ပတ္တမြားစောင်းတန်းဟူသောစောင်းတန်းသုံးသွယ်ဖြင့်
နတ်အပေါင်းက လက်ယာဘက် ရွှေစောင်းတန်းမှ
လည်းကောင်း၊ ဗြဟ္မာကြီးများက လက်ဝဲဘက် ငွေစောင်းတန်းမှလည်းကောင်းခြံရံလျက် ဗုဒ္ဓရှင်တော်မြတ်သည် အလယ်ဗဟို၌တည်ရှိသော ပတ္တမြားစောင်း
တန်းဖြင့် သက်ဆင်းကြွမြန်းတော်မူလေသည်။
ယင်းသို့ သက်ဆင်းကြွမြန်းရာတွင်
♦ ပဉ္စသိင်္ခနတ်သားက သုံးဂါဝုတ်ပမာဏရှိသည့်
ဗေဠုဝနတ်စောင်းကြီးကို လက်သံကုန်တီး၍ ပူဇော်ကာ
လက်ယာနံပါးမှ လည်းကောင်း၊
♦ မာတလိနတ်သားကလည်း နတ်၌ဖြစ်သော ပန်း၊
နံ့သာအမွှေးအကြိုင်တို့ကို ကိုင်စွဲလျက် ဘုရား
ရှင်ကို ပူဇော်ကာ လက်ဝဲနံပါးမှလည်းကောင်း၊
♦ သုယာမနတ်မင်းသည် စာမရီ
သားမြီးယပ်ကိုခတ်လျက် လည်းကောင်း၊
♦ သန္တုတိသနတ်မင်းသည် ပတ္တမြားယပ်ဝန်းကို တလွှဲလွှဲ
ခပ်လျက် လည်းကောင်း၊
♦ သိကြားမင်းသည် ဝိဇယုတ္တရ ခရုသင်းကို မှုတ်လျက်
လည်းကောင်း လက်ယာဘက်မှပင် ပူဇော်ကြကာ
သက်ဆင်းလိုက်ပါလာကြသည်။
ထိုနည်းတူ ကြွင်းသော စကြဝဠာတိုက်တို့၌
နေထိုင်ကြကုန်သော နတ်တို့မှ အမျိုးမျိုးသော
ပူဇော်မှုကိုပြုကြလျက်လည်းကောင်း၊
လက်ဝဲဘက် ငွေစောင်းတန်းမှလည်း
♦ သဟံပတိဗြဟ္မာကြီးက ဗြဟ္မာထီးဖြူကြီးကို ဆောင်းမိုး
ပူဇော်လျက် လည်းကောင်း သက်ဆင်းလိုက်ပါလာပေသည်။ထိုအချိန်တွင်သာဝတြ္ထိပည်၌် ရြှိကကုန်သော
ပရိသတ်အပေါင်းတိုသည်လည်း သီတင်းကျွတ်လပြည့်
မဟာပဝါရဏာနေ့၌ နံနက်စာစားကြပြီးလျှင်
''ယနေ့ မြတ်စွာဘုရားကို သင်္ကဿမြို့တံခါး၌ ဖူးမြော်ကြရကုန်တော့အံ့''
ဟု ထွက်လာခြဲ့ကရာ အချိန်အနည်း ငယ်အတွင်းမှာပင်
သကဿင်္ မြို့ တခါံးသို့  ဆိုက်ရောက်နေပြီ ဖြစ်သည်။
ဤသို့ မြတ်စွာဘုရားသည် နတ်ဗြဟ္မာအပေါင်းခြံရံလျက်
တာဝတိံသာနတ်ြပည်မှ သက်ဆင်း တော် ၍ူ
လြူ့ပည်သို့အရောက်စောင်းတန်းဦး၌
ခြေတော်မချမီလျှင်ပင် ဘုရားရှင်ကို တပည့်ကြီး
ရှင်သာရိပုတ္တရာမထေရ်ကပထမဦးစွာရှိခိုးပူဇော်ပြီး
ထိုနောက်မှ ကျန်သောပရိသတ်တို့ကမြတ်စွာဘုရား
ကို ရှိခိုးဖူးမြော် ပူဇော်ကြလေသည်။
♦ ထိုသင်္ကဿမြို့တံခါးဝ၌ စောင်းတန်းမှ
ပထမဦးဆုံး လက်ယာခြေတော်ချရာအရပ်သည် နောင်အခါဝယ်
''အစလစေတိယဌာန''ဟူ၍ အမည်ထင်ရှားလေသည်။
ယင်းသို့ ရှင်သာရိပုတ္တရာအမှူးပြုသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်း
ပါဝင်သည့် ပရိသတ်များက ဘုရားရှင်အား သောင်းသောင်းဖြဖြ
ပူဇော်ပွဲကြီးကို ဆင်ယင် ကျင်းပခဲ့ကြသည်မှာ မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်တွင်ဖြစ်၍် ယခု မြန်မာသက္ကရာဇ် ၁၃၇၅ပြည့်နှစ်တွင်နှစ်ပေါင်း၂၅၉၅
(နှစ်ပေါင်း၂၆ဝဝနီးပါး) ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
မြန်မာတို့သည် ဗုဒ္ဓမြတ်စွာ တာဝတိံသာနတ်ပြည်မှ
ဆင်းသက်တော်မူခဲ့သည်ကို အကြောင်းပြု၍
''တာဝတိံသာပွဲတော်''ဟု လည်းကောင်း၊
တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ ''မီးမြင်းမိုရ်ပွဲ''ဟု
လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။
မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်ပတ်သက်ပြီး
ပုဂံခေတ်ထိုးကျောက်စာများတွင် ကောင်း မှုစာရင်းများ၌ပါဝင်ကြောင်း မတွေ့ရရှိသောလည်း ပုဂံရှိမြင်းကပါဂူပြောက်ကြီး
ဘုရားတွင်တွေ့ရှိရသော ပန်းချီကားအရ
ဗုဒ္ဓမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ
သင်္ကဿမြို့သို့ ကြွဆင်းလာတော်မူပုံ သရုပ်ဖော်ရေးဆွဲထားသည်ကို ထောက်ရှု၍ ပုဂံခေတ်က မီးထွန်းပွဲတော်
အား ပုဂံသားများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း ယူဆနိုင်ပါသည်။
ကုန်းဘောင်ခေတ်အလယ်ပိုင်း၌ သီတင်းကျွတ်လ
ဆီးမီးထွန်းညှိပူဇော်ပုံကို ဘိုးတော်ဘုရားလက်ထက်
ထင်ရှားသည့် စာဆိုတော်တစ်ဦးဖြစ်သော
ဦးယာက ''ကြော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊
ထွန်းလင်းရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊
နတ်မင်းစံရာ၊ ဝတိံသာသို့၊
လေးဖြာရောင်စို၊ မြင်းမိုရ်ပွဲကြီး''ဟု လူးတားဖြင့်
ဖွဲ့ဆိုရေးစပ်ခဲ့သည်။
သီတင်းကျွတ်လတွင် ပွင့်ကြသည့် ရာသီပန်းများဖြစ်သော
ကြာမျိုးငါးပါးနှင့် ကျင်းပလေ့ရှိသည့် မီးမြင်းမိုရ်ပွဲစသည့်
သရုပ်ကို ဖော်ညွှန်းလျက်
စာဆိုတော် ဖိုးသူတော်ဦးမင်းက
''ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့
ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာ ကွန့်မြူးမြင်းမိုရ်မီး၊
ညီးတဲ့ခါချိန် ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သက္ကစ္စာဂါရဝါနှင့် စဉ်အလာပူဇော်ပွဲကိုနွှဲကြပေတောင်း''ဟူ၍ ဖွဲ့ဆိုထားပါသည်။
ဗုဒ္ဓမြတ်စွာသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ ဒေသနာတော်ကို
ဝါတွင်းသုံးလပတ်လုံး ဟောကြားပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင်
လူ့ပြည်သို့ ပြန်ကြွလာသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့တွင်
''အဘိဓမ္မာ အခါတော်နေ့ကို ကျင်းပကြသည။်
သတင်းကျွတ်လပြည့်နေ့တွင်
ရဟန်းသံဃာတော်များ ပဝါရဏာပွဲ ပြုလုပ်ကျင်းပကြသည်။
ပဝါရဏာ၏အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တောင်းပန်ခြင်း၊ တိုက်တွန်းခြင်းဟူ၍ ဖြစ်သည်။
ပ၀ါရဏာပွဲကား သီတင်းသုံးဖော်ရဟန်း
သဃာံတော်များအချင်းချင်း
တစ်ပါးသော ပုဂ္ဂိုလ်အပေါ်တွင်ဖြစ်စေ
မိမိအပေါ်တွင်ဖြစ်စေတရားတော်နှင့် မလျော်ညီ
ဖီလာဖြစ်မှုများရှိခဲ့ပါက အချင်းချင်း စုပေါင်းဝေဖန်ကြသည့်ပွဲ၊
သုံးသပ်ကြသည့်ပွဲ၊ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြသည့်ပွဲပင် ဖြစ်သည်။
''ငါ့ရှင်တို့၊ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏၊ တပည့်တော်
တို့၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော်လည်းကောင်း၊
သံသယရှိသော်လည်းကောင်း တပည့်တော်အားသနားသောအားဖြင့်
ပြောဆိုသိပေးကြပါ၊ အပြစ်ကို ကုစားပါမည်''ဟူ၍ ပဝါရဏာပြုကြသည်။
ထြို့ပင်မိုး လေကင်း လွတ်ပြီး ဥတုရာသီသာယာသည့်အချိန်
အခါလည်း ဖြစ်သည်။ ဤလတွင် ဘိုးဘွား မိဘများ၊
ဆရာသမားတို့ထံသို့ တပည်သားမြေးများက လှူဖွယ်ပစ္စည်းများဖြင့်ကန်တြော့ကလေရာ
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်တို့အကြား
ချစ်ခင်မြတ်နိုးမှု၊ ရိုသေလေးစားမှုများ တိုးပွားကာ
ကြည်နူးချမ်းမြေ့ဖွယ်ရာ ဖြစ်ရပေသည်။
[www.facebook.com/youngbuddhistassociation.mm]
သို့ဖြစ်ရာ ခြေခင်းလက်ခင်းသာချိန်ဖြစ်သည့်
ဤသီတင်းကျွတ်လတွင်ကောင်းမှုကုသိုလ်အဖုံဖုံကို
ပြုလုပ်ကြလျက် စိတ်လက်ကြည်နူးစွာ
တရားဘာဝနာပွားများအားထုတ်နိုင်ကြပါစေကြောင်း
ရေးသား တင်ပြလိုက်ရပါသည်။
- တင်ထွဋ်(အစိုးရတိုင်းရင်းဆေး)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn2/p480x480/1395885_694779887198693_2042777094_n.jpg)