menu

Saturday 28 September 2013

မြန်မာတပ်ဖွဲ့ဝင်များ အနောက်ဘက် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ BSF များကဲ့သို့ ကင်းလှည့်

အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့ သူနိုင်ငံ ခြံစည်းရိုး အနီး ကင်းလှည့်နေစဉ်။ ( ဓါတ်ပုံ- အင်တာနက်)
မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တာဝန်ကျနေသော မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်စပ် ခြံစည်းရိုး တလျှောက်တွင် အိန္ဒိယ နယ်လုံခြုံရေး တပ်ဖွဲ့ BSF ကဲ့သို့ နေ့ည မပြတ် ကင်းလှည့်နေကြသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

“ အရင်တုန်းကတော့ မြန်မာ စစ်တပ်တွေ ခုလို လူပ်ရှားတာမျိုးကို မတွေ့ရဘူး။ ဦးဇင်းတို့ ဟို… အိန္ဒိယ- ဘင်္ဂလာနယ်စပ်မှာ အိန္ဒိယဘက်က နယ်စပ် လုံခြုံရေး စစ်သားတွေ သူတို့လုပ်ထားတဲ့ ခြံစည်းရိုး အနီးမှာ ဒီလို ကင်းလှည့်တာမျိုးကို မြင်ဖူးတယ်။ အခုတော့ မြန်မာဘက်က စစ်သားတွေလည်း ခြံစည်းရိုး တလျှောက် ကင်းလှည့်နေတာတွေကို တွေ့နေရပါတယ်” ဟု နယ်စပ် မီးတိုက်ဒေသမှ ဦးဇင်း တစ်ပါးက ဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက်နယ်မြေမှာ မိုင်တိုင်အမှတ် ၃၇ မှ ၄၀ အကြားတွင် တည်ရှိပြီး ယခုအခါ ခမရ ၃၅၃ မှ စစ်သားများသည် အဆိုပါ မိုင်တိုင်အနီး တောက်လျှောက်ကာရံထားသော ခြံစည်းရိုး အနီးတွင် နေ့ည မပြတ် ကင်းလှည့်နေသည်ဟု သူက ဆက်ပြောသည်။

တယ်လီနောကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr.Jon Fredrik Baksaas နှင့် တွေ့ဆုံခြင်း


လက်ရှိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ပုဂ္ဂလိကဏ္ဍမှ ရင်းနှီးမြှုပ်နှံရန်ဖော်ဆောင် ထားပြီး အော်ပရေတာလုပ်ကိုင်ခွင့်များ နော်ဝေနိုင်ငံမှ တယ်လီနောကုမ္ပဏီနှင့် ကာတာနိုင်ငံမှ အူရီဒူးကုမ္ပဏီတို့က ရရှိ ထားသည်။ လက်ရှိတွင် ယင်းတို့အနေဖြင့် လုပ်ငန်းများလုပ်ကိုင်ရန် ဆက်သွယ်ရေးဥပဒေကို စောင့်ဆိုင်းလျက်ရှိသည်။ ယင်းတို့အနက် နော်ဝေနိုင်ငံ တယ်လီနောကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တာဝန်ကို ထမ်းဆောင်လျက် ရှိ သည့် Mr.Jon Fredrik Baksaas နှင့် ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာတို့ တွေ့ဆုံ မေးမြန်းခဲ့သည် များကို စာဖတ်ပရိသတ်များအတွက် တင်ပြလိုက်ပါသည်။

(အယ်ဒီတာ)

မေး - တယ်လီနောရဲ့ မိုဘိုင်းအော်ပရေတာလုပ် ငန်းတွေ ဘယ်တော့လောက်စတင်နိုင်မလဲ။

ဖြေ - လက်ရှိတယ်လီနောအနေနဲ့ ဆက်သွယ် ရေးဥပဒေကိုစောင့်နေပါတယ်။ ဆက်သွယ်ရေး လိုင်စင်ကျပြီး ရှစ်လအတွင်း လုပ်ငန်းတွေစတင် နိုင်မယ်။

မေး - ဆက်သွယ်ရေးဥပဒေထွက်ပြီးမှ လုပ် မယ်လို့ပြောတယ်။ အခုဆက်သွယ်ရေးဥပဒေမှာ အော်ပရေတာတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာလုပ်ကိုင် ခွင့်တွေကို ထည့်သွင်းထားတာ တွေ့ပါတယ်။ တကယ်လို့ ဥပဒေက ပြဋ္ဌာန်းတဲ့ အချက်တွေ နဲ့ တယ်လီနောကပေါ်လစီနဲ့ မကိုက်ညီဘူးဆိုရင် ဘယ်လိုမျိုးလုပ်သွားမှာလဲ။

ဖြေ - တယ်လီနောအနေနဲ့ အစိုးရကို တယ်လီနောရဲ့ View ကိုပြောပြီးသွားပြီ။ ထွက်လာ တဲ့ဆက်သွယ်ရေးဥပဒေအတိုင်း လုပ်ဆောင် သွားမယ်။

အခြေခံဥပဒေ အသစ်ရေးဆွဲရေး NLD နှင့် တိုင်းရင်းသားများ အမြင်မတူ

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်စဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
ယခင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ် ပြန်လည်ရေးဆွဲရန် တိုင်းရင်းသားများက ကြေညာထားပြီး ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကမူ အခြေခံ ဥပဒေ အသစ် ပြန်လည် ရေးဆွဲ ခြင်း သည် နိုင်ငံရေး တွင် တပ်မတော်ကို ဖိတ်ခေါ် ဆွဲသွင်းရာရောက်သည်ဟု ထုတ်ပြန်ပြောဆိုလိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် NLD တို့အကြား စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ညှိုနှိုင်းပြီးနောက် စက်တင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာ သေချာရေရာသော ဆုံးဖြတ်ချက် ချမှတ်နိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေး ဆွဲရေးအတွက် ပြည်သူလူထု၏ ဆန္ဒသဘောထားရယူရာတွင် ပူးပေါင်း လက်တွဲဆောင်ရွက်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသွားမည်ဆိုသော သဘောတူညီချက် ရရှိခဲ့ကြောင်း ယနေ့ထုတ်ပြန်သော NLD ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

လူမနေသည့် ရဲစခန်းမှူး နေအိမ်မှ ကျည်ဆန်နှင့် လက်ပစ်ဗုံးများတွေ့

တိုက် ကြီးမြို့နယ်ရှိ လူနေထိုင်ခြင်း မရှိ သည့် အချုပ်ထောင်ရဲစခန်းမှူး တစ်ဦး၏နေအိမ်မှ ကျည်ဆန်များ နှင့်လက်ပစ်ဗုံးများကို တိုက်ကြီး မြို့ နယ်မြေရဲကင်းမှူးနှင့်အဖွဲ့ က စက်တင်ဘာ၂၆ရက်တွင် ရှာ ဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။ တိုက်ကြီးမြို့နယ် ဥပံစုရပ် ကွက်ရှိ လူနေထိုင်ခြင်းမရှိသော အိမ်တွင် အဆိုပါရပ်ကွက်ရှိနေ အိမ်တစ်အိမ်မှ တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေးမှုကြောင့် ရှာဖွေစုံစမ်း မှုတို့ကို တိုက်ကြီးမြို့ နယ်မြေရဲ ကင်းမှူး တို့နှင့်အဖွဲ့က သွားရောက် စစ်ဆေးရာ ရဒသမ၆၂ကျည်နှစ် တောင့်၊ ဒသမ၃၀၃ ရိုင်ဖယ်ကျည် တစ်တောင့်၊ ဒသမ၃၀ ကာဘိုင် ကျည်ခုနစ်တောင့်၊ ပန်းသီးကဲ့သို့ အလုံးလက်ပစ်ဗုံးတစ်လုံး(ဖြူး မပါ)တို့ကို အဆိုပါအိမ်အောက် ထပ်၌ ပြန့်ကျဲ လျက် တွေ့ရှိခဲ့ ကြောင်း တိုက်ကြီးမြို့နယ်ရဲစခန်း မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆို ချက်အရ သိရသည်။

ယင်းစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''ဒါ့အပြင် တရုတ်နိုင်ငံ လုပ် လေသေနတ်တစ်လက်ပါသိမ်း ဆည်းရမိခဲ့တယ်။ တွေ့ရှိတဲ့လက် နက်ခဲယမ်းတွေကို သိမ်းဆည်း ထားပြီးပါပြီ။ ဒီကိစ္စကိုလဲ သေချာ စုံစမ်းစစ်ဆေးနေဆဲပါ''ဟု ပြော သည်။ အဆိုပါတွေ့ရှိမှုမှာ ယင်း အိမ်နှင့် တစ်ခြံကျော်အိမ်မှ ပိုင်ရှင် ဦးအောင်သူဝင်းဆိုသူက မြို့ထဲမှ တိုက်ကြီးရှိနေအိမ်သို့ ပြန်ရောက် လာစဉ်

ခွပ်ဒေါင်းကိုမွတ်ဒေါင်းဟု ပြောဆိုမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက တုံ့ ပြန်

ရဲမွန်၊ အောင်မြင်ရဲဇော်၊ ရန်ကုန်၊ စက်တင်ဘာ-၂၇

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပါတီတံဆိပ်အမှတ်အသား ဖြစ် သော ခွပ်ဒေါင်းပုံအား ပြည်သူအချို့က မွတ်ဒေါင်း ဟု ပြောဆိုနေကြခြင်းအပေါ် အဖွဲ့ချုပ်နာယက ဦးတင်ဦးက စက်တင် ဘာ ၂၇ ရက်တွင် ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သောအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ငွေရတုအခမ်း အနား အပိတ်မိန့်ခွန်း၌ တုံ့ ပြန်ပြောဆိုခဲ့ သည်။

အလေးအနက်

"အခုလည်း ရှေ့ဆက်ပြီး ပြောရ မယ့်ကိစ္စထဲမှာ ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ် ကို အချို့က ပြောနေတယ်။မွတ်ဒေါင်း ဖြစ်သွားပြီ။မွတ်ဒေါင်းဖြစ်သွားပြီလို့ ပြောနေတယ်။ မှတ်ထားပါ။ အဘိုး၊ အဘွားတွေ ကိုင်ထားတဲ့ အလံတော် ခွပ်ဒေါင်းဟာ အဖွဲ့ချုပ် ခွပ်ဒေါင်းအနေ နဲ့ပဲ သွားမယ်လို့ အလေးအနက်ပြု ပြောချင်ပါတယ်"ဟု ၎င်းက ဆိုသည်။

သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး

အေးလှိုင်၊ ရန်ကုန်၊ စက်တင်ဘာ-၂၇

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်းဦး အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည့် ခြံမြေ၌ ပိန္နဲ၊ သင်္ဘောပင် သစ်မွှေးနှင့် အခြားသီးပင် စားပင်များကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက စ၍ ဦးစီး လုပ်ကိုင်လာခဲ့ကြောင်း၊ စက် တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မယ်ဇလီကုန်း ကျေးရွာနေ ဒေါ်ပုမ၊ ဦးကြည်သောင်း၊ ဦးစိုးအောင်၊ ဦးအေးကို၊ ဒေါ်အေးသွယ် တို့ ငါးဦးက ခြံဝင်းအတွင်းသို့ ၀င်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ငုတ်တိုင်များ စိုက်ထူ ခြင်းများကို လုပ်ကိုင်ကြပြီး ဦးသန်းဦး ကာရံထားသည့် ခြံစည်းရိုးများကို ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

အိန္ဒိယတွင် ငါးထပ်တိုက်ပြိုကျ၊ လူ ၇၀ ဦးအထိ ပါဝင်သွားဖွယ်ရှိ

Photo: အိန္ဒိယတွင် ငါးထပ်တိုက်ပြိုကျ၊ လူ ၇၀ ဦးအထိ ပါဝင်သွားဖွယ်ရှိ

မွန်ဘိုင်း၊ စက်တင်ဘာ ၂၇

အဆောက်အအုံ ဟောင်းများ မကြာခဏ ပြိုကျသည့် သတင်းများ ထွက်လာလေ့ရှိသည့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ငါးထပ်တိုက်တစ်လုံး ပြိုကျ ပျက်စီးသွားခဲ့ရာ အပျက်အစီးများ အောက်တွင် လူ ၇၀ ဦးခန့် ပိတ်မိ ပါဝင်သွားဖွယ် ရှိကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြို့တော် အရှေ့ပိုင်းရှိ ယင်းအဆောက်အအုံကို ဘီဟာမွန်ဘိုင်း မြူနီစီပယ် ကော်ပိုရေးရှင်း၏ လူထုစီမံ အုပ်ချုပ်ရေးဌာနက ပိုင်ဆိုင်ခြင်း ဖြစ်သည်။
“ကျွန်မသားလေးက အထဲမှာ ရှိပါတယ်။ သူတို့ ပြန်ထုတ်ပေးမယ့် အချိန်ကို စောင့်နေတာပါ” ဟု ကယ်ဆယ်ရေး လုပ်သားများက အလေးချိန် အလွန်စီးသော အပျက်အစီးများကို ဖယ်ရှားနေစဉ် အသက် ၆၂ နှစ်အရွယ် မီသီဆိုလာကာနီက ဝမ်းနည်းစွာဖြင့် AFP ကို ပြောကြားသည်။
မြေတူးစက်များ၊ ဝန်ချီစက်များစွာ အသုံးပြုပြီး အလွန်ကြီးမားသော ကွန်ကရစ် အလွှာကြီးများကို ဖယ်ရှားနေစဉ် ကယ်ဆယ်ရေး လုပ်သားများက ခက်ခက်ခဲခဲဖြင့် အလောင်းများကို ဆွဲထုတ်နေကြသည်။

ကျန်ရစ်သူ မိသားစုများက စိတ်ပူပန်စွာဖြင့် စောင့်ဆိုင်း နေကြပြီး တွေ့ ရှိသော ခန္ဓာကိုယ်များကို အဝတ်များဖြင့် ပတ်ပြီး နီးစပ်ရာ လူနာတင်ယာဉ်များပေါ် တင်သွားကြကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

ပြိုကျသွားသည့် အဆောက်အအုံတွင် စုစုပေါင်း အိမ်ထောင်စု ၂၂ စု ယင်းငါးထပ်တိုက်တွင် နေထိုင်ကြသည်ဟု အမျိုးသား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေး အာဏာပိုင် (NDMA) က ပြောကြား ခဲ့သည်။
“အထဲမှာ လူ ၇၀ လောက် ပိတ်မိ ပါဝင်သွားတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ယင်းအဖွဲ့အစည်းမှ ဝန်ထမ်းတစ်ဦးဖြစ်သူ အလော့အဗက်စ်သီက အခင်းဖြစ် နေရာတွင်ပင် AFP ကို ပြောကြားခဲ့သည်။

ကနဦးပိုင်းက ပျောက်ဆုံးနေသော လူဦးရေ ၂၀ ခန့် ရှိသည်ဟု မြို့တော် အုပ်ချုပ်ရေးမှ အရာရှိမာနီရှာမဟစ်စ်ကာက ပြောကြားခဲ့သေးသည်။

အသက်ရှင်လျက်ဖြင့် လူခုနစ်ဦးကို ဆွဲထုတ်ပေးနိုင်ခဲ့သည်ဟု ယင်းအမျိုးသမီး အရာရှိက ဆိုသည်။

ပြီးခဲ့သည့် လများအတွင်းက မွန်ဘိုင်းအတွင်း တိုက်များပြိုကျမှု ငါးကြိမ် ဖြစ်ခဲ့ပြီး ဧပြီလအတွင်းက ဖြစ်ရပ်တွင်မူ စုစုပေါင်း ၇၄ ဦးတိတိ သေဆုံးခဲ့ရသည်။

အရည်အသွေး ညံ့ဖျင်းသော ဆောက်လုပ်ရေးများနှင့် အဆောက်အအုံများအတွက် စည်းမျဉ်းများကို ချိုးဖောက်စေသည့် အိုးအိမ်ဌာန၏ အကျင့်ပျက် လာဘ်စားမှုများကို ဝေဖန်ထောက်ပြမှုများလည်း ရှိသည်။

မွန်ဘိုင်း၊ စက်တင်ဘာ ၂၇

အဆောက်အအုံ ဟောင်းများ မကြာခဏ ပြိုကျသည့် သတင်းများ ထွက်လာလေ့ရှိသည့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းတွင် ငါးထပ်တိုက်တစ်လုံး ပြိုကျ ပျက်စီးသွားခဲ့ရာ အပျက်အစီးများ အောက်တွင် လူ ၇၀ ဦးခန့် ပိတ်မိ ပါဝင်သွားဖွယ် ရှိကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

မြို့တော် အရှေ့ပိုင်းရှိ ယင်းအဆောက်အအုံကို ဘီဟာမွန်ဘိုင်း မြူနီစီပယ် ကော်ပိုရေးရှင်း၏ လူထုစီမံ အုပ်ချုပ်ရေးဌာနက ပိုင်ဆိုင်ခြင်း ဖြစ်သည်။
“ကျွန်မသားလေးက အထဲမှာ ရှိပါတယ်။ သူတို့ ပြန်ထုတ်ပေးမယ့် အချိန်ကို စောင့်နေတာပါ” ဟု ကယ်ဆယ်ရေး လုပ်သားများက အလေးချိန် အလွန်စီးသော အပျက်အစီးများကို ဖယ်ရှားနေစဉ် အသက် ၆၂ နှစ်အရွယ် မီသီဆိုလာကာနီက ဝမ်းနည်းစွာဖြင့် AFP ကို ပြောကြားသည်။
မြေတူးစက်များ၊ ဝန်ချီစက်များစွာ အသုံးပြုပြီး အလွန်ကြီးမားသော ကွန်ကရစ် အလွှာကြီးများကို ဖယ်ရှားနေစဉ် ကယ်ဆယ်ရေး လုပ်သားများက ခက်ခက်ခဲခဲဖြင့် အလောင်းများကို ဆွဲထုတ်နေကြသည်။

‘လူဖြူမုဆိုးမ’ အကြမ်းဖက်သမား ဖမ်းဆီးပေးရန် အင်တာပို ကမ္ဘာလုံးချီ တပ်လှန့်မှု ပြုလုပ်

Photo: ‘လူဖြူမုဆိုးမ’ အကြမ်းဖက်သမား ဖမ်းဆီးပေးရန် အင်တာပို ကမ္ဘာလုံးချီ တပ်လှန့်မှု ပြုလုပ်

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၇

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဈေးဝယ်စင်တာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယ ရှိနေသော လူဖြူမုဆိုးမဟု အမည်ပေးခြင်းခံရပြီး ခင်ပွန်းသည် ကွယ်လွန်သွားပြီ ဖြစ်သည့် ဗြိတိန်အမျိုးသမီး အကြမ်းဖက်သမားကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုက ကမ္ဘာလုံးချီ တပ်လှန့်နှိုးဆော်မှု ပြုလုပ်လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

နာတာလီဝဘ်ဟု နာမည်အတု အသုံးပြုထားသော ၂၉ နှစ်အရွယ် ဆမန်သာလုသ်ဝိတ် အမျိုးသမီးကို ဖောက်ခွဲရေး ပစ္စည်းများ ပိုင်ဆိုင်မှု၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်ရန် ကြံစည်မှုများဖြင့် ကင်ညာနိုင်ငံက အလိုရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ‘အနီရောင် သတိပေးချက်’ ထုတ်ပြန်ခဲ့သည်။

ကင်ညာနိုင်ငံက အနီရောင် သတိပေးချက် ထုတ်ပြန် လိုက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင် တရားခံပြေး နာတာလီဝဘ်နှင့် သတိပေးချက်များ ရောက်ရှိမည် ဖြစ်သည်။

နိုင်ရိုဘီ ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် ‘လူဖြူမုဆိုးမ’ ဟု ခေါ်ဝေါ်နေကြသည့် ဗြိတိန် အမျိုးသမီး အကြမ်းဖက်သမား တစ်ဦး ပါဝင်ကြောင်း ခန့်မှန်း ပြောကြားမှုများ ပေါ်ထွက်လာပြီးနောက် ကင်ညာ နိုင်ငံ၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော်လည်း အရပ်သား ၆၁ ဦး၊ လုံခြုံရေး တပ်ဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ၆၇ ဦး သေဆုံးပြီး လူပေါင်း ၁၇၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် အမျိုးသမီး တစ်ဦးမျှ ပါဝင်ခြင်း မရှိကြောင်း အယ်လ်ကေဒါ အဖွဲ့နှင့် ပတ်သက်မှု ရှိသည့် အယ်ရှာဘတ် အဖွဲ့က အခိုင်အမာ ပြောကြားလိုက်သည်။

ဈေးဝယ်စင်တာ တိုက်ခိုက်မှုမှ လွတ်မြောက်လာသူ တစ်ဦးကမူ အသားအရောင် ဖျော့သည့် အမျိုးသမီးတစ်ဦးက မိမိကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

လူဖြူမုဆိုးမဟု အမည်ပေးထားသည့် ထိုအမျိုးသမီးသည် အရှေ့အာဖရိက နိုင်ငံများအတွင်း လှုပ်ရှားလျက်ရှိသော အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဟု ရဲတပ်ဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

ထို့အပြင် ၂၀၀၅ ခုနှစ် လန်ဒန်မြို့ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော ဗုံးဖောက်ခွဲရေးသမား လေးဦးအနက် တစ်ဦးဖြစ်သော ဂျာမိန်းလင်ဆေး၏ အမျိုးသမီးမှာ နာတာလီဝဘ် ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

အနီရောင် သတိပေးချက် ထုတ်ပြန်လိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ တရားခံပြေးများကို ခြေရာခံနိုင်ရေးတွင် အင်တာပိုအဖွဲ့၏ ထိရောက်မှု ပြင်းထန်သော နည်းလမ်းတစ်ရပ် ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ တွင် သတိပေးချက်များ ပေါ်ပေါက်လာမည် ဖြစ်သည်။

သို့သော်လည်း ကမ္ဘာအရပ်ရပ်ရှိ လေဆိပ်များ၊ နယ်စပ်ဖြတ်ကျော်ရေး စခန်းများတွင် နှစ်စဉ်လူပေါင်း သန်းရာပေါင်းများစွာ ဖြတ်သန်း သွားလာ နေကြခြင်းကြောင့် သံသယ ရှိနေသော တရားခံများ ဖမ်းဆီးမိနိုင်ရေးတွင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရေးမှာ အရေးကြီးကြောင်း အင်တာပိုအဖွဲ့ အထွေထွေ အတွင်းရေးမှူးက ပြောကြားသည်။

နာတာလီဝဘ်ကို ယခင်က တရားမဝင် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်မှု၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုများဖြင့် ပြည်တွင်း တရားခံပြေး တစ်ယောက်အဖြစ် အလိုရှိနေသော်လည်း ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာ တရားခံပြေး တစ်ယောက်အဖြစ် အင်တာပိုက သတ်မှတ်လိုက်ပြီ ဖြစ်သည်။

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၇

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဈေးဝယ်စင်တာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု သံသယ ရှိနေသော လူဖြူမုဆိုးမဟု အမည်ပေးခြင်းခံရပြီး ခင်ပွန်းသည် ကွယ်လွန်သွားပြီ ဖြစ်သည့် ဗြိတိန်အမျိုးသမီး အကြမ်းဖက်သမားကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပိုက ကမ္ဘာလုံးချီ တပ်လှန့်နှိုးဆော်မှု ပြုလုပ်လိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

နာတာလီဝဘ်ဟု နာမည်အတု အသုံးပြုထားသော ၂၉ နှစ်အရွယ် ဆမန်သာလုသ်ဝိတ် အမျိုးသမီးကို ဖောက်ခွဲရေး ပစ္စည်းများ ပိုင်ဆိုင်မှု၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်ရန် ကြံစည်မှုများဖြင့် ကင်ညာနိုင်ငံက အလိုရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့က ‘အနီရောင် သတိပေးချက်’ ထုတ်ပြန်ခဲ့သည်။

ကင်ညာနိုင်ငံက အနီရောင် သတိပေးချက် ထုတ်ပြန် လိုက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင် တရားခံပြေး နာတာလီဝဘ်နှင့် သတိပေးချက်များ ရောက်ရှိမည် ဖြစ်သည်။

ငါးပိတွင် ယူရီးယားပါဝင်မှု တွေ့ရသော်လည်း အရေးယူရန် မရှိသေး

ရန်ကုန်မြို့သံဈေးရှိ ငါးငပိရောင်းသည့် ဆိုင်တစ်ဆိုင် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရာဝတီတိုင်းမှ ရန်ကုန်သို့ တင်ပို့သည့် ငါးပိရည်ကျိုနမူနာ တမျိုးတွင် ယူရီးယား ပါဝင်နေကြောင်း တွေ့ရှိခဲ့သော်လည်း နောက်ဆက်တွဲ အနေဖြင့် မည်သည့် လုပ်ဆောင်ချက်မျှ ပြုလုပ်သွားရန် မရှိသေးကြောင်း ကျန်းမာရေးဦးစီးဋ္ဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဗဟိုဋ္ဌာန အစားအသောက် ဋ္ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ဧရာဝတီသို့ ပြောသည်။
“ငါးပိရည်ကျိုနဲ့ပတ် သက်ပြီး လတ်တလောမှာ ဘာမှ ဆက်လုပ်ဖို့ အစီအစဉ်မရှိသေးပါဘူး” ဟု သူက ဆိုသည်။
ဧရာဝတီတိုင်းမှ ထုတ်လုပ်တင်ပို့ပြီး ရန်ကုန်ဈေးကွက်အတွင်းသို့ ရောက်ရှိနေသည့် ငါးပိရည်ကျို နမူနာ ၃ မျိုးအား ကျန်းမာ ရေးဝန်ကြီးဋ္ဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဗဟိုဋ္ဌာန ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ၁ မျိုးတွင် ယူရီးယား တွေ့ရှိကြောင်း အဖြေထုတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဧရာဝတီသို့ ပြောသည်။

MISS TOURISM QUEEN INTERNATIONAL 2013 ပြိုင်ပွဲဝင် ခင်လပြည့်ဇော်ကို အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့




Miss Supranational Myanmar မှ စီစဉ်သူများမှ Miss Tourism Queen International ပြိုင်ပွဲကျင်းပသူများအား ပေးပို့ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပလျက်ရှိသည့် Miss Tourism Queen Inter- national 2013 ပြိုင်ပွဲတွင် ယှဉ်ပြိုင်လျက်ရှိသည့် ခင်လပြည့်ဇော်အား အီးမေးလ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယခုပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီခြင်းမရှိသူဖြစ်သည့်အပြင် မြန်မာနိုင်ငံကိုယ်စားပြုရွေးချယ်ရာတွင်လည်း တရားမျှတမှု မရှိသည့်အပြင် ရွေးချယ်ရန် တာဝန်ကျသည့် အေဂျင်စီမှာ တရားဝင်လိုင်စင်မရှိသည့် အေဂျင်စီဖြစ်ကြောင်း စသည့်အချက်များကို ထည့်သွင်းရေးသားထားသည်။ ဒါ့အပြင် ပေးပို့သူ Miss Supranational Myanmar Organizationမှ ကိုဝေယံအောင်ကပေးပို့သည့်အနေဖြင့် ယခုပွဲစီစဉ်သူများကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပေးပို့မှုများကြောင့် ပွဲတာဝန်ရှိသူများက ခင်လပြည့်ဇော်၏ စီစဉ်သူ Star & Model Int'L အား ပြန်လည်အကြောင်းကြားခဲ့ပြီး ခင်လပြည့်ဇော်၏ ယှဉ်ပြိုင်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်ခိုက်ရင် အဲဒီသူတွေဟာ ဟတ်လိုင်နာ သွားချင်တဲ့သူတွေလို့ ပြောချင်တယ်ဟု ဝန်ကြီးဦးစိုးသိန်းတုံ့ပြန်

Photo: ကျွန်တော်နဲ့ ဦးအောင်မင်း ၊ ဦးခင်ရီ တို့ကို လာတိုက်ခိုက်ရင် အဲဒီသူတွေဟာ ဟတ်လိုင်နာ သွားချင်တဲ့သူတွေလို့ ပြောချင်တယ်ဟု ဝန်ကြီးဦးစိုးသိန်းတုံ့ပြန်
*************************************
         ပုဂ္ဂိုလ် ရေးဆိုင်ရာ တိုက်ခိုက်မှုများသည် ဒီမိုကရေစီမလိုလားသူများ၏အောက်တန်းစားနိုင်ငံရေး လုပ် ခြင်းသာဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။  စက်တင်ဘာ ၂၇ ရက်က  နိုင်ငံခြားဘဏ်များတွင် အပ်နှံ ထားသည့် ၁၁ဘီလီယံနှင့်ပတ် သက်သောကိစ္စရပ်များတွင် ဝန် ကြီး ဦးစိုးသိန်းပါဝင်သည်ဟူသော ပြောဆိုမှုများအပေါ် ရန်ကုန် တိုင်းမ်နှင့် ယနေ့တွေ့ဆုံရာတွင်  ယင်းကဲ့သို့ ဝေဖန်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးသိန်းက ''၁၁ ဘီလီယံနဲ့ပတ်သက်ပြီး ကမ္ဘာ့ ဘဏ်ကကြေညာပြီးပြီပဲ။ အဲဒီ မှာ ကျွန်တော့်ကိုဆွဲထည့်တာက ကျွန်တော့်ကို နိုင်ငံရေးအရသတ် တာပေါ့ဗျာ၊ သတ်လို့ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က သမ္မတ လဲဝင်မရွေးဘူး။ ဝန်ကြီး လဲဝင် ရွေးမှာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လဲ လုပ်မှာမဟုတ် ဘူး။ နောက်အစိုးရမှာ အခုတိုင်း ပြည်ကောင်းအောင် ကျွန်တော် ကျရာနေရာက လုပ်ပေးနေတာ'' ဟု ပြောသည်။ ယင်းအပြင် ဝန်ကြီးအနေ  ဖြင့် ပိုက်ဆံမ ရှိကြောင်း၊ လက်ရှိ ရွှေနံ့သာရှိ သစ်ခွခြံတွင်နေထိုင် ကြောင်း၊ ကျန်ရှိသောသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံရှိ ပါက ကချင်ပြည်နယ်ရှိစစ်ပွဲများ၊ ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများ ကိုလှူဒါန်းသွားမည်ဟု ထပ်မံ ပြောသည်။

ဝန်ကြီးက''ဒီအစိုးရလက် ထက်မှာဝန်ကြီးဖြစ်ကတည်းက သမ္မတကြီးကို ပိုင်ဆိုင်မှုတွေပုံစံ တွေပေးထားရတယ်။ စိန်၊ ရွှေ ဘယ်လောက်ရှိတယ်။ ကား ဘယ် လောက်ရှိတယ်။ မြေဘယ်လောက် ရှိတယ် အားလုံးပေးထားရတယ်။ အိတ်ပိတ် ပြီး၊ အဲဒီ စာအိတ်ကို ဖွင့်ပြီးကြည့်လိုက် အရေးယူလို့ ရတယ်။ မဟုတ်တာတွေလာပြော တော့ ကျွန်တော်ကရယ်ချင်တယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ဖြစ်ခြင်းမှာ မြန် မာများ၏ ဒီမိုကရေစီမရင့်ကျက် မှုနှင့် အောက်တန်းစားနိုင်ငံရေး လုပ်ခြင်း သာဖြစ်ကြောင်း ထပ်မံ ပြောသည်။

ဝန်ကြီးက''ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုတွေနဲ့ ဒီမိုကရေစီမရနိုင် ဘူး။ ကျွန်တော်တို့ တစ်ချိန်တုန်း က ဆန့်ကျင်ဘက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ တွေပေါ့။ ကျွန်တော် ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ အားလုံးတိုင်းပြည် ကောင်းဖို့ပဲလုပ်နေတာ။ ဒေါ် အောင်ဆန်းစုကြည် ကျွန်တော် တို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမရှိဘူး။ ပုဂ္ဂိုလ်ရေးနဲ့မပြိုင်ဘူး။ လုပ်မှုကိုင် မှုနဲ့ပဲပြိုင်မယ်။ ဝမ်းနည်းဖို့ကောင်း တာက ခင်ဗျားတို့ ဒီမိုကရေစီလို ချင်တာလား။ ကျွန်တော့်ကိုတိုက် ခိုက်ချင် တာလား။ ကျွန်တော့်ကို တိုက်ခိုက်ရင် ကျွန်တော် ယုံကြည် တယ်။ ကျွန်တော်နဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့ကို လာတိုက်ခိုက်ရင် ခင်ဗျားတို့က ဟတ်လိုင်နာသွား ချင်တဲ့သူတွေ ဒီမိုကရေစီသွား ချင်တဲ့သူတွေ မဟုတ်ဘူးလို့ပြော ချင်တယ်။ တချို့က အုပ်စုရှိလား ဆိုတော့ ရှိတာပေါ့။ အကြီးကြီး ပေါ့ဗျာ။ ကျွန်တော်မပြောချင် သေးလို့ အချိန်မတန်သေးလို့''ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဒီမို ကရေစီကိုမကြိုက်သည့် ယခင် စနစ်ကို နောက်ပြန်သွားချင်သူ များရှိနေကြောင်း၊ ယခုကြိုးပမ်း မှုများသည် နောင်လာနောင်သား များအတွက် ဒီမိုကရေစီအနှစ် သာရများကို ခံစားနိုင်ရန်အတွက် ဖြစ်ကြောင်း ပြောသည်။

သန်းနိုင်ဦး ၊ မောင်ပိုင်
ရန်ကုန်တိုင်းမ်

ပုဂ္ဂိုလ် ရေးဆိုင်ရာ တိုက်ခိုက်မှုများသည် ဒီမိုကရေစီမလိုလားသူများ၏အောက်တန်းစားနိုင်ငံရေး လုပ် ခြင်းသာဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။ စက်တင်ဘာ ၂၇ ရက်က နိုင်ငံခြားဘဏ်များတွင် အပ်နှံ ထားသည့် ၁၁ဘီလီယံနှင့်ပတ် သက်သောကိစ္စရပ်များတွင် ဝန် ကြီး ဦးစိုးသိန်းပါဝင်သည်ဟူသော ပြောဆိုမှုများအပေါ် ရန်ကုန် တိုင်းမ်နှင့် ယနေ့တွေ့ဆုံရာတွင် ယင်းကဲ့သို့ ဝေဖန်ပြော ကြားလိုက် ခြင်းဖြစ်သည်။

ဝန်ကြီးဦးစိုးသိန်းက ''၁၁ ဘီလီယံနဲ့ပတ်သက်ပြီး ကမ္ဘာ့ ဘဏ်ကကြေညာပြီးပြီပဲ။ အဲဒီ မှာ ကျွန်တော့်ကိုဆွဲထည့်တာက ကျွန်တော့်ကို နိုင်ငံရေးအရသတ် တာပေါ့ဗျာ၊ သတ်လို့ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က သမ္မတ လဲဝင်မရွေးဘူး။ ဝန်ကြီး လဲဝင် ရွေးမှာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လဲ လုပ်မှာမဟုတ် ဘူး။ နောက်အစိုးရမှာ အခုတိုင်း ပြည်ကောင်းအောင် ကျွန်တော် ကျရာနေရာက လုပ်ပေးနေတာ'' ဟု ပြောသည်။ ယင်းအပြင် ဝန်ကြီးအနေ ဖြင့် ပိုက်ဆံမ ရှိကြောင်း၊ လက်ရှိ ရွှေနံ့သာရှိ သစ်ခွခြံတွင်နေထိုင် ကြောင်း၊ ကျန်ရှိသောသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံရှိ ပါက ကချင်ပြည်နယ်ရှိစစ်ပွဲများ၊ ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများ ကိုလှူဒါန်းသွားမည်ဟု ထပ်မံ ပြောသည်။

ပါတီတွင်း ကြပ်မတ် ကွပ်ကဲရန် အထူးလိုနေကြောင်း NLD နာယက ဦးတင်ဦး ပြောကြား


ရန်ကုန်၊ စက်တင်ဘာ ၂၇

သက်တမ်းရင့် ပါတီဝင်များနှင့် ပါတီဝင်သစ်များအကြား အငြင်းပွားမှုအချို့ ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း ဗဟိုအဆင့်မှ ပြည်နယ်/တိုင်းအဆင့်အထိ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ဖွဲ့စည်းကာ ကြပ်မတ်ကွပ်ကဲရန် အထူးလိုအပ်နေကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရွှေဂုံတိုင်ရှိ NLD ပါတီ ရုံးချုပ်ခန်းမတွင် ကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနား၌ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီဝင်များ ကြိုးပမ်းကြရန် မည်သို့ပင် တိုက်တွန်းသော်လည်း ပါတီတာဝန်ရှိ ပုဂ္ဂိုလ်အချို့မှာ ရေလိုက် ငါးလိုက် ပေါ့တန်စွာ ဆောင်ရွက်နေသည်ကို ဝမ်းနည်းစွာ ကြားသိနေရကြောင်း ၎င်းက ဆိုသည်။

မန္တလေး ကားလောကတွင် ကျပ်သိန်းသုံးသောင်းကျော် လိမ်လည်ရှောင်တိမ်းမှုဖြစ်ပွား

မန္တလေးမြို့ကားအရောင်းအ၀ယ်လောကတွင် ငွေကျပ်သိန်းသုံးသောင်းကျော်အား လိမ်လည်တိမ်းရှောင်မှုကြောင့် စလစ်မထွက်သေးသည့် ကားဝယ်ယူထားသူများ အခက်တွေ့နေကြောင်း သိရသည်။

ကား Show Room ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ရောင်းဝယ်မှု ပြုပေးသူတစ်ဦးမှ ကားစီးရေ ၄၀၀ ခန့်အတွက် စလစ်၊ အုံနာဘုတ်စသည့် ကညနပိုင်းဆိုင်ရာ ကိစ္စများ ပြီးစီးအောင် ပြုလုပ်ပေးခြင်းမရှိဘဲ ရှောင်တိမ်းသွားမှုကြောင့် ၀ယ်ယူထားသူများ နစ်နာမှုနှင့် ယင်းကိစ္စများ ဆောင်ရွက်ရန် အခက်တွေ့နေကြောင်း ကားပွဲစားများထံမှ သိရသည်။

''ခုကိစ္စက ရန်ကုန်ရော မန္တလေးရော အားလုံးပါတယ်။ ကားလောကမှာ နားကွင်းကိုကျော်ကြီးဆို လူတိုင်းသိပါတယ်။ခုဟာက ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်သွားတာ။ကျွန်တော်က သိန်း ၂၅၀၀ လောက်ရှိပြီး ကောက်ယူရသလောက် စာရင်းအရ စလစ်မကပ်ရသေးတဲ့ ကားအစီး ၁၅၀ နဲ့ ပြုလုပ်နေဆဲ၊ အုံနာဘုတ်မရသေးတဲ့ကားက ၁၈၀ လောက်ရှိတယ်။ ရန်ကုန်က ကားကုမ္ပဏီ ၁၁ ခုလောက်နဲ့ ချိတ်ဆက်ပြီး ရောင်းတယ်လို့လည်း သိရတယ်''ဟု ကားအရောင်းပြခန်း ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

ချင်းမိုင် အမျိုးသား လိင်ဖျော်ဖြေရေး လုပ်သားတွေမှာ မြန်မာပြည်သား များပြား

မနေ့က ချင်းမိုင် တက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနားက အမျိုးသားငယ်များ လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အသုံးချခံ မဖြစ်ရေး ဆောင်ပုဒ် (ဓာတ်ပုံ – Urban Light.com)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမျိုးသား လိင်ဖျော်ဖြေရေး လုပ်ငန်းတွေက အမျိုးသားငယ် ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ထိုင်း နိုင်ငံ အခြေစိုက် သုတေသန အဖွဲ့အစည်းတချို့ရဲ့ စစ်တမ်းတခုက ဆိုပါတယ်။
ချင်းမိုင် တက္ကသိုလ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က Urban Light နဲ့ Love 146 အဖွဲ့တို့ ပူးတွဲပြီး “ယောက်ျားလေးတွေဟာ ရောင်း စရာ မဟုတ်”(Boys are Not 4 Sale) ခေါင်းစဉ်နဲ့ ကျင်းပတဲ့ A Studyon Sexually Exploited Young Males အမည် ရှိ စစ်တမ်း ရှင်းလင်းပွဲမှာ သုတေသန ပြုသူတွေက ပြောဆို ထုတ်ပြန်ခဲ့တာပါ။
သုတေသန ပြုသူ တဦးဖြစ်တဲ့ မစ္စတာ ဂျရက် ဒေးဗစ်က သူတို့ မေးမြန်းခန်းလုပ်ခဲ့သူ အများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်ပြီး တချို့ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့က ဖြစ်တယ်လို့ ဧရာဝတီ ကို ပြောပါတယ်။
ရှမ်း၊ ကရင်၊ လီဆူး၊ လားဟူ၊ အခါ စတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က တိုင်းရင်းသားတချို့ကို မေးမြန်းခွင့်ရခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။
ဒါကြောင့် စစ်တမ်းကောက်ယူရာမှာ အခက်အခဲတွေရှိပေမယ့် အခုစစ်တမ်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အဓိက လိင်လုပ်သား အမျိုးသားငယ်တွေရှိရာ ချင်းမိုင် ညဈေး အပါအ၀င် နေရာ ၃ ခုရှိ ဘားဆိုင်တွေ၊ ကေတီဗွီတွေနဲ့ အမျိုးသား အနှိပ်ခန်းတွေက လိင်လုပ်သား ၅၀ လောက်ကို ထိုင်း ဘာသာစကားနဲ့ မေးမြန်းထားတာပါလို့ သူက ပြောပါတယ်။

နာဂါအိ၊ ၆ နှစ်ပြည့် ရွှေဝါရောင်နဲ့ ဖုံးဖိလို့မရတဲ့ အမှန်တရား


လွန်ခဲ့တဲ့ ၆ နှစ် အခုလို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ နာရီမှာ ဂျပန်သတင်းထောက် ကင်ချိ နာဂါအိက သူ့ရဲ့ သတင်းဌာနဖြစ်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အခြေစိုက်တဲ့ APF ကို နောက်ဆုံးအကြိမ် ဖုန်းဆက်ခဲ့တဲ့ အကြောင်း အဲဒီအချိန်က လုပ်ဖော်ကိုင်ဘက် လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ ဦးကိုကိုအောင်က အမှတ်တရ ပြန်ပြောပြတယ်။
ဦးကိုကိုအောင်ဟာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံမှာ သွားရောက်ခိုလှုံရင်း APF သတင်းဌာနမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ သူပါ။
ကင်ချိ နာဂါအိဟာ မြန်မာနိုင်ငံ လူထုလှုပ်ရှားမှုသမိုင်းမှာ လက်ရှိအပြောင်းအလဲ ဖြစ်လာတဲ့ကာလနဲ့ အနီးကပ်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ စစ်တပ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ နိုင်ငံခြား သတင်းသမား တဦးဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်ဟာ နိုင်ငံခြား သတင်းဌာနတွေကို ပိတ်ပင်တားဆီးပြီး ပြည်တွင်း မီဒီယာတွေအပေါ်မှာ အရမ်းကို တင်းကျပ်တဲ့ မူဝါဒတွေနဲ့ စိစစ် ဖြတ်တောက်နေတဲ့ အချိန်၊ သံဃာတော်တွေ ဦးဆောင်ပြီး လုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုကို အကြမ်းဖက် ဖြိုခွင်းတဲ့အချိန်မှာ ဖြစ် ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ကမ္ဘာတခုလုံးက ပိုပြီးအာရုံစိုက်မိစေတဲ့ အဖြစ်အပျက်တခု ဆိုရင်လည်း မမှားပါဘူး။

နေပြည်တော်တွင် ရဲများကို ဖမ်းဆီးခဲ့သူ ရွာသားများ အဖမ်းမခံလျှင် အင်အားသုံးမည်

အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဝဲကြီးကျေးရွာတွင် ပြန်ကြားရေးဝန်ကြီးဌာနက မြေသိမ်းယူထားခြင်းကို အကြောင်းပြု၍ ဒေသခံ ရွာသားများ နှင့် ရဲတပ်ဖွဲ့ဝင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ယင်းအမှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သူ ရွာသား ၁၀ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး လာရောက်အဖမ်းမခံပါက အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၀၆ ခုနှစ်တွင် နေပြည်တော် ဇဗ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့နယ်၊ ၀ဲကြီး၊ ကျောက်ခွင့် ၊ သရက်ပင် နှင့် အင်းတိန် ကျေးရွာများမှ လယ်မြေဧက ၅၀၀ ခန့်ကို သတင်းစာတိုက်နှင့် စက်ရုံများဆောက်လုပ်ရန် သိမ်းယူခဲ့ကြောင်း၊ သိမ်းဆည်းလယ်မြေများတွင် ဒေသခံရွာသားများက ၀င်ရောက် စိုက်ပျိုးထွန်ယက်မှုများ ဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့က ဒေသခံ ရွာသားများကို ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှု ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း၊ စက်တင်ဘာလ ၂၀ရက်နေ့ ညသန်းခေါင်ယံကျော် အချိန်တွင် ဝဲကြီးကျေးရွာမှ လယ်သမား များ၏ အိမ်များကို ရဲတပ်ဖွဲ့ဝင် များက ဝင်ရောက်စီးနင်းခဲ့ရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း၊ ဒေသခံ ရွာသားများက ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

ငိုရတယ်... ၀ါးဟားဟား

Photo: ငိုရတယ်... ၀ါးဟားဟား
-------------------
ရေးသားသူ- ဘစီ

အခုတစ်လော သမိန်ပေါသွပ်ရဲ့ “ရယ်ရတယ်..ဗြဲ”ဆိုတဲ့ စကားလေးက လူကြီးတွေကြားထဲမှာ တစ်ပတ်လည်ပြီး ခေတ်စားနေ
တဲ့ အချိန်ဆိုတော့ဗျာ ကျုပ်ကလည်း ကပြောင်းကပြန်လုပ်ပြီး“ငိုရတယ်... ၀ါးဟားဟား”လို့ ဆိုလိုက်ချင်တယ်ဗျို့။ ပြီးရင် ကျုပ် နာမည်ကိုလည်း ပြောင်းပစ်မယ်။ ကလိန်ဘစီလို့။ သမိန်ပေါသွပ်နဲ့ မတူတဲ့ ကလိန်ဘစီရဲ့ထွင်လုံး လေးတစ်ခု ဆိုပါတော့လေ။
	
တစ်လောက သမိန်ပေါသွပ် စကားငှားသုံးသွားတဲ့ ဖေ့စ်ဘွတ်ခ်ပျော် အစိုးရပိုင်းက လူကြီးမင်းတစ်ဦးကို သမိန်ဘယ်သူဘယ်ဝါ ဆိုပြီး နာမည်ပြောင်ပေးကြတာတွေ့လို့ခင်ဗျ။ နောင် ကျုပ်ရဲ့ ဒီစကားလုံး ငှားသုံးတဲ့ လူကြီးမင်းများရှိခဲ့ရင် ကလိန်ဘစီရဲ့ စကား ငှားသုံးသွားတဲ့ ကလိန်ဘယ်သူ ဘယ်ဝါလို့ အလွယ်နာမည်ပေးလို့ရတာပေါ့ဗျာ။
	
အခုတစ်လော ကျုပ်အူမြူးနေတယ်ဗျာ။ မမြူးလည်းခံနိုင်ပါ ရိုးလား။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြတဲ့ အစိုးရလူကြီးမင်း များထဲမှာ တချို့သော လူကြီးတွေက သိပ်ပြီး ဟာသတွေ ပြောနေသ ကိုးဗျ။ သြော်.. ၀န်ကြီးလည်း လူပဲဗျာ။ ရယ်စရာပြောတာ ကျုပ် ကတော့ အပြစ်မတင်ရက်ပါဘူး။ ပြည်သူအားလုံးကို ပျော်စေချင် တဲ့သူတွေအဖြစ် အနှီလူကြီးများကို ကျုပ်လွှတ်ပြီး အသိအမှတ်ပြု ပါတယ်။
	
အခုဆိုရင် ပြည်သူတွေဟာ ၀န်ကြီးတွေ၊ တချို့ခရိုနီဆိုတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ နှုတ်ထွက်စကားတွေကြားရပြီး အလွန်တရာ ရယ်မောပျော်ရွှင်ရတဲ့အကြောင်း ကျုပ်မောင်ဘစီက ပြည်သူတို့ ကိုယ်စား အသိပေးပါတယ်။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် လက်တွေ့အလုပ်မဖြစ်သေးခင်မှာ စိတ်ဆင်းရဲမှုတိုက်ဖျက်ရေးအတွက် ရှေးဦးစီမံချက်နဲ့ အခုလို ရယ်စရာ မောစရာများကို ၀န်ကြီး မင်းများက အလျဉ်းသင့်တဲ့အခါ မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ် နေတယ်လို့ မှတ်ပါတယ်။
	
ပြည်ထောင်စုဝန်ကြီးတစ်ဦးကတော့ ကျုပ်တို့ကို ပျော်တော်ဆက်ဖို့ ဘယ်လောက်များ စိတ် အားထက်သန်နေသလဲဆိုရင် အ ငြိမ့်စင်ပေါ်တောင်မှ ရောက်နေ ပြီ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် တုန်းက မြန်မာ့ငြိမ်းချမ်းရေး တံခွန်စိုက်အငြိမ့်ပြိုင်ပွဲမှာ နာမည် ကျော်ဟာသလူရွှင်တော် သီးလေး သီးနဲ့တွဲပြီး ပြက်လုံးတွေထုတ်နေ လေရဲ့။ အနှီဝန်ကြီးက “ဆိုင်းသံ ကြားရင် ကချင်တယ်”ဆိုပဲ။ သီးလေးသီးထဲမှာ နောက်ထပ် အသီးတစ်လုံး ထပ်တိုးပြီလို့တောင်မှ အပြင်မှာ ပြည်သူတွေက ပြောနေကြတယ်။ သြဇာသီးတဲ့။
	 
တချို့ ၀န်ကြီးမင်းများကျတော့လည်း အတည်ပေါက်နဲ့ နောက်တဲ့သူတွေခင်ဗျ။ သူတို့က အတည်ပေါက်ပြောပေမယ့် ကျုပ်တို့အကြား ရယ်စရာဖြစ်သွားတာ မျိုးဗျ။ ဟာသ၊ အတတ်ပညာ တစ်မျိုးပေါ့လေ။ တစ်လောက လျှပ်စစ်စွမ်းအားဝန်ကြီးမင်းတစ်ပါးက ခပ်တည်တည်နဲ့ပြောတယ်။ စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေကို ဆိုးဆိုးရွားရွားထိခိုက်စေမယ်ဆိုရင် ချက်ချင်းရပ်ဆိုင်းပစ်မှာပါတဲ့ခင်ဗျ။ “ရယ်ရတယ်နော်..ဗြဲ” အဲ.. အဲ.. “ငိုရတယ်နော်. ၀ါးဟားဟား” ။ မပြုံးဘဲ ၀ါးလုံးကွဲရယ်ရမယ့် အတည်ပေါက်နဲ့နောက်တဲ့ သူတစ်ယောက်ပဲဗျ။
	 
ဘယ့်နှယ် အခုရခိုင်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့၊ လက်ပံတောင်းက ကြေးနီတောင် စီမံကိန်းတို့ စသဖြင့် စသဖြင့် ပေါ့ဗျာ။ အနှီစီမံကိန်းတွေကျတော့ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံ ပြည်သူတွေကို ဆိုးဆိုးရွားရွား မထိခိုက်လို့ ချက်ချင်းရပ်ဆိုင်းမပေး တာလို့ပဲ ကျုပ်တို့ဖြင့် သဘောပေါက်ရမလိုလို ဖြစ်မနေဘူးလား။ ဧရာဝတီမြစ်ဆုံ စီမံကိန်းဟာလည်း ဒေသခံတွေနဲ့ တစ်တိုင်း ပြည်လုံးကို ဆိုးဆိုးရွားရွား ထိခိုက်တယ်လို့ ယူဆထားပုံမရသေးဘူး။ ဘာကြောင့်ဆို ချက်ချင်းရပ်ဆိုင်းတာမဟုတ်ဘဲ ရွှေ့ဆိုင်းထားတာသာကြည့်။ ငိုရတယ် .. ၀ါး ဟားဟားပဲဗျာ။
	
သူ့ထက်သူ ခရိုနီကသာစမြဲ ဆိုရမလိုပဲဗျာ။ မနေ့တစ်နေ့က ခရိုနီတစ်ယောက်ကလည်း ကျုပ်တို့ကို အတည်ပေါက်နဲ့ လာပြီး နောက်ပြန်တယ်။ သူဟာ သစ်ပင် တွေအများကြီး ခုတ်ခဲ့ပါသတဲ့။ အဲဒီအတွက် အခုအချိန်မှာ ပြန် လည်ပေးဆပ်ပါမယ်တဲ့။ ပြောမှ ပြောရက်ပလေတယ်။ တစ်နိုင်ငံ လုံးမှာ သစ်တောတွေလည်း သူ့လို ခရိုနီတွေနဲ့ အာဏာရအလိုတူ အလိုပါတွေ အပြောင်ရှင်းကြလို့ ပြောင်သလင်းခါချိန်ရောက်မှ အ နှီခရိုနီဟာသမင်းသားကြီးက မိကျောင်းမျက်ရည်ကျပြနေတယ်။ ငိုရတယ်ဗျာ... ၀ါးဟားဟားလို့ တောင်မှ ကျုပ်မယ် မပြောနိုင်လောက်အောင်ပါပဲဗျာတို့။
	
ဘာပဲပြောပြောပါ။ ရယ်သောသူ အသက်ရှည်၏လို့ ဆိုကြရဲ့ မဟုတ်လားဗျာ။ ထမင်းနပ်မှန်အောင်၊ အာဟာရပြည့်ဝအောင် မစားရရှာတဲ့ လုပ်သားပြည်သူ များလည်း ဘာမှမပူကြနဲ့ခင်ဗျ။ ရယ်သောသူအသက်ရှည်၏လို့ ဆိုထားကြရဲ့မဟုတ်လား။ ၀န်ကြီး မင်းတချို့ရဲ့ ဟဒယရွှင်ဆေးသာ များများနားထောင်ခင်ဗျ။ ထမင်းမ၀ပေမယ့် ရယ်ရတာမို့ အသက်ရှည်နိုင်ဖွယ်ရှိတယ်။
	 
ကျုပ်ဆိုရင် အခုအိမ်မှာ ထမင်းတစ်နပ်ကို လက်တွေ့ လျှော့စားနေပြီ။ ကြွေးမြီကလေး ကျေဖို့တင်မကဘူး။ ညနေစာ ထ မင်းစားရင်း လူဝမယ်။ ၀ိတ်တက်ချင်တက်ဦးမှာ။ ချက်ရပြုတ်ရ အလုပ်ရှုပ်တယ်။ ငွေကုန်တယ်။ ဒါကြောင့် ညနေမှာ ဘယ်ဝန်ကြီး မင်းက ဘယ်နေရာမှာ ဘာကိုအ ကြောင်းပြုပြီးသကာလဟဒယ ရွှင်ဖွယ်ရာ ပြုံးရယ်ဟားရမယ့် စကားများ ဆိုလာပါ့မလဲလို့ ဖေ့စ် ဘွတ်ခ်ဆိုတာကြီးပေါ် တက်ကြည့်ရတာ အမောသားကလားဗျ။
	
တစ်ခွန်းတစ်စ ဟိုဟိုဒီဒီမှာ ၀န်ကြီးတစ်ဦးက ဟာသပြက်လုံး တစ်ခုလောက်များ ပြောတာကြား ရပြီလားဆို ထမင်းမစားရပေမယ့် ရယ်ရတာကြောင့် ဗိုက်ဝသွားတာ ပဲ။ ၀န်ကြီးမင်းများရဲ့ ဟဒယရွှင် ဆေးတစ်ခွက်ဟာ ကျုပ်တို့ကို တစ်ရက်လောက်ပဲ အသက်ပို ရှည်ဦးတော့ တွက်ခြေကိုက်ပါတယ်။ ဒါကြောင့် ၀န်ကြီးမင်းများခင်ဗျ။ ပြည်သူတို့အကျိုးငှာ ရယ်စရာလေးများ မကြာမကြာ ပြော ပေးကြပါ။
	
ကြုံတုန်းမှာ လက်ရှိသမ္မတနဲ့ အစိုးရကိုရော၊ ၂၀၁၅ အလွန်မှာ တာဝန်ထမ်းမယ့် အစိုးရသစ်ကိုရော တိုက်တွန်းစကားလေး တစ်ခွန်းလောက် ပြောပါရစေခင်ဗျ။ အနှီစိတ်ကူးက တခြားမဟုတ် ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် အစိုးရ အဖွဲ့ထဲမှာ “ပျော်တော်ဆက်” ၀န် ကြီးဌာနဆိုတာလေးတစ်ခု ထပ်တိုးပေးရင် သိပ်ကောင်းမှာပဲ။ ကမ္ဘာမှာ ပထမဆုံးပေါ်ပေါက်တဲ့ ၀န်ကြီးဌာနအဖြစ် နောင်အခါမှာ ဂင်းနစ်စံတော်ချိန်ထဲ ၀င်ချင်လည်းဝင်သွားနိုင်တာပေါ့။
	
ဒီနေ့ ၀န်ကြီးမင်းတွေထဲမှာအနှီပျော်တော်ဆက်ဝန်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ် တာဝန်ယူဖို့ အသင့်တော်ဆုံးသူတွေ အများကြီး ရှိနေပါတယ်ခင်ဗျ။ ပြီးတော့ ၀န်ကြီးဌာနရဲ့ ဆောင်ပုဒ်ကလေးလည်း ဒီလိုထုတ်လိုက်ရရင် မကောင်းလား။ “၀န်ကြီးမင်းများရဲ့ ဟာသအစွမ်းနဲ့ တိုင်းပြည်အ၀န်းရယ်သံများ လွှမ်းမိုးစေရမယ်” ပေါ့လဗျာ။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီးတည်ဆောက်ခဲ့သလိုပဲ ဟာသဖြင့် ပျော်ရွှင်သော နိုင်ငံတော်သစ်ကြီးသို့ ရောက်ရမည်ပေါ့ဗျာ။ 
	
ကျုပ်ကို ပေါက်တက်ကရ ပြောတယ်လည်း မထင်နဲ့ခင်ဗျ။ ကျုပ်မှာ အထောက်အထားတွေ ရှိတယ်။ ဟိုး.. ကျုပ်တို့နဲ့မလှမ်း မကမ်းက ဟိမ၀န္တာတောင်စွယ်တောင်တန်းပေါ်မှာတည်ရှိတဲ့ ဘူတန်ဆိုတဲ့ ဘုရင့်နိုင်ငံကလေးမှာ သူတို့လူမျိုးရဲ့ ဖွံ့ဖြိုးရေးကို ဂျီဒီပီဆိုလား ပီဒီဂျီဆိုလားဗျာ၊ ထားပါတော့။ အဲဒီတိုင်းပြည်မှာ သူတို့ ပြည်သူတွေရဲ့ တိုးတက်မှုကို အ ကဲဖြတ်တာဟာ အနှီစီးပွားရေး၊ ထုတ်ကုန်စတဲ့ ဘောဂဗေဒ အညွှန်းကိန်းတွေနဲ့ မဟုတ်ဘူးတဲ့။ သူတို့လူမျိုးတွေ ဘယ်လောက် ပျော်ရွှင်တယ်၊ မပျော်ရွှင်ဘူးဆို တဲ့ စိတ္တဗေဒနဲ့ တိုင်းတာသတဲ့ဗျာ။
	
ဒါကြောင့် ကျုပ်တို့ဆီမှာလည်း ပြည်သူတွေကို စီးပွားရေး တိုးတက်နှုန်းတွေနဲ့ တိုင်းတာမယ်ဆိုရင် စိတ်ညစ်စရာ ဖြစ်နေမှာ။ ဘောလုံးစကားနဲ့ ပြောရရင်“တန်းဆင်းဇုန်” ထဲ ရောက်နေတဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေးအညွှန်းကိန်းတွေကို မေ့ပစ် 
လိုက်ဗျာ။ ဒီတိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်မယ်ဆိုရင် ဒီခေတ်ဒီအခြေ ဒီလူတွေ နဲ့ “တန်းဆင်းဇုန်” ထဲက ကိန်း ဂဏန်းတွေ “အုပ်စု ဗိုလ်လောက်” ရောက်အောင် လုပ်ဖို့တောင်မှ သိပ်ကြာသွားမယ်။
	
အဲဒီတော့ လက်တွေ့ကျကျ ပွဲ တွေးပြီး ရယ်မောခြင်းဖြင့် အသက်ရှည်ကျန်းမာတဲ့ ပျော်ရွှင် ခြင်းနိုင်ငံတော်ကိုပဲ တည်ထောင် ကြပါစို့ဗျာ။ ကျုပ်တို့ရဲ့ တချို့သောဝန်ကြီးများဟာ ဘောဂဗေဒပညာထက် ဟာသဗေဒမှာ ပါရဂူ မြောက် ထူးချွန်ကြပုံရတော့ ဟာ သနဲ့သာ သူတို့ကို တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲခွင့်တွေ ပေးလိုက်စမ်းပါ။ အာရှမှာ မြန်မာဆို တာ “ဟာသကျား” တစ်ကောင် နေ့ ချင်းညချင်းဖြစ်လာမှာ မလွဲဧကန် အမှန်ဖြစ်ကြောင်း ကျုပ်ပြောရဲပါသဗျ။
	
ပြီးရင် အနှီဟာသ၀န်ကြီး မင်းတချို့နဲ့သာဆိုရင် ကျုပ်တို့ဟာ ဖယောင်းတိုင်နဲ့အမှောင်ထဲမှာလည်း နေနိုင်ပါတယ်။ ထမင်း တစ်နပ်လျှော့စားဆိုလည်းစား နိုင်ပါတယ်ဗျာ။ တရုတ်ကိုလည်း ကြောက်ချင်ကြောက်ရပါစေ။ ကျုပ်တို့ ဖြတ်သန်းရဲပါတယ်ဗျာ။ ဒါပေမဲ့ ၀န်ကြီးများရဲ့ ဟာသစကားလုံးများကိုသာ ကျုပ်တို့ ကြား ခွင့်မရရင်တော့ ဟိုပါတီကြီးတစ်ခုက မြို့တော်ဝန်ဟောင်းက ပေါက်ဖော်ကြီးသတင်းစာမှာ ပြောဖူးသလို ကျုပ်တို့ဟာ တကယ် ရူးချင်လည်း ရူးသွားနိုင်တာပေါ့လေ။
	
ဒါကြောင့် အခု ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့်သော်လည်းကောင်း၊ အငြိမ့်စင်ပေါ်ကနေသော်လည်းကောင်း၊ လွှတ်တော်
ထဲမှနေ၍လည်းကောင်း၊ ပြည်သူများကို အခွင့်အခါသင့်တိုင်း မိမိတို့ရဲ့ ဟာသစွမ်းရည်နဲ့ပြည်သူများကိုဟဒယရွှင်ဆေးတိုက်ကျွေးပေး
တဲ့ ၀န်ကြီးမင်းများကို ကျုပ်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ၀န်ကြီးမင်းများပါတဲ့ ဒီမိုကရေစီအစိုးရဆိုတာ မောင်ဘစီတို့လို ပြည်သူများ
အတွက်တော့ သိပ်ပြီးရယ်စရာကောင်းတဲ့ အစိုးရပါပဲခင်ဗျာ။ နောင်လာမယ့် ရွေးကောက်ပွဲမှာ ဒီမိုကရေစီလူရွှင်တော်အဖွဲ့
ချုပ်အဖြစ်နဲ့ ၀င်ရောက်အရွေးခံမယ်ဆိုရင် ကျုပ်တို့ရဲ့ အသည်းကြားက မဲတစ်ပြားကိုတဟားဟားရယ် ပြီးတော့ပေးပါ့မယ်ခင်ဗျ။
	
ဘာပဲပြောပြောပါ။ ၀န်ကြီး မင်းအချို့ရဲ့ နှုတ်ထွက်စကား ဟာသများကို ကြားပြီးတိုင်း စိတ်ဘ၀င်မှာ ရွှင်လန်းနေရပါတယ်။ ကျုပ်တို့ကို ပျော်ရွှင်အောင်ထား နိုင်တဲ့အတွက်လည်း အနှီဝန်ကြီးမင်းတချို့ကို သိပ်သိပ်ပြီးတော့ကိုမှ အလွန့်အလွန် ကျေးဇူးတင်ရ ကြောင်းလည်း ပြောလိုပါတယ်ခင်ဗျ။
	
ရယ်ရွှင်ရတယ်ဆိုတော့ တစ် ခါက ဟာသကြော်ငြာလေးတစ်ခု လည်း အမှတ်ရမိပါတယ်။ အဲဒါ ကတော့ “ရယ်သောသူအသက် ရှည်၏။ ဒါပေမဲ့ အာမပြဲအောင် တော့ သတိထားကြ” တဲ့ခင်ဗျ။ ပျော်တတ်သော ၀န်ကြီးမင်းတချို့ရဲ့ ရယ်စရာများကို ရယ်တာလည်း ရယ်ကြပါ။ ဒါပေသိ အာမပြဲ အောင်လည်း သတိဆောင်ကြ ပေါ့ ကိုယ့်လူတို့ရာ။ သတိဆိုတာ ပိုတယ်မရှိဘူး။ တော်ကြာသမိန် ပေါသွပ်လိုပဲ ရယ်ရတယ်ဗြဲဆိုပြီး အာပြဲအောင် အဖြဲခံနေရဦးမယ်။ 
	
အဲ...၀န်ကြီးမင်းများ လည်း ပြည်သူများကို ဟဒယရွှင်ဆေးတိုက်ကျွေးတာလည်း ကျွေးကြပါခင်ဗျာ။ ဟာသဆိုတာ ပြည်သူ့ဘ၀နဲ့ “ဟပ်” မိမှလည်း တော်ပါတယ်။ ပြောသမျှလက်ခုပ်သံရတယ်ဆိုပြီး စွတ်ရွတ်ပြီးတော့ လည်း လုပ်လို့ ဖြစ်တာမဟုတ်ဘူးရယ်။ 
	
ဟာသဆိုတာ ဒူးနေရာဒူး၊ တော်နေရာတော် ကာလံဒေသံနဲ့ အညီပြောမှ ကောင်းတာကလား။ တော်ကြာ ဟာသဆိုပြီး စွတ်ပြော ရာက ကိုယ့်စကားက ဟာသမဖြစ်ဘဲ ကိုယ်ပဲ “ငပေါ” ကြီး ဖြစ်သွား တာမျိုးတွေ ရှိသဗျ။ အဲဒီအခါ ကျုပ်တို့က အနှီလူကြီးမင်းများကို ကြည့်ပြီး “ငိုရတယ်.. ၀ါးဟားဟား” လုပ်နေရရင်လည်း တစ် ဒုက္ခ။  (ဖော်ပြပါ သရော်စာသည် စာရေးသူဘစီ၏ အာဘော်သာ
ဖြစ်သည်။)

ရေးသားသူ- ဘစီ

အခုတစ်လော သမိန်ပေါသွပ်ရဲ့ “ရယ်ရတယ်..ဗြဲ”ဆိုတဲ့ စကားလေးက လူကြီးတွေကြားထဲမှာ တစ်ပတ်လည်ပြီး ခေတ်စားနေ
တဲ့ အချိန်ဆိုတော့ဗျာ ကျုပ်ကလည်း ကပြောင်းကပြန်လုပ်ပြီး“ငိုရတယ်... ၀ါးဟားဟား”လို့ ဆိုလိုက်ချင်တယ်ဗျို့။ ပြီးရင် ကျုပ် နာမည်ကိုလည်း ပြောင်းပစ်မယ်။ ကလိန်ဘစီလို့။ သမိန်ပေါသွပ်နဲ့ မတူတဲ့ ကလိန်ဘစီရဲ့ထွင်လုံး လေးတစ်ခု ဆိုပါတော့လေ။

တစ်လောက သမိန်ပေါသွပ် စကားငှားသုံးသွားတဲ့ ဖေ့စ်ဘွတ်ခ်ပျော် အစိုးရပိုင်းက လူကြီးမင်းတစ်ဦးကို သမိန်ဘယ်သူဘယ်ဝါ ဆိုပြီး နာမည်ပြောင်ပေးကြတာတွေ့လို့ခင်ဗျ။ နောင် ကျုပ်ရဲ့ ဒီစကားလုံး ငှားသုံးတဲ့ လူကြီးမင်းများရှိခဲ့ရင် ကလိန်ဘစီရဲ့ စကား ငှားသုံးသွားတဲ့ ကလိန်ဘယ်သူ ဘယ်ဝါလို့ အလွယ်နာမည်ပေးလို့ရတာပေါ့ဗျာ။

အခုတစ်လော ကျုပ်အူမြူးနေတယ်ဗျာ။ မမြူးလည်းခံနိုင်ပါ ရိုးလား။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေကြတဲ့ အစိုးရလူကြီးမင်း များထဲမှာ တချို့သော လူကြီးတွေက သိပ်ပြီး ဟာသတွေ ပြောနေသ ကိုးဗျ။ သြော်.. ၀န်ကြီးလည်း လူပဲဗျာ။ ရယ်စရာပြောတာ ကျုပ် ကတော့ အပြစ်မတင်ရက်ပါဘူး။ ပြည်သူအားလုံးကို ပျော်စေချင် တဲ့သူတွေအဖြစ် အနှီလူကြီးများကို ကျုပ်လွှတ်ပြီး အသိအမှတ်ပြု ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်


ရန်ကုန်-မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာအငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သတ်မှတ်ထားတဲ့နေရာကို အချိန်နည်းနည်းနောက်ကျပြီးမှ ရောက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူရှေ့သူရှေ့မှာ ရိုက်တာပါ။ ကြီးတဲ့သူတစ်ယောက်ကို ငယ်တဲ့သူက (အသက်အရွယ်) ရာထူး အရှိန်အ၀ါကြောင့် ပါးရိုက်တယ်ဆိုတာလူကြားလို့တောင် မကောင်း ပါဘူး”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ၀က်သေရွာသားတစ်ဦးက ပြောသည်။

ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့်ပညာသင်နှစ်တွင် ပြန်ပြင်မည်

Photo: ပဉ္စမတန်းပထ၀ီဝင်ဖတ်စာအုပ် ပုံနှင့်စာလွဲနေခြင်း လာမည့်ပညာသင်နှစ်တွင် ပြန်ပြင်မည်
-------------------
ရန်ကုန်- ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွားမည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံတို့အား ပုံနှင့်ပုံစာ လွဲမှားဖော်ပြမှုသည် မည်သည့်ပညာသင်နှစ်ကတည်းက မှားယွင်းနေသည်ကို မသိရသော်လည်း၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ဆက်လက်မှားယွင်းသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ခုနကပဲ ၀န်ကြီး PSO (ကိုယ်ရေးအရာရှိ) လာသွားတယ်။ အဲဒီအချက်ကိုပြင်ဖို့ လာပြောတာပါ။ တခြားအလွဲတွေကိုလည်း စိစစ်နေပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင်သွားမှာပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ 

ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေနေသော သင်ရိုးဖတ်စာအုပ်နှင့် ပတ်သက်၍ ပဉ္စမတန်းကျောင်းသားမိခင်တစ်ဦးက မြန်မာမြေပုံတွင် နာမည်နေရာ လွဲမှားရိုက်နှိပ်ထားမှုကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

“မနေ့ညက သားစာကျက်တာနားထောင်ကြည့်တော့ မြန်မာနိုင်ငံ၏ အနောက်တောင်တန်းဒေသမှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော တောင်ကြားလမ်းများမှာ ..လို့ ကြားလိုက်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အရှေ့ဘက်မှာရှိတာ။ သားဆိုနေတာမှားနေတယ်။ မြေပုံနဲ့တွဲကြည့်ပြီးကျက်ဆိုပြီး သားရဲ့ ငါးတန်းပထ၀ီဝင်ဖတ်စာအုပ် ယူကြည့်လိုက်တာ။ မြေပုံကိုတွေ့မှ သဘောပေါက်သွားတယ်။ အစိုးရကျောင်းဆက်ထားရမှာတောင် ကြောက်လာပြီ” ဟု ပဉ္စမတန်း ကျောင်းသားမိခင်တစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပညာရေးဝန်ကြီးဌာနသည် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ ကျောင်းသုံးစာအုပ်များကို အရည်အသွေးမြှင့်တင်ရိုက်နှိပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင် ၂၃ ဦးအား လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားသည်။

ဓာတ်ပုံ - နစ်ကီ

ရန်ကုန်- ပဉ္စမတန်း သင်ရိုးရှိ ပထ၀ီဝင်ဖတ်စာအုပ် စာမျက်နှာ ၂၇ တွင် မြန်မာနိုင်ငံ၏ အရှေ့ ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံ နေရာလွဲနေမှုကို လာမည့် ပညာသင်နှစ်တွင် ပြုပြင်သွားမည်ဖြစ်ပြီး အခြားလွဲမှားနေမှုများကိုလည်း စိစစ်နေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသပုံနှင့် အနောက်ဘက်တောင်တန်းဒေသပုံတို့အား ပုံနှင့်ပုံစာ လွဲမှားဖော်ပြမှုသည် မည်သည့်ပညာသင်နှစ်ကတည်းက မှားယွင်းနေသည်ကို မသိရသော်လည်း၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ဆက်လက်မှားယွင်းသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခြင်းဖြစ်သည်။

“ခုနကပဲ ၀န်ကြီး PSO (ကိုယ်ရေးအရာရှိ) လာသွားတယ်။ အဲဒီအချက်ကိုပြင်ဖို့ လာပြောတာပါ။ တခြားအလွဲတွေကိုလည်း စိစစ်နေပါတယ်။ လာမယ့် ပညာသင်နှစ်မှာ ပြင်ဆင်သွားမှာပါ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

အောက်ဆီဂျင် အကူယူခဲ့ရတဲ့ ဇာဂနာ၏ ကျန်းမာရေး ပြန်လည်သက်သာ


ပန်းမြတ်ဇော် | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၇ မိနစ်

ဇာဂနာသည် စက်တင်ဘာ ၂၅ ရက် ညအချိန်တွင် မိမိအိမ်၌နေထိုင်စဉ်တွင် အသက်ရှူ မ၀ဖြစ်ပေါ်လာသည့် အတွက် အောက်ဆီဂျင်အကူအညီဖြင့် အသက်ရှူခဲ့ရသော်လည်း အခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ယခုအခါတွင်
ပြန်လည်သက်သာလာပြီဖြစ်ကြောင်း အရိုင်းက မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

အရိုင်းက “မနေ့ညကဖြစ်တာ၊ သူဖြစ်နေတာကို ဘယ်သူမှမသိဘူး။ ရုံးမှာ ရှိတဲ့ဝန်ထမ်းတွေက ဇာဂနာကို တွေ့မှ သူအသက်ရှူကျပ်နေတာကို သိရတာ။ ၀န်ထမ်းတွေ ပြောပြမှ ကျွန်တော်လည်း သိရတာ။ ဆရာဝန်ကတော့ အဆုတ်ရောင်တာလို့ပြောတယ်။ အသက်ရှူမ၀လို့ မနေ့ကတုန်းကတော့ အောက်ဆီဂျင်နဲ့ အသက်ရှူရတယ်။ မနက်ကအထိတော့ အသက်ရှူနည်းနည်း ကျပ်သေးတယ်။ အခုတော့ နည်းနည်းသက်သာ လာပါပြီ။ ဆရာဝန်ကတော့ သူ့ကို စကား မပြောခိုင်းသေးဘူး”ဟု ပြောပြသည်။

အင်းစိန်က ဟွားဝေဖုန်းဆိုင် ဖောက်ထွင်းခဲ့သူမှာ ထောင်ဒဏ် ၈၃ နှစ်ကျခံနေရသူဖြစ်


ဇော်ဇော်ထွေး | သောကြာနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၁၂ မိနစ်

အင်းစိန်မြို့နယ်အတွင်းရှိ ဟွားဝေ ဖုန်းဆိုင်အား ဖောက်ထွင်းခဲ့သူမှာ ခိုးမှုများဖြင့် ထောင်ဒဏ် ၈၃ နှစ်ကျခံနေရ သည့် ထောင်ပြေးတစ်ဦးဖြစ်ပြီး ယင်းကို စက်တင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက မှုခင်းသတင်း ထုတ်ပြန်လိုက်သည်။

အမှုမှာ စက်တင်ဘာ ၈ရက်က အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ ဟွားဝေဖုန်းနှင့် အပိုပစ္စည်း အရောင်းဆိုင် ကို ဖောက်ထွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းဖောက်ထွင်းမှုကြောင့် ဖုန်းဟန်းဆက်မျိုးစုံ (၁၂၄)လုံး၊ တစ်သောင်းတန်
ငွေဖြည့်ကတ် (၅၉)ကတ်၊ ငါးထောင်တန် ငွေဖြည့်ကတ် (၆၆)ကတ်တို့ ခိုးယူခံရပြီး တန်ဘိုးအားဖြင့် ငွေကျပ် တန်ဘိုး သိန်း(၁၈၀) ကျော်ဖိုးအထိ ဆုံးရှုံးခဲ့ရသော အမှုတစ်ခုလည်း ဖြစ်သည်။

ယင်းဖောက်ထွင်းခံရမှုကြောင့် ဆိုင်တာဝန်ခံဖြစ်သူ မသူဇာက စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်ခဲ့ရာ အင်းစိန်ရဲ စခန်းက (ပ) ၉၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ တို့ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်

မူဆယ်မြို့လယ်ရှိ နေအိမ်အား အကြမ်းဖက်ဝင်ရောက် တိုက်ခိုက်

မူဆယ်၊ စက်တင်ဘာ ၂၃

မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ ဗိုလ်တဲလမ်းရှိ အိမ်အမှတ် (ခ/၈) ၌ စက်တင်ဘာ ၂၀ ရက်၊ ညနေ ၅ နာရီ အချိန်တွင် အသက် ၆၇ နှစ် အရွယ်၊ အငြိမ်းစားဆရာဝန်တစ်ဦးဖြစ်သော ဒေါက်တာ ဦးတင်ရန့် တစ်ဦးတည်း ရှိနေချိန် လူငယ်နှစ်ဦးက အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အဆိုပါ ဆရာဝန်၏ ဇနီးဖြစ်သူ ဒေါ်ပြုံးပြုံးရီသည် မြစ်ကြီးနားမြို့ရှိ ယောက်မဖြစ်သူထံ အလည် သွားရောက်နေစဉ် လူငယ်နှစ်ဦးမှာ ဖွင့်ထားသည့် ခြံဝင်းတံခါးအတွင်း ၀င်ရောက်ပြီး လူနာအသွင်ဖြင့် တံခါးခေါက်ရာ ဆရာဝန်က တံခါးဖွင့်ပေးခဲ့ကြောင်း၊ အပင်ညှပ်ကပ်ကြေးအား ၀က်အူရစ်ဖြုတ်၍ တစ်ဦးလျှင် တစ်ဖက်စီ ဓားပုံသဏ္ဌာန်ကိုင်ဆောင်ပြီး သေစေရန် ရည်ရွယ်၍ နှစ်ဖက်ညှပ် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း အိမ်မှ ခွေးကဟောင်ခြင်း၊ ၀င်ရောက်ကိုက်ဆွဲခြင်းကြောင့် လူသတ် သမား နှစ်ဦး တုန့်ဆိုင်းသွားစဉ် ဆရာဝန်က ပြန်လည်ခုခံကာ …အိမ်အပြင်ထွက်၍ အကူအညီ တောင်းခံခဲ့ပြီး ရရှိသောဒဏ်ရာများကြောင့် မူဆယ် ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်မကျေသေး ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

Photo: အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်မကျေသေး ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆

သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။
“ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် တိုးတက်လာသည့် အခြေအနေ ရှိသော်လည်း ပြည်သူတို့၏ လူနေမှုဘဝများမှာ တိုးတက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်စုကြည်က ပြောကြားသည်။
NLD ပါတီသည် လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစားသည့် ပါတီမျိုး မဖြစ်စေချင်သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရချင်သည်ဟု ၎င်းကဆိုသည်။
NLD ပါတီ နာယကဖြစ်သူ ဦးတင်ဦးကမူ “NLD ပါတီဟာ အရင်ရွေးကောက်ပွဲတုန်းကလို မဲအများကြီးရဖို့ မလွယ်တော့ဘူး” ဟု The Voice နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားသည်။

၁၉၉၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့တွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို NLD ပါတီက မဲဆန္ဒနယ် ၄၈၅ နေရာ ဝင်ပြိုင်ရာ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ သည်။

၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀  ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၁၉၉၅ ဇူလိုင်လတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီက ကျင်းပသည့် အမျိုးသားညီလာခံကို NLD ပါတီက တက်ရောက်ခဲ့ပြီး NLD က တင်သွင်းသည့်အချက် ၁၃ ချက်ကို မဆွေးနွေးသဖြင့် အမျိုးသားညီလာခံမှ နုတ်ထွက်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီသည် ၄၄ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၂၆

သက်တမ်း ၂၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် အလုပ်တာဝန်များ မကျေပွန်သေးကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ငွေရတု သဘင်အခမ်း အနားတွင် ပြောကြားသည်။
“ကျွန်မတို့ရဲ့ တာဝန်တွေ ကျေပွန်ပြီလားဆိုတော့ အမှန်တော့ မကျေပွန်သေးပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိမြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးဘဲ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် တိုးတက်လာသည့် အခြေအနေ ရှိသော်လည်း ပြည်သူတို့၏ လူနေမှုဘဝများမှာ တိုးတက်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်စုကြည်က ပြောကြားသည်။
NLD ပါတီသည် လာမည့် ရွေးကောက်ပွဲအတွက် စဉ်းစားသည့် ပါတီမျိုး မဖြစ်စေချင်သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရချင်သည်ဟု ၎င်းကဆိုသည်။

တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တချို့ မဖွယ်မရာပြသ သောင်းကျန်း


ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။    ။ ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်တခိျု့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိဒြေ္နကိုထိပါးစေသောအ ပြုအမှုများ ကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိရသည်။  တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းက လေးအများစု ဖွင့်လှစ်နေသည့် အ လှပြင်ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အ ယှက်ပေးနေကြကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။

၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis