menu

Sunday 16 September 2012

ပဉ္စမံတပ်သား/သူ့လူကိုယ့်ဘက်သား( ဇော်ဇော်အောင်)

အရေးကိစ္စတစ်ခုမှာ တစ်ဖက်ကနေတယ်၊ ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်ကို အားပေးတဲ့သူဆိုတဲ့ အဓိပ္ပာယ်နဲ့လည်း သုံးလာတယ်။ ကျွန်တော်တို့ အခုအခြေအနေနဲ့ ပြောရမယ်ဆိုရင် . . . ဒီမိုကရေစီကို လိုလားဟန်ဆောင်ပြီး ဒီမိုကရေစီ စကား များများပြောပြီး၊ တိတ်တဆိတ်ကျိတ်ပြီး ဒီမိုကရေစီ ပျက်စီးရာပျက်စီးကြောင်း လုပ်တဲ့သူတွေဟာ  . .  .ပဉ္စမံတပ်သား Fifth Columnist တွေပဲ ဖြစ်ပါတယ် . . .



ပဉ္စမံတပ်သား။ အရေးကိစ္စတစ်ခုကို အများအကျိုးအတွက် အများစုပေါင်းဆောင်ရွက်ကြရာမှာ သူ့လူကိုယ့်ဘက်သားလုပ်ပြီး ၀င်ရောက်ဖျက်ဆီးတဲ့လူကို ခေါ်တယ်။ သူ့လူကိုယ့်ဘက်သားဆိုတဲ့ စကားကသဘောမိတယ်။ လူကတော့သူ့လူပဲ၊ ဒါပေမယ့် ကိုယ့်ဘက်မှာ နေတယ်။ ကိုယ့်လူဟန်ဆောင်ပေးတယ်။ ပြီးတော့ မသိအောင် ကပျက်ယဖျက် လုပ်တယ်။ အနှောင့်အယှက်ပေးတယ်။ နောက်ဆုံး လုပ်ငန်းကြီးတစ်ခုလုံးကို လုပ်မရအောင် ဖျက်ဆီးတယ်။ ဒီလိုလူတွေဟာ ပရိယာယ်ကြွယ်တယ်။ ပါး နပ်တယ်။ လူရည်လယ်တယ် ခေါ်ရမှာပေါ့။ သူတို့ဟာ ရန်သူဘက်က (၀ါ) တစ်ဖက်ကဖြစ်တယ်ဆိုတာ မရိပ်မိအောင် မသိအောင်နေတယ်။

“ ပုဒ်မ ၁၄၄ ထုတ်ထားသဖြင့် ပစ်ခွင့်ရှိနေသည့် နေပြည်တော်မှ ချောင်းမကြီးဆည်အတွင်း ဒေသခံများဝင်ထွက်နေခြင်း အန္တရာယ်များဟုဆို”

နေပြည်တော်၊ဥတ္တရသီရိမြို့နယ်အတွင်းရှိ ချောင်းမကြီးဆည်အား ပုဒ်မ ၁၄၄ထုတ်ပြန်ထားသော်လည်း ဒေသခံများဝင်ထွက်နေမှုများရှိနေသဖြ
င့်ဥပဒေနှင့်ငြိစွန်းကာ အန္တရာယ်များကြောင်းအမည်နှင့် ဌာနဖေါ်ပြရန်ငြင်းဆိုခဲ့သည့် နေပြည်တော် အစိုးရဌာနတစ်ခုမှ အရာရှိတစ်ဦးဆိုသည်။
အဆိုပါဆည်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၀န်ထမ်းအိမ်ယာများ၊ အိမ်ယာများ၊ ဟိုတယ်များသို့ သောက်သုံးရေ ပေးဝေသော ကန်ကြီးတစ်ခုဖြစ်ပြီး ပုဒ်မ ၁၄၄ ကိုလည်း နှစ်လတစ်ကြိမ်သက်တမ်းတိုးကာ ထုတ်ပြန်လျက်ရှိသည်ဟု သိရသည်။
“ ပုဒ်မ ၁၄၄ ဆိုတာ ရန်ကုန်မှာဆိုရင် လှော်ကားလိုမျိုးထုတ်တဲ့အမိန်မျိုးပေါ့။ဥပဒေအရ အရေးယူခံရမယ်။ သောက်သုံးရေဆည်ဆိုတာမျိုးက လုံခြုံမှုရှိဖို့လိုတယ်။ ကန်ထဲကို မလိုလားအပ်တဲ့ ဆေးဝါးတွေ၊ ဓါတုပစ္စည်းတွေထည့်လိုက်မယ်ဆိုရင် သောက်သုံးသူတွေအန္တရာယ်ရှိတယ်။

တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ထပ်မံဖြစ်ပွား

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၅ ရပ်ကွက် ပန်းလှိုင် အိမ်ရာအနီး လူတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး မှုတစ်ခု ယနေ့ 3:30 Pm ပတ်ဝန်း ကျင်တွင် ဖြစ်ပွားခဲ့သည်။

ပြုတ်ကျ သေဆုံး သူမှာ ရေပိုက်ပြင်ရာမှ ရေညှိများနှင့် ချော်ကျ သေဆုံးခြင်း ဖြစ်သည်ဟု သိရတယ်။

သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေး လျှက်ရှိပြီး ယခုရက်ပိုင်း အတွင်း ဖုန်းပြောသူ အမျိုးသမီး အပြင် နောက်ထပ် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်သည်။

Khant Kyaw Htay - Facebook
Myanmar News Now

ယနေ့ တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးသူအား တွေ့ ရစဉ်

ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိနေစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ


ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းတို့ မောင်တောမြို့သို့ရောက်နေစဉ် ရခိုင်အမျိုးသားတဦးကို တိုက်ခိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။

တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ စောင့် နေစဉ် ဘင်္ဂလီ ၂၀ ခန့်က သေနတ် တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


ဖြစ်ပွားပုံနှင့်ပတ်သတ်ပြီး ဦးအောင်လှဖြူ၏ မိသားစုဝင်တဦးက ယခုကဲ့သို့ ပြောသည်။

စိတ်ဝေဒနာရှင် တစ်ဦးကြောင့် အမျိုးသမီးတစ်ချို့ ကာယိအိနြေ္ဒပျက်


ရန်ကုန်မြို့လယ်၊ အနော်ရထာလမ်းနှင့် ၂၅၊ ၂၆ လမ်းထိပ်တို့တွင် ယခုလ ၁၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှစ၍ အသက်၃၀ကျော် အရွယ် စိတ်ဝေဒနာရှင် တစ်ဦး ရောဂါဖောက်ကာ သောင်းကျန်းခဲ့၍ ခရီးသွား အမျိုးသမီး နှစ်ဦးထက် မနည်း ကာယိအိနြေ္ဒ ပျက်ယွင်း ခဲ့ရကြောင်း ယင်းလမ်းနေသူ မျက်မြင်များနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန စည်

ပင် ဝန်ထမ်းများက ပြောကြားသည်။

၎င်းသည် ယင်းနံနက်ပိုင်းတွင် အနော်ရထာလမ်းတွင် သွားလာနေသော မော်တော်ယာဉ်များကို ကန်ကျောက်ခြင်း၊ ကိုယ်တုံးလုံးချွတ် လမ်းပေါ်တွင် သွားလာနေခြင်းများ ပြုလုပ်လျှက် ရှိရာမှ လမ်းသွား လမ်းလာ အမျိုးသမီး သုံးဦးထဲမှ တစ်ဦးကို နောက်မှနေ၍ ထမီလှန်ကာ ဆွဲချွတ်ခြင်း၊ နောက်တစ်ဦးအား ရင်ဘတ်ကို ဆွဲကိုင်ကာ ဝတ်ထားသော အကျီကို ဆွဲချွတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း စည်ပင်ဝန်ထမ်းနှင့် မျက်မြင်များက ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက် မြန်မာမိသားစုများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်မည့်သူများ သိရှိထားသင့်သည့်အချက်များ

Photo: ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက် မြန်မာမိသားစုများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်မည့်သူများ သိရှိထားသင့်သည့်အချက်များ 

(၁) တွေ့ဆုံဆွေးနွေးပွဲကို အောင်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်။

နေ့ရက် ။ ။ စက်တင်ဘာလ ၂၂ ရက်၊ စနေနေ့ ၂၀၁၂ ခုနှစ်
အချိန် ။ ။ နံနက် ၁၀ နာရီ ၃၀ မိနစ် မှ ၁၂ နာရီ အထိ
နေရာ ။ ။ Colden Center for the Performing Arts,
Queens College, 65-30 Kissena Blvd, NY 11367

(၂) ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်အတွက် လက်မှတ်များ ကြိုတင်ရယူရန် မလိုအပ်ပါ။

(၃) ဦးရာလူစံနစ်ဖြင့် တန်းစီဝင်ရောက်ရမည်ဖြစ်ပါသည်။

(၄) အခြားသူများအတွက်ပါ ရည်ရွယ်၍တန်းစီခြင်း၊ ခုံနေရာဦးခြင်းများသည်းခံပါ။ (ကားရပ်နားရန် နေရာရှာဖွေနေသူများအတွက် လုံခြုံရေးတာဝန်ခံများကို ကြိုတင်အသိပေးထားနိုင်ပါသည်။)

(၅) ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ အသက် ၇၀ နှစ်နှင့်အထက် လူကြီးသူမများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ၁ နှစ် အောက်ကလေးနှင့် မိခင်များ နှင့် မသန်စွမ်းသူများအတွက် သီးခြားစီစဉ်ပေးပါမည်။

(၆) ခန်းမအတွင်းသို့ နံနက် ၉ နာရီတိတိတွင် စတင်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

(၇) တွေ့ဆုံဆွေးနွေးပွဲကို နံနက် ၁၀ နာရီ ၃၀ မိနစ်တိတိတွင် စတင်ကျင်းပမည်ဖြစ်ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ခန်းမအတွင်း အားလုံးနေရာယူပြီး ဖြစ်ရပါမည်။ ခန်းမအတွင်းဝင်ရောက်ခွင့်ပြုနိုင်သည့် သတ်မှတ်ဦးရေမှာ ၃၁၀၀ ဖြစ်ပါသည်။ သတ်မှတ်ဦးရေပြည့်သွား လျှင်သော်လည်းကောင်း၊ နံနက် ၁၀ နာရီ ၁၅ မိနစ် ကျော်လွန်သွားလျှင်သော်လည်းကောင်း ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ပါ။
(ရာသီဥတုကောင်းမွန်ပါက အခမ်းအနားအစီအစဉ်များကို အဆောက်အဦး အပြင်ဘက်မှ နားထောင်နိုင်ရန် အသံချဲ့စက်များစီစဉ် ထားပေးမည်ဖြစ်ပါသည်။)

(၈) ဖြစ်နိုင်ပါက မိမိတို့၏ရိုးရာဝတ်စုံများ ဝတ်ဆင်လာကြပါရန် မေတ္တာရပ်ခံပါသည်။

(၉) လုံခြုံရေးကိစ္စများကို U.S. Department of State ကအဓိကတာဝန်ယူသွားမည်ဖြစ်ပါသည်။

(၁၀) အကြောင်းတစုံတရာကြောင့် ခန်းမတွင်းမှ အပြင်ထွက်လိုလျှင် လုံခြုံရေးကို အသိပေးပြီးမှ ထွက်ခွင့်ပေးပါမည်။ နံနက် ၁၀ နာရီ ၁၅ မိနစ်ကျော်လွန်ပါက ခန်းမအတွင်းသို့ ပြန်ဝင်ခွင့်မရနိုင်တော့ပါ။ နံနက် ၁၀ နာရီ ၁၅ မိနစ် မတိုင်မီ ပရိသတ်များဝင်ရောက်ခွင့်ပြုနေစဉ် ဖြစ်ပါက ပြန်လည်တန်းစီပြီး ဝင်ရောက်နိုင်ပါသည်။

(၁၁) အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့က ထုတ်ဝေသော စာရွက်စာတမ်းများကလွဲ၍ အခြား ပိုစတာဆိုင်းဘုတ်များ၊ လက်ကမ်းစာစောင်များ ကိုင်ဆောင်ဖြန့်ဝေခြင်း ခွင့်မပြုပါ။

(၁၂) ခန်းမအတွင်း အစားအသောက်များ ယူဆောင်ခွင့် မရပါ။ မူးယစ်သောက်စားထားသူများကို ခန်းမအတွင်းဝင်ရောက်ခွင့်မပြုပါ။ အခမ်းအနားအစီအစဉ်များကို အနှောက်အယှက်ဖြစ်စေမည့် အပြုအမူများ၊ အော်ဟစ်ပြောဆိုခြင်းများခွင့်မပြုပါ။

(၁၃) ကျောပိုးအိတ်၊ လက်ဆွဲအိတ်၊ ခရီးဆောင်အိတ်စသော အိတ်များအပါဝင် အရွယ်အစားကြီးမားသောအိတ်များ၊ အသက်မွေးဝမ်းကြောင်းသုံး ကင်မရာများကို U.S. Department of State ၏လုံခြုံရေးဆိုင်ရာစည်းမျဉ်းများအရ ယူဆောင်ခွင့်မပြုပါ။

(၁၄) လုံခြုံရေးဆိုင်ရာစည်းမျဉ်း ချိုးဖောက်သူများကို သက်ဆိုင်ရာမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်သွားမည်ဖြစ်သည်။

(၁၅) ကားအရေအတွက် ၂၅၀ ခန့် အခမဲ့ရပ်နားနိုင်ရန်နေရာများကို Reeves Avenue နှင့် 61st Road တွင်ရှိသော Parking Lot တွင် စီစဉ်ထားပါသည်။ ဦးရာစံနစ်ဖြင့်ကားရပ်နားနိုင်ပါသည်။ လမ်းဘေးကားရပ်နားရန်နေရာများကို Reeves Ave တလျှောက်တွင်ရှာဖွေတွေ့ရှိ နိုင်ပါသည်။

(၁၆) ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာမိသားစုများနှင့်တွေ့ဆုံရာတွင် မြန်မာစကားဖြင့်သာပြောဆိုမည်ဖြစ်ပါသဖြင့် ဤပွဲသို့တက်ရောက်လိုသော နိုင်ငံခြားသားမိတ်ဆွေများရှိပါက ကြိုတင်အသိပေးထားစေလိုပါသည်။

(၁၇) ဒေါ်အောင်ဆန်းစုကြည်အားမေးခွန်းများ မေးမြန်းနိုင်လိုပါက တန်းစီနေစဉ် ကြိုတင်ဝေငှပေးထားမည့် စာရွက်များတွင် မြန်မာဘာသာဖြင့် ရေးသားမေးမြန်းနိုင်ကြပါသည်။ မေးခွန်းစာရွက်များကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲနှိုက်သည့်ပုံစံဖြင့်ရွေးချယ်၍ ဖြေဆိုသွားမည်ဖြစ်ပါသည်။ ခန်းမအတွင်းတွင် တယောက်ခြင်းမှ မေးခွန်းများမေးခွင့်ရမည်မဟုတ်ပါ။

(၁၈) ဓာတ်ပုံ နှင့် ဗီဒီယို ရိုက်ကူးခြင်းများကို ပရိသတ်များအနှောက်အယှက်မဖြစ်စေရန်ဂရုပြု၍ မိမိထိုင်ခုံများမှ နေ၍ရိုက်ကူးနိုင်ကြ ပါသည်။

(၁၉) တန်းစီနေစဉ်အတွင်း လိုအပ်နိုင်သည့် သောက်ရေသန့်များကို မိမိအစီအစဉ်ဖြင့် ယူဆောင်လာကြပါရန် မေတ္တာရပ်ခံပါသည်။

(၂၀) ကလေးငယ်များနှင့် မိသားစုများအတွက် သန့်စင်ခန်းများသို့သွားလာရေးအဆင်ပြေစေရန်အတွက် ထွက်ပေါက်နှင့်နီးသည့် နေရာများတွင်စီစဉ်ထားပေးပါမည်။

(၂၁) ခန်းမအတွင်းတွင် အပေါ့အပါးသွားရန်အတွက် သန့်စင်ခန်းများရှိပါသည်။
news from..ခွန် ဒီးယမ်
  (၁) တွေ့ဆုံဆွေးနွေးပွဲကို အောင်ပါအစီအစဉ်အတိုင်းကျင်းပသွားမည်ဖြစ်ပါသည်။

နေ့ရက် ။ ။ စက်တင်ဘာလ ၂၂ ရက်၊ စနေနေ့ ၂၀၁၂ ခုနှစ်

အချိန် ။ ။ နံနက် ၁၀ နာရီ ၃၀ မိနစ် မှ ၁၂ နာရီ အထိ
နေရာ ။ ။ Colden Center for the Performing Arts,
Queens College, 65-30 Kissena Blvd, NY 11367

(၂) ဒေါ်အောင်ဆန်းစုကြည် နှင့် နယူးယောက် မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်အတွက် လက်မှတ်များ ကြိုတင်ရယူရန် မလိုအပ်ပါ။

(၃) ဦးရာလူစံနစ်ဖြင့် တန်းစီဝင်ရောက်ရမည်ဖြစ်ပါသည်။

(၄) အခြားသူများအတွက်ပါ ရည်ရွယ်၍တန်းစီခြင်း၊ ခုံနေရာဦးခြင်းများသည်းခံပါ။ (ကားရပ်နားရန် နေရာရှာဖွေနေသူများအတွက် လုံခြုံရေးတာဝန်ခံများကို ကြိုတင်အသိပေးထားနိုင်ပါသည်။)

နိုင်ငံသားများအား တူနီးရှားနှင့် ဆူဒန်နိုင်ငံများမှ ထွက်ခွာရန် အမေရိကန် အစိုးရအမိန့်ပေး

Photo: နိုင်ငံသားများအား တူနီးရှားနှင့် ဆူဒန်နိုင်ငံများမှ ထွက်ခွာရန် အမေရိကန် အစိုးရအမိန့်ပေး   

WRITTEN BY ရွှေလုံး အယ်ဒီတာ    
SUNDAY, 16 SEPTEMBER 2012 02:34
 
အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကြောင့် တူနီးရှားနှင့် ဆူဒန်နိုင်ငံများရှိ သံရုံးများမှ မရှိမဖြစ် လိုအပ်သည့် တာဝန်ရှိသူ များမှအပါ ကျန် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား အဆိုပါ နိုင်ငံများမှ အမြန်ဆုံး ထွက်ခွာကြရန် အမိန့်ထုတ်ပြန်လိုက်သည်။

ထို့အပြင် တူနီးရှားနိုင်ငံနေ အမေရိကန် နိုင်ငံသားများအားလည်း အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းလိုက်သည်။

တမန်တော် မိုဟာမက်အား နောက်ပြောင်ထားသည့် အမေရိကန် ရုပ်ရှင်ကြောင့် ဒေါသပေါက်ကွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ရာမှ မွတ်စလင်နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိရာ ယခုနောက်ဆုံးတွင် တူနီးရှားနှင့် ဆူဒန်နိုင်ငံများသို့ပါ ပြန့်နှံ့ရောက်ရှိလာခဲ့ပြီး သံရုံးများအား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ယနေ့အစောပိုင်းက သံရုံးများအား ကာကွယ်ရန် မရိန်းစ်တပ်ဖွဲ့များ စေလွှတ်ရန် အမေရိကန်အစိုးရ၏ အဆိုပြုချက်အား ဆူဒန်အစိုးရက ပယ်ချခဲ့ပြီး ယင်းတို့၏ လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် လိုအပ်သည့် ကာကွယ်ပေးမှုများ ပြုလုပ်နိုင်စွမ်းရှိသည်ဟု တုန့်ပြန်ခဲ့သည်။

ဆူဒန်နိုင်ငံမြို့တော်၊ ခါတွန်းမ်ရှိ သံရုံးအား အကြမ်းဖက် တိုက်ခိုက်မှုတွင် လူ ၃ ဦးသေဆုံးခဲ့ရပြီး ဂျာမနီနှင့် ဗြိတိန်သံရုံးများလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ကနေဒါ အစိုးရကလည်း ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဆူဒန်၊ လစ်ဗျားနှင့် အီဂျစ်နိုင်ငံများရှိ ယင်းတို့၏ သံရုံးများအား အချိန်အကန့်အသတ်မရှိ ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်း အနေဖြင့် အာရေးဘီးယားကျွန်းဆွယ်တွင် လှုပ်ရှားနေသည့် အယ်လ်ကိုင်းဒါးအဖွဲ့က အနောက်နိုင်ငံများ၏ သံရုံးများအား တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု အစောပိုင်းက ကြေညာသွားခဲ့သည်။

စနေနေ့ အစောပိုင်းက ပြုလုပ်သည့် အင်တာဗျူး၌ အီဂျစ်ဝန်ကြီးချုပ် ဟီရှမ်ကမ်ဒီးလ်က အမေရိကန်တို့အနေဖြင့် အစ္စလာမ်ဘာသာအား ဆော်ကားသည့် ဖြစ်ရပ်များအား တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ယခုရုပ်ရှင်မှာ တမန်တော် မိုဟာမက်အား ဆော်ကားထားသည့်အတွက် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သို့သော်လည်း အကြမ်းဖက်သည့် နည်းဖြင့် တုန့်ပြန်သည်မှာမူ မှားယွင်းကြောင်း ဘီဘီစီ သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

news from..Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
  အမေရိကန်နိုင်ငံ အစိုးရအနေဖြင့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကြောင့် တူနီးရှ
ားနှင့် ဆူဒန်နိုင်ငံများရှိ သံရုံးများမှ မရှိမဖြစ် လိုအပ်သည့် တာဝန်ရှိသူ များမှအပါ ကျန် သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား အဆိုပါ နိုင်ငံများမှ အမြန်ဆုံး ထွက်ခွာကြရန် အမိန့်ထုတ်ပြန်လိုက်သည်။

ထို့အပြင် တူနီးရှားနိုင်ငံနေ အမေရိကန် နိုင်ငံသားများအားလည်း အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းလိုက်သည်။

တမန်တော် မိုဟာမက်အား နောက်ပြောင်ထားသည့် အမေရိကန် ရုပ်ရှင်ကြောင့် ဒေါသပေါက်ကွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ရာမှ မွတ်စလင်နိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိရာ ယခုနောက်ဆုံးတွင် တူနီးရှားနှင့် ဆူဒန်နိုင်ငံများသို့ပါ ပြန့်နှံ့ရောက်ရှိလာခဲ့ပြီး သံရုံးများအား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

စတုတ္ထမျိုးဆက် ဆက်သွယ်ရေး နည်းပညာ (သို့) LTE

Long Term Evolution ကို အတိုကောက် LTE လို့ ခေါ်တဲ့ တနည်းဆိုရရင် 4G ( Fourth Generation ) ဆက်သွယ်ရေး နည်းပညာ တစ်ခုဟာ အခုဆိုရင်
Apple ရဲ့ iPhone 5 နှင့် အတူ အသုံးပြုလို့ရနေပါပြီ ။ ဖုန်းကုမ္ပဏီအမျာ

းစု တည်ထွင်ဖန်တီးထားတဲ့ ဒီနည်းပညာဟာ ဆိုရင် WiMax ထက် အဖက်ဖက်က သာလွန်ကောင်းမွန်နေပါတယ် ။

20 Megabits Per Second ဆိုတဲ့ ၁ စက္ကန့်မှာ သတင်းအချက်အလက် 20 Mbits လွှဲပြောင်းနိုင်ခြင်းအား LTE ရဲ့ ထင်ရှားတဲ့ Specification တစ်ခုပါ ။
Cable တွေ DSL Service တွေထက်တောင် အမြန်နှုန်းကမြင့်နေသေးတော့ မက်လောက်စရာပေါ့ ။ iPhone User တွေအတွက်တော့ ယခင် 3G Network မှ
Data လွှဲပြောင်းမှုထက် ၁၀ မက ပိုမိုမြန်ဆန်သွားတာကို မြင်တွေ့နိုင်ပါတယ်တဲ့ ။
Verizon Wireless ကုမ္ပဏီက အမေရိကားမှ မြို့ပေါင်း ၃၇၀ လောက်ကို LTE တပ်ဆင်ပေးထားတာဟာ ၂ နှစ်လောက်တောင်ရှိနေပါပြီ ။ သူ့နောက်ကနေတော့
AT & T က မြို့ပေါင်း ၆၂ မြို့နဲ့ နောက်ကလိုက်နေပါတယ် ။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို

Photo: နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးတောင်းဆို

သန့်စင်ငြိမ်းချမ်း| September 15, 2012 | 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်းဆိုသည့် လက်မှတ်ထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ထောင်အတွင်း ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ယခုလဆန်းပိုင်းက လာရောက်ခဲ့သည့် ခရီးစဉ်တွင် NLD ပါတီ ဥက္ကဋ္ဌက ပါဝင်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက် (HRDP) က ဦးဆောင်ပြုလုပ်နေသည့် အဆိုပါ လှုပ်ရှားမှုတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်၊ မမီးမီးနှင့် မနီလာသိန်းတို့လည်း ပါဝင်လက်မှတ်ရေးထိုးထားသည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ပွင့်လင်းမြင်သာစွာ သွားပြီဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသင့်တော့ဘူးလို့ နိုင်ငံတကာကရော ကျနော်တို့ပါ ယုံကြည်ထားတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအပါအ၀င် ပြည်သူတွေရဲ့ တောင်းဆိုချက်ကို သမ္မတကြီးအနေနဲ့ အလေးထားပြီး ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးပါလို့ တောင်းဆိုပါတယ်”ဟု HRDP ၏ ပုသိမ်မြို့ တာဝန်ခံ ကိုသက်လွင်က ဧရာဝတီကို ပြောသည်။

လက်မှတ်ကမ်ပိန်းကို ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်က စတင်ခဲ့ခြင်းဖြစ်ပြီး NLD ပါတီဝင်များ၊ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်များ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး အဖွဲ့ဝင်များ၊ သတင်းထောက်များနှင့် ပြည်သူများ ပါဝင် လက်မှတ်ထိုးထားကြသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ မြောင်းမြနှင့် ရေကြည်မြို့နယ်တို့မှ လူပေါင်း ၄၀၀ ကျော် ပါဝင်လက်မှတ်ရေးထိုးထားပြီး လက်မှတ်များ ဆက်လက်ကောက်ခံနေဆဲ ဖြစ်သည်။

ရရှိလာသမျှ လက်မှတ်များအားလုံးကို ယခုလ နောက်ဆုံးပတ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ မေတ္တာရပ်ခံပေးပို့သွားမည်ဖြစ်ကြောင်း ဦးဆောင်သူများက ပြောသည်။

အစိုးရသစ်သက်တမ်း ၁ နှစ်ကျော်ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၅ ကြိမ်ထုတ်ပြန်ကာ အကျဉ်းသားများ လွှတ်ပေးခဲ့ရာ၌ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦးစသည့် ထင်ရှားသော နိုင်ငံရေးသမားများအပါအ၀င် ရာနှင့်ချီသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခဲ့သည်။

သို့သော် အကုန်အစင် မလွတ်မြောက်သေးဘဲ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၉၀ ကျော် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်း တောင်းဆိုထားကြသည်။

နိုင်ငံရေးအကျဉ်းသား ၃၉၀ ကျော် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေး (ဓာတ်ပုံ- Reuters)
news by The Irrawaddy (Burmese Version)
နိုင်ငံရေးအကျဉ်းသား ၃၉၀ ကျော် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေး (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတောင်းဆိုသည့် လက်မှတ်ထ
ိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးကာ ထောင်အတွင်း ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ယခုလဆန်းပိုင်းက လာရောက်ခဲ့သည့် ခရီးစဉ်တွင် NLD ပါတီ ဥက္ကဋ္ဌက ပါဝင်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက် (HRDP) က ဦးဆောင်ပြုလုပ်နေသည့် အဆိုပါ လှုပ်ရှားမှုတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်၊ မမီးမီးနှင့် မနီလာသိန်းတို့လည်း ပါဝင်လက်မှတ်ရေးထိုးထားသည်။

ကမ္ဘာဦးအမွေးထူဆင် ပုံတူမျိုးပွားရန် မျှော်လင့်ချက်ရှိလာ





ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသတွင် ကမ္ဘာဦးအမွေးထူဆင်တစ်ကောင်၏ အေးခဲနေသည့် ရှင်သန်နေသည့်ဆဲလ်များ ကြွင်းကျန်နေသေးသည်ဟု ယူဆရသော အစိတ်အပိုင်းများ တွေ့ရှိခဲ့ရသောကြောင့် ကမ္ဘာဦးဆင်ပုံတူ မျိုးပွားရေး အကောင်အထည်ပေါ်လာနိုင်ဖွယ် ရှိနေသည်။
ရုရှားနှင့် တောင်ကိုရီးယားပညာရှင်များပါရှိသည့် သုတေသနအဖွဲ့သည် ယခင်ကတည်းက အငြင်းပွားဖွယ် အိုင်ဒီယာတစ်ရပ်ဖြစ်သော ကမ္ဘာဦးဆင်ပုံတူမျိုးပွားရေးကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။
ဆိုက်ဘေးရီးယားဒေသအရှေ့ပိုင်း အေးခဲနေသော မြေအောက်  ၃၂၈ ပေအနက်တွင် ကမ္ဘာဦးဆင်၏ အမွေးများ၊ တစ်သျူးမျှင်နှင့် ရိုးတွင်းချင်ဆီများကို တွေ့ခဲ့ရကြောင်း ရုရှားမြောက်ပိုင်းပြည်ထောင်စုတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။

လစ်ဗျားရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနှင့် သက်ဆိုင်သော အချက်အလက်များ ထပ်မံထွက်ပေါ်




လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရသည့်မြင်ကွင်း
တိုက်ခိုက်မှုမဖြစ်မီ သုံးရက်အလိုကပင် လစ်ဗျားလုံခြုံရေး တာဝန်ရှိသူတစ်ဦးဖြစ်သော February 17th Brigade အဖွဲ့ဝင် ဂျာမယ်မာဘရော့က အမေရိကန်သံတမန်များနှင့် တွေ့ဆုံခဲ့ပြီး လုံခြုံရေးအခြေအနေ စိုးရိမ်စရာကောင်းကြောင်း သတိပေး ခဲ့သည်ဟု စက်တင်ဘာလ ၁၅ ရက်တွင် ထပ်မံထွက်ပေါ်ခဲ့သော အချက်အလက်များအရ သိရသည်။ ဘင်ဂါဇီတွင် ဂျီဟတ်အဖွဲ့များ များပြားလာမှုအပေါ် မာဘရော့က သတိပေးခဲ့မှုမှာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။
စက်တင်ဘာလ ၁၁ ရက်က ဆန္ဒပြနေချိန်တွင် လက်နက်များ ကိုင်ဆောင်လာသော လူတစ်စုက လူအုပ်ထဲဝင်လာချိန်မှစပြီး ၀ရုန်းသုန်းကားဖြစ်ခဲ့ကြောင်း လစ်ဗျားပြည်ထဲရေး ဒုတိယ၀န်ကြီးဝါနစ် အယ်ရှရိဖ်က ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်များအရ ယင်း ဖြစ်စဉ်မှာ ည ၁၀ နာရီတွင်စတင် ခဲ့ပြီး သေနတ်သမားများက သံရုံး၏ အဓိက၀င်းကို ပစ်ခတ်ခဲ့ကာ ၁၅ မိနစ်အကြာတွင်သံရုံးထဲဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို မထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပြောကြား

အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။ 

ပနက်တာက ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ မရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကို လစ်ဗျား၊ ထရီပိုလီနှင့် ယီမင်သို့ စေလွှတ်လိုက်သည်။ ထို့အတူပင် ပင်တဂွန်အနေဖြင့် ဆူဒန်နိုင်ငံသို့လည်း အမေရိကန်စစ်သား ၅၀ ကို စေလွှတ်ဖွယ်ရှိကြောင်း RT News က ဖော်ပြသည်။ 

အမေရိကန်လူမျိုးတစ်ဦးက ရိုက်ကူးဖြန့်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား လှောင်ပြောင်သရော်ထားသော ၁၄ မိနစ်စာ ရုပ်ရှင်ဇာတ်လမ်းတို ထွက်ပေါ်လာပြီးနောက် အာရပ်ကမ္ဘာတွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ 

လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုနှင့်အတူ တိုက်ခိုက်မှုများကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်းသုံးဦး သေဆုံးခဲ့သည်။ လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆူဒန်အပါအဝင် မွတ်ဆလင်မ်နိုင်ငံများရှိ အမေရိကန်သံရုံးများကို ဆန္ဒပြသူများက တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

news from..Planet Myanmar Network
အမေရိကန်ဆန့်ကျင်ရေး ဆူပူအုံကြွ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် မွတ်ဆလင်မ်နိုင်ငံများရှိ ၁၈ နေရာသို့ စစ်ဖက်ဆိုင်ရာ အထူးတပ်ဖွဲ့များကို အမေရိကန်က စေလွှတ်ချထားလိုက်ပြီ ဖြစ်သည်။ ဆန္ဒပြမှုများကို မထိန်းသိမ်းနိုင်တော့သည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပနက်တာက အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။

ပနက်တာက ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ် အသေးစိတ်ကို ထုတ်ပြန်ပြောကြားခြင်း မရှိသော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ မရိန်းတပ်ဖွဲ့ဝင် ၁၀၀ ကို လစ်ဗျား၊ ထရီပိုလီနှင့် ယီမင်သို့ စေလွှတ်လိုက်သည်။ ထို့အတူပင် ပင်တဂွန်အနေဖြင့် ဆူဒန်နိုင်ငံသို့လည်း အမေရိကန်စစ်သား ၅၀ ကို စေလွှတ်ဖွယ်ရှိကြောင်း RT News က ဖော်ပြသည်။

မဂျာဆိုင်းအိန် (၁၄ နှစ်)သည် ပြည်တွင်းစစ်အတွင်း နောက်ဆုံးသေဆုံးခဲ့သော မြေစာပင်ဖြစ်မှာလား



7501a
မဂျာဆိုင်းအိန်ကို ဆုပေးပွဲအခမ်းအနား တစ်ခုတွင် တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာ လ ၁၃ ရက်နေ့က ဗုံးပေါက်ကွဲပြီး မှားယွင်းပစ်ခတ်မှုကြောင့် ကျောင်းဆင်းပြန်လာသော န၀မတန်း ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါဖြစ်စဉ်သည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင် ကျောင်းဆင်းချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဂျာဆိုင်းအိန် သည် ၎င်းတက်ရောက်နေသည့် ဖားကန့်အထက်တန်းကျောင်းမှ နေထိုင်ရာ ဆွတ်ငိုင်ယန်သို့ ပြန်လာစဉ်လမ်း၌ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပါသည်။
“ဆွတ်ငိုင်ယန်ရွာ အရှေ့ဘက်ပိုင်း ကို စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်း ရောက်လာတယ်။ ညနေပိုင်း စစ်ကြောင်းပြန်အထွက်မှာ ဗုံးတစ်လုံးကွဲတယ်။ နောက်အပြန်အလှန် ပစ်ခတ်ကြတာပဲ။ ရွာသူရွာသားနဲ့ ကျောင်းသူတွေ ခုနစ်၊ ရှစ်ဦးလောက် ထိခိုက်ဒဏ်ရာ ရလို့ ဖားကန့်ဆေးရုံမှာ ကုသမှုခံ ယူနေပါတယ်”ဟု ဖားကန့်မြို့ခံတစ်ဦးက စက်တင်ဘာလ ၁၄ ရက်နေ့ က ပြောပြသည်။

သူခိုး(ထက်ရာဇာ)

ဓာတ်ပုံ- လျှပ်တပျက်ဂျာနယ်

ကျနော့်မှာ ကျီးကန်းတွေနဲ့ ပတ်သက်လို့ နှလုံးသားမှာ ဒဏ်ရာတခု ရခဲ့ဖူးပါတယ်။ ကျီးကန်းတွေကို တွေ့တိုင်း အဲဒီကျီး ကန်းတွေ ကြားအောင် နာမည်တခု အော်အော် ခေါ်မိပါတယ်။ အဲဒီနာမည်က သူခိုး … တဲ့။

အင်းစိန် သီးသန့်အကျဉ်းထောင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ သီးသန့် ထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျ လာတဲ့ ၅ (ည) တွေ အပါအ၀င် ငါးခိုးဖမ်းမှုနဲ့ ထောင်ကျလာတဲ့ ထိုင်းလူမျိုးတွေ၊ အပြင်ဘုတ်လို့ခေါ်တဲ့ လွတ်ခါ နီး ထောင်ဝင်းထဲထွက် အလုပ်လုပ်ရတဲ့ ထောင်ကျအကျဉ်းသားတွေ ရှိကြပါတယ်။

တနေ့မှာတော့ အပြင်ဘုတ် အကျဉ်းသားတယောက် ကျနော့်ဆီကို ရောက်လာပြီး ကျီးကန်းပေါက်လေး တကောင်ကို ဆေးလိပ် အလိပ် ၂၀ နဲ့ လာရောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော

မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့်မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သံများကို NLD က သိရှိနားလည်သည်။ (ဓာတ်ပုံ- Reuters)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအားထားသော ပါတီ မဖြစ်စေရေးအတွက် ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာအား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။
NLD ပါတီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများထဲတွင် သြဇာအင်အား အကြီးဆုံးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မရှိလျင် ပါတီမရှိနိုင်တော့ဟု ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များက လူငယ်သွေးသစ်များအား သွေးသစ်လောင်း၍ အားဖြည့်ရန် ပြင်ဆင်နေသည်ဟုဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊ သူ စဉ်းစားထားတယ်၊ ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး” ဟု ဦးတင်ဦး က ပြောသည်။

ကျွန်တော်မြင်သည့် မြွေခြေထောက်များ(အဏ္ဏ၀ါစိုးမိုး)

http://www.shweamyutay.com/images/news/s_aug11/kyanawmyinthit.jpg

ကျွန်တော်သည် ကိုရင်ဝတ်ဖြင့် ရွာကထွက်ခွာပြီး ရန်ကုန်မြို့ကို သွားတော့မည် ဆိုသည့်အခါ ကျွန်တော့်ဘကြီး ဦးကြာခိုင်က သတိပေး စကားပြောသည်။

“ကိုရင် ရန်ကုန်ကိုရောက်ရင် လိမ်လိမ်မာမာနေ၊ ပညာကို ကြိုးစားသင်၊ ရွာမှာ နေတုန်းကလို မဟုတ်တာတွေ လျှောက်မလုပ်နဲ့၊ ၀တ်ထားတဲ့ သင်္ကန်းကို အားနာပါဦး” ကျွန်တော့်ကို သတိပေး စကားပြောသည့် ဘကြီး ဦးကြာခိုင်၏ စကားထဲမှာ ၀တ်ထားသည့် သင်္ကန်းကိုအားနာပါဦး ဆိုသော စကားပါသည်။

လူတစ်ယောက်သည် မိမိ ၀တ်ထားသည့် အ၀တ်နှင့် ထိုက်တန်သော သီလသိက္ခာ ရှိရန် လိုအပ်သည် ဆိုသော သဘောကို ပြောချင်ခြင်း ဖြစ်သည်။ သင်္ကန်း ၀တ်ထားသည့် ကိုရင်တစ်ပါး ဖြစ်နေပါလျက် ရှင်ကျင့်ဝတ်နှင့်အညီ မနေသည့် ကျွန်တော့်အကြောင်းကို သိနေသဖြင့် သတိပေးခြင်း ဖြစ်သည်။ ကျွန်တော်သည် ကိုရင်ဝတ်ဖြင့် ရည်းစားစာ ရေးပြီး ရွာ့ကွမ်းတောင်ကိုင်ကို ပေးကြောင်း သိနေသဖြင့် ပြောခြင်းဖြစ်သည်။

ဇာတ်ဆရာအလိုကျ


ပျက်စီးသွားတဲ့ CD, DVD ထဲက အချက်အလက်တွေကို ပြန်ယူနည်း

~
စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ် ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ခြစ်မိရင်တောင် အခန့်မသင့်ရင် Data တွေ ပျက်စီးပါတယ်။ အဆိုးဆုံးကတော့ ခွေ လုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ ရတဲ့ ဆော့ဖ်ဝဲ ရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူး ဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အခ
ျက် အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV, Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများထဲမှ လူဦးရေ ခုနစ်သောင်းကျော်ကို စခန်းပေါင်း ၅၀ ကျော်၌ နေရာချထားပြီးဖြစ်ကြောင်း ထုတ်ပြန်




မောင်တောမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုကို သြဂုတ်လအတွင်းက တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်းနေထိုင်ရသူများထဲမှ လူဦးရေ ခုနစ်သောင်းကျော်ကို ဒုက္ခသည်စခန်းပေါင်း ၅၀ ကျော်၌ နေရာချထားပြီးဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရေးရုံး UN OCHA မှ စက်တင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရှိရသည်။
သြဂုတ်လကုန်အထိ ရရှိသော စာရင်းများအရ အဆိုပါဒုက္ခသည်စခန်းများကို စစ်တွေ၊ ကျောက်တော်၊ မောင်တောမြို့များတွင် ယာယီနေရာချထားခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အစိုးရက စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများကို အဓိက စခန်းကြီး ၁၅ ခုနှင့် ပူးပေါင်းနေခြင်းကြောင့် ဒုက္ခသည်စခန်း အရေအတွက် လျော့ကျလာနေသည်ဟု အစီရင်ခံစာ၌ ဆိုထားသည်။
ဒေသအတွင်း လုံခြုံရေးအခြေအနေ တည်ငြိမ်နေသော်လည်း ပဋိပက္ခဖြစ်ပွားခဲ့သော အသိုင်းအ၀န်းနှစ်ခုအကြား ဆက်ဆံရေးမှာ အလွန်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။
ဒေသအတွင်းတွင် စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်တို့မှ စာသင်ကျောင်းအများစုမှာ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ပြီး မောင်တောနှင့် ကျောက်တော်တို့မှ ကျောင်းအနည်းစုသာ ပြန်ဖွင့်နိုင်သေးကြောင်း သိရသည်။

မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ

မြစ်ဆုံဆည် စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်မှာရှိတဲ့ မနောကွင်းဥယျာဉ် မဂျွယ်ခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲကို ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေနဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ကျင်းပသည့် မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား၌ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဟောပြောနေစဉ်။
အဲဒီဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံဆည်ကို စစ်အစိုးရက ပြည်သူလူထုဆန္ဒတွေကို မတောင်းခံ၊ အသိမပေးဘဲ တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန် ထောက်ပြ ပြောဆိုခဲ့ပါတယ်။

၂၀၁၃ မှ ၂၀၁၅ အတွင်း ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့် ၀င်ရောက်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို လေးနိုင်ငံဝန်ကြီးများ သဘောတူ

ဟိုချီမင်းစီးတီး၊ စက်တင်ဘာ-၁၅

အရှေ့တောင်အာရှဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ကျင်းပသော ကွန်ဖရင့်၌ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် လေးနိုင်ငံမှ ခရီးသွားလုပ်ငန်း ၀န်ကြီးများသည် ၂၀၁၃ မှ ၂၀၁၅ အတွင်း ဒေသတွင်းသို့ကမ္ဘာလှည့် ခရီးသည် ၂၅

သန်းခန့် ၀င်ရောက်အောင် ဆွဲဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့သည်။

အဆိုပါ လေးနိုင်ငံပူးတွဲ ကွန်ဖရင့်ကို ဗီယက်နမ်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး ဟောင်တန်ဆန်က ကြီးမှူးကျင်းပခဲ့ပြီး နိုင်ငံတကာမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ၀န်ကြီးများသည် ကွန်ဖရင့်တွင် ၂၀၁၀ ပြည့်နှစ်က စတင်သတ်မှတ်ခဲ့သော လေးနိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးအဆင့် ပူးတွဲကြေညာချက်ကို သုံးသပ်ခဲ့ကြသည်။ ကွန်ဖရင့်သို့ လာအိုနှင့် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ မြန်မာနိုင်ငံမှ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ဦးတို့ တက်ရောက်ခဲ့ကြသည်။

အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၃၀ ကျော် သေဆုံး

Photo: အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၃၀ ကျော် သေဆုံး

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂

အိန္ဒိယ နိုင်ငံ Uttarakhand ပြည်နယ် တစ်လျောက်ရှိ ကျေးရွာများ အတွင်း ရုတ်တရက် ရေကြီးမှုများ ဖြစ်ပွားပြီး မြေပြိုမှု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးပြီး ၃၅ ဦးကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ပြင်းထန်သည့် မိုးရွာသွန်းမှုများမှာ အဆိုပါ ဒေသများတွင် သောကြာနေ့ အစောပိုင်းကပင် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများမှာ စစ်တပ်၏ အကူအညီဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် နေရကြောင်း လည်း rt သတင်းတွင် ဖော်ပြသည်။ သို့ရာတွင် ဆိုးရွားသော ရာသီဥတုမှာ ကယ်ဆယ်ရေး လုပ်ငန်းများကို နှောက်ယှက်နေသဖြင့် ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်နေရသည်။ အစိုးရမှာ ကယ်ဆယ်ရေး လုပ်ဆောင်သည့် အဖွဲ့များ ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် ပြည်သူများကို အကူအညီ လိုသူများ အား ကူညီကြရန်လည်း တိုက်တွန်းထားသည်။

source : rt.com

news from..Royal Hero Media
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂

အိန္ဒိယ နိုင်ငံ Uttarakhand ပြည်နယ် တစ်လျောက်ရှိ ကျေးရွာများ အတွင်း ရုတ်တရက် ရေကြီးမှုများ ဖြစ်ပွားပြီး မြေပြိုမှု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးပြီး ၃၅ ဦးကျော်
ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ပြင်းထန်သည့် မိုးရွာသွန်းမှုများမှာ အဆိုပါ ဒေသများတွင် သောကြာနေ့ အစောပိုင်းကပင် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများမှာ စစ်တပ်၏ အကူအညီဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် နေရကြောင်း လည်း rt သတင်းတွင် ဖော်ပြသည်။ သို့ရာတွင် ဆိုးရွားသော ရာသီဥတုမှာ ကယ်ဆယ်ရေး လုပ်ငန်းများကို နှောက်ယှက်နေသဖြင့် ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်နေရသည်။

မန္တလေးမြို့တွင် ဒီမိုကရေစီနေ့အထိမ်းအမှတ်အဖြစ် မီးပုံးပျံလွှတ်၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲပြုလုပ်





ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား



၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်း၌ ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် (၁၂၆) နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး သေနတ်ပစ်ခံရသောကြောင့် သေဆုံးသည့်ဖြစ်ရပ်ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူငါးဦးမှာ နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းကုတင်ပေါ်နှင့် ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ကိုမင်းကိုနိုင် အမေရိကန်ခရီးစဉ် ဖျက်သိမ်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမေရိကန်ပြည်ထောင်စု NGO အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ NED ခေါ် ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့က ချီးမြှင့်တဲ့ဆုကို လက်ခံဖို့အတွက် ဝါရှင်တန်ဒီစီ လာရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်က ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မိန့်ခွန်းပြောနေစဉ်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေအားလုံး နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့အပေါ်မှာ လူအားလုံး တပြေးညီမရပဲ ခွဲခြားပြီးမှ ရနေတဲ့အတွက် အခုလို ခရီးစဉ် ဖျက်လိုက်တာလို့ ကိုမင်းကိုနိုင်က RFA ကိုပြောပါတယ်။

စမ်းသပ်ပေးခြင်းမရှိဘဲ ရောင်းသည့် ဟန်းဆက် အသစ်များကြောင့် သုံးစွဲသူများ အခက်ကြုံ

Photo: စမ်းသပ်ပေးခြင်းမရှိဘဲ ရောင်းသည့် ဟန်းဆက် အသစ်များကြောင့် သုံးစွဲသူများ အခက်ကြုံ

BY PYI MYANMAR
14 SEPTEMBER, 2012 - 16:41

မိုဘိုင်းဖုန်းဆိုင်အချို့ အသစ်ဝင်ရောက်သည့် ဟန်းဆက်များအား စစ်ဆေးမှုပြုလုပ်ခြင်း မရှိဘဲ ရောင်းချနေခြင်းကြောင့် ဝယ်ယူသူများ သုံးစွဲရာတွင် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ဖုန်းဈေးကွက်မှ သိရသည်။ “အင်တာနက်သုံးလို့ ရတယ်ဆိုလို့ ဝယ်လိုက်တာပါ။ အင်တာနက်လျှောက်ပြီး သုံးကြည့်တော့ မရဘူး။ တခြားဟန်းဆက်နဲ့ စမ်းကြည့်တော့ အဆင်ပြေတယ်။ ဆိုင်ကို သွားပြောတော့ အင်တာနက်ရမယ်ထင်လို့ ရောင်းပေးလိုက်တာပါ။ Setting ပြန်ပြောင်းမှ သုံးလို့ရမယ်။ ၄၊ ၅ ရက်နေရင် ပြန်လာခဲ့ပါ ပြောတယ်။ ဒီလို နည်းပညာကျွမ်းကျင်မှု မရှိဘဲ ရောင်းချနေတဲ့ ဆိုင်တွေကြောင့် အခုလိုမျိုး ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ကျောက်တံတားမြို့နယ်မှ ကိုထွန်းဦးက ပြောသည်။ ယင်းအပြင် အချို့ဖုန်းဆိုင်များမှာ ဖုန်းဟန်းဆက် ရောင်းပေးသည့်အချိန်တွင် ဖုန်းပြောဆိုမှု ရမရအား စမ်းသပ်ပေးခြင်းများ ပြုလုပ်မပေးဘဲ ရောင်းချခြင်း၊ ဖုန်းအသုံးပြုပုံများအား ညွှန်ကြား ပြသခြင်းများ ပြုလုပ်ပေးခြင်း မရှိဘဲ ရောင်းချခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
 
ပဲခူးတိုင်းဒေသကြီး သက္ကလကျေးရွာမှ ရန်ကုန်တွင် ဖုန်းလာရောက် ဝယ်ယူသူ ကိုအောင်သန်းဝင်းက “အိမ်က ဟန်းဆက်ဝယ်လာခဲ့ပါဆိုလို့ ကြုံတုန်း ဟန်းဆက်ဝယ်ဖြစ်တာပါ။ သုံးစွဲမယ့် ဖုန်းအမျိုးအစားကိုလည်း ပြောပါတယ်။ တကယ် သုံးရမရကို ဆိုင်က လိုင်းကတ်တစ်ခုခုနဲ့ စမ်းပေးသင့်တာပေါ့။ ရွာပြန်ရောက်တော့ ဟန်းဆက်က သုံးမရဘူး။ ဆင်းကတ် အမျိုးအစား မှားနေတယ်။ သုံးလို့ရတဲ့ ကတ်အမျိုးအစား ပြောင်းထည့်ပြီး သုံးတော့လည်း ဘယ်ကဘယ်လို ဝင်ရမလဲဆိုတာ မသိတော့ ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ပြောသည်။
 
လက်ရှိတွင် မိုဘိုင်းဟန်းဆက် အရောင်းဆိုင်အချို့မှာ ဟန်းဆက်ရောင်းအား မြှင့်တင်ရေးအတွက် စာသင်ကျောင်းများ ကုမ္ပဏီများတွင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းသို့ ရောင်းချပေးရာတွင်လည်း အမှန်တကယ် သုံးစွဲနိုင် မသုံးစွဲနိုင်သည်ကို စမ်းသပ်ပေးခြင်း မရှိဘဲ ရောင်းချနေကြောင်း သိရသည်။ ကုမ္ပဏီမှ အရစ်ကျလာရောင်းလို့ အင်တာနက်သုံးဖို့အတွက် ဝယ်ဖြစ်တာပါ။ တကယ်တမ်း အင်တာနက်သုံးမယ်ဆိုတော့ မရဘူး၊ ဒီလို စမ်းသပ်စစ်ဆေးမှုမရှိဘဲ ရောင်းမပေးသင့်ပါဘူးဟု အလုံမြို့နယ်မှ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

အောင်ဇော်
မိုဘိုင်းဖုန်းဆိုင်အချို့ အသစ်ဝင်ရောက်သည့် ဟန်းဆက်များအား စစ်ဆေးမှုပြုလုပ်ခြင်း မရှိဘဲ ရောင်းချနေခြင်းကြောင့် ဝယ်ယူသူ
များ သုံးစွဲရာတွင် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ဖုန်းဈေးကွက်မှ သိရသည်။ “အင်တာနက်သုံးလို့ ရတယ်ဆိုလို့ ဝယ်လိုက်တာပါ။ အင်တာနက်လျှောက်ပြီး သုံးကြည့်တော့ မရဘူး။ တခြားဟန်းဆက်နဲ့ စမ်းကြည့်တော့ အဆင်ပြေတယ်။ ဆိုင်ကို သွားပြောတော့ အင်တာနက်ရမယ်ထင်လို့ ရောင်းပေးလိုက်တာပါ။ Setting ပြန်ပြောင်းမှ သုံးလို့ရမယ်။ ၄၊ ၅ ရက်နေရင် ပြန်လာခဲ့ပါ ပြောတယ်။ ဒီလို နည်းပညာကျွမ်းကျင်မှု မရှိဘဲ ရောင်းချနေတဲ့ ဆိုင်တွေကြောင့် အခုလိုမျိုး ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ကျောက်တံတားမြို့နယ်မှ ကိုထွန်းဦးက ပြောသည်။ ယင်းအပြင် အချို့ဖုန်းဆိုင်များမှာ ဖုန်းဟန်းဆက် ရောင်းပေးသည့်အချိန်တွင် ဖုန်းပြောဆိုမှု ရမရအား စမ်းသပ်ပေးခြင်းများ ပြုလုပ်မပေးဘဲ ရောင်းချခြင်း၊ ဖုန်းအသုံးပြုပုံများအား ညွှန်ကြား ပြသခြင်းများ ပြုလုပ်ပေးခြင်း မရှိဘဲ ရောင်းချခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ဘေဂျင်းမြို့တွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွား

Photo: ဘေဂျင်းမြို့တွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွား


ဘေဂျင်းမြို့ရှိ ဂျပန်သံရုံးတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ စနေနေ့က ဖြစ်ပွားခဲ့သည်။ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုများ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က မထိန်းသိမ်းနိုင်မီ အချိန်အတွင်း ဆန္ဒပြမှုမှာ အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့သေးကြောင်း NBC News က ပြောကြားသည်။ 
တရုတ်နှင့်ဂျပန် နှစ်နိုင်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုကို ဂျပန်နိုင်ငံက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဘေဂျင်းမြို့အပါအဝင် တရုတ်နိုင်ငံ၏ မြို့ကြီးများ၌ ဂျပန်ဆန့်ကျင်ရေး ဒေါသတကြီး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

news from..Planet Myanmar Network
ဘေဂျင်းမြို့ရှိ ဂျပန်သံရုံးတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ စနေနေ့က ဖြစ်ပွားခဲ့သည်။ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုများ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က မထိန်းသိမ
်းနိုင်မီ အချိန်အတွင်း ဆန္ဒပြမှုမှာ အကြမ်းဖက်မှုအသွင် ပြောင်းလဲခဲ့သေးကြောင်း NBC News က ပြောကြားသည်။
တရုတ်နှင့်ဂျပန် နှစ်နိုင်ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစုကို ဂျပန်နိုင်ငံက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဘေဂျင်းမြို့အပါအဝင် တရုတ်နိုင်ငံ၏ မြို့ကြီးများ၌ ဂျပန်ဆန့်ကျင်ရေး ဒေါသတကြီး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network
Related Posts Plugin for WordPress, Blogger...

ShareThis