menu

Wednesday 21 August 2013

Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လို ကာကွယ် ထိန်းသိမ်းကြမလဲ

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။နေရာ မှန်ပါစေသင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို. အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။အလင်းရောင်သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။

ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်

ကမ္ဘာကျော် အနမ်း၏ နောက်ကွယ်

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။

ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။

နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့ Edith Shain အမည်ရ အမျိုးသမီးက ဓာတ်ပုံထဲက သူနာပြု ဖြစ်ပြီး ၂၀၁၀ ခုနှစ် အသက် ၉၁ နှစ် အရွယ်မှာ အသဲကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူ ရှိစဉ် ကာလပတ်လုံးလည်း ထင်ရှား ကျော်ကြားခဲ့ရပါတယ်။ အမျိုးသားကတော့ ရေတပ် သင်္ဘောသား George Mendonça ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး။

ရေတပ်သား George ဟာ နယူးယောက်မြို့ က ရုပ်ရှင်ရုံ တစ်ခုမှာ သူ့ချစ်သူနဲ့ ချိန်းလို့ ရုပ်ရှင်ကြည့်ဖို့လာပြီး နာ့စ်မ Shain ကတော့ ဆေးရုံကို အဖော်တစ်ဦးနဲ့ သွားနေပါတယ်။ ရုပ်ရှင်ရုံထဲမှာ ကြည့်ဖို့ စောင့်ဆိုင်း နေစဉ် ရေဒီယိုမှာ စစ်ပြီးပြီလို့ ကြေညာလိုက်တာကြောင့် အားလုံး အပြင်ထွက်လို့ အောင်ပွဲ ခံပါတယ်။ သင်္ဘောသားရဲ့  ချစ်သူလည်း အောင်ပွဲခံလို့ လမ်းမှာ ရှာလို့တောင် မတွေ့ပါဘူး။ (နောက်တော့ သူ့ဇနီး ဖြစ်သွား ပါတယ်)။ ဒါနဲ့ လမ်းမမှာ ယူနီဖောင်း အဖြူရောင်နဲ့ နာစ်မ ကို တွေ့တော့ ထွေးပွေ့ဖက်နမ်း လိုက်ပြီး ဓာတ်ပုံ ဘေးမှာ ဓာတ်ပုံရိုက်နေသံ ကိုလည်း ကြားလိုက်ပါတယ်။ နမ်းလို့အပြီးမှာတော့ အားလုံး အောင်ပွဲခံ ပျော်နေကြချိန်ဆိုတော့ ဘယ်သူမှ သတိမထားမိပါဘူး။ သူတို့နှစ်ယောက်လည်း တစ်ဦးကို တစ်ဦး သတိမထား မိခဲ့ကြပါတယ်။

အနမ်းပြီးဆုံးသွားတော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက် စကားလေးတောင် မပြောခဲ့ကြပါဘူး။ နောက်မှ သိရတာတော့ သင်္ဘောသား ဖြစ်သူဟာ အရက်နည်းနည်း မူးနေပြီး ယူနီဖောင်းနဲ့ သူနာပြုဆိုတော့ တိုက်ပွဲ တွေကြားမှာ ဆုံဖူးတယ်လို့ မှတ်ယူကာ နမ်းခဲ့ခြင်း ဖြစ်ပါတယ်။ သူနာပြု အမျိုးသမီးကလည်း တိုက်ပွဲကနေ ပြန်လာတဲ့ စစ်သားမို့လို့ မငြင်းဆန်ပဲ လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကျော်အနမ်း ဖြစ်ခဲ့ပေမယ့် တစ်ယောက်ကို တစ်ယောက် မသိပဲ နမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို အနောက်တိုင်းရဲ့  ပွင့်လင်းတဲ့ ယဉ်ကျေးမှုလို့ပဲ ဆိုရတော့ မလို ဖြစ်ပြီး ငိုအားထက် ရယ်အားသန်စရာ ဖြစ်ရပ် တစ်ခုအဖြစ် သမိုင်းထဲ ကျန်ရှိခဲ့ကြောင်း သိရပါတယ်။
----

အောင်ခမ်း (ရိုးရာလေး)

Ref: wiki

အေးချမ်းမွန် Credit To > YoYarLay < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia

ပုံမှာ မြင်တွေ့ရတဲ့ အနမ်းကတော့ ကမ္ဘာကျော် အနမ်း ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ ညနေက ဖြစ်ပါတယ်။

ဂျပန်တို့ လက်နက်ချ အညံ့ခံလို့ စစ်ပြီးပြီဖြစ်ကြောင်း ရေဒီယိုက ကြေညာ လိုက်တဲ့အခါ နယူးယောက်မြို့ ထဲ လမ်းမပေါ်ကို ပြည်သူများ ထွက်လို့ အောင်ပွဲခံကြပါတယ်။ ယင်းအောင်ပွဲခံမှုထဲမှာ သင်္ဘောသား တစ်ဦးက သူနာပြု အမျိုးသမီး တစ်ဦးကို ထွေးပွေ့လို့ ဖက်နမ်းနေတဲ့ ပုံကို Alfred Eisenstaedt အမည်ရ ဓာတ်ပုံဆရာက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။


တော်တော်လှပတဲ့ Post လေးမို့ Life မဂ္ဂဇင်းထဲမှာပုံ ကြီးကြီးနဲ့ ဖော်ပြရာ ကမ္ဘာကျော် သွားရပါတယ်။ V-J Day in Times Square, V-Day နဲ့The Kiss ဆိုပြီး အမည်အမျိုးမျိုးနဲ့ ခေါင်းစဉ် တပ်လို့ တစ်ဆင့်ပြန်လည် ဖော်ပြကြပါတယ်။ ပုံထဲက လူ ၂ ဦးဟာ ဘယ်သူလည်း ဆိုတာ နှစ်အတော်ကြာ အငြင်းပွားခဲ့ကြပါတယ်။ ဘာလို့လဲဆို ဂျာနယ်၊ မဂ္ဂဇင်းတွေမှာကျ ဘာ Personal အချက်အလက်မှ မဖော်ပြထားလို့ ဖြစ်ပါတယ်။

နောက်ဆုံး သိလိုက်တဲ့ အဖြေကတော့

ဖောက်ခွဲရေးသမားများ ရောက်ရှိလာနိုင်သည်ဆိုသော သတင်းများကြောင့် ကော့သောင်းတွင် လုံခြုံရေးတိုးမြှင့်

M-21-8
ကော့သောင်းမြို့ တစ်နေရာ၌ လုံခြုံရေးအရ စစ်ဆေးနေသည်ကို သြဂုတ်လ ၁၉ ရက်က တွေ့ရစဉ်
မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း၊ ဘုတ်ပြင်းမှတစ်ဆင့် ရေလမ်းခရီးကို အသုံးပြု၍ ဖောက်ခွဲရေးသမားများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာနိုင်သည်ဟု သြဂုတ်လလယ်မှစ၍ သတင်းများ ထွက်ပေါ်နေသောကြောင့် ၎င်းတို့အသုံးပြုနိုင်သော လမ်းကြောင်းများတွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့မှတစ်ဆင့် ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရေလမ်းကြောင်း ၀င်ပေါက်များတွင် ပင်လယ်ပြင် စိုးမိုးရေးတပ်ရင်း၊ ရေတပ်အဖွဲ့များနှင့် ကုန်းတွင်းပိုင်းတွင် ဒေသခံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းလက်တွဲ၍ လုံခြုံရေးကို နေ့၊ ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြသူတစ်ဦး ချက်ချင်းထိန်းသိမ်းခံရ

AA-21-8
လက်ပံတောင်းတောင်အရေး တစ်ကိုယ်တော် ဆန္ဒပြသူအား တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က လက်ပံတောင်းတောင် အရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြသူ တစ်ဦးအား ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြသဖြင့် စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ကျောက်တံတား ရဲစခန်းမှ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
တစ်ကိုယ်တော် ဆန္ဒပြသူဖြစ်သည့် Generation Youth အဖွဲ့မှ ကိုကျော်သူက လက်ပံတောင်းရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်အား မူလအခြေအနေအတိုင်း မပျက်စီးအောင် ထိန်းသိမ်းရေး၊ လက်ပံတောင်းတောင်တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ရုပ်သိမ်းပေးရေး၊ ဒေါ်နော်အုန်းလှ အပါအ၀င် မတရားအကြမ်းဖက် ဖမ်းဆီးထားမှုများကို ချက်ချင်းရပ်နှင့် ပြည်သူကို ဖိနှိပ်နေသော စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးဟု ရေးသားထားသော စက္ကူပြားကို ကိုင်ဆောင်ကာ မြို့တော်ခန်းမရှေ့၌ ကြွေးကြော်ဆန္ဒပြခဲ့သည်။

ပန်ဝါဒေသ မျှော်ဂျောင် ကျေးရွာတွင် ပြည်သူ့စစ်၊ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မျော်ဂျောင် ကျေးရွာတွင် ဒေသခံပြည်သူ့စစ်၊ ခမရ (၅၂၁) နှင့် ကေအိုင်အေတို့ သြဂုတ် ၁၇ ရက် နံနက်ပိုင်းက နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု သတင်းရရှိသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းကို ပြည်သူ့စစ်နှင့် ကေအိုင်အေ ပြန်ကြားရေးရုံးသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။
ကေအိုင်အေ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦးက ''ကျွန်တော်တို့ စခန်းကို ပြည်သူ့စစ်နဲ့ ခမရ (၅၂၁) တို့ လာတိုက်တာပါ။ မနက် ၇ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ကြာတယ်။ ကေအိုင်အေဘက်က အကျအဆုံး မရှိပေမယ့် ပြည်သူ့စစ်တစ်ဦး၊ စစ်သားတစ်ဦးကျတယ်။ အခုတော့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းထားလို့ ဘာမှ မဖြစ်တော့ဘူး'' ဟု ဆိုသည်။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့စစ်နှင့် နီးစပ်သူ အမည်မဖော်လိုသူ ပန်ဝါဒေသခံ တစ်ဦးက ''အရင်ကတည်းက အဲဒီနေရာတွေမှာ ကေအိုင်အေ မရှိဘူး။ ၂၀၁၂ ခုနှစ် မတ် ၂၆ ရက် ကတည်းက ၀င်လာတော့ ဒေသက သိပ်ဒုက္ခ ရောက်လာတယ်။ ရွာခံတွေက ဒုက္ခသည်တွေ ဖြစ်လာတယ်။

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။ “နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်” ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ရှစ်လေးလုံး ငွေရတု ကျင်းပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သူ ဆရာမတစ်ဦး အား မယူမနေရပင်စင် ပေး

၂၅ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ကျင်း ပရေး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ကျောင်းဆ ရာမတစ်ဦးကို ပညာရေးဝန်ကြီး ဌာနက မယူမနေရပင်စင် ပေး လိုက်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော်ဝင် နှင်းဆီ ခန်းမ၌ ဇွန်လ ၁၃ ရက်နေ့က ကျင်းပသော ၄င်းသတင်းစာရှင်း လင်းပွဲသို့ နေပြည်တော်မှ လာ ရောက် တက်ရောက်သည် ဟူ သောအချက်ဖြင့် အဆိုပါကျောင်း ဆရာမကို သြဂုတ်လ ၁၇ ရက်နေ့ တွင် မယူမနေရပင်စင်ပေးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

ပင်စင်ပေးခြင်းကို အမှတ် ၂ အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးတင်မျိုးကြည် ကသြဂုတ်လ ၁၅ ရက်တွင် လက် မှတ်ရေးထိုး၍ ပညာရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီအ စည်းအဝေး၏ စုပေါင်းဆုံးဖြတ် ချက်ဖြင့်ဟု အမိန့်စာ၌ ထည့်သွင်းရေးသား ဖော်ပြထားကြောင်း သိရသည်။

မယူမနေရပင်စင် ပေးလိုက် သည့် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်းမှ သတ္တမတန်း B သိပ္ပံ ဆရာမဒေါ်စိုးစိုးခိုင်က ''တော် တော်လေးအံ့သြမိပါတယ်။ ကျွန် မလည်း တရားဝင်ခွင့်တင်တာပါ။ ဒီအရေးတော်ပုံကြီးမှာ ကျွန်မ လည်း ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် တက်ရောက်သင့်တယ်လို့ ယူဆ ပြီး ဒီပွဲကို တက်ရောက်ခဲ့တာပါ။ ရန်ကုန်လည်း ရောက်နေတဲ့အ တွက်ပါ'' ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဝန်ကြီးဦးအောင်မင်း အနားပေးခံရတော့မှာလား

ဝန်ကြီးဦးအောင်မင်း အနားပေးခံရတော့မှာလား
Wednesday, August 21, 2013

  နေပြည်တော်က ကျောင်းဆရာမ ရှစ်လေးလုံးနဲ့ဆိုင်တဲ့ပွဲတခုကို သွားတက်ပြီးနောက်ပိုင်းမှာ ပင်စင်ပေးခံရပါတယ် တဲ့။


သူကတော့ ဇမ္ဗူသီရိမြို့နယ် အထက အမှတ် ၅ က ဆရာမ ဒေါ်စိုးစိုးခိုင် ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး သူ့ကို ကျောင်းမှာရှိတဲ့ဘော့စ်က အနားပေးလိုက်တာဖြစ်တယ်လို့ ဆရာမက ဧရာဝတီကို ဒီကနေ့ ပြောပြပါတယ်။

ဆရာမ ပင်စင်ပေးခံရပုံအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာလည်း ရေးထားပါတယ်။ http://www.irrawaddy.org/archives/42498 မှာ ဖတ်နိုင်ပါတယ်။ ဆရာမကို ဆက်သွယ် ရေးသားထားတာပါ။ ဒါကြောင့် ... နိုင်ငံရေးမှာ ဝန်ထမ်းတွေ ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး ဆရာမရဲ့ အမြင်တွေကိုလည်း အဲဒီမှာ ဖတ်ရမှာပါ။

ဆရာမက သူ ဗုံးထောင်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း လိုက်လံ သတ်ဖြတ်နေတာမဟုတ်ဘူး လို့ အငေါ်တူးပါတယ်။

မည်သို့ပင်ဆိုစေ ... ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ အနားပေးခံလိုက်ရပါပြီ။

ကဲ ... ၈၈ ပွဲကို တက်တဲ့အတွက်  ဆရာမတဦး ပင်စင်ပေးခံရတယ်။
သူက ဝန်ထမ်း ဆိုတော့ ဝန်ထမ်းစည်းမျဉ်းဆိုလား ဘာဆိုလားနဲ့ ငြိစွန်းတယ် ထင်ပါရဲ့၊ ဝန်ထမ်းကြီးတယောက်ဖြစ်တဲ့ ဝန်ကြီးဦးအောင်မင်းကရော ဘယ်လိုပါလဲ၊ သူလည်း ရန်ကုန်မှာလုပ်တဲ့ ၈၈ အမှတ်တရ အစီအစဉ်တခုကို တက်ခဲ့ပါသေးတယ်။

၈၈ ပွဲတက်တဲ့ ဦးအောင်မင်းပုံကို ဧရာဝတီ Facebook မှာ ကြည့်ရှုနိုင်ပါတယ်။
လင့်က https://www.facebook.com/IrrawaddyBurmese

ပြီးတော့ ဦးအောင်မင်းက ၈၈ နှစ်ပတ်လည် အစီအစဉ်မှာ အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုချက်ကိုတောင် လက်မှတ်ထိုးခဲ့ပါသေးတယ်။ (အထက်ပါပုံကိုရှု)

သူ့ကိုရော ပင်စင်ပေး၊ အနားယူခိုင်းတော့မှာလား။

သူ့ကို အနားပေးမယ် ဆိုရင်တော့ ဒီပွဲတက်ရောက်ခြင်းက သင့်လျော်တဲ့ အကြောင်းပြချက် ဖြစ်ဖွယ်ရှိပါတယ်။

ဝန်ကြီးကို အနားပေးစရာ မလိုဘူးလို့ အစိုးရက ပြောမှာလား။
ဒါဆိုရင် ဆရာမဒေါ်စိုးစိုးခိုင်ကိုလည်း အလုပ်ပြန်ခန့်ဖွယ်ရှိနေပါတယ်

အေးချမ်းမွန် Credit To >ဧရာဝတီ[< Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia
Wednesday, August 21, 2013
နေပြည်တော်က ကျောင်းဆရာမ ရှစ်လေးလုံးနဲ့ဆိုင်တဲ့ပွဲတခုကု
ိ သွားတက်ပြီးနောက်ပိုင်းမှာ ပင်စင်ပေးခံရပါတယ် တဲ့။
သူကတော့ ဇမ္ဗူသီရိမြို့နယ် အထက အမှတ် ၅ က ဆရာမ ဒေါ်စိုးစိုးခိုင် ဖြစ်ပါတယ်။
နိုင်ငံရေးမှာ ပါဝင်ပတ်သက်တယ် ဆိုပြီး သူ့ကို ကျောင်းမှာရှိတဲ့ဘော့စ်က အနားပေးလိုက်တာဖြစ်တယ်လို့ ဆရာမက ဧရာဝတီကို ဒီကနေ့ ပြောပြပါတယ်။

ဆရာမ ပင်စင်ပေးခံရပုံအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာလည်း ရေးထားပါတယ်။ http://www.irrawaddy.org/archives/42498 မှာ ဖတ်နိုင်ပါတယ်။ ဆရာမကို ဆက်သွယ် ရေးသားထားတာပါ။ ဒါကြောင့် ... နိုင်ငံရေးမှာ ဝန်ထမ်းတွေ ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်နဲ့ ပတ်သက်ပြီး ဆရာမရဲ့ အမြင်တွေကိုလည်း အဲဒီမှာ ဖတ်ရမှာပါ။

ဆရာမက သူ ဗုံးထောင်နေတာလည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း လိုက်လံ သတ်ဖြတ်နေတာမဟုတ်ဘူး လို့ အငေါ်တူးပါတယ်။
မည်သို့ပင်ဆိုစေ ... ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ အနားပေးခံလိုက်ရပါပြီ။

နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ဆင်ထားပြီး လုံခြုံရေး သတိထား လုပ်ဆောင်ရန် ညွန်ကြား

Q-21-8
ယခုနှစ် ဇူလိုင်လအတွင်း ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များ အနေဖြင့် ယခင်ကထက် ပိုမိုသတိထား ဆောင်ရွက်ရန် ညွှန်ကြားထားပြီး နယ်စပ်ဒေသများတွင် လက်နက်ခဲယမ်းများနှင့် ရဲတပ်ဖွဲ့ အင်အားကို အသင့်ပြင်ထားကြောင်း သြဂုတ် ၂၀ ရက် နံနက်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနနှင့် နယ်စပ်ဒေသမှ လုံခြုံရေး တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ဗုံးဖောက်ခွဲရန် ကြံစဉ်နေသည့် သတင်းများ၊ အကြမ်းဖက်သမားများ ပြည်တွင်းသို့ ရောက်ရှိနေသည့် သတင်းများနှင့် လူမှုကွန်ရက် အင်တာနက် စာမျက်နှာအချို့တွင် ပြည်တွင်း၌ တာလီဘန် အကြမ်းဖက်သမားများ စစ်သင်တန်းတစ်ခု ဖွင့်ထားသည်ဟု သတင်းများ ထွက်ပေါ်နေမှုများကြောင့် ပြည်တွင်းလုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရသည်။
ချင်းပြည်နယ် မင်းတပ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး မျိုးအောင်က "အခုလတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်နေပါတယ်။ မင်းတပ်ခရိုင်ထဲမှာဆိုရင် ပလက်ဝမြို့နယ်က နယ်စပ်နဲ့ ထိစပ်နေတဲ့အတွက် သက်ဆိုင်ရာ နယ်မြေခံတပ်တွေ၊ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီးတော့ သတင်းဦးစွာ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေတယ်။ ရဲတပ်ဖွဲ့ဝင် အင်အားကို အသင့်ပြင်ထားတဲ့အပြင် လက်နက်ခဲယမ်း အပြည့်အစုံကိုလည်း အသင့်ပြင်ထားပါတယ်။

အပျင်းကြီးသူတွေအတွက် မျက်မှန်

အပျင်းကြီးသူတွေအတွက် မျက်မှန်
===================

အပျင်းကြီးတဲ့ သူတွေအတွက်လို့ ရွဲ့ပြောရမလိုဖြစ်နေပြီ။လူတွေများပေါက်
ပေါက်ရှာရှာစဉ်းစားတတ်ပါပေ့။ငယ်ငယ်က ကျွန်တော်တို့တွေ ကစားစရာ အဖြစ်ချောင်းကြည့်ပေါက် မှန်ဘီလူးလေးတွေ ကစားဖူးမှာပေါ့။

တည့်တည့်ကြည့်ရင် ဘေးဘက်ကမြင်ကွင်းတွေကိုလမ်းကြောင်းလွဲဖန်တီး
ထားတဲ့ မှန်ဘီလူးလေးတွေပေါ့။အခုတော့ စဉ်းစားဥာဏ်ရှိတဲ့ ဥာဏ်ကြီးရှင်
တွေက လူတွေကို ဇိမ်လေးနဲ့ငြိမ့်လို့ရအောင် ပြောင်းလည်းဖန်တီးပေးလိုက်
ပါတယ်။

ခက်ခက်ခဲခဲဖန်တီးထားတာမဟုတ်ပေမယ့် အသုံးတည့်လာဦးမယ့် လမ်းကြောင်းလွဲစာကြည့်မျက်မှန်ဖြစ်လာဦးမှာပါ။မျက်လုံးအနေထားကို စာအုပ်ရှိတဲ့ နေရာတွေကို ရွေ့ပြောင်းကြည့်ရှုစရာမလိုအောင် နဂိုအနေထား
အတိုင်း အဆင်ပြေအောင်ဖန်တီးပေးထားပါတယ်။

အိပ်နေရင်းနဲ့ တီဗီကြည့်တာတို့၊စာကြည့်တဲ့အခါ မျက်မှန်လေးတပ်ပြီး သက်သောင့်သက်သာ ကြည့်ရှုအဆင်ပြေစေမယ့် မျက်မှန်လေးပါ။

အွန်လိုင်စတိုးလိုနေရာမျိုးမှာတောင် ဝယ်ယူသူတွေအကြိုက်တွေ့ရေပန်းစား
တဲ့ အဆိုပါမျက်မှန် ပြည်တွင်းကိုရောက်ရင်ရောက်လာနိုင်ပါတယ်။
အခုဒီသတင်းကိုကြားပြီး လက်တဲ့စမ်းဖန်တီးတဲ့သူတွေလည်း ပေါ်ရင်ပေါ်လာ
နိုင်ပါတယ်။အဲကျရင်တော့ ဈေးမကြီးဖို့တော့မျှော်လင့်ပါတယ်။

အမေဇုန်အွန်လိုင်းစတိုးမှာ ၂၆ ဒေါ်လာနဲ့ရောင်းချပေးနေတယ်လို့တော့
သိရပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)

အေးချမ်းမွန်................မှ

အပျင်းကြီးတဲ့ သူတွေအတွက်လို့ ရွဲ့ပြောရမလိုဖြစ်နေပြီ။လူတွေများပေါက်
ပေါက်ရှာရှာစဉ်းစားတတ်ပါပေ့။ငယ်
ငယ်က ကျွန်တော်တို့တွေ ကစားစရာ အဖြစ်ချောင်းကြည့်ပေါက် မှန်ဘီလူးလေးတွေ ကစားဖူးမှာပေါ့။

တည့်တည့်ကြည့်ရင် ဘေးဘက်ကမြင်ကွင်းတွေကိုလမ်းကြော
င်းလွဲဖန်တီး
ထားတဲ့ မှန်ဘီလူးလေးတွေပေါ့။အခုတော့ စဉ်းစားဥာဏ်ရှိတဲ့ ဥာဏ်ကြီးရှင်
တွေက လူတွေကို ဇိမ်လေးနဲ့ငြိမ့်လို့ရအောင် ပြောင်းလည်းဖန်တီးပေးလိုက်
ပါတယ်။

ခက်ခက်ခဲခဲဖန်တီးထားတာမဟုတ်ပေမယ
့် အသုံးတည့်လာဦးမယ့် လမ်းကြောင်းလွဲစာကြည့်မျက်မှန်ဖြစ်လာဦးမှာပါ။မျက်လုံးအနေထားကို စာအုပ်ရှိတဲ့ နေရာတွေကို ရွေ့ပြောင်းကြည့်ရှုစရာမလိုအောင် နဂိုအနေထား
အတိုင်း အဆင်ပြေအောင်ဖန်တီးပေးထားပါတယ်။

၁၉၅၃ အီရန် စစ်အာဏာသိမ်းမှု စီအိုင်အေ ပါဝင်ဟု ပထမဆုံးအကြိမ် ဝန်ခံ

Photo: ၁၉၅၃ အီရန် စစ်အာဏာသိမ်းမှု စီအိုင်အေ ပါဝင်ဟု ပထမဆုံးအကြိမ် ဝန်ခံ

ဝါရှင်တန်၊ သြဂုတ် ၂၀

ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အီရန် ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒတ်ကို ၁၉၅၃ ခုနှစ် တွင် စစ်အာဏာသိမ်းမှု တစ်ရပ်ဖြင့် ရာထူးမှ ဖြုတ်ချခဲ့ရာ ယင်းအာဏာသိမ်းမှုတွင် အမေရိကန် ထောက်လှမ်းရေး အဖွဲ့ စီအိုအေ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ပထမဆုံးအကြိမ် တရားဝင် ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဏာသိမ်းမှု နှစ် ၆၀ မြောက် အထိမ်းအမှတ်နေ့တွင် စီအိုင်အေ ပါဝင် ပတ်သက်ကြောင်း ဖော်ပြ ထားသည့် မှတ်တမ်းများကို လွတ်လပ်သော အမျိုးသား လုံခြုံရေး မှတ်တမ်းတွင် ပုံနှိပ် ဖော်ပြလိုက်သည်။

စီအိုင်အေ ညွန်ကြားမှုအတိုင်း အီရန် စစ်တပ်က စစ်အာဏာ သိမ်းခဲ့ကြောင်း လေ့လာအကဲခတ်သူ တစ်ဦးက ပြောကြားသည်။

ယင်းအာဏာသိမ်းမှု အကြောင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မက်ဒလင်း အောဘရိုက်က ၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဖော် ပြောကြားခဲ့သလို သမ္မတ အိုဘားမား၏ ၂၀၀၉ ခုနှစ် ကိုင်ရိုမြို့ မိန့်ခွန်းတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော်လည်း မှတ်တမ်းများ တရားဝင် ထုတ်ဖော် ပြသခဲ့သည့် လက်ရှိ ကာလ မတိုင်ခင်ထိ အီရန် အာဏာသိမ်းမှုတွင် ပါဝင် ပတ်သက်မှု မရှိကြောင်း စီအိုင်အေက ငြင်းပယ်ခဲ့သည်။

သတင်း အချက်အလက် လွတ်လပ်ခွင့် ဥပဒေအရ စီအိုင်အေ မှတ်တမ်းများ ကို ယခုကဲ့သို့ ထုတ်ဖော် ပြသပေးခြင်း ဖြစ်သည်။

အီရန် သမ္မတအဖြစ် မိုဟာမက် မိုဆာဒတ်ကို ပြည်သူများက ၁၉၅၁ ခုနှစ် တွင် ရွေးကောက် တင်မြှောက်ခဲ့သည်။

သမ္မတအဖြစ် တာဝန် စတင် ရယူလိုက်ပြီးနောက် မိုဆာဒတ်က နိုင်ငံတွင်းရှိ ဗြိသိသျှပိုင် အန်ဂလို-ပါရှန် ရေနံ ကုမ္ပဏီကို ပြည်သူပိုင် သိမ်းရန် လုပ်ဆောင် ခဲ့သည်။

အီရန်နိုင်ငံ၏ ရေနံမြေများကို ဒုတိယကမ္ဘာစစ်ပြီးကာလ စီးပွားရေး ပြန်လည် တည်ထောင်ရေးတွင် အရေးကြီး လိုအပ်ချက်အဖြစ် အမေရိကန်နှင့် ဗြိတိသျှ နိုင်ငံများက ရှုမြင်ထားခြင်းကြောင့် သမ္မတ မိုဆာဒတ်၏ လုပ်ဆောင်ချက်များကို စိုးရိမ်မကင်း ဖြစ်လာကြသည်။

ထို့အပြင် စစ်အေးတိုက်ပွဲ ကာလ ဖြစ်နေခြင်းကြောင့်လည်း ဆိုဗီယက် အန္တရာယ်ကိုပါ ထည့်သွင်း တွက်ချက်ခဲ့ကြသည်။

ထို့အပြင် မိုဆာဒတ် ဆန့်ကျင်ရေး လှုံ့ဆော်စာများကို အမေရိကန်နှင့် အီရန် မီဒီယာများတွင် စီအိုင်အေအဖွဲ့က လုပ်ကြံ ရေးသားခဲ့ပုံများကိုလည်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံမှ ထွက်ပြေးနေရသော ရှားဘုရင် မိုဟာမက် ရာဇာပတ်လာဗီကို စစ်အာဏာ သိမ်းပြီးသည့် နောက်တွင် ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပြီး အနောက်နိုင်ငံများ၏ အနီးကပ် မဟာမိတ် တစ်ဦး ဖြစ်လာခဲ့သည်။

ရှားဘုရင်အပေါ် ထောက်ခံသည့် တပ်ဖွဲ့များကို အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့များက ကူညီ ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး မိုဆာဒတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စည်းရုံး လှုံ့ဆော်ပေးခဲ့ သည်။

စစ်အာဏာ သိမ်းပြီးနောက် အီရန် ခေါင်းဆောင် ဖြစ်လာသော ရှားဘုရင်ကို ၁၉၇၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစ္စလာမ္မစ် တော်လှန်ရေးကာလအတွင်း ရာထူးမှ ဖြုတ်ချခဲ့သည်။

ဝါရှင်တန်၊ သြဂုတ် ၂၀

ဒီမိုကရေစီနည်းကျ ရွေးကောက်ထားသော အီရန် ဝန်ကြီးချုပ် မိုဟာမက် မိုဆာဒတ်ကို ၁၉၅၃ ခုနှစ် တွင် စစ်အာဏာသိမ်းမှု တစ်ရပ်ဖြင့် ရာထူးမှ ဖြုတ်ချခဲ့ရာ ယင်းအာဏာသိမ်းမှုတွင် အမေရိကန် ထောက်လှမ်းရေး အဖွဲ့ စီအိုအေ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ပထမဆုံးအကြိမ် တရားဝင် ဝန်ခံလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အာဏာသိမ်းမှု နှစ် ၆၀ မြောက် အထိမ်းအမှတ်နေ့တွင် စီအိုင်အေ ပါဝင် ပတ်သက်ကြောင်း ဖော်ပြ ထားသည့် မှတ်တမ်းများကို လွတ်လပ်သော အမျိုးသား လုံခြုံရေး မှတ်တမ်းတွင် ပုံနှိပ် ဖော်ပြလိုက်သည်။

စီအိုင်အေ ညွန်ကြားမှုအတိုင်း အီရန် စစ်တပ်က စစ်အာဏာ သိမ်းခဲ့ကြောင်း လေ့လာအကဲခတ်သူ တစ်ဦးက ပြောကြားသည်။

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာ အမျိုးသမီးများအတွက် လုံခြုံရေး ချထား

ရန်ကုန်၊ သြဂုတ် ၂၀

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်း ထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံ တွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင် သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လိုင်ဇာသို့ သွားရောက် ထောက်ပံ့ရန် ကေအိုင်အို လက်မခံ

Photo: မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လိုင်ဇာသို့ သွားရောက် ထောက်ပံ့ရန် ကေအိုင်အို လက်မခံ

မြစ်ကြီးနား၊ သြဂုတ် ၂၀

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာ နယ်မြေရှိ စစ်ရှောင် စခန်းများ တွင် နေထိုင်လျက် ရှိသော ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် ထောက်ပံ့ရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက လိုင်ဇာသို့ သွားရောက်မည်ကို ကေအိုင်အိုဘက်က လက်မခံခဲ့ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဂဲနက်စ်က The Voice သို့ ပြောကြားသည်။

“လိုင်ဇာသွားပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ သွားရောက် ထောက်ပံ့ပေးနိုင် ဖို့အတွက် နိုင်ငံတော် သမ္မတ ရုံးက ခွင့်ပြုချက်ရော ကချင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်ရော ရရှိပြီး ဖြစ်ပါတယ်။ ကေအိုင်အိုဘက်က ခွင့်မပြုတော့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ဦးဂဲနက်စ်က ဆိုသည်။

လိုင်ဇာသို့ သွားရောက် ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေး ပစ္စည်းများကို စင်ကာပူနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီ အသင်း တို့က ပံ့ပိုးပေးထားခြင်း ဖြစ်ပြီး ဒုက္ခသည် အိမ်ထောင်စု ၁၃၀၀ ကျော်ခန့် ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း၊ လိုင်ဇာသို့ သွားရောက်မည့် ကြက်ခြေနီ အဖွဲ့တွင် နိုင်ငံခြားသားများ မပါဝင်ကြောင်း၊ လိုင်ဇာသို့ သွားရောက်နိုင်ရန်အတွက် ကေအိုင်အို ဘက်သို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ တစ်ဆင့် ဆက်သွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ဦးဂဲနက်စ်က ဖြည့်စွက် ပြောကြားသည်။

ကေအိုင်အို အဖွဲ့အစည်းသည် အစိုးရနှင့် ခိုင်မာ ပီပြင်သော ငြိမ်းချမ်းရေး မရရှိသရွေ့ အစိုးရထံမှ ဒုက္ခသည်များအတွက် မည်သို့သော ထောက်ပံ့မှုမျိုး ကိုမျှ မရယူ ဟူသော မူဝါဒ ချမှတ်ထားသဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ အထောက်အပံ့ကို လက်မခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြောင်း၊ စင်ကာပူနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့က ကိုယ်တိုင် ကိုယ်ကျ လာရောက်မည်ဆိုလျှင် ကေအိုင်အိုဘက်က ခွင့်ပြု လက်ခံသွားမည်ဟု ဆိုကြောင်း ကေအိုင်အိုနှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့ အကြား တစ်ဆင့်ခံ ဆက်သွယ်ပေးခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက The Voice သို့ ပြောဆိုသည်။

“ကေအိုင်အိုဘက်က ပြောတာက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကိုလည်း နိုင်ငံတော် အစိုးရက ဖွဲ့စည်းထားတာ ဖြစ်လို့ လက်မခံခဲ့တာလို့ ဆိုတယ်။ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) အနေနဲ့ လိုင်ဇာကို လာရောက်ပြီး ထောက်ပံ့ဖို့ ကေအိုင်အိုဘက်ကို အကြောင်းကြားထားတယ်။ အဲဒါကိုတော့ လက်ခံသွားမယ်လို့လည်း သိရတယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် ကြက်ခြေနီအသင်း အနေနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင် စခန်းများမှ ဒုက္ခသည် အိမ်ထောင်စုများကို ကယ်ဆယ်ရေး ပစ္စည်း ထောက်ပံ့ပေးခဲ့ပြီး ကေအိုင်အို ထိန်းချုပ် နယ်မြေအတွင်းရှိ ဒုက္ခသည် များကို သွားရောက် ထောက်ပံ့ပေးနိုင်ရန် ကေအိုင်အိုဘက်သို့ ကမ်းလှမ်းခြင်း မှာ ပထမဆုံး အကြိမ် ဖြစ်ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ အသင်းထံမှ သိရှိရသည်။
မြစ်ကြီးနား၊ သြဂုတ် ၂၀

ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာ နယ်မြေရှိ စစ်ရှောင် စခန်းများ တွင် နေထိုင်လျက် ရှိသော ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် ထောက်ပံ့ရန် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက လိုင်ဇာသို့ သွားရောက်မည်ကို ကေအိုင်အိုဘက်က လက်မခံခဲ့ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဂဲနက်စ်က The Voice သို့ ပြောကြားသည်။

“လိုင်ဇာသွားပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ သွားရောက် ထောက်ပံ့ပေးနိုင် ဖို့အတွက် နိုင်ငံတော် သမ္မတ ရုံးက ခွင့်ပြုချက်ရော ကချင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်ရော ရရှိပြီး ဖြစ်ပါတယ်။ ကေအိုင်အိုဘက်က ခွင့်မပြုတော့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ဦးဂဲနက်စ်က ဆိုသည်။

လိုင်ဇာသို့ သွားရောက် ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေး ပစ္စည်းများကို စင်ကာပူနိုင်ငံ ကြက်ခြေနီ အသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီ အသင်း တို့က ပံ့ပိုးပေးထားခြင်း ဖြစ်ပြီး ဒုက္ခသည် အိမ်ထောင်စု ၁၃၀၀ ကျော်ခန့် ကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း၊ လိုင်ဇာသို့ သွားရောက်မည့် ကြက်ခြေနီ အဖွဲ့တွင် နိုင်ငံခြားသားများ မပါဝင်ကြောင်း၊ လိုင်ဇာသို့ သွားရောက်နိုင်ရန်အတွက် ကေအိုင်အို ဘက်သို့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ တစ်ဆင့် ဆက်သွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ဦးဂဲနက်စ်က ဖြည့်စွက် ပြောကြားသည်။

ဘနာဇီယာဘူတို လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက် ပြစ်မှု သုံးမှုဖြင့် တရားစွဲခံရ

Photo: ဘနာဇီယာဘူတို လုပ်ကြံခံရမှုနှင့် ပတ်သက်၍	ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက် ပြစ်မှု သုံးမှုဖြင့် တရားစွဲခံရ 	

အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၀

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်မူရှာရက်ကို လူသတ်မှု အပါအဝင် အမှု သုံးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ကို လူသတ်မှု၊ လူသတ်မှုတွင် ကြံရာပါ ပြစ်မှုနှင့် လူသတ်မှု ကျူးလွန်ရာတွင် အထောက်အပံ့ ပေးမှုများဖြင့် တရား စွဲဆိုထားကြောင်း အစိုးရ ရှေ့နေများက ပြောကြားသည်။

တရားခွင်သို့ ရောက်ရှိလာသော ပါကစ္စတန် သမ္မတဟောင်း ပါဗက် မူရှာရက်က ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများနှင့် ပတ်သက်၍ လူသိ ရှင်ကြား မှတ်ချက်စကား ပြောကြားခြင်း မရှိသော်လည်း၊ တရားရုံးတွင် အဆိုပါ ပြစ်မှုများကို ငြင်းဆိုထားသည်။

ပါကစ္စတန် သမ္မတဟောင်း မူရှာရက်သည် ရာဝါပင်ဒီမြို့ရှိ တရားရုံးသို့ အခြားသော စွဲချက်တင်ခံ ထားရသူ ခြောက်ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။

၎င်းနှင့်အတူ စွဲချက်တင်ခံရသူ ခြောက်ဦးမှာ စစ်သွေးကြွဟု သံသယရှိ ခံထားရသူ လေးဦးနှင့် ထိပ်တန်း ရဲအရာရှိ နှစ်ဦးတို့ ပါဝင်သည်။

အဆိုပါပြစ်မှု ကြားနာ စစ်ဆေးခြင်းကို သြဂုတ်လ ၂၇ ရက်နေ့သို့ ရွှေ့ဆိုင်း ခဲ့သည်။

၁၉၉၉ ခုနှစ်က ပါကစ္စတန် ဝန်ကြီးချုပ်ဖြစ်သူ နာဝပ်ရှာရစ်ကို အာဏာသိမ်း၍ ရာထူးမှ ဖယ်ရှားခဲ့ပြီး နောက် နိုင်ငံကို ကိုးနှစ်ခန့် အုပ်ချုပ်ခဲ့သော ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ မူရှာရက်သည်  ၂၀၀၈ ခုနှစ် ပါကစ္စတန် ရွေးကောက်ပွဲ အပြီးတွင် လန်ဒန်သို့ု့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ သည်။

ထို့နောက် ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန် ပါကစ္စတန်သို့ ပြန်လာ ခဲ့သော်လည်း  ၎င်းအာဏာ ရှိစဉ် ၂၀၀၇ ခုနှစ်က တရားသူကြီးများကို ရာထူးမှ ဖယ်ရှားခဲ့မှု စသည့် ပြစ်မှုများဖြင့် တရားစွဲဆို ခံထားရပြီး နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရသည်။

ထို့ပြင် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို ရွေးကောက်ပွဲ မဲဆွယ်စဉ် လုပ်ကြံ သတ်ဖြတ်ခံရသည့် ကိစ္စတွင် ပြစ်မှု သုံးမှုဖြင့် ယခု တရား စွဲဆိုခံထားရသည်။

အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၀

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို လုပ်ကြံ သတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်မူရှာရက်ကို လူသတ်မှု အပါအဝင် အမှု သုံးမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ပါဗက် မူရှာရက်ကို လူသတ်မှု၊ လူသတ်မှုတွင် ကြံရာပါ ပြစ်မှုနှင့် လူသတ်မှု ကျူးလွန်ရာတွင် အထောက်အပံ့ ပေးမှုများဖြင့် တရား စွဲဆိုထားကြောင်း အစိုးရ ရှေ့နေများက ပြောကြားသည်။

တရားခွင်သို့ ရောက်ရှိလာသော ပါကစ္စတန် သမ္မတဟောင်း ပါဗက် မူရှာရက်က ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများနှင့် ပတ်သက်၍ လူသိ ရှင်ကြား မှတ်ချက်စကား ပြောကြားခြင်း မရှိသော်လည်း၊ တရားရုံးတွင် အဆိုပါ ပြစ်မှုများကို ငြင်းဆိုထားသည်။

ဝန်ကြီးများ ကတိတည်ပါစေ ( ရေးသားသူ- အိဖြူလွင်၊ အောင်ခိုင်၊ ထွန်းခိုင်)


ယခုလဒုတိယအပတ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က သူ၏အစိုးရအဖွဲ့အတွင်း အစားထိုးခန့်အပ်ခဲ့သည့် ဒုဝန်ကြီးများအား တရားဝင်မိန့်ခွန်းမှတစ်ဆင့် သတိပေးမှုတစ်ခုပြုလုပ်ခဲ့သည်။ သမ္မတက “မင်းမှသစ္စာ၊ လူမှာကတိ”ဆိုသည့်ဆိုရိုးစကားကို ကိုးကားလိုက်ပြီး အများရှေ့မှောက်တွင်ပြုခဲ့သည့် ကတိသစ္စာကို မကျိုးပေါက်အောင် ထိန်းသိမ်းကြဟုဆိုလိုက်သည်။

ယင်းသတိပေးမှုများမှာ ပြောလေ့ပြောထရှိသော သတိပေးမှုမျိုးတော့မဟုတ်။ သူ၏အစိုးရထိပ်ပိုင်းအရာရှိများအကြား အဂတိလိုက်စားခြင်းရှိနေကြောင်း သမ္မတက၀န်ခံခဲ့ပြီး ငါးရက်အကြာတွင် ပြောကြားသည့် မိန့်ခွန်းတွင် အစိုးရအရာရှိများအကြား ကတိတည်ဖို့အရေး ထပ်မံပြောကြားခြင်းဖြစ်သည်။

အစိုးရသစ်တက်စက ပြည်သူတွေအဖို့ မျှော်လင့်ချက်တစ်ပုံတစ်ပင်။ ရန်ကုန်ကို စင်ကာပူလိုဖြစ်အောင်လုပ်မည်။ ၂၄ နာရီ လျှပ်စစ်မီးလင်းစေရမည်။ နိုင်ငံရေးအကျဉ်းသားမရှိစေရ။ ပွင့်လင်းမြင်သာသော အစိုးရအဖွဲ့ စသည်..စသည်ဖြင့်။

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ

Photo: ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူ

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။

သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့ အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောင့်ရေး ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။

သူရောက်နေတဲ့ နေရာကလည်း ကမ္ဘာ့အလှဆုံး စာရင်းဝင်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ တော်ရုံလူ မသွားနိုင်ပါဘူး။ ရှားရှားပါးပါး သန္တာကျောက် တန်းများ ပေါကြွယ်ဝပြီး အလှပေါင်းများစွာ ပြည့်စုံနေတဲ့ ကျွန်းငယ်လေး ဖြစ် ပါတယ်။ ခြောက်ဆို ပျင်းစရာ ကောင်းမယ်ထင်ပေမယ့် သူ့အတွက် ကတော့ ပျော်စရာချည်း ဖြစ်ပါတယ်။ လူများလည်း လာရောက် လည်ပတ်တဲ့အတွက် အထီးကျန်ခြင်းလည်း မရှိပါဘူး။

ခြောက်လ စာချုပ်ပြည့်သွာတော့လည်း အလုပ်က ထွက်ရမယ်လို့ ထင်ထား ခဲ့ပေမယ့် ထင်သလိုမဟုတ်ပဲ ရာထူးတောင် တက်သွားပါသေး တယ်။ Queensland (သန္တာကျောက်တန်းကျွန်းစု) အတွက် သံတမန်အဖြစ် အခန့်အပ်ခံလိုက်ရပါတယ်။ ကျွန်းစုကြီး ကမ္ဘာပေါ် ထင်ရှား ကျော်ကြား လာစေဖို့ တာဝန်အလွဲခံရတဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ဒီအတွက် ရတဲ့ လစာ ကျွန်းစောင့်ရတဲ့ လစာထက် ပိုတောင် တိုးသွားတယ်လို့ ဆိုပါတယ်။

Queensland ဘုတ်အဖွဲ့က ရွေးချယ်လိုက်တဲ့ Ben ဟာ ကမ္ဘာ့ အလုပ် ကံအကောင်းဆုံးလူသား၊ ကမ္ဘာ့အကောင်းဆုံး အလုပ်ရသော လူသားအဖြစ် ယနေ့တိုင် လူသိများခဲ့ရပါတယ်။
--
Ref: greatist.com

Aung Kham ( ရိုးရာလေး ) 

အေးချမ်းမွန် Credit To > YoYarLay < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia

ကမ္ဘာ့အကောင်းဆုံး အလုပ်ရရှိသူအဖြစ် သြစတေးလျနိုင်ငံသား Ben Southall က ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။

သူရရှိတဲ့အလုပ်ကလည်း လူတိုင်း မနာလိုချင်စရာပဲ ဖြစ်ပါတယ်။ Island caretaker (ကျွန်းစောင့်ရှောင့်ရေးသမား) အလုပ် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ Queensland ပြည်နယ်က သန္တာကျောက် တန်းပေါကြွယ်ဝရာ ကျွန်းငယ်တစ်ခုမှာ တာဝန်ကျတာ ဖြစ်ပါတယ်။ ကျွန်းကို လည်း လေ့လာစူးစမ်း စောင့်ရှောင့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။

၆လစာချုပ်နဲ့ ယူရိုငွေ ၇၂၄၀၀၀ (၇သိန်း၂သောင်း ၄ထောင်) ရရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ပိုက်ဆံလည်းရ ဝမ်းလည်ဝတဲ့အပြင် ကမ္ဘာ့အပျော်ဆုံး လူသားတစ်ယောက် လိုတောင် ဖြစ်ရပါတယ်။ ကျွန်းမှာ ဘာမှ လုပ်စရာ မရှိပါဘူး။ ခြောက်လလုံးလုံး ပင်လယ်ကမ်းခြေမှာ အပန်းဖြေ၊ သန္တာကျောက် တန်းရှာဖွေ၊ ရေငုတ်၊ ရွက်လှေစီး၊ ရေကူး ပင်ပန်းတဲ့အချိန်ကျတော့ အင်တာနက်သုံးပြီး သူ့ရဲ့ အပျော်များကို ဘလောဂ် တစ်ခု လုပ်ပြီးတော့တောင် Share လိုက်ပါသေးတယ်။ အမည်ကတော့ ကျွန်းစောင့်ရှောင့်ရေး ဖြစ်ပေမယ့် သူဌေးသူကြွယ်တစ်ယောက် အပန်းဖြေ နေရသလိုပဲ ဖြစ်ပါတယ်။

Miss Supranational Myanmar 2013 ဆုရရှိသော''ခင်ဝင့်ဝါ''နှင့်တွေ့ဆုံခြင်း

Photo: Miss Supranational Myanmar 2013  ဆုရရှိသော''ခင်ဝင့်ဝါ''နှင့်တွေ့ဆုံခြင်း
''မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ  The Golden Land လို့ ကျော်ကြား
ထင်ရှားတဲ့အတွက် ရွှေရောင်ကိုရွေးချယ်မှာဖြစ်ပြီး ဝတ်စုံကို ပျူဝတ်စုံဝတ်ပါမယ်''
====================
နွေးနွေးမေးမြန်းသည်။သြဂုတ်(၂၀)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ
====================
ဗီလာရုနိုင်ငံတွင်ပြုလုပ်မည့်Miss Supranational 2013 ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အလှမယ်ကိုယ် စားလှယ်အနေဖြင့်fh Miss Supranational Myanmar 2013  ဆုရရှိသော 'ခင်ဝင့်ဝါ'မှ သွား ရောက်ယှဉ်ပြိုင်နေပြီဖြစ်ကာ အလှမယ် 'ခင်ဝင့် ဝါ'နှင့် အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါသည်။
မေး - ညီမလေးရဲ့အသက်နဲ့ ပညာအရည်အချင်း ကိုပြောပြပေးပါလား။
ဖြေ - သမီးအသက်က ပြီးခဲ့တဲ့ ရလပိုင်းက ၁၈ နှစ်ပြည့်ခဲ့ပါတယ်။ ပညာအရည်အချင်းက တော့ တတိယနှစ် ရုက္ခဗေဒပါ။
မေး -Miss Supranational 2013 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းရဲ့ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ - မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar  တစ်ဦးအနေနဲ့ နိုင်ငံတကာမှာ သွားပြိုင် ချင်တာရော၊ ပြီးတော့ သမီးက မနန်းခင်ဇေယျာ နိုင်ငံတကာမှာသွားပြိုင်ကတည်းက သူ့ကိုကြည့် ပြီးတော့ အားကျခဲ့တယ်။ တစ်နေ့ကျရင် ငါ လည်း သူ့လိုမျိုးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ် ဖြစ်ခဲ့တယ်။ အခုချိန်မှာ ဒီလိုမျိုးသွားယှဉ်ပြိုင် ခွင့်ရတဲ့အတွက် တအားလည်း ဝမ်းသာရပါ တယ်။ ဒီလိုအခွင့်အရေးမျိုးရရှိဖို့အတွက် သမီး တို့ လွယ်လွယ်ရရှိခဲ့တာမဟုတ်ပါဘူး။ အဆင့် တွေအများကြီးကို ကျော်ဖြတ်ပြီးတော့မှ ယှဉ်ပြိုင် ခွင့်ရရှိခဲ့တာပါ။
မေး - နန်းခင်ဇေယျာကို အားကျတယ်ဆိုတော့ မနန်းက ယှဉ်ပြိုင်နေရင်းနဲ့ တော်တော်များများရဲ့ အားပေးမှုကိုရရှိခဲ့သလို ဝေဖန်မှုတွေလည်း ခံခ ရတယ်။ တကယ်လို့သာ ခင်ဝင့်ဝါက ဒီလိုမျိုးဝေဖန် ခံရမယ်ဆိုရင်ရော။
ဖြေ - မနန်းခင်ဇေယျာ ဝေဖန်ခံရတဲ့ပုံစံမျိုးနဲ့ သမီးဝေဖန်ခံရမယ်ဆိုရင်လည်း သမီးလျှောက်ရ မယ့်လမ်းကို ဆက်လျှောက်မှာပါ။ အဲဒီအတွက် သမီးစိတ်ဓာတ်ကျတာမျိုး၊ အားလျှော့တာမျိုးဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမီးတစ်ဦး တည်းအတွက် သမီးသွားပြိုင်တာမဟုတ်တဲ့အ တွက် သမီးကဝေဖန်မှုအပေါ် စိတ်ခံစားနေရင် နိုင်ငံ့ဂုဏ်ကိုပါ ထိခိုက်နိုင်တဲ့အတွက် သမီးယှဉ် ပြိုင်နေစဉ်မှာဝေဖန်ခံရမယ်ဆိုရင်လည်း သမီး ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်လျှောက်ရမယ့် လမ်းကို ဆက်လျှောက်သွားမှာပါ။
မေး - ပြင်ပဗဟုသုတအနေနဲ့ရော ဘာတွေလေ့ လာဖြစ်ခဲ့လဲ။
ဖြေ - အရင် Miss ပွဲတွေမှာတော့ မေးခဲ့ဖူးတဲ့ မေးခွန်းတွေ အဖြေတွေ၊ ပြီးတော့မေးနိုင်ခြေရှိ မယ့်မေးခွန်းတွေကိုလည်း လေ့လာခဲ့ရပါတယ်။ သမီးတို့ လေ့ကျင့်ခဲ့ရတဲ့အချိန်က သိပ်မရပေမယ့် လည်း လုံလောက်တယ်လို့ ထင်ပါတယ်။ တစ်နေ့ကို လေ့ကျင့်ချိန်က ၂၄နာရီနီးပါးဆိုတော့ လေ့လာ တဲ့နေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်အ ကြောင်းကိုပိုပြီးတော့ လေ့လာတယ်။ သူတို့မေး နိုင်ခြေရှိမယ်ထင်တဲ့အတွက်လည်း လေ့လာ ဖြစ်ခဲ့တာပါ။
မေး - ရိုးရာဝတ်စုံကရော ဘာဝတ်ဖို့ စီစဉ်ထား လဲ။
ဖြေ - ပျူဝတ်စုံဝတ်မယ်။ ပျူယဉ်ကျေးမှုအက နဲ့ဖျော်ဖြေဖို့လည်း စီစဉ်ထားပါတယ်။ ပျူဝတ်စုံ ကို ဘာဖြစ်လို့ရွေးချယ်တာလဲဆိုတော့ အဓိက ရည်ရွယ်ချက်က သမီးတို့နိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာ သာအရင်ဦးဆုံးထွန်းကားခဲ့တဲ့ခေတ်က ပျူခေတ် ကပေါ့နော်။ ပျူခေတ်ကလူတွေက  သတ္တဝါတွေ ရဲ့အသက်ကို သနားကြင်နာသောအားဖြင့် သူတို့ က သိုးမွေးတို့၊ သားရေတို့ကိုတောင် မဝတ်ဆင်ခဲ့ ကြဘူး။ ချည်မျှင်ချည်ထည်ကိုပဲ အမြတ်တနိုးနဲ့ ဝတ်ဆင်ခဲ့ကြတယ်။ အဲဒါကြောင့် သမီးလည်း ပြိုင်ပွဲမှာ ရွှေရောင်ချည်လိုဟာမျိုး ဝတ်ဆင်မယ်။ ရွှေရောင်ကို ဘာဖြစ်လို့ရွေးချယ်တာလဲဆိုတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ် မှာ The Golden Land လို့ ကျော်ကြားထင်ရှားတဲ့အတွက်ကြောင့် ရွှေ ရောင်ကို ရွေးချယ်ဖြစ်ခဲ့တာပါ။
မေး - ဘာသာစကားအနေနဲ့ရော ဘယ်ဘာသာ စကားကို အဓိကထား လေ့လာဖြစ်ခဲ့လဲ။
ဖြေ - သမီးကျောင်းတက်တုန်းကလည်ီးပေ ဖြစ်နေတာကြောင့်ရယ်၊ ပြီးတော့ အကြောင်း အမျိုးမျိုးကြောင့် သင်တန်းတွေမတက်ဖြစ်ခဲ့ဘူး။ ဘာသာစကားအနေနဲ့ ထူးထူးခြားခြားတတ်ကျွမ်း တာမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စကား ကိုတော့ သမီး သူပြောကိုယ်ပြော ပြောနိုင်ပါတယ်။ အဲဒါကြောင့် ပြိုင်ပွဲမှာ ဘာသာစကားနဲ့ပတ် သက်ပြီးတော့ အခက်အခဲတော့ ဖြစ်မယ်မထင် ပါဘူး။
မေး - အသက်ကလည်းငယ်သေးတော့ ကိုယ့် ကိုယ်ကိုယ်ရော ယုံကြည်မှုရှိလား။
ဖြေ - သမီးကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက တော့ အပြည့်ရှိပါတယ်။ ဘာဖြစ်လို့ ယုံကြည်မှုရှိ နေတာလဲဆိုတော့ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှလည်း ဘယ်နေရာကိုရောက်ရောက် အဆင်ပြေလိမ့်မယ်လို့ထင်တယ်။ 
မေး - အရင်တုန်းကရော ပြိုင်ပွဲတွေ ဝင်ပြိုင် ဖူးလား။
ဖြေ - ပြည်တွင်းမှာ နှစ်ပွဲသုံးပွဲလောက်တော့ ဝင်ပြိုင်ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ နိုင်ငံပေါင်း ၉၈နိုင်ငံနဲ့ ရင်ပေါင်တန်းပြီး ယှဉ်ပြိုင် ရမယ်ဆိုတာကတော့ သမီးအတွက် အိပ်မက် တစ်ခုဖြစ်တယ်။ တစ်ခါမှမရရှိဖူးတဲ့အတွေ့ အကြုံမျိုးကိုလည်း ရရှိလိမ့်မယ်လို့ ထင်ပါတယ်။

''မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ The Golden Land လို့ ကျော်ကြား
ထင်ရှားတဲ့အတွက် ရွှေရောင်ကိုရွေးချယ်မှာဖြစ်ပြီး ဝတ်စုံကို ပျူဝတ်စုံဝတ်ပါမယ်''


ဗီလာရုနိုင်ငံတွင်ပြုလုပ်မည့်Miss Supranational 2013 ပြိုင်ပွဲကြီးသို့ ဝင်ရောက်ယှဉ် ပြိုင်ရန်အတွက် မြန်မာနိုင်ငံ၏ အလှမယ်ကိုယ် စားလှယ်အနေဖြင့်fh Miss Supranational Myanmar 2013 ဆုရရှိသော 'ခင်ဝင့်ဝါ'မှ သွား ရောက်ယှဉ်ပြိုင်နေပြီဖြစ်ကာ အလှမယ် 'ခင်ဝင့် ဝါ'နှင့် အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါသည်။
မေး - ညီမလေးရဲ့အသက်နဲ့ ပညာအရည်အချင်း ကိုပြောပြပေးပါလား။
ဖြေ - သမီးအသက်က ပြီးခဲ့တဲ့ ရလပိုင်းက ၁၈ နှစ်ပြည့်ခဲ့ပါတယ်။ ပညာအရည်အချင်းက တော့ တတိယနှစ် ရုက္ခဗေဒပါ။
မေး -Miss Supranational 2013 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းရဲ့ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ - မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar တစ်ဦးအနေနဲ့ နိုင်ငံတကာမှာ သွားပြိုင် ချင်တာရော၊ ပြီးတော့ သမီးက မနန်းခင်ဇေယျာ နိုင်ငံတကာမှာသွားပြိုင်ကတည်းက သူ့ကိုကြည့် ပြီးတော့ အားကျခဲ့တယ်။ တစ်နေ့ကျရင် ငါ လည်း သူ့လိုမျိုးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ် ဖြစ်ခဲ့တယ်။ အခုချိန်မှာ ဒီလိုမျိုးသွားယှဉ်ပြိုင် ခွင့်ရတဲ့အတွက် တအားလည်း ဝမ်းသာရပါ တယ်။ ဒီလိုအခွင့်အရေးမျိုးရရှိဖို့အတွက် သမီး တို့ လွယ်လွယ်ရရှိခဲ့တာမဟုတ်ပါဘူး။ အဆင့် တွေအများကြီးကို ကျော်ဖြတ်ပြီးတော့မှ ယှဉ်ပြိုင် ခွင့်ရရှိခဲ့တာပါ။

အပြတ်ရှင်း ကြရမည့် ယဉ်ကျေးမှု နယ်မြေမှ သိုးမည်းများ

Photo: အပြတ်ရှင်း ကြရမည့် ယဉ်ကျေးမှု နယ်မြေမှ သိုးမည်းများ

ပုဂံ-ညောင်ဦး ဒေသသည် (AD-၉ဝဝ) ခန့်တွင် ပုဂံဝန်းကျင် ကျေးရွာရှိ ရွာကြီး ၁၉ ရွာ၊ ကျေးလက် ၁ဝဝဝ ကျော် တို့ကို စုစည်းပြီး ပထမ နန်းမြို့အဖြစ် တုရင်းတောင် အရှေ့ဘက် ယုန်လွှတ်ကျွန်း၌ လည်းကောင်း၊ ဒုတိယ နန်းမြို့ကို သီရိပစ္စယာ အရပ်၌ လည်းကောင်း၊ တတိယ နန်းမြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီ ဟူ၍ လည်းကောင်း တည်ထောင်ခဲ့ကြသည်။

ပုဂံမင်းဆက် ၅၅ ဆက် ရှိသည့်အနက် ၄၂ ဆက်မြောက် အနော်ရထာမင်းက (AD -၁ဝ၄၄-၁ဝ၇၇)၊ (မြန်မာသက္ကရာဇ် -၄ဝ၆-၄၃၉)တွင် ပုဂံ-ညောင်ဦး ဒေသကို ပထမ မြန်မာနိုင်ငံ အဖြစ် စတင် တည်ထောင်ခဲ့ပြီး အဖိုး မဖြတ်နိုင်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများစွာ တည်ထား ကိုးကွယ်ခဲ့ကြသည်။

ထို့ကြောင့် ပုဂံဒေသသည် မြန်မာတို့၏ နှစ်ပေါင်း(၁ဝဝဝ)ခန့် ရှည်ကြာသော ရှေးဟောင်း သမိုင်း အမွေအနှစ်မြို့တော် ဖြစ်သည့်အပြင် ဗုဒ္ဓ ယဉ်ကျေးမှု၏ ပြယုဂ်စေတီ ပုထိုးများစွာ ယနေ့တိုင် တည်ရှိနေသော ဒေသဖြစ်သည့် အလျောက် ရှေးဟောင်း အမွေအနှစ်ကို တန်ဖိုး ထားကြသော ကမ္ဘာလှည့် ခရီးသည်များ မပြတ်ဝင်ထွက် သွားလာနေသည့် ဒေသတစ်ခု ဖြစ်လေသည်။

အဆိုပါ ပုဂံ-ညောင်ဦး ဒေသသို့ နိုင်ငံခြားသား ဝင်ရောက်မှုမှာ ၂ဝ၁၁ ခုနှစ်တွင် ၁ဝ၂၅၈၇ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၁၆၂၉၄၆ ဦးနှင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ သြဂုတ် ၁ဝ ရက်ထိ ၁ဝ၇၅၅၄ ဦး ဝင်ရောက်ခဲ့သည်။

ဧည့်သည်များ ဝင်ထွက်မှု များပြား လာသည်ကို အခွင့်ကောင်း ယူ၍ မြန်မာ့ လူ့ဘောင်စရိုက်နှင့် ဆန့်ကျင်စွာ သည်းခံနိုင်ဖွယ် မရှိသော ရိုင်းစိုင်းလှသည့် ရာဇဝတ်မှုခင်း များလည်း ဖြစ်ပွား လာခဲ့ကြောင်းတွေ့ရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီမှ သြဂုတ်အတွင်း ၎င်းတို့၏ခရီးဆောင် အိတ်ငယ်နှင့် လက်ဆွဲအိတ်များကို စက်ဘီးရှေ့ ခြင်းထဲတွင် ထည့်၍ စီးနင်း သွားလာနေသော ကမ္ဘာလှည့် ခရီးသည် နိုင်ငံခြားသူ အမျိုးသမီးများအား ပြစ်မှုကျူးလွန်သူ တို့က ဆိုင်ကယ်ဖြင့် လိုက်ကာ ခရီးဆောင် အိတ်ငယ်ကို လုယူထွက်ပြေးသည့် ဖြစ်စဉ်

ငါးကြိမ်နှင့် လူသူ အရောက်အပေါက် နည်းသည့် ရှေးဟောင်း ဘုရားများ အကြားတွင် တစ်ဦးတည်း လှည့်လည် လေ့လာ စဉ် အကြမ်းဖက်၍ လုယက်သည့် ဖြစ်စဉ်နှစ်ကြိမ် စုစုပေါင်း မှုခင်း ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသည်များ ပုဂံ-ညောင်ဦး ဒေသသို့ လာရောက် လေ့လာ လည်ပတ်ရာတွင် ကုမ္ပဏီ အစီအစဉ်ဖြင့် အုပ်စုလိုက် လာရောက်သူ (Packaged Tour) များထက် မိမိ အစီအစဉ်ဖြင့် လွတ်လွတ်လပ်လပ် သွားလာသူ (Forigen Independent Tour(F.I.T) များမှာ အများဆုံး ဖြစ်သည်။

F.I.T များမှာ တစ်ဦးချင်းစီ လမ်းလျှောက်၍ လည်းကောင်း၊ စက်ဘီးများဖြင့် လည်းကောင်း ထင်ရှားသည့် စေတီပုထိုးများ အပြင် လူသူ သွားလာမှု နည်းသည့် ရှေးဟောင်းဘုရား နေရာများ၊ ညအချိန် မီးရောင်မရှိသည့် လမ်းများသို့ပါ သွားလာတတ်ကြပြီး စက်ဘီးများဖြင့် သွားလာရာတွင် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများနှင့် လက်ဆွဲအိတ်များကို စက်ဘီးရှေ့ ခြင်းထဲတွင် ထည့်၍ စီးနင်း သွားလာ လေ့ရှိကြသည်။

ထိုသို့ နိုင်ငံခြား ခရီးသည်များ စက်ဘီးစီး သွားလာစဉ် ပြစ်မှု ကျူးလွန်သူများက ဆိုင်ကယ်စီးနင်း၍ စက်ဘီးရှေ့ခြင်းထဲမှ လက်ဆွဲအိတ်နှင့်အသုံးအဆောင် ပစ္စည်းများအား လုယူ ထွက်ပြေးသည့် ဖြစ်စဉ်များနှင့် ရှေးဟောင်း ဘုရားများ ကြားတွင် တစ်ဦးတည်း လှည့်လည် လေ့လာစဉ် လူသူ အရောက်အပေါက် နည်းသည့် နေရာများ၌ တစ်ဦးချင်း အကြမ်းဖက်၍ ပစ္စည်းလုယူသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သာဓကအားဖြင့် သြဂုတ် ၃ ရက် ည ၆ နာရီ မိနစ် ၅ဝ တွင် ညောင်ဦးမြို့ ညောင်ဦး-ပုဂံမြို့သစ်သွား ကားလမ်း တောင်ဘက်ခြမ်းရှိ ဆူးလေကုန်း ဘုရားအနီးတွင် ပြင်သစ်နိုင်ငံသူ တစ်ဦးထံမှ ခါးပတ်အိတ် ကို မြန်မာ အမျိုးသား တစ်ဦးက လုယူစဉ် ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့ပြီး ပြင်သစ် နိုင်ငံသူတွင် ဝဲမျက်စိ ဖူးရောင်ညိုမည်း၊

လည်ပင်း၊ ဝဲလက်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကာ ပတ်စ်ပို့တစ်အုပ်၊ အမေရိကန် ဒေါ်လာနှင့်မြန်မာငွေများ၊ Credit Card နှင့် လေယာဉ် လက်မှတ်တို့ ပါသွားခဲ့ သဖြင့် ညောင်ဦးမြို့မ ရဲစခန်းမှ(ပ) ၉၄/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။

ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (ပုဂံ)မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် ပုဂံမြို့ဟောင်းမှ ချောက်သို့ သွားသော လမ်းဆုံတွင် ပြစ်မှု ကျူးလွန်ခဲ့သူ မြောက်ဦးမြို့နယ် မီးလောင်းဖျား မြောက်ရွာနေ ရဲမင်းစိုး(ခ) မျိုးမင်းဦးအား ဖမ်းဆီး ရမိခဲ့သည်။

စစ်ဆေးချက် အရ ရဲမင်းစိုးသည် အခင်းဖြစ်နေ့က ဆူးလေကုန်း ဘုရားအနီးတွင် နိုင်ငံခြားသူ တစ်ဦးအား တွေ့ရှိ၍ အနီးရှိ တုတ်တစ်ချောင်းဖြင့် သုံးချက်ရိုက်ပြီး အိတ်အား လုယူ ထွက်ပြေးခဲ့ကြောင်းနှင့် အိတ်အတွင်း၌ ပါသော အမေရိကန် ဒေါ်လာများ ကို ညောင်ဦးမြို့ ဈေး အတွင်း၌ ငွေလဲလှယ် ခဲ့ကြောင်း သိရသဖြင့် သက်သေခံ ပစ္စည်းများကို ပြန်လည် သိမ်းဆည်း ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ကဲ့သို့ လုယက်မှု ကျူးလွန်ခံရသူ အားလုံးမှာ အမျိုးသမီးများသာ ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူက ၎င်းတို့အား ပြန်လည်ခုခံခြင်း မပြုနိုင်စေရန် အတွက် ၎င်းတို့ တစ်ဦးတည်း သွားလာ လည်ပတ်စဉ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။

ပြစ်မှု ကျူးလွန် ခံရသူ နိုင်ငံခြားသူများက အကူအညီ တောင်းခံသည့်အခါ ဘာသာစကား မကျွမ်းကျင်မှုကြောင့် ပတ်ဝန်းကျင်ရှိ လူများက အလွယ်တကူ မသိရှိနိုင်ခြင်း၊ ကမ္ဘာလှည့် ခရီးသည်များ ပိုင်ဆိုင်သည့် ကင်မရာ၊ အိုင်ဖုန်း၊ လက်ပ်တော့နှင့် နိုင်ငံခြား သုံးငွေ စသည့် တန်ဖိုး များပြားသော အသုံးအဆောင် ပစ္စည်းများအား အချိန်တို အတွင်း လုယက်နိုင်ခြင်းဖြင့် ငွေရလွယ်ခြင်း၊

နိုင်ငံခြားသား များ၏ ပစ္စည်းများကို လုယက်ပြီးနောက် ထွက်ပြေး တိမ်းရှောင်နိုင်ရန် လမ်းသွယ်၊ လမ်းကြားများ၊ ချုံပင်ငယ်များ ပေါများခြင်းနှင့် နေရာ အများစုမှာ လူသူ အရောက်အပေါက် နည်းပါးခြင်း စသည်တို့မှာ ပြစ်မှု ကျူးလွန်ရန် အတွက် အခွင့်အရေး ပေးနေ သကဲ့သို့ ဖြစ်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ကမ္ဘာလှည့် ခရီးသည်များ သွားလာ နေထိုင် လည်ပတ်ရာတွင် လုံခြုံအဆင်ပြေ ချောမွေ့ စေရေး အတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့အား မတ် ၁၂ ရက်တွင် စတင် တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ကမ္ဘာလှည့် ခရီးသည်များ အများဆုံး လာရောက်ရာ ဒေသ များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ညောင်ရွှေ ဒေသများတွင် ကမ္ဘာလှည့် ခရီးသည်များ ၏ လုံခြုံရေး ကို ဆောင်ရွက်ပေးလျက် ရှိသည်။

ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့စုရှိ တပ်ဖွဲ့ဝင်များက နိုင်ငံခြားသား ခရီးသည်များထံမှ ပစ္စည်း လုယက်ခံရမှု များအား စုံစမ်း ဖော်ထုတ်ခဲ့ရာ လုယက်ခံရမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့သည့် အနက်အမှုနှစ်မှုမှ ပြစ်မှု ကျူးလွန်သူများကို ဖော်ထုတ် အရေးယူ နိုင်ခဲ့သည်။

ဘာသာတရား ကိုင်းရှိုင်းလျက် ယဉ်ကျေး သိမ်မွေ့၍ ဖော်ရွေ ပျူငှာသော လူမျိုးဟူ၍ လည်းကောင်း၊ စိတ်ထား ရိုးရှင်း၍ ပွင့်လင်း ဖြူစင်ကြသည်ဟု လည်းကောင်း မြန်မာတို့၏ ရာစု နှစ်နှင့်ချီကာ တည်ရှိခဲ့သည့် ကောင်းမြတ်သော ဂုဏ်သတင်း တို့သည် ယခုအခါ ပုဂံမြေပြင်၌ ဖြစ်ပွားခဲ့သော မှုခင်းများကြောင့် အမည်းစက်များ စွန်းထင်းခဲ့ရပြီ ဖြစ်သည်။

ပွင့်လင်းလာသော ခေတ်ကာလနှင့် အတူ ကမ္ဘာလှည့် ခရီးသည် အများအပြားသည် ယဉ်ကျေးမှုဟောင်းတို့ တည်ရှိရာ မြန်မာ့မြေသို့ အလုအယက် တိုးဝင် လာကြတော့မည် ဖြစ်ရာ ဤအကျည်းတန် အရုပ်ဆိုးလှသော ဖြစ်စဉ်များက ကမ္ဘာလှည့် ခရီးသည်တို့ကို တောခြောက်သည့် ပမာ ဖြစ်သွားနိုင် သည်ကို သတိပြုကြဖို့ လိုပါသည်။

ထို့ကြောင့် ပုဂံ-ညောင်ဦး ဒေသတွင် အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ ရဲချုပ်ရုံး၏ အစီအမံဖြင် မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ ပါဝင်သည့် အဖွဲ့သည် ပုဂံ-ညောင်ဦး ဒေသရှိ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊

ဟိုတယ် လုပ်ငန်းရှင်များ အသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ ခရီးသွား လုပ်ငန်းရှင်များ အသင်း၊ အနှေးယာဉ် လုပ်ငန်းရှင်များ အသင်းနှင့် လူမှုရေး အဖွဲ့အစည်းများ ပါဝင်သည့် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ကမ္ဘာလှည့် ခရီးသည် များ၏လုံခြုံရေး၊ သွားလာရာတွင် လုယက်မှု မခံရစေရေး အပြည့်အဝ လုံခြုံမှု ဆောင် ရွက် ပေးနိုင်ရန် သုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့စုသို့ လှည့်ကင်း/ဝပ်ကင်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် စက်ဘီးများ လိုအပ်ကြောင်း သုံးသပ်ချက် အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် ၁ဝ စီး၊ စက်ဘီး ၁ဝ စီး၊ လက်ကိုင်ဖုန်းများ၊ ဆက်သွယ်ရေး စကားပြောစက်များနှင့် တပ်ဖွဲ့ဝင် အင်အား များကိုပါ ထပ်မံဖြည့်ဆည်း ပေးခဲ့သည်။

ထိုသို့ဖြည့်ဆည်း ပံ့ပိုးပေးမှုများဖြင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့က မှုခင်းများ ထပ်မံ မဖြစ်ပွား စေရေးနှင့် ကမ္ဘာလှည့် ခရီးသည်များ၏ လုံခြုံမှု အပြည့်အဝ ရရှိရေးအတွက် လှည့်ကင်း/ဝပ်ကင်း/ရပ်ကင်းများဖြင့် လုံခြုံရေး တာဝန်များကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုအခါ ပုဂံ-ညောင်ဦး ဒေသတွင် ကမ္ဘာလှည့် ခရီးသည်များမှာ လုံခြုံမှု ရရှိနေပြီ ဖြစ်သဖြင့် စိတ်ချမ်းမြေ့စွာ သွားလာလည်ပတ် နေသည်ကို တွေ့ရှိ နေရပေပြီ။

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေရန် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှုများ ပိုမိုအောင်မြင် စေရန်နှင့် ရိုးရှင်း ဖြူစင်သော မြန်မာ့ ယဉ်ကျေးမှု မြို့ဟောင်း ပုဂံနယ်မြေ၌ ကမ္ဘာလှည့် ခရီးသည်များ အားလုံး အေးချမ်းစွာ လည်ပတ် လေ့လာနိုင်ရေး အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ မိဘပြည်သူများ အားလုံးကပါ ဝိုင်းဝန်းပါဝင် ကာကွယ် စောင့်ရှောက် ပေးကြရန် လိုအပ်သည်။

သို့မှသာ ကမ္ဘာလှည့် ခရီးသွားတို့ အဖို့ မြန်မာနိုင်ငံသည် လုံခြုံမှု အပြည့်အဝရှိပြီး စိတ်ချမ်းမြေ့စွာ သွားလာ လည်ပတ်နိုင်သော ယဉ်ကျေးပျူငှာသည့်မြေ ဖြစ်သည်ဟု ခံစားရလျက် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက် လာနိုင်မည် ဖြစ်သည့်အပြင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်၌ မှီခို နေကြရသည့် ပုဂံနယ်မြေမှ လူမှု အသိုက်အဝန်း၏ အခြေခံ စီးပွားရေး လုံခြုံမှုကိုပါ ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြလိုက် ရပေသည်။



အေးချမ်းမွန် Credit To >မြ၀တီ  < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia

ပုဂံ-ညောင်ဦး ဒေသသည် (AD-၉ဝဝ) ခန့်တွင် ပုဂံဝန်းကျင် ကျေးရွာရှိ ရွာကြီး ၁၉ ရွာ၊ ကျေးလက် ၁ဝဝဝ ကျော် တို့ကို စုစည်းပြီး ပထမ နန်းမြို့အဖြစ် တုရင်းတောင် အရှေ့ဘက် ယုန်လွှတ်ကျွန်း၌ လည်းကောင်း၊ ဒုတိယ နန်းမြို့ကို သီရိပစ္စယာ အရပ်၌ လည်းကောင်း၊ တတိယ နန်းမြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီ ဟူ၍ လည်းကောင်း တည်ထောင်ခဲ့ကြသည်။

ပုဂံမင်းဆက် ၅၅ ဆက် ရှိသည့်အနက် ၄၂ ဆက်မြောက် အနော်ရထာမင်းက (AD -၁ဝ၄၄-၁ဝ၇၇)၊ (မြန်မာသက္ကရာဇ် -၄ဝ၆-၄၃၉)တွင် ပုဂံ-ညောင်ဦး ဒေသကို ပထမ မြန်မာနိုင်ငံ အဖြစ် စတင် တည်ထောင်ခဲ့ပြီး အဖိုး မဖြတ်နိုင်သော ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများစွာ တည်ထား ကိုးကွယ်ခဲ့ကြသည်။

ထို့ကြောင့် ပုဂံဒေသသည် မြန်မာတို့၏ နှစ်ပေါင်း(၁ဝဝဝ)ခန့် ရှည်ကြာသော ရှေးဟောင်း သမိုင်း အမွေအနှစ်မြို့တော် ဖြစ်သည့်အပြင် ဗုဒ္ဓ ယဉ်ကျေးမှု၏ ပြယုဂ်စေတီ ပုထိုးများစွာ ယနေ့တိုင် တည်ရှိနေသော ဒေသဖြစ်သည့် အလျောက် ရှေးဟောင်း အမွေအနှစ်ကို တန်ဖိုး ထားကြသော ကမ္ဘာလှည့် ခရီးသည်များ မပြတ်ဝင်ထွက် သွားလာနေသည့် ဒေသတစ်ခု ဖြစ်လေသည်။

ရွှေတောင်မှာ ဧရာဝတီကမ်းပါးပြို၊ ဒေသခံ ရာချီ အိုးမဲ့အိမ်မဲ့ဖြစ်


Wednesday, August 21, 2013

ပဲခူးတိုင်း ရွှေတောင်မြို့နယ် ရင်းမူကုန်းကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး အကြီးအကျယ် ပြိုကျသဖြင့် ဒေသခံတို့ လယ်ယာမြေ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ ထိုကျေးရွာတွင် လုပ်စားမြေနှင့် အိမ်ခြေ(၁၅၀)ကျော် ဆုံးရှုံးခဲ့ရပြီး လူဦးရေ(၇၅၀)ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း၊ ငွေကြေး တတ်နိုင်သူများ
ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

အထက်တန်းကျောင်းတို့နှင့်ကိုက်(၁၀၀)အကွာအဝေးသို့ေ၇ာက်ရှိနေပြီဖြစ်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ပြောကြားခဲ့သည်။

ရင်းမူကုန်းကျေးရွာရှိ တဲတန်းရပ်ကွက်နှင့် မေမြို့ရပ်ကွက်တို့ မြေပြိုကျသည့်အတွက် ပျောက်ဆုံးခဲ့ရပြီး အောင်မင်္ဂလာရပ်ကွက်မှာလည်း တစ်ဝက်ကျော် ပြိုကျနေပြီဖြစ်သည်။

အမေရိကန်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ပွဲတော်၌ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ဇာတ်ကားကို ပြသမည်


ခြောက်ကြိမ်မြောက်ကျင်းပမည့် Myanmar Film Festival of Los Angeles ကို စက်တင်ဘာ ၁၅ ရက် တွင် လော့စ်အိန်ဂျယ်လ်လိစ်ရှိ Downtown Independent Theater တွင် ကျင်းပမည်ဖြစ်သည်။ ယင်း ပွဲတော်အား Network of Myanmar American Association မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး မြန်မာအနုပညာနှင့်ယဉ်ကျေးမှုများ အကြောင်းကို အခြားအာရှနိုင်ငံများက ရုပ်ရှင်ထုတ်လုပ်သူများ၊ အနုပညာရှင်များနှင့် အတူတကွ စုပေါင်းကာချိတ်ဆက်ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ယခုနှစ်ပွဲတော်တွင် ဇာတ်လမ်း တိုလေးခုနှင့် “တိမ်မင်းသမီး ဒဏ္ဍာရီ”ဇာတ်ကားတို့ကို ပြသမည်ဖြစ်သည်။

ယခုနှစ်ပွဲတော်သို့ ဇာတ်လမ်းတိုရိုက်ကူးသည့် ဒါရိုက်တာလေးသီတာနှင့် မင်းသမီး န၀ရတ်တို့အပြင် ဆွေဇင်ထိုက်လည်း တက်ရောက်မည်ဖြစ်သည်။

ဆိုက်ကားသမားနှင့် အငှားကားသမား အချင်းများပြီး လူသတ်မှုဖြစ်

ဆိုက်ကားနင်းသူ တစ်ဦးကို အငှားကား ယာဉ်မောင်းတစ်ဦးက ဓားဖြင့်ထိုးလိုက်သည့် လူသတ်မှုတစ်ခု ဒေါပုံမြို့နယ်တွင် သြဂုတ် ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် ထားသည်။

ယင်းအမှုသည် ဒေါပုံမြို့နယ်၊ ၁-ဈေးကွေ့ ဆိုက်ကားဂိတ်တွင် ဆိုက်ကားနင်းသည့် လူငယ်တစ်ဦးက အခြားဆိုက်ကားနင်းသူ လူငယ်တစ်ဦးကို ၎င်းတို့ဂိတ်တွင် ဆိုက်ကားလာမနင်းရန် ပြောဆိုစဉ် နှစ်ဦး အချင်းများခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထိုသို့ ဆိုက်ကားနင်းသူနှစ်ဦး အခြေအတင် စကားများနေစဉ် အနီးရှိ အမည်မသိ အငှားကားယာဉ်မောင်း တစ်ဦးက “မင်းက ငါ့လမ်းထဲက ကလေးကို ဘာလို့အနိုင်ကျင့်တာလဲ”ဟု ပြောဆိုပြီး အရိုးခြောက် လက်မ၊ အသွား ၁၃ လက်မခန့်ရှိသည့် ဓားဖြင့် ဆိုက်ကားသမား လူငယ်တစ်ဦးကို ထိုးလည်းထိုး၊ ခုတ်လည်း ခုတ်ကြောင်း ရဲဌာနက ထုတ်ပြန်ချက်တွင်
ပါရှိသည်။

စည်းလုံးမှုနဲ့ အရင်းတည်ရင်ခုန်သံချင်းတူညီခဲ့တဲ့ ရွှေညီအစ်ကိုလူရွှင်တော်အဖွဲ့

Photo: စည်းလုံးမှုနဲ့ အရင်းတည်ရင်ခုန်သံချင်းတူညီခဲ့တဲ့ ရွှေညီအစ်ကိုလူရွှင်တော်အဖွဲ့

Posted by AF in ပြည်တွင်း အနုပညာ ရပ်ဝန်း

ရွှေညီအစ်ကိုလူရွှင် တော်အဖွဲ့ဆိုရင်ပရိသတ် တော်တော်များများသိကြပါ တယ်။ရွှေညီအစ်ကိုအဖွဲ့မှာ ငြိမ်းချမ်း၊ကောင်းကျော်၊ရှဲဒိုး၊ ဝိုင်းချစ်၊ထက်ထက်တို့က အ တွဲညီညီနဲ့အောင်မြင်မှု ရရှိ ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ရွှေညီအစ်ကိုအဖွဲ့အနေနဲ့ စည်းလုံးညီညွတ်မှုအား ကောင်း၊ဖြတ်ထိုးဥာဏ် ကောင်း နဲ့ ပရိသတ်ကို တင်ဆက်နိုင် ခဲ့ကြပါတယ်။ရွှေညီအစ်ကို အဖွဲ့ဘာအတွက်ကြောင့် ဘယ်လိုလုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုရခဲ့တယ်ဆို တာကို ရွှေညီအစ်ကို အဖွဲ့မှ ကောင်းကျော် က ..

” ၉၉၇ မြ ဝတီအငြိမ့်ပြိုင်ပွဲ ကစခဲ့တယ်။ ဒီကနေတစ်ဆင့်ရန် ကုန် တိုင်း ရွှေဝါဝင်းအငြိမ့်မှာ အစ် ကိုရယ်၊ ကိုငြိမ်းချမ်းရယ်၊ ရှဲဒိုးရယ်၊ဝိုင်းချစ်ရယ်သွား ဆုံတယ်။ အဲဒီအချိန်မှာ ထက် ထက်က ရွှေမြင့်မိုရ် အငြိမ့်မှာ ဒီလိုနဲ့ အစ်ကိုတို့လက်တွဲ လာ တာ ငါးနှစ်ကျော်ကျော်ကြာခဲ့ တယ်။အစ်ကိုတို့ ငါးယောက် ကပြောစရာမလိုဘူး။ညီ ညွတ် တယ်။စိတ်ဓာတ်တွေကောင်း တယ်။ ပြက်လုံးတစ်လုံးကို အ ထူးသဖြင့်ခေါင်းဆောင်ကို ငြိမ်း ချမ်းကရှာတယ်။ သူရှာဖွေ သလို အစ်ကိုတို့ဘက်ကလည်း သိသလောက်တတ်သလောက် လေးတွေကို ပံ့ပိုးတယ်။ ဖြည့် ဆည်းပေးတယ်။ ဖလှယ်ကြ တာပေါ့။ညီညွတ်မှုတအား ကောင်းကြတာ။စိတ်ဓာတ် ပိုင်းရော၊လူမှုရေးပိုင်းရော ပြောစရာမရှိအောင်ကို ကောင်းတာ။ ဒါပေမဲ့ နောက် ပိုင်းအနေဝေးသွားခဲ့ရ တယ်။အဲဒါကလည်း အကုန်လုံးအ နေနဲ့အောင်မြင်လာတဲ့ဒဏ် ကိုတောင်မခံနိုင်ခဲ့ကြဘူး။

ဒါကလည်း သဘာဝ တရားတစ် ခုပေါ့။ဖြစ်ပြီးရင်တော့ပျက် ရတာပဲလေ။ အခု အချိန်အဲဒီအချိန်ကို ပြန်တမ်းတလွမ်းမိ တယ်။အခုကတော့အစ်ကို့ အ နေနဲ့ရွှေညီ အစ်ကိုကို ပြန်အသက်သွင်းထားတယ်။ အလျဉ်းသင့်တဲ့အခါ အရင်က ရွှေညီအစ်ကိုတွေ့ဆုံဖြစ်ပါ တယ်။တစ်ယောက်နဲ့ တစ် ယောက်မခေါ် မပြောနိုင် အောင် စိတ်ဝမ်းကွဲ သွားကြ တာမဟုတ်တော့လေ။ကွဲ သွားတာမဟုတ်ဘူး။ အနေ ဝေးသွားကြတာ။အရင်လို တော့တစ်စုတစ်ဝေးတည်း မဖြစ်တော့ဘူးပေါ့။ရွှေညီ အစ်ကိုက ပရိသတ်ရင် ထဲမှာ အငွေ့တော့ ကျန်သေးတယ် လို့ အစ်ကိုထင်တယ်။အဲဒီ အငွေ့လေးကိုနောက်ထပ် လူ သစ်၊အင်အားသစ်တွေနဲ့ ဖွဲ့ စည်းထားတယ်။ လူသစ်ဆို ပေမယ့် ကိုယ်တို့ ချင်းဆိုရင် တော့မသစ်ပါဘူး” လို့ ပြောပါတယ်။

လူရွှင်တော် ထက်ထက်ကလည်း” အဲဒီ တုန်းကစည်းလုံးမှုပေါ့။ ယူနတီရှိခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြက်လုံးပြက်တဲ့ အခါမှာသူသာသည်ကိုယ် နာသည် အဓိကမထားဘူး။အကုန်လုံးကနားလည်ပေး ကြတယ်။တစ်ယောက်ပြက် ရင်နောက်လူတွေကပံ့ပိုး ပေးတယ်။ ညီညွတ်ရေးအား ကောင်း တာပေါ့။ဒီတော့ ပြက်လုံး အသစ်အဆန်းဖန် တီးသည်ဖြစ်စေ၊ နောက်ဆရာ့ ဆရာကြီးတွေထားခဲ့တဲ့သမ္မ စဉ်ပြက်လုံးတွေဖြစ်ပါစေ။ ဒီအပေါ်မှာတစ်ယောက်နဲ့ တစ်ယောက်ညီညီညွတ် ညွတ် နဲ့ လုပ်သွားကြတဲ့အတွက် ကြောင့် ရွှေညီအစ်ကိုဆိုတာ ဖြစ်လာ ခဲ့တယ်။ စောစောက ပြောသလိုသူနာကိုယ်သာ စိတ်မထားဘူး။အရေးကြီး တာက ပရိသတ်သဘောကျ ရယ်သွားပြီး ထိထိမိမိရောက် သွားဖို့ပဲ ရည်ရွယ်တယ်။ ဒီအ တွက် အကောင်းဆုံးဖြစ် အောင် ဝိုင်းဝန်း ပြင်ဆင်ကြရ တာပေါ့။ အကုန်လုံးက ဇာတ် သဘင်ကလာတဲ့ သူတွေဆို တော့ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ အထာသိနေကြတာပေါ့။ ဘယ်သူမှတော့ တစ်ဆရာတည်းထွက်ခဲ့ကြ တာမဟုတ်ပါဘူး။ တစ်ဖွဲ့ တည်းနဲ့ နှစ် အကြာကြီး လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဆုံတွေ့ တဲ့ အချိန်လေးမှာ ရင်ခုန်သံ တွေတူညီသွားကြတာပေါ့”  လို့ပြောပါတယ်။

M ဘွယ်

အေးချမ်းမွန် Credit To > Popular Journal < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia

ရွှေညီအစ်ကိုလူရွှင် တော်အဖွဲ့ဆိုရင်ပရိသတ် တော်တော်များများသိကြပါ တယ်။ရွှေညီအစ်ကိုအဖွဲ့မှာ ငြိမ်းချမ်း၊ကောင်းကျော်၊ရှဲဒိုး၊ ဝိုင်းချစ်၊ထက်ထက်တို့က အ တွဲညီညီနဲ့အောင်မြင်မှု ရရှိ ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ရွှေညီအစ်ကိုအဖွဲ့အနေနဲ့ စည်းလုံးညီညွတ်မှုအား ကောင်း၊ဖြတ်ထိုးဥာဏ် ကောင်း နဲ့ ပရိသတ်ကို တင်ဆက်နိုင် ခဲ့ကြပါတယ်။ရွှေညီအစ်ကို အဖွဲ့ဘာအတွက်ကြောင့် ဘယ်လိုလုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုရခဲ့တယ်ဆို တာကို ရွှေညီအစ်ကို အဖွဲ့မှ ကောင်းကျော် က ..

” ၉၉၇ မြ ဝတီအငြိမ့်ပြိုင်ပွဲ ကစခဲ့တယ်။ ဒီကနေတစ်ဆင့်ရန် ကုန် တိုင်း ရွှေဝါဝင်းအငြိမ့်မှာ အစ် ကိုရယ်၊ ကိုငြိမ်းချမ်းရယ်၊ ရှဲဒိုးရယ်၊ဝိုင်းချစ်ရယ်သွား ဆုံတယ်။ အဲဒီအချိန်မှာ ထက် ထက်က ရွှေမြင့်မိုရ် အငြိမ့်မှာ ဒီလိုနဲ့ အစ်ကိုတို့လက်တွဲ လာ တာ ငါးနှစ်ကျော်ကျော်ကြာခဲ့ တယ်။အစ်ကိုတို့ ငါးယောက် ကပြောစရာမလိုဘူး။ညီ ညွတ် တယ်။စိတ်ဓာတ်တွေကောင်း တယ်။ ပြက်လုံးတစ်လုံးကို အ ထူးသဖြင့်ခေါင်းဆောင်ကို ငြိမ်း ချမ်းကရှာတယ်။ သူရှာဖွေ သလို အစ်ကိုတို့ဘက်ကလည်း သိသလောက်တတ်သလောက် လေးတွေကို ပံ့ပိုးတယ်။ ဖြည့် ဆည်းပေးတယ်။ ဖလှယ်ကြ တာပေါ့။ညီညွတ်မှုတအား ကောင်းကြတာ။စိတ်ဓာတ် ပိုင်းရော၊လူမှုရေးပိုင်းရော ပြောစရာမရှိအောင်ကို ကောင်းတာ။ ဒါပေမဲ့ နောက် ပိုင်းအနေဝေးသွားခဲ့ရ တယ်။အဲဒါကလည်း အကုန်လုံးအ နေနဲ့အောင်မြင်လာတဲ့ဒဏ် ကိုတောင်မခံနိုင်ခဲ့ကြဘူး။

ထူးဖောင်ဒေးရှင်းပညာဒါနမျကျောင်းသားများဦးတေဇ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်ရဟတ်ယာဉ်များအားလေ့လာခွင့်ရ

Photo: ထူးဖောင်ဒေးရှင်းပညာဒါနမျကျောင်းသားများဦးတေဇ၏ကိုယ်ပိုင်ဂျက်လေယာဉ်နှင့်ရဟတ်ယာဉ်များအားလေ့လာခွင့်ရ
Wednesday, August 21, 2013

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေသည့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ် ဖြစ်သည့် (၂၀၁၃ - ၂၀၁၄) တွင်ပဉ္စမမြောက်နှစ်သို့ရောက်ရှိလာပြီဖြစ်ပါ သည်။ နှစ်စဉ် တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ် အတွက် အောင်ချက်ရာခိုင်နှုန်း (၄၅.၇၈%)ဖြင့် ပူတာအိုခရိုင်၏ ပညာရေးကဏ္ဍ တွင် နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို)၌ အနာဂတ်၏အသီးအပွင့်လေး များဖြစ်ကြသော ဒေသခံတက္ကသိုလ်ဝင်တန်း
ကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ မိုင် (၂၀၀) ကျော်ခန့်သာဝေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲလျက်ရှိပြီးသယ်ယူပို့ဆောင်ရာနှင့် သွားလာရာတွင် လေယာဉ်ကိုသာ အားထားနေရပါသည်။ လေယာဉ်များ၏အရေးပါပုံ၊ ရဟတ်ယာဉ်များ၏အရေးပါပုံနှင့် အလုပ်လုပ်ဆောင်ပုံများ ၊ဖွဲ့စည်းတည်ဆောက်ပုံများ ကို ဒေသခံများဖြစ်သည့်ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်မှ ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်အတွက် နာယကဦးတေဇမှ လေ့လာနိုင်စေရန်စီစဉ်ပေး ခဲ့ပါသည်။ ကျောင်းသားကျောင်းသူများမှာကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်သို့တက်ရောက်ခဲ့ကြပြီး လေယာဉ်မှူးများ နှင့် လေယာဉ်မယ်၏ ရှင်းလင်းပြသမှုများဖြင့် အသေးစိတ်လေ့လာခွင့်ရ ခဲ့ကြပါသည်။ ထို့ပြင် ရဟတ်ယာဉ်မှူးများမှလည်း ရဟတ်ယာဉ်တစ်စင်း၏ ဖွဲ့စည်းတည်ဆောက်ပုံ များ ၊အလုပ်လုပ်ပုံများကိုကျောင်းသားကျောင်းသူများ ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အသေးစိတ်ရှင်းလင်းပြောပြပေးခဲ့ကြပါသည် ။ လေ့လာပျော်ရွှင်နေကြသည့်ပညာဒါနဘော်ဒါဆောင်မှကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများ ကို မမောမပန်းရှင်းလင်း ပြောပြပေးနေကြသော ပရိုက်ဗိတ်ဂျက်လေယာဉ်မှူးများ နှင့် လေယာဉ်မယ် မဝတ်ရည်သင်း ၊ရဟတ်ယာဉ်မှူးများ၊ ဝန်ထမ်းများအားလုံးကိုလည်း ထူးဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။ ထူးဖောင်ဒေးရှင်းအနေဖြင့် ပညာဒါနဘော်ဒါဆောင် (ပူတာအို) မှ နှစ်စဉ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသောကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်စေရန်အတွက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိသကဲ့သို့ အဆင့်မြင့်ပညာသင်ကြားပြီးနောက် ဆက်လက်ထူးချွန်ပါကလည်း နိုင်ငံရပ်ခြားပညာသင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့်ဆက်လက်ထောက်ပံ့ပေးနိုင်ရန်စီစဉ်ထားရှိပါသည်။

အေးချမ်းမွန် Credit To >Htoo Foundation facebook < Thanks
Re-posted By ACM 21-8-2013 
https://www.facebook.com/excellencemedia

Wednesday, August 21, 2013

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ အစဉ်အလာကောင်းများဖြင့် ရပ်တည်နေသည့် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင်ကို ဖွင့်လှစ်ထားခဲ့သည်မှာ ယခုပညာသင်နှစ် ဖြစ်သည့် (၂၀၁၃ - ၂၀၁၄) တွင်ပဉ္စမမြောက်နှစ်သို့ရောက်ရှိလာပြီဖြစ်ပါ သည်။ နှစ်စဉ် တိုးတက်လာသည့်အောင်ချက်ရာခိုင်နှုန်းများကြောင့် ပူတာအိုခရိုင်၏ အားထားရသော ပညာဒါနဘော်ဒါဆောင် တစ်ခုလည်းဖြစ်ပါသည်။ (၂၀၁၂ -၂၀၁၃) ပညာသင်နှစ် အတွက် အောင်ချက်ရာခိုင်နှုန်း (၄၅.၇၈%)ဖြင့် ပူတာအိုခရိုင်၏ ပညာရေးကဏ္ဍ တွင် နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုပညာသင်နှစ်တွင် ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် (ပူတာအို)၌ အနာဂတ်၏အသီးအပွင့်လေး များဖြစ်ကြသော ဒေသခံတက္ကသိုလ်ဝင်တန်း
ကျောင်းသားကျောင်းသူ (၁၂၇) ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis